You💞💞💞(unicode + zawgyi)

By ToxicDaisy-2003

734 55 13

''ငါအရမ်းချစ်တဲ့သူက မင်းပါပဲ လောင်ဝမ်'' ''ကျွန်တော် အရမ်းချစ်ရတဲ့သူကလည်း'ချစ်သော' တစ်ယောက်ထဲပါ'' ''ငါအရမ္းခ်... More

Ep 6 unicode
You💕💕💕 intro(uni+zaw)
Ep 1 unicode
Ep 1 Zawgyi
Ep 2 unicode
Ep2 Zawgyi
Ep 3 unicode
Ep 3 Zawgyi
Ep 4 unicode
Ep 3 Zawgyi
Ep 5 unicode
Ep 5 Zawgyi
Ep6 Zawgyi
Ep 7 part1 Zawgyi
Ep7 part2 unicode
Ep 7 part2 zawgyi

Ep 7 part1 unicode

54 3 1
By ToxicDaisy-2003

ရိပေါ် ဒီနေ့ မျက်မြင်သက်သေ တစ်ယောက်ကို ''ချစ်သော '' တို့ဆေးရုံမှာ သွားပြီး စစ်ဆေးမေးမြန်းရမှာ
အ့ကနေ တစ်ခါတည်း ''ချစ်သော '' ကို ကြိုခဲ့တော့မယ်
အ့လိုစိတ်ကူးပြီး ''ချစ်သော''တို့ ဆေးရုံကို ရောက်လာခဲ့တယ်
ကောင်တာမှာ မျက်မြင်သက်သေဖြစ်သူရဲ့ အခန်းကို မေးနေတုန်း ''ချစ်သော'' နဲ့ ခင်တဲ့ သူနာပြုအစ်မ ကျန်းယန်လီကျဲနဲ့ တွေ့တော့တယ်

"ဝေ့ နိဟောင် ရိပေါ် ''

"ဟုတ် နိဟောင် ကျဲ''

"အားကျန့်ကို လာကြိုတာလား အားကျန့်က ဂျူတီ မပြီးသေးဘူးထင်တယ်''

"မဟုတ်ဘူးဗျ ဟို ဆေးရုံတက်နေတဲ့ သူကို အမှုမှာ မေးစရာရှိလို့ပါ ပြီးတော့မှ ကော ကို ကြိုမှာရယ်''

"အာ ဟုတ်လား ''

"ဟုတ်ကဲ့ ကျဲ''

" ဒါနဲ့ မနက်ဖန် အားကျန့်က ဂျူတီ မရှိဘူး ဆိုတာကော သိလား''

"ဗျာ ဟုတ်လား''

"အားကျန့်က မပြောရသေးဘူးလား''

"ဟုတ်ကဲ့ ကော က မပြောရသေးဘူးဗျ''

" မနက်ဖြန်က အားကျန့်ရဲ့ မွေးနေ့လေ အ့ကြောင့် ဂျူတီ offတာလေ''

"အာ...ဟုတ်ကဲ့''

"အားကျန့်က မေ့နေတာ နေမှာပါ ဒါမှမဟုတ်လည်း ခဏနေ ပြောလောက်မှာပါ
ဒါနဲ့ အခန်းက ရှာလို့တွေ့ပြီလား''

"ဟုတ် သိပြီးပါပြီ ကျဲ အ့ဆို ကျွန်တော် သွားတော့မယ်နော် ''

"အေးအေးအေး ခဏ ''

"ဟုတ် ဘာပြောမလို့လဲဟင် ကျဲ''

"ဟို...အားကျန့်ကလေ အပြင်ပိုင်းမှာ မာကျောတဲ့ပုံစံပေါက်ပေမယ့်လေ စိတ်ဒဏ်ရာတွေ ရှိတဲ့ ကလေးပါ တိတိလေးကပဲ အားကျန့်ကို သေချာ ဂရုစိုက်ပေးပါဦး''

"ဗျာ...အာ ဟုတ်ကဲ့ ကျဲ ကျွန်တော် ကော ကို သေချာ ဂရုစိုက်မှာပါဗျ''

"အေးပါ သွားတော့လေ နောက်ကျနေဦးမယ်''

"ဟုတ် ကျဲ''
ဆိုပြီး ရိပေါ်လည်း လူနာရှိတဲ့အခန်းကိုပဲ ခပ်သွက်သွက် လျှောက်လာလိုက်တော့တယ်

"ကျဲ စောနက ဘယ်သူလဲဟင်''

" အားကျန့်ရဲ့ ကယ်ရီသမားလေးလေ''

"ကယ်ရီက ဆေးရုံထဲထိ လာကြိုပေးတယ်လား''

"လာပါ လော့လော့ရယ် စပ်စုမနေနဲ့တော့ အလုပ်လုပ်ရအောင်ပါ''

"ဟုတ်ဟုတ် ကျဲ''

ရိပေါ်လည်း ကောင်တာက ပြောတဲ့အခန်းကို တံခါးခေါက်ပြီး ဝင်သွားလိုက်တော့တယ်

"အာ..ရိပေါ်ကောပါလား ဝင်ခဲ့လေ''

"ချန်ဟွေ့ မင်းက ကြိုရောက်နေတာလား''

"ဟုတ်တယ်ကော ဟီးး ''

"ဒါနဲ့ နစ်နာသူကော ဘယ်ရောက်သွားတာလဲ ''

" ဟို ဆေးစစ်စရာရှိလို့ဆိုပြီး nurseတစ်ယောက်နဲ့ ပါသွားတယ် ကော  ဟော ဟိုမှာ လာပြီ''

"အာ..ဧည့်သည် ရောက်နေတာပဲ ချန်ဟွေ့ ဒီကအစ်ကိုက ဘယ်သူလဲဟင်''

"အာ ကျွန်တော်က ဒုရဲအုပ် ဝမ်ရိပေါ်ပါ ချန်ဟွေ့ရဲ့
စီနီယာပါ ဒီက မိန်းကလေးကို မေးစရာလေးရှိလို့ပါ ''

"အာ..ဟုတ်ကဲ့ပါရှင့် ''

" မိန်းကလေးနာမည်က''

"စီးစီးပါ''

"သေဆုံးသူနဲ့က ဘယ်လိုပတ်သက်တာပါလဲ''

" ချောင်က ကျွန်မ သူငယ်ချင်းပါ ကျွန်မတို့တွေက ဘဝတူတွေပါ ကျွန်မက ဒီလောကထဲ ရောက်လာတာ မကြာသေးပါဘူး ကျွန်မတို့ရဲ့ ခေါင်းဆောင်က ကျွန်မတို့ကို barမှာ ဖျော်ဖြေခိုင်းပါတယ် အ့ကနေမှ သဘောကျတဲ့ customer က ခေါ်သွားလေ့ရှိပါတယ်''

"အ့ဆို တရားခံက သေဆုံးသူကို ခေါ်သွားတာကို မြင်လိုက်သေးသလား''

"အ့တာတော့ မမြင်လိုက်ပါဘူး ဒါပေမယ့် အ့နေ့ မတိုင်ခင်က ချောင်က သူ့ကို customer တစ်ယောက်က ပိုက်ဆံတွေ အများကြီး ပေးပြီး ခေါ်တယ်တဲ့လေ
ကျွန်မလည်း သူ့အတွက် ဝမ်းသာပေးခဲ့ပါတယ် ဒါပေမယ့် အ့လောက် ငွေတွေ အများကြီး ပေးတော့ မရိုးသားဘူးထင်လို့ သူ့ကို ဂရုစိုက်ဖို့ သတိပေးခဲ့ပါသေးတယ် ကျွန်မတို့ ကတောက်ကဆလေးတောင် ဖြစ်ခဲ့ကြပါသေးတယ် သူသာ ဒီလို ဖြစ်မယ်မှန်းသိရင် သူနဲ့ အဆင်ပြေအောင် နေခဲ့မိမှာ သူ့ကိုလည်း တားခဲ့မိမှာ ခုတော့''

"ရရဲ့လားဗျ ဆက်ပြောလို့က''

"ဟုတ်ကဲ့ ရပါတယ် ကျွန်မတို့က စီးပွားရေး အိမ်က အဆင်မပြေတော့ ဒီလောကထဲ ရောက်လာခဲ့ကြတာပါ ကျွန်မကတော့ ခု မိဘတွေ မရှိကြတော့ပါဘူး ဒါပေမယ့် ချောင်က အမေနဲ့ မသန်စွမ်းတဲ့ မောင်လေး တစ်ယောက် ရှိသေးတယ် သူ့မိသားစုအတွက် သူက
မလုပ်ချင်ပေမယ့်လည်း ဒီဘဝထဲ ရောက်လာခဲ့ရတာ
ခု သူမရှိတော့ သူ့မိသားစုအတွက်လည်း ရင်လေးပါတယ် ကျွန်မတို့ကလည်း ထောက်ပံ့ပေးနိုင်တဲ့ အဆင့်မရှိဘူးရယ် တစ်ခါတစ်လေတော့ ကူညီပေးနိုင်
ပေမယ့်လေ ကျွန်မတို့ကလည်း customer ရှိမှ အဆင်ပြေတာရယ် ကျွန်မတို့ထဲမှာ ချောင်က အလှဆုံးနဲ့ customer အရအများဆုံးပဲ အ့ကြောင့် ရိုးရိုးသားသား လို့ပဲ ထင်ခဲ့မိတာ ဘယ်သူကသိမှာလဲ
လူကို ရက်ရက်စက်စက် သတ်သွားလိမ့်မယ်လို့လေ
ပြည့်တန်ဆာကလည်း လူပါပဲ ဘာလို့ အ့လောက်ထိ
လုပ်ရက်ရတာလဲ ရဲအရာရှိကြီးကို အားနာပါတယ်
ဒါပေမယ့် ကျွန်မ မခံစားနိုင်တော့လို့ပါ ''

" ရပါတယ် ဆက်ပြောပါ''

"ဟုတ်ကဲ့ ချောင်က အ့လူနဲ့ ပထမတစ်ခါ ရှိနေတုန်းက
သူ့အခန်းမှာ အ့လူရဲ့ နာရီ ကျန်နေခဲ့ဖူးပါတယ် ကျွန်မ ချောင် သတင်းကြားတုန်းက အ့နာရီကို ကျွန်မ သွားယူထားခဲ့တာပါ''

"အ့ဆို အ့ကောင်က နာရီက အစ်မစီးစီးမှာ ရှိမှန်းသိလို့
အစ်မကို ထိခိုက်အောင် လုပ်ခဲ့တာလား''

"ဟုတ်ပါတယ်''

"ဒါနဲ့ မိန်းကလေးကို သူက ဘယ်လို ထိခိုက်အောင် လုပ်ခဲ့တယ်ဆိုတာ အသေးစိတ် ပြောပြပေးနိုင်မလားဗျ''

"ဟုတ်ကဲ့ မနေ့က ကျွန်မ အလုပ်ကနေ customer မရလို့ဆိုပြီး စိတ်ညစ်ညစ်နဲ့ ပြန်လာခဲ့တာ ညဆယ်နာရီလောက် ရှိနေပေမယ့် ပုံမှန်ဆို ကျွန်မ ဒီထက် နောက်ကျတဲ့အချိန်တွေတောင် ပြန်ဖူးပါတယ် မနေ့က ကံဆိုးချင်တော့ လမ်းက လူသိပ်မရှိဘူး လမ်းမီးတွေကလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတယ် ကျွန်မလည်း ကြောက်မိလို့ ခပ်သွက်သွက် သွားနေခဲ့တာပါ
ကျွန်မလည်း လျှောက်ရင်းလျှောက်ရင်းနဲ့ နောက်က လူတစ်ယောက် လိုက်လာတယ်လို့ သတိထားမိလာတယ် အ့ကြောင့် ပို မြန်မြန် လျှောက်လာခဲ့ပေမယ့် အနောက်က လူက ကျွန်မရဲ့ ပိုက်ဆံအိတ်ကို အတင်းလုတော့တာပဲ ကျွန်မလည်း ပြန်လုရင်းနဲ့ နောက်တော့ အ့လူက ကျွန်မကို တစ်ခုခုနဲ့ ရိုက်လိုက်တာ ကံကောင်းလို့ လမ်းသွားလမ်းလာတစ်ယောက်က
မြင်ပြီး အော်ဟစ်အကူအညီတောင်းလို့ လူတွေ ရောက်လာကြပြီး ကျွန်မကို ဆေးရုံပို့ပေးကြတာ ပိုက်ဆံအိတ်ကတော့ အ့လူဆီ ပါသွားတယ်''

"အ့တာဆို နာရီကကောဟင် တရားခံဆီ ပါသွားတာလား''

"မဟုတ်ပါဘူး မပါသွားဘူး ကျွန်မက အ့နာရီကို ကျွန်မအခန်းထဲက စားပွဲအံဆွဲထဲမှာ သိမ်းထားတာ
ခု ကလေးမလေး တစ်ယောက်ကို ယူခိုင်းလိုက်ပြီ ခဏနေရင် အ့ကောင်မလေး လာပါလိမ့်မယ် ဒါနဲ့ ချောင့်ကို ကျွန်မ ကြည့်လို့ ရမလားဟင် ''

"မကြည့်ချင်ပါနဲ့ဗျာ အလောင်းက တော်တော်လေးကို
ပုံစံက ဆိုးဝါးတာ တရားခံက ရက်ရက်စက်စက် သတ်ထားတော့လေ လက်တစ်ဖက်က ပျက်နေပြီး မျက်နှာမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ရယ် မိသားစုဝင်တွေတောင် မဖြစ်လို့ ပြရတာရယ်''

"အ့လောက်ထိ ဆိုးတာလားဟင် ချောင် က''

"အ့ထက်တောင် ပိုသေး...''

"ချန်ဟွေ့ ''ဆိုပြီး ရိပေါ်က ခေါင်းရမ်းပြပြီး ချန်ဟွေ့ကို
ဆက်မပြောဖို့ တားတယ်

"ဒီက မိန်းကလေး မကြည့်တာပဲ ကောင်းမယ် ထင်ပါတယ် စစ်ဆေးစရာတွေလည်း ရှိသေးတော့လေ မိသားစုဝင် မဟုတ်ရင် မကြည့်တာ ပိုကောင်းပါတယ်''

"ဟုတ်ကဲ့ပါ အရာရှိကြီး''

"ဒါနဲ့ တရားခံဖြစ်သူရဲ့ မျက်နှာကို မြင်လိုက်လားဗျ''

"အ့တာတော့ မမြင်လိုက်ပါဘူး သူက maskတပ်ထားတော့လေ''

" ပုံပန်းသဏ္ဌာန်လောက်တော့ ပြောလို့ရလားဗျ''

"ဟုတ်ကဲ့ရှင့် သူက အရပ်ကတော့ တော်တော် ရှည်တာ ကျွန်မထက် ခေါင်းတစ်လုံးစာလောက် ပိုရှည်တယ် တစ်ကိုယ်လုံးကို အနက်ရောင်တွေချည်း ဝတ်ထားတယ် ဖိနပ်ကလည်း ရှူးဖိနပ်အနက်ရောင် branded ထင်တာပဲ''

"အော်..ဟုတ်ကဲ့ဗျ''

"ကျဲကျဲ''

"အော်...ရင်းရင်း လာလေ ''

"ဟုတ် ဒီမှာ ကျဲကျဲ ပြောတဲ့ နာရီ ဟုတ်ရဲ့လား စစ်ကြည့်ပါဦး''

"အေးအေး ဟုတ်တယ် ''

"ဟုတ် အ့ဆို ရင်း ပြန်တော့မယ်နော် ''

"အေးအေးအေး ''

" အော် ရင်းရင်းက barမှာ သီချင်းဆိုတာပါ သူက ကျွန်မတို့လိုတော့ မဟုတ်ဘူး''

" ဟုတ်ကဲ့ ''

" တော်ကြာ ရင်းရင်းကို တစ်မျိုး အထင်လွဲမှာ စိုးလို့ပါ
သူက ပစ္စည်းလည်း ယူလာပေးရသေးတယ် သူ့ကိုလည်း အထင်လွဲသွားမှာ စိုးလို့ပါ''

"ဟုတ်ကဲ့ ''

" ဒီနာရီလေးပါပဲ အရာရှိကြီး''

" ဟုတ်ကဲ့ ချန်ဟွေ့..''

"ဟုတ် ကော''

"ဟို မိန်းကလေးကို ပြန်ပေးဆွဲတဲ့ တရားခံရဲ့ ဓာတ်ပုံထဲက နာရီနဲ့ အခု နာရီနဲ့ တူမတူ တိုက်စစ်လိုက်ပါဦး
အစ်ကို သွားစရာရှိလို့''

"ဟုတ်ကဲ့ပါ ကော''

"အ့ဆို စီးစီးမိန်းကလေး ကျွန်တော့်ကို သွားခွင့်ပြုပါဦး ကျန်တဲ့ တခြား အကြောင်းအရာတွေကို ချန်ဟွေ့ကို ပြောပြထားလို့ ရပါတယ် ''

"ဟုတ်ကဲ့ပါ အရာရှိကြီး''

ရိပေါ်လည်း အခန်းထဲကနေ ထွက်လာပြီး ''ချစ်သော'' ရဲ့ နားနေခန်းကို သွားလိုက်တော့တယ်

"ဒေါက် ဒေါက် ဒေါက် ''

"ဘယ်သူလဲ''

"ကျွန်တော်ပါ ကျန်ကော''

"Aww ရိပေါ်လား ဝင်ခဲ့လေ''

" အစောကြီး ရှိသေးတယ် ငါက ခဏနေမှ ဂျူတီ ဆင်းလို့ ရမှာ''

"ဟုတ် ကျွန်တော် အမှုတစ်ခု စုံစမ်းစရာရှိလို့ စောလာလိုက်တာပါ''

"အော်ဟုတ်လား ခဏနေရင် ပြီးတော့မှာပါ လူနာတွေကိုပြန်စစ်နေလို့''

"ဟုတ်ကဲ့ ဟို....ဟို...''

"တဟိုဟိုနဲ့ ဘာပြောမလို့လဲ''

"ဟို...''

" ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောပါ ငါ စိတ်မဆိုးဘူး ဟုတ်ပြီလား ''

" မနက်ဖြန်က ကော ရဲ့ မွေးနေ့ဆိုတာ ဟုတ်လားဟင်''

" omm အ့တာ ဘာဖြစ်လို့လဲ မင်းကို ဘယ်သူက ပြောလိုက်တာလဲ''

" ကျဲယန်းလီက ပြောလိုက်လို့ပါ ကော ဂျူတီနားတယ်တဲ့ မနက်ဖန်''

"Omm ငါက မွေးနေ့ဆို လုပ်စရာတွေ သွားစရာတွေ ရှိလို့ အ့တာ ဘာဖြစ်လို့လဲ ''

"ဟို...''

"အော် မနက်ဖန် မင်း သွားချင်တဲ့နေရာ သွားနော် ငါ့ကို လာကြိုဖို့ မလိုဘူး''

"ဟို ကျန့်ကောက ဘယ်သွားမှာလဲဟင် ''

" မင်းက ဘာလို့ သိချင်တာလဲ''

" ဟို ကျွန်တော် မနက်ဖြန် အားတယ် အ့ဒါ ကျန့်ကော နဲ့ အတူတူ ရှိနေလို့ ရမလားလို့ ဟို ကျန့်ကော အဆင်ပြေမှပါ ''

ရှောင်ကျန့် တစ်ယောက် ကလေးပေါက်နဲ့ အတူတူ သွားရရင် ပိုကောင်းမယ် လို့ စဥ်းစားမိတာကြောင့်
ပြန်ဖြေလိုက်မိတယ်
"ရပါတယ် ငါ့အတွက်က အပန်းမကြီးပါဘူး ဒါပေမယ့် ငါက မွေးနေ့ဆိုပြီး စားသောက်ဆိုင်ကြီး ကောင်းကောင်းတစ်ခုမှာတော့ လိုက်ကျွေးမှာ မဟုတ်ဘူးနော် မင်း လိုက်နိုင်ပါ့မလား''

"ရပါတယ် ကော ကျွန်တော်က ကိစ္စမရှိပါဘူး''

" အေး အ့ဆိုလည်း မနက်ဖြန် မနက် ၈နာရီလောက် ငါ့အိမ် လာခဲ့လေ နိုးတယ်မလား''

"ဟုတ်ကဲ့ နိုးပါတယ် ''

"ပြီးတာပဲ အ့ဆို ခဏနေရင် ပြန်မယ်လေ ''

"ဟုတ်ကဲ့ ကော''

Skip>>>>
နောက်တစ်နေ့ မနက်ခင်း

ရိပေါ်တစ်ယောက် ဒီနေ့က ''ချစ်သော'' ရဲ့ မွေးနေ့ဆိုတော့ သပ်သပ်ရပ်ရပ်လေး ဝတ်ပြီး စောစောစီးစီး ''ချစ်သော'' ရဲ့ အိမ်ကိုပဲ ဆိုင်ကယ် မောင်းပြီး ထွက်လာခဲ့တော့တယ်

တစ်ဖက်မှာလည်း ရှောင်ကျန့်တစ်ယောက် အပြင်သွားရင်ဝတ်ဖို့အတွက် အဝတ်အစားတွေ ရွေးနေတယ်
"ဒါလေးဆိုရင် ကောင်းမလား နေပါဦး ပေါ့ပျက်ပျက်ကြီး ဖြစ်နေဦးမယ် ''

"ဒါဆိုရင်ကော အသက်တအားကြီးတဲ့ပုံ ပေါ်နေမလား''

"ဟုတ်ပြီ ဒီဟာလေးဆိုရင်တော့ okလောက်တယ်''

"ဒါနဲ့ ငါက အပြင်လေးထွက်တာကို ဘာလို့ အ့လောက် အဝတ်ရွေးနေမိတာပါလိမ့် ကောင်မလေးနဲ့dateတာလည်းမဟုတ်ဘဲနဲ့ ''

*ကလေးပေါက်ရှေ့မှာ အကောင်းအမြင်ခံချင်လို့မလား*

"Omm wait wait wait ငါက ဘာလို့ အကောင်းအမြင်ခံချင်ရမှာလဲ ခေါင်းထဲက ငါမဟုတ်တဲ့ငါရေ ထွက်သွားစမ်းပါ ငါက အ့ကလေးပေါက်ထက် ပိုချောတယ်ဆိုတာ သူ့ကို ပြချင်ရုံပါ😌''
ရှောင်ကျန့်လည်း ပြင်ဆင်လို့ အကုန်ပြီးတော့ အိမ်ရှေ့က bellက မြည်တော့တာပဲ

"တီးတောင် တီးတောင်''

"အာ...ကလေးပေါက် လာပြီထင်တယ်''

"တီးတောင် တီးတောင် ''

"လာပြီဟေ့ လာပြီ''

"ချစ်သော''ရဲ့ အိမ်ရှေ့ရောက်တော့ လူခေါ်ဘဲလ်ကို တီးလိုက်တဲ့အခါ ထွက်လာတဲ့ ''ချစ်သော'' ရဲ့ ပုံစံက လူငယ်ဆန်ဆန်လေးနဲ့ ခန့်ညားတဲ့ ပုံစံလေးမျိုး

"စောစော ရောက်လာသားပဲ အ့ဆိုလည်း သွားရအောင်လေ ''

"ဟုတ်''ဆိုပြီး ဆိုင်ကယ်ဦးထုပ်ကို ကျန့်ကောကို ပေးလိုက်တယ်

"ဝေ့ ဒီမှာ မင်းဆိုင်ကယ်ကို အိမ်ထဲသွင်းခဲ့လိုက်''

"ဗျာ..''

"ဗျာမနေနဲ့ ငါတို့က busကားစီးပြီး သွားမှာလေ အ့တော့ မင်း ဆိုင်ကယ်ကြီးကို ငါ့အိမ်ထဲ ထားခဲ့ရမှာပေါ့
မင်းဆိုင်ကယ်ကြီးပါ သယ်သွားလို့မှမရတာ''

"ဟာ...ဟုတ်ကဲ့''

"အ့ဆိုလည်း ခပ်သွက်သွက် သွင်းပြီး ငါ့နောက် ခပ်မြန်မြန် လိုက်ခဲ့ လမ်းထိပ်က စောင့်နေမယ်''

"ဟုတ်ကဲ့''

ရိပေါ်လည်း ''ချစ်သော'' ​ပြောတဲ့အတိုင်း ဆိုင်ကယ်သွင်းပြီး လမ်းထိပ်ကို ထွက်လာလိုက်တော့
လမ်းထိပ်က ကစားကွင်းထဲမှာ ''ချစ်သော''က ကြောင်အဖြူနဲ့အနက် အစင်းကျားလေးတစ်ကောင်ကို အစာကျွေးနေတယ်

"အာ...ရောက်လာပြီလား အိမ်ကော သေချာ ပိတ်ခဲ့ရဲ့လား''

"ဟုတ် ဒါနဲ့ ဒီကြောင်လေးက''

"အော်...သူက ငါ နေ့တိုင်း အစာကျွေးနေကျ ကြောင်လေးလေ ပိုင်ရှင်မရှိဘူး ထင်ပါတယ် သူ့ကို အမြဲတိုင်း
ဒီမှာပဲ တွေ့နေရတာ''

"အာ...ဟုတ်ကဲ့''

"ကိုင်ကြည့်ချင်လား''

"ဗျာ..''

" ကိုင်ကြည့်ချင်ရင် ငါ ပွေ့ထားပေးမယ်လေ''
"ချစ်သော''က ပြောပြောဆိုဆိုနဲ့ ကြောင်လေးကို ကောက်ပွေ့ပြီး ကျွန်တော့်အနားကို တိုးပေးတယ်

"ဟုတ်''
ရိပေါ်လည်း ကြောင်လေးကို ပွတ်သပ်ပေးလိုက်တော့
ကြောင်လေးက တညောင်ညောင်နဲ့ အော်တယ်

" အမွှေးလေးတွေက နူးညံ့တယ်မလား''

"ဟုတ်''

"သူက မင်းကို သဘောကျပုံရတယ် သူက သဘောကျတဲ့သူဆို အ့လို ပွတ်ပေးရင် ငြိမ်ခံနေတာ''

"ဟုတ်''

"ရော​့ ကိုင်ကြည့်ချင်ရင် ကိုင်ကြည့်လေ''

"ဟုတ်''
ရိပေါ်လည်းကြောင်လေးကို ပွေ့ချီလိုက်တယ်

"ဟုတ်လား မင်းက ငါ့ကို သဘောကျတာလား ''

"Meow meow''

"မင်းက အရမ်းချစ်ဖို့ကောင်းတာပဲ''ဆိုပြီး ရိပေါ်က ကြောင်လေးကို နှာခေါင်းလေးနဲ့ ထိနမ်းလိုက်တယ်

*ဒုတ်ဒုတ်ဒုတ် *

*ဘာလို့ ငါ့နှလုံးခုန်သံတွေက အရမ်းမြန်နေရတာလဲ ကလေးပေါက်က အရမ်းချစ်ဖို့ကောင်းနေရတာလဲ
ရှောင်ကျန့် စိတ်လျှော့ 1 2 3 4 ဟူးး*

"ကျန့်ကော ကျန့်ကော ကော...''

"အေး.. ပြောလေ ''

" သွားလို့ရပြီမလား ကြောင်လေးက ပြန်သွားပြီဆိုတော့လေ''

"အာ အေးအေးအေး သွားမယ်လေ''

"ဟုတ်''

*ကြောင်ထွက်သွားတာတောင် ငါ ဘာလို့ မသိလိုက်ရတာလဲ အ့လောက်ထိ ငေးနေမိတာလား အ့ကလေးပေါက်ကို ဟူးးးးး*

"ကျန့်ကော အ့တာက ကျွန်တော်တို့ စီးရမယ့် busကားလားဟင်''

"Omm''

"လူတွေ အရမ်းများတာပဲနော် ကော''

"ဟုတယ်လေ ဒီအချိန်ကတော့ လူများတယ် ဘာဖြစ်လို့လဲ မင်းက မစီးချင်လို့လား''

"မဟုတ်ပါဘူး သွားမယ်လေ ကော''

ကားပေါ်ရောက်တော့ ရိပေါ်လည်း busကားခကို ဘယ်ကိုပေးရမှန်းမသိဖြစ်နေတယ်
"ကော busကားခကလေ ဘယ်မှာ ပေးရမှာလဲဟင် ဟိုအကြွေစေ့ကို ဘယ်ထဲထည့်ရမှာလဲဟင်''

"ဘယ်က အကြွေစေ့လဲ''

"ဟို ကားခ ပေးဖို့လေ''

"ကားခက cardနဲ့ စက်မှာ ဖြတ်ရမှာလေ မင်းbusကား မစီးဖူးဘူးလား ''

"ဟို ကျွန်တော် busကား မစီးဖြစ်တာ နည်းနည်း ကြာသွားလို့ပါ ကျောင်းတုန်းကကျ ferryနဲ့လေ အလုပ်ရတော့လည်း busကားမမီရင် အလုပ်နောက်ကျမှာစိုးလို့ ကားနဲ့ပဲ သွားတာ တခါတလေကျ ဆိုင်ကယ်နဲ့ရယ်''

"အေးပါ ဒါနဲ့ မင်းbusကား စီးဖြစ်တာ နောက်ဆုံးက ဘယ်အချိန်လဲ''

"ဟို ကျွန်တော် မူလတန်းတုန်းက ပါးနဲ့ တစ်ခါသွားဖူးတုန်းက ဖြစ်မယ်''

"အော်....အမ် အ့တာဆို တော်တော်ကြာပြီပဲ ထားပါ ငါ့ပဲ မင်းအတွက် ကားခ စိုက်ပေးလိုက်ပါမယ်''

"ဟုတ် ကျွန်တော် နောက်ကျ ပြန်ပေးမယ်နော် ''

"ရပါတယ် မလိုပါဘူး ကားခလေးနဲ့ ငါမမွဲသွားပါဘူး''

ရှောင်ကျန့်ရဲ့ ပြန်ပြောလိုက်တဲ့စကားကြောင့် ကလေးပေါက်ရဲ့မျက်နှာလေးက စိတ်မကောင်းတဲ့ပုံစံလေးပေါက်နေတယ်
"ဟို...ငါပြောတာက ကားခ ပြန်မပေးဘဲ တခြားနည်းနဲ့ ပြန်ဆပ်လို့ ငါလိုတဲ့အခါ ပြန်တောင်းမယ် ''

"ဟုတ် ကော''
အ့တော့မှပဲ ကလေးပေါက်ရဲ့မျက်နှာက ပြန်ဝင်းလာတယ်
(ယွမ် busကားနဲ့ ပတ်သက်တာက ယွမ့်စိတ်ကူးနဲ့ရေးထားတာမလို့ အမှားပါသွားရင် သွေ့ပုကျိပါနော်)

Busကားပေါ်ကလည်း ကျပ်နေပြီး ရှောင်ကျန့်တို့ ၂ယောက်လုံး မတ်တပ်ရပ်နေရတယ်
နောက်က အဒေါ်ကြီးတွေကလည်း အတင်းတိုးနေကြတယ် အရေးထဲ ကားက ခဏခဏ ချိုင့်ခွက်တွေကို တိုက်တိုက်နေတော့ လူက ယိမ်းယိုင်နေတာပဲ
ဒီကြားထဲ ကလေးပေါက်ကို ကြည့်နေတဲ့ ကျောင်းသူတစ်သိုက်ကလဲ အတော့်ကိုဆိုး
ဟိုကလေးပေါက်ကလည်း ကောင်မလေးတွေအကြိုက် ချစ်ဖို့ကောင်းအောင် ဝတ်လာတယ်
ဟိုကလေးမတွေကလည်း မိန်းကလေးတွေ ဖြစ်ပြီး တည်တည်ငြိမ်ငြိမ်မနေဘူး ရုပ်တွေကိုက

ရုတ်တရက် ကားက ဘရိတ်အုပ်လိုက်တော့ ကလေးပေါက်ကို လဲကျမှာစိုးလို့ ထိန်းလိုက်ပေမယ့် ဖက်မိသလို ဖြစ်သွားပြီး မျက်နှာ၂ခုက နီးကပ်သွားပြန်တယ်
ကလေးပေါက်ရဲ့ မျက်နှာကို အကြာကြီး ငေးကြည့်နေမိတာ ဟိုကလေးမတွေရဲ့အော်သံကြားမှ အသိဝင်လာတော့တယ်
"ရရဲ့လား ဟို..ငါက မင်းပြုတ်ကျသွားမှာစိုးလို့ လှမ်းဖမ်းလိုက်တာ''

"ရ..ရပါတယ် ကော ဟို ကျွန်တော်တို့ ဆင်းရမယ့် မှတ်တိုင် ရောက်ပြီလားဟင်''

"အာ..အေး ရောက်ပြီ ဆင်းရအောင်လေ''

"ဟုတ်..''
ဒီလိုနဲ့ ကားပေါ်က ကောင်လေး ၂ယောက် ရှက်ပြီး ဆင်းသွားကြတာကို စောနက ကားပေါ်မှာရှိတဲ့ ကလေးမတွေက ငေးကြည့်နေကြပြီး အချင်းချင်း အော်ပြောနေကြတယ်

တကယ်တမ်း ကလေးမတွေက ဖူဂျိုရှီမလေးတွေ ဖြစ်ကြပြီး ရှောင်ကျန့်တို့ကို အတွဲတွေထင်လို့ လိုက်ကြည့်နေတာကို မသိဘဲ ရှောင်ကျန့်တစ်ယောက် တစ်ယောက်တည်း မသိမသာ သဝန်တိုနေမိတာပါ

"နည်းနည်းလောက်တော့ ဆက်လျှောက်ရင်ရပါပြီ
မင်း အဆင်ပြေတယ်မလား''

"ဟုတ်ကဲ့ ဟော...ဟဲ ဟော...ဟဲ''

"အရမ်းမောနေတာလား ငါ့အပြစ်ပါ မင်းဆိုင်ကယ်ကို မထားခဲ့သင့်ဘူး နည်းနည်း လမ်းလျှောက်ရဦးမယ်ဆိုတာကို မေ့သွားတာ ငါ့အတွက်က သွားနေကျဆိုတော့ ကိစ္စမရှိပေမယ့် မင်းအတွက် တွေးဖို့မေ့သွားတယ် အထဲရောက်ရင်တော့ မင်းအမောပြေမှာပါ''

"ရပါတယ် ကော ခဏနေရင် ရောက်တော့မှာမလားဟော ..ဟဲ''

ရှောင်ကျန့်အတွက် ဒီနေရာက ရောက်နေကျဆိုတော့ သိပ်ပြီး မပင်ပန်းဘူးဆိုပေမယ့် လမ်းကလမ်းအသွယ်လေးတွေ တအားများပြီး လမ်းက နည်းနည်းကြမ်းတော့ ကလေးပေါက်အတွက်တော့ ပင်ပန်းမှာပဲ

" ဟော...ဟိုမှာ ရောက်ပြီ ''

ရိပေါ်လည်း ''ချစ်သော''ညွှန်ပြတဲ့နေရာကို ကြည့်လိုက်တော့ ''Yellow House'' ဆိုတဲ့ စာတန်းလေးနဲ့
ကြည့်ရတာ မိဘမဲ့ဂေဟာလေးတစ်ခု ဖြစ်မယ်

အထဲကိုရောက်သွားတော့ ကျွန်တော်တို့ကို အဓိကကတော့ ''ချစ်သော'' အနားကို ကလေးတစ်သိုက် ရောက်လာခဲ့တယ်

" ရှောင်းကောကော ရောက်လာပြီလား သားတို့အတွက် ဘာပါလဲဟင်''

"ဟုတ်တယ် သမီးတို့အတွက်ကော ဘာပါလဲဟင်''

"မင်းတို့က ပစ္စည်းပါမှ လူကိုခင်တာလား''

"မဟုတ်ပါဘူး ကောကလည်း''(all children)

"စတာပါကွာ မင်းတို့အတွက် ပစ္စည်းတွေက ပို့ပေးပြီးသား အခုက လူတင် လာတာ''

"ဟုတ်ကဲ့ ရှောင်းကောကော ပင်ပန်းလာလားဟင်''

"ငါက မပင်ပန်းပါဘူး  ဒါပေမယ့် ဒီဘက်က မင်းတို့ရဲ့ကောကောအသစ်ကတော့ ပင်ပန်းလာမယ်ထင်တယ်
ကောကောကို ဘာလုပ်ပေးရမလဲလို့ မေးကြည့်ကြည့်ပါလား''

"ဟုတ်ကဲ့ ကောကော''

ဒါနဲ့ပဲ ကလေးတစ်သိုက်က ရိပေါ်အနား ရောက်သွားပြန်တယ်
ကလေးတွေထဲက အသက်အငယ်ဆုံးဖြစ်ဟန်တူတဲ့ကောင်မလေးက စပြောလာတယ်
"ကောကော အရမ်းမောနေလားဟင် မိန်းမိန်းတို့ ဘာလုပ်ပေးရမလဲဟင် ရေခပ်ပေးရမလား ဒါမှမဟုတ်
မေမေယွဲ့ရဲ့ ဖွက်ထားတဲ့ အချိုရည်တွေ ယူလာပေးပြီး တိုက်ရမလားဟင်😁''

"ရပါတယ် ဒါနဲ့ ညီမလေးနာမည်က''

"မိန်းမိန်းနာမည်က ကျောက်လီမိန်းပါ ကောကော''

"စကားတတ်လိုက်တာ ဒါနဲ့ မိန်းမိန်းက ဘယ်နှနှစ်ရှိပြီလဲ''

"နောက်လဆို မိန်းမိန်းက ရှစ်နှစ်ပြည့်တော့မှာ''

"ဟုတ်ပါပြီ ကောကောက မပင်ပန်းတာမလို့ ဘာမှလုပ်ပေးစရာမလိုတော့ဘူးနော်''

"ဟုတ်ကဲ့ ကောကော''

"ကလေးတွေ အကုန်လုံး ဘယ်ကို ထွက်သွားကြ....အယ် သားရှောင်း''

" မင်္ဂလာပါ အန်တီယွဲ့''

" ဟို ကလေးက''

"မင်္ဂလာပါ အန်တီ ကျွန်တော့်နာမည်က ဝမ်ရိပေါ်ပါ ကျန့်ကောရဲ့ မိတ်ဆွေပါဗျ''

"အော်...ခဏနေဦးနော် သားရှောင်း ကလေးတွေ ခုချိန်က ဘာအချိန်လဲ''

"မနက်စာစားပြီးလို့ အိပ်ဆောင်သန့်ရှင်းရေး လုပ်ရမှာပါ''

"ကဲဲ သွားကြတော့''

"ဟုတ်ကဲ့ပါ မေမေယွဲ့''

"သားတို့ လိုက်လာခဲ့လေ သားရှောင်းကောင်လေးကို ခေါ်လာခဲ့ဦးနော်''

"ဟုတ်ကဲ့ဗျ''
ရိပေါ်လည်း ''ချစ်သော''နဲ့အတူတူ ကလေးတွေ မေမေယွဲ့လို့ခေါ်တဲ့ အန်တီကြီးနောက်ကို လိုက်လာခဲ့တော့တယ်

"သားတို့ ခဏ ဒီမှာ ထိုင်ကြဦးနော် အန်တီ ခဏလုပ်စရာရှိလို့''

"ဟုတ်ကဲ့ဗျ''(both)

"ကော အ့အန်တီကလေ ဟိုကလေးမပြောတဲ့ အချိုရည်တွေဖွက်ထားတယ်ဆိုတဲ့ အန်တီကြီးလားဟင်''

"အာ..မိန်းမိန်းပြောလိုက်တာလား''

"ဟုတ်ကဲ့ ကော''

"အ့ကလေးမက သူအချိုရည်မသောက်ရလို့ပြောတာ
အန်တီယွဲ့က ဂေဟာရဲ့အုပ်ထိန်းသူ ပြောရရင် အကြီးအကဲပေါ့ အန်တီယွဲ့က ကလေးတွေအတွက် လှူထားတဲ့ အချိုရည်ကို ဖွက်တာတော့ မဟုတ်ပေမယ့် ကလေးတွေက ခဏခဏသောက်နေတော့ ချောင်းတွေဆိုးကြလို့ ကလေးတွေ မသိလောက်တဲ့နေရာမှာ ပြောင်းထားတာ ဖွက်တယ်လို့လည်း ပြောရင်ပြောရတာပေါ့ မထင်ထားဘူး အ့ကောင်မလေး ဖွက်ထားတဲ့ နေရာကို သိလိမ့်မယ်လို့ တကယ့်ကို အလည်လေး''

"ဟုတ်တယ်နော် ကလေးမလေးက အတတ်ကလေး ဒါနဲ့သူက အငယ်ဆုံးလား ဂေဟာမှာလေ''

"မဟုတ်ဘူး သူ့ထက် တစ်နှစ်ငယ်တဲ့တစ်ယောက် ရှိသေးတယ် မင်းတွေ့ချင်တယ်ဆို ပြီးမှ ငါလိုက်ပို့ပေးမယ်လေ''

"ဟုတ်ကဲ့ ကော ဒါနဲ့ ကောက ဒီဂေဟာကို ရောက်တာကြာပြီလား''

"Omm မားနဲ့ အန်တီယွဲ့က အသိတွေလေ မားက အရင်ကတည်းက ဒီဂေဟာကို ထောက်ပံ့လာတာ ငါက မားဆီက လက်ဆင့်ကမ်းတယ်ဆိုရမှာပေါ့ ဒါနဲ့ လာရတာ ပင်ပန်းသွားလား''

"မပင်ပန်းပါဘူး အစက နည်းနည်း မောနေပေမယ့် က
လေးတွေကို မြင်လိုက်ရတော့ အမောပြေသွားတယ်''

"ငါက မင်းကို လေကောင်းလေသန့်ရအောင်နဲ့ စိတ်ပေါ့ပါးအောင် ဒီအတိုင်း လမ်းလျှောက်လာတာ မင်းဆိုင်ကယ်ကြီးထားပြီးတော့လေ အဆင်ပြေတယ်မလား''

"ဟုတ် အဆင်ပြေပါတယ် ကော ပြီးတော့ ကောကို ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို ကောနဲ့ လိုက်လာခွင့်ပေးလို့''

"ရပါတယ်ကွာ မလိုပါဘူး ဒါနဲ့ မင်းက ကလေး ချစ်တတ်တာလား''

"ကလေးချစ်တတ်တာတော့ မဟုတ်ပေမယ့် သူတို့လေးတွေက ကျွန်တော်နဲ့ ဘဝတူလေးတွေမလား သူတို့လေးတွေကို စာနာတယ် သူတို့လေးတွေရဲ့ ဘဝလေးတွေကို အတောက်ပဆုံးနဲ့အကောင်းဆုံးလေးတွေ ဖြစ်စေချင်တယ် ''

"ငါရောပါပဲ''

"အာ..သားတို့ စောင့်ရတာ ကြာသွားလား''

"မကြာသေးပါဘူး အန်တီယွဲ့''

"ဟုတ်ပါပြီ အန်တီက သားပေးထားတဲ့ ပစ္စည်းလေးတွေသွားယူခိုင်းနေတာ ထားထားတဲ့နေရာကနေ ခဏနေရင် ကလေးတွေကို ခေါ်လိုက်မယ်လေ''

"ဟုတ်ကဲ့ အန်တီယွဲ့''

"အာ...သားရှောင်းက မွေးနေ့ဆို ကလေးတွေကို အသုံးအဆောင်တွေ စာရေးကိရိယာတွေနဲ့ အရုပ်တွေ ဝေပေးနေကျလေ''

" ဟုတ်ကဲ့ဗျ ''

"အ့ဆို ကလေးတွေကို ခေါ်လိုက်မယ်နော် နောက်က လိုက်ခဲ့ကြနော်''

"ဟုတ်ကဲ့ ကျွန်တော်တို့ လိုက်ခဲ့ပါ့မယ်''

"အေးအေးအေး ''

" ရိပေါ် သွားရအောင်''

"ဟုတ် ကော''

အ့လိုနဲ့ ရိပေါ်နဲ့ ''ချစ်သော''တို့လည်း ကလေးတွေကို ပစ္စည်းတွေ ဝေပေးလိုက်တယ်

" ရှောင်းကောနဲ့ ဒီက ကိုကိုချောချောလေးကို ကျေးဇူးတင်ပါတယ် ''

"ပစ္စည်းတွေက ကောက ဝယ်ပြီးဝေပေးတာလေ ဟိုကောကောက ဘာလို့ ကျေးဇူးတင်တဲ့အထဲပါရတာလဲ''

"အာ...ကောကောကလည်း ရှောင်းကောနဲ့လိုက်တာလေ ဒီက ကိုကိုအချောလေးက မဟုတ်ဘူးလား ပြီးတော့ ရှောင်းကော ပြောဖူးတယ်လေ ရှောင်းကောအတွက် အရေးပါတဲ့သူကိုပဲ ခေါ်......''

ရှောင်ကျန့်တစ်ယောက် မိန်းမိန်းကို အလျင်အမြန်ပဲ ပါးစပ်ပိတ်လိုက်ရတယ်
"မိန်းမိန်းက လျှောက်ပြောနေတာရယ် ရိပေါ်''

"မိန်းမိန်းက ဘာလို့ လျှောက်ပြောရမှာ...''

"ကဲပါ မိန်းမိန်းအတွက် ပစ္စည်းတွေက ရပြီးပြီမလား နောက်ကလေးတွေအလှည့် ပေးလိုက်ပါဦး''

မိန်းမိန်းက ရှောင်ကျန့်အနားကို ကပ်လာပြီး တိုးတိုးလေး ပြောလိုက်တယ်
"ကော ပီဇာနဲ့ အချိုရည်နော် ပြီးတော့ ဟမ်ဘာဂါနဲ့ ကြက်ကြော် ရောင်စုံခဲတံနဲ့lollipopတွေရယ် စာရွက်ခေါက်ဖို့ ရောင်စုံစက္ကူလှလှလေးတွေရယ် ဒီလောက်ပါပဲ''
(စားစရာတွေက ယွမ်စားချင်တာတွေ ရေးလိုက်တာ ဟီး 😁)

" နည်းနည်းလျှော့ဦးလေ''

"Omm အ့ဆို ပီဇာနဲ့ အချိုရည်မပါတော့ဘူး အချိုရည်က မိန်းမိန်းတစ်ယောက်ထဲသောက်ရရင် ဘယ်တရားပါ့မလဲလေ''

"အော်..တော်တော် လျော့သွားတာပဲ''

" မကျေနပ်ဘူးလား ကောက''

" ကျေနပ်ပါတယ်ဗျာ ''

"အ့ဆို ok😉''

"Okပါဗျာ''

"ဒါနဲ့ ဘယ်တုန်းက ကြားသွားတာလဲ ''

" ကောနဲ့ မေမေယွဲ့တို့ပြောနေတာကြားတာ မိန်းမိန်း ခိုးနားထောင်တာမဟုတ်ဘူးနော်''

"ဟုတ်ပါပြီဗျာ ''

"မိန်းမိန်းနဲ့ကော ဘာတွေပြောနေကြတာလဲဟင်''

"ဘာမှမဟုတ်ပါဘူး မိန်းမိန်းကို နောက်က ကလေးတွေအတွက် လမ်းဖယ်ခိုင်းနေတာ''

"အာ...ဟုတ်တယ် ကောကောရဲ့ ရှောင်းကောကော မိန်းမိန်း ဖယ်ပေးမယ်နော်''

"အေးအေးအေး''
ရှောင်ကျန့် မိန်းမိန်းကို အပေးအယူလုပ်လိုက်ရတယ်
ဒါတောင် အ့ကလေးမက သွားခါနီး 'ကောကော မမေ့နဲ့နော်'လို့က ပြောသွားသေးတယ်

"ကော ပစ္စည်းတွေက အကုန်ဝေပေးပြီးသွားပြီဆိုတော့ ဘာဆက်လုပ်မှာလဲဟင်''

"အင်းး မင်းတွေ့ချင်တဲ့သူကို လိုက်ပြပေးမယ်လေ''

"ဗျာ''

"Aww မိန်းမိန်းအောက်က အငယ်လေးကို သွားတွေ့ရအောင်လို့ ပြောတာ''

" အာ...ဟုတ်ကဲ့ ကော''

ရိပေါ်လည်း ''ချစ်သော''နောက်ကိုပဲ လိုက်လာခဲ့လိုက်တော့တယ်
"ချစ်သော'' သွားနေရင်းက ရုတ်တရက်ရပ်လိုက်ပြီး သူ့ကို ခဏစောင့်ဖို့ပြောပြီးတဲ့နောက်မှာ အခန်းတစ်ခုထဲကို ဝင်သွားတယ်

ရှောင်ကျန့် အခန်းတံခါးကို ခေါက်လိုက်ပြီး အထဲက သူကို အသံပြုလိုက်တယ်
" ရှောင်းကောပါ ချူးအာရေ''

ခဏအကြာမှာတော့ တံခါးလေးက ကျွီဆိုတဲ့အသံနဲ့အတူ ပွင့်သွားတယ်
ရှောင်ကျန့်လည်း အခန်းထဲကို ဝင်သွားလိုက်တော့တယ်
အ့အခန်းထဲမှာတော့ စားပွဲခုံလေးတစ်ခုပေါ်မှာ စာအုပ်တင်ပြီး ပုံတွေထိုင်ဆွဲနေတဲ့ ကောင်မလေးတစ်ယောက်ပဲ ရှိပါတယ်
သူ့ပုံစံက မိန်းမိန်းနဲ့ မတိမ်းမယိမ်းလောက်လေးပါပဲ

"ချူးအာက ကောကောလာတာတောင် အပြင်ထွက်မလာဘူးပေါ့''

".....''

"ဟုတ်ပါပြီ ကောက မှားတာပါ ချူးချူးလေးကို အရင်လာတွေ့ရမှာကို''

".....''

"ချူးအာက ကောကို တကယ် စကားမပြောတော့ဘူးလား''

အ့တော့မှ ကောင်မလေးက ပုံဆွဲရာကနေထလာပြီး ရှောင်ကျန့်ဘက်ကို လှည့်ကြည့်တယ်
ကောင်မလေးက စကားမပြောဘဲ လက်အမူအရာနဲ့ပြန်ပြောရှာတယ်
"ချူးချူးကမှ စကားမပြောတတ်တာ ကောကို ဘယ်လိုပြောရမှာလဲတဲ့''

" သွေ့ပုကျိ ကော တောင်းပန်တယ်နော် ကောက ဒီအတိုင်း ပြောလိုက်မိတာ''

ကောင်မလေးက တစ်ဖန်လက်အမူအရာနဲ့ပြန်ပြလိုက်ပြီးတော့ '' ကောကော မွေးနေ့မလား ဒီနေ့က မွေးနေ့ကို ဂုဏ်ပြုပါတယ်နော်''

"Omm ကျေးဇူးပါပဲ''

[အခုကစပြီး ချူးချူးပြောသမျှက လက်အမူအရာနဲ့ပဲ လုပ်တာလို့ မှတ်ပေးပါနော်]

"ကောကောက ဒီတစ်ခေါက် ဧည့်သည်ပါလာတယ်ဆို''

"Omm ချူးအာကို ဘယ်သူကပြော...အာ မိန်းမိန်း ''

"ဟုတ် မိန်းက ပြောသွားတာ ပြီးတော့ အ့ကောကောက အရမ်းချောပြီး ချစ်ဖို့ကောင်းတယ်တဲ့ ကောကောအတွက်လည်း အရေးပါတဲ့သူတဲ့''

"အာ...ကောရဲ့ မိတ်ဆွေပါ''

" ဟုတ်လို့လား အစက ချူးချူး ကောကောနဲ့ပါလာမယ့်သူကို ထွက်မတွေ့ဘူးလုပ်တာ မိန်းက အ့ကောကောက အရမ်းသဘောကောင်းပြီး ချစ်ဖို့ကောင်းတယ်လို့ ပြောလို့''

"မိန်းမိန်းကတော့ တကယ်မလွယ်ဘူးရယ်''

"ကောပြောဖူးတယ်မလား ချူးချူးကို ကောအတွက် အရေးပါတဲ့သူကိုပဲ ဒီခေါ်လာပြီး ချူးချူးနဲ့ ပေးတွေ့မယ်လို့ ပြောဖူးတယ်မလားဟင်''

" အင်းလေ ဒါပေမယ့် ''

" ကဲပါ အ့ကောကောကိုပဲ ခေါ်လာခဲ့ပါနော် ချူးချူး မြင်ဖူးချင်လို့ပါ ''

" အာ...ခဏနော် ကောကော ခေါ်ခဲ့ပေးမယ်နော်''

ရှောင်ကျန့်လည်း အခန်းအပြင်ကို ထွက်လိုက်ပြီး ရိပေါ်ကိုပဲ ခေါ်လိုက်တော့တယ်
ရိပေါ် ''ချစ်သော'' ခေါ်သွားတဲ့နေရာက အခန်းငယ်လေးတစ်ခုပဲ အ့အခန်းထဲမှာတော့ ဆံပင်ဂုတ်ဝဲလောက်လေးနဲ့ မိန်းမိန်းနဲ့ အရွယ်သိပ်မကွာလောက်တဲ့ ကလေးမလေးတစ်ယောက်က ကျောပေးပြီးထိုင်နေတယ်
သူလာတယ်လို့လည်း ''ချစ်သော''က ပြောလိုက်ရော
ကလေးမလေးက သူ့ဘက်လှည့်လာပြီး ပြုံးပြတယ်

" ရိပေါ် ဒါက မင်းတွေ့ချင်နေတဲ့ ဂေဟာက အငယ်ဆုံးလေး''

" နိဟောင် ကောကောနာမည်က ဝမ်ရိပေါ်ပါ ညီမလေးနာမည်က''

"ချူးအာက....''
ရှောင်ကျန့်ဆက်ပြောမလို့ပြင်လိုက်ပေမယ့် ချူးချူးက ခေါင်းယမ်းပြပြီး စာအုပ်တစ်ခုပေါ်မှာ ရေးပြီး
ရိပေါ်ကို ပြလိုက်တယ်

"ညီမလေးနာမည်က ယန်ချူးချူးပါရှင့်''

"ဟုတ်လား ဒါနဲ့ ညီမလေးက ဘာလို့ စာနဲ့ ရေးပြောတာလဲဟင်''

"ဟို ညီမလေးက စကားမပြောနိုင်လို့ပါ''

ရိပေါ် အံ့သြသွားတယ် ပြီးတော့ ကလေးမလေးအတွက်လည်း စိတ်မကောင်းဖြစ်မိသွားတယ်

"ဟို ညီမလေးက တခြားကလေးတွေလို စကားမပြောနိုင်လို့ မခင်ချင်တာလားဟင်''

"အာ...မဟုတ်ပါဘူး ကောက အ့လိုမျိုးတွေ မရှိဘူးနော် ညီမလေးက စကားမပြောနိုင်လည်း တခြားကလေးတွေလိုမျိုး ခု စာရေးတတ်နေပြီမလား
ခုချိန် တခြားရွယ်တူကလေးတွေတောင် အ့လောက်သိပ်မရေးတတ်သေးဘူး ညီမလေးရဲ့ အားမငယ်နဲ့နော်''

"ဟုတ် ကော ကျေးဇူးပါပဲနော်''

အ့အချိန် ချူးချူးက ရှောင်ကျန့်ကို သူ့အတွက် ရောင်စုံခဲတံလေးတွေ သွားယူပေးပါဆိုပြီး body language နဲ့ ပြောပြီး အပြင်ထွက်ခိုင်းလိုက်တယ်
သူနဲ့ ရိပေါ် ၂ယောက်ထဲပဲ ကျန်နေခဲ့တော့တယ်
" ကောကော တကယ် ချူးချူး စကားမပြောနိုင်တာကို ဘယ်လိုမှ မနေဘူးလားဟင်''

" ကောက ဘာမှမဖြစ်ပါဘူး ချူးချူးရဲ့ ''

" ရှောင်းကောလည်း အပြင်ထွက်သွားပြီလေ ကောဟန်ဆောင်စရာမလိုဘဲ ချူးချူးကို အပြစ်မြင်လို့လည်း ရပါတယ်''

" ကောက တကယ်ပြောနေတာပါ ကောက ဘာလို့ ချူးချူးကို အပြစ်မြင်ရမှာလဲ ဒါက ကံတရားကြောင့် ဖြစ်တာလေ ချို့ယွင်းချက်ဆိုတာ လူသားတိုင်းမှာ ရှိကြတာပဲ ချို့ယွင်းချက်က အားနည်းချက်ဖြစ်နိုင်ပေမယ့် အပြစ်မှ မဟုတ်တာ ပြီးတော့ အ့အားနည်းချက်ကို ကိုယ်က အားစိုက်ပြီး တခြားအားသာချက်တွေနဲ့ လွှမ်းမိုးအောင် လုပ်လို့ရတာပဲလေ ခု ညီမလေးက စာရေးတဲ့နေရာမှာ တော်တယ်မဟုလား ပြီးတော့ ညီမလေးက ပုံဆွဲတဲ့နေရာမှာလည်း တော်နေတယ်မဟုလား အားငယ်စရာမလိုဘူးနော် ညီမလေး''

" ကျေးဇူးပါပဲ ကော ညီမလေးတို့က မိဘမဲ့တွေလေ ပြီးတော့ ညီမလေးက စကားပါမပြောနိုင်တော့ သူများတွေက အထင်သေးပြီး အရမ်းအပြစ်မြင်နေချင်ကြတာ''

" မိဘတွေမရှိတဲ့ကလေးကလည်း ကလေးပါပဲ မိဘတွေမရှိအောင် ကောတို့ လုပ်လိုက်တာမှမဟုတ်တာ
သဘာဝတရားကြီးက ဖြစ်အောင် လုပ်လိုက်တာလေ
ညီမလေးစိတ်ထဲ မထားနဲ့နော် ''

" အ့ဆို ကောကလည်း ရှောင်းကောလို''

"Omm ကောလည်း မိဘ၂ပါးလုံး မရှိကြတော့ဘူးရယ် အ့ကြောင့် ကောတို့က ဘဝတူတွေမလား အားငယ်စိတ်မထားနဲ့နော် ညီမလေးဘက်မှာ ကောရော ကျန့်ကောရော ဂေဟာကသူတွေအားလုံး ရှိတယ်နော်''

"ဟုတ် ကောကို ကျေးဇူး အများကြီးတင်ပါတယ်နော်''

"မလိုပါဘူး ညီမလေးရဲ့ ကောတို့က အတူတူပါပဲ''

" ဟုတ် ပြီးတော့လေ ရှောင်းကောကို အများကြီး ဂရုစိုက်ပေးပါနော် ကောက ပုံမှန်ကြည့်ရင် အဆင်ပြေသလိုနေတတ်ပေမယ့် စိတ်ခံစားချက်တွေကို မပြောပြဘဲ သူ့တစ်ယောက်ထဲ ခံစားတတ်တဲ့သူမလို့ပါ
ပြီးတော့ စိတ်ထိခိုက်လွယ်တတ်လို့ပါနော် ကော''

" ကော ကတိပေးတယ်နော် ကျန့်ကောကို အမြဲတမ်း  ဂရုစိုက်ပေးမှာပါ''

" ကျေးဇူးပါပဲ ဝမ်ကော''
အ့နောက်မှာတော့ ရှောင်ကျန့်လည်း ပြန်ရောက်လာခဲ့တယ် မိန်းမိန်းနဲ့အတူပေါ့

"ဒီမောင်နှမ၂ယောက် ဘာတွေပြောနေကြတာလဲ''

"ဘာမှမဟုတ်ပါဘူး ကောရဲ့ ရောင်စုံခဲတံက ရလာပြီလားဟင်''

" အာ...ချူး ငါ ကောကိုပဲ တောင်းထားရသေးတယ် အခုက မရှိသေးဘူး😁''

" အော်...လက်စသတ်တော့ မိန်းမိန်းက ချူးအာအတွက် ကော့ဆီက တောင်းတာပေါ့လေ''

"ဟုတ်တယ် ကောရဲ့ ချူးအာက ရောင်စုံခဲတံလေးတွေ လိုချင်တယ်ဆိုလို့လေ ''

"ကျန်တဲ့ဟာတွေကရော''

"ကြက်ကြော်နဲ့ ဟမ်ဘာဂါက လွဲရင် ကျန်တာက ချူး အတွက်''ဆိုပြီး တိုးတိုးလေးကပ်ပြောတယ်

" မိန်းမိန်းက ကောကို ဘာတွေတောင်းလိုက်တာလဲဟင်''

"😁ဘာမှမဟုတ်ပါဘူးကောရဲ့ ချူး....လာ ငါတို့ သွားကစားရအောင် ကောတို့၂ယောက်ကို ထားခဲ့လိုက်နော်''

"Omm''

" ကော မိန်းမိန်းတို့ သွားပြီနော်''

" အေးအေးအေး ''

မိန်းမိန်းနဲ့ချူးချူးတို့လည်း ကောတို့၂ယောက်ဆီကထွက်လာလိုက်တော့တယ်
"မိန်း ကောဆီက နင်ဘာတွေတောင်းထားတာလဲလို့''ချူးချူးက body language နဲ့မေးလိုက်တယ်

"အာ....ဘာမှ အထွေအထူးမဟုတ်ပါဘူး ဒါနဲ့ နင်က ဟိုကောကောချောချောလေးနဲ့ ဘာတွေပြောနေတာလဲဟင်''

"ဒီလိုပါပဲ''

"ငါသိပါတယ်နော် နင် အ့ကောကောကို စစ်နေတာမလား နင့်ဦးလေးလို မဖြစ်အောင်လို့လေ အာ...သွေ့ပုကျိ ငါ စကားမှားမိသွားတယ်''

"ရပါတယ်ဟာ နင်ပြောသလိုပါပဲ ရှောင်းကောက ငါ့ရဲ့အရင်းနှီးဆုံးမလား ငါ့အစ်ကိုဆိုလည်း ဟုတ်တယ်မလား''

"အင်း ဒါပေမယ့် အ့ကောကောက နင်စစ်တာ အောင်သွားတယ်မလား''

"Omm အ့ကောကောက အောင်တဲ့အပြင် ဂုဏ်ထူးပါထွက်သွားတာ😁''

"ငါ ပြောတယ်မလား အ့ကောကောက ရုပ်ကတင်ချစ်ဖို့ကောင်းပြီးချောတာမဟုတ်ဘူး စိတ်ကလေးကပါလှတာပါဆိုနေ''

"အင်း ကောက လူရွေးမှန်ပါတယ်ဟာ ငါ့ဦးလေးလိုမဟုတ်ဘူး''

"ကဲပါ စိတ်ညစ်စရာတွေ တွေးမနေနဲ့နော် လာငါတို့ လျှောက်ကစားရအောင်''

"ငါမှ စကားမပြောနိုင်တာ ဘလိုကစားရမှာလဲ''

"လာပါဟာ ငါတို့၂ယောက်ထဲပဲ ကစားမှာလေ ငါသင်ပေးမယ်နော် လိုက်လာခဲ့''

"အင်း မိန်း''

"နင် ငါ့ကို ကျဲကျဲဖြစ်ဖြစ် ကျဲဖြစ်ဖြစ် ခေါ်ပါ့လား''

"မခေါ်ချင်ပါဘူး နင်က ငါ့ထက်၁၁လပဲ ကြီးတာကို''

"ဒါပေမယ့်လည်း ကြီးတာပဲလေဟာ ဘာလို့ မိန်း လို့ခေါ်တာလဲ''

"နင်တောင် ငါ့ကို ချူးလို့ ခေါ်တယ်မလား''

"နင်က ငါ့ထက် ငယ်လို့လေ ထားပါ နင်ခေါ်ချင်သလိုသာခေါ်တော့ ဟုတ်ပြီလား''

"Omm''

မိန်းမိန်း ချူးကို စိတ်ပြေလက်ပျောက်ဖြစ်အောင် တခြားနေရာ ခေါ်သွားလိုက်ရတယ်
**သူက ရှောင်းကောကို အတော် သံယောဇဥ်ရှိတာ
ပြီးတော့ ကောကို သူ့ဦးလေးလို ဖြစ်မှာ စိုးရိမ်နေတာ
သူ့ဦးလေးက သူယူရမယ့်မိန်းမက ချူးလိုမသန်စွမ်းတဲ့သူကို မစောင့်ရှောက်ပေးနိူင်ဘူးဆိုပြီး ချူးကို ဂေဟာဆီ ပို့ခိုင်းတာ သူ့ဦးလေးကလည်း ဇနီးလောင်း ငြိုငြင်မှာကြောက်လို့ ခိုင်းတဲ့အတိုင်း လုပ်ခဲ့တယ်
တကယ်တော့ ချူးက သနားဖို့အရမ်းကောင်းပါတယ်
မိဘတွေကို ဆုံးရှုံးခဲ့ရတဲ့အပြင် ဦးလေးဖြစ်သူကပါ
စွန့်ပစ်တာကို ခံလိုက်ရတယ် အ့ကြောင့် ချူးအနားမှာပဲ အမြဲတမ်း ရှိနေပေးဖို့ ဆုံးဖြတ်ထားတယ်* *
(ချူးချူးတို့က အပိုင်းအနည်းငယ်ပဲပါတာမလို့ သိပ်ပြီးတော့ ချူးချူးတို့အကြောင်း မထည့်တော့ဘူးနော်)
[ဒါက ချူးချူး နဲ့ မိန်းမိန်း ရဲ့ friendship လေးပါဗျ]

ချူးချူးတို့ ထွက်သွားပြီးတဲ့နောက် ရိပေါ်လည်း ကောကို စကားပြောလိုက်တော့တယ်
" ကော ချူးချူးက မိန်းမိန်းနဲ့ ရွယ်တူလားဟင်''

" မဟုတ်ဘူး မိန်းမိန်းက တစ်နှစ်နီးပါးလောက် ပိုကြီးတယ် မိန်းမိန်းက ငယ်ငယ်လေးကတည်းက ဂေဟာရှေ့မှာ သူ့မိဘတွေက စွန့်ပစ်သွားကြတာ ချူးအာကတော့ ရောက်လာတာ၂နှစ်လောက်ပဲ ရှိဦးမယ်ရယ်
သူ့မိဘတွေ ဆုံးသွားတော့ သူ့ဦးလေးဖြစ်သူကလည်း
မစောင့်ရှောက်နိုင်တာနဲ့ ဒီကို လာအပ်သွားတာရယ်
ရောက်လာလာချင်းတုန်းက ချူးအာက ဘယ်သူ့မှ ကောင်းကောင်း မဆက်ဆံဘူး သူကစကားမပြောနိုင်တော့ အထင်သေးမှာစိုးပြီး ဂေဟာက ကလေးတွေကလည်း သူ့ကို စကားမပြောရဲကြဘူး ဒါပေမယ့် မိန်းမိန်းကတော့ သိတဲ့အတိုင်း ချူးအာကို သွားစကားပြောတယ်လေ အစက ချူးအာက တခြားသူတွေလိုပဲ အဝေးကိုတွန်းထုတ်ပေမယ့် ဇွဲကြီးတဲ့ မိန်းမိန်းက နောက်ဆုံး ချူးအာနဲ့ သူငယ်ချင်း ဖြစ်သွားတော့တာပဲ ဒါပေမယ့် ချူးအာက မိန်းမိန်းကို မိန်းလို့ပဲခေါ်တာ သူ့ထက်၁၁လကြီးပေမယ့်ပေါ့''

" မိန်းမိန်းကော ချူးချူးကောက သနားဖို့ကောင်းတယ်နော် ကော ကျွန်တော်တို့နဲ့ ဘဝတူတွေပါပဲ ကျွန်တော် ကိုယ်ချင်းစာပါတယ် ''

"Omm ငါကောပါပဲ''

" ဒါနဲ့လေ ချူးချူးက မွေးကတည်းက စကားမပြောနိုင်တာလားဟင်''

"မဟုတ်ဘူးကွ သူ့မိဘတွေမတော်တဆမှုမဖြစ်ခင်တုန်းကတော့ ပုံမှန်ကလေးတွေလိုပဲ စကားပြောနိုင်တယ် သူ့မိဘတွေ မတော်တဆမှုဖြစ်တာကြောင့် လန့်သွားပြီး စကားမပြောနိုင်တော့တာတဲ့ သူ့ဦးလေးလာပို့တုန်းကပြောတာ''

"အော်...သနားပါတယ် ကျွန်တော့်လိုမျိုး မျက်စိရှေ့တင် မိဘတွေကို ဆုံးရှုံးလိုက်ရတော့ တော်တော်လေး စိတ်ထိခိုက်မှာပဲ သူ့အသက်အရွယ်လေးနဲ့လေ
ကျွန်တော်တောင် ခုထိ ဝမ်းနည်းနေမိတုန်းဆိုတော့''

"Omm ကော သူ့ကို စတွေ့တုန်းကလည်း ဒီလိုအခြေအနေထိရင်းနှီးဖို့ ပြီးတော့ သူပုံမှန်လို ပြန်ဖြစ်ဖို့ အတော့်ကို ကြိုးစားခဲ့ရတာ''

"အင်း...ဂေဟာက သူ့ကို အကောင်းဆုံး ဂရုစိုက်ပေးရင် သူ အရင်လို ပြန်စကားပြောနိုင်လောက်တဲ့အထိ ဖြစ်လာချင်လည်း ဖြစ်လာနိုင်တာပေါ့''

"Omm ငါတို့အားလုံး ဝိုင်းပြီးပံ့ပိုးပေးလိုက်ရင် ဖြစ်လာနိုင်မှာပါ''

"ဟုတ် ကော ဒါနဲ့ ကောရဲ့မားမားက တကယ်စိတ်ထားကောင်းတဲ့သူတစ်ယောက်ပဲ''

"ဘာလို့လဲ မင်းက ငါ့မားကို မတွေ့ဖူးဘဲနဲ့''

"မဟုတ်ဘူးလေ ကောရဲ့ ကောမားက အခုလိုမျိုး အုပ်ထိန်းသူမရှိတဲ့ ကလေးလေးတွေကို နေစရာလည်းပေးတယ် စားစရာ ဝတ်စရာတွေကော သူတို့ကျောင်းပညာရေးအတွက်ပါ ထောက်ပံ့ပေးထားတာ ကောမားမားက လူကောင်းတစ်ယောက်ဆိုတာ ကျွန်တော် ကျိန်းသေပြောရဲတယ်''

" အေးပါကွာ''

"အခုတော့ ကောက ထောက်ပံ့ပေးထားတာ ဆိုတော့ ကောကလည်း လူကောင်းတစ်ယောက်ပဲပေါ့''

"ဟုတ်လို့လား ငါက မင်းကိုဆို အမြဲ စကားပြောတာက ခပ်ပြတ်ပြတ်နဲ့ ခပ်မာမာပြောနေကျလေ ''

" လူတစ်ယောက်ရဲ့စိတ်ထားက အ့လူရဲ့အပေါ်ယံပြောပုံဆိုပုံတွေကို ကြည့်ပြီး အလွယ်တကူ ဆုံးဖြတ်လို့မရဘူးတဲ့ ကျွန်တော့်မားက အမြဲဆုံးမလေ့ရှိတယ်
ပြီးတော့ ကျွန်တော် တွေ့နေရတာပဲ ကောက လူနာတွေအပေါ်ကော ခု ဒီကလေးလေးတွေအပေါ်မှာလည်း ကောင်းပေးနေတာကို စကားပြောတာကတော့ လူ့ရဲ့အကျင့်ပဲဟာ ပြင်ဖို့မှ မလွယ်တာ ဒါပေမယ့် ကျွန်တော်က အ့တာတွေ ထည့်တွက်မနေပါဘူး''

" မင်းသဘောပဲပေါ့''

"ကောကော....ကောကော''

"ဘာဖြစ်တာလဲ ယွီဖန်းရဲ့ ''

" ဟို မေမေယွဲ့က နေ့လည်စာစားဖို့ ခေါ်လိုက်လို့ပါ''

"အချိန်က အ့လောက်တောင် ရှိသွားပြီလား လာခဲ့မယ်လို့ ပြောလိုက်နော်''

"ဟုတ်ကော အာ...မေ့တော့မလို့ မေမေယွဲ့က ဟိုကောကောပါ ခေါ်လာခဲ့ပါတဲ့😁''

"အေးအေးအေး ''

"ရိပေါ် မင်း နေ့လည်စာကို ဒီမှာ စားနိုင်မလား ဟင်းကတော့ စားသောက်ဆိုင်လိုတော့ အများကြီး မဟုတ်ဘူးပေါ့ ကလေးတွေနဲ့ရောစားရမှာဆိုတော့ မင်းအတွက် အဆင်ပြေပါ့မလား''

"ရပါတယ် ကောရဲ့ ကျွန်တော် စားနိုင်ပါတယ်''

"အ့ဆိုလဲ ပြီးရော သွားမယ်လေ လာ''

"ဟုတ်''
အ့နောက် ရိပေါ်နဲ့ ရှောင်ကျန့်လည်း ကလေးတွေနဲ့ပဲ နေ့လည်စာစားလိုက်တော့တယ်
နောက်တော့ ရှောင်ကျန့်က ကလေးတွေကို ပုံဆွဲသင်ပေးတယ်
ရိပေါ်ကတော့ ကလေးတွေအတွက် ပုံပြင်တွေဖတ်ပြရင်း ကလေးတစ်ယောက်က ရိပေါ်က ရဲဆိုတော့
စုံစမ်းရတဲ့အမှုတွေအကြောင်းပြောပြခိုင်းတာနဲ့ ရိပေါ်လည်း ပြောပြရတော့တယ်
နားထောင်တဲ့အထဲ မိန်းမိန်းနဲ့ ချူးချူးက ထိပ်ဆုံးကပဲ

ခဏနေတော့ ရှောင်ကျန့် ပုံဆွဲသင်ပေးနေတဲ့ ကလေးတွေကလည်း ရိပေါ်ပြောပြတာ နားထောင်ချင်တယ်ဆိုပြီး ထပြေးသွားလို့ ရှောင်ကျန့်လည်း ပုံဆွဲနေတာ
ရပ်ပြီး အန်တီယွဲ့နဲ့ပဲ စကားပြောနေလိုက်ရတယ်

"သားရိပေါ်က အနေအေးတယ်ဆိုပေမယ့် ကလေးတွေအပေါ်တော့ တော်တော် ဂရုစိုက်တာပဲနော် စိတ်လည်းရှည်တယ်''

"ဟုတ်တယ် အန်တီယွဲ့ရဲ့ ကျွန်တော် အစက အ့ကောင်လေးကို အေးတိအေးစက်နဲ့ မလို့ ကလေးတွေနဲ့ မဖြစ်လောက်ဘူးထင်တာ ဒီလောက်ထိ အဆင်ပြေနေလိမ့်မယ်လို့ မထင်ထားဘူး ''

"သားဘဝအတွက်ကကော အ့ကလေးက အဆင်ပြေနိုင်လောက်လား''

"ဗျာ အန်တီယွဲ့ ဘာကို ဆိုလိုချင်တာလဲ မသိဘူးဗျ''

"သားအမေက အန်တီနဲ့ ခင်လာတာ ကြာခဲ့ပြီဆိုတာ သားသိမှာပါ ပြီးတော့ သားနဲ့လည်း သိလာတာ မကြာရင်တောင် အချိန်က နဲနဲလေး မဟုတ်တာတော့ သားလည်း သိတယ်မလား''

"ဟုတ်ကဲ့ ''

"သားပြောဖူးတယ်လေ သားအတွက် အရေးပါဆုံးသူကိုပဲ အန်တီ့ဆီ ခေါ်လာခဲ့မယ်လို့လေ သားက ဒီကလေးကို ခေါ်လာတော့ သူက သားအတွက် အရေးပါတယ်လို့ပဲ အန်တီ မြင်မိတယ်''

"အ့လို မဟုတ်ပါဘူးဗျ''

"သားရယ် အနာဂတ်ဆိုတာ သေချာတာမှ မဟုတ်တာ စကားကို အကုန် မပြောပါနဲ့ဦး အခုမဟုတ်တောင် နောင်ကျ အ့ကလေးက သားအတွက် အရေးပါလာလိမ့်မယ်လို့ အန်တီထင်တယ် သားရဲ့မားကလည်းသားအတွက် ဝမ်းသာပေးနေလောက်မှာပါ စိတ်သဘောထားကောင်းတဲ့ကလေးနဲ့ ဆုံရလို့လေ''

"မဟုတ်သေးပါဘူး အန်တီယွဲ့ရယ် ကျွန်တော်တို့ ၂ယောက်လုံးက ယောကျာ်းလေးတွေလေ ဖြစ်မှ မဖြစ်နိုင်တာ ''

"သားရယ် အန်တီကတော့ ချစ်ခြင်းမေတ္တာမှာ ယောကျာ်းမိန်းမဆိုတဲ့ လိင်သတ်မှတ်ချက်တွေက အရေးမကြီးဘူးထင်တာပဲ သားရဲ့ခံစားချက်နဲ့ ပျော်ရွှင်မှု နောက်ကိုပဲ လိုက်ပါ သားအမေကလည်း သား ပျော်ရွှင်ဖို့အတွက်ပဲ ဆန္ဒရှိမှာပါ''

"ဟုတ်ကဲ့ပါ ကျွန်တော့်အတွက် အရေးပါတဲ့သူပေါ်လာခဲ့ရင် အန်တီ့ကို ပြောပြပါ့မယ်''

"အေးပါကွယ် သားက ပညာတတ်ခေတ်လူငယ်တစ်ယောက်ပဲ သား ကိုယ့်ဘာသာကိုယ် သေချာစဥ်းစားချင့်ချိန်ပေါ့ ဒါပေမယ့် သားရဲ့ ခံစားချက်ကိုတော့ မလိမ်ညာနဲ့နော် ခံစားချက်က သူများကို လိမ်လို့ရပေမယ့် ကိုယ့်ကိုကိုယ်တော့ လိမ်လို့မရဘူးနော် သား ကံကောင်းပါစေ လို့ပဲ အန်တီ ဆုတောင်းပေးတယ်နော်''

"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ ''
ရှောင်ကျန့်လည်း အန်တီယွဲ့နဲ့ စကားပြောပြီးတဲ့နောက် ကလေးတွေကြားထဲမှာ အလှဆုံးပြုံးပြနေတဲ့ ကလေးပေါက်ကိုပဲ ကြည့်မိလိုက်တော့တယ်

**အန်တီယွဲ့ ပြောသလိုမျိုး ရှောင်ကျန့် ကိုယ့်ခံစားချက်ကို လိမ်ထားမိတာလားပဲ ကလေးပေါက်ရဲ့အနားကို ရောက်ရင် ခုန်လာတတ်တဲ့ ရင်အစုံရယ် ကလေးပေါက်ကို မြင်နေရရင် ကြည်နူးနေမိတတ်တဲ့စိတ် ကလေးပေါက်အနားမှာ ရှိနေရင် ပျော်နေတတ်တဲ့ သူ့ရဲ့စိတ်နဲ့ နှလုံးသားကို သေချာဆန်းစစ်ဖို့တော့
တကယ့်ကို လိုနေပါပြီ**

ရှောင်ကျန့်တစ်ယောက်တည်း အတွေးများနေပေမယ့်
ကလေးတွေ ကြားထဲမှာ ရှိနေတဲ့ကောင်လေးကတော့ အဖြူစင်ဆုံးအပြုံးလေးနဲ့ တောက်ပစွာပဲ ပြုံးနေခဲ့ပါတော့တယ်

*12.6.2022*

ဒီအပိုင်းမှာ တချို့caseတွေက ယွမ်မကျွမ်းကျင်လို့ လိုအပ်သွားတာတွေ အများကြီး ရှိမှာပါ
(ဥပမာ မှုခင်းcaseလိုမျိုးတွေ တခြားဟာတွေလဲပါနိုင်ပါတယ်)
အ့အတွက်လည်း ယွမ် တောင်းပန်ပါတယ်နော်
Ep 7က part1,2ခွဲမှာပါ ကောရဲ့ မွေးနေ့က part2မှာလည်း ဆက်သွားဦးမှာမလို့ပါ

Continue Reading

You'll Also Like

54.8K 5.2K 29
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
673K 30.9K 21
Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
339K 7K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
713K 85.7K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint