Zawgyi
အပိုင္း (၁၂၄၅) – အဘိုးဘိုင္ ေနာက္ေယာင္ခံ လိုက္ခံရျခင္း
မိုယြိသည္ ေရွာင္ဟုန႔္အေပၚတြင္ ေအးစက္စက္ႏိုင္သည္။ သူမ ဆယ္ခြန္း ေျပာလွ်င္ တစ္ခြန္းသာ ျပန္ေျဖေလသည္။ သို႔ေသာ္ သူသည္ ရွီမာယူယူ႔အေပၚ တြင္ စိတ္ရွည္ၿပီး သူကသာ စကားစေျပာေလသည္။ ေရွာင္ဟုန္၏ အက်င့္သည္ က်ယ္ေလာင္ၿပီး မထီတရီျဖစ္ေသာ္ျငား သူႏွင့္ ေန႔တစ္ဝက္နီးပါး ဆက္ဆံၿပီး ေနာက္တြင္ သူမလည္း သတိထားမိသည္။ ညေနမေရာက္ခင္တြင္ သူမ တစ္ခုခု လုပ္စရာရွိသည္ဟု ေျပာၿပီးထြက္သြားေလသည္။
ရွီမာယူယူသည္ သူမ၏ ၾကင္နာသူကင္းမဲ့ေသာ အရိပ္ထြက္သြားသည္ကို ၾကည့္ၿပီး အကူအညီမဲ့စြာ ေခါင္းရမ္းမိသည္။
သူမ ရက္မ်ားစြာ ဝမ္းနည္းျခင္းက သူ၏ တကယ့္သ႐ုပ္မွန္အစစ္ကို သိၿပီး နာက်င္သည္ထက္ ေကာင္းေသးသည္။
ေနာက္ပိုင္းရက္မ်ားတြင္ ေရွာင္ဟုန္ အလာက်ဲသြားသည္။ သူမ လာခ်ိန္ တိုင္းတြင္ မိုယြိမရွိသည့္ အခ်ိန္ျဖစ္သည္။ မိုယြိလာသည္ႏွင့္ သူမ ထြက္သြား သည္။
ရွီမာယူယူသည္ မိုယြိ သူမ လက္ဖက္ရည္ေသာက္သည္ကိုပင္ တြန႔္တို လာသည္။ သူ႔ေၾကာင့္ပင္ ေရွာင္ဟုန္ႏွင့္ စကားေကာင္းေကာင္းမေျပာရကာ ထိုအႀကီးအကဲ အေၾကာင္းကို ဘာမွမေမးရေပ။
"ရွင္က ကြၽန္မဘဝမွာ ေတာ္ေတာ္ကို ထိခိုက္ေစတာပဲ" သူမ ေစာဒက တက္ေလသည္။
ရက္အနည္းငယ္ ဆက္ဆံၿပီးေနာက္တြင္ သူတို႔ရင္းႏွီးလာသည္။ သူမ သည္ သူ၏သ႐ုပ္မွန္ကိုသိလာသည္။ သူသည္ တေစၦေလာကတြင္ တျခားသူ မ်ားကို တာဝန္ခြဲေပးသည့္ ပထမဆုံးမ်ိဳးႏြယ္ေခါင္းေဆာင္ျဖစ္သည္။ သူ၏ ခြန္ အားသည္ ေတာ္ဝင္မ်ိဳးႏြယ္၏ ေနာက္ေရာက္ေသာ္လည္း တေစၦမိဖုရား၏ မိခင္ ဘက္မ်ိဳးႏြယ္ထက္ သာလြန္သည္။
ထို႔ေၾကာင့္ပင္ တေစၦမိဖုရားသည္ သူ႔ကို ေသြးေဆာင္လွည့္ျဖားရန္ ႀကိဳးစားေနျခင္းျဖစ္သည္။ သူသည္ လက္ဖက္ရည္ကို စြဲလမ္းသည္ဟု သိသည္ ႏွင့္ အႏၲရာယ္အားလုံးကို ေက်ာ္ျဖတ္ကာ လူသားေလာကအထိလာၿပီး သူ႔ အတြက္ လက္ဖက္ရည္ ျပင္ဆင္တတ္ရန္ သင္ခဲ့သည္။
သူသည္ မည္သူ႔ကိုမွ အေႂကြးတင္သည္ကို မႏွစ္သက္သျဖင့္ တေစၦ မိဖုရားကို ျပန္ကူညီေပးခဲ့သည္။ တျခားသူမ်ား၏ မ်က္လုံးထဲတြင္ သူတို႔ ဆက္ဆံေရးမွာ ေကာင္းမြန္သည္။ သို႔ေသာ္ မိုယြိအတြက္ အလဲအလွယ္ တစ္ခု သာျဖစ္သည္။
ထိုအရာမ်ားသည္ သူတို႔လက္ဖက္ရည္ေသာက္ေနခ်ိန္တြင္း သူ သူမကို ေျပာျပခဲ့ျခင္းျဖစ္သည္။ သူသည္ တေစၦမိဖုရား ဘက္ေတာ္သား မဟုတ္သည္ကို သိေသာအခါ သူမ ပိုပြင့္လင္းလာသည္။
တေစၦမိဖုရားက သူ႔ကို ျဖားေယာင္းဖို႔ လက္ဖက္ရည္ကိုသုံးမွေတာ့ သူမ လည္း သူမဘက္ကို သူပါလာေအာင္ လက္ဖက္ရည္သုံးေပးရမွာေပါ့။
ရွီမာယူယူသည္ သူ႔ကို မ်က္ႏွာေျပာင္တိုက္ၿပီး ေျပာလာသည္ကို ေတြ႕ ေသာအခါ သူ႔ကိုမေၾကာက္ေတာ့သည္ကို မိုယြိ သတိထားမိသည္။ မဟုတ္လွ်င္ သူမ ဘယ္လိုလုပ္ သူ႔ကိုအျပစ္တင္ရဲမွာလဲ။
သူသည္ လက္ဖက္ရည္က်ိဳခ်က္နည္းမ်ားကို ရင္းႏွီးခဲ့ေသာ္လည္း သူမ အရည္အခ်င္းကိုမွီရန္လိုေသးသည့္ပုံပင္။
"ငါက ဘယ္လိုလုပ္ မင္းဘဝကိုထိခိုက္ေစတာလဲ"
"ဘယ္လိုလုပ္ မထိခိုက္ေစရမွာလဲ ေရွာင္ဟုန္က ကြၽန္မနဲ႔ မကစားေတာ့ ဘူး" ရွီမာယူယူ ေျပာလိုက္သည္။
"သူမက ဥကၠဌရဲ႕သမီးျဖစ္ၿပီး ေနာက္တစ္ခ်ိန္ကို အခမ္းအနား ဆက္ခံ သူျဖစ္လာမွာ သူမက ေသခ်ာေပါက္ အကူအညီျဖစ္လာမွာပဲ" မိုယြိသည္ သေဘာမတူစြာျဖင့္ ေျပာလိုက္သည္။
"ဒါေပမဲ့ သူမကို ေမးခ်င္တာေတြ ရွိေသးတယ္ အခု သူမက ရွင့္ကိုျမင္ တာနဲ႔ ထြက္ေျပးတာ ေလထက္ေတာင္ျမန္ေသးတယ္၊ ရွင္က သူမရဲ႕ ျဖဴစင္တဲ့ ႏွလုံးသားကို ထိခိုက္ေအာင္လုပ္လိုက္တာပဲ"
"သူမ ဘဝကိုထိခိုက္ေအာင္ လုပ္တာထက္စာရင္ေတာ္ပါေသးတယ္" မိုယြိ ေျပာလိုက္သည္ "လူတစ္ေယာက္က ငါ့ကိုေႏွာင့္ယွက္တာကို မႀကိဳက္ဘူး ဒါက ငါ့စိတ္ရွည္မႈ အတိုင္းအတာကို တြန္းပို႔ေနတယ္ အဲဒါေၾကာင့္ သူမ ေစာေစာစီးစီး လက္ေလ်ာ့လိုက္တာ မင္း ဝမ္းသာသင့္တယ္"
ရွီမာယူယူသည္ သူ၏ မ်က္ႏွာအမူအရာကိုျမင္ေသာအခါ ခ်ဲ႕ကားေျပာ ျခင္းမဟုတ္သည္ကို သိသြားသည္။
"သူမကို ဘာေမးခ်င္တာလဲ"
"သူတို႔ အဖြဲ႕အစည္းနဲ႔ဆိုင္တာပါ ရွင္သိမွာမဟုတ္ဘူး" ရွီမာယူယူ ေျပာ လိုက္သည္။
"ဒါဆိုရင္ ကြၽန္ေတာ္ တကယ္ကူညီလို႔မရဘူးပဲ" မိုယြိ ေျပာလိုက္သည္။
"မဟုတ္ဘူး ကူညီလို႔ရတယ္" ရွီမာယူယူ ေျပာလိုက္သည္။ "ကြၽန္မကို လာရွာတာရပ္လိုက္မယ္ဆိုရင္ ေရွာင္ဟုန္နဲ႔ တစ္ေနကုန္ စကားေျပာလို႔ရၿပီ"
"...."
လွည့္ပတ္ေျပာဆိုပီးေနာက္တြင္ သူသည္ သူမအတြက္ ႏွစ္ရက္အၾကာ လက္ဖက္ရည္ေဖ်ာ္ေပးသည္ကို သူမ ေစဒကတက္ေနသည္။ သူမသည္ သူ႔ကို ထပ္ၿပီး အေဖာ္မျပဳေပးလိုေတာ့ေပ။
"ႏွစ္ရက္ေလာက္ေတာ့ အနားေပးပါဦး မၾကာခင္ထြက္သြားမဲ့လူလည္း မဟုတ္ဘူး" ရွီမာယူယူ ေျပာလိုက္သည္ "ကြၽန္မ ကိုယ့္ကိစၥေလးကိုယ္ ေျဖရွင္း ဖို႔လည္း အခ်ိန္ေပးပါဦး"
သူမသည္ သူအျမန္သေဘာတူရန္ ေတာင္းဆိုေနသကဲ့သို႔ ႐ုတ္တရက္ သူ႔ကို မ်က္ေတာင္ခတ္ျပသည္ကို မိုယြိ ျမင္လိုက္ရသည္။ သူသည္ ေခတၱမွ် ေတြေဝသြားၿပီးေနာက္ ေျပာလိုက္သည္ "ငါတို႔ လက္ဖက္ရည္ေသာက္စရာ မလိုေတာ့ဘူး ဒါေပမဲ့ ငါမင္းကို အေဖာ္ျပဳေပးခ်င္ေသးတယ္ မင္းဘာလုပ္မလဲ ၾကည့္မယ္ေလ"
"ဘာလို႔လဲ"
"မင္းပဲ ေျပာထားတာေလ ငါက မင္းလုံၿခဳံေရးကို တာဝန္ယူထားတယ္ မင္း ဘာေတြလုပ္ေနလဲဆိုတာမသိမွ ေသခ်ာေစာင့္ေရွာက္ႏိုင္မွာမဟုတ္ဘူး လား" မိုယြိသည္ အမွန္အတိုင္းေျပာလိုက္သည္။
သူမႏွင့္ ရက္အနည္းငယ္ အျပန္အလွန္ဆက္ဆံၿပီးေနာက္တြင္ သူမကို ပို၍ စိတ္ဝင္စားခဲ့သည္ကိုေတာ့ ဝန္မခံခ်င္ေပ။ သူမႏွင့္ သူမအေမၾကားတြင္ မည္သူက ပိုအားေကာင္းသည္ကို သူ သိခ်င္သည္။
"..." ရွီမာယူယူ သူ႔ကို စိုက္ၾကည့္လိုက္သည္။ ဒီလူက ႐ူးမ်ားေနသလား။
သို႔ေသာ္ သူမသည္ သူ႔ကို မေဖ်ာင္းဖ်ႏိုင္သလို ႏိုင္ေအာင္လည္း မတိုက္ႏိုင္ေပ။
ထို႔ေၾကာင့္ သူမတြင္ ဆုံးျဖတ္ရန္ လုပ္ပိုင္ခြင့္မရွိေပ။
သို႔ေသာ္ ကိစၥေကာင္းမွာ သူမသည္ လက္ဖက္ရည္မေသာက္ရေတာ့ေပ။
ေနာက္တစ္ေန႔တြင္ လက္ဖက္ရည္မေသာက္ရေတာ့ဘဲ ေနာက္ဆုံးတြင္ ဘိုင္ရွန္းကိုသြားရွာျဖစ္ေတာ့သည္။
အမွန္တကယ္ေတာ့ သြားရွာျခင္းမဟုတ္ေပ။ နီရဲပ်ားမ်ားဆီမွရေသာ သတင္းျဖင့္ ရွာလိုက္ျခင္းျဖစ္သည္။
သို႔ေသာ္ သည္တစ္ခ်ိန္တြင္ သူသည္ အေျခအေနမေကာင္းေပ။ သူသည္ လက္ရွိတြင္ ေနာက္ကလိုက္ခံေနရသည္။
ရွီမာယူယူသည္ ေရွာင္ခ်ီႏွင့္ တျခားသူမ်ားကို ေခၚသြားသည္... အာ.. တကယ္ေတာ့ ေရွာင္ခ်ီႏွင့္ တျခားသူမ်ားက ဘိုင္ရွန္းရွိရာသို႔ေခၚသြားျခင္းျဖစ္ သည္။ ဘိုင္ရွန္းကို သူ႔ေလာက္အင္အားရွိေသာ လူဆယ္ေယာက္ေလာက္က ဝန္းရံထားလ်က္ရွိသည္ကို သူမ ျမင္လိုက္ရသည္။ သူသည္ ႀကီးမားေသာ ဒဏ္ရာမ်ားလည္း ရထားသည္။
"ေသစမ္း သူတို႔က ဘယ္လိုေတြေတာင္ ငါ့အဘိုးဘိုင္ကို သတ္ရဲေနတာ လဲ ဒီေကာင္မေလးက ဘယ္လိုရွင္းမလဲဆိုတာ ၾကည့္ေနလိုက္" ေရွာင္ခ်ီႏွင့္ ဘိုင္ရွန္းတို႔သည္ ဆက္ဆံေရးေကာင္းၾကသည္။ သူ ဒဏ္ရာရထားသည္ကိုျမင္ ေသာအခါ သူမသည္ ခ်က္ခ်င္းပင္ ေဒါသထြက္ကာ ရွီမာယူယူတို႔အား ေဘးတြင္ ပစ္ထားခဲ့ကာ ပ်ံသြားေလသည္။
အိပ္မက္ေလးႏွင့္ ပန္းေလးတို႔လည္း လိုက္သြားၾကသည္။ တစ္ဖက္လူ မွာ အားမနည္းေပ။ ေရွာင္ခ်ီသည္ သန္မာသည္။ သို႔ေသာ္ ဘိုင္ရွန္၏ ဒဏ္ရာရ ထားေသာအေျခအေနကိုပါ ထည့္တြက္လွ်င္ အနည္းငယ္ အႏၲရာယ္မ်ားသည္။
ခ်င္ယိ၊ မိုယြိႏွင့္ သူမတို႔သည္ တစ္ေနရာတြင္ အတူရပ္ေနၾကသည္။ သူတို႔ သည္ ကာကြယ္ေရးစက္ဝန္းလုပ္မထားေသာ္လည္း စြမ္းအင္မ်ားသူတို႔ဆီသို႔ ေရာက္သည္ႏွင့္ အလိုလိုေပ်ာ္ကြယ္သြားေလသည္။
ထိုသည္မွာ သန္မာေသာကြၽမ္းက်င္သူမ်ားႏွင့္ ရပ္ေနျခင္းသည္ ခံစားခ်က္ေကာင္းလြန္းသည္ကို ရွီမာယူယူ ပထမဆုံးခံစားဖူးျခင္းျဖစ္သည္။
တစ္ဖက္တြင္ ေရွာင္ခ်ီတို႔သည္ ထိုလူမ်ားကို လ်င္ျမန္စြာပင္ ရွင္းၿပီးေလ သည္။ သူတို႔သည္ တခ်ိဳ႕ကိုသတ္လိုက္ၿပီး တခ်ိဳ႕ကို အရွင္ထားလိုက္ၾကသည္။ အသက္ရွင္သန္သူမ်ားသည္ ပန္းေလး၏ ပန္းမ်ားတြင္ ပိတ္မိေနၾကသည္။
ရွီမာယူယူ ေလွ်ာက္သြားလိုက္ၿပီး ဘိုင္ရွန္းအား ေဆးတခ်ိဳ႕ေကြၽးလိုက္ သည္။ သူမ မ်က္ႏွာမွာ တည္ေနၿပီး စကားမေျပာေပ။
သူမ၏ အျပဳအမူကိုျမင္ေသာအခါ ေဒါသထြက္ေနၿပီကို ဘိုင္ရွန္းသိလိုက္ သည္။ သူ ပါးစပ္ဟလိုက္ေသာ္လည္း မည္သည့္စကားေျပာရမည္ကို မသိေတာ့ ေပ။
"ဘိုင္ရွန္း အဲလူေတြက ဘယ္သူေတြလဲ ဘယ္လိုလုပ္တိုက္ခိုက္ေနၾက တာလဲ" ေရွာင္ခ်ီသည္ စိုးရိမ္တႀကီးေမးေလသည္။
"အိမ္ေရာက္မွေျပာၾကတာေပါ့" သူတို႔အနားတြင္ လူတခ်ိဳ႕ရွိေနသည္ကို ရွီမာယူယူျမင္လိုက္ေသာအခါ ထိုေနရာသည္ လက္နက္ၿမိဳ႕ေတာ္ျဖစ္ေနသျဖင့္ လူအားလုံးေရွ႕တြင္ ေမးခြန္းေမးျခင္းသည္ မေကာင္းႏိုင္ဟု ေတြးမိသည္။
သူတို႔ထြက္သြားသည္ႏွင့္ မီးေတာက္လႊတ္လိုက္သည္။ ငွက္ေပါက္စသည္ အေလာင္းမ်ားကို ေလာင္ကြၽမ္းေစကာ သူတို႔၏ ေမွာ္ဝင္လက္စြပ္မ်ားကို ယူ လိုက္သည္။
ငွက္ေပါက္စသည္ သူတို႔၏ ေမွာ္ဝင္လက္စြပ္မ်ားကို ယူၿပီး သူမလက္ထဲ သို႔လာထည့္သည္ကို ရွီမာယူယူၾကည့္ၿပီး ႏႈတ္ခမ္းတြန႔္မိသည္။
ဒါကိုဘယ္ကေနသင္ထားတာလဲ။
"အဘိုးဘိုင္ကိုရွာခ်င္တဲ့သူရွိရင္ ကြၽန္မတို႔ေနတဲ့ေနရာကို ရွာဖို႔မခက္ဘူး လို႔ထင္ပါတယ္" သူမသည္ လက္စြပ္မ်ားကိုသိမ္းၿပီး ပုံမွန္ေလသံျဖင့္ေျပာၿပီး ေနာက္ လူအုပ္ႏွင့္ျပည့္ေနေသာ လမ္းမွထြက္လာခဲ့သည္။
သူမ ေျပာလိုက္ေသာစကားသည္ ေနာက္ကြယ္တြင္ ႀကံစည္ေနေသာ လူ ကို ၾကားေစရန္ေျပာလိုက္ျခင္းျဖစ္သည္။ သူမသည္ ထိုလူမ်ားကိုျမင္ေစရန္ မီးရႈိ႕ေပးလိုက္ျခင္းျဖစ္သည္။ သူတို႔က သူမလူကိုလာထိရဲမွေတာ့ ဘာမွမက်န္ ေအာင္ ရွင္းေပးရမွာေပါ့။
ထိုလူမ်ားသည္ အင္အားႀကီးေသာလူမ်ားျဖစ္ကာ လူျမင္ကြင္းအမ်ားေရွ႕ တြင္ ျပာအျဖစ္သို႔ မီးျမႇိဳက္ခံရသည္။ ဒါက အာ႐ုံကိုဆြဲေဆာင္လြန္းတယ္။ ေနာက္ကြယ္ကလူေတြေတာ့ ေဒါသထြက္လို႔ေသသြားလိမ့္မယ္။
သူတို႔သည္ ေနထိုင္ရာၿခံဝန္းသို႔ေရာက္ေသာအခါ ဖက္တီးက်ဴႏွင့္ တျခား သူမ်ားေရာက္လာၾကသည္။
"ဘာျဖစ္လာတာလဲ အဆင္ေျပရဲ႕လား" ေဘဂုံထန္သည္ ဘိုင္ရွန္းအဝတ္ ေပၚမွ ေသြးမ်ားကိုျမင္ေသာအခါ ေမးလိုက္သည္။
"ႀကီးႀကီးမားမားေတာ့ မဟုတ္ဘူး" ရွီမာယူယူ ေျပာလိုက္သည္ "ဧည့္ခန္း မွာေျပာၾကတာေပါ့"
သူမသည္ ႏွစ္လွမ္းမွ် လွမ္းၿပီးေနာက္တြင္ရပ္လိုက္သည္။ သူမသည္ မိုယြိအားေျပာလိုက္သည္ "ရွင္အခုသြားသင့္ၿပီ မဟုတ္ဘူးလား"
"ငါေနၿပီး ပြဲၾကည့္သင့္တယ္လို႔ထင္တယ္" မိုယြိ ေျပာလိုက္သည္ "ဘယ္သူသိမလဲ မင္း အကူအညီလိုႏိုင္တာပဲ"
အကူအညီဟုတ္လား။ ရွီမာယူယူသည္ သူ႔ကို စိတ္ပ်က္စြာၾကည့္လိုက္ သည္။ သူမသည္ သူဆိုလိုရင္းကိုနားလည္သည္။
"ပြဲကို အလကားေတာ့ၾကည့္လို႔မရဘူး"
ထိုသို႔ေျပာၿပီးေနာက္တြင္ သူမကို အားလုံးကိုဧည့္ခန္းသို႔ ဦးေဆာင္သြား လိုက္သည္။
"အဘိုးဘိုင္ ဘာလို႔ကြၽန္မတို႔ကို မဆက္သြယ္တာလဲ အဘိုးကို ပ်ားေတြ လႊတ္ၿပီးသာမရွာလိုက္ရင္ ဘယ္လိုေတြျဖစ္မလဲဆိုတာ သိလား"
Unicode
အပိုင်း (၁၂၄၅) – အဘိုးဘိုင် နောက်ယောင်ခံ လိုက်ခံရခြင်း
မိုယွိသည် ရှောင်ဟုန့်အပေါ်တွင် အေးစက်စက်နိုင်သည်။ သူမ ဆယ်ခွန်း ပြောလျှင် တစ်ခွန်းသာ ပြန်ဖြေလေသည်။ သို့သော် သူသည် ရှီမာယူယူ့အပေါ် တွင် စိတ်ရှည်ပြီး သူကသာ စကားစပြောလေသည်။ ရှောင်ဟုန်၏ အကျင့်သည် ကျယ်လောင်ပြီး မထီတရီဖြစ်သော်ငြား သူနှင့် နေ့တစ်ဝက်နီးပါး ဆက်ဆံပြီး နောက်တွင် သူမလည်း သတိထားမိသည်။ ညနေမရောက်ခင်တွင် သူမ တစ်ခုခု လုပ်စရာရှိသည်ဟု ပြောပြီးထွက်သွားလေသည်။
ရှီမာယူယူသည် သူမ၏ ကြင်နာသူကင်းမဲ့သော အရိပ်ထွက်သွားသည်ကို ကြည့်ပြီး အကူအညီမဲ့စွာ ခေါင်းရမ်းမိသည်။
သူမ ရက်များစွာ ဝမ်းနည်းခြင်းက သူ၏ တကယ့်သရုပ်မှန်အစစ်ကို သိပြီး နာကျင်သည်ထက် ကောင်းသေးသည်။
နောက်ပိုင်းရက်များတွင် ရှောင်ဟုန် အလာကျဲသွားသည်။ သူမ လာချိန် တိုင်းတွင် မိုယွိမရှိသည့် အချိန်ဖြစ်သည်။ မိုယွိလာသည်နှင့် သူမ ထွက်သွား သည်။
ရှီမာယူယူသည် မိုယွိ သူမ လက်ဖက်ရည်သောက်သည်ကိုပင် တွန့်တို လာသည်။ သူ့ကြောင့်ပင် ရှောင်ဟုန်နှင့် စကားကောင်းကောင်းမပြောရကာ ထိုအကြီးအကဲ အကြောင်းကို ဘာမှမမေးရပေ။
"ရှင်က ကျွန်မဘဝမှာ တော်တော်ကို ထိခိုက်စေတာပဲ" သူမ စောဒက တက်လေသည်။
ရက်အနည်းငယ် ဆက်ဆံပြီးနောက်တွင် သူတို့ရင်းနှီးလာသည်။ သူမ သည် သူ၏သရုပ်မှန်ကိုသိလာသည်။ သူသည် တစ္ဆေလောကတွင် တခြားသူ များကို တာဝန်ခွဲပေးသည့် ပထမဆုံးမျိုးနွယ်ခေါင်းဆောင်ဖြစ်သည်။ သူ၏ ခွန် အားသည် တော်ဝင်မျိုးနွယ်၏ နောက်ရောက်သော်လည်း တစ္ဆေမိဖုရား၏ မိခင် ဘက်မျိုးနွယ်ထက် သာလွန်သည်။
ထို့ကြောင့်ပင် တစ္ဆေမိဖုရားသည် သူ့ကို သွေးဆောင်လှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်သည်။ သူသည် လက်ဖက်ရည်ကို စွဲလမ်းသည်ဟု သိသည် နှင့် အန္တရာယ်အားလုံးကို ကျော်ဖြတ်ကာ လူသားလောကအထိလာပြီး သူ့ အတွက် လက်ဖက်ရည် ပြင်ဆင်တတ်ရန် သင်ခဲ့သည်။
သူသည် မည်သူ့ကိုမှ အကြွေးတင်သည်ကို မနှစ်သက်သဖြင့် တစ္ဆေ မိဖုရားကို ပြန်ကူညီပေးခဲ့သည်။ တခြားသူများ၏ မျက်လုံးထဲတွင် သူတို့ ဆက်ဆံရေးမှာ ကောင်းမွန်သည်။ သို့သော် မိုယွိအတွက် အလဲအလှယ် တစ်ခု သာဖြစ်သည်။
ထိုအရာများသည် သူတို့လက်ဖက်ရည်သောက်နေချိန်တွင်း သူ သူမကို ပြောပြခဲ့ခြင်းဖြစ်သည်။ သူသည် တစ္ဆေမိဖုရား ဘက်တော်သား မဟုတ်သည်ကို သိသောအခါ သူမ ပိုပွင့်လင်းလာသည်။
တစ္ဆေမိဖုရားက သူ့ကို ဖြားယောင်းဖို့ လက်ဖက်ရည်ကိုသုံးမှတော့ သူမ လည်း သူမဘက်ကို သူပါလာအောင် လက်ဖက်ရည်သုံးပေးရမှာပေါ့။
ရှီမာယူယူသည် သူ့ကို မျက်နှာပြောင်တိုက်ပြီး ပြောလာသည်ကို တွေ့ သောအခါ သူ့ကိုမကြောက်တော့သည်ကို မိုယွိ သတိထားမိသည်။ မဟုတ်လျှင် သူမ ဘယ်လိုလုပ် သူ့ကိုအပြစ်တင်ရဲမှာလဲ။
သူသည် လက်ဖက်ရည်ကျိုချက်နည်းများကို ရင်းနှီးခဲ့သော်လည်း သူမ အရည်အချင်းကိုမှီရန်လိုသေးသည့်ပုံပင်။
"ငါက ဘယ်လိုလုပ် မင်းဘဝကိုထိခိုက်စေတာလဲ"
"ဘယ်လိုလုပ် မထိခိုက်စေရမှာလဲ ရှောင်ဟုန်က ကျွန်မနဲ့ မကစားတော့ ဘူး" ရှီမာယူယူ ပြောလိုက်သည်။
"သူမက ဥက္ကဌရဲ့သမီးဖြစ်ပြီး နောက်တစ်ချိန်ကို အခမ်းအနား ဆက်ခံ သူဖြစ်လာမှာ သူမက သေချာပေါက် အကူအညီဖြစ်လာမှာပဲ" မိုယွိသည် သဘောမတူစွာဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သူမကို မေးချင်တာတွေ ရှိသေးတယ် အခု သူမက ရှင့်ကိုမြင် တာနဲ့ ထွက်ပြေးတာ လေထက်တောင်မြန်သေးတယ်၊ ရှင်က သူမရဲ့ ဖြူစင်တဲ့ နှလုံးသားကို ထိခိုက်အောင်လုပ်လိုက်တာပဲ"
"သူမ ဘဝကိုထိခိုက်အောင် လုပ်တာထက်စာရင်တော်ပါသေးတယ်" မိုယွိ ပြောလိုက်သည် "လူတစ်ယောက်က ငါ့ကိုနှောင့်ယှက်တာကို မကြိုက်ဘူး ဒါက ငါ့စိတ်ရှည်မှု အတိုင်းအတာကို တွန်းပို့နေတယ် အဲဒါကြောင့် သူမ စောစောစီးစီး လက်လျော့လိုက်တာ မင်း ဝမ်းသာသင့်တယ်"
ရှီမာယူယူသည် သူ၏ မျက်နှာအမူအရာကိုမြင်သောအခါ ချဲ့ကားပြော ခြင်းမဟုတ်သည်ကို သိသွားသည်။
"သူမကို ဘာမေးချင်တာလဲ"
"သူတို့ အဖွဲ့အစည်းနဲ့ဆိုင်တာပါ ရှင်သိမှာမဟုတ်ဘူး" ရှီမာယူယူ ပြော လိုက်သည်။
"ဒါဆိုရင် ကျွန်တော် တကယ်ကူညီလို့မရဘူးပဲ" မိုယွိ ပြောလိုက်သည်။
"မဟုတ်ဘူး ကူညီလို့ရတယ်" ရှီမာယူယူ ပြောလိုက်သည်။ "ကျွန်မကို လာရှာတာရပ်လိုက်မယ်ဆိုရင် ရှောင်ဟုန်နဲ့ တစ်နေကုန် စကားပြောလို့ရပြီ"
"...."
လှည့်ပတ်ပြောဆိုပီးနောက်တွင် သူသည် သူမအတွက် နှစ်ရက်အကြာ လက်ဖက်ရည်ဖျော်ပေးသည်ကို သူမ စေဒကတက်နေသည်။ သူမသည် သူ့ကို ထပ်ပြီး အဖော်မပြုပေးလိုတော့ပေ။
"နှစ်ရက်လောက်တော့ အနားပေးပါဦး မကြာခင်ထွက်သွားမဲ့လူလည်း မဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည် "ကျွန်မ ကိုယ့်ကိစ္စလေးကိုယ် ဖြေရှင်း ဖို့လည်း အချိန်ပေးပါဦး"
သူမသည် သူအမြန်သဘောတူရန် တောင်းဆိုနေသကဲ့သို့ ရုတ်တရက် သူ့ကို မျက်တောင်ခတ်ပြသည်ကို မိုယွိ မြင်လိုက်ရသည်။ သူသည် ခေတ္တမျှ တွေဝေသွားပြီးနောက် ပြောလိုက်သည် "ငါတို့ လက်ဖက်ရည်သောက်စရာ မလိုတော့ဘူး ဒါပေမဲ့ ငါမင်းကို အဖော်ပြုပေးချင်သေးတယ် မင်းဘာလုပ်မလဲ ကြည့်မယ်လေ"
"ဘာလို့လဲ"
"မင်းပဲ ပြောထားတာလေ ငါက မင်းလုံခြုံရေးကို တာဝန်ယူထားတယ် မင်း ဘာတွေလုပ်နေလဲဆိုတာမသိမှ သေချာစောင့်ရှောက်နိုင်မှာမဟုတ်ဘူး လား" မိုယွိသည် အမှန်အတိုင်းပြောလိုက်သည်။
သူမနှင့် ရက်အနည်းငယ် အပြန်အလှန်ဆက်ဆံပြီးနောက်တွင် သူမကို ပို၍ စိတ်ဝင်စားခဲ့သည်ကိုတော့ ဝန်မခံချင်ပေ။ သူမနှင့် သူမအမေကြားတွင် မည်သူက ပိုအားကောင်းသည်ကို သူ သိချင်သည်။
"..." ရှီမာယူယူ သူ့ကို စိုက်ကြည့်လိုက်သည်။ ဒီလူက ရူးများနေသလား။
သို့သော် သူမသည် သူ့ကို မဖျောင်းဖျနိုင်သလို နိုင်အောင်လည်း မတိုက်နိုင်ပေ။
ထို့ကြောင့် သူမတွင် ဆုံးဖြတ်ရန် လုပ်ပိုင်ခွင့်မရှိပေ။
သို့သော် ကိစ္စကောင်းမှာ သူမသည် လက်ဖက်ရည်မသောက်ရတော့ပေ။
နောက်တစ်နေ့တွင် လက်ဖက်ရည်မသောက်ရတော့ဘဲ နောက်ဆုံးတွင် ဘိုင်ရှန်းကိုသွားရှာဖြစ်တော့သည်။
အမှန်တကယ်တော့ သွားရှာခြင်းမဟုတ်ပေ။ နီရဲပျားများဆီမှရသော သတင်းဖြင့် ရှာလိုက်ခြင်းဖြစ်သည်။
သို့သော် သည်တစ်ချိန်တွင် သူသည် အခြေအနေမကောင်းပေ။ သူသည် လက်ရှိတွင် နောက်ကလိုက်ခံနေရသည်။
ရှီမာယူယူသည် ရှောင်ချီနှင့် တခြားသူများကို ခေါ်သွားသည်... အာ.. တကယ်တော့ ရှောင်ချီနှင့် တခြားသူများက ဘိုင်ရှန်းရှိရာသို့ခေါ်သွားခြင်းဖြစ် သည်။ ဘိုင်ရှန်းကို သူ့လောက်အင်အားရှိသော လူဆယ်ယောက်လောက်က ဝန်းရံထားလျက်ရှိသည်ကို သူမ မြင်လိုက်ရသည်။ သူသည် ကြီးမားသော ဒဏ်ရာများလည်း ရထားသည်။
"သေစမ်း သူတို့က ဘယ်လိုတွေတောင် ငါ့အဘိုးဘိုင်ကို သတ်ရဲနေတာ လဲ ဒီကောင်မလေးက ဘယ်လိုရှင်းမလဲဆိုတာ ကြည့်နေလိုက်" ရှောင်ချီနှင့် ဘိုင်ရှန်းတို့သည် ဆက်ဆံရေးကောင်းကြသည်။ သူ ဒဏ်ရာရထားသည်ကိုမြင် သောအခါ သူမသည် ချက်ချင်းပင် ဒေါသထွက်ကာ ရှီမာယူယူတို့အား ဘေးတွင် ပစ်ထားခဲ့ကာ ပျံသွားလေသည်။
အိပ်မက်လေးနှင့် ပန်းလေးတို့လည်း လိုက်သွားကြသည်။ တစ်ဖက်လူ မှာ အားမနည်းပေ။ ရှောင်ချီသည် သန်မာသည်။ သို့သော် ဘိုင်ရှန်၏ ဒဏ်ရာရ ထားသောအခြေအနေကိုပါ ထည့်တွက်လျှင် အနည်းငယ် အန္တရာယ်များသည်။
ချင်ယိ၊ မိုယွိနှင့် သူမတို့သည် တစ်နေရာတွင် အတူရပ်နေကြသည်။ သူတို့ သည် ကာကွယ်ရေးစက်ဝန်းလုပ်မထားသော်လည်း စွမ်းအင်များသူတို့ဆီသို့ ရောက်သည်နှင့် အလိုလိုပျော်ကွယ်သွားလေသည်။
ထိုသည်မှာ သန်မာသောကျွမ်းကျင်သူများနှင့် ရပ်နေခြင်းသည် ခံစားချက်ကောင်းလွန်းသည်ကို ရှီမာယူယူ ပထမဆုံးခံစားဖူးခြင်းဖြစ်သည်။
တစ်ဖက်တွင် ရှောင်ချီတို့သည် ထိုလူများကို လျင်မြန်စွာပင် ရှင်းပြီးလေ သည်။ သူတို့သည် တချို့ကိုသတ်လိုက်ပြီး တချို့ကို အရှင်ထားလိုက်ကြသည်။ အသက်ရှင်သန်သူများသည် ပန်းလေး၏ ပန်းများတွင် ပိတ်မိနေကြသည်။
ရှီမာယူယူ လျှောက်သွားလိုက်ပြီး ဘိုင်ရှန်းအား ဆေးတချို့ကျွေးလိုက် သည်။ သူမ မျက်နှာမှာ တည်နေပြီး စကားမပြောပေ။
သူမ၏ အပြုအမူကိုမြင်သောအခါ ဒေါသထွက်နေပြီကို ဘိုင်ရှန်းသိလိုက် သည်။ သူ ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားပြောရမည်ကို မသိတော့ ပေ။
"ဘိုင်ရှန်း အဲလူတွေက ဘယ်သူတွေလဲ ဘယ်လိုလုပ်တိုက်ခိုက်နေကြ တာလဲ" ရှောင်ချီသည် စိုးရိမ်တကြီးမေးလေသည်။
"အိမ်ရောက်မှပြောကြတာပေါ့" သူတို့အနားတွင် လူတချို့ရှိနေသည်ကို ရှီမာယူယူမြင်လိုက်သောအခါ ထိုနေရာသည် လက်နက်မြို့တော်ဖြစ်နေသဖြင့် လူအားလုံးရှေ့တွင် မေးခွန်းမေးခြင်းသည် မကောင်းနိုင်ဟု တွေးမိသည်။
သူတို့ထွက်သွားသည်နှင့် မီးတောက်လွှတ်လိုက်သည်။ ငှက်ပေါက်စသည် အလောင်းများကို လောင်ကျွမ်းစေကာ သူတို့၏ မှော်ဝင်လက်စွပ်များကို ယူ လိုက်သည်။
ငှက်ပေါက်စသည် သူတို့၏ မှော်ဝင်လက်စွပ်များကို ယူပြီး သူမလက်ထဲ သို့လာထည့်သည်ကို ရှီမာယူယူကြည့်ပြီး နှုတ်ခမ်းတွန့်မိသည်။
ဒါကိုဘယ်ကနေသင်ထားတာလဲ။
"အဘိုးဘိုင်ကိုရှာချင်တဲ့သူရှိရင် ကျွန်မတို့နေတဲ့နေရာကို ရှာဖို့မခက်ဘူး လို့ထင်ပါတယ်" သူမသည် လက်စွပ်များကိုသိမ်းပြီး ပုံမှန်လေသံဖြင့်ပြောပြီး နောက် လူအုပ်နှင့်ပြည့်နေသော လမ်းမှထွက်လာခဲ့သည်။
သူမ ပြောလိုက်သောစကားသည် နောက်ကွယ်တွင် ကြံစည်နေသော လူ ကို ကြားစေရန်ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် ထိုလူများကိုမြင်စေရန် မီးရှို့ပေးလိုက်ခြင်းဖြစ်သည်။ သူတို့က သူမလူကိုလာထိရဲမှတော့ ဘာမှမကျန် အောင် ရှင်းပေးရမှာပေါ့။
ထိုလူများသည် အင်အားကြီးသောလူများဖြစ်ကာ လူမြင်ကွင်းအများရှေ့ တွင် ပြာအဖြစ်သို့ မီးမြှိုက်ခံရသည်။ ဒါက အာရုံကိုဆွဲဆောင်လွန်းတယ်။ နောက်ကွယ်ကလူတွေတော့ ဒေါသထွက်လို့သေသွားလိမ့်မယ်။
သူတို့သည် နေထိုင်ရာခြံဝန်းသို့ရောက်သောအခါ ဖက်တီးကျူနှင့် တခြား သူများရောက်လာကြသည်။
"ဘာဖြစ်လာတာလဲ အဆင်ပြေရဲ့လား" ဘေဂုံထန်သည် ဘိုင်ရှန်းအဝတ် ပေါ်မှ သွေးများကိုမြင်သောအခါ မေးလိုက်သည်။
"ကြီးကြီးမားမားတော့ မဟုတ်ဘူး" ရှီမာယူယူ ပြောလိုက်သည် "ဧည့်ခန်း မှာပြောကြတာပေါ့"
သူမသည် နှစ်လှမ်းမျှ လှမ်းပြီးနောက်တွင်ရပ်လိုက်သည်။ သူမသည် မိုယွိအားပြောလိုက်သည် "ရှင်အခုသွားသင့်ပြီ မဟုတ်ဘူးလား"
"ငါနေပြီး ပွဲကြည့်သင့်တယ်လို့ထင်တယ်" မိုယွိ ပြောလိုက်သည် "ဘယ်သူသိမလဲ မင်း အကူအညီလိုနိုင်တာပဲ"
အကူအညီဟုတ်လား။ ရှီမာယူယူသည် သူ့ကို စိတ်ပျက်စွာကြည့်လိုက် သည်။ သူမသည် သူဆိုလိုရင်းကိုနားလည်သည်။
"ပွဲကို အလကားတော့ကြည့်လို့မရဘူး"
ထိုသို့ပြောပြီးနောက်တွင် သူမကို အားလုံးကိုဧည့်ခန်းသို့ ဦးဆောင်သွား လိုက်သည်။
"အဘိုးဘိုင် ဘာလို့ကျွန်မတို့ကို မဆက်သွယ်တာလဲ အဘိုးကို ပျားတွေ လွှတ်ပြီးသာမရှာလိုက်ရင် ဘယ်လိုတွေဖြစ်မလဲဆိုတာ သိလား"