ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

257K 22.7K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၆
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၁၇

5.1K 484 21
By morA_nyein

ႏွစ္ရက္ေျမာက္သို႔ ေရာက္ရိွသြားခဲ့ၿပီ ။

မနက္မိုးလင္းခါက စလို႔ အနားမွာ ေပ်ာ္႐ႊင္ေနတဲ့ သိုးေပါက္ေလးကို မေတြ႕မိသည္မွာ နွစ္ရက္ရိွၿပီ ။ အနားမွာလည္း သနပ္ခါးနံ႔ေလး မေမႊးပ်ံ႕ေနသည္မွာ နွစ္ရက္ရိွၿပီ ။ ၿမိဳင့္ကို ညိဳေလး ေရွာင္ဖယ္ေနသည္္မွာ နွစ္ရက္ရိွၿပီ ။ ထိုသို႔ မေတြ႕မိတာ အေတာ္ၾကာေနၿပီဆိုကာမွျဖင့္ မၾကည့္လိုက္ရတဲ့ ဘိုင္စကုပ္လက္မွတ္နွစ္ေစာင္ကို ၿမိဳင္ သတိရမိသြားေပသည္ ။

ထိုအခါမွ ညိဳေလး စိတ္ေကာက္ေနသည္ကို ၿမိဳင္ သိလိုက္ရသည္ ။ ဟိုအရင္တစ္ေခါက္ကလည္းဟညိဳေလးဟာ ထိုသို႔ ေရွာင္ဖယ္ကာ အနားကို မလာျခင္းျဖင့္ ၿမိဳင့္ကို စိတ္ေကာက္ဖူးခဲ့သည္ ။ ယခုလည္း ထိုနည္းအတိုင္း စိတ္ေကာက္ေနၿပီ ။

ၿမိဳင္ကေတာ့ ထင္ေကာင္းထင္ပါလိမ့္မည္ ။ ဘိုင္စကုပ္ မၾကည့္ရလို႔ ေကာက္ေနသည္ ဆိုတာကိုေပါ့ ။ သို႔ေသာ္ ထိုအခ်င္းအရာတစ္ခုေၾကာင့္ ေကာက္ေနသည္မဟုတ္ ။ ႏြားသူေဌးကိုဘတင္ နဲ႔ ၿမိဳင့္ရဲ႕ အျပဳအမူေတြကို မႀကိဳက္၍ စိတ္မခ်မ္းမသာနဲ႔ စိတ္ညစ္ေနသည္ဆိုတာကိုေတာ့ ညိဳေလးကလြဲ၍ မည္သူမ်ွ သိသည္မဟုတ္ ။ သိနိုင္မည္ မဟုတ္ ။

မွန္တင္ခံုေပၚမွာ ထိုင္ေနေသာ မမၿမိဳင္ဟာ ဘိုင္စကုပ္ လက္မွတ္နွစ္ေစာင္ နဲ႔ ၅ ျပားေစ့ေလးကို ယွဥ္တြဲကာၾကည့္၍ ေငးငိုင္ေနမိသည္ ။ လက္ကို ခံုေပၚတင္လို႔ ေမးေထာက္ကာျဖင့္ ေလကိုဝဝရွဴသြင္းလိုက္ၿပီး သက္ျပင္းတစ္ခ်က္ ခ်လိုက္မိသည္ ။

ျပတင္းဝမွ ျဖတ္သန္းလာေသာ ေဆာင္းေလတျဖဴးျဖဴးကလည္း ၿမိဳင့္ရဲ႕မ်က္နွာျပင္ထက္ လာတိုက္ခိုက္ေနရွာသည္ ။ ျပတင္းဝကျမင္ေနရေသာ မနက္ခင္းပန္းခ်ီကို သူမ ေငးၾကည့္ေနျပန္သည္ ။ ျမဴခိုးေတြ ေဝ့ဝဲေနေသာ ေလထုထဲမွာ ၿမိဳင္ဟာ ရုပ္နဲ႔နာမ္ ကြဲကြာခ်င္လာၿပီ ။ သို႔ေပတည္း ဦးေနွာက္ထဲမွာေတာ့ ညိဳေလးဟာ ေနရာအျပည့္ယူထားသည္ ။ ဒီအျဖစ္အား ၿမိဳင့္ရဲ႕ နွလံုးသားဟာ လက္မခံေပ ။

" သိုးေပါက္ ။ ဒီသိုးေပါက္က ငါ့ဆီကို မလာျပန္ဘူး ။ ေကာက္ ေကာက္ ။ ေခ်ာ့ကို မေခ်ာ့ဘူး ။ ပစ္ထားဦးမွာ ။ ဟြန္႔ ။ "

ဆိုကာျဖင့္ စားပြဲေပၚက အေႂကြေစ့နဲ႔ ဘိုင္စကုပ္လက္မွတ္နွစ္ေစာင္ကို ေသတၱာဗူးထဲသို႔ ေစာင့္ေစာင့္ေအာင့္ေအာင့္ျဖင့္ ထည့္လိုက္သည္ ။ မမၿမိဳင္ဟာ ကေလးလို ျဖစ္ေနရွာသည္ ။ ငယ္႐ြယ္စဥ္က မရရိွခဲ့တဲ့ ငယ္႐ြယ္မႈအတိုင္း သူမကိုယ္တိုင္ကပါ စိတ္ဆိုးမိေနသည္ ။

ဆံပင္ကို အသာသတ္ၿပီး အက်ႌစအား အက်အနျဖစ္ေအာင္ ဆြဲခ်လိုက္သည္ ။ ၿပီးေနာက္ နႈတ္ခမ္းကို ဘယ္ညာလႈပ္ယမ္းလိုက္ၿပီး ထိုင္ရာမွ ထလိုက္သည္ ။ အခန္းတံခါးဆီသို႔ ေလ်ွာက္လွမ္းသြားသည့္ၿမိဳင္ဟာ ခမ္းနားစြာ လွပေနသည္ ။

အခန္းအျပင္သို႔ ထြက္ၿပီးသည္နွင့္ ၿမိဳင္ဟာ ေလွကားဆီသို႔ ဦးတည္သြားသည္ ။ နွစ္ဖက္ခြဲေလွကားစံုကာေနရာသို႔ မေရာက္မွီ အိမ္ေရွ႕အဝင္ဝမွာလာေသာ စကားေျပာသံတစ္ပိုင္းတစ္စကို ၾကားေနရပါသည္ ။

" မမေလးေနာ္ ။ နို႔ထြက္နို႔ ။ အားႀကီးေကာင္းတယ္ ။ "

စင္စစ္ဧကန္ပင္ နို႔ပို႔ကုလားေလး၏ အသံျဖစ္သည္ ။ ညိဳေလးကိုပါ ေတြ႕မိသည္ေၾကာင့္ ၿမိဳင္ဟာ နားစြင့္မိေသးသည္ ။

" အားႀကီးေကာင္းရင္ ၿပီးတာပဲ ။ ကြၽန္မလည္း လမ္းမႀကံဳလို႔ ရွင့္ဆိုင္ကို မဝင္ျဖစ္တာ ။ အခုလို လိုက္ေရာင္းေတာ့ အဆင္ေျပရၿပီေလ ။ "

" အဆင္ေျပတယ္ေနာ္ ။ ဝမ္းသာတယ္ ။ ဆိုင္လာဝယ္တယ္ေနာ္ ။ ေရာင္းလိုက္မယ္ ။ မမေလး လမ္းမႀကံဳဘူးေနာ္ ။ လာပို႔မယ္ ။ "

" ေက်းဇူးပဲ ေက်းဇူးပဲ ။ အခုေတာ့ အရင္ပုလင္းအခြံေတြယူသြားေပေတာ့ ။ "

ေျပာၿပီး ညိဳေလးဟာ သူမလက္ထဲက ပုလင္းအခြံေတြအား နို႔ပို႔ကုလားေလးကို လွမ္းေပးလိုက္ေပသည္ ။ ၿပီးေနာက္ အေႂကြေစ့ေတြကို ထုတ္ကာေပးသည္ ။ နို႔ပို႔ကုလားေလးလည္း အေႂကြေစ့ေတြကို လက္ဖဝါးေပၚမွာ တစ္ခုခ်င္းေရတြက္ရင္း ။

" ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ ေက်နပ္ၿပီ မမေလးေနာ္ ။ သြားၿပီ သြားၿပီ ။ "

" သြားပါ သြားပါ ။ "

နို႔ပို႔ကုလားေလးလည္း ထြက္သြားေပသည္ ။ မမၿမိဳင္ဟာ အနည္းငယ္မ်ွ မသိမသာၿပံဳးမိသည္ ။ ထိုအခ်ိန္ ညိဳေလးဟာ ေဘးၾကမ္းျပင္ေပၚမွာခ်ထားေသာ ႏြားနို႔ပုလင္းနွစ္လံုးကို တစ္ဖက္တစ္ခုစီ ေကာက္ကိုင္လိုက္ၿပီး ေလွကားဘက္ဆီသို႔ အမွတ္မထင္ လွမ္းၾကည့္မိသည္ ။

သူမအား ေခ်ာင္းၾကည့္ေနဟန္႔ျဖစ္ေနသည့္ မမၿမိဳင္ကို ျမင္သြားေတာ့သည္ ။ မမၿမိဳင္ရဲ႕ မသိမသာၿပံဳးေနေသာ မ်က္နွာေလးဟာ ခ်က္ခ်င္းတည္သြားကာျဖင့္ သူခိုးလူမိသလို ေလွကားလက္တန္းအား လက္နဲ႔အသာပြတ္ေနေတာ့သည္ ။

ဒုကၡပါပဲေနာ္ ။
ျမင္သြားတာလား မသိဘူး ။

ရွက္ကိုးရွက္ကန္းနဲ႔ ေလွကားကို ကိုင္ေနရင္း နွင့္ ...

" ေဒၚႏုတို႔ကလည္း ေလွကားကို ေျပာင္ေအာင္သုတ္မထားဘူး ။ အို တကယ္ပါပဲေနာ္ ၾကည့္စမ္းပါဦး ။ ဖုန္ေတြႀကီးပဲ ။ "

ေလွကားေအာက္မွာရိွေသာ ညိဳေလးကို မသိမသာ ခိုးၾကည့္မိျပန္ၿပီ ။ ညိဳေလးကေတာ့ ၿမိဳင့္ကို ရုပ္တည္တည္နဲ႔ ၾကည့္ေနရင္းမွ ခ်က္ခ်င္းဆိုသလို ခ်ာခနဲလွည့္ကာ မီးဖိုေခ်ာင္ရိွရာဆီသို႔ သြားေပေတာ့သည္ ။

ထိုအခါမွ မမၿမိဳင္မွာ ေလွကားလက္ရန္းကို တင္းၾကပ္စြာ စုပ္ကိုင္ၿပီး သက္ျပင္းခ်မိေတာ့သည္ ။

" ဘုရား ဘုရား ။ "

ထိုသို႔သက္ျပင္းခ်ၿပီး ခဏအၾကာမွာ မမၿမိဳင္ဟာ ေလွကားမွဆင္းဖို႔အလုပ္ ရုတ္တရက္ႀကီး ညိဳေလးကိုလွမ္းျမင္လိုက္ေတာ့သည္ေၾကာင့္ ဆင္းမယ့္ေျခလွမ္းမ်ား ယိုင္ေခြက်သြားေလေတာ့သည္ ။ ညိဳေလးကေတာ့ မမၿမိဳင္ကို တစ္ခ်က္ပင္မၾကည့္ ။ လက္ထဲက ဇေကာအေသးေလးကိုကိုင္ၿပီး ကတၱီပါဖိနပ္ထုတ္စီးလို႔ စံအိမ္ေတာ္အျပင္ဘက္ကို ထြက္သြားပါသည္ ။ ဒါ့ေၾကာင့္ မမၿမိဳင္မွာ ဘယ္လိုဂယက္ထေနသလဲ ညိဳေလး မသိပါ ။ စိတ္ေကာက္ေနသည္ မဟုတ္လား ။ ဘယ္သိခ်င္မလဲ ။

မမၿမိဳင္ဟာ ေလွကားလက္ရန္းကို ကိုင္ထားရင္း မ်က္လံုးေတြမွိတ္ကာျဖင့္ ထြက္ေလဝင္ေလတို႔အား တဖူးဖူးနဲ႔ အသက္ရွဴေနျပန္ေတာ့သည္ ။

" ေတာ္ေတာ္ဆိုးတဲ့ မိန္းမပါလား ။ အၾကည့္ေတြက နဂါးမီးေတာက္လိုပဲ ။ လူမွာ ျပာေတာင္ ျဖစ္ေတာ့မယ္ ။ ေၾကာက္ေတာင္ ေၾကာက္လာၿပီ ။ "

တစ္ေယာက္တည္းစကားေတြေျပာရင္း ေလွကားမွဆင္းလာခဲ့ေတာ့သည္ ။ အိမ္ေရွ႕တံခါးဝ၌ ေသသပ္စြာ ထားထားေသာ ဖိနပ္စင္မွ အိမ္တြင္းစီး ကတၱီပါဖိနပ္အနက္ကို ယူကာစီးေတာ့သည္ ။

အိမ္အျပင္သို႔ထြက္ၿပီး မီးလံုးမ်ားတပ္ဆင္ထားေသာ အိမ္ေရွ႕စင္ဝင္ေအာက္မွာ လက္ပိုက္လို႔ မတ္တပ္ရပ္မိသည္ ။ အေရွ႕တည့္တည့္ရိွ အမိုးပါေသာ အေဆာက္အအံုထဲရိွ စားပြဲမွာ ထိုင္ေနေသာ ညိဳေလးကို လွမ္းေတြ႕မိေတာ့သည္ ။

ဇေကာထဲက စံပယ္ပန္းေတြကို တစ္ပြင့္ခ်င္းယူကာျဖင့္ အပ္ခ်ည္ႀကိဳးထိုးထားေသာ အပ္နွင့္ သီေစေနေတာ့သည္ ။ ထိုအျပဳအမူသည္ ၿမိဳင့္ရဲ႕ရင္ထဲ ေအးခ်မ္းသြားေစသည္ ။ ၿမိဳင္ သတိမထားမိေသာ အခိုက္အတန္႔ ။ တီးတိုးစြာျဖင့္ ။

" ဒီစံပယ္ေတြက ငါ့အတြက္ပဲ ျဖစ္မွာေပါ့ကြယ္ ။ "

ဒုတိယအႀကိမ္ေျမာက္ စိတ္ႀကီးဝင္မိျခင္းျဖစ္သည္ ။ ေျခတစ္လွမ္းကုေဋတစ္သန္းနဲ႔အညီ ညိဳေလးရိွရာ အေဆာက္အအံုဆီသို႔ ႂကြႂကြယြယြေလး ေလ်ွာက္လွမ္းသြားျပန္သည္ ။ အနားသို႔ ေရာက္လာသည္နွင့္ ညိဳေလးဟာ လွမ္းၾကည့္သည္ ။ ဒီတစ္ခါေတာ့ ၿမိဳင္တို႔ ေျခလွမ္းေတြ မယိုင္မိေတာ့ ။ ယံုၾကည္ခ်က္ ရိွေနေပသည္ ။

ရာသီဥတုကလည္း ေဆာင္းေလေအးမ်ားၾကားမွာ သာယာသလိုဟန္ရိွသည္ ။ အေဆာက္အအံုထဲကို ဝင္သြားသည္နွင့္ ညိဳေလးထိုင္ရာခံုမွာသာ ထိုင္လိုက္သည္ ။

ညိဳေလးဟာ ၿမိဳင့္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႔အလုပ္သူျပန္လုပ္ေနသည္ ။ ဒါကို မမၿမိဳင္ဟာ မေက်နပ္နိုင္ပါ ။ သူမကို ဂရုမစိုက္သည့္ ညိဳေလးကို မေက်နပ္နိုင္ပါ ။ ဒီအေျခအေနမ်ိဳးကို သူမ မေက်နပ္နိုင္ပါ ။

" စံပယ္ေတြက ေဖြးေနတာပဲ ေနာ္ ။ "

" ..... "

" ေမႊးေနမွာပဲ ။ "

" ..... "

ၿမိဳင့္ကို ဘာစကားတစ္ခြန္းမွ မေျပာဘဲ မ်က္လံုးနဲ႔သာ ၾကည့္ၾကည့္ၿပီး စံပယ္ေတြကိုသာ ဆက္သီေနပါသည္ ။

မမၿမိဳင္ဟာ ဇေကာထဲရိွ စံပယ္တစ္ခက္ကို ယူလိုက္ၿပီး နွာေခါင္းဝမွာေတ့ကာ အသာေမႊးႀကိဳင္ကာျဖင့္ မသိမသာ ၿပံဳးမိေတာ့သည္ ။ သင္းသင္းပ်ံ႕ပ်ံ႕ ေမႊးႀကိဳင္လာေသာ စံပယ္ရနံ႔သာ ဦးေနွာက္တစ္ခုလံုးသာမက ရင္ခြင္တစ္ခြင္ပါ ၾကည္လင္သြားေစသည္ ။ ညိဳေလးမွာေတာ့ျဖင့္ သူမအား ဂရုမစိုက္သည့္ဟန္ျဖင့္ စံပယ္ေတြကို ဆက္သီေနသည္ ။

" ဒီစံပယ္ေတြက တို႔အတြက္ မဟုတ္လား ဟင္ ။ "

စိတ္လႈပ္ရွားစြာျဖစ္ေစခဲ့သည့္ ေမးခြန္းေလးေၾကာင့္ ညိဳေလး စိတ္ေကာက္ေနသည္မွာ ၃ပံု ၂ပံု ေလာက္ေတာ့ စိတ္ေကာက္ေျပခဲ့ၿပီ ။ သို႔ေပတည္း က်န္တဲ့တစ္ပံုအတြက္ ဆက္ေကာက္ေနမွ ျဖစ္ပါမည္ ။

" တို႔အတြက္ မဟုတ္လား လို႔ ။ "

" မဟုတ္ပါဘူး ။ "

" ဟင္ ။ ေျပာေတာ့ကာျဖင့္ ဒီစံပယ္ရံုက တို႔အတြက္ပါဆို ။ အခုက် ဘာလို႔ဒီစံပယ္ေတြက တို႔အတြက္ မဟုတ္ရသလဲ ေျပာစမ္းပါဦး ။ ေျပာ ေျပာ ။ "

" ဒီစံပယ္ရံုက မမၿမိဳင္အတြက္ဆိုေပမယ့္ ကြၽန္မ ပ်ိဳးထားတဲ့စံပယ္ရံုပါေနာ္ ။ ဒီ့အတြက္ ကြၽန္မမွာ မမၿမိဳင္ကိုမွ မဟုတ္ဘူး ။ ဘယ္သူ႔ကိုမဆို ပန္ေပးပိုင္ခြင့္ ရိွတယ္ ။ "

စင္စစ္ဧကန္ ဒီစံပယ္ေတြကို မမၿမိဳင္အတြက္ သီေနျခင္းျဖစ္သည္ ။ သို႔ေပတည္း စိတ္ေကာက္ေနသည့္ တစ္ပံုအတြက္ ၿမိဳင့္ကို အေလ်ာ့မေပးခ်င္ေသးေၾကာင္းပါ ။

ညိဳေလးရဲ႕ စကားေၾကာင့္လည္း ၿမိဳင္သည္ အေတာ္ေလးကို စိတ္ဆိုးေဒါသထြက္မိသြားေတာ့သည္ ။ စံပယ္ခက္ကို ဇေကာထဲသို႔ ပစ္ခ်ၿပီး လက္ကိုပိုက္ကာျဖင့္ မ်က္နွာစူပုတ္ေနျပန္သည္ ။ ညိဳ႕ကိုလည္း လွည့္၍ပင္ မၾကည့္ေတာ့ပါ ။ စံပယ္ရံုကိုသာ ၾကည့္ေနမိေတာ့သည္ ။ စံပယ္ဖူးမ်ားမွလြဲလို႔ က်န္ေသာ စံပယ္ပန္းပြင့္မ်ားကို မေတြ႕ရေတာ့ပါ ။ အဘယ္ေၾကာင့္ဆိုေသာ စံပယ္ပန္းပြင့္မ်ားဟာ ညိဳေလး၏ ဇေကာထဲသို႔ ေရာက္ေနေသာေၾကာင့္ပင္ ျဖစ္ပါသည္ ။

ညိဳေလးဟာ စံပယ္ပန္းတစ္ပြင့္ကို ယူလိုက္ၿပီး ၿမိဳင့္ရဲ႕နား႐ြက္အေနာက္သို႔ ထိုးပန္ေပးလိုက္ေတာ့သည္ ။ ရုတ္တရက္ မထင္ထားတဲ့ အျပဳအမူေၾကာင့္ ၿမိဳင္ဟာ ညိဳေလးအား လွည့္ၾကည့္မိသည္ ။ ညိဳ႕ရဲ႕ မ်က္ဝန္းေတြဟာ တစ္ခုခုကို ေျပာခ်င္ေနသလိုမ်ိဳး ေလးနက္ေနသည္ ။ သို႔ေပမယ့္ ၿမိဳင္မွာ ဒီမ်က္ဝန္းေတြကို အေျဖမရွာတတ္ေပ ။

" က်ိန္းေသေပါက္ ဒီစံပယ္ေတြက မမၿမိဳင္အတြက္ပဲေလ ။ ေနပဲ ပူပူ ။ မိုးပဲ ႐ြာ႐ြာ ။ နွင္းပဲ က်က် ။ ရာသီဥတုေတြ ေျပာင္းလဲသြားေပမယ့္ ။ ဒီစံပယ္ရံုမွာ လွလွပပပြင့္ေနတဲ့ စံပယ္ပန္းေတြက မမၿမိဳင္အတြက္ပဲဆိုတာေတာ့ ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ဘူး ။ "

ညိဳေလးဟာ မမၿမိဳင္၏ နားသယ္စက ဆံႏြယ္ေတြကို အသာသပ္ယူလိုက္ၿပီး စံပယ္ပန္းေလးအား လွပေစခဲ့ေတာ့သည္ ။ မ်က္ဝန္းအၾကည့္ေတြဟာ လက္လွမ္းမမွီ ၊ ဉာဏ္ရည္မမွီေသးတဲ့ ဦးေနွာက္နဲ႔ ဖတ္ၾကည့္ေနမိတဲ့ စာအုပ္တစ္အုပ္လိုပါပဲ ။ ေလးနက္မႈသာရိွေနၿပီး အဓိပၸါယ္ကို ေကာင္းေကာင္းနားမလည္ ။ မသိခဲ့ ။

" မမၿမိဳင္က စံပယ္ပန္း ပန္ထားရင္ သိပ္လွတာပဲ ။ ဒါေပမယ့္ မမၿမိဳင္ရဲ႕အလွကိုေတာ့ ဒီစံပယ္ေတြ မမွီဘူး ရွင့္ ။ "

ညိဳေလးဟာ ၿပံဳးေပ်ာ္ကာျဖင့္ စံပယ္ပန္းမ်ားကို ဆက္သီေနေတာ့သည္ ။ ၿမိဳင္ကေတာ့ျဖင့္ အခုန္ျမန္ေနတဲ့သူမရဲ႕ ရင္ခုန္သံကို လက္နဲ႔နားမေထာင္ၾကည့္ရံုတစ္မယ္သာပင္ ။ ဒီရင္ခုန္သံကို ညိဳေလးၾကားသြားမွာ သူမ အေတာ့္ကိုစိုးရိမ္ေနရွာသည္ ။

ေႏြးေထြးမႈေတြ ေထြးေပြ႕ထားတဲ့ ညိဳေလးဆီမွာ ခိုနားခ်င္စိတ္ျဖစ္မိေနသည္ ။ ညိဳေလးနဲ႔ရိွေနရင္ သူမ ေပ်ာ္ရမည္ ။ လံုၿခံဳရမည္ဟု ခံစားမိေနသည္ ။ ဒါေပမယ့္ သူမရဲ႕ မူမမွန္ျဖစ္ေနတဲ့စိတ္ကို ေပ်ာက္ေစရန္အတြက္ မ်က္လံုးေတြကို ဆက္တိုက္ဆက္တိုက္ မွိတ္သည္တစ္ခ်က္ ဖြင့္သည္တစ္ခ်က္ လုပ္ေနမိေတာ့သည္ ။

နား႐ြက္နားမွာ စံပယ္ပန္းရိွသည္ကို သူမ ခံစားမိသည္ ။

" ဒီစံပယ္ေတြ သီၿပီးသြားရင္ မမၿမိဳင္ကို ကြၽန္မ ပန္ေပးမယ္ေနာ္ ။ "

ညိဳေလးမွာ ေပ်ာ္ေနရွာသည္ ။ သူမ စိတ္ေကာက္သည္တိုင္း မမၿမိဳင္ဟာ သူမအနားကိုေရာက္လာလို႔ ၾကည္ႏူးမိရသည္ ။

ထိုအခ်ိန္ သီရိၿမိဳင္ၿခံဝန္းထဲသို႔ ျမင္းလွည္းတစ္စည္းဝင္လာခဲ့သည္ ။ ျခဴသံနဲ႔ ျမင္းခြာသံမ်ားဟာ သီရိၿမိဳင္ၿခံထဲမွ ျပန္႔က်ဲသြားသည္ ။ စံအိမ္ေတာ္အေရွ႕သို႔ ျမင္းလွည္းရပ္လိုက္သည္နွင့္ ျမင္းဟီသံမွာ ျမည္ဟီးလာေတာ့သည္ ။

ၿမိဳင္နွင့္ညိဳေလးဟာ ျမင္းလွည္းထဲက ဘယ္သူဘယ္ဝါမွန္း မသိတာေၾကာင့္ ထိုလူမထြက္လာမခ်င္း စိတ္ဝင္တစားၾကည့္ေနပါေတာ့သည္ ။

ျမင္းလွည္းတံခါးဖြင့္သြားသည္နွင့္ မီးပူထိုးထားေသာ တိုက္ပံု လံုခ်ည္တို႔ကို ေကာ့ေက်ာ့ေနေအာင္ ဝတ္ထားၿပီး ေယာက္်ားစီးညႇပ္ဖိနပ္နွင့္ သြယ္လ်လ်ေျခေခ်ာင္း ေျခဖမိုးတို႔ဟာ ရုပ္ရည္ရူပကာ ခန္႔ညားလွတဲ့ ႏြားသူေဌးကိုဘတင္ဟာ ျမင္းလွည္းေပၚမွ ဆင္းလာေပေတာ့သည္ ။

" ဟယ္ ႏြားသူေဌး ။ "

ၿမိဳင္ဟာ ႏြားသူေဌးကိုဘတင္ဆီသို႔ ေျပးသြားသည္ဟုထင္ေယာင္မိေသာ ေျခလွမ္းေတြနဲ႔ သြားေတာ့သည္ ။ ၿမိဳင္ဟာ ကိုဘတင္အနားသို႔ေရာက္သည္နွင့္ ျမင္းလွည္းဆရာဟာ ျမင္းကို က်ိန္တို႔လိုက္သည္ေၾကာင့္ ျမင္းလွည္းမွာ သီရိၿမိဳင္ၿခံဝန္းထဲမွ ထြက္ရန္ တစ္ပတ္ပတ္သြားေတာ့သည္ ။

" မေန႔ကလာမယ္လို႔ တယ္လီဖုန္းဆက္ထားၿပီး မလာမိလို႔ အခုေတာင္းပန္တဲ့အေနနဲ႔ လာခဲ့တာ ။ "

" အမေလး ေမ်ွာ္ေတာင္ေယာင္ျဖစ္ရတာ လည္ပင္းေတာင္ ရွည္ပါတယ္ေနာ္ ။ သစ္ကုလားအုတ္နဲ႔ သူငယ္ခ်င္းေတာင္ မဟုတ္ေတာ့ဘူး ။ ေဆြမ်ိဳးေတြေတာင္ ျဖစ္ေနၿပီ ေတာ္ရဲ႕ ။ "

" ဒါ့ေၾကာင့္ အားနာလိုက္ရတာ ၿမိဳင္ရယ္ ။ ဒီမွာ ၿမိဳင့္အတြက္ ေ႐ႊမ်က္မွန္ႀကီး အပါးေတာ္လိုက္တဲ့ ထိုးမုန္႔ေတြ ။ "

ၿမိဳင္ဟာ ထုတ္ပိုးထားေသာ ထိုးမုန္႔ဗူးကို လွမ္းယူလိုက္ေတာ့သည္ ။

" ၿမိဳင္ ဘယ္ေတြသြားစရာရိွလဲ ။ "

" အခုအသစ္ထြက္ထားတဲ့ ပိတ္စေတြ သြားေ႐ြးမလားလို႔ေလ ။ အရမ္းေနာက္က်သြားရင္ ပိတ္ေတြ ေရာင္းကုန္သြားမွာ ။ ဝန္ကေတာ္ေတြရဲ႕ လက္ခ်က္နဲ႔ ဆိုင္တစ္ဆိုင္လံုး ေျပာင္မွာပဲ ။ "

" ဒါျဖင့္ရင္ အခု သြားမလား ၿမိဳင္ ။ "

" အင္း ။ ေကာင္းသား ေကာင္းသား ။ တို႔ အဝတ္သြားလဲလိုက္ဦးမယ္ ။ စံအိမ္ထဲမွာ ခဏေစာင့္ေခ်ဦး ။ "

ဟု ေျပာၿပီး ၿမိဳင္ဟာ သီရိၿမိဳင္စံအိမ္ထဲသို႔ ဝင္သြားေပေတာ့သည္ ။ ကိုဘတင္ကေတာ့ စံအိမ္ထဲမဝင္မိေသးဘဲ ၿခံပတ္ဝန္းက်င္ကို ေဝ့ၾကည့္မိသည္ ။ ထိုအခ်ိန္ စံအိမ္အေရွ႕တည့္တည့္ရိွ အေဆာက္အအံုေလးထဲမွာ တစ္စံုတစ္ခုကို စိတ္ဝင္စားဟန္ျဖစ္ေနေသာ ညိဳ႕ကို ေတြ႕ေတာ့သည္ ။ ကိုဘတင္ဟာ ၿပံဳးကာျဖင့္ သူ၏ ဘယ္ဘက္ရင္အံုကို လက္နွင့္အသာဖတ္မိသည္ ။ ခုန္ေနေသာ သူ႔၏ ရင္ခုန္သံဟာ 'အခ်စ္'ဆိုေသာ ေဝါဟာရကို ေဆာင္ေနသည္ ။

ႏြားသူေဌးကိုဘတင္ဟာ လက္ကိုအေနာက္ပစ္ၿပီး ညိဳေလးရိွရာ အေဆာက္အံုဆီသို႔ ဦးတည္သြားေနေတာ့သည္ ။ ျမက္ခင္းေတြၾကားထဲ တည္ေဆာက္ထားေသာ ထိုအေဆာက္အအံုအတြင္း ညိဳေလးဟာ ရင္ခုန္စရာေကာင္းေလာက္ေအာင္ တည္ၿငိမ္ေအးခ်မ္းစြာျဖင့္ လွပေနပါသည္ ။

ကိုဘတင္ဟာ အေဆာက္အအံုထဲသို႔ ဝင္လိုက္ၿပီး ညိဳေလးရိွရာ ခံု၏ ခပ္လွမ္းလွမ္းမွာ ဝင္ထိုင္လိုက္ေတာ့သည္ ။ ၿပီးေနာက္ ...

" ညိဳ႕ကို ဒီမွာေတြ႕လိမ့္မယ္လို႔ ကိုဘတင္ မထင္ထားဘူး ။ "

ထိုသို႔ စကားကို ရင္းနွီးစြာေျပာေနသည့္ ကိုဘတင္ကို ညိဳေလးတစ္ခ်က္ပင္ မၾကည့္ပါ ။ စံပယ္ပန္းပြင့္ေတြကိုသာ သီကုန္းေနပါေတာ့သည္ ။

ကိုဘတင္မွာ ညိဳေလးရဲ႕ ဂရုမစိုက္ဟန္ေၾကာင့္ အခံရခက္ကာျဖင့္ အက်ႌအိတ္ထဲမွာ အၿမဲေဆာင္ထားေလ့ရိွေသာ စီးကရက္စ္နဲ႔မီးျခစ္ကို ထုတ္ယူလိုက္ၿပီး စီးကရက္စ္အား မီးညႇိကာျဖင့္ တစ္ဖြာမ်ွ ဖြာေနေတာ့သည္ ။ ပါးစပ္ဝမွ စီးကရက္စ္အေငြ႕မ်ား ထြက္လာသည္ေၾကာင့္ ညိဳဟာ ကိုဘတင္ကို လွည့္ၾကည့္မိေတာ့သည္ ။

" ဟို ညိဳ မႀကိဳက္လို႔လား ။ ညိဳ မႀကိဳက္ရင္ ကိုဘတင္ မီးသတ္လိုက္ပါ့မယ္ ။ "

" ရပါတယ္ရွင္ ။ အဆင္ေျပသလို ေနပါ ။ "

ညိဳေလး သူ႔အား စကားျပန္ေျပာေတာ့မွ ကိုဘတင္မ်က္နွာ ၿပံဳးသြားမိသည္ ။

" ဒါျဖင့္ ညိဳက ၿမိဳင့္ဆီမွာ အလုပ္လုပ္ေနတာလား ။ "

ညိဳေလး ဘာျပန္ေျပာရမလဲ ။ သူမဟာ ဒီစံအိမ္ေတာ္ရဲ႕ သခင္ကိုျမင့္ေမာင္ရဲ႕ မယားငယ္ ၊ သခင္မၿမိဳင္နဲ႔ လင္လုဖက္လို႔ ျပန္ေျပာရမလား ။ ဒီစကားကို ေယာက္်ားတစ္ေယာက္ အေရွ႕မွာ ေျပာရမွာ သိပ္ကိုရွက္ပါသည္ ။

ညိဳေလးဟာ ေခါင္းတစ္ခ်က္မ်ွသာ ၿငိမ့္လိုက္သည္ ။ ကိုဘတင္ဟာ ဇေကာေလးထဲမွ စံပယ္တစ္ပြင့္ကိုယူလိုက္ၿပီး သူ႔နွာေခါင္းဝမွာေတ့ကာ ရင္ခြင္တစ္ခြင္လံုး လန္းဆန္းေစသာ္အထိ ရွဴရႈိက္လိုက္ေတာ့သည္ ။

" ေမႊးလိုက္တာေနာ္ ။ လွလည္း လွတယ္ ။ "

ထိုစကားကို ညိဳ႕အားၾကည့္၍ ေျပာေနျခင္းျဖစ္သည္ ။ ညိဳေလးစိတ္ထဲ အေတာ္ကိုမွ ေလးလံေနရွာပါသည္ ။ မသက္မသာျဖစ္ေနရသည္ ။

ထိုအခ်ိန္ စံအိမ္ေတာ္အေပၚထပ္က ျပတင္းေပါက္ေလးမွ ထိုျမင္ကြင္းကို ၿမိဳင္တစ္ေယာက္ လွမ္းျမင္မိလိုက္ေလသည္ ။ ႏြားသူေဌးကိုဘတင္၏ မ်က္ဝန္းအၾကည့္ေတြဟာ ေလးနက္သလို ညိဳေလးဟာလည္း ရွက္ေနသည့္ဟန္ဟု ၿမိဳင္တစ္ေယာက္ ထင္ေနမိသည္ ။

" ေကာင္းတယ္ ေကာင္းတယ္ ။ ဒီလိုပဲ ျဖစ္ေနရမယ္ ။ "

သို႔ေပမယ့္ ၿမိဳင့္ရဲ႕ရင္ထဲမွာ အေတာ္ကိုမွ မြန္းၾကပ္ရွာသည္ ။ မ်က္နွာနဲ႔ နႈတ္ခမ္းကသာ ၿပံဳးေနေပမယ့္ အၾကင္နာမ်က္ဝန္းေတြကျဖင့္ လိမ္ညာလို႔မရပါ ။ ၿမိဳင့္ မ်က္ဝန္းေတြဟာ ဝမ္းနည္းေနသည္ ။

ၿမိဳင္ဟာ နီညိဳေရာင္အဝတ္အစားကို လဲဝတ္ၿပီးသည္နွင့္ ပိုက္ဆံအိတ္ေလးကို ဆြဲယူကာျဖင့္ ပံုေတာ္ဖိနပ္ကို ထုတ္စီးလို႔ စံအိမ္ေတာ္အျပင္သို႔ ထြက္သြားေပေတာ့သည္ ။

ၿမိဳင္အနားသို႔ ေရာက္လာသည္ကို ကိုဘတင္နဲ႔ညိဳေလးတို႔ သတိထားမိပံုမေပၚေပ ။

" အမယ္ ။ နွစ္ဦးသား ဘာစကားေတြေျပာေနလို႔ တို႔ လာတာေတာင္ မသိရတာလဲ ေနာ္ ။ "

ၿမိဳင္ဟာ ညိဳေလးေဘးသို႔ ဝင္ထိုင္လိုက္သည္ေၾကာင့္ ညိဳ႕ရင္ေတြ ခုန္သြားခဲ့ပါသည္ ။ ညိဳေလးေဘးက ကိုဘတင္ကေတာ့ျဖင့္ စီးကရက္စ္ဖြာလို႔ျဖင့္ ။

" ဘာစကားေျပာရမလဲ ၿမိဳင္ရာ ။ ညိဳ႕က စကားတစ္ခြန္းေတာင္ ေျပာတာမဟုတ္ဘူးကြ ။ "

" ဟယ္ ။ ၾကက္တူေ႐ြးက စကားမေျပာဘူး ဟုတ္သလား ။ "

ညိဳေလးဟာ မမၿမိဳင္အား မ်က္ေစာင္းေလးနဲ႔ လွည့္ၾကည့္ၿပီး ။

" ဘာကို ၾကက္တူေ႐ြးလဲ မမၿမိဳင္ ။ "

" အဲ့သလို မဟုတ္ဘူးလား ။ "

မမၿမိဳင္နဲ႔ဆို ဟုတ္တယ္ေလ ။
အခုဟာက ။ အခုဟာကျဖင့္ ။

" လာ တို႔နဲ႔အတူတူ အျပင္သြားရေအာင္ ။ "

" မသြားခ်င္ပါဘူး ။ မမၿမိဳင္တို႔ နွစ္ေယာက္ပဲ ေအးေအးေဆးေဆးသြားၾကပါ ရွင္ ။ ကြၽန္မပါလိုက္ၿပီး သံုးေယာက္မလုပ္ခ်င္ပါဘူး ။ "

ေကာက္တဲ့စိတ္ ပိုေကာက္လို႔ ညိဳေလးရဲ႕စိတ္မွာ ျပန္ေျဖာင့္လို႔ပင္ မရေတာ့ပါ ။ မမၿမိဳင္မွာလည္း ေခါင္းေလးတၿငိမ့္ၿငိမ့္ျဖင့္ ။

" ဒါ့ျဖင့္ တို႔ေတြ သြားၾကရေအာင္လား ႏြားသူေဌး ။ "

" ေအးကြယ္ ။ သြားၾကမယ္ ။ "

ဆိုကျဖင့္ ညိဳေလးရဲ႕ ေဘးတစ္ဖက္တစ္ခ်က္ဆီမွ နွစ္ဦးသား ထြက္ခြာလို႔ သြားၾကေပေတာ့သည္ ။ အေရွ႕တည့္တည့္မွ ျမင္ေနရေသာ မမၿမိဳင္ကို သူစိမ္းေယာက္်ားတစ္ေယာက္နွင့္ တြဲျမင္ေနမိသည့္ေၾကာင့္ ညိဳေလးရဲ႕ စိတ္ထဲမယ္ ကိုျမင့္ေမာင္ကို သဝန္တိုသလို သဝန္တိုမိေနသည္ ။

ဒါမွမဟုတ္ ။
ကြၽန္မ ဘယ္သူ႔ကို သဝန္တိုေနမိတာလဲ ။

X  X  X  X  X

morA_nyein
28.9.2022












နှစ်ရက်မြောက်သို့ ရောက်ရှိသွားခဲ့ပြီ ။

မနက်မိုးလင်းခါက စလို့ အနားမှာ ပျော်ရွှင်နေတဲ့ သိုးပေါက်လေးကို မတွေ့မိသည်မှာ နှစ်ရက်ရှိပြီ ။ အနားမှာလည်း သနပ်ခါးနံ့လေး မမွှေးပျံ့နေသည်မှာ နှစ်ရက်ရှိပြီ ။ မြိုင့်ကို ညိုလေး ရှောင်ဖယ်နေသည်မှာ နှစ်ရက်ရှိပြီ ။ ထိုသို့ မတွေ့မိတာ အတော်ကြာနေပြီဆိုကာမှဖြင့် မကြည့်လိုက်ရတဲ့ ဘိုင်စကုပ်လက်မှတ်နှစ်စောင်ကို မြိုင် သတိရမိသွားပေသည် ။

ထိုအခါမှ ညိုလေး စိတ်ကောက်နေသည်ကို မြိုင် သိလိုက်ရသည် ။ ဟိုအရင်တစ်ခေါက်ကလည်းဟညိုလေးဟာ ထိုသို့ ရှောင်ဖယ်ကာ အနားကို မလာခြင်းဖြင့် မြိုင့်ကို စိတ်ကောက်ဖူးခဲ့သည် ။ ယခုလည်း ထိုနည်းအတိုင်း စိတ်ကောက်နေပြီ ။

မြိုင်ကတော့ ထင်ကောင်းထင်ပါလိမ့်မည် ။ ဘိုင်စကုပ် မကြည့်ရလို့ ကောက်နေသည် ဆိုတာကိုပေါ့ ။ သို့သော် ထိုအချင်းအရာတစ်ခုကြောင့် ကောက်နေသည်မဟုတ် ။ နွားသူဌေးကိုဘတင် နဲ့ မြိုင့်ရဲ့ အပြုအမူတွေကို မကြိုက်၍ စိတ်မချမ်းမသာနဲ့ စိတ်ညစ်နေသည်ဆိုတာကိုတော့ ညိုလေးကလွဲ၍ မည်သူမျှ သိသည်မဟုတ် ။ သိနိုင်မည် မဟုတ် ။

မှန်တင်ခုံပေါ်မှာ ထိုင်နေသော မမမြိုင်ဟာ ဘိုင်စကုပ် လက်မှတ်နှစ်စောင် နဲ့ ၅ ပြားစေ့လေးကို ယှဉ်တွဲကာကြည့်၍ ငေးငိုင်နေမိသည် ။ လက်ကို ခုံပေါ်တင်လို့ မေးထောက်ကာဖြင့် လေကိုဝဝရှူသွင်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည် ။

ပြတင်းဝမှ ဖြတ်သန်းလာသော ဆောင်းလေတဖြူးဖြူးကလည်း မြိုင့်ရဲ့မျက်နှာပြင်ထက် လာတိုက်ခိုက်နေရှာသည် ။ ပြတင်းဝကမြင်နေရသော မနက်ခင်းပန်းချီကို သူမ ငေးကြည့်နေပြန်သည် ။ မြူခိုးတွေ ဝေ့ဝဲနေသော လေထုထဲမှာ မြိုင်ဟာ ရုပ်နဲ့နာမ် ကွဲကွာချင်လာပြီ ။ သို့ပေတည်း ဦးနှောက်ထဲမှာတော့ ညိုလေးဟာ နေရာအပြည့်ယူထားသည် ။ ဒီအဖြစ်အား မြိုင့်ရဲ့ နှလုံးသားဟာ လက်မခံပေ ။

" သိုးပေါက် ။ ဒီသိုးပေါက်က ငါ့ဆီကို မလာပြန်ဘူး ။ ကောက် ကောက် ။ ချော့ကို မချော့ဘူး ။ ပစ်ထားဦးမှာ ။ ဟွန့် ။ "

ဆိုကာဖြင့် စားပွဲပေါ်က အကြွေစေ့နဲ့ ဘိုင်စကုပ်လက်မှတ်နှစ်စောင်ကို သေတ္တာဗူးထဲသို့ စောင့်စောင့်အောင့်အောင့်ဖြင့် ထည့်လိုက်သည် ။ မမမြိုင်ဟာ ကလေးလို ဖြစ်နေရှာသည် ။ ငယ်ရွယ်စဉ်က မရရှိခဲ့တဲ့ ငယ်ရွယ်မှုအတိုင်း သူမကိုယ်တိုင်ကပါ စိတ်ဆိုးမိနေသည် ။

ဆံပင်ကို အသာသတ်ပြီး အင်္ကျီစအား အကျအနဖြစ်အောင် ဆွဲချလိုက်သည် ။ ပြီးနောက် နှုတ်ခမ်းကို ဘယ်ညာလှုပ်ယမ်းလိုက်ပြီး ထိုင်ရာမှ ထလိုက်သည် ။ အခန်းတံခါးဆီသို့ လျှောက်လှမ်းသွားသည့်မြိုင်ဟာ ခမ်းနားစွာ လှပနေသည် ။

အခန်းအပြင်သို့ ထွက်ပြီးသည်နှင့် မြိုင်ဟာ လှေကားဆီသို့ ဦးတည်သွားသည် ။ နှစ်ဖက်ခွဲလှေကားစုံကာနေရာသို့ မရောက်မှီ အိမ်ရှေ့အဝင်ဝမှာလာသော စကားပြောသံတစ်ပိုင်းတစ်စကို ကြားနေရပါသည် ။

" မမလေးနော် ။ နို့ထွက်နို့ ။ အားကြီးကောင်းတယ် ။ "

စင်စစ်ဧကန်ပင် နို့ပို့ကုလားလေး၏ အသံဖြစ်သည် ။ ညိုလေးကိုပါ တွေ့မိသည်ကြောင့် မြိုင်ဟာ နားစွင့်မိသေးသည် ။

" အားကြီးကောင်းရင် ပြီးတာပဲ ။ ကျွန်မလည်း လမ်းမကြုံလို့ ရှင့်ဆိုင်ကို မဝင်ဖြစ်တာ ။ အခုလို လိုက်ရောင်းတော့ အဆင်ပြေရပြီလေ ။ "

" အဆင်ပြေတယ်နော် ။ ဝမ်းသာတယ် ။ ဆိုင်လာဝယ်တယ်နော် ။ ရောင်းလိုက်မယ် ။ မမလေး လမ်းမကြုံဘူးနော် ။ လာပို့မယ် ။ "

" ကျေးဇူးပဲ ကျေးဇူးပဲ ။ အခုတော့ အရင်ပုလင်းအခွံတွေယူသွားပေတော့ ။ "

ပြောပြီး ညိုလေးဟာ သူမလက်ထဲက ပုလင်းအခွံတွေအား နို့ပို့ကုလားလေးကို လှမ်းပေးလိုက်ပေသည် ။ ပြီးနောက် အကြွေစေ့တွေကို ထုတ်ကာပေးသည် ။ နို့ပို့ကုလားလေးလည်း အကြွေစေ့တွေကို လက်ဖဝါးပေါ်မှာ တစ်ခုချင်းရေတွက်ရင်း ။

" ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပြီ မမလေးနော် ။ သွားပြီ သွားပြီ ။ "

" သွားပါ သွားပါ ။ "

နို့ပို့ကုလားလေးလည်း ထွက်သွားပေသည် ။ မမမြိုင်ဟာ အနည်းငယ်မျှ မသိမသာပြုံးမိသည် ။ ထိုအချိန် ညိုလေးဟာ ဘေးကြမ်းပြင်ပေါ်မှာချထားသော နွားနို့ပုလင်းနှစ်လုံးကို တစ်ဖက်တစ်ခုစီ ကောက်ကိုင်လိုက်ပြီး လှေကားဘက်ဆီသို့ အမှတ်မထင် လှမ်းကြည့်မိသည် ။

သူမအား ချောင်းကြည့်နေဟန့်ဖြစ်နေသည့် မမမြိုင်ကို မြင်သွားတော့သည် ။ မမမြိုင်ရဲ့ မသိမသာပြုံးနေသော မျက်နှာလေးဟာ ချက်ချင်းတည်သွားကာဖြင့် သူခိုးလူမိသလို လှေကားလက်တန်းအား လက်နဲ့အသာပွတ်နေတော့သည် ။

ဒုက္ခပါပဲနော် ။
မြင်သွားတာလား မသိဘူး ။

ရှက်ကိုးရှက်ကန်းနဲ့ လှေကားကို ကိုင်နေရင်း နှင့် ...

" ဒေါ်နုတို့ကလည်း လှေကားကို ပြောင်အောင်သုတ်မထားဘူး ။ အို တကယ်ပါပဲနော် ကြည့်စမ်းပါဦး ။ ဖုန်တွေကြီးပဲ ။ "

လှေကားအောက်မှာရှိသော ညိုလေးကို မသိမသာ ခိုးကြည့်မိပြန်ပြီ ။ ညိုလေးကတော့ မြိုင့်ကို ရုပ်တည်တည်နဲ့ ကြည့်နေရင်းမှ ချက်ချင်းဆိုသလို ချာခနဲလှည့်ကာ မီးဖိုချောင်ရှိရာဆီသို့ သွားပေတော့သည် ။

ထိုအခါမှ မမမြိုင်မှာ လှေကားလက်ရန်းကို တင်းကြပ်စွာ စုပ်ကိုင်ပြီး သက်ပြင်းချမိတော့သည် ။

" ဘုရား ဘုရား ။ "

ထိုသို့သက်ပြင်းချပြီး ခဏအကြာမှာ မမမြိုင်ဟာ လှေကားမှဆင်းဖို့အလုပ် ရုတ်တရက်ကြီး ညိုလေးကိုလှမ်းမြင်လိုက်တော့သည်ကြောင့် ဆင်းမယ့်ခြေလှမ်းများ ယိုင်ခွေကျသွားလေတော့သည် ။ ညိုလေးကတော့ မမမြိုင်ကို တစ်ချက်ပင်မကြည့် ။ လက်ထဲက ဇကောအသေးလေးကိုကိုင်ပြီး ကတ္တီပါဖိနပ်ထုတ်စီးလို့ စံအိမ်တော်အပြင်ဘက်ကို ထွက်သွားပါသည် ။ ဒါ့ကြောင့် မမမြိုင်မှာ ဘယ်လိုဂယက်ထနေသလဲ ညိုလေး မသိပါ ။ စိတ်ကောက်နေသည် မဟုတ်လား ။ ဘယ်သိချင်မလဲ ။

မမမြိုင်ဟာ လှေကားလက်ရန်းကို ကိုင်ထားရင်း မျက်လုံးတွေမှိတ်ကာဖြင့် ထွက်လေဝင်လေတို့အား တဖူးဖူးနဲ့ အသက်ရှူနေပြန်တော့သည် ။

" တော်တော်ဆိုးတဲ့ မိန်းမပါလား ။ အကြည့်တွေက နဂါးမီးတောက်လိုပဲ ။ လူမှာ ပြာတောင် ဖြစ်တော့မယ် ။ ကြောက်တောင် ကြောက်လာပြီ ။ "

တစ်ယောက်တည်းစကားတွေပြောရင်း လှေကားမှဆင်းလာခဲ့တော့သည် ။ အိမ်ရှေ့တံခါးဝ၌ သေသပ်စွာ ထားထားသော ဖိနပ်စင်မှ အိမ်တွင်းစီး ကတ္တီပါဖိနပ်အနက်ကို ယူကာစီးတော့သည် ။

အိမ်အပြင်သို့ထွက်ပြီး မီးလုံးများတပ်ဆင်ထားသော အိမ်ရှေ့စင်ဝင်အောက်မှာ လက်ပိုက်လို့ မတ်တပ်ရပ်မိသည် ။ အရှေ့တည့်တည့်ရှိ အမိုးပါသော အဆောက်အအုံထဲရှိ စားပွဲမှာ ထိုင်နေသော ညိုလေးကို လှမ်းတွေ့မိတော့သည် ။

ဇကောထဲက စံပယ်ပန်းတွေကို တစ်ပွင့်ချင်းယူကာဖြင့် အပ်ချည်ကြိုးထိုးထားသော အပ်နှင့် သီစေနေတော့သည် ။ ထိုအပြုအမူသည် မြိုင့်ရဲ့ရင်ထဲ အေးချမ်းသွားစေသည် ။ မြိုင် သတိမထားမိသော အခိုက်အတန့် ။ တီးတိုးစွာဖြင့် ။

" ဒီစံပယ်တွေက ငါ့အတွက်ပဲ ဖြစ်မှာပေါ့ကွယ် ။ "

ဒုတိယအကြိမ်မြောက် စိတ်ကြီးဝင်မိခြင်းဖြစ်သည် ။ ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့အညီ ညိုလေးရှိရာ အဆောက်အအုံဆီသို့ ကြွကြွယွယွလေး လျှောက်လှမ်းသွားပြန်သည် ။ အနားသို့ ရောက်လာသည်နှင့် ညိုလေးဟာ လှမ်းကြည့်သည် ။ ဒီတစ်ခါတော့ မြိုင်တို့ ခြေလှမ်းတွေ မယိုင်မိတော့ ။ ယုံကြည်ချက် ရှိနေပေသည် ။

ရာသီဥတုကလည်း ဆောင်းလေအေးများကြားမှာ သာယာသလိုဟန်ရှိသည် ။ အဆောက်အအုံထဲကို ဝင်သွားသည်နှင့် ညိုလေးထိုင်ရာခုံမှာသာ ထိုင်လိုက်သည် ။

ညိုလေးဟာ မြိုင့်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့အလုပ်သူပြန်လုပ်နေသည် ။ ဒါကို မမမြိုင်ဟာ မကျေနပ်နိုင်ပါ ။ သူမကို ဂရုမစိုက်သည့် ညိုလေးကို မကျေနပ်နိုင်ပါ ။ ဒီအခြေအနေမျိုးကို သူမ မကျေနပ်နိုင်ပါ ။

" စံပယ်တွေက ဖွေးနေတာပဲ နော် ။ "

" ..... "

" မွှေးနေမှာပဲ ။ "

" ..... "

မြိုင့်ကို ဘာစကားတစ်ခွန်းမှ မပြောဘဲ မျက်လုံးနဲ့သာ ကြည့်ကြည့်ပြီး စံပယ်တွေကိုသာ ဆက်သီနေပါသည် ။

မမမြိုင်ဟာ ဇကောထဲရှိ စံပယ်တစ်ခက်ကို ယူလိုက်ပြီး နှာခေါင်းဝမှာတေ့ကာ အသာမွှေးကြိုင်ကာဖြင့် မသိမသာ ပြုံးမိတော့သည် ။ သင်းသင်းပျံ့ပျံ့ မွှေးကြိုင်လာသော စံပယ်ရနံ့သာ ဦးနှောက်တစ်ခုလုံးသာမက ရင်ခွင်တစ်ခွင်ပါ ကြည်လင်သွားစေသည် ။ ညိုလေးမှာတော့ဖြင့် သူမအား ဂရုမစိုက်သည့်ဟန်ဖြင့် စံပယ်တွေကို ဆက်သီနေသည် ။

" ဒီစံပယ်တွေက တို့အတွက် မဟုတ်လား ဟင် ။ "

စိတ်လှုပ်ရှားစွာဖြစ်စေခဲ့သည့် မေးခွန်းလေးကြောင့် ညိုလေး စိတ်ကောက်နေသည်မှာ ၃ပုံ ၂ပုံ လောက်တော့ စိတ်ကောက်ပြေခဲ့ပြီ ။ သို့ပေတည်း ကျန်တဲ့တစ်ပုံအတွက် ဆက်ကောက်နေမှ ဖြစ်ပါမည် ။

" တို့အတွက် မဟုတ်လား လို့ ။ "

" မဟုတ်ပါဘူး ။ "

" ဟင် ။ ပြောတော့ကာဖြင့် ဒီစံပယ်ရုံက တို့အတွက်ပါဆို ။ အခုကျ ဘာလို့ဒီစံပယ်တွေက တို့အတွက် မဟုတ်ရသလဲ ပြောစမ်းပါဦး ။ ပြော ပြော ။ "

" ဒီစံပယ်ရုံက မမမြိုင်အတွက်ဆိုပေမယ့် ကျွန်မ ပျိုးထားတဲ့စံပယ်ရုံပါနော် ။ ဒီ့အတွက် ကျွန်မမှာ မမမြိုင်ကိုမှ မဟုတ်ဘူး ။ ဘယ်သူ့ကိုမဆို ပန်ပေးပိုင်ခွင့် ရှိတယ် ။ "

စင်စစ်ဧကန် ဒီစံပယ်တွေကို မမမြိုင်အတွက် သီနေခြင်းဖြစ်သည် ။ သို့ပေတည်း စိတ်ကောက်နေသည့် တစ်ပုံအတွက် မြိုင့်ကို အလျော့မပေးချင်သေးကြောင်းပါ ။

ညိုလေးရဲ့ စကားကြောင့်လည်း မြိုင်သည် အတော်လေးကို စိတ်ဆိုးဒေါသထွက်မိသွားတော့သည် ။ စံပယ်ခက်ကို ဇကောထဲသို့ ပစ်ချပြီး လက်ကိုပိုက်ကာဖြင့် မျက်နှာစူပုတ်နေပြန်သည် ။ ညို့ကိုလည်း လှည့်၍ပင် မကြည့်တော့ပါ ။ စံပယ်ရုံကိုသာ ကြည့်နေမိတော့သည် ။ စံပယ်ဖူးများမှလွဲလို့ ကျန်သော စံပယ်ပန်းပွင့်များကို မတွေ့ရတော့ပါ ။ အဘယ်ကြောင့်ဆိုသော စံပယ်ပန်းပွင့်များဟာ ညိုလေး၏ ဇကောထဲသို့ ရောက်နေသောကြောင့်ပင် ဖြစ်ပါသည် ။

ညိုလေးဟာ စံပယ်ပန်းတစ်ပွင့်ကို ယူလိုက်ပြီး မြိုင့်ရဲ့နားရွက်အနောက်သို့ ထိုးပန်ပေးလိုက်တော့သည် ။ ရုတ်တရက် မထင်ထားတဲ့ အပြုအမူကြောင့် မြိုင်ဟာ ညိုလေးအား လှည့်ကြည့်မိသည် ။ ညို့ရဲ့ မျက်ဝန်းတွေဟာ တစ်ခုခုကို ပြောချင်နေသလိုမျိုး လေးနက်နေသည် ။ သို့ပေမယ့် မြိုင်မှာ ဒီမျက်ဝန်းတွေကို အဖြေမရှာတတ်ပေ ။

" ကျိန်းသေပေါက် ဒီစံပယ်တွေက မမမြိုင်အတွက်ပဲလေ ။ နေပဲ ပူပူ ။ မိုးပဲ ရွာရွာ ။ နှင်းပဲ ကျကျ ။ ရာသီဥတုတွေ ပြောင်းလဲသွားပေမယ့် ။ ဒီစံပယ်ရုံမှာ လှလှပပပွင့်နေတဲ့ စံပယ်ပန်းတွေက မမမြိုင်အတွက်ပဲဆိုတာတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး ။ "

ညိုလေးဟာ မမမြိုင်၏ နားသယ်စက ဆံနွယ်တွေကို အသာသပ်ယူလိုက်ပြီး စံပယ်ပန်းလေးအား လှပစေခဲ့တော့သည် ။ မျက်ဝန်းအကြည့်တွေဟာ လက်လှမ်းမမှီ ၊ ဉာဏ်ရည်မမှီသေးတဲ့ ဦးနှောက်နဲ့ ဖတ်ကြည့်နေမိတဲ့ စာအုပ်တစ်အုပ်လိုပါပဲ ။ လေးနက်မှုသာရှိနေပြီး အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည် ။ မသိခဲ့ ။

" မမမြိုင်က စံပယ်ပန်း ပန်ထားရင် သိပ်လှတာပဲ ။ ဒါပေမယ့် မမမြိုင်ရဲ့အလှကိုတော့ ဒီစံပယ်တွေ မမှီဘူး ရှင့် ။ "

ညိုလေးဟာ ပြုံးပျော်ကာဖြင့် စံပယ်ပန်းများကို ဆက်သီနေတော့သည် ။ မြိုင်ကတော့ဖြင့် အခုန်မြန်နေတဲ့သူမရဲ့ ရင်ခုန်သံကို လက်နဲ့နားမထောင်ကြည့်ရုံတစ်မယ်သာပင် ။ ဒီရင်ခုန်သံကို ညိုလေးကြားသွားမှာ သူမ အတော့်ကိုစိုးရိမ်နေရှာသည် ။

နွေးထွေးမှုတွေ ထွေးပွေ့ထားတဲ့ ညိုလေးဆီမှာ ခိုနားချင်စိတ်ဖြစ်မိနေသည် ။ ညိုလေးနဲ့ရှိနေရင် သူမ ပျော်ရမည် ။ လုံခြုံရမည်ဟု ခံစားမိနေသည် ။ ဒါပေမယ့် သူမရဲ့ မူမမှန်ဖြစ်နေတဲ့စိတ်ကို ပျောက်စေရန်အတွက် မျက်လုံးတွေကို ဆက်တိုက်ဆက်တိုက် မှိတ်သည်တစ်ချက် ဖွင့်သည်တစ်ချက် လုပ်နေမိတော့သည် ။

နားရွက်နားမှာ စံပယ်ပန်းရှိသည်ကို သူမ ခံစားမိသည် ။

" ဒီစံပယ်တွေ သီပြီးသွားရင် မမမြိုင်ကို ကျွန်မ ပန်ပေးမယ်နော် ။ "

ညိုလေးမှာ ပျော်နေရှာသည် ။ သူမ စိတ်ကောက်သည်တိုင်း မမမြိုင်ဟာ သူမအနားကိုရောက်လာလို့ ကြည်နူးမိရသည် ။

ထိုအချိန် သီရိမြိုင်ခြံဝန်းထဲသို့ မြင်းလှည်းတစ်စည်းဝင်လာခဲ့သည် ။ ခြူသံနဲ့ မြင်းခွာသံများဟာ သီရိမြိုင်ခြံထဲမှ ပြန့်ကျဲသွားသည် ။ စံအိမ်တော်အရှေ့သို့ မြင်းလှည်းရပ်လိုက်သည်နှင့် မြင်းဟီသံမှာ မြည်ဟီးလာတော့သည် ။

မြိုင်နှင့်ညိုလေးဟာ မြင်းလှည်းထဲက ဘယ်သူဘယ်ဝါမှန်း မသိတာကြောင့် ထိုလူမထွက်လာမချင်း စိတ်ဝင်တစားကြည့်နေပါတော့သည် ။

မြင်းလှည်းတံခါးဖွင့်သွားသည်နှင့် မီးပူထိုးထားသော တိုက်ပုံ လုံချည်တို့ကို ကော့ကျော့နေအောင် ဝတ်ထားပြီး ယောက်ျားစီးညှပ်ဖိနပ်နှင့် သွယ်လျလျခြေချောင်း ခြေဖမိုးတို့ဟာ ရုပ်ရည်ရူပကာ ခန့်ညားလှတဲ့ နွားသူဌေးကိုဘတင်ဟာ မြင်းလှည်းပေါ်မှ ဆင်းလာပေတော့သည် ။

" ဟယ် နွားသူဌေး ။ "

မြိုင်ဟာ နွားသူဌေးကိုဘတင်ဆီသို့ ပြေးသွားသည်ဟုထင်ယောင်မိသော ခြေလှမ်းတွေနဲ့ သွားတော့သည် ။ မြိုင်ဟာ ကိုဘတင်အနားသို့ရောက်သည်နှင့် မြင်းလှည်းဆရာဟာ မြင်းကို ကျိန်တို့လိုက်သည်ကြောင့် မြင်းလှည်းမှာ သီရိမြိုင်ခြံဝန်းထဲမှ ထွက်ရန် တစ်ပတ်ပတ်သွားတော့သည် ။

" မနေ့ကလာမယ်လို့ တယ်လီဖုန်းဆက်ထားပြီး မလာမိလို့ အခုတောင်းပန်တဲ့အနေနဲ့ လာခဲ့တာ ။ "

" အမလေး မျှော်တောင်ယောင်ဖြစ်ရတာ လည်ပင်းတောင် ရှည်ပါတယ်နော် ။ သစ်ကုလားအုတ်နဲ့ သူငယ်ချင်းတောင် မဟုတ်တော့ဘူး ။ ဆွေမျိုးတွေတောင် ဖြစ်နေပြီ တော်ရဲ့ ။ "

" ဒါ့ကြောင့် အားနာလိုက်ရတာ မြိုင်ရယ် ။ ဒီမှာ မြိုင့်အတွက် ရွှေမျက်မှန်ကြီး အပါးတော်လိုက်တဲ့ ထိုးမုန့်တွေ ။ "

မြိုင်ဟာ ထုတ်ပိုးထားသော ထိုးမုန့်ဗူးကို လှမ်းယူလိုက်တော့သည် ။

" မြိုင် ဘယ်တွေသွားစရာရှိလဲ ။ "

" အခုအသစ်ထွက်ထားတဲ့ ပိတ်စတွေ သွားရွေးမလားလို့လေ ။ အရမ်းနောက်ကျသွားရင် ပိတ်တွေ ရောင်းကုန်သွားမှာ ။ ဝန်ကတော်တွေရဲ့ လက်ချက်နဲ့ ဆိုင်တစ်ဆိုင်လုံး ပြောင်မှာပဲ ။ "

" ဒါဖြင့်ရင် အခု သွားမလား မြိုင် ။ "

" အင်း ။ ကောင်းသား ကောင်းသား ။ တို့ အဝတ်သွားလဲလိုက်ဦးမယ် ။ စံအိမ်ထဲမှာ ခဏစောင့်ချေဦး ။ "

ဟု ပြောပြီး မြိုင်ဟာ သီရိမြိုင်စံအိမ်ထဲသို့ ဝင်သွားပေတော့သည် ။ ကိုဘတင်ကတော့ စံအိမ်ထဲမဝင်မိသေးဘဲ ခြံပတ်ဝန်းကျင်ကို ဝေ့ကြည့်မိသည် ။ ထိုအချိန် စံအိမ်အရှေ့တည့်တည့်ရှိ အဆောက်အအုံလေးထဲမှာ တစ်စုံတစ်ခုကို စိတ်ဝင်စားဟန်ဖြစ်နေသော ညို့ကို တွေ့တော့သည် ။ ကိုဘတင်ဟာ ပြုံးကာဖြင့် သူ၏ ဘယ်ဘက်ရင်အုံကို လက်နှင့်အသာဖတ်မိသည် ။ ခုန်နေသော သူ့၏ ရင်ခုန်သံဟာ 'အချစ်'ဆိုသော ဝေါဟာရကို ဆောင်နေသည် ။

နွားသူဌေးကိုဘတင်ဟာ လက်ကိုအနောက်ပစ်ပြီး ညိုလေးရှိရာ အဆောက်အုံဆီသို့ ဦးတည်သွားနေတော့သည် ။ မြက်ခင်းတွေကြားထဲ တည်ဆောက်ထားသော ထိုအဆောက်အအုံအတွင်း ညိုလေးဟာ ရင်ခုန်စရာကောင်းလောက်အောင် တည်ငြိမ်အေးချမ်းစွာဖြင့် လှပနေပါသည် ။

ကိုဘတင်ဟာ အဆောက်အအုံထဲသို့ ဝင်လိုက်ပြီး ညိုလေးရှိရာ ခုံ၏ ခပ်လှမ်းလှမ်းမှာ ဝင်ထိုင်လိုက်တော့သည် ။ ပြီးနောက် ...

" ညို့ကို ဒီမှာတွေ့လိမ့်မယ်လို့ ကိုဘတင် မထင်ထားဘူး ။ "

ထိုသို့ စကားကို ရင်းနှီးစွာပြောနေသည့် ကိုဘတင်ကို ညိုလေးတစ်ချက်ပင် မကြည့်ပါ ။ စံပယ်ပန်းပွင့်တွေကိုသာ သီကုန်းနေပါတော့သည် ။

ကိုဘတင်မှာ ညိုလေးရဲ့ ဂရုမစိုက်ဟန်ကြောင့် အခံရခက်ကာဖြင့် အင်္ကျီအိတ်ထဲမှာ အမြဲဆောင်ထားလေ့ရှိသော စီးကရက်စ်နဲ့မီးခြစ်ကို ထုတ်ယူလိုက်ပြီး စီးကရက်စ်အား မီးညှိကာဖြင့် တစ်ဖွာမျှ ဖွာနေတော့သည် ။ ပါးစပ်ဝမှ စီးကရက်စ်အငွေ့များ ထွက်လာသည်ကြောင့် ညိုဟာ ကိုဘတင်ကို လှည့်ကြည့်မိတော့သည် ။

" ဟို ညို မကြိုက်လို့လား ။ ညို မကြိုက်ရင် ကိုဘတင် မီးသတ်လိုက်ပါ့မယ် ။ "

" ရပါတယ်ရှင် ။ အဆင်ပြေသလို နေပါ ။ "

ညိုလေး သူ့အား စကားပြန်ပြောတော့မှ ကိုဘတင်မျက်နှာ ပြုံးသွားမိသည် ။

" ဒါဖြင့် ညိုက မြိုင့်ဆီမှာ အလုပ်လုပ်နေတာလား ။ "

ညိုလေး ဘာပြန်ပြောရမလဲ ။ သူမဟာ ဒီစံအိမ်တော်ရဲ့ သခင်ကိုမြင့်မောင်ရဲ့ မယားငယ် ၊ သခင်မမြိုင်နဲ့ လင်လုဖက်လို့ ပြန်ပြောရမလား ။ ဒီစကားကို ယောက်ျားတစ်ယောက် အရှေ့မှာ ပြောရမှာ သိပ်ကိုရှက်ပါသည် ။

ညိုလေးဟာ ခေါင်းတစ်ချက်မျှသာ ငြိမ့်လိုက်သည် ။ ကိုဘတင်ဟာ ဇကောလေးထဲမှ စံပယ်တစ်ပွင့်ကိုယူလိုက်ပြီး သူ့နှာခေါင်းဝမှာတေ့ကာ ရင်ခွင်တစ်ခွင်လုံး လန်းဆန်းစေသ်ာအထိ ရှူရှိုက်လိုက်တော့သည် ။

" မွှေးလိုက်တာနော် ။ လှလည်း လှတယ် ။ "

ထိုစကားကို ညို့အားကြည့်၍ ပြောနေခြင်းဖြစ်သည် ။ ညိုလေးစိတ်ထဲ အတော်ကိုမှ လေးလံနေရှာပါသည် ။ မသက်မသာဖြစ်နေရသည် ။

ထိုအချိန် စံအိမ်တော်အပေါ်ထပ်က ပြတင်းပေါက်လေးမှ ထိုမြင်ကွင်းကို မြိုင်တစ်ယောက် လှမ်းမြင်မိလိုက်လေသည် ။ နွားသူဌေးကိုဘတင်၏ မျက်ဝန်းအကြည့်တွေဟာ လေးနက်သလို ညိုလေးဟာလည်း ရှက်နေသည့်ဟန်ဟု မြိုင်တစ်ယောက် ထင်နေမိသည် ။

" ကောင်းတယ် ကောင်းတယ် ။ ဒီလိုပဲ ဖြစ်နေရမယ် ။ "

သို့ပေမယ့် မြိုင့်ရဲ့ရင်ထဲမှာ အတော်ကိုမှ မွန်းကြပ်ရှာသည် ။ မျက်နှာနဲ့ နှုတ်ခမ်းကသာ ပြုံးနေပေမယ့် အကြင်နာမျက်ဝန်းတွေကဖြင့် လိမ်ညာလို့မရပါ ။ မြိုင့် မျက်ဝန်းတွေဟာ ဝမ်းနည်းနေသည် ။

မြိုင်ဟာ နီညိုရောင်အဝတ်အစားကို လဲဝတ်ပြီးသည်နှင့် ပိုက်ဆံအိတ်လေးကို ဆွဲယူကာဖြင့် ပုံတော်ဖိနပ်ကို ထုတ်စီးလို့ စံအိမ်တော်အပြင်သို့ ထွက်သွားပေတော့သည် ။

မြိုင်အနားသို့ ရောက်လာသည်ကို ကိုဘတင်နဲ့ညိုလေးတို့ သတိထားမိပုံမပေါ်ပေ ။

" အမယ် ။ နှစ်ဦးသား ဘာစကားတွေပြောနေလို့ တို့ လာတာတောင် မသိရတာလဲ နော် ။ "

မြိုင်ဟာ ညိုလေးဘေးသို့ ဝင်ထိုင်လိုက်သည်ကြောင့် ညို့ရင်တွေ ခုန်သွားခဲ့ပါသည် ။ ညိုလေးဘေးက ကိုဘတင်ကတော့ဖြင့် စီးကရက်စ်ဖွာလို့ဖြင့် ။

" ဘာစကားပြောရမလဲ မြိုင်ရာ ။ ညို့က စကားတစ်ခွန်းတောင် ပြောတာမဟုတ်ဘူးကွ ။ "

" ဟယ် ။ ကြက်တူရွေးက စကားမပြောဘူး ဟုတ်သလား ။ "

ညိုလေးဟာ မမမြိုင်အား မျက်စောင်းလေးနဲ့ လှည့်ကြည့်ပြီး ။

" ဘာကို ကြက်တူရွေးလဲ မမမြိုင် ။ "

" အဲ့သလို မဟုတ်ဘူးလား ။ "

မမမြိုင်နဲ့ဆို ဟုတ်တယ်လေ ။
အခုဟာက ။ အခုဟာကဖြင့် ။

" လာ တို့နဲ့အတူတူ အပြင်သွားရအောင် ။ "

" မသွားချင်ပါဘူး ။ မမမြိုင်တို့ နှစ်ယောက်ပဲ အေးအေးဆေးဆေးသွားကြပါ ရှင် ။ ကျွန်မပါလိုက်ပြီး သုံးယောက်မလုပ်ချင်ပါဘူး ။ "

ကောက်တဲ့စိတ် ပိုကောက်လို့ ညိုလေးရဲ့စိတ်မှာ ပြန်ဖြောင့်လို့ပင် မရတော့ပါ ။ မမမြိုင်မှာလည်း ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့် ။

" ဒါ့ဖြင့် တို့တွေ သွားကြရအောင်လား နွားသူဌေး ။ "

" အေးကွယ် ။ သွားကြမယ် ။ "

ဆိုကဖြင့် ညိုလေးရဲ့ ဘေးတစ်ဖက်တစ်ချက်ဆီမှ နှစ်ဦးသား ထွက်ခွာလို့ သွားကြပေတော့သည် ။ အရှေ့တည့်တည့်မှ မြင်နေရသော မမမြိုင်ကို သူစိမ်းယောက်ျားတစ်ယောက်နှင့် တွဲမြင်နေမိသည့်ကြောင့် ညိုလေးရဲ့ စိတ်ထဲမယ် ကိုမြင့်မောင်ကို သဝန်တိုသလို သဝန်တိုမိနေသည် ။

ဒါမှမဟုတ် ။
ကျွန်မ ဘယ်သူ့ကို သဝန်တိုနေမိတာလဲ ။

X  X  X  X  X

morA_nyein
28.9.2022

Continue Reading

You'll Also Like

266K 14.3K 52
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
3M 261K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
257K 9.3K 45
မိုက်တယ်နော်၊ဒါပေမယ့်မယုတ်မာဘူး.. အစ်ကိုက သတ်ရဲတယ်၊သေရဲတယ် ဒါပေမယ့်မူနွဲ့မျက်ရည်ကျတာကိုတော့မကြည့်ရဲဘူး..... ကြက်သမား၊ဖဲသမား..လူမိုက်လေးတေဇဘုန်း‌ကျော်...
6K 733 30
"ယောက်ယောက် နင်သာဆိုရင်ရော ကျွမ်းကျင် ဂိမ်းကစားသမားတစ်ယောက်နဲ့တွဲမလား?" ထုံယောက်က အလောတကြီးပြန်မဖြေခင်မှာ ခဏတာစဥ်းစားလိုက်တယ်... "တကယ်လို့ ငါသာဆိုရင...