If we never met

By Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... More

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Eleven
If we never met : Twelve
If we never met : Thirteen
If we never met : Fourteen

If we never met : Seven

148 26 5
By Nana_Phoo

*Unicode*

နောက်ဆုံးသော မမှတ်မိချင်ဆုံး အနာတရများ

"ဂျောင်ဂျယ်ဟျွန်းနော်.."

သူ့ရှေ့က ခြေချိတ်ထိုင်နေသော အမျိုးသားတစ်ယောက်။

အမျိုးသားဆိုတာထက် လူကြီးတစ်ယောက်လို့ပြောရမလား။

စျေးကြီးမှန်းသိသာသည့် အဝတ်အစားတွေနှင့် ဖိုင်တစ်ချက်ကို မျက်မှန်အောက်က တည်ငြိမ်သည့် မျက်ဝန်းတွေက ငေးစိုက်လျက်ရှိနေသည့် ထိုလူကြီးက အလိုလိုနေရင်း သူ့ကိုရှိန်စေပါသည်။

"ဟုတ်..ဟုတ်ပါတယ်"

စားပွဲအောက်က လက်တွေကိုဆုပ်နယ်ရင်းက ပြန်ဖြေသံသည် တုန်ယင်နေခဲ့တာက ပြောလာမည်တွေကို သိနေခြင်းကြောင့်။

မျက်မှန်ပေါ်ကနေ ကျော်ကြည့်လာသည့် မျက်ဝန်းတွေထဲ အထင်သေးခြင်းနှင့် နှိမ့်ချခြင်းတွေများစွာ။

သူကြိုသိနေသည်. .။ ထိုလူကြီးနှုတ်ကနေ ထွက်လာမည့်စကားတွေကို။

"မင်း အန်ကယ့်သားနား ကပ်နေတာကို ရပ်လိုက်တော့"

ဒါပဲ. .။ သူမကြားရဲတဲ့စကားနဲ့ ကြားရမယ်ဆိုတာ ကြိုသိနေတဲ့စကားတွေ။

"အန်ကယ်က အန်ကယ့်သားကို အများကြီး မျှော်လင့်ထားတာ တစ်ဦးတည်းသောသားမလို့ကို ငယ်ငယ်ကတည်းက စည်းကမ်းတကျပျိုးထောင်ခဲ့တာ တစ်ချိန်ကျရင် အန်ကယ့်ထက်ပိုတော်တဲ့ လီမျိုးဆက်ဖြစ်လာစေချင်တာ. . ခဏတာဆုံတဲ့လိင်တူအမျိုးသားတစ်ယောက်နဲ့ စိတ်ကစားပြီး ပျော်ပါးနေဖို့ မမျှော်လင့်ထားသလို လိုလည်းမလိုချင်ဘူး"

လီထယ်ယုံးအဖေ မင်းကိုတွေ့ချင်တယ်ဆိုပြီး စချိန်းဆိုလာကတည်းက ဒီလိုစကားတွေ ကြားရတော့မယ်ဆိုတာ သူကသိပြီးသား။

သားအတွက်ဆိုပြီး ခေါင်းစဥ်တပ်ထားတဲ့ စည်းကမ်းချက်၊ ပိတ်ပင်မှုတွေကြား ယုံးငယ်အဖေက သူ့သားမပျော်နေတာကိုကော သိရဲ့လားလို့ သူကအော်ဟစ်မေးလိုက်ချင်ခဲ့တာ။

"အန်ကယ်မပြောလည်း မင်းသိမှာပါ အန်ကယ့်သားက မင်းလိုလူနဲ့ ဘယ်လိုမှမဖြစ်သင့်ဘူး သားငယ်က ဂျင်အာလိုမိန်းကလေးနဲ့မှ လိုက်ဖက်တာ"

သူနဲ့ယုံးငယ်က အစကတည်းက မသင့်တော်၊ မလျော်ကန်တဲ့သူတွေမှန်း သိပြီးသားပေမဲ့ ကြာလေရုန်းမထွက်နိုင်လေ အချစ်နွံထဲ လုံးလုံးလျားလျား နစ်မြုပ်သွားပြီးတဲ့သူက တွဲထားရတဲ့လက်ကလေးကို လွတ်မချချင်နေတာ။

ပျော်ရသည်မဟုတ်ပေမဲ့ ဒီတစ်ဖက်သတ်ဆန်တဲ့ တွဲလက်ကလေးကို မြဲစေချင်တာ။

ယုံးငယ်ကလွတ်လွတ်ချသွားတဲ့ တွဲလက်ကလေးပေမဲ့ လိုအပ်လာလျှင် ယုံးငယ်ကိုယ်တိုင် အပြေးလေးလာတွဲတဲ့ တွဲလက်ကလေးလည်း ဖြစ်နေပြန်တော့ ဒီနေရာလေးမှာ ဒီအနေအထားလေးအတိုင်း ယုံးငယ်လိုလာလျှင် လာတွဲမှာကို စောင့်နေချင်တဲ့ တွဲလက်လေးတစ်ဖက်ဖြစ်နေတော့တာ အမှတ်မရှိစွာ. .။

လောဘရှိတဲ့လူသားပေမို့ တဖြည်းဖြည်းတက်လာတဲ့လောဘတွေကြား သူကလိုသုံးလေးဖြစ်ရလည်း ယုံးငယ်လက်ကို တွဲထားချင်တော့တာ တစ်သက်လုံး။

တိုးတက်လာတဲ့အခြေအနေကြားမှာ ပိုင်သူဆိုင်သူမဟုတ်တောင် ခပ်အိအိပါးလေးကို နမ်းရှိုက်ခွင့်အား တစ်သက်လုံးလိုချင်လာတော့တာလေ။

ဒီလိုတက်လာတဲ့လောဘတွေကြား ကောင်မလေးတစ်ယောက်လက်ကို တွဲထားတဲ့ယုံးငယ်နောက်ကနေ သူကမျှော်ငေးရင်းကို လိုက်နေတော့တာ။

ပင်ပန်းနေလည်း ၊ မပိုင်ဆိုင်ရမှန်းသိနေလည်း သူကဒီလိုမျိုး လွတ်မချလိုက်ချင်ပါဘူး။

"ရိုးရိုးရှင်းရှင်းနဲ့ အယဥ်ကျေးဆုံးပြောရရင် အန်ကယ့်စကားတွေကို သဘောမတူနိုင်လို့ ကျွန်တော်က တောင်းပန်ပါတယ်"

ဖိုင်ကိုပိတ်ချလိုက်ပြီး သူ့ကိုသေချာကြည့်လာတဲ့ လှောင်ရိပ်တွေနှင့်မျက်လုံးတွေကို တည့်စိုင်မကြည့်နိုင်တဲ့သူ. .။

"မင်းကမိဘမဲ့နော်"

လှောင်ပြုံးတွေ. .

ထပ်ပြီးဦးတည် ပြောလာမဲ့စကားတွေကို သူကကြိုသိနေခဲ့ပြန်သည်။

"လိုချင်တာပိုက်ဆံလား. .အန်ကယ်သားနားက ခွာမယ်ဆို မင်းလိုချင်တာထက် ပိုတဲ့စည်းစိမ်ကို ပေးမှာမလို့ အလိုက်တသိခွာပေးမလား အန်ကယ့်သားနားကနေလေ"

မိဘမဲ့ဖြစ်ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဘယ်သူတစ်ဦးတစ်ယောက်စီကမှ အချောင်လိုချင်စိတ်မရှိတဲ့သူက ပိုက်ဆံမရှိပေမဲ့ လူတစ်ယောက်ရှိသင့်တဲ့ မာနနဲ့သိက္ခာတရားတော့ ရှိပါတယ်။

အခုတော့. .မြင်လား ယုံးငယ် မင်းမချစ်တဲ့မောင့်သိက္ခာနဲ့မာနတွေက မင်းကိုချစ်မိတာကြောင့် မင်းအဖေရှေ့မှာ နင်းချခံနေရတာ။

မင်းအဖေကိုယ်တိုင် နင်းချလိုက်တဲ့ မောင့်မာနနဲ့သိက္ခာတွေကြောင့် မျက်ရည်ဟာကျလုမတတ်။

"အန်ကယ်. .ကျွန်တော်လိုချင်တာ ပိုက်ဆံလည်းမဟုတ်သလို ပစ္စည်းလည်းမဟုတ်ဘူး အရှင်းဆုံးပြောမယ်ဆိုရင် ကျွန်တော်လိုချင်တာက တစ်ခုတည်းပဲ အဲ့တာအန်ကယ် တယုတယနဲ့ စည်းကမ်းတင်းတင်းကျပ်ကျပ် ပျိုးထောင်ခဲ့တဲ့ အန်ကယ့်သား လီထယ်ယုံးပဲ!"

တဖြည်းဖြည်းနဲ့ ပိုကော့တက်လာတဲ့နှုတ်ခမ်းဖျားတွေအဆုံး ဟက်ခနဲရယ်သံတစ်ချက်။

"လိင်တူအချစ်တဲ့. .အစမှာတော့ ချစ်ပါသတဲ့ ကြိုက်ပါသတဲ့ မရရင်ဘဲ သေပါတော့မယ်ဆိုပြီး ရေရွတ်တတ်ကြတဲ့ သဘာဝဆန်ဆန် ချစ်သူရည်းစားတွေကြားတောင် ကြာလာရင် လမ်းခွဲကြမယ်ဆိုတာတွေ ဖြစ်လာတာ အန်ကယ့်ကိုယ်တွေ့ပဲကွ ဘယ်ပဲလိုချစ်နေပါတယ်ဆိုပါစေ တစ်ချိန်ကျ ကိုယ့်လမ်းကိုယ် သွားကြတဲ့သူတွေမှ ဒုနဲ့ဒေး. .အဲ့တော့"

ဒီတစ်ခါမှာတော့ စကားကိုမဆက်ဘဲ ရပ်လိုက်တဲ့ယုံးငယ်အဖေကို သူသေချာစွာစိုက်ကြည့်လိုက်သည်။

"လိင်တူအချစ်ဆိုတာကို အန်ကယ်ကပိုလို့တောင် မယုံသေးတယ်"

"ကျွန်တော်က အန်ကယ်တွေ့ဖူးတဲ့သူတွေလိုမဟုတ်ဘူး ယုံးငယ်ကိုတစ်သက်တာ ချစ်သွားမယ့်စိတ်၊ နှလုံးသားနဲ့ ယုံးငယ်ကိုချစ်တာဗျ!"

ကြည့်. .မင်းကိုတောင် သေချာမပြောပြရသေးတဲ့ မောင့်အချစ်တွေအကြောင်း မင်းအဖေကို ပြောပြနေရပြီ။

"မင်းကငယ်ပါသေးတယ် လောကကြီးအကြောင်း နောကျေအောင်လည်းမသိသေးသလို မင်းမကြုံတွေ့ရသေးတာတွေလည်း အများကြီး. .ကဲပါလေ အန်ကယ်လည်းအလုပ်ရှိသေးတော့ အများကြီးပြောမနေတော့ဘူးကွာ. .အန်ကယ်က သိပ်မကြာခင်မှာ သားကို ဂျင်အာလေးနဲ့နေရာချပေးတော့မှာ အချိန်အတိအကျဆို လာတော့မယ့်ခရစ္စမတ်နေ့ပေါ့ အခုအချိန်ဆို သားနဲ့ဂျင်အာလေးက လက်ထပ်လက်စွပ်တောင် ရွေးပြီးနေလောက်ပါပြီ"

ဒီနေ့ကျွန်တော်ကုမ္ပဏီမလာဘူး. .မိသားစုကိစ္စတစ်ခုရှိလို့ဆိုတဲ့ ယုံးငယ်ရဲ့စကားတွေကို ပြန်ကြားယောင်လာတဲ့သူ. .

မိသားစုကိစ္စဆိုတာက မကြာတော့တဲ့ မင်္ဂလာပွဲက သတို့သားနဲ့သတိုးသမီးအလောင်းအလျာတို့က လက်စွပ်သွားရွေးနေခြင်း ဆိုတာ သိလိုက်ရတော့ မရှိပါတဲ့မျှော်လင့်ချက်တွေပါ ရိုက်ချိုးခံလိုက်ရသလို။

"ဒီမှာ.."

သူ့ရှေ့ကိုတိုးပေးလာသော ရိုးရှင်းစွာနှင့် လှနေသော အဖြူရောင်ဖိတ်စာကဒ်လေးကို မမှိတ်မသုန်စိုက်ကြည့်လိုက်သည်။

"မင်းကချစ်ပါတယ်ဆိုပေမဲ့ အန်ကယ့်သားက အန်ကယ့်စကားကိုသိပ်နားထောင်တာကွ..အန်ကယ်ကသာပြောလိုက်ရင် မင်းကိုသူကလမ်းခွဲစကားပြောလာမှာ အန်ကယ့်ဘက်က မင်းကိုကြည့်ပြီး မင်းဘက်ကသိက္ခာမကျရအောင်လို့ မင်းကိုလမ်းခွဲပေးဖို့လာပြောတာ.."

သိက္ခာမကျရအောင်လို့တဲ့..

ထိုလူကြီးရဲ့ပြောစကားတွေအောက်က ကျိုးကြေနေတဲ့သူ့သိက္ခာတွေက သူ့ကိုလှောင်ပြနေသလို။

December 25 ဆိုတဲ့ Dateလေးကို ငေးရင်း သူကနောင်တရလာသည်။

သူ့အတွက်နေရာမရှိတဲ့ ဆူးပုံတဲ့ ဇွတ်တိုးဝင်မိပြီး တစ်နေရာလေးတော့ရှိမှာပါဆိုပြီး မျှော်လင့်နေမိတဲ့ သူ့ကိုသူ. .။

ပျော်ရွှင်မှုအစား သွေးမထွက်တဲ့အနာတရများအပြည့်နဲ့ နှလုံးသားကို အားနာရင်း. .။

ယုံးငယ်နဲ့တွေ့ဆုံမိတာအတွက် နောင်တတွေ တပွေ့တပိုက်။

တကယ်ယုံးငယ်. .မင်းနဲ့ဆုံတွေ့ရတာအတွက် မောင်နောင်တရတယ်. .။

မင်းကိုချစ်မိတဲ့အချစ်တွေအတွက်တော့ နောင်တဆိုတာ ဘယ်ဆီရယ်မှန်းမသိ. .။

ရူးပြီးရင်းရူး မိုက်ပြီးရင်းမိုက်တဲ့
မင်းမသိမမြင်ပေမဲ့ မင်းကိုတန်ဖိုးထားတဲ့
မောင်ဆိုတဲ့လူသားရဲ့ချစ်ခြင်းအနာတရတွေ. .။

..........။..........

*Zawgyi*

ေနာက္ဆုံးေသာ မမွတ္မိခ်င္ဆုံး အနာတရမ်ား

"ေဂ်ာင္ဂ်ယ္ဟြၽန္းေနာ္.."

သူ႕ေရွ႕က ေျခခ်ိတ္ထိုင္ေနေသာ အမ်ိဳးသားတစ္ေယာက္။

အမ်ိဳးသားဆိုတာထက္ လူႀကီးတစ္ေယာက္လို႔ေျပာရမလား။

ေစ်းႀကီးမွန္းသိသာသည့္ အဝတ္အစားေတြႏွင့္ ဖိုင္တစ္ခ်က္ကို မ်က္မွန္ေအာက္က တည္ၿငိမ္သည့္ မ်က္ဝန္းေတြက ေငးစိုက္လ်က္ရွိေနသည့္ ထိုလူႀကီးက အလိုလိုေနရင္း သူ႕ကိုရွိန္ေစပါသည္။

"ဟုတ္..ဟုတ္ပါတယ္"

စားပြဲေအာက္က လက္ေတြကိုဆုပ္နယ္ရင္းက ျပန္ေျဖသံသည္ တုန္ယင္ေနခဲ့တာက ေျပာလာမည္ေတြကို သိေနျခင္းေၾကာင့္။

မ်က္မွန္ေပၚကေန ေက်ာ္ၾကည့္လာသည့္ မ်က္ဝန္းေတြထဲ အထင္ေသးျခင္းႏွင့္ ႏွိမ့္ခ်ျခင္းေတြမ်ားစြာ။

သူႀကိဳသိေနသည္. .။ ထိုလူႀကီးႏႈတ္ကေန ထြက္လာမည့္စကားေတြကို။

"မင္း အန္ကယ့္သားနား ကပ္ေနတာကို ရပ္လိုက္ေတာ့"

ဒါပဲ. .။ သူမၾကားရဲတဲ့စကားနဲ႕ ၾကားရမယ္ဆိုတာ ႀကိဳသိေနတဲ့စကားေတြ။

"အန္ကယ္က အန္ကယ့္သားကို အမ်ားႀကီး ေမွ်ာ္လင့္ထားတာ တစ္ဦးတည္းေသာသားမလို႔ကို ငယ္ငယ္ကတည္းက စည္းကမ္းတက်ပ်ိဳးေထာင္ခဲ့တာ တစ္ခ်ိန္က်ရင္ အန္ကယ့္ထက္ပိုေတာ္တဲ့ လီမ်ိဳးဆက္ျဖစ္လာေစခ်င္တာ. . ခဏတာဆုံတဲ့လိင္တူအမ်ိဳးသားတစ္ေယာက္နဲ႕ စိတ္ကစားၿပီး ေပ်ာ္ပါးေနဖို႔ မေမွ်ာ္လင့္ထားသလို လိုလည္းမလိုခ်င္ဘူး"

လီထယ္ယုံးအေဖ မင္းကိုေတြ႕ခ်င္တယ္ဆိုၿပီး စခ်ိန္းဆိုလာကတည္းက ဒီလိုစကားေတြ ၾကားရေတာ့မယ္ဆိုတာ သူကသိၿပီးသား။

သားအတြက္ဆိုၿပီး ေခါင္းစဥ္တပ္ထားတဲ့ စည္းကမ္းခ်က္၊ ပိတ္ပင္မႈေတြၾကား ယုံးငယ္အေဖက သူ႕သားမေပ်ာ္ေနတာကိုေကာ သိရဲ႕လားလို႔ သူကေအာ္ဟစ္ေမးလိုက္ခ်င္ခဲ့တာ။

"အန္ကယ္မေျပာလည္း မင္းသိမွာပါ အန္ကယ့္သားက မင္းလိုလူနဲ႕ ဘယ္လိုမွမျဖစ္သင့္ဘူး သားငယ္က ဂ်င္အာလိုမိန္းကေလးနဲ႕မွ လိုက္ဖက္တာ"

သူနဲ႕ယုံးငယ္က အစကတည္းက မသင့္ေတာ္၊ မေလ်ာ္ကန္တဲ့သူေတြမွန္း သိၿပီးသားေပမဲ့ ၾကာေလ႐ုန္းမထြက္နိုင္ေလ အခ်စ္ႏြံထဲ လုံးလုံးလ်ားလ်ား နစ္ျမဳပ္သြားၿပီးတဲ့သူက တြဲထားရတဲ့လက္ကေလးကို လြတ္မခ်ခ်င္ေနတာ။

ေပ်ာ္ရသည္မဟုတ္ေပမဲ့ ဒီတစ္ဖက္သတ္ဆန္တဲ့ တြဲလက္ကေလးကို ၿမဲေစခ်င္တာ။

ယုံးငယ္ကလြတ္လြတ္ခ်သြားတဲ့ တြဲလက္ကေလးေပမဲ့ လိုအပ္လာလွ်င္ ယုံးငယ္ကိုယ္တိုင္ အေျပးေလးလာတြဲတဲ့ တြဲလက္ကေလးလည္း ျဖစ္ေနျပန္ေတာ့ ဒီေနရာေလးမွာ ဒီအေနအထားေလးအတိုင္း ယုံးငယ္လိုလာလွ်င္ လာတြဲမွာကို ေစာင့္ေနခ်င္တဲ့ တြဲလက္ေလးတစ္ဖက္ျဖစ္ေနေတာ့တာ အမွတ္မရွိစြာ. .။

ေလာဘရွိတဲ့လူသားေပမို႔ တျဖည္းျဖည္းတက္လာတဲ့ေလာဘေတြၾကား သူကလိုသုံးေလးျဖစ္ရလည္း ယုံးငယ္လက္ကို တြဲထားခ်င္ေတာ့တာ တစ္သက္လုံး။

တိုးတက္လာတဲ့အေျခအေနၾကားမွာ ပိုင္သူဆိုင္သူမဟုတ္ေတာင္ ခပ္အိအိပါးေလးကို နမ္းရွိုက္ခြင့္အား တစ္သက္လုံးလိုခ်င္လာေတာ့တာေလ။

ဒီလိုတက္လာတဲ့ေလာဘေတြၾကား ေကာင္မေလးတစ္ေယာက္လက္ကို တြဲထားတဲ့ယုံးငယ္ေနာက္ကေန သူကေမွ်ာ္ေငးရင္းကို လိုက္ေနေတာ့တာ။

ပင္ပန္းေနလည္း ၊ မပိုင္ဆိုင္ရမွန္းသိေနလည္း သူကဒီလိုမ်ိဳး လြတ္မခ်လိဳက္ခ်င္ပါဘူး။

"ရိုးရိုးရွင္းရွင္းနဲ႕ အယဥ္ေက်းဆုံးေျပာရရင္ အန္ကယ့္စကားေတြကို သေဘာမတူနိုင္လို႔ ကြၽန္ေတာ္က ေတာင္းပန္ပါတယ္"

ဖိုင္ကိုပိတ္ခ်လိဳက္ၿပီး သူ႕ကိုေသခ်ာၾကည့္လာတဲ့ ေလွာင္ရိပ္ေတြႏွင့္မ်က္လုံးေတြကို တည့္စိုင္မၾကည့္နိုင္တဲ့သူ. .။

"မင္းကမိဘမဲ့ေနာ္"

ေလွာင္ၿပဳံးေတြ. .

ထပ္ၿပီးဦးတည္ ေျပာလာမဲ့စကားေတြကို သူကႀကိဳသိေနခဲ့ျပန္သည္။

"လိုခ်င္တာပိုက္ဆံလား. .အန္ကယ္သားနားက ခြာမယ္ဆို မင္းလိုခ်င္တာထက္ ပိုတဲ့စည္းစိမ္ကို ေပးမွာမလို႔ အလိုက္တသိခြာေပးမလား အန္ကယ့္သားနားကေနေလ"

မိဘမဲ့ျဖစ္ခဲ့ေပမဲ့ ဘယ္တုန္းကမွ ဘယ္သူတစ္ဦးတစ္ေယာက္စီကမွ အေခ်ာင္လိုခ်င္စိတ္မရွိတဲ့သူက ပိုက္ဆံမရွိေပမဲ့ လူတစ္ေယာက္ရွိသင့္တဲ့ မာနနဲ႕သိကၡာတရားေတာ့ ရွိပါတယ္။

အခုေတာ့. .ျမင္လား ယုံးငယ္ မင္းမခ်စ္တဲ့ေမာင့္သိကၡာနဲ႕မာနေတြက မင္းကိုခ်စ္မိတာေၾကာင့္ မင္းအေဖေရွ႕မွာ နင္းခ်ခံေနရတာ။

မင္းအေဖကိုယ္တိုင္ နင္းခ်လိဳက္တဲ့ ေမာင့္မာနနဲ႕သိကၡာေတြေၾကာင့္ မ်က္ရည္ဟာက်လဳမတတ္။

"အန္ကယ္. .ကြၽန္ေတာ္လိုခ်င္တာ ပိုက္ဆံလည္းမဟုတ္သလို ပစၥည္းလည္းမဟုတ္ဘူး အရွင္းဆုံးေျပာမယ္ဆိုရင္ ကြၽန္ေတာ္လိုခ်င္တာက တစ္ခုတည္းပဲ အဲ့တာအန္ကယ္ တယုတယနဲ႕ စည္းကမ္းတင္းတင္းက်ပ္က်ပ္ ပ်ိဳးေထာင္ခဲ့တဲ့ အန္ကယ့္သား လီထယ္ယုံးပဲ!"

တျဖည္းျဖည္းနဲ႕ ပိုေကာ့တက္လာတဲ့ႏႈတ္ခမ္းဖ်ားေတြအဆုံး ဟက္ခနဲရယ္သံတစ္ခ်က္။

"လိင္တူအခ်စ္တဲ့. .အစမွာေတာ့ ခ်စ္ပါသတဲ့ ႀကိဳက္ပါသတဲ့ မရရင္ဘဲ ေသပါေတာ့မယ္ဆိုၿပီး ေရ႐ြတ္တတ္ၾကတဲ့ သဘာဝဆန္ဆန္ ခ်စ္သူရည္းစားေတြၾကားေတာင္ ၾကာလာရင္ လမ္းခြဲၾကမယ္ဆိုတာေတြ ျဖစ္လာတာ အန္ကယ့္ကိုယ္ေတြ႕ပဲကြ ဘယ္ပဲလိုခ်စ္ေနပါတယ္ဆိုပါေစ တစ္ခ်ိန္က် ကိုယ့္လမ္းကိုယ္ သြားၾကတဲ့သူေတြမွ ဒုနဲ႕ေဒး. .အဲ့ေတာ့"

ဒီတစ္ခါမွာေတာ့ စကားကိုမဆက္ဘဲ ရပ္လိုက္တဲ့ယုံးငယ္အေဖကို သူေသခ်ာစြာစိုက္ၾကည့္လိုက္သည္။

"လိင္တူအခ်စ္ဆိုတာကို အန္ကယ္ကပိုလို႔ေတာင္ မယုံေသးတယ္"

"ကြၽန္ေတာ္က အန္ကယ္ေတြ႕ဖူးတဲ့သူေတြလိုမဟုတ္ဘူး ယုံးငယ္ကိုတစ္သက္တာ ခ်စ္သြားမယ့္စိတ္၊ ႏွလုံးသားနဲ႕ ယုံးငယ္ကိုခ်စ္တာဗ်!"

ၾကည့္. .မင္းကိုေတာင္ ေသခ်ာမေျပာျပရေသးတဲ့ ေမာင့္အခ်စ္ေတြအေၾကာင္း မင္းအေဖကို ေျပာျပေနရၿပီ။

"မင္းကငယ္ပါေသးတယ္ ေလာကႀကီးအေၾကာင္း ေနာေက်ေအာင္လည္းမသိေသးသလို မင္းမႀကဳံေတြ႕ရေသးတာေတြလည္း အမ်ားႀကီး. .ကဲပါေလ အန္ကယ္လည္းအလုပ္ရွိေသးေတာ့ အမ်ားႀကီးေျပာမေနေတာ့ဘူးကြာ. .အန္ကယ္က သိပ္မၾကာခင္မွာ သားကို ဂ်င္အာေလးနဲ႕ေနရာခ်ေပးေတာ့မွာ အခ်ိန္အတိအက်ဆိဳ လာေတာ့မယ့္ခရစၥမတ္ေန႕ေပါ့ အခုအခ်ိန္ဆို သားနဲ႕ဂ်င္အာေလးက လက္ထပ္လက္စြပ္ေတာင္ ေ႐ြးၿပီးေနေလာက္ပါၿပီ"

ဒီေန႕ကြၽန္ေတာ္ကုမၸဏီမလာဘူး. .မိသားစုကိစၥတစ္ခုရွိလို႔ဆိုတဲ့ ယုံးငယ္ရဲ႕စကားေတြကို ျပန္ၾကားေယာင္လာတဲ့သူ. .

မိသားစုကိစၥဆိုတာက မၾကာေတာ့တဲ့ မဂၤလာပြဲက သတို႔သားနဲ႕သတိုးသမီးအေလာင္းအလ်ာတို႔က လက္စြပ္သြားေ႐ြးေနျခင္း ဆိုတာ သိလိုက္ရေတာ့ မရွိပါတဲ့ေမွ်ာ္လင့္ခ်က္ေတြပါ ရိုက္ခ်ိဳးခံလိုက္ရသလို။

"ဒီမွာ.."

သူ႕ေရွ႕ကိုတိုးေပးလာေသာ ရိုးရွင္းစြာႏွင့္ လွေနေသာ အျဖဴေရာင္ဖိတ္စာကဒ္ေလးကို မမွိတ္မသုန္စိုက္ၾကည့္လိုက္သည္။

"မင္းကခ်စ္ပါတယ္ဆိုေပမဲ့ အန္ကယ့္သားက အန္ကယ့္စကားကိုသိပ္နားေထာင္တာကြ..အန္ကယ္ကသာေျပာလိုက္ရင္ မင္းကိုသူကလမ္းခြဲစကားေျပာလာမွာ အန္ကယ့္ဘက္က မင္းကိုၾကည့္ၿပီး မင္းဘက္ကသိကၡာမက်ရေအာင္လို႔ မင္းကိုလမ္းခြဲေပးဖို႔လာေျပာတာ.."

သိကၡာမက်ရေအာင္လို႔တဲ့..

ထိုလူႀကီးရဲ႕ေျပာစကားေတြေအာက္က က်ိဳးေၾကေနတဲ့သူ႕သိကၡာေတြက သူ႕ကိုေလွာင္ျပေနသလို။

December 25 ဆိုတဲ့ Dateေလးကို ေငးရင္း သူကေနာင္တရလာသည္။

သူ႕အတြက္ေနရာမရွိတဲ့ ဆူးပုံတဲ့ ဇြတ္တိုးဝင္မိၿပီး တစ္ေနရာေလးေတာ့ရွိမွာပါဆိုၿပီး ေမွ်ာ္လင့္ေနမိတဲ့ သူ႕ကိုသူ. .။

ေပ်ာ္႐ႊင္မႈအစား ေသြးမထြက္တဲ့အနာတရမ်ားအျပည့္နဲ႕ ႏွလုံးသားကို အားနာရင္း. .။

ယုံးငယ္နဲ႕ေတြ႕ဆုံမိတာအတြက္ ေနာင္တေတြ တေပြ႕တပိုက္။

တကယ္ယုံးငယ္. .မင္းနဲ႕ဆုံေတြ႕ရတာအတြက္ ေမာင္ေနာင္တရတယ္. .။

မင္းကိုခ်စ္မိတဲ့အခ်စ္ေတြအတြက္ေတာ့ ေနာင္တဆိုတာ ဘယ္ဆီရယ္မွန္းမသိ. .။

႐ူးၿပီးရင္း႐ူး မိုက္ၿပီးရင္းမိုက္တဲ့
မင္းမသိမျမင္ေပမဲ့ မင္းကိုတန္ဖိုးထားတဲ့
ေမာင္ဆိုတဲ့လူသားရဲ႕ခ်စ္ျခင္းအနာတရေတြ. .။

..........။..........

Continue Reading

You'll Also Like

164K 5.7K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
240K 8.6K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
480K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...