လရောင်ဖြာမှ...အေးသောကြောင့်(လ...

By Hsu_BlueRose

56.6K 4.6K 763

Unicode '' ကံကြမ္မာဆိုတဲ့ အရာတောင် အသက်အတွက်ဆို ပြောင်းပြန်လှန်ပစ်မှာ မို့ မောင့်လက်ကိုသာရဲရဲတွဲထားပါ အသက်ရယ်... More

Intro🧡
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း (၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း(၂၀)
hello
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)

အပိုင်း(၁၃)

1.5K 168 36
By Hsu_BlueRose

ယနေ့သည်လရောင်၏ မေမေ ဒေါ်မိမိ ဆုံးသည်မှာ ၁၂ နှစ်ပြည့်သော နေ့ဖြစ်သည်။ လရောင်မနက်အစောထကာ ခြံထဲဆင်း၍ ဖြူဖြူဖွေးဖွေး စံပယ်ပန်းကလေးများအား ကြိမ်ခြင်းလေးအပြည့်ခူးကာ ၊ နီနီရဲရဲ နှင်းဆီ ပွင့်လေးများအားလည်း ခူးလိုက်ပြီး ဘုရားပန်းလဲ လိုက်လေသည်။စံပယ်ပန်းကလေးများအား ရေဆေးပြီး ပန်းကန်ထဲထည့်၍ ဘုရားလှူကာ ပိုနေသော စံပယ်ပန်းကလေးများအားလည်း သီကုံးလိုက်ပြီးတစ်ချို့တစ်ဝက်ကို မေမေ့အတွက်ရည်စူးပြီးဘုရားပန်းကပ်၍ တစ်ကုံးအား မေမေကြီးအတွက်သီကာ ကျန်တစ်ကုံးအား  လရောင်ပန်ဆင်ရန်ထားလိုက်လေသည်။ ထို့နောက် ထမင်းချက်ရန် မီးဖိုဆောင်အတွင်းသို့ဝင်လိုက်ပြီး ချက်ပြုတ်ကာ ဘုရားဆွမ်းတော်ကပ်လိုက်ရင်း အလုပ်ရှုပ်နေလေတော့သည်။

'' အို အစ်မလေး ဒီကနေ့တယ်စောသကိုး''

'' ဟယ် ကိုထွန်းတောက်ကြီးလရောင်ကြောင့် နိုးသွားသလား ''

လရောင် မီးဖိုချောင်ထဲအလုပ်ရှုပ်နေတုန်းကျောဘက်ဆီမှ ကိုထွန်းတောက်ကြီး၏အသံကြောင့် အားနာသလိုအပြုံးလေးတစ်ခုပြုံးပြလိုက်ပြီးမေးလိုက်လေသည်။

'' ရပါတယ်အစ်မလေးရယ်။ နို့ အစ်မလေး ဒီနေ့ ဘာတွေများအလုပ်ရှုပ်နေသလဲ။ ''

'' ဒီကနေ့က လရောင် အရမ်းချစ်ရတဲ့ လူတစ်ယောက် လူလောကထဲက ထွက်သွားတာ ၁၂နှစ်ပြည့်ပေါ့။ ဒါ့ကြောင့် လရောင် ဒီနေ့ အလှူသေးသေးလေး ဖြစ်ဖြစ် လုပ်ပေးချင်လို့ပါ''

'' သြော် ။သြော် ဒီလိုကို။''

"ဒါနဲ့လေကိုထွန်းတောက်ကြီး ဒီကနေ့လရောင်ကိုဘုရားလိုက်ပို့ပါ့လား"

"အဲ အဲ့သလိုဆိုမှဒုက္ခပဲ။ ကျုပ်မအားဘူး အစ်မလေးရဲ့။ဆရာကဒီကနေ့ မန္တလေးဆင်းမှာဆိုတော့ ကျုပ်ကအလုပ်ရှုပ်မှာ။နို့ ဒီလိုလုပ်ပါ့လား။ အစ်မလေးကျုပ်ဆရာနဲ့မန္တလေးလိုက်သွားလှည့်။ အလည်သဘောလည်းရောက်၊ဘုရားလည်းဖူးရင်းပေါ့။ဟိုမှာအစ်မလေးလှူချင်တာရှိရင်လည်းလှူခဲ့ပေါ့"

"ဖြစ်မယ်မထင်ပါဘူးကိုထွန်းတောက်ရယ်။ "

"အို ဖြစ်တာမှဖြစ်ဖြစ် ဖြစ်ဖြစ်တောင်မြည်ပါသေးလား အစ်မလေးရာ။လိုက်သာသွား ဘယ်သူမပါဘူး ။ကျုပ်ဆရာတစ်ယောက်တည်းပါလေ။ဆရာလည်းအဖော်ရ ၊အစ်မလေးလည်းလိုချင်တာရ သာလို့တောင်အဆင်ပြေသေး။"

"ဒီလိုဆို လရောင်လိုက်သွားရင်ကောင်မလား။ဒါနဲ့ကိုသစ်ဦးကရော။"

"အမယ်လေး အစောကြီးထပြီးပြင်ဆင်တောင်နေပေါ့။သွားအစ်မလေး သွားပြောချေ။"

ကိုထွန်းတောက်ကြီး၏စကားကြောင့် လရောင် လုပ်လက်စအလုပ်ကိုရပ်ကာအိမ်ပေါ်ထပ်သို့ကပျာကသီကလေး ပြေးကာတက်လေတော့သည်။

"ဒေါက် ဒေါက် ဒေါက်"

လရောင်တံခါးအားအသာခေါက်လိုက်ပြီးအသံပြုလိုက်တော့ အထဲဖက်ဆီမှ ခြေသံကြားရပြီးတံခါးလာဖွင့်လေတော့သည်။

" ဪလရောင်အစောကြီးပါ့လား။ ဘာအရေးကိစ္စရှိလို့ပါလဲ"

" ဟို ဟိုလေ အားနားပေမဲ့ ဒီကနေ့ ကိုသစ်ဦး မန္တလေးဆင်းမလို့ဆို။"

"ဪ ဟုတ်တယ်။ လရောင်မှာစရာများရှိလို့လား။"

" အဲ မှာစရာရယ်လို့တော့မရှိပါဘူးလေ။ဒါပေမဲ့။"

''ပြောပါလရောင်ရဲ့။´´

'' ဟိုလေ လရောင်လိုက်ခဲ့ချင်လို့ပါ။ အပန်းမကြီးရင် လရောင်ကိုခေါ်ပါနော်။ အရေးကြီးရင်တော့ ရပါတယ်လေ လရောင်က ဒီတိုင်း ´´

'' ကျုပ်အတွက် အပန်းမကြီးပါဘူးလေ။ အဖော်လည်း ရတာမို့ သာလို့တောင် အဆင်ပြေသေး ။ ´´

'' ဒီလိုဆို လရောင်လိုက်ခဲ့ပါ့မယ်။ ခဏ စောင့်ပေးပါနော်။ လရောင် အဝတ်ကလေး တစ်ချက်လဲချင်လို့ပါ။ ´´

လောလော လောလော နှင့် ပြေးသွားရန်ပြင်နေသည့် လရောင်ကိုကြည့်ပြီး သစ်ဦး ပြုံးမိလေသည်။

'' အေးဆေး လုပ်ပါလရောင်။ ကျုပ်စောင့်နိုင်ပါတယ်။ အနွေးထည်လေးသာထပ်ဝတ်ခဲ့နော် မော်တော်ကားစီးရင်အေးမှာ ။´´

'' ဟုတ်ကဲ့ပါ ကိုသစ်ဦး ´´

လရောင် ခေါင်းကလေးသာအသာညိတ်ပြလိုက်ပြီး အခန်းထဲသာဝင်လိုက်လေတော့သည်။ ပိုးထဘီ အနက်ခံကလေးတွေပေါ်မှ အဝါရောင် ပန်းပွင့်ကလေးတွေပါသော  အထည်ကလေးကို လရောင် ဝတ်ဆင်လိုက်သည်။ ချပ်ချပ်ရပ်ရပ် ကလေးနှင့် ကွက်တိကျနေသည့် အင်္ကျီ နှင့် ထဘီကလေးကြောင့် လရောင် မှန်ကိုကြည့်ရင်း ပြုံးမိနေသည်။ မျက်နှာချေးမှုန် မလိမ်းတတ်ဘဲ သနပ်ခါးပါ မလိမ်းတတ်တာကြောင့် မျက်နှာထက်တွင် မည်သည့် အရာမှ မတင်တော့ဘဲ ဆံပင်ကလေးသာ တစ်ဖက်လျှိုကလေးထုံးကာ ဆံမိတ်ချလိုက်လေသည်။ထို့နောက်မန္တလေးသည် မေမြို့လောက်မအေးတန်ပေမဲ့ မေမြို့တွင်တော့ ဆောင်းမကုန်သေးတာကြောင့် အေးနေသေး၍ အနွေးထည်ကလေးသာ ထပ်ဝတ်လိုက်ပြီး အောက်ထပ်သို့ ဆင်းခဲ့လေတော့သည်။

'' အို အို ကျုပ်တို့အစ်မလေးကတော့လေ ဘယ်လ်ိုနေနေကို လှနေပါရောလား ။ ဒါ့ကြောင့်လည်းကျုပ်တို့ဆရာက ..´´

'' ဟိတ်ကောင် ထွန်းတောက် ပေါက်ကရတွေမဆိုစမ်းနဲ့ အစဥ်သင့် ဖြစ်ပြီဆို သွားစို့လရောင် နောက်ကျရင် အပြန်လည်း နောက်ကျနေမယ် ´´

အိမ်အပေါ်ထပ်မှ ဆင်းလာသော လရောင်ကို ကြည့်ကာ ထွန်းတောက် စနောက် လိုက်တော့ သစ်ဦးမှ ရှက်ကိုးရှက်ကန်းဖြင့် ထွန်းတောက်အား ပိတ်ဟောက်လိုက်ကာ လရောင် ကို ခေါ်ပြီး ကားပေါ်သို့ တက်စေလေတော့သည်။

>>>>
<<<<

'' လရောင် လရောင် ´´

'' ဟင် အင်း ရောက်ပြီလားဟင် ´´

တောင်တက် တောင်ဆင်း လမ်းများကိုမျက်စိတစ်ဆုံးလိုက်ကြည့်ရင်း မှေးခနဲ အိပ်ပျော်သွားသော လရောင်ကြောင့် သစ်ဦး အသာကလေး နှိုးလိုက်တော့ မျက်လုံးကလေးကလည်ကလည်ဖြင့် လရောင်နိုးလာလေသည်။

'' အိပ်ပျော်သွားသလား လရောင် ´´

'' မှေးခနဲဖြစ်သွားတာပါ ။ နို့ရောက်ပြီလားဟင် ´´

'' ရောက်တော့မှာပါ လရောင်ရဲ့ ဒါပေမဲ့ မနက်စာ မစားရသေးဘူးမဟုတ်လား။ တစ်ခုခု စားရအောင်ပါလေ။´´

ထိုအခါမှ လရောင် မနက်စာ မစားခဲ့သည်ကို သတိရမိသည်။

'' သြော် ဟုတ်။´´

သစ်ဦးသည် ဂျစ်ကားကလေးကို လမ်းဘေးထိုးရပ်လိုက်ပြီး ဓနိမိုးထားသည့် မုန့်ဟင်းခါးဆိုင် သေးသေးကလေးသို့ လရောင်နှင့်အတူဆင်းလာလေသည်။ မုန့်ဟင်းခါးဆိုင်ကလေးသည် သေးသော်ငြား လူစည်၏ ။ အနီးနားတစ်ဝိုက်တွင် ဂျစ်ကား သုံးလေးစီး ကိုလမ်းတွေ့ရ၏ ။

'' လရောင် ဘာစားမလဲ ဟင်။´´

ဆိုင်သို့ရောက်သည့်နှင့် ခင်းထားသောညောင်စောင်းလေးထက်တွင်ဝင်ထိုင်လိုက်ပြီး လရောင့်ဘက်သို့လှည့်ကာ သစ်ဦးမေးလိုက်လေသည်။

'' လရောင်မစားတော့ပါဘူးလေ။ ကိုသစ်ဦးစားချင်ရင်သာစားပါ။ ´´

''အို ဘယ် ဟုတ်ပါ့မလဲ။ လရောင် အစာပြေဘာမှမစားခဲ့ရသေးဘူးမဟာတ်ပါလား။ နည်းနည်းဖြစ်ဖြစ်တော့စားပါကွယ်။ အစာမရှိရင် ပင်ပန်းတယ်။ တော်တော်ကြာ မူးမော်နေမှဖြင့် ´´

''  အို ကိုသစ်ဦး ကလည်း စိတ်ပူတတ်ရန်ရော။ လရောင်မဆာလို့ပါ။ ကဲပါလေ သည်လိုဆိုရင်လည်း လရောင်စားပါ့မယ်။ မုန့်ဟင်းခါးတစ်ပွဲသာပေးလှည့်ပါ။ သြော် ဘူးသီးကြော်ကလေးနဲ့နော်။ ´´

လရောင် ထိုသို့ဆိုလိုက်ပြီး သစ်ဦးအားပြုံးပြကာ ငြိမ်ငြိမ်ကလေးသာ ထ်ိုင်လိုက်သည်။

'' ရော့ လရောင် အခါးရည်သောက် အချမ်းပြေပေါ့။´´

လရောင်လက်ထဲသို့ အတင်း ဆုတ်ကိုင်ကာ ထိုးထည့်ပေးလာသည့် အခါးရည်တစ်ခွက်ကြောင့် လရောင်မျက်နှာတွင် ရှက်ရဲရဲကလေးဖြစ်သွားလေသည်။ အို လရောင် ခုယောကျ်ားပျို တစ်ယောက်ကို ရင်ခုန်နေတာများလား။ လရောင်ဟာ အမြဲ မိန်းကလေးဆန်ဆန်နေတတ်ပြီး၊ ယောက်ျား မဆန်တာတော့ လရောင် ကိုယ့်ဘာသာသိပါသည်။ သို့ပေမဲ့ လရောင်ဟာ ခု အနှီးယောကျ်ားလေး တစ်ယောက်ကို ရင်ခုန်နေတာလား။ ထိုယောက်ျားဟာလည်း မမမော်လီ နှင့် လူကြီးချင်း စကားဆိုထားသည့်လူကိုလေ။ အို ခက်လိုက်တာ။

လရောင် တစ်ယောက်တည်း အတွေးများစွာဖြင့် အခါးရည်ပန်းကန်လေးကိုသာ စိုက်ကြည့်နေမိသည်။ ရင်ထဲတွင်လည်း ဖြစ်သင့်၊ မဖြစ်သင့် လွန်ဆွဲလျှက်။

'' လရောင် စားလေကွယ်။ ဘာဖြစ်လို့လဲ မကြိုက်လို့လား ။ မုန့်ဟင်းခါးတွေပွကုန်မှဖြင့်။´´

သစ်ဦး၏ စကားကိုကြားမှ လရောင် အတွေးပေါင်းစုံအား ခါထုတ်လိုက်ပြီး မိမိရှေ့မှ ပူပူနွေးနွေး မုန့်ဟင်းခါးပန်းကန်သို့ လက်လှမ်းလိုက်လေတော့သည်။

'' ဘာတွေများ အဲ့ဒီလောက် တွေးနေရသလဲ လရောင် ´´

'' ဟို ဘာရယ်မဟုတ်ပါဘူးလေ။ လရောင် မန္တလေးကို တစ်ခါမှ အလည်အပတ်မရောက်ဖူးလို့ တွေးကြည့်နေတာပါ။ ကိုသစ်ဦး ကရော ဘာအရေးရှိလို့ မန္တလေးကို သွားတာလဲဟင်´´

လရောင် စကားလမ်းကြောင်းလွှဲ၍ သာ သစ်ဦးအားတစ်ဖန်ပြန်မေးလိုက်လေသည်။

'' ဒီလိုပါပဲ မန္တလေးမှာက မေမေ့ အက်ိုတွေ ရှိတယ်လေ။ ဒီကနေ့က  မရောက်ဖြစ်တာလဲကြာလို့ ညီအစ်မ ဝမ်းကွဲလေး ကလည်း ရန်ကုန်က ပြန်ရောက်နေတာ ၅လောင်လရှိပြီ ဆိုလို့ သွားမလို့ပါ။ ´´

ရုံး အလုပ်ကိစ္စကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါသည် ကိုတော့ သစ်ဦးမပြောဘဲ ချန်ထားခဲ့လေသည်။

'' ရော့လရောင် ´´

စကားပြောရင်း လရောင် ၏ မုန့်ပန်းကန်ထဲသို့ ဘူသီးကြော် ကလေးတွေ လာထည့်ပေးသည့်သစ်ဦးကြောင့် လရောင် မျက်လုံးကလေးပြူးစွာ ပြန်ကြည့်မိသည်။ လရောင် ဟာ ဘူးသီး ကြော်စားလျှင် ဘူးသီး ဖတ်အားမစားဘဲ ဘေးမျှ အကြော်ကိုသာ စားတတ်သည်။ လရောင်၏ အကြိုက်ကိုဘယ်လိုများ သိပါလိမ့် ။

လရောင်ပန်းကန်ထဲမှ ဘူးသီးဖတ်ကလေးများကို သူ့ပန်းကန်ထဲသို့ ခက်ယူကာ အကြော်ဖတ်ကလေးများကိုသာ လရောင် ပန်းကန်ထဲသို့ ထည့်ပေးနေသော သစ်ဦးသည် လရောင် နှင့်ပတ်သတ်လျှင် ခဏ တစ်ဖြုတ် အသေးအမွှားလေးကစ သတိထားမိသည် ကိုတော့ လရောင် နားလည်သွားသည်။ လရောင် ဘဝမှာ ထိုသို့ ဂရုစိုက်မှု မျိုး ခံရတာ ပထမဆုံးအကြိမ် မဟုတ်ပါလား။ မေမေမြင့်တို့နှင့် နေလျှင် လရောင် ဟာ အမြဲ အိမ်အစေ သာသာပါ။ လရောင် နေမကောင်းဖြစ်လျှင်တောင် တစ်ချက်လာမမေးသည့် ဖေဖေသည် လရောင် အကြိုက် ကို သိဖို့ဆိုလျှင် ဝေးရောပေါ့။ ဒါဟာလည်း ဖေဖေ့ ကို အပြစ်မဆိုချင်ပါဘူးလေ။ ဖေဖေ အတွက် လရောင်ဟာ သားယောကျ်ားလေး ဆိုပေမဲ့ သမီးမိန်းကလေးဖြစ်တဲ့ မမမော်လီလောက်ပင် အားကိုးမရတဲ့ သားယောကျ်ားလေး မဟုတ်ပါလား။ 

လရောင် တွေးနေရင်းပင် မိမိကိုယ်ကို သိမ်ငယ်စိတ်ကလေး ဝင်၍ မျက်ရည်လည်မိလေသည်။

'' ဟင် လရောင် ငိုနေတာလား။ ဘာများဖြစ်လို့လဲ ။ ကျုပ် ကျုပ် ဘာလုပ်မိလို့လဲ ။ ´´

'' ဟို .. ဟို မဟုတ်ပါဘူးလေ။ လရောင်မငိုပါဘူး။ နည်းနည်း .. နည်းနည်း .. ဟီး ´´

ပြောရင်း ဆိုရင်း ရှိုက်ကြီး တငင် ငိုလာသည့် လရောင်ကြောင့် သစ်ဦး ဘာလုပ်ရမှန်းပင် မသိတော့ပေ။ သူဘာများ သွားလုပ်လိုက်မိပါလိမ့် အကြော်ကလေး ထည့်ပေးတာပဲ ရှိတာမဟုတ်လား ။

'' လရောင် ငိုတာ မဟုတ်ပါဘူး ။ ဒီတိုင်း .. ဒီတိုင်း ဝမ်းနည်းလို့ပါ။ လရောင်ဟာ အငိုသန်တဲ့သူ မဟုတ်ပါဘူး ။ ´´

တစ်ယောက်တည်း ငိုရင်း သစ်ဦးကို မျက်ရည်တွေနှင့် ရှင်းပြနေသည့် လရောင်ကြောင့် သစ်ဦး ခေါင်းကလေးသာ ညိတ်ပြပြီး တိုက်ပုံ အင်္ကျီ  အောက်ဘက် အစကလေးကို လရောင်ကို လရောင် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

'' အို မဟုတ်တာ လရောင်ကြောင့် အင်္ကျီတွေ ပေကုန်ပါ့မယ် ´´

'' ကျုပ်က ရပါတယ်။ သုတ်လိုက်ပါ မျက်ရည်တွေ´´

သစ်ဦး ၏ စကားကြောင့် လရောင် ခေါင်းကလေးတစ်ညိတ်ညိတ် ဖြင့် သစ်ဦး ဝတ်ထားသောတိုက်ပုံအင်္ကျီ အောက်ဘက် အစကလေးနှင့် မျက်ရည် လေးများသုတ်လိုက်လေသည်။

'' ကဲ စားပါလရောင် ။ ကျုပ်တို့ ခရီးဆက်ကြစို့ ။ တော်တော်ကြာ နေမြင့်လာရင် ပူမယ်´´
သစ်ဦး ထိုသို့ပြောလိုက်ပြီး မုန့်သာဆက်စားနေလိုက်သည်။ စိတ်ထဲတွင်တော့ မတင်မကျများစွာ ဖြင့်သာ အင်း ကျုပ်ထင်တာများ မှန်နေပြီလား လရောင်ရယ်။ ကျုပ်ကို ဘာတွေများ ဖုံးကွယ် ထားသလဲ ။

>>>>
<<<<

'' ဟယ် ကိုကို ။ ကိုကို တို့များ နေနိုင်လိုက်တာ ။အမာပြန်ရောက်တာတောင် လာဖော်မရဘူး။´´

မန္တလေး ရောက်ရောက်ချင်း ခြံ ကြီး တစ်ခြံ သို့  လရောင်တို့ကားကလေး ချိုးဝင်လိုက်သည်နှင့် လရောင်၏ မျက်ဝန်းများသည် ခြံထဲရှိ နီနီရဲရဲ နှင်းဆီ ပန်းကလေးများနှင့် ဖြူဖြူ ဖွေးဖွေး စံပယ် ပန်း ကလေးများစီသို့သာ။ ကားရပ်လိုက်သည့်နှင့် အိမ်ထဲမှ ပြေးထွက်လာသော လရောင်နှင့် ရွယ်တူ ကောင်မလေးတစ်ယောက်ကြောင့် လရောင်ထိုကောင်မလေးကို သေချာကြည့်မိသည်။

'' ဟင် ...မင်း .. မင်းမော်လီ ´´

'' အို အမာ.. အမာခင် ဟုတ်တယ်မဟုတ်လားဟင် ´´

'' အို ဟုတ်ပ။ အမာခင်ပါ။ နေပါအုံး ကိုကိုနဲ့ ဘယ်လို ´´

အမာ သိချင်စောနှင့် သစ်ဦးအားမေးလိုက်လေသည်။

'' အဲ့ဒါ အသားထားပါ ။ လရောင် နဲ့က ဘယ်လိုသိနေတာလဲ ဆိုစမ်းပါအုံး အမာ ´´

'' သြော် မော်လီနဲ့ကလား ရထားပေါ်မှာ ခင်ခဲ့တာ။ အမာ ဒီကို ရထားနဲ့ပြန်တုန်းက မော်လီနဲ့ တစ်ခုံထဲ လေ ။ ´´

'' ​သြော် အဲ့သည်လိုလား မသိပါဘူး ။ နှစ်ယောက်စလုံးက ကော်လိပ်ကျောင်းသူတွေဆိုတော့ ဟိုမှာများ သိခဲ့၊ ခင်ခဲ့သလားလို့ပါ ´´

သစ်ဦး စကားကြောင့် လရောင် မျက်နှာကလေးပျက်ကာ တစ်ချက်တုန်သွားလေသည်။

'' အို လရောင်ကရော ကောလိပ်ကျောင်းသူပဲလား။ အမာ တို့တစ်ခါမှ မစုံဘူးလေးဘူးနော် ။ ဒါနဲ့နေစမ်းပါအုံး။ မော်လီ့ နာမည်တော့ ကြားဖူးသလိုလိုပါပဲ အမှတ်တမဲ့ ဖြစ်နေလေရဲ့ ။ ´´

အမာ၏ စကားများကြောင့် လရောင် ချွေးကလေးတွေ ပြန်ကာ လက်နှစ်ဖက်ကို တင်းတင်းဆုတ်ထားမိသည်။ ဒုက္ခပါပဲ ကောလိပ်ကျောင်းက အကြောင်းတွေ ပြောရက်တော့ဖြင့် လရောင်တို့ ခက်ပါရဲ့။

လရောင်၏ ပျက်သွားသော မျက်နှာကလေးကို မြင်လိုက်တော့ သစ်ဦးရင်ထဲ တစ်မျိုးတစ်မည် ဖြစ်သွားလေသည်။

'' နေစမ်းပါအုံး။ မှတ်မိပြီ မှတ်မိပြီ ဟို အရမ်းလှပြီး မာနကြီးတယ်လို့ ဆိုကြတဲ့ ရတနာကျော် စံအိမ်ကြီးက မော်လီ ဆိုတဲ့ ကောင်မလေးလား ။ ဟို နေစမ်းပါအုံး ဘာပါလိမ့်...´´

အမာ့ ၏ စကားများကြောင့် လရောင် မျက်နှာကလေး ငိုမဲ့ မဲ့ ဖြစ်လာလေသည်။ လရောင် ဘာပြန်ပြောရမလဲ ။ လရောင်ဘာမှ ပြန်မပြောတတ်ပါပဲ ။

'' လရောင် .. ´´

ထိုအချိန် ထွက်ပေါ်လာသော သစ်ဦး၏ အသံလေးကြောင့် လရောင် မျက်နှာငယ်လေးဖြင့်မော့ကြည့်မိသည်။

'' လရောင် နေမကောင်းဘူးထင်တယ်။ မူးနေတယ်မဟုတ်လား ။ ကဲပါ အမာရယ် ရော့ ဒါလေး လာပေးတာ လေးလေး ကိုသာ သေချာပေးလိုက်နော်။ ကိုကို ပြန်တော့မယ်။ အမာသိချင်သမျှ အကုန် ကိုကို ကြေးနန်းပို့လိုက်မယ်´´

သစ်ဦး၏ စကားကြောင့် လရောင် ဝမ်းသာလွန်းလို့ ထိုင်ငိုချင်တော့သည် အထိပင်။

'' အင်းပါ ကိုကို။ မော်လီ နောက်အခွင့်ကြုံမှ အေးအေးဆေးဆေး စကားပြောကြမယ်တော့ ´´

'' ဟုတ်ကဲ့ပါ အမာ ´´

လရောင် တို့ အမာ ကို နှုတ်ဆက်ပြီး ကားပေါ်တက်ကာ မဟာမြတ်မုနိဘုရားကြီးသို့ ဦးတည်လိုက်သည်။ ထို့နောက် ဘုရားဖူးကာ လရောင် မေမေ့အတွက်ရည်စူးပြီး အလှူငွေများထည့်ကာ ခိုစာလေးများကျွေးပြီး မန္တလေး ကျုံး ရှိရာသို့ ဦးတည်လိုက်ကြလေတော့သည်။

'' လရောင် ´´

'' ဘာများလဲ ဟင် ´´

'' လရောင် ကျုပ်ကိုပြောစရာများရှိသလား ´´

'' ကိုသစ်ဦး ရော လရောင်ကို မေးစရာမရှိဘူးလားဟင် ´´

ထိုသို့ တစ်ယောက်တစ်လှည့် မေးခွန်းများဖြင့်သာ ဘာမှ မဆိုနိုင်ကြတော့ဘဲ တိတ်ဆိတ်သွားကြပြန်ပါသည်။ ကျုံးရေပြင်ကို ဖြတ်ကာ တိုက်ခတ်လာသော လေနုအေးလေးများကြောင့် လွင့် သွားသော လရောင်၏ ဆံနွယ် ကလေးများသည် လရောင်၏ ပါးမို့မို့လေးထက်တွင်နေရာယူထားသည်။ သစ်ဦး ထိုဆံနွယ်လေးများကို ဖယ်ပေးချင်ပေမဲ့လည်း မရဲတာကြောင့် ကြိုးစားပြီး လက်လှမ်းလိုက်သည်။

'' လရောင်ခင်  ဟုတ်သလား လရောင်ခင် ´'

အနောက်ဘက်မှ ထွက်ပေါ်လာသော သြ ရှရှ အသံကြောင့် သစ်ဦးလက်တို့ ရပ်တန့်သွားပြီး အသံလာရာသို့ လရောင်ရော သစ်ဦးပါ လှည့်ကြည့်မိသည်။

'' အို ကိုရစ်ချက် ´´

လရောင် မယုံသလို  မျက်လုံးကလေး များပြူးကာ နာမည်ခေါ်လိုက်လေသည်။

'' အို ကျုပ်ကို မှတ်မိသားပဲ။ အဝေးကတည်းက လှမ်းကြည့်နေတာ လရောင်ခင် နဲ့တော်တော်တူတူပါတယ်ဆိုပြီးလေ။ ဒီလို ပုံစံ ဝတ်စားထားတော့ ကျုပ်က ဟုတ်မှ ဟုတ်ပါ့မလားလို့ လူတောင်မှားတယ် ´´

ရစ်ချက် လရောင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ထို့သို့ ပြောလိုက်တော့ လရောင် မျက်လန့်သွားပြီး ရစ်ချက် လက်ကို ဆွဲကာ သစ်ဦးနဲ့ ဝေးရာ တစ်နေရာသို့ ဆွဲခေါ်လာခဲ့လေသည်။

သစ်ဦး မိမိရှေ့မှ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြောင့် မယုံနိုင်သလို လိုက်ကြည့်နေမိသည်။ ဘာကြောင့်လဲ။ ဘာကိစ္စ လရောင်ဟာ ထိုသူ့လက်ကို ဆွဲခေါ်သွားရတာလဲ။ ထိုသူဟာ ဘယ်သူမို့လဲ။ လရောင်နဲ့ ဘဟ်လောက်တောင်ရင်းနှီးလို့လဲ။ မြွေမြွေချင်းခြေမြင် ဆိုသကဲ့သို့ သစ်ဦး ရစ်ချက်နှင့် လရောင်ကို ကြည့်ရင်း အလိုမကျမှုတွေ ကြီးသာ တိုးတိုး ဝင်ရောက်လာသည်။

*အဲ့လက်ကို လွှတ်လိုက်ပါ လရောင် *

သစ်ဦး အတွေးနဲ့သာရေရွတ်လိုက်သည်။ မျက်နှာတွင်တော့ ထိုသူနှင့် လရောင်ကို စိုက်ကြည့်ရင်း မျက်မှောင်ကျုံးလျှက် ။

* ဒါကတော့ လွန်သွားပြီ *

လရောင်၏ ပုခုံးကို လက်တင်လိုက်သည့် ထိုသူကြောင့် သစ်ဦးရင်ထဲ ဒုန်းကနဲ ဖြစ်သွားပြီး မျက်မှောင်ကြီးကျုံ့၍ သာ အနားသို့မပြေးယုံတမယ် သွားလိုက်လေသည်။

'' အယ်ကိုသစ်ဦး ´´

အနားသို့ ဘယ်လိုရောက်လာမှန်း မသိသည့် သစ်ဦးကိုကြည့်ပြီး လရောင်ပြောလိုက်လေသည်။

'' ကျုပ်ပြောစရာရှိတယ် လရောင် ´´

'' အို ..´´

'' ဟို ကိုရစ်ချက် ခွင့်ပြုပါအုံး နော် ´´

ပြောစရာ ရိတယ်ဆိုကာ လရောင်လက်က်ုအတင်းဆွဲသွားသည့် ကိုသစ်ဦးကြောင့် ရစ်ချက်ကို အမြန်နှုတ်ဆက်လိုက်ပြီး သစ်ဦးနောက်သို့ လိုက်ခဲ့ရလေတော့သည်။

'' ဟို ကိုသစ်ဦး  ဘာ ဘာများလဲ ကွယ် ဟင်´´

'' ကျုပ် လရောင် ကို .. ကျုပ်လရောင် ကို မေတ္တာသက်ဝင် နေပြီ။ ဟုတ်တယ် ကျုပ်လရောင်ကို ချစ်မိနေပြီ။ ´´

'' ဟင် ..´´

သစ်ဦး၏ စကားများကြောင့် လရောင် ကမ္ဘာကြီးဟာ တိတ်ဆိတ်သွားလေသည်။

'' ဟုတ်တယ် ။ မောင့် ... အဟင်း မောင့် ကို ပြန်ချစ်နိုင်မလား။ အို မဟုတ်ပါဘူး မောင့်ကို ပြန်ချစ်မယ် မလား ။ ´´

'' အို ...´´

ထိုစကားလေး တစ်ခွန်းသာ ပြောပြီး ကားဆီသို့ပြေးတက်သွားသည့် လရောင်ကို ကြည့်ပြီး သစ်ဦး ဘာလုပ်ရမှန်းမသိ။ ဒီတိုင်းကလေးသာ တိတ်တိတ်ကလေး ရပ်ကြည့်နေမိလေတော့သည်။

>>>>>
<<<<<

3.11.2022

TBC____

ပုံမှန်လေးပြန်up ပေးပါတော့မယ်။ ပစ်ထားမိတာ တကယ်အားနာပါတယ်။ သင်တန်းကစာမေးပွဲတွေ ဆက်နေတော့ ရေးဖို့ မုကိုသွင်းမရလို့ပါ။ စျေးဗန်းကူခင်းပေးကြမယ်မလား။ နောက်ပိုင်းကလေးတွေ ဇာတ်ရှိန်မြင့်ပြီနော်။ review လေးတွေလည်းမျှော်နေပါ့မယ်

>>>>>>
<<<<<<

Zawgyi

ယေန႔သည္လေရာင္၏ ေမေမ ေဒၚမိမိ ဆုံးသည္မွာ ၁၂ ႏွစ္ျပည့္ေသာ ေန႔ျဖစ္သည္။ လေရာင္မနက္အေစာထကာ ၿခံထဲဆင္း၍ ျဖဴျဖဴေဖြးေဖြး စံပယ္ပန္းကေလးမ်ားအား ႀကိမ္ျခင္းေလးအျပည့္ခူးကာ ၊ နီနီရဲရဲ ႏွင္းဆီ ပြင့္ေလးမ်ားအားလည္း ခူးလိုက္ၿပီး ဘုရားပန္းလဲ လိုက္ေလသည္။စံပယ္ပန္းကေလးမ်ားအား ေရေဆးၿပီး ပန္းကန္ထဲထည့္၍ ဘုရားလွဴကာ ပိုေနေသာ စံပယ္ပန္းကေလးမ်ားအားလည္း သီကုံးလိုက္ၿပီးတစ္ခ်ိဳ႕တစ္ဝက္ကို ေမေမ့အတြက္ရည္စူးၿပီးဘုရားပန္းကပ္၍ တစ္ကုံးအား ေမေမႀကီးအတြက္သီကာ က်န္တစ္ကုံးအား  လေရာင္ပန္ဆင္ရန္ထားလိုက္ေလသည္။ ထို႔ေနာက္ ထမင္းခ်က္ရန္ မီးဖိုေဆာင္အတြင္းသို႔ဝင္လိုက္ၿပီး ခ်က္ျပဳတ္ကာ ဘုရားဆြမ္းေတာ္ကပ္လိုက္ရင္း အလုပ္ရႈပ္ေနေလေတာ့သည္။

'' အို အစ္မေလး ဒီကေန႔တယ္ေစာသကိုး''

'' ဟယ္ ကိုထြန္းေတာက္ႀကီးလေရာင္ေၾကာင့္ ႏိုးသြားသလား ''

လေရာင္ မီးဖိုေခ်ာင္ထဲအလုပ္ရႈပ္ေနတုန္းေက်ာဘက္ဆီမွ ကိုထြန္းေတာက္ႀကီး၏အသံေၾကာင့္ အားနာသလိုအၿပဳံးေလးတစ္ခုၿပဳံးျပလိုက္ၿပီးေမးလိုက္ေလသည္။

'' ရပါတယ္အစ္မေလးရယ္။ ႏို႔ အစ္မေလး ဒီေန႔ ဘာေတြမ်ားအလုပ္ရႈပ္ေနသလဲ။ ''

'' ဒီကေန႔က လေရာင္ အရမ္းခ်စ္ရတဲ့ လူတစ္ေယာက္ လူေလာကထဲက ထြက္သြားတာ ၁၂ႏွစ္ျပည့္ေပါ႔။ ဒါ႔ေၾကာင့္ လေရာင္ ဒီေန႔ အလွဴေသးေသးေလး ျဖစ္ျဖစ္ လုပ္ေပးခ်င္လို႔ပါ''

'' ေၾသာ္ ။ေၾသာ္ ဒီလိုကို။''

"ဒါနဲ႔ေလကိုထြန္းေတာက္ႀကီး ဒီကေန႔လေရာင္ကိုဘုရားလိုက္ပို႔ပါ႔လား"

"အဲ အဲ့သလိုဆိုမွဒုကၡပဲ။ က်ဳပ္မအားဘူး အစ္မေလးရဲ႕။ဆရာကဒီကေန႔ မႏၲေလးဆင္းမွာဆိုေတာ့ က်ဳပ္ကအလုပ္ရႈပ္မွာ။ႏို႔ ဒီလိုလုပ္ပါ႔လား။ အစ္မေလးက်ဳပ္ဆရာနဲ႔မႏၲေလးလိုက္သြားလွည့္။ အလည္သေဘာလည္းေရာက္၊ဘုရားလည္းဖူးရင္းေပါ႔။ဟိုမွာအစ္မေလးလွဴခ်င္တာရွိရင္လည္းလွဴခဲ့ေပါ႔"

"ျဖစ္မယ္မထင္ပါဘူးကိုထြန္းေတာက္ရယ္။ "

"အို ျဖစ္တာမွျဖစ္ျဖစ္ ျဖစ္ျဖစ္ေတာင္ျမည္ပါေသးလား အစ္မေလးရာ။လိုက္သာသြား ဘယ္သူမပါဘူး ။က်ဳပ္ဆရာတစ္ေယာက္တည္းပါေလ။ဆရာလည္းအေဖာ္ရ ၊အစ္မေလးလည္းလိုခ်င္တာရ သာလို႔ေတာင္အဆင္ေျပေသး။"

"ဒီလိုဆို လေရာင္လိုက္သြားရင္ေကာင္မလား။ဒါနဲ႔ကိုသစ္ဦးကေရာ။"

"အမယ္ေလး အေစာႀကီးထၿပီးျပင္ဆင္ေတာင္ေနေပါ႔။သြားအစ္မေလး သြားေျပာေခ်။"

ကိုထြန္းေတာက္ႀကီး၏စကားေၾကာင့္ လေရာင္ လုပ္လက္စအလုပ္ကိုရပ္ကာအိမ္ေပၚထပ္သို႔ကပ်ာကသီကေလး ေျပးကာတက္ေလေတာ့သည္။

"ေဒါက္ ေဒါက္ ေဒါက္"

လေရာင္တံခါးအားအသာေခါက္လိုက္ၿပီးအသံျပဳလိုက္ေတာ့ အထဲဖက္ဆီမွ ေျခသံၾကားရၿပီးတံခါးလာဖြင့္ေလေတာ့သည္။

" ဪလေရာင္အေစာႀကီးပါ႔လား။ ဘာအေရးကိစၥရွိလို႔ပါလဲ"

" ဟို ဟိုေလ အားနားေပမဲ့ ဒီကေန႔ ကိုသစ္ဦး မႏၲေလးဆင္းမလို႔ဆို။"

"ဪ ဟုတ္တယ္။ လေရာင္မွာစရာမ်ားရွိလို႔လား။"

" အဲ မွာစရာရယ္လို႔ေတာ့မရွိပါဘူးေလ။ဒါေပမဲ့။"

''ေျပာပါလေရာင္ရဲ႕။´´

'' ဟိုေလ လေရာင္လိုက္ခဲ့ခ်င္လို႔ပါ။ အပန္းမႀကီးရင္ လေရာင္ကိုေခၚပါေနာ္။ အေရးႀကီးရင္ေတာ့ ရပါတယ္ေလ လေရာင္က ဒီတိုင္း ´´

'' က်ဳပ္အတြက္ အပန္းမႀကီးပါဘူးေလ။ အေဖာ္လည္း ရတာမို႔ သာလို႔ေတာင္ အဆင္ေျပေသး ။ ´´

'' ဒီလိုဆို လေရာင္လိုက္ခဲ့ပါ႔မယ္။ ခဏ ေစာင့္ေပးပါေနာ္။ လေရာင္ အဝတ္ကေလး တစ္ခ်က္လဲခ်င္လို႔ပါ။ ´´

ေလာေလာ ေလာေလာ ႏွင့္ ေျပးသြားရန္ျပင္ေနသည့္ လေရာင္ကိုၾကည့္ၿပီး သစ္ဦး ၿပဳံးမိေလသည္။

'' ေအးေဆး လုပ္ပါလေရာင္။ က်ဳပ္ေစာင့္ႏိုင္ပါတယ္။ အေႏြးထည္ေလးသာထပ္ဝတ္ခဲ့ေနာ္ ေမာ္ေတာ္ကားစီးရင္ေအးမွာ ။´´

'' ဟုတ္ကဲ့ပါ ကိုသစ္ဦး ´´

လေရာင္ ေခါင္းကေလးသာအသာညိတ္ျပလိုက္ၿပီး အခန္းထဲသာဝင္လိုက္ေလေတာ့သည္။ ပိုးထဘီ အနက္ခံကေလးေတြေပၚမွ အဝါေရာင္ ပန္းပြင့္ကေလးေတြပါေသာ  အထည္ကေလးကို လေရာင္ ဝတ္ဆင္လိုက္သည္။ ခ်ပ္ခ်ပ္ရပ္ရပ္ ကေလးႏွင့္ ကြက္တိက်ေနသည့္ အကႌ် ႏွင့္ ထဘီကေလးေၾကာင့္ လေရာင္ မွန္ကိုၾကည့္ရင္း ၿပဳံးမိေနသည္။ မ်က္ႏွာေခ်းမႈန္ မလိမ္းတတ္ဘဲ သနပ္ခါးပါ မလိမ္းတတ္တာေၾကာင့္ မ်က္ႏွာထက္တြင္ မည္သည့္ အရာမွ မတင္ေတာ့ဘဲ ဆံပင္ကေလးသာ တစ္ဖက္လွ်ိဳကေလးထုံးကာ ဆံမိတ္ခ်လိုက္ေလသည္။ထို႔ေနာက္မႏၲေလးသည္ ေမၿမိဳ႕ေလာက္မေအးတန္ေပမဲ့ ေမၿမိဳ႕တြင္ေတာ့ ေဆာင္းမကုန္ေသးတာေၾကာင့္ ေအးေနေသး၍ အေႏြးထည္ကေလးသာ ထပ္ဝတ္လိုက္ၿပီး ေအာက္ထပ္သို႔ ဆင္းခဲ့ေလေတာ့သည္။

'' အို အို က်ဳပ္တို႔အစ္မေလးကေတာ့ေလ ဘယ္လ္ိုေနေနကို လွေနပါေရာလား ။ ဒါ႔ေၾကာင့္လည္းက်ဳပ္တို႔ဆရာက ..´´

'' ဟိတ္ေကာင္ ထြန္းေတာက္ ေပါက္ကရေတြမဆိုစမ္းနဲ႔ အစဥ္သင့္ ျဖစ္ၿပီဆို သြားစို႔လေရာင္ ေနာက္က်ရင္ အျပန္လည္း ေနာက္က်ေနမယ္ ´´

အိမ္အေပၚထပ္မွ ဆင္းလာေသာ လေရာင္ကို ၾကည့္ကာ ထြန္းေတာက္ စေနာက္ လိုက္ေတာ့ သစ္ဦးမွ ရွက္ကိုးရွက္ကန္းျဖင့္ ထြန္းေတာက္အား ပိတ္ေဟာက္လိုက္ကာ လေရာင္ ကို ေခၚၿပီး ကားေပၚသို႔ တက္ေစေလေတာ့သည္။

>>>>
<<<<

'' လေရာင္ လေရာင္ ´´

'' ဟင္ အင္း ေရာက္ၿပီလားဟင္ ´´

ေတာင္တက္ ေတာင္ဆင္း လမ္းမ်ားကိုမ်က္စိတစ္ဆုံးလိုက္ၾကည့္ရင္း ေမွးခနဲ အိပ္ေပ်ာ္သြားေသာ လေရာင္ေၾကာင့္ သစ္ဦး အသာကေလး ႏႈိးလိုက္ေတာ့ မ်က္လုံးကေလးကလည္ကလည္ျဖင့္ လေရာင္ႏိုးလာေလသည္။

'' အိပ္ေပ်ာ္သြားသလား လေရာင္ ´´

'' ေမွးခနဲျဖစ္သြားတာပါ ။ ႏို႔ေရာက္ၿပီလားဟင္ ´´

'' ေရာက္ေတာ့မွာပါ လေရာင္ရဲ႕ ဒါေပမဲ့ မနက္စာ မစားရေသးဘူးမဟုတ္လား။ တစ္ခုခု စားရေအာင္ပါေလ။´´

ထိုအခါမွ လေရာင္ မနက္စာ မစားခဲ့သည္ကို သတိရမိသည္။

'' ေၾသာ္ ဟုတ္။´´

သစ္ဦးသည္ ဂ်စ္ကားကေလးကို လမ္းေဘးထိုးရပ္လိုက္ၿပီး ဓနိမိုးထားသည့္ မုန္႔ဟင္းခါးဆိုင္ ေသးေသးကေလးသို႔ လေရာင္ႏွင့္အတူဆင္းလာေလသည္။ မုန္႔ဟင္းခါးဆိုင္ကေလးသည္ ေသးေသာ္ျငား လူစည္၏ ။ အနီးနားတစ္ဝိုက္တြင္ ဂ်စ္ကား သုံးေလးစီး ကိုလမ္းေတြ႕ရ၏ ။

'' လေရာင္ ဘာစားမလဲ ဟင္။´´

ဆိုင္သို႔ေရာက္သည့္ႏွင့္ ခင္းထားေသာေညာင္ေစာင္းေလးထက္တြင္ဝင္ထိုင္လိုက္ၿပီး လေရာင့္ဘက္သို႔လွည့္ကာ သစ္ဦးေမးလိုက္ေလသည္။

'' လေရာင္မစားေတာ့ပါဘူးေလ။ ကိုသစ္ဦးစားခ်င္ရင္သာစားပါ။ ´´

''အို ဘယ္ ဟုတ္ပါ႔မလဲ။ လေရာင္ အစာေျပဘာမွမစားခဲ့ရေသးဘူးမဟာတ္ပါလား။ နည္းနည္းျဖစ္ျဖစ္ေတာ့စားပါကြယ္။ အစာမရွိရင္ ပင္ပန္းတယ္။ ေတာ္ေတာ္ၾကာ မူးေမာ္ေနမွျဖင့္ ´´

''  အို ကိုသစ္ဦး ကလည္း စိတ္ပူတတ္ရန္ေရာ။ လေရာင္မဆာလို႔ပါ။ ကဲပါေလ သည္လိုဆိုရင္လည္း လေရာင္စားပါ႔မယ္။ မုန္႔ဟင္းခါးတစ္ပြဲသာေပးလွည့္ပါ။ ေၾသာ္ ဘူးသီးေၾကာ္ကေလးနဲ႔ေနာ္။ ´´

လေရာင္ ထိုသို႔ဆိုလိုက္ၿပီး သစ္ဦးအားၿပဳံးျပကာ ၿငိမ္ၿငိမ္ကေလးသာ ထ္ိုင္လိုက္သည္။

'' ေရာ့ လေရာင္ အခါးရည္ေသာက္ အခ်မ္းေျပေပါ႔။´´

လေရာင္လက္ထဲသို႔ အတင္း ဆုတ္ကိုင္ကာ ထိုးထည့္ေပးလာသည့္ အခါးရည္တစ္ခြက္ေၾကာင့္ လေရာင္မ်က္ႏွာတြင္ ရွက္ရဲရဲကေလးျဖစ္သြားေလသည္။ အို လေရာင္ ခုေယာက်္ားပ်ိဳ တစ္ေယာက္ကို ရင္ခုန္ေနတာမ်ားလား။ လေရာင္ဟာ အၿမဲ မိန္းကေလးဆန္ဆန္ေနတတ္ၿပီး၊ ေယာက္က်ား မဆန္တာေတာ့ လေရာင္ ကိုယ့္ဘာသာသိပါသည္။ သို႔ေပမဲ့ လေရာင္ဟာ ခု အႏွီးေယာက်္ားေလး တစ္ေယာက္ကို ရင္ခုန္ေနတာလား။ ထိုေယာက္က်ားဟာလည္း မမေမာ္လီ ႏွင့္ လူႀကီးခ်င္း စကားဆိုထားသည့္လူကိုေလ။ အို ခက္လိုက္တာ။

လေရာင္ တစ္ေယာက္တည္း အေတြးမ်ားစြာျဖင့္ အခါးရည္ပန္းကန္ေလးကိုသာ စိုက္ၾကည့္ေနမိသည္။ ရင္ထဲတြင္လည္း ျဖစ္သင့္၊ မျဖစ္သင့္ လြန္ဆြဲလွ်က္။

'' လေရာင္ စားေလကြယ္။ ဘာျဖစ္လို႔လဲ မႀကိဳက္လို႔လား ။ မုန္႔ဟင္းခါးေတြပြကုန္မွျဖင့္။´´

သစ္ဦး၏ စကားကိုၾကားမွ လေရာင္ အေတြးေပါင္းစုံအား ခါထုတ္လိုက္ၿပီး မိမိေရွ႕မွ ပူပူေႏြးေႏြး မုန္႔ဟင္းခါးပန္းကန္သို႔ လက္လွမ္းလိုက္ေလေတာ့သည္။

'' ဘာေတြမ်ား အဲ့ဒီေလာက္ ေတြးေနရသလဲ လေရာင္ ´´

'' ဟို ဘာရယ္မဟုတ္ပါဘူးေလ။ လေရာင္ မႏၲေလးကို တစ္ခါမွ အလည္အပတ္မေရာက္ဖူးလို႔ ေတြးၾကည့္ေနတာပါ။ ကိုသစ္ဦး ကေရာ ဘာအေရးရွိလို႔ မႏၲေလးကို သြားတာလဲဟင္´´

လေရာင္ စကားလမ္းေၾကာင္းလႊဲ၍ သာ သစ္ဦးအားတစ္ဖန္ျပန္ေမးလိုက္ေလသည္။

'' ဒီလိုပါပဲ မႏၲေလးမွာက ေမေမ့ အက္ိုေတြ ရွိတယ္ေလ။ ဒီကေန႔က  မေရာက္ျဖစ္တာလဲၾကာလို႔ ညီအစ္မ ဝမ္းကြဲေလး ကလည္း ရန္ကုန္က ျပန္ေရာက္ေနတာ ၅ေလာင္လရွိၿပီ ဆိုလို႔ သြားမလို႔ပါ။ ´´

႐ုံး အလုပ္ကိစၥေၾကာင့္လည္း တစ္စိတ္တစ္ပိုင္း ပါသည္ ကိုေတာ့ သစ္ဦးမေျပာဘဲ ခ်န္ထားခဲ့ေလသည္။

'' ေရာ့လေရာင္ ´´

စကားေျပာရင္း လေရာင္ ၏ မုန္႔ပန္းကန္ထဲသို႔ ဘူသီးေၾကာ္ ကေလးေတြ လာထည့္ေပးသည့္သစ္ဦးေၾကာင့္ လေရာင္ မ်က္လုံးကေလးျပဴးစြာ ျပန္ၾကည့္မိသည္။ လေရာင္ ဟာ ဘူးသီး ေၾကာ္စားလွ်င္ ဘူးသီး ဖတ္အားမစားဘဲ ေဘးမွ် အေၾကာ္ကိုသာ စားတတ္သည္။ လေရာင္၏ အႀကိဳက္ကိုဘယ္လိုမ်ား သိပါလိမ့္ ။

လေရာင္ပန္းကန္ထဲမွ ဘူးသီးဖတ္ကေလးမ်ားကို သူ့ပန္းကန္ထဲသို႔ ခက္ယူကာ အေၾကာ္ဖတ္ကေလးမ်ားကိုသာ လေရာင္ ပန္းကန္ထဲသို႔ ထည့္ေပးေနေသာ သစ္ဦးသည္ လေရာင္ ႏွင့္ပတ္သတ္လွ်င္ ခဏ တစ္ျဖဳတ္ အေသးအမႊားေလးကစ သတိထားမိသည္ ကိုေတာ့ လေရာင္ နားလည္သြားသည္။ လေရာင္ ဘဝမွာ ထိုသို႔ ဂ႐ုစိုက္မႈ မ်ိဳး ခံရတာ ပထမဆုံးအႀကိမ္ မဟုတ္ပါလား။ ေမေမျမင့္တို႔ႏွင့္ ေနလွ်င္ လေရာင္ ဟာ အၿမဲ အိမ္အေစ သာသာပါ။ လေရာင္ ေနမေကာင္းျဖစ္လွ်င္ေတာင္ တစ္ခ်က္လာမေမးသည့္ ေဖေဖသည္ လေရာင္ အႀကိဳက္ ကို သိဖို႔ဆိုလွ်င္ ေဝးေရာေပါ႔။ ဒါဟာလည္း ေဖေဖ့ ကို အျပစ္မဆိုခ်င္ပါဘူးေလ။ ေဖေဖ အတြက္ လေရာင္ဟာ သားေယာက်္ားေလး ဆိုေပမဲ့ သမီးမိန္းကေလးျဖစ္တဲ့ မမေမာ္လီေလာက္ပင္ အားကိုးမရတဲ့ သားေယာက်္ားေလး မဟုတ္ပါလား။ 

လေရာင္ ေတြးေနရင္းပင္ မိမိကိုယ္ကို သိမ္ငယ္စိတ္ကေလး ဝင္၍ မ်က္ရည္လည္မိေလသည္။

'' ဟင္ လေရာင္ ငိုေနတာလား။ ဘာမ်ားျဖစ္လို႔လဲ ။ က်ဳပ္ က်ဳပ္ ဘာလုပ္မိလို႔လဲ ။ ´´

'' ဟို .. ဟို မဟုတ္ပါဘူးေလ။ လေရာင္မငိုပါဘူး။ နည္းနည္း .. နည္းနည္း .. ဟီး ´´

ေျပာရင္း ဆိုရင္း ရႈိက္ႀကီး တငင္ ငိုလာသည့္ လေရာင္ေၾကာင့္ သစ္ဦး ဘာလုပ္ရမွန္းပင္ မသိေတာ့ေပ။ သူဘာမ်ား သြားလုပ္လိုက္မိပါလိမ့္ အေၾကာ္ကေလး ထည့္ေပးတာပဲ ရွိတာမဟုတ္လား ။

'' လေရာင္ ငိုတာ မဟုတ္ပါဘူး ။ ဒီတိုင္း .. ဒီတိုင္း ဝမ္းနည္းလို႔ပါ။ လေရာင္ဟာ အငိုသန္တဲ့သူ မဟုတ္ပါဘူး ။ ´´

တစ္ေယာက္တည္း ငိုရင္း သစ္ဦးကို မ်က္ရည္ေတြႏွင့္ ရွင္းျပေနသည့္ လေရာင္ေၾကာင့္ သစ္ဦး ေခါင္းကေလးသာ ညိတ္ျပၿပီး တိုက္ပုံ အကႌ်  ေအာက္ဘက္ အစကေလးကို လေရာင္ကို လေရာင္ လက္ထဲသို႔ ထည့္ေပးလိုက္ေလသည္။

'' အို မဟုတ္တာ လေရာင္ေၾကာင့္ အကႌ်ေတြ ေပကုန္ပါ႔မယ္ ´´

'' က်ဳပ္က ရပါတယ္။ သုတ္လိုက္ပါ မ်က္ရည္ေတြ´´

သစ္ဦး ၏ စကားေၾကာင့္ လေရာင္ ေခါင္းကေလးတစ္ညိတ္ညိတ္ ျဖင့္ သစ္ဦး ဝတ္ထားေသာတိုက္ပုံအကႌ် ေအာက္ဘက္ အစကေလးႏွင့္ မ်က္ရည္ ေလးမ်ားသုတ္လိုက္ေလသည္။

'' ကဲ စားပါလေရာင္ ။ က်ဳပ္တို႔ ခရီးဆက္ၾကစို႔ ။ ေတာ္ေတာ္ၾကာ ေနျမင့္လာရင္ ပူမယ္´´
သစ္ဦး ထိုသို႔ေျပာလိုက္ၿပီး မုန္႔သာဆက္စားေနလိုက္သည္။ စိတ္ထဲတြင္ေတာ့ မတင္မက်မ်ားစြာ ျဖင့္သာ အင္း က်ဳပ္ထင္တာမ်ား မွန္ေနၿပီလား လေရာင္ရယ္။ က်ဳပ္ကို ဘာေတြမ်ား ဖုံးကြယ္ ထားသလဲ ။

>>>>
<<<<

'' ဟယ္ ကိုကို ။ ကိုကို တို႔မ်ား ေနႏိုင္လိုက္တာ ။အမာျပန္ေရာက္တာေတာင္ လာေဖာ္မရဘူး။´´

မႏၲေလး ေရာက္ေရာက္ခ်င္း ၿခံ ႀကီး တစ္ၿခံ သို႔  လေရာင္တို႔ကားကေလး ခ်ိဳးဝင္လိုက္သည္ႏွင့္ လေရာင္၏ မ်က္ဝန္းမ်ားသည္ ၿခံထဲရွိ နီနီရဲရဲ ႏွင္းဆီ ပန္းကေလးမ်ားႏွင့္ ျဖဴျဖဴ ေဖြးေဖြး စံပယ္ ပန္း ကေလးမ်ားစီသို႔သာ။ ကားရပ္လိုက္သည့္ႏွင့္ အိမ္ထဲမွ ေျပးထြက္လာေသာ လေရာင္ႏွင့္ ရြယ္တူ ေကာင္မေလးတစ္ေယာက္ေၾကာင့္ လေရာင္ထိုေကာင္မေလးကို ေသခ်ာၾကည့္မိသည္။

'' ဟင္ ...မင္း .. မင္းေမာ္လီ ´´

'' အို အမာ.. အမာခင္ ဟုတ္တယ္မဟုတ္လားဟင္ ´´

'' အို ဟုတ္ပ။ အမာခင္ပါ။ ေနပါအုံး ကိုကိုနဲ႔ ဘယ္လို ´´

အမာ သိခ်င္ေစာႏွင့္ သစ္ဦးအားေမးလိုက္ေလသည္။

'' အဲ့ဒါ အသားထားပါ ။ လေရာင္ နဲ႔က ဘယ္လိုသိေနတာလဲ ဆိုစမ္းပါအုံး အမာ ´´

'' ေၾသာ္ ေမာ္လီနဲ႔ကလား ရထားေပၚမွာ ခင္ခဲ့တာ။ အမာ ဒီကို ရထားနဲ႔ျပန္တုန္းက ေမာ္လီနဲ႔ တစ္ခုံထဲ ေလ ။ ´´

'' ​ေၾသာ္ အဲ့သည္လိုလား မသိပါဘူး ။ ႏွစ္ေယာက္စလုံးက ေကာ္လိပ္ေက်ာင္းသူေတြဆိုေတာ့ ဟိုမွာမ်ား သိခဲ့၊ ခင္ခဲ့သလားလို႔ပါ ´´

သစ္ဦး စကားေၾကာင့္ လေရာင္ မ်က္ႏွာကေလးပ်က္ကာ တစ္ခ်က္တုန္သြားေလသည္။

'' အို လေရာင္ကေရာ ေကာလိပ္ေက်ာင္းသူပဲလား။ အမာ တို႔တစ္ခါမွ မစုံဘူးေလးဘူးေနာ္ ။ ဒါနဲ႔ေနစမ္းပါအုံး။ ေမာ္လီ့ နာမည္ေတာ့ ၾကားဖူးသလိုလိုပါပဲ အမွတ္တမဲ့ ျဖစ္ေနေလရဲ႕ ။ ´´

အမာ၏ စကားမ်ားေၾကာင့္ လေရာင္ ေခြၽးကေလးေတြ ျပန္ကာ လက္ႏွစ္ဖက္ကို တင္းတင္းဆုတ္ထားမိသည္။ ဒုကၡပါပဲ ေကာလိပ္ေက်ာင္းက အေၾကာင္းေတြ ေျပာရက္ေတာ့ျဖင့္ လေရာင္တို႔ ခက္ပါရဲ႕။

လေရာင္၏ ပ်က္သြားေသာ မ်က္ႏွာကေလးကို ျမင္လိုက္ေတာ့ သစ္ဦးရင္ထဲ တစ္မ်ိဳးတစ္မည္ ျဖစ္သြားေလသည္။

'' ေနစမ္းပါအုံး။ မွတ္မိၿပီ မွတ္မိၿပီ ဟို အရမ္းလွၿပီး မာနႀကီးတယ္လို႔ ဆိုၾကတဲ့ ရတနာေက်ာ္ စံအိမ္ႀကီးက ေမာ္လီ ဆိုတဲ့ ေကာင္မေလးလား ။ ဟို ေနစမ္းပါအုံး ဘာပါလိမ့္...´´

အမာ့ ၏ စကားမ်ားေၾကာင့္ လေရာင္ မ်က္ႏွာကေလး ငိုမဲ့ မဲ့ ျဖစ္လာေလသည္။ လေရာင္ ဘာျပန္ေျပာရမလဲ ။ လေရာင္ဘာမွ ျပန္မေျပာတတ္ပါပဲ ။

'' လေရာင္ .. ´´

ထိုအခ်ိန္ ထြက္ေပၚလာေသာ သစ္ဦး၏ အသံေလးေၾကာင့္ လေရာင္ မ်က္ႏွာငယ္ေလးျဖင့္ေမာ့ၾကည့္မိသည္။

'' လေရာင္ ေနမေကာင္းဘူးထင္တယ္။ မူးေနတယ္မဟုတ္လား ။ ကဲပါ အမာရယ္ ေရာ့ ဒါေလး လာေပးတာ ေလးေလး ကိုသာ ေသခ်ာေပးလိုက္ေနာ္။ ကိုကို ျပန္ေတာ့မယ္။ အမာသိခ်င္သမွ် အကုန္ ကိုကို ေၾကးနန္းပို႔လိုက္မယ္´´

သစ္ဦး၏ စကားေၾကာင့္ လေရာင္ ဝမ္းသာလြန္းလို႔ ထိုင္ငိုခ်င္ေတာ့သည္ အထိပင္။

'' အင္းပါ ကိုကို။ ေမာ္လီ ေနာက္အခြင့္ႀကဳံမွ ေအးေအးေဆးေဆး စကားေျပာၾကမယ္ေတာ့ ´´

'' ဟုတ္ကဲ့ပါ အမာ ´´

လေရာင္ တို႔ အမာ ကို ႏႈတ္ဆက္ၿပီး ကားေပၚတက္ကာ မဟာျမတ္မုနိဘုရားႀကီးသို႔ ဦးတည္လိုက္သည္။ ထို႔ေနာက္ ဘုရားဖူးကာ လေရာင္ ေမေမ့အတြက္ရည္စူးၿပီး အလွဴေငြမ်ားထည့္ကာ ခိုစာေလးမ်ားေကြၽးၿပီး မႏၲေလး က်ဳံး ရွိရာသို႔ ဦးတည္လိုက္ၾကေလေတာ့သည္။

'' လေရာင္ ´´

'' ဘာမ်ားလဲ ဟင္ ´´

'' လေရာင္ က်ဳပ္ကိုေျပာစရာမ်ားရွိသလား ´´

'' ကိုသစ္ဦး ေရာ လေရာင္ကို ေမးစရာမရွိဘူးလားဟင္ ´´

ထိုသို႔ တစ္ေယာက္တစ္လွည့္ ေမးခြန္းမ်ားျဖင့္သာ ဘာမွ မဆိုႏိုင္ၾကေတာ့ဘဲ တိတ္ဆိတ္သြားၾကျပန္ပါသည္။ က်ဳံးေရျပင္ကို ျဖတ္ကာ တိုက္ခတ္လာေသာ ေလႏုေအးေလးမ်ားေၾကာင့္ လြင့္ သြားေသာ လေရာင္၏ ဆံႏြယ္ ကေလးမ်ားသည္ လေရာင္၏ ပါးမို႔မို႔ေလးထက္တြင္ေနရာယူထားသည္။ သစ္ဦး ထိုဆံႏြယ္ေလးမ်ားကို ဖယ္ေပးခ်င္ေပမဲ့လည္း မရဲတာေၾကာင့္ ႀကိဳးစားၿပီး လက္လွမ္းလိုက္သည္။

'' လေရာင္ခင္  ဟုတ္သလား လေရာင္ခင္ ´'

အေနာက္ဘက္မွ ထြက္ေပၚလာေသာ ၾသ ရွရွ အသံေၾကာင့္ သစ္ဦးလက္တို႔ ရပ္တန္႔သြားၿပီး အသံလာရာသို႔ လေရာင္ေရာ သစ္ဦးပါ လွည့္ၾကည့္မိသည္။

'' အို ကိုရစ္ခ်က္ ´´

လေရာင္ မယုံသလို  မ်က္လုံးကေလး မ်ားျပဴးကာ နာမည္ေခၚလိုက္ေလသည္။

'' အို က်ဳပ္ကို မွတ္မိသားပဲ။ အေဝးကတည္းက လွမ္းၾကည့္ေနတာ လေရာင္ခင္ နဲ႔ေတာ္ေတာ္တူတူပါတယ္ဆိုၿပီးေလ။ ဒီလို ပုံစံ ဝတ္စားထားေတာ့ က်ဳပ္က ဟုတ္မွ ဟုတ္ပါ႔မလားလို႔ လူေတာင္မွားတယ္ ´´

ရစ္ခ်က္ လေရာင္ကို ေျခဆုံးေခါင္းဆုံး ၾကည့္လိုက္ၿပီး ထို႔သို႔ ေျပာလိုက္ေတာ့ လေရာင္ မ်က္လန္႔သြားၿပီး ရစ္ခ်က္ လက္ကို ဆြဲကာ သစ္ဦးနဲ႔ ေဝးရာ တစ္ေနရာသို႔ ဆြဲေခၚလာခဲ့ေလသည္။

သစ္ဦး မိမိေရွ႕မွ ျဖစ္ပ်က္သြားတဲ့ အျဖစ္အပ်က္ေၾကာင့္ မယုံႏိုင္သလို လိုက္ၾကည့္ေနမိသည္။ ဘာေၾကာင့္လဲ။ ဘာကိစၥ လေရာင္ဟာ ထိုသူ့လက္ကို ဆြဲေခၚသြားရတာလဲ။ ထိုသူဟာ ဘယ္သူမို႔လဲ။ လေရာင္နဲ႔ ဘဟ္ေလာက္ေတာင္ရင္းႏွီးလို႔လဲ။ ေႁမြေႁမြခ်င္းေျချမင္ ဆိုသကဲ့သို႔ သစ္ဦး ရစ္ခ်က္ႏွင့္ လေရာင္ကို ၾကည့္ရင္း အလိုမက်မႈေတြ ႀကီးသာ တိုးတိုး ဝင္ေရာက္လာသည္။

*အဲ့လက္ကို လႊတ္လိုက္ပါ လေရာင္ *

သစ္ဦး အေတြးနဲ႔သာေရရြတ္လိုက္သည္။ မ်က္ႏွာတြင္ေတာ့ ထိုသူႏွင့္ လေရာင္ကို စိုက္ၾကည့္ရင္း မ်က္ေမွာင္က်ဳံးလွ်က္ ။

* ဒါကေတာ့ လြန္သြားၿပီ *

လေရာင္၏ ပုခုံးကို လက္တင္လိုက္သည့္ ထိုသူေၾကာင့္ သစ္ဦးရင္ထဲ ဒုန္းကနဲ ျဖစ္သြားၿပီး မ်က္ေမွာင္ႀကီးက်ဳံ႕၍ သာ အနားသို႔မေျပးယုံတမယ္ သြားလိုက္ေလသည္။

'' အယ္ကိုသစ္ဦး ´´

အနားသို႔ ဘယ္လိုေရာက္လာမွန္း မသိသည့္ သစ္ဦးကိုၾကည့္ၿပီး လေရာင္ေျပာလိုက္ေလသည္။

'' က်ဳပ္ေျပာစရာရွိတယ္ လေရာင္ ´´

'' အို ..´´

'' ဟို ကိုရစ္ခ်က္ ခြင့္ျပဳပါအုံး ေနာ္ ´´

ေျပာစရာ ရိတယ္ဆိုကာ လေရာင္လက္က္ုအတင္းဆြဲသြားသည့္ ကိုသစ္ဦးေၾကာင့္ ရစ္ခ်က္ကို အျမန္ႏႈတ္ဆက္လိုက္ၿပီး သစ္ဦးေနာက္သို႔ လိုက္ခဲ့ရေလေတာ့သည္။

'' ဟို ကိုသစ္ဦး  ဘာ ဘာမ်ားလဲ ကြယ္ ဟင္´´

'' က်ဳပ္ လေရာင္ ကို .. က်ဳပ္လေရာင္ ကို ေမတၱာသက္ဝင္ ေနၿပီ။ ဟုတ္တယ္ က်ဳပ္လေရာင္ကို ခ်စ္မိေနၿပီ။ ´´

'' ဟင္ ..´´

သစ္ဦး၏ စကားမ်ားေၾကာင့္ လေရာင္ ကမၻာႀကီးဟာ တိတ္ဆိတ္သြားေလသည္။

'' ဟုတ္တယ္ ။ ေမာင့္ ... အဟင္း ေမာင့္ ကို ျပန္ခ်စ္ႏိုင္မလား။ အို မဟုတ္ပါဘူး ေမာင့္ကို ျပန္ခ်စ္မယ္ မလား ။ ´´

'' အို ...´´

ထိုစကားေလး တစ္ခြန္းသာ ေျပာၿပီး ကားဆီသို႔ေျပးတက္သြားသည့္ လေရာင္ကို ၾကည့္ၿပီး သစ္ဦး ဘာလုပ္ရမွန္းမသိ။ ဒီတိုင္းကေလးသာ တိတ္တိတ္ကေလး ရပ္ၾကည့္ေနမိေလေတာ့သည္။

>>>>>
<<<<<

3.11.2022

TBC____

ပုံမွန္ေလးျပန္up ေပးပါေတာ့မယ္။ ပသ္ထားမိတာ တကယ္အားနာပါတယ္။ သင္တန္းကစာေမးပြဲေတြ ဆက္ေနေတာ့ ေရးဖို႔ မုကိုသြင္းမရလို႔ပါ။ ေစ်းဗန္းကူခင္းေပးၾကမယ္မလား။ ေနာက္ပိုင္းကေလးေတြ ဇာတ္ရွိန္ျမင့္ၿပီေနာ္။ review ေလးေတြလည္းေမွ်ာ္ေနပါ႔မယ္

>>>>>>
<<<<<<

Continue Reading

You'll Also Like

467K 39.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
346K 8.6K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
476K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
180K 24.4K 118
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...