"bui မောင့်ကိုနမ်းပါလား"
Buiကနေရခက်သွားသလိုမျက်နှာလေးနဲ့
"ငါရှက်တယ်"
"ဟာ bui ပဲမောင့်ကိုချစ်တယ်ဆို မောင်ကလဲ buiကိုချစ်တယ်လေ အဲ့တာဆိုမောင်တို့၂ယောက်ကချစ်သူတွေဖြစ်နေပြီမဟုတ်ဘူးလား ဘာတွေရှက်နေသေးတာလဲ"
"အဲ့တာတော့အဲ့တာပေါ့ကွာဒါပေမယ့် ငါလဲ"
buiပြောလို့မဆုံးခင် သူ့ခါးသေးသေးလေးတွေကိုဆွဲပြီး ဆူထွက်နေတဲ့နှုတ်ခမ်းရဲရဲလေးကိုငါမထိန်းနိုင်ပဲ ဆွဲနမ်းမိလိုက်တယ်
အချိန်အတော်အကြာခပ်ကြောင်ကြောင်ဖြစ်နေပြီးတော့မှ ပြန်တုံ့ပြန်လာတယ်
ငါအသည်းယားလွန်းလို့သူ့အောက်နှုတ်ခမ်းလေးကိုဖိကိုက်ပြီး ခါးကိုပိုတိုးဖက်လိုက်တယ် သူ့ခါးလေးကငါ့လက်တစ်ဖ၀ါးစာသာသာပဲရှိတာ
သူကတော့ အ့ ဆိုတဲ့အသံလေးနဲ့ ငါ့လည်ပင်းကိုထိန်းကိုင်လာတယ်
အူယားလွန်းလို့ဆွဲဆက်လုပ်ပစ်ချင်လာပြီ
တကယ်ပြောတာ စာကြည့်တိုက်သာမဟုတ်ရင် ငါသူ့အ၀တ်တွေချွတ်ပြီးနေလောက်ပြီ
ရည်းစားဖြစ်တာမှ ၁၀မိနစ်ကျော်ကျော်ရှိသေးငါ့အတွေးတွေကတော်တော်ညစ်ညမ်းနေတာပဲ
ခနနေတော့ လက်ကလေးတွေကပုခုံးကိုတွန်းလာပြီမို့လို့သူအသက်ရှူကြပ်နေပြီဆိုတာငါချက်ချင်းသိလိုက်တယ်
အဲ့တာကြောင့်မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေးလိုက်ရတာ
----------
"ဟာ P' အရမ်းလန်းတယ်ဗျာ ကျွန်တော်ဆို မျက်လုံးချင်းတောင်မဆုံရဲဘူး "
Ta ကအာပေါင်အာရင်းသန်သန်နဲ့ပြောတော့သူဟက်ကနဲရီချမိတယ်
မင်းမသိလို့ပါကွာ ခုသူမီးဖိုချောင်ထဲ၀င်တုန်းမို့လို့ပြောရဲတာ ကျန်တဲ့ချိန်ဆိုငါနားရွက်ပြတ်နေလောက်ပြီ
"အဲ့တာဆိုအဲ့ထူးဆန်းတဲ့ခံစားချက်က အချစ်ပေါ့နော် "
Taကတစ်ကယ်ကိုစိတ်၀င်စားနေတာ ငါ့ညီလေး တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေလို့ ဘာများလဲအောက်မေ့တယ် ငါတက္ကသိုလ်ကျောင်းသားဘ၀ တုန်းကအဖြစ်နဲ့တစ်ပုံစံထဲတူနေလို့ စမြုံပြန်နေတာပင်။
"အင်းပေါ့ မင်းကိုကြီးရဲ့ထူးဆန်းတဲ့ခံစားချက်တွေကတော့မင်းရဲ့ P'bui အတွက်ချည်းပဲ"
"တော်ပြီတော်ပြီ ဒီလောက်ဆိုလုံလောက်ပြီ
အဲ့တာဆိုကိုကြီးကျွန်တော်နောက်ဆုံးတစ်ခုမေးမယ် "
"ငါ့bui မလာခင်မေး"
"ကျွန်တော်ရဲ့ထူးဆန်းတဲ့စိတ်ကိုဖြစ်စေတဲ့လူကိုဖွင့်ပြောရမလား"
"မင်းကွာငါဇာတ်လမ်းအရှည်ကြီးပြောလာပြီးမှသင်ခန်းစာမရသေးဘူးလား ပြောရမှာပေါ့ကွ သေချာပေါက်ပဲ "
ငါသူ့ကိုအစွမ်းကုန်မြှောက်ပေးလိုက်တယ် ငြင်းခံရလို့ငိုပြန်လာရင် ငါ့bui ကချော့လိမ့်မယ်
"ဟုတ် Hia အဲ့တာဆိုကျွန်တော်သွားပြီနော်"
"အေးအေးဂရုစိုက်သွား"
ငါလဲအားပေးအားမြှောက်လုပ်ရတာမောသွားတော့ ငါ့အမောဖြေဆေးလေးရှိရာမီးဖိုချောင်ထဲ၀င်လာလိုက်တယ်
"bui"
"ဟင် မောင်"
ဒီလိုခေါ်သံလေးက တစ်ကယ်ကိုမရိုးဘူး ငါတို့အတူတူရှိလာတာ ၁၀စုနှစ် တစ်ခုရှိနေပြီ
ငါ့နားထဲပျားသကာလိုချိုမြနေတုန်းပဲ
"ဘာတွေလုပ်နေတာတုန်းဗျ"
ငါသူ့ခါးလေးကိုလက်နှစ်ဖက်နဲ့သိုင်းဖက်ပြီးပုခုံးပေါ်မေးလေးတင်ပြီးမေးလိုက်သည်။
"ခေါက်ဆွဲပြုတ်လေ"
"ခေါက်ဆွဲပြုတ်တွေစားတာမောင်မကြိုက်ပါဘူးဆိုအသက်တိုတက်တယ်လို့"
"တစ်ခါတစ်လေလေးကို"
"မရပါဘူး တစ်ခြားဟာစား" bui ကပြန်ခံငြင်းချင်ပေမဲ့တခြားဟာဆိုတာလေးကို စိတ်၀င်စားသွားပုံလေးနဲ့
"ဘာစားရမလဲ"
"မောင့်စားလေ"
Buiရဲ့မျက်ခုံးတွေကတွန့်ချိုးသွားပြီး
"မင်းဟာလေဘယ်တော့မှအတည်အတံ့မရှိဘူးငါတတကယ်ဗိုက်ဆာနေတာ"
"မောင်လဲဆာနေတာ ဗိုက်တော့မဟုတ်ဘူးရယ်"
ငါလဲပြောပြောဆိုဆိုနဲ့ ခါးမှာဖက်ထားတဲ့ လက်တွေကိုဖြေးဖြေးချင်းလျှောသွားပြီး
ဘောင်းဘီတိုလေးထဲလက်လျှို၀င်ကာမက်မွန်သီးလေးတွေကိုညစ်ပစ်လိုက်တယ်
"Bible ဟေ့ကောင်မီး..မီးဖိုခန်းကြီးလို့"
"ဘာဖြစ်လဲမီးဖိုခန်းလဲ စားပွဲပေါ်တင်စားလို့ရတာပဲ"
ငါပြောတုန်းရှိသေးတယ်
အီးဟီးဟီးကိုကြီးရေ ကျွန်တော့ငြင်းခံလိုက်ရပြီ ဆိုတဲ့အသံဗြဲကြီးကြောင့်ငါရောငါ့ bui ရောလန့်ဖြန့်ကာလူချင်းခွာလိုက်သည်။
"ဟာဟိတ်ကောင်မင်းသွားတာ ၁၀/၁၅မိနစ်ပဲရှိသေးတာဘယ်လိုတောင်ဟိုကငြင်းလိုက်တာလဲ" ငါတကယ်အံ့သြသွားတာ
"စာ..စာပို့လိုက်တာတန်းငြင်းတာ အီးးဟီးးဟီးး "
ငါတကယ်ကိိုစိတ်ညစ်မိပါတယ် ကလေးတွေနဲ့တော့ ငါ့အစာလေးလွတ်သွားပြီ
Buiကတော့ရီရင်း Ta ကိုကျောလေးပုတ်ကာတစ်ဖြေးဖြေးသွားချော့နေသည်။
ငါဒီမြင်ကွင်းလေးကိုမြင်တော့ တကယ်ကြည်နူးမိတယ် မိသားစုဘ၀လေးလိုပဲလေ
ဟုတ်တယ် ငါရယ်ငါ့ buiရယ်ငါ့ညီလေးရယ်
ငါ့မိသားစုလေး
The end
-J
မင်းတို့လဲထူးဆန်းတဲခံစားချက်ပေါ်လာရင်
ကိုယ်ကတော့ သက်ဆိုင်သူကိုဖွင့်ဟဖို့
အကြံညဏ်ပေးချင်ပါတယ်