Don't Run away!My little Omega

By Neko_san_ZP

55K 7.6K 517

Started date:10.9.2022 Omegaverse More

Chapter-0(ကူးေျပာင္းျခင္း)
Chapter -1(အတိတ္ေမ့မယ္ အတိတ္ေမ့မယ္)
Chapter -2(ေ႐ွး/ရှေး)
Chapter -3(ကြၽန္ေတာ္က ေၾကာင္နတ္ဘုရားေလ)
Chapter -4(သုတျမဲ/သုတမြဲ)
Chapter -5(Mate)
Chapter - 7(မာန္ႏွစ္မာန္)
Chapter -8
Chapter -9 (သူရဲေကာင္းအတြဲတဲ့လား ဟ!)
Chapter -10
Chapter -11(ညဏ်ခေတ်တလွန်)
Chapter -12
Chapter -13
Chapter -14
Chapter-15
Chapter-16
Chapter-17
Chapter-18

Chapter -6(ဆုိးလြန္းတဲ့ကိုကုိ)

3.4K 543 22
By Neko_san_ZP

Zawgyi

ေႏွာင္းေတးမာန္ အိမ္ေရာက္တဲ့အခ်ိန္က်မွ သက္ျပင္းခ်ႏိုင္ေတာ့သည္၊ဘယ္လိုေတာ ေၾကာက္စရာေကာင္းတဲ့အေျခအေနကို ၾကံဳခဲ့ရတာလဲဟ၊

ပံုမွန္ အေျခအေနဆုိ ေႏွာင္းေတးမာန္ ဒီေလာက္ထိ ႐ုပ္ေပါက္မ်ားမဟုတ္ေပ၊ေဟာ္မုန္းဓာတ္ကို ပထမဆံုးအႀကိမ္ ရ႐ွိဖူးၿပီး အိုမီဂါဗီဇအရ တစ္ဖက္ကလူအေပၚ တိမ္းၫႊတ္ကာေၾကာက္လန္႔သြားမိတာ မဆန္းက်ယ္ေပ၊တစ္ဖက္လူကေန ထြက္ေပၚလာတဲ့ေဟာ္မုန္းဟာ အခ်ိန္မေရြးသတ္ျဖတ္ေတာ့မည့္အ႐ိုင္းသားရဲတစ္ေကာင္လိုပင္၊ ျပင္းထတ္ၿပီး ရက္စက္လွတဲ့အ႐ွိန္အဝါ႐ွိသည္၊

သူ႔တို႔မိသားစုမွာလည္း အစ္ကိုနဲ႔အစ္မဟာ အယ္လ္ဖာေပမယ့္ မိသားစုဝင္ခ်င္းျဖစ္တာေၾကာင့္ ေဟာ္မုန္းသက္ေရာက္မႈေတြမ႐ွိသလို ေ႐ွးေခတ္လကၤာဟာလည္း ေဟာ္မုန္းဓာတ္ကို သူေ႐ွ႕တြင္ မထုတ္လြင့္ဖူးေပ၊ဒါေၾကာင့္ ထိုလူဆီက ရ႐ွိသည့္ေဟာ္မုန္းဓာတ္ဟာ ေႏွာင္းေတးမာန္အား ခံစားခ်က္မ်ိဳးစံုျဖစ္ေပၚသြားေစတာ အမွန္ေပ၊

"မင္းက ကိုယ္mateပဲ"
ထိုလူေျပာခဲ့တဲ့စကားသံဟာ နားထဲၾကားေယာင္ေနဆဲပင္၊ထြက္ေျပးလာၿပီးမွ သတိရမိလိုက္တာ တစ္ဖက္ကအယ္လ္ဖာရဲ႕႐ုပ္ကို မၾကည့္မိခဲ့ျခင္းပဲ၊အနည္းဆံုးေတာ့ အဆင္လား မဆင္လား သိခ်င္တာေပါ့ဗ်ာ၊

ေနဦး၊ငါက AOBအေၾကာင္းသိေပမယ့္ အခုက လက္ေတြ႔ဘဝျဖစ္ေနတာဆုိေတာ့ ငါတို႔ထင္သလိုမဟုတ္ရင္ ဘယ္လိုလုပ္မလဲ၊ mate နဲ႔ပတ္သတ္ၿပီး ႐ွာၾကည့္ရမယ္၊

အေတြးေတြနဲ႔အတူ စာၾကည့္စားပြဲမွာထိုင္လိုက္ၿပီး လက္ေတာ့ပ္ကိုဖြင့္လိုက္ၿပီး 'Mateဆိုတာ ဘယ္လိုမ်ိဳးလဲ' ဆုိၿပီး ႐ိုက္ထည့္ကည ႐ွာေဖြလိုက္သည္။

Mateဆုိတာ ကံၾကမၼာနတ္ဘုရားက သင္တို႔ရဲ႕ဖူးစာေရးကံၾကမၼာကို ႀကိဳးနီနဲ႔ေရးဆြဲေပးထားသလို တူညီလွတယ္၊သင္တို႔က တစ္ေယာက္နဲ႔တစ္ေယာက္စံုေတြ႔တဲ့ခ်ိန္မွာ အယ္ဖာဆီကေန ျပင္းထန္တဲ့ေဟာ္မုန္းတုန္႔ျပန္မႈထြက္ေပၚလာတတ္ၿပီး တစ္ဖက္အိုမီဂါကို အားနည္းေစတယ္၊ႏွစ္ေယာက္လံုး အသားခ်င္းထိေတြ႔တဲ့ခ်န္မွာ ထူးဆန္းတဲ့ျဖစ္အင္ကို ခံစားမိၿပီဆုိရင္ ဂုဏ္ယူပါတယ္ သူက သင့္ကံၾကမၼာတြဲဖက္ပါပဲ၊ ကံၾကမၼာကတြဲဖက္ထားတဲ့အတြဲေတြဟာ တစ္ဖက္သူ ကိုယ့္တြဲဖက္ မေသမခ်င္း သူတို႔ရဲ႕ခ်ိတ္ဆက္မႈက ဆက္လက္တည္႐ွိေနတတ္သည္၊

ေႏွာင္းေတးမာန္ အခ်က္အလက္ေတြကို ဖတ္ၿပီးေနာက္မွာ သိပ္ကြဲျပားမႈမ႐ွိတာကို ေတြ႔လိုက္ရသည္၊

'mates'မ႐ူးစမ္းပါနဲ႔...၊အိုမီဂါခႏၶာကိုယ္ထဲ ေရာက္လာရင္ေတာင္ အယ္ဖာတစ္ေယာက္ကို လက္ထပ္ရမယ္တဲ့လား၊botထိုင္ေပးတဲ့အယ္ဖာဆုိ တစ္မ်ိဳးေပါ့၊ ေႏွာင္းေတးမာန္မေက်နပ္ေတြးလိုက္ၿပီးေနာက္မွာ လက္ေတာ့ပ္ကို ပိတ္ခ်လိုက္ေတာ့သည္၊

ႏွာေခါင္းထဲ စြဲေနတဲ့ေဟာ္မုန္းရနံ႔ကေတာ့ မေပ်ာက္ပ်က္သြားေပ၊သူရဲ႕အက်ႌေပၚမွာေတာင္ စြဲကပ္ေနေသးသလိုပင္၊ေႏွာင္းေတးမာန္ အက်ႌကိုခြၽတ္လိုက္ၿပီး ျပင္းျပင္းထန္ထန္အမူအရာျဖင့္ ႏွာတ႐ႈံ့႐ွံ႔နဲ႔႐ွဴမိၿပီးေနာက္ မ်က္ႏွာရဲတက္သြားကာ အက်ႌကို လႊတ္ပစ္လိုက္ေတာ့သည္၊

"ငါလည္း လူစင္စစ္ကေန ေခြးျဖစ္သြားတာပဲလား!!!!"
---------------
ေနာက္တစ္ေန႔မွေတာ့ ေႏွာင္းေတးမာန္ဟာ ေအာက္ထပ္ကိုဆင္းလာကာ မနက္စာစားေတာ့သည္၊အုန္းႏို႔ေခါက္ဆြဲရနံ႔ဟာ သူရဲ႕အစာအိမ္ကို လႈပ္ေဆာ္ေပးေနတာ အမွန္ေပ၊

မေန႔ညက အိပ္ရာဝင္တာေနာက္က်သြားတာေၾကာင့္ စိတ္ဟာမၾကည္မလင္ျဖစ္ေနေပမယ့္ အစားအေသာက္အနံ႔ကိုရေတာ့ ျပန္လည္ၾကည္လင္သြားေတာ့သည္၊ေႏွာင္းေတးမာန္ဟာ အိပ္ယာနည္းနည္းထတာ​ေနာက္က်သြားတာေၾကာင့္ မနက္စာဟာ သူတစ္ေယာက္တည္းအတြက္သာ ျပင္ဆင္ထားေၾကာင္းေတြ႔လိုက္သည္၊

အေငြ႔တေထာင္းေထာင္းထေနတဲ့အုန္းႏို႔ေခါက္ဆြဲ၊ႏြားႏို႔နဲ႔အတူ အီၾကာေကြး၊ကြက္တီးတို႔ကိုပါ ခ်ထားေပးတာကို ေတြ႔လိုက္ရသည္၊ေႏွာင္းေတးမာန္ဟာ အုန္းႏို႔ေခါက္ဆြဲပန္းကန္ကို ဆြဲယူလိုက္ၿပီး င႐ုတ္သီးမႈန္႔ႏွစ္ဇြန္းထည့္လိုက္သည္၊

ထိုအျပဳအမူဟာ ေဘးက အိမ္ေဖာ္မေလးကိုေတာ့ အံ့အားသင့္သြားေစတာအမွန္ေပ၊ကာယကံ႐ွင္ကေတာ့ ဂ႐ုမစိုက္သလိုဘဲ ထည့္စရာ႐ွိတာ ထည့္ၿပီးေနာက္မွာ အုန္းႏို႔ေခါက္ဆြဲကို ခရင္းျဖင့္ အလုတ္ႀကီးႀကီးခပ္လိုက္ၿပီး အားရပါးရစားေလာက္ေတာ့သည္၊ထိုေနာက္မွာေတာ့ တလုတ္ၿပီးတစ္လုတ္စားလိုက္တာ ပန္းကန္ပါေျပာင္သြားၿပီး ေဘးနားက ႏြားႏို႔ကို ယူကာေသာက္လိုက္သည္၊

ေႏွာင္းေတးမာန္ဟာ အစားႀကီးသူတစ္ေယာက္မဟုတ္ေပမယ့္ ဒီပါေခတ္ကေတာ့ အစားႀကီးလွသည္၊သူဟာ စားရလြယ္ေအာင္ ညႇပ္ေပးထားတဲ့အီၾကာေကြးကို တစ္ခုၿပီးတစ္ခု ခရင္းနဲ႔ထိုးကာ စားလိုက္ ႏြားႏို႔ေသာက္လိုက္လုပ္ရင္း အကုန္ကုန္သြားမွ ထသြားေတာ့သည္၊ကြက္တီးကိုေတာ့ လံုးဝမထိခဲ့ေပ၊

စားလို႔ေသာက္လို႔ ၿပီးသြားၿပီးေနာက္မွာ ဒီေန႔ၿပိဳင္ပြဲကို အေမာင္ေႏွာင္းေတးမာန္ဟာ သတိရသြားေတာ့သည္၊ၿပိဳင္ပြဲဟာ ႏွစ္နာရီစတင္မွာျဖစ္ၿပီး ဆယ္နာရီေတာ့ထိုးေနၿပီျဖစ္သည္။ဒါေၾကာင့္ အိမ္ေပၚ အျမန္ေျပးတက္သြားၿပီး အဝတ္အစားလဲကာ လြယ္အိတ္လွမ္းဆြဲၿပီး ေက်ာင္းဆီ ကားနဲ႔ေျပးရျပန္သည္၊

သူေရာက္လာခ်ိန္မွာ ၿပိဳင္ပြဲဝင္ေတြသာမက အကုန္လံုးနီးပါးဟာ အလုပ္႐ႈပ္ေနတာ အမွန္ေပ၊သူ႔ကိုလည္း ဂ႐ုမထားႏိုင္စြာ အကုန္လံုး လုပ္စရာ႐ွိတာ လုပ္ေနက်ေတာ့သည္၊ေႏွာင္းေတးမာန္လည္း လြယ္အိတ္ကို ခ်လိုက္ၿပီး ေႏွာင္းေတးမာန္ေရြးခ်ယ္ထားတဲ့သီခ်င္းကိုၾကည့္ရင္း စာရြက္ကိုေတာင္ ျဖဲပစ္လိုက္ခ်င္သြားသည္၊

ေႏွာင္းေတးမာန္အသံဟာ ၾကည္လင္ၿပီး နားေထာင္ရတာေကာင္းသည္၊ဒါေပမယ့္ key ျမင့္ျမင့္ကို ခဏခဏဆိုလို႔ေကာင္းသည့္အသံမ်ိဳးမဟုတ္ေပ၊ဘာလို႔လဲဆုိေတာ့ ေႏွာင္းေတးမာန္ဟာ ငယ္ငယ္တုန္းက ႀကီးမားတဲ့ထိခိုက္မႈျဖစ္ဖူးၿပီး အသံအိုးပ်က္စီးလုျဖစ္ခဲ့ၿပီး Key Highေတြ ဆုိမရေပ၊ဒါဟာ သူရဲ႕အသံအိုးကို တစ္ဖန္ဖ်က္စီးလိုက္သလိုပင္၊

အျခားတစ္ပုဒ္ေရြးခ်ယ္ရေတာ့မွာေပါ့၊ေတာ္ေသးတာ တစ္ခုက ဒီပါေခတ္ဟာ သီခ်င္းသံုးေလးပုဒ္ေတာ့ ေကာင္းစြာဆုိတတ္သည္၊ဒါေၾကာင့္ သူဟာ ဘယ္သီခ်င္းဟာ ေရြးခ်ယ္လို႔အေကာင္းဆံုးလဲ ေတြးေနခ်ိန္မွာ ဇာတ္လမ္းထဲက အေၾကာင္းအရာတစ္ခ်ိဳ႕ကို သြားသတိရသြားေတာ့သည္၊

သုတျမဲေရြးခ်ယ္ခဲ့တဲ့သီခ်င္းဟာ "ေငြမ်ွင္ေရာင္ ပက္ျဖန္းတဲ့ည"ဆုိတဲ့ သီခ်င္းျဖစ္သည္၊ထိုသီခ်င္းထဲက စာသားမ်ားဟာ ေ႐ွးေခတ္လကၤာကို ခ်စ္ေၾကာင္းဆုိထားတာနဲ႔ကိုက္ညီလွၿပီး တိတ္တိတ္ေလးခ်စ္ေနရတဲ့ေကာင္ေလးရယ္၊ေတာက္ပေနတဲ့လမင္းအေၾကာင္းပါဝင္ဖြဲ႔ဆိုထားျခင္းျဖစ္သည္၊

အဲ့ႏွစ္ေယာက္ကို ေႏွာင္းေတးမာန္ စိတ္မဝင္စားေပမယ့္ အလြတ္ေပးမယ္လို႔ေတာ့ မဆိုလိုပင္၊နည္းနည္းေတာ့ စိတ္ဒုကၡေပးၿပီးမွ သူတို႔ဘာသာ ဆက္တြဲခ်င္တြဲ မတြဲခ်င္ေနေပါ့၊ဒါေပမယ့္ ေ႐ွးေခတ္လကၤာကိုေတာ့ နာမည္ပ်က္စာရင္းေတာ့ ရေအာင္သြင္းပစ္မွာ အမွန္ေပ။

ေႏွာင္းေတးမာန္ရဲ႕မ်က္လံုးအေရာင္မ်ားဟာ ေတာက္ပေနၿပီးေနာက္မွာ သူဟာ 2034ခုနွစ္နားက ေခတ္စားခဲ့တဲ့သီခ်င္းတစ္ပုဒ္ကိုေရြးခ်ယ္လိုက္ေတာ့သည္။

"ဆိုးလြန္းတဲ့ကိုကို"

-*-*-*-*-*-*-*-*-*-*-*
Unicode

Chapter -6(ဆိုးလွန်းတဲ့ကိုကို)

နှောင်းတေးမာန် အိမ်ရောက်တဲ့အချိန်ကျမှ သက်ပြင်းချနိုင်တော့သည်၊ဘယ်လိုတော ကြောက်စရာကောင်းတဲ့အခြေအနေကို ကြုံခဲ့ရတာလဲဟ၊

ပုံမှန် အခြေအနေဆို နှောင်းတေးမာန် ဒီလောက်ထိ ရုပ်ပေါက်များမဟုတ်ပေ၊ဟော်မုန်းဓာတ်ကို ပထမဆုံးအကြိမ် ရရှိဖူးပြီး အိုမီဂါဗီဇအရ တစ်ဖက်ကလူအပေါ် တိမ်းညွှတ်ကာကြောက်လန့်သွားမိတာ မဆန်းကျယ်ပေ၊တစ်ဖက်လူကနေ ထွက်ပေါ်လာတဲ့ဟော်မုန်းဟာ အချိန်မရွေးသတ်ဖြတ်တော့မည့်အရိုင်းသားရဲတစ်ကောင်လိုပင်၊ ပြင်းထတ်ပြီး ရက်စက်လှတဲ့အရှိန်အဝါရှိသည်၊

သူ့တို့မိသားစုမှာလည်း အစ်ကိုနဲ့အစ်မဟာ အယ်လ်ဖာပေမယ့် မိသားစုဝင်ချင်းဖြစ်တာကြောင့် ဟော်မုန်းသက်ရောက်မှုတွေမရှိသလို ရှေးခေတ်လင်္ကာဟာလည်း ဟော်မုန်းဓာတ်ကို သူရှေ့တွင် မထုတ်လွင့်ဖူးပေ၊ဒါကြောင့် ထိုလူဆီက ရရှိသည့်ဟော်မုန်းဓာတ်ဟာ နှောင်းတေးမာန်အား ခံစားချက်မျိုးစုံဖြစ်ပေါ်သွားစေတာ အမှန်ပေ၊

"မင်းက ကိုယ်mateပဲ"
ထိုလူပြောခဲ့တဲ့စကားသံဟာ နားထဲကြားယောင်နေဆဲပင်၊ထွက်ပြေးလာပြီးမှ သတိရမိလိုက်တာ တစ်ဖက်ကအယ်လ်ဖာရဲ့ရုပ်ကို မကြည့်မိခဲ့ခြင်းပဲ၊အနည်းဆုံးတော့ အဆင်လား မဆင်လား သိချင်တာပေါ့ဗျာ၊

နေဦး၊ငါက AOBအကြောင်းသိပေမယ့် အခုက လက်တွေ့ဘဝဖြစ်နေတာဆိုတော့ ငါတို့ထင်သလိုမဟုတ်ရင် ဘယ်လိုလုပ်မလဲ၊ mate နဲ့ပတ်သတ်ပြီး ရှာကြည့်ရမယ်၊

အတွေးတွေနဲ့အတူ စာကြည့်စားပွဲမှာထိုင်လိုက်ပြီး လက်တော့ပ်ကိုဖွင့်လိုက်ပြီး 'Mateဆိုတာ ဘယ်လိုမျိုးလဲ' ဆိုပြီး ရိုက်ထည့်ကည ရှာဖွေလိုက်သည်။

Mateဆိုတာ ကံကြမ္မာနတ်ဘုရားက သင်တို့ရဲ့ဖူးစာရေးကံကြမ္မာကို ကြိုးနီနဲ့ရေးဆွဲပေးထားသလို တူညီလှတယ်၊သင်တို့က တစ်ယောက်နဲ့တစ်ယောက်စုံတွေ့တဲ့ချိန်မှာ အယ်ဖာဆီကနေ ပြင်းထန်တဲ့ဟော်မုန်းတုန့်ပြန်မှုထွက်ပေါ်လာတတ်ပြီး တစ်ဖက်အိုမီဂါကို အားနည်းစေတယ်၊နှစ်ယောက်လုံး အသားချင်းထိတွေ့တဲ့ချန်မှာ ထူးဆန်းတဲ့ဖြစ်အင်ကို ခံစားမိပြီဆိုရင် ဂုဏ်ယူပါတယ် သူက သင့်ကံကြမ္မာတွဲဖက်ပါပဲ၊ ကံကြမ္မာကတွဲဖက်ထားတဲ့အတွဲတွေဟာ တစ်ဖက်သူ ကိုယ့်တွဲဖက် မသေမချင်း သူတို့ရဲ့ချိတ်ဆက်မှုက ဆက်လက်တည်ရှိနေတတ်သည်၊

နှောင်းတေးမာန် အချက်အလက်တွေကို ဖတ်ပြီးနောက်မှာ သိပ်ကွဲပြားမှုမရှိတာကို တွေ့လိုက်ရသည်၊

'mates'မရူးစမ်းပါနဲ့...၊အိုမီဂါခန္ဓာကိုယ်ထဲ ရောက်လာရင်တောင် အယ်ဖာတစ်ယောက်ကို လက်ထပ်ရမယ်တဲ့လား၊botထိုင်ပေးတဲ့အယ်ဖာဆို တစ်မျိုးပေါ့၊ နှောင်းတေးမာန်မကျေနပ်တွေးလိုက်ပြီးနောက်မှာ လက်တော့ပ်ကို ပိတ်ချလိုက်တော့သည်၊

နှာခေါင်းထဲ စွဲနေတဲ့ဟော်မုန်းရနံ့ကတော့ မပျောက်ပျက်သွားပေ၊သူရဲ့အကျႌပေါ်မှာတောင် စွဲကပ်နေသေးသလိုပင်၊နှောင်းတေးမာန် အကျႌကိုချွတ်လိုက်ပြီး ပြင်းပြင်းထန်ထန်အမူအရာဖြင့် နှာတရှုံ့ရှံ့နဲ့ရှူမိပြီးနောက် မျက်နှာရဲတက်သွားကာ အကျႌကို လွှတ်ပစ်လိုက်တော့သည်၊

"ငါလည်း လူစင်စစ်ကနေ ခွေးဖြစ်သွားတာပဲလား!!!!"
---------------
နောက်တစ်နေ့မှတော့ နှောင်းတေးမာန်ဟာ အောက်ထပ်ကိုဆင်းလာကာ မနက်စာစားတော့သည်၊အုန်းနို့ခေါက်ဆွဲရနံ့ဟာ သူရဲ့အစာအိမ်ကို လှုပ်ဆော်ပေးနေတာ အမှန်ပေ၊

မနေ့ညက အိပ်ရာဝင်တာနောက်ကျသွားတာကြောင့် စိတ်ဟာမကြည်မလင်ဖြစ်နေပေမယ့် အစားအသောက်အနံ့ကိုရတော့ ပြန်လည်ကြည်လင်သွားတော့သည်၊နှောင်းတေးမာန်ဟာ အိပ်ယာနည်းနည်းထတာ​နောက်ကျသွားတာကြောင့် မနက်စာဟာ သူတစ်ယောက်တည်းအတွက်သာ ပြင်ဆင်ထားကြောင်းတွေ့လိုက်သည်၊

အငွေ့တထောင်းထောင်းထနေတဲ့အုန်းနို့ခေါက်ဆွဲ၊နွားနို့နဲ့အတူ အီကြာကွေး၊ကွက်တီးတို့ကိုပါ ချထားပေးတာကို တွေ့လိုက်ရသည်၊နှောင်းတေးမာန်ဟာ အုန်းနို့ခေါက်ဆွဲပန်းကန်ကို ဆွဲယူလိုက်ပြီး ငရုတ်သီးမှုန့်နှစ်ဇွန်းထည့်လိုက်သည်၊

ထိုအပြုအမူဟာ ဘေးက အိမ်ဖော်မလေးကိုတော့ အံ့အားသင့်သွားစေတာအမှန်ပေ၊ကာယကံရှင်ကတော့ ဂရုမစိုက်သလိုဘဲ ထည့်စရာရှိတာ ထည့်ပြီးနောက်မှာ အုန်းနို့ခေါက်ဆွဲကို ခရင်းဖြင့် အလုတ်ကြီးကြီးခပ်လိုက်ပြီး အားရပါးရစားလောက်တော့သည်၊ထိုနောက်မှာတော့ တလုတ်ပြီးတစ်လုတ်စားလိုက်တာ ပန်းကန်ပါပြောင်သွားပြီး ဘေးနားက နွားနို့ကို ယူကာသောက်လိုက်သည်၊

နှောင်းတေးမာန်ဟာ အစားကြီးသူတစ်ယောက်မဟုတ်ပေမယ့် ဒီပါခေတ်ကတော့ အစားကြီးလှသည်၊သူဟာ စားရလွယ်အောင် ညှပ်ပေးထားတဲ့အီကြာကွေးကို တစ်ခုပြီးတစ်ခု ခရင်းနဲ့ထိုးကာ စားလိုက် နွားနို့သောက်လိုက်လုပ်ရင်း အကုန်ကုန်သွားမှ ထသွားတော့သည်၊ကွက်တီးကိုတော့ လုံးဝမထိခဲ့ပေ၊

စားလို့သောက်လို့ ပြီးသွားပြီးနောက်မှာ ဒီနေ့ပြိုင်ပွဲကို အမောင်နှောင်းတေးမာန်ဟာ သတိရသွားတော့သည်၊ပြိုင်ပွဲဟာ နှစ်နာရီစတင်မှာဖြစ်ပြီး ဆယ်နာရီတော့ထိုးနေပြီဖြစ်သည်။ဒါကြောင့် အိမ်ပေါ် အမြန်ပြေးတက်သွားပြီး အဝတ်အစားလဲကာ လွယ်အိတ်လှမ်းဆွဲပြီး ကျောင်းဆီ ကားနဲ့ပြေးရပြန်သည်၊

သူရောက်လာချိန်မှာ ပြိုင်ပွဲဝင်တွေသာမက အကုန်လုံးနီးပါးဟာ အလုပ်ရှုပ်နေတာ အမှန်ပေ၊သူ့ကိုလည်း ဂရုမထားနိုင်စွာ အကုန်လုံး လုပ်စရာရှိတာ လုပ်နေကျတော့သည်၊နှောင်းတေးမာန်လည်း လွယ်အိတ်ကို ချလိုက်ပြီး နှောင်းတေးမာန်ရွေးချယ်ထားတဲ့သီချင်းကိုကြည့်ရင်း စာရွက်ကိုတောင် ဖြဲပစ်လိုက်ချင်သွားသည်၊

နှောင်းတေးမာန်အသံဟာ ကြည်လင်ပြီး နားထောင်ရတာကောင်းသည်၊ဒါပေမယ့် key မြင့်မြင့်ကို ခဏခဏဆိုလို့ကောင်းသည့်အသံမျိုးမဟုတ်ပေ၊ဘာလို့လဲဆိုတော့ နှောင်းတေးမာန်ဟာ ငယ်ငယ်တုန်းက ကြီးမားတဲ့ထိခိုက်မှုဖြစ်ဖူးပြီး အသံအိုးပျက်စီးလုဖြစ်ခဲ့ပြီး Key Highတွေ ဆိုမရပေ၊ဒါဟာ သူရဲ့အသံအိုးကို တစ်ဖန်ဖျက်စီးလိုက်သလိုပင်၊

အခြားတစ်ပုဒ်ရွေးချယ်ရတော့မှာပေါ့၊တော်သေးတာ တစ်ခုက ဒီပါခေတ်ဟာ သီချင်းသုံးလေးပုဒ်တော့ ကောင်းစွာဆိုတတ်သည်၊ဒါကြောင့် သူဟာ ဘယ်သီချင်းဟာ ရွေးချယ်လို့အကောင်းဆုံးလဲ တွေးနေချိန်မှာ ဇာတ်လမ်းထဲက အကြောင်းအရာတစ်ချို့ကို သွားသတိရသွားတော့သည်၊

သုတမြဲရွေးချယ်ခဲ့တဲ့သီချင်းဟာ "ငွေမျှင်ရောင် ပက်ဖြန်းတဲ့ည"ဆိုတဲ့ သီချင်းဖြစ်သည်၊ထိုသီချင်းထဲက စာသားများဟာ ရှေးခေတ်လင်္ကာကို ချစ်ကြောင်းဆိုထားတာနဲ့ကိုက်ညီလှပြီး တိတ်တိတ်လေးချစ်နေရတဲ့ကောင်လေးရယ်၊တောက်ပနေတဲ့လမင်းအကြောင်းပါဝင်ဖွဲ့ဆိုထားခြင်းဖြစ်သည်၊

အဲ့နှစ်ယောက်ကို နှောင်းတေးမာန် စိတ်မဝင်စားပေမယ့် အလွတ်ပေးမယ်လို့တော့ မဆိုလိုပင်၊နည်းနည်းတော့ စိတ်ဒုက္ခပေးပြီးမှ သူတို့ဘာသာ ဆက်တွဲချင်တွဲ မတွဲချင်နေပေါ့၊ဒါပေမယ့် ရှေးခေတ်လင်္ကာကိုတော့ နာမည်ပျက်စာရင်းတော့ ရအောင်သွင်းပစ်မှာ အမှန်ပေ။

နှောင်းတေးမာန်ရဲ့မျက်လုံးအရောင်များဟာ တောက်ပနေပြီးနောက်မှာ သူဟာ 2034ခုနှစ်နားက ခေတ်စားခဲ့တဲ့သီချင်းတစ်ပုဒ်ကိုရွေးချယ်လိုက်တော့သည်။

"ဆိုးလွန်းတဲ့ကိုကို"

-*-*-*-*-*-*-*-*-*-*-*

Continue Reading

You'll Also Like

28.9K 3.1K 26
စာအုပ်ကိုဖွင့်မိတာနဲ့တင် ငရဲတံခါးကို ဖွင့်မိသွားတယ်တဲ့။ ဒါ ဘယ်လို သရဲgame မျိုးလဲ စာအုပ္ကိုဖြင့္မိတာနဲ႔တင္ ငရဲတံခါးကို ဖြင့္မိသြားတယ္တဲ့။ ဒါ ဘယ္လို သ...
747K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
94.6K 10.4K 30
ဒါကို ရူးသြပ္ျခင္းလို႕ ေခါင္းစဥ္တပ္တဲ့အခါ ငါ နင့္ကို မခြဲနိုင္ေအာင္ ရူးသြပ္ပါတယ္ [ Uni ] ဒါကို ရူးသွပ်ခြင်းလို့ ခေါင်းစဉ်တပ်တဲ့အခါ ငါ နင့်ကို မခွဲနိ...
3.8K 575 10
ဝင်ဖတ်လို့လည်းရတယ် လစ်လျူရှုလို့လည်းရတယ်...တစ်ခါတလေ စိတ်ကျဥ်းကျပ်သည့်အခါမှာ... ငါ စာတိုတွေ ရေးတတ်လာတယ်... စိတ်ခံစားချက်တွေ တိုက်မိသွားရင် ငါ့စာတိုတွေ...