The Dream is...(complete)
By XiaoMiWang5513
49.5K 2.1K 65
Uni and Zaw ( The Dream is) YiZhan fic အိပ့်မက်က ( သို့ ) ကံကြမ္မာလှည့်စားသော အချစ်..... YiZhan 18+ ပါ။ #X... More
Part 0 ( The Dream is...)
Part 1 ( The Dream Is)
Part 2 ( The Dream iS)
Part 3 (The Dream is) 🚨warning🚨
Part 4(The Dream is)
Part 5 (The Dream is) 🚨Warning🚨
Part 6 (The Dream is)
Part 7( The Dream is)
Part 8 (The Dream is)
Part 9 (The Dream is)
Part 10 ( The Dream is)
Part 11 (The Dream is)🚨Warning🚨
Part 12 (The Dream is)
Part 14 (The Dream is) ⚠️Warning⚠️
Part 15 (The Dream is)⚠️Warning⚠️
Part 16( The Dream is)
Part 17 (The Dream is)
Part 18 (The Dream is)
Part 19 (The Dream is)
Final Part 20 (The Dream is)
update days
Part 13 (The Dream Is )
1.7K 95 5
By XiaoMiWang5513
Unicode
အပိုင်း ၁၃
ဟိုင်မေ့မေ့က ချိုသာသောအပြုံးလေးနဲ့ ရိပေါ်ကိုပြုံးပြတယ်။ ထို့နောက် စနောက်နေသလိုအသံလေးနဲ့ ပြောသည်။
" ရိပေါ် ငါလည်းလိုက်လို့ရတယ်မလားဟင် "
သူမက ရှောင်းကျန့်ကိုလည်း ပြုံးပြသည်။ သူမရဲ့အပြုံးတွေထဲမှာ ရှောင်းကျန့်ကိုအထင်သေးသည့် အကြည့်တွေမပါဘူး။
ရှောင်းကျန့်ကလည်း မဆိုသလောက်လေးပြုံးလိုက်မိတယ်။
ငါထင်သားပဲ့ ဟိုင်မေ့မေ့က တခြားသူငယ်ချင်းတွေလိုမဟုတ်ဘူးဆိုတာ။
ရိပေါ်က ရှောင်းကျန့်ရဲ့ထိုအပြုံးသေးသေးလေးကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ သူက တမင်တာကာ ဟိုင်မေ့မေ့အတွက်နေရာဖယ်ပေးလိုက်ပြီး ဓာတ်လှေကားအတွင်း ဝင်ခွင့်ပြုသည်။
" မေ့မေ့ company ကိုလာတာ ဘာကိစ္စနဲ့လဲ "
ဟိုင်မေ့မေ့က ရှောင်းကျန့်ကိုတစ်ချက်ကြည့်ပြီး
" ငါနင့်ဆီလာတာ။ နင်ဟိုတစ်နေ့က ချန်းယီ နဲ့ဆုရန်ရှန်း...."
ရှောင်းကျန့်မှာ ထိုနှစ်ကောင်နာမည်ကို ကြားတာနဲ့ နဖူးကဒဏ်ရာတောင်ပြန်နာလာသလိုပင်။
ရိပေါ်က ချက်ခြင်းစကားကိုဖြတ်ပြောသည်။ " မေ့မေ့ အဲ့ကောင်တွေအကြောင်းဆို ငါမကြားချင်ဘူး။ "
မေ့မေ့က ပြုံးလိုက်သည်။ ထို့နောက်ရှောင်းကျန့်ကို မေးဆက်ပြလိုက်ကာ
" နင်သူ့ကိုအတော်သဘောကျပုံပဲ့ ငါနဲ့သေချာမိတ်ဆက်ပေးအုံးလေ "
ရှောင်းကျန့်နဲ့ရိပေါ်မှာ အချင်းချင်းတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ ရိပေါ်ကစနောက်လိုသည့် အပြုံးမျိုးနဲ့ မေ့မေ့ကိုကြည့်လိုက်တယ်။ ထို့နောက်
" သူကငါ့အရုပ်လေးလေ "
" မင်း! "
ရှောင်းကျန့် ဝင်ပြောမလို့လုပ်ပေမဲ့ ဓာတ်လှေကားတံခါးက ပွင့်သွားပြီး ရိပေါ်နဲ့ဟိုင်မေ့မေ့က သူ့ကိုချန်ထားပြီး အရင်ထွက်သွားကြသည်။
ရှောင်းကျန့်မှာ ဆူပုပ်ပုပ်နဲ့ ရိပေါ်ကိုမေတ္တာပို့ပေးရင်း လိုက်လာရသည်။ ထို့အပြင် ရုံးခန်းအထဲကို သူတို့နှစ်ယောက်တည်း ဝင်သွားပြီး ရှောင်းကျန့် ဝင်မလို့လုပ်တုန်း တံခါးက ပိတ်သွားပြန်သည်။
ဒီခွေးပေါက်ကြီး ဘာစိတ်ကူးပေါက်နေပြန်တာလဲ။
ရှောင်းကျန့်မှာ အပြင်ကဧည့်စောင့်သည့်ခုံမှာ ထိုင်ရင်းစောင့်နေရသည်။ သူ့ရဲ့မျက်စောင်းထိုးဘက်မှာက အတွင်းရေးမှူးကောင်တာရှိသည်။ ထိုအတွင်းရေးမှူးက စကားပြောကောင်းသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့ကိုရှောင်းကျန့်သေချာရွေးခဲ့တာ။ ရုပ်ရည်၊အရည်အချင်း၊နားလည်နိုင်စွမ်း အစရှိသဖြစ်ပေါ့...သူကအခုBoss မဟုတ်တော့ဘူးဆိုတော့ အတွင်းရေးမှူးဆီမှာ စကားနှိုက်ချင်လာသည်။ ဒါကြောင့်အတွင်းရေးမှူးကောင်တာအနားသွားကာ
" လီလျှိ့ကွမ်း... ! "
အတွင်းရေးမှူးမှာ သူ့ကိုဘယ်လိုသိသလဲဟူသည့် အကြည့်နဲ့အံ့ဩတစ်ကြီး မော့ကြည့်လာသည်။ ရှောင်းကျန့်မှာထိုအချိန်မှ အရင်ကBoss စတိုင်ဖမ်းမိမှန်းသတိရကာ အိုးတိုးအန်းတန်းဖြစ် ချောင်းဟန့်သည်။
" အာ...အဟင် အတွင်းရေးမှူးလီ ဟို အောက်ထပ်ကဝန်ထမ်းတွေဆီက ကြားတာအတွင်းရေးမှူးက အရမ်းအလုပ်ကြိုးစားတယ်ဆိုပြီးလေ...ကျွန်တော်နဲ့ရွယ်တူလောက်ဖြစ်မယ်ထင်လို့ ဒီတိုင်းခေါ်လိုက်တာ "
လီလျှိ့ကွမ်းက ခေါင်းငြိမ့်ပြသည်။
" ဟုတ်ကဲ့..."
" အာ...ဟို ဝမ်...ကျစ်... Boss ကလေ ဒီရက်ပိုင်းအလုပ်အချိန်မှန်တတ်နေတယ်မလား။ အခြေအနေဘယ်လိုရှိလဲ "
လီလျှိ့ကွမ်း ကရှောင်းကျန့်ကိုခဏလောက်ကြည့်ပြီးမှ သူ့ရဲ့Boss နဲ့အတူလာသည်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပြောဖို့ဆုံးဖြတ်လိုက်ပုံရသည်။
" Boss ကအခုတစ်လော အလုပ်အရမ်းလုပ်နေတယ်။ နောက်ပြီးပရောဂျက်အသစ်တွေချပြီး company ကိုချဲ့ဖို့ကြိုးစားနေတယ်။ အာ...ခင်ဗျားပြောမှ Boss ကနေ့ချင်းညချင်းပြောင်းလဲသွားသလိုပဲ့ "
ရှောင်းကျန့်မှာမှင်သက်နေရင်း
" ပရောဂျက်အသစ်၊ company ကိုချဲ့ဖို့ကြိုးစားနေတယ်။ "
ဒီဝမ်ရိပေါ်...အံ့ဩစရာပဲ့။
" ဒါဆိုအရင်ကBoss ရောဘယ်လိုနေလဲ"
" အင်းးး ပြောရရင် အရင်ကBossကရုံးချိန်ပုံမှန်တတ်တယ်။ ကျွန်တော့်ကိုအမြဲဘောနပ်စ်တွေပေးတယ်။ သူများတွေကBoss ကိုပြင်းတယ်ဆိုပြောပေမဲ့ ကျွန်တော်ကတော့ Boss ကိုလေးစားတယ်။.... "
လီလျှိကွမ်းရဲ့စကားမဆုံးခင် ရှောင်းကျန့်ကထိုလူကို လေးစားသောအကြည့်များဖြစ်ကြည့်လိုက်သည်။
ငါလူရွေးမမှားခဲ့ဘူး။
သူ့မှာတွေးလို့တောင်မပြီးသေး လီလျှိကွမ်းက နောက်ဆက်တွဲဖြစ် စကားဆက်လိုက်သည်။
" ဒါမဲ့အရင်ကဆိုBossက ဂိမ်းထိုင်ဆော့နေတတ်တယ်။ မျက်နှာကလည်းတည်နေပြီး တစ်ခါတစ်လေဆူပုပ်ပုပ်နဲ့ ဒေါသထွက်နေတဲ့၃နှစ်သားလေးလိုပဲ့ "
ဟမ်? သုံးနှစ်သား....မင်းပဲ့သုံးနှစ်သား မင်းတစ်အိမ်လုံးသာ သုံးနှစ်သား။ ရှောင်းကျန့် ဆက်ပြီးမပြောချင်တော့တာကြောင့် သူ့ခုဏကထိုင်နေသည့် ခုံမှာသာဆောင့်ဆောင့်အောင့်အောင့်နဲ့ သွားထိုင်လိုက်သည်။
အဲ့ဒီဝမ်ရိပေါ်ဘာတွေပြောစရာများလို့ ဒီလောက်ကြာနေရတာလဲ။
ထိုအချိန်တံခါးပွင့်သွားပြီး ဟိုင်မေ့မေ့ ထွက်လာခဲ့သည်။ ရှောင်းကျန့်က သူ့အကြောင်းကို မေ့မေ့ကိုပြောပြရမလားတွေးလိုက်သည်။ ဒါမဲ့သူထင်ထားသလိုမဟုတ်ပဲ ဟိုင်မေ့မေ့က သူတစ်ခါမှမမြင်ဖူးသည့် မျက်နှာအနေအထားနဲ့သူ့ကိုကြည့်လာခဲ့သည်။
သူ့ပုံကတစ်ခုခုကို အငြိုးကြီးကြီးနဲ့ ကြည့်နေသလိုပဲ့။ ရှောင်းကျန့်မှာ နားမလည်နိုင်ပဲ ဖြစ်နေတုန်းဟိုင်မေ့မေ့က ချက်ခြင်းပုံပြောင်းသွားပြီး သူ့ကိုပြုံးပြလာတယ်။ ထို့နောက်...
" ရှင်အရမ်းကံကောင်းတာပဲ့ ဘာဖြစ်ဖြစ်အခုချိန်လောက်ပဲဆိုပေမဲ့... "
" အမ်? "
" အာ...ကျွန်မကိစ္စရှိလို့ ခွင့်ပြုပါအုံး "
ရှောင်းကျန့်မှာငေးကြောင်ကြောင်နဲ့ ကျန်ခဲ့ပြန်သည်။ သူမဘာပြောသွားတာလဲ။
ရုံးခန်းထဲကရိပေါ်မှာ မှန်နဲ့ကာထားသည့်နေရာကနေ အပြင်က ဆိုဖာခုံပေါ်ထိုင်ရင်း အခြားတစ်နေရာကိုစိုက်ကြည့်ပြီး အတွေးများနေတဲ့ ကောင်လေးကိုစိုက်ကြည့်လိုက်သည်။
ဒီသခင်လေးက သူ့ကိုဟိုင်မေ့မေ့ ဒီလောက်ပိုးပန်းနေတာကို မသိတာလား။ မသိချင်ယောင်ဆောင်ထားတာလာ။ ဒီလိုကြောင်တောင်တောင်ရုပ်လေးဆိုတော့ ဟက် တကယ်မသိတာဖြစ်မယ်။
" ge...နောက်အပြစ်တစ်ခုလုပ်ထားပြန်ပြီ နောက်မှအပြစ်ပေးရမယ် အခုအကြိုအပြစ်လေးပေးထားမှ "
ရိပေါ်ကသူ့ရဲ့အလုပ်တွေကို ဆက်လုပ်နေလိုက်သည်။
အပြင်ကရှောင်းကျန့်မှာ သူ့ဖုန်းလေးဖွင့်ရင်း ဆော့ဝဲတစ်ခုကိုအသဲအသန်လုပ်နေခဲ့တယ်။ ထိုသို့လုပ်နေရင်း ပြင်းလာပြီးထိုဆိုဖာလေးပေါ်မှာပဲ့ မှေးခနဲအိပ်ပျော်သွားရသည်။
သူအိပ်ပျော်သွားတာကို အတွင်းရေးမှူးမြင်တာနဲ့ အနားကိုလာပြီး နှိုးမလို့ပြင်လိုက်တယ်။ ဒါမဲ့အနားကိုမရောက်သေးဘူး အထဲကရိပေါ်ထွက်လာပြီး လီလျှိကွမ်းကိုစူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ ဘုမသိဘမသိဖြစ် အတွင်းရေးမှူးလီမှာ ခါးကိုင်းညွန့်သွားသည့်အထိ အရိုအသေပေးကာသူ့နေရာသူပြေးသွားတော့သည်။
ရိပေါ်ကခုံပေါ်ထိုင်ရင်း အိပ်ပျော်နေတဲ့ရှောင်းကျန့်ကို သက်ပြင်းတစ်ချက်ချပြီး ပွေ့ချီမလို့ပြင်လိုက်သည်။
" ခါးနားနေတော့မှာပဲ့ "
ဒူးအောက်ကနေ လက်လျှိသွင်းကာ ပေါ့ပေါ့ပါးပါး ပွေ့ချီပြီးသူ့ရုံးခန်းအတွင်း ဝင်သွားသည်။ ထိုမြင်ကွင်းတစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတဲ့အတွင်းရေးမှူးမှာ ပါးစပ်ပင်စေ့လို့မရတော့ချေ။
ရိပေါ်ကရုံးခန်းအတွင်းက အနားယူသီးသန့်ပြင်ထားသည့် အခန်းလေးအတွင်းဝင်လိုက်သည်။ ထိုအခန်းက အရမ်းမကျယ်သည့်အပြင် အတွင်းဘက်ကဖြစ်တာမို့ ပြတင်းပေါက်မရှိတဲ့အတွက် အလင်းရောင်မရချေ။ အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အဝတ်ချိတ်ဖို့ထားသည့် တန်းလေးတစ်ခုနဲ့ ကုတင်အနားကစားပွဲအသေးလေးပေါ်က အဝါရောင်မီးအိမ်လေးသာရှိသည်။
ရိပေါ်ကရှောင်းကျန့်ကို ကုတင်ပေါ်ချပေးလိုက်ပြီး အဝါရောင်မီးလေးကိုထွန်းလိုက်သည်။ မီးရောင်မှေးမှေးလေးနဲ့ ဘေးတစောင်းအိပ်ပျော်နေသည့် ge ကအပြစ်ကင်းစင်လွန်းတယ်။
" ge...အကယ်လိုကျွန်တော်တို့ နေရာတွေသာမပြောင်းခဲ့ရင် ge ရဲ့ဒီလိုပုံလေးကို မြင်ခွင့်ရမှမဟုတ်လောက်ဘူး "
ထို့နောက် ge တစ်ချိန်လုံးကလိနေတဲ့ ဖုန်းကိုဖွင့်လိုက်သည်။ PW ကလက်ဗွေနဲ့ထည့်ထားတာမို့ ge ရဲ့လက်ညိုးလေးကို ယူပြီးဖွင့်လိုက်သည်။
" ge ကဂိမ်းဆော့ဝဲအတွက် ပြင်ဆင်နေတာလား... ဟက် ဒါကြောင့် အလုပ်ကွန်ပျူတာထဲမှာ ဂိမ်းNPC တွေနဲ့ပြည့်နေတာ....တကယ်ကလေး... "
ထိုစကားအပြီး ရှောင်းကျန့်မှာ ယောင်ရင်းထအော်သည်။
" ဘယ်သူက ကလေးလဲ! "
သူ့ကိုကလေးလို့ပြောတာကို တော်တော်မကျေနပ်တာဖြစ်မည်။ ရိပေါ်ရယ်လိုက်ပြီးနောက် အလုပ်ခန်းကိုပြန်သွားကာ ဖိုင်တွေစစ်နေလိုက်သည်။
နေ့လည့်ရောက်သည့်အချိန်မှသာ ရှောင်းကျန့်တစ်ယောက်နိုးလာရသည်။ သူကသူ့ရဲ့အနားယူခန်းလေးကို လွမ်းနေခဲ့တာ။ ဒါကြောင့်မထချင်ပဲ ထိုမှိန်ပြပြအလင်းရောင်လေးသာ ရှိသည့်အခန်းထဲက အိပ်ယာလေးမှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်လုပ်နေခဲ့သည်။
ရိပေါ်မှာအထဲက အသံတွေကြားတာနဲ့ ထလာခဲ့တယ်။ သူကတံခါးဖွင့်လိုက်တော့ စောင်တွေနဲ့ရှုပ်ရှက်ခက်နေတဲ့ ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။
" သခင်လေးဆိုတဲ့သူက ဒီလိုနေမှန်းမသိခဲ့ဘူး "
" ဟမ်? "
ရှောင်းကျန့်မှာအိပ်ချင်မူးတူးဖြင့် ငေးကြောင်နေတုန်း နောက်မှရိပေါ်ပြောသည့်အဓိပ္ပါယ်ကြောင့် အိပ်ယာပေါ်ချက်ခြင်းထထိုင်လိုက်သည်။
သွားပြီ။ ငါ့image ကြီးထိခိုက်သွားပြီ။
ရိပေါ်က ငြင်ငြင်သာသာပြုံးလိုက်ပြီး ဆံပင်ငှက်သိုက်လေးနဲ့ ရှောင်းကျန့်အရှေ့တိုးလာခဲ့သည်။ ထို့နောက်လက်ကိုဆန့်ထုတ်လိုက်ပြီး ဆံပင်တွေကိုသပ်တင်ပေးဖို့လုပ်လိုက်သည်။
အစမှာတော့ ရှောင်းကျန့်ကရှောင်လိုက်ပေမဲ့ သူ့ဆံပင်ကိုရိပေါ်ရဲ့လက်တွေဖြင့် ထိတွေ့လိုက်ချိန်မှာတော့ မရှောင်တော့ဘူး။ သူငြိမ်ငြိမ်လေးနဲ့ အသက်တောင်မရှူပဲ သူ့ဆံပင်တွေရှင်းပေးတာ ခံနေမိသည်။
ထိုအချိန်မှာလည်း ရိပေါ်ကိုမျက်လုံးလေး လှန်ရင်းအပေါ်ကိုမော့ကြည့်သေးသည်။ ရိပေါ်ရဲ့မျက်လုံးတွေထဲမှာ နွေးထွေးမှုအရိပ်အယောင်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။
" ကျွန်တော်တို့ တစ်ခုခုသွားစားမလား "
ရှောင်းကျန့် ခေါင်းငြိမ့်လိုက်သည်။
ငါရိပေါ်ရဲ့ညို့အားပြင်းတဲ့ အကြည့်တွေအောက်ရောက်နေပြီ အဲ့ခွေးပေါက်လေးပြောတဲ့အတိုင်းမလုပ်နဲ့ ရှောင်းကျန့်...
ကိုယ့်ကိုယ်ကိုဆုံးမနေသော်လည်း အပြင်မှာတော့ ရိပေါ်ရဲ့မျက်လုံးတွေကိုသာ စိုက်ကြည့်နေသေးသည်။ ရိပေါ်က ရှောင်းကျန့်ရဲ့ အိပ်တာများလို့ မို့အစ်နေတဲ့မျက်လုံးလေးတွေကို လက်မလေးနဲ့ပွတ်လိုက်ပြီး
" အရမ်းအိပ်လိုက်လို့ထင်တယ် အခုge ကယုန်ဝတုတ်လေးနဲ့တူလာပြီ "
" ဟင်? "
" ထတော့ ယုန်ဝတုတ်လေး "
" ငါ...ငါယုန်မဟုတ်ဘူး။ လူ..."
ရိပေါ် အော်ရယ်မိမတတ်ပင်။
" ဟားဟား ဟုတ်ပါပြီဗျ ကျွန်တော်နေ့လည်စာစားချိန်မှာ လူတစ်ယောက်နဲ့တွေ့ဖို့ စီစဥ်ထားတယ် "
ရှောင်းကျန့်မှာ အိပ်မှုန်စုတ်ဖွားလေးနဲ့ ထပြီးတွန်ကြေနေတဲ့ အဝတ်အစားတွေကို လက်နဲ့သက်နေသည်။
" ဘယ်သူနဲ့ "
ရိပေါ်မျက်နှာအနည်းငယ် ညိုးသွားပြီး
" သူ့ကိုge မသိလောက်ဘူး။ ကျွန်တော်တောင် geနဲ့နေရာမပြောင်းခင်လေးကမှသိတာ။ ကျွန်တော်ရဲ့ဦးလေးနဲ့အန်တီ "
ရှောင်းကျန့် တွေဝေသွားပြီးနောက်
" မင်းမှာက ဆွေမျိုးမရှိတော့ဘူးဆို "
" အင်း...ကျွန်တော်ဒီရက်ပိုင်းမှာ စုံစမ်းကြည့်ခဲ့သေးတယ်။ သူတို့ကတကယ်ပဲ့အမေ့ရဲ့ မောင်လေးပဲ့။ အမေဆုံးတုန်းက သူတို့ပေါ်တောင်မလာခဲ့ဘူး။ အခုမှ..."
ရိပေါ်ပုံကပြောရခက်နေသည့် ပုံပင်။ ဒါကြောင့်ရှောင်းကျန့်ကပဲ့ နောက်ဆက်တွဲကိုပြောလိုက်ရသည်။
" သူတို့မင်းမှာ ပိုက်ဆံတောင်းနေတာလား။ အာ...အခုတော့ငါ့ဦးလေးနဲ့အဒေါ် ဖြစ်နေပြီပဲ တကယ်ကိုမယုံနိုင်စရာပဲ့ "
နွေးထွေးနေတဲ့ လေထုလေးကပျောက်ကွယ်သွားရပြီး အနည်းငယ်ညိုးနွမ်းသွားရသည်။ ဦးလေးဖြစ်သူနဲ့ သူ့ရဲ့ဇနီးဖြစ်သူကို သွားတွေ့ဖို့အတွက် နှစ်ယောက်သားစကားမပြောဖြစ်ကြပဲ ထိုနေရာကိုတိတ်တဆိတ် သွားခဲ့ကြသည်။
ရိပေါ်ကသာမန်ဆိုင်လေးမှာပဲ့ တွေ့ဖို့လုပ်ထားခဲ့သည်။သူက သူ့ရဲ့ဦးလေးနဲ့စကားပြောတဲ့အချိန် ရှောင်းကျန့်စိတ်မသက်မသာဖြစ်မှာကို စိုးရိမ်မိသည်။ ဘာပြောပြော ရှောင်းကျန့်က သခင်လေးတစ်ယောက်ဖြစ်ခဲ့ပြီး အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့တာ ဒါကြောင့်အပြုအမူအပိုင်းမှာရော အပြောအဆိုအပိုင်းမှာပါ သူတို့ရဲ့အဆင့်အတန်းခြင်းက ကွာလွန်းတာမို့ စိုးရိမ်မိတာအမှန်ပင်။
" ge...သူတို့က စကားပြောသိပ်အဆင်မပြေလောက်ဘူး။ အဲ့တာ"
ရှောင်းကျန့် ထိုအခြေအနေကို နားလည်ပါသည်။ သူ့ရဲ့စိတ်ထဲမှာ အဆင့်အတန်းခွဲတာတွေ မရှိပါဘူး။ ဒါမဲ့ရိပေါ်ကိုလည်း ရစ်ချင်သေးသည်။ ဒါကြောင့်လူမိုက်လေးလို နှုတ်ခမ်းတစ်ဖက်မြင့်တက်ကာ ကျေနပ်နေသည့်အသံလေးနဲ့ ပြောလာသည်။
" ဟက်....ဒါပေါ့ ကိုယ့်အခြေအနေကို ကိုယ်သိတာအကောင်းဆုံးပဲ့ "
ရှောင်းကျန့်မှာကျေနပ်နေတုန်း ရုတ်တရက်ရိပေါ်က ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။ ထို့​နောက်သူ့ရဲ့ကားခါးပတ်ကိုဖြုတ်ကာ ရှောင်းကျန့်ဘက်ကို ခါးကိုင်ညွှန့်လိုက်သည်။ ထို့နောက် ပြုံးယောင်သန်းနေတဲ့ ရှောင်းကျန့် နှုတ်ခမ်းကိုဖမ်းစုပ်လိုက်သည်။ ဖြစ်ပျက်သွားတာ စက္ကန့်ပိုင်းလေးအတွင်းသာ...
" အွန့် "
နမ်းတာကိုလွှတ်ပေးလိုက်သည့်အချိန်မှာ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေကဟာအလွန်နီးကပ်နေလေပြီ။ တစ်ယောက်ရဲ့ ဝင်သက်ထွက်သက် လေနွေးနွေးများသည် တစ်ယောက်မျက်နှာတစ်ယောက် ရိုက်ခတ်ပြီးဖြတ်ပြေးနေကြလေသည်။
ရိပေါ်က ရှောင်းကျန့်ပြုံးခဲ့သည်အတိုင်း ပြုံးကာ
" geပြောတာ ​မှန်တယ်။ ကိုယ့်အခြေအနေကို ကိုယ်သိတာအကောင်းဆုံးပဲ့.... ဟုတ်တယ်မလား "
ရှောင်းကျန့်မှာ မခုတ်တတ်သည့် ကြောင်လေးလို မျက်လုံးဝိုင်းဝိုင်းနဲ့ကြည့်ကာ ခုဏကသူမဟုတ်သလို တဟီးဟီးရယ်သည်။
" ဟီး...အင်း မှန်တယ် မှန်တယ် နောက်ကျနေတော့မယ် "
ရိပေါ်ကသက်ပြင်းကြီးကြီး တစ်ချက်ချလိုက်ရသည်။
" ဘာလို့ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ ge ဦးလေးတို့ဆီကို နောက်နေ့မှသွားလဲရတယ်နော် "
" အခုသွားရအောင် အွန်း....အု့"
===============The Dream is============
Happy Birthday par Zhange🎂❤🐰
5.10.2022
XiaoMiMi
===============================
Zawgyi
အပိုင်း ၁၃
" သူကငါ့အရုပ်လေးလေ "
" မင်း! "
" လီလျှိ့ကွမ်း... ! "
" ဟုတ်ကဲ့..."
ငါလူရွေးမမှားခဲ့ဘူး။
" အမ်? "
" ခါးနားနေတော့မှာပဲ့ "
" ge ကဂိမ်းဆော့ဝဲအတွင်ပြင်ဆင်နေတာလား... ဟက် ဒါကြောင့် အလုပ်ကွန်ပျူတာထဲမှာ ဂိမ်းNPC တွေနဲ့ပြည့်နေတာ....တကယ်ကလေး... "
" ဘယ်သူက ကလေးလဲ! "
" ဟမ်? "
" ဟင်? "
" ထတော့ ယုန်ဝတုတ်လေး "
" ငါ...ငါယုန်မဟုတ်ဘူး။ လူ..."
" ဘယ်သူနဲ့ "
" အွန့် "
===============The Dream is============
5.10.2022
XiaoMiMi
===============================
.
Continue Reading
You'll Also Like
82.8K 8.9K 25
You are like Cloud to me Zhan..
444K 16.5K 41
18 + ပါမည်​ ကြို​ပြောထားတာပါ​နော်​ အင်​နိုးစန့်​​လေး​တေ မဖတ်​သင့်​ပါ 'မင်းကငါ့ကိုစိတ်​ဝင်​စား​အောင်​လုပ်​နိုင်​တာပဲ' wang yibo 'မင်းကိုကြည့်​လို့က...
74.8K 5.7K 16
လန်​ စပ်​စလူး​လေးနဲ့ ​ဝေ့တည်​ငြိမ်​ အခွီး​လေးပါ I'm Your Boyfriend အတွက်​ Lက​နေ reader​တွေကို ပြန်​​ချော့ခြင်း #L
35.9K 2.9K 6
Short Story for Donation.