Zawgyi
အပိုင္း (၁၂၇၄) – သူမသံသယေတြရွင္းၿပီး အကုန္စားေသာက္လိုက္
ရွားေက်ာင္ထန္သည္ လွည့္ပတ္ၾကည့္လိုက္သည္။ ေဘးတြင္ ထူးျခား ေသာလူ သို႔မဟုတ္ အရာဝတၳဳကို ရွာမေတြ႕သည္ႏွင့္ လက္ေလ်ာ့ၿပီး ထြက္သြား လိုက္သည္။
ရွီမာယူယူသည္ ဝိညာဥ္ေစတီအတြင္းမွ ၾကည့္ကာ သူတို႔ထြက္သြားသည္ ကိုျမင္သည္ႏွင့္ သက္ျပင္းခ်လိုက္သည္။
"ဝူး ဝူး ဝူး"
အမည္းေလးသည္ ရွီမာယူယူအား မေက်နပ္စြာျဖင့္ ႏွစ္ႀကိမ္မွ် ေဟာင္ ေလသည္။ သူ စားလို႔ေတာင္မၿပီးေသးတာကို သူမ ဘယ္လိုလုပ္ၿပီး အထဲေခၚ လာရတာလဲ။
ရွီမာယူယူသည္ ေခါင္းငုံ႔ၿပီး ၾကည့္လိုက္သည္ "မင္း... မင္းကေတာ့ေလ အစကတည္းက လူေတြကိုလန႔္ေအာင္လုပ္လိုက္တာ၊ အဲဒါကို ဘယ္လိုလုပ္ ျပင္ဆင္လိုက္ရမလဲ၊ သူတို႔သိသြားရင္ ဘယ္လိုလုပ္ရမလဲ"
"ဝူး ဝူး"
အမည္းေလးသည္ ႏွစ္ႀကိမ္မွ်ေဟာင္ၿပီးေနာက္ သူမ အဝတ္အစားကို ဆြဲ ကာ ေခၚထုတ္ၿပီး စားခိုင္းရန္ အၾကည့္ျဖင့္ ေျပာေလသည္။
ရွီမာယူယူသည္ ေဆာင့္ေၾကာင့္ထိုင္ၿပီး လက္ဆန႔္ထုတ္ကာ သူ၏ေခါင္း ကိုပုတ္ေပးၿပီး ေနာက္တစ္ဖက္က သူ၏ လက္ေလးႏွင့္ ေဆာ့ကစားေပးရင္း အာမခံေလသည္ "မစိုးရိမ္ပါနဲ႔ အေျခအေနေတြ ၿငိမ္သြားရင္ ငါမင္းကို အျပင္ ေခၚထုတ္သြားမယ္"
အမည္းေလးသည္ ၿငိမ္က်သြားကာ မလႈပ္မယွက္ျဖင့္ ၾကမ္းျပင္ေပၚလွဲ ေနေလသည္။
ရွီမာယူယူ စိုက္ၾကည့္လိုက္ရာ သူသည္ စားထားေသာ မီးခိုးမည္းမ်ားကို အစာေခ်ေနသည့္ပုံပင္။ ေကာင္းကင္ဘုံေဘးသင့္မႈကို သုံးၿပီး ကိုင္တြယ္ႏိုင္မည့္ ကိစၥကို ေပ်ာ္႐ႊင္စြာ စားသုံးရင္းႏွင့္ပင္ လြယ္ကူစြာ ေျဖရွင္းႏိုင္ေလသည္။
ဒီနည္းလမ္းကို ေစာေစာစီးစီးသိခဲ့ရင္ အကုန္လုံးက ဘာလို႔ ဒီေလာက္ ၾကေအာင္ ေနေနမွာလဲ။
သို႔ေသာ္ အမည္းေလး၏ သ႐ုပ္မွန္ကိုစဥ္းစားလိုက္ေသာအခါ သူမ စိုးရိမ္ မိသည္။ တျခားသူေတြ သိသြားရင္ သူ႔ရဲ႕သ႐ုပ္မွန္ကို စၿပီးစစ္ေဆးၾကမွာလား။
သူမ အခ်ိန္ၾကာေအာင္ စဥ္းစားၿပီးေနာက္ မည္သူ႔ကိုမွမေျပာဘဲ အမည္း ေလးကို မီးခိုးမည္းမ်ားကို စားသုံးခိုင္းရန္ ဆုံးျဖတ္လိုက္သည္။
အျပင္တြင္ မည္သူမွမရွိသည္ကို အတည္ျပဳၿပီးေနာက္ အမည္းေလးကို ေခၚကာ ထြက္လာခဲ့သည္။ မသိႏိုင္သျဖင့္ သူမသည္ ခ်က္ခ်င္းပင္ နီရဲပ်ားမ်ား ကိုလႊတ္ၿပီး တစ္ေယာက္ေယာက္လာလွ်င္ သတင္းပို႔ရန္ ေနရာကိုေစာင့္ၾကည့္ ခိုင္းလိုက္သည္။
နီရဲပ်ားမ်ား၏ အကူအညီျဖင့္ တစ္ေယာက္ေယာက္ လာေသာအါ သူတို႔သည္ မည္သူမွမသိခင္တြင္ ဝိညာဥ္ေစတီအတြင္းဝင္လိုက္ၾကသည္။
သည္လိုႏွင့္ ေနာက္ႏွစ္ရက္ၾကာသည္အထိ ရွီမာယူယူသည္ အားလုံးႏွင့္ တူတူပုန္းတိုင္းကစားေလသည္။ ရွာလိုက္လွ်င္ သူမ ပုန္းလိုက္သည္။ ထိုကိစၥ လုပ္သည့္သူကို တျခားသူမ်ား သိခ်င္ေသာ္လည္း သူတို႔လာသည္ႏွင့္ သူမ ပုန္း လိုက္ေသာေၾကာင့္ အားလုံးသည္ စိတ္ဓာတ္က်ၾကေလသည္။
ေနာက္ဆုံး အႀကိမ္ေပါင္းမ်ားစြာ လိုက္ၿပီးေနာက္ ရွဲေခ်ာင္လင္းသည္ ရွီမာယူယူ၏ ခံစားခ်က္ကို နားလည္သြားေလသည္။
"သူက အကုန္လုံးကို ေရွာင္ေနမွေတာ့ သူကဘယ္သူလဲဆိုတာ တျခား သူကို မသိေစခ်င္လို႔ပဲေလ၊ အဲလိုဆိုမွေတာ့ သူ႔ကိုထပ္မရွာေတာ့ဘူး၊ သူ႔ကို စိတ္ဆိုးေအာင္မလုပ္ၾကနဲ႔ေတာ့ေလ မဟုတ္ရင္ သူ မကူညီဘဲေနလိမ့္မယ္"
"ယူယူ အရင္ျပန္ခ်င္လား" ရွားေက်ာင္ထ်န္ ဆက္ေျပာေလသည္ "ငါတို႔ က မီးခိုးမည္းေတြရွင္းသြားတာတဲ့ အထဲကတေစၦမ်ိဳးႏြယ္ကိုသြားေတြ႕ရမွာ၊ ေသခ်ာေပါက္ အႏၲရာယ္မ်ားမွာပဲ မင္းအားကလည္း အျပည့္အဝျပန္ေကာင္း ေသးတာမဟုတ္ဘူး၊ ေနခဲ့လိုက္တာက ပိုေကာင္းမယ္"
ဟိန္းသံေထာင္ခ်ီသည္ ရွီမာယူယူဟန္ေဆာင္ထားကာ ရယ္ေမာၿပီး ေျပာ လိုက္သည္ "ရပါတယ္ ဒီမွာလူေတြအမ်ားႀကီးရွိတာ ကြၽန္မေနခဲ့ရင္လည္း ဘာမွထူးမွာမဟုတ္ဘူး ၿပီးေတာ့ တစ္ခုခုျဖစ္ရင္ ကြၽန္မရဲ႕စာခ်ဳပ္သားရဲေတြရွိ တယ္ေလ"
ရွားေက်ာင္ထ်န္သည္ ရွီမာယူယူ၏ စာခ်ဳပ္သားရဲမ်ားအေၾကာင္းေတြး လိုက္သည္။ သူတို႔အားလုံးသည္ အားေကာင္းၾကရာ တစ္စုံတစ္ခုျဖစ္လာပါက သူမကို ေခၚထုတ္သြားရန္ ျပႆနာမရွိေပ။ သူ ေခါင္းညိတ္ၿပီး ဘိုင္ရွန္းအား ေျပာလိုက္သည္ "အဲအခ်ိန္က်ရင္ မင္းတို႔က အေရွ႕ကေန အရမ္းမေလာနဲ႔ အေနာက္မွာေနၿပီး သူမကို ကာကြယ္ပါ"
ဘိုင္ရွန္း ေခါင္းညိတ္လိုက္သည္။ ထိုေနရာတြင္ အသည္းကြဲေတာင္ၾကား မွာ လူအနည္းငယ္သာရွိသျဖင့္ သူတို႔သည္ ေသခ်ာေပါက္ အေရွ႕မွ အေလာ တႀကီးသြားမည္မဟုတ္ေပ။
အေရွ႕မွ်တမႈၿမိဳ႕ေတာ္မွ ကီလိုမီတာေထာင္ခ်ီ အကြာအေဝးကို မီးခိုးမည္း မ်ားျဖင့္ ဖုံးအုပ္ခဲ့သည္။ သို႔ေသာ္ အမည္းေလးသည္ ႏွစ္ရက္အတြင္း၌ပင္ မီးခိုး မည္းမ်ားကို ေက်ညက္ေအာင္ စားေသာက္ခဲ့သည္။
ရွီမာယူယူသည္ ထိုႏွစ္ရက္အတြင္းတြင္ အမည္းေလးေနာက္လိုက္ခဲ့ သည္။ မီးခိုးမည္းမ်ားကို အမည္းေလးႏွင့္ ကိုင္တြယ္မည္ဟု ဆုံးျဖတ္လိုက္ခ်ိန္ တြင္ သူမသည္ ဟိန္းသံေထာင္ခ်ီကို သူမအသြင္ ဟန္ေဆာင္ခိုင္းကာ အားလုံး ၏ ျမင္ကြင္းတြင္ေနခိုင္းကာ မီးခိုးမည္းမ်ားႏွင့္ သူမကို ဆက္စပ္ႏိုင္မည့္သူ မရွိ ေပ။
ထိုအခ်ိန္တြင္ သူတို႔သည္ အေရွ႕မွ်တမႈၿမိဳ႕ေတာ္၏ တစ္ဖက္တြင္ရပ္ေန ၾကသည္။ ထိုေနရာသည္ မီးခိုးမည္းမ်ားက်န္ရွိေသာ တစ္ခုတည္းေသာ အစိတ္အပိုင္းျဖစ္သည္။ နီရဲပ်ားမ်ား အေၾကာင္းၾကားၿပီးသည့္ေနာက္တြင္ ထိုလူမ်ားသည္ အေရွ႕မွ်တမႈၿမိဳ႕ေတာ္ႏွင့္ တျဖည္းျဖည္းနီးက္လာၿပီး အေရွ႕မွ်တမႈၿမိဳ႕ေတာ္ကို သိမ္းပိုက္လိုၾကသည္။
ၿပီးခဲ့သည့္တစ္ေခါက္ ရွီမာယူယူျပသခဲ့ေသာ ပုံရိပ္မ်ားေၾကာင့္ ရွားေက်ာင္ထ်န္တို႔သည္ နည္းလမ္းႏွစ္ခု ခြဲလိုက္ၾကသည္။ တစ္ခုမွာ ဖန္ယြမ္လုံဦးေလာင္ၿပီး အေရွ႕မွ်တမႈၿမိဳ႕သို႔သြားမည္ျဖစ္ၿပီး၊ ေနာက္တစ္နည္း မွာ ရွားေက်ာင္ထ်န္ႏွင့္ ေဟာ့ဘာဟုန္ယဲ့တို႔ဦးေဆာင္ကာ ၿမိဳ႕ကိုေကြ႕ပတ္ၿပီး ရွီမာယူယူျမင္ခဲ့ေသာ အေပါက္ဆီသို႔သြားၾကမည္ျဖစ္သည္။
"ပလပ္ ပလပ္..."
အမည္းေလးသည္ မီးခိုးမည္းမ်ား ေနာက္ဆုံးလက္က်န္ကို လ်င္ျမန္စြာ ပင္ စားေသာက္လိုက္ၿပီးေနာက္ ရွီမာယူယူဆီသို႔ ေက်နပ္စြာျဖင့္ ေလွ်ာက္သြား ၿပီး လမ္းတြင္ ႏွစ္ႀကိမ္ပင္လွ်င္ ရႈိက္လိုက္ေသးသည္။
မီးခိုးမည္းမ်ားကို စားသုံးၿပီးေနာက္တြင္ အမည္းေလး၏ မ်က္လုံးမ်ား ပိုေတာက္ပလာသည္ဟု ရွီမာယူယူခံစားမိသည္မွာ အမွားလုပ္မိျခင္းမဟုတ္ ေပ။ ၿပီးေနာက္ လူသားပိုဆန္လာကာ ၿပီးခဲ့သည့္ႏွစ္ရက္က ဝိညာဥ္အသိဉာဏ္ မ်ားစြာကို ရထားသည့္ပုံပင္။
"သခင္" အမည္းေလးသည္ ရွီမာယူယူဆီသို႔ျပန္လာၿပီး သူမကို သခင္ဟု ေခၚၿပီးေနာက္ လဲက်သြားေလသည္။ ရွီမာယူယူသည္ အလန႔္တၾကားေျပးသြား ရာ သူ အိပ္ေပ်ာ္ေနသည္ကိုသိမွပင္ စိတ္ေအးသြားေလသည္။
"ေကာင္စုတ္ေလး လန႔္သြားတာပဲ" သူမ အမည္းေလးကို ခ်ီၿပီး ဝိညာဥ္ ေစတီထဲသို႔ ထည့္လိုက္သည္။ "ၾကည့္ရတာ ငါအခု အျမင္မွားတာမဟုတ္ဘူး အမည္းေလးက မီးခိုးမည္းေတြ အမ်ားႀကီးစားၿပီးေတာ့ ေတာ္ေတာ္အ႐ြယ္ ေရာက္လာတယ္၊ အခုစကားေျပာႏိုင္ၿပီး ငါ့ကိုသခင္လို႔ေတာင္ ေခၚေနၿပီ"
သူမသည္ ဟိန္းသံေထာင္ခ်ီကို ဆက္သြယ္ၾကည့္ရာ ရွားေက်ာင္ထ်န္ႏွင့္ သူသည္ လူမ်ားကိုဦးေဆာင္ကာ ၿမိဳ႕အျပင္ရွိ အေပါက္ႀကီးဆီသို႔ အေလာတႀကီး သြားေနေၾကာင္းကို ေျပာျပေလသည္။
ရွီမာယူယူသည္ သူ႔ကိုအဖြဲ႕မွခြဲထြက္ရန္ႏွင့္ သူမ သူတို႔ကိုသြားရွာၿပီး အေျခအေနၾကည့္ကာ လူခ်င္းလဲမည္ဟု ေျပာလိုက္သည္။
ဟိန္းသံေထာင္ခ်ီသည္ ရွီမန္ဖန္ကို သူမ ေျပာသမွ်ကို ေျပာလိုက္ရာ အားလုံးသည္ အရွိန္ေလ်ာ့လိုက္ၿပီး အဖြဲ႕မွ တျဖည္းျဖည္းခြဲထြက္ေလသည္။
ရွီမာယူယူ သူတို႔ကိုေတြ႕သည္ႏွင့္ ဟိန္းသံေထာင္ခ်ီသည္ မူလအသြင္ ေျပာင္းၿပီး သူမသည္ အသင္းထဲဝင္ေပါင္းလိုက္သည္။
"ယူယူ အေျခအေန ဘယ္လိုလဲ တေစၦမ်ိဳးႏြယ္ေတြကို ေတြ႕လား"
"မေတြ႕ဘူး ၾကည့္ရတာ မီးခိုးမည္းေတြကို ငါ ဖယ္လိုက္တယ္ဆိုတာကို တေစၦမ်ိဳးႏြယ္က သတိမထားမိဘူးထင္တယ္" ရွီမာယူယူသည္ သံသယျဖင့္ ေျပာေလသည္။
"အမည္းေလးေရာ"
"အခု ဗိုက္ျပည့္ၿပီး အစာခ်က္ေနတယ္"
ထိုအခိုက္တြင္ အားလုံးသည္ ပုေလြအသံၾကားလိုက္ရသည္။ မီခိုးအမည္း ၏ သက္ေရာက္မႈမရွိသျဖင့္ ပုေလြသံသက္ေရာက္မႈမွာ ျမန္ဆန္ျခင္းမရွိ ေသာေၾကာင့္ အားလုံးသည္ ေနရမခက္ၾကေပ။
ဖက္တီးက်ဴႏွင့္ တျခားသူမ်ားသည္ အားအနည္းဆုံးျဖစ္သည္။ သူတို႔ သည္ ပုေလြသံကိုၾကားလိုက္ေသာအခါ မခံႏိုင္ေလာက္ေအာင္ နာက်င္ေလ သည္။ သူတို႔သည္ ေခါင္းပြင့္သြားတတ္ခံစားရေလသည္။
ဘိုင္ရွန္း၊ ဖန္က်ိႏွင့္ တျခားသူမ်ားသည္ သန္မာၾကသျဖင့္ ပုေလြသံၾကား လိုက္ရခ်ိန္တြင္ ဖက္တီးက်ဴတို႔ေလာက္ မခံစားရေပ။ သို႔ေသာ္ ေခါင္းထဲတြင္ ေတာ့ ေနရခက္ၾကေလသည္။
ရွီမာယူယူသည္ လွ်ိဳ႕ဝွက္ဝိညာဥ္သိုင္းကို သင္ထားေသာေၾကာင့္ သူမ၏ ဝိညာဥ္စြမ္းအင္သည္ အားေကာင္းကာ စိတ္မွာလည္း သန္မာသျဖင့္ ပုေလြသံ သည္ သူကို သက္ေရာက္မႈမရွိေပ။ သူတို႔ နာက်င္ေနသည္ကို ေတြ႕သည္ႏွင့္ သူမ အလ်င္အျမန္ပင္ ဝိညာဥ္အတားအဆီးလုပ္ၿပီး အားလုံးကို ကာကြယ္လိုက္ သည္။
ဝိညာဥ္အတားအဆီးေၾကာင့္ အားလုံး စိတ္သက္သာရာရသြားၾကသည္။ သူတို႔ေခါင္းမွာ အပ္ႏွင့္ထိုးသလိုခံစားရေသာ္လည္း အေစာပိုင္းကထက္ ပို သက္သာသြားသည္။
"ေက်းဇူးပဲ ယူယူ"
"အဲဘက္က စၿပီးတိုက္ခိုက္ေနၿပီ" ရွီမာယူယူသည္ တြင္းေပါက္ႀကီးရွိရာ ဘက္သို႔ၾကည့္ၿပီး စိုးရိမ္တႀကီးေျပာေလသည္။
တေစၦမ်ိဳးႏြယ္ဝင္မ်ားသည္ သည္ႏွစ္ရက္အတြင္းတြင္ မည္သည့္ လႈပ္ရွား မႈမွမလုပ္ခဲ့ေပ။ အခုမွ ပုေလြသံ ထုတ္သည္မွာ ထူးဆန္းသည္။
Unicode
အပိုင်း (၁၂၇၄) – သူမသံသယတွေရှင်းပြီး အကုန်စားသောက်လိုက်
ရှားကျောင်ထန်သည် လှည့်ပတ်ကြည့်လိုက်သည်။ ဘေးတွင် ထူးခြား သောလူ သို့မဟုတ် အရာဝတ္ထုကို ရှာမတွေ့သည်နှင့် လက်လျော့ပြီး ထွက်သွား လိုက်သည်။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်းမှ ကြည့်ကာ သူတို့ထွက်သွားသည် ကိုမြင်သည်နှင့် သက်ပြင်းချလိုက်သည်။
"ဝူး ဝူး ဝူး"
အမည်းလေးသည် ရှီမာယူယူအား မကျေနပ်စွာဖြင့် နှစ်ကြိမ်မျှ ဟောင် လေသည်။ သူ စားလို့တောင်မပြီးသေးတာကို သူမ ဘယ်လိုလုပ်ပြီး အထဲခေါ် လာရတာလဲ။
ရှီမာယူယူသည် ခေါင်းငုံ့ပြီး ကြည့်လိုက်သည် "မင်း... မင်းကတော့လေ အစကတည်းက လူတွေကိုလန့်အောင်လုပ်လိုက်တာ၊ အဲဒါကို ဘယ်လိုလုပ် ပြင်ဆင်လိုက်ရမလဲ၊ သူတို့သိသွားရင် ဘယ်လိုလုပ်ရမလဲ"
"ဝူး ဝူး"
အမည်းလေးသည် နှစ်ကြိမ်မျှဟောင်ပြီးနောက် သူမ အဝတ်အစားကို ဆွဲ ကာ ခေါ်ထုတ်ပြီး စားခိုင်းရန် အကြည့်ဖြင့် ပြောလေသည်။
ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ပြီး လက်ဆန့်ထုတ်ကာ သူ၏ခေါင်း ကိုပုတ်ပေးပြီး နောက်တစ်ဖက်က သူ၏ လက်လေးနှင့် ဆော့ကစားပေးရင်း အာမခံလေသည် "မစိုးရိမ်ပါနဲ့ အခြေအနေတွေ ငြိမ်သွားရင် ငါမင်းကို အပြင် ခေါ်ထုတ်သွားမယ်"
အမည်းလေးသည် ငြိမ်ကျသွားကာ မလှုပ်မယှက်ဖြင့် ကြမ်းပြင်ပေါ်လှဲ နေလေသည်။
ရှီမာယူယူ စိုက်ကြည့်လိုက်ရာ သူသည် စားထားသော မီးခိုးမည်းများကို အစာချေနေသည့်ပုံပင်။ ကောင်းကင်ဘုံဘေးသင့်မှုကို သုံးပြီး ကိုင်တွယ်နိုင်မည့် ကိစ္စကို ပျော်ရွှင်စွာ စားသုံးရင်းနှင့်ပင် လွယ်ကူစွာ ဖြေရှင်းနိုင်လေသည်။
ဒီနည်းလမ်းကို စောစောစီးစီးသိခဲ့ရင် အကုန်လုံးက ဘာလို့ ဒီလောက် ကြအောင် နေနေမှာလဲ။
သို့သော် အမည်းလေး၏ သရုပ်မှန်ကိုစဉ်းစားလိုက်သောအခါ သူမ စိုးရိမ် မိသည်။ တခြားသူတွေ သိသွားရင် သူ့ရဲ့သရုပ်မှန်ကို စပြီးစစ်ဆေးကြမှာလား။
သူမ အချိန်ကြာအောင် စဉ်းစားပြီးနောက် မည်သူ့ကိုမှမပြောဘဲ အမည်း လေးကို မီးခိုးမည်းများကို စားသုံးခိုင်းရန် ဆုံးဖြတ်လိုက်သည်။
အပြင်တွင် မည်သူမှမရှိသည်ကို အတည်ပြုပြီးနောက် အမည်းလေးကို ခေါ်ကာ ထွက်လာခဲ့သည်။ မသိနိုင်သဖြင့် သူမသည် ချက်ချင်းပင် နီရဲပျားများ ကိုလွှတ်ပြီး တစ်ယောက်ယောက်လာလျှင် သတင်းပို့ရန် နေရာကိုစောင့်ကြည့် ခိုင်းလိုက်သည်။
နီရဲပျားများ၏ အကူအညီဖြင့် တစ်ယောက်ယောက် လာသောအါ သူတို့သည် မည်သူမှမသိခင်တွင် ဝိညာဉ်စေတီအတွင်းဝင်လိုက်ကြသည်။
သည်လိုနှင့် နောက်နှစ်ရက်ကြာသည်အထိ ရှီမာယူယူသည် အားလုံးနှင့် တူတူပုန်းတိုင်းကစားလေသည်။ ရှာလိုက်လျှင် သူမ ပုန်းလိုက်သည်။ ထိုကိစ္စ လုပ်သည့်သူကို တခြားသူများ သိချင်သော်လည်း သူတို့လာသည်နှင့် သူမ ပုန်း လိုက်သောကြောင့် အားလုံးသည် စိတ်ဓာတ်ကျကြလေသည်။
နောက်ဆုံး အကြိမ်ပေါင်းများစွာ လိုက်ပြီးနောက် ရှဲချောင်လင်းသည် ရှီမာယူယူ၏ ခံစားချက်ကို နားလည်သွားလေသည်။
"သူက အကုန်လုံးကို ရှောင်နေမှတော့ သူကဘယ်သူလဲဆိုတာ တခြား သူကို မသိစေချင်လို့ပဲလေ၊ အဲလိုဆိုမှတော့ သူ့ကိုထပ်မရှာတော့ဘူး၊ သူ့ကို စိတ်ဆိုးအောင်မလုပ်ကြနဲ့တော့လေ မဟုတ်ရင် သူ မကူညီဘဲနေလိမ့်မယ်"
"ယူယူ အရင်ပြန်ချင်လား" ရှားကျောင်ထျန် ဆက်ပြောလေသည် "ငါတို့ က မီးခိုးမည်းတွေရှင်းသွားတာတဲ့ အထဲကတစ္ဆေမျိုးနွယ်ကိုသွားတွေ့ရမှာ၊ သေချာပေါက် အန္တရာယ်များမှာပဲ မင်းအားကလည်း အပြည့်အဝပြန်ကောင်း သေးတာမဟုတ်ဘူး၊ နေခဲ့လိုက်တာက ပိုကောင်းမယ်"
ဟိန်းသံထောင်ချီသည် ရှီမာယူယူဟန်ဆောင်ထားကာ ရယ်မောပြီး ပြော လိုက်သည် "ရပါတယ် ဒီမှာလူတွေအများကြီးရှိတာ ကျွန်မနေခဲ့ရင်လည်း ဘာမှထူးမှာမဟုတ်ဘူး ပြီးတော့ တစ်ခုခုဖြစ်ရင် ကျွန်မရဲ့စာချုပ်သားရဲတွေရှိ တယ်လေ"
ရှားကျောင်ထျန်သည် ရှီမာယူယူ၏ စာချုပ်သားရဲများအကြောင်းတွေး လိုက်သည်။ သူတို့အားလုံးသည် အားကောင်းကြရာ တစ်စုံတစ်ခုဖြစ်လာပါက သူမကို ခေါ်ထုတ်သွားရန် ပြဿနာမရှိပေ။ သူ ခေါင်းညိတ်ပြီး ဘိုင်ရှန်းအား ပြောလိုက်သည် "အဲအချိန်ကျရင် မင်းတို့က အရှေ့ကနေ အရမ်းမလောနဲ့ အနောက်မှာနေပြီး သူမကို ကာကွယ်ပါ"
ဘိုင်ရှန်း ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် အသည်းကွဲတောင်ကြား မှာ လူအနည်းငယ်သာရှိသဖြင့် သူတို့သည် သေချာပေါက် အရှေ့မှ အလော တကြီးသွားမည်မဟုတ်ပေ။
အရှေ့မျှတမှုမြို့တော်မှ ကီလိုမီတာထောင်ချီ အကွာအဝေးကို မီးခိုးမည်း များဖြင့် ဖုံးအုပ်ခဲ့သည်။ သို့သော် အမည်းလေးသည် နှစ်ရက်အတွင်း၌ပင် မီးခိုး မည်းများကို ကျေညက်အောင် စားသောက်ခဲ့သည်။
ရှီမာယူယူသည် ထိုနှစ်ရက်အတွင်းတွင် အမည်းလေးနောက်လိုက်ခဲ့ သည်။ မီးခိုးမည်းများကို အမည်းလေးနှင့် ကိုင်တွယ်မည်ဟု ဆုံးဖြတ်လိုက်ချိန် တွင် သူမသည် ဟိန်းသံထောင်ချီကို သူမအသွင် ဟန်ဆောင်ခိုင်းကာ အားလုံး ၏ မြင်ကွင်းတွင်နေခိုင်းကာ မီးခိုးမည်းများနှင့် သူမကို ဆက်စပ်နိုင်မည့်သူ မရှိ ပေ။
ထိုအချိန်တွင် သူတို့သည် အရှေ့မျှတမှုမြို့တော်၏ တစ်ဖက်တွင်ရပ်နေ ကြသည်။ ထိုနေရာသည် မီးခိုးမည်းများကျန်ရှိသော တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်သည်။ နီရဲပျားများ အကြောင်းကြားပြီးသည့်နောက်တွင် ထိုလူများသည် အရှေ့မျှတမှုမြို့တော်နှင့် တဖြည်းဖြည်းနီးက်လာပြီး အရှေ့မျှတမှုမြို့တော်ကို သိမ်းပိုက်လိုကြသည်။
ပြီးခဲ့သည့်တစ်ခေါက် ရှီမာယူယူပြသခဲ့သော ပုံရိပ်များကြောင့် ရှားကျောင်ထျန်တို့သည် နည်းလမ်းနှစ်ခု ခွဲလိုက်ကြသည်။ တစ်ခုမှာ ဖန်ယွမ်လုံဦးလောင်ပြီး အရှေ့မျှတမှုမြို့သို့သွားမည်ဖြစ်ပြီး၊ နောက်တစ်နည်း မှာ ရှားကျောင်ထျန်နှင့် ဟော့ဘာဟုန်ယဲ့တို့ဦးဆောင်ကာ မြို့ကိုကွေ့ပတ်ပြီး ရှီမာယူယူမြင်ခဲ့သော အပေါက်ဆီသို့သွားကြမည်ဖြစ်သည်။
"ပလပ် ပလပ်..."
အမည်းလေးသည် မီးခိုးမည်းများ နောက်ဆုံးလက်ကျန်ကို လျင်မြန်စွာ ပင် စားသောက်လိုက်ပြီးနောက် ရှီမာယူယူဆီသို့ ကျေနပ်စွာဖြင့် လျှောက်သွား ပြီး လမ်းတွင် နှစ်ကြိမ်ပင်လျှင် ရှိုက်လိုက်သေးသည်။
မီးခိုးမည်းများကို စားသုံးပြီးနောက်တွင် အမည်းလေး၏ မျက်လုံးများ ပိုတောက်ပလာသည်ဟု ရှီမာယူယူခံစားမိသည်မှာ အမှားလုပ်မိခြင်းမဟုတ် ပေ။ ပြီးနောက် လူသားပိုဆန်လာကာ ပြီးခဲ့သည့်နှစ်ရက်က ဝိညာဉ်အသိဉာဏ် များစွာကို ရထားသည့်ပုံပင်။
"သခင်" အမည်းလေးသည် ရှီမာယူယူဆီသို့ပြန်လာပြီး သူမကို သခင်ဟု ခေါ်ပြီးနောက် လဲကျသွားလေသည်။ ရှီမာယူယူသည် အလန့်တကြားပြေးသွား ရာ သူ အိပ်ပျော်နေသည်ကိုသိမှပင် စိတ်အေးသွားလေသည်။
"ကောင်စုတ်လေး လန့်သွားတာပဲ" သူမ အမည်းလေးကို ချီပြီး ဝိညာဉ် စေတီထဲသို့ ထည့်လိုက်သည်။ "ကြည့်ရတာ ငါအခု အမြင်မှားတာမဟုတ်ဘူး အမည်းလေးက မီးခိုးမည်းတွေ အများကြီးစားပြီးတော့ တော်တော်အရွယ် ရောက်လာတယ်၊ အခုစကားပြောနိုင်ပြီး ငါ့ကိုသခင်လို့တောင် ခေါ်နေပြီ"
သူမသည် ဟိန်းသံထောင်ချီကို ဆက်သွယ်ကြည့်ရာ ရှားကျောင်ထျန်နှင့် သူသည် လူများကိုဦးဆောင်ကာ မြို့အပြင်ရှိ အပေါက်ကြီးဆီသို့ အလောတကြီး သွားနေကြောင်းကို ပြောပြလေသည်။
ရှီမာယူယူသည် သူ့ကိုအဖွဲ့မှခွဲထွက်ရန်နှင့် သူမ သူတို့ကိုသွားရှာပြီး အခြေအနေကြည့်ကာ လူချင်းလဲမည်ဟု ပြောလိုက်သည်။
ဟိန်းသံထောင်ချီသည် ရှီမန်ဖန်ကို သူမ ပြောသမျှကို ပြောလိုက်ရာ အားလုံးသည် အရှိန်လျော့လိုက်ပြီး အဖွဲ့မှ တဖြည်းဖြည်းခွဲထွက်လေသည်။
ရှီမာယူယူ သူတို့ကိုတွေ့သည်နှင့် ဟိန်းသံထောင်ချီသည် မူလအသွင် ပြောင်းပြီး သူမသည် အသင်းထဲဝင်ပေါင်းလိုက်သည်။
"ယူယူ အခြေအနေ ဘယ်လိုလဲ တစ္ဆေမျိုးနွယ်တွေကို တွေ့လား"
"မတွေ့ဘူး ကြည့်ရတာ မီးခိုးမည်းတွေကို ငါ ဖယ်လိုက်တယ်ဆိုတာကို တစ္ဆေမျိုးနွယ်က သတိမထားမိဘူးထင်တယ်" ရှီမာယူယူသည် သံသယဖြင့် ပြောလေသည်။
"အမည်းလေးရော"
"အခု ဗိုက်ပြည့်ပြီး အစာချက်နေတယ်"
ထိုအခိုက်တွင် အားလုံးသည် ပုလွေအသံကြားလိုက်ရသည်။ မီခိုးအမည်း ၏ သက်ရောက်မှုမရှိသဖြင့် ပုလွေသံသက်ရောက်မှုမှာ မြန်ဆန်ခြင်းမရှိ သောကြောင့် အားလုံးသည် နေရမခက်ကြပေ။
ဖက်တီးကျူနှင့် တခြားသူများသည် အားအနည်းဆုံးဖြစ်သည်။ သူတို့ သည် ပုလွေသံကိုကြားလိုက်သောအခါ မခံနိုင်လောက်အောင် နာကျင်လေ သည်။ သူတို့သည် ခေါင်းပွင့်သွားတတ်ခံစားရလေသည်။
ဘိုင်ရှန်း၊ ဖန်ကျိနှင့် တခြားသူများသည် သန်မာကြသဖြင့် ပုလွေသံကြား လိုက်ရချိန်တွင် ဖက်တီးကျူတို့လောက် မခံစားရပေ။ သို့သော် ခေါင်းထဲတွင် တော့ နေရခက်ကြလေသည်။
ရှီမာယူယူသည် လျှို့ဝှက်ဝိညာဉ်သိုင်းကို သင်ထားသောကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်သည် အားကောင်းကာ စိတ်မှာလည်း သန်မာသဖြင့် ပုလွေသံ သည် သူကို သက်ရောက်မှုမရှိပေ။ သူတို့ နာကျင်နေသည်ကို တွေ့သည်နှင့် သူမ အလျင်အမြန်ပင် ဝိညာဉ်အတားအဆီးလုပ်ပြီး အားလုံးကို ကာကွယ်လိုက် သည်။
ဝိညာဉ်အတားအဆီးကြောင့် အားလုံး စိတ်သက်သာရာရသွားကြသည်။ သူတို့ခေါင်းမှာ အပ်နှင့်ထိုးသလိုခံစားရသော်လည်း အစောပိုင်းကထက် ပို သက်သာသွားသည်။
"ကျေးဇူးပဲ ယူယူ"
"အဲဘက်က စပြီးတိုက်ခိုက်နေပြီ" ရှီမာယူယူသည် တွင်းပေါက်ကြီးရှိရာ ဘက်သို့ကြည့်ပြီး စိုးရိမ်တကြီးပြောလေသည်။
တစ္ဆေမျိုးနွယ်ဝင်များသည် သည်နှစ်ရက်အတွင်းတွင် မည်သည့် လှုပ်ရှား မှုမှမလုပ်ခဲ့ပေ။ အခုမှ ပုလွေသံ ထုတ်သည်မှာ ထူးဆန်းသည်။