Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၇၂)
TRANSLATOR - NC
--------------------
နေအထွက်မှာ ဆုံးရှုံး၊ နေအဝင်မှာ ပိုင်ဆိုင် (တရုတ် စကားပုံ)
နေအဝင် အခန်း ၇၂ မှာတော့ မှောင်တယ်။
____
"ဝမ်ဖေး၊ ရှောင်ထုနဲ့ မင်းသားလေးတို့ ပြန်လာပြီ" ရှောင်ကျိုက်က ကြေညာလေတော့တယ်။
ဖေ့ကျင်းသည် ထိုအချိန်၌ ပေ့သိုနှင့် ကျားစေ့ထိုးနေခြင်းဖြစ်ရာ ရန်ရှီးနဉ် ပြန်ရောက်လာသည်ဟု ကြားသည်နှင့် ကျားစေ့ကို ပစ်ချလိုက်ပြီး ပြေးထွက်လာလိုက်တော့သည်။
ပေ့သို ပုံစံကလည်း သိပ်အရေးမလုပ်ဟန် ရှိသော်လည်း ခြေလှမ်းများကတော့ သွက်နေ၏။
ရန်ရှီးနဉ် သူမသားလေးကို ချီပြီး မြင်းလှည့်အပြင် ထွက်လာလိုက်သည်နှင့် အိမ်တော်ရှေ့မှာ လူအစုလိုက်ကြီး ရပ်စောင့်နေသည်ကို တွေ့ရလေတော့သည်။ သို့သော် သူမ အကြည့်များကမူ အလယ်ဗဟိုတွင် ရပ်နေသည့် ဖေ့ကျင်းဆီသာ ရောက်သွားလေသည်။
ဖေ့ကျင်းနှင့် ရန်ရှီးနဉ်မှာ ခွဲခွာနေရသည့်နေ့ရက်တိုင်းကို ဆောင်းဥတုသုံးလီမျှ ကြာရှည်သည်ဟု အထင်ရောက်နေခဲ့ရသည်။
ရန်ရှီးနဉ် ဖေ့ကျင်းထံ ပြေးသွားကာ ဖက်ထားလိုက်ချင်မိသည်။ သို့သော် ဖေ့ကျင်းက အလျင် သူမထံပြေးလာကာ ဖက်ထားလေ၏။
"ကလေးလေး...!" ရန်ရှီးနဉ် သတိပေးလိုက်ရ၏။
ဖေ့ရှောင်ညောင်ခမျာ မိဘနှစ်ပါးကြား ညှပ်သွားလေပြီး ခေါင်းနောက်သွားရသောကြောင့် အော်ငိုလေပါတော့သည်။
ဖေ့ကျင်း ရန်ရှီးနဉ်ကို လွှတ်ပေးလိုက်ပြီး သားဖြစ်သူကို စေ့စေ့ကြည့်၏။
"သူ ဘာလို့ ရုပ်ဆိုးနေတာလဲ" ဖေ့ကျင်း မေးလိုက်တော့သည်။
[ဘုရင်က ကလေးကို ရန်ရှီးနဉ်နဲ့ တူတယ်လို့ ပြောထားတာနော် 😂]
"ကလေးက ရုပ်ဆိုးတယ်ဆိုရင်တောင် ရှင့်သားပဲ...!" ရန်ရှီးနဉ် ပြန်ပြောလိုက်တော့သည်။
ထိုညနေက အိမ်တော်တွင်းမှ လူများအားလုံး ပြန်လည်ဆုံဆည်းမှု အထိမ်းအမှတ်ညစာစားပွဲလေး ကျင်းပကြလေသည်။ ညစာစားသောက်ပွဲပြီးသောအခါ ဖေ့ရှောင်ညောင်ကို ကလေးအခန်းဆောင်ထဲ သိပ်ထားလိုက်ပြီး စောင့်ကြပ်ပေးရန် ဖေ့ကျင်းသည် ကိုယ်ရံတော်တစ်ဦးကို တာဝန်ပေးထားလိုက်လေတော့သည်။ ထို့နောက်တော့ ရန်ရှီးနဉ်ကို သူတို့နှစ်ဦး၏ အိပ်ခန်းထဲ ဆွဲခေါ်လာကာ တံခါးမင်းတုံးချထားလိုက်ပြီး သူမကို တံခါးမှာပင် ဆွဲကပ်တွန်း၍ နမ်းရှိုက်လိုက်တော့လေသည်။
ရန်ရှီးနဉ်၏ လျှာဖျားမှ ချိုမြိန်သော ယမကာအရသာကို ဖေ့ကျင်း လျက်ယူလိုက်သည်။ သူ့လက်များက သူမ ဝတ်ရုံတစ်လျှောက် ပွတ်သပ်ပြေးလွှားနေသည်။ အိစက် ပြည့်တင်းလုံးဝန်းနေသော သူမ ရင်သားအစုံကိည ပွတ်သပ်နှိပ်နယ်သည်။ သူ နည်းနည်းလေး ညှစ်လိုက်သည်နှင့် သူမ ရင်သားအတွင်းမှ နို့ရည်များ ထွက်လာသလိုပင် ခံစားလိုက်ရလေသည်။ သူ့မှာ ငတ်မွတ်နေရသည်မှာ ကြာလှပြီဖြစ်သောကြောင့်လားမသိ၊ တစ်ကိုယ်လုံးမှ သွေးတို့ ပေါင်ကြားကို စီးဆင်းသွားသလား ထင်မှတ်နေရလေပြီ။
ရန်ရှီးနဉ်၏ ခန္ဓာကိုယ်မှာ ဖေ့ကျင်း ကျီစားမှုကို တုံ့ပြန်လာသည်။ သူမ ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ကို အလိုအလျောက် မှတ်မိသိရှိနေသည်။ သူ့လက်တစ်စုံက သူမ ရင်သားများကို ထိတွေ့လာသောအခါ ရန်ရှီးနဉ် ပျော့ခွေသွားရလေတော့၏။ သူ သူမ ခြေတံနှစ်ဖက်ကို ဆွဲကားလိုက်သောအခါမှာတော့ သူမ မတ်မတ်ပင် ရပ်မနေနိုင်တော့။
"ဒီမှာတော့ မဖြစ်ဘူးလေ" ရန်ရှီးနဉ် ပြောလိုက်တော့သည်။
ဖေ့ကျင်းက သူမကို တံခါးမှီလျက် အနေအထားဖြင့် စားလိုက်မည်ဟု ရန်ရှီးနဉ် ထင်လိုက်မိခြင်းဖြစ်သည်။ တံခါးနားမှာဆိုလျှင် အပြင်ဘက်ရှိလူများ အလွယ်တကူ ကြားသွားနိုင်သည်။
ဖေ့ကျင်း ရန်ရှီးနဉ်ကို ချီလိုက်ပြီး အိပ်ရာကုတင်ဆီ လမ်းလျှောက်သွားရင်း သူမ နှုတ်ခမ်းကို နမ်းစုတ်နေလိုက်သည်။ သူမကို အိပ်ရာပေါ်ချပြီးသည်နှင့် နှစ်ယောက်စလုံး၏ အဝတ်အစားများကို သူ အမြန် ဖယ်ခွာချွတ်ပစ်လိုက်၏။ ထို့နောက်မှာတော့ သူမကို အိပ်ရာပေါ်၌ သူ့ကိုယ်ဖြင့် ဖိထားပြီး အထဲဝင်လိုက်တော့သည်။
မာကြောသောအရာနှင့် ပျော့ပြောင်းသောအရာတို့ ထိစပ်သွားသည်နှင့်အတူ၊ အခန်းတစ်ခုလုံးအတွင်း သူတို့၏ ညည်းညူသံ အံကြိတ်သံများ ရောစွက်ပြန့်နှံ့သွားတော့လေသည်။
ဖေ့ကျင်း ရန်ရှီးနဉ် ခါးကို ဆွဲယူပြီး သူမ ကိုယ်အတွင်း အကြိမ်ကြိမ်အဖန်ဖန် အဝင်အထွက်ပြုသည်။ "ကိုယ့်ကို လွမ်းရဲ့လား"
ရန်ရှီးနဉ် ဖေ့ကျင်း လည်တိုင်ကို ဖက်တွယ်ထားလိုက်ပြီး ခေါင်းထောင်ကြွကာ သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူမ ပါးပြင်မှာ ပန်းသွေးရောင်သန်းလို့၊ မျက်ဝန်းများကို မှေးစင်းထားသည်။ "မလွမ်းဘဲ နေပါ့မလားလို့"
ဖေ့ကျင်းကတော့ ရန်ရှီးနဉ်၏ အဖြေနှင့် မလုံလောက်၊ မကျေနပ်နိုင်သေးပုံရ၏။ သူမကို အပြစ်ပေးချင်လာသဖြင့် ပို၍ ပြင်းပြင်းထန်ထန် နက်နက်ရှိုင်းရှိုင်း ချစ်ပေးလိုက်တော့သည်။
ထိုညက ဖေ့ကျင်းသည် ခွဲခွာနေခဲ့ရသော ညပေါင်းများစွာအတွက် အတိုးချကာ ရန်ရှီးနဉ်ကို သိမ်းပိုက်ထားတော့သည်။ သူမကလည်း အလိုတူသည်။ သွေးသားဆန္ဒနှင့် ရမ္မက်တောထဲ သူတို့ လမ်းပျောက် ပိတ်မိနေခဲ့ကြသည်။ သူမ အထွတ်အထိပ်သို့ မကြာခဏရောက်ရသည်။ အကြိမ်တိုင်း အခေါက်တိုင်း သူမကိုယ်လေးက တသိမ့်သိမ့်တုန်ရင်နေကာ သက်ညှာပေးဖို့ တောင်းဆိုရသည်။ ရမ္မက်မြူခိုးတို့ ပြယ်လွင့်စပြုလာသောအခါမှာတော့ သူမ တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလာသည်။ ခြေချောင်း လက်ဖျားကလေးများကိုပင် နည်းနည်းလေးမှ မလှုပ်ရှားနိုင်တော့ပေ။
သူမနှင့် မတူ၊ ဆန့်ကျင်နေလျက် ဖေ့ကျင်း၏ ဆန္ဒကတော့ မတင်းတိမ်နိုင်။ မပြည့်ဝနိုင်။ ရန်ရှီးနဉ် မျက်လုံးပွင့်လာသည်ကိုတွေ့တော့ သူ သူမ နှုတ်ခမ်းများကို သိမ်းယူလိုက်ပြန်တော့သည်။
"ဟင့်အင်း..." ရန်ရှီးနဉ် တောင်းပန်လိုက်တော့သည်။
ဖေ့ကျင်းကတော့ ဖြူစင်ဟန်ကလေးနှင့် ပြုံးပြလာသည်။ "ကိုယ် ဒီဟာကို ဘယ်လိုလုပ်ရတော့မလဲ"
ဖေ့ကျင်းက ရန်ရှီးနဉ်၏ လက်ကလေးကို ဆွဲကိုင်ယူ၍ မိမိ၏ ထောင်မတ်လာသော ညီလေးပေါ် တင်ပေးလိုက်သည်။ ရန်ရှီးနဉ် အော်လိုက်တော့သည်။
"စတာပါ" ဖေ့ကျင်း လိမ်သည်။ "ရေပဲ တူတူချိုးရအောင်"
အချိန်တော်တော်ကြာပြီးနောက်တော့ ရေချိုးကန်ထဲ၌ ရေတစ်ဝက်ခန့်က အပြင်ဘက်သို့ ဖိတ်စင်ကုန်လေပြီ။ ရန်ရှီးနဉ်မှာလည်း ဖေ့ကျင်းရင်ခွင်ထဲ နွမ်းနယ်စွာ မှီနေရုံသာ တတ်နိုင်တော့လေသည်။
"ရှင့်သားကို သွားခေါ်လာဦး...!" ရန်ရှီးနဉ် ပြောလိုက်တော့သည်။
ရန်ရှီးနဉ် တရေးတမော အိပ်မောကျနေခဲ့သော်လည်း ဖေ့ရှောင်ညောင်၏ ငိုသံကျယ်ကြီးကြောင့် လန့်နိုးသွားရလေသည်။ သူမ မျက်လုံးဖွင့်ကြညိ့လိုက်တော့ ဖေ့ကျင်းက ဖေ့ရှောင်ညောင်ကို ပွေ့ချီကာ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ ဖေ့ကျင်းပုံစံက စိတ်ရှုပ်နေပုံရကာ ဖေ့ရှောင်ညောင်ကတော့ သည်းထန်စွာ ငိုကြွေးနေလေသည်။
ရန်ရှီးနဉ် ထထိုင်လိုက်မိတော့သည်။ "ဘာဖြစ်သွားတာလဲ"
"ကိုယ်က သူ့ကို ချီထားမလို့လေးလုပ်ရုံရှိသေး ထငိုတာ၊ ထငိုလိုက်လိမ့်မယ် ထင်မထားခဲ့မိဘူး" ဖေ့ကျင်းက ဆိုသည်။ "အဲ့ဒါကြောင့် ကိုယ် သူ့ကို ချော့သိပ်မလို့ လုပ်တာ... အဲ့ဒါကို ကောင်စုတ်လေးက အိပ်ပျော်နေရင်းလဲ ငိုနေတာပဲ"
ရန်ရှီးနဉ် ဖေ့ကျင်းလက်မှ ဖေ့ရှောင်ညောင်ကို လက်လွှဲယူလိုက်တော့သည်။ သူမ သူ အိပ်ပျော်သွားစေရန် ချောမြူနှစ်သိန့်နေသော်လည်း သူကတော့ အငိုမတိတ်။ ထို့ကြောင့် အတွင်းဝတ်များကို ချွတ်လိုက်ကာ ဖေ့ရှောင်ညောင်အား နို့ချို တိုက်ကျွေးလိုက်တော့လေ၏။
ဖေ့ရှောင်ညောင်မှာ နို့နံ့ရသည်နှင့် အငိုတိတ်သွားတော့လေသည်။ သူသည် မိခင်၏ နို့ချိုကို စို့သောက်ရင်း ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
ရန်ရှီးနဉ်သည် ဖေ့ရှောင်ညောင်၏ တင်ပါးလေးကို ပုတ်ပေးရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားစေရန် သိပ်လိုက်သည်။ သူမ ခေါင်းမော့ကြည့်လိုက်မိသောအခါမှာတော့ ထိတ်လန့်ရင်တုန်သွားရတော့သည်။ ဖေ့ကျင်းက သူမ၏ ရင်သားများကို ငေးစိုက်ကြည့်နေလေသည်။
ရန်ရှီးနဉ် ဖေ့ရှောင်ညောင်အား ပုခက်ထဲ ပြန်ထည့်ထားလိုက်ပြီးနောက် အိပ်ရာဆီသာ ပြန်လာလိုက်လေသည်။
"နောက်တစ်ခါ ရှင် ရှင့်သားကို စလို့ ငိုသွားရင်လချော့သိပ်ရမှာ ရှင့်တာဝန်ပဲ" ရန်ရှီးနဉ်က ဆိုသည်။ "ဒါနဲ့ ဖခမည်းတော်က ကျွန်မတို့ သားအမိကို ဘာလို့ ပြန်ခွင့်ပေးလိုက်တာလဲ"
"ဖခမည်းတော်ရဲ့ စိတ်နှလုံးမှာ တွယ်တာ ချစ်ခင်မှုတွေ ပေါက်ဖွားလာလို့နေမှာပေါ့၊ သွေးကစကားပြောတယ်" ဟု ဖေ့ကျင်းက ဖြေသည်။
"ဘယ်လို" ရန်ရှီးနဉ် မေးမိတော့သည်။
"ရှီးနဉ် အစ်ကို ၇ က ဘာဖြစ်လို့ တျန်းရှီရဲ့ ကလေးကို သတ်ဖို့ စတေးဖို့ လိုလိုလားလားရှိတာလဲ မင်း သိချင်လား" ဖေ့ကျင်းက ပြန်မေး၏။
ရန်ရှီးနဉ် မျက်လုံးများ အရောင်တောက်သွားတော့လေသည်။
"တျန်းရှီရဲ့ သားက... အစ်ကို ၇ ရဲ့ သွေးရင်းသားရင်း မဟုတ်လို့ပဲ" ဖေ့ကျင်းက ပြန်ဖြေလေသည်။
"ဘာရယ်" ရန်ရှီးနဉ် မေးမိလိုက်တော့သည်။ "အစ်ကိုကြီးကရော ဒါကို ဘယ်လိုလုပ် သိတာလဲ"
"နန်းတော်ထဲက သတင်းပေးတစ်ယောက်ဆီက" ဖေ့ကျင်းက ပြန်ဖြေလေ၏။
_____
[Zawgyi]
Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.
အခန်း (၇၂)
TRANSLATOR - NC
--------------------
____
"ရှင့်သားကို သွားခေါ်လာဉီး...!" ရန်ရှီးနဉ် ပြောလိုက်တော့သည်။