Zawgyi
အပိုင္း (၁၂၆၂) – မႈိနက္
သူတို႔ မေသေပ၊ သို႔ေသာ္ ဆက္သြယ္၍လည္းမရေပ၊ မည္သူမွလည္း ထြက္မလာႏိုင္ေပ။ ထူးဆန္းလိုက္တာ။
"အဲဒီမီးခိုးအမည္းက ဘယ္လိုေရာင္ဝါရွိလဲဆိုတာ အမ်ိဳးအစားခြဲျပာလို႔ရ လား" ရွီမာယူယူ ေမးလိုက္သည္။
"အဲဒါက တေစၦေရာင္ဝါေရာ နတ္ဆိုးေရာင္ဝါေရာမဟုတ္ဘူး၊ ဒီတိုင္းျပည္က ေရာင္ဝါနဲ႔မတူဘူးလို႔ မ်ိဳးႏြယ္ဝင္ေတြေျပာတာၾကားလိုက္တယ္ ဒါေပမဲ့ အနီးကပ္သြားလိုက္ရင္ ေအးစိမ့္စိမ့္ကိုခံစားရမယ္တဲ့" ေဟာ့ဘာယန္အာ ေျပာေလသည္။
"ေအးစိမ့္စိမ့္ ဟုတ္လား"
အားလုံးသည္ တစ္ေယာက္ႏွင့္ တစ္ေယာက္ၾကည့္မိၾကသည္။ မီးခိုး အမည္းက ေအးစိမ့္စိမ့္ျဖစ္ေစတယ္ဟုတ္လား။ တေစၦေရာင္ဝါေရာ နတ္ဆိုး ေရာင္ဝါေရာမဟုတ္ဘူး။ ဘာလို႔အဲေလာက္ထူးဆန္းတာလဲ။
"ငါတို႔အရင္တစ္ေခါက္က ေရာက္ခဲ့တဲ့ သခ်ႋဳင္းေရာင္ဝါမ်ားျဖစ္မလား" ရွီမာယူယူ ေမးလိုက္သည္။
"ေရွးေဟာင္းသခ်ႋဳင္းလား"
ရွီမာယူယူသည္ အတြင္းပိုင္းေဒသရွိ ေရွးေဟာင္းသခ်ႋဳင္းတြင္ ႀကဳံေတြ႕ခဲ့ ရေသာ အေတြ႕အႀကဳံကို ျပန္ေျပာျပလိုက္သည္။ ထိုအခ်ိန္က က်န္းက်ဴးရွန႔္ ေကာင္းကင္ခြဲနတ္ဆိုးဓားကို လုယူသြားခ်ိန္ျဖစ္သည္။
သူမ ေတြ႕ႀကဳံခဲ့သည္မ်ားကို ၾကားၿပီးေနာက္ ေဟာ့ဘာဟန္သည္ ေခါင္းရမ္းၿပီး ေျပာေလသည္ "အဲလိုဟာမဟုတ္ႏိုင္ဘူး အဲဒီမီးခိုးမည္းက ေရွးေဟာင္းေရာင္ဝါရွိရမွာကို မရွိဘူးျဖစ္ေနတယ္"
"ဒါဆိုရင္ ကိုယ္တိုင္စုံစမ္းၾကည့္မွပဲသိေတာ့မွာပဲ တာဝန္ခံပိုင္ အသုံးဝင္ မဲ့သတင္းေလးမ်ား ရွိလား" ရွီမာယူယူ ေမးလိုက္သည္။
လူမ်ားသည္ ဆိုင္ႏွင့္ တည္းခိုေဆာင္မ်ားသို႔ အဝင္အထြက္ရွိၾကသည္ကို အားလုံးသိၾကသျဖင့္ ထိုသတင္းမ်ားမွာ သက္ေရာက္မႈရွိႏိုင္သည္။ ရွီမာယူယူ ေမးခြန္းထုတ္လိုက္သျဖင့္ အားလုံးသည္ ပိုင္ထာဆီသို႔ အာ႐ုံေရာက္သြားၾက သည္။
"က်ဳပ္တို႔ရတဲ့ သတင္းကလည္း အတူတူေလာက္ပဲ ဒီလေတြအတြင္းကို အေရွ႕မွ်တမႈၿမိဳ႕ေတာ္နားကို ဘယ္သူ႔ကိုမွ သြားခြင့္ျပဳမထားဘူး" ပိုင္ထာ ဆက္ေျပာေလသည္ "ဒါေပမဲ့ ဒီမတိုင္ခင္ေတာ့ တျခားကိစၥနဲ႔ပတ္သတ္ၿပီး သတင္းတခ်ိဳ႕ရခဲ့ေသးတယ္"
"အိုး ဘာပါလိမ့္"
"အေရွ႕မွ်တမႈၿမိဳ႕မွာ ဒီကိစၥေတြမျဖစ္ခင္ကို လူတစ္ေယာက္ ဆိုင္မွာ ထမင္းစားသြားတယ္၊ အေရွ႕မွ်တမႈၿမိဳ႕ေတာ္မွာ ထူးဆန္းတာေတြျဖစ္တာကို ေျပာရရင္ ဒါနဲ႔မ်ားဆက္စပ္ေနမလားပဲ" ပိုင္ထာေျပာလိုက္သည္။
"ဘာထူးဆန္းတာလဲ"
"အေရွ႕မွ်တမႈၿမိဳ႕ကိစၥမျဖစ္ခင္ လတစ္ဝက္ေလာက္အလိုမွာ အဲၿမိဳ႕ကလူ ေတြ ဒီကိုလာခဲ့ၾကတယ္၊ အဲအခ်ိန္ေလာက္က သူတို႔က အိပ္ၿပီးရင္းအိပ္ခ်င္ေန တဲ့ ခံစားမႈမ်ိဳးရတယ္လို႔ ေျပာခဲ့ၾကတယ္၊ က်င့္ႀကံတဲ့သူေတြက ဘာလို႔ အိပ္ခ်င္ ေနရတာလဲ၊ အိပ္ခ်င္တာအျပင္ကို မထင္မွတ္ေလာက္ေအာင္ အိပ္ေမာက် တယ္တဲ့ ဒါေပမဲ့ သူတို႔က ဘာမွလည္းမျဖစ္ေတာ့ ဒီကလူေတြကလည္း သူတို႔ ထြက္သြားတာနဲ႔ စိတ္ထဲမထားလိုက္ၾကေတာ့ဘူး ပုံမွန္မဟုတ္ဘူးလို႔ မေတြး လိုက္ၾကေတာ့တာ" ပိုင္ထာ ေျပာလိုက္သည္။
"က်င့္ႀကံတဲ့သူေတြက အိပ္ခ်င္တယ္... ဒါက ပုံမွန္မဟုတ္တာပဲေလ" ဖက္တီးက်ဴ ေျပာလိုက္သည္။
"ဟုတ္တယ္" ေဟာ့ဘာဟန္ ဆက္ေျပာေလသည္ "တာဝန္ခံပိုင္ တျခား သတင္းမ်ားရွိဦးမလား"
"က်ဳပ္တို႔ ေစာင့္ၾကည့္ရသေလာက္ေတာ့ ဒီသတင္းကပဲ ဆက္စပ္မႈရွိလိမ့္ မယ္" ပိုင္တာ ေျပာလိုက္သည္။
"ယူယူ ဒါက ပုံမွန္မဟုတ္တဲ့လကၡဏာပဲ၊ ငါတို႔ျပန္ၿပီး မ်ိဳးႏြယ္ကို အသိေပးလိုက္ဦးမယ္၊ အဲဒါကိုအေျခခံၿပီး ထပ္စုံစမ္းလို႔ရမလားလို႔ေလ" ေဟာ့ဘာဟန္ ေျပာလိုက္သည္။
"ေကာင္းၿပီေလ"
"ငါတို႔က အေရွ႕ဘက္ၿမိဳ႕ၿခံဝန္းမွာရွိေနမယ္ တစ္ခုခုဆို ငါတို႔ကိုအဲဒီမွာ လာရွာလို႔ရတယ္" ေဟာ့ဘာယန္အာ ေျပာလိုက္သည္။
"ေကာင္းပါၿပီ"
"ဒါဆိုရင္ သြားလိုက္ဦးမယ္"
သူတို႔သုံးေယာက္သည္ မတ္တတ္ရပ္ၿပီး ႏႈတ္ဆက္သြားၾကေလသည္။
"ငါလိုက္ပို႔ေပးမယ္"
ရွီမာယူယူသည္ သူတို႔သုံးေယာက္ကို တံခါးဝထိပို႔ၿပီး သူတို႔ထြက္သြား သည္ကိုျမင္သည္ႏွင့္ ႐ုတ္တရက္ ဖန္ဝူဟန္ကိုေခၚလိုက္သည္။
ဖန္ဝူဟန္ ရပ္သြားၿပီး ေမးလိုက္သည္ "ဟင္ ဘာလဲ"
"ဆရာ ဒီကိုလာလား" ရွီမာယူယူ ေမးလိုက္သည္။
"မလာဘူး ဒါေပမဲ့ ဆရာက မ်ိဳးႏြယ္ကို သတင္းပါးလိုက္တယ္ မင္းကို ေစာင့္ေရွာက္ေပးပါတဲ့၊ ဒါေပမဲ့ မိသားစုေခါင္းေဆာင္ေျပာသလိုဆိုရင္ ဦးေလးဖန္လည္း အဲမွာအဆင္ေျပပါတယ္" ဖန္ဝူဟန္ ေျပာလိုက္သည္။
"ေကာင္းတာေပါ့ ေက်းဇူးတင္ပါတယ္" ရွီမာယူယူသည္ သဲ့သဲ့ၿပဳံးကာ ေျပာလိုက္သည္။
"အခု ငါတို႔သြားေတာ့မယ္ေနာ္ တာ့တာ"
သူတို႔ထြက္သြားသည္ႏွင့္ ရွီမာယူယူ ၿခံဝန္းအေနာက္သို႔ ျပန္လာလိုက္ သည္။ ရွီမန္ဖန္ႏွင့္ တျခားသူမ်ားသည္ အေရွ႕မွ်တမႈၿမိဳ႕ေတာ္မွ အျဖစ္အပ်က္ ကို ေဆြးေႏြးေနၾကသည္။
"အခု အမ်ားႀကီးေဆြးေႏြးလည္း အသုံးမဝင္ေသးဘူး ငါ မနက္ျဖန္ကို ကိုယ္တိုင္သြားစစ္ၾကည့္မွပဲ သိလိမ့္မယ္" သူမ အားလုံးကို ေျပာလိုက္သည္။
"စစ္တာကို ငါတို႔တာဝန္ထားလိုက္ပါ နင္က ဝိညာဥ္စြမ္းအင္ ျပန္ ေကာင္းေသးတာလည္းမဟုတ္ဘူး တကယ္လို႔ အႏၲရာယ္မ်ားတာ တစ္ခုခုျဖစ္ ရင္..." ရွီမန္ဖန္သည္ စိုးရိမ္တႀကီးေျပာေလသည္။
"ငါ့ဝိညာဥ္စြမ္းအင္က ျပန္မေကာင္းေသးေပမဲ့ တျခားဟာေတြသုံးလို႔ရပါ တယ္ အဆင္ေျပတယ္" ရွီမာယူယူ ဆက္ေျပာေလသည္ "အဲအစား အဲဒီမီးခိုး မည္းက တေစၦမ်ိဳးႏြယ္နဲ႔ ပတ္သတ္ေနမွာကိုပဲပိုစိုးရိမ္တယ္ ငါသြားလိုက္လို႔ တကယ္ပဲအဲလိုျဖစ္တယ္ဆိုရင္ ငါက ေစာေစာအာ႐ုံခံမိမယ္ေလ ေဘဂုန္၊ က်ိ႐ႊီ နင္တို႔က ဒီမွာပဲငါ့ကိုေစာင့္ေန ဖန္အာ အဘိုးဘိုင္ ဖန္ခိုင္နင္တို႔က ငါ့နဲ႔လိုက္ခဲ့ ေပး"
ေဝက်ိ႐ႊီတို႔သည္ သူတို႔အားကို သိထားၾကသျဖင့္ လိုက္သြားလွ်င္လည္း အားလုံးကို ဆြဲခ်႐ုံသက္သက္ျဖစ္မည္ကို သိထားၾကသည္။ ထို႔ေၾကာင့္ သူတို႔ သည္ ရွီမာယူယူ၏ စီစဥ္မႈကို မျငင္းဆန္ၾကေပ။
သူမ စြမ္းအားျပန္မေကာင္းေသးမည္ကို ရွီမန္ဖန္စိုးရိမ္ေသာ္လည္း အဘိုးဘိုင္မွ ဘာမွမေျပာသျဖင့္ သူမ ေျပာသည္မွာ အမွန္ဟု ယူဆလိုက္သည္။ သူမ အားျပန္ေကာင္းလာသည္ႏွင့္ ထိုကဲ့သို႔အေျခအေနမ်ိဳးသည္ သူမ အတြက္ ေကာင္းမြန္ေသာ လက္ေဆာင္ျဖစ္လိမ့္မည္။ သူမသည္ တျခားသူမ်ားထက္ အေမွာင္စြမ္းအင္ကို ပို၍အာ႐ုံခံႏိုင္စြမ္းရွိသည္။
ေဆြးေႏြးၿပီးေနာက္တြင္ ပိုင္ထာသည္ အားလုံးအတြက္ အခန္းစီစဥ္ေပး ေလသည္။ ရွီမန္ဖန္၊ ဘိုင္ရွန္းႏွင့္တျခားသူမ်ားသည္ ထိုၿခံဝန္းတြင္ပင္ေနထိုင္ ကာ ရွီမာယူယူ၊ ေဘဂုံထန္ႏွင့္ တျခားေသာ လူငယ္မ်ိဳးဆက္မ်ားသည္ ေဘးရွိ ၿခံဝန္းတြင္ေနရမည္ျဖစ္သည္။
ေနာက္တစ္ေန႔မနက္တြင္ ရွီမာယူယူ၊ ရွီမန္ဖန္၊ ဘိုင္ရွန္း၊ ဖန္က်ိ၊ ဖန္ခိုင္ တို႔ငါးေယာက္သည္ သားရဲပ်ံစီးကာ အေရွ႕မွ်တမႈၿမိဳ႕ေတာ္သို႔ပ်ံသန္းေလသည္။ ထိုေနရာတြင္ ေလဟာျပင္ရွိမရွိကို မေသခ်ာသျဖင့္ ျဖတ္လမ္းတည္ေဆာက္မႈ မသုံးေတာ့ဘဲ ေဘးကင္းေသာနည္းလမ္းျဖစ္ေသာ သားရဲပ်ံစီးရန္ကိုသာ ေ႐ြးခ်ယ္လိုက္သည္။
ကံေကာင္းစြာပင္ ရွီမာယူယူတြင္ သားရဲပ်ံမ်ားသျဖင့္ ခရီးစဥ္ကို အေလာ တႀကီးသြားရာတြင္ မည္သည့္ျပႆနာမွမရွိခဲ့ေပ။
သားရဲပ်ံျဖင့္ ၈ရက္၈ည ပ်ံသန္းၿပီးေနာက္ အေရွ႕မွ်တမႈၿမိဳ႕ေတာ္သို႔ ေရာက္ေလသည္။ အေဝးမွၾကည့္ရာ အေရွ႕မွ်တမႈၿမိဳ႕ေတာ္ကို ႀကီးမားေသာ မႈိနက္ႀကီးမွ ဖုံးအုပ္ထားသည္ႏွင့္တူေလသည္။
ရွီမာယူယူသည္ အံ့ဖြယ္အသိစိတ္ျဖင့္ မီးခိုးမည္းမ်ားကိုျဖတ္ၿပီး ၾကည့္မရ ေပ။ သူတို႔သည္ အထဲရွိအေျခအေနကို စစ္ၾကည့္မရသလို အထဲမွာမည္သို႔ျဖစ္ ေနသည္ကိုလည္း မျမင္ရေပ။
"မီးခိုးမည္းေရာင္ဝါက တကယ္ကိုပဲ နည္းတာပဲ"
သူတို႔ခႏၶာကိုယ္ကို ဝိညာဥ္စြမ္းအင္ျဖင့္ ကာထားသည့္တိုင္ေအာင္ နီးလာေလေလ အ႐ိုးထဲထိေအးစိမ့္စိမ့္ ခံစားရေလေလျဖစ္သည္။ သို႔ေသာ္ ထူးဆန္းသည္မွာ ပတ္ပတ္လည္ရွိ ျမစ္မ်ား ကန္မ်ားသည္ ေအးခဲသည့္ပုံ မေပါက္ေပ။
"ငါတို႔ ဒီကိုလာတာ တစ္လေတာင္မရွိေသးဘူး အပူအခ်ိန္အမ်ားႀကီး က်ဆင္းသြားတာပဲ" ဖန္ခိုင္ ေျပာလိုက္သည္။
"မီးခိုးမည္းက ဘယ္လိုလဲဆိုတာ မျမင္ရဘူး ငါတို႔ဝင္သြားရင္ အႏၲရာယ္ မ်ားႏိုင္တယ္" ရွီမန္ဖန္ ေျပာလိုက္သည္။
"ဟား..." ရွီမာယူယူ ရယ္ေမာၿပီး ေျပာလိုက္သည္ "နင္တို႔က မီးခိုးထူရဲ႕ လွည့္စားတာခံလိုက္ရၿပီ"
"ဆရာ ဒါဘာလဲဆိုတာ သိေနၿပီလား" ဖန္ခိုင္ေမးလိုက္သည္။
"အတိအက် တပ္အပ္မေျပာႏိုင္ေပမဲ့ ဒီဟာမွာ တေစၦေရာင္ဝါပါတယ္၊ ဘယ္လိုေရာင္ဝါဖုံးအုပ္ထားလည္း မသိေပမဲ့ အာ႐ုံခံလို႔ရတယ္" ရွီမာယူယူ ေျပာလိုက္သည္။
"ေသခ်ာရဲ႕လား" ရွီမန္ဖန္ ေမးလိုက္သည္။
"ေသခ်ာတယ္" ရွီမာယူယူ ဆက္ေျပာေလသည္ "ငါ့ကိုယ္ထဲမွာ စီးေနတာက တေစၦမ်ိဳးႏြယ္ရဲ႕ ဝိညာဥ္စြမ္းအင္ပဲ အဲဒါေၾကာင့္ တေစၦေရာင္ဝါကို ပိုၿပီး ခံစားရလြယ္တယ္"
"အဲလိုဆိုေတာ့ ဒီကဟာႀကီးက တေစၦမ်ိဳးႏြယ္လုပ္ထားတာပဲ"
"ျဖစ္ႏိုင္တယ္ ဒါေပမဲ့ အထဲမွာဘာျဖစ္လဲဆိုတာကို ေသခ်ာစစ္ၾကည့္ဖို႔လို မယ္" ရွီမာယူယူ ေျပာလိုက္သည္။
"ဝင္သြားတဲ့သူေတြ မထြက္လာႏိုင္တာ အဲမွာ ညႇီတာတစ္ခုခုရွိရမယ္၊ အင္အားစုအကုန္လုံးကလည္း ဝင္သြားၿပီး ျပန္မထြက္ႏိုင္မွာစိုးလို႔ လူေတြကို အေလာတႀကီးမပို႔ရဲၾကဘူး" ဖန္က်ိသည္ ေစာေစာေရာက္ႏွင့္သျဖင့္ ထိုေနရာမွ အေျခအေနကို ပိုသိေလသည္။
"လ်န္ခ်ိဳင္က ၿမိဳ႕ထဲမွာလား" ရွီမာယူယူ ေမးလိုက္သည္။
"အင္း သူတို႔အသက္ေက်ာက္စိမ္းက ေကာင္းေသးတယ္ ဆိုလိုတာက သူ အဆင္ေျပေသးတယ္ ဒါေပမဲ့ သူတို႔ကိုဆက္သြယ္မရဘူး"
"ဒါဆိုရင္ ပ်ားေတြကိုလႊတ္ၿပီးအေျခအေန ၾကည့္ခိုင္းလိုက္မယ္" ရွီမာယူယူသည္ နီရဲပ်ားမ်ားကိုဆင့္ေခၚၿပီး အထဲသို႔လႊတ္လိုက္ေလသည္။ သို႔ေသာ္ ခဏအၾကာတြင္ နီရဲပ်ားမ်ားႏွင့္ အဆက္အသြယ္ျပတ္သြားေလသည္။
Unicode
အပိုင်း (၁၂၆၂) – မှိုနက်
သူတို့ မသေပေ၊ သို့သော် ဆက်သွယ်၍လည်းမရပေ၊ မည်သူမှလည်း ထွက်မလာနိုင်ပေ။ ထူးဆန်းလိုက်တာ။
"အဲဒီမီးခိုးအမည်းက ဘယ်လိုရောင်ဝါရှိလဲဆိုတာ အမျိုးအစားခွဲပြာလို့ရ လား" ရှီမာယူယူ မေးလိုက်သည်။
"အဲဒါက တစ္ဆေရောင်ဝါရော နတ်ဆိုးရောင်ဝါရောမဟုတ်ဘူး၊ ဒီတိုင်းပြည်က ရောင်ဝါနဲ့မတူဘူးလို့ မျိုးနွယ်ဝင်တွေပြောတာကြားလိုက်တယ် ဒါပေမဲ့ အနီးကပ်သွားလိုက်ရင် အေးစိမ့်စိမ့်ကိုခံစားရမယ်တဲ့" ဟော့ဘာယန်အာ ပြောလေသည်။
"အေးစိမ့်စိမ့် ဟုတ်လား"
အားလုံးသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြသည်။ မီးခိုး အမည်းက အေးစိမ့်စိမ့်ဖြစ်စေတယ်ဟုတ်လား။ တစ္ဆေရောင်ဝါရော နတ်ဆိုး ရောင်ဝါရောမဟုတ်ဘူး။ ဘာလို့အဲလောက်ထူးဆန်းတာလဲ။
"ငါတို့အရင်တစ်ခေါက်က ရောက်ခဲ့တဲ့ သင်္ချိုင်းရောင်ဝါများဖြစ်မလား" ရှီမာယူယူ မေးလိုက်သည်။
"ရှေးဟောင်းသင်္ချိုင်းလား"
ရှီမာယူယူသည် အတွင်းပိုင်းဒေသရှိ ရှေးဟောင်းသင်္ချိုင်းတွင် ကြုံတွေ့ခဲ့ ရသော အတွေ့အကြုံကို ပြန်ပြောပြလိုက်သည်။ ထိုအချိန်က ကျန်းကျူးရှန့် ကောင်းကင်ခွဲနတ်ဆိုးဓားကို လုယူသွားချိန်ဖြစ်သည်။
သူမ တွေ့ကြုံခဲ့သည်များကို ကြားပြီးနောက် ဟော့ဘာဟန်သည် ခေါင်းရမ်းပြီး ပြောလေသည် "အဲလိုဟာမဟုတ်နိုင်ဘူး အဲဒီမီးခိုးမည်းက ရှေးဟောင်းရောင်ဝါရှိရမှာကို မရှိဘူးဖြစ်နေတယ်"
"ဒါဆိုရင် ကိုယ်တိုင်စုံစမ်းကြည့်မှပဲသိတော့မှာပဲ တာဝန်ခံပိုင် အသုံးဝင် မဲ့သတင်းလေးများ ရှိလား" ရှီမာယူယူ မေးလိုက်သည်။
လူများသည် ဆိုင်နှင့် တည်းခိုဆောင်များသို့ အဝင်အထွက်ရှိကြသည်ကို အားလုံးသိကြသဖြင့် ထိုသတင်းများမှာ သက်ရောက်မှုရှိနိုင်သည်။ ရှီမာယူယူ မေးခွန်းထုတ်လိုက်သဖြင့် အားလုံးသည် ပိုင်ထာဆီသို့ အာရုံရောက်သွားကြ သည်။
"ကျုပ်တို့ရတဲ့ သတင်းကလည်း အတူတူလောက်ပဲ ဒီလတွေအတွင်းကို အရှေ့မျှတမှုမြို့တော်နားကို ဘယ်သူ့ကိုမှ သွားခွင့်ပြုမထားဘူး" ပိုင်ထာ ဆက်ပြောလေသည် "ဒါပေမဲ့ ဒီမတိုင်ခင်တော့ တခြားကိစ္စနဲ့ပတ်သတ်ပြီး သတင်းတချို့ရခဲ့သေးတယ်"
"အိုး ဘာပါလိမ့်"
"အရှေ့မျှတမှုမြို့မှာ ဒီကိစ္စတွေမဖြစ်ခင်ကို လူတစ်ယောက် ဆိုင်မှာ ထမင်းစားသွားတယ်၊ အရှေ့မျှတမှုမြို့တော်မှာ ထူးဆန်းတာတွေဖြစ်တာကို ပြောရရင် ဒါနဲ့များဆက်စပ်နေမလားပဲ" ပိုင်ထာပြောလိုက်သည်။
"ဘာထူးဆန်းတာလဲ"
"အရှေ့မျှတမှုမြို့ကိစ္စမဖြစ်ခင် လတစ်ဝက်လောက်အလိုမှာ အဲမြို့ကလူ တွေ ဒီကိုလာခဲ့ကြတယ်၊ အဲအချိန်လောက်က သူတို့က အိပ်ပြီးရင်းအိပ်ချင်နေ တဲ့ ခံစားမှုမျိုးရတယ်လို့ ပြောခဲ့ကြတယ်၊ ကျင့်ကြံတဲ့သူတွေက ဘာလို့ အိပ်ချင် နေရတာလဲ၊ အိပ်ချင်တာအပြင်ကို မထင်မှတ်လောက်အောင် အိပ်မောကျ တယ်တဲ့ ဒါပေမဲ့ သူတို့က ဘာမှလည်းမဖြစ်တော့ ဒီကလူတွေကလည်း သူတို့ ထွက်သွားတာနဲ့ စိတ်ထဲမထားလိုက်ကြတော့ဘူး ပုံမှန်မဟုတ်ဘူးလို့ မတွေး လိုက်ကြတော့တာ" ပိုင်ထာ ပြောလိုက်သည်။
"ကျင့်ကြံတဲ့သူတွေက အိပ်ချင်တယ်... ဒါက ပုံမှန်မဟုတ်တာပဲလေ" ဖက်တီးကျူ ပြောလိုက်သည်။
"ဟုတ်တယ်" ဟော့ဘာဟန် ဆက်ပြောလေသည် "တာဝန်ခံပိုင် တခြား သတင်းများရှိဦးမလား"
"ကျုပ်တို့ စောင့်ကြည့်ရသလောက်တော့ ဒီသတင်းကပဲ ဆက်စပ်မှုရှိလိမ့် မယ်" ပိုင်တာ ပြောလိုက်သည်။
"ယူယူ ဒါက ပုံမှန်မဟုတ်တဲ့လက္ခဏာပဲ၊ ငါတို့ပြန်ပြီး မျိုးနွယ်ကို အသိပေးလိုက်ဦးမယ်၊ အဲဒါကိုအခြေခံပြီး ထပ်စုံစမ်းလို့ရမလားလို့လေ" ဟော့ဘာဟန် ပြောလိုက်သည်။
"ကောင်းပြီလေ"
"ငါတို့က အရှေ့ဘက်မြို့ခြံဝန်းမှာရှိနေမယ် တစ်ခုခုဆို ငါတို့ကိုအဲဒီမှာ လာရှာလို့ရတယ်" ဟော့ဘာယန်အာ ပြောလိုက်သည်။
"ကောင်းပါပြီ"
"ဒါဆိုရင် သွားလိုက်ဦးမယ်"
သူတို့သုံးယောက်သည် မတ်တတ်ရပ်ပြီး နှုတ်ဆက်သွားကြလေသည်။
"ငါလိုက်ပို့ပေးမယ်"
ရှီမာယူယူသည် သူတို့သုံးယောက်ကို တံခါးဝထိပို့ပြီး သူတို့ထွက်သွား သည်ကိုမြင်သည်နှင့် ရုတ်တရက် ဖန်ဝူဟန်ကိုခေါ်လိုက်သည်။
ဖန်ဝူဟန် ရပ်သွားပြီး မေးလိုက်သည် "ဟင် ဘာလဲ"
"ဆရာ ဒီကိုလာလား" ရှီမာယူယူ မေးလိုက်သည်။
"မလာဘူး ဒါပေမဲ့ ဆရာက မျိုးနွယ်ကို သတင်းပါးလိုက်တယ် မင်းကို စောင့်ရှောက်ပေးပါတဲ့၊ ဒါပေမဲ့ မိသားစုခေါင်းဆောင်ပြောသလိုဆိုရင် ဦးလေးဖန်လည်း အဲမှာအဆင်ပြေပါတယ်" ဖန်ဝူဟန် ပြောလိုက်သည်။
"ကောင်းတာပေါ့ ကျေးဇူးတင်ပါတယ်" ရှီမာယူယူသည် သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
"အခု ငါတို့သွားတော့မယ်နော် တာ့တာ"
သူတို့ထွက်သွားသည်နှင့် ရှီမာယူယူ ခြံဝန်းအနောက်သို့ ပြန်လာလိုက် သည်။ ရှီမန်ဖန်နှင့် တခြားသူများသည် အရှေ့မျှတမှုမြို့တော်မှ အဖြစ်အပျက် ကို ဆွေးနွေးနေကြသည်။
"အခု အများကြီးဆွေးနွေးလည်း အသုံးမဝင်သေးဘူး ငါ မနက်ဖြန်ကို ကိုယ်တိုင်သွားစစ်ကြည့်မှပဲ သိလိမ့်မယ်" သူမ အားလုံးကို ပြောလိုက်သည်။
"စစ်တာကို ငါတို့တာဝန်ထားလိုက်ပါ နင်က ဝိညာဉ်စွမ်းအင် ပြန် ကောင်းသေးတာလည်းမဟုတ်ဘူး တကယ်လို့ အန္တရာယ်များတာ တစ်ခုခုဖြစ် ရင်..." ရှီမန်ဖန်သည် စိုးရိမ်တကြီးပြောလေသည်။
"ငါ့ဝိညာဉ်စွမ်းအင်က ပြန်မကောင်းသေးပေမဲ့ တခြားဟာတွေသုံးလို့ရပါ တယ် အဆင်ပြေတယ်" ရှီမာယူယူ ဆက်ပြောလေသည် "အဲအစား အဲဒီမီးခိုး မည်းက တစ္ဆေမျိုးနွယ်နဲ့ ပတ်သတ်နေမှာကိုပဲပိုစိုးရိမ်တယ် ငါသွားလိုက်လို့ တကယ်ပဲအဲလိုဖြစ်တယ်ဆိုရင် ငါက စောစောအာရုံခံမိမယ်လေ ဘေဂုန်၊ ကျိရွှီ နင်တို့က ဒီမှာပဲငါ့ကိုစောင့်နေ ဖန်အာ အဘိုးဘိုင် ဖန်ခိုင်နင်တို့က ငါ့နဲ့လိုက်ခဲ့ ပေး"
ဝေကျိရွှီတို့သည် သူတို့အားကို သိထားကြသဖြင့် လိုက်သွားလျှင်လည်း အားလုံးကို ဆွဲချရုံသက်သက်ဖြစ်မည်ကို သိထားကြသည်။ ထို့ကြောင့် သူတို့ သည် ရှီမာယူယူ၏ စီစဉ်မှုကို မငြင်းဆန်ကြပေ။
သူမ စွမ်းအားပြန်မကောင်းသေးမည်ကို ရှီမန်ဖန်စိုးရိမ်သော်လည်း အဘိုးဘိုင်မှ ဘာမှမပြောသဖြင့် သူမ ပြောသည်မှာ အမှန်ဟု ယူဆလိုက်သည်။ သူမ အားပြန်ကောင်းလာသည်နှင့် ထိုကဲ့သို့အခြေအနေမျိုးသည် သူမ အတွက် ကောင်းမွန်သော လက်ဆောင်ဖြစ်လိမ့်မည်။ သူမသည် တခြားသူများထက် အမှောင်စွမ်းအင်ကို ပို၍အာရုံခံနိုင်စွမ်းရှိသည်။
ဆွေးနွေးပြီးနောက်တွင် ပိုင်ထာသည် အားလုံးအတွက် အခန်းစီစဉ်ပေး လေသည်။ ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့်တခြားသူများသည် ထိုခြံဝန်းတွင်ပင်နေထိုင် ကာ ရှီမာယူယူ၊ ဘေဂုံထန်နှင့် တခြားသော လူငယ်မျိုးဆက်များသည် ဘေးရှိ ခြံဝန်းတွင်နေရမည်ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် ရှီမာယူယူ၊ ရှီမန်ဖန်၊ ဘိုင်ရှန်း၊ ဖန်ကျိ၊ ဖန်ခိုင် တို့ငါးယောက်သည် သားရဲပျံစီးကာ အရှေ့မျှတမှုမြို့တော်သို့ပျံသန်းလေသည်။ ထိုနေရာတွင် လေဟာပြင်ရှိမရှိကို မသေချာသဖြင့် ဖြတ်လမ်းတည်ဆောက်မှု မသုံးတော့ဘဲ ဘေးကင်းသောနည်းလမ်းဖြစ်သော သားရဲပျံစီးရန်ကိုသာ ရွေးချယ်လိုက်သည်။
ကံကောင်းစွာပင် ရှီမာယူယူတွင် သားရဲပျံများသဖြင့် ခရီးစဉ်ကို အလော တကြီးသွားရာတွင် မည်သည့်ပြဿနာမှမရှိခဲ့ပေ။
သားရဲပျံဖြင့် ၈ရက်၈ည ပျံသန်းပြီးနောက် အရှေ့မျှတမှုမြို့တော်သို့ ရောက်လေသည်။ အဝေးမှကြည့်ရာ အရှေ့မျှတမှုမြို့တော်ကို ကြီးမားသော မှိုနက်ကြီးမှ ဖုံးအုပ်ထားသည်နှင့်တူလေသည်။
ရှီမာယူယူသည် အံ့ဖွယ်အသိစိတ်ဖြင့် မီးခိုးမည်းများကိုဖြတ်ပြီး ကြည့်မရ ပေ။ သူတို့သည် အထဲရှိအခြေအနေကို စစ်ကြည့်မရသလို အထဲမှာမည်သို့ဖြစ် နေသည်ကိုလည်း မမြင်ရပေ။
"မီးခိုးမည်းရောင်ဝါက တကယ်ကိုပဲ နည်းတာပဲ"
သူတို့ခန္ဓာကိုယ်ကို ဝိညာဉ်စွမ်းအင်ဖြင့် ကာထားသည့်တိုင်အောင် နီးလာလေလေ အရိုးထဲထိအေးစိမ့်စိမ့် ခံစားရလေလေဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ ပတ်ပတ်လည်ရှိ မြစ်များ ကန်များသည် အေးခဲသည့်ပုံ မပေါက်ပေ။
"ငါတို့ ဒီကိုလာတာ တစ်လတောင်မရှိသေးဘူး အပူအချိန်အများကြီး ကျဆင်းသွားတာပဲ" ဖန်ခိုင် ပြောလိုက်သည်။
"မီးခိုးမည်းက ဘယ်လိုလဲဆိုတာ မမြင်ရဘူး ငါတို့ဝင်သွားရင် အန္တရာယ် များနိုင်တယ်" ရှီမန်ဖန် ပြောလိုက်သည်။
"ဟား..." ရှီမာယူယူ ရယ်မောပြီး ပြောလိုက်သည် "နင်တို့က မီးခိုးထူရဲ့ လှည့်စားတာခံလိုက်ရပြီ"
"ဆရာ ဒါဘာလဲဆိုတာ သိနေပြီလား" ဖန်ခိုင်မေးလိုက်သည်။
"အတိအကျ တပ်အပ်မပြောနိုင်ပေမဲ့ ဒီဟာမှာ တစ္ဆေရောင်ဝါပါတယ်၊ ဘယ်လိုရောင်ဝါဖုံးအုပ်ထားလည်း မသိပေမဲ့ အာရုံခံလို့ရတယ်" ရှီမာယူယူ ပြောလိုက်သည်။
"သေချာရဲ့လား" ရှီမန်ဖန် မေးလိုက်သည်။
"သေချာတယ်" ရှီမာယူယူ ဆက်ပြောလေသည် "ငါ့ကိုယ်ထဲမှာ စီးနေတာက တစ္ဆေမျိုးနွယ်ရဲ့ ဝိညာဉ်စွမ်းအင်ပဲ အဲဒါကြောင့် တစ္ဆေရောင်ဝါကို ပိုပြီး ခံစားရလွယ်တယ်"
"အဲလိုဆိုတော့ ဒီကဟာကြီးက တစ္ဆေမျိုးနွယ်လုပ်ထားတာပဲ"
"ဖြစ်နိုင်တယ် ဒါပေမဲ့ အထဲမှာဘာဖြစ်လဲဆိုတာကို သေချာစစ်ကြည့်ဖို့လို မယ်" ရှီမာယူယူ ပြောလိုက်သည်။
"ဝင်သွားတဲ့သူတွေ မထွက်လာနိုင်တာ အဲမှာ ညှီတာတစ်ခုခုရှိရမယ်၊ အင်အားစုအကုန်လုံးကလည်း ဝင်သွားပြီး ပြန်မထွက်နိုင်မှာစိုးလို့ လူတွေကို အလောတကြီးမပို့ရဲကြဘူး" ဖန်ကျိသည် စောစောရောက်နှင့်သဖြင့် ထိုနေရာမှ အခြေအနေကို ပိုသိလေသည်။
"လျန်ချိုင်က မြို့ထဲမှာလား" ရှီမာယူယူ မေးလိုက်သည်။
"အင်း သူတို့အသက်ကျောက်စိမ်းက ကောင်းသေးတယ် ဆိုလိုတာက သူ အဆင်ပြေသေးတယ် ဒါပေမဲ့ သူတို့ကိုဆက်သွယ်မရဘူး"
"ဒါဆိုရင် ပျားတွေကိုလွှတ်ပြီးအခြေအနေ ကြည့်ခိုင်းလိုက်မယ်" ရှီမာယူယူသည် နီရဲပျားများကိုဆင့်ခေါ်ပြီး အထဲသို့လွှတ်လိုက်လေသည်။ သို့သော် ခဏအကြာတွင် နီရဲပျားများနှင့် အဆက်အသွယ်ပြတ်သွားလေသည်။