Unicode Version
(A/N - အစ်မဒီအပိုင်းမှာ Demoရဲ့ ဖခင်ကို သင်္ခါသျှန်လို့ သုံးထားတာဟာ စာဖတ်ရာမှာ အနည်းငယ်ရိုင်းသက်မိစေခဲ့ရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ဖြူဆုံးတဲ့အချိန်မှာ Demoအဖေရဲ့အသက်ဟာ 29နှစ်ပဲရှိနေသေးတာကြောင့် 'ဦး´တပ်ပြီးရေးသားရမယ့်အစား သင်္ခါသျှန်လို့ပဲ သုံးနှုန်းလိုက်ရပါတယ်နော်။)
🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢
"တောင်းပန်ပါတယ်...ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ...ဆုံးရှုံးမှုကိုပြန်အစားထိုးမရနိုင်မှန်းသိပေမယ့် ကျွန်တော်ကခုလိုတောင်းပန်ပါတယ်ခင်ဗျာ..."
ဖြူ၏ ရက်လည်ဆွမ်းကျွေးပြီး နောက်တစ်ရက်မှာပဲ ဖြူ့ကိုတိုက်မိတဲ့ ကုန်ကားမောင်းခဲ့သူက အိမ်ကိုလာပြီး ဒူးထောက်ကာ ငိုကြီးချက်မတောင်းပန်နေခြင်းဖြစ်သည်။
"အားလုံးက ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့ရတာလို့ပဲ ကျွန်တော်နှလုံးသွင်းလိုက်တယ်။ကျွန်တော့အမျိုးသမီးကိုပြန်မရနိုင်ပေမယ့် ကျန်ခဲ့တဲ့သူတွေကို အပြစ်စိတ်နဲ့နေခဲ့ဖို့ကိုတော့ ဖြူ လည်းခွင့်ပြုမှာမဟုတ်ပါဘူး။
ဒီကအစ်ကိုအပြစ်ချည်းမဟုတ်ပါဘူး။ကျွန်တော်သာစောင့်ပြီးခေါ်ခဲ့ရင်ဆိုတဲ့ အတွေးတွေကလည်း ကျွန်တော့ကိုနှိပ်စက်နေတုန်းပဲ။အားလုံးက တမင်ရည်ရွယ်ပြီး ဖြစ်ပျက်စေခဲ့တာလည်း မဟူတ်တာမို့ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူးဗျာ"
ထို့နောက် ခဏတာတိတ်ဆိတ်သွားတဲ့ အိမ်ထဲကလေထုအား ဖြိုခွင်းလိုက်တဲ့ အသံတစ်ခု...
"သဘောထားကြီးပေးမှုအတွက် ကျေးဇူးတင်မိပေမယ့် ကျွန်မတို့ဘက်ကလည်း ဆုံးရှုံးမှုအတွက် ပြန်ပြီးပေးဆပ်ချင်ပါသေးတယ်"
အိမ်ထဲမှာရှိနေတဲ့ လူတွေအားလုံးရဲ့အကြည့်ဟာ အိမ်တံခါးဝမှာ ရပ်နေတဲ့ ဖော်ရွေဟန်ရှိတဲ့ အမျိုးသမီးတစ်ဦးဆီသို့...
သင်္ခါသျှန်ရဲ့စိတ်ထဲမှာ ထိုအမျိုးသမီးအား အနည်းငယ်ရင်းနှီးနေဟန်ရှိသော်လည်း မည်သူဖြစ်မှန်း တွေးတောလို့မရ။
"ဘယ်သူ??"
"ကျွန်မနာမည် နန်းမူရာမြိုင်ပါKIRA companyရဲ့ ပြောရေးဆိုခွင့်ရှိသူလို့လည်း ပြောလို့ရပါတယ်....အစ်ကို့ရဲ့အမျိုးသမီးကို တိုက်မိခဲ့တဲ့ ကုန်ကားက ကျွန်မတို့companyလုပ်ငန်းသုံးပစ္စည်းဖြစ်ပြီး Driverကလည်း ကျွန်မတို့ရဲ့ဝန်ထမ်းဖြစ်တာမို့ ဖြစ်ပျက်ခဲ့သမျှကို တာဝန်ယူခွင့်ပြုပါရှင်"
*သြော်...နန်းမူရာမြိုင်
"ကျွန်တော်ပြောခဲ့ပြီးပါပြီ မနန်းမူရာ...ဘယ်သူ့အပြစ်လို့မှ မခံယူထားတဲ့အတွက် တာဝန်ယူပေးဖို့လည်း မလိုအပ်ပါဘူး။အခုလို တာဝန်သိစိတ်နဲ့ တကူးတကလာရောက်ပေးတာကိုပဲ ကျွန်တော်တို့ ကျေးဇူးအများကြီးတင်နေပါပြီ"
"မဟုတ်တာရှင်...ရှင်တို့မှာ သားလေးတစ်ယောက်လည်း ကျန်ခဲ့တယ်လို့ကြားတယ်။အဲ့သားလေးနောင်ရေးအတွက်ပဲဖြစ်ဖြစ် တာဝန်ယူ..."
"မနန်းမူရာမြိုင်!"
သင်္ခါသျှန်၏ အသံတို့က အေးစက်နေပြီး ဒေါသကိုချုပ်တည်းထားဟန်။ဇနီးဖြစ်သူဆုံးရှုံးထားရရုံသာမက တစ်ပတ်လုံးလုံး နာရေးကိစ္စတွေနှင့် လုံးပမ်းနေခဲ့ရ၍ သင်္ခါသျှန် စိတ်တို့ဆတ်နေရခြင်းပင်ဖြစ်သည်။နန်းမူရာမြိုင်၏ အခုလိုစကားမျိုးက သူ့ရဲ့ယောက်ကျားမာနတွေကို လာရောက်ထိပါးနေသယောင်ဖြစ်လို့နေ၏။
"ကျွန်တော်ယောက်ကျားသားတစ်ယောက်ပါ။ကျွန်တွေတို့အိမ်ရဲ့ စီးပွားရေးအခြေအနေက မနန်းမူရာတို့လောက်တော့ မကောင်းနိုင်ပေမယ့် ကျွန်တော်တို့သားအဖနှစ်ယောက် တစ်သက်စာအတွက် မပူမပင်နေနိုင်ဖို့အတွက်တော့ လုံလောက်တယ်ခင်ဗျ။ပူပန်ပေးမှုတွေအတွက် ကျေးဇူးတင်ပေမယ့် ကျွန်တော်လည်း နားချင်နေပြီမို့ ပြန်ကြပါတော့ဗျာ။ဧည့်ဝတ်မကျေနိုင်မှုအတွက်လည်း ခွင့်လွှတ်ပေးပါ။ပြီးတော့ ဒီကိစ္စမှာ အားလုံးကိုလည်းခွင့်လွှတ်ပေးမှာမို့ နောက်လည်းမလာကြပါနဲ့တော့။ကျွန်တော်တောင်းဆိုပါတယ်"
နာရေးအိမ်ကို ခဏတာရောက်ရှိနေကြတဲ့ ရပ်ကွက်သူရပ်ကွက်သားတစ်ချို့သည်လည်း ကိုသင်္ခါသျှန်အား တစ်ကြိမ်မျှမမြင်ဖူးသော ပုံစံမျိုးနှင့်တွေ့လိုက်ရတာမို့ အနည်းငယ်တော့ အံ့အားသင့်သွားကြသည်။ပုံမှန်ဆို အနေအေးပြီး တပြုံးပြုံးနဲ့သဘောကောင်းတဲ့ သူက အခုတော့ အတန်ငယ်စိတ်တိုနေပုံရတာမို့
"ဟို...ဒီကအစ်မနဲ့အစ်ကို...အခုလောလောဆယ် ကိုသင်္ခါရဲ့စိတ်အခြေအနေကြောင့် စကားပြောဖို့အဆင်ပြေမှာမဟုတ်လို့ ပြန်လိုက်ကြပါဗျာ။နောက်မှ တစ်ခေါက်လာပေါ့ဗျ နော့"
"ကျွန်တော်ပြောပြီးပြီ...ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူမှထပ်ပြီးလာစရာအကြောင်းမရှိဘူးလို့!"
"ဟုတ်ပါပြီဗျာ...စိတ်လျှော့နော် ကိုသင်္ခါ။ဒီကအစ်မတို့ကိုလည်း အားနာပေမယ့် ပြန်လိုက်ကြပါဗျာ။ကျွန်တော်တို့ ကြားထဲကနေ မေတ္တာရပ်ခံပါတယ်"
ထိုသို့ ဝိုင်းဝန်းဖြန်ဖြေမှ အခြေအနေတို့က ပုံမှန်ပြန်လည်ငြိမ်သက်သွားရတော့သည်။ဧည့်သည်တွေပြန်သွားမှ သင်္ခါသျှန်လည်း စိတ်ငြိမ်အောင် ခဏတာရပ်နေပြီးမှ
"စောနက ကျွန်တော့်အပြောအဆိုတွေအတွက်တောင်းပန်ပါတယ်နော်။စိတ်ခုရင်လည်း ခွင့်လွှတ်ပေးကြပါ့"
"အို...မဟုတ်တာဗျာ။ကျွန်တော်တို့ နားလည်ပါတယ်။ကဲ...ကိုသင်္ခါသျှန်လည်း ပင်ပန်းနေလို့ နားချင်မှာပဲ။ကျွန်တော်တို့ ပြန်လိုက်တော့မယ်။ခွင့်ပြုဦးနော့"
"ဟုတ်ကဲ့ပါခင်ဗျာ...တကူးတကလာပေးကြလို့ ကျွန်တော်က ကျေးဇူးတင်ပါတယ်"
ဧည့်သည်တွေပြန်သွားတော့ အိမ်ကြီးကလည်း တိတ်ဆိတ်လျှက်ကျန်ခဲ့၏။
သားက မြူရှင်းလေးတို့အိမ်ကို ရောက်နေလို့သာ တော်တော့သည်။မဟူတ်ရင် စောနကအဖြစ်အပျက်တို့ကြောင့် ကလေးက အလဟဿ စိတ်ဆင်းရဲဖြစ်ရဦးမည်။
ဧည့်ခန်းတွင်တော့ သင်္ခါသျှန်၏ သက်ပြင်းချသံတို့ကသာ ကြီးစိုးလျှက်......
//////////////////////////////////////
နက်ဖြန်မှာကျရောက်မယ့် ဖြူ့ရဲ့လလည်ကြောင့် ဆွမ်းကပ်ဖို့ရာ လိုအပ်သည်များကို ဝယ်ခြမ်းဖို့ Martတစ်ခုကို သင်္ခါသျှန်တစ်ယောက် Demoနဲ့အတူ ထွက်လာဖြစ်ခဲ့သည်။
မိခင်ဖြစ်သူကို မျက်စိရှေ့မှာတင် ဆုံးရှုံးလိုက်ရပြီးကတည်းက သားငယ်ဟာ အရင်ကနဲ့မတူတော့တာ အမှန်။ပုံမှန်ဆိုရင် Martထဲမှာရှိတဲ့ သူသဘောကျတဲ့ အရုပ် သို့မဟုတ် စားစရာအားတွေ့ခဲ့ပါက လက်ကိုဆွဲကာ ဇွတ်တရွတ်ဂျီကျတတ်တဲ့ ကလေးငယ်ဟာ ခုတော့ ပစ္စည်းတွေထည့်ထားတဲ့ လက်တွန်းလှည်းလေးကို အသာကိုင်ကာ သူ့ဖခင်ဘေးကနေ ငြိမ်ငြိမ်လေး လိုက်လာနေတာဖြစ်သည်။
မိခင်နဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်မြင်မိနေ၍ဖြစ်မည်။ဒီလိုလေးမြင်ရတော့လည်း သင်္ခါသျှန်စိတ်ထဲမကောင်း....
"သား....လိုချင်တာရှိရင် ယူလေ။စားချင်တာရှိရင်လည်း ဖေဖေ့ကိုပြော ဟုတ်ပြီလား"
"ဟုတ်"
ဝယ်စရာရှိတာအကုန် ဝယ်ပြီးတဲ့အထိ သားဆီကနေ စကားသံတစ်ခွန်းမှမကြားရ။Martကအပြန်လမ်းမှာရှိနေတဲ့ Korean street foodဆိုင်လေးကိုမြင်တော့
"သားငယ်...fish cakeစားမလား။မြူရှင်းလေးလည်း ကြိုက်တယ်ဆိုတော့ အပြန်ကျ သူ့အတွက်ပါ ပါဆယ်ဝယ်သွားပေးကြမယ်လေ"
Demoလေးက ငြင်းမှာစိုး၍ မြူရှင်းကိုအကြောင်းပြကာ ဆိုင်ထဲကို ခေါ်လာရတော့သည်။
သားစားတတ်တာတွေကို မှာပြီးနောက် စားပွဲလေးတစ်ခုမှာ နေရာယူကာ ဝယ်လာတဲ့ပစ္စည်းတို့ကို ဘေးခုံလွတ်ပေါ် အသာတင်ထားလိုက်ပြီး သားငယ်နဲ့မျက်နှာချင်းဆိုင်နေရာမှာ ဝင်ထိုင်လိုက်သည်။
မှာထားတဲ့စားစရာတွေရပြီဖြစ်တာကြောင့် သွားယူလိုက်တော့ အစားအစာမှာယူနေပုံရတဲ့ သူတစ်ဦးက မိမိကို လိုက်ကြည့်နေမှန်းတော့သတိထားလိုက်မိပေမယ့် ထွေထွေထူးထူးရှိဟန်မတူတာမို့ မုန့်တွေထည့်ထားတဲ့ ဗန်းကိုအသာကိုင်ပြီး သားဆီကိုသာပြန်လာလိုက်သည်။
"ပူသေးတယ် သားငယ်။ဖြည်းဖြည်းစား...ဒီဟာကိုတော့ စားလို့ရတယ်။အာ....ဒါကိုဘယ်လိုခေါ်တာ??"
"Gimbab"
(also Kimbab)
"အင်း...သားကြိုက်မှန်းသိလို့ ဖေဖေအများကြီးမှာပေးထားရတာ။ကုန်အောင်စားနော်"
"ဟုတ်"
မှာထားပေးသမျှ အစားအသောက်တို့ကို တစ်တို့ချင်း တစ်တို့ချင်း ငြိမ်ငြိမ်သက်သက်စားနေတဲ့ သားရဲ့ခေါင်းကို ဖွဖွပွတ်ပေးနေတုန်း
"သျှန်.....သျှန်မို့လား"
ရင်းနှီးနေတဲ့အသံနဲ့ မေ့ဖျောက်ထားမိတဲ့ခေါ်ဆိုဟန်တို့ကို ကြားလိုက်ရတာမို့ ဦးနှောက်က ဘယ်သူဆိုတာ ခွဲခြမ်းစိတ်ဖြာခြင်းမပြုနိုင်သေးခင်မှာပဲ ခန္ဓာကိုယ်ကတော့ ဘယ်သူဆိုတာ စူးစမ်းဖို့ ခေါင်းမော့ကြည့်ပြီး ဖြစ်လေသည်။
".............!"
"ဟုတ်မလား ဟုတ်မလားနဲ့ ကိုယ်လိုက်ကြည့်နေတာ
သျှန်ဟုတ်နေတာပဲ။"
ဖေဖေ့ရဲ့ဘေးမှာထိုင်ပြီး လေသံအေးအေးနဲ့ ပြောနေတဲ့ ထိုလူကြီးကို မုန့်စားနေတဲ့တူလေးကို ကိုက်ကာDemoမော့ကြည့်မိသည်။ဖေဖေ့ကိုကြည့်တော့လည်း အံ့အားသင့်နေဟန်နှင့် မတုန်မလှုပ်။
"ဒါက သျှန့်သားလေးလား...Demoဆိုတာလေ"
သူ့ဘက်ကိုကြည့်ရင်း ပြောလာတာကြောင့် Demoလည်း ယောင်လည်လည်နှင့် ပြုံးပြလိုက်ရသည်။
"အင်း...သျှန်နဲ့အတော်တူတာပဲ။နောက်... ကိုယ်တို့မတွေ့ရတာတောင် တော်တော်ကြာနေပြီပေါ့"
"ကိုဆက်နဲ့ မနန်းရဲ့ မင်္ဂလာပွဲပြီးကတည်းပဲ"
အေးစက်စက်ပြန်ဖြေသံအကြား ဘုန်းဆက်တည်ရဲ့မျက်ဝန်းတွေဟာ မှိုင်းညို့သွားသလိုလို....
"ကိုယ်သတင်းကြားတယ်။ဆုံးရှုံးမှုအတွက် စိတ်မကောင်းဘူး သျှန်။နောက်ပြီး...
အင်း နောက်ပြီး ဟိုတစ်လောက နန်းရဲ့အပြောအဆိုတွေအတွက် ကိုယ်ကတောင်းပန်တယ်နော်။နန်းရဲ့အဲ့လို မသိတတ်မှုတွေကြောင့်.."
"ကိစ္စမရှိပါဘူးခင်ဗျ။ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်ယူနေမှာမဟုတ်တာမို့ တောင်းပန်ဖို့လည်း မလိုဘူးလို့ထင်ပါတယ်။"
ရုတ်တရက်ကြီး စကားဖြတ်ပြောလာတဲ့ သျှန့်ကိုကြည့်ပြီး ဘုန်းဆက်တည် အတန်ငယ်အံ့သြသွားမိတာတော့အမှန်။မတွေ့ရတဲ့ ဆယ်စုနှစ်တစ်ခုစာကာလမှာ သျှန်ကအများကြီးပြောင်းလဲသွားတယ်ဆိုတာကို သူလက်မခံချင်ပဲ လက်ခံလိုက်ရသည်။အေးစက်စက်အပြုအမူနှင့် အပြောအဆိုတို့က လွန်လေပြီးသောအချိန်က သင်္ခါသျှန်နှင့် လားလားမျှမဆိုင်။
"ဘာမှဆက်ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး ကိုဆက်"
အတွေးယဥ်ထဲ မြောလွင့်နေတဲ့သူလည်း ထိုအသံကြားမှ အသိတို့ပြန်ဝင်လာပြီး ကြည့်လိုက်တော့ သျှန်က သူ့သားလေးကိုလက်ဆွဲပြီး အထုပ်တွေဆွဲကာ ထွက်သွားဖို့ပြင်နေလေပြီ။
"ခဏ!!အထုပ်တွေကများလိုက်တာ သျှန်ရယ်။ကိုယ်လိုက်ပို့ပါရစေ"
"နေပါစေ။ကျွန်တော့်အိမ်ကိုရောက်ဖို့လည်း မလိုတော့ဘူး။ပြီးတော့ ဒါတွေသယ်ရတာလည်း အပန်းမကြီးပါဘူး။ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ သားအဖကို ခွင့်ပြုပါဦး"
ထွက်ခွာသွားတဲ့ ကျောပြင်ငယ်လေးကိုကြည့်ရင်း ဘုန်းဆက် သက်ပြင်းဖွဖွသာ ချမိသည်။မတွေ့ရတဲ့အတောအတွင်း ရင့်ကျက်လာတာကို မြင်လိုက်ရတော့လည်း စိတ်ချမ်းသာမိတာအမှန်။အေးစက်သွားတဲ့ ဆက်ဆံပုံလေးကလွဲရင် သျှန်ဟာ သူ့မျက်လုံးထဲမှာတော့ ဟိုအရင်ကအတိုင်းပင် မပြောင်းမလဲရှိနေဆဲပင်....
သျှန့်ကြောင့်ခုန်နေတဲ့ သူ့နှလုံးသားလေးကလည်း တိုးဖွဖွပြောနေလေရဲ့...
ကိုယ်လည်း မပြောင်းလဲသေးပါတဲ့လေ....
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အိမ်သို့ရောက်ရောက်ချင်း အထုပ်တွေကို လက်ထဲကချကာ sofaပေါ်ကို ဝုန်းခနဲထိုင်ချမိလိုက်တော့ သားငယ်က လန့်သွားသယောင်နဲ့ ဘေးကိုစိုးရိမ်တကြီးလာကပ်ထိုင်ရင်းမေးသည်။
"ဖေဖေ!!!နေမကောင်းလို့လားဟင်"
"သား ဖေ့ကိုရေတစ်ခွက်လောက်ယူလာပေးပါလား"
"ဟုတ်"
ဆိုတဲ့စကားသံအဆုံး Dining roomထဲကို Demoလေးပြေးဝင်သွားမှပဲ သင်္ခါသျှန်လည်း ရင်ဘတ်ကိုဖိကာ သက်ပြင်းအရှည်ကြီးချမိသည်။
ဒီတလောအတွင်းမှာ ကံဆိုးမှုတွေက ကိုယ့်အပေါ်ကို ဆက်တိုက်ဖိနှိပ်နေသယောင်ယောင်....
တန်ဖိုးထားရတဲ့သူကို ဆုံးရှုံးလိုက်ရသလို မေ့ဖျောက်ထားတဲ့ သူတွေကပါ ကိုယ့်ရှေ့အရောက် ရောက်လာနေကြတယ်လေ။သားငယ်ကြောင့်သာမဟုတ်ရင် စိတ်ဖိစီးမှုတွေက ကိုယ့်ကိုဝါးမြိုပြီး ဒုက္ခဖြစ်နေမှာ အသေချာ။
တွေးမိတဲ့ထိုအခိုက်မှာပဲ ရေခွက်လေးကိုကိုင်ကာ ပြေးထွက်လာတဲ့ သားငယ်ကြောင့် ချော်မလဲစေရန် ဆီးဖမ်းပေးလိုက်ရသည်။
"ဖြည်းဖြည်းလာပါ သားငယ်ရဲ့..."
"ဆေးသောက်မလား ဖေဖေ...သားဆေးသေတ္တာသွားယူပေးမယ်လေ"
အနည်းငယ်ရှည်စပြုနေလို့ ဂုတ်ထောက်နေတဲ့ ဆံပင်လေးကို ပွတ်သပ်ပေးရင်း
"ဖေဖေနေကောင်းပါတယ်သားရဲ့...မုန့်တွေစားလာပြီး ရေဆာနေလို့သာ....အာ ဖေ့သားနဲ့ စကားပြောနေရင်း မေ့တော့မလို့ကွာ။မြူရှင်းလေးဖို့ ဝယ်လာပေးတဲ့မုန့်တွေ အေးကုန်ပြီလားမသိဘူး"
"စောနက အိမ်ထဲမဝင်ခင် တီမြူတို့အိမ်ကို သားဝင်ပေးထားခဲ့တယ်လေ ဖေရဲ့။မြူရှင်းက စာသင်နေလို့ တွေ့ခဲ့ရဘူး"
"သြော်...ဟုတ်လား"
အပြန်လမ်းတစ်လျှောက် အတွေးကြောထဲမြောနေခဲ့တာမို့ ဘာကိုမှသတိမထားမိလိုက်တာဖြစ်မည်။
"ဒါနဲ့လေ ဖေဖေ..."
"အင်း သား"
"စောနက သားတို့မုန့်စားနေတုန်းက တွေ့ခဲ့တဲ့ လူကြီးကလေ ဖေဖေ့သူငယ်ချင်းလားဟင်...ဖေဖေတို့က ငယ်ငယ်တုန်းက ရန်ဖြစ်ထားပြီး အခုထိမခေါ်သေးတာလား ဟုတ်လား ဖေဖေ"
"..........."
"ဖေဖေ သားကိုပြောဖူးတယ်လေ။အမှားလုပ်မိတဲ့သူက သူ့အပြစ်ကို တောင်းပန်လာရင် ကိုယ်ကမေတ္တာထားပြီး ကြေအေးပေးရမယ်ဆို...ခုတော့ ဟိုဦးလေးကြီးက ဖေဖေ့ကို စကားကောင်းကောင်းပြောနေပေမယ့် ဖေဖေကမသိချင်ယောင်ဆောင်ပြီး အိမ်ကိုချက်ချင်းပြန်လာလိုက်သေးတယ်။အဲ့တာမကောင်းဘူးနော် ဖေဖေ!"
".........."
အမှားလုပ်မိတဲ့သူက ဘယ်သူဆိုတာမသိသလို ဘာကိုလည်း ကြေအေးပေးရမယ်မှန်းမသိတာကြောင့် သားတတွတ်တွတ်ဆူနေတာလေးကိုသာ ငြိမ်လျှက် နားထောင်နေပေးမိသည်။
သားက စကားတွေအများကြီးပြောပြီး အိပ်သွားတာကြောင့် အသာပွေ့ပြီး သားရဲ့အခန်းလေးဆီကိုသွားပြီး မွေ့ယာလေးပေါ်ငြင်ငြင်သာသာချကာ သိပ်လိုက်ရသည်။
အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့သားကို တိတ်တဆိတ်ကြည့်ရင်းနဲ့ သားနဲ့နှစ်ယောက်တည်း ရှေ့ဆက်ရမယ့် နေ့ရက်တို့ကိုသာ တွေးတောနေမိတော့သည်။
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
A/N - ongoing သမားလေးတွေက Demoတို့ကို မြန်မြန်အရွယ်ရောက်စေချင်ကြတာ သိပေမယ့် ဒီအပိုင်းတွေက မဖြစ်မနေမို့ ထည့်ပေးနေရတာပါ။အကြောင်းရင်းကို ဖတ်ရင်းနဲ့ တွေ့လာကြပါလိမ့်မယ်။
(Fish cake)
(Gimbap)
Zawgyi Version
(A/N - အစ္မဒီအပိုင္းမွာ Demoရဲ့ ဖခင္ကို သခၤါသ်ွန္လို႔ သံုးထားတာဟာ စာဖတ္ရာမွာ အနည္းငယ္ရိုင္းသက္မိေစခဲ့ရင္ ခြင့္လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။ျဖဴဆံုးတဲ့အခ်ိန္မွာ Demoအေဖရဲ့အသက္ဟာ 29ႏွစ္ပဲရိွေနေသးတာေၾကာင့္ 'ၪီး´တပ္ၿပီးေရးသားဖို႔က တစ္မ်ိဳးျဖစ္ေနမယ္ ထင္တာမို႔ သခၤါသ်ွန္လို႔ပဲ သံုးႏႈန္းလိုက္ရပါတယ္ေနာ္)
🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢🥢
"ေတာင္းပန္ပါတယ္...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ခင္ဗ်ာ...ဆံုးရႈံးမႈကိုျပန္အစားထိုးမရႏိုင္မွန္းသိေပမယ့္ ကြၽန္ေတာ္ကခုလိုေတာင္းပန္ပါတယ္ခင္ဗ်ာ..."
ျဖဴ၏ ရက္လည္ဆြမ္းေကြၽးၿပီး ေနာက္တစ္ရက္မွာပဲ ျဖဴ႔ကိုတိုက္မိတဲ့ ကုန္ကားေမာင္းခဲ့သူက အိမ္ကိုလာၿပီး ဒူးေထာက္ကာ ငိုႀကီးခ်က္မေတာင္းပန္ေနျခင္းျဖစ္သည္။
"အားလံုးက ျဖစ္ခ်ိန္တန္လို႔ ျဖစ္ခဲ့ရတာလို႔ပဲ ကြၽန္ေတာ္ႏွလံုးသြင္းလိုက္တယ္။ကြၽန္ေတာ့အမ်ိဳးသမီးကိုျပန္မရႏိုင္ေပမယ့္ က်န္ခဲ့တဲ့သူေတြကို အျပစ္စိတ္နဲ႔ေနခဲ့ဖို႔ကိုေတာ့ ျဖဴ လည္းခြင့္ျပဳမွာမဟုတ္ပါဘူး။
ဒီကအစ္ကိုအျပစ္ခ်ည္းမဟုတ္ပါဘူး။ကြၽန္ေတာ္သာေစာင့္ၿပီးေခၚခဲ့ရင္ဆိုတဲ့ အေတြးေတြကလည္း ကြၽန္ေတာ့ကိုႏိွပ္စက္ေနတုန္းပဲ။အားလံုးက တမင္ရည္ရြယ္ၿပီး ျဖစ္ပ်က္ေစခဲ့တာလည္း မဟူတ္တာမို႔ ကြၽန္ေတာ္ကေတာ့ ဘယ္သူ႔ကိုမွ အျပစ္မတင္ခ်င္ဘူးဗ်ာ"
ထို႔ေနာက္ ခဏတာတိတ္ဆိတ္သြားတဲ့ အိမ္ထဲကေလထုအား ၿဖိဳခြင္းလိုက္တဲ့ အသံတစ္ခု...
"သေဘာထားႀကီးေပးမႈအတြက္ ေက်းဇူးတင္မိေပမယ့္ ကြၽန္မတို႔ဘက္ကလည္း ဆံုးရႈံးမႈအတြက္ ျပန္ၿပီးေပးဆပ္ခ်င္ပါေသးတယ္"
အိမ္ထဲမွာရိွေနတဲ့ လူေတြအားလံုးရဲ့အၾကည့္ဟာ အိမ္တံခါးဝမွာ ရပ္ေနတဲ့ ေဖာ္ေရြဟန္ရိွတဲ့ အမ်ိဳးသမီးတစ္ၪီးဆီသို႔...
သခၤါသ်ွန္ရဲ့စိတ္ထဲမွာ ထိုအမ်ိဳးသမီးအား အနည္းငယ္ရင္းႏွီးေနဟန္ရိွေသာ္လည္း မည္သူျဖစ္မွန္း ေတြးေတာလို႔မရ။
"ဘယ္သူ??"
"ကြၽန္မနာမည္ နန္းမူရာၿမိဳင္ပါKIRA companyရဲ့ ေျပာေရးဆိုခြင့္ရိွသူလို႔လည္း ေျပာလို႔ရပါတယ္....အစ္ကို႔ရဲ့အမ်ိဳးသမီးကို တိုက္မိခဲ့တဲ့ ကုန္ကားက ကြၽန္မတို႔companyလုပ္ငန္းသံုးပစၥည္းျဖစ္ၿပီး Driverကလည္း ကြၽန္မတို႔ရဲ့ဝန္ထမ္းျဖစ္တာမို႔ ျဖစ္ပ်က္ခဲ့သမ်ွကို တာဝန္ယူခြင့္ျပဳပါရွင္"
*ေၾသာ္...နန္းမူရာၿမိဳင္
"ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ မနန္းမူရာ...ဘယ္သူ႔အျပစ္လို႔မွ မခံယူထားတဲ့အတြက္ တာဝန္ယူေပးဖို႔လည္း မလိုအပ္ပါဘူး။အခုလို တာဝန္သိစိတ္နဲ႔ တကူးတကလာေရာက္ေပးတာကိုပဲ ကြၽန္ေတာ္တို႔ ေက်းဇူးအမ်ားႀကီးတင္ေနပါၿပီ"
"မဟုတ္တာရွင္...ရွင္တို႔မွာ သားေလးတစ္ေယာက္လည္း က်န္ခဲ့တယ္လို႔ၾကားတယ္။အဲ့သားေလးေနာင္ေရးအတြက္ပဲျဖစ္ျဖစ္ တာဝန္ယူ..."
"မနန္းမူရာၿမိဳင္!"
သခၤါသ်ွန္၏ အသံတို႔က ေအးစက္ေနၿပီး ေဒါသကိုခ်ဳပ္တည္းထားဟန္။ဇနီးျဖစ္သူဆံုးရႈံးထားရရံုသာမက တစ္ပတ္လံုးလံုး နာေရးကိစၥေတြႏွင့္ လံုးပမ္းေနခဲ့ရ၍ သခၤါသ်ွန္ စိတ္တို႔ဆတ္ေနရျခင္းပင္ျဖစ္သည္။နန္းမူရာၿမိဳင္၏ အခုလိုစကားမ်ိဳးက သူ႔ရဲ့ေယာက္က်ားမာနေတြကို လာေရာက္ထိပါးေနသေယာင္ျဖစ္လို႔ေန၏။
"ကြၽန္ေတာ္ေယာက္က်ားသားတစ္ေယာက္ပါ။ကြၽန္ေတြတို႔အိမ္ရဲ့ စီးပြားေရးအေျခအေနက မနန္းမူရာတို႔ေလာက္ေတာ့ မေကာင္းႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔သားအဖႏွစ္ေယာက္ တစ္သက္စာအတြက္ မပူမပင္ေနႏိုင္ဖို႔အတြက္ေတာ့ လံုေလာက္တယ္ခင္ဗ်။ပူပန္ေပးမႈေတြအတြက္ ေက်းဇူးတင္ေပမယ့္ ကြၽန္ေတာ္လည္း နားခ်င္ေနၿပီမို႔ ျပန္ၾကပါေတာ့ဗ်ာ။ဧည့္ဝတ္မေက်ႏိုင္မႈအတြက္လည္း ခြင့္လႊတ္ေပးပါ။ၿပီးေတာ့ ဒီကိစၥမွာ အားလံုးကိုလည္းခြင့္လႊတ္ေပးမွာမို႔ ေနာက္လည္းမလာၾကပါနဲ႔ေတာ့။ကြၽန္ေတာ္ေတာင္းဆိုပါတယ္"
နာေရးအိမ္ကို ခဏတာေရာက္ရိွေနၾကတဲ့ ရပ္ကြက္သူရပ္ကြက္သားတစ္ခ်ိဳ႕သည္လည္း ကိုသခၤါသ်ွန္အား တစ္ႀကိမ္မ်ွမျမင္ဖူးေသာ ပံုစံမ်ိဳးႏွင့္ေတြ့လိုက္ရတာမို႔ အနည္းငယ္ေတာ့ အံ့အားသင့္သြားၾကသည္။ပံုမွန္ဆို အေနေအးၿပီး တၿပံဳးၿပံဳးနဲ႔သေဘာေကာင္းတဲ့ သူက အခုေတာ့ အတန္ငယ္စိတ္တိုေနပံုရတာမို႔
"ဟို...ဒီကအစ္မနဲ႔အစ္ကို...အခုေလာေလာဆယ္ ကိုသခၤါရဲ့စိတ္အေျခအေနေၾကာင့္ စကားေျပာဖို႔အဆင္ေျပမွာမဟုတ္လို႔ ျပန္လိုက္ၾကပါဗ်ာ။ေနာက္မွ တစ္ေခါက္လာေပါ့ဗ် ေနာ့"
"ကြၽန္ေတာ္ေျပာၿပီးၿပီ...ဒီကိစၥနဲ႔ပက္သက္ၿပီး ဘယ္သူမွထပ္ၿပီးလာစရာအေၾကာင္းမရိွဘူးလို႔!"
"ဟုတ္ပါၿပီဗ်ာ...စိတ္ေလ်ွာ့ေနာ္ ကိုသခၤါ။ဒီကအစ္မတို႔ကိုလည္း အားနာေပမယ့္ ျပန္လိုက္ၾကပါဗ်ာ။ကြၽန္ေတာ္တို႔ ၾကားထဲကေန ေမတၲာရပ္ခံပါတယ္"
ထိုသို႔ ဝိုင္းဝန္းျဖန္ေျဖမွ အေျခအေနတို႔က ပံုမွန္ျပန္လည္ၿငိမ္သက္သြားရေတာ့သည္။ဧည့္သည္ေတျြပန္သြားမွ သခၤါသ်ွန္လည္း စိတ္ၿငိမ္ေအာင္ ခဏတာရပ္ေနၿပီးမွ
"ေစာနက ကြၽန္ေတာ့္အေျပာအဆိုေတြအတြက္ေတာင္းပန္ပါတယ္ေနာ္။စိတ္ခုရင္လည္း ခြင့္လႊတ္ေပးၾကပါ့"
"အို...မဟုတ္တာဗ်ာ။ကြၽန္ေတာ္တို႔ နားလည္ပါတယ္။ကဲ...ကိုသခၤါသ်ွန္လည္း ပင္ပန္းေနလို႔ နားခ်င္မွာပဲ။ကြၽန္ေတာ္တို႔ ျပန္လိုက္ေတာ့မယ္။ခြင့္ျပဳၪီးေနာ့"
"ဟုတ္ကဲ့ပါခင္ဗ်ာ...တကူးတကလာေပးၾကလို႔ ကြၽန္ေတာ္က ေက်းဇူးတင္ပါတယ္"
ဧည့္သည္ေတျြပန္သြားေတာ့ အိမ္ႀကီးကလည္း တိတ္ဆိတ္လ်ွက္က်န္ခဲ့၏။
သားက ျမဴရွင္းေလးတို႔အိမ္ကို ေရာက္ေနလို႔သာ ေတာ္ေတာ့သည္။မဟူတ္ရင္ ေစာနကအျဖစ္အပ်က္တို႔ေၾကာင့္ ကေလးက အလဟႆ စိတ္ဆင္းရဲျဖစ္ရၪီးမည္။
ဧည့္ခန္းတြင္ေတာ့ သခၤါသ်ွန္၏ သက္ျပင္းခ်သံတို႔ကသာ ႀကီးစိုးလ်ွက္......
//////////////////////////////////////
နက္ျဖန္မွာက်ေရာက္မယ့္ ျဖဴ႔ရဲ့လလည္ေၾကာင့္ ဆြမ္းကပ္ဖို႔ရာ လိုအပ္သည္မ်ားကို ဝယ္ျခမ္းဖို႔ Martတစ္ခုကို သခၤါသ်ွန္တစ္ေယာက္ Demoနဲ႔အတူ ထြက္လာျဖစ္ခဲ့သည္။
မိခင္ျဖစ္သူကို မ်က္စိေရ႔ွမွာတင္ ဆံုးရႈံးလိုက္ရၿပီးကတည္းက သားငယ္ဟာ အရင္ကနဲ႔မတူေတာ့တာ အမွန္။ပံုမွန္ဆိုရင္ Martထဲမွာရိွတဲ့ သူသေဘာက်တဲ့ အရုပ္ သို႔မဟုတ္ စားစရာအားေတြ့ခဲ့ပါက လက္ကိုဆြဲကာ ဇြတ္တရြတ္ဂ်ီက်တတ္တဲ့ ကေလးငယ္ဟာ ခုေတာ့ ပစၥည္းေတြထည့္ထားတဲ့ လက္တြန္းလွည္းေလးကို အသာကိုင္ကာ သူ႔ဖခင္ေဘးကေန ၿငိမ္ၿငိမ္ေလး လိုက္လာေနတာျဖစ္သည္။
မိခင္နဲ႔အတူရိွခဲ့ဖူးတဲ့ အမွတ္တရေတြကို ျပန္ျမင္မိေန၍ျဖစ္မည္။ဒီလိုေလးျမင္ရေတာ့လည္း သခၤါသ်ွန္စိတ္ထဲမေကာင္း....
"သား....လိုခ်င္တာရိွရင္ ယူေလ။စားခ်င္တာရိွရင္လည္း ေဖေဖ့ကိုေျပာ ဟုတ္ၿပီလား"
"ဟုတ္"
ဝယ္စရာရိွတာအကုန္ ဝယ္ၿပီးတဲ့အထိ သားဆီကေန စကားသံတစ္ခြန္းမွမၾကားရ။Martကအျပန္လမ္းမွာရိွေနတဲ့ Korean street foodဆိုင္ေလးကိုျမင္ေတာ့
"သားငယ္...fish cakeစားမလား။ျမဴရွင္းေလးလည္း ႀကိဳက္တယ္ဆိုေတာ့ အျပန္က် သူ႔အတြက္ပါ ပါဆယ္ဝယ္သြားေပးၾကမယ္ေလ"
Demoေလးက ျငင္းမွာစိုး၍ ျမဴရွင္းကိုအေၾကာင္းျပကာ ဆိုင္ထဲကို ေခၚလာရေတာ့သည္။
သားစားတတ္တာေတြကို မွာၿပီးေနာက္ စားပြဲေလးတစ္ခုမွာ ေနရာယူကာ ဝယ္လာတဲ့ပစၥည္းတို႔ကို ေဘးခံုလြတ္ေပၚ အသာတင္ထားလိုက္ၿပီး သားငယ္နဲ႔မ်က္ႏွာခ်င္းဆိုင္ေနရာမွာ ဝင္ထိုင္လိုက္သည္။
မွာထားတဲ့စားစရာေတြရၿပီျဖစ္တာေၾကာင့္ သြားယူလိုက္ေတာ့ အစားအစာမွာယူေနပံုရတဲ့ သူတစ္ၪီးက မိမိကို လိုက္ၾကည့္ေနမွန္းေတာ့သတိထားလိုက္မိေပမယ့္ ေထြေထြထူးထူးရိွဟန္မတူတာမို႔ မုန္႔ေတြထည့္ထားတဲ့ ဗန္းကိုအသာကိုင္ၿပီး သားဆီကိုသာျပန္လာလိုက္သည္။
"ပူေသးတယ္ သားငယ္။ျဖည္းျဖည္းစား...ဒီဟာကိုေတာ့ စားလို႔ရတယ္။အာ....ဒါကိုဘယ္လိုေခၚတာ??"
"Gimbab"
(also Kimbab)
"အင္း...သားႀကိဳက္မွန္းသိလို႔ ေဖေဖအမ်ားႀကီးမွာေပးထားရတာ။ကုန္ေအာင္စားေနာ္"
"ဟုတ္"
မွာထားေပးသမ်ွ အစားအေသာက္တို႔ကို တစ္တို႔ခ်င္း တစ္တို႔ခ်င္း ၿငိမ္ၿငိမ္သက္သက္စားေနတဲ့ သားရဲ့ေခါင္းကို ဖြဖြပြတ္ေပးေနတုန္း
"သ်ွန္.....သ်ွန္မို႔လား"
ရင္းႏွီးေနတဲ့အသံနဲ႔ ေမ့ေဖ်ာက္ထားမိတဲ့ေခၚဆိုဟန္တို႔ကို ၾကားလိုက္ရတာမို႔ ၪီးေနွာက္က ဘယ္သူဆိုတာ ခြဲျခမ္းစိတ္ျဖာျခင္းမျပဳႏိုင္ေသးခင္မွာပဲ ခႏၶာကိုယ္ကေတာ့ ဘယ္သူဆိုတာ စူးစမ္းဖို႔ ေခါင္းေမာ့ၾကည့္ၿပီး ျဖစ္ေလသည္။
".............!"
"ဟုတ္မလား ဟုတ္မလားနဲ႔ ကိုယ္လိုက္ၾကည့္ေနတာ
သ်ွန္ဟုတ္ေနတာပဲ။"
ေဖေဖ့ရဲ့ေဘးမွာထိုင္ၿပီး ေလသံေအးေအးနဲ႔ ေျပာေနတဲ့ ထိုလူႀကီးကို မုန္႔စားေနတဲ့တူေလးကို ကိုက္ကာDemoေမာ့ၾကည့္မိသည္။ေဖေဖ့ကိုၾကည့္ေတာ့လည္း အံ့အားသင့္ေနဟန္ႏွင့္ မတုန္မလႈပ္။
"ဒါက သ်ွန္႔သားေလးလား...Demoဆိုတာေလ"
သူ႔ဘက္ကိုၾကည့္ရင္း ေျပာလာတာေၾကာင့္ Demoလည္း ေယာင္လည္လည္ႏွင့္ ၿပံဳးျပလိုက္ရသည္။
"အင္း...သ်ွန္နဲ႔အေတာ္တူတာပဲ။ေနာက္... ကိုယ္တို႔မေတြ့ရတာေတာင္ ေတာ္ေတာ္ၾကာေနၿပီေပါ့"
"ကိုဆက္နဲ႔ မနန္းရဲ့ မဂၤလာပြဲၿပီးကတည္းပဲ"
ေအးစက္စက္ျပန္ေျဖသံအၾကား ဘုန္းဆက္တည္ရဲ့မ်က္ဝန္းေတြဟာ မိႈင္းညို႔သြားသလိုလို....
"ကိုယ္သတင္းၾကားတယ္။ဆံုးရႈံးမႈအတြက္ စိတ္မေကာင္းဘူး သ်ွန္။ေနာက္ၿပီး...
အင္း ေနာက္ၿပီး ဟိုတစ္ေလာက နန္းရဲ့အေျပာအဆိုေတြအတြက္ ကိုယ္ကေတာင္းပန္တယ္ေနာ္။နန္းရဲ့အဲ့လို မသိတတ္မႈေတြေၾကာင့္.."
"ကိစၥမရိွပါဘူးခင္ဗ်။ကြၽန္ေတာ္ ဘယ္သူ႔ကိုမွ အျပစ္ယူေနမွာမဟုတ္တာမို႔ ေတာင္းပန္ဖို႔လည္း မလိုဘူးလို႔ထင္ပါတယ္။"
ရုတ္တရက္ႀကီး စကားျဖတ္ေျပာလာတဲ့ သ်ွန္႔ကိုၾကည့္ၿပီး ဘုန္းဆက္တည္ အတန္ငယ္အံ့ၾသသြားမိတာေတာ့အမွန္။မေတြ့ရတဲ့ ဆယ္စုႏွစ္တစ္ခုစာကာလမွာ သ်ွန္ကအမ်ားႀကီးေျပာင္းလဲသြားတယ္ဆိုတာကို သူလက္မခံခ်င္ပဲ လက္ခံလိုက္ရသည္။ေအးစက္စက္အျပဳအမူႏွင့္ အေျပာအဆိုတို႔က လြန္ေလၿပီးေသာအခ်ိန္က သခၤါသ်ွန္ႏွင့္ လားလားမ်ွမဆိုင္။
"ဘာမွဆက္ေျပာစရာမရိွေတာ့ဘူးဆိုရင္ ကြၽန္ေတာ့္ကို ခြင့္ျပဳပါၪီး ကိုဆက္"
အေတြးယဥ္ထဲ ေျမာလြင့္ေနတဲ့သူလည္း ထိုအသံၾကားမွ အသိတို႔ျပန္ဝင္လာၿပီး ၾကည့္လိုက္ေတာ့ သ်ွန္က သူ႔သားေလးကိုလက္ဆြဲၿပီး အထုပ္ေတြဆြဲကာ ထြက္သြားဖို႔ျပင္ေနေလၿပီ။
"ခဏ!!အထုပ္ေတြကမ်ားလိုက္တာ သ်ွန္ရယ္။ကိုယ္လိုက္ပို႔ပါရေစ"
"ေနပါေစ။ကြၽန္ေတာ့္အိမ္ကိုေရာက္ဖို႔လည္း မလိုေတာ့ဘူး။ၿပီးေတာ့ ဒါေတြသယ္ရတာလည္း အပန္းမႀကီးပါဘူး။ၾကင္နာမႈအတြက္ေက်းဇူးတင္ပါတယ္။ကြၽန္ေတာ္တို႔ သားအဖကို ခြင့္ျပဳပါၪီး"
ထြက္ခြာသြားတဲ့ ေက်ာျပင္ငယ္ေလးကိုၾကည့္ရင္း ဘုန္းဆက္ သက္ျပင္းဖြဖြသာ ခ်မိသည္။မေတြ့ရတဲ့အေတာအတြင္း ရင့္က်က္လာတာကို ျမင္လိုက္ရေတာ့လည္း စိတ္ခ်မ္းသာမိတာအမွန္။ေအးစက္သြားတဲ့ ဆက္ဆံပံုေလးကလြဲရင္ သ်ွန္ဟာ သူ႔မ်က္လံုးထဲမွာေတာ့ ဟိုအရင္ကအတိုင္းပင္ မေျပာင္းမလဲရိွေနဆဲပင္....
သ်ွန္႔ေၾကာင့္ခုန္ေနတဲ့ သူ႔ႏွလံုးသားေလးကလည္း တိုးဖြဖြေျပာေနေလရဲ့...
ကိုယ္လည္း မေျပာင္းလဲေသးပါတဲ့ေလ....
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အိမ္သို႔ေရာက္ေရာက္ခ်င္း အထုပ္ေတြကို လက္ထဲကခ်ကာ sofaေပၚကို ဝုန္းခနဲထိုင္ခ်မိလိုက္ေတာ့ သားငယ္က လန္႔သြားသေယာင္နဲ႔ ေဘးကိုစိုးရိမ္တႀကီးလာကပ္ထိုင္ရင္းေမးသည္။
"ေဖေဖ!!!ေနမေကာင္းလို႔လားဟင္"
"သား ေဖ့ကိုေရတစ္ခြက္ေလာက္ယူလာေပးပါလား"
"ဟုတ္"
ဆိုတဲ့စကားသံအဆံုး Dining roomထဲကို Demoေလးေျပးဝင္သြားမွပဲ သခၤါသ်ွန္လည္း ရင္ဘတ္ကိုဖိကာ သက္ျပင္းအရွည္ႀကီးခ်မိသည္။
ဒီတေလာအတြင္းမွာ ကံဆိုးမႈေတြက ကိုယ့္အေပၚကို ဆက္တိုက္ဖိႏိွပ္ေနသေယာင္ေယာင္....
တန္ဖိုးထားရတဲ့သူကို ဆံုးရႈံးလိုက္ရသလို ေမ့ေဖ်ာက္ထားတဲ့ သူေတြကပါ ကိုယ့္ေရ႔ွအေရာက္ ေရာက္လာေနၾကတယ္ေလ။သားငယ္ေၾကာင့္သာမဟုတ္ရင္ စိတ္ဖိစီးမႈေတြက ကိုယ့္ကိုဝါးၿမိဳၿပီး ဒုကၡျဖစ္ေနမွာ အေသခ်ာ။
ေတြးမိတဲ့ထိုအခိုက္မွာပဲ ေရခြက္ေလးကိုကိုင္ကာ ေျပးထြက္လာတဲ့ သားငယ္ေၾကာင့္ ေခ်ာ္မလဲေစရန္ ဆီးဖမ္းေပးလိုက္ရသည္။
"ျဖည္းျဖည္းလာပါ သားငယ္ရဲ့..."
"ေဆးေသာက္မလား ေဖေဖ...သားေဆးေသတၲာသြားယူေပးမယ္ေလ"
အနည္းငယ္ရွည္စျပဳေနလို႔ ဂုတ္ေထာက္ေနတဲ့ ဆံပင္ေလးကို ပြတ္သပ္ေပးရင္း
"ေဖေဖေနေကာင္းပါတယ္သားရဲ့...မုန္႔ေတြစားလာၿပီး ေရဆာေနလို႔သာ....အာ ေဖ့သားနဲ႔ စကားေျပာေနရင္း ေမ့ေတာ့မလို႔ကြာ။ျမဴရွင္းေလးဖို႔ ဝယ္လာေပးတဲ့မုန္႔ေတြ ေအးကုန္ၿပီလားမသိဘူး"
"ေစာနက အိမ္ထဲမဝင္ခင္ တီျမဴတို႔အိမ္ကို သားဝင္ေပးထားခဲ့တယ္ေလ ေဖရဲ့။ျမဴရွင္းက စာသင္ေနလို႔ ေတြ့ခဲ့ရဘူး"
"ေၾသာ္...ဟုတ္လား"
အျပန္လမ္းတစ္ေလ်ွာက္ အေတြးေၾကာထဲေျမာေနခဲ့တာမို႔ ဘာကိုမွသတိမထားမိလိုက္တာျဖစ္မည္။
"ဒါနဲ႔ေလ ေဖေဖ..."
"အင္း သား"
"ေစာနက သားတို႔မုန္႔စားေနတုန္းက ေတြ့ခဲ့တဲ့ လူႀကီးကေလ ေဖေဖ့သူငယ္ခ်င္းလားဟင္...ေဖေဖတို႔က ငယ္ငယ္တုန္းက ရန္ျဖစ္ထားၿပီး အခုထိမေခၚေသးတာလား ဟုတ္လား ေဖေဖ"
"..........."
"ေဖေဖ သားကိုေျပာဖူးတယ္ေလ။အမွားလုပ္မိတဲ့သူက သူ႔အျပစ္ကို ေတာင္းပန္လာရင္ ကိုယ္ကေမတၲာထားၿပီး ေၾကေအးေပးရမယ္ဆို...ခုေတာ့ ဟိုၪီးေလးႀကီးက ေဖေဖ့ကို စကားေကာင္းေကာင္းေျပာေနေပမယ့္ ေဖေဖကမသိခ်င္ေယာင္ေဆာင္ၿပီး အိမ္ကိုခ်က္ခ်င္းျပန္လာလိုက္ေသးတယ္။အဲ့တာမေကာင္းဘူးေနာ္ ေဖေဖ!"
".........."
အမွားလုပ္မိတဲ့သူက ဘယ္သူဆိုတာမသိသလို ဘာကိုလည္း ေၾကေအးေပးရမယ္မွန္းမသိတာေၾကာင့္ သားတတြတ္တြတ္ဆူေနတာေလးကိုသာ ၿငိမ္လ်ွက္ နားေထာင္ေနေပးမိသည္။
သားက စကားေတြအမ်ားႀကီးေျပာၿပီး အိပ္သြားတာေၾကာင့္ အသာေပြ့ၿပီး သားရဲ့အခန္းေလးဆီကိုသြားၿပီး ေမြ့ယာေလးေပၚျငင္ျငင္သာသာခ်ကာ သိပ္လိုက္ရသည္။
ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေနတဲ့သားကို တိတ္တဆိတ္ၾကည့္ရင္းနဲ႔ သားနဲ႔ႏွစ္ေယာက္တည္း ေရ႔ွဆက္ရမယ့္ ေန့ရက္တို႔ကိုသာ ေတြးေတာေနမိေတာ့သည္။
🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵🌵
A/N - ongoing သမားေလးေတြက Demoတို႔ကို ျမန္ျမန္အရြယ္ေရာက္ေစခ်င္ၾကတာ သိေပမယ့္ ဒီအပိုင္းေတြက မျဖစ္မေနမို႔ ထည့္ေပးေနရတာပါ။အေၾကာင္းရင္းကို ဖတ္ရင္းနဲ႔ ေတြ့လာၾကပါလိမ့္မယ္။
(Fish cake)
(Gimbap)