Unicode
အပိုင်း(၄၀) လောင်းပြီးရှုံး(၂)
ယဲ့ကျန်းက သူမ၏ လေးနှင့်မြားကို ကိုင်လျက် တောအုပ် အတွင်းသို့ ဝင်ရောက် သွားခဲ့သည်။ ထန်းကျန်းက နောက်မှ လိုက်၏။ သူမ၏ တောက်ပသော မျက်လုံးများကို ကြည့်နေပြီး သူမ၏ လှုပ်ရှားမှုတိုင်းကို လေ့လာနေသည်။ သူမ အမှန်တကယ် အမဲလိုက်နိုင်ခြင်း ရှိမရှိ သူက စစ်ဆေးနေ၏။
သူ ယခင်က အမဲလိုက်သော အမျိုးသမီး များစွာကို မြင်ခဲ့ဖူးသည်။ သို့သော် အများစုက သူတို့ သဘောကျသော အမျိုးသား၏ အရှေ့တွင် သူတို့၏ လုပ်နိုင်မှုကို ကြွားချင်ရုံ သက်သက် ဖြစ်သည်။ အချို့ကမူ အမျိုးသားများထက်ပင် ရက်စက် တတ်သေး၏။ သူတို့က ငယ်ရွယ်သော သားကောင်များပင် ဖြစ်စေ၊ ကိုယ်ဝန်သည် သားကောင်များကိုပင် ဖြစ်စေ ရက်စက်စွာ သတ်ဖြတ်လေ့ ရှိသည်။
ဒီကောင်မလေးက တကယ် ကွာခြားတာပဲ။
သူက တွေးလိုက်သည်။
ထန်းကျန်းက ယဲ့ကျန်းကို ကြည့်လေလေ သူပို၍ သဘောကျလာ လေလေဖြစ်သည်။ သူက ထူးဆန်းသော အမူအရာကြီးဖြင့် လုလင်ကျစ်ကို ရယ်ပြလိုက်၏။ ထိုကလေးမလေးက သူ၏ ညီမဖြစ်မှန်း သိပြီးကတည်းက သူ ကံကောင်းသည်ဟု ခံစားနေရသည်။
ယဲ့ကျန်းကမူ ထန်းကျန်း တောက်လျှောက် တွေးပြီး နောက်မှ လိုက်လာကြောင်း သတိမထားမိပေ။ သူမက သမင်ထီး တစ်ကောင်ကိုသာ ကြည့်ပြီး တောအုပ် အနောက်တွင် ပုန်းရန် ဆုံးဖြတ် ထားလိုက်၏။
ထန်းကျန်းကလည်း ထိုသမင်ကို သတိထားမိသည်။ သူက ယဲ့ကျန်းကို လှည့်ကြည့် လိုက်၏။ သူမကို ငွေရောင် ကျာပွတ်ကို ပေးလိုက်လျှင် သူ မည်သို့မှ ခံစားရမည် မဟုတ်သည့် တိုင်အောင် သူကသာ ရှုံးသွားသည် ဆိုလျှင် သူ မျက်နှာ ပျက်ရပေလိမ့်မည်။
အား ကောင်မလေး တစ်ယောက်ဆီမှာ ရှုံးရမှာကတော့ ရှက်စရာပဲ။
သို့သော် မည်သို့ပင် ဆိုစေ သူက မြားသုံးချောင်း အကြောပေးမည်ဟု ပြောထားပြီးသား ဖြစ်သွားသည်။ ယဲ့ကျန်းက သူမ၏ လေးနှင့်မြားကို ကောက်ကိုင်လိုက်ပြီးနောက် ထိုသမင်ထီးကို ချိန်ထားလိုက်သည်။ ထိုသမင်ထီးကလည်း တိုက်ခိုက်ရန် အသင့်အနေအထား ဖြစ်သွား၏။ သူက ထိတ်လန့် သွားဟန် မရဘဲ သူ၏ ခြေထောက်မှ ဒဏ်ရာကိုသာ လျှာဖြင့် လျက်နေသည်။ သည်ရာသီတွင် သမင်မများအတွက် သမင်ထီးများက မကြာခဏ တိုက်ခိုက်ရလေ့ ရှိသည်။
လုလင်ကျစ်၏ အကြည့်က ယဲ့ကျန်းထံသို့ မျက်တောင် မခတ်ဘဲ ကျရောက် သွားခဲ့သည်။ တတိယ သခင်မလေးက ယခင် ဝမ်ဖေးနှင့် အကြိုက်တူသည်ဟု ခံစားရပြန်၏။ သူတို့ နှစ်ယောက်က ရုပ်ရည် တူရုံသာ မကလေဘဲ အမဲလိုက်ရာတွင်လည်း ပုံစံက တူညီနေသေးသည်။
ယဲ့ကျန်းက နက်ရှိုင်းသော မိသားစု အုတ်မြစ်ကို ပိုင်ဆိုင် ထားသော ကောင်းမွန်စွာ ကြီးပြင်းလာသည့် အမျိုးသမီး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက လူတိုင်း၏ စိတ်ကူးယဥ် အထက်တန်းလွှာ စံပြ အမျိုးသမီး တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရ၏။
လုယောင်ယောင်ကမူ ယဲ့ကျန်းလောက် မလှပေ၊။ သို့သော် ယဲ့ကျန်းထက် ပို၍ တက်ကြွကာ တောက်ပသေး၏။ ကံကောင်းစွာဖြင့် လုဝူရှန်းက ယဲ့ကျန်း၏ ရုပ်ရည်ကို မသိပေ။ သို့မဟုတ်လျှင် လုယောင်ယောင် အနေဖြင့် မြို့တော်တွင် ဆက်နေရန်ပင် ခက်ခဲသွားနိုင်သေး၏။
ယဲ့ကျန်း၏ နက်မှောင်ပြီး တောက်ပ ကြည်လင်သော မျက်ဝန်းများက ဆုံးဖြတ်ချက် ပြတ်သားမှုများဖြင့် လင်းလက် လာခဲ့သည်။ သူမက လေးကြိုးကို ဆွဲပြီးနောက်တွင် လျင်မြန်စွာဖြင့် မြားကို ပစ်လွှတ်လိုက်သည်။ သို့သော် မြားက သမင်ထီးထံသို့ မရောက်ခင်မှာပင် သူမက ဒုတိယမြောက် မြားကို ပစ်လွှတ်လိုက်ပြန်သည်။
လေကြိုးဆွဲသံများနှင့် လေတိုးသံများကို ကြားပြီးနောက်တွင် သမင်ထီးက ချက်ချင်းလိုလို ခုန်ထသည်။ ပထမ မြားကို ရှောင်လိုက်သော်လည်း ဒုတိယမြားနှင့် တတိယမြောက် မြားများကို မရှောင်နိုင်တော့ပေ။ မြားတစ်ခုချင်းစီတိုင်းက အရေးကြီးသော နေရာများကို ထိမှန်သွားခဲ့၏။ ထိုသို့ဖြင့် သမင်ထီးက အသက်မဲ့ကာ မြေပြင်တွင် လဲသွားသည်။ နာကျင်မှုကင်းမဲ့လျက် လျင်မြန်စွာ သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်၏။
လုရှန်းကျစ်က ရယ်ပြီးနောက် သူ့ညီမက ပို၍ တော်လာသည်ဟု ခံစားရကာ ပြောသည်။
"ယောင်ယောင်ရဲ့ မြားပစ် စွမ်းရည်က ပိုတော်လာပြီ"
ဒါက အမှန် ဖြစ်သည်။ လုယောင်ယောင်က သေချာ သင်ကြားခံရခြင်း မရှိသော်လည်း ယဲ့ကျန်းကို သူမ၏ ဖခင် ကိုယ်တိုင်က သင်ကြား ပေးခဲ့ခြင်း ဖြစ်၏။ လုယောင်ယောင်က မြားကို အဝေးသို့ မပစ်နိုင်သော်လည်း ယဲ့ကျန်းက သူမထက် အလွန်သာနေသည်။
ယဲ့ကျန်းက အနည်းငယ် ဝမ်းနည်း သွားဟန်ဖြင့် လုရှန်းကျစ်ကို ကြည့်ကာ စိုးရိမ်စွာ ပြောလိုက်၏။
"ဘာလဲ အနိုင်ရတာ မပျော်ဘူးလား"
သူမနှင့် ထန်းကျန်းတို့၏ ပြိုင်ပွဲက ထူးထူးခြားခြား ပြင်းထန်သည့် ဖိအား မရှိပေ။ ထန်းကျန်းက ယဲ့ကျန်းကို မြားသုံးစင်း အကြော ပေးထားပြီးသား ဖြစ်သည်။ သူမက အနိုင်ရရန် ယုံကြည်မှု ရှိနေတာ သေချာသည်။
"အစ်ကိုကြီး သမင်ထီးကို ယူသွားပြီး အဖွားအတွက် သမင်သားရေ အပေါ်ဝတ်လေး လုပ်ပေးရအောင်"
ယဲ့ကျန်းက လုရှန်းကျစ်ကို ပြောသည်။
လုရှန်းကျစ်က ခေါင်းညိတ်ပြီးနောက် ထိုသမင်ထီးကို သူ့မြင်းအရှေ့ပေါ်သို့ တင်ထားလိုက်သည်။ ထန်းကျန်းကလည်း သမင်ထီး တစ်ကောင်ကို ပစ်လိုက်၏။ ပြောရမည်ဆိုလျှင် ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ချေပြီ၊ သူ ရှုံးသွားခဲ့ချေပြီ။
"ငါ တတိယ ညီမဆီမှာ ရှုံးသွားပြီ"
သူက ပြောသည်။
သည်သခင်မလေး၏ မြင်းစီး စွမ်းရည်နှင့် မြားပစ် စွမ်းရည်က မှတ်သားဖွယ် ကောင်းသည်။ ယဲ့ကျန်းက ပြုံးလိုက်၏။
"ငွေရောင် ကြာပွတ်အတွက် ကျေးဇူးအများကြီး တင်ပါတယ်"
"အစ်ကိုကြီး ထန်းကျန်းလို့ ခေါ်ရင် ငွေရောင် ကြာပွတ်ကို ပေးမယ်"
ထန်းကျန်းက သူ၏ ခါးမှ ကြာပွတ်ကို လက်ထဲတွင် ကိုင်ထားလျက် လှပသော သခင်မလေး တစ်ယောက်ကို လက်ဆောင်အဖြစ် ပေးရန် ကြံစည်သည်။
"အမတ်ထန်းက အရှက် မရှိလိုက်တာ"
ယဲ့ကျန်းက မျက်မှောင်ကြုတ်သည်။
အစတုန်းက အစ်ကိုအဖြစ် ခေါ်မှ ပေးမယ်လို့ သဘောတူညီထားခဲ့လို့လား။
လုလင်ကျစ်က ထန်းကျန်းကို အေးစက်စွာ ကြည့်သည်။
"လောင်းရဲရင် ရှုံးရဲရမယ်လေ"
ထန်းကျန်းက ရယ်သည်။ ခေါင်းကို ခါပြီးနောက် ငွေရောင် ကြာပွတ်ကို ယဲ့ကျန်းကို ပေးလိုက်၏။
"ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်မလေး"
ယဲ့ကျန်းက ငွေရောင် ကြာပွတ်ကို ယူပြီးနောက် သူမ၏ မြင်းအိတ်ထဲကို ထည့်လိုက်သည်။
"ကျေးဇူးပါပဲ ဒီငွေရောင် ကြာပွတ်ကို ကြိုက်တယ်"
"အဖိုးတန် ရတနာကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ"
"ဆက်ပြီး အမဲလိုက် ချင်သေးလား"
ထန်းကျန်းက မေးသည်။
လုလင်ကျစ်က ယဲ့ကျန်းကို လက်မခံဖို့ တားရန် ပြင်သော်လည်း ယဲ့ကျန်းကမူ ထိုအကြံက မဆိုးဟု ထင်သည်။ သူမ ဒီလို မလွတ်လပ်သည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ဒီအခွင့်အရေးကို သုံးပြီး စိတ်အေးအောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်၏။
ယဲ့ကျန်းက တိတ်ဆိတ်နေခြင်းက သဘောတူသည်ဟု ယူဆနိုင်သည်။ ထန်းကျန်းက ပျော်သွားကာ သူမအစား မြင်းကို ဆွဲသွားပေး၏။
"တတိယ သခင်မလေး ကျေးဇူးပြုလို့"
ယဲ့ကျန်းက လုရှန်းကျစ်၏ ကျောပြင်ကို ကြည့်ပြီးနောက် ပြောသည်။
"အစ်ကိုကြီး သွားရအောင်"
လုရှန်းကျစ်က ပြုံးပြီးနောက် လုလင်ကျစ်ကို တစ်ချက် ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူ၏ မြင်းကို စီးကာ အတူ ထွက်သွားရန် ကြံစည်၏။ သူက တောက်လျှောက် ရယ်သွားသည်။
"အစ်ကိုကြီး အခုအချိန်ထိ မြားတစ်စင်းမှ မပစ်ရသေးဘူး မဟုတ်လား"
...
Zawgyi
အပိုင္း(၄၀) ေလာင္းၿပီး႐ႈံး(၂)
ယဲ့က်န္းက သူမ၏ ေလးႏွင့္ျမားကို ကိုင္လ်က္ ေတာအုပ္ အတြင္းသို႔ ဝင္ေရာက္ သြားခဲ့သည္။ ထန္းက်န္းက ေနာက္မွ လိုက္၏။ သူမ၏ ေတာက္ပေသာ မ်က္လုံးမ်ားကို ၾကည့္ေနၿပီး သူမ၏ လႈပ္႐ွားမႈတိုင္းကို ေလ့လာေနသည္။ သူမ အမွန္တကယ္ အမဲလိုက္ႏိုင္ျခင္း ႐ွိမ႐ွိ သူက စစ္ေဆးေန၏။
သူ ယခင္က အမဲလိုက္ေသာ အမ်ိဳးသမီး မ်ားစြာကို ျမင္ခဲ့ဖူးသည္။ သို႔ေသာ္ အမ်ားစုက သူတို႔ သေဘာက်ေသာ အမ်ိဳးသား၏ အေ႐ွ႕တြင္ သူတို႔၏ လုပ္ႏိုင္မႈကို ႂကြားခ်င္႐ုံ သက္သက္ ျဖစ္သည္။ အခ်ိဳ႕ကမူ အမ်ိဳးသားမ်ားထက္ပင္ ရက္စက္ တတ္ေသး၏။ သူတို႔က ငယ္႐ြယ္ေသာ သားေကာင္မ်ားပင္ ျဖစ္ေစ၊ ကိုယ္ဝန္သည္ သားေကာင္မ်ားကိုပင္ ျဖစ္ေစ ရက္စက္စြာ သတ္ျဖတ္ေလ့ ႐ွိသည္။
ဒီေကာင္မေလးက တကယ္ ကြာျခားတာပဲ။
သူက ေတြးလိုက္သည္။
ထန္းက်န္းက ယဲ့က်န္းကို ၾကည့္ေလေလ သူပို၍ သေဘာက်လာ ေလေလျဖစ္သည္။ သူက ထူးဆန္းေသာ အမူအရာႀကီးျဖင့္ လုလင္က်စ္ကို ရယ္ျပလိုက္၏။ ထိုကေလးမေလးက သူ၏ ညီမျဖစ္မွန္း သိၿပီးကတည္းက သူ ကံေကာင္းသည္ဟု ခံစားေနရသည္။
ယဲ့က်န္းကမူ ထန္းက်န္း ေတာက္ေလွ်ာက္ ေတြးၿပီး ေနာက္မွ လိုက္လာေၾကာင္း သတိမထားမိေပ။ သူမက သမင္ထီး တစ္ေကာင္ကိုသာ ၾကည့္ၿပီး ေတာအုပ္ အေနာက္တြင္ ပုန္းရန္ ဆုံးျဖတ္ ထားလိုက္၏။
ထန္းက်န္းကလည္း ထိုသမင္ကို သတိထားမိသည္။ သူက ယဲ့က်န္းကို လွည့္ၾကည့္ လိုက္၏။ သူမကို ေငြေရာင္ က်ာပြတ္ကို ေပးလိုက္လွ်င္ သူ မည္သို႔မွ ခံစားရမည္ မဟုတ္သည့္ တိုင္ေအာင္ သူကသာ ႐ႈံးသြားသည္ ဆိုလွ်င္ သူ မ်က္ႏွာ ပ်က္ရေပလိမ့္မည္။
အား ေကာင္မေလး တစ္ေယာက္ဆီမွာ ႐ႈံးရမွာကေတာ့ ႐ွက္စရာပဲ။
သို႔ေသာ္ မည္သို႔ပင္ ဆိုေစ သူက ျမားသုံးေခ်ာင္း အေၾကာေပးမည္ဟု ေျပာထားၿပီးသား ျဖစ္သြားသည္။ ယဲ့က်န္းက သူမ၏ ေလးႏွင့္ျမားကို ေကာက္ကိုင္လိုက္ၿပီးေနာက္ ထိုသမင္ထီးကို ခ်ိန္ထားလိုက္သည္။ ထိုသမင္ထီးကလည္း တိုက္ခိုက္ရန္ အသင့္အေနအထား ျဖစ္သြား၏။ သူက ထိတ္လန္႔ သြားဟန္ မရဘဲ သူ၏ ေျခေထာက္မွ ဒဏ္ရာကိုသာ လွ်ာျဖင့္ လ်က္ေနသည္။ သည္ရာသီတြင္ သမင္မမ်ားအတြက္ သမင္ထီးမ်ားက မၾကာခဏ တိုက္ခိုက္ရေလ့ ႐ွိသည္။
လုလင္က်စ္၏ အၾကည့္က ယဲ့က်န္းထံသို႔ မ်က္ေတာင္ မခတ္ဘဲ က်ေရာက္ သြားခဲ့သည္။ တတိယ သခင္မေလးက ယခင္ ဝမ္ေဖးႏွင့္ အႀကိဳက္တူသည္ဟု ခံစားရျပန္၏။ သူတို႔ ႏွစ္ေယာက္က ႐ုပ္ရည္ တူ႐ုံသာ မကေလဘဲ အမဲလိုက္ရာတြင္လည္း ပုံစံက တူညီေနေသးသည္။
ယဲ့က်န္းက နက္႐ိႈင္းေသာ မိသားစု အုတ္ျမစ္ကို ပိုင္ဆိုင္ ထားေသာ ေကာင္းမြန္စြာ ႀကီးျပင္းလာသည့္ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ သူမက လူတိုင္း၏ စိတ္ကူးယဥ္ အထက္တန္းလႊာ စံျပ အမ်ိဳးသမီး တစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့ရ၏။
လုေယာင္ေယာင္ကမူ ယဲ့က်န္းေလာက္ မလွေပ၊။ သို႔ေသာ္ ယဲ့က်န္းထက္ ပို၍ တက္ႂကြကာ ေတာက္ပေသး၏။ ကံေကာင္းစြာျဖင့္ လုဝူ႐ွန္းက ယဲ့က်န္း၏ ႐ုပ္ရည္ကို မသိေပ။ သို႔မဟုတ္လွ်င္ လုေယာင္ေယာင္ အေနျဖင့္ ၿမိဳ႕ေတာ္တြင္ ဆက္ေနရန္ပင္ ခက္ခဲသြားႏိုင္ေသး၏။
ယဲ့က်န္း၏ နက္ေမွာင္ၿပီး ေတာက္ပ ၾကည္လင္ေသာ မ်က္ဝန္းမ်ားက ဆုံးျဖတ္ခ်က္ ျပတ္သားမႈမ်ားျဖင့္ လင္းလက္ လာခဲ့သည္။ သူမက ေလးႀကိဳးကို ဆြဲၿပီးေနာက္တြင္ လ်င္ျမန္စြာျဖင့္ ျမားကို ပစ္လႊတ္လိုက္သည္။ သို႔ေသာ္ ျမားက သမင္ထီးထံသို႔ မေရာက္ခင္မွာပင္ သူမက ဒုတိယေျမာက္ ျမားကို ပစ္လႊတ္လိုက္ျပန္သည္။
ေလႀကိဳးဆြဲသံမ်ားႏွင့္ ေလတိုးသံမ်ားကို ၾကားၿပီးေနာက္တြင္ သမင္ထီးက ခ်က္ခ်င္းလိုလို ခုန္ထသည္။ ပထမ ျမားကို ေ႐ွာင္လိုက္ေသာ္လည္း ဒုတိယျမားႏွင့္ တတိယေျမာက္ ျမားမ်ားကို မေ႐ွာင္ႏိုင္ေတာ့ေပ။ ျမားတစ္ခုခ်င္းစီတိုင္းက အေရးႀကီးေသာ ေနရာမ်ားကို ထိမွန္သြားခဲ့၏။ ထိုသို႔ျဖင့္ သမင္ထီးက အသက္မဲ့ကာ ေျမျပင္တြင္ လဲသြားသည္။ နာက်င္မႈကင္းမဲ့လ်က္ လ်င္ျမန္စြာ ေသဆုံးသြားခဲ့ျခင္းလည္း ျဖစ္၏။
လု႐ွန္းက်စ္က ရယ္ၿပီးေနာက္ သူ႕ညီမက ပို၍ ေတာ္လာသည္ဟု ခံစားရကာ ေျပာသည္။
"ေယာင္ေယာင္ရဲ႕ ျမားပစ္ စြမ္းရည္က ပိုေတာ္လာၿပီ"
ဒါက အမွန္ ျဖစ္သည္။ လုေယာင္ေယာင္က ေသခ်ာ သင္ၾကားခံရျခင္း မ႐ွိေသာ္လည္း ယဲ့က်န္းကို သူမ၏ ဖခင္ ကိုယ္တိုင္က သင္ၾကား ေပးခဲ့ျခင္း ျဖစ္၏။ လုေယာင္ေယာင္က ျမားကို အေဝးသို႔ မပစ္ႏိုင္ေသာ္လည္း ယဲ့က်န္းက သူမထက္ အလြန္သာေနသည္။
ယဲ့က်န္းက အနည္းငယ္ ဝမ္းနည္း သြားဟန္ျဖင့္ လု႐ွန္းက်စ္ကို ၾကည့္ကာ စိုးရိမ္စြာ ေျပာလိုက္၏။
"ဘာလဲ အႏိုင္ရတာ မေပ်ာ္ဘူးလား"
သူမႏွင့္ ထန္းက်န္းတို႔၏ ၿပိဳင္ပြဲက ထူးထူးျခားျခား ျပင္းထန္သည့္ ဖိအား မ႐ွိေပ။ ထန္းက်န္းက ယဲ့က်န္းကို ျမားသုံးစင္း အေၾကာ ေပးထားၿပီးသား ျဖစ္သည္။ သူမက အႏိုင္ရရန္ ယုံၾကည္မႈ ႐ွိေနတာ ေသခ်ာသည္။
"အစ္ကိုႀကီး သမင္ထီးကို ယူသြားၿပီး အဖြားအတြက္ သမင္သားေရ အေပၚဝတ္ေလး လုပ္ေပးရေအာင္"
ယဲ့က်န္းက လု႐ွန္းက်စ္ကို ေျပာသည္။
လု႐ွန္းက်စ္က ေခါင္းညိတ္ၿပီးေနာက္ ထိုသမင္ထီးကို သူ႕ျမင္းအေ႐ွ႕ေပၚသို႔ တင္ထားလိုက္သည္။ ထန္းက်န္းကလည္း သမင္ထီး တစ္ေကာင္ကို ပစ္လိုက္၏။ ေျပာရမည္ဆိုလွ်င္ ၿပိဳင္ပြဲက ၿပီးဆုံးသြားခဲ့ေခ်ၿပီ၊ သူ ႐ႈံးသြားခဲ့ေခ်ၿပီ။
"ငါ တတိယ ညီမဆီမွာ ႐ႈံးသြားၿပီ"
သူက ေျပာသည္။
သည္သခင္မေလး၏ ျမင္းစီး စြမ္းရည္ႏွင့္ ျမားပစ္ စြမ္းရည္က မွတ္သားဖြယ္ ေကာင္းသည္။ ယဲ့က်န္းက ျပဳံးလိုက္၏။
"ေငြေရာင္ ၾကာပြတ္အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္"
"အစ္ကိုႀကီး ထန္းက်န္းလို႔ ေခၚရင္ ေငြေရာင္ ၾကာပြတ္ကို ေပးမယ္"
ထန္းက်န္းက သူ၏ ခါးမွ ၾကာပြတ္ကို လက္ထဲတြင္ ကိုင္ထားလ်က္ လွပေသာ သခင္မေလး တစ္ေယာက္ကို လက္ေဆာင္အျဖစ္ ေပးရန္ ၾကံစည္သည္။
"အမတ္ထန္းက အ႐ွက္ မ႐ွိလိုက္တာ"
ယဲ့က်န္းက မ်က္ေမွာင္ၾကဳတ္သည္။
အစတုန္းက အစ္ကိုအျဖစ္ ေခၚမွ ေပးမယ္လို႔ သေဘာတူညီထားခဲ့လို႔လား။
လုလင္က်စ္က ထန္းက်န္းကို ေအးစက္စြာ ၾကည့္သည္။
"ေလာင္းရဲရင္ ႐ႈံးရဲရမယ္ေလ"
ထန္းက်န္းက ရယ္သည္။ ေခါင္းကို ခါၿပီးေနာက္ ေငြေရာင္ ၾကာပြတ္ကို ယဲ့က်န္းကို ေပးလိုက္၏။
"ေက်းဇူးျပဳၿပီး လက္ခံေပးပါ သခင္မေလး"
ယဲ့က်န္းက ေငြေရာင္ ၾကာပြတ္ကို ယူၿပီးေနာက္ သူမ၏ ျမင္းအိတ္ထဲကို ထည့္လိုက္သည္။
"ေက်းဇူးပါပဲ ဒီေငြေရာင္ ၾကာပြတ္ကို ႀကိဳက္တယ္"
"အဖိုးတန္ ရတနာကို ဘယ္သူက မႀကိဳက္ဘဲ ေနမွာလဲ"
"ဆက္ၿပီး အမဲလိုက္ ခ်င္ေသးလား"
ထန္းက်န္းက ေမးသည္။
လုလင္က်စ္က ယဲ့က်န္းကို လက္မခံဖို႔ တားရန္ ျပင္ေသာ္လည္း ယဲ့က်န္းကမူ ထိုအၾကံက မဆိုးဟု ထင္သည္။ သူမ ဒီလို မလြတ္လပ္သည္မွာ ၾကာၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ဒီအခြင့္အေရးကို သုံးၿပီး စိတ္ေအးေအာင္ လုပ္မည္ဟု ဆုံးျဖတ္လိုက္၏။
ယဲ့က်န္းက တိတ္ဆိတ္ေနျခင္းက သေဘာတူသည္ဟု ယူဆႏိုင္သည္။ ထန္းက်န္းက ေပ်ာ္သြားကာ သူမအစား ျမင္းကို ဆြဲသြားေပး၏။
"တတိယ သခင္မေလး ေက်းဇူးျပဳလို႔"
ယဲ့က်န္းက လု႐ွန္းက်စ္၏ ေက်ာျပင္ကို ၾကည့္ၿပီးေနာက္ ေျပာသည္။
"အစ္ကိုႀကီး သြားရေအာင္"
လု႐ွန္းက်စ္က ျပဳံးၿပီးေနာက္ လုလင္က်စ္ကို တစ္ခ်က္ ေခါင္းညိတ္ ျပလိုက္သည္။ ထို႔ေနာက္ သူ၏ ျမင္းကို စီးကာ အတူ ထြက္သြားရန္ ၾကံစည္၏။ သူက ေတာက္ေလွ်ာက္ ရယ္သြားသည္။
"အစ္ကိုႀကီး အခုအခ်ိန္ထိ ျမားတစ္စင္းမွ မပစ္ရေသးဘူး မဟုတ္လား"
...