[ Unicode]
Taste Of LOVE
.................
"ဆူပုတ်နေတာပဲဟယ် ချွဲဟာရွန်း!"
သူမထိုင်နေသည့် ခုံတန်းရှိနေရာလွတ်၌ ဝင်ထိုင်ကာ ပြောလာသည့်သူက တစ်ဦးတည်းသော သူငယ်ချင်းမ ယွန်ဂျင်း။
ယွန်ဂျင်းက သူမနှင့် တစ်ပါတည်းပါလာသည့်လက်ထဲက မုန့်ထုပ်တွေကို ဟာရွန်း လက်ထဲ
ထိုးထည့်ပေးလာသည်။
"မစားချင်ဘူး အဲ့တာတွေ ပြန်ယူ"
ဟာရွန်း လက်ထဲရှိ မုန့်ထုပ်တွေအား ယွန်ဂျင်းဆီ ပြန်ထည့်ပေးသည်။ မျက်နှာကလည်း ဆူပုတ်လို့...
"ယူပါဟယ် နင့်လူကြီးက အသေအချာ ပို့ပေးလိုက်တာကို...စိတ်ကောက်မနေနဲ့တော့ ကလေးလည်းမဟုတ်ပဲ..."
"အဲ့လူကြီးကလေ လူကို အမြဲဝမ်းနည်းရအောင်လုပ်တယ်....ငါ ဒီခရီးကို ဘယ်လောက် တောင် မျှော်လင့်ထားရလဲ"
ဟုတ်သည်။ ဟာရွန်း ဒီခရီး ထွက်ဖို့ လွန်ခဲ့သည့် တစ်လလောက်ကတည်းက အစီစဥ်စွဲခဲ့တာဖြစ်သည်။ ချစ်ရသည့် ထိုလူကြီးနှင့် အတူသွားချင်တာမို့။
အခုတော့ ဂျယ်ဂျူ သွားဖို့ လေယာဥ်ကွင်း၌
သူမနှင့် သူငယ်ချင်းမ ယွန်ဂျင်းသာ ပါသည်။
*တီ...တီ....တီ...*
လေယာဥ်ပေါ်တက်ဖို့ ဘယ်နှစ်မိနစ်လောက် မှမလိုခင် ဟာရွန်းဖုန်းလေး တုန်ခါလာခဲ့သည်။
ဟာရွန်း contact အားကြည့်မိတော့...
'ဂီဂီလူကြီး♡' ဆိုသည်က screen ပေါ်မှာအထင်းသားလေး။
"ကိုင်လိုက်လေ...ဟာရွန်း.."
ဖုန်းအား တွေတွေကြီးကြည့်နေမိသည့် သူမအား ယွန်ဂျင်း က သတိပေးလာတော့မှ
ဟာရွန်းဖုန်းကိုင်လိုက်သည်။
(ကလေးလေး....စိတ်မဆိုးနဲ့တော့နော်...
ကိုယ်တကယ် အရေးကြီးအမှုပေါ်လာလို့ပါ)
တစ်ဖက်က ကြားရသည့် လူကြီး၏ ချော့မော့စကားကြောင့် ဟာရွန်း ဆက်စိတ်မဆိုးနိုင်တော့ပါပဲ ဝမ်းနည်း မျက်ရည်ဝဲလာရသည်။
(မဆိုးဘူး...လူကြီးက ဟာရွန်းကို ဝမ်းနည်းအောင်ပဲ လုပ်နေတာ.....ဟာရွန်း လူကြီးကို မချစ်တော့ဘူး....)
ပြောပြီး တီခနဲ ဖုန်းချပစ်လိုက်သည့် ဟာရွန်း။
ပြီးနောက် မျက်ရည်တွေကျကာ အသံတိတ် ငိုနေရှာလေသည်။
ယွန်ဂျင်းကတော့ ဟာရွန်းကို ကြည့်ကာ သက်ပြင်း အခါခါချမိသည်။ ဒီလိုအပူတွေမမိချင်လို့ သူမ အခုထိ အပျိုကြီးလုပ်နေခြင်းပင်။
"ငိုမနေနဲ့တော့ ဟာရွန်း....နင့်လူကြီးအကြောင်း နင်အသိဆုံးမလား....နင့်ကို ဝမ်းနည်းမခံဘူး လိုက်လာလိမ့်မယ်....
မင်ယွန်ဂီ ဆိုတဲ့ နင့်လူကြီးက!"
မင်ယွန်ဂီ.....ဟာရွန်း၏ အချစ်ဦး၊အချစ်ဆုံးလည်းဟုတ်သလို သူမခင်ပွန်း...။
သူမ အထက်တန်းနောက်ဆုံးနှစ်ကတည်းက
တိတ်တခိုး ကြိတ်ပိုးကာ ချစ်ခဲ့ရသည့်
သူမထက် အသက်ကြီးသည့် ရှေ့နေချောချောလေး။
ဟာရွန်း အမျိုးသား မင်ယွန်ဂီက ဆိုးလ် တက္ကသိုလ်၏ ထိပ်တန်းကျောင်းသား ဆယ်ယောက်မှာ တစ်ယောက်အပါအဝင်ဖြစ်၍ အမှတ်မြင့်မြင့်နှင့်ကျောင်းပြီးကာ နိုင်ငံ၏ နာမည်အကြီးဆုံး ဥပဒေရုံး K.N တွင်အလုပ်လုပ်ကိုင်နေသည့် သူတစ်ယောက်ပင်။
ဒါကြောင့် ယွန်ဂီမှာ နေ့ညမအား အလုပ်လုပ်နေရပေမယ့် ဟာရွန်းကိုတော့ အတတ်နိုင်ဆုံး ဂရုစိုက် အလိုလိုက်ချစ်ပေးသည်။
အခုတစ်ခေါက် ခရီးကိုလည်း ယွန်ဂီ လိုက်မယ် ကတိပေးခဲ့ပြီးမှ သွားမည့်ရက်အနည်းငယ်အလိုမှာ အရေးကြီး အမှုတစ်ခု လာအပ်၍ သူ မငြင်းဆန်နိုင်ပါပဲ ဟာရွန်း၏ အလိုကို မလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဟာရွန်း သက်ပြင်းကြီးကြီး တစ်ခါမျှ ချလိုက်ကာ အသက်ကို ဝဝရှူ လိုက်သည်။
"ဒီအမှုက ငါ့ထက်အရေးကြီးနေပုံထောက်နေမှာတော့ လိုက်လာမှာ မဟုတ်ဘူး...."
လေယာဥ် ချိန်လည်းနီးပြီမို့ ဟာရွန်း အထုပ်အပိုးတွေအား သယ်ကာ ယွန်ဂျင်း လက်ကို ဆွဲပြီး လေယာဥ်ပေါ်တက်ခဲ့လိုက်တော့သည်။
လေယာဥ်ပေါ်ရောက်သည့်အခါ ဟာရွန်း မှန်ပေါက်ရှိရာဘက်ထိုင်၍ နေရာယူသည်။ထို့နောက် ဟာရွန်း အိတ်ထဲက ဖုန်းအားထုတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်လိုက်သေးသည်။
အမှတ်တရတွေမှာ သူမတစ်ယောက်တည်းဖြစ်နေသည်ကို တွေးမိပြန်ပြီး ဟာရွန်း ဝမ်းနည်းစိတ်တို့က ပြန်လည်ထကြွလာတော့သည်။
တကယ် အဲ့လူကြီး သူမ့ကို ဘယ်လောက်ထိ
ရက်စက်မယ် စဥ်းစားထားသည်မသိ....
••••••••••••
"လူတွေတောင်စုံနေပြီပဲ....လာ မုန့်တွေသွားစားကြရအောင်...."
သူမ ဟာရွန်း အထက်တန်းနောက်ဆုံးနှစ်.....
စာမေးပွဲကြီးနီးပြီမို့ ကျောင်းသားတွေအတွက် သူမတို့ကျောင်းအုပ်က နှုတ်ဆက်ပွဲလို ပွဲစီစဥ်ပေးသည်။ စီစဥ်ပေးတာကလည်း
ဆိုးလ်တက္ကသိုလ်မှာ....
မုန့်လည်းစား၊ အဆင်လည်းငမ်း...အဲလေ...
စီနီယာတွေကို လိုက်ကြည့်ပြီး အတုယူ ရမည်ဆိုတော့ ဟာရွန်းနှင့် ယွန်ဂျင်းတို့အပျော်ကြီး ပျော်နေကြသည်။
"ဟာရွန်း...ငါ့ကို ဒီနားလေး ဓါတ်ပုံရိုက်ပေးပါအုံး..."
"ပေးပေး.."
ယွန်ဂျင်းက သူမ့ဖုန်းလေးအား ဟာရွန်း လက်ထဲထည့်ပေးလာသည်။
ဟာရွန်း ကင်မရာ အချိန်အဆ သေချာ ညိယူပြီး ရိုက်ဖို့ပြင်သည်။
"ယွန်ဂျင်နား....ဟိုဘက်နည်းနည်း..အဲ မဟုတ်ဘူးလေ ဒီဘက် .....အာ.!!"
ဟာရွန်း စိတ်မရှည်သည့်အဆုံး ယွန်ဂျင်းကို နေရာမရွေ့ခိုင်းတော့ပဲ သူမ နောက်သို့ ခြေလမ်းဆုတ်သည်။
တစ်လှမ်း..နှစ်လှမ်း...သုံးလှမ်း!
"အ!"
ဆုတ်ရင်းဆုတ်ရင်း အနောက်ကို လှည့်မကြည့်မိပါပဲ ဟာရွန်း တစ်စုံတစ်ဦး၏ ရင်ခွင်နှင့်
သူမ ကျောပြင်တို့ မိတ်ဆက်၏။
သူမ မလှုပ်မရှပ် နေနေတုန်း အကြောင်းပြချက်မရှိ ဘယ်ဘယ်ရင်ဖက်မှ အကောင်ငယ်ဟာ တဒုန်းဒုန်း ခုန်ပေါက်လာသည်။
ဘယ်လိုများ...မျက်နှာတောင်မမြင်ဖူးသေးပဲ....ဘယ်လိုလုပ် ရင်ခုန်နေရတာလည်း!
"ဟိတ်! မင်း ဒီနေ့ဖယ်ပေးအုံးမှာလား?"
အယ်ဟုတ်သား...ဟာရွန်း အတွေးလွန်ပြီး
အချိန်ကြာ ဒီတိုင်းကြီး နေ နေမိတာ။
"ဒီနေ့တော့ ကံကောင်းတာပဲ!"
ထပ်မံကြားလာရသည့် အေးစက်စက်အသံကြောင့် ဟာရွန်း မနေနိုင်ပါပဲ ကျောပေးထားသည့် လူကို လှည့်ကြည့်မိသည်။
ဆံနွယ်ပျော့ပျော့တွေက အနည်းငယ်ရှည်လို့နေသည်။ မျက်နှာဖွေးဖွေးနှင့်လိုက်ဖက်စွာ မျက်ဝန်းမှေးမှေးဟာ အသည်းယားစရာကောင်းသည်။ ထိုလူ့ မျက်ဝန်းတွေကိုတော့
ဟာရွန်း အသေအချာ မမြင်ရ။
အဘယ်ကြောင့်ဆိုသော် ထိုလူက မြေပြင်သို့ ခေါင်းငိုက်စိုက်နေပြီး ပေကျံသွားသည့် သူ့ဖိနပ်ဖြူစွပ်စွပ်ကို စိုက်ကာ ကြည့်လို့နေသည်။
"ဟို....တောင်းပန်ပါတယ်..."
ဟာရွန်း ကိုယ့်အပြစ်ကို သိသွား၍ ကိုယ်ကို တစ်ဝက်ငုံချကာ တောင်းပန်စကားဆိုလိုက်သည်။
"ထားပါ...ကိစ္စမရှိပါဘူး...တစ်ရှူး နဲ့ သုတ်လိုက်ရင် ဖြစ်တယ်မဟုတ်လား..."
ထိုစကားသာ ပြောပြီး ထွက်ခွာသွားသော ထို့လူ့ကျောပြင်နောက် ဟာရွန်း၏ မျက်ဝန်းအစုံသာမက နှလုံးသား အစုံပါ ဆွဲချည်ရစ်နှောင်မိသွားတော့သည်။
နာမည်လေးတောင် မမေးလိုက်ရဘူး။
.
"မင်္ဂလာပါရှင် ဘာများသုံးဆောင်ပါမလဲ ဧည့်သည်"
ဆိုင်တံခါး၏ ခေါင်းလောင်းသံ တချွင်ချွင် ကြားအပြီး ဟာရွန်း ကောင်တာဘက်သို့ ပြန်လှည့်ကာ ဆိုင်လာသူ ဧည်သည့်အား မေးမြန်းတော့သည်။
"အမေရိကာနို တစ်ခွက်ပေးပါ..."
ရင်းနှီးသည်။ တစ်ခါတည်းမှာပင် ဟာရွန်း နှလုံးသား လေး အရှိန်ပြင်းစွာ ခုန်ပေါက်လာခဲ့သည်။
"လူကြီး?"
"အော်...မင်းကိုး....."
ထိုလူကြီးက သူမကို မှတ်မိသည်။
အပျော်လွန်၍ ခုန်ပေါက် ထခုန်ချင်သည်။
သို့ပေမယ့် မဖြစ်....
"အမေရိကာနို အအေးတစ်ခွက် နော်..."
"ဟုတ်ကဲ့ ဝမ်....... ကျသင့်ပါတယ်.."
ဟာရွန်း ကျသင့်ငွေပြောတော့ သူမရှေ့က လူကြီးက ပိုက်ဆံအိတ်ထဲက ထုတ်လို့ပေးလာသည်။ပြီးနောက် ထိုလူကြီးက ဆိုင်၏ ထောင့်ကျသော စားပွဲ၌ သွားထိုင်သည်။
တိုက်ဆိုင်လိုက်တာ...သူမ အချိန်အပိုင်း လုပ်သည့် နေရာသို့ လူကြီးက ရောက်လာသည်။
ဒါဟာ ဘုရားသခင်က ဆုံဆည်းခွင့် ပေးတာပဲဖြစ်မည်။
ရင်တွေခုန်သလို.....စိတ်လည်းလှုပ်ရှားပါသည်။ ဒီတစ်ခါ တော့ နာမည်သိမှ ဖြစ်မည်။
"အမေရိကာနို ရပါပြီ..."
အသင့်ပါလာသော လက်ထဲက ဗူးလေးအား ထိုလူထိုင်နေသည့် စားပွဲခုံရှေ့ ချပေးကာ ရပ်နေလိုက်သည်။
"လိုတာရှိရင် ပြောပါ...လူ..အဲ
ဘယ်လိုခေါ်ရမလဲ မသိလို့ နာမည်လေးသိလို့ရမလားဟင်?"
ဟာရွန်း အစီစဥ်မကျသည့် စကားတို့ပြောကာ ရင်တုန်မှုကို ထိန်းချုပ်ရင်း အရဲစွန့်သည်။
"ခုနကအတိုင်း ဧည့်သည်လို ခေါ်ရင်လည်း ဖြစ်ပါတယ်..."
တိုတိုတုတ်တုတ်သာ ဖြေသွားသည့် လူကြီးစကားအဆုံး ဟာရွန်း ထိုင်သာ ငိုချင်သည်။
ချေလိုက်တာ လည်းလွန်ရော...
ဟာရွန်း ဘယ်လို သတ္တိတွေနဲ့ပင် စကားဆက်ရမည်မသိတော့...။
ဒါကြောင့် ဒီအတိုင်းသာ လှည့်ထွက်ခဲ့ရင်း
ကောင်တာ ဆီသို့ ပြန်လာခဲ့တော့သည်။
ငါးမိနစ်..ဆယ်မိနစ်...ဆယ့်ငါးမိနစ် ။
အချိန်တွေ ကြာလာသည်နှင့်အမျှ ဟာရွန်း ထောင့်စွန်းဝိုင်းက လူကြီးကို ငေးကောင်းတုန်းပင်။
အပြာနုရောင် တီရှပ်နှင့် ဂျင်းအနက်တို့ကြောင့် ဖွေးစွတ်နေသည့် အသားအရည်မှာ ပေါ်လွင်နေသည်။ အရင်တစ်ခါ တွေ့သလို ဆံပင်အရှည်လေးတွေ မရှိတော့ပဲ undercut နှင့် လူကြီးဟာ သပ်သပ်ရပ်ရပ်နှင့် အလွန်ပင်ကြည့်ကောင်းသည်။
ငေးရင်းမောရင်းပဲ နှလုံးခုန်နှုန်းက မာရသွန်ဝင် နေသလိုသာ အရှိန်ပြင်းပြင်းနှင့် ခုန်နေလေတော့ ဟာရွန်း အတွေးထဲ ခေါင်းစဥ်တစ်ခု ကောက်တပ်လိုက်သည်။
ဟာရွန်း.. ထိုလူကြီးကို ချစ်မိသွားပြီ...။
ပိုင်ဆိုင်ချင်လိုက်တာ...မဟုတ်ဘူး။
လူကြီးဆီက အချစ်ကို လိုချင်တယ်...။
"အဲ! ပြန်သွားပြီလား..."
သူမ တစ်ယောက်ထဲ စိတ်ကူးယဥ် အတွေးတွေ စာစီနေခိုက် တံခါးပေါက်ဝက ခေါင်းလောင်းလေး မြည်တမ်းလာမှ လူကြီးထွက်သွားတာမှန်း ဟာရွန်း အသိဝင်သည်။
"အဟင်း....ဒီတစ်ခါလည်းနာမည်မသိရပြန်ဘူး..."
စိတ်ဓါတ်တွေကျကာ လေးတိလေးကန် ခြေလမ်းတွေနဲ့ လူကြီးထိုင်သွားသည့် စားပွဲဝိုင်းအား သန့်ရှင်းရေး လုပ်ရန်သာ အားထုတ်ရတော့မည်။
"ဘာ..ဘာလေးလည်း.."
အဝတ်တို့ဖြင့် စားပွဲခုံအား သုတ်မည်လုပ်ခိုက် တစ်ရှူး တစ်ရွက်ဟာ စားပွဲပေါ် သပ်သပ်ရပ်ရပ်တည်ရှိနေတာကြောင့် ဟာရွန်း စိတ်အစုံ လှုပ်ရှားသွားရသည်။
"မင်ယွန်ဂီ!"
ဘောဘင်နှင့်ရေးထားခဲ့သည့် ခပ်သော့သော့ လက်ရေးလေးက တစ်ရှူးဖြူလေးပေါ်၌ တည်ရှိနေသည်ကို ဟာရွန်းတွေ့တော့ နှုတ်ခမ်းသားတို့ ကွေးတက်ကာ အပြုံးကြီးကြီး ပြုံးရင်း အပျော်လွန်ရသည်။
အလကားသက်သက် လူကို ရင်ခုန်ရအောင်...
.
*K.N..*
ဟာရွန်းလက်က အတူပါလာသည့် ပစ္စည်းပုံးအား အသေအချာပိုက်ကာ ရောက်နေသည့် နေရာအး တစ်ချက်မော့ကြည့်မိသည်။
ယယ်ဂျင်း အန်တီဖြစ်သူက အလုပ်အတွက် အရေးကြီးသည့် File ပုံးလာပေးခိုင်းသည်ကို ယယ်ဂျင်းက အတန်းရှိနေ၍ သွားပို့လို့မရသည်ဖြစ်၍ ဟာရွန်းကို အကူညီတောင်းလာသည်။
ဒါကြောင့် သူမ အခုလို တရားရုံးကုမ္မဏီသို့ရောက်လာခဲ့ခြင်းပင်။
"၁၅ ထပ်မြောက်ကို လာခဲ့လို့ပြောထားတာပဲ
အိုခေ ! သွားကြစို့..."
Message ၌ လာပို့ရမည့်နေရာကိုပါ ပြောထားသည်ကြောင့် ဟာရွန်း ဓါတ်လှေကား စီးကာ ပြောထားသည့် အထက်သို့ တက်လာခဲ့တော့သည်။
"ကျေးဇူးပါ...သမီးလေးရေ...အာလည်းနာပါတယ်.."
"မဟုတ်တာ အန်တီကလည်း...."
"ထိုင်ပါအုံး...အအေးသောက်သွားမလား.."
ယယ်ဂျင်း၏ အဒေါ်က အထက်တန်းရှေ့နေ့တစ်ယောက်ဖြစ်သည်။ဒီ့အပြင် အခုလို နာမည်ကြီးသည့် K.N တရားရုံးကုမ္မဏီ၏
အရေးပါသည့် ရှေ့နေ့တစ်ဦးပင်။
"နေပါစေအန်တီ သမီးလည်း အချိန်ပိုင်းအလုပ်လေးရှိသေး..."
*ဒေါက်ဒေါက်*
ဟာရွန်းစကားမပြတ်သေး။ အခန်းတံခါးက ခေါက်သံကြားလာရတော့ ပြောရမည့်စကားပင် မထွက်လာတော့ပေ။
"ဝင်လာပါ.."
အန်တီ၏ စကားဆုံးသံအဆုံး တံခါးဆွဲဖွင့်ကာ ဝင်လာသည့် ဖြူဖြူစွတ်စွတ်လက်တစ်စုံ။ ဟာရွန်းအကြည့်မလွဲပါပဲ ဆက်ကြည့်နေတော့မှ သူမရှေ့သို့ ရောက်လာသည့်
သူမ ချစ်ရသည့် လူကြီး!
"စီနီယာ...အပ်ထားတဲ့ အမှုသည်တွေနဲ့ အစည်းအဝေးစတော့မှာမို့ လာပြောတာပါ..."
တည်ကြည်လေးနက်စွာ ပြောလာသည့် လူကြီး၏ ပုံစံကို ဟာရွန်း ငေးလို့ကောင်းနေသည်။ ကော်လံပါ တီရှပ်အဖြူကို ထိပ်ကကြယ်သီး နှစ်လုံးလောက် ဖြုတ်ထားတာကြောင့် ဖြူဖွေးနေသည့် ရင်ဘက်ကျယ်ကို ဟာရွန်း အနည်းငယ် မြင်လိုက်ရသေးသည်။
"အဟမ်း!"
လူကြီး၏ ချောင်းဟန့်သာ ထွက်ပေါ်လာမှ ဟာရွန်း အသိစိတ်တို့ကပ်ကာ သူမ အရှေ့က အန်တီ့ဆီသို့သာ အကြည့်ပို့မိသည်။
"သမီးလေး သေချာပြန်နော်...အန်တီလည်း
လုပ်စရာလေးတွေရှိလို့ သွားလိုက်အုံးမယ်.."
အန်တီ့ စကားအဆုံး လူကြီးက ထိုအခန်းထဲက အရင်ထွက်ခွာသွားသည်။
သူမကို တစ်ချက်ပင် ကြည့်သွားသည့်
လူကြီးက တကယ့်ကို ရေခဲတုံး။
"ဟို..အန်တီ..."
အခန်းထဲက ထွက်ဖို့ပြင်နေသည့် အန်တီအား သူမ မေးဖို့ရာ စကား စလိုက်သည်။
"ပြောလေ သမီး.."
"ဟိုခုနက လူကြီးကလေ..."
"အာ...ဒီနှစ်အစောပိုင်းက အလုပ်ဝင်လာသည့် ရှေ့နေ့ မင်ယွန်ဂီလေ....ကောင်လေး က ငယ်ငယ်လေးနဲ့ အတော်ပညာတော်တယ်ရယ်...."
ပြောပြီး ထွက်သွားသည့် အန်တီကြောင့် ထိုနေရာမှာ ဟာရွန်းတစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။
ဟာရွန်းအပြုံးကြီးပြုံးကာ ပျော်နေရသည်။
လူကြီးနှင့် တတိယအကြိမ်မြောက် တွေ့ဆုံရခြင်းမဟုတ်လား။
တစ်ကြိမ်နှင့် တစ်ကြိမ် ပိုပိုတိုးလာသည့်ရင်ခုန်မှုတွေကြောင့် ဟာရွန်း လူကြီးကို ပိုပို၍သာ မြတ်နိုးလာရတော့သည်။
၅လခန့်အကြာ.....
ဟာရွန်း ယယ်ဂျင်း အန်တီ ရှိသည့် ဥပဒေရုံး ကုမ္မဏီသို့ အကြောင်းမရှိ အကြောင်းရှာ ချောင်းပေါက်မတတ်လာသည်။
အကြောင်းအရင်းက လူကြီး ပဲပေါ့။
လူကြီး ရှိရာ အရပ်သို့ ရောက်လာတိုင်း အမြဲခိုးကာငေးကာ ကြည့်နေတတ်သည့် ဟာရွန်း မျက်ဝန်းတွေကို လူကြီး နားလည်ရိပ်မိရင် ကောင်းမည်။
ဒါမှမဟုတ် ရိပ်မိနေသည်ကို လူကြီးပုံစံအတိုင်း မသိချင်ယောင်ဆောင်ပြီး မသိသလို နေနေရင်တော့ ခက်ပြီ....
လူကြီး ဟာရွန်း အချစ်တွေ မြင်ရင်ကောင်းမည်။
အချိန်ကား ညနေ ၅နာရီခန့်.....
ယယ်ဂျင်းအန်တီဆီကနေ ဟာရွန်း စုံစမ်းထားသည်ကြောင့် မင်ယွန်ဂီ ဆိုသည့် လူကြီးက ဒီနေ့မှာ ညနေ ၅နာရီ အလုပ်ဆင်းမည်တဲ့။
ဟာရွန်းလည်း ကျောင်းကအပြန် အိမ်တန်းမပြန်ပါပဲ K.N ရှေ့ လာထိုင်စောင့်နေလေသည်။ဟာရွန်း အခုဆို တက္ကသိုလ် ပထမနှစ်လယ်တောင် ရောက်နေပြီ ဖြစ်သည်။
လက်မှကိုင်ထားသည့် ဖုန်းကနာရီအား ဟာရွန်း ငေးကြည့်နေချိန် လူကြီးပုံရိပ်လေးက
ဟာရွန်း ထိုင်စောင့်နေသည့် ခုံတန်းလေးရှေ့မှ ဖြတ်လို့သွားသည်။
ဒီလူကြီး ဟာရွန်း ကို မမြင်တာလား?
ဒါမှမဟုတ် မမြင်ချင်ယောင်ပဲ ဆောင်သွားတာလား။
ချက်ချင်းပဲ ဟာရွန်း လူကြီးနောက် ပြေးလိုက်ကာ နာမည်အားခေါ်သည်။
"ရှေ့နေကြီး မင်ယွန်းဂီ!"
ဟာရွန်းအော်သံအား လူကြီးကြားလိုက်ရတော့ သွားနေရာမှ ရပ်တန့်ကာ အနောက်သို့လှည့်ကြည့်လာသည်။
ဟာရွန်းလည်း အပြေးလေးပြေးကာ လူကြီးရှေ့ မှာ မတ်တပ်ရပ်လို့နေသည်။
မြင်နေရသည့် သူမ အရှေ့က အေးစက်နေသည့် မျက်ဝန်းတွေက အဓိပ္ပါယ်ဖော်မရတာမို့ ဟာရွန်း စိတ်အိုက်ရပါသည်။
သူမ ပြောလိုက်ရင်ကောင်းမလား။
မပြောပဲ မြိုသိပ်ထားလိုက်ရမလား။
မဟုတ်တာ...ဒီနေ့ ဒီအကြောင်းကိုပြောဖို့
ဒီနေရာထိ ရောက်လာပြီးပြီပဲ...။
မဟုတ်ဘူး ငါကြောက်တယ်...။
ပြောလိုက်ပါဆို....။
စိတ်နှစ်ခွ ၏ ဒွိဟ ဖြစ်နေသည်ကို ဟာရွန်း စိတ်ညစ်သည်။ သူမအမှန်တကယ်ပင် ပြောမှာကြောက်သလို ဒီနေ့ပြောလည်းပြောလိုက်ချင်သည်။
ပန်းပွင့်လေးကိုင်ထားသည့် ဟာရွန်းလက်တွေ အနည်းငယ်တုန်ရင်နေကာ ချွေးတွေလည်း စို့လိုနေသည်။
ဟူး....အတတ်နိုင်ဆုံး စိတ်ကိုလျော့...
အိုခေ...ရအောင် ဖွင့်ပြောကြည့်ရအောင်..
ချွဲဟာရွန်း မလုပ်နိုင်တာ ဘာရှိလို့...
"မင်း ဒီနေ့စကားပြောအုံးမလား...?"
မျက်ခုံးတန်းတွေ တွန့်ချိုးကာ ပြောလာသည့် လူကြီး၏ စကားဟာ ဟာရွန်းအတွေးစတွေအားလုံးကို ဖျောက်ဖျတ်ပစ်သည်။
"ဟို...."
".........."
"ကျွန်မ လူကြီးကို သဘောကျတယ်...
မဟုတ်ဘူး...ချစ်တယ်.."
မျက်ဝန်းတွေ ဇွတ်အတင်း ပိတ်ကာ လက်ထဲက ကျူးလစ်ပန်းအဖြူတွေကို အရှေ့က လူကြီးဆီ ထိုးပေးရင်း ဟာရွန်း အရဲစွန့်ကာ ချစ်ခြင်းတွေကို ဝန်ခံမိသည်။
အချိန်အတော်ကြာထိ မလှုပ်မရှပ် နှင့် ဘာစကားပြန်မှ မကြားရတော့ ဟာရွန်း ပိတ်ထားသည့် မျက်ဝန်းတွေအား ဖွင့်ကာကြည့်တော့
သူမ အရှေ့က လူကြီးဟာ သူမအား စိုက်ကာကြည့်လို့နေသည်။
ထိုအကြည့်စူးစုးတို့ကြောင့် ရင်ထဲ တစ်ချက် ဒိန်းခနဲ ဆောင့်တက်ကာ နှလုံးက အမြန်ဆုံးအရှိန်ဖြင့် ပြေးသည်။ ရင်ခုန်လွန်းလို့ ရူးမှာပဲ လူကြီးရဲ့.....
"မင်း...ကိုယ့်ထက် အများကြီးငယ်အုံးမှာပဲ..."
ဒါဖြင့် လူကြီးက ငြင်းရင်ရော....
ရင်ခုန်မှုကနေ..အသည်းကွဲမှု ပြောင်းသွားမှာလား။
"ကျွန်မ လူကြီးကို တစ်ကယ်ချစ်တာပါ..."
ဝမ်းနည်းစိတ်တို့တိုးဝင်လာပြီဖြစ်သည့် တုန်တုန်ယင်ယင် အသံဖြင့် ဟာရွန်း စကားကိုဆက်တော့ လူကြီးက သက်ပြင်းဖွဖွ ချသည်။
ဟုတ်သား....သူမလို ဘာမှမဟုတ်တဲ့ ကလေးမကို လူကြီးက သဘောကျနိုင်ပါ့မလား။
ကျောင်းဝတ်စုံစကပ်အတိုနှင့် သူမကို လူကြီးက ကလေးသာသာ သာ သဘောထားနေသည်လားမသိ။
အချစ်ဆိုတာ အသက်အရွယ်နှင့်မဆိုင်ကြောင်း ဟာရွန်း လူကြီးကို ရှင်းပြချင်သည်။
"မင်းတက္ကသိုလ် နောက်ဆုံးနေ့ကျ ဒီလိုနေရာ ဒီအချိန်မှာပဲ ပြန်တွေ့ကြတာပေါ့...."
အပြီးအပြတ်ငြင်းလိုက်တာလည်းမဟုတ်။
လက်ခံတာလည်း မဟုတ်ပဲ ပညာသားပါပါ အချိန်ဆွဲနေသည့် လူကြီးကြောင့် ဟာရွန်း အမျက်စိတ်လေး ဝင်လာရသည်။
သို့ပေမယ့် သူမ လူကြီးကို ချစ်သည်မဟုတ်လား။ စောင့်ရမှာပေါ့.....
စောင့်ရသည်နှင့် တန်အောင် ဟာရွန်း လူကြီး၏ အချစ်ကို ရချင်ပါသည်။
လူကြီးဆီက မြတ်မြတ်နိုးနိုးနှင့် အချစ်ခံချင်သည်။လူကြီးနှင့် အတူ ရှိရမည့် နေရက်တွေဟာ မည်မျှ လှပကြောင်း သူမ အမြဲ စိတ်ကူးယဥ်ပုံဖော်နေကျမို့ ဟာရွန်း ထို့နေ့ရက်တွေဆီ အမြန်ပြေးကာ သွားချင်သည်။
"လူကြီး....စောင့်နေရမယ်နော်..."
"ကိုယ် ကတိတည်ပါတယ်..."
ကိုယ်လို့ သုံးနှုန်းသွားပြီး ဟာရွန်းကို ရယ်ပြသွားသည့် လူကြီးကြောင့် ဟာရွန်း ဒီနေရာမှာပင် မေ့လှဲသွားမလားမသိ။
ဟာရွန်းအား တဖြည်းဖြည်း စွန့်ခွာသွားနေသည့် ကျောပြင်အား သူမ မျက်ဝန်းတွေမှ ကွယ်ပျောက်သွားသည်ထိ ငေးရင်း အိမ်ပြန်လမ်းတွေဆီ လျောက်လမ်းလို့လာခဲ့တော့သည်။
•••••••••••••
"ယွန်ဂီရှီးလ်!"
သူ ခေါ်သံ ချိုချို ကြောင့် အနောက်ကို လှည့်ကြည့်မိတော့ ယွန်းမီ...။
ယွန်းမီ ဆိုတာ သူတို့ အလုပ်ဌာန တစ်ခုတည်းက ရှေ့နေမလေးပင်။
"ယွန်းမီရှီးလ် ဘာများပြောစရာရှိလို့လဲ..."
"အာ မနက်ဖြန် အစည်းအဝေးရှိတဲ့ အမှုတွဲတွေကို ကျွန်မ မေးလ် ကနေပို့ပေးလိုက်ပါမယ်...မပြန်ခင် ပေးဖို့ လုပ်ပေမယ့် မပြီးလိုက်လို့.."
"ရပါတယ် ယွန်းမီရှီးလ်..."
"ဟုတ်ကဲ့ ဒါဆို ကောင်းကောင်းပြန်ပါ...ယွန်ဂီရှီးလ်..."
ယွန်းမီ က သူ့အား အရိုအသေပေးရင်း သူ့ရှေ့ကပင် ထွက်လို့သွားသည်။
ခြေလမ်းတွေ သိပ်မကွာပဲ နှစ်ယောက်သားသွားနေရင်းပင်...
"အမေ့!"
"ရရဲ့လား ယွန်းမီရှီးလ်..."
ယွန်းမီ လျှောက်နေသည့် လမ်းမှာ ခလုတ်တိုက်၍ ခြေချော်သွားခိုက် ယွန်ဂီ မှ လှဲမကျအောင် ထိန်းလိုက်နိုင်ခြင်းဖြစ်သည်။
"အဆင်ပြေပါတယ်...အားနာလိုက်တာ ယွန်ဂီ့ကို...."
"မဟုတ်တာ ကျွန်တော်က အဆင်ပြေပါတယ်..."
"လူကြီး!!"
ထွက်ပေါ်လာသည့် အသံဆူးဆူးကြောင့် ယွန်ဂီ ယွန်းမီအား ထိန်းကိုင်ထားရင်း အပေါ်သို့ မော့ကြည့်မိတော့ မျက်ရည်အဝိုင်းသား ဖြစ်နေသည့် ကလေးမ ၏ မျက်ဝန်းတွေနှင့်ဆုံသည်။
"လူကြီးမှာ ဒီလို... မိန်းကလေးရှိနေလို့...
ဟာရွန်းကို...မလှိမ့်တပတ်လုပ်ပြီး အချိန်ဆွဲနေတာလား?"
"မင်း....မဟုတ်တာတွေမပြောနဲ့လေ...သူများကို အားနာစရာကောင်းအောင်..."
ယွန်ဂီ ရှေ့က ကလေးမက ဘာတွေ တွေးထင်လိုက်သည်မသိ။ မဟုတ်တာတွေ ပြောကာ သူ့အား စွပ်စွဲတော့သည်။
"ဟို...ကျွန်မ ပြန်တော့မယ်နော် အေးဆေးနေခဲ့ပါ ယွန်ဂီ..."
ယွန်းမီ က နာသွားသည့် ခြေချင်းဝတ်ကာ ဆက်ခနဲ တစ်ချက်ခါကာ ထော့နဲ ထော့နဲ့ ဖြင့်
သူတို့ နှစ်ယောက်နှင့် ဝေးရာသို့ ထွက်သွားသည်။
"လူကြီးတွေမကောင်းဘူး!!
ကတိ တည်ပါတယ်ဆိုပြီး ညာတယ်..."
အသံကျယ်ကြီးက ရုတ်တရက်ထွက်လာလို့ ယွန်ဂီ ကလေးမအား စိုက်ကြည့်တော့ ဝိုင်းနေသည့် မျက်ရည်တွေက စီးကျလာကာ တရှုံရှုံနှင့်ငိုနေသည်။
"တ..တကယ်ဆို...မိန်း..ကလေး ရှိ..ရှိ နေရင်လည်း တည့်ပြောပေါ့....ဘာလို့ သူများလို...
ကလေး...လေး ကို အချိန်ဆွဲ...ဆွဲထားရတာလဲ?"
စကားတွေမပီတပီ ပြောကာ ရှိုက်ကာ ငိုနေသည့် ကလေးမကြောင့် ယွန်ဂီ ရယ်လည်းရယ်ချင်သလို ကရုဏာ သက်မိသည်။
ငိုတာတောင် ဒီလောက်ချစ်စရာကောင်းအောင် ငိုတယ်...။
အား! ဒီကလေး....သူ့ကို စိတ်မထိန်းနိုင်အောင်လုပ်နေတာ....
"ဟိတ်! တော်တော့..လမ်းမကြီးမှာ ငိုမနေနဲ့..
လူတွေကြည့်နေတာ မရှက်ဘူးလား.."
"ရှက်စရာလား.....ကိုယ့်..ဘာသာ..ငို..ငိုချင်ငိုမှာပေါ့လို့..."
ပြောကာမှ ပိုဆိုးသလို အတိုးချကာ ငိုနေပြန်တာကြောင့် ယွန်ဂီ ထိုကလေးကို အသည်းတွေယားသည်။
"အဟင်း! ခုနက အမျိုးသမီးနဲ့ ကိုယ်နဲ့ ဘာမှမဆိုင်ဘူး....ပြီးတော့"
"........."
ချက်ချင်းဆိုသလို ငိုနေတာ တိခနဲ ရပ်သွားကာ ယွန်ဂီ စကားအားနားထောင်နေသည့်အပြင် ဆက်ပြောလာမည့်စကားတို့အား မျှော်လင့်တကြီး မျှော်နေသည့် ကလေးဟာ မျက်ရည်တွေ ရွဲနေသည့် မျက်ဝန်းဝိုင်းလေးတွေက သူ့အား စိုက်ကာကြည့်လို့နေသည်။
ချစ်စရာကောင်းသည်။
"အဲ့တစ်ယောက်က လက်ထက်ပြီးသား..."
"ဟင်...လက်..လက်ထက်ပြီးသား...."
ချက်ချင်းဆိုသလို ကျလက်စ မျက်ရည်တွေစတွေကို လက်ခုံ နှစ်ဖက် နှင့်အပြာအယာ သုတ်နေသည့် သူ့အရှေ့က ကလေးက အတော်ကို အသည်းယားစရာကောင်းနေသည်မဟုတ်လား။
"မပွတ်နဲ့တော့....မျက်လုံးတွေ နာလိမ့်မယ်..."
"ဟင်...လူကြီး.."
မျက်ရည်စတွေပွတ်ရင်း မျက်လုံးတွေကိုပါ ဟာရွန်းက လက်ခုံတို့ဖြင့် အားပါးတရ ပွတ်နေတော့ သူမ လက်ခုံတို့ပေါ် လူကြီးလက်တို့ရောက်လာကာ ဟာရွန်း လက်လေးကို အသာတယာ ဆွဲယူသည်။
"မင်းက ကိုယ့်စကားလည်းနားမထောင်ဘူး.."
"အဲ့..ဒဲ့လိုမဟုတ်ပါဘူး...လူကြီးကို ဟိုအမကြီးနဲ့မြင်လိုက်ရတော့ ဟာရွန်းက သဝန်တို.....တို..သွားလို့"
အဆုံးသတ်၌ အသံလေး တိုးငြင်းစွာ ပြောလာသည့် ကလေးက ရှက်သွားသည်ထင်သည်။
"ချစ်တယ်..."
"ဟင်?"
"မင်းကို ချစ်တယ်..."
"လူကြီး တကယ်ပြောတာလား?"
"ကိုယ် ပြောတာ နှစ်ခါ ရှိပြီ ထပ်မပြောတော့ဘူး...ပြန်မယ်..."
တုံးတိကြီးပြောသွားသည့် ရေခဲတုံးကြီးကြောင့် ဟာရွန်း အပျော်ပင် မလွန်လိုက်ရပါပဲ
ထိုနေရာကနေ ထွက်သွားနေသည့် လူကြီးနောက် ပြေးကာလိုက်ရတော့သည်။
ဟာရွန်းလည်း လူကြီးကို သိပ်သိပ်ချစ်ပါသည်။
.
"အာ...ရောက်လာပြီလား..ယွန်ဂီရှီးလ်...
ဝင်သွားလိုက်ပါ...ဟာရွန်းက ဆေးတိုက်ထားတော့ အိပ်ပျော်နေတာ နည်းနည်းတော့ကြာပြီ...."
"ကျေးဇူးပါ ကျွန်တော်မရှိတုန်း ကလေးကို ဂရုစိုက်ထားပေးလို့.."
"ရပါတယ်..."
ယယ်ဂျင်း ယွန်ဂီအား ပြန်လည်ပြုံးပြကာ အခန်းရှေ့မှ ထွက်ခဲ့တော့သည်။
ဟာရွန်း၏ လူကြီးရောက်လာမှတော့ သူမလည်း အခန်းအသစ် ငှားကာ နေတော့မည်။
အတွဲတွေကြားထဲ ဝင်မရှုပ်ချင်ပါ...
ယွန်ဂီ အခန်းတံခါးအားဆွဲဖွင့်ကာ ဝင်လိုက်တော့ တိတ်ဆိတ်နေသည့်အခန်းအပြင် တဝေါဝေါ တိုက်နေသည့် လေတို့က သူ့အား နှုတ်ဆက်၏။
မဖြစ်သေး...။ ဒီကလေး နေမကောင်းပါဘူးဆိုမှ ပြတင်းပေါက်ကြီး ဖွင့်ထားသေးတာလား။
အစက ကုတင်ဆီ ဦးတည်ထားသည့် ယွန်ဂီ့ ခြေလမ်းတွေဟာ အခုတော့ လေပြည်တွေ တိုက်ခတ်နေသည့် ပြတင်းပေါက်ဆီ လှည့်သည်။
ထို့နောက် ပျံ့လွင့်နေသည့် လိုက်ကာ စတို့အား သူဆွဲယူကာ ပြတင်းပေါက်တံခါးအား ဆွဲယူပြီး ပိတ်ဖို့လုပ်သည်။
"အဲ့တာ..မပိတ်နဲ့...."
အသံဖျော့ဖျော့လေး၏ စေခိုင်းချက်အရ
ယွန်ဂီ ပိတ်တော့မည့် ပြတင်းပေါက်အား ဒီအတိုင်း ထားခဲ့ကာ ကုတင်ဆီသို့ ခြေလမ်းတွေ လှမ်းလာရင်း ကုတင်ပေါ် ဝင်ထိုင်လိုက်သည်။
"ဒီဘက်လှည့်ပါအုံး ကလေးရဲ့..."
"ဟင့်အင်း..."
သူ ကုတင်ပေါ်ထိုင်နေသည့် တိုင် သူ့ဘက် တစ်ချက်မလှည့်လာသည့် ဟာရွန်းက သေချာပေါက်သူ့ကို စိတ်ကောက်နေတာပင်။
"စိတ်ကောက်နေတာသိတယ်...ချော့လည်းချော့မယ်...အခုတော့ ဒီဘက်လှည့် ကိုယ်ပူနေသေးလား ကိုယ်စမ်းမယ်..."
"သွားပါ...အခုမှ လာပြီး စိတ်ပူမနေနဲ့....
ဆိုးလ် ကိုသာ ပြန်ပြီး အမှုတွေကိုသာ ဂရုစိုက်နေလိုက်"
ရွဲ့သလို ခနဲ့စွာ ပြောလာသည့် ကလေးလေးစကားတွေကို ယွန်ဂီ ဗွေမယူပါ။
ဒီကလေးစိတ်ကောက်ရင် ဒီလိုပြောနေကြဆိုတာ သူအသိဆုံးပင်။
"လာ..ထ! မျက်နှာလေးပြပါအုံး..."
"ဟာ..ဖယ်ပေး အဖျားတွေကူးကုန်မယ်.."
သူ့ဘက် လှည့်မလာသည့်အဆုံး ယွန်ဂီ ဟာရွန်း၏ ခါးသွယ်သွယ်လေးအား ဆွဲမကာ သူ့ပေါင်ပေါ်တင်၍ ထိုင်စေသည်။ ဟာရွန်း လူကြီးက တွန်းထုတ်၍ လည်းမရပါ။
"အင်း...မပူတော့ဘူးပဲ...နေရတာရော..ဘယ်လိုနေသေးလဲ..."
"နုံးတယ်..."
စကားကို အရင်လို စွာတေးလန်မပြောတော့ပဲ
သူ့ပုခုံးထက် ခေါင်းလေးမှီကာ ပြောနေသည့် ကလေးအား ကြည့်ကာ ယွန်ဂီ စိတ်မကောင်းဖြစ်ရသည်။
သူသာ အစကတည်းက ဒီခရီးကို လိုက်ပါခဲ့ရင် သူ့ကလေး အခုလို နေမကောင်းဖြစ်မှာမဟုတ်။
အခုတော့ သူ မပါလာသည်နှင့် ကလေးဆိုးလေးက ရေတွေ အတော်ကြာကူး၊ ညဘက်
ဂျယ်ဂျူ ပင်လယ်ပြင်မှာ လေညင်းထွက်ခံတာ များသွားတော့ ဖျားကာ အိပ်ရာထဲ လှဲတော့သည်။
"ဘာစားချင်လဲ? ကိုယ်ဘာလုပ်ပေးရမလဲ
ကလေး.."
"လူကြီးနဲ့ ဒီတိုင်းပဲ နေမယ်..."
ပြောကာ သူ့ဂုတ်ပိုးအား ပို၍ တင်းကာဖက်ထားသည်။
"ဟုတ်ပါပြီဗျာ..."
"လွမ်းနေတာ...လူကြီး..ကို"
အဖျားသံဟာ တုန်ယင်သွားသည်ကို ယွန်ဂီ ကြားလိုက်တော့ စိတ်ပူစွာ ချက်ချင်းပင်
ကလေး၏ မျက်နှာကို ဆွဲယူသည်။
ကလေးဆိုးလေးက ခေါင်းမာလွန်းစွာ အားသုံး၍ ဖက်တွယ်ထားတော့ သူပါ အားသုံး၍ မျက်နှာလေး မြင်ရအောင် ပြုလုပ်ရသည်။
"ငိုနေတာလား ကလေး..."
"မဟုတ်ပါဘူး..."
"မလိမ်နဲ့ ကလေး.....ကိုယ့်ကလေး အများကြီးပင်ပန်းနေတာပဲ....စိတ်ချ နောက်ဆို ကိုယ် ကလေးအနားမှာပဲ နေပြီး ကလေးကိုပဲ ဂရုစိုက်မယ်...ကလေးကိုပဲ ချစ်မယ်....
အခုလို ဝမ်းနည်းစေရတော့ဘူး ကလေး...
ချစ်တယ်.."
ဟာရွန်း စကားပြန်ပြော ချိန်ပင် မရလိုက်။
စကားဆုံးသည်နှင့် ဟာရွန်း နှုတ်ခမ်းသားလေးအပေါ် ကျရောက်လာသည်က ယွန်ဂီ့ နှုတ်ခမ်းလုံးလုံးလေးတွေ။
နှစ်ဦးသား အမြတ်တနိုးနှင့် ဖြည်းဖြည်းချင်း အနမ်းတွေခြယ်လှယ်ရင်း ချစ်ခြင်းတွေ အတူပုံဖော်ကြသည်။
အသက်ရှူ ကြပ်လာတော့မှ ယွန်ဂီ အနမ်းတို့အား ရပ်တန့်ပြီး နဖူးပေါ် အနမ်းခြွေကာ ချစ်ခြင်းတွေ ကို ထပ်မံ ဝန်ခံပြန်သည်။
"ဒီကနေ ပြန်ရင် ကိုယ်တို့..."
"အင်း.."
"ဘေဘီ လေးတွေ ယူကြရအောင်.."
"အမ်...ဘယ်လို.."
"ဒါမှမဟုတ်...ဒီမှာပဲ ယူကြမလား.."
"မယူ...မဟုတ်..အဲ! လူကြီး"
ချက်ချင်းပင် ဟာရွန်းအား ပေါင်ပေါ်မှချကာ အိပ်ရာထက် လှဲချပြီး အပေါ်မှ အုပ်မိုးလာသည့် ယွန်ဂီ။
"ကလေး...ချစ်တယ်.."
"မဟုတ်...အ! ဟာရွန်း နေမကောင်းဘူး.."
တားမြစ်သံမှာ အားမပါတော့ လူကြီးဟာ သူ့စိတ်ကြိုက်အနမ်းတွေ စွန့်ကြဲရင်း ရင်ခုန်စရာတွေ ဖန်တီးတော့သည်။
တစ်ဖက်သတ် ချစ်ခြင်းတွေဟာ
လှပလို့နေခဲ့သည်။
ထပ်တူ ကျတဲ့ ချစ်ခြင်းတွေဟာ ချိုမြန်ရင်း ကြည်နူး မှု အပြည့်ဖြင့် ပုံဖော်နိုင်ခဲ့သည်။
အမြဲတမ်း တစ်သက်လုံးစာ လူကြီး၏ ရင်ခွင်၌သာ ခိုလှုံသွားမည်။
ချစ်တယ် လူကြီး ....♡ ။
••••••••••••
THE END
LetsDrink_Cappuccino
.
.
.
.
.
[Zawgyi]
Taste Of LOVE
.................
"ဆူပုတ္ေနတာပဲဟယ္ ခြၽဲဟာ႐ြန္း!"
သူမထိုင္ေနသည့္ ခုံတန္းရွိေနရာလြတ္၌ ဝင္ထိုင္ကာ ေျပာလာသည့္သူက တစ္ဦးတည္းေသာ သူငယ္ခ်င္းမ ယြန္ဂ်င္း။
ယြန္ဂ်င္းက သူမႏွင့္ တစ္ပါတည္းပါလာသည့္လက္ထဲက မုန့္ထုပ္ေတြကို ဟာ႐ြန္း လက္ထဲ
ထိုးထည့္ေပးလာသည္။
"မစားခ်င္ဘူး အဲ့တာေတြ ျပန္ယူ"
ဟာ႐ြန္း လက္ထဲရွိ မုန့္ထုပ္ေတြအား ယြန္ဂ်င္းဆီ ျပန္ထည့္ေပးသည္။ မ်က္ႏွာကလည္း ဆူပုတ္လို႔...
"ယူပါဟယ္ နင့္လူႀကီးက အေသအခ်ာ ပို႔ေပးလိုက္တာကို...စိတ္ေကာက္မေနနဲ႕ေတာ့ ကေလးလည္းမဟုတ္ပဲ..."
"အဲ့လူႀကီးကေလ လူကို အၿမဲဝမ္းနည္းရေအာင္လုပ္တယ္....ငါ ဒီခရီးကို ဘယ္ေလာက္ ေတာင္ ေမွ်ာ္လင့္ထားရလဲ"
ဟုတ္သည္။ ဟာ႐ြန္း ဒီခရီး ထြက္ဖို႔ လြန္ခဲ့သည့္ တစ္လေလာက္ကတည္းက အစီစဥ္စြဲခဲ့တာျဖစ္သည္။ ခ်စ္ရသည့္ ထိုလူႀကီးႏွင့္ အတူသြားခ်င္တာမို႔။
အခုေတာ့ ဂ်ယ္ဂ်ဴ သြားဖို႔ ေလယာဥ္ကြင္း၌
သူမႏွင့္ သူငယ္ခ်င္းမ ယြန္ဂ်င္းသာ ပါသည္။
*တီ...တီ....တီ...*
ေလယာဥ္ေပၚတက္ဖို႔ ဘယ္ႏွစ္မိနစ္ေလာက္ မွမလိုခင္ ဟာ႐ြန္းဖုန္းေလး တုန္ခါလာခဲ့သည္။
ဟာ႐ြန္း contact အားၾကည့္မိေတာ့...
'ဂီဂီလူႀကီး♡' ဆိုသည္က screen ေပၚမွာအထင္းသားေလး။
"ကိုင္လိုက္ေလ...ဟာ႐ြန္း.."
ဖုန္းအား ေတြေတြႀကီးၾကည့္ေနမိသည့္ သူမအား ယြန္ဂ်င္း က သတိေပးလာေတာ့မွ
ဟာ႐ြန္းဖုန္းကိုင္လိုက္သည္။
(ကေလးေလး....စိတ္မဆိုးနဲ႕ေတာ့ေနာ္...
ကိုယ္တကယ္ အေရးႀကီးအမႈေပၚလာလို႔ပါ)
တစ္ဖက္က ၾကားရသည့္ လူႀကီး၏ ေခ်ာ့ေမာ့စကားေၾကာင့္ ဟာ႐ြန္း ဆက္စိတ္မဆိုးနိုင္ေတာ့ပါပဲ ဝမ္းနည္း မ်က္ရည္ဝဲလာရသည္။
(မဆိုးဘူး...လူႀကီးက ဟာ႐ြန္းကို ဝမ္းနည္းေအာင္ပဲ လုပ္ေနတာ.....ဟာ႐ြန္း လူႀကီးကို မခ်စ္ေတာ့ဘူး....)
ေျပာၿပီး တီခနဲ ဖုန္းခ်ပစ္လိုက္သည့္ ဟာ႐ြန္း။
ၿပီးေနာက္ မ်က္ရည္ေတြက်ကာ အသံတိတ္ ငိုေနရွာေလသည္။
ယြန္ဂ်င္းကေတာ့ ဟာ႐ြန္းကို ၾကည့္ကာ သက္ျပင္း အခါခါခ်မိသည္။ ဒီလိုအပူေတြမမိခ်င္လို႔ သူမ အခုထိ အပ်ိဳႀကီးလုပ္ေနျခင္းပင္။
"ငိုမေနနဲ႕ေတာ့ ဟာ႐ြန္း....နင့္လူႀကီးအေၾကာင္း နင္အသိဆုံးမလား....နင့္ကို ဝမ္းနည္းမခံဘူး လိုက္လာလိမ့္မယ္....
မင္ယြန္ဂီ ဆိုတဲ့ နင့္လူႀကီးက!"
မင္ယြန္ဂီ.....ဟာ႐ြန္း၏ အခ်စ္ဦး၊အခ်စ္ဆုံးလည္းဟုတ္သလို သူမခင္ပြန္း...။
သူမ အထက္တန္းေနာက္ဆုံးႏွစ္ကတည္းက
တိတ္တခိုး ႀကိတ္ပိုးကာ ခ်စ္ခဲ့ရသည့္
သူမထက္ အသက္ႀကီးသည့္ ေရွ႕ေနေခ်ာေခ်ာေလး။
ဟာ႐ြန္း အမ်ိဳးသား မင္ယြန္ဂီက ဆိုးလ္ တကၠသိုလ္၏ ထိပ္တန္းေက်ာင္းသား ဆယ္ေယာက္မွာ တစ္ေယာက္အပါအဝင္ျဖစ္၍ အမွတ္ျမင့္ျမင့္ႏွင့္ေက်ာင္းၿပီးကာ နိုင္ငံ၏ နာမည္အႀကီးဆုံး ဥပေဒ႐ုံး K.N တြင္အလုပ္လုပ္ကိုင္ေနသည့္ သူတစ္ေယာက္ပင္။
ဒါေၾကာင့္ ယြန္ဂီမွာ ေန႕ညမအား အလုပ္လုပ္ေနရေပမယ့္ ဟာ႐ြန္းကိုေတာ့ အတတ္နိုင္ဆုံး ဂ႐ုစိုက္ အလိုလိုက္ခ်စ္ေပးသည္။
အခုတစ္ေခါက္ ခရီးကိုလည္း ယြန္ဂီ လိုက္မယ္ ကတိေပးခဲ့ၿပီးမွ သြားမည့္ရက္အနည္းငယ္အလိုမွာ အေရးႀကီး အမႈတစ္ခု လာအပ္၍ သူ မျငင္းဆန္နိုင္ပါပဲ ဟာ႐ြန္း၏ အလိုကို မလိုက္နိုင္ခဲ့ျခင္းျဖစ္သည္။
ဟာ႐ြန္း သက္ျပင္းႀကီးႀကီး တစ္ခါမွ် ခ်လိဳက္ကာ အသက္ကို ဝဝရႉ လိုက္သည္။
"ဒီအမႈက ငါ့ထက္အေရးႀကီးေနပုံေထာက္ေနမွာေတာ့ လိုက္လာမွာ မဟုတ္ဘူး...."
ေလယာဥ္ ခ်ိန္လည္းနီးၿပီမို႔ ဟာ႐ြန္း အထုပ္အပိုးေတြအား သယ္ကာ ယြန္ဂ်င္း လက္ကို ဆြဲၿပီး ေလယာဥ္ေပၚတက္ခဲ့လိုက္ေတာ့သည္။
ေလယာဥ္ေပၚေရာက္သည့္အခါ ဟာ႐ြန္း မွန္ေပါက္ရွိရာဘက္ထိုင္၍ ေနရာယူသည္။ထို႔ေနာက္ ဟာ႐ြန္း အိတ္ထဲက ဖုန္းအားထုတ္ၿပီး အမွတ္တရ ဓါတ္ပုံရိုက္လိုက္ေသးသည္။
အမွတ္တရေတြမွာ သူမတစ္ေယာက္တည္းျဖစ္ေနသည္ကို ေတြးမိျပန္ၿပီး ဟာ႐ြန္း ဝမ္းနည္းစိတ္တို႔က ျပန္လည္ထႂကြလာေတာ့သည္။
တကယ္ အဲ့လူႀကီး သူမ့ကို ဘယ္ေလာက္ထိ
ရက္စက္မယ္ စဥ္းစားထားသည္မသိ....
••••••••••••
"လူေတြေတာင္စုံေနၿပီပဲ....လာ မုန့္ေတြသြားစားၾကရေအာင္...."
သူမ ဟာ႐ြန္း အထက္တန္းေနာက္ဆုံးႏွစ္.....
စာေမးပြဲႀကီးနီးၿပီမို႔ ေက်ာင္းသားေတြအတြက္ သူမတို႔ေက်ာင္းအုပ္က ႏႈတ္ဆက္ပြဲလို ပြဲစီစဥ္ေပးသည္။ စီစဥ္ေပးတာကလည္း
ဆိုးလ္တကၠသိုလ္မွာ....
မုန့္လည္းစား၊ အဆင္လည္းငမ္း...အဲေလ...
စီနီယာေတြကို လိုက္ၾကည့္ၿပီး အတုယူ ရမည္ဆိုေတာ့ ဟာ႐ြန္းႏွင့္ ယြန္ဂ်င္းတို႔အေပ်ာ္ႀကီး ေပ်ာ္ေနၾကသည္။
"ဟာ႐ြန္း...ငါ့ကို ဒီနားေလး ဓါတ္ပုံရိုက္ေပးပါအုံး..."
"ေပးေပး.."
ယြန္ဂ်င္းက သူမ့ဖုန္းေလးအား ဟာ႐ြန္း လက္ထဲထည့္ေပးလာသည္။
ဟာ႐ြန္း ကင္မရာ အခ်ိန္အဆ ေသခ်ာ ညိယူၿပီး ရိုက္ဖို႔ျပင္သည္။
"ယြန္ဂ်င္နား....ဟိုဘက္နည္းနည္း..အဲ မဟုတ္ဘူးေလ ဒီဘက္ .....အာ.!!"
ဟာ႐ြန္း စိတ္မရွည္သည့္အဆုံး ယြန္ဂ်င္းကို ေနရာမေ႐ြ႕ခိုင္းေတာ့ပဲ သူမ ေနာက္သို႔ ေျခလမ္းဆုတ္သည္။
တစ္လွမ္း..ႏွစ္လွမ္း...သုံးလွမ္း!
"အ!"
ဆုတ္ရင္းဆုတ္ရင္း အေနာက္ကို လွည့္မၾကည့္မိပါပဲ ဟာ႐ြန္း တစ္စုံတစ္ဦး၏ ရင္ခြင္ႏွင့္
သူမ ေက်ာျပင္တို႔ မိတ္ဆက္၏။
သူမ မလႈပ္မရွပ္ ေနေနတုန္း အေၾကာင္းျပခ်က္မရွိ ဘယ္ဘယ္ရင္ဖက္မွ အေကာင္ငယ္ဟာ တဒုန္းဒုန္း ခုန္ေပါက္လာသည္။
ဘယ္လိုမ်ား...မ်က္ႏွာေတာင္မျမင္ဖူးေသးပဲ....ဘယ္လိုလုပ္ ရင္ခုန္ေနရတာလည္း!
"ဟိတ္! မင္း ဒီေန႕ဖယ္ေပးအုံးမွာလား?"
အယ္ဟုတ္သား...ဟာ႐ြန္း အေတြးလြန္ၿပီး
အခ်ိန္ၾကာ ဒီတိုင္းႀကီး ေန ေနမိတာ။
"ဒီေန႕ေတာ့ ကံေကာင္းတာပဲ!"
ထပ္မံၾကားလာရသည့္ ေအးစက္စက္အသံေၾကာင့္ ဟာ႐ြန္း မေနနိုင္ပါပဲ ေက်ာေပးထားသည့္ လူကို လွည့္ၾကည့္မိသည္။
ဆံႏြယ္ေပ်ာ့ေပ်ာ့ေတြက အနည္းငယ္ရွည္လို႔ေနသည္။ မ်က္ႏွာေဖြးေဖြးႏွင့္လိုက္ဖက္စြာ မ်က္ဝန္းေမွးေမွးဟာ အသည္းယားစရာေကာင္းသည္။ ထိုလူ႕ မ်က္ဝန္းေတြကိုေတာ့
ဟာ႐ြန္း အေသအခ်ာ မျမင္ရ။
အဘယ္ေၾကာင့္ဆိုေသာ္ ထိုလူက ေျမျပင္သို႔ ေခါင္းငိုက္စိုက္ေနၿပီး ေပက်ံသြားသည့္ သူ႕ဖိနပ္ျဖဴစြပ္စြပ္ကို စိုက္ကာ ၾကည့္လို႔ေနသည္။
"ဟို....ေတာင္းပန္ပါတယ္..."
ဟာ႐ြန္း ကိုယ့္အျပစ္ကို သိသြား၍ ကိုယ္ကို တစ္ဝက္ငုံခ်ကာ ေတာင္းပန္စကားဆိုလိုက္သည္။
"ထားပါ...ကိစၥမရွိပါဘူး...တစ္ရႉး နဲ႕ သုတ္လိုက္ရင္ ျဖစ္တယ္မဟုတ္လား..."
ထိုစကားသာ ေျပာၿပီး ထြက္ခြာသြားေသာ ထို႔လူ႕ေက်ာျပင္ေနာက္ ဟာ႐ြန္း၏ မ်က္ဝန္းအစုံသာမက ႏွလုံးသား အစုံပါ ဆြဲခ်ည္ရစ္ေႏွာင္မိသြားေတာ့သည္။
နာမည္ေလးေတာင္ မေမးလိုက္ရဘူး။
.
"မဂၤလာပါရွင္ ဘာမ်ားသုံးေဆာင္ပါမလဲ ဧည့္သည္"
ဆိုင္တံခါး၏ ေခါင္းေလာင္းသံ တခြၽင္ခြၽင္ ၾကားအၿပီး ဟာ႐ြန္း ေကာင္တာဘက္သို႔ ျပန္လွည့္ကာ ဆိုင္လာသူ ဧည္သည့္အား ေမးျမန္းေတာ့သည္။
"အေမရိကာနို တစ္ခြက္ေပးပါ..."
ရင္းႏွီးသည္။ တစ္ခါတည္းမွာပင္ ဟာ႐ြန္း ႏွလုံးသား ေလး အရွိန္ျပင္းစြာ ခုန္ေပါက္လာခဲ့သည္။
"လူႀကီး?"
"ေအာ္...မင္းကိုး....."
ထိုလူႀကီးက သူမကို မွတ္မိသည္။
အေပ်ာ္လြန္၍ ခုန္ေပါက္ ထခုန္ခ်င္သည္။
သို႔ေပမယ့္ မျဖစ္....
"အေမရိကာနို အေအးတစ္ခြက္ ေနာ္..."
"ဟုတ္ကဲ့ ဝမ္....... က်သင့္ပါတယ္.."
ဟာ႐ြန္း က်သင့္ေငြေျပာေတာ့ သူမေရွ႕က လူႀကီးက ပိုက္ဆံအိတ္ထဲက ထုတ္လို႔ေပးလာသည္။ၿပီးေနာက္ ထိုလူႀကီးက ဆိုင္၏ ေထာင့္က်ေသာ စားပြဲ၌ သြားထိုင္သည္။
တိုက္ဆိုင္လိုက္တာ...သူမ အခ်ိန္အပိုင္း လုပ္သည့္ ေနရာသို႔ လူႀကီးက ေရာက္လာသည္။
ဒါဟာ ဘုရားသခင္က ဆုံဆည္းခြင့္ ေပးတာပဲျဖစ္မည္။
ရင္ေတြခုန္သလို.....စိတ္လည္းလႈပ္ရွားပါသည္။ ဒီတစ္ခါ ေတာ့ နာမည္သိမွ ျဖစ္မည္။
"အေမရိကာနို ရပါၿပီ..."
အသင့္ပါလာေသာ လက္ထဲက ဗူးေလးအား ထိုလူထိုင္ေနသည့္ စားပြဲခုံေရွ႕ ခ်ေပးကာ ရပ္ေနလိုက္သည္။
"လိုတာရွိရင္ ေျပာပါ...လူ..အဲ
ဘယ္လိုေခၚရမလဲ မသိလို႔ နာမည္ေလးသိလို႔ရမလားဟင္?"
ဟာ႐ြန္း အစီစဥ္မက်သည့္ စကားတို႔ေျပာကာ ရင္တုန္မႈကို ထိန္းခ်ဳပ္ရင္း အရဲစြန့္သည္။
"ခုနကအတိုင္း ဧည့္သည္လို ေခၚရင္လည္း ျဖစ္ပါတယ္..."
တိုတိုတုတ္တုတ္သာ ေျဖသြားသည့္ လူႀကီးစကားအဆုံး ဟာ႐ြန္း ထိုင္သာ ငိုခ်င္သည္။
ေခ်လိဳက္တာ လည္းလြန္ေရာ...
ဟာ႐ြန္း ဘယ္လို သတၱိေတြနဲ႕ပင္ စကားဆက္ရမည္မသိေတာ့...။
ဒါေၾကာင့္ ဒီအတိုင္းသာ လွည့္ထြက္ခဲ့ရင္း
ေကာင္တာ ဆီသို႔ ျပန္လာခဲ့ေတာ့သည္။
ငါးမိနစ္..ဆယ္မိနစ္...ဆယ့္ငါးမိနစ္ ။
အခ်ိန္ေတြ ၾကာလာသည္ႏွင့္အမွ် ဟာ႐ြန္း ေထာင့္စြန္းဝိုင္းက လူႀကီးကို ေငးေကာင္းတုန္းပင္။
အျပာႏုေရာင္ တီရွပ္ႏွင့္ ဂ်င္းအနက္တို႔ေၾကာင့္ ေဖြးစြတ္ေနသည့္ အသားအရည္မွာ ေပၚလြင္ေနသည္။ အရင္တစ္ခါ ေတြ႕သလို ဆံပင္အရွည္ေလးေတြ မရွိေတာ့ပဲ undercut ႏွင့္ လူႀကီးဟာ သပ္သပ္ရပ္ရပ္ႏွင့္ အလြန္ပင္ၾကည့္ေကာင္းသည္။
ေငးရင္းေမာရင္းပဲ ႏွလုံးခုန္ႏႈန္းက မာရသြန္ဝင္ ေနသလိုသာ အရွိန္ျပင္းျပင္းႏွင့္ ခုန္ေနေလေတာ့ ဟာ႐ြန္း အေတြးထဲ ေခါင္းစဥ္တစ္ခု ေကာက္တပ္လိုက္သည္။
ဟာ႐ြန္း.. ထိုလူႀကီးကို ခ်စ္မိသြားၿပီ...။
ပိုင္ဆိုင္ခ်င္လိုက္တာ...မဟုတ္ဘူး။
လူႀကီးဆီက အခ်စ္ကို လိုခ်င္တယ္...။
"အဲ! ျပန္သြားၿပီလား..."
သူမ တစ္ေယာက္ထဲ စိတ္ကူးယဥ္ အေတြးေတြ စာစီေနခိုက္ တံခါးေပါက္ဝက ေခါင္းေလာင္းေလး ျမည္တမ္းလာမွ လူႀကီးထြက္သြားတာမွန္း ဟာ႐ြန္း အသိဝင္သည္။
"အဟင္း....ဒီတစ္ခါလည္းနာမည္မသိရျပန္ဘူး..."
စိတ္ဓါတ္ေတြက်ကာ ေလးတိေလးကန္ ေျခလမ္းေတြနဲ႕ လူႀကီးထိုင္သြားသည့္ စားပြဲဝိုင္းအား သန့္ရွင္းေရး လုပ္ရန္သာ အားထုတ္ရေတာ့မည္။
"ဘာ..ဘာေလးလည္း.."
အဝတ္တို႔ျဖင့္ စားပြဲခုံအား သုတ္မည္လုပ္ခိုက္ တစ္ရႉး တစ္႐ြက္ဟာ စားပြဲေပၚ သပ္သပ္ရပ္ရပ္တည္ရွိေနတာေၾကာင့္ ဟာ႐ြန္း စိတ္အစုံ လႈပ္ရွားသြားရသည္။
"မင္ယြန္ဂီ!"
ေဘာဘင္ႏွင့္ေရးထားခဲ့သည့္ ခပ္ေသာ့ေသာ့ လက္ေရးေလးက တစ္ရႉးျဖဴေလးေပၚ၌ တည္ရွိေနသည္ကို ဟာ႐ြန္းေတြ႕ေတာ့ ႏႈတ္ခမ္းသားတို႔ ေကြးတက္ကာ အၿပဳံးႀကီးႀကီး ၿပဳံးရင္း အေပ်ာ္လြန္ရသည္။
အလကားသက္သက္ လူကို ရင္ခုန္ရေအာင္...
.
*K.N..*
ဟာ႐ြန္းလက္က အတူပါလာသည့္ ပစၥည္းပုံးအား အေသအခ်ာပိုက္ကာ ေရာက္ေနသည့္ ေနရာအး တစ္ခ်က္ေမာ့ၾကည့္မိသည္။
ယယ္ဂ်င္း အန္တီျဖစ္သူက အလုပ္အတြက္ အေရးႀကီးသည့္ File ပုံးလာေပးခိုင္းသည္ကို ယယ္ဂ်င္းက အတန္းရွိေန၍ သြားပို႔လို႔မရသည္ျဖစ္၍ ဟာ႐ြန္းကို အကူညီေတာင္းလာသည္။
ဒါေၾကာင့္ သူမ အခုလို တရား႐ုံးကုမၼဏီသို႔ေရာက္လာခဲ့ျခင္းပင္။
"၁၅ ထပ္ေျမာက္ကို လာခဲ့လို႔ေျပာထားတာပဲ
အိုေခ ! သြားၾကစို႔..."
Message ၌ လာပို႔ရမည့္ေနရာကိုပါ ေျပာထားသည္ေၾကာင့္ ဟာ႐ြန္း ဓါတ္ေလွကား စီးကာ ေျပာထားသည့္ အထက္သို႔ တက္လာခဲ့ေတာ့သည္။
"ေက်းဇူးပါ...သမီးေလးေရ...အာလည္းနာပါတယ္.."
"မဟုတ္တာ အန္တီကလည္း...."
"ထိုင္ပါအုံး...အေအးေသာက္သြားမလား.."
ယယ္ဂ်င္း၏ အေဒၚက အထက္တန္းေရွ႕ေန႕တစ္ေယာက္ျဖစ္သည္။ဒီ့အျပင္ အခုလို နာမည္ႀကီးသည့္ K.N တရား႐ုံးကုမၼဏီ၏
အေရးပါသည့္ ေရွ႕ေန႕တစ္ဦးပင္။
"ေနပါေစအန္တီ သမီးလည္း အခ်ိန္ပိုင္းအလုပ္ေလးရွိေသး..."
*ေဒါက္ေဒါက္*
ဟာ႐ြန္းစကားမျပတ္ေသး။ အခန္းတံခါးက ေခါက္သံၾကားလာရေတာ့ ေျပာရမည့္စကားပင္ မထြက္လာေတာ့ေပ။
"ဝင္လာပါ.."
အန္တီ၏ စကားဆုံးသံအဆုံး တံခါးဆြဲဖြင့္ကာ ဝင္လာသည့္ ျဖဴျဖဴစြတ္စြတ္လက္တစ္စုံ။ ဟာ႐ြန္းအၾကည့္မလြဲပါပဲ ဆက္ၾကည့္ေနေတာ့မွ သူမေရွ႕သို႔ ေရာက္လာသည့္
သူမ ခ်စ္ရသည့္ လူႀကီး!
"စီနီယာ...အပ္ထားတဲ့ အမႈသည္ေတြနဲ႕ အစည္းအေဝးစေတာ့မွာမို႔ လာေျပာတာပါ..."
တည္ၾကည္ေလးနက္စြာ ေျပာလာသည့္ လူႀကီး၏ ပုံစံကို ဟာ႐ြန္း ေငးလို႔ေကာင္းေနသည္။ ေကာ္လံပါ တီရွပ္အျဖဴကို ထိပ္ကၾကယ္သီး ႏွစ္လုံးေလာက္ ျဖဳတ္ထားတာေၾကာင့္ ျဖဴေဖြးေနသည့္ ရင္ဘက္က်ယ္ကို ဟာ႐ြန္း အနည္းငယ္ ျမင္လိုက္ရေသးသည္။
"အဟမ္း!"
လူႀကီး၏ ေခ်ာင္းဟန့္သာ ထြက္ေပၚလာမွ ဟာ႐ြန္း အသိစိတ္တို႔ကပ္ကာ သူမ အေရွ႕က အန္တီ့ဆီသို႔သာ အၾကည့္ပို႔မိသည္။
"သမီးေလး ေသခ်ာျပန္ေနာ္...အန္တီလည္း
လုပ္စရာေလးေတြရွိလို႔ သြားလိုက္အုံးမယ္.."
အန္တီ့ စကားအဆုံး လူႀကီးက ထိုအခန္းထဲက အရင္ထြက္ခြာသြားသည္။
သူမကို တစ္ခ်က္ပင္ ၾကည့္သြားသည့္
လူႀကီးက တကယ့္ကို ေရခဲတုံး။
"ဟို..အန္တီ..."
အခန္းထဲက ထြက္ဖို႔ျပင္ေနသည့္ အန္တီအား သူမ ေမးဖို႔ရာ စကား စလိုက္သည္။
"ေျပာေလ သမီး.."
"ဟိုခုနက လူႀကီးကေလ..."
"အာ...ဒီႏွစ္အေစာပိုင္းက အလုပ္ဝင္လာသည့္ ေရွ႕ေန႕ မင္ယြန္ဂီေလ....ေကာင္ေလး က ငယ္ငယ္ေလးနဲ႕ အေတာ္ပညာေတာ္တယ္ရယ္...."
ေျပာၿပီး ထြက္သြားသည့္ အန္တီေၾကာင့္ ထိုေနရာမွာ ဟာ႐ြန္းတစ္ေယာက္ထဲသာ က်န္ခဲ့ေတာ့သည္။
ဟာ႐ြန္းအၿပဳံးႀကီးၿပဳံးကာ ေပ်ာ္ေနရသည္။
လူႀကီးႏွင့္ တတိယအႀကိမ္ေျမာက္ ေတြ႕ဆုံရျခင္းမဟုတ္လား။
တစ္ႀကိမ္ႏွင့္ တစ္ႀကိမ္ ပိုပိုတိုးလာသည့္ရင္ခုန္မႈေတြေၾကာင့္ ဟာ႐ြန္း လူႀကီးကို ပိုပို၍သာ ျမတ္နိုးလာရေတာ့သည္။
၅လခန့္အၾကာ.....
ဟာ႐ြန္း ယယ္ဂ်င္း အန္တီ ရွိသည့္ ဥပေဒ႐ုံး ကုမၼဏီသို႔ အေၾကာင္းမရွိ အေၾကာင္းရွာ ေခ်ာင္းေပါက္မတတ္လာသည္။
အေၾကာင္းအရင္းက လူႀကီး ပဲေပါ့။
လူႀကီး ရွိရာ အရပ္သို႔ ေရာက္လာတိုင္း အၿမဲခိုးကာေငးကာ ၾကည့္ေနတတ္သည့္ ဟာ႐ြန္း မ်က္ဝန္းေတြကို လူႀကီး နားလည္ရိပ္မိရင္ ေကာင္းမည္။
ဒါမွမဟုတ္ ရိပ္မိေနသည္ကို လူႀကီးပုံစံအတိုင္း မသိခ်င္ေယာင္ေဆာင္ၿပီး မသိသလို ေနေနရင္ေတာ့ ခက္ၿပီ....
လူႀကီး ဟာ႐ြန္း အခ်စ္ေတြ ျမင္ရင္ေကာင္းမည္။
အခ်ိန္ကား ညေန ၅နာရီခန့္.....
ယယ္ဂ်င္းအန္တီဆီကေန ဟာ႐ြန္း စုံစမ္းထားသည္ေၾကာင့္ မင္ယြန္ဂီ ဆိုသည့္ လူႀကီးက ဒီေန႕မွာ ညေန ၅နာရီ အလုပ္ဆင္းမည္တဲ့။
ဟာ႐ြန္းလည္း ေက်ာင္းကအျပန္ အိမ္တန္းမျပန္ပါပဲ K.N ေရွ႕ လာထိုင္ေစာင့္ေနေလသည္။ဟာ႐ြန္း အခုဆို တကၠသိုလ္ ပထမႏွစ္လယ္ေတာင္ ေရာက္ေနၿပီ ျဖစ္သည္။
လက္မွကိုင္ထားသည့္ ဖုန္းကနာရီအား ဟာ႐ြန္း ေငးၾကည့္ေနခ်ိန္ လူႀကီးပုံရိပ္ေလးက
ဟာ႐ြန္း ထိုင္ေစာင့္ေနသည့္ ခုံတန္းေလးေရွ႕မွ ျဖတ္လို႔သြားသည္။
ဒီလူႀကီး ဟာ႐ြန္း ကို မျမင္တာလား?
ဒါမွမဟုတ္ မျမင္ခ်င္ေယာင္ပဲ ေဆာင္သြားတာလား။
ခ်က္ခ်င္းပဲ ဟာ႐ြန္း လူႀကီးေနာက္ ေျပးလိုက္ကာ နာမည္အားေခၚသည္။
"ေရွ႕ေနႀကီး မင္ယြန္းဂီ!"
ဟာ႐ြန္းေအာ္သံအား လူႀကီးၾကားလိုက္ရေတာ့ သြားေနရာမွ ရပ္တန့္ကာ အေနာက္သို႔လွည့္ၾကည့္လာသည္။
ဟာ႐ြန္းလည္း အေျပးေလးေျပးကာ လူႀကီးေရွ႕ မွာ မတ္တပ္ရပ္လို႔ေနသည္။
ျမင္ေနရသည့္ သူမ အေရွ႕က ေအးစက္ေနသည့္ မ်က္ဝန္းေတြက အဓိပၸါယ္ေဖာ္မရတာမို႔ ဟာ႐ြန္း စိတ္အိုက္ရပါသည္။
သူမ ေျပာလိုက္ရင္ေကာင္းမလား။
မေျပာပဲ ၿမိဳသိပ္ထားလိုက္ရမလား။
မဟုတ္တာ...ဒီေန႕ ဒီအေၾကာင္းကိုေျပာဖို႔
ဒီေနရာထိ ေရာက္လာၿပီးၿပီပဲ...။
မဟုတ္ဘူး ငါေၾကာက္တယ္...။
ေျပာလိုက္ပါဆို....။
စိတ္ႏွစ္ခြ ၏ ဒြိဟ ျဖစ္ေနသည္ကို ဟာ႐ြန္း စိတ္ညစ္သည္။ သူမအမွန္တကယ္ပင္ ေျပာမွာေၾကာက္သလို ဒီေန႕ေျပာလည္းေျပာလိုက္ခ်င္သည္။
ပန္းပြင့္ေလးကိုင္ထားသည့္ ဟာ႐ြန္းလက္ေတြ အနည္းငယ္တုန္ရင္ေနကာ ေခြၽးေတြလည္း စို႔လိုေနသည္။
ဟူး....အတတ္နိုင္ဆုံး စိတ္ကိုေလ်ာ့...
အိုေခ...ရေအာင္ ဖြင့္ေျပာၾကည့္ရေအာင္..
ခြၽဲဟာ႐ြန္း မလုပ္နိုင္တာ ဘာရွိလို႔...
"မင္း ဒီေန႕စကားေျပာအုံးမလား...?"
မ်က္ခုံးတန္းေတြ တြန့္ခ်ိဳးကာ ေျပာလာသည့္ လူႀကီး၏ စကားဟာ ဟာ႐ြန္းအေတြးစေတြအားလုံးကို ေဖ်ာက္ဖ်တ္ပစ္သည္။
"ဟို...."
".........."
"ကြၽန္မ လူႀကီးကို သေဘာက်တယ္...
မဟုတ္ဘူး...ခ်စ္တယ္.."
မ်က္ဝန္းေတြ ဇြတ္အတင္း ပိတ္ကာ လက္ထဲက က်ဴးလစ္ပန္းအျဖဴေတြကို အေရွ႕က လူႀကီးဆီ ထိုးေပးရင္း ဟာ႐ြန္း အရဲစြန့္ကာ ခ်စ္ျခင္းေတြကို ဝန္ခံမိသည္။
အခ်ိန္အေတာ္ၾကာထိ မလႈပ္မရွပ္ ႏွင့္ ဘာစကားျပန္မွ မၾကားရေတာ့ ဟာ႐ြန္း ပိတ္ထားသည့္ မ်က္ဝန္းေတြအား ဖြင့္ကာၾကည့္ေတာ့
သူမ အေရွ႕က လူႀကီးဟာ သူမအား စိုက္ကာၾကည့္လို႔ေနသည္။
ထိုအၾကည့္စူးစုးတို႔ေၾကာင့္ ရင္ထဲ တစ္ခ်က္ ဒိန္းခနဲ ေဆာင့္တက္ကာ ႏွလုံးက အျမန္ဆုံးအရွိန္ျဖင့္ ေျပးသည္။ ရင္ခုန္လြန္းလို႔ ႐ူးမွာပဲ လူႀကီးရဲ႕.....
"မင္း...ကိုယ့္ထက္ အမ်ားႀကီးငယ္အုံးမွာပဲ..."
ဒါျဖင့္ လူႀကီးက ျငင္းရင္ေရာ....
ရင္ခုန္မႈကေန..အသည္းကြဲမႈ ေျပာင္းသြားမွာလား။
"ကြၽန္မ လူႀကီးကို တစ္ကယ္ခ်စ္တာပါ..."
ဝမ္းနည္းစိတ္တို႔တိုးဝင္လာၿပီျဖစ္သည့္ တုန္တုန္ယင္ယင္ အသံျဖင့္ ဟာ႐ြန္း စကားကိုဆက္ေတာ့ လူႀကီးက သက္ျပင္းဖြဖြ ခ်သည္။
ဟုတ္သား....သူမလို ဘာမွမဟုတ္တဲ့ ကေလးမကို လူႀကီးက သေဘာက်နိဳင္ပါ့မလား။
ေက်ာင္းဝတ္စုံစကပ္အတိုႏွင့္ သူမကို လူႀကီးက ကေလးသာသာ သာ သေဘာထားေနသည္လားမသိ။
အခ်စ္ဆိုတာ အသက္အ႐ြယ္ႏွင့္မဆိုင္ေၾကာင္း ဟာ႐ြန္း လူႀကီးကို ရွင္းျပခ်င္သည္။
"မင္းတကၠသိုလ္ ေနာက္ဆုံးေန႕က် ဒီလိုေနရာ ဒီအခ်ိန္မွာပဲ ျပန္ေတြ႕ၾကတာေပါ့...."
အၿပီးအျပတ္ျငင္းလိုက္တာလည္းမဟုတ္။
လက္ခံတာလည္း မဟုတ္ပဲ ပညာသားပါပါ အခ်ိန္ဆြဲေနသည့္ လူႀကီးေၾကာင့္ ဟာ႐ြန္း အမ်က္စိတ္ေလး ဝင္လာရသည္။
သို႔ေပမယ့္ သူမ လူႀကီးကို ခ်စ္သည္မဟုတ္လား။ ေစာင့္ရမွာေပါ့.....
ေစာင့္ရသည္ႏွင့္ တန္ေအာင္ ဟာ႐ြန္း လူႀကီး၏ အခ်စ္ကို ရခ်င္ပါသည္။
လူႀကီးဆီက ျမတ္ျမတ္နိုးနိုးႏွင့္ အခ်စ္ခံခ်င္သည္။လူႀကီးႏွင့္ အတူ ရွိရမည့္ ေနရက္ေတြဟာ မည္မွ် လွပေၾကာင္း သူမ အၿမဲ စိတ္ကူးယဥ္ပုံေဖာ္ေနက်မိဳ႕ ဟာ႐ြန္း ထို႔ေန႕ရက္ေတြဆီ အျမန္ေျပးကာ သြားခ်င္သည္။
"လူႀကီး....ေစာင့္ေနရမယ္ေနာ္..."
"ကိုယ္ ကတိတည္ပါတယ္..."
ကိုယ္လို႔ သုံးႏႈန္းသြားၿပီး ဟာ႐ြန္းကို ရယ္ျပသြားသည့္ လူႀကီးေၾကာင့္ ဟာ႐ြန္း ဒီေနရာမွာပင္ ေမ့လွဲသြားမလားမသိ။
ဟာ႐ြန္းအား တျဖည္းျဖည္း စြန့္ခြာသြားေနသည့္ ေက်ာျပင္အား သူမ မ်က္ဝန္းေတြမွ ကြယ္ေပ်ာက္သြားသည္ထိ ေငးရင္း အိမ္ျပန္လမ္းေတြဆီ ေလ်ာက္လမ္းလို႔လာခဲ့ေတာ့သည္။
•••••••••••••
"ယြန္ဂီရွီးလ္!"
သူ ေခၚသံ ခ်ိဳခ်ိဳ ေၾကာင့္ အေနာက္ကို လွည့္ၾကည့္မိေတာ့ ယြန္းမီ...။
ယြန္းမီ ဆိုတာ သူတို႔ အလုပ္ဌာန တစ္ခုတည္းက ေရွ႕ေနမေလးပင္။
"ယြန္းမီရွီးလ္ ဘာမ်ားေျပာစရာရွိလို႔လဲ..."
"အာ မနက္ျဖန္ အစည္းအေဝးရွိတဲ့ အမႈတြဲေတြကို ကြၽန္မ ေမးလ္ ကေနပို႔ေပးလိုက္ပါမယ္...မျပန္ခင္ ေပးဖို႔ လုပ္ေပမယ့္ မၿပီးလိုက္လို႔.."
"ရပါတယ္ ယြန္းမီရွီးလ္..."
"ဟုတ္ကဲ့ ဒါဆို ေကာင္းေကာင္းျပန္ပါ...ယြန္ဂီရွီးလ္..."
ယြန္းမီ က သူ႕အား အရိုအေသေပးရင္း သူ႕ေရွ႕ကပင္ ထြက္လို႔သြားသည္။
ေျခလမ္းေတြ သိပ္မကြာပဲ ႏွစ္ေယာက္သားသြားေနရင္းပင္...
"အေမ့!"
"ရရဲ႕လား ယြန္းမီရွီးလ္..."
ယြန္းမီ ေလွ်ာက္ေနသည့္ လမ္းမွာ ခလုတ္တိုက္၍ ေျခေခ်ာ္သြားခိုက္ ယြန္ဂီ မွ လွဲမက်ေအာင္ ထိန္းလိုက္နိုင္ျခင္းျဖစ္သည္။
"အဆင္ေျပပါတယ္...အားနာလိုက္တာ ယြန္ဂီ့ကို...."
"မဟုတ္တာ ကြၽန္ေတာ္က အဆင္ေျပပါတယ္..."
"လူႀကီး!!"
ထြက္ေပၚလာသည့္ အသံဆူးဆူးေၾကာင့္ ယြန္ဂီ ယြန္းမီအား ထိန္းကိုင္ထားရင္း အေပၚသို႔ ေမာ့ၾကည့္မိေတာ့ မ်က္ရည္အဝိုင္းသား ျဖစ္ေနသည့္ ကေလးမ ၏ မ်က္ဝန္းေတြႏွင့္ဆုံသည္။
"လူႀကီးမွာ ဒီလို... မိန္းကေလးရွိေနလို႔...
ဟာ႐ြန္းကို...မလွိမ့္တပတ္လုပ္ၿပီး အခ်ိန္ဆြဲေနတာလား?"
"မင္း....မဟုတ္တာေတြမေျပာနဲ႕ေလ...သူမ်ားကို အားနာစရာေကာင္းေအာင္..."
ယြန္ဂီ ေရွ႕က ကေလးမက ဘာေတြ ေတြးထင္လိုက္သည္မသိ။ မဟုတ္တာေတြ ေျပာကာ သူ႕အား စြပ္စြဲေတာ့သည္။
"ဟို...ကြၽန္မ ျပန္ေတာ့မယ္ေနာ္ ေအးေဆးေနခဲ့ပါ ယြန္ဂီ..."
ယြန္းမီ က နာသြားသည့္ ေျခခ်င္းဝတ္ကာ ဆက္ခနဲ တစ္ခ်က္ခါကာ ေထာ့နဲ ေထာ့နဲ႕ ျဖင့္
သူတို႔ ႏွစ္ေယာက္ႏွင့္ ေဝးရာသို႔ ထြက္သြားသည္။
"လူႀကီးေတြမေကာင္းဘူး!!
ကတိ တည္ပါတယ္ဆိုၿပီး ညာတယ္..."
အသံက်ယ္ႀကီးက ႐ုတ္တရက္ထြက္လာလို႔ ယြန္ဂီ ကေလးမအား စိုက္ၾကည့္ေတာ့ ဝိုင္းေနသည့္ မ်က္ရည္ေတြက စီးက်လာကာ တရႈံရႈံႏွင့္ငိုေနသည္။
"တ..တကယ္ဆို...မိန္း..ကေလး ရွိ..ရွိ ေနရင္လည္း တည့္ေျပာေပါ့....ဘာလို႔ သူမ်ားလို...
ကေလး...ေလး ကို အခ်ိန္ဆြဲ...ဆြဲထားရတာလဲ?"
စကားေတြမပီတပီ ေျပာကာ ရွိုက္ကာ ငိုေနသည့္ ကေလးမေၾကာင့္ ယြန္ဂီ ရယ္လည္းရယ္ခ်င္သလို က႐ုဏာ သက္မိသည္။
ငိုတာေတာင္ ဒီေလာက္ခ်စ္စရာေကာင္းေအာင္ ငိုတယ္...။
အား! ဒီကေလး....သူ႕ကို စိတ္မထိန္းနိုင္ေအာင္လုပ္ေနတာ....
"ဟိတ္! ေတာ္ေတာ့..လမ္းမႀကီးမွာ ငိုမေနနဲ႕..
လူေတြၾကည့္ေနတာ မရွက္ဘူးလား.."
"ရွက္စရာလား.....ကိုယ့္..ဘာသာ..ငို..ငိုခ်င္ငိုမွာေပါ့လို႔..."
ေျပာကာမွ ပိုဆိုးသလို အတိုးခ်ကာ ငိုေနျပန္တာေၾကာင့္ ယြန္ဂီ ထိုကေလးကို အသည္းေတြယားသည္။
"အဟင္း! ခုနက အမ်ိဳးသမီးနဲ႕ ကိုယ္နဲ႕ ဘာမွမဆိုင္ဘူး....ၿပီးေတာ့"
"........."
ခ်က္ခ်င္းဆိုသလို ငိုေနတာ တိခနဲ ရပ္သြားကာ ယြန္ဂီ စကားအားနားေထာင္ေနသည့္အျပင္ ဆက္ေျပာလာမည့္စကားတို႔အား ေမွ်ာ္လင့္တႀကီး ေမွ်ာ္ေနသည့္ ကေလးဟာ မ်က္ရည္ေတြ ႐ြဲေနသည့္ မ်က္ဝန္းဝိုင္းေလးေတြက သူ႕အား စိုက္ကာၾကည့္လို႔ေနသည္။
ခ်စ္စရာေကာင္းသည္။
"အဲ့တစ္ေယာက္က လက္ထက္ၿပီးသား..."
"ဟင္...လက္..လက္ထက္ၿပီးသား...."
ခ်က္ခ်င္းဆိုသလို က်လက္စ မ်က္ရည္ေတြစေတြကို လက္ခုံ ႏွစ္ဖက္ ႏွင့္အျပာအယာ သုတ္ေနသည့္ သူ႕အေရွ႕က ကေလးက အေတာ္ကို အသည္းယားစရာေကာင္းေနသည္မဟုတ္လား။
"မပြတ္နဲ႕ေတာ့....မ်က္လုံးေတြ နာလိမ့္မယ္..."
"ဟင္...လူႀကီး.."
မ်က္ရည္စေတြပြတ္ရင္း မ်က္လုံးေတြကိုပါ ဟာ႐ြန္းက လက္ခုံတို႔ျဖင့္ အားပါးတရ ပြတ္ေနေတာ့ သူမ လက္ခုံတို႔ေပၚ လူႀကီးလက္တို႔ေရာက္လာကာ ဟာ႐ြန္း လက္ေလးကို အသာတယာ ဆြဲယူသည္။
"မင္းက ကိုယ့္စကားလည္းနားမေထာင္ဘူး.."
"အဲ့..ဒဲ့လိုမဟုတ္ပါဘူး...လူႀကီးကို ဟိုအမႀကီးနဲ႕ျမင္လိုက္ရေတာ့ ဟာ႐ြန္းက သဝန္တို.....တို..သြားလို႔"
အဆုံးသတ္၌ အသံေလး တိုးျငင္းစြာ ေျပာလာသည့္ ကေလးက ရွက္သြားသည္ထင္သည္။
"ခ်စ္တယ္..."
"ဟင္?"
"မင္းကို ခ်စ္တယ္..."
"လူႀကီး တကယ္ေျပာတာလား?"
"ကိုယ္ ေျပာတာ ႏွစ္ခါ ရွိၿပီ ထပ္မေျပာေတာ့ဘူး...ျပန္မယ္..."
တုံးတိႀကီးေျပာသြားသည့္ ေရခဲတုံးႀကီးေၾကာင့္ ဟာ႐ြန္း အေပ်ာ္ပင္ မလြန္လိုက္ရပါပဲ
ထိုေနရာကေန ထြက္သြားေနသည့္ လူႀကီးေနာက္ ေျပးကာလိုက္ရေတာ့သည္။
ဟာ႐ြန္းလည္း လူႀကီးကို သိပ္သိပ္ခ်စ္ပါသည္။
.
"အာ...ေရာက္လာၿပီလား..ယြန္ဂီရွီးလ္...
ဝင္သြားလိုက္ပါ...ဟာ႐ြန္းက ေဆးတိုက္ထားေတာ့ အိပ္ေပ်ာ္ေနတာ နည္းနည္းေတာ့ၾကာၿပီ...."
"ေက်းဇူးပါ ကြၽန္ေတာ္မရွိတုန္း ကေလးကို ဂ႐ုစိုက္ထားေပးလို႔.."
"ရပါတယ္..."
ယယ္ဂ်င္း ယြန္ဂီအား ျပန္လည္ၿပဳံးျပကာ အခန္းေရွ႕မွ ထြက္ခဲ့ေတာ့သည္။
ဟာ႐ြန္း၏ လူႀကီးေရာက္လာမွေတာ့ သူမလည္း အခန္းအသစ္ ငွားကာ ေနေတာ့မည္။
အတြဲေတြၾကားထဲ ဝင္မရႈပ္ခ်င္ပါ...
ယြန္ဂီ အခန္းတံခါးအားဆြဲဖြင့္ကာ ဝင္လိုက္ေတာ့ တိတ္ဆိတ္ေနသည့္အခန္းအျပင္ တေဝါေဝါ တိုက္ေနသည့္ ေလတို႔က သူ႕အား ႏႈတ္ဆက္၏။
မျဖစ္ေသး...။ ဒီကေလး ေနမေကာင္းပါဘူးဆိုမွ ျပတင္းေပါက္ႀကီး ဖြင့္ထားေသးတာလား။
အစက ကုတင္ဆီ ဦးတည္ထားသည့္ ယြန္ဂီ့ ေျခလမ္းေတြဟာ အခုေတာ့ ေလျပည္ေတြ တိုက္ခတ္ေနသည့္ ျပတင္းေပါက္ဆီ လွည့္သည္။
ထို႔ေနာက္ ပ်ံ့လြင့္ေနသည့္ လိုက္ကာ စတို႔အား သူဆြဲယူကာ ျပတင္းေပါက္တံခါးအား ဆြဲယူၿပီး ပိတ္ဖို႔လုပ္သည္။
"အဲ့တာ..မပိတ္နဲ႕...."
အသံေဖ်ာ့ေဖ်ာ့ေလး၏ ေစခိုင္းခ်က္အရ
ယြန္ဂီ ပိတ္ေတာ့မည့္ ျပတင္းေပါက္အား ဒီအတိုင္း ထားခဲ့ကာ ကုတင္ဆီသို႔ ေျခလမ္းေတြ လွမ္းလာရင္း ကုတင္ေပၚ ဝင္ထိုင္လိုက္သည္။
"ဒီဘက္လွည့္ပါအုံး ကေလးရဲ႕..."
"ဟင့္အင္း..."
သူ ကုတင္ေပၚထိုင္ေနသည့္ တိုင္ သူ႕ဘက္ တစ္ခ်က္မလွည့္လာသည့္ ဟာ႐ြန္းက ေသခ်ာေပါက္သူ႕ကို စိတ္ေကာက္ေနတာပင္။
"စိတ္ေကာက္ေနတာသိတယ္...ေခ်ာ့လည္းေခ်ာ့မယ္...အခုေတာ့ ဒီဘက္လွည့္ ကိုယ္ပူေနေသးလား ကိုယ္စမ္းမယ္..."
"သြားပါ...အခုမွ လာၿပီး စိတ္ပူမေနနဲ႕....
ဆိုးလ္ ကိုသာ ျပန္ၿပီး အမႈေတြကိုသာ ဂ႐ုစိုက္ေနလိုက္"
႐ြဲ႕သလို ခနဲ႕စြာ ေျပာလာသည့္ ကေလးေလးစကားေတြကို ယြန္ဂီ ေဗြမယူပါ။
ဒီကေလးစိတ္ေကာက္ရင္ ဒီလိုေျပာေနၾကဆိုတာ သူအသိဆုံးပင္။
"လာ..ထ! မ်က္ႏွာေလးျပပါအုံး..."
"ဟာ..ဖယ္ေပး အဖ်ားေတြကူးကုန္မယ္.."
သူ႕ဘက္ လွည့္မလာသည့္အဆုံး ယြန္ဂီ ဟာ႐ြန္း၏ ခါးသြယ္သြယ္ေလးအား ဆြဲမကာ သူ႕ေပါင္ေပၚတင္၍ ထိုင္ေစသည္။ ဟာ႐ြန္း လူႀကီးက တြန္းထုတ္၍ လည္းမရပါ။
"အင္း...မပူေတာ့ဘူးပဲ...ေနရတာေရာ..ဘယ္လိုေနေသးလဲ..."
"ႏုံးတယ္..."
စကားကို အရင္လို စြာေတးလန္မေျပာေတာ့ပဲ
သူ႕ပုခုံးထက္ ေခါင္းေလးမွီကာ ေျပာေနသည့္ ကေလးအား ၾကည့္ကာ ယြန္ဂီ စိတ္မေကာင္းျဖစ္ရသည္။
သူသာ အစကတည္းက ဒီခရီးကို လိုက္ပါခဲ့ရင္ သူ႕ကေလး အခုလို ေနမေကာင္းျဖစ္မွာမဟုတ္။
အခုေတာ့ သူ မပါလာသည္ႏွင့္ ကေလးဆိုးေလးက ေရေတြ အေတာ္ၾကာကူး၊ ညဘက္
ဂ်ယ္ဂ်ဴ ပင္လယ္ျပင္မွာ ေလညင္းထြက္ခံတာ မ်ားသြားေတာ့ ဖ်ားကာ အိပ္ရာထဲ လွဲေတာ့သည္။
"ဘာစားခ်င္လဲ? ကိုယ္ဘာလုပ္ေပးရမလဲ
ကေလး.."
"လူႀကီးနဲ႕ ဒီတိုင္းပဲ ေနမယ္..."
ေျပာကာ သူ႕ဂုတ္ပိုးအား ပို၍ တင္းကာဖက္ထားသည္။
"ဟုတ္ပါၿပီဗ်ာ..."
"လြမ္းေနတာ...လူႀကီး..ကို"
အဖ်ားသံဟာ တုန္ယင္သြားသည္ကို ယြန္ဂီ ၾကားလိုက္ေတာ့ စိတ္ပူစြာ ခ်က္ခ်င္းပင္
ကေလး၏ မ်က္ႏွာကို ဆြဲယူသည္။
ကေလးဆိုးေလးက ေခါင္းမာလြန္းစြာ အားသုံး၍ ဖက္တြယ္ထားေတာ့ သူပါ အားသုံး၍ မ်က္ႏွာေလး ျမင္ရေအာင္ ျပဳလုပ္ရသည္။
"ငိုေနတာလား ကေလး..."
"မဟုတ္ပါဘူး..."
"မလိမ္နဲ႕ ကေလး.....ကိုယ့္ကေလး အမ်ားႀကီးပင္ပန္းေနတာပဲ....စိတ္ခ် ေနာက္ဆို ကိုယ္ ကေလးအနားမွာပဲ ေနၿပီး ကေလးကိုပဲ ဂ႐ုစိုက္မယ္...ကေလးကိုပဲ ခ်စ္မယ္....
အခုလို ဝမ္းနည္းေစရေတာ့ဘူး ကေလး...
ခ်စ္တယ္.."
ဟာ႐ြန္း စကားျပန္ေျပာ ခ်ိန္ပင္ မရလိုက္။
စကားဆုံးသည္ႏွင့္ ဟာ႐ြန္း ႏႈတ္ခမ္းသားေလးအေပၚ က်ေရာက္လာသည္က ယြန္ဂီ့ ႏႈတ္ခမ္းလုံးလုံးေလးေတြ။
ႏွစ္ဦးသား အျမတ္တနိုးႏွင့္ ျဖည္းျဖည္းခ်င္း အနမ္းေတြျခယ္လွယ္ရင္း ခ်စ္ျခင္းေတြ အတူပုံေဖာ္ၾကသည္။
အသက္ရႉ ၾကပ္လာေတာ့မွ ယြန္ဂီ အနမ္းတို႔အား ရပ္တန့္ၿပီး နဖူးေပၚ အနမ္းေႁခြကာ ခ်စ္ျခင္းေတြ ကို ထပ္မံ ဝန္ခံျပန္သည္။
"ဒီကေန ျပန္ရင္ ကိုယ္တို႔..."
"အင္း.."
"ေဘဘီ ေလးေတြ ယူၾကရေအာင္.."
"အမ္...ဘယ္လို.."
"ဒါမွမဟုတ္...ဒီမွာပဲ ယူၾကမလား.."
"မယူ...မဟုတ္..အဲ! လူႀကီး"
ခ်က္ခ်င္းပင္ ဟာ႐ြန္းအား ေပါင္ေပၚမွခ်ကာ အိပ္ရာထက္ လွဲခ်ၿပီး အေပၚမွ အုပ္မိုးလာသည့္ ယြန္ဂီ။
"ကေလး...ခ်စ္တယ္.."
"မဟုတ္...အ! ဟာ႐ြန္း ေနမေကာင္းဘူး.."
တားျမစ္သံမွာ အားမပါေတာ့ လူႀကီးဟာ သူ႕စိတ္ႀကိဳက္အနမ္းေတြ စြန့္ႀကဲရင္း ရင္ခုန္စရာေတြ ဖန္တီးေတာ့သည္။
တစ္ဖက္သတ္ ခ်စ္ျခင္းေတြဟာ
လွပလို႔ေနခဲ့သည္။
ထပ္တူ က်တဲ့ ခ်စ္ျခင္းေတြဟာ ခ်ိဳျမန္ရင္း ၾကည္ႏူး မႈ အျပည့္ျဖင့္ ပုံေဖာ္နိုင္ခဲ့သည္။
အၿမဲတမ္း တစ္သက္လုံးစာ လူႀကီး၏ ရင္ခြင္၌သာ ခိုလႈံသြားမည္။
ခ်စ္တယ္ လူႀကီး ....♡ ။
••••••••••••
THE END
LetsDrink_Cappuccino