Unicode
_________
ညသည် အေးချမ်း တိတ်ဆိတ်နေသည်။ ပြည့်လုဆဲဆဲ လမင်း၏ အရောင်အဝါကြောင့် မြစ်ကမ်းဘေးရှိ ရွာကလေးသည် လင်းထင်းကာ ငြိမ်သက်နေသည်။ တစ်ခါတစ်ရံတွင် ကမ်းနဖူးဆီသို့ဦးတည်လာသော လှိုင်းပုတ်သံသဲ့သဲ့မှအပ မည်သည့်အသံမှမကြားရ။
မြစ်ကမ်းဘေးက တဲအိမ်ငယ်လေး၏
ကွပ်ပျစ်ပေါ်ရှိ အရိပ်နှစ်ခုသည်ကား လပြည့်ည၏ လရောင်ကို ရှုစားလျက်။
"ဟိုးရှေးရှေးတုန်းက ဟောဒီ ဂန်ဝန်းဒိုပြည်နယ်တောင်တန်းကြီးတွေရဲ့ အရှေ့ဘက်မှာ ဟွာဒိုရှီဆိုတဲ့ မြို့တစ်မြို့ရှိခဲ့တယ်။ အရောင်အသွေးစုံလင်တဲ့ ပန်းတွေပေါက်ရောက်ရာ ဟွာဒိုရှီ ဟာ ဂျိုဆွန်းသမိုင်းတစ်လျှောက်မှာ အလှပဆုံးနေရာလို့တောင် ပြောစမှတ်တွင်ခဲ့တယ်"
"တစ်ရက်မှာတော့ ဟွာဒိုရှီရဲ့ အခမ်းနားဆုံး တော်ဝင် မင်္ဂလာပွဲလို့ ပြောလို့ရတဲ့ မင်းသားလေးရဲ့ လက်ဆက် မင်္ဂလာပွဲ ကျင်းပမယ့်နေ့ပေါ့"
"မြို့သူမြို့သားတွေကလည်း မင်းသားလေးရဲ့ မင်္ဂလာပွဲကို ချီးမြှင့်ကြဖို့ အလှဆုံးပန်းပွင့်လေးတွေကို ကိုယ်စီကိုင်ဆောင်လာကြတာပေါ့။ ဒီလိုနဲ့ ရုတ်တရက်....."
အဘိုးအို၏ စကားအဆုံးမှာ ရင်ခွင်ထဲက မျက်လုံးဝိုင်းကလေး တစ်စုံသည် ကြယ်ရောင်များနှင့်အပြိုင် တောက်ပသွားသည်။
"အဘိုး....ဆက်ပြောလေ"
"ဟေ...အေး..အေး ပြောမှာပေါ့ မြေးရဲ့"
"ဒီလိုနဲ့ပဲ ရုတ်တရက် ဟွာဒိုရှီ တစ်မြို့လုံး တိမ်မဲတွေ ဖုံးအုပ်သွားတယ်။ ဘယ်လောက်တောင် ေမှာင်မိုက်သလဲဆို တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရတော့တဲ့ အထိပဲတဲ့ မြေးရဲ့..."
"အဲ့ဒါ ဘာဖြစ်လို့လဲဟင် အဘိုး"
ကလေးငယ်သည် စူးစမ်းလိုစိတ်၊ သိချင်စိတ်ကြောင့် အဘိုးအို၏ ရင်ခွင်ထဲက အတင်းရုန်းကာ ထ,ထိုင်မိမတတ်ဖြစ်သွားသည်။ မျက်တောင်စင်းစ,ပြုနေသော မျက်လုံးကလေးများက ချက်ချင်းဝိုင်းတက်သွားကြသည်။ သည်ည အိပ်မှ အိပ်ပါ့မလား မသေချာတော့။
"ဘာလို့လဲဆိုတော့.."
အဘိုးအိုက ဖြူစပြုနေသော နှုတ်ခမ်းမွှေးတွေကို သပ်လိုက်သည်။ ထို့နောက် ကလေးငယ်၏ နား,နားကပ်ကာ လေသံတိုးတိုးဖြင့် သံရှည်ဆွဲကာပြောသည်။
"သေချာပေါက် မိစ္ဆာကြီးကြောင့်ပေါ့ မြေးရဲ့။ မင်းသားလေးရဲ့ မင်္ဂလာပွဲကို နှောင့်ယှက်ချင်နေတဲ့ မိစ္ဆာကြီးက ဟွာဒိုရှီရဲ့ နေရာတိုင်းကို သူ့ရဲ့ လက်မည်းကြီးတွေနဲ့...ဟောဒီလို...ဟောဒီလို..."
လက်ချောင်းတွေကို ဆန့်ထုတ်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သော အဘိုးအိုကို ကလေးငယ်က ကြောက်လန့်ဟန် ပြရမည့်အစား လှုပ်ရှားမှု တစ်ခုချင်းစီကိုသာ မျက်တောင်မခတ်တမ်း လိုက်ကြည့်သည်။
"ငါ့မြေးက သတ္တိခဲပဲကွ။ မိစ္ဆာကြီးကို မကြောက်ဘူးလား"
"မကြောက်ပါဘူး။ သားမှာသာ အစွမ်းတွေရှိရင် မိစ္ဆာကြီးကို ပြန်ချတယ်"
"ဟား..ဟား...ဟုတ်ပြီ..ဒါမှ ငါ့မြေးကွ"
ထုပ်တန်းတွင် ချိတ်ဆွဲထားသော မှန်အိမ်ငယ်ထဲက ဖယောင်းတိုင်သည် ကုန်လုနီးပါး တိုကျလာသည်။ လှိုင်းပုတ်သံက စည်းချက်မှန်မှန် ရိုက်ခတ်လျက်ရှိနေဆဲ။
"မိစ္ဆာကြီးက တော်တော်ဆိုးတာပဲနော် အဘိုး"
အပြင်ဘက် ကောင်းကင်ယံတွင် ပြည့်ဝိုင်းနေသော လမင်းကို တိမ်မဲညိုတစ်ချို့ ရုတ်တရက် ဖုံးအုပ်သွား၏။
"အင်း..အဲ့ဒါနဲ့ပဲ မိစ္ဆာကြီးရဲ့ ရန်ကို ကာကွယ်ဖို့အတွက် ဟွာဒိုရှီကို စောင့်ရှောက်နေတဲ့ နတ်သား နတ်သမီးတွေဟာ တစ်မြို့လုံးကို သူတို့ တန်ခိုးအစွမ်းနဲ့ ကွယ်လိုက်တယ်တဲ့ ငါ့မြေးရဲ့။ အဲ့ဒီအချိန်ကစပြီး ဟွာဒိုရှီဟာ အစအနတောင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတာ ဒီနေ့အထိပဲပေါ့ မြေးရယ်"
ပုံပြင်အဆုံးတွင် ကလေးငယ်၏ မျက်လုံးလေးများ အရောင်ဖျော့သွားသည်ကို အဘိုးအို သတိမထားလိုက်မိ။
"အဘိုးတို့ ငယ်ငယ်ကတည်းက ကစားရင်း ဆိုခဲ့တဲ့ ကဗျာလေး ရှိတယ် ငါ့မြေးရဲ့။ အဘိုးဆိုပြမယ်နော်...မြေးက မျက်လုံးလေးမှိတ်ပြီး နားထောင်"
မြစ်ကိုဖြတ်သန်း တိုက်ခတ်လာသော လေပြည်လေနုတစ်ချို့က တိမ်မဲညိုတစ်အုပ်ကို ဖယ်ရှားလိုက်ကြသည်။
ကောင်းကင်တစ်ခွင်လုံး လရောင်ကြောင့် ပြန်လည်
ဝင်းပသွား၏။
အဘိုးအို၏ ကဗျာရွတ်သံက ည အလယ်တွင် လွမ်းလွမ်းဆွေးဆွေး ထွက်ပေါ်လာသည်။
"လစန္ဒာ သဏ္ဍာန်ပြောင်းလို့
ကြယ်ပျိုးတဲ့ ညမှာ
သစ္စာတရားရယ် တည်
မေတ္တာတရားနဲ့ မွမ်းမံခြယ်တဲ့အခါ
ကမ္ဘာဦးရဲ့ ရွက်ကြွေတွေနဲ့အတူ
ထွက်ပေါ်လာခဲ့ပါ...
ဒဏ္ဍာရီထဲက 'ဟွာဒိုရှီ'...."
~~~~~~~~~~~//~~~~~~~~~~~
ရောင်စုံပန်းတွေရဲ့ အလယ်မှာ
လိပ်ပြာကလေးတွေရဲ့ ကြားမှာ
ပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့
လူတွေ...လူတွေ....
လူတိုင်းရဲ့ မျက်နှာမှာလည်း အပြုံးပန်းတွေ ဝေဆာလို့။ အဝတ်အစားအသစ်တွေနဲ့ ပွဲလမ်း သဘင်တစ်ခုခုကို ဆင်နွှဲတော့မယ့်ပုံ။
အို....သူတို့လက်ထဲမှာ ပန်းကလေးတွေ ကိုယ်စီ
ကိုင်လို့ပါလား။
နေပါအုံး...ဟိုးကောင်းကင်ပေါ်မှာ ဘာတွေလဲ။
ကြည့်စမ်း....ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်လို့။
အရိပ်မည်းတွေပါလား....နေကြပါအုံး။ လူတွေ ပျော်နေကြတယ်လေကွဲ့။
အရိပ်မည်းတွေ သွေးစွန်းနေတဲ့ ဓားတွေ...။
ရုပ်ရှင်ကားထဲကလို ပြကွက်တစ်ကွက်ချင်းစီက အသေးစိတ် အနုစိတ်။
ဆေးနီတွေ ပက်ဖျန်းချလိုက်သလို သွေးတွေ
ရဲကနဲ ရဲကနဲ။
ပြောင်းပြန်ဖြစ်သွားသော အခြေအနေတွင် ကမ္ဘာပျက်သလို အော်ဟစ်ဆူညံသံများ ညံစီလျက်။
သိပ်မကြာလိုက်...ေရပူဖောင်းငယ်ကလေးများက အစီအရီထွက်ပေါ်လာပြီးနောက် ထိုပုံရိပ်များ အားလုံးကို ဝါးမျိုသွားကြသည်။
အင်း...အခုတော့လည်း...သူတို့တွေ....။
~~~~~~~~~~~~ // ~~~~~~~~~~~
Zawgyi
________
ညသည္ ေအးခ်မ္း တိတ္ဆိတ္ေနသည္။ ျပည့္လုဆဲဆဲ လမင္း၏ အေရာင္အဝါေၾကာင့္ ျမစ္ကမ္းေဘး႐ွိ ႐ြာကေလးသည္ လင္းထင္းကာ ၿငိမ္သက္ေနသည္။ တစ္ခါတစ္ရံတြင္ ကမ္းနဖူးဆီသို႔ဦးတည္လာေသာ လိႈင္းပုတ္သံသဲ့သဲ့မွအပ မည္သည့္အသံမွမၾကားရ။
ျမစ္ကမ္းေဘးက တဲအိမ္ငယ္ေလး၏
ကြပ္ပ်စ္ေပၚ႐ွိ အရိပ္ႏွစ္ခုသည္ကား လျပည့္ည၏ လေရာင္ကို ႐ႈစားလ်က္။
"ဟိုးေ႐ွးေ႐ွးတုန္းက ေဟာဒီ ဂန္ဝန္းဒိုျပည္နယ္ေတာင္တန္းႀကီးေတြရဲ႕ အေ႐ွ႕ဘက္မွာ ဟြာဒို႐ွီဆိုတဲ့ ၿမိဳ႕တစ္ၿမိဳ႕႐ွိခဲ့တယ္။ အေရာင္အေသြးစုံလင္တဲ့ ပန္းေတြေပါက္ေရာက္ရာ ဟြာဒို႐ွီ ဟာ ဂ်ိဳဆြန္းသမိုင္းတစ္ေလွ်ာက္မွာ အလွပဆုံးေနရာလို႔ေတာင္ ေျပာစမွတ္တြင္ခဲ့တယ္"
"တစ္ရက္မွာေတာ့ ဟြာဒို႐ွီရဲ႕ အခမ္းနားဆုံး ေတာ္ဝင္ မဂၤလာပြဲလို႔ ေျပာလို႔ရတဲ့ မင္းသားေလးရဲ႕ လက္ဆက္ မဂၤလာပြဲ က်င္းပမယ့္ေန႔ေပါ့"
"ၿမိဳ႕သူၿမိဳ႕သားေတြကလည္း မင္းသားေလးရဲ႕ မဂၤလာပြဲကို ခ်ီးျမႇင့္ၾကဖို႔ အလွဆုံးပန္းပြင့္ေလးေတြကို ကိုယ္စီကိုင္ေဆာင္လာၾကတာေပါ့။ ဒီလိုနဲ႔ ႐ုတ္တရက္....."
အဘိုးအို၏ စကားအဆုံးမွာ ရင္ခြင္ထဲက မ်က္လုံးဝိုင္းကေလး တစ္စုံသည္ ၾကယ္ေရာင္မ်ားႏွင့္အၿပိဳင္ ေတာက္ပသြားသည္။
"အဘိုး....ဆက္ေျပာေလ"
"ေဟ...ေအး..ေအး ေျပာမွာေပါ့ ေျမးရဲ႕"
"ဒီလိုနဲ႔ပဲ ႐ုတ္တရက္ ဟြာဒို႐ွီ တစ္ၿမိဳ႕လုံး တိမ္မဲေတြ ဖုံးအုပ္သြားတယ္။ ဘယ္ေလာက္ေတာင္ ေမွာင္မိုက္သလဲဆို တစ္ေယာက္နဲ႔ တစ္ေယာက္ သဲသဲကြဲကြဲ မျမင္ရေတာ့တဲ့ အထိပဲတဲ့ ေျမးရဲ႕..."
"အဲ့ဒါ ဘာျဖစ္လို႔လဲဟင္ အဘိုး"
ကေလးငယ္သည္ စူးစမ္းလိုစိတ္၊ သိခ်င္စိတ္ေၾကာင့္ အဘိုးအို၏ ရင္ခြင္ထဲက အတင္း႐ုန္းကာ ထ,ထိုင္မိမတတ္ျဖစ္သြားသည္။ မ်က္ေတာင္စင္းစ,ျပဳေနေသာ မ်က္လုံးကေလးမ်ားက ခ်က္ခ်င္းဝိုင္းတက္သြားၾကသည္။ သည္ည အိပ္မွ အိပ္ပါ့မလား မေသခ်ာေတာ့။
"ဘာလို႔လဲဆိုေတာ့.."
အဘိုးအိုက ျဖဴစျပဳေနေသာ ႏႈတ္ခမ္းေမႊးေတြကို သပ္လိုက္သည္။ ထို႔ေနာက္ ကေလးငယ္၏ နား,နားကပ္ကာ ေလသံတိုးတိုးျဖင့္ သံ႐ွည္ဆြဲကာေျပာသည္။
"ေသခ်ာေပါက္ မိစၧာႀကီးေၾကာင့္ေပါ့ ေျမးရဲ႕။ မင္းသားေလးရဲ႕ မဂၤလာပြဲကို ေႏွာင့္ယွက္ခ်င္ေနတဲ့ မိစၧာႀကီးက ဟြာဒို႐ွီရဲ႕ ေနရာတိုင္းကို သူ႕ရဲ႕ လက္မည္းႀကီးေတြနဲ႔...ေဟာဒီလို...ေဟာဒီလို..."
လက္ေခ်ာင္းေတြကို ဆန္႔ထုတ္ၿပီး ဖမ္းဆုပ္ဟန္ျပဳလိုက္ေသာ အဘိုးအိုကို ကေလးငယ္က ေၾကာက္လန္႔ဟန္ ျပရမည့္အစား လႈပ္႐ွားမႈ တစ္ခုခ်င္းစီကိုသာ မ်က္ေတာင္မခတ္တမ္း လိုက္ၾကည့္သည္။
"ငါ့ေျမးက သတၱိခဲပဲကြ။ မိစၧာႀကီးကို မေၾကာက္ဘူးလား"
"မေၾကာက္ပါဘူး။ သားမွာသာ အစြမ္းေတြ႐ွိရင္ မိစၧာႀကီးကို ျပန္ခ်တယ္"
"ဟား..ဟား...ဟုတ္ၿပီ..ဒါမွ ငါ့ေျမးကြ"
ထုပ္တန္းတြင္ ခ်ိတ္ဆြဲထားေသာ မွန္အိမ္ငယ္ထဲက ဖေယာင္းတိုင္သည္ ကုန္လုနီးပါး တိုက်လာသည္။ လိႈင္းပုတ္သံက စည္းခ်က္မွန္မွန္ ႐ိုက္ခတ္လ်က္႐ွိေနဆဲ။
"မိစၧာႀကီးက ေတာ္ေတာ္ဆိုးတာပဲေနာ္ အဘိုး"
အျပင္ဘက္ ေကာင္းကင္ယံတြင္ ျပည့္ဝိုင္းေနေသာ လမင္းကို တိမ္မဲညိဳတစ္ခ်ိဳ႕ ႐ုတ္တရက္ ဖုံးအုပ္သြား၏။
"အင္း..အဲ့ဒါနဲ႔ပဲ မိစၧာႀကီးရဲ႕ ရန္ကို ကာကြယ္ဖို႔အတြက္ ဟြာဒို႐ွီကို ေစာင့္ေ႐ွာက္ေနတဲ့ နတ္သား နတ္သမီးေတြဟာ တစ္ၿမိဳ႕လုံးကို သူတို႔ တန္ခိုးအစြမ္းနဲ႔ ကြယ္လိုက္တယ္တဲ့ ငါ့ေျမးရဲ႕။ အဲ့ဒီအခ်ိန္ကစၿပီး ဟြာဒို႐ွီဟာ အစအနေတာင္ မက်န္ေတာ့ဘဲ ေပ်ာက္ကြယ္သြားတာ ဒီေန႔အထိပဲေပါ့ ေျမးရယ္"
ပုံျပင္အဆုံးတြင္ ကေလးငယ္၏ မ်က္လုံးေလးမ်ား အေရာင္ေဖ်ာ့သြားသည္ကို အဘိုးအို သတိမထားလိုက္မိ။
"အဘိုးတို႔ ငယ္ငယ္ကတည္းက ကစားရင္း ဆိုခဲ့တဲ့ ကဗ်ာေလး ႐ွိတယ္ ငါ့ေျမးရဲ႕။ အဘိုးဆိုျပမယ္ေနာ္...ေျမးက မ်က္လုံးေလးမွိတ္ၿပီး နားေထာင္"
ျမစ္ကိုျဖတ္သန္း တိုက္ခတ္လာေသာ ေလျပည္ေလႏုတစ္ခ်ိဳ႕က တိမ္မဲညိဳတစ္အုပ္ကို ဖယ္႐ွားလိုက္ၾကသည္။
ေကာင္းကင္တစ္ခြင္လုံး လေရာင္ေၾကာင့္ ျပန္လည္
ဝင္းပသြား၏။
အဘိုးအို၏ ကဗ်ာ႐ြတ္သံက ည အလယ္တြင္ လြမ္းလြမ္းေဆြးေဆြး ထြက္ေပၚလာသည္။
"လစႏၵာ သ႑ာန္ေျပာင္းလို႔
ၾကယ္ပ်ိဳးတဲ့ ညမွာ
သစၥာတရားရယ္ တည္
ေမတၱာတရားနဲ႔ မြမ္းမံျခယ္တဲ့အခါ
ကမ႓ာဦးရဲ႕ ႐ြက္ေႂကြေတြနဲ႔အတူ
ထြက္ေပၚလာခဲ့ပါ...
ဒ႑ာရီထဲက 'ဟြာဒို႐ွီ'...."
~~~~~~~~~~~//~~~~~~~~~~~
ေရာင္စုံပန္းေတြရဲ႕ အလယ္မွာ
လိပ္ျပာကေလးေတြရဲ႕ ၾကားမွာ
ပ်ားပန္းခတ္ လႈပ္႐ွားသြားလာေနၾကတဲ့
လူေတြ...လူေတြ....
လူတိုင္းရဲ႕ မ်က္ႏွာမွာလည္း အျပဳံးပန္းေတြ ေဝဆာလို႔။ အဝတ္အစားအသစ္ေတြနဲ႔ ပြဲလမ္း သဘင္တစ္ခုခုကို ဆင္ႏႊဲေတာ့မယ့္ပုံ။
အို....သူတို႔လက္ထဲမွာ ပန္းကေလးေတြ ကိုယ္စီ
ကိုင္လို႔ပါလား။
ေနပါအုံး...ဟိုးေကာင္းကင္ေပၚမွာ ဘာေတြလဲ။
ၾကည့္စမ္း....ဖုန္လုံးႀကီးေတြ တလိပ္လိပ္တက္လို႔။
အရိပ္မည္းေတြပါလား....ေနၾကပါအုံး။ လူေတြ ေပ်ာ္ေနၾကတယ္ေလကြဲ႕။
အရိပ္မည္းေတြ ေသြးစြန္းေနတဲ့ ဓားေတြ...။
႐ုပ္႐ွင္ကားထဲကလို ျပကြက္တစ္ကြက္ခ်င္းစီက အေသးစိတ္ အႏုစိတ္။
ေဆးနီေတြ ပက္ဖ်န္းခ်လိုက္သလို ေသြးေတြ
ရဲကနဲ ရဲကနဲ။
ေျပာင္းျပန္ျဖစ္သြားေသာ အေျခအေနတြင္ ကမ႓ာပ်က္သလို ေအာ္ဟစ္ဆူညံသံမ်ား ညံစီလ်က္။
သိပ္မၾကာလိုက္...ေရပူေဖာင္းငယ္ကေလးမ်ားက အစီအရီထြက္ေပၚလာၿပီးေနာက္ ထိုပုံရိပ္မ်ား အားလုံးကို ဝါးမ်ိဳသြားၾကသည္။
အင္း...အခုေတာ့လည္း...သူတို႔ေတြ....။
~~~~~~~~~~~~ // ~~~~~~~~~~~