IDOL

By Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း More

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

56 (Uni)

347 27 4
By Thurein__

"မန်နေဂျာနှင့်တွဲနေသည့် Eagle"

ဘယ်အချိန်ကတည်းက နောက်ယောင်ခံလိုက်ပြီး ရိုက်ထားသည့်ပုံတွေမှန်းမသိသည့် ပုံများနှင့် ညီညီ့ Dating သတင်းဟုဆိုကာ တောင်ကိုရီးယား၏ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေလျက်ရှိသည်။

ဇေနဲ့သတင်းထွက်လာရခြင်းက ယုတ္တိမတန်လှ။ ညီညီတို့နှစ်ယောက်က သူငယ်ချင်းတွေပါဆိုတာ Non fan တချို့တွေတောင်သိသည်။ သိသိနဲ့အထင်အမြင်လွဲမှားစေမည့်ပုံများကိုသာ ရွေးတင်ထားတာမို့ သို့လောသို့လောပွက်သွားကြခြင်းပင်ဖြစ်သည်။

ပုံတွေကိုကြည့်ခြင်းအားဖြင့် ညီညီ့နောက်တောက်လျှောက်လိုက်ခဲ့ပုံပေါ်သည်။ ညီညီမူးနေတဲ့အချိန် ဇေ့ပုခုံးအပေါ်မှီအိပ်တာ၊ ဇေ့ကိုခိုတွဲထားတာ၊ ဇေ့ကိုဖက်ထားမိတာ၊ ဇေနဲ့စကားပြောနေတာ ထိုကဲသို့ပုံများကိုသာ တင်ထားခြင်းဖြစ်သည်။ မန်နေဂျာထက်ပိုတဲ့သူငယ်ချင်းမို့ ဒီလိုနီးကပ်တာက အထင်လွဲစရာကောင်းသွားတာလား။ တမင် Attention လိုချင်တာလား။

ကိုရီးယားသတင်းဌာနများအောက်တွင်လည်း မှတ်ချက်များပွက်လောရိုက်နေသည်။ သတင်းရင်းမြစ်သည် အသေးစားသတင်းချန်နယ်တစ်ခုမှစတင်တာလာမို့ လူစိတ်ဝင်စားခံချင်၍ ညီညီ့ကိုအသုံးချလိုက်မှန်းသိသာသည်။

မှတ်ချက်တွေထဲမှာဆို တစ်ချို့ဆိုဇေ့ကိုပုတ်ခတ်ထားကြသည်။

"အစောကြီးကတည်းက မန်နေဂျာ​အဖြစ်မရွေးခဲ့သင့်ဘူး ခုတော့....."

"ဝါး ငါတော့လုံးဝသဘောမတူနိုင်ဘူး"

"မန်နေဂျာပြောင်းပေးပါ"

"သူတို့ကသူငယ်ချင်းတွေဆို... ဘာလဲဟ နောက်ကွယ်မှာသူငယ်ချင်းထက်ပိုနေကြတာလား"

"သေချာတယ် သူတို့တကယ်တွဲနေကြတာ"

"wtf ငါနဲ့ငါ့သူငယ်ချင်းယောက်ျားလေးတွေ အဲ့လိုမဖက်ကြပါဘူး ဟက်ဟက် Eagle က Gay ပေါ့"

စသဖြင့် ဆိုးဆိုးရွားရွားတွေတောင်ပါသည်။

ဇေ့ကိုအားနာလိုက်တာမှ။ အလကားနေရင်းသူ့ကိုဆွဲထည့်လိုက်မိပြီ။ နေပါဦး အဲ့ပုံတွေထိဘယ်သူကတောက်လျှောက်လိုက်ပြီး ရိုက်ထားရတာလဲ။ ဘယ်သူဖြစ်နိုင်လဲ။ ပါပါရာဇီတွေလား။ Anti fan တွေလား။

"တူ တူ"

ထိုစဥ် ကို့ဆီကအချိန်ကိုက်ဖုန်းဝင်လာရာ ခေါင်းတောင်နပမ်းကြီးသွားရ၏။ သူနဲ့ကိုယ်အဆက်အသွယ်မလုပ်တာ အရင်တစ်ခါကိစ္စပြီးကတည်းက။ နှစ်ဦးသားရှေ့ဆက်ရမည့်အကြောင်း ခေါင်းအေးအေးထားပြီး စဥ်းစားဖို့အချိန်ယူလိုက်တော့ ကို့ကိုအခွင့်အရေးထပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဇေနဲ့ဆို အသည်းအသန်ဖြစ်တတ်လွန်းသည့် ကိုနဲ့ ပထမဆုံးအကြိမ်ရန်ဖြစ်ရခြင်း​က ဇေ့​ကိုအကြောင်းပြုပြီးဖြစ်ခဲ့ပြီး အခုတစ်ဖန်ပြန်အဆင်ပြေခါနီးမှ ဇေ့ကိုအကြောင်းပြုပြီး ထပ်ရန်ဖြစ်ရဦးမှာလား။ သေချာတာကတော့ အကောင်းဆက်သည်မထင်ပါ။ သတင်းထွက်တာကထွက်တာပဲ သူကသာ ကိုယ်နှင့်အမှန်တကယ်သက်ဆိုင်သူမို့ ကိုနှင့်တိုင်ပင်ကြည့်ရမည်။

"အင်း ကို"

ကို့ဆီကထွက်လာမည်စကားသံတွေကို ညီညီကြိုသိနေသလိုလို။

"အဟင်း ..... သတင်းတွေ့ပြီးလောက်ရောပေါ့"

"အင်း တွေ့ပြီးပြီ"

"ပျော်နေလား ဂုဏ်ရည်ညီညီ...။ ဟမ် သတင်းက ငါနဲ့မထွက်ဘဲနဲ့ ဟိုကောင်နဲ့ဘာလို့ထွက်လာရတာလဲ"

ညီညီဆွံ့အသွားသည်။ ထင်သည့်အတိုင်းအရွဲ့တိုက်စကားပင်။ သူ့ဆီက ဒီအချိန်မှာ ဒီလိုစကားတွေထွက်မလာလောက်ဘူးလို့တွေးထားပေမယ့် ညီညီအတွေးတွေမှားသွားသည်။ ဒီစကားမဟုတ်ဘဲ ကိုယ်တွေရဲ့ရှေ့ရေးအတွက် ဘယ်လိုဆက်လုပ်ကြမယ်ဆိုတာတိုင်ပင်ရမယ့်အစား ပြဿနာရှာသည့်စကားကအရင်ထွက်လာတာမို့ ညီညီစိတ်ကွက်သွားသည်။

"အဲ့တာတော့ဘယ်သိမလဲ"

"ဟ....မင်းအနေရွဲလို့ဖြစ်တာပေါ့ကွ။ ပုံတွေကိုကြည့်ဦး။ ငါနဲ့တောင် အဲ့လောက်နီးနီးကပ်ကပ်နေဖူးလား။ သူများထင်တာမပြောနဲ့ ဘယ်သူမြင်မြင်မင်းတို့နှစ်ယောက်ရဲ့နေထိုင်သွားလာမှူတွေက အခြေအနေတစ်ခုထိ ရောက်ပြီးသားလူတွေလိုပဲ။ ပြောတော့သူငယ်ချင်းဆို။ အချစ်တွေဂရုစိုက်မှုတွေနဲ့ ပြည့်နေတဲ့ မင်းတို့နှစ်ယောက်ကိုစိတ်မချတာ ငါမှားလား ဂုဏ်ရည်ညီညီ"

"တော်တော့ အစ်ကိုရာ.....ခေါင်းတွေရှုပ်နေရတဲ့အထဲ။ ဒီလိုပြောရမှဖြစ်မှာလား"

"ပြောရမှာ....ပြောကိုပြောရမှာ...မင်းကအမြဲတမ်း မင်းမှန်ရင်ကြိုက်တာလုပ်မယ်ဆိုတဲ့သူ....ငါကပဲအသားလွတ် လိုက်သဝန်တိုနေတဲ့သူလို့ ထင်နေတယ်မလား။ ဖြစ်နိုင်ရင်လေ မင်းကငါ့အပိုင်ပါလို့ ငါကကြေညာပစ်ချင်တာ။ အဲ့တာဆိုခုလိုသတင်းတွေထွက်မလာတော့ဘူး။ မင်းကြောင့်နှုတ်ဆိတ်နေရတာ.... မင်းကြောင့်ကွ ညီညီရဲ့"

စကားထဲမှာ မင်းတွေငါတွေနဲ့ အက်ကြောင်းတွေထပ်နေတာပဲ။

"နှစ်ဦးအကြောင်းကိုဝန်ခံလို့တော့မရသေးဘူး အစ်ကို။ ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး"

"အဆင်သင့်မဖြစ်လို့မရဘူး ညီညီ။ ဘာလဲ အဲ့ကောင်နဲ့သတင်းတွေထွက်တော့ အဆင်သင့်ဖြစ်တယ်ပေါ့။ ငါနဲ့ကျမဖြစ်ဘူးပေါ့ ဟုတ်လား ဂုဏ်ရည်ညီညီ"

"မဟုတ် ကျစ် မဟုတ်ပါဘူးဗျာ....ကိုယ်ထင်တာကိုယ်စွတ်ပြောမနေစမ်းပါနဲ့။ ဇေနဲ့ကျွန်တော့်သတင်းက တမင်ဆွဲအဖုံးခံလိုက်ရတဲ့ကိစ္စ။ သတင်းတစ်ခုခုဖုံးစရာရှိပြီဆိုရင် Idol တွေကိုဆွဲထည့်နေကျ။ စာတောင်ထုတ်စရာမလိုဘဲ ပျောက်သွားမယ့်ကိစ္စကို။ မီဒီယာပလေးတဲ့ကိစ္စကိုဘယ်သူကမှ အတည်တကျမှတ်နေမှာမဟုတ်ပါဘူး"

"အဲ့တာဆိုမင်းက ဘာကိုခေါင်းရှုပ်နေတာလဲ။ ပူစရာမလိုတဲ့ကိစ္စဆို.... ညီ့မှာတွဲနေတဲ့သူရှိတယ်လို့ ကိုယ်တို့ချပြလိုက်ရအောင်နော် ..... ကိုယ်တို့နှစ်ယောက် Official တွဲကြမယ်"

ညီညီ့မှာဘာလို့အမြဲတမ်း လမ်းနှစ်ခွတွေပဲကြုံကြုံလာရတာလဲ။ တန်ဖိုးကြီးတဲ့အရာနှစ်ခုကိုချည်း ပြိုင်ရွေးရဖို့ဖြစ်ဖြစ်လာရတာလဲ။ ကို့ကို Silent ချစ်သူအဖြစ်နဲ့ထားရတာ ညီညီတကယ်အားနာမိပြီး တရားဝင်ချစ်သူအဖြစ် ချပြချင်မိပါသည်။ သို့သော်တကယ့်လက်တွေ့တော့များစွာကိုခက်ခဲသည်။

လက်ရှိရောက်နေသည့်နေရာကို ဘာမှမဟုတ်သေးဟုထင်မိလာသည်။ တကယ်လည်းဘာမှမဟုတ်သေးပါ။ ပရိတ်သတ်တွေထပ်ထပ်လိုချင်မိသေးပြီး လှေကားထစ်တွေအများကြီး ထပ်တက်ချင်သေးသည်။ Idol တစ်ယောက်ရဲ့ဘဝမှာ အချစ်ရေးကိစ္စသည် နံပါတ်တစ်မဟုတ်ပေမယ့် ဖန်တွေရဲ့စိတ်ထဲမှာတော့ အိုင်ဒေါလ်ရဲ့အချစ်ရေးကနံပါတ်တစ်အုပ်စုထဲမှာပါသည်။ ညီညီ့အချစ်ရေးကိစ္စကိုထုတ်ပြလို့မဖြစ်သေးပါ။

"ဟင့်အင်း ကို.....ညီတို့ထပ်စဥ်းစားကြရအောင်"

အားယူပြီးပြောလိုက်သည့်စကားတစ်ခွန်းအပြီးတွင် ကို့ဘက်မှ ခံပြင်းလွန်းသည့် တောက်ခေါက်သံတစ်ခုထွက်လာသည်။

"မင်းကွာ.......တူ တူ...."

တစ်ဖက်မှအရင်ချသွားသည့်ဖုန်းသံသည် သူရဲဘောကြောင်သည့် ညီညီ့ကိုလှောင်ပြောင်နေသည်။ ကိုယ့်ဆုံးဖြတ်ချက်တွေ မှန်လားမှားလားလည်းမသိတော့။

ဇေ ဘယ်ရောက်နေလဲ။ ခုလိုချိန်မှာ ဇေကဘယ်ဘုံမှာသွားလူဖြစ်နေတာလဲ။

သူဌေးကရုံးခန်းသို့တစ်ခါခေါ်၍သွားရသေးသည်။ မန်ဘာတွေဆိုအံ့သြဟန်တောင်မပြ။

လူစုံလို့တစ်ဝိုင်းသောက်မိရင် ညီညီကလူသူမသိအောင်ကိုမှောက်တတ်တာအကျင့်လေ။ တစ်ဖွဲ့လုံးသိတယ်။ အဲ့တာကြောင့် ဇေ ကတစ်ခါမှဝင်မသောက်ဘဲ ညီညီ့ကိုတင်မဟုတ် တစ်ဖွဲ့လုံးကိုပတ်အိမ်ပြန်ပို့ပေးနေကျ။ ညီညီ့မတ်တပ်ပင်ခိုင်ခိုင်မရပ်နိုင်သည့်အခါ တစ်ခါတလေ ဇေကချီတောင်ချီသေးသည်။ ဓာတ်ပုံတွေကလို ပွေ့တာ ဖက်တာလောက်က မန်ဘာတွေရဲ့မျက်လုံးထဲမှာ အတွဲတွေရယ်လို့ထူးမြင်မနေစေပါ။ ထို့ကြောင့်လည်း ဘာမှမပြောကြခြင်းပင်။

သူဌေးကတော့ မဖြစ်စလောက်ကောလဟာလဖြစ်၍ ဖြေရှင်းချက်တစ်စုံတစ်ရာထုတ်မှာမဟုတ်ကြောင်းပြောသည်။ ထို့အပြင် အများပြည်သူနေရာမျိုးတွေမှာ idol နဲ့ မန်နေဂျာဆက်ဆံရေးထက်မပိုရန်လည်း သတိပေးခံရလိုက်သေးသည်။ ​သတင်းဖြန့်သူကိုစုံစမ်းနေပြီး ထို့ထက်ပိုဆိုးတာတွေပါပါလာရင်တော့ ဇေ့ကို မန်နေဂျာအဖြစ်ကထုတ်မှာဖြစ်ကြောင်းတစ်ခါတည်းပြောသေးသည်။

ဇေ့ကိုတော့ Artist-K တစ်ဖွဲ့လုံးလိုအပ်နေပါသည်။ ပရိတ်သတ်အတွက်ဆိုတော့လည်း ညီညီအနေအထိုင်ဆင်ခြင်ရန်ကတိပေးခဲ့ပါတော့သည်။

........

"ဇေ ထိုင်ပါဦး"

"ဟုတ်ကဲ့ အန်တီ"

ဧည့်ခန်းတွင် ဒေါ်မေရည်ချိုနှင့် ဇေသုခလင်းနှစ်ယောက်တည်းသာရှိသည်။ ပြောစရာစကားတွေရှိနေသည်မို့ ခုလိုမျက်နှာချင်းဆိုင်မိတုန်းလေး အေးအေးသက်သာပြောရမည်။

"Artist-K နဲ့အလုပ်လုပ်ရတာ ဘယ်လိုနေလဲ။ အန်တီ့ဆီမှာတုန်းကထက် ပိုပင်ပန်းလားမပန်းလား"

"အတူတူလောက်ပါပဲ အန်တီ"

ဒေါ်မေရည်ချို ခပ်ပြုံးပြုံးလေးဖြစ်သွားသည်။

"ညီညီနဲ့အနီးကပ်နေရလို့ ပင်ပန်းလားလို့မေးချင်တာပါ"

"မပင်ပန်းပါဘူး အန်တီ။ သူ့အနားမှာနေရတာ ပျော်စရာကောင်းပါတယ်"

"ဒါဆို ဘာလို့သူ့အနားကထွက်သွားချင်ရတာလဲ"

ဇေ အဖြေတန်းမပေးနိုင်။ အရင်တစ်ခါ ဇေနဲ့ညီညီပဋိပက္ခဖြစ်တုန်းက အန်တီ့ဆီမှာ "ကျွန်တော်ထွက်ချင်တယ်"ဟုပြောခဲ့ဖူးသည်။

ညီညီ့ဆီကတင်မဟုတ်ဘဲ အန်တီ့အလုပ်ကရော ဒီအိမ်ကရော ဒီကိုရီးယားမြေကရောထွက်ခွာပြီး ကိုယ့်မိဘတွေနဲ့အတူပဲနေချင်တော့၍ အန်တီ့ကိုခွင့်တောင်းခဲ့ဖူးသည်။ ညီညီ့နားမှာနေနေရင်း ညီညီ့အတွက် ဆူးတစ်ခု ဖြစ်မှာစိုးသည့်စိတ်ရယ် ဇေကိုယ်တိုင် ပင်ပန်းလာတာရယ်ကြောင့် ထွက်သွားမည်ဟုပြောခဲ့သည့်စကားတစ်ခွန်းကို
အန်တီက အထအနပြန်ကောက်သည်။

ဇေမဖြေနိုင်....။

"ညီညီ့အနားမှာပဲနေပေးလို့မရဘူးလား။ အမြဲတမ်းပေါ့"

"ဗျာ...."

"ညီညီက သားကိုခင်တွယ်တာသိတယ်မလား"

"သိပါတယ် အန်တီ။ ညီညီကကျွန်တော့် ကိုခင်တွယ်တာထပ်ပိုပါတယ်။ ဒါ့ကြောင့်လည်း သူနဲ့ကျွန်တော့်ကြားမှာ အထင်လွဲစရာသတင်းတွေဖြစ်လာတာပေါ့။ ညီညီလည်းတစ်ချိန်ကျရင် သူ့လမ်းသူလျှောက်ရမှာပါ။ အမြဲတမ်းတော့အတူရှိပေးနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး"

"အဟင်း ညီညီ့သတင်းတွေကို မြင်လိုက်တော့ အန်တီတော့ဘယ်လိုမှကိုမနေတာ။ ကိုယ့်ဆန္ဒတွေအတိုင်းပဲမို့လို့လားမသိဘူး"

"ဗျာ...."

ဇေ နားမလည်နိုင်ဖြစ်သွားသည်။ အဓိပ္ပာယ်ကိုချက်ချင်းတန်းမတွေးနိုင်။

"ဇေ့ကို အန်တီကတစ်ခုကမ်းလှမ်းမလို့"

"ဘာများလဲ အန်တီ"

"ဟိုအရင်ကလိုပေါ့။ ဇေ့ကိုအန်တီက တကယ့်အဆင့်မြင့်တဲ့သူတစ်ယောက်အဖြစ်နဲ့ပြောင်းလဲပေးပြီး ညီညီ့ကိုစောင့်ရှောက်ပေးဖို့ ကမ်းလှမ်းခဲ့သလိုမျိုး အခုလည်းအရေးကြီးကမ်းလှမ်းမှုတစ်ခုထပ်လုပ်မလို့။ ဘာလဲဆိုတော့..."

"ဟုတ်"

"ဇေ့ကိုညီညီ့ရဲ့ ဘဝလက်တွဲဖော်အဖြစ် ကမ်းလှမ်းမလို့"

"ဗျာ....."

ဇေ့ရင်ထဲ ဟာသွားသည်။ ဟိုးအမြင့်ကြီးကနေခုန်ချလိုက်တဲ့ခံစားချက်လို ရင်ထဲမှာတလှပ်လှပ်နဲ့ ပေါ့ပါးသွားသည်။ ကိုယ့်နားနဲ့ဆက်ဆက်ကြားလိုက်ရသည့်စကားကိုမှ မယုံနိုင်စွာ ရင်တွေတောင်ခုန်သွား၏။

"ဒီစကားကိုပြောရတာ မျက်နှာပူပေမယ့် အန်တီကသမီးရှင်မဟုတ်တော့ အန်တီ့ဘက်ကပဲစပြီးကမ်းလှမ်းလိုက်ပြီ။ ညီညီ့ဆိုးသမျှ ဂျီကျသမျှကိုသည်းခံပေးပြီး ညီညီ့နားမှာအမြဲစောင့်ရှောက်ပေးနိုင်တဲ့သူဆိုလို့ ဇေ့ကိုပဲ အန်တီမြင်တယ်။ ဒါအန်တီခေတ်မီလို့မမီလို့တွေထက် ကိုယ့်သားအတွက်လုံခြုံစိတ်ချရတဲ့သူဆီကို အပ်နှံတာမို့လို့ ယောက်ျားလေးမိန်းကလေး ခွဲထားတာမျိုးမရှိပါဘူး။ ဇေသာဆိုရင် အန်တီ သားမက်တော်ဖို့လည်း အဆင်သင့်ပါပဲ။ ဇေကသာ အန်တီ့တောင်းဆိုချက်ကို လေးလေးနက်နက်စဥ်းစားပေးပါကွယ်"

"ကျွန်တော်... ညီညီ့ကိုချစ်... ချစ်ပါတယ်။ ဒါပေမယ့် တစ်သက်လုံးဆိုင်သွားရမယ့်သူတွေလို ရှေ့ဆက်ဖို့ကိုကျ ညီညီ့ဆန္ဒကိုပဲ....အလေးပေးချင်ပါတယ်"

"ဒါဆိုညီညီလက်ခံရင် ဇေကညီညီနဲ့လက်တွဲဖို့အသင့်ပဲပေါ့"

ဇေ ဇဝေဇဝါမရှိပါပဲ ခေါင်းငြိမ့်လိုက်ပါသည်။ ဇေ့ဘက်မှာ အခွင့်အရေးရှိနေသေးတာလား။ အခွင့်အရေးရှိလာတာလားမပြောတတ်ပါ။

ကာယကံရှင်နှစ်ယောက်ကသာ ဘာရယ်မဟုတ်ကြတယ်။ မိဘတွေက လက်ထပ်ခြင်းအရိုက်အရာကြိုးနှင့် ချည်နှောင်ချင်နေကြပြီ။ ​

ညီညီ့ကို ပိုင်ဆိုင်ချင်ရဲ့လားလို့ တစ်စုံတစ်ယောက်ကမေးရင် "အင်း" လို့​ဖြေမယ်။

ပိုင်ဆိုင်ဖို့ ဘာလို့မကြိုးစားတာလဲလို့ မေးရင် ဝေးသွားမှာကြောက်လို့လို့ဖြေမယ်။

ညီညီနဲ့ ဘယ်အချိန်မှာခွဲမလဲလို့မေးရင် ညီညီဘဝမှာ ညီညီကိုယ်တိုင် ကိုယ့်ထက်ပိုမှီခိုတဲ့သူရှိတဲ့တစ်နေ့ ကျွန်တော့်ဘက်ကစပြီးခွာပါမယ်လို့ဖြေပါမယ်.....။

........

"နှစ်ပင်လိမ် Eagle"

ရက်ပိုင်းလောက်ကြာအပြီးတွင် ထပ်မံပြီးတက်လာသည့် သတင်းခေါင်းစဥ်ကိုမြင်ပြီး ညီညီရှော့ခ်ရသွားသည်။

ခေါင်းစဥ်အတိုင်းပင် ကောင်းသတင်းတော့မဟုတ်ပေ။ ညီညီ့အချစ်ရေးသတင်းခေါင်းစဥ်အောက်က နောက်တစ်ယောက်နှင့်ထပ်တွဲနေပါသည်ဟူသော အဓိပ္ပါယ်ဖြစ်သည်။ ရည်းစားနှစ်ယောက်ကို တစ်ပြိုင်တည်းတွဲနေသည့် နှစ်ပင်လိမ် ပွေလီသည့် Eagle ပေါ့လေ။ ဒီတစ်ခါ ဇေနှင့်ပါမဟုတ်တော့ဘဲ နောက်တစ်ယောက်ပါပါလာသည်။

ဇေနှင့်တုန်းကလို မည်သူမည်ဝါဆိုတာ ရေရေရာရာချပြထားတာမျိုးမဟုတ်ဘဲ ပုံအဝါးများနှင့်သာတင်ထား၏။ ဘယ်သူဘယ်ဝါဆိုတာကို အတိအကျ ထုတ်ပြမထားဘဲ ပရိတ်သတ်စိတ်ဝင်စားရုံလောက်အစမ်းပြထားသည့်သဘော။

ညီညီကတော့ တန်းသိတာပေါ့ ညီညီနဲ့ကို့ပုံတွေမှန်း။

ပရိတ်သတ်များအနေနဲ့ ပုံတွေဝါးထားသော်လည်း မည်သူမည်ဝါဆိုတာသာမသိကြသည် ယောက်ျားလေးနှစ်ယောက်ပုံမှန်း လူတိုင်းကသိကြသည်။  ညီညီရင်တွေပူလိုက်တာ။

ကုမ္ပဏီဘက်ကရေရေရာရာ ဘာမှမထုတ်ပြန်သေးခင် ညီညီ့ဘက်က မည်သို့အကြောင်းပြန်ရမည်ကို ခေါင်းခဲနေသည်။ ကိုနဲ့သတင်းကထွက်လာရခြင်းကို နားမလည်။

ကိုယ့်ရဲ့အချစ်ရေးကိစ္စကို ချပြဖို့အဆင်သင့်မဖြစ်သေးတာကို ဘယ်လိုလုပ်ဒီသတင်းတက်လာရသလဲ စဥ်းစား၍မရ။ ကိုယ်တွေအကြောင်းသိတဲ့လူ လက်ငါးချောင်းတောင်မပြည့်တာကို။ အများပြည်သူနေရာမျိုးမှာ တွဲသွားတွဲလာလည်းမလုပ်မိပါပဲနဲ့ ဒီပုံတွေကဘယ်ကရလာတာလဲ။

ဝါးနေသည့်ပုံတွေတောင်ရှိတာ ပုံအကြည်လည်းရှိမှာအသေအချာပင်။ ထို့ထက် ပထမဆုံးအစမ်းအနေနဲ့ လူတွေစိတ်ဝင်စားအောင်စမ်းပြလိုက်တာမျိုးဖြစ်သည်ဟု ညီညီခန့်မှန်းသည်။ လူတွေစိတ်ဝင်စားမှုအမြင့်ဆုံးအချိန်ကျမှ ထုတ်ပြဖို့များကြံနေသလား။ ဒါမှမဟုတ်.... သတင်းဌာနတွေကအတင်းလိုက်ဝယ်ကြရင်ရော..... ။ သေပြီပဲ။

မြန်မာကပရိတ်သတ်တွေကတော့ ပုံအဝါးတွေကိုပဲကြည့်ပြီး "သက်မင်းခန့်ထင်"ဟု တန်းကောက်ချက်ချကြသလို သဘောတူသူလည်းရှိပြီး မတူသူတွေလည်းရှိကြ၏။ Series ပြီးကတည်းက Shipper အတွဲအဖြစ် သဘောကျသူတွေက သဘောတူကြပြီး အစ်ကိူ့ကိုကောင်မလေးတစ်ယောက်နှင့် တွဲပြီးပြတ်ဖူးသည့် Straight တစ်ယောက်မို့ ညီညီနှင့်သဘောမတူနိုင်ကာ အစ်ကို့ကိုနိမ့်ကျသည်ဟု မြင်သူတွေလည်းရှိ၏။

မြန်မာကပရိတ်သတ်တွေဆီမှ ပုံများပြန့်နှံလာပြီး အစ်ကို့ပုံများကို အင်တာဖန်များကပါ "သူလား သူလား" "သူတဲ့ သူတဲ့" စမ်းတဝါးဝါးနှင့် ခန့်မှန်းကြသည်။ ဘယ်သူဘယ်ဝါ မသေချာသည်ကိုပင် ကိုယ့်ရပ်ကိုယ့်မြေကိုယ်တိုင်က ပွက်လောရိုက်နေတာ ကိုရီးယားမြေမှာဆူနေတာ အဆန်းတော့မဟုတ်ပေ။

ကီုရီးယားမြေက မည်သည့်အကြောင်းကြောင့်ဆူပါသနည်းဆိုလျှင် Anti fan များ၏သွေးထိုးမှူများကြောင့်ပင်ဖြစ်သည်။ အဘက်ဘက်မှာ နိုင်ငံတကာနဲ့ရင်ဘောင်တန်းနေသည့်နိုင်ငံမှာ "Semantic Error"လို ဇာတ်လမ်းတွဲကောင်းတွေနာမည်ကြီးခဲ့သော်လည်း Idol တစ်ယောက်သည် LGBT ဆိုသည်နှင့် အားမပေးချင်တော့သည်ကများသည်။

မန်ဘာအချင်းချင်း OTP အတွဲကသက်သက် အပြင်ကအတွဲကိစ္စကသက်သက်ပင်။ ထို့ကြောင့် လတ်တလောတော့  နှစ်ယောက်ပြိုင်တူတွဲနေသည်ဟူသည့် သက်သေအယောင်ပုံများကြောင့် ညီညီသည်ပွေလိမ်သူအဖြစ် သတင်းများတွင် နာမည်ကြီးနေပြီး Anti fan များဝင်ရန်အကောင်းဆုံးအချိန်ဖြစ်ရာ ညီညီ့ Dating သတင်းသည်ဂယက်အတော်ထနေခဲ့လေသည်။

လတ်တလော ထွက်ထားသည့်သီချင်းကိုပင်လျှင် ကိုယ်​ကျိုးအတွက်ဖုံးစေချင်၍ ထုတ်သည်ဟုပင်အပြစ်ဆိုလာကြပြန်၏။

"တောက်စ်"

ဇေ့ တောက်ခေါက်သံကြောင်း ညီညီတုန်တက်သွားသည်။ ကြည့်လိုက်တော့ ဇေကခါးကိုထောက်လို့ ဒေါသတွေထွက်နေသည်။ ညီညီ့ကိုမဟုတ်ဘဲ တစ်စုံတစ်ခုကိုတေးနေသလိုမျိုး။

မဟုတ်မှ ဇေက တရားခံကိုသိနေတာလား။ ဘယ်သူလဲ တရားခံက။ ဘယ်သူဖြစ်နိုင်လဲ။

"ဇေ.... ဘယ်သွားမလို့လဲ"

"သွားထိုးမလို့"

"ဘယ်သူ့ကိုလဲ"

"ဘယ်သူကမလဲ.....သစ္စာဖောက် ရာဇာမိုးပေါ့"

ရာဇာမိုး......။ မန်နေဂျာကောင်လား။ သူလုပ်တာလား။ ဟုတ်လောက်ပါရဲ့ ကိုနဲ့ပုံတွေကိုတစ်ခေါက်ပြန်ကြည့်လိုက်တော့ ဝါးထားသော်လည်း နေရာက ညီညီတို့အိမ်အတွင်း၌မှန်း တန်းသိနိုင်သည်။

အဲ့တုန်းက ညီညီနဲ့ကိုတံခါးဝမှာ ဖက်ဖြစ်ခဲ့ကြတာကို ရှင်းရှင်းကြီး မှတ်မိသည်။ အိမ်ထဲထိတော့ဘယ်သူမှဓာတ်ပုံဝင်ရိုက်လို့မရပါ။ အိမ်ထဲရောက်ပြီးသားသူထဲ သူစိမ်းဆိုလို့သူတစ်ယောက်ပဲရှိသည်။ တစ်ဖက်အခန်းကနေခိုးရိုက်ထားတာမှန်း ပုံများကိုကြည့်လေကြည့်လေ သိလာရတော့သည်။ ရန်ကုန်ပြန်ရောက်တုန်း သူ့အိမ်ပြန်ပါစေဆိုပြီးခွင့်ပြုလိုက်တာ အိမ်မပြန်ဘဲ ညီညီတို့ကိုနောက်ယောင်ခံလိုက်နေတာတဲ့လား။ သေချာတယ် သူပဲ။ သူ့နောက်မှာလည်းတစ်ယောက်ယောက်ရှိရမယ်ဟု တစ်ဆက်တည်းတွေးမိသည်။

"မင်းကဘယ်လိုသွားပြောမလို့လဲ....သတင်းတွေကအမှန်ပဲကို"

"ဟ ..... ညီညီ။ အမှန်ဆိုတိုင်းငြိမ်နေလိုက်ရမလားကွ။ မင်းကိုထိခိုက်နေတာမမြင်ဘူးလား။ မင်းနဲ့ငါ့သတင်းက ဖြေရှင်းလိုက်လို့ရတယ်။ သက်ထင်နဲ့မင်းတွဲနေတယ်လို့ မင်းအမှန်တိုင်းပြောလိုက်တော့မလို့လား။ မရဘူးနော်။ မှန်နေလည်းအမှားလုပ်ရမယ်ကွာ။ မင်းဘာတွေတွေးနေတာလဲ။ မင်းမှာဆက်သွားရမယ့်ခရီးရှိနေသေးတယ်လေ ညီညီရဲ့"

"ဒါဆို ခုသတင်းကိုဘယ်လိုလုပ်မလဲ"

"ငါဖြေရှင်းလိုက်ပါ့မယ်။ အန်တီနဲ့လည်းတိုင်ပင်ရမယ်"

ဇေက အေးအေးလေးပြောပြန်သည်။ ဇေက​ပုံမှန်ဆိုရင်အနေတည်သည်။ အနေတည်နေချိန်ဆိုရင်တအားကြည့်ကောင်းသည်။ တကယ်ကိုခန့်ညားတဲ့အမျိုးကောင်းသားတစ်ယောက်ဟု မီဒီယာ​တွေမှာ ရံဖန်ရံခါပါပါလာတတ်သည်။ စိတ်တိုနေချိန်ကြရင်လည်း ကြောက်ဖို့တကယ်ကောင်းသည်။ နဂါးတစ်ကောင်၏မာန်မာနတွေကိန်းဝပ်နေသလို ခက်ထန်နေတဲ့ ဇေ့မျက်နှာကိုမြင်ရရင် ညီညီကြောက်သည်။ ထို့ပြင် ဇေသည် ပေးပြီးသား ကတိတစ်ခုကို အမြဲတည်တတ်သည်။

ဇေ့ကိုယုံပါသည်။ ညီညီ့ဘဝမှာဇေက မရှိမဖြစ်လိုအပ်တဲ့လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ။

"ဒေါသမပါစေနဲ့​နော်...ငါမင်းကိုစိတ်ပူလို့ပါ ..... အေးအေးဆေးဆေးပဲပြောခဲ့နော်"

"အင်း"

........

ဇေထွက်သွားပြီးနောက် ညီညီ့ကို သူဌေးရုံးခန်းကခေါ်သည်။ သေချာပေါက်ဖြေရှင်းချက်ထုတ်ဖို့ကိစ္စပင်ဖြစ်လေမည်။ မန်ဘာတွေထက်စောလာခဲ့တာမို့ ဘယ်သူကဘာပြောဦးမလဲမသိသေးပေ။ သူတို့အတွက် ထူးထူးခြားခြားဖြစ်မည်တော့မထင်ပါ။

ဇေက သူဖြေရှင်းမည် ပြောထားသည့်အတွက် ညီညီ့လည်း ဇေပြောသလို ငြင်းခဲ့လိုက်သည်။

သူ​ဌေးရုံးခန်းကပြန်အလာတွင် ညီညီစိတ်တွေထွေပြားနေသည်။ ညီညီငြင်းခဲ့သလို ကုမ္ပဏီဘက်ကလည်း ကြေညာချက်တစ်စုံတရာထုတ်မှာ မဟုတ်သေးဟု သူဌေးကပြောသည်။

ပြီးတော့ ညီညီတွေးသလိုပင် သူဌေးကလည်းတွေးပုံရပြီး ငြိမ်နေလို့မဖြစ်တော့ကြောင်း၊ တိတိကျကျပြမထားသည့်ပုံများက ပိုကြောက်ရကြောင်းနှင့် ပုံအကြည်တွေထပ်တက်လာခဲ့ရင် ငြင်းဆိုထားသမျှ​ သဲထဲရေသွန်ဖြစ်မှာစိုးသည်တဲ့။

ဒီတိုင်းငြိမ်နေလိုက်ရုံနှင့်တော့ မှတ်ချက်တွေကပျောက်သွားမှာမဟုတ်။ အဲ့တော့ ဘာလုပ်ရမလဲ။ ဇေကတော့ သွားဖြေရှင်းနေပြီ။ ဇေသာအောင်မြင်ခဲ့ရင် ပုံတွေထပ်တက်လာမှာမျိုးကို ကြောက်နေစရာမလို။ သူဌေးဘက်ကလည်း သတင်းတင်သူကိုစူံစမ်းနေပြီး ငွေပေး၍ပိတ်မည်ဟုပြောသည်။ ဇေပဲဖြစ်ဖြစ် ကုမ္ပဏီကပဲဖြစ်ဖြစ် ဓာတ်ပုံကိစ္စကသေချာပေါက်စိတ်ပူစရာမလိုတော်တဲ့အခါကျမှ စာထုတ်၍ငြင်းမည်တဲ့။ ထိုအကြံလည်းကောင်းသည်ပင်။

စတူဒီယိုအခန်းထဲပြန်ရောက်တော့ မန်ဘာအချို့ရောက်နေကြလေပြီ။ ဇေနှင့်တုန်းကလို မျက်လုံအကြည့်တွေကမတူ။ တစ်မျိုးတော့တစ်မျိုးပေမယ့် ညီညီအဓိပ္ပါယ်မဖော်တတ်ပါ။

"Eagle..... ဒီမှာလာထိုင်ဦး။ သူဌေးကဘာပြောလဲ"

"သူကြည့်ဖြေရှင်းလိုက်မယ်တဲ့ Hyung"

"ပုံထဲကသူက သက်ထင်လား။ ငါတော့သူလို့ပဲထင်တယ်"

"အင်း ကျွန်တော်ရောပဲ Hyung။ Series လည်းအတူရိုက်ဖူးထားတော့ Eagle တို့ကိူထင်ကြတာနေမယ်"

"ဟုတ်မယ်.... သူတို့ကအကြောင်းမသိလို့ပါ။ Eagle နဲ့သက်ထင်နဲ့က ညီအစ်ကိုလိုရင်းနှီးတာကို"

ကိုယ့်အထင်နှင့်ကိုယ်မှတ်ချက်တွေပေးကြသည်။ "တကယ်ကြီးတွဲနေကြတာလား"လို့မေးမလာပါစေနဲ့လို့ ဆုတောင်းမိသည်။ မလိမ်ချင်ပေမယ့် လိမ်ဖြေရမှာမို့ အဖွဲ့ဝင်တွေကို လိမ်ရတာမျိုးမလုပ်ချင်။ သူတို့ကိုယ်တိုင်က ညီညီတို့နှစ်ယောက်ကို ရိုးရိုးလေးပဲတွေးကြတာတော့ ညီညီထုတ်ပြောဖို့ခက်သွားပါသည်။

"ဒီသောက်မီဒီယာတွေက နာမည်လိုချင်တာလောက်သိတာ။ ညီညီနဲ့ဇေ့ကိုတောင် စွပ်စွဲကြတာကြည့်"

"ဘုန်း"

အလန့်တကြား အသံက ယောင်းမင်းဆီကထွက်လာသည်။ ခုံကိုပိတ်ကန်ပစ်တာ။

"ဘာဖြစ်တာလဲ ယောင်းမင်း"

ယောင်းမင်းကဆူပုတ်ပုတ်နဲ့ ပြန်မဖြေ။ တစ်ခုခုကိုဂျစ်တိုက်နေသည့်ပုံနှင့်။ အာရုံက ညီညီ့ဘက်ပြန်လှည့်လာကာ ထယ်ဆော့ကဝင်မေးသည်။

"သက်ထင်နဲ့တကယ်တွဲနေတာလား"

ညီညီ့နားကြောတွေထောင်သွားသည်။ မမေးစေချင်ပါဘူးဆို ဒဲ့ကိုမေးချလာလေပြီ။ ညီညီဘယ်လိုဖြေရမလဲ။ စီအီးအိုကိုငြင်းခဲ့သလို ငြင်းလိုက်ရမလား။ ဒါပေမယ့် မိသားစုတွေကြားမှာ လျှို့ဝှက်ချက်မရှိသင့်ဘူးလေ။ သူတို့ကိုလိမ်ထား​တာသိသွားရင် မကောင်းဘူး။ ညီညီဘာလုပ်ရမလဲ။

"Eagle မေးနေတယ်လေ။ မင်းတို့နှစ်ယောက်ရင်းနှီးတာသိပေမယ့် ပုံတွေကနည်းနည်းထင်စရာကောင်းနေတယ်။ အမှန်တိုင်းပြောပြပါ Eagle။ ငါတို့အတူတူဖြေရှင်းလို့ရတယ်လေ"

"မ.. မဟုတ်ပါဘူး။ အမှန် မ.. မဟုတ်ဘူး"

ညီညီလိမ်လိုက်မိပြီ။ ကိုယ်စသည့်ဇာတ် ကိုယ်န်ုင်အောင်ကရတော့မည်။

"ဘုန်း..."

ယောင်းမင်းက ခုံကို ခပ်ပြင်းပြင်းထပ်ကန်ပြန်သည်။ ခုနကတစ်ချက်ထပ်ပိုပြင်းလေသည်။

"ယောင်းမင်း မင်းဘာဖြစ်နေလဲ...။ ဘယ်သူ့ကိုစိတ်တိုနေလို့ အစ်ကိုတွေစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာလဲ ဟမ်..."

အစ်ကိုဒယ်ဟိုကထဟောက်သည်။ အားလုံးရဲ့အာရုံက ယောင်းမင်းနဲ့ဒယ်ဟို့ဆီမှာ။

"Hyung ဖြေးဖြေးပြောပါ"

"ယောင်းမင်းနား ဘာကိစ္စရှိလို့လဲ"

"ဘုန်း"

ယောင်းမင်းကပေတေစွာ ခုံကိုထပ်ကန်ပြီး မတ်တပ်ထရပ်၏။ အကြီးဆုံးနှင့်အငယ်ဆုံးထိပ်တိုက်ဆုံတော့မည်ဟုထင်လိုက်သော်လည်း ယောင်းမင်းဦးတည်ရာက ညီညီ့ဆီဖြစ်နေသည်။

ညီညီ့ကို မင်သေသေအံကြိတ်ထားသည့် မျက်နှာနှင့်ကြည့်နေတော့ ညီညီ့ရင်ထဲပင်တုန်လာသည်။

"ဘာလို့လိမ်တာလဲ"

"ဟင်"

အခန်းထဲတွင်တိတ်ဆိတ်နေသည်။ မန်ဘာတွေအားလုံးကလည်း ကြည့်နေကြသည်။ ယောင်းမင်းဘာကိုမေးတာလဲ ညီညီမသိသလို ဘာဖြေရမှန်းလဲမသိ။

"ဘာလို့လိမ်ပြောနေတာလဲလို့။ အမှန်တိုင်းပြောလိုက်လို့မရဘူးလား"

"ယောင်းမင်းနား ဘာဖြစ်တာလဲ"

"ဘာတွေပြောနေတာလဲ"

"ဆယ်စက္ကန့်အချိန်ပေးမယ်။ Hyung ​ကိုယ်တိုင်ဖွင့်ပြော......"

ယောင်းမင်း ကိုပထမဆုံးအကြိမ် ကြောက်မိလာသည်။ ယောင်းမင်းပြောသည့်အချက်ကို သိသလိုလိုပေမယ့် သူပြောတာနှင့် ကိုယ်ထင်တာလွဲနေရင်​ဒုက္ခ။ ဆယ်စက္ကန့်သာပြည့်သွားသည့် ညီညီဘာမှမပြောလိုက်ရ။

"ဝါး တကယ်မပြောတာပဲ။ ဝဲ ကိုယ့်အဖွဲ့ကိုတောင်မယုံဘူးလား....ဝဲ"

"ယောင်းမင်း ဘာတွေဖြစ်နေလဲလို့"

ဘေးလူများကအတင်းမေးတော့ ယောင်းမင်းသည်စ်တ်လျော့ချလိုက်သည့်ပုံဖြစ်သွားသည်။ တစ်ခုခုထုတ်ပြောတော့မည်။

"Hyung က သက်ထင်နဲ့တွဲနေတာအမှန်ပဲ"

"ဟမ်...."

အံ့သြသံအာမေဋိတ်များကပြိုင်တူလျက်။

ညီညီမျှော်လင့်ထားသည့် အရာများဖြစ်နေမလားဟု တွေးထားသည်နှင့်အညီတစ်ထပ်တည်းဖြစ်နေသည်။ ယောင်းမင်းကဘယ်လိုလုပ်သိနေတာလဲ။

"မဟုတ်...."

"Hyung.....မလိမ်ပါနဲ့တော့။ ကျွန်တော့်မျက်လုံးနဲ့မြင်ခဲ့တာကို ဘာကိုလိမ်နေသေးတာလဲ။ hyung အမေမွေးနေ့တုန်းက အခန်းထဲမှာ Hyung တို့နှစ်ယောက်ဖက်နေတာ တွေ့ခဲ့ပြီးသား"

ညီညီထိတ်လန့်ခြောက်ခြားသွားသည်။ အဲ့တုန်းကအဖြေတောင်းရုံရှိသေးတာကို အထင်လွဲသွားခဲ့တာ။ ယောင်းမင်းကသိနေခဲ့တာကြာပြီပဲ။
ညီညီ့မျက်နှာကြီးပူရှိန်းနေသည်။ အလိမ်ပေါ်သွား၍ ညီညီခေါင်းကိုသာလျှင်ငုံ့ထားမိသည်။

"ကျွန်တော်ကတော့ အစ်ကိုဇေ့ကိုအဆုံးရှုံးမခံနိုင်ဘူးနော်"

"ဇေ့ကိုဘာလို့ဆုံးရှုံးရမှာလဲ"

"ဟွန့် သူ့ကြောင့်ပေါ့။ ဟိုနေ့က သူဌေးနဲ့ရုံးခန်းထဲမှာပြောနေတာကြားခဲ့တယ်။ သတင်းအခြေအနေဆိုးလာရင် ဇေ့ကိုအလုပ်ထုတ်မှာတဲ့။ အဲ့တာ သူ့ကြောင့်ဖြစ်တာ။ အခြေအနေတွေကိုရှင်းရှင်းလင်းလင်းလုပ်ခဲ့ရင်ရတာကို ကျွန်တော်တို့ကိုလည်းလျှိုထားတယ်။ တကယ့်အခြေအနေဖြစ်လာတာတောင် ထုတ်ပြောဖို့မစဥ်းစားသေးဘဲလိမ်ပြောပြန်တယ်။ ကျွန်တော်တို့ကအပိုလူတွေလား။ Hyung အတွက်မလိုတော့ဘူးလား"

"မဟုတ် မဟုတ်ပါဘူး ယောင်းမင်း...."

"ကျွန်တော်အများကြီးဝမ်းနည်းတယ်။ Hyung က တစ်ကိုယ်ကောင်းသိပ်ဆန်တာပဲ"

ယောင်း​မင်းလေး အခန်းထဲထွက်သွားသည်။ ယောင်းမင်းနောက် ဖြောင်းဖျရအောင် ထယ်ဆော့နဲ့ဆိုးချန်ကလိုက်သွားပြီး အခန်းထဲတွင်ချောင်ဟီးနှင့် အစ်ကိုဒယ်ဟိုသာကျန်ခဲ့သည်။

ညီညီရင်တွေနာသည်။ ယောင်းမင်းကအတော်တောင်အရွယ်ရောက်လာခဲ့ပြီဖြစ်သည်။ ညီညီ့ကိုတောင်ပြန်ဆုံးမသွားပြီ။ ဟုတ်သည်။ ညီညီမှားသည်။ အရာအားလုံးကို ရှင်းရှင်းလင်းလင်းမလုပ်ခဲ့တာ ညီညီမှားသည်။ ညီညီ့ကိုအချစ်ဆုံး အငယ်ဆုံးလေးကတောင် ခုတော့စိတ်ခုသွားလေပြီ။ မယုံလို့မဟုတ်ပါဘူး။ စိတ်ကွက်မှာမခံနိုင်လို့မပြောမိတာပါ။ ယုံပေးကြပါ...... ။

ညီညီမျက်ရည်ကျလာသည်။ ခုတလောပျော်နေရတယ်လို့ကိုမရှိ။ တစ်ခုခုဆိူမျက်ရည်ကအရင်ကျကျလာသည်။

"Eagle..... ယောင်းမင်းပြောသွားတာတွေကိုစိတ်ထဲမထားနဲ့။ Eagle မင်းစိတ်ညစ်လို့မရဘူးနော်။ မင်းကျန်းမာရေးကိုသာဂရုစိုက်"

"အင်းလေ မငိုပါနဲ့ကွာ။ ယောင်းမင်းလေးကိုပြန်တောင်းပန်ခိုင်းပါ့​မယ်"

နှစ်သိမ့်စကားများသည် ညီညီ့ကိုမနှစ်သိမ့်နိုင်တော့ပါ။ ယောင်းမင်းပြောသလို ညီညီကတကယ်ကို တစ်ကိုယ်ကောင်းဆန်နေတာလေ။ ကိုယ့်ကြောင့်နဲ့ကိုယ့်သီချင်းကိုတောင် အပြစ်ပြောခံရတာ။ ကိုယ့်ကြောင့်နဲ့ မန်နေဂျာကောင်းကိုတောင်ထုတ်ပစ်ရမလိုဖြစ်တာ။ ညီညီတကယ်အသုံးမကျတာ။

ခုချိန်မှာဘာလုပ်ချင်နေသလဲဆိုရင် လူမသိသည့် အမှောင်ခန်းတစ်ခုထဲမှာထိုင်ပြီး ငိုသာနေချင်တော့သည်။ ခုတလော တစ်ခါတလေလောကကြီးကိုအရွဲ့တိုက်တိုက်ပစ်ချင်သည့် မကောင်းမြင်စိတ်တွေလည်းပေါ်ပေါ်လာတတ်သေးသည်။ ရင်ထဲတစ်ခုခုဝမ်းနည်းလာပြီဆိုရင် အရင်ဆုံးရင်ဘတ်ထဲကအောင့်အောင့်လာတာပင်။
ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့တွေးမိပြီး ကိုယ်ဟာလူပိုတစ်ယောက်လိုဖြစ်နေရင် မန်ဘာတွေကိုအားနာမိပြန်ရော။

အား....အောင့်လိုက်တာ။ ရင်ထဲမှာကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပြွတ်သိပ်နေသလို မွန်းကြပ်လိုက်တာ။ နှလုံးသွေးကြောပိတ်အောင် လက်ညိုးနှင့် ဖျစ်ထားသလိုမျိုး အောင့်အီးနေပေ၏။ အသက်ဝဝရှူပစ်လိုက်ပေမယ့် မောဟိုက်နေဆဲ။

"ဟင်း ဟင်း"

မရတော့ဘူး။ ညီညီမရတော့ဘူး။ တအားအောင့်တယ်။ တအားနာတယ်။

ဦးဏှောက်ထဲမှိုင်းလာရင်း လာရင်း လာရင်း
ညီညီဘာမှမသိတော့.....။

"Eagle!!!!"

.........

#Yoe

Aug 24 2022 2: 42 PM

Continue Reading

You'll Also Like

407K 27.4K 83
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.2M 42.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
4.5M 519K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...