The story of first love ( Com...
By Jeon_Audery
9.3K 901 51
ငါတို့ဘယ်ရထားမှာများလွဲခဲ့သလဲထယ် နှစ်ဦးလုံးကဆုံမှတ်တူနေသည့်တိုင်တွေ့ဆုံခွင့်မရှိအောင်ဘလိုများလွဲချော်နေရတာလ... More
The story of first love
The story of first Love
The Story Of First Love
The Story Of First Love
The Story Of First Love
The Story of First Love
The Story Of First Love
Final
The Story Of First Love
663 88 1
By Jeon_Audery
လူဆိုးကောင်ကိုမတွေ့ရတဲ့သူ့နေ့ရက်တစ်ချို့ကရှည်သည်
ကတိတည်လွန်းတဲ့ထိုကောင်က သူ့ရှေ့ကိုနှစ်ရက်လောက်ပေါ်မလာခဲ့သလို ကျောင်းပြန်တက်သည့်အခါမှာလဲသူ့ကိုမမြင်ချင်ယောင်ဆောင်နေကာ လမ်းမှာတွေ့ရင်တောင်ရှောင်သွားတက်သည်။
အဖြေပေးဖို့စဥ်းစားချိန်ပေးထားမှန်းသိနေသော်လဲ ဂျွန်ဂျောင်ကုရဲ့သောက်ကျိုးနည်းလစ်လျှူရှု့မှု့ကြီးကြောင့် အဖြေတောင်းထားတာသူလားကိုယ်လားပင်မသဲကွဲတော့
သူငယ်ချင်းဆက်ဆံရေးကနေပြောင်းလဲဖို့ဆိုတာသူ့အတွက်ခတ်ခဲနေပေမယ့် ဂျွန်ဂျောင်ကုကိုလဲမတွေ့ရရင်မနေနိုင်ပြန်ပါ
သူ့စိတ်ထဲမှာလဲဂျွန်ဂျောင်ကုတစ်ခြားသူနဲ့အတူရှိနေမှာမျိုးကိုသေမလိုကြောက်နေရသည်။ အကယ်၍သူသာငြင်းလိုက်ရင်ဂျွန်ဂျောင်ကုတစ်ခြားသူနဲ့တွဲဖြစ်သွားမှာမျိုးကိုသူမလိုလား
ဖွင့်ပြောထားသူကဂျွန်ဂျောင်ကုဆိုပေမယ့်သူကသာမနေနိုင်မထိုင်နိုင်ဖြစ်နေပြီး အရှောင်အတိမ်းကောင်းတဲ့ဂျွန်ဂျောင်ကုကိုဘဲလိုက်ဖမ်းနေရသည်။
ကြာလာတော့စိတ်ထဲတွေးမိတာက ဂျွန်ဂျောင်ကုများသူ့ကိုလက်စားပြန်ချေနေသလားလို့ပင်
စိတ်မလုံတဲ့သူကဘဲထိုရှောင်တိမ်းတဲ့အကွက်တွေကိုစလိုက်သူမလို့ထိုပေါက်ကရအတွေးလေးကတစ်ချက်တစ်ချက်ဝင်လို့လာတာ
" လူဆိုးကောင်မင်းငါ့ကိုဘယ်အချိန်ထိရှောင်နေမှာလဲ"
" မရှောင်ပါဘူး မျက်မှန်လေးကိုစဥ်းစားချိန်ပေးထားတာ "
" သောက်ပိုတွေမပြောနဲ့ မင်းကိုငါ့ရှေ့ပေါ်မလာဖို့ပြောမိလို့လား မင်းသဘောအတိုင်းမင်းအကုန်လုပ်နေတာလေ"
" ကိုယ်အလုပ်ရှုပ်နေလို့ပါ အဲ့လိုမျိုးမဟုတ်ပါဘူး"
" အော...အတန်းချိန်လောက်ဘဲတွေ့နိုင်လောက်တဲ့အထိဘာတွေများသောက်လုပ်ရှုပ်သွားရတာလဲ "
အချိန်ပြည့်သူ့ကိုရှောင်နေတဲ့ဂျွန်ဂျောင်ကုကိုဒေါသထွက်သွားတာကြောင့်စာသင်ခန်းထဲရောက်နေတာကိုပါသတိမထားမိလိုက်
နောက်ဆုံးတန်းဖြစ်တာမလို့ သင်ရိုးအညွှန်းစာအုပ်ကိုကွယ်ရင်း ဂျွန်ဂျောင်ကုနဲ့အသံတိတ်ရန်ပွဲကိုနွှဲနေသည်
လူမသိတဲ့ရန်ပွဲအသေးစားလေးဆိုပေမယ့် သောက်တလွဲအကြောင်းပြချက်တွေနဲ့ကျက်သရေတုံးလာတဲ့အခါသူ့အသံသြသြကထင်းခနဲ
ဒေါက်!
" အ့ချီးဘဲ "
" စာသင်ချိန်မှာစကားပြောရတာပျော်ဖို့ကောင်းလား ကင်ထယ်ယောင်း
ကြည့်ရတာအခုနောက်ပိုင်းကင်ထယ်ယောင်းမှာစကားပြောစရာတွေအတော်များလာပုံဘဲ "
လက်တည့်လွန်းတဲ့ဆရာမပြစ်ချက်က သူ့ခေါင်းတည့်တည့်ကိုလာမှန်သည်။
သချာ်ဆရာမဆိုတော့ တွက်ချက်ပြီးများပြစ်လိုက်သလားအောက်မေ့ရအောင်လက်စကအတော်ပြင်းပြင်း
" စကားပြောချင်နေတဲ့စိတ်လေးပျောက်သွားအောင် အတန်းပြင်မှာနှစ်ယောက်လုံးဒူးထောက်နေ "
အပြစ်ပေးခံရတာနဲ့အသားကျနေတဲ့ဂျောင်ကုက စိတ်မဝင်စားသော်လဲ ကင်ထယ်ယောင်းကတော့စူပုပ်နေသည်။
ဆရာမကိုလည်းကြောက်ရသည်မလို့ အတန်းပြင်ထွက်ကာအေးစက်စက် ကြမ်းပြင်ပေါ်မှာဒူးထောက်ရင်းမျက်နှာငယ်လေးနဲ့
" ကိုယ်တောင်းပန်ပါတယ် မင်းစိတ်အနှောက်အယှက်ဖြစ်မှာဆိုးလို့ရှောင်နေမိတာ"
" ငါအဲ့လိုမဖြစ်တာမလို့ရှောင်စရာမလိုဘူး မင်းငါ့ကိုပြစ်ထားမှပိုဝမ်းနည်းရတာ "
" မျက်မှန်လေးအဆင်မပြေရင်ကိုယ့်ကိုငြင်းလိုက် ပြီးရင်တော့သူငယ်ချင်းအဖြစ်ဆက်နေကြတာပေါ့ "
အရိပ်ပြရင်အကောင်မမြင်တဲ့ထိုကောင်က အကောင်လိုက်ကြီးချပြရင်တောင်မြင်မဲ့ပုံမပေါ်
လူကောင်ကြီးကသာကြီးနေတာအုံးနှောက်ကဖြုတ်လောက်သာသာရယ်
" စောက်ရူးကောင်။   မင်းကသူငယ်ချင်းဖြစ်ချင်နေတယ်ဆိုရင်လဲ ငါမင်းကိုချစ်တယ်ဆိုတာကိုမပြောတော့ဘူး အဲ့မှာတစ်သက်လုံးသူငယ်ချင်းလုပ်နေလိုက် "
" ဟမ်...မျက်မှန်လေးက ကိုယ့်ကိုချစ်နေတာလား  သေချာအောင်ထပ်ပြောပါအုံးကိုယ်ကြားချင်သေးလို့ "
" သူငယ်ချင်းလုပ်မှာဆိုဘာတွေမျှော်လင့်နေတာလဲ "
.
" မရစ်နဲ့ကွာ ကိုယ်သိချင်လို့ထပ်ပြောပြပါဆိုနေ   "
သူ့ကိုယ်စိတ်ဒုခတွေတစ်နင့်တစ်ပိုးကြီးပေးထားတဲ့ထိအကောင်ကို လက်စားချေချင်တာကြောင့် လိုချင်တဲ့အဖြေကိုမပေးဘဲကျောခိုင်ပြစ်လိုက်သည်။
ဒီလိုလုပ်တာတောင်နည်းသေးသလိုခံစားရတယ် သူ့တုန်းကဆိုရင်အောက်ကျခံပြီးထိုကောင်ကိုလိုက်ချောင်းရ​သေးတာ ထိုကောင်ကြောင့်လဲအပြစ်ပေးခံထားရသေးတယ်လေ
" မျက်မှန်လေးရေ... ကို့ကိုယ်ရက်စက်တော့မှာလား
မင်းအဖြေမှမရရင်ကိုယ်အရမ်းစိတ်မကောင်းဖြစ်သွားမှာ
အဲ့စိတ်နဲ့အိပ်မပျော်တာလဲသုံးညလောက်ရှိပြီ ကို့မျက်လုံးတွေဆိုညိုနေတာဘဲ "
အမှန်အကန်တွေသရုပ်ဆောင်​​ပြနေတဲ့ဂျွန်ဂျောင်ကုကတကယ့်အကယ်ဒမီရှော့
ဆက်စနေရင်ငိုမယ့်အခန်းတွေပါပါလာနိုင်သည်မလို့ ရယ်ချင်နေတဲ့စိတ်ကိုထိန်းချုပ်လိုက်ရ၏
" သောက်ပိုတွေလုပ်မနေနဲ့တော့ ချစ်တယ်လူဆိုးကောင်ရဲ့  "
" အားရှ် တကယ်ကြီးနော် ကိုယ်အိမ်မက်မက်နေတာများလား အခုထိမယုံနိုင်သေးဘူး "
" အိမ်မက်လားတကယ်လားသိချင်ရင် မင်းဒူးထောက်ထားတာကိုကြည့်လေ "
" ဟီး....ကိုယ်မယုံလို့ပါ...အ့ "
ဒီတစ်ခါဆရာမလက်စာမိသွားတာကတော့ဂျွန်ဂျောင်ကုသာ
ဘလောက်တောင်သချာ်ဆရာမလက်တည့်သလဲဆိုရင် အခန်းပြင်ကဂျွန်ဂျောင်ကုခေါင်းကိုတောင်တည့်အောင်ပြစ်နိုင်သည်။
သချာ်ဆရာမရဲ့လက်စွမ်းက ရာဇဝင်နဲ့ကိုကျော်ကြားတာ
.
" ဒူးထောက်နေရတာတောင်စကားများနိုင်​သေးတယ် လက်ပါထပ်မြှောက်ထား အဲ့တာမှဆက်ပြောနေရင်ခြေထောက်ပါမြှောက်ခိုင်းမယ်"
အပျိုကြီးဖြစ်တဲ့သူတို့ဆရာမစကားကိုကြားတဲ့အခါ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ရင်းပြုံးစိစိနဲ့
တစ်ခြားအတွဲတွေနဲ့မတူတဲ့သူတို့နှစ်ယောက်ကတော့ ဆရာမအပြစ်ပေးတာခံရင်း ပထမဆုံးချစ်သူဖြစ်တဲ့နေကိုစတင်သည်။
သူများတွေရဲ့ပထမဆုံး​နေ့ကဘလိုနေလည်းမသိပေမယ့် သူတို့နှစ်ယောက်ရဲ့ပထမဆုံးနေ့ကတော့ရိုမတ်တစ်ဆန်ဆန်ဘဲလက်မြှောက်ခဲ့ရသည်။
အပြစ်ပေးခံရသည်ဆိုပေမယ့်အူမြူးနေတဲ့သူတို့နှစ်ယောက်ကတော့မြှောက်ထားတဲ့လက်တွေကိုအပြိုင်ဖမ်းဆုပ်ကာကြည်နူးရင်း
အိမ်ပြန်လမ်းမှာလဲအချစ်တွေဝေဆာနေတဲ့သူကမိုးမမြင်လေမမြင်အခြေအနေနဲ့သူ့ထက်ဗလတောင့်တဲ့လူဆိုးကောင်ကိုစက်ဘီးနဲ့ပြုံးပြုံးကြီးတင်နင်းခဲ့တာ
သူငယ်ချင်းတစ်ယောက်ပါဘဲ ဒါပေမယ့်သူ့အချစ်ဦး ။ မချစ်ဖူးလို့လား အချစ်ဦးမလို့လားမသိ သူဂျွန်ဂျောင်ကုကိုရူးလောက်အောင်ချစ်မိခဲ့ပါသည်
___________________________________
ရုန်းလေနစ်လေ တစ်ရစ်ရစ်တိုးဝင်နေတဲ့ဂျွန့်အချစ်တွေကြားမွန်းကြပ်ခြင်းဆိုတာဆိုးစဥ်မျှမရှိ
ချုပ်နှောင်ခြင်းတွေနဲ့နေသားကျနေတဲ့ပုံစံခွက်ထဲ ဂျွန့်ကိုချစ်ခဲ့တဲ့သက်တမ်းလေးကရှည်သည်။
ဆက်ဆံရေးတစ်ခုကနေပြောင်းလဲလာတဲ့အချစ်က သူထင်ထားတာထက်ပိုနွေးထွေးသလို ထင်ထားတာထက်လဲလေးနက်သည်။
ရိုးရှင်းတဲ့နေ့ရက်တွေမှာ အထီးကျန်နေတဲ့အိမ်ပြန်လမ်းတစ်ချို့ကိုလူဆိုးကောင်ကဝင်နှောက်ယှက်သည် ။ အိမ်ပြန်ချိန်တိုင်းလူဆိုးလေးလုပ်ကာသူ့စက်ဘီးနောက်ကပ်ပါလာတက်တဲ့ဂျွန်
သီးသန့်ဆန်တဲ့သူ့အားလပ်ချိန်ဟာလည်းဂျွန်ဂျောင်ကုရောက်လာကတည်းကမရှိတော့သလို စံပြကျောင်းသားဆိုတဲ့ဂုဏ်ပုဒ်ဟာလဲဂျွန်ဂျောင်ကုနဲ့ကျောင်းပြေးပါများလို့ပျောက်ကွယ်လုလုပင်
ဂျွန်ဂျောင်ကုနဲ့တွေ့မှအဆိုးအပေလေးဖြစ်သွားတဲ့သူက ဒီအရာတွေအပေါ်စိတ်ညစ်ညူးတာမျိုးတောင်မတွေးမိဘူး
သူ့ချစ်သူဂျွန်နဲ့သာယှဥ်ရင်ဒီအရာတွေက အသက်မဲ့တဲ့နာမည်တစ်ခုသာ
အကယ်၍များသူနဲ့ဂျွန့်အကြောင်းကိုအဖိုးသိသွားမယ်ဆိုရင်တောင် သူ့ဘက်ကရင်ဆိုင်ဖို့အသင့်ဖြစ်နေတာ ။ ဒါတွေကဂျွန့်ကိုချစ်တဲ့အရာတစ်ခုတည်းနဲ့ရင်ဆိုင်ဖို့လုံလောက်ပြီ။
" မျက်မှန်လေး ကိုယ်ဒီနေ့မင်းနဲ့အိမ်ပြန်ဖြစ်မယ်မထင်ဘူး "
သူ့ပေါင်ကိုခေါင်းတင်ရင်း မျက်လုံးမှိတ်ကာဇိမ်ယူနေတဲ့ဂျွန်ကိုတစိမ့်စိမ့်ထိုင်ကြည့်နေမိတာ
ထင်ရှားတဲ့မျက်ခုံးထူထူနဲ့အတူ ပွသယောင်ရှိတဲ့နှာခေါင်းလေးဟာ သူ့ပရောဂနဲ့မကင်း
အသဲယားတိုင်းဆွဲတက်တဲ့နှစ်ခေါင်းလုံးလုံးလေးက ကြာလာတော့ပွသလို​တောင်ရှိလာသည်။
ပါးလှပ်လှပ်နှုတ်ခမ်းတစ်စုံအောက်ကမှဲ့သေးသေးလေးကတော့ သူသဘောတကျအနမ်းခြွေနေကျနေရာ​
ဝိုင်းစက်နေတဲ့မျက်လုံးလေးတွေကိုပါထည့်ပေါင်းလိုက်ရင် သူ့ချစ်သူက တကယ့်လူချောလေးတစ်ယောက်ရယ်။
" ဘာလို့လဲဂျွန် မင်းမပါရင်ငါ့စက်ဘီးလေးကပေါ့နေတော့မှာဘဲ "
" မျက်မှန်လေးသိလို့မဖြစ်တဲ့အကြောင်းတစ်ချို့ရှိတယ်လို့ဘဲမှတ်ထားပေးညနေကျရင်အိမ်ကိုကောင်းကောင်းပြန်နော် ကိုယ့်ကိုစိတ်ပူအောင်မလုပ်နဲ့ "
နှုတ်ခမ်းဆူကာစိတ်ကောက်ဖို့ဟန်ပြင်နေတဲ့သူ့ကို နူးညံ့တဲ့အနမ်းတစ်ခုနဲ့လာဘ်ထိုးသည်
ဒီလိုလုပ်လို့ရလားဆိုရင်တော့ ရတာပေါ့
တရားခံရဲ့အနမ်းကသူ့ရင်ထဲထိရောက်နေသမျှဒီတရားသူကြီးကအရာရာကိုမျက်ကွယ်ပြုနေအုံးမှာ
" မင်းကိုဒီနေ့မချစ်တော့ဘူး ငါ့ကိုမပြောပြလို့ "
"  အသဲယားအောင်မလုပ်စမ်းနဲ့ ကိုယ်မင်းကိုကိုက်စားမိလိမ့်မယ် "
"  ဘယ်သူကတားနေလို့လဲစားချင်ရင်စားပေါ့ "
ခွင့်ပြုချက်တစ်စွန်းတစ်စလေးကြောင့် ခပ်ဖွဖွငုံခဲခြင်းကိုခံလိုက်ရတဲ့သူ့ပါးတွေ
ထူးဆန်းမနေတော့တဲ့ဂျွန့်ရဲ့အသဲယားမှု့က သူ့ပါးတွေကိုကိုက်ခြင်းသာ
နာသွားမှာမျိုးကိုမလိုလားတာကြောင့် ခပ်ဖွဖွလေးသာ သူ့ပါးတွေကိုငုံခဲလေ့ရှိသည်
သူကိုယ်တိုင်ကလဲသဘောကျတာမလို့ပါးလေးတွေဖောင်းနေအောင်ပိုဂရုစိုက်ဖြစ်တယ်
" ဟေးတော်တော့လေဂျွန်ရဲ့ ငါနာလာပြီ  "
" ငါမင်းကိုဖြစ်ညစ်ပြစ်ချင်တဲ့အထိအသဲယားနေ​ပြီမျက်မှန်လေးရဲ့ မင်းအဲ့လောက်ချစ်ဖို့ကောင်းတာမကောင်းဘူးနော် "
"ပုံမှန်ဘဲဆက်ဆံစမ်းပါ အနေချောင်အောင်ဖားစရာမလိုဘူး "
သူ့တုန့်ပြန်မှု့ကိုသဘောတကျအော်ရယ်ပြီး ပါးကိုအသားကုန်ညစ်ကာသူ့ကိုစနောက်ပြီးပြေးထွက်သွားသည်။
နောက်ကောက်ကျမခံချင်တဲ့သူကတော့ ဆဲဆိုသံတစ်ချို့နဲ့အတူထို့ကောင့်နောက်ကိုပြေးလိုက်ရင်း အသက်ဝင်နေတဲ့အပြုံးရယ်သူတို့ရဲ့ခြေရာတစ်ချို့ရယ်က ထိုလမ်းမထက်မှာထင်ကျန်၏
တစ်ချိန်ကအထက်တန်းကျောင်းသားလေးရဲ့အချစ်က ရိုးရှင်းတယ်
အချစ်ဦးမောင်သာ သူ့အရာရာဖြစ်ပြီး မောင့်လက်ကိုသာဆွဲထားရင် လောကကြီးကိုတောင်အရွဲ့တိုက်ချင်ပါရဲ့
__________________________
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဒေါက်!
.
.
.
" အ့ချီးဘဲ "
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
_____________________________________
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
__________________________
Continue Reading
You'll Also Like
271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
25.3M 762K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
5.7M 298K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...