ကြည်ပြာရောင်နေ့စွဲများ

By Suekyalaung

24.3K 1.9K 350

လွတ်လပ်ခွင့်ရခဲ့တဲ့နေ့ရက်တွေထက် မျိုသိပ်ခဲ့ရတဲ့​နေ့ရက်တွေက ပိုများပါတယ်။ ဖွင့်ပြောစရာမလိုဘူးထင်ခဲ့လို့မျိုသိ... More

ရက်စွဲ (၂)
ရက်စွဲ(၃)
ရက်စွဲ(၄)
ရက်စွဲ (၅)
ရက်စွဲ(၆)
ရက်စွဲ (၇)
ရက်စွဲ (၈)
ရက်စွဲ (၉)
ရက်စွဲ (၁၀)
ရက်စွဲ (၁၁)
ရက်စွဲ (၁၂)
ရက်စွဲ (၁၃)
ရက်စွဲ (၁၄)
ရက်စွဲ(၁၅)
ရက်စွဲ (၁၆)
ရက်စွဲ(၁၇)
ရက်စွဲ (၁၈)
ရက်စွဲ(၁၉)
ရက်စွဲ (၂၀)
ရက်စွဲ (၂၁)
ရက်စွဲ (၂၂)
ရက်စွဲ (၂၃)
ရက်စွဲ (၂၄)
ရက်စွဲ(၂၅)
ရက်စွဲ (၂၆)
ရက်စွဲ(၂၇)
ရက်စွဲ(၂၈)
ရက်စွဲ (၂၉)
ရက်စွဲ(၃၀)
ရက်စွဲ (၃၁)
ရက်စွဲ (၃၂)
ရက်စွဲ(၃၃)
ရက်စွဲ(၃၄)
ကြည်ပြာရောင်လက်ကျန်နေ့စွဲများဆီသို့

ရက်စွဲ (၁)

6.6K 321 51
By Suekyalaung

မကြာခင်မိုးကောင်း-နမ္မတီးရထားထွက်ပေတော့မည်။ ကချင်ပြည်နယ်ရဲ့ ဆောင်းရာသီက ပုံမှန်ထက်ပို၍အေးလွန်းလှပါပေသည်။ ရထားပေါ်မှာတော့ ခရီးသွားများအသံနှင့်စျေးသည်များ၏အသံများသည်နွေရာသီလောက်တော့ မကျယ်လောင်ဟုယူဆမိလိုက်ပါသည်။ တနင်္ဂနွေနေ့ နံနက်မို့ထင်ပါရဲ့ မနေ့ကမှ တွေ့ခဲ့သည့် အမေ့ကို ပိုလွမ်းနေမိသလိုပင်။ ခုလိုစနေကျောင်းပိတ်ရက်မျိုးဆို စူးကျယ်အောင်တစ်ယောက် အမေရှိတဲ့ မိုးကောင်းကို အမြဲလာနေကျဖြစ်သည်။ပြီးတော့ ထုံးစံအတိုင်းယခုလို တစ်ရက်နေပြီးတနင်္ဂနွေ နံနက်စောစောမှာ နမ္မတီးကိုပြန်နေကျဖြစ်သည်။နမ္မတီးနှင့်မိုးကောင်းဟာ အိမ်နီးချင်းမြို့ငယ်လေးတွေဖြစ်ပြီး ရထားတစ်နာရီဝန်းကျင်ခန့်သာ စီးရသော မြို့ငယ်လေးတွေဖြစ်သည်။နေထွက်လာရင်တော့ အဖေ့အိမ်ကို ရောက်တန်ကောင်းပါရဲ့။ရထားပြတင်းပေါက်များကို ဆွဲပိတ်ချလိုက်သည်။နှင်းစက်များနှင့် အေးစက်စက်လေတွေက ရထားခွင်းသွားတဲ့အရှိန်ကို အကြောင်းပြပြီး စူးကျယ်အောင်ကို အသည်းခိုက်အောင်လုပ်နိုင်လို့ပေါ့။ဒီလိုနဲ့ဘဲ ရထားလေးခရီးစထွက်ခဲ့လေပြီ။ ရက်စက်အောင်မလှလွန်းတဲ့ တောင်တန်းတွေနဲ့ တောရိုင်းပင်စုစု လေးတွေကိုသာ ပြတင်းပေါက်ကြားထဲက ငေးရင်း နမ္မတီးကို ပြန်လိုက်လာခဲ့မိတယ်။ပြီးတော့ ဘာအကြောင်းရာမှ မတွေးဘဲ ခုလို ငေးရင်းလိုက်ပါလာခဲ့ပြီးငြိမ်သက်နေမိသည်။ဒီလိုငြိမ်သက်ရတာကို သူကြိုက်တယ်လေ။ ငြိမ်သက်ခြင်းတွေ အရမ်းများလွန်းရင်လဲ သေဆုံးသွားတတ်တာကိုတော့ ၁၅နှစ်အရွယ် ကောင်လေးက ရထားစီးရင်းဘယ်သိပါ့မလဲ။မကြာခင် နမ္မတီးဘူတာကိုရောက်တော့မည်။ဒီမြို့လေးမှာဘဲ သူ့ကိုမွေးခဲ့ပြီး အထက်တန်းစတက်ရမယ့် နှစ်မှာဘဲ အဖေ နဲ့ အမေကွာရှင်းပြီး အမေကတော့ သူ့ဇာတိ မိုးညှင်းမှာ သူ့အစ်မနဲ့ နေထိုင်ဖို့ စူးကျယ်အောင်တို့သားအဖကို စွန်းခွါသွားပါတော့တယ်။စူးကျယ်အောင်ကတော့ မစွန့်ခွါနိုင်လို့ အမေရှိတဲ့ မိုးကောင်းကို ခုလို ကျောင်းအားလပ်ရက်တိုင်း လာဖြစ်နေမိပါသည်။

အဖေကတော့ အမေမရှိတော့လဲ ပိုက်ဆံရှာမြဲ ၊အရင်ပုံစံတိုင်းဘာမှမပြောင်းမလဲ သွားလာမြဲ၊ စားသောက်မြဲ ၊ပျော်ပျော်နေမြဲပင်။ တကယ်ဆိုရင် အမေမရှိတော့တဲ့နောက်ပိုင်း အဖေ တစ်ခုခုတော့ဖြစ်နေသင့်တယ်လို့တော့ ထင်မိပါသည်။ အနည်းဆုံး လွမ်းရိပ်လွမ်းငွေ့လေးတော့ ပြသင့်တာပေါ့။
————————————————

"တီ......တီ......တီ.....တီ......"
ဝက်ဝံနားရွက်နဲ့ သံပတ်နာရီလေးဆီက နံနက်ခင်း၆နာရီတိုင်းမှာ ထွက်လာနေကျအသံလေးက တာဝန်ကျေပွန်စွာထွက်လာခဲ့သည်။အေးစက်စက် လက်တွေက နာရီဆီရောက်သွားတော့ နာရီသံတိတ်သွားရသည်။ခေါင်းမြီးခြုံလုံပါပေ့ဆိုတာက ပြောင်းဖူးတွေအတွက်သာ ထားခဲ့သောစကားဖြစ်ပေလိမ့်မည်။စူးကျယ်အောင်တော့ စောင်အထူနှစ်ထပ် နှင့် နမ္မတီး၏အေးစက်မှုဒဏ်ကို နေမထွက်ခင် တိုက်ပွဲဝင်နေရသည်။ သူအိပ်ယာထဲက မထွက်ချင်သော်လဲ ဒါဟာ အပါကြီး ချထားပေးတဲ့ ရိုးရာ တစ်ခုမဟုတ်လား။ စောင်ခြုံလျှက်နှင့်ပင် မီးဖိုချောင်သို့ ဝင်ပြီး ရေနွေးအိုးတစ်အိုးတည်ထားလိုက်သည်။ ထို့နောက် စာဖတ်ရန်ပြင်ဆင်ရသည်။ ကျဉ်နေအောင်အေးသော နမ္မတီးဆောင်းရဲ့ တိုက်ပွဲအား စူးကျယ်အောင်တစ်ယောက် မျက်နှာသစ်မှ တိုက်ပွဲအောင်နိုင်မည် ဆိုပါက စူးကျယ်အောင် တိုက်ပွဲမစခင် ရှုံးချေမည်။သူတစ််ယောက်တည်းပင်မဟုတ်ပါ၊နမ္မတီး တစ်မြို့လုံး တိုက်ပွဲ ကျပေလိမ့်မည်၊

"အောက်...အီး...အီး....အွတ်..."
"လာလာ ဒီဘက်ကိုလာ"
"ဟိုကြက်မ ကလေးတွေဟာ လုမစားနဲ့လေ သွား..ရှူး...ရှူး.....ကြက်မတွေ.... ပြီးရင် အပင်တွေကိုသွားယက် သိလား "
ဒါဟာ စူးကျယ်အောင်အိမ်မှာရှိတဲ့ မနက်ခင်းတိုင်းကြားနေကျစကားပင်၊ကြက်တွေကိုအစာကျွေးပြီးတော့ ၇နာရီ၁၅ ဖြစ်နေပြီ။အပါကြီးကိုနှိုးပြီး သားဖ နှစ်ယောက်စျေးသွားရတော့မည်။
"အပါကြီး....အပါကြီး...ထ...ထ..."
အဖေ့အိပ်ယာစောင်ပုံထဲမှ တုံ့ပြန်သံ ထွက်မလာ၊ထပ်ခေါ်သည်။
"အပါကြီး ..... အပါကြီး... ထလို့ ၇နာရီခွဲတော့မယ် စျေးသွားဖို့လေ"
"အွန်း...အိပ်ချင်သေးတယ်၊ချမ်းတယ်၊သားလေးတစ်ယောက်တည်းသွားလိုက်တော့၊သွား လိမ္မာတယ်"
"အာ...အပါကြီးကလဲ ထလို့"
ဖအေလုပ်သူ ထမလာပေ။နောက်ဆုံးအကွက် ထုတ်သုံးရတော့မည်၊အပါကြီး ခြုံထားသော စောင်ကို ဆက်ခနဲ ဆွဲဖယ်ပစ်လိုက်သည်။အေးစက်သော အအေးဓာတ်များ အပါကြီးခန္ဓာပေါ် ရုတ်တရက် လွှမ်းခြုံသွားသည်။
"အားးးးအေးတယ်၊အယုတ်တမာလေး၊ပြန်ပေးစမ်း"
"မပေးဘူး...လာလို့၊စျေးသွားမယ်၊နာရီကြည့်အုန်း ၇နာရီခွဲတော့မယ်"

"ဒီကလေးကတော့ကွာ....၊မင်းရေနွေးတည်ထားပြီးပြီလား"
"ပြီးပြီ"
"မျက်နှာသစ်ပြီးပြီလား"
"နိုး"
"သွားသစ်လေ"
သားဖနှစ်ယောက် ရေနွေးနှင့် ရေရောစပ်ပြီး သန့်စင်ပြီး စျေးသွားမည်။စျေးသွားသည်မှာ အခြားသော အိမ်များလို အများစားကြီး ဝယ်ဖို့တော့မဟုတ် ။
သားဖနှစ်ယောက်တည်း တစ်နေ့စာ တစ်နေ့ လေး နည်းနည်းဝယ်စားကြသည်။သားဖနှစ်ယောက်အဓိက စျေးသွားရခြင်းရည်ရွယ်ချက်ကတော့ မေပ ဆိုင်မှာ မနက်စာ အတူစားရန်ဖြစ်သည်။အမေ ထွက်ခွါသွားပြီးနောက်ပိုင်း ဒီအိမ်လေးထဲမှာ အဖေနဲ့ စူးကျယ်အောင် နှစ်ယောက်တည်း ရှိခဲ့သည့်အလျောက် အဖေဟာ စူးကျယ်အောင်အပေါ်မှာ သားအဖလိုရော သူငယ်ချင်းလိုပါ ပေါင်းသင်းဆက်ဆံပေးလာခဲ့ပါသည်။ သူ့သားလေးမှာ သူငယ်ချင်းရှားတယ် ဆိုတာလဲ သိလို့ဖြစ်ပါလိမ့်မည်။

"မေပ သားတို့ကို တို့ဟူးပျော့ ၂ပွဲ ၊တစ်ပွဲက နံနံပင်မထည့်ဘူး"
ဒီခေါက်ဆွဲဆိုင်လေးမှာ စူးကျယ်အောင်တို့မိသားစု အမေရော အဖေပါ ရှိစဉ်တည်းက စားလာတာ နှစ်ပေါင်းအတော်ကြာပေါ့။စူးကျယ်အောင်နံနံပင်မစားတာ မေပ သိတာပေါ့၊သို့သော်လည်း ထုံးစံအတိုင်း ပြောနေကျအတိုင်းပြောထွက်လိုက်သည်။လွန်ခဲ့သော နှစ်များမှာတော့ မေပ က စူးကျယ်အောင်တို့အတွက် ခေါက်ဆွဲ ၃ပွဲ လာချပေးနေကျပေါ့။ ခုတော့ ၂ပွဲသာ လာချပေးရတော့သည်မှာ ၂နှစ်နီးပါးရှိချေပြီ။ ဆောင်းတွင်းမှာ မေပရဲ့ ပဲအရသာလေး ဆိမ့်နေတဲ့ တို့ဟူးပျော့ရယ် ခေါပုတ်ကင်လေးရယ်ကတော့ ဘယ်ချိန်ဘယ်ဒေသရောက်ရောက် မေ့နိုင်မည်မထင်ပါ။ မြန်မာပြည် အလယ်ပိုင်း နဲ့တစ်ခြားဒေသတွေမှာတော့ တို့ဟူးနွေးလို့ခေါ်ကြပေမယ့် ဒီဒေသမှာတော့ တို့ဟူးပျော့လို့ဘဲခေါ်ကြသည်။ ပြီးတော့ အရသာ နဲ့ ပုံစံကအစ ကွာခြားသည်။ကချင်ပြည်နယ်ဘက်က တို့ဟူးပျော့က လမ်းဘေးဆိုင်တိုင်းမှာ သန့်သန့်ရှင်းရှင်းရနိုင်ပြီး ဆီမပါ အချိုမှုန့် မပါ သော အရသာသည် ဆိမ့်ပြီးခံတွင်းထဲရှင်းကျန်ခဲ့သည်။ ကြာညို(တရုတ်ငံပြာရည်) များများဘေးနှင့်ချိုချိုလေးစားရသည်မှာ ရိုးမသွားသော စွဲလန်းမှုတစ်ခုအဖြစ်ရှိပါသည်။ ပြီးတော့ စျေးကလဲ တစ်ပွဲမှ ၃၀၀/၅၀၀သာ ပွဲသေးဆိုရင် ၃၀၀၊ ပွဲကြီးဆိုရင် ၅၀၀။ ရန်ကုန်မှာ တို့ဟူးနွေးတစ်ပွဲ ၁၂၀၀ ရောင်းနေချိန်ပေါ့။ ဆန်စီးဆိုလျှင်လဲ အရည်ကြည် နဲ့ပင်စားရသော်လဲ စေးပိုင်လှသည်၊ဆီမပါ အချိုမှုန့်မပါသော ဟင်းရည်အတွက် သောက်ရန် ရန်ကုန်မှာကဲ့သို့ ဇွန်းမပေးပါ။ ပန်းကန်လိုက်သာ မော့ချရသည်မှာ ဒီဘက် ဓလေ့ဖြစ်ပေသည်။ မုန်ညင်းချဉ်ကလဲ အိမ်လုပ်ဘက်လုပ်စစ်စစ်မို့ ဘယ်သူစားစား ဗိုက်အောင့်လိမ့်မည်မဟုတ်ပါ။ မျှစ်ချဉ်နဲ့ စားလဲရပါသေးသည်။ဘယ်ထင်လိမ့်ပါ့မလဲ နောင်တစ်ချိန် ဒီလို တို့ဟူးနွေးအရသာ နဲ့ ပန်းကန်လိုက်မော့ချရတဲ့ဆန်စီးခေါက်ဆွဲကို အကြာကြီး ခွဲရလိမ့်မယ်လို့ ။

Continue Reading

You'll Also Like

9.4K 381 21
ဇာတ်လမ်းပါ အကြောင်းအရာ အဖြစ်အပျက် ဇာတ်ကောင်စရိုက် အားလုံးသည် စာရေးသူ၏စိတ်ကူးဥာဏ်ဖြင့် ကိုယ်ပိုင်ဖန်တီးရေးသားထားခြင်းသာ ဖြစ်ပါသည်။အခြားသော ဇာတ်လမ်းမျာ...
14.6K 634 33
ခနခနငေးနေမီတဲ့ကောင်လေးကကျန်တော်ကိုကြိုတ်နေတာတဲ့လား ဝေယံမင်းမာန် အတန်းခေါင်ဆောင်ကို့ ကြိုတ်မီတာကျန်တော်အမှားလား ကံထူးငယ...
355K 22.7K 86
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
958K 40.3K 81
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC