Uni
”အဟွေး....ဒီနေ့တော့စိတ်ချမ်းသာလိုက်တာ...„”
”စိတ်ချမ်းသာမှာပေါ့ ဟိုဟာဒီဟာတွေဘိုကင်ချိတ်နေတာ မဂ်လာပွဲအတွက်ပြင်ဆင်တာလား အိုလံပစ်အတွက်လား...”
သူ့ကိုဆူသလိုပြောနေမောင့်ကြောင့်လင်းစက်နှုတ်ခမ်းဆူမိသည်...
”ပျော်လို့လေ...ဒီမှာမင်္ဂလာဆောင်ဆိုတာတစ်သက်မှာတစ်ခါဘဲဆောင်ရတာအရမ်းအရေးကြီးတဲ့ပွဲလေ အပြည့်အဝလုပ်ရမယ်...”
”ဟုတ်တယ်အပြည့်အဝဘဲ ခရစ်ဒစ်ကတ်လည်းအပြည့်အဝဘဲ...”
”ယူပြီးသားဘဲလေ အိမ်မှာနေလည်းဝတ်လို့ရတယ် အပြင်သွားလည်းဝတ်လို့ရတယ် ပွဲတတ်လည်းဝတ်လို့ရတယ် အရမ်းစကားများတာဘဲ မပြန်ခင်အိမ်ထဲဝင်ပြီးတစ်ခုခုစားသွားဦးမလား...”
”ညဘက်ကြီးယောက်ျားလေးကိုအခန်းထဲခေါ်တယ်ပေါ့....”
”လာပြောနေသေးတယ် လုပ်တာဖြင့်အခေါက်ပေါင်းမနည်းတော့ဘူး....သဘောမတူသလိုလာလုပ်နေတယ်....”
လင်းစက် မောင့်ရဲ့မေးစေ့ကိုလက်နဲ့ကိုင်ကာစသလိုပြောလိုက်သည်...
”အွန်းးးးဆိုးလိုက်တာ..”
”ဆိုးတော့မကြိုက်ဘူးလား...”
”မကြိုက်ရင်လက်ထပ်ခွင့်တောင်းမှာလား...”
”ခစ်....”
မောင့်ရဲ့အပြောကြောင့်တူတူရယ်မိတော့သည်....
”ဒါနဲ့အစ်မအိမ်သွားပြောဦးမှာလား....ဖုန်းဆက်ပြောလို့လဲရပါတယ်ညည့်နက်နေပြီ....”
”အင်းးးးမျက်နှာချင်းဆိုင်ပြောပြချင်တယ်...အခုနောက်ပိုင်းအစ်မနဒီကကောင်းကောင်းအိပ်မပျော်ဘူး... မအိပ်သေးတာလဲဖြစ်နိုင်တယ်....”
မာန်ပြောရင်းကိုကို့ရဲ့ဆံပင်လေးကိုသပ်တင်ပေးလိုက်သည်...
”အိုခေ...ဒါဆိုသွားပြီ ကောင်းကောင်းပြန်နော်
အိမ်ရောက်ရင်ဖုန်းဆက်လိုက် ဘယ်ကောင်မလေးကိုမှဖုန်းနံပါတ်မပေးနဲ့ ဒီနေ့မှပညာပေးထားရတာ....”
”ဟုတ် ဖေဖေ....”
”ဒါဆိုသွားပြီ တာတာ့...”
လင်းစက် မောင့်ကိုနှုတ်ဆက်ပြီးတာနဲ့ခြံတံခါးကိုဖွင့်ကာအိမ်ထဲဝင်ခဲ့တော့သည်....
မာန် ကိုကိုအိမ်ထဲဝင်သွားတာကိုကြည့်ပြီးမှအစ်မဆီကိုထွက်လာခဲ့တော့သည်....
အစ်မရဲ့ခြံရှေ့ကိုရောက်တော့တိတ်ဆိတ်နေတဲ့အိမ်ကြောင့်သူဖုန်းကိုထုတ်ကာဆက်ကြည့်လိုက်သည်...
”လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ
သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်ခေတ္တစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါရှင်.....”
မာန် မကိုင်တဲ့ဖုန်းကြောင့်အိပ်နေသည်ဟုဘဲမှတ်ကာမက်ဆေ့ပို့ထားလိုက်သည်...
”နိုးရင်ဖုန်းပြန်ဆက်ဦးအစ်မအရေးကြီးပြောစရာရှိတယ်...”
မာန်ပြောပြီးတာနဲ့တိတ်ဆိတ်နေတဲ့အိမ်ကြီးကိုကျောခိုင်းလိုက်သည်...
ပြန်ဖို့လုပ်ပေမယ့်စိတ်ထဲလေးလံနေရတဲ့အကြောင်းမှာဘာဖြစ်လို့မှန်းမသိ....
ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်မိတော့ သူ့ရှေ့ကနေဖြတ်သွားတဲ့တက္ကစီတစ်စီးပေါ်ကလူကိုလိုက်ကြည့်မိသည်...
သူမြင်ဖူးသည်...ဒါပေမယ့်ဘယ်မှာမြင်ဖူးမှန်းသိတဲ့လူကြောင့်လျစ်လျူရှုလိုက်ကာကားမောင်းထွက်လာခဲ့တော့သည်....
>>>>>>
>>>>>>
လင်းကို ကားကိုလမ်းဘေးတစ်နေရာမှာရပ်လို့ကားကိုမှီကာလူတစ်ယောက််ကိုစောင့်နေတာအချိန်အတော်ကြာပြီဖြစ်သည်...
ထိုအချိန်သူ့ရှေ့မှာရပ်လာတဲ့တက္ကစီတစ်စီး...
တက္ကစီပေါ်မှဆင်းလာသူကတော့အမျိုးသမီးတစ်ဦး...
ထိုအမျိုးသမီးက လင်းကိုဦးဘေးမှာရပ်လိုက်ကာစကားစပြောလိုက်သည်...
”ရှင် အကုန်အဆင်ပြေရဲ့လား ဘာတွေထူးထူးဆန်းဆန်းဖြစ်နေရတာလဲ....”
”မင်း အိမ်ထဲမဝင်ထားဘူးမလား...”
”အဟင်း....အစ်ကို့ရဲ့မိန်းမသိမှာကြောက်လို့လား....ကျွန်မအထင်တော့အခုဆို အစ်ကို့ရဲ့မိန်းမသိတာကြာလောက်ပြီ....”
”ငါ့မိန်းမသိအောင်မင်းတမင်လုပ်တာမလား...မင်းကြောင့်....”
လင်းကို ပြောရင်းဒေါသထွက်လာတာကြောင့်လက်မောင်းကိုအတင်းဆုပ်ကိုင်လိုက်သည်...
”အစ်ကိုလင်း ညီမနာတယ်...ညီမ မဟုတ်ဘူး”
ထိုအခါမှလက်ကိုလွှတ်လိုက်သည်...
”ဒါနဲ့ ကျွန်မတို့ဒီညဘယ်သွားကြမလဲ.....
နည်းနည်းပါးပါးသောက်ပြီးအခန်းကိုသွားကြမလား....”
လင်းကို ဘောင်းဘီအိတ်ထဲမှပိုက်ဆံကိုထုတ်လိုက်ကာရှေ့ရှိသူကိုပေးလိုက်ပြီး...
”ရော့ ဒါယူပြီးကြိုက်တာဝယ်လိုက်...ဒီညအလုပ်ခရီးထွက်စရာရှိတယ်....ရက်နဲ့ချီကြာမှာ....”
ယုယ ပိုက်ဆံကိုယူလိုက်ပြီး
”ဒါနဲ့ ကျွန်မကိုထားခဲ့ပြီးထွက်ပြေးမှာတော့မဟုတ်ပါဘူးနော်...ရှင်ကလွယ်လွယ်ငြီးငွေ့လွယ်တယ်လေ....ရှင့်မိန်းမကိုတောင်သနားလာပြီ...”
”သူ့အကြောင်းမပြောနဲ့....ဒုတိယလူဖြစ်ရတာရဲ့အခြေအနေကိုမင်းသိမှာပါ..အထားမခံရချင်ရင်ကိုယ့်နေရာကိုယ်သိ...နားလည်လား...”
လင်းကို ပြောပြီးတာနဲ့ကားပေါ်တတ်ကာမောင်းထွက်ခဲ့တော့သည်....
>>>>>
”အိမ်ပြန်ရောက်တာခဏလောက်ရှိပါပြီအမျိုးသားလေးခင်ဗျာ....”
”အရမ်းလိမ္မာတယ် ကောင်လေး ကိုသတင်းပို့တတ်တယ်...”
”ဘာလို့လဲ စိတ်ပူလို့လား...သတို့သားမဖြစ်ရမှာစိုးရိမ်တာလား....”
”စိတ်ပူတာပေါ့ အပြန်လမ်းမှာမယားငယ်ဆီဝင်မှာစိတ်ပူရတာ....”
”အင်းးးးး မရှိပါဘူး...ရှိခဲ့ရင်တောင်သိမှာမဟုတ်ပါဘူး...”
”အဟင်းးးးး လောကကြီးမှာလျို့ဝှက်ချက်ဆိုတာမရှိပါဘူးနော်...နော်...အို့
အစ်ကိုဦး...”
လင်းစက် မောင်နဲ့vd callပြောနေတုန်းအနောက်ကနေပေါ်လာတဲ့အစ်ကို့ကြောင့်အံ့သြမိသွားရသည်...
မာန် လည်းအစ်ကိုဦးကိုတွေ့တာကြောင့်နှုတ်ဆက်လိုက်သည်...
”မဂ်လာပါ အစ်ကိုဦး မပြန်သေးဘူးလားဗျ....”
”အာ အစ်ကိုဒီနားမှာအလုပ်ရှင်နဲ့ချိန်းထားတာရှိလို့ လမ်းကြုံတုန်း လင်းစက်ကိုမုန့်လာပို့ပေးတာ...”
”အွန်း...ခုနက ကျွန်တော်အစ်မဆီသွားသေးတယ်...”
လင်းကို စိတ်ထဲထိတ်ခနဲဖြစ်သွားကာမျက်နှာမှာလည်းစိုးရိမ်ပူပန်မှုတွေအရိပ်ထင်လာခဲ့သည်....
”ဒါပေမယ့် အစ်မကိုဖုန်းဆက်တာဖုန်းမကိုင်ဘူး...သူအိပ်ပျော်သွားပြီနေမယ်...အဲ့တာနဲ့ကျွန်တော်လည်းဒီတိုင်းပြန်လာခဲ့လိုက်တာ”
”အော်....”
အခုမှသက်ပြင်းခိုးချမိသည်...
”ဒါဆိုအစ်မနဒီကအခုကောင်းကောင်းအိပ်ပျော်သွားပြီပေါ့...ကောင်းတယ် အစ်မနဒီကိုဆေးသောက်ဖို့မှာဖို့မမေ့နဲ့နော်အစ်ကိုဦး....စိတ်ကျရောဂါကဆက်တိုက်ကုသမှုခံယူရတယ်...”
လင်းစက် အစ်ကို့ကိုပြောပြီးတာနဲ့မောင့်ဆီပြန်ပြောလိုက်သည်...
”မောင် မနက်ဖြန်အစ်မနဒီဆီတူတူသွားကြမလား”
နဒီ့ ဆီသွားဖို့တိုင်ပင်နေကြတဲ့နှစ်ယောက်ကြောင့်လင်းကိုအမြန်ဝင်တားရသည်...
”ဒါနဲ့မနက်ဖြန်နဒီက တရားထိုင်ဖို့သွားမလို့တဲ့...သူအိမ်မှာမရှိလောက်ဘူး...”
”ဟုတ်လားအဲ့ဒါဆိုလည်းနောက်နေ့မှသွားကြတာပေါ့ဒါဆိုအိပ်တော့မယ်နော်မောင် good nightမောင်....”
လင်းစက် မောင်နဲ့နှုတ်ဆက်ပြီးတာနဲ့ဖုန်းကိုပိတ်လိုက်ကာချောင်းဟန့်လိုက်သည်...
”အဟမ်း...အစ်ကိုရေ ညီလေးမှာသတင်းကောင်းပြောစရာရှိတယ်....”
”အွန်း...ပြောလေ...”
လင်းစက် လက်စွပ်ဝတ်ထားတဲ့လက်နဲ့ဆံပင်ကိုသပ်လိုက်သည်...
”ဘာလဲ....”
နားမလည်တဲ့အစ်ကိုကြောင့်နောက်တစ်ခေါက်ထပ်ပြလိုက်သည်...
”ကေအသစ်လား...”
မဟုတ်တာတွေပြောနေတဲ့အစ်ကို့
ကြောင့်လင်းစက် မျက်လုံးပြူးပြလိုက်ကာလက်ကိုသေချာပြလိုက်တော့သည်....
”ဒီမှာ.....လှလား....”
”ဟေး....အဟင်းးဂုဏ်ပြုပါတယ်နော်....ဘာလို့အရမ်းမြန်တာလဲ...”
”မမြန်ပါဘူးနော်....မင်္ဂလာပွဲအတွက်ခန်းမရွေးထားပြီးပြီ...ရပီဆိုရင်အစ်ကို့ကိုခေါ်သွားပြမယ်....လက်ထပ်ဖူးတဲ့သူအနေနဲ့အကြံပေးလို့ရအောင်...မနက်ဖြန်ဆိုရင်ရော
အမြန်ဆုံးဖြတ်ချက်ချရအောင်....ရလား...”
”မရဘူး...မနက်ဖြန်အစ်ကို အလုပ်ကိစ္စနဲ့ နေပြည်တော်ဘက်သွားရမှာ ....ရက်နည်းနည်းကြာမှာအစ်ကိုပြန်လာမှပြောကြတာပေါ့...”
”အစ်မနဒီကကော....”
”အော် နဒီ အစ်ကိုသူနဲ့ပြောပြီးပြီသူကလည်းအိုခေတယ်တဲ့ ခဏလောက်ခွဲနေကြတာဘဲကောင်းပါတယ်ရန်မဖြစ်ရအောင်....”
”စိတ်အေးအေးထားပါ အစ်မနဒီကနေမကောင်းသေးလို့ပါ ပြန်ကောင်းရင်အရင်လိုပြန်ဖြစ်လာပါလိမ့်မယ်...လျှောက်မတွေးနဲ့...”
”အင်းပါ အဲ့ဒါဆိုအစ်ကိုသွားတော့မယ်နော်....”
”ဟုတ်အစ်ကိုဦး...”
အစ်ကို သွားတာနဲ့သူလည်းလပ်တော့ဖွင့်လိုက်ကာအလုပ်လက်စလေးတွေဆက်လုပ်နေလိုက်တော့သည်......
နောက်တစ်နေ့ မနက်တွင်ဖြစ်သည်။
လင်းစက်နှင့်မောင်အလုပ်ကိစ္စတစ်ခု
နှင့်ဟော်တယ်တစ်ခုကိုရောက်နေခြင်းဖြစ်သည်..
"ဒီဟော်တယ်ကပြန်မွမ်းမံထားတာသိပ်မကြာသေးဘူး အဲ့ဒါကိုဦးခန့်ညားကဘာကိုပြန်ပြင်ချင်တာလဲမသိဘူး"
"ကိုယ်ကတော့ ဦးခန့်ညားလို့မထင်ဘူး...
သူ့သမီးဖြစ်နိုင်တယ်...ပြီးတော့ဘာမှအထူးတလည်မမွမ်းမံချင်ပါဘူး...ဒီဇိုင်းဆွဲတဲ့သူရဲ့ရုပ်ကိုဘဲမြင်ချင်တာနေမယ်...."
မာန် သူ့ကိုသဝန်တိုကာမျက်နှာလေးဆူပုတ်နေတဲ့သူကိုအသည်းယားလာတာကြောင့်ပုခုံးလေးကိုဖက်လိုက်ကာကိုင်လှုပ်နေမိသည်...
ထိုအချိန်သူတို့အနားကိုရောက်လာတဲ့ခတ္တာ
"အင်းးးးးငါ့ကိုအတင်းတုပ်နေတာလားကြားနေရတယ်...."
"ဟုတ်တယ် မင်းအကြောင်းပြောနေကြတာ..."
မာန် ကိုကို့ရဲ့စကားကြောင့်ခတ္တာကိုအားနာမိသွားပြီးဆက်မပြောဖို့လက်ကိုကိုင်ကာတားမိသည်...
"အတင်းတုပ်နေတာမဟုတ်ပါဘူး ဒီတိုင်းကွယ်ရာမှာပြောမိတာပါဒီလောက်ပါဘဲ...."
"အရူး...အတူတူဘဲလေ..."
ခတ္တာ မာန့်ရဲ့လက်မောင်းကိုပိုက်ဆံအိတ်နဲ့ရိုက်လိုက်ကာရယ်လို့ပြောလိုက်သည်...
"ဒါနဲ့ ဒီနေ့အစ်ကိုလင်းစက်ကဘယ်လိုဖြစ်လို့လိုက်လာတာလဲ....-"
လင်းစက် မေခတ္တာရဲ့စကားကြောင့်မောင့်ရဲ့လက်မောင်းကိုလက်နှစ်ဖက်နဲ့ချိတ်လိုက်ကာ
"လာရမယ်လေ ဒါမှမောင် ဖုန်းမကျန်ခဲ့တော့အောင်...."
ခတ္တာ ရယ်လိုက်မိသည်..
"အဟမ်း...သဝန်တိုနေပြီ....
တော်ပြီ အလုပ်ကိစ္စပြောရအောင်ပြဿနာတတ်နေလိမ့်မယ်....
ဒီနေ့ဘာupdateတွေပြောစရာရှိလဲ....ဟိုနှစ်ရက်ကမှပြောထားတာမလား....ဘာလို့အရမ်းမြန်တာလဲတတ်ကြွလိုက်တာ...."
မေခတ္တာရဲ့စကားတွေကြောင့်လင်းစက်မောင့်ကိုမျက်စောင်းထိုးမိသည်...
ဒီမိန်းကလေးဘယ်လိုခြေလှမ်းလှမ်းနေတယ်ဆိုတာသူသိသည်လေ....
မသိတာကသူ့ရဲ့ငတုံးမောင်....
"အမ် နင်ဘဲငါ့ကို briefလာယူဖို့စာပို့ထားတာလေ...."
"ဟုတ်လား...."
"ဟေး....ဆေးသောက်ဖို့လိုနေတာလား..."
"အဟီး...ငါစတာပါ..."
အတိုင်အဖောက်ညီစွာရယ်နေကြတဲ့သူနှစ်ယောက်ကြောင့်လင်းစက် အမြင်ကပ်စွာဝင်ပြောမိသည်....
"ငါ့ကောင်လေးကိုမြင်ချင်လို့မဟုတ်ဘူးလား...."
ခတ္တာ အစ်ကိုလင်းစက်ရဲ့စကားကြောင့်ပြုံးလိုက်ကာ....
"ထပ်ဖြစ်ပြန်ပြီ....အစ်ကိုတကယ်သဝန်တိုတယ်လို့ခတ္တာထင်စပြုလာပြီ...."
လင်းစက် မေခတ္တာရဲ့အပြောကြောင့်မောင့်လက်ကိုချိတ်ထားရမှဖြုတ်လိုက်ကာလက်နှစ်ဖက်ကိုပိုက်လို့ဘာပြောချင်တာလဲဟူသည့်သဘောဖြင့်တစ်ဖက်မိန်းကလေး၏မျက်နှာကိုစိုက်ကြည့်မိသည်...
မာန် ရန်ထဖြစ်တော့မည့်ပုံစံဖြစ်နေတာကြောင့်သူကဘဲကြားကနေဝင်ပါရတော့သည်.....
"ဟေး...တော်ကြပါတော့ ငါ့ကိုယ်ငါတောင်အဲ့လောက်ချောနေရလားလို့ဂုဏ်ယူလာပြီ...."
"အပိုတွေ...."
ခတ္တာ မာန့်ရဲ့နားရွက်ကိုဆွဲကာစနောက်သလိုပြောလိုက်ခြင်းဖြစ်သည်...
"အွေးးးး...မဆွဲနဲ့...."
"ဟေးးးတော်ပြီ....ဘာပေးချင်တာလဲပေးချင်တာပေး..."
အစ်ကိုလင်းစက်ရဲ့ကြားဖြတ်စကားကြောင့်ခတ္တာပြုံးလိုက်မိသည်....
လင်းစက် မောင်နှင့်အတူ မေခတ္တာလမ်းညွှန်သည့်နေရာကိုရောက်လာပြီးဗီရိုတံခါးတွေကိုဖွင့်လိုက်တဲ့အခါမှာတော့တွေ့လိုက်ရတာက
သတို့သားဝတ်စုံဆင်တူနှစ်ခု....
လင်းစက် မောင့်ကိုကြည့်လိုက်တော့မောင်ကလည်းအံ့သြနေပုံပေါ်သည်...
သူနဲ့မောင် မေခတ္တာကိုပိပြိုင်တူကြည့်လိုက်တော့လည်းသူတို့နှစ်ယောက်ကိုပြုံးလို့သာကြည့်နေတာကြောင့်
လင်းစက်မျက်မှောင်ကျုံ့မိသည်...
မောင်ကသူ့ပုခုံးကိုဖက်လိုက်ကာ
မေခတ္တာဆီတူတူလျှောက်လာရင်းစကားစလိုက်သည်...
"ဒါကဘာဖြစ်တာလဲ ခတ္တာ...."
"နင်မသိဘူးလား...ဒါကမင်္ဂလာဝတ်စုံလေ..."
"သိပါတယ်ဒါပေမယ့်ဘာအတွက်လဲ...."
"နင်တို့နှစ်ယောက်အတွက်ငါယူလာပေးတာ.,"
"မယူဘူး...ဘာလို့ယူလာပေးတာလဲ...ကိုယ်အားနာတယ်...."
လင်းစက် အလျင်အမြန်ငြင်းပြီးမှတစ်ဖက်လူကိုနည်းနည်းအားနာသွားတာကြောင့်လည်းအသံကိုလျှော့လိုက်မိသည်...
"ကိုကို သူကကူညီပေးချင်လို့ပါမတားပါနဲ့...
အထူးလျှော့စျေးပေးမလို့လား..."
"မဟုတ်ဘူး....ငါအလကားပေးတာ လျှောက်တွေးမနေနဲ့ အဝတ်အစားတွေဖက်ရှင်တွေကခတ္တာရဲ့အလုပ် မာန်နဲ့အစ်ကိုကလည်းခတ္တာရဲ့သူငယ်ချင်းလိုအစ်ကိုလိုဘဲလေ...အထူးသဖြင့် မာန်နင် ဒီသူငယ်ချင်းရဲ့လက်ဆောင်အဖြစ်လက်ခံလိုက်....
အစ်ကိုလင်းစက် ခတ္တာတစ်ကယ်ဝမ်းသာတယ်...
အစ်ကိုကသဝန်မတိုပါနဲ့ ခတ္တာနဲ့မာန်ရဲ့ဆက်ဆံရေးကိုစိတ်မပူပါနဲ့...ခတ္တာလိုလူကတခြားသူရဲ့ဘဲကိုစနိုက်မကြော်ပါဘူး....,"
ခတ္တာပြောနေရင်းမှခဏရပ်လိုက်ကာမာန့်ကိုကြည့်လို့ထပ်ပြောလိုက်သည်...
"သူကိုယ်တိုင်မလာရင်...."
လင်းစက် သူ့လက်ကိုကိုင်ကာပြောနေတဲ့ မေခတ္တာရဲ့စကားတွေကိုငြိမ်လို့နားထောင်နေတုန်းမှာဘဲထပ်ပြောလိုက်တဲ့စကားကြောင့်အံ့သြမှုနဲ့အတူမျက်မှောင်ပိုကျုံ့လိုက်ကာမေခတ္တာလက်ထဲမှသူ့လက်ကိုဆွဲထုတ်လိုက်သည်...
"အဆုံးသတ်ကကောင်းတော့မှာကိုခတ္တာ..."
ခတ္တာ မာန့်ရဲ့စကားကြောင့်ရယ်လိုက်ကာ
"စတာပါ...စတာ....သွားဝတ်ကြည့်အဆင်ပြေရဲ့လားဆိုတာ....မကြိုက်ဘူးဆိုရင်ပြော ပြောင်းလို့ရတယ်...."
"အ..."
"သွားမယ်...သွားမယ်..."
လင်းစက် စကားပြောဖို့ပြင်တုန်းမှာဘဲမောင်ကအတင်းဆွဲခေါ်တာကြောင့်သူပါလိုက်ရတော့သည်....
"ကောင်းပါ့မလား...."
"အင်း.....ကောင်းပါတယ်လာပါ"
လင်းစက်နဲ့မာန် အဝတ်လဲခန်းထဲကိုယ်စီဝင်သွားပြီးတာနဲ့အပြင်မှာမတ်တပ်ရပ်နေတဲ့ခတ္တာရဲ့အနားကိုစူးစူးတိုးလာကာစကားပြောလိုက်သည်...
"တကယ်ဘဲစိတ်ဖြတ်သွားနိုင်ပြီလားခတ္တာ...
ဒါမှမဟုတ်တစ်စုံတစ်ယောက်ယုံကြည်အောင်လှည့်စားပြနေတာလား...."
စူးစူးရဲ့စကားကြောင့်ခတ္တာရဲ့ပြုံးနေတဲ့မျက်နှာဟာပျက်သွားတော့သည်...
ဒါပေမယ့်ဘာမှတော့ပြန်မပြောဖြစ်.....
>>>>>>>>>>>>>>
TBC
MAY
Wed,Sep 13
5:00pm
Thanks for reading
အချိန်ပေးပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးပါ 🙆🙆
ကျန်းမာရေးဂရုစိုက်ကြပါ☘☘
Zawgyi
”အေဟြး....ဒီေန႔ေတာ့စိတ္ခ်မ္းသာလိုက္တာ...„”
”စိတ္ခ်မ္းသာမွာေပါ့ ဟိုဟာဒီဟာေတြဘိုကင္ခ်ိတ္ေနတာ မဂ္လာပြဲအတြက္ျပင္ဆင္တာလား အိုလံပစ္အတြက္လား...”
သူ႕ကိုဆူသလိုေျပာေနေမာင့္ေၾကာင့္လင္းစက္ႏႈတ္ခမ္းဆူမိသည္...
”ေပ်ာ္လို႔ေလ...ဒီမွာမဂၤလာေဆာင္ဆိုတာတစ္သက္မွာတစ္ခါဘဲေဆာင္ရတာအရမ္းအေရးႀကီးတဲ့ပြဲေလ အျပည့္အဝလုပ္ရမယ္...”
”ဟုတ္တယ္အျပည့္အဝဘဲ ခရစ္ဒစ္ကတ္လည္းအျပည့္အဝဘဲ...”
”ယူၿပီးသားဘဲေလ အိမ္မွာေနလည္းဝတ္လို႔ရတယ္ အျပင္သြားလည္းဝတ္လို႔ရတယ္ ပြဲတတ္လည္းဝတ္လို႔ရတယ္ အရမ္းစကားမ်ားတာဘဲ မျပန္ခင္အိမ္ထဲဝင္ၿပီးတစ္ခုခုစားသြားဦးမလား...”
”ညဘက္ႀကီးေယာက်္ားေလးကိုအခန္းထဲေခၚတယ္ေပါ့....”
”လာေျပာေနေသးတယ္ လုပ္တာျဖင့္အေခါက္ေပါင္းမနည္းေတာ့ဘူး....သေဘာမတူသလိုလာလုပ္ေနတယ္....”
လင္းစက္ ေမာင့္ရဲ႕ေမးေစ့ကိုလက္နဲ႔ကိုင္ကာစသလိုေျပာလိုက္သည္...
”အြန္းးးးဆိုးလိုက္တာ..”
”ဆိုးေတာ့မႀကိဳက္ဘူးလား...”
”မႀကိဳက္ရင္လက္ထပ္ခြင့္ေတာင္းမွာလား...”
”ခစ္....”
ေမာင့္ရဲ႕အေျပာေၾကာင့္တူတူရယ္မိေတာ့သည္....
”ဒါနဲ႔အစ္မအိမ္သြားေျပာဦးမွာလား....ဖုန္းဆက္ေျပာလို႔လဲရပါတယ္ညည့္နက္ေနၿပီ....”
”အင္းးးးမ်က္ႏွာခ်င္းဆိုင္ေျပာျပခ်င္တယ္...အခုေနာက္ပိုင္းအစ္မနဒီကေကာင္းေကာင္းအိပ္မေပ်ာ္ဘူး... မအိပ္ေသးတာလဲျဖစ္ႏိုင္တယ္....”
မာန္ေျပာရင္းကိုကို႔ရဲ႕ဆံပင္ေလးကိုသပ္တင္ေပးလိုက္သည္...
”အိုေခ...ဒါဆိုသြားၿပီ ေကာင္းေကာင္းျပန္ေနာ္
အိမ္ေရာက္ရင္ဖုန္းဆက္လိုက္ ဘယ္ေကာင္မေလးကိုမွဖုန္းနံပါတ္မေပးနဲ႔ ဒီေန႔မွပညာေပးထားရတာ....”
”ဟုတ္ ေဖေဖ....”
”ဒါဆိုသြားၿပီ တာတာ့...”
လင္းစက္ ေမာင့္ကိုႏႈတ္ဆက္ၿပီးတာနဲ႔ျခံတံခါးကိုဖြင့္ကာအိမ္ထဲဝင္ခဲ့ေတာ့သည္....
မာန္ ကိုကိုအိမ္ထဲဝင္သြားတာကိုၾကည့္ၿပီးမွအစ္မဆီကိုထြက္လာခဲ့ေတာ့သည္....
အစ္မရဲ႕ျခံေ႐ွ႕ကိုေရာက္ေတာ့တိတ္ဆိတ္ေနတဲ့အိမ္ေၾကာင့္သူဖုန္းကိုထုတ္ကာဆက္ၾကည့္လိုက္သည္...
”လူႀကီးမင္း ေခၚဆိုေသာတယ္လီဖုန္းမွာ
သတ္မွတ္ခ်ိန္အတြင္းျပန္လည္ေျဖၾကားျခင္းမ႐ွိပါသျဖင့္ေခတၱေစာင့္ဆိုင္းၿပီးမွျပန္လည္ေခၚဆိုပါ႐ွင္.....”
မာန္ မကိုင္တဲ့ဖုန္းေၾကာင့္အိပ္ေနသည္ဟုဘဲမွတ္ကာမက္ေဆ့ပို႔ထားလိုက္သည္...
”ႏိုးရင္ဖုန္းျပန္ဆက္ဦးအစ္မအေရးႀကီးေျပာစရာ႐ွိတယ္...”
မာန္ေျပာၿပီးတာနဲ႔တိတ္ဆိတ္ေနတဲ့အိမ္ႀကီးကိုေက်ာခိုင္းလိုက္သည္...
ျပန္ဖို႔လုပ္ေပမယ့္စိတ္ထဲေလးလံေနရတဲ့အေၾကာင္းမွာဘာျဖစ္လို႔မွန္းမသိ....
ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္မိေတာ့ သူ႕ေ႐ွ႕ကေနျဖတ္သြားတဲ့တကၠစီတစ္စီးေပၚကလူကိုလိုက္ၾကည့္မိသည္...
သူျမင္ဖူးသည္...ဒါေပမယ့္ဘယ္မွာျမင္ဖူးမွန္းသိတဲ့လူေၾကာင့္လ်စ္လ်ဴ႐ႈလိုက္ကာကားေမာင္းထြက္လာခဲ့ေတာ့သည္....
>>>>>>
>>>>>>
လင္းကို ကားကိုလမ္းေဘးတစ္ေနရာမွာရပ္လို႔ကားကိုမွီကာလူတစ္ေယာက္္ကိုေစာင့္ေနတာအခ်ိန္အေတာ္ၾကာၿပီျဖစ္သည္...
ထိုအခ်ိန္သူ႕ေ႐ွ႕မွာရပ္လာတဲ့တကၠစီတစ္စီး...
တကၠစီေပၚမွဆင္းလာသူကေတာ့အမ်ိဳးသမီးတစ္ဦး...
ထိုအမ်ိဳးသမီးက လင္းကိုဦးေဘးမွာရပ္လိုက္ကာစကားစေျပာလိုက္သည္...
”႐ွင္ အကုန္အဆင္ေျပရဲ႕လား ဘာေတြထူးထူးဆန္းဆန္းျဖစ္ေနရတာလဲ....”
”မင္း အိမ္ထဲမဝင္ထားဘူးမလား...”
”အဟင္း....အစ္ကို႔ရဲ႕မိန္းမသိမွာေၾကာက္လို႔လား....ကြၽန္မအထင္ေတာ့အခုဆို အစ္ကို႔ရဲ႕မိန္းမသိတာၾကာေလာက္ၿပီ....”
”ငါ့မိန္းမသိေအာင္မင္းတမင္လုပ္တာမလား...မင္းေၾကာင့္....”
လင္းကို ေျပာရင္းေဒါသထြက္လာတာေၾကာင့္လက္ေမာင္းကိုအတင္းဆုပ္ကိုင္လိုက္သည္...
”အစ္ကိုလင္း ညီမနာတယ္...ညီမ မဟုတ္ဘူး”
ထိုအခါမွလက္ကိုလႊတ္လိုက္သည္...
”ဒါနဲ႔ ကြၽန္မတို႔ဒီညဘယ္သြားၾကမလဲ.....
နည္းနည္းပါးပါးေသာက္ၿပီးအခန္းကိုသြားၾကမလား....”
လင္းကို ေဘာင္းဘီအိတ္ထဲမွပိုက္ဆံကိုထုတ္လိုက္ကာေ႐ွ႕႐ွိသူကိုေပးလိုက္ၿပီး...
”ေရာ့ ဒါယူၿပီးႀကိဳက္တာဝယ္လိုက္...ဒီညအလုပ္ခရီးထြက္စရာ႐ွိတယ္....ရက္နဲ႔ခ်ီၾကာမွာ....”
ယုယ ပိုက္ဆံကိုယူလိုက္ၿပီး
”ဒါနဲ႔ ကြၽန္မကိုထားခဲ့ၿပီးထြက္ေျပးမွာေတာ့မဟုတ္ပါဘူးေနာ္...႐ွင္ကလြယ္လြယ္ၿငီးေငြ႕လြယ္တယ္ေလ....႐ွင့္မိန္းမကိုေတာင္သနားလာၿပီ...”
”သူ႕အေၾကာင္းမေျပာနဲ႔....ဒုတိယလူျဖစ္ရတာရဲ႕အေျခအေနကိုမင္းသိမွာပါ..အထားမခံရခ်င္ရင္ကိုယ့္ေနရာကိုယ္သိ...နားလည္လား...”
လင္းကို ေျပာၿပီးတာနဲ႔ကားေပၚတတ္ကာေမာင္းထြက္ခဲ့ေတာ့သည္....
>>>>>
”အိမ္ျပန္ေရာက္တာခဏေလာက္႐ွိပါၿပီအမ်ိဳးသားေလးခင္ဗ်ာ....”
”အရမ္းလိမၼာတယ္ ေကာင္ေလး ကိုသတင္းပို႔တတ္တယ္...”
”ဘာလို႔လဲ စိတ္ပူလို႔လား...သတို႔သားမျဖစ္ရမွာစိုးရိမ္တာလား....”
”စိတ္ပူတာေပါ့ အျပန္လမ္းမွာမယားငယ္ဆီဝင္မွာစိတ္ပူရတာ....”
”အင္းးးးး မ႐ွိပါဘူး...႐ွိခဲ့ရင္ေတာင္သိမွာမဟုတ္ပါဘူး...”
”အဟင္းးးးး ေလာကႀကီးမွာလ်ိဳ႕ဝွက္ခ်က္ဆိုတာမ႐ွိပါဘူးေနာ္...ေနာ္...အို႔
အစ္ကိုဦး...”
လင္းစက္ ေမာင္နဲ႔vd callေျပာေနတုန္းအေနာက္ကေနေပၚလာတဲ့အစ္ကို႔ေၾကာင့္အံ့ၾသမိသြားရသည္...
မာန္ လည္းအစ္ကိုဦးကိုေတြ႕တာေၾကာင့္ႏႈတ္ဆက္လိုက္သည္...
”မဂ္လာပါ အစ္ကိုဦး မျပန္ေသးဘူးလားဗ်....”
”အာ အစ္ကိုဒီနားမွာအလုပ္႐ွင္နဲ႔ခ်ိန္းထားတာ႐ွိလို႔ လမ္းၾကဳံတုန္း လင္းစက္ကိုမုန္႔လာပို႔ေပးတာ...”
”အြန္း...ခုနက ကြၽန္ေတာ္အစ္မဆီသြားေသးတယ္...”
လင္းကို စိတ္ထဲထိတ္ခနဲျဖစ္သြားကာမ်က္ႏွာမွာလည္းစိုးရိမ္ပူပန္မႈေတြအရိပ္ထင္လာခဲ့သည္....
”ဒါေပမယ့္ အစ္မကိုဖုန္းဆက္တာဖုန္းမကိုင္ဘူး...သူအိပ္ေပ်ာ္သြားၿပီေနမယ္...အဲ့တာနဲ႔ကြၽန္ေတာ္လည္းဒီတိုင္းျပန္လာခဲ့လိုက္တာ”
”ေအာ္....”
အခုမွသက္ျပင္းခိုးခ်မိသည္...
”ဒါဆိုအစ္မနဒီကအခုေကာင္းေကာင္းအိပ္ေပ်ာ္သြားၿပီေပါ့...ေကာင္းတယ္ အစ္မနဒီကိုေဆးေသာက္ဖို႔မွာဖို႔မေမ့နဲ႔ေနာ္အစ္ကိုဦး....စိတ္က်ေရာဂါကဆက္တိုက္ကုသမႈခံယူရတယ္...”
လင္းစက္ အစ္ကို႔ကိုေျပာၿပီးတာနဲ႔ေမာင့္ဆီျပန္ေျပာလိုက္သည္...
”ေမာင္ မနက္ျဖန္အစ္မနဒီဆီတူတူသြားၾကမလား”
နဒီ့ ဆီသြားဖို႔တိုင္ပင္ေနၾကတဲ့ႏွစ္ေယာက္ေၾကာင့္လင္းကိုအျမန္ဝင္တားရသည္...
”ဒါနဲ႔မနက္ျဖန္နဒီက တရားထိုင္ဖို႔သြားမလို႔တဲ့...သူအိမ္မွာမ႐ွိေလာက္ဘူး...”
”ဟုတ္လားအဲ့ဒါဆိုလည္းေနာက္ေန႔မွသြားၾကတာေပါ့ဒါဆိုအိပ္ေတာ့မယ္ေနာ္ေမာင္ good nightေမာင္....”
လင္းစက္ ေမာင္နဲ႔ႏႈတ္ဆက္ၿပီးတာနဲ႔ဖုန္းကိုပိတ္လိုက္ကာေခ်ာင္းဟန္႔လိုက္သည္...
”အဟမ္း...အစ္ကိုေရ ညီေလးမွာသတင္းေကာင္းေျပာစရာ႐ွိတယ္....”
”အြန္း...ေျပာေလ...”
လင္းစက္ လက္စြပ္ဝတ္ထားတဲ့လက္နဲ႔ဆံပင္ကိုသပ္လိုက္သည္...
”ဘာလဲ....”
နားမလည္တဲ့အစ္ကိုေၾကာင့္ေနာက္တစ္ေခါက္ထပ္ျပလိုက္သည္...
”ေကအသစ္လား...”
မဟုတ္တာေတြေျပာေနတဲ့အစ္ကို႔
ေၾကာင့္လင္းစက္ မ်က္လုံးျပဴးျပလိုက္ကာလက္ကိုေသခ်ာျပလိုက္ေတာ့သည္....
”ဒီမွာ.....လွလား....”
”ေဟး....အဟင္းးဂုဏ္ျပဳပါတယ္ေနာ္....ဘာလို႔အရမ္းျမန္တာလဲ...”
”မျမန္ပါဘူးေနာ္....မဂၤလာပြဲအတြက္ခန္းမေ႐ြးထားၿပီးၿပီ...ရပီဆိုရင္အစ္ကို႔ကိုေခၚသြားျပမယ္....လက္ထပ္ဖူးတဲ့သူအေနနဲ႔အၾကံေပးလို႔ရေအာင္...မနက္ျဖန္ဆိုရင္ေရာ
အျမန္ဆုံးျဖတ္ခ်က္ခ်ရေအာင္....ရလား...”
”မရဘူး...မနက္ျဖန္အစ္ကို အလုပ္ကိစၥနဲ႔ ေနျပည္ေတာ္ဘက္သြားရမွာ ....ရက္နည္းနည္းၾကာမွာအစ္ကိုျပန္လာမွေျပာၾကတာေပါ့...”
”အစ္မနဒီကေကာ....”
”ေအာ္ နဒီ အစ္ကိုသူနဲ႔ေျပာၿပီးၿပီသူကလည္းအိုေခတယ္တဲ့ ခဏေလာက္ခြဲေနၾကတာဘဲေကာင္းပါတယ္ရန္မျဖစ္ရေအာင္....”
”စိတ္ေအးေအးထားပါ အစ္မနဒီကေနမေကာင္းေသးလို႔ပါ ျပန္ေကာင္းရင္အရင္လိုျပန္ျဖစ္လာပါလိမ့္မယ္...ေလွ်ာက္မေတြးနဲ႔...”
”အင္းပါ အဲ့ဒါဆိုအစ္ကိုသြားေတာ့မယ္ေနာ္....”
”ဟုတ္အစ္ကိုဦး...”
အစ္ကို သြားတာနဲ႔သူလည္းလပ္ေတာ့ဖြင့္လိုက္ကာအလုပ္လက္စေလးေတြဆက္လုပ္ေနလိုက္ေတာ့သည္......
ေနာက္တစ္ေန႔ မနက္တြင္ျဖစ္သည္။
လင္းစက္ႏွင့္ေမာင္အလုပ္ကိစၥတစ္ခု
ႏွင့္ေဟာ္တယ္တစ္ခုကိုေရာက္ေနျခင္းျဖစ္သည္..
"ဒီေဟာ္တယ္ကျပန္မြမ္းမံထားတာသိပ္မၾကာေသးဘူး အဲ့ဒါကိုဦးခန္႔ညားကဘာကိုျပန္ျပင္ခ်င္တာလဲမသိဘူး"
"ကိုယ္ကေတာ့ ဦးခန္႔ညားလို႔မထင္ဘူး...
သူ႕သမီးျဖစ္ႏိုင္တယ္...ၿပီးေတာ့ဘာမွအထူးတလည္မမြမ္းမံခ်င္ပါဘူး...ဒီဇိုင္းဆြဲတဲ့သူရဲ႕႐ုပ္ကိုဘဲျမင္ခ်င္တာေနမယ္...."
မာန္ သူ႕ကိုသဝန္တိုကာမ်က္ႏွာေလးဆူပုတ္ေနတဲ့သူကိုအသည္းယားလာတာေၾကာင့္ပုခုံးေလးကိုဖက္လိုက္ကာကိုင္လႈပ္ေနမိသည္...
ထိုအခ်ိန္သူတို႔အနားကိုေရာက္လာတဲ့ခတၱာ
"အင္းးးးးငါ့ကိုအတင္းတုပ္ေနတာလားၾကားေနရတယ္...."
"ဟုတ္တယ္ မင္းအေၾကာင္းေျပာေနၾကတာ..."
မာန္ ကိုကို႔ရဲ႕စကားေၾကာင့္ခတၱာကိုအားနာမိသြားၿပီးဆက္မေျပာဖို႔လက္ကိုကိုင္ကာတားမိသည္...
"အတင္းတုပ္ေနတာမဟုတ္ပါဘူး ဒီတိုင္းကြယ္ရာမွာေျပာမိတာပါဒီေလာက္ပါဘဲ...."
"အ႐ူး...အတူတူဘဲေလ..."
ခတၱာ မာန္႔ရဲ႕လက္ေမာင္းကိုပိုက္ဆံအိတ္နဲ႔႐ိုက္လိုက္ကာရယ္လို႔ေျပာလိုက္သည္...
"ဒါနဲ႔ ဒီေန႔အစ္ကိုလင္းစက္ကဘယ္လိုျဖစ္လို႔လိုက္လာတာလဲ....-"
လင္းစက္ ေမခတၱာရဲ႕စကားေၾကာင့္ေမာင့္ရဲ႕လက္ေမာင္းကိုလက္ႏွစ္ဖက္နဲ႔ခ်ိတ္လိုက္ကာ
"လာရမယ္ေလ ဒါမွေမာင္ ဖုန္းမက်န္ခဲ့ေတာ့ေအာင္...."
ခတၱာ ရယ္လိုက္မိသည္..
"အဟမ္း...သဝန္တိုေနၿပီ....
ေတာ္ၿပီ အလုပ္ကိစၥေျပာရေအာင္ျပႆနာတတ္ေနလိမ့္မယ္....
ဒီေန႔ဘာupdateေတြေျပာစရာ႐ွိလဲ....ဟိုႏွစ္ရက္ကမွေျပာထားတာမလား....ဘာလို႔အရမ္းျမန္တာလဲတတ္ႂကြလိုက္တာ...."
ေမခတၱာရဲ႕စကားေတြေၾကာင့္လင္းစက္ေမာင့္ကိုမ်က္ေစာင္းထိုးမိသည္...
ဒီမိန္းကေလးဘယ္လိုေျခလွမ္းလွမ္းေနတယ္ဆိုတာသူသိသည္ေလ....
မသိတာကသူ႕ရဲ႕ငတုံးေမာင္....
"အမ္ နင္ဘဲငါ့ကို briefလာယူဖို႔စာပို႔ထားတာေလ...."
"ဟုတ္လား...."
"ေဟး....ေဆးေသာက္ဖို႔လိုေနတာလား..."
"အဟီး...ငါစတာပါ..."
အတိုင္အေဖာက္ညီစြာရယ္ေနၾကတဲ့သူႏွစ္ေယာက္ေၾကာင့္လင္းစက္ အျမင္ကပ္စြာဝင္ေျပာမိသည္....
"ငါ့ေကာင္ေလးကိုျမင္ခ်င္လို႔မဟုတ္ဘူးလား...."
ခတၱာ အစ္ကိုလင္းစက္ရဲ႕စကားေၾကာင့္ျပဳံးလိုက္ကာ....
"ထပ္ျဖစ္ျပန္ၿပီ....အစ္ကိုတကယ္သဝန္တိုတယ္လို႔ခတၱာထင္စျပဳလာၿပီ...."
လင္းစက္ ေမခတၱာရဲ႕အေျပာေၾကာင့္ေမာင့္လက္ကိုခ်ိတ္ထားရမွျဖဳတ္လိုက္ကာလက္ႏွစ္ဖက္ကိုပိုက္လို႔ဘာေျပာခ်င္တာလဲဟူသည့္သေဘာျဖင့္တစ္ဖက္မိန္းကေလး၏မ်က္ႏွာကိုစိုက္ၾကည့္မိသည္...
မာန္ ရန္ထျဖစ္ေတာ့မည့္ပုံစံျဖစ္ေနတာေၾကာင့္သူကဘဲၾကားကေနဝင္ပါရေတာ့သည္.....
"ေဟး...ေတာ္ၾကပါေတာ့ ငါ့ကိုယ္ငါေတာင္အဲ့ေလာက္ေခ်ာေနရလားလို႔ဂုဏ္ယူလာၿပီ...."
"အပိုေတြ...."
ခတၱာ မာန္႔ရဲ႕နား႐ြက္ကိုဆြဲကာစေနာက္သလိုေျပာလိုက္ျခင္းျဖစ္သည္...
"ေအြးးးး...မဆြဲနဲ႔...."
"ေဟးးးေတာ္ၿပီ....ဘာေပးခ်င္တာလဲေပးခ်င္တာေပး..."
အစ္ကိုလင္းစက္ရဲ႕ၾကားျဖတ္စကားေၾကာင့္ခတၱာျပဳံးလိုက္မိသည္....
လင္းစက္ ေမာင္ႏွင့္အတူ ေမခတၱာလမ္းၫႊန္သည့္ေနရာကိုေရာက္လာၿပီးဗီ႐ိုတံခါးေတြကိုဖြင့္လိုက္တဲ့အခါမွာေတာ့ေတြ႕လိုက္ရတာက
သတို႔သားဝတ္စုံဆင္တူႏွစ္ခု....
လင္းစက္ ေမာင့္ကိုၾကည့္လိုက္ေတာ့ေမာင္ကလည္းအံ့ၾသေနပုံေပၚသည္...
သူနဲ႔ေမာင္ ေမခတၱာကိုပိၿပိဳင္တူၾကည့္လိုက္ေတာ့လည္းသူတို႔ႏွစ္ေယာက္ကိုျပဳံးလို႔သာၾကည့္ေနတာေၾကာင့္
လင္းစက္မ်က္ေမွာင္က်ံဳ႕မိသည္...
ေမာင္ကသူ႕ပုခုံးကိုဖက္လိုက္ကာ
ေမခတၱာဆီတူတူေလွ်ာက္လာရင္းစကားစလိုက္သည္...
"ဒါကဘာျဖစ္တာလဲ ခတၱာ...."
"နင္မသိဘူးလား...ဒါကမဂၤလာဝတ္စုံေလ..."
"သိပါတယ္ဒါေပမယ့္ဘာအတြက္လဲ...."
"နင္တို႔ႏွစ္ေယာက္အတြက္ငါယူလာေပးတာ.,"
"မယူဘူး...ဘာလို႔ယူလာေပးတာလဲ...ကိုယ္အားနာတယ္...."
လင္းစက္ အလ်င္အျမန္ျငင္းၿပီးမွတစ္ဖက္လူကိုနည္းနည္းအားနာသြားတာေၾကာင့္လည္းအသံကိုေလွ်ာ့လိုက္မိသည္...
"ကိုကို သူကကူညီေပးခ်င္လို႔ပါမတားပါနဲ႔...
အထူးေလွ်ာ့ေစ်းေပးမလို႔လား..."
"မဟုတ္ဘူး....ငါအလကားေပးတာ ေလွ်ာက္ေတြးမေနနဲ႔ အဝတ္အစားေတြဖက္႐ွင္ေတြကခတၱာရဲ႕အလုပ္ မာန္နဲ႔အစ္ကိုကလည္းခတၱာရဲ႕သူငယ္ခ်င္းလိုအစ္ကိုလိုဘဲေလ...အထူးသျဖင့္ မာန္နင္ ဒီသူငယ္ခ်င္းရဲ႕လက္ေဆာင္အျဖစ္လက္ခံလိုက္....
အစ္ကိုလင္းစက္ ခတၱာတစ္ကယ္ဝမ္းသာတယ္...
အစ္ကိုကသဝန္မတိုပါနဲ႔ ခတၱာနဲ႔မာန္ရဲ႕ဆက္ဆံေရးကိုစိတ္မပူပါနဲ႔...ခတၱာလိုလူကတျခားသူရဲ႕ဘဲကိုစႏိုက္မေၾကာ္ပါဘူး....,"
ခတၱာေျပာေနရင္းမွခဏရပ္လိုက္ကာမာန္႔ကိုၾကည့္လို႔ထပ္ေျပာလိုက္သည္...
"သူကိုယ္တိုင္မလာရင္...."
လင္းစက္ သူ႕လက္ကိုကိုင္ကာေျပာေနတဲ့ ေမခတၱာရဲ႕စကားေတြကိုၿငိမ္လို႔နားေထာင္ေနတုန္းမွာဘဲထပ္ေျပာလိုက္တဲ့စကားေၾကာင့္အံ့ၾသမႈနဲ႔အတူမ်က္ေမွာင္ပိုက်ံဳ႕လိုက္ကာေမခတၱာလက္ထဲမွသူ႕လက္ကိုဆြဲထုတ္လိုက္သည္...
"အဆုံးသတ္ကေကာင္းေတာ့မွာကိုခတၱာ..."
ခတၱာ မာန္႔ရဲ႕စကားေၾကာင့္ရယ္လိုက္ကာ
"စတာပါ...စတာ....သြားဝတ္ၾကည့္အဆင္ေျပရဲ႕လားဆိုတာ....မႀကိဳက္ဘူးဆိုရင္ေျပာ ေျပာင္းလို႔ရတယ္...."
"အ..."
"သြားမယ္...သြားမယ္..."
လင္းစက္ စကားေျပာဖို႔ျပင္တုန္းမွာဘဲေမာင္ကအတင္းဆြဲေခၚတာေၾကာင့္သူပါလိုက္ရေတာ့သည္....
"ေကာင္းပါ့မလား...."
"အင္း.....ေကာင္းပါတယ္လာပါ"
လင္းစက္နဲ႔မာန္ အဝတ္လဲခန္းထဲကိုယ္စီဝင္သြားၿပီးတာနဲ႔အျပင္မွာမတ္တပ္ရပ္ေနတဲ့ခတၱာရဲ႕အနားကိုစူးစူးတိုးလာကာစကားေျပာလိုက္သည္...
"တကယ္ဘဲစိတ္ျဖတ္သြားႏိုင္ၿပီလားခတၱာ...
ဒါမွမဟုတ္တစ္စုံတစ္ေယာက္ယုံၾကည္ေအာင္လွည့္စားျပေနတာလား...."
စူးစူးရဲ႕စကားေၾကာင့္ခတၱာရဲ႕ျပဳံးေနတဲ့မ်က္ႏွာဟာပ်က္သြားေတာ့သည္...
ဒါေပမယ့္ဘာမွေတာ့ျပန္မေျပာျဖစ္.....
>>>>>>>>>>>>>>
TBC
MAY
Wed,Sep 13
5:00pm
Thanks for reading
အခ်ိန္ေပးၿပီးဖတ္ေပးတဲ့အတြက္ေက်းဇူးပါ 🙆🙆
က်န္းမာေရးဂ႐ုစိုက္ၾကပါ☘☘