ဉာဏ်များလွန်းသော ခင်ပွန်းသည်

By Shi_Sheng

487K 53.6K 1.2K

​ေဖ့က်င္​းသည္​ ဝမ္​းတြင္​းမည္​းမင္​းသားတစ္​ပါး...အျပင္​လူ​ေတြအျမင္​မွာေတာ့ သူက တည္​ၿငိမ္​​ေအး​ေဆးၿပီး ၾကင္​နာ... More

အခန်း (၁)
အခန္း (၂)/က
အခန်း (၂)/ ခ
အခန်း (၃)/ က
အခန်း (၃)/ ခ
အခန်း (၄)
အခန်း (၅)/ က
အခန်း (၅)/ ခ
အခန်း (၆)
အခန်း (၇)
အခန်း (၈)
Chapter (9)Part(A)
အခန်း (၉)/ (ခ)
အခန္း (၁၀)
အခန်း (၁၁)
အခန်း (၁၂)/(က)
အခန္း (၁၂)/ခ
အခန္​း (၁၃)/က
အခန္​း (၁၃)/ခ
အခန္​း (၁၄)
အခန္​း (၁၅)/က
အခန္း (၁၅)/ခ
အခန္း (၁၅)/ဂ
အခန္း (၁၆)/က
အခန်း (၁၆ ) / ခ
အခန္း (၁၇)/က
အခန်း (၁၇)/ခ
အခန်း (၁၈) / (က)
အခန်း (၁၈)/ခ
အခန်း (၁၉)
အခန်း (၂၀) / (က)
အခန်း (၂၀)/ ခ
အခန်း (၂၁)
အခန်း (၂၂)/ (က)
အခန်း (၂၂)/ (ခ)
အခန်း (၂၃)/(က)
အခန်း (၂၃)/ (ခ)
အခန်း (၂၄)
အခန်း (၂၅)/(က)
အခန်း (၂၅)/(ခ)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)/(က)
အခန်း (၃၆)/(ခ)
အခန်း (၃၇)
အခန်း (၃၈)/(က)
အခန်း (၃၈)/(ခ)
အခန်း (၃၉)/ က
အခန်း (၃၉)/(ခ)
အခန်း (၄၀)/(က)
အခန်း (၄၀)/ ခ
အခန်း (၄၁)
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)
အခန်း (၄၅)
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၁)
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)/ က
အခန်း (၅၄)/ ခ
အခန်း (၅၅)
အခန်း (၅၆)
အခန်း (၅၇)
အခန်း (၅၈)
အခန်း (၅၉)
အခန်း (၆၀)
အခန်း (၆၁)
အခန်း (၆၂)
အခန်း (၆၃)
အခန်း (၆၄)
အခန်း (၆၅)
အခန်း (၆၆)
အခန်း (၆၇)
အခန်း (၆၈)
အခန်း (၆၉)
အခန်း (၇၀)
အခန်း (၇၁)
အခန်း (၇၂)
အခန်း (၇၃)
အခန်း (၇၄)
အခန်း (၇၅)
အခန်း (၇၆)
အခန်း (၇၇)
အခန်း (၇၈)
အခန်း (၇၉)
အခန်း (၈၀)
အခန်း (၈၁)/ ဇာတ်သိမ်းပိုင်း

အခန်း (၅၀)

2.7K 328 4
By Shi_Sheng

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန်း (၅၀)

TRANSLATOR - NC

--------------------

ဆောင်းဦးအကုန်။

"မွေးရကျိုး မနပ်တဲ့ သား...!" မိဖုရားခေါင်ကြီးက ဆူဆဲရင်း ငိုရှိုက်လေသည်။

"မယ်မယ် သားတော် ဒီတစ်ခါမှာ နန်းမြို့တော်ကနေ အပြီးထွက်သွားတာပါ" ဖေ့လန်က ဆိုသည်။ "မယ်မယ် ကိုယ့်ကျန်းမာရေးသာ ဂရုစိုက်ပြီး နေရစ်ပါတော့"

"ဟင့်အင်း" မိဖုရားခေါင်ကြီးက ဆိုသည်။ "မင်း ပြန်လာရမယ်၊ မင့်ဖခမည်းတော် အမျက်တော်ပြေတဲ့အထိ စောင့်လိုက်နော်၊ ဖေ့ကျန်းရဲ့ စိတ်ရင်း မမှန်ကန်တာကို သူ သိမြင်တဲ့အထိ စောင့်၊ မင်းကို သူ ပြန်ခေါ်မှာ"

မိဖုရားခေါင်ကြီးမှာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော အကြံအစည်များ ပျက်ယွင်းသွားသည်ကို လက်မခံချင်။ သူမမှာ ဤသားတစ်ယောက်သာ ရှိသည်။ သားဖြစ်သူနှင့် ကွေကွင်းရသည်ကိုလည်း သူမ လက်မခံနိုင်။

"မယ်မယ်၊ ရာထူး အာဏာ စည်းစိမ်ဥစ္စာဆိုတာ မီးခိုးပြာမှုန်ဖြစ်သွားမဲ့ မမြဲသော တရားတွေပါပဲ" ဖေ့လန်က ဆိုသည်။ "မယ်မယ့်နှလုံးသားက မီးခိုးပြာမှုန့်တွေအတွက်နဲ့ ညစ်နွမ်းမခံသင့်တော့ပါဘူး"

ဖေ့လန် မွေးမိခင်ရှေ့ ဒူးထောက်လိုက်ပြီး နဖူးကို ကြမ်းမှာ ဦးတိုက် ကန်တော့လိုက်သည်။ ထို့နောက်တော့ မယ်တော်၏ နန်းဆောင်တွင်းမှ ထွက်လာခဲ့လိုက်လေသည်။

ဖေ့လန်၏ စကားကြောင့် မိဖုရားခေါင်ကြီးမှာ လွန်ခဲ့သော တစ်နှစ်က ဖူးမြင်တွေ့ခဲ့သည့် ဆရာတော်တစ်ပါး၏ စကားကို အမှတ်ရမိသွားခဲ့သည်။ ထိုဆရာတော်က အရာရာအားလုံး မီးခိုးမြူငွေ့မျှသာ ကျန်မည်ဖြစ်၍ ယခုကတည်းက စိတ်သဏ္ဍာန်ငြိမ်းချမ်းရအောင် ဓားသွားကို လက်လွှတ်ပါတော့ဟု ရှေ့ဖြစ်ဟောခဲ့သည်။

ဖေ့လန် မိမိကိုယ်ကို ဓားဖြင့် ထိုးပြီးသည့်နေ့မှစ၍ ဖခမည်းတော်က အတွေ့မခံတော့။ သူ နန်းမြို့တော်မှ မထွက်ခွာခင်လေး ဖခမည်းတော် သူ့အား တွေ့လိုစိတ်ရှိပါ့မလား မရေရာ။

ဖေ့လန် ခမည်းတော်၏ အိပ်ဆောင်တော်ရှေ့ ရပ်ရင်း ကြွေကျလေသော ပွင့်လွှာချပ်များကို ငေးမောကြည့်နေမိတော့သည်။ ဖခမည်းတော် သူ့ကို စိတ်ဆိုးလွန်း၍ ထွက်မတွေ့သည်ကို သူ သိသည်။ ကလေးဆန်ဆန် စိတ်ကောက်တတ်သော ဖခင်ကို သူ ရယ်ချင်မိသွားလေသည်။

ဖေ့လန်၏ အခြေအနေမျိုးနှင့် လက်ရှိမှာ ပြုံးနေနိုင်သေးသည်ကို ကြည့်ရင်း ဝမ်ဖုမူ အံ့သြထိတ်လန့်မိသွားလေသည်။ "အိမ်ရှေ့မင်းသား"

ဖေ့လန် အသံလာရာကို လှည့်ကြည့်မိတော့ ဖခမည်းတော်အပါး နှစ် နှစ်ဆယ်ကြာ ဝန်တာထမ်းဆောင်ခဲ့သော ဝမ်ဖုမူကို တွေ့လေသည်။ ထိုစဉ်က ဝမ်ဖုမူမှာ ၁၀ နှစ်အရွယ်သာ ရှိသေးသော မိန်းမစိုးပေါက်စလေးဖြစ်၏။ နောက်ပိုင်းမှာတော့ ဖခမည်းတော်၏ တိုင်ပင်ဖော် အကြံပေးဖြစ်လာခဲ့လေသည်။ ဝမ်ဖုမူသည် ပါးနပ်၍ အစွမ်းအစရှိသူဖြစ်မည်ကို သူ သိသည်။ ထိုသို့ မဟုတ်ပါကလဲ ဖခမည်းတော်၏ အယုံကြည်ရဆုံး အနီးဆုံးလူဖြစ်နေမည် မဟုတ်ပေ။

ဖေ့လန် သူ့အား ဦးညွတ် အရိုအသေပေးလာသောအခါ ဝမ်ဖုမူ ပို၍ပင် ထိတ်လန့်သွားမိတော့လေသည်။ "အိမ်ရှေ့မင်းသား ဘယ်လိုတောင် ပြုမူနေတာပါလဲ၊ ဒီကျွန်တော်မျိုး မခံယူဝံ့ပါဘူး"

"ခင်ဗျားက နှုတ်သွက်သားပဲ" ဖေ့လန်က ဆိုသည်။

ဖေ့လန်ကို မကောင်းဆိုးဝါးများ ဝင်ပူးလေသလား ဝမ်ဖုမူ ထင်လိုက်မိသည်။ "အိမ်ရှေ့မင်းသား မင်းကြီးက မတွေ့လိုပါဘူးတဲ့၊ ဒီနေ့ ရာသီဥတု သိပ်အေးနေတာ၊ မအေးတဲ့ တစ်နေ့မှ ပြန်လာကြည့်ပါလား အရှင့်သား"

"ဖခမည်းတော် စိတ်ပြေသွားတဲ့ အချိန်ကျရင် တွေ့ခွင့်ရပါဦးမလား ကျွန်ုပ် မသိတော့ဘူး" ဖေ့လန်က ဆိုသည်။

စောစောက ဝမ်ဖုမူသည် ဖေ့လန်ရောက်လာကြောင်း ရှင်ဘုရင်အား တင်လျှောက်ခဲ့သည်။ မင်းကြီးက ဖေ့လန်အပေါ် စိတ်ပျက်နေမိသည်ကို တွေ့ပြီး သနားစရာကောင်းလှသည်ဟု တွေးမိလေသည်။ ဘုရင်မင်းမြတ် အမျက်တော်ပြေသွားပြီး ဖေ့ကျန်းကို သည်းမခံနိုင်တော့သည့်အခါမှာတော့ ဖေ့လန်ကို နန်းတော်သို့ ပြန်ခေါ်လိမ့်မည်ဟု ထင်လေသည်။

နန်းတော်ထဲ နှစ်ပေါင်းများစွာကြာ ရှင်သန်နိုင်အောင် ကြိုးစားခဲ့သူ ဝမ်ဖုမူသည် မရိုးရှင်းသော မြေခွေးပါးတစ်ကောင်ဖြစ်မည်ကို ဖေ့လန် သိသည်။ သူ ဝမ်ဖုမူကို ဦးညွတ်ခြင်းကလည်း သူ့အား မျက်နှာသေးပေးပြီး ဖခမည်းတော်ထံ တဆင့် သတိပေးစကား ပါးပေးနိုင်ရန် အတင်းလာဘ်ထိုးသည့် သဘောပါသည်။

ဝမ်ဖုမူက ဖေ့လန် ဦးညွတ်ထားသည်ထက် ပို၍ နိမ်အောင် ခါးညွတ်ထားလိုက်တော့သည်။

"ဝမ်ဖုမူ၊ ဖခမည်းတော်က ကျွန်ုပ်ကို မတွေ့လိုမှတော့ ကျုပ်ကိုယ်စား ခမည်းတော်ကို သတိပေး ပေးပါ" ဖေ့လန်က ဆိုသည်။ "ကျွန်ုပ်ရဲ့ အမှာစကားကို ခမည်းတော် နားရောက်အောင် တဆင့်ပါးပေးမယ်လို့ ယုံကြည်ပါတယ်"

"အိမ်ရှေ့မင်းသားစကားကို ကျွန်တော်မျိုး မသွေမတိမ်း နားထောင်ပါ့မယ်" ဝမ်ဖုမူ ပြောလိုက်သည်။

"နဝမအစ်ကိုတော်ကို သတိထားဖို့ ဖခမည်းတော်ကို ပြောပေးပါ" ဖေ့လန်က ဆိုသည်။

"အရှင့်သား ဒါ ဘာအဓိပ္ပာယ်ပါလဲ" ဝမ်ဖုမူ မေးလိုက်သည်။

"အစ်ကိုတော် (၉)က ကောက်သစ်စားပွဲတော်နေ့က လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတာ"

"အရှင့်ကျွန်တော် နားလည်ပါပြီ" ဝမ်ဖုမူက ပြန်ပြောလေသည်။

ဖေ့လန်သည် ဖခင်၏ အိပ်ခန်းဆောင် ရှေ့ ဒူးထောက်ချလိုက်သည်။ နဖူးကို မြေမှာ ဦးတိုက်လိုက်ပြီးနောက် နန်းတော်တွင်းမှ ထွက်သွားတော့လေသည်။

ဝမ်ဖုမူ မင်းကြီး အိပ်ဆောင်ထဲဝင်လာသောအခါ မင်းကြီးသည် ပြတင်းအပြင်ဘက်သို့ ငေးကြည့်နေလေသည်။ ဘာတွေးနေသလဲတော့ ဝမ်ဖုမူ မသိ။ ဘုရင့်သားတော်များအနက် ဖေ့ကျင်းသည် မင်းကြီးနှင့် ရုပ်ရည် ဆင်အတူဆုံးဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဖေ့ကျင်းကို အေးတိအေးစက် သဘောထားသလဲ ဝမ်ဖုမူ နားမလည်နိုင်ချေ။

"အရှင်မင်းကြီး အိမ်ရှေ့မင်းသား နန်းတော်မှ ထွက်ခွာသွားပါပြီ" ဝမ်ဖုမူ ပြောလိုက်သည်။

မင်းကြီးသည် ဝမ်ဖုမူကို လှည့်၍ မာန်မဲ၍ ကြည့်လေတော့သည်။ "အိမ်ရှေ့မင်းသား မဟုတ်တော့ဘူး"

ဘုရင်မင်းမြတ်က မိမိကို စိတ်ဆိုးဒေါသထွက်ခြင်း မဟုတ်ဘဲ ဖေ့လန် အိမ်ရှေ့စံ မဟုတ်တော့သည်ကို အမှတ်ရမိသွား၍ ဒေါသထွက်ခြင်းသာဖြစ်ကြောင်း ဝမ်ဖုမူ သိသည်။

"သူ ဘာပြောခဲ့သလဲ" မင်းကြီးက မေး၏။

"အိမ်ရှေ့မင်းသားက မင်းကြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ ပြောပါတယ်" ဝမ်ဖုမူက ဆိုသည်။ "အိမ်ရှေ့မင်းသားက သတ္တမမင်းသားကို သတိထားဖို့လဲ မှာလိုက်ပါတယ် မင်းကြီး 

ဖေ့လန် နန်းတော်သို့ ပြန်လာသည့် တစ်နေ့များ ရှိလာခဲ့လျှင် ဘုရင်ကို လှည့်ဖျားမှုဖြင့် ခေါင်းဖြတ်သတ်ခံရနိုင်ချေရှိသည်ကို ဝမ်ဖုမူ သိသည်။ သို့သော် ဖေ့ကျင်း အောင်မြင်ဖို့အတွက် သူ့အသက်ကို စတေးခံ စွန့်စားဝံ့လေသည်။

"သတ္တမသားတော်ကို သတိထားရမှာလား" မင်းကြီးက မေးလိုက်သည်။ "အိမ်ရှေ့စံက မင်းကို ဘာလို့ အဲ့သလို ပြောရတာတဲ့လဲ"

"အကြောင်းရင်းကိုတော့ အရှင့်သား မမှာကြားသွားပါဘူး" ဝမ်ဖုမူက ပြောလိုက်၏။

"ကျန်း နားလည်ပြီ" မင်းကြီးက ဆိုသည်။

နန်းတော်မုခ်ဝမှ စတင်၍ နန်းမြို့အပြင်သို့ ခရီးထွက်ခွာရာတွင် ဖေ့လန်အား နန်းတွင်းကိုယ်ရံတော်အမြောက်အများက ဝန်းရံလျက် လိုက်လံပို့ဆောင်ကြလေသည်။ မိဖုရားခေါင်ကြီးက ဖေ့လန်၏ လုံခြုံရေးအတွက် စိတ်ပူသောကြောင့်ပင်။

ဖေ့လန်သည် မိမိ၏ လုံခြုံရေးအတွက် မိခင်၏ စိုးရိမ်မှုကို အချည်းနှီးဟုသာ ထင်မိသည်။

မြင်းလှည်ဖြင့် အချိန်အတော်အတန်ကြာ ခရီးဆက်ပြီးနောက်မှာတော့ ရုတ်တရက် လှည်းရပ်သွားရလေသည်။

ဖေ့လန် မျက်လုံးများ မှိတ်ထားသော်လည်း မြင်းလှည်းအပြင်၌ သတင်းဆိုးရှိနေမည်ကို ခနိ့မှန်းမိ၏။

"အိမ်ရှေ့မင်းသား၊ နဝမမင်းသား မြင်းလှည်းရှေ့မှာ ရောက်နေပါတယ်" ကိုယ်ရံတော်တစ်ဦးက လျှောက်တင်လာသည်။

ဖေ့လန် ကန့်လန့်ကာကို ဖွင့်လိုက်သောအခါ ဖေ့ကျင်း မြင်းစီးလျက် နေရောင်ကို ကျောပေးကာ ရပ်နေသည်ကို တွေ့ရတော့လေသည်။

"ညီတော် (၁၀)" ဖေ့ကျင်းက ဆိုသည်။

"အစ်ကိုတော် (၉) ဘာလို့များ ရောက်လာတာလိမ့်" ဖေ့လန်က မေး၏။

"ငါတို့တွေက ကိုယ့်ခြေကိုယ့်လက်လို ရင်းနှီးကြတဲ့ ညီအစ်ကိုတွေ ဖြစ်တယ်" ဖေ့ကျင်းက ပြောသည်။ "ဒါပေါ့၊ ညီတော်ကို မြို့ပြင်လိုက်ပို့ပေးဖို့ လာတာ"

‘"အစ်ကိုတော်ရဲ့ စေတနာကို ဖြုန်းတီးနေသလိုပဲ" ဖေ့လန် ပြောလိုက်သည်။

"ညီတော် သွားရမဲ့ ဒေသက ဝေးလံခေါင်ဖျားက အေးစက်တဲ့ မြို့လို့ သိရတယ်" ဖေ့ကျင်းက ပြောသည်။ "အနွေးဝတ်တွေ လုံလုံလောက်လောက်ပါရဲ့လား"

"ပါပါတယ်" ဟု ဖေ့လန်က ဆိုသည်။

ဖေ့ကျင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်းရဲ့ နဝမ မရီးတော်က သူ့ကိုယ်စား မင်းကို နှုတ်ဆက်ခိုင်းလိုက်သေးတယ်"

နျန်ရှီးနဉ်ကို ဖေ့ကျင်း၏ ကြင်ယာတော်အဖြစ် မှတ်ယူရမည်ကို ဖေ့လန် မုန်းမိသည်။ သို့သော်လည်း သူ ယဉ်ကျေးစွာ ပြုံးလိုက်လေသည်။ "အစ်ကိုတော် (၉)၊ သူများတွေက အစ်ကိုတော် မရီးတော်နဲ့ လက်ထပ်ခွင့်ရတာကို မနာလို အားကျနေကြတာ"

"ညီတော် (၁၀) နှစ်ပေါင်းများစွာ ကြာတာတောင် မင်းရဲ့ စိတ်ရင်းကို ငါ မမြင်နိုင်သေးပါလား"

"အစ်ကို (၉)ကိုလဲပဲ စိတ်ရင်း ခန့်မှန်းရခက်တာပဲလေ၊ မဟုတ်ဘူးလား"

ဖေ့လန်၏ ခပ်ထေ့ထေ့ အပြုံးကို တွေ့တော့ ဖေ့ကျင်း ကျောပင် ချမ်းသွားမိလေသည်။ "မင်းရဲ့ အစ်ကိုတော် (၉)က လူရိုးလူအေးပါ"

"အချိန်မစောတော့ဘူး" ဖေ့လန် ပြောလာသည်။ "အစ်ကိုတော်လဲ အိမ်ပြန်သင့်ပြီ"

"ညီ (၁၀) ကျန်းမာရေး ဂရုစိုက်ပါ" ဖေ့ကျင်းက မှာသည်။ "နောက်ပြန်တွေ့ကြတာပေါ့"

"ပြန်တွေ့ကြမှာ မဟုတ်ပါဘူး" ဖေ့လန် ပြောလိုက်သည်။

ဖေ့လန်၏ လေသံထဲမှ တည်ငြိမ်အေးဆေးနိုင်မှုကို ကြားရသောအခါ ဖေ့ကျင်း အံ့သြသွားမိလေသည်။ ဖေ့လန်၏ ရည်ရွယ်ချက်ကို သူ မသိ။

ဖေ့လန်တို့၏ မြင်းလှည်းတန်း ထွက်သွားသည်ကို ခဏကြာအောင် ဖေ့ကျင်း ဆက်ကြည့်နေခဲ့မိသည်။ နောက်တော့ သူ့အနား ပေ့သို ရောက်လာ၏။

"နန်းတွင်း ကိုယ်ရံတော် ၂၈ ယောက်ရှိတယ်" ဖေ့ကျင်း ပြောပြလိုက်သည်။ "မင်း ရပါ့မလား"

ပေ့သိုက ခေါင်းညိတ်ပြသည်။

"ဒါဆိုလဲ လေဟုန်ပမာ သွားပေတော့"

မြင်းလှည်းထဲမှာတော့ ဖေ့လန်သည် မညီညာသော လမ်းခရီးမြေပြင်ကို လျစ်လျူရှုကာ မျက်လုံးများသာ မှိတ်ထားလေသည်။ ရန်အိမ်တော်၌ ရန်ရှီးထင်အား ရန်ရှီးနဉ် ပြောခဲ့သည့်စကားများကို သူ ကြားယောင်မိလာသည်။ "ရှီးထင် အစ်မ တကယ် စိတ်မကောင်းပါဘူး၊ အစ်မကြောင့် မင်း ဒီလောက်ထိ ဖြစ်သွားမယ်လို့ မထင်ခဲ့မိဘူး၊ မစိုးရိမ်ပါနဲ့၊ မင်းသမီး သေသွားပြီးတဲ့အခါကျရင် အစ်မ မင်းကို ခေါ်ထုတ်သွားပြီး ကောင်းကောင်းထားပါ့မယ်" ဆိုသော စကား။

ရန်ရှီးနဉ်သည် သူ ထင်ထားသကဲ့သို့ လှပချောမော၍ စိတ်ထားကောင်းသူ မဟုတ်မှန်း ဖေ့လန် သိလိုက်ရသည်။ သူ့မင်္ဂလာပွဲ ပျက်စီးရခြင်းတွင် သူမ ပါဝင်ပတ်သက်နေသည်။ ဖေ့ကျင်းကတော့ နောက်ကွယ်က အဓိက ကြိုးကိုင်သူပေါ့။ သူ နန်းတော်တွင်းမှ မထွက်ရသေးခင် သိ၍ တော်သေးတော့သည်။ ဖေ့ကျင်း၏ စိတ်ယုတ်မာကို ဖခမည်းတော် သတိထားမိစေရန်၊ နန်းတော်တွင်း တည်ငြိမ်ငြိမ်းချမ်းမှု မကြာခင် ပျက်ပြားတော့မည်ကို ဖခမည်းတော် ရိပ်မိသိရှိစေရန် သူ နောက်ဆုံးအနေနှင့် သတိပေးရစ်နိုင်၍ တော်သေးတော့သည်။

_______

[Zawgyi]

Burmese Translation of Fu Jun You Zhe Dian {夫君,悠着点} by Author 苏行乐.

အခန္း (၅၀)

TRANSLATOR - NC

--------------------

ေဆာင္းၪီးအကုန္။

"ေမြးရက်ိဳး မနပ္တဲ့ သား...!" မိဖုရားေခါင္ႀကီးက ဆူဆဲရင္း ငိုရိႈက္ေလသည္။

"မယ္မယ္ သားေတာ္ ဒီတစ္ခါမွာ နန္းၿမိဳ႔ေတာ္ကေန အၿပီးထြက္သြားတာပါ" ေဖ့လန္က ဆိုသည္။ "မယ္မယ္ ကိုယ့္က်န္းမာေရးသာ ဂရုစိုက္ၿပီး ေနရစ္ပါေတာ့"

"ဟင့္အင္း" မိဖုရားေခါင္ႀကီးက ဆိုသည္။ "မင္း ျပန္လာရမယ္၊ မင့္ဖခမည္းေတာ္ အမ်က္ေတာ္ေျပတဲ့အထိ ေစာင့္လိုက္ေနာ္၊ ေဖ့က်န္းရဲ့ စိတ္ရင္း မမွန္ကန္တာကို သူ သိျမင္တဲ့အထိ ေစာင့္၊ မင္းကို သူ ျပန္ေခၚမွာ"

မိဖုရားေခါင္ႀကီးမွာ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားအားထုတ္ခဲ့ေသာ အႀကံအစည္မ်ား ပ်က္ယြင္းသြားသည္ကို လက္မခံခ်င္။ သူမမွာ ဤသားတစ္ေယာက္သာ ရိွသည္။ သားျဖစ္သူႏွင့္ ေကြကြင္းရသည္ကိုလည္း သူမ လက္မခံႏိုင္။

"မယ္မယ္၊ ရာထူး အာဏာ စည္းစိမ္ဥစၥာဆိုတာ မီးခိုးျပာမႈန္ျဖစ္သြားမဲ့ မၿမဲေသာ တရားေတြပါပဲ" ေဖ့လန္က ဆိုသည္။ "မယ္မယ့္ႏွလံုးသားက မီးခိုးျပာမႈန္႔ေတြအတြက္နဲ႔ ညစ္ႏြမ္းမခံသင့္ေတာ့ပါဘူး"

ေဖ့လန္ ေမြးမိခင္ေရ႔ွ ဒူးေထာက္လိုက္ၿပီး နဖူးကို ၾကမ္းမွာ ၪီးတိုက္ ကန္ေတာ့လိုက္သည္။ ထို႔ေနာက္ေတာ့ မယ္ေတာ္၏ နန္းေဆာင္တြင္းမွ ထြက္လာခဲ့လိုက္ေလသည္။

ေဖ့လန္၏ စကားေၾကာင့္ မိဖုရားေခါင္ႀကီးမွာ လြန္ခဲ့ေသာ တစ္ႏွစ္က ဖူးျမင္ေတြ့ခဲ့သည့္ ဆရာေတာ္တစ္ပါး၏ စကားကို အမွတ္ရမိသြားခဲ့သည္။ ထိုဆရာေတာ္က အရာရာအားလံုး မီးခိုးျမဴေငြ့မ်ွသာ က်န္မည္ျဖစ္၍ ယခုကတည္းက စိတ္သ႑ာန္ၿငိမ္းခ်မ္းရေအာင္ ဓားသြားကို လက္လႊတ္ပါေတာ့ဟု ေရ႔ျွဖစ္ေဟာခဲ့သည္။

ေဖ့လန္ မိမိကိုယ္ကို ဓားျဖင့္ ထိုးၿပီးသည့္ေန့မွစ၍ ဖခမည္းေတာ္က အေတြ့မခံေတာ့။ သူ နန္းၿမိဳ႔ေတာ္မွ မထြက္ခြာခင္ေလး ဖခမည္းေတာ္ သူ႔အား ေတြ့လိုစိတ္ရိွပါ့မလား မေရရာ။

ေဖ့လန္ ခမည္းေတာ္၏ အိပ္ေဆာင္ေတာ္ေရ႔ွ ရပ္ရင္း ေႂကြက်ေလေသာ ပြင့္လႊာခ်ပ္မ်ားကို ေငးေမာၾကည့္ေနမိေတာ့သည္။ ဖခမည္းေတာ္ သူ႔ကို စိတ္ဆိုးလြန္း၍ ထြက္မေတြ့သည္ကို သူ သိသည္။ ကေလးဆန္ဆန္ စိတ္ေကာက္တတ္ေသာ ဖခင္ကို သူ ရယ္ခ်င္မိသြားေလသည္။

ေဖ့လန္၏ အေျခအေနမ်ိဳးႏွင့္ လက္ရိွမွာ ၿပံဳးေနႏိုင္ေသးသည္ကို ၾကည့္ရင္း ဝမ္ဖုမူ အံ့ၾသထိတ္လန္႔မိသြားေလသည္။ "အိမ္ေရ႔ွမင္းသား"

ေဖ့လန္ အသံလာရာကို လွည့္ၾကည့္မိေတာ့ ဖခမည္းေတာ္အပါး ႏွစ္ ႏွစ္ဆယ္ၾကာ ဝန္တာထမ္းေဆာင္ခဲ့ေသာ ဝမ္ဖုမူကို ေတြ့ေလသည္။ ထိုစဉ္က ဝမ္ဖုမူမွာ ၁၀ ႏွစ္အရြယ္သာ ရိွေသးေသာ မိန္းမစိုးေပါက္စေလးျဖစ္၏။ ေနာက္ပိုင္းမွာေတာ့ ဖခမည္းေတာ္၏ တိုင္ပင္ေဖာ္ အႀကံေပးျဖစ္လာခဲ့ေလသည္။ ဝမ္ဖုမူသည္ ပါးနပ္၍ အစြမ္းအစရိွသူျဖစ္မည္ကို သူ သိသည္။ ထိုသို႔ မဟုတ္ပါကလဲ ဖခမည္းေတာ္၏ အယံုၾကည္ရဆံုး အနီးဆံုးလူျဖစ္ေနမည္ မဟုတ္ေပ။

ေဖ့လန္ သူ႔အား ၪီးၫြတ္ အရိုအေသေပးလာေသာအခါ ဝမ္ဖုမူ ပို၍ပင္ ထိတ္လန္႔သြားမိေတာ့ေလသည္။ "အိမ္ေရ႔ွမင္းသား ဘယ္လိုေတာင္ ျပဳမူေနတာပါလဲ၊ ဒီကြၽန္ေတာ္မ်ိဳး မခံယူဝံ့ပါဘူး"

"ခင္ဗ်ားက ႏႈတ္သြက္သားပဲ" ေဖ့လန္က ဆိုသည္။

ေဖ့လန္ကို မေကာင္းဆိုးဝါးမ်ား ဝင္ပူးေလသလား ဝမ္ဖုမူ ထင္လိုက္မိသည္။ "အိမ္ေရ႔ွမင္းသား မင္းႀကီးက မေတြ့လိုပါဘူးတဲ့၊ ဒီေန့ ရာသီဥတု သိပ္ေအးေနတာ၊ မေအးတဲ့ တစ္ေန့မွ ျပန္လာၾကည့္ပါလား အရွင့္သား"

"ဖခမည္းေတာ္ စိတ္ေျပသြားတဲ့ အခ်ိန္က်ရင္ ေတြ့ခြင့္ရပါၪီးမလား ကြၽႏ္ုပ္ မသိေတာ့ဘူး" ေဖ့လန္က ဆိုသည္။

ေစာေစာက ဝမ္ဖုမူသည္ ေဖ့လန္ေရာက္လာေၾကာင္း ရွင္ဘုရင္အား တင္ေလ်ွာက္ခဲ့သည္။ မင္းႀကီးက ေဖ့လန္အေပၚ စိတ္ပ်က္ေနမိသည္ကို ေတြ့ၿပီး သနားစရာေကာင္းလွသည္ဟု ေတြးမိေလသည္။ ဘုရင္မင္းျမတ္ အမ်က္ေတာ္ေျပသြားၿပီး ေဖ့က်န္းကို သည္းမခံႏိုင္ေတာ့သည့္အခါမွာေတာ့ ေဖ့လန္ကို နန္းေတာ္သို႔ ျပန္ေခၚလိမ့္မည္ဟု ထင္ေလသည္။

နန္းေတာ္ထဲ ႏွစ္ေပါင္းမ်ားစြာၾကာ ရွင္သန္ႏိုင္ေအာင္ ႀကိဳးစားခဲ့သူ ဝမ္ဖုမူသည္ မရိုးရွင္းေသာ ေျမေခြးပါးတစ္ေကာင္ျဖစ္မည္ကို ေဖ့လန္ သိသည္။ သူ ဝမ္ဖုမူကို ၪီးၫြတ္ျခင္းကလည္း သူ႔အား မ်က္ႏွာေသးေပးၿပီး ဖခမည္းေတာ္ထံ တဆင့္ သတိေပးစကား ပါးေပးႏိုင္ရန္ အတင္းလာဘ္ထိုးသည့္ သေဘာပါသည္။

ဝမ္ဖုမူက ေဖ့လန္ ၪီးၫြတ္ထားသည္ထက္ ပို၍ နိမ္ေအာင္ ခါးၫြတ္ထားလိုက္ေတာ့သည္။

"ဝမ္ဖုမူ၊ ဖခမည္းေတာ္က ကြၽႏ္ုပ္ကို မေတြ့လိုမွေတာ့ က်ဳပ္ကိုယ္စား ခမည္းေတာ္ကို သတိေပး ေပးပါ" ေဖ့လန္က ဆိုသည္။ "ကြၽႏ္ုပ္ရဲ့ အမွာစကားကို ခမည္းေတာ္ နားေရာက္ေအာင္ တဆင့္ပါးေပးမယ္လို႔ ယံုၾကည္ပါတယ္"

"အိမ္ေရ႔ွမင္းသားစကားကို ကြၽန္ေတာ္မ်ိဳး မေသြမတိမ္း နားေထာင္ပါ့မယ္" ဝမ္ဖုမူ ေျပာလိုက္သည္။

"နဝမအစ္ကိုေတာ္ကို သတိထားဖို႔ ဖခမည္းေတာ္ကို ေျပာေပးပါ" ေဖ့လန္က ဆိုသည္။

"အရွင့္သား ဒါ ဘာအဓိပၸာယ္ပါလဲ" ဝမ္ဖုမူ ေမးလိုက္သည္။

"အစ္ကိုေတာ္ (၉)က ေကာက္သစ္စားပြဲေတာ္ေန့က လုပ္ႀကံမႈမွာ ပါဝင္ပတ္သက္ေနတာ"

"အရွင့္ကြၽန္ေတာ္ နားလည္ပါၿပီ" ဝမ္ဖုမူက ျပန္ေျပာေလသည္။

ေဖ့လန္သည္ ဖခင္၏ အိပ္ခန္းေဆာင္ ေရ႔ွ ဒူးေထာက္ခ်လိုက္သည္။ နဖူးကို ေျမမွာ ၪီးတိုက္လိုက္ၿပီးေနာက္ နန္းေတာ္တြင္းမွ ထြက္သြားေတာ့ေလသည္။

ဝမ္ဖုမူ မင္းႀကီး အိပ္ေဆာင္ထဲဝင္လာေသာအခါ မင္းႀကီးသည္ ျပတင္းအျပင္ဘက္သို႔ ေငးၾကည့္ေနေလသည္။ ဘာေတြးေနသလဲေတာ့ ဝမ္ဖုမူ မသိ။ ဘုရင့္သားေတာ္မ်ားအနက္ ေဖ့က်င္းသည္ မင္းႀကီးႏွင့္ ရုပ္ရည္ ဆင္အတူဆံုးျဖစ္သည္။ သို႔ေသာ္ အဘယ္ေၾကာင့္ ေဖ့က်င္းကို ေအးတိေအးစက္ သေဘာထားသလဲ ဝမ္ဖုမူ နားမလည္ႏိုင္ေခ်။

"အရွင္မင္းႀကီး အိမ္ေရ႔ွမင္းသား နန္းေတာ္မွ ထြက္ခြာသြားပါၿပီ" ဝမ္ဖုမူ ေျပာလိုက္သည္။

မင္းႀကီးသည္ ဝမ္ဖုမူကို လွည့္၍ မာန္မဲ၍ ၾကည့္ေလေတာ့သည္။ "အိမ္ေရ႔ွမင္းသား မဟုတ္ေတာ့ဘူး"

ဘုရင္မင္းျမတ္က မိမိကို စိတ္ဆိုးေဒါသထြက္ျခင္း မဟုတ္ဘဲ ေဖ့လန္ အိမ္ေရ႔ွစံ မဟုတ္ေတာ့သည္ကို အမွတ္ရမိသြား၍ ေဒါသထြက္ျခင္းသာျဖစ္ေၾကာင္း ဝမ္ဖုမူ သိသည္။

"သူ ဘာေျပာခဲ့သလဲ" မင္းႀကီးက ေမး၏။

"အိမ္ေရ႔ွမင္းသားက မင္းႀကီး က်န္းမာေရးကို ဂရုစိုက္ဖို႔ ေျပာပါတယ္" ဝမ္ဖုမူက ဆိုသည္။ "အိမ္ေရ႔ွမင္းသားက သတၲမမင္းသားကို သတိထားဖို႔လဲ မွာလိုက္ပါတယ္ မင္းႀကီး 

ေဖ့လန္ နန္းေတာ္သို႔ ျပန္လာသည့္ တစ္ေန့မ်ား ရိွလာခဲ့လ်ွင္ ဘုရင္ကို လွည့္ဖ်ားမႈျဖင့္ ေခါင္းျဖတ္သတ္ခံရႏိုင္ေခ်ရိွသည္ကို ဝမ္ဖုမူ သိသည္။ သို႔ေသာ္ ေဖ့က်င္း ေအာင္ျမင္ဖို႔အတြက္ သူ႔အသက္ကို စေတးခံ စြန္႔စားဝံ့ေလသည္။

"သတၲမသားေတာ္ကို သတိထားရမွာလား" မင္းႀကီးက ေမးလိုက္သည္။ "အိမ္ေရ႔ွစံက မင္းကို ဘာလို႔ အဲ့သလို ေျပာရတာတဲ့လဲ"

"အေၾကာင္းရင္းကိုေတာ့ အရွင့္သား မမွာၾကားသြားပါဘူး" ဝမ္ဖုမူက ေျပာလိုက္၏။

"က်န္း နားလည္ၿပီ" မင္းႀကီးက ဆိုသည္။

နန္းေတာ္မုခ္ဝမွ စတင္၍ နန္းၿမိဳ႔အျပင္သို႔ ခရီးထြက္ခြာရာတြင္ ေဖ့လန္အား နန္းတြင္းကိုယ္ရံေတာ္အေျမာက္အမ်ားက ဝန္းရံလ်က္ လိုက္လံပို႔ေဆာင္ၾကေလသည္။ မိဖုရားေခါင္ႀကီးက ေဖ့လန္၏ လံုၿခံဳေရးအတြက္ စိတ္ပူေသာေၾကာင့္ပင္။

ေဖ့လန္သည္ မိမိ၏ လံုၿခံဳေရးအတြက္ မိခင္၏ စိုးရိမ္မႈကို အခ်ည္းႏွီးဟုသာ ထင္မိသည္။

ျမင္းလွည္ျဖင့္ အခ်ိန္အေတာ္အတန္ၾကာ ခရီးဆက္ၿပီးေနာက္မွာေတာ့ ရုတ္တရက္ လွည္းရပ္သြားရေလသည္။

ေဖ့လန္ မ်က္လံုးမ်ား မိွတ္ထားေသာ္လည္း ျမင္းလွည္းအျပင္၌ သတင္းဆိုးရိွေနမည္ကို ခနိ႔မွန္းမိ၏။

"အိမ္ေရ႔ွမင္းသား၊ နဝမမင္းသား ျမင္းလွည္းေရ႔ွမွာ ေရာက္ေနပါတယ္" ကိုယ္ရံေတာ္တစ္ၪီးက ေလ်ွာက္တင္လာသည္။

ေဖ့လန္ ကန္႔လန္႔ကာကို ဖြင့္လိုက္ေသာအခါ ေဖ့က်င္း ျမင္းစီးလ်က္ ေနေရာင္ကို ေက်ာေပးကာ ရပ္ေနသည္ကို ေတြ့ရေတာ့ေလသည္။

"ညီေတာ္ (၁၀)" ေဖ့က်င္းက ဆိုသည္။

"အစ္ကိုေတာ္ (၉) ဘာလို႔မ်ား ေရာက္လာတာလိမ့္" ေဖ့လန္က ေမး၏။

"ငါတို႔ေတြက ကိုယ့္ေျခကိုယ့္လက္လို ရင္းႏွီးၾကတဲ့ ညီအစ္ကိုေတြ ျဖစ္တယ္" ေဖ့က်င္းက ေျပာသည္။ "ဒါေပါ့၊ ညီေတာ္ကို ၿမိဳ႔ျပင္လိုက္ပို႔ေပးဖို႔ လာတာ"

‘"အစ္ကိုေတာ္ရဲ့ ေစတနာကို ျဖဳန္းတီးေနသလိုပဲ" ေဖ့လန္ ေျပာလိုက္သည္။

"ညီေတာ္ သြားရမဲ့ ေဒသက ေဝးလံေခါင္ဖ်ားက ေအးစက္တဲ့ ၿမိဳ႔လို႔ သိရတယ္" ေဖ့က်င္းက ေျပာသည္။ "အေနြးဝတ္ေတြ လံုလံုေလာက္ေလာက္ပါရဲ့လား"

"ပါပါတယ္" ဟု ေဖ့လန္က ဆိုသည္။

ေဖ့က်င္း မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။ "မင္းရဲ့ နဝမ မရီးေတာ္က သူ႔ကိုယ္စား မင္းကို ႏႈတ္ဆက္ခိုင္းလိုက္ေသးတယ္"

န်န္ရွီးနဉ္ကို ေဖ့က်င္း၏ ၾကင္ယာေတာ္အျဖစ္ မွတ္ယူရမည္ကို ေဖ့လန္ မုန္းမိသည္။ သို႔ေသာ္လည္း သူ ယဉ္ေက်းစြာ ၿပံဳးလိုက္ေလသည္။ "အစ္ကိုေတာ္ (၉)၊ သူမ်ားေတြက အစ္ကိုေတာ္ မရီးေတာ္နဲ႔ လက္ထပ္ခြင့္ရတာကို မနာလို အားက်ေနၾကတာ"

"ညီေတာ္ (၁၀) ႏွစ္ေပါင္းမ်ားစြာ ၾကာတာေတာင္ မင္းရဲ့ စိတ္ရင္းကို ငါ မျမင္ႏိုင္ေသးပါလား"

"အစ္ကို (၉)ကိုလဲပဲ စိတ္ရင္း ခန္႔မွန္းရခက္တာပဲေလ၊ မဟုတ္ဘူးလား"

ေဖ့လန္၏ ခပ္ေထ့ေထ့ အၿပံဳးကို ေတြ့ေတာ့ ေဖ့က်င္း ေက်ာပင္ ခ်မ္းသြားမိေလသည္။ "မင္းရဲ့ အစ္ကိုေတာ္ (၉)က လူရိုးလူေအးပါ"

"အခ်ိန္မေစာေတာ့ဘူး" ေဖ့လန္ ေျပာလာသည္။ "အစ္ကိုေတာ္လဲ အိမ္ျပန္သင့္ၿပီ"

"ညီ (၁၀) က်န္းမာေရး ဂရုစိုက္ပါ" ေဖ့က်င္းက မွာသည္။ "ေနာက္ျပန္ေတြ့ၾကတာေပါ့"

"ျပန္ေတြ့ၾကမွာ မဟုတ္ပါဘူး" ေဖ့လန္ ေျပာလိုက္သည္။

ေဖ့လန္၏ ေလသံထဲမွ တည္ၿငိမ္ေအးေဆးႏိုင္မႈကို ၾကားရေသာအခါ ေဖ့က်င္း အံ့ၾသသြားမိေလသည္။ ေဖ့လန္၏ ရည္ရြယ္ခ်က္ကို သူ မသိ။

ေဖ့လန္တို႔၏ ျမင္းလွည္းတန္း ထြက္သြားသည္ကို ခဏၾကာေအာင္ ေဖ့က်င္း ဆက္ၾကည့္ေနခဲ့မိသည္။ ေနာက္ေတာ့ သူ႔အနား ေပ့သို ေရာက္လာ၏။

"နန္းတြင္း ကိုယ္ရံေတာ္ ၂၈ ေယာက္ရိွတယ္" ေဖ့က်င္း ေျပာျပလိုက္သည္။ "မင္း ရပါ့မလား"

ေပ့သိုက ေခါင္းညိတ္ျပသည္။

"ဒါဆိုလဲ ေလဟုန္ပမာ သြားေပေတာ့"

ျမင္းလွည္းထဲမွာေတာ့ ေဖ့လန္သည္ မညီညာေသာ လမ္းခရီးေျမျပင္ကို လ်စ္လ်ူရႈကာ မ်က္လံုးမ်ားသာ မိွတ္ထားေလသည္။ ရန္အိမ္ေတာ္၌ ရန္ရွီးထင္အား ရန္ရွီးနဉ္ ေျပာခဲ့သည့္စကားမ်ားကို သူ ၾကားေယာင္မိလာသည္။ "ရွီးထင္ အစ္မ တကယ္ စိတ္မေကာင္းပါဘူး၊ အစ္မေၾကာင့္ မင္း ဒီေလာက္ထိ ျဖစ္သြားမယ္လို႔ မထင္ခဲ့မိဘူး၊ မစိုးရိမ္ပါနဲ႔၊ မင္းသမီး ေသသြားၿပီးတဲ့အခါက်ရင္ အစ္မ မင္းကို ေခၚထုတ္သြားၿပီး ေကာင္းေကာင္းထားပါ့မယ္" ဆိုေသာ စကား။

ရန္ရွီးနဉ္သည္ သူ ထင္ထားသကဲ့သို႔ လွပေခ်ာေမာ၍ စိတ္ထားေကာင္းသူ မဟုတ္မွန္း ေဖ့လန္ သိလိုက္ရသည္။ သူ႔မဂၤလာပြဲ ပ်က္စီးရျခင္းတြင္ သူမ ပါဝင္ပတ္သက္ေနသည္။ ေဖ့က်င္းကေတာ့ ေနာက္ကြယ္က အဓိက ႀကိဳးကိုင္သူေပါ့။ သူ နန္းေတာ္တြင္းမွ မထြက္ရေသးခင္ သိ၍ ေတာ္ေသးေတာ့သည္။ ေဖ့က်င္း၏ စိတ္ယုတ္မာကို ဖခမည္းေတာ္ သတိထားမိေစရန္၊ နန္းေတာ္တြင္း တည္ၿငိမ္ၿငိမ္းခ်မ္းမႈ မၾကာခင္ ပ်က္ျပားေတာ့မည္ကို ဖခမည္းေတာ္ ရိပ္မိသိရိွေစရန္ သူ ေနာက္ဆံုးအေနႏွင့္ သတိေပးရစ္ႏိုင္၍ ေတာ္ေသးေတာ့သည္။

Continue Reading

You'll Also Like

116K 8.2K 87
My wife spoil me too much.... translated by :Triple - M20 အျမဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလို...
495K 62.3K 86
I like this fic so much. So I wanna save in my treasure. This is only purpose for offline reading. If you like slow romance, school life and transmig...
390K 37.7K 176
Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Translation Genre: Drama, Romance This co...
49.3K 5.4K 84
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...