Professional gangster

By amiephyo

342K 34.8K 2.3K

Gangster တယောက်ရဲ့နားခိုရာနိဗ္ဗာန်ဘုံလေး More

Intro
အမှာစကား
episode- 1
episode-2
episode -3
episode-4
feeling
episode-5
episode-6 part-1
episode-6 part-2
episode-7
episode-8
episode-9
episode-10(part -1)
episode-10(part -2)
episode-11
episode-12
episode-13
episode-14
episode 15
episode-16
episode-17
episode 18
episode-19
episode-20
episode-21
episode-22
episode 23
episode -24
episode-25
episode-26
episode-27
episode-28
episode-29
episode 30
episode -31
episode-32
episode- 33
episode-34
episode-35
episode-36
episode -37
episode-38
episode-39
🙏😔
episode-40
episode-41
episode-42
episode-43
episode-44
episode-45
🥰
episode-46
episode 47
episode 48
episode- 49 💜
episode-50
episode-51(part 2)final
🌺
🙏
Extra-1
Extra-2

episode-51 final(part 1)

4.3K 415 52
By amiephyo


စက်ရုံဝန်းအဟောင်းထဲဝင်လာတဲ့Kim Seokjinရဲ့ကားလေးသည်Jeonလဲကျနေတဲ့နေရာတွင်ရပ်တန့်သွားသည်။

"ရား....အသက်ရှိတဲ့သူရော
ကျန်သေးရဲ့လား....Seokjin"

"စီနီယာ....ဖုန်းဆက်ပြီး
အကူအညီခေါ်ထားလိုက်
ကျနော်....Jeon Jungkookကို
အချိန်မှီဆေးရုံပို့မှဖြစ်မယ်..."

"တစ်ယောက်ထဲဖြစ်ရဲ့လား"

"ရတယ်...ကားပေါ်တော့ကူသယ်ပေး"

"အေးပါ....အေးပါ
Jeon Jungkook
တခုခုဖြစ်လို့ကတော့မလွယ်ဘူး
PL Groupနဲ့အတော်ရှင်းရလိမ့်မယ်"

"ကျနော်သွားပြီ...."

_____________________

စက်ရုံဝန်းထဲကထွက်လာသော
Kim Seokjin၏ကားလေးသည်
ခပ်ကြမ်းကြမ်းမောင်းဝင်လာသော
ကားတစ်စီးရဲ့တားဆီးခြင်းကိုခံလိုက်ရသည်။အရှေ့တည့်တည့်ကနေပိတ်ရပ်လိုက်သောကားထဲ၌Joonနဲ့အတူလူကောင်ထွားထွားကြီး၄ယောက်ဆင်းလာကြပြီးစက်ရုံဝင်းထဲသို့ပြေးဝင်သွားကြသည်။Joonကတော့ကားမောင်းသူထိုင်ခုံနံဘေး၌တကိုယ်လုံးသွေးတွေရဲနေတဲ့ညီဖြစ်သူဆီစိုးရိမ်တကြီးမျက်ဝန်းတွေဖြင့်ကြည့်ကာအပြေးရောက်လာသည်။

Seokjinကကားထဲကထွက်လိုက်ပြီးJoonကိုနားချကြည့်ဖို့တွေးလိုက်သည်။

"ဆေးရုံ...အရင်ပို့မှဖြစ်မယ်Joon
မဟုတ်ရင်Jeon Jungkookကို
အသက်မကယ်နိုင်ဘဲ့ဖြစ်သွားလိမ့်မယ်"

SeokjinစကားကိုJoonကအာရုံမစိုက်အားသေးကားတံခါးဆွဲဖွင့်ပြီးJeonကိုသယ်ထုတ်ဖို့ကြိုးစားနေသည်။

"မင်း...ဘာလုပ်တာလဲ....
ရူးနေလားJoon...
အခုချိန်မှာဆေးရုံအမြန်ဆုံးတင်နိုင်ဖို့လိုတယ်"

Jeon Jungkookကိုသယ်ထုတ်နေသည့်Joonလက်တွေကိုဆွဲချုပ်ထားလိုက်ပြီး
Kim Seokjinကဒေါသတကြီးအော်ငေါက်ပစ်လိုက်သည်။

"ကျနော့်ညီကိုကျနော်ပြန်ခေါ်သွားမယ်
Hyung...ဒီအတိုင်းလွှတ်ပေးလိုက်ပါ"

"ငါခွင့်မပြုနိုင်ဘူး...Joon
ဆေးရုံကိုသွားမယ်....
ပြီးရင်ဥပဒေအတိုင်း
ရဲရဲဝင့်ဝင့်ရင်ဆိုင်....
ဒီလိုရှောင်ပြေးနေတာ
မှန်ကန်တဲ့နည်းလမ်းတခုမဟုတ်ဘူး"

"Boss... Jay... အသက်မရှိတော့ဘူး"

စောစောကစက်ရုံဝန်းထဲပြေးဝင်သွားသောလူထွားကြီး၄ယောက်အနက်တစ်ယောက်သည်Jayရဲ့အသက်မဲ့နေသောခန္ဓာကိုယ်အားပခုံးပေါ်ထမ်းလျက်ပြန်ထွက်လာကြသည်။
တကိုယ်လုံးသွေးတွေရဲနေသည့်Jayရဲ့အသက်မဲ့ခန္ဓာကိုယ်လေးအားကြည့်ကာJoonရင်ထဲအမည်ဖော်လို့မရတဲ့ခံစားချက်ကြီးတခုဝင်ရောက်လာခဲ့သည်။ပြောစရာစကားတို့ကထွက်ကျမလာနိုင်ဘဲ့လည်ချောင်းဝ၌ဆို့နစ်သလိုခံစားနေရသည်။
Jayထွက်သွားတာJoonတို့ညီအစ်ကိုအတွက်အကြီးမားဆုံးဆုံးရှုံးမှုကြီးတခုပင်ဖြစ်သည်။

သတိပြန်ဝင်လာချိန်၌လက်သီးကိုကျစ်ကျစ်
ဆုပ်လျက်အံကိုကြိတ်ကာJoonသည်ကျန်
တပည့်၃ယောက်ကိုကြည့်ပြီးအမိန့်ပေးလိုက်တော့သည်။Joonအသံသည်တဖွဲဖွဲကျနေသောနှင်းစက်တွေအောက်အေးစက်မာကြောစွာ
ထွက်ပေါ်လာခဲ့သည်။

"ကားထဲကJeonကိုသယ်ထုတ်လာခဲ့..."

"ငါ...ခွင့်မပြုနိုင်ဘူး...Joon...
Jeon Jungkookကို
ခေါ်သွားချင်ရင်ငါ့ကို
သတ်ပြီးမှသွား"

"ကောင်းပြီလေ..."

"Joon"

Joonသည်အရမ်းဒေါသထွက်နေပြီဖြစ်ရာသူ့ရှေ့ကပိတ်ကာတားဆီးနေသောSeokjinကိုသေနတ်ဖြင့်ချိန်ရွယ်လိုက်သည်။

"ဒိုင်း"

မယုံကြည်နိုင်သည့်မျက်ဝန်းများဖြင့်Joonကို
သူကြည့်လိုက်သည်။ညာဘက်လက်မောင်းကိုဖောက်ဝင်သွားတဲ့ကျည်ဆန်သည်သူ့အတွက် ဒီပြဿနာတွေထဲကရုန်းထွက်နိုင်မယ့်ထွက်ပေါက်တခုဖြစ်တာနားလည်သော်လည်းရင်ထဲပြောမပြတတ်အောင်ပင်ဝမ်းနည်းနာကျင်ရသည်။သူ့လက်ချောင်းလေးဓါးရှတာတောင်သဲသဲလှုပ်ဖြစ်ခဲ့သည့်Joonဟာအနည်းဆုံးတော့တပည့်တစ်ယောက်ယောက်ကိုခိုင်းလိမ့်မည်ဟုထင်ထားခဲ့တာပါ။အခုလိုသူ့ကိုJoonကိုယ်တိုင်နာကျင်အောင်မလုပ်လောက်ဘူး,မလုပ်ရက်လောက်ဘူးလို့ထင်ထားခဲ့မိသောသူ့အတွေးတွေသည်ပြန်တွေးတိုင်းအရမ်းရှက်ဖို့ကောင်းလှသည်။Joonဟာသူထင်ထားတာထက်ပင်သွေးအေးရက်စက်လွန်းသည့်လူတစ်ယောက်ဖြစ်သည်။အခါများစွာမြင်ခဲ့ရဖူးသောJoonပုံစံတွေနှင့်လုံးဝမတူသည့်ပုံစံကိုသူမြင်တွေ့နေရသည်လေ။

သွေးအေးပြတ်သားလွန်းသည့်မျက်အိမ်ကျဥ်းကျဥ်းတွေဟာလူသတ်သမားတစ်ယောက်အသွင်ကိုဆောင်နေသည်။ရှေ့တည့်တည်ကသူ့ကိုချိန်ရွယ်ထားသောသေနတ်၏မောင်းတံလေးကိုဖြုတ်ချလိုက်ဖို့ခလုတ်အားနှိပ်ပစ်ရန်Joonရဲ့လက်ညိုးမှာတွေဝေတုန့်ဆိုင်းမည့်ပုံမပေါ်။

လက်ထဲကသေနတ်ကိုဆုပ်ကိုင်ထားပေမယ့်
သူမချိန်ရွယ်ရက်ခဲ့....သွေးတွေစီးကျလာတဲ့လက်မောင်းကသေနတ်ဒဏ်ရာကိုကြည့်ကာ
သူ့နှလုံးကတဆစ်ဆစ်နာကျင်လာသည်။
ကိုင်ထားတဲ့သေနတ်ကိုအရင်ပစ်ချလိုက်ပြီးJoonကိုကျောခိုင်းလျက်..

"သွားတော့...Joon...
မင်းနဲ့ငါပြီးပြီ...."

Joonသည်သူ့ကိုတချက်ကြည့်ပြီးကားထဲဝင်သွားခဲ့သည်။အရှိန်ပြင်းစွာမောင်းထွက်သွားသောကားလေးအားငေးကြည့်ရင်းယောက်ျားတစ်ယောက်အတွက်ပထမဆုံးအကြိမ်သူငိုမိခဲ့သည်။

__________

တဖြည်းဖြည်းဝေး၍ကျန်ခဲ့သောပုံရိပ်လေးအားပျောက်ကွယ်သွားသည်အထိကားဘက်မှန်တွေကတဆင့်ငေးကြည့်ရင်းJoonကတိုးတိုးလေးရေရွတ်လိုက်သည်။

"ကျနော့်ကို..ခွင့်မလွှတ်ပါနဲ့Hyung"

သွေးတွေစီးကျနေတဲ့လက်မောင်းကဒဏ်ရာကိုလက်တဖက်ဖြင့်ဖိကာတအံ့တဩမော့ကြည့်လာတဲ့Hyungပုံရိပ်တွေသည်သူ့အားနှစ်ပေါင်းများစွာအပြစ်သားတစ်ယောက်လိုနေထိုင်ဖို့စိတ်ဒဏ်ရာတွေရိုက်ထည့်ပေးလိုက်သလိုပင်....အချိန်တော်တော်ကြာသည်တိုင်ထိုမြင်ကွင်းကိုသူမေ့ဖျောက်ပစ်နိုင်မယ်မထင်တော့ပါ။

တကယ်လို့သာJoonတို့ထွက်သွားပြီးseokjinဆီမှာဘာထိခိုက်ဒဏ်ရာမှမကျန်နေခဲ့ရင်ကြံရာပါအဖြစ်နဲ့စုံထောက်ကြီးပါjailအောင်းရမည့်
အဖြစ်ကိုကြိုသိနေ၍Joonကseokjin
လက်မောင်းကိုဒဏ်ရာရစေခဲ့ခြင်းသာဖြစ်သည်။ဒီလိုလုပ်တာကိုSeokjinကလည်းသဘောပေါက်နားလည်တာကြောင့်Joonကိုအပြစ်မမြင်။

ဒါပေမယ့်seokjinနားမလည်ခဲ့တာတခုကJoonဟာဘာကြောင့်ကိုယ်တိုင်သွေးအေးစွာသူ့အပေါ်ပြုမူခဲ့ရသလဲဆိုတာကိုပင်...
ပြန်ဆုံဖို့အခွင့်အရေးတွေပေးလာခဲ့တဲ့တနေ့ကျရင်Joonကိုသူနားမလည်ခဲ့သောထိုပုစ္ဆာ၏အဖြေကိုသေချာပေါက်မေးဖို့ဆုံးဖြတ်ထားလိုက်သည်။ကျနော်Hyungကိုတကယ်မချစ်ခဲ့လို့ဟူ၍တော့Joon မဖြေပါစေနဲ့လို့သာSeokjin
ဆုတောင်းနေမိသည်။

"ခွဲစိတ်မှုအောင်မြင်တယ်"

အချိန်တော်တော်ကြာခွဲစိတ်ပြီးနောက်ခွဲစိတ်ခန်းထဲကထွက်လာသောဒေါက်တာတချို့သည်တော်တော်လေးပင်ပန်းသွားကြပုံရသည်။
ခွဲစိတ်မှုအောင်မြင်တယ်ဟူ၍သာတိုတိုတုတ်တုတ်ပြောပြီးဆက်မမေးရန်
လက်ကာပြလျက်ထွက်သွားကြသည်။
အားလုံးထွက်သွားပြီးအနည်းငယ်ကြာမှသတိမေ့မြောနေသောJiminကိုလူနာကုတင်တွန်းလှည်းလေးပေါ်တင်၍တွန်းလာသောဆေးရုံဝန်ထမ်းတချို့နဲ့အတူဒေါက်တာMin Yoongiထွက်လာတာကိုမြင်လိုက်သည်။Taehyungနဲ့Hoseokပြေးသွားပြီးဒေါက်တာMin Yoongi နာမည်ကိုလှမ်းခေါ်လိုက်သည်။

"Yoongi.. Hyung"

"စိတ်ချရပြီ...
Jiminကိုကယ်လိုက်နိုင်တယ်"

ဒေါက်တာMin Yoongiစကားကို
အပြည့်အဝနားမလည်ပေမယ့်Jiminခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားတယ်ဆိုတဲ့စကားနဲ့တင်Taehyungရော Hoseok ပါစိတ်အေး
သွားတော့သည်။ခွဲခန်းထဲကထွက်မလာမချင်းအသက်ပင်ကောင်းကောင်းမရှူရဲ...ရင်တထိတ်ထိတ်ပူပင်နေရသောအလုံးကြီးအခုမှကျသွားတော့သည်။Jiminမျက်နှာလေးမြင်လိုက်မှ...
ဟင်းကနဲ...သက်ပြင်းချနိုင်ကြတော့သည်။

___________________________

ခွဲခန်းထဲကထွက်လာပြီး၂ရက်လောက်သတိလစ်နေခဲ့သောJiminကြောင့်ဆရာဝန်တွေပြာယာခတ်ကုန်ကြသည်။Jiminကစိတ်ချရတဲ့အခြေအနေထိမရောက်သေး....သတိပြန်ရလာဖို့ဆက်ပြီး
စောင့်ကြည့်ရဦးမည်ဟုဒေါက်တာMin Yoongi
ကအသိပေးလာသည်။

Taehyungသည်လည်းကုမ္ပဏီအလုပ်ကတဖက်ဆေးရုံကိုလည်းရုံးဆင်းတိုင်းအပြေးလာရဖြင့်ကြာတော့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ကာဆေးရုံပါတက်ရသည်အထိစိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့သည်။အနီးကပ်လိုလေသေးမရှိအောင်ပြုစုပေးသည့်Hoseokရှိနေလိုသာဘဲ့မဟုတ်လို့ကတော့မလွယ်ကူ....သားဖြစ်သူဆေးရုံတက်တော့လာပြုစုချင်သည့်Taehyungအမေမှာခင်ပွန်းဖြစ်သူကမသွားရဘူးကြိမ်းထား၍အိမ်ထဲကအိမ်ပြင်ပင်မထွက်ရဲ.....Taehyungဆီဖုန်းဆက်ပေမယ့်လူကိုယ်တိုင်မလာ၍စိတ်ကောက်ပြီးဖုန်းမကိုင်တာကြောင့်Hoseokကိုသာဖုန်းခဏခဏဆက်ပြီးသားဖြစ်သူရဲ့သတင်းကိုမေးရသည်။

"ဖုန်းဆက်လိုက်ပါTaeရာ
အန်တီအရမ်းစိတ်မကောင်းဖြစ်နေတာ....
မင်းကပါနားလည်မပေးရင်
အန်တီ...ပိုပြီးခံစားသွားရလိမ့်မယ်"

ဖုန်းဆက်တိုင်းငိုနေတဲ့Taehyungအမေကို
မကြည့်ရက်တော့၍Hoseokကဘဲ့ရှေ့နေလိုက်ကာကူပြောပေးရတော့သည်။

"ရှေ့နေ Kim... ကိုကျနော့်ထက်
ပိုချစ်လို့...စကားနားထောင်ပြီး
ဆေးရုံတောင်မလာခဲ့ဘူးလေ....
ဝတ်ကျေတန်းကျေဖုန်းဆက်ပြီး
ရင်ထဲမပါတဲ့စကားတွေဟန်လုပ်
ပြီးကျနော်မပြောတတ်ဘူးHyung...
ကျနော့်အမေကိုဘယ်လောက်ထိ
ကျနော်ချစ်တယ်ဆိုတာHyungအသိဆုံး...
ဒါပေမယ့်...မေမေ...ကျနော့်ကိုမချစ်ဘူး
ရှေ့နေKim..စကားတခွန်းနဲ့
ကျနော့်ကိုပစ်ထားခဲ့တယ်"

"ရှေ့နေKim.. ရှေ့နေKimနဲ့
မသိရင်သူစိမ်းတွေကျနေတာဘဲ့Taeရာ
ဒီနှစ်ပိုင်းတွေကျမှအန်ကယ့််ကိုမင်း
အရမ်းအမြင်စောင်းလာသလိုဘဲ့.....

"Hyung... မသိတာတွေရှိတယ်
ဘယ်အရာကိုမှကျနော်
အကြောင်းမဲ့မမုန်းတီးဘူး"

မိသားစုပြဿနာတွေကြောင့်လို့မှတ်ယူသွားတဲ့Hobi Hyungကဘာမှထပ်မပြောဘဲ့တိတ်ဆိတ်နေလိုက်တော့သည်။ထိုနေ့ကစအိမ်ကဖုန်းဆက်ရင်လည်းသူ့ကိုလာမပြောတော့ဘဲ့Hobi Hyungကသူ့ဘာသာအဆင်ပြေသလိုပြန်ပြောလိုက်တော့တယ်။

ဆေးရုံမှာ၂ရက်လောက်အိပ်ပြီးသွားတော့သူ့ကျန်းမာရေးကလည်းပုံမှန်ပြန်ဖြစ်သွားပြီမို့ဒီနေ့တော့ဆေးရုံဆင်းရန်ဆုံးဖြတ်လိုက်သည်။ဆရာဝန်ကလည်းစိတ်ချရပြီဆင်းချင်ဆင်းလို့ရပြီပြောလာတာကြောင့်မနက်အစောကြီးထကာကုမ္ပဏီကိုတန်းသွားဖို့အဝတ်အစားလဲပြင်ဆင်နေတုန်းအပြေးတပိုင်းရောက်လာတဲ့
Hobi Hyungကြောင့်မှန်ရှေ့ရပ်ကာ
necktie စီးနေသောသူ့လက်တွေရပ်တန့်သွားပြီးအခန်းတံခါးပေါက်ကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။မနက်စောစောစီးစီး...ဒီHyungဘာတွေပြာယာခတ်နေသလဲ.....

"Jimin.,.. သတိပြန်ရပြီတဲ့"

"ဟင်....ဟုတ်လို့လား
ကျနော်အခုဘဲMinလေး
အခန်းကပြန်လာတာ"

Taeကမယုံသလိုပြန်ကြည့်ပြီးပြောလာတာ
ကြောင့်ရှည်ရှည်ဝေးဝေးထပ်ပြောမနေတော့ဘဲ့လက်ကိုဆွဲပြီးခေါ်ခဲ့လိုက်တော့တယ်...

" မယုံရင်...လာ...အခုလိုက်ခဲ့..."

ထိုနေ့ကဆေးရုံကြီးရဲ့မနက်ခင်းသည်ပျော်ရွှင်ရယ်မောသံတွေနဲ့စတင်ခဲ့လေသည်။၃ရက်လောက်သတိမေ့နေခဲ့ပြီးနောက်Jiminပြန်သတိရလာခြင်းကိုမိသားစုဝင်တွေသာမကဆေးရုံတခုလုံးကဆရာဝန်တွေနာစ့်တွေပါမကျန်ပျော်လွန်းလို့မျက်ရည်ပါကျကြသည်။ဒါ...သူတို့ဆေးရုံရဲ့မှတ်တမ်းတင်ထားရမယ့်အောင်မြင်မှုတခုလေ။

အရင်ကJiminလိုလူနာတွေအများကြီးခွဲစိတ်ပေးခဲ့ဖူးပေမယ့်မအောင်မြင်ခဲ့သလိုဆေးရုံပေါ်မှာနှစ်ပေါင်းများစွာသတိမေ့နေပြီးနောက်ဆုံးနှလုံးခုန်ရပ်ပြီးအသက်ဆုံးရှုံးသွားကြတာချည်းဘဲ့....
ဒါကြောင့်Jiminကိုခွဲစိတ်မယ်ဆိုကြတုန်းကတချို့ဆရာဝန်တွေကလက်ရှောင်သွားကြပြီးMin Yoongiကိုလည်းဒီခွဲစိတ်မှုကိုမလုပ်ဖို့ရင်းနှီးတဲ့ဆရာဝန်တချို့ကနောက်ကွယ်မှာချော့မော့ဖျောင်းဖျကြသည်။ဘာလို့လဲဆိုသူတို့ဆေးရုံမှာဒီလိုလူနာတွေကိုခွဲစိတ်တိုင်းမအောင်မြင်ခဲ့သောသာဓကတွေကရှိနေခဲ့တာကိုး။

" ကျေးဇူးတင်ပါတယ်ဒေါက်တာ..."

Taeကမျက်မှန်လေးချွတ်ကာဝဲတက်လာတဲ့မျက်ရည်တချို့ကိုလက်ကိုင်ပုဝါဖြင့်အသာအယာသုတ်နေတဲ့ဒေါက်တာMin Yoongi
ဘက်သို့လှည့်ကာကျေးဇူးတင်စကားပြောလိုက်သည်။Jiminစပြီးခွဲစိတ်ပါပြီဆိုကတည်းကဆေးရုံကလုံးဝမပြန်ဘဲ့Jiminသတိပြန်ရလာဖို့ဆုတောင်းရင်းနေ့နေ့ညညစောင့်ကြည့်နေခဲ့တဲ့ဒေါက်တာMin Yoongi ရဲ့စိတ်ကိုTaehyungအပါအဝင်ဆေးရုံတခုလုံး
နားလည်ကြသည်။

Min Yoongiနဲ့အတူခွဲစိတ်ခန်းဝင်ခဲ့ကြတဲ့စီနီယာ,ဂျူနီယာဆရာဝန်တချို့ကမျက်ရည်တွေသုတ်နေတဲ့ဒေါက်တာMin Yoongiကိုဝိုင်းဖက်ကြပြီးဂုဏ်ပြုကြသည်။

"မင်းလုပ်နိုင်သွားပြီ...Yoongi..
ငါတို့ဆေးရုံရဲ့အစွဲတခုကိုချွတ်နိုင်ခဲ့ပြီ....
Congratulations... Doctor Min Yoongi... "

"Yoongiရေညနေကျရင်တော့ဆိုင်ကောင်းကောင်းလေးရွေးထားလိုက်တော့ဟေ့"

လုပ်ဖော်ကိုင်ဖက်ဆရာဝန်တချို့ကဂုဏ်ပြုပွဲလေးလုပ်ပေးရန်တောင်းဆိုလာကြသည်မို့
ဒေါက်တာMin Yoongiကပြုံးလျက်ခေါင်းညိတ်ပြလိုက်သည်။

Jiminသတိပြန်ရလာ၍မိသားစုဝင်တွေသာမကတဆေးရုံလုံးပျော်လို့မဆုံးဖြစ်နေကြပေမယ့်....
သတိရလာကတည်းကငိုမဲ့မဲ့မျက်နှာလေးဖြင့်
Jiminကတော့လုံးဝပျော်ရွှင်ခြင်းမရှိခဲ့ပါ....တခုခုပျောက်ဆုံးနေသလိုခံစားနေရသောသူ့ရင်တွင်းခံစားချက်တွေကိုတော့ဘယ်သူ့မှဖွင့်ဟမပြချင်ခဲ့ပေ။

တစ်ယောက်တပေါက်ပြောဆိုနေကြတဲ့
စကားသံတွေ.....
Jimin, Jiminလို့ခေါ်နေကြတဲ့
ခေါ်သံတွေထဲ.....
တစ်စုံတစ်ယောက်ရဲ့အသံကို
သူနားစွင့်နေမိသည်။
တစ်ယောက်ပြီးတစ်ယောက်
လာပွေ့ဖက်ကြတဲ့လူတွေထဲ
သူမျှော်လင့်တောင့်တနေမိသည့်
တစ်ယောက်သောသူကပါမလာခဲ့ပေ။

အခန်းလေးထဲHoseokတစ်ယောက်ထဲ
ကျန်ခဲ့ချိန်မှသူအရမ်းမေးချင်နေတဲ့မေးခွန်းတွေကိုဆက်တိုက်ဆိုသလိုမေးချလိုက်သည်။

"Hyung.... "

"ပြောလေ...Jimin
Hyung... ဘာလုပ်ပေးရမလဲ"

"ကျနော်သတိမေ့နေတာ
၃ရက်ရှိပြီဆိုတာ
ဟုတ်လား"

"အင်း..ဟုတ်တယ်"

"Jeon.... ဖုန်းဆက်သေးလား"

Jiminအမေးကြောင့်Hoseokဘာဖြေရမှန်းမသိအောင်ဆွံ့အသွားတော့သည်။Jiminကတော့သူပြန်ဖြေတာကိုမစောင့်သေးဘဲ့သိချင်တာတွေဆက်တိုက်ထပ်ပြီးမေးနေတော့သည်။စောစောကTaeရှိနေ၍ဘာမှမပြောဘဲ့အောင့်အီးသည်းခံထားသမျှအခုမှကရားရေလွှတ်ဆက်တိုက်ကို
မေးတော့သည်။

"၃ရက်ရှိနေပြီဆိုတော့Jeonပြန်လာရတော့မှာလေ....အခုထိပြန်မလာသေးဘူးလား.....
ဖုန်းတော့ဆက်တယ်မလား.....ကျနော်သတိမေ့နေတာမပြောလိုက်ကြဘူးထင်တယ်...
ဒါကြောင့်သူအေးအေးဆေးဆေး
လုပ်နေတာဖြစ်မယ်..... အော်ဒါနဲ့..Hyung... "

"အင်း...ပြောလေ...Jimin"

"ကျနော်ဖုန်းကိုဘယ်သူသိမ်းထားလဲ"

"Taeသိမ်းပေးထားတယ်"

"Hyungကလည်းဗျာ...
ကျနော်သေချာမှာထားခဲ့ရက်နဲ့
ယောင်းကိုဘာလို့ဖုန်းပေးလိုက်ရတာလဲလို့
Jeonဖုန်းဆက်ရင်"ယောင်း"ကကိုင်မှာ
မဟုတ်ပါဘူးဆို....
Hyungကကျနော့်စကားကို
နားကိုမထောင်ဘူး"

အလိုမကျဖြစ်သွားတဲ့မျက်နှာလေးကစူပုတ်ပုတ်လေးဖြစ်သွားပြီးJiminသည်သူ့ကိုစိတ်ဆိုးသွားတော့သည်။

"HyungကTaeကိုကြောက်ရတာ
မင်းလည်းသိသားနဲ့...
သူကပေးဆိုပေးလိုက်ရတာ
အတင်းယူမထားရဲဘူးလေ....
Jeon Jungkookလည်း
ဖုန်းမဆက်လောက်ဘူးထင်ပါတယ်
ဖုန်းဆက်ရင်တော့Tae ကဖုန်းမကိုင်လည်း
Hyungကိုတော့ပြောပြမှာပါ....."

" ဆက်ချင်ဆက်မှာပေါ့
ယောင်းလေးအသံကြားတော့
မပြောချင်လို့ချလိုက်တာနေမှာ...
"ယောင်း"ပြန်လာရင်မေးပေးဦး
ဒီရက်ပိုင်းဖုန်းခေါ်ပြီးဘာစကားမှ
မပြောဘဲ့ပြန်ချသွားတဲ့
ဖုန်းနံပါတ်တွေရှိလားလို့....
ဒါလေးတခုတော့ကျနော့်ကိုကူညီပေး
မဟုတ်ရင်Hyungကိုကျနော်
တကယ်စိတ်ဆိုးလိုက်မှာ"

"အေးပါကွာ...Hyung...
မေးထားလိုက်ပါ့မယ်....
အများကြီးမတွေးနဲ့ဦး....
အခုမှသတိပြန်ရလာတုန်းဘဲ့ရှိသေးတယ်
Jeon ....Jungkook.. ပြန်လာမှာပါ
ငါတို့Jiminကိုဒီလောက်ချစ်တာ"

Jeon. Jungkookဆိုတဲ့နာမည်ကိုပြောနေတဲ့အချိန်အကြီးအကျယ်ပျက်ယွင်းသွားတဲ့Hoseokမျက်နှာကိုJiminသာမြင်ခွင့်ရခဲ့မယ်ဆို....Hoseokလိမ်နေတာတွေဘူးပေါ်သလိုအကုန်ပေါ်ကုန်မှာသေချာသည်။

"ဟုတ်တယ်....Jeonက
ကျနော့်ကိုသိပ်ချစ်တာ
ကျနော်သတိမေ့နေတာသူမသိသေးလို့
သိရင်ချက်ချင်းပြန်လာမှာ...
မနက်ဖြန်ကျရင်Jeonဆီဖုန်းခေါ်ပေး
မျက်လုံးတွေပတ်တီးဖြည်မယ့်နေ့
အမှီပြန်လာဖို့သတိပေးရဦးမယ်..
Hyung... သိလား....
ကျနော့်မှာအရမ်းပြည့်ချင်တဲ့
ဆန္ဒလေးတခုရှိတယ်....
ဟောဒီမျက်လုံးတွေစမြင်တဲ့နေ့မှာ
ကျနော့်ရဲ့Jeonကိုအရင်ဆုံးမြင်ချင်တာ...."

သူ့ရဲ့Jeonဟာဒီလောကကြီးမှာမရှိတော့တာကိုဒီကောင်လေးမသိသေးပါ.....ဆန္ဒတွေဆုတောင်းတွေတပုံတပင်ဖြင့်သူ့ချစ်သူမျက်နှာကိုမြင်တွေ့
ခွင့်ရဖို့အတော်လေးအားခဲထားခဲ့ပုံရသည်။
Hoseokမှာမျှော်လင့်ချက်တွေအရောင်တောက်နေခဲ့သောJiminအပျော်တွေပျက်မည်စိုး၍ခပ်ဆိပ်ဆိပ်သာနေလျက်အလိုက်သင့်လေးလိမ်ညာပေးခဲ့သည်။

"မြင်ရမှာပေါ့....Jiminရာ...
Hyung.... အိမ်ကိုဖုန်းခဏဆက်ချင်လို့"

"ဪ....ရတယ်...
သွား...သွား.,
ကျနော်လည်းခဏနားလိုက်ဦးမယ်
"ယောင်း"ပြန်လာရင်တော့နိုးလိုက်ပါ"

"အင်း"

Jiminလိုအပ်တာမှန်သမျှလုပ်ပေးပြီးအခန်းအပြင်ထွက်ကာအချိန်အတော်ကြာငူငူကြီးသူထိုင်နေမိခဲ့သည်။အိမ်ကိုဖုန်းဆက်ချင်လို့ဆိုတာကလည်းJiminနဲ့စကားစဖြတ်ချင်လို့တမင်တကာသူလိမ်ပြောလိုက်ခြင်းသာဖြစ်သည်။နဂိုကတည်းကလိမ်တာမကျွမ်းကျင်တဲ့သူ့ကြောင့်Jiminရိပ်မိသွားမှာလည်းစိုးရိမ်ရသေးတယ်....ငယ်ငယ်ကတည်းကပေါင်းလာကြတဲ့သူတွေမို့မျက်နှာကိုမမြင်ရပေမယ့်သူလိမ်ရင်စကားတွေထစ်ပြီးအဆီအငေါ်မတည့်ဖြစ်တတ်မှန်းJiminကကောင်းကောင်းသိသည်။
ဒီထပ်ပိုပြီးခပ်ကြာကြာထိုင်စကားပြောနေရင်
အလိမ်တွေအကုန်ပေါ်ကုန်ပေလိမ့်မည်။

"Jimin.. ရာ...မင်းကို
သနားလွန်းလို့Hyung
ဘယ်လိုဖြေရမလဲ
မသိတော့ဘူးကွာ"

Hoseokကမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာထိုင်ခုံမှာထိုင်လျက်အသံတိတ်ငိုနေခဲ့သည်။
တစ်ရက်ကနေနှစ်ရက်Jiminကိုသူတို့ဆက်လိမ်ထားကြဖို့မဖြစ်တော့ဘူးဆိုတာသိလာလေHoseokရင်ထဲဗလောင်ဆူလာလေဘဲ့။

Jeon Jungkookမရှိတော့ဘူးဆိုတာဘယ်လိုစိတ်မျိုးနဲ့ပြောရမလဲသူတကယ်မသိတော့တာလည်းဖြစ်သည်။Taeကတော့မျက်လုံးတွေပတ်တီးဖြည်ပြီးမှဖြည်းဖြည်းချင်းပြောပြလိုက်မယ်လို့စဥ်းစားထားသည်တဲ့လေ။

သူကတော့Jiminကိုသနားလွန်းလို့မကြည့်ရက်တာကြောင့်အမှန်အတိုင်းTaeဖွင့်ပြောမယ့်နေကျရင်အိမ်ခဏပြန်ပြီးရှောင်နေဖို့တွေးထားသည်။ဝမ်းနည်းပက်လက်Jiminငိုမှာကိုသူမကြည့်ရက်တာကြောင့်လည်းဖြစ်သည်။

________________

Jeon ပြန်လာမယ်ဆိုပြီးသေချာပေါက်ယုံကြည်နေသောJiminသည်ပတ်တီးဖြည်ဖို့ရက်နီးလာလေယုံကြည်မှုတွေဝေဝါးပျောက်ကွယ်ချင်လာလေဖြစ်တော့သည်။

Jeonရဲ့ဖုန်းကလုံးဝခေါ်ဆို၍မရသလို
Jeonဆီကလည်းဘာအဆက်အသွယ်မှမရောက်လာသောအခါJiminမှာဟန်ဆောင်အပြုံးလေးတောင်ပြုံးမထားနိုင်တော့....သိသိသာသာပျက်ယွင်းလာသောမျက်နှာအမူအရာကြောင့်HoseokမှာTaehyungအားတိုးတိုးတိတ်တိတ်တိုင်ပင်ရတော့သည်။

"Tae.... Jiminကိုဘယ်လို
ပြောဖို့ဆုံးဖြတ်ထားလဲ...."

"ကျနော်...စဥ်းစားထားတာရှိတယ်"

HoseokကTaehyungပြောပြတဲ့အစီအစဥ်ကိုနားထောင်ပြီးသိပ်သဘောမကျသလိုခေါင်းကိုဖြည်းဖြည်းခါရမ်းလိုက်ပြီး...

"Jeon Jungkookအပေါ်
အရမ်းရက်စက်ရာကျသွားမလား....
ပြီးတော့...Jiminကလွယ်လွယ်လက်ခံပါ့မလား"
Jeon Jungkook ကိုဒီလောက်ချစ်တာ..."

"စုံထောက်Kim Seokjin
ပြောပုံအရဆို
Jeon Jungkookက
အသက်ရှင်ဖို့ရာခိုင်နှုန်း
အရမ်းကိုနည်းနေတယ်...
ကျနော့်ဆုံးဖြတ်ချက်က
Jeon Jungkookအတွက်
အရမ်းရက်စက်ရာကျသွားမလား
မပြောတတ်ပေမယ့်ဒီအချိန်မှာ
ဒါတွေကျနော်မတွေးနိုင်ဘူး...Hyung.. "

"Jiminခံစားရတာတွေ
လျော့ပါးပျောက်ကွယ်သွားဖို့ဘဲ့
ကျနော်တွေးတယ်
Jeon Jungkookကို
ဘဝတလျောက်လုံး
လွမ်းဆွတ်တမ်းတပြီး
ဝမ်းနည်းပူဆွေး
နေသွားမယ့်အစား
နာကျည်းမုန်းတီးပြီး
မေ့ပစ်လိုက်တာကမှ
အကောင်းဆုံးနည်းလမ်းဘဲ့လို့
ကျနော်ထင်တယ်.....
ဒါကြောင့်...Hyungလည်း
ဘာမှစောဒကမတက်နဲ့တော့
ကျနော်စီစဥ်တဲ့
အတိုင်းသာလိုက်ခဲ့...."

Hoseokက စိတ်မသက်မသာဖြစ်သွားပြီးခုံတန်းလျားလေးထက်ထိုင်ချလိုက်သည်။Jiminမသိစေချင်တဲ့စကားတွေပြောတော့မယ်ဆိုသူရောTaeရောဆေးရုံဝန်းထဲကပန်းခြံရှိထိုင်ခုံတန်းလျားလေးတွေဆီလာပြီးတိုင်ပင်ဆွေးနွေးလေ့ရှိသည်။Jeon Jungkookအကြောင်းမေးတိုင်းဝေ့လည်ကြောင်ပတ်ဖြေပြီးရှောင်ထွက်သွားတတ်လွန်းလို့အခုနောက်ပိုင်းJiminကသူ့ကိုသိပ်မယုံကြည်တော့သလိုစကားလည်းသိပ်မပြောတော့ချေ။

Taeကတော့အစကတည်းကJeon Jungkookကိုအရမ်းမုန်းတဲ့သူမှန်းသိလို့Jiminကဘာတခွန်းမှ
မမေးသူ့ကိုသာလူလစ်တာနဲ့Jeon Jungkook
အကြောင်းဘဲ့စုံစမ်းခိုင်းနေတာကြောင့််
ဒီရက်ပိုင်းတွေဆေးရုံကိုသူသိပ်မသွားဖြစ်တော့......

Jiminကိုရှောင်ချင်တာထက်Jiminမေးလာ
မယ့်မေးခွန်းတွေအတွက်သူ့မှာဖြေစရာအဖြေမရှိတာကြောင့်လည်းပါတယ်.... တလောကလုံးမှာJung Hoseokမကျွမ်းကျင်ဆုံးကဘာလဲလို့မေးရင်ရုပ်တည်ကြီးနဲ့ဟန်ပါပါလိမ်ညာပြောရတဲ့အလုပ်လို့သေချာပေါက်သူဖြေမိလိမ့်မည်။

Jiminကတော့ဘယ်လိုထင်သွားသလဲမသိပါ....
သူရှောင်နေမှန်းသိသွားလို့ထင်သည်။
Taeနဲ့အတူလာပြီးTae ပြန်ရင်အတူလိုက်ပြန်တတ်တဲ့သူ့ကိုအရင်လိုJeon Jungkook
အကြောင်းတွေမမေးတော့သလိုမလွဲမရှောင်သာလို့နှစ်ယောက်ထဲကျန်ခဲ့ရင်တောင်ဘာတခုမှမမေးတော့ဘဲ့တစ်ယောက်ထဲတိတ်ဆိတ်စွာနေတတ်လာသည်။

Jiminကတစ်ယောက်ယောက်ကိုစိတ်နာသွားတဲ့ပုံစံမျိုးဖြစ်နေသည်ဟုသူစိတ်ထဲထင်မြင်မိသည်။Jeon Jungkookကိုလား....သူသိချင်တာတွေကိုမပြောပြဘဲ့လျစ်လျူရှုထားခဲ့သောသူနဲ့Taeကိုလားဆိုတာတော့ကာယကံရှင်ဖြစ်တဲ့Jiminသာသိလိမ့်မည်။

_______________

ပတ်တီးဖြည်မယ့်နေ့သို့ရောက်ခဲ့ပြီ။
လူနာကတည်ငြိမ်နေသလောက်
မိသားစုဝင်တွေနဲ့ခွဲစိတ်ပေးခဲ့ကြသော
ဆရာဝန်တွေမှာအတော်လေး
စိတ်လှုပ်ရှားနေကြသည်။ထိုအထဲတွင်ဒေါက်တာMin Yoongiကထိပ်ဆုံးပင်.. ...

Jiminကိုမျက်လုံးတွေပြန်မြင်ချင်လွန်းလို့
ဒီခွဲစိတ်မှုကိုအတိုက်အခံလုပ်ပြီးကိုရအောင်သူခွဲစိတ်ခဲ့တာမို့တခုခုလွဲချော်သွားမှာကိုသူအရမ်းစိုးရိမ်ကြောက်လန့်နေသည်။
လူနာကုတင်လေးထက်ငြိမ်သက်စွာထိုင်နေသည့်Jimin......မျက်လုံးတွေကိုဖုံးအုပ်ထားသောပတ်တီးတွေတထပ်ပြီးတထပ်ဖြည်ပြီးသွားတိုင်းဒေါက်တာMin Yoongiမှာနံဘေးကရပ်ကြည့်နေရင်းမျက်လုံးမှိတ်လျက်လက်နှစ်ဖက်ဆုတောင်းသည့်ပုံစံပြုကာတော်တော်လေးစိတ်လှုပ်ရှားနေလေသည်။

"ရပါပြီ.....မျက်လုံးတွေကို
ဖြည်းဖြည်းခြင်းဖွင့်မယ်နော်"

ပတ်တီးအားလုံးဖြည်ပြီးသွားသောအခါမျက်လုံးတွေမဖွင့်ရသေးပေမယ့်အလင်းရောင်တချို့ကစေ့စေ့ပိတ်ထားသောမျက်လုံးတည့်တည့်သို့စူးကနဲလာလင်းနေသလိုပင်။ဖြည်းဖြည်းခြင်းဖွင့်ကြည့်ဖို့သတိပေးနေသောနံဘေးကဆရာဝန်ရဲ့စကားသံတွေကသူ့နားထဲအထပ်ထပ်ပြန်ကြားရနေသည်။ဆရာဝန်တွေလည်းစိတ်လှုပ်ရှားနေကြတယ်ထင်ပါသည်။တခုခုလွဲချော်သွားမှာအတော်လေးစိုးရိမ်နေကြသလိုပင်ပတ်တီးဖြည်နေတဲ့တလျှောက်လုံးသူ့ကိုနံဘေးကနေစိတ်ကိုငြိမ်ငြိမ်ထားဖို့ခပ်မြန်မြန်ဖွင့်မကြည့်လိုက်ဖို့စသဖြင့်အမျိုးမျိုးသတိပေးနေကြသည်။

"ဟုတ်ပြီ....ဖြည်းဖြည်းလေးဖွင့်မယ်
စိတ်ကိုငြိမ်ငြိမ်လေးထားမယ်....
ဟုတ်ပြီ....ဆရာ့လက်တွေကိုမြင်ရလား
လူနာPark Jimin..ssi...
ဆရာလက်ဘယ်နှချောင်းထောင်ပြထားသလဲ
မြင်ရလား....."

"မြင်ရပါတယ်ဆရာ.....
လက်သုံးချောင်းထောင်ပြထားပါတယ်"

"ဟုတ်ပြီ....ဒါဆိုဒီလူတွေရဲ့
မျက်နှာတွေကိုသေချာလေးကြည့်ပေးပါ
ကြည်လင်ပြတ်သားမှုရှိရဲ့လားဆိုတာ"

ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသူ့မျက်ဝန်းတွေကိုအကွာအဝေးအနည်းငယ်လှမ်းတဲ့ဆီသို့ဦးတည်လိုက်သည်။အရောင်စုံကာလာတွေနဲ့ခပ်စူးစူးအလင်းရောင်တွေကြောင့်မျက်လုံးတွေကိုအလန့်တကြားသူမှိတ်ချပစ်လိုက်သည်။

"စိတ်မလှုပ်ရှားနဲ့....ဖြည်းဖြည်းချင်း
ပြန်ဖွင့်မယ်...ဟုတ်ပြီ....ဟုတ်ပြီ...
မျက်နှာတွေကိုအရင်ကြည့်မယ်...
မျက်မှောင်အရမ်းကြုံ့မထားနဲ့....
အာရုံအရမ်းစိုက်ထားတာမျိုးမဟုတ်ဘဲ
မျက်လုံးတွေကိုပုံမှန်အနေအထား
အတိုင်းလေးဘဲ့
ထားပြီးကြည့်မယ်နော်...."

ဆရာဝန်ညွှန်ကြားသည့်အတိုင်းနောက်တကြိမ်
သူ့မျက်လုံးတွေကိုပြန်ဖွင့်ကြည့်လိုက်သည်။ဒီတခါတော့စောစောကလောက်အလင်းရောင်တွေတအားစူးမနေတော့....အဝတ်အစားအရောင်တွေကိုရှောင်လွဲကာမျက်နှာတွေကိုအရင်လိုက်ကြည့်မိသည်။အရင်ဆုံးသူ့မြင်ကွင်းထဲဝင်လာတာအညိုရောင်ဆံနွယ်လိမ်ကောက်ကောက်လေးတွေနဖူးထက်ပုံကျနေတဲ့နှာတံချွန်ချွန်နှုတ်ခမ်းပါးပါးနဲ့စိုးရိမ်တကြီးစိုက်ကြည့်နေတဲ့မျက်ဝန်းနက်လေးတွေ.......
အကြည့်ချင်းဆုံမိလိုက်ချိန်နွေးထွေးစွာသူပြန်ပြုံးပြလိုက်ပြီးနှုတ်ခမ်းဖျားလေးတွေလှုပ်ရုံသာ"ယောင်း"နာမည်ကိုသူခေါ်လိုက်သည်။

"ယောင်း...မဟုတ်လား..."

"Min.. လေး...
ငါ့ကိုမြင်ရပြီ....
Hyung.... ကျနော့်ကိုMinလေးမြင်ရပြီ"

ထိုစဥ်ဆရာဝန်ကကြားဖြတ်၍....

"ဟုတ်ပြီ...ဒီတစ်ယောက်ကို
ထပ်ကြည့်ပါဦး....
ကြည်လင်ပြတ်သားမှုရှိလား,မရှိလား
သေချာသိရအောင်လို့"

မီးခိုးရောင်ဆွယ်တာအထူလေးနဲ့ယောင်းနဲ့အသက်မတိမ်းမယိမ်းဖြစ်ပုံရတဲ့သူဆီအကြည့်ရောက်သွားတော့လှိုက်လှိုက်လှဲလှဲပြုံးပြနေတဲ့အပြုံးတို့ကြောင့်ထိုသူသည်Hobi Hyungဘဲ့ဖြစ်မည်။

"Hobi Hyung"

ထို့နောက်မျက်မှန်အဝိုင်းလေးတပ်ကာဝမ်းသာပီတိဖြစ်နေသောမျက်နှာဖြင့်ငေးစိုက်ကြည့်နေသောဂျူတီကုတ်အဖြူရောင်လေးဝတ်ထားသည့်သူသည်ဒေါက်တာMin Yoongiဘဲ့ဖြစ်မည်။

"ဒေါက်တာ....Min Yoongi"

ဒေါက်တာကသူ့လက်တွေကိုလာဆုပ်ကိုင်လိုက်ပြီးရယ်သွမ်းသွေးလျက်တိုးတိုးလေးပြောလာသည်။

"ဘယ်လိုလဲJimin...
Hyungကတိတည်ရဲ့လား"

"Hyung.. က,ကတိတည်ခဲ့ပါတယ်"

ကတိတွေလွယ်လွယ်ပေးပြီး
ဖြစ်သလိုမေ့ပစ်လိုက်တဲ့တစ်ယောက်သောသူနဲ့ယှဥ်ရင်တော့ဒေါက်တာMin Yoongiကအများကြီးတာဝန်ကျေတဲ့သူတစ်ယောက်ပါလေ.....

ပြုံးရယ်နေရင်းကတည်တင်းသွားသောမျက်နှာ
သေးသေးလေးကိုအရိပ်တကြည့်ကြည့်,ဖြင့်စိုးရိမ်နေခဲ့သောTaeနဲ့Hoseokတို့မှာအချင်းချင်းလက်တို့လိုက်ပြီးJiminအနားတိုးကပ်လာကြသည်။

"Jimin....ခဏလောက်နားလိုက်မလား"

"ဟင့်အင်း...ကျနော်လမ်းနည်းနည်း
လျှောက်ချင်သေးတယ်....
"ယောင်း"ပန်းခြံဆီလိုက်ပို့ပေး"

"Jimin.. ssi....ရက်အနည်းငယ်လောက်တော့
ဒီမျက်မှန်လေးကိုတပ်ထားပေးပါ......"

ဒေါက်တာMin Yoongi လာတပ်ပေးလိုက်သောမျက်မှန်သည်ခွဲစိတ်ပြီးကာစလူနာတိုင်းအချိန်တခုအထိတပ်ဆင်ထားရတဲ့မျက်မှန်ဖြစ်တာကြောင့်သူမငြင်းဆန်မိ.....ယောင်းလက်ကိုတွဲကာဆေးရုံပန်းခြံလေးထဲကထိုင်နေကျခုံတန်းလေးဆီလျှောက်လာခဲ့လိုက်သည်။ထိုင်ခုံမှာတိတ်ဆိတ်စွာထိုင်လျက်အဝေးကိုငေးနေမိသောသူ့ကိုကြည့်ပြီး"ယောင်း"ကဘဲ့စကားစလာခဲ့သည်။

"မျက်လုံးတွေပြန်မြင်ရတော့
ဘယ်လိုခံစားရလဲ....."

"အမှန်အတိုင်းဝန်ခံရရင်
ငါမပျော်ဘူး..ယောင်း....
နောက်တကြိမ်ပြန်မြင်ခွင့်ရခဲ့တဲ့
ငါ့ကမ္ဘာကအရာရာခြောက်သွေ့နေသလိုဘဲ့
နွေးထွေးတဲ့မေမေ့အပြုံးတွေကိုလည်း
မြင်ခွင့်မရတော့သလို
တစ်စုံတစ်ယောက်ရဲ့မျက်နှာကိုလည်း
မြင်တွေ့ခွင့်မရခဲ့ဘူး.....
မျက်လုံးတွေပြန်မြင်ပေမယ့်
အရာရာအဓိပ္ပါယ်မဲ့နေသလိုခံစားနေရတယ်"

".မင်းအနားမှာငါရှိနေတာဘဲ့....
ရင်ထဲကဒဏ်ရာတွေပျောက်အောင်
မလုပ်ပေးနိုင်ပေမယ့်.....မင်းဖြစ်ချင်တာတွေ
ဖြည့်ဆည်းပေးနိုင်တဲ့အစွမ်းတွေတော့
ငါ့မှာရှိပါသေးတယ်ကွာ......"

"မင်းလုပ်ပေးနိုင်တာလည်း
limit တခုအထိဘဲ့မဟုတ်လား...ယောင်းရယ်"

"ဟို...အဲ.,...အေးလေ
သေပြီးသားသူကိုတော့အသက်ပြန်ရှင်လာအောင်မလုပ်ခိုင်းနဲ့ပေါ့....ငါကဘုရားသခင်မှမဟုတ်တာ"

သူ့စကားကြောင့်Jiminကမျက်လုံးလေးတွေပိတ်သွားတဲ့အထိသဘောကျစွာရယ်မောနေခဲ့သည်။

"အမြဲတမ်းဒီလိုလေး
ပြုံးရယ်နေပေးလို့မရဘူးလား...
ငါ...မင်းစိတ်တွေကိုဒီထပ်ပိုပြီး
မပင်ပန်းစေချင်တော့ဘူး"

"ငါ....ကြိုးစားပါ့မယ်....ယောင်း"

ညင်းသွဲ့သွဲ့တိုက်ခတ်လာသောဆောင်းလေအေးလေးတွေမျက်နှာထက်ထိတွေ့ကျီစယ်နေကြသည်ကိုမျက်လုံးလေးမှိတ်လျက်ခံစားနေတဲ့Jiminကိုငေးကြည့်ရင်းသူတို့နှစ်ဦးကြားစကားသံတွေပျောက်ကာခေတ္တခဏတိတ်ဆိတ်သွားလေသည်။

"ယောင်း"

"ပြောလေ ..Minလေး"

"Jeonနဲ့ပတ်သတ်ပြီးမင်း,ငါ့ကို
ဖုံးကွယ်ထားတာတခုခုရှိနေလား..
အမှန်အတိုင်းဖြေပေးပါ...ယောင်း
ဒီတခုတော့ငါသိရမှဖြစ်မယ်"

မျှော်လင့်ချက်တွေများစွာပါဝင်နေသည့်မျက်ဝန်းတွေကိုလျစ်လျူရှုကာသူမျက်နှာလွဲလိုက်သည်။

"Jeon Jungkookကဒီနိုင်ငံကိုဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး.....မူးယစ်ဆေးရောင်းဝယ်မှုနဲ့ပတ်သတ်ပြီး
ရဲတွေအလိုရှိနေတဲ့သူဖြစ်သွားပြီ....
ဒါကြောင့်သူ့ကိုမေ့ပစ်လိုက်တော့...
မင်းဘဝကိုJeon Jungkookမပါဘဲ့
အသစ်ကနေပြန်စနိုင်အောင်
ငါကူညီပေးချင်မယ်....Minလေး..."

Tae... စကားဆုံးတော့မျက်နှာလေးမဲ့ကျသွားပြီး
မျက်ရည်တွေမကျအောင်မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်ကာခေါင်းလေးငုံ့သွားတဲ့ကောင်လေးကသူငိုနေတာဘေးကသူငယ်ချင်းလေးသိသွားမှာလည်းစိုးရိမ်နေသလို....ဒါပေမယ့်သူ့မျက်နှာကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်နေတဲ့Taeကငိုနေတာကိုသိ၍ပခုံးတွေကိုဖက်ကာနှစ်သိမ့်ပေးလာသည်။

"ရား.....မငိုနဲ့လေ
ဒီနေ့မှပတ်တီးဖြည်တာကို..."

"မကောင်းတဲ့ကောင်..."

"ကတိမတည်တဲ့ကောင်..."

"ပေါ့ပျက်ပျက်နဲ့မုန်းတယ်...
Jeon Jungkookကို
အရမ်းမုန်းတယ်"

" ဟုတ်တယ်...မုန်းလိုက်....
ပြီးရင်မင်းဘဝထဲကအပြီးထုတ်ပစ်လိုက်တော့
လွမ်းစရာရှိရင်နာစရာနဲ့သာဖြေလိုက်....
Jeon Jungkookကအစကတည်းက
မင်းဘဝထဲဝင်မလာသင့်တဲ့လူတစ်ယောက်ဘဲ့"

Jiminကမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ကာအတော်လေးဝမ်းနည်းကြေကွဲနေတဲ့ပုံဖြင့်Tae ကိုလှည့်ကြည့်လာသည်။

"ဒါပေမယ့်... ငါမုန်းလို့မရဘူး....
သေလောက်အောင်လွမ်းပြီး
တွေ့ချင်နေတယ်.....
ငါဘယ်လိုလုပ်ရမလဲ....ယောင်း...."

"အချိန်ကအကောင်းဆုံး
သမားတော်မို့မင်းနှလုံးသား
ဒဏ်ရာတွေကုစားဖို့လုံလောက်တဲ့
အချိန်တခုတော့လိုအပ်တယ်...ပြီးရင်တော့
မင်း,သူ့ကိုမေ့သွားနိုင်မှာပါ..."

"ဟင့်အင်း.....ငါမလုပ်နိုင်လောက်ဘူး
အမှတ်တရတွေသိပ်များလွန်းလို့
ငါ....သူ့ကိုမမေ့နိုင်လောက်ဘူး....."

"တော်ပြီ....Jimin...
မပြောနဲ့တော့...
မင်းငိုတာငါမမြင်ချင်ဘူး....
ငိုလို့မရဘူးဆိုတာသိတယ်မလား
စိတ်မကောင်းစရာတွေတွေးပြီး
မငိုပါနဲ့တော့ကွာ....မျက်လုံးတွေအတွက်
မကောင်းဘူး.....ငါ,မင်းကိုပျော်အောင်ထားပါ့မယ်....အရင်လိုငါတို့ပျော်ပျော်ရွှင်ရွှင်
ပြန်နေကြရအောင်....နော်"

ထိုနေ့က"ယောင်း"စိတ်ချမ်းသာအောင်ခေါင်းညိတ်ပေးခဲ့ပေမယ့်သူ့ရင်ထဲတော့အကြိမ်ကြိမ်ငိုနေခဲ့တယ်....ပစ်ထားရက်ခဲ့သူကိုလည်းစိတ်ထဲကနာကျည်းမုန်းတီးပစ်လိုက်ချင်သည်။

မင်းကိုချည်ခဲ့တဲ့ကြိုးတွေကမခိုင်မြဲခဲ့လို့လားဒါမှမဟုတ်အသက်ရှူကြပ်အောင်တင်းတင်းရစ်နှောင်မိခဲ့လို့များငါအချစ်တွေကိုစိတ်ပျက်ပြီးအဝေးဆုံးအထိပြေးထွက်သွားခဲ့တာလား....Jeon... ရယ်....ငါ,မင်းကိုစိတ်နာချင်တယ်Jeon.....
ဒါပေမယ့်လေ....နှလုံးသားကငါ့စိတ်ကြိုက်စေခိုင်းလို့မှမရတာ.....သေလောက်အောင်နာကျင်ရလို့မေ့ပစ်လိုက်ချင်နေပေမယ့်လည်းမင်းကိုလွမ်းနေတုန်းဘဲ့...Jeon......

ဘာကြောင့်လဲဆို....
မင်းကငါ့ရဲ့အချစ်ဦးဖြစ်နေခဲ့လို့လေ....

___________

February... 🥀

"Jimin... ရေHobi Hyungရောက်နေတယ်
အပြင်ထွက်လည်ပါလား..."

"ဟင့်အင်း...ယောင်း
ငါမလည်ချင်ဘူး...."

March... .. 🍁

"Min.လေး...ဒီနေ့...
ရုံးပိတ်တယ်...မင်းဘယ်သွားချင်လဲ
ငါလိုက်ပို့ပေးမယ်....."

"ဟင့်အင်း....မသွားချင်ဘူး"

April....... 🍂

"Jimin... ရေ
မင်းကြိုက်တဲ့အပင်လေးတွေ
ပန်းတွေပွင့်နေပြီ....လာကြည့်ပါဦး"

"ဟင့်အင်း....နောက်မှကြည့်မယ်
"ယောင်း"ရယ်......"

May..... 🍁

"Jimin... ရေ
ဘယ်သွားချင်လဲ....
Hyungတို့လိုက်ပို့ပေးမယ်လေ"

အခန်းပြတင်းပေါက်ဘောင်ပေါ်မေးတင်ကာငေးမောနေတဲ့မျက်နှာလေးမှာHoseokစကားကြောင့်မျက်ဝန်းလေးတွေအရောင်တောက်လာပြီးလှည့်ကြည့်လာသည်။

"Macao(မကာအို)...သွားချင်တယ်
လိုက်ပို့ပေး....."

" အဲ....အဲ့ဒါတော့
အဆင်မပြေသေးဘူး
မင်းကျန်းမာရေးက
နိုင်ငံခြားခရီးတွေသွားဖို့လောက်အထိ
နေပြန်မကောင်းသေးဘူးလေ
ဒေါက်တာMin Yoongiပြောတာ
နောက်ထပ်၃လလောက်
ကောင်းကောင်းအနားယူဖို့
လိုအပ်သေးတယ်တဲ့....
နေကောင်းသွားရင်
မင်းသွားချင်တဲ့နိုင်ငံတွေ
အကုန်လိုက်ပို့ပေးမယ်လေ...
အခုတော့ကိုရီးယားမှာဘဲ့
လျှောက်လည်ကြဦးမယ်လေ.
..ဟုတ်ပြီလား"

Hoseokကဘာဖြေရမလဲမသိဖြစ်နေ၍Taeကဘဲ့ဝင်ဖြေပေးလိုက်ရသည်။မျှော်လင့်ချက်မဲ့သွားတဲ့မျက်ဝန်းလေးတွေနဲ့အတူပြတင်းပေါက်ရှိရာဘက်ပြန်လှည့်သွားသည့်စိတ်မကောင်းဖြစ်သွားတဲ့မျက်နှာလေး.....ဆေးရုံကဆင်းကတည်းJiminမျက်နှာမှာအရယ်အပြုံးတွေပျောက်ဆုံးသွားတာအခုထက်ထိပင်။

"မင်းတို့ဘဲ့သွားကြပါ
ငါမလိုက်တော့ဘူး...."

အကြောင်းအမျိုးမျိုးပြပြီးချော့ခေါ်လည်းJimin
ကလုံးဝမလိုက်.....နန်းတော်လိုကျယ်ဝန်းတဲ့အိမ်တော်ကြီးထဲကသူ့အခန်းလေးထဲ၌သာခပ်မှိတ်မှိတ်မီးရောင်လေးထွန်းကာတိတ်ဆိတ်စွာနေလေ့ရှိသည်။တရက်,နှစ်ရက်မဟုတ်ရက်ပေါင်းများစွာလပေါင်းများစွာအခန်းလေးထဲJiminရဲ့ဖြစ်တည်မှုလေးကပုံသေကားချပ်တခုလိုပင်.....

၆လကြာပြီးသွားလည်းJiminပုံစံကပြောင်းလဲမလာခဲ့ချေ။တနေ့တာကိုအခန်းလေးထဲ၌သာကုန်ဆုံးတတ်တဲ့Jimin....တခါတရံအခန်းပြတင်းပေါက်ကနေမြင်နေရတဲ့ခြံတံခါးဝကိုမမှိတ်မသုန်ငေးစိုက်ကြည့်ကာမသိစိတ်ကတစ်စုံတစ်ယောက်ကိုစောင့်မျှော်နေတတ်သေးသည်။

စိတ်ကြည်လင်တဲ့နေ့မျိုးတွေဆိုရင်တော့ခြံထဲဆင်းလမ်းလျှောက်တတ်သလိုဖန်လုံအိမ်ပန်းခြံလေးထဲကအခန်းလေးထဲသွားထိုင်ပြီးငယ်ငယ်ကအမှတ်တရတွေပြန်ကြည့်ရင်းတနေ့တာကိုကုန်ဆုံးစေတယ်.....စနေ,တနင်္ဂနွေလိုရုံးပိတ်ရက်တွေဆိုရင်တော့Taeရဲ့Jimin, Jiminလို့တကြော်ကြော်အော်ခေါ်သံတွေကိုကြားရတတ်သည်။

"Minလေးရေ...လမ်းလျှောက်ထွက်ရအောင်"

"Minလေး...Jimin ရေ
ထမင်းစားချိန်ရောက်ပြီ"

"Jimin....ရေ
ရုပ်ရှင်သွားကြည့်ရအောင်"

"Jimin... ရေ
မင်းကြိုက်တတ်တဲ့မုန့်တွေဝယ်လာတယ်"

Jimin... ဆီက....ဟင့်အင်း....ဆိုတဲ့စကားကလွဲလို့ဘာတခုမှပြန်မရပေ။အချိန်ကြာလာတာနဲ့အမျှ Jiminနှလုံးသားထဲကဒဏ်ရာတွေသက်သာလာမယ်လို့ထင်ခဲ့မိသောသူ့အတွေးတွေသည်လုံးဝမှားယွင်းခဲ့ပြီဆိုတာTaehyungတဖြည်းဖြည်းနားလည်လာခဲ့သည်။အချစ်ကြီးလွန်းတဲ့သူငယ်ချင်းလေးကိုစိတ်ဒဏ်ရာတွေသက်သာအောင်ဘယ်လိုလုပ်ပေးရမယ်သူတကယ်ကိုမတွေးတတ်တော့။

"Tae... Jiminတို့လက်ထပ်ပွဲ
တုန်းကရိုက်ထားတဲ့photoတွေ
တကယ်ဖျက်ဆီးပစ်လိုက်ပြီလား"

"Hobi Hyung ကလည်း
ကျနော်အဲ့လောက်အထိ
မယုတ်မာပါဘူး....
Jiminကမမြင်ချင်ဘူး
ဖျက်ဆီးပစ်လိုက်လို့ဆိုတိုင်း
ကျနော်ကလုပ်ပါ့မလား....
Jiminဘဝအတွက်တန်ဖိုးရှိတဲ့
အမှတ်တရတွေအများကြီးပါနေတာ
မဖျက်ဆီးရက်ပါဘူး....."

"သူစိတ်ပြေသွားတဲ့အခါ
ပြန်ပေးလိုက်ပါကွာ
Jeon Jungkookမျက်နှာကို
သူအရမ်းမြင်ဖူးချင်ခဲ့တာ
မင်းလည်းအသိဘဲ့လေ..."

"သူမတောင်းဆိုဘဲ့နဲ့တော့ကျနော်
ဘယ်တော့မှထုတ်ပြမှာမဟုတ်ဘူး
မေ့လက်စနဲ့မေ့သွားပါစေတော့
Hyungလည်းလိုက်အစမဖော်ပေးနဲ့
Jeon Jungkookကအခုချိန်
ရှိနေဦးမယ်ဆိုရင်တောင်
သူရတဲ့သေနတ်ဒဏ်ရာတွေကြောင့်
လူကောင်းတစ်ယောက်လို
ကျန်းကျန်းမာမာနေနိုင်တော့မှာမဟုတ်ဘူး
အတ္တကြီးတယ်လို့ဘဲ့ပြောပြော.....
ကျနော့်သူငယ်ချင်းက....
ကျန်းမာရေးမကောင်းတဲ့
ဒုက္ခိတတစ်ယောက်ကို
ပြုစုပြီးနေထိုင်သွားရမယ့်အဖြစ်မျိုးတော့
လုံးဝအဖြစ်မခံနိုင်ဘူး..."

"ဒါပေမယ့်.... သူတို့
အရမ်းချစ်ကြတယ်လေ Tae
ကိုယ်ချစ်တဲ့သူဘယ်လိုဘဝမျိုးဘဲ့
ရောက်ရောက်လက်တွဲမဖြုတ်ဘဲ့
အနားမှာအတူရှိနေပေးတာကမှ
တကယ့်အချစ်စစ်မဟုတ်လား......
တကယ်လို့Jeon Jungkookသာ
ဒုက္ခိတတစ်ယောက်ဖြစ်သွားခဲ့ရင်
ရှေ့ဆက်လက်တွဲသင့်မတွဲသင့်က
Jiminကိုယ်တိုင်ဘဲ့ဆုံးဖြတ်ရမယ့်ကိစ္စမဟုတ်လား...မင်းအတ္တတွေကိုခဏဘေးဖယ်ပြီး
Jimin နှလုံးသားကရွေးချယ်မှုကိုဘဲ့
ငါတို့အလေးထားကြရအောင်....."

ခြံဝန်းထဲကရေကူးကန်လေးအနားထိုင်ကာJimin အနာဂတ်အတွက်တီးတိုးတိုင်ပင်နေကြသည့်နှစ်ယောက်မှာရင်ထဲအပူတွေကိုယ်စီနဲ့မို့တိုက်ခတ်လာတဲ့ညလေတဖြူးဖြူးရဲ့အေးစိမ့်မှုကိုလည်းမခံစားနိုင်....တီရှပ်လက်ရှည်အပါးလေးတွေဝတ်ထားသည့်ခန္ဓာကိုယ်မှာတစိမ့်စိမ့်အေးလာတာကိုလည်းအာရုံမစိုက်နိုင်ဘဲ့နှစ်ဦးသားစကားတွေတီးတိုးဆိုကာပတ်ဝန်းကျင်ကိုပင်မေ့လျော့နေကြသည်။

ထိုညကTaeနဲ့Hoseokသာအနောက်လှည့်ကြည့်မိခဲ့ရင်ရေကူးကန်အနီးကအလှစိုက်ထားသည့်ပန်းပင်လေးနားရပ်၍သူတို့ပြောသမျှစကားတွေကိုတိတ်ဆိတ်စွာနားထောင်ရင်းမျက်ရည်တွေစီးကျနေသည့်Jiminကိုစိတ်မကောင်းစွာတွေ့ရမည်သာ။
___________________

"ယောင်း..... Macaoကိုသွားမယ်
လေယာဉ်လက်မှတ်စီစဥ်ပေးပါ"

ခရီးဝေးသွားလို့ရပါပြီလို့ဆရာဝန်တွေခွင့်ပြုချက်ရတာနဲ့Jiminက luggageဆွဲကာ ချက်ချင်းခရီးထွက်ဖို့ပြင်ဆင်တော့သည်။ဆေးရုံကဆင်းပါပြီဆိုကတည်းကJiminဘယ်သွားချင်သလဲမေးတိုင်းMacao,Macaoဖြင့်မနားတမ်းရွတ်နေခဲ့တာ.....အခုခရီးဝေးသွားလို့ရပြီလည်းဆိုရောတရက်လေးတောင်မစောင့်နိုင်ဘဲ့Macaoကိုသွားဖို့ပြင်နေပြီ....Jiminပုံစံကအလောတကြီးဖြစ်နေတာကြောင့်Taeကမနေနိုင်ဘဲ့မေးလိုက်သည်။

"Minလေး....မင်းအမှန်အတိုင်းဖြေ
Macaoကိုဘာလို့ဒီလောက်
သွားချင်နေရတာလဲ"

"Macaoမှမဟုတ်ဘူး....
ဒီကမ္ဘာကြီးရဲ့နေရာတိုင်းကို
ငါသွားချင်ခဲ့တာ....ယောင်း"

"မဟုတ်မှလွဲ....မင်း... Jeon Jungkookကို
လိုက်ရှာချင်နေတာလား....."

Taehyungရဲ့စကားကို Jiminကဘာစကားမှပြန်မပြောဘဲ့ဆိတ်ဆိတ်နေခြင်းဖြင့်သာဝန်ခံလိုက်သည်။Taehyungကအနည်းငယ်ဒေါသထွက်သွားပြီးJiminလက်ထဲကLuggageကိုဆွဲယူပြီးအိပ်ရာထက်ပစ်တင်လိုက်သည်။

"Jimin.... မင်းကွာ....
ဘယ်အချိန်အထိအရူးလိုလုပ်နေဦးမှာလဲ
Jeon Jungkookကမင်းဆီဘယ်တော့မှပြန်မလာတော့ဘူး.....မနေချင်လို့ထွက်သွားတဲ့လူတစ်ယောက်ကိုအသဲအသန်လိုက်ရှာနေရအောင်မင်းမှာမာနတွေမရှိတော့ဘူးလား...
ငါထပ်ပြောမယ်Jimin...
Jeon Jungkookကမင်းဆီ
ဘယ်တော့မှပြန်မလာတော့ဘူး...."

"ဘာလို့လဲ...
ဘာလို့ပြန်မလာတော့တာလဲ
Jeon ကပြန်မလာတော့တာမဟုတ်ပဲ
ပြန်မလာနိုင်တော့တာဆိုရင်ရော....
Jeonကမနေချင်လို့ထွက်သွားတာမှမဟုတ်တာ
မနေနိုင်အောင်ဖန်တီးကြတဲ့လူတချို့ကြောင့်
Jeonကငါ့အနားမှာရှိမနေတော့တာလေ..."

နီရဲနေသောမျက်ဝန်းတွေဖြင့်မော့ကြည့်လာတဲ့Jiminအကြည့်တွေထဲJeon Jungkookအကြောင်းမပြောဘဲ့ဖုံးကွယ်ထားခဲ့သောသူ့အားအနည်းငယ်စိတ်နာကြည်းနေတဲ့ပုံပင်။

" Jimin... မင်း..."

"ဘာလို့လဲ....ဘာလို့ငါ့ကိုလိမ်ခဲ့ကြတာလဲ
Jeonကငါ့အတွက်ဘယ်လောက်ထိ
အရေးပါတယ်ဆိုတာသိရဲ့နဲ့.....
ဘာမှမဆိုင်သလို
ဥပက္ခာပြုရက်ကြတယ်...
ယောင်း.....ငါ့အပေါ်ဘာလို့ဒီလောက်
လုပ်ရက်ခဲ့တာလဲမင်းက......
Jeonကိုငါဘယ်လောက်ချစ်တယ်ဆိုတာ
မင်းမသိလို့လား....သိပ်ရက်စက်ကြတယ်"

TaehyungကJiminဆီပြေးသွားပြီးပခုံးတွေကိုကိုင်လှုပ်လျက်....

"Minလေး.... ငါပြောတာနားထောင်ဦး...
မင်းထင်နေသလိုမဟုတ်ဘူး...
Jeon Jungkookကိုငါဘာမှမလုပ်ခဲ့ဘူး...
မင်းနာကျင်ရမှာစိုးလို့ဖုံးကွယ်ခဲ့တာကလွဲလို့
ငါဘာမှမယုတ်မာခဲ့ဘူး...Jimin... "

ပခုံးတွေကိုအတင်းဆွဲလှုပ်ကာအသဲအသန်ဖြေရှင်းနေတဲ့သူကိုစိတ်နာစွာတချက်မော့ကြည့်လိုက်ပြီးပခုံးထက်ကလက်တစုံကိုခပ်ကြမ်းကြမ်းဖြုတ်ချပစ်လိုက်တယ် ......

"ငါနာကျင်မှာစိုးတာထက်
Jeonကိုမုန်းတဲ့မင်းရဲ့ခံစားချက်တွေကို
ရှေ့တန်းတင်ခဲ့လို့မဟုတ်လား....
မင်း....သိပ်အတ္တကြီးလွန်းတယ်...ယောင်း"

"ဟုတ်တယ်....ငါကအတ္တကြီးတယ်
လူမှန်းသိတတ်စအရွယ်ကတည်းက
တယုတယနဲ့စောင့်ရှောက်ခဲ့ရတဲ့
ပန်းလေးတစ်ပွင့်အပူပင်ကင်းကင်းနဲ့
အလှဆုံးမဖူးပွင့်နိုင်မှာ
ငါအရမ်းကြောက်ခဲ့တယ်
လှလှပပလေးရှင်သန်ရဖို့အတွက်
ဘာမဆိုငါလုပ်ဖို့အဆင်သင့်ဘဲ့.....
ဒါကိုအတ္တလို့ပြောလာရင်
လည်းငါမဖြေရှင်းဘူး...Jimin......
မင်းကြိုက်သလိုခေါင်းစဥ်တပ်နိုင်တယ်"

"မင်းပြုစုယုယခဲ့တဲ့အဲ့ဒီပန်းလေးက
မင်းထားတဲ့ဘဝမှာပျော်ရွှင်မနေဘူးဆိုရင်
မင်းဘာဆက်လုပ်မလဲ.....အတ္တတွေကိုရှေ့တန်းတင်ပြီးအလှစိုက်ပန်းအိုး
သေးသေးလေးထဲမှာဘဲ့.....
ဘဝတလျှောက်လုံး
ချုပ်နှောင်ထားဦးမလို့လား..."

Jiminမေးခွန်းအတွက်သူ့မှာအဖြေမရှိ....

"အနိုင်လိုချင်တဲ့အတ္တတွေကြောင့်
မင်းရူးနေပြီ...."

စကားဆုံးတော့Jiminသည်Taehyungခန္ဓာကိုယ်ကိုတွန်းဖယ်ပြီးအိပ်ရာထက်ကLuggageကိုဆွဲကာParkအိမ်တော်ထဲကထွက်သွားခဲ့တော့သည်။ထိုနေ့ကစJiminသည်Taehyungဘဝထဲကပါထွက်သွားခဲ့သည်။

___________🍂🍂🍂🍂🍂

ကိုရီးယားနိုင်ငံမှာကျန်ခဲ့တဲ့ကုမ္ပဏီတွေအိမ်တွေပိုင်ဆိုင်မှုတွေအကုန်လုံးကိုလျစ်လျူရှူပြီးကမ္ဘာကြီးရဲ့နေရာအနှံ့ကိုသူခြေဆန့်နေခဲ့တာ
အခုဆို၁နှစ်တင်းတင်းပြည့်ခဲ့ပြီ။ငွေအားလူအားသုံးကာJeon ကိုရှာခဲ့ပေမယ့်သတင်းအစအနပင်မကြားရပေ။

တစ်နှစ်အတောတွင်းယောင်းဆီကလည်းဆက်တိုက်ဆိုသလိုဝင်လာတဲ့ e-mailတွေကိုလည်းတခုမှသူမပြန်ဖြစ်ခဲ့......စိတ်ဆိုးတာစိတ်နာတာမျိုးမရှိတော့ပေမယ့်Jeon ကိုရှာမတွေ့မချင်းလုံးဝအဆက်အသွယ်မလုပ်ဘူးလို့စိတ်ပိုင်းဖြတ်ထားခဲ့၍ယောင်းရဲ့တောင်းပန်ခြင်းတွေကို
ဥပက္ခာပြုထားခဲ့လိုက်တယ်။သူဘယ်မှာဘာတွေလုပ်နေသလဲဆိုတာလည်းအရမ်းသိချင်နေပုံရတဲ့ယောင်းကHobi Hyungကိုသူ့ဆီဖုန်းဆက်ပြီးမကြာခဏမေးခိုင်းလေ့ရှိသည်။

ဒီနေ့လည်းကနေဒါရဲ့ဆောင်းမနက်ခင်းလေးမှာ coffeeလေးတခွက်နဲ့သူ့ရဲ့အေးချမ်းမှုလေးသည်Hobi Hyung ရဲ့ဖုန်းသံကြောင့်ပျက်ဆီးသွားရသည်။ပုံမှန်ဆိုဖုန်းကိုင်ဖြစ်မှာမဟုတ်ပေမယ့်ဒီနေ့တော့စိတ်ထဲအတော်လေးကြည်လင်နေတာကြောင့်ဖုန်းကိုင်ဖြစ်လိုက်သည်။Hyung ကတော့သူအသံကြားတာနဲ့ပြန်မလာသေးဘူးလားJiminလို့စမေးတော့တာဘဲ့.....

"Jeonနဲ့မှအတူပြန်လာခဲ့မယ်...."

သူ့စကားကြောင့်တဖက်ကHobi Hyungအသံခဏတိတ်သွားသည်။နံဘေးမှာယောင်းလေးလည်းရှိနေမှာသေချာတယ်.....လူတိုင်းကသူ့ကိုရူးနှမ်းတဲ့လုပ်ရပ်တခုကိုလုပ်နေတယ်လို့ဘဲ့ထင်ကြတယ်...ဘယ်သူတွေဘာပြောပြောဂရုမစိုက်....Jeonကိုပြန်တွေ့တဲ့အထိကမ္ဘာကြီးရဲ့
နေရာအနှံ့သူခြေဆန့်နေဦးမှာ.....

"Jimin.... စုံထောက်Kimကိုမှတ်မိသေးလား
Yoongi Hyungရဲ့အစ်ကိုလေ...."

မှတ်မိတာပေါ့....Jeonအကြောင်းတွေ
အကုန်သိခွင့်ရတဲ့အချိန်တုန်းက
စုံထောက်Kim Seokjinဟာ
သူပထမဆုံးသွားတွေ့ခဲ့တဲ့
လူတစ်ယောက်လေ။

Joonနဲ့တွဲခဲ့ဖူးတဲ့သူမို့Jeonတို့အကြောင်း
အများဆုံးသိနိုင်တယ်လေ။ဒါပေမယ့်
Kim Seokjinကသူဘာမေးမေးလုံးဝ
မဖြေခဲ့ဘူး..... Jeon ကိုမေ့ပစ်လိုက်တော့လို့
သာတခွန်းတည်းပြောပြီးနောက်တခါသူ
သွားတွေ့တော့ကိုရီးယားမှာတောင်မရှိတော့ဘူး....ဒေါက်တာMin Yoongiဆီက
အကူအညီတောင်းပြီးNew YorkကKim Seokjinရဲ့coffeeဆိုင်အထိလိုက်သွားခဲ့ပေမယ့်
လူချင်းမတွေ့ခဲ့ရ။ခရီးတွေထွက်နေတယ်ဆို
တဲ့ဆင်ခြေတခုနဲ့အခုချိန်ထိ စုံထောက်Kimက
သူ့ကိုရှောင်နေခဲ့တယ်လေ။

"စုံထောက်Kim ဘယ်မှာရှိတယ်ဆိုတာ
စုံစမ်းလို့ရပြီ....."

coffeeခွက်ကိုကိုင်ဖို့လှမ်းလိုက်တဲ့လက်တွေရပ်တန့်သွားသည်။ပျောက်ဆုံးနေတဲ့နှလုံးသားကိုပြန်ရှာဖွေဖို့Kim Seokjinကတခုထဲသောသဲလွန်စမဟုတ်လား..... စောစောကဆွေးရိပ်တွေအပြည့်နဲ့လွမ်းနေခဲ့သောမျက်ဝန်းအိမ်လေးတွေသည်ချက်ချင်းအရောင်တလက်လက်ဖြင့်တောက်ပလာတော့သည်။

" Japanမှာcoffeeဆိုင်တစ်ဆိုင်
ထပ်ဖွင့်ပြီးအဲ့မှာဘဲ့
အခုတလောနေတယ်ကြားတယ်...
Yoongi Hyungပြောပြတာမို့
သတင်းကသေချာတယ်Jimin.... "

"ကျေးဇူးပါ...Hyung... "

"ခဏလေး...Jimin... ခဏလေး"

ဖုန်းချဖို့လုပ်နေတဲ့လက်ကိုရပ်ကာဘာပြောလာမလဲသူနားထောင်နေလိုက်တယ်။

"Tae... ကိုစိတ်ဆိုးစိတ်နာနေတုန်းဘဲ့လား...."

"ကျနော့်စိတ်ထဲဘာမှမရှိတော့ပါဘူး....."

"တကယ်လား..Jimin....
အနားမှာTaeရှိတယ်
စကားပြောဦးမလား"

"ဟင့်အင်း.....စကားပြန်ပြောဖို့အထိတော့
ကျနော့်စိတ်အဆင်မပြေသေးဘူး...."

"Jimin..... မင်းကျေနပ်အောင်
ငါဘာလုပ်ပေးရမလဲ....."

နံဘေးကနေလှမ်းမေးနေတဲ့ယောင်းအသံကဝမ်းနည်းနေသလို....တနှစ်လောက်မခေါ်မပြောခဲ့တဲ့သူ့ကြောင့်အတော်လေးစိတ်မကောင်းဖြစ်ပြီးသူ့ကိုယ်သူလည်းအပြစ်တွေတင်နေတယ်လို့Hobi Hyungပြောပြလို့သူသိထားပြီးပြီ......
ဒီနေ့Kim Seokjin ကိုတွေ့ပြီဆိုတဲ့သတင်း
ကြောင့်ယောင်းကိုသူ့ဘက်ကတထစ်လျော့ပေးဖို့
တွေးလိုက်တယ်.....

"ကျနော်တောင်းဆိုတာတခုလုပ်ပေးနိုင်ရင်
သူ့ကိုခွင့်လွှတ်ပေးလိုက်မယ်...Hyung"

မေးတာကယောင်းဆိုပေမယ့်သူကတော့Hobi Hyungကိုသာဦးတည်ပြီးစကားပြန်လိုက်တယ်....speakerဖွင့်ထားတာကြောင့်သူ
ပြောတာကိုယောင်းလည်းကြားနေရမှာသေချာတယ်လေ...

"Hobi Hyungအချစ်ကိုလက်ခံပြီး
Hobi Hyung နဲ့လက်ထပ်ရမယ်....
ဘယ်လိုလဲ....ယောင်း...."

"ရား...Jimin... ဘာတွေပြောနေတာလဲ
ဒါဘဲ့...ဒါဘဲ့...ငါဖုန်းချလိုက်ပြီ"

ဖုန်းချပြီးဧည့်ခန်းထဲကထပြေးသွားတဲ့Hoseokမှာမျက်နှာကခရမ်းချဥ်သီးလုံးလိုနီရဲတွက်လျက်Taehyungမျက်နှာတောင်မကြည့်တော့ဘဲ့တခါထဲအိမ်ပြန်ပြေးဖို့ပြင်တော့သည်။

"Hyung.... ဘာလို့ဖုန်းချပြီး
ထွက်ပြေးရတာလဲ...
ကျနော်အဖြေမပေးရသေးဘူးလေ"

"Jimin... ကမင်းကို
စိတ်ဆိုးမပြေသေးလို့
တမင်လျှောက်ပြောလိုက်တာပါ
စိတ်ထဲမထားနဲ့...."

"ကျနော်....ကတော့စိတ်ထဲထားတယ်
Hyungရောကျနော်ဘယ်လို
အဖြေပေးမယ်ဆိုတာ
စိတ်မဝင်စားဘူးလား"

"မင်းရင်ထဲကအဖြေကို
သိနေပြီးသားမို့
နောက်တကြိမ်နားထောင်ပြီး
မနာကျင်ပါရစေနဲ့တော့...Tae...
Jiminတောင်းဆိုတာမို့
စိတ်ထဲမပါဘဲ့
ခေါင်းညိတ်လိုက်ရတာမျိုးထက်စာရင်
အခုလိုပတ်သတ်မှုလေးကဘဲ့
ငါ့အတွက်အဆင်ပြေပါတယ်Tae... "

ခပ်ယဲ့ယဲ့လေးပြုံးပြနေတဲ့Hyungမျက်နှာကဝမ်းနည်းနေသလို.....ငယ်ငယ်လေးကတည်းကသူ့အပေါ်အနွံ့တာခံပြီးပေါင်းခဲ့တဲ့သူ.....လူရှေ့သူရှေ့မရှောင်အော်ငေါက်ခဲ့လည်းခေါင်းလေးငုံ့ပြီးနေပေးခဲသူ..သူအပေါ်နည်းနည်းလေးတောင်စိတ်ထဲငြိုငြင်ခြင်းမရှိခဲ့သူ.....ဝမ်းနည်း,ဝမ်းသာအချိန်တွေတိုင်းအနားမှာအမြဲတမ်းရှိနေပေးခဲ့သူ....စိတ်ဓါတ်ကျလဲပြိုခဲ့ချိန်တိုင်းHyung ကသူ့အတွက်အားအင်တခုလိုဖြစ်ပေးခဲ့တယ်။

သူ့အတွက်အအေးချမ်းဆုံးနဲ့အနွေးထွေးဆုံး
နားခိုရာနိဗ္ဗာန်ဘုံလေးကိုပြပါဆိုရင်Hyungရင်ခွင်ကိုသာလက်ညိုးထိုးပြရမည်ပင်။...

"Jiminတောင်းဆိုလို့မဟုတ်ဘဲ့
ကျနော်စိတ်ဆန္ဒအရ
ပြောချင်ခဲ့တာဆိုရင်ရော
Hyungနားထောင်ပေးနိုင်မလား"

ကားသော့ကိုင်ကာရပ်နေတဲ့Hoseokပုံစံကအူကြောင်ကြောင်လေးဖြစ်သွားကာTaehyungပြောလာမယ့်စကားကို
နားထောင်ဖို့စိတ်လှုပ်ရှားနေဟန်လည်းရှိသည်။

"Hyungကကျနော့်အတွက်
အချစ်ဦးမဖြစ်ခဲ့ပေမယ့်
အချစ်ဆုံးတော့ဖြစ်ပါသေးတယ်ဗျာ....
လက်ထပ်ဖို့အထိမျက်နှာပြောင်တိုက်ပြီး
မတောင်းဆိုရဲပေမယ့်Hyungဘက်ကသာ
ကျနော့်အပြစ်တွေကိုခွင့်လွှတ်ပြီး
ကျနော့်အချစ်ကိုလက်ခံပေးရင်
Hyungကိုကျနော်လက်ထပ်ပါရစေ"

"Tae.... "

တအံ့တဩငေးစိုက်ကြည့်နေတဲ့မျက်ဝန်းတွေထဲမယုံနိုင်တဲ့အရိပ်အယောင်တွေပေါ်လွင်လျက်....
နူးနူးညံ့ညံ့လေးသူပြန်ပြုံးပြလိုက်ပြီး.....

"Hyung.... လက်ထပ်တော့မယ်
သတင်းကြားတုန်းကတည်းက
ကျနော့်ကိုယ်ကျနော်ရိပ်မိနေခဲ့ပေမယ့်
အမှန်တရားကိုလက်မခံဘဲ့
ကိုယ့်ကိုယ်ကိုလိမ်ညာနေခဲ့မိတယ်....
မသိစိတ်ထဲမှာHyungကို
စပြီးချစ်နေမိပေမယ့်
အနှစ်နှစ်အလလJiminကို
ကျနော်ချစ်ရတဲ့သူလို့သတ်မှတ်ခဲ့တဲ့
စိတ်ဟာချက်ချင်းဖျောက်ပစ်လို့မရခဲ့ဘူး....
ငါချစ်တဲ့သူကJiminဘဲဆိုတဲ့အတွေး
ကHyungကိုချစ်နေမိတဲ့
အချစ်တွေကိုတောင်မှုန်ဝါးစေခဲ့တယ်...
အချစ်ဦးဆိုတာရှိသလိုအချစ်ဆုံးဆိုတာလည်းရှိလာနိုင်တာဘဲ့လို့ကျနော်နားလည်လာခဲ့တဲ့အခါ
Hyungကကျနော့်ရဲ့အချစ်ရဆုံးချစ်ရသူတစ်ယောက်ဖြစ်နေခဲ့တယ်.....
Hyungနှလုံးသားကို
အကြိမ်ကြိမ်နာကျင်အောင်လုပ်ခဲ့မိသူမို့
Hyungအချစ်တွေနဲ့မထိုက်တန်မှန်းသိပေမယ့်
ပိုင်ဆိုင်ချင်တဲ့ဆန္ဒလေးတော့
ကျနော့်ဆီမှာရှိနေသေးတယ်...."

"ပိုင်ဆိုင်ချင်တဲ့မင်းရဲ့ဆန္ဒလေးတွေ
ပြည့်ဝသွားအောင်Hyung ကဖြည့်ဆည်းပေးမယ်ဆိုရင်ရော...လက်ခံမှာလား"

"Hyung..... ဒါက
Hyung....ကျနော့်ကို
လက်ထပ်မယ်လို့ပြောလိုက်တာလား
ဟုတ်လား....Hyung... "

'အင်း...ငါတို့လက်ထပ်ကြမယ်Tae... "

"ဟား....ပျော်လိုက်တာHyung....
တကယ်ပြောတာနော်...."

"အင်း...."

TaehyungကHoseokခန္ဓာကိုယ်လေးကိုခါးမှသိုင်းဖက်ကာပွေ့ချီပစ်လိုက်ပြီးဘယ်နှကြိမ်မှန်းမရေတွက်နိုင်အောင်ကိုဝှေ့ယမ်းနေတော့သည်။Hoseokမှာရှက်လွန်းလို့မျက်နှာတခုလုံးနီရဲနေတဲ့အပြင်နားရွက်တွေပါရဲတွက်နေလေပြီ။Taehyungလည်ပင်းတွေကိုသိုင်းဖက်ကာမျက်လုံးတွေပါမှိတ်ထားရင်း..

"Tae.... တော်ပြီ...
အောက်ချပေးတော့
ခေါင်းတွေမူးလာပြီ"

"ခဏလေးပါHyungရယ်
ကျနော်အရမ်းပျော်နေလို့ပါ...."

_____________________

Canada (ကနေဒါနိုင်ငံ) 🍁🍁Ottawa 🍁🍁

**********

Ottawaသည် ကနေဒါနိုင်ငံ၏ မြို့တော်တစ်ခုဖြစ်ပြီး Ontario တောင်ပိုင်း၊ မွန်ထရီရယ်မြို့နှင့် အမေရိကန်နယ်စပ်အနီး တောင်ပိုင်းတွင်တည်ရှိသည်။ကနေဒါအမျိုးသားပြခန်းကဲ့သို့သော ခမ်းနားသော ဝိတိုရိယဗိသုကာလက်ရာများနှင့် ပြတိုက်များ၊ ဌာနေတိုင်းရင်းသားများနှင့် အခြားကနေဒါအနုပညာစုဆောင်းမှုများစွာတည်ရှိသောနေရာတစ်ခုဆိုလည်းမမှားပေ။

👆Ottawa

Ottawa

Ottawa

OttawaကJeon တက်နေတဲ့ ဆေးရုံ

"သူ့မျက်လုံးတွေပြန်မြင်နေပြီ.. Jeon
ဘာမှမဖြစ်ခဲ့တဲ့လူတစ်ယောက်လို
ပြုံးရယ်နေနိုင်လိုက်တာများ
မင်းကိုမြင်စေချင်တယ်...."

Japan ကပြန်ရောက်,ရောက်ခြင်းJeonဆီအပြေးရောက်လာတဲ့အစ်ကိုဖြစ်သူJoon.....
Japanမှာအမှတ်မထင်Jiminနဲ့ဆုံလာခဲ့ခြင်းကို
ညီဖြစ်သူဆီမကျေမနပ်ပြန်လာပြောနေခြင်းသာဖြစ်သည်။

Joonကအလုပ်ကိစ္စနဲ့Japanကိုခဏခဏရောက်ဖြစ်ပေမယ့်Kim Seokjinနဲ့တခါမှမတွေ့ကြသေး
ပြောရမယ်ဆိုJoonနဲ့Seokjinသည်လည်းJiminနဲ့Jeonတို့လိုပင်ပြန်မဆုံနိုင်ကြသေးပေ။အခုလည်းJoonကJiminကိုအဝေးကသာအရင်လှမ်းမြင်ခဲ့တာမို့Jiminကတော့လုံးဝမသိခဲ့.....လျှာထိုးဦးထုပ်ဆောင်းပြီး maskတပ်ထားတဲ့လူတစ်ယောက်နဲ့စကားလက်ဆုံကျနေတဲ့Jiminပုံစံကcoffeeဆိုင်ထဲထိုင်နေပုံကဘာအပူအပင်မှမရှိသည်သူလိုအေးအေးလူလူပင်။

သဘောကျစွာရယ်မောနေတဲ့မျက်နှာကိုနာကျည်းမုန်းတီးစွာကြည့်ပြီးကနေဒါကိုဒေါသတွေပိုက်လျက်သူပြန်လာခဲ့ရသည်။

"ဟား...သိပ်တရားကျဖို့
ကောင်းတဲ့လောကကြီးပါလား....
မင်းကတော့...သေလူတစ်ယောက်လို
ဆေးရုံကုတင်ပေါ်မှာ
လပေါင်းများစွာလှဲလျောင်းနေရတယ်Jeon.... Jayအသက်ကိုတောင်စတေးပြီး
မသေရုံတမယ်ဒဏ်ရာတွေနဲ့
Park Jiminထိခိုက်မှာစိုးလို့
အနစ်နာခံပြီးချစ်ပြခဲ့ရတာတွေက
မင်းအတွက်တန်ရဲ့လားJeon...
ပြောစမ်းပါ...တန်ရဲ့လားလို့...
မင်းအချစ်ကအလျော်အစား
ကြီးလိုက်တာ....Jeonရာ....
ငါ,မင်းအတွက်ခံပြင်းလွန်းလို့
အကုန်လုံးကိုသတ်ပစ်လိုက်ချင်တယ်
Jeon...မင်းကိုငါမကြည့်ရက်တော့ဘူး"

Joon ကဆေးရုံကုတင်ထက်၌သေလူတစ်ယောက်လိုငြိမ်သက်နေခဲ့သောညီဖြစ်သူအား
ကြည့်ကာစိတ်မကောင်းဖြစ်နေခဲ့သည်။
တနှစ်ကျော်ခဲ့ပြီ....Jeonကအခုထိအိပ်ရာထဲမှာလဲနေခဲ့တုန်း......စကားသံတွေကိုတော့ကြားနိုင်တယ်လို့ဆရာဝန်တွေကပြောတယ်.....
ဒါကြောင့်Joonကအားလပ်ချိန်တွေဆိုJeonအနားထိုင်ပြီးစာအုပ်တွေဖတ်ပြလေ့ရှိသလိုငယ်ငယ်တုန်းကအကြောင်းလေးတွေပြန်ပြောကာJeonစိတ်ကိုနှစ်သိမ့်ပေးခဲ့တယ်.....
အခုလည်းမျက်လုံးတွေမှိတ်ထားပေမယ့်သူ့စကားကိုJeonသေချာပေါက်ကြားနေလိမ့်မည်။

" ငါ.... မင်းကိုအရင်လိုပြန်ဖြစ်တဲ့အထိ
အတော်ဆုံးဆရာဝန်တွေရှာပြီးကုမယ်....
ဒါကြောင့်....မြန်မြန်သတိရပြီး
နေပြန်ကောင်းလာတော့Jeon...
မင်းဘဝကိုဒီလိုပုံစံကြီးနဲ့
အဆုံးသတ်မသွားနဲ့Jeon...
အရင်လိုမိုက်ရူးရဲဆန်တဲ့
JKပုံစံတွေကိုနောက်ထပ်
ပြန်မြင်ချင်သေးတယ်...."

နာစ့်လေးဝင်လာ၍Joonကဘာမှဆက်မပြောတော့ဘဲ့အပြင်ထွက်သွားတော့သည်။အိပ်ရာထက်လှဲလျောင်းနေတဲ့ခန္ဓာကိုယ်လေးကတော့လှုပ်ရှားခြင်းမရှိပကတိငြိမ်သက်နေခဲ့သည်။

" အို....လူနာမျက်ရည်တွေကျနေပါလား
သူဘာတွေပြောသွားပါလိမ့်"

ထွက်သွားတဲ့Joonကိုအပြစ်တင်ချင်သလိုတချက်ကြည့်ကာတိုးတိုးလေးရေရွတ်လိုက်တဲ့
Jeonအတွက်ငှားထားတဲ့ Special Nurse
လေးမှာ tissue တစယူ၍လူနာ၏မျက်ရည်တွေကိုညင်သာစွာသုတ်ပေးလိုက်တော့သည်။

_________________________finalကို၂ပိုင်းခွဲထားတာအခုတပိုင်းဖတ်ထားကြဦးနောက်တပိုင်းကည၂နာရီလောက်မှရေးပြီးမှာမို့upနောက်ကျနေမှာစိုးလို့ဒီတခါတကယ်ပြီးပြီစာလုံးပေါင်း
တွေပြန်စစ်နေလို့မupဖြစ်သေးတာ...🙏🙏🙏


စက္႐ုံဝန္းအေဟာင္းထဲဝင္လာတဲ့Kim Seokjinရဲ႕ကားေလးသည္Jeonလဲက်ေနတဲ့ေနရာတြင္ရပ္တန္႔သြားသည္။

"ရား....အသက္႐ွိတဲ့သူေရာ
က်န္ေသးရဲ႕လား....Seokjin"

"စီနီယာ....ဖုန္းဆက္ၿပီး
အကူအညီေခၚထားလိုက္
က်ေနာ္....Jeon Jungkookကို
အခ်ိန္မွီေဆး႐ုံပို႔မွျဖစ္မယ္..."

"တစ္ေယာက္ထဲျဖစ္ရဲ႕လား"

"ရတယ္...ကားေပၚေတာ့ကူသယ္ေပး"

"ေအးပါ....ေအးပါ
Jeon Jungkook
တခုခုျဖစ္လို႔ကေတာ့မလြယ္ဘူး
PL Groupနဲ႔အေတာ္႐ွင္းရလိမ့္မယ္"

"က်ေနာ္သြားၿပီ...."

_____________________

စက္႐ုံဝန္းထဲကထြက္လာေသာ
Kim Seokjin၏ကားေလးသည္
ခပ္ၾကမ္းၾကမ္းေမာင္းဝင္လာေသာ
ကားတစ္စီးရဲ႕တားဆီးျခင္းကိုခံလိုက္ရသည္။အေ႐ွ႕တည့္တည့္ကေနပိတ္ရပ္လိုက္ေသာကားထဲ၌Joonနဲ႔အတူလူေကာင္ထြားထြားႀကီး၄ေယာက္ဆင္းလာၾကၿပီးစက္႐ုံဝင္းထဲသို႔ေျပးဝင္သြားၾကသည္။Joonကေတာ့ကားေမာင္းသူထိုင္ခုံနံေဘး၌တကိုယ္လုံးေသြးေတြရဲေနတဲ့ညီျဖစ္သူဆီစိုးရိမ္တႀကီးမ်က္ဝန္းေတြျဖင့္ၾကည့္ကာအေျပးေရာက္လာသည္။

Seokjinကကားထဲကထြက္လိုက္ၿပီးJoonကိုနားခ်ၾကည့္ဖို႔ေတြးလိုက္သည္။

"ေဆး႐ုံ...အရင္ပို႔မွျဖစ္မယ္Joon
မဟုတ္ရင္Jeon Jungkookကို
အသက္မကယ္ႏိုင္ဘဲ့ျဖစ္သြားလိမ့္မယ္"

SeokjinစကားကိုJoonကအာ႐ုံမစိုက္အားေသးကားတံခါးဆြဲဖြင့္ၿပီးJeonကိုသယ္ထုတ္ဖို႔ႀကိဳးစားေနသည္။

"မင္း...ဘာလုပ္တာလဲ....
႐ူးေနလားJoon...
အခုခ်ိန္မွာေဆး႐ုံအျမန္ဆုံးတင္ႏိုင္ဖို႔လိုတယ္"

Jeon Jungkookကိုသယ္ထုတ္ေနသည့္Joonလက္ေတြကိုဆြဲခ်ဳပ္ထားလိုက္ၿပီး
Kim Seokjinကေဒါသတႀကီးေအာ္ေငါက္ပစ္လိုက္သည္။

"က်ေနာ္႕ညီကိုက်ေနာ္ျပန္ေခၚသြားမယ္
Hyung...ဒီအတိုင္းလႊတ္ေပးလိုက္ပါ"

"ငါခြင့္မျပဳႏိုင္ဘူး...Joon
ေဆး႐ုံကိုသြားမယ္....
ၿပီးရင္ဥပေဒအတိုင္း
ရဲရဲဝင့္ဝင့္ရင္ဆိုင္....
ဒီလိုေ႐ွာင္ေျပးေနတာ
မွန္ကန္တဲ့နည္းလမ္းတခုမဟုတ္ဘူး"

"Boss... Jay... အသက္မ႐ွိေတာ့ဘူး"

ေစာေစာကစက္႐ုံဝန္းထဲေျပးဝင္သြားေသာလူထြားႀကီး၄ေယာက္အနက္တစ္ေယာက္သည္Jayရဲ႕အသက္မဲ့ေနေသာခႏၶာကိုယ္အားပခုံးေပၚထမ္းလ်က္ျပန္ထြက္လာၾကသည္။
တကိုယ္လုံးေသြးေတြရဲေနသည့္Jayရဲ႕အသက္မဲ့ခႏၶာကိုယ္ေလးအားၾကည့္ကာJoonရင္ထဲအမည္ေဖာ္လို႔မရတဲ့ခံစားခ်က္ႀကီးတခုဝင္ေရာက္လာခဲ့သည္။ေျပာစရာစကားတို႔ကထြက္က်မလာႏိုင္ဘဲ့လည္ေခ်ာင္းဝ၌ဆို႔နစ္သလိုခံစားေနရသည္။
Jayထြက္သြားတာJoonတို႔ညီအစ္ကိုအတြက္အႀကီးမားဆုံးဆုံး႐ႈံးမႈႀကီးတခုပင္ျဖစ္သည္။

သတိျပန္ဝင္လာခ်ိန္၌လက္သီးကိုက်စ္က်စ္
ဆုပ္လ်က္အံကိုႀကိတ္ကာJoonသည္က်န္
တပည့္၃ေယာက္ကိုၾကည့္ၿပီးအမိန္႔ေပးလိုက္ေတာ့သည္။Joonအသံသည္တဖြဲဖြဲက်ေနေသာႏွင္းစက္ေတြေအာက္ေအးစက္မာေၾကာစြာ
ထြက္ေပၚလာခဲ့သည္။

"ကားထဲကJeonကိုသယ္ထုတ္လာခဲ့..."

"ငါ...ခြင့္မျပဳႏိုင္ဘူး...Joon...
Jeon Jungkookကို
ေခၚသြားခ်င္ရင္ငါ့ကို
သတ္ၿပီးမွသြား"

"ေကာင္းၿပီေလ..."

"Joon"

Joonသည္အရမ္းေဒါသထြက္ေနၿပီျဖစ္ရာသူ႕ေ႐ွ႕ကပိတ္ကာတားဆီးေနေသာSeokjinကိုေသနတ္ျဖင့္ခ်ိန္႐ြယ္လိုက္သည္။

"ဒိုင္း"

မယုံၾကည္ႏိုင္သည့္မ်က္ဝန္းမ်ားျဖင့္Joonကို
သူၾကည့္လိုက္သည္။ညာဘက္လက္ေမာင္းကိုေဖာက္ဝင္သြားတဲ့က်ည္ဆန္သည္သူ႕အတြက္ ဒီျပႆနာေတြထဲက႐ုန္းထြက္ႏိုင္မယ့္ထြက္ေပါက္တခုျဖစ္တာနားလည္ေသာ္လည္းရင္ထဲေျပာမျပတတ္ေအာင္ပင္ဝမ္းနည္းနာက်င္ရသည္။သူ႕လက္ေခ်ာင္းေလးဓါး႐ွတာေတာင္သဲသဲလႈပ္ျဖစ္ခဲ့သည့္Joonဟာအနည္းဆုံးေတာ့တပည့္တစ္ေယာက္ေယာက္ကိုခိုင္းလိမ့္မည္ဟုထင္ထားခဲ့တာပါ။အခုလိုသူ႕ကိုJoonကိုယ္တိုင္နာက်င္ေအာင္မလုပ္ေလာက္ဘူး,မလုပ္ရက္ေလာက္ဘူးလို႔ထင္ထားခဲ့မိေသာသူ႕အေတြးေတြသည္ျပန္ေတြးတိုင္းအရမ္း႐ွက္ဖို႔ေကာင္းလွသည္။Joonဟာသူထင္ထားတာထက္ပင္ေသြးေအးရက္စက္လြန္းသည့္လူတစ္ေယာက္ျဖစ္သည္။အခါမ်ားစြာျမင္ခဲ့ရဖူးေသာJoonပုံစံေတြႏွင့္လုံးဝမတူသည့္ပုံစံကိုသူျမင္ေတြ႕ေနရသည္ေလ။

ေသြးေအးျပတ္သားလြန္းသည့္မ်က္အိမ္က်ဥ္းက်ဥ္းေတြဟာလူသတ္သမားတစ္ေယာက္အသြင္ကိုေဆာင္ေနသည္။ေ႐ွ႕တည့္တည္ကသူ႕ကိုခ်ိန္႐ြယ္ထားေသာေသနတ္၏ေမာင္းတံေလးကိုျဖဳတ္ခ်လိုက္ဖို႔ခလုတ္အားႏွိပ္ပစ္ရန္Joonရဲ႕လက္ညိဳးမွာေတြေဝတုန္႔ဆိုင္းမည့္ပုံမေပၚ။

လက္ထဲကေသနတ္ကိုဆုပ္ကိုင္ထားေပမယ့္
သူမခ်ိန္႐ြယ္ရက္ခဲ့....ေသြးေတြစီးက်လာတဲ့လက္ေမာင္းကေသနတ္ဒဏ္ရာကိုၾကည့္ကာ
သူ႕ႏွလုံးကတဆစ္ဆစ္နာက်င္လာသည္။
ကိုင္ထားတဲ့ေသနတ္ကိုအရင္ပစ္ခ်လိုက္ၿပီးJoonကိုေက်ာခိုင္းလ်က္..

"သြားေတာ့...Joon...
မင္းနဲ႔ငါၿပီးၿပီ...."

Joonသည္သူ႕ကိုတခ်က္ၾကည့္ၿပီးကားထဲဝင္သြားခဲ့သည္။အ႐ွိန္ျပင္းစြာေမာင္းထြက္သြားေသာကားေလးအားေငးၾကည့္ရင္းေယာက်္ားတစ္ေယာက္အတြက္ပထမဆုံးအႀကိမ္သူငိုမိခဲ့သည္။

__________

တျဖည္းျဖည္းေဝး၍က်န္ခဲ့ေသာပုံရိပ္ေလးအားေပ်ာက္ကြယ္သြားသည္အထိကားဘက္မွန္ေတြကတဆင့္ေငးၾကည့္ရင္းJoonကတိုးတိုးေလးေရ႐ြတ္လိုက္သည္။

"က်ေနာ္႕ကို..ခြင့္မလႊတ္ပါနဲ႔Hyung"

ေသြးေတြစီးက်ေနတဲ့လက္ေမာင္းကဒဏ္ရာကိုလက္တဖက္ျဖင့္ဖိကာတအံ့တဩေမာ့ၾကည့္လာတဲ့Hyungပုံရိပ္ေတြသည္သူ႕အားႏွစ္ေပါင္းမ်ားစြာအျပစ္သားတစ္ေယာက္လိုေနထိုင္ဖို႔စိတ္ဒဏ္ရာေတြ႐ိုက္ထည့္ေပးလိုက္သလိုပင္....အခ်ိန္ေတာ္ေတာ္ၾကာသည္တိုင္ထိုျမင္ကြင္းကိုသူေမ့ေဖ်ာက္ပစ္ႏိုင္မယ္မထင္ေတာ့ပါ။

တကယ္လို႔သာJoonတို႔ထြက္သြားၿပီးseokjinဆီမွာဘာထိခိုက္ဒဏ္ရာမွမက်န္ေနခဲ့ရင္ၾကံရာပါအျဖစ္နဲ႔စုံေထာက္ႀကီးပါjailေအာင္းရမည့္
အျဖစ္ကိုႀကိဳသိေန၍Joonကseokjin
လက္ေမာင္းကိုဒဏ္ရာရေစခဲ့ျခင္းသာျဖစ္သည္။ဒီလိုလုပ္တာကိုSeokjinကလည္းသေဘာေပါက္နားလည္တာေၾကာင့္Joonကိုအျပစ္မျမင္။

ဒါေပမယ့္seokjinနားမလည္ခဲ့တာတခုကJoonဟာဘာေၾကာင့္ကိုယ္တိုင္ေသြးေအးစြာသူ႕အေပၚျပဳမူခဲ့ရသလဲဆိုတာကိုပင္...
ျပန္ဆုံဖို႔အခြင့္အေရးေတြေပးလာခဲ့တဲ့တေန႔က်ရင္Joonကိုသူနားမလည္ခဲ့ေသာထိုပုစၧာ၏အေျဖကိုေသခ်ာေပါက္ေမးဖို႔ဆုံးျဖတ္ထားလိုက္သည္။က်ေနာ္Hyungကိုတကယ္မခ်စ္ခဲ့လို႔ဟူ၍ေတာ့Joon မေျဖပါေစနဲ႔လို႔သာSeokjin
ဆုေတာင္းေနမိသည္။

"ခြဲစိတ္မႈေအာင္ျမင္တယ္"

အခ်ိန္ေတာ္ေတာ္ၾကာခြဲစိတ္ၿပီးေနာက္ခြဲစိတ္ခန္းထဲကထြက္လာေသာေဒါက္တာတခ်ိဳ႕သည္ေတာ္ေတာ္ေလးပင္ပန္းသြားၾကပုံရသည္။
ခြဲစိတ္မႈေအာင္ျမင္တယ္ဟူ၍သာတိုတိုတုတ္တုတ္ေျပာၿပီးဆက္မေမးရန္
လက္ကာျပလ်က္ထြက္သြားၾကသည္။
အားလုံးထြက္သြားၿပီးအနည္းငယ္ၾကာမွသတိေမ့ေျမာေနေသာJiminကိုလူနာကုတင္တြန္းလွည္းေလးေပၚတင္၍တြန္းလာေသာေဆး႐ုံဝန္ထမ္းတခ်ိဳ႕နဲ႔အတူေဒါက္တာMin Yoongiထြက္လာတာကိုျမင္လိုက္သည္။Taehyungနဲ႔Hoseokေျပးသြားၿပီးေဒါက္တာMin Yoongi နာမည္ကိုလွမ္းေခၚလိုက္သည္။

"Yoongi.. Hyung"

"စိတ္ခ်ရၿပီ...
Jiminကိုကယ္လိုက္ႏိုင္တယ္"

ေဒါက္တာMin Yoongiစကားကို
အျပည့္အဝနားမလည္ေပမယ့္Jiminခြဲစိတ္မႈေအာင္ျမင္စြာၿပီးဆုံးသြားတယ္ဆိုတဲ့စကားနဲ႔တင္Taehyungေရာ Hoseok ပါစိတ္ေအး
သြားေတာ့သည္။ခြဲခန္းထဲကထြက္မလာမခ်င္းအသက္ပင္ေကာင္းေကာင္းမ႐ွဴရဲ...ရင္တထိတ္ထိတ္ပူပင္ေနရေသာအလုံးႀကီးအခုမွက်သြားေတာ့သည္။Jiminမ်က္ႏွာေလးျမင္လိုက္မွ...
ဟင္းကနဲ...သက္ျပင္းခ်ႏိုင္ၾကေတာ့သည္။

___________________________

ခြဲခန္းထဲကထြက္လာၿပီး၂ရက္ေလာက္သတိလစ္ေနခဲ့ေသာJiminေၾကာင့္ဆရာဝန္ေတြျပာယာခတ္ကုန္ၾကသည္။Jiminကစိတ္ခ်ရတဲ့အေျခအေနထိမေရာက္ေသး....သတိျပန္ရလာဖို႔ဆက္ၿပီး
ေစာင့္ၾကည့္ရဦးမည္ဟုေဒါက္တာMin Yoongi
ကအသိေပးလာသည္။

Taehyungသည္လည္းကုမၸဏီအလုပ္ကတဖက္ေဆး႐ုံကိုလည္း႐ုံးဆင္းတိုင္းအေျပးလာရျဖင့္ၾကာေတာ့စိတ္ပင္ပန္းလူပင္ပန္းျဖစ္ကာေဆး႐ုံပါတက္ရသည္အထိစိတ္ေထာင္းကိုယ္ေၾကျဖစ္ခဲ့သည္။အနီးကပ္လိုေလေသးမ႐ွိေအာင္ျပဳစုေပးသည့္Hoseok႐ွိေနလိုသာဘဲ့မဟုတ္လို႔ကေတာ့မလြယ္ကူ....သားျဖစ္သူေဆး႐ုံတက္ေတာ့လာျပဳစုခ်င္သည့္Taehyungအေမမွာခင္ပြန္းျဖစ္သူကမသြားရဘူးႀကိမ္းထား၍အိမ္ထဲကအိမ္ျပင္ပင္မထြက္ရဲ.....Taehyungဆီဖုန္းဆက္ေပမယ့္လူကိုယ္တိုင္မလာ၍စိတ္ေကာက္ၿပီးဖုန္းမကိုင္တာေၾကာင့္Hoseokကိုသာဖုန္းခဏခဏဆက္ၿပီးသားျဖစ္သူရဲ႕သတင္းကိုေမးရသည္။

"ဖုန္းဆက္လိုက္ပါTaeရာ
အန္တီအရမ္းစိတ္မေကာင္းျဖစ္ေနတာ....
မင္းကပါနားလည္မေပးရင္
အန္တီ...ပိုၿပီးခံစားသြားရလိမ့္မယ္"

ဖုန္းဆက္တိုင္းငိုေနတဲ့Taehyungအေမကို
မၾကည့္ရက္ေတာ့၍Hoseokကဘဲ့ေ႐ွ႕ေနလိုက္ကာကူေျပာေပးရေတာ့သည္။

"ေ႐ွ႕ေန Kim... ကိုက်ေနာ္႕ထက္
ပိုခ်စ္လို႔...စကားနားေထာင္ၿပီး
ေဆး႐ုံေတာင္မလာခဲ့ဘူးေလ....
ဝတ္ေက်တန္းေက်ဖုန္းဆက္ၿပီး
ရင္ထဲမပါတဲ့စကားေတြဟန္လုပ္
ၿပီးက်ေနာ္မေျပာတတ္ဘူးHyung...
က်ေနာ္႕အေမကိုဘယ္ေလာက္ထိ
က်ေနာ္ခ်စ္တယ္ဆိုတာHyungအသိဆုံး...
ဒါေပမယ့္...ေမေမ...က်ေနာ္႕ကိုမခ်စ္ဘူး
ေ႐ွ႕ေနKim..စကားတခြန္းနဲ႔
က်ေနာ္႕ကိုပစ္ထားခဲ့တယ္"

"ေ႐ွ႕ေနKim.. ေ႐ွ႕ေနKimနဲ႔
မသိရင္သူစိမ္းေတြက်ေနတာဘဲ့Taeရာ
ဒီႏွစ္ပိုင္းေတြက်မွအန္ကယ္္႕ကိုမင္း
အရမ္းအျမင္ေစာင္းလာသလိုဘဲ့.....

"Hyung... မသိတာေတြ႐ွိတယ္
ဘယ္အရာကိုမွက်ေနာ္
အေၾကာင္းမဲ့မမုန္းတီးဘူး"

မိသားစုျပႆနာေတြေၾကာင့္လို႔မွတ္ယူသြားတဲ့Hobi Hyungကဘာမွထပ္မေျပာဘဲ့တိတ္ဆိတ္ေနလိုက္ေတာ့သည္။ထိုေန႔ကစအိမ္ကဖုန္းဆက္ရင္လည္းသူ႕ကိုလာမေျပာေတာ့ဘဲ့Hobi Hyungကသူ႕ဘာသာအဆင္ေျပသလိုျပန္ေျပာလိုက္ေတာ့တယ္။

ေဆး႐ုံမွာ၂ရက္ေလာက္အိပ္ၿပီးသြားေတာ့သူ႕က်န္းမာေရးကလည္းပုံမွန္ျပန္ျဖစ္သြားၿပီမို႔ဒီေန႔ေတာ့ေဆး႐ုံဆင္းရန္ဆုံးျဖတ္လိုက္သည္။ဆရာဝန္ကလည္းစိတ္ခ်ရၿပီဆင္းခ်င္ဆင္းလို႔ရၿပီေျပာလာတာေၾကာင့္မနက္အေစာႀကီးထကာကုမၸဏီကိုတန္းသြားဖို႔အဝတ္အစားလဲျပင္ဆင္ေနတုန္းအေျပးတပိုင္းေရာက္လာတဲ့
Hobi Hyungေၾကာင့္မွန္ေ႐ွ႕ရပ္ကာ
necktie စီးေနေသာသူ႕လက္ေတြရပ္တန္႔သြားၿပီးအခန္းတံခါးေပါက္ကိုမ်က္ေမွာင္ၾကဳတ္၍ၾကည့္လိုက္သည္။မနက္ေစာေစာစီးစီး...ဒီHyungဘာေတြျပာယာခတ္ေနသလဲ.....

"Jimin.,.. သတိျပန္ရၿပီတဲ့"

"ဟင္....ဟုတ္လို႔လား
က်ေနာ္အခုဘဲMinေလး
အခန္းကျပန္လာတာ"

Taeကမယုံသလိုျပန္ၾကည့္ၿပီးေျပာလာတာ
ေၾကာင့္႐ွည္႐ွည္ေဝးေဝးထပ္ေျပာမေနေတာ့ဘဲ့လက္ကိုဆြဲၿပီးေခၚခဲ့လိုက္ေတာ့တယ္...

" မယုံရင္...လာ...အခုလိုက္ခဲ့..."

ထိုေန႔ကေဆး႐ုံႀကီးရဲ႕မနက္ခင္းသည္ေပ်ာ္႐ႊင္ရယ္ေမာသံေတြနဲ႔စတင္ခဲ့ေလသည္။၃ရက္ေလာက္သတိေမ့ေနခဲ့ၿပီးေနာက္Jiminျပန္သတိရလာျခင္းကိုမိသားစုဝင္ေတြသာမကေဆး႐ုံတခုလုံးကဆရာဝန္ေတြနာစ့္ေတြပါမက်န္ေပ်ာ္လြန္းလို႔မ်က္ရည္ပါက်ၾကသည္။ဒါ...သူတို႔ေဆး႐ုံရဲ႕မွတ္တမ္းတင္ထားရမယ့္ေအာင္ျမင္မႈတခုေလ။

အရင္ကJiminလိုလူနာေတြအမ်ားႀကီးခြဲစိတ္ေပးခဲ့ဖူးေပမယ့္မေအာင္ျမင္ခဲ့သလိုေဆး႐ုံေပၚမွာႏွစ္ေပါင္းမ်ားစြာသတိေမ့ေနၿပီးေနာက္ဆုံးႏွလုံးခုန္ရပ္ၿပီးအသက္ဆုံး႐ႈံးသြားၾကတာခ်ည္းဘဲ့....
ဒါေၾကာင့္Jiminကိုခြဲစိတ္မယ္ဆိုၾကတုန္းကတခ်ိဳ႕ဆရာဝန္ေတြကလက္ေ႐ွာင္သြားၾကၿပီးMin Yoongiကိုလည္းဒီခြဲစိတ္မႈကိုမလုပ္ဖို႔ရင္းႏွီးတဲ့ဆရာဝန္တခ်ိဳ႕ကေနာက္ကြယ္မွာေခ်ာ့ေမာ့ေဖ်ာင္းဖ်ၾကသည္။ဘာလို႔လဲဆိုသူတို႔ေဆး႐ုံမွာဒီလိုလူနာေတြကိုခြဲစိတ္တိုင္းမေအာင္ျမင္ခဲ့ေသာသာဓကေတြက႐ွိေနခဲ့တာကိုး။

" ေက်းဇူးတင္ပါတယ္ေဒါက္တာ..."

Taeကမ်က္မွန္ေလးခြၽတ္ကာဝဲတက္လာတဲ့မ်က္ရည္တခ်ိဳ႕ကိုလက္ကိုင္ပုဝါျဖင့္အသာအယာသုတ္ေနတဲ့ေဒါက္တာMin Yoongi
ဘက္သို႔လွည့္ကာေက်းဇူးတင္စကားေျပာလိုက္သည္။Jiminစၿပီးခြဲစိတ္ပါၿပီဆိုကတည္းကေဆး႐ုံကလုံးဝမျပန္ဘဲ့Jiminသတိျပန္ရလာဖို႔ဆုေတာင္းရင္းေန႔ေန႔ညညေစာင့္ၾကည့္ေနခဲ့တဲ့ေဒါက္တာMin Yoongi ရဲ႕စိတ္ကိုTaehyungအပါအဝင္ေဆး႐ုံတခုလုံး
နားလည္ၾကသည္။

Min Yoongiနဲ႔အတူခြဲစိတ္ခန္းဝင္ခဲ့ၾကတဲ့စီနီယာ,ဂ်ဴနီယာဆရာဝန္တခ်ိဳ႕ကမ်က္ရည္ေတြသုတ္ေနတဲ့ေဒါက္တာMin Yoongiကိုဝိုင္းဖက္ၾကၿပီးဂုဏ္ျပဳၾကသည္။

"မင္းလုပ္ႏိုင္သြားၿပီ...Yoongi..
ငါတို႔ေဆး႐ုံရဲ႕အစြဲတခုကိုခြၽတ္ႏိုင္ခဲ့ၿပီ....
Congratulations... Doctor Min Yoongi... "

"Yoongiေရညေနက်ရင္ေတာ့ဆိုင္ေကာင္းေကာင္းေလးေ႐ြးထားလိုက္ေတာ့ေဟ့"

လုပ္ေဖာ္ကိုင္ဖက္ဆရာဝန္တခ်ိဳ႕ကဂုဏ္ျပဳပြဲေလးလုပ္ေပးရန္ေတာင္းဆိုလာၾကသည္မို႔
ေဒါက္တာMin Yoongiကျပဳံးလ်က္ေခါင္းညိတ္ျပလိုက္သည္။

Jiminသတိျပန္ရလာ၍မိသားစုဝင္ေတြသာမကတေဆး႐ုံလုံးေပ်ာ္လို႔မဆုံးျဖစ္ေနၾကေပမယ့္....
သတိရလာကတည္းကငိုမဲ့မဲ့မ်က္ႏွာေလးျဖင့္
Jiminကေတာ့လုံးဝေပ်ာ္႐ႊင္ျခင္းမ႐ွိခဲ့ပါ....တခုခုေပ်ာက္ဆုံးေနသလိုခံစားေနရေသာသူ႕ရင္တြင္းခံစားခ်က္ေတြကိုေတာ့ဘယ္သူ႕မွဖြင့္ဟမျပခ်င္ခဲ့ေပ။

တစ္ေယာက္တေပါက္ေျပာဆိုေနၾကတဲ့
စကားသံေတြ.....
Jimin, Jiminလို႔ေခၚေနၾကတဲ့
ေခၚသံေတြထဲ.....
တစ္စုံတစ္ေယာက္ရဲ႕အသံကို
သူနားစြင့္ေနမိသည္။
တစ္ေယာက္ၿပီးတစ္ေယာက္
လာေပြ႕ဖက္ၾကတဲ့လူေတြထဲ
သူေမွ်ာ္လင့္ေတာင့္တေနမိသည့္
တစ္ေယာက္ေသာသူကပါမလာခဲ့ေပ။

အခန္းေလးထဲHoseokတစ္ေယာက္ထဲ
က်န္ခဲ့ခ်ိန္မွသူအရမ္းေမးခ်င္ေနတဲ့ေမးခြန္းေတြကိုဆက္တိုက္ဆိုသလိုေမးခ်လိုက္သည္။

"Hyung.... "

"ေျပာေလ...Jimin
Hyung... ဘာလုပ္ေပးရမလဲ"

"က်ေနာ္သတိေမ့ေနတာ
၃ရက္႐ွိၿပီဆိုတာ
ဟုတ္လား"

"အင္း..ဟုတ္တယ္"

"Jeon.... ဖုန္းဆက္ေသးလား"

Jiminအေမးေၾကာင့္Hoseokဘာေျဖရမွန္းမသိေအာင္ဆြံ႕အသြားေတာ့သည္။Jiminကေတာ့သူျပန္ေျဖတာကိုမေစာင့္ေသးဘဲ့သိခ်င္တာေတြဆက္တိုက္ထပ္ၿပီးေမးေနေတာ့သည္။ေစာေစာကTae႐ွိေန၍ဘာမွမေျပာဘဲ့ေအာင့္အီးသည္းခံထားသမွ်အခုမွကရားေရလႊတ္ဆက္တိုက္ကို
ေမးေတာ့သည္။

"၃ရက္႐ွိေနၿပီဆိုေတာ့Jeonျပန္လာရေတာ့မွာေလ....အခုထိျပန္မလာေသးဘူးလား.....
ဖုန္းေတာ့ဆက္တယ္မလား.....က်ေနာ္သတိေမ့ေနတာမေျပာလိုက္ၾကဘူးထင္တယ္...
ဒါေၾကာင့္သူေအးေအးေဆးေဆး
လုပ္ေနတာျဖစ္မယ္..... ေအာ္ဒါနဲ႔..Hyung... "

"အင္း...ေျပာေလ...Jimin"

"က်ေနာ္ဖုန္းကိုဘယ္သူသိမ္းထားလဲ"

"Taeသိမ္းေပးထားတယ္"

"Hyungကလည္းဗ်ာ...
က်ေနာ္ေသခ်ာမွာထားခဲ့ရက္နဲ႔
ေယာင္းကိုဘာလို႔ဖုန္းေပးလိုက္ရတာလဲလို႔
Jeonဖုန္းဆက္ရင္"ေယာင္း"ကကိုင္မွာ
မဟုတ္ပါဘူးဆို....
Hyungကက်ေနာ္႕စကားကို
နားကိုမေထာင္ဘူး"

အလိုမက်ျဖစ္သြားတဲ့မ်က္ႏွာေလးကစူပုတ္ပုတ္ေလးျဖစ္သြားၿပီးJiminသည္သူ႕ကိုစိတ္ဆိုးသြားေတာ့သည္။

"HyungကTaeကိုေၾကာက္ရတာ
မင္းလည္းသိသားနဲ႔...
သူကေပးဆိုေပးလိုက္ရတာ
အတင္းယူမထားရဲဘူးေလ....
Jeon Jungkookလည္း
ဖုန္းမဆက္ေလာက္ဘူးထင္ပါတယ္
ဖုန္းဆက္ရင္ေတာ့Tae ကဖုန္းမကိုင္လည္း
Hyungကိုေတာ့ေျပာျပမွာပါ....."

" ဆက္ခ်င္ဆက္မွာေပါ့
ေယာင္းေလးအသံၾကားေတာ့
မေျပာခ်င္လို႔ခ်လိုက္တာေနမွာ...
"ေယာင္း"ျပန္လာရင္ေမးေပးဦး
ဒီရက္ပိုင္းဖုန္းေခၚၿပီးဘာစကားမွ
မေျပာဘဲ့ျပန္ခ်သြားတဲ့
ဖုန္းနံပါတ္ေတြ႐ွိလားလို႔....
ဒါေလးတခုေတာ့က်ေနာ္႕ကိုကူညီေပး
မဟုတ္ရင္Hyungကိုက်ေနာ္
တကယ္စိတ္ဆိုးလိုက္မွာ"

"ေအးပါကြာ...Hyung...
ေမးထားလိုက္ပါ့မယ္....
အမ်ားႀကီးမေတြးနဲ႔ဦး....
အခုမွသတိျပန္ရလာတုန္းဘဲ့႐ွိေသးတယ္
Jeon ....Jungkook.. ျပန္လာမွာပါ
ငါတို႔Jiminကိုဒီေလာက္ခ်စ္တာ"

Jeon. Jungkookဆိုတဲ့နာမည္ကိုေျပာေနတဲ့အခ်ိန္အႀကီးအက်ယ္ပ်က္ယြင္းသြားတဲ့Hoseokမ်က္ႏွာကိုJiminသာျမင္ခြင့္ရခဲ့မယ္ဆို....Hoseokလိမ္ေနတာေတြဘူးေပၚသလိုအကုန္ေပၚကုန္မွာေသခ်ာသည္။

"ဟုတ္တယ္....Jeonက
က်ေနာ္႕ကိုသိပ္ခ်စ္တာ
က်ေနာ္သတိေမ့ေနတာသူမသိေသးလို႔
သိရင္ခ်က္ခ်င္းျပန္လာမွာ...
မနက္ျဖန္က်ရင္Jeonဆီဖုန္းေခၚေပး
မ်က္လုံးေတြပတ္တီးျဖည္မယ့္ေန႔
အမွီျပန္လာဖို႔သတိေပးရဦးမယ္..
Hyung... သိလား....
က်ေနာ္႕မွာအရမ္းျပည့္ခ်င္တဲ့
ဆႏၵေလးတခု႐ွိတယ္....
ေဟာဒီမ်က္လုံးေတြစျမင္တဲ့ေန႔မွာ
က်ေနာ္႕ရဲ႕Jeonကိုအရင္ဆုံးျမင္ခ်င္တာ...."

သူ႕ရဲ႕Jeonဟာဒီေလာကႀကီးမွာမ႐ွိေတာ့တာကိုဒီေကာင္ေလးမသိေသးပါ.....ဆႏၵေတြဆုေတာင္းေတြတပုံတပင္ျဖင့္သူ႕ခ်စ္သူမ်က္ႏွာကိုျမင္ေတြ႕
ခြင့္ရဖို႔အေတာ္ေလးအားခဲထားခဲ့ပုံရသည္။
Hoseokမွာေမွ်ာ္လင့္ခ်က္ေတြအေရာင္ေတာက္ေနခဲ့ေသာJiminအေပ်ာ္ေတြပ်က္မည္စိုး၍ခပ္ဆိပ္ဆိပ္သာေနလ်က္အလိုက္သင့္ေလးလိမ္ညာေပးခဲ့သည္။

"ျမင္ရမွာေပါ့....Jiminရာ...
Hyung.... အိမ္ကိုဖုန္းခဏဆက္ခ်င္လို႔"

"ဪ....ရတယ္...
သြား...သြား.,
က်ေနာ္လည္းခဏနားလိုက္ဦးမယ္
"ေယာင္း"ျပန္လာရင္ေတာ့ႏိုးလိုက္ပါ"

"အင္း"

Jiminလိုအပ္တာမွန္သမွ်လုပ္ေပးၿပီးအခန္းအျပင္ထြက္ကာအခ်ိန္အေတာ္ၾကာငူငူႀကီးသူထိုင္ေနမိခဲ့သည္။အိမ္ကိုဖုန္းဆက္ခ်င္လို႔ဆိုတာကလည္းJiminနဲ႔စကားစျဖတ္ခ်င္လို႔တမင္တကာသူလိမ္ေျပာလိုက္ျခင္းသာျဖစ္သည္။နဂိုကတည္းကလိမ္တာမကြၽမ္းက်င္တဲ့သူ႕ေၾကာင့္Jiminရိပ္မိသြားမွာလည္းစိုးရိမ္ရေသးတယ္....ငယ္ငယ္ကတည္းကေပါင္းလာၾကတဲ့သူေတြမို႔မ်က္ႏွာကိုမျမင္ရေပမယ့္သူလိမ္ရင္စကားေတြထစ္ၿပီးအဆီအေငၚမတည့္ျဖစ္တတ္မွန္းJiminကေကာင္းေကာင္းသိသည္။
ဒီထပ္ပိုၿပီးခပ္ၾကာၾကာထိုင္စကားေျပာေနရင္
အလိမ္ေတြအကုန္ေပၚကုန္ေပလိမ့္မည္။

"Jimin.. ရာ...မင္းကို
သနားလြန္းလို႔Hyung
ဘယ္လိုေျဖရမလဲ
မသိေတာ့ဘူးကြာ"

Hoseokကမ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကာထိုင္ခုံမွာထိုင္လ်က္အသံတိတ္ငိုေနခဲ့သည္။
တစ္ရက္ကေနႏွစ္ရက္Jiminကိုသူတို႔ဆက္လိမ္ထားၾကဖို႔မျဖစ္ေတာ့ဘူးဆိုတာသိလာေလHoseokရင္ထဲဗေလာင္ဆူလာေလဘဲ့။

Jeon Jungkookမ႐ွိေတာ့ဘူးဆိုတာဘယ္လိုစိတ္မ်ိဳးနဲ႔ေျပာရမလဲသူတကယ္မသိေတာ့တာလည္းျဖစ္သည္။Taeကေတာ့မ်က္လုံးေတြပတ္တီးျဖည္ၿပီးမွျဖည္းျဖည္းခ်င္းေျပာျပလိုက္မယ္လို႔စဥ္းစားထားသည္တဲ့ေလ။

သူကေတာ့Jiminကိုသနားလြန္းလို႔မၾကည့္ရက္တာေၾကာင့္အမွန္အတိုင္းTaeဖြင့္ေျပာမယ့္ေနက်ရင္အိမ္ခဏျပန္ၿပီးေ႐ွာင္ေနဖို႔ေတြးထားသည္။ဝမ္းနည္းပက္လက္Jiminငိုမွာကိုသူမၾကည့္ရက္တာေၾကာင့္လည္းျဖစ္သည္။

________________

Jeon ျပန္လာမယ္ဆိုၿပီးေသခ်ာေပါက္ယုံၾကည္ေနေသာJiminသည္ပတ္တီးျဖည္ဖို႔ရက္နီးလာေလယုံၾကည္မႈေတြေဝဝါးေပ်ာက္ကြယ္ခ်င္လာေလျဖစ္ေတာ့သည္။

Jeonရဲ႕ဖုန္းကလုံးဝေခၚဆို၍မရသလို
Jeonဆီကလည္းဘာအဆက္အသြယ္မွမေရာက္လာေသာအခါJiminမွာဟန္ေဆာင္အျပဳံးေလးေတာင္ျပဳံးမထားႏိုင္ေတာ့....သိသိသာသာပ်က္ယြင္းလာေသာမ်က္ႏွာအမူအရာေၾကာင့္HoseokမွာTaehyungအားတိုးတိုးတိတ္တိတ္တိုင္ပင္ရေတာ့သည္။

"Tae.... Jiminကိုဘယ္လို
ေျပာဖို႔ဆုံးျဖတ္ထားလဲ...."

"က်ေနာ္...စဥ္းစားထားတာ႐ွိတယ္"

HoseokကTaehyungေျပာျပတဲ့အစီအစဥ္ကိုနားေထာင္ၿပီးသိပ္သေဘာမက်သလိုေခါင္းကိုျဖည္းျဖည္းခါရမ္းလိုက္ၿပီး...

"Jeon Jungkookအေပၚ
အရမ္းရက္စက္ရာက်သြားမလား....
ၿပီးေတာ့...Jiminကလြယ္လြယ္လက္ခံပါ့မလား"
Jeon Jungkook ကိုဒီေလာက္ခ်စ္တာ..."

"စုံေထာက္Kim Seokjin
ေျပာပုံအရဆို
Jeon Jungkookက
အသက္႐ွင္ဖို႔ရာခိုင္ႏႈန္း
အရမ္းကိုနည္းေနတယ္...
က်ေနာ္႕ဆုံးျဖတ္ခ်က္က
Jeon Jungkookအတြက္
အရမ္းရက္စက္ရာက်သြားမလား
မေျပာတတ္ေပမယ့္ဒီအခ်ိန္မွာ
ဒါေတြက်ေနာ္မေတြးႏိုင္ဘူး...Hyung.. "

"Jiminခံစားရတာေတြ
ေလ်ာ့ပါးေပ်ာက္ကြယ္သြားဖို႔ဘဲ့
က်ေနာ္ေတြးတယ္
Jeon Jungkookကို
ဘဝတေလ်ာက္လုံး
လြမ္းဆြတ္တမ္းတၿပီး
ဝမ္းနည္းပူေဆြး
ေနသြားမယ့္အစား
နာက်ည္းမုန္းတီးၿပီး
ေမ့ပစ္လိုက္တာကမွ
အေကာင္းဆုံးနည္းလမ္းဘဲ့လို႔
က်ေနာ္ထင္တယ္.....
ဒါေၾကာင့္...Hyungလည္း
ဘာမွေစာဒကမတက္နဲ႔ေတာ့
က်ေနာ္စီစဥ္တဲ့
အတိုင္းသာလိုက္ခဲ့...."

Hoseokက စိတ္မသက္မသာျဖစ္သြားၿပီးခုံတန္းလ်ားေလးထက္ထိုင္ခ်လိုက္သည္။Jiminမသိေစခ်င္တဲ့စကားေတြေျပာေတာ့မယ္ဆိုသူေရာTaeေရာေဆး႐ုံဝန္းထဲကပန္းျခံ႐ွိထိုင္ခုံတန္းလ်ားေလးေတြဆီလာၿပီးတိုင္ပင္ေဆြးေႏြးေလ့႐ွိသည္။Jeon Jungkookအေၾကာင္းေမးတိုင္းေဝ့လည္ေၾကာင္ပတ္ေျဖၿပီးေ႐ွာင္ထြက္သြားတတ္လြန္းလို႔အခုေနာက္ပိုင္းJiminကသူ႕ကိုသိပ္မယုံၾကည္ေတာ့သလိုစကားလည္းသိပ္မေျပာေတာ့ေခ်။

Taeကေတာ့အစကတည္းကJeon Jungkookကိုအရမ္းမုန္းတဲ့သူမွန္းသိလို႔Jiminကဘာတခြန္းမွ
မေမးသူ႕ကိုသာလူလစ္တာနဲ႔Jeon Jungkook
အေၾကာင္းဘဲ့စုံစမ္းခိုင္းေနတာေၾကာင္္႕
ဒီရက္ပိုင္းေတြေဆး႐ုံကိုသူသိပ္မသြားျဖစ္ေတာ့......

Jiminကိုေ႐ွာင္ခ်င္တာထက္Jiminေမးလာ
မယ့္ေမးခြန္းေတြအတြက္သူ႕မွာေျဖစရာအေျဖမ႐ွိတာေၾကာင့္လည္းပါတယ္.... တေလာကလုံးမွာJung Hoseokမကြၽမ္းက်င္ဆုံးကဘာလဲလို႔ေမးရင္႐ုပ္တည္ႀကီးနဲ႔ဟန္ပါပါလိမ္ညာေျပာရတဲ့အလုပ္လို႔ေသခ်ာေပါက္သူေျဖမိလိမ့္မည္။

Jiminကေတာ့ဘယ္လိုထင္သြားသလဲမသိပါ....
သူေ႐ွာင္ေနမွန္းသိသြားလို႔ထင္သည္။
Taeနဲ႔အတူလာၿပီးTae ျပန္ရင္အတူလိုက္ျပန္တတ္တဲ့သူ႕ကိုအရင္လိုJeon Jungkook
အေၾကာင္းေတြမေမးေတာ့သလိုမလြဲမေ႐ွာင္သာလို႔ႏွစ္ေယာက္ထဲက်န္ခဲ့ရင္ေတာင္ဘာတခုမွမေမးေတာ့ဘဲ့တစ္ေယာက္ထဲတိတ္ဆိတ္စြာေနတတ္လာသည္။

Jiminကတစ္ေယာက္ေယာက္ကိုစိတ္နာသြားတဲ့ပုံစံမ်ိဳးျဖစ္ေနသည္ဟုသူစိတ္ထဲထင္ျမင္မိသည္။Jeon Jungkookကိုလား....သူသိခ်င္တာေတြကိုမေျပာျပဘဲ့လ်စ္လ်ဴ႐ႈထားခဲ့ေသာသူနဲ႔Taeကိုလားဆိုတာေတာ့ကာယကံ႐ွင္ျဖစ္တဲ့Jiminသာသိလိမ့္မည္။

_______________

ပတ္တီးျဖည္မယ့္ေန႔သို႔ေရာက္ခဲ့ၿပီ။
လူနာကတည္ၿငိမ္ေနသေလာက္
မိသားစုဝင္ေတြနဲ႔ခြဲစိတ္ေပးခဲ့ၾကေသာ
ဆရာဝန္ေတြမွာအေတာ္ေလး
စိတ္လႈပ္႐ွားေနၾကသည္။ထိုအထဲတြင္ေဒါက္တာMin Yoongiကထိပ္ဆုံးပင္.. ...

Jiminကိုမ်က္လုံးေတြျပန္ျမင္ခ်င္လြန္းလို႔
ဒီခြဲစိတ္မႈကိုအတိုက္အခံလုပ္ၿပီးကိုရေအာင္သူခြဲစိတ္ခဲ့တာမို႔တခုခုလြဲေခ်ာ္သြားမွာကိုသူအရမ္းစိုးရိမ္ေၾကာက္လန္႔ေနသည္။
လူနာကုတင္ေလးထက္ၿငိမ္သက္စြာထိုင္ေနသည့္Jimin......မ်က္လုံးေတြကိုဖုံးအုပ္ထားေသာပတ္တီးေတြတထပ္ၿပီးတထပ္ျဖည္ၿပီးသြားတိုင္းေဒါက္တာMin Yoongiမွာနံေဘးကရပ္ၾကည့္ေနရင္းမ်က္လုံးမွိတ္လ်က္လက္ႏွစ္ဖက္ဆုေတာင္းသည့္ပုံစံျပဳကာေတာ္ေတာ္ေလးစိတ္လႈပ္႐ွားေနေလသည္။

"ရပါၿပီ.....မ်က္လုံးေတြကို
ျဖည္းျဖည္းျခင္းဖြင့္မယ္ေနာ္"

ပတ္တီးအားလုံးျဖည္ၿပီးသြားေသာအခါမ်က္လုံးေတြမဖြင့္ရေသးေပမယ့္အလင္းေရာင္တခ်ိဳ႕ကေစ့ေစ့ပိတ္ထားေသာမ်က္လုံးတည့္တည့္သို႔စူးကနဲလာလင္းေနသလိုပင္။ျဖည္းျဖည္းျခင္းဖြင့္ၾကည့္ဖို႔သတိေပးေနေသာနံေဘးကဆရာဝန္ရဲ႕စကားသံေတြကသူ႕နားထဲအထပ္ထပ္ျပန္ၾကားရေနသည္။ဆရာဝန္ေတြလည္းစိတ္လႈပ္႐ွားေနၾကတယ္ထင္ပါသည္။တခုခုလြဲေခ်ာ္သြားမွာအေတာ္ေလးစိုးရိမ္ေနၾကသလိုပင္ပတ္တီးျဖည္ေနတဲ့တေလွ်ာက္လုံးသူ႕ကိုနံေဘးကေနစိတ္ကိုၿငိမ္ၿငိမ္ထားဖို႔ခပ္ျမန္ျမန္ဖြင့္မၾကည့္လိုက္ဖို႔စသျဖင့္အမ်ိဳးမ်ိဳးသတိေပးေနၾကသည္။

"ဟုတ္ၿပီ....ျဖည္းျဖည္းေလးဖြင့္မယ္
စိတ္ကိုၿငိမ္ၿငိမ္ေလးထားမယ္....
ဟုတ္ၿပီ....ဆရာ့လက္ေတြကိုျမင္ရလား
လူနာPark Jimin..ssi...
ဆရာလက္ဘယ္ႏွေခ်ာင္းေထာင္ျပထားသလဲ
ျမင္ရလား....."

"ျမင္ရပါတယ္ဆရာ.....
လက္သုံးေခ်ာင္းေထာင္ျပထားပါတယ္"

"ဟုတ္ၿပီ....ဒါဆိုဒီလူေတြရဲ႕
မ်က္ႏွာေတြကိုေသခ်ာေလးၾကည့္ေပးပါ
ၾကည္လင္ျပတ္သားမႈ႐ွိရဲ႕လားဆိုတာ"

ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္းသူ႕မ်က္ဝန္းေတြကိုအကြာအေဝးအနည္းငယ္လွမ္းတဲ့ဆီသို႔ဦးတည္လိုက္သည္။အေရာင္စုံကာလာေတြနဲ႔ခပ္စူးစူးအလင္းေရာင္ေတြေၾကာင့္မ်က္လုံးေတြကိုအလန္႔တၾကားသူမွိတ္ခ်ပစ္လိုက္သည္။

"စိတ္မလႈပ္႐ွားနဲ႔....ျဖည္းျဖည္းခ်င္း
ျပန္ဖြင့္မယ္...ဟုတ္ၿပီ....ဟုတ္ၿပီ...
မ်က္ႏွာေတြကိုအရင္ၾကည့္မယ္...
မ်က္ေမွာင္အရမ္းၾကဳံ႕မထားနဲ႔....
အာ႐ုံအရမ္းစိုက္ထားတာမ်ိဳးမဟုတ္ဘဲ
မ်က္လုံးေတြကိုပုံမွန္အေနအထား
အတိုင္းေလးဘဲ့
ထားၿပီးၾကည့္မယ္ေနာ္...."

ဆရာဝန္ၫႊန္ၾကားသည့္အတိုင္းေနာက္တႀကိမ္
သူ႕မ်က္လုံးေတြကိုျပန္ဖြင့္ၾကည့္လိုက္သည္။ဒီတခါေတာ့ေစာေစာကေလာက္အလင္းေရာင္ေတြတအားစူးမေနေတာ့....အဝတ္အစားအေရာင္ေတြကိုေ႐ွာင္လြဲကာမ်က္ႏွာေတြကိုအရင္လိုက္ၾကည့္မိသည္။အရင္ဆုံးသူ႕ျမင္ကြင္းထဲဝင္လာတာအညိဳေရာင္ဆံႏြယ္လိမ္ေကာက္ေကာက္ေလးေတြနဖူးထက္ပုံက်ေနတဲ့ႏွာတံခြၽန္ခြၽန္ႏႈတ္ခမ္းပါးပါးနဲ႔စိုးရိမ္တႀကီးစိုက္ၾကည့္ေနတဲ့မ်က္ဝန္းနက္ေလးေတြ.......
အၾကည့္ခ်င္းဆုံမိလိုက္ခ်ိန္ေႏြးေထြးစြာသူျပန္ျပဳံးျပလိုက္ၿပီးႏႈတ္ခမ္းဖ်ားေလးေတြလႈပ္႐ုံသာ"ေယာင္း"နာမည္ကိုသူေခၚလိုက္သည္။

"ေယာင္း...မဟုတ္လား..."

"Min.. ေလး...
ငါ့ကိုျမင္ရၿပီ....
Hyung.... က်ေနာ္႕ကိုMinေလးျမင္ရၿပီ"

ထိုစဥ္ဆရာဝန္ကၾကားျဖတ္၍....

"ဟုတ္ၿပီ...ဒီတစ္ေယာက္ကို
ထပ္ၾကည့္ပါဦး....
ၾကည္လင္ျပတ္သားမႈ႐ွိလား,မ႐ွိလား
ေသခ်ာသိရေအာင္လို႔"

မီးခိုးေရာင္ဆြယ္တာအထူေလးနဲ႔ေယာင္းနဲ႔အသက္မတိမ္းမယိမ္းျဖစ္ပုံရတဲ့သူဆီအၾကည့္ေရာက္သြားေတာ့လိႈက္လိႈက္လွဲလွဲျပဳံးျပေနတဲ့အျပဳံးတို႔ေၾကာင့္ထိုသူသည္Hobi Hyungဘဲ့ျဖစ္မည္။

"Hobi Hyung"

ထို႔ေနာက္မ်က္မွန္အဝိုင္းေလးတပ္ကာဝမ္းသာပီတိျဖစ္ေနေသာမ်က္ႏွာျဖင့္ေငးစိုက္ၾကည့္ေနေသာဂ်ဴတီကုတ္အျဖဴေရာင္ေလးဝတ္ထားသည့္သူသည္ေဒါက္တာMin Yoongiဘဲ့ျဖစ္မည္။

"ေဒါက္တာ....Min Yoongi"

ေဒါက္တာကသူ႕လက္ေတြကိုလာဆုပ္ကိုင္လိုက္ၿပီးရယ္သြမ္းေသြးလ်က္တိုးတိုးေလးေျပာလာသည္။

"ဘယ္လိုလဲJimin...
Hyungကတိတည္ရဲ႕လား"

"Hyung.. က,ကတိတည္ခဲ့ပါတယ္"

ကတိေတြလြယ္လြယ္ေပးၿပီး
ျဖစ္သလိုေမ့ပစ္လိုက္တဲ့တစ္ေယာက္ေသာသူနဲ႔ယွဥ္ရင္ေတာ့ေဒါက္တာMin Yoongiကအမ်ားႀကီးတာဝန္ေက်တဲ့သူတစ္ေယာက္ပါေလ.....

ျပဳံးရယ္ေနရင္းကတည္တင္းသြားေသာမ်က္ႏွာ
ေသးေသးေလးကိုအရိပ္တၾကည့္ၾကည့္,ျဖင့္စိုးရိမ္ေနခဲ့ေသာTaeနဲ႔Hoseokတို႔မွာအခ်င္းခ်င္းလက္တို႔လိုက္ၿပီးJiminအနားတိုးကပ္လာၾကသည္။

"Jimin....ခဏေလာက္နားလိုက္မလား"

"ဟင့္အင္း...က်ေနာ္လမ္းနည္းနည္း
ေလွ်ာက္ခ်င္ေသးတယ္....
"ေယာင္း"ပန္းျခံဆီလိုက္ပို႔ေပး"

"Jimin.. ssi....ရက္အနည္းငယ္ေလာက္ေတာ့
ဒီမ်က္မွန္ေလးကိုတပ္ထားေပးပါ......"

ေဒါက္တာMin Yoongi လာတပ္ေပးလိုက္ေသာမ်က္မွန္သည္ခြဲစိတ္ၿပီးကာစလူနာတိုင္းအခ်ိန္တခုအထိတပ္ဆင္ထားရတဲ့မ်က္မွန္ျဖစ္တာေၾကာင့္သူမျငင္းဆန္မိ.....ေယာင္းလက္ကိုတြဲကာေဆး႐ုံပန္းျခံေလးထဲကထိုင္ေနက်ခုံတန္းေလးဆီေလွ်ာက္လာခဲ့လိုက္သည္။ထိုင္ခုံမွာတိတ္ဆိတ္စြာထိုင္လ်က္အေဝးကိုေငးေနမိေသာသူ႕ကိုၾကည့္ၿပီး"ေယာင္း"ကဘဲ့စကားစလာခဲ့သည္။

"မ်က္လုံးေတြျပန္ျမင္ရေတာ့
ဘယ္လိုခံစားရလဲ....."

"အမွန္အတိုင္းဝန္ခံရရင္
ငါမေပ်ာ္ဘူး..ေယာင္း....
ေနာက္တႀကိမ္ျပန္ျမင္ခြင့္ရခဲ့တဲ့
ငါ့ကမ႓ာကအရာရာေျခာက္ေသြ႕ေနသလိုဘဲ့
ေႏြးေထြးတဲ့ေမေမ့အျပဳံးေတြကိုလည္း
ျမင္ခြင့္မရေတာ့သလို
တစ္စုံတစ္ေယာက္ရဲ႕မ်က္ႏွာကိုလည္း
ျမင္ေတြ႕ခြင့္မရခဲ့ဘူး.....
မ်က္လုံးေတြျပန္ျမင္ေပမယ့္
အရာရာအဓိပၸါယ္မဲ့ေနသလိုခံစားေနရတယ္"

".မင္းအနားမွာငါ႐ွိေနတာဘဲ့....
ရင္ထဲကဒဏ္ရာေတြေပ်ာက္ေအာင္
မလုပ္ေပးႏိုင္ေပမယ့္.....မင္းျဖစ္ခ်င္တာေတြ
ျဖည့္ဆည္းေပးႏိုင္တဲ့အစြမ္းေတြေတာ့
ငါ့မွာ႐ွိပါေသးတယ္ကြာ......"

"မင္းလုပ္ေပးႏိုင္တာလည္း
limit တခုအထိဘဲ့မဟုတ္လား...ေယာင္းရယ္"

"ဟို...အဲ.,...ေအးေလ
ေသၿပီးသားသူကိုေတာ့အသက္ျပန္႐ွင္လာေအာင္မလုပ္ခိုင္းနဲ႔ေပါ့....ငါကဘုရားသခင္မွမဟုတ္တာ"

သူ႕စကားေၾကာင့္Jiminကမ်က္လုံးေလးေတြပိတ္သြားတဲ့အထိသေဘာက်စြာရယ္ေမာေနခဲ့သည္။

"အၿမဲတမ္းဒီလိုေလး
ျပဳံးရယ္ေနေပးလို႔မရဘူးလား...
ငါ...မင္းစိတ္ေတြကိုဒီထပ္ပိုၿပီး
မပင္ပန္းေစခ်င္ေတာ့ဘူး"

"ငါ....ႀကိဳးစားပါ့မယ္....ေယာင္း"

ညင္းသြဲ႕သြဲ႕တိုက္ခတ္လာေသာေဆာင္းေလေအးေလးေတြမ်က္ႏွာထက္ထိေတြ႕က်ီစယ္ေနၾကသည္ကိုမ်က္လုံးေလးမွိတ္လ်က္ခံစားေနတဲ့Jiminကိုေငးၾကည့္ရင္းသူတို႔ႏွစ္ဦးၾကားစကားသံေတြေပ်ာက္ကာေခတၱခဏတိတ္ဆိတ္သြားေလသည္။

"ေယာင္း"

"ေျပာေလ ..Minေလး"

"Jeonနဲ႔ပတ္သတ္ၿပီးမင္း,ငါ့ကို
ဖုံးကြယ္ထားတာတခုခု႐ွိေနလား..
အမွန္အတိုင္းေျဖေပးပါ...ေယာင္း
ဒီတခုေတာ့ငါသိရမွျဖစ္မယ္"

ေမွ်ာ္လင့္ခ်က္ေတြမ်ားစြာပါဝင္ေနသည့္မ်က္ဝန္းေတြကိုလ်စ္လ်ဴ႐ႈကာသူမ်က္ႏွာလြဲလိုက္သည္။

"Jeon Jungkookကဒီႏိုင္ငံကိုဘယ္ေတာ့မွျပန္လာမွာမဟုတ္ေတာ့ဘူး.....မူးယစ္ေဆးေရာင္းဝယ္မႈနဲ႔ပတ္သတ္ၿပီး
ရဲေတြအလို႐ွိေနတဲ့သူျဖစ္သြားၿပီ....
ဒါေၾကာင့္သူ႕ကိုေမ့ပစ္လိုက္ေတာ့...
မင္းဘဝကိုJeon Jungkookမပါဘဲ့
အသစ္ကေနျပန္စႏိုင္ေအာင္
ငါကူညီေပးခ်င္မယ္....Minေလး..."

Tae... စကားဆုံးေတာ့မ်က္ႏွာေလးမဲ့က်သြားၿပီး
မ်က္ရည္ေတြမက်ေအာင္မ်က္ေတာင္ေတြပုတ္ခတ္ပုတ္ခတ္လုပ္ကာေခါင္းေလးငုံ႔သြားတဲ့ေကာင္ေလးကသူငိုေနတာေဘးကသူငယ္ခ်င္းေလးသိသြားမွာလည္းစိုးရိမ္ေနသလို....ဒါေပမယ့္သူ႕မ်က္ႏွာကိုအရိပ္တၾကည့္ၾကည့္နဲ႔ဂ႐ုစိုက္ေနတဲ့Taeကငိုေနတာကိုသိ၍ပခုံးေတြကိုဖက္ကာႏွစ္သိမ့္ေပးလာသည္။

"ရား.....မငိုနဲ႔ေလ
ဒီေန႔မွပတ္တီးျဖည္တာကို..."

"မေကာင္းတဲ့ေကာင္..."

"ကတိမတည္တဲ့ေကာင္..."

"ေပါ့ပ်က္ပ်က္နဲ႔မုန္းတယ္...
Jeon Jungkookကို
အရမ္းမုန္းတယ္"

" ဟုတ္တယ္...မုန္းလိုက္....
ၿပီးရင္မင္းဘဝထဲကအၿပီးထုတ္ပစ္လိုက္ေတာ့
လြမ္းစရာ႐ွိရင္နာစရာနဲ႔သာေျဖလိုက္....
Jeon Jungkookကအစကတည္းက
မင္းဘဝထဲဝင္မလာသင့္တဲ့လူတစ္ေယာက္ဘဲ့"

Jiminကမ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္အုပ္ကာအေတာ္ေလးဝမ္းနည္းေၾကကြဲေနတဲ့ပုံျဖင့္Tae ကိုလွည့္ၾကည့္လာသည္။

"ဒါေပမယ့္... ငါမုန္းလို႔မရဘူး....
ေသေလာက္ေအာင္လြမ္းၿပီး
ေတြ႕ခ်င္ေနတယ္.....
ငါဘယ္လိုလုပ္ရမလဲ....ေယာင္း...."

"အခ်ိန္ကအေကာင္းဆုံး
သမားေတာ္မို႔မင္းႏွလုံးသား
ဒဏ္ရာေတြကုစားဖို႔လုံေလာက္တဲ့
အခ်ိန္တခုေတာ့လိုအပ္တယ္...ၿပီးရင္ေတာ့
မင္း,သူ႕ကိုေမ့သြားႏိုင္မွာပါ..."

"ဟင့္အင္း.....ငါမလုပ္ႏိုင္ေလာက္ဘူး
အမွတ္တရေတြသိပ္မ်ားလြန္းလို႔
ငါ....သူ႕ကိုမေမ့ႏိုင္ေလာက္ဘူး....."

"ေတာ္ၿပီ....Jimin...
မေျပာနဲ႔ေတာ့...
မင္းငိုတာငါမျမင္ခ်င္ဘူး....
ငိုလို႔မရဘူးဆိုတာသိတယ္မလား
စိတ္မေကာင္းစရာေတြေတြးၿပီး
မငိုပါနဲ႔ေတာ့ကြာ....မ်က္လုံးေတြအတြက္
မေကာင္းဘူး.....ငါ,မင္းကိုေပ်ာ္ေအာင္ထားပါ့မယ္....အရင္လိုငါတို႔ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္
ျပန္ေနၾကရေအာင္....ေနာ္"

ထိုေန႔က"ေယာင္း"စိတ္ခ်မ္းသာေအာင္ေခါင္းညိတ္ေပးခဲ့ေပမယ့္သူ႕ရင္ထဲေတာ့အႀကိမ္ႀကိမ္ငိုေနခဲ့တယ္....ပစ္ထားရက္ခဲ့သူကိုလည္းစိတ္ထဲကနာက်ည္းမုန္းတီးပစ္လိုက္ခ်င္သည္။

မင္းကိုခ်ည္ခဲ့တဲ့ႀကိဳးေတြကမခိုင္ၿမဲခဲ့လို႔လားဒါမွမဟုတ္အသက္႐ွဴၾကပ္ေအာင္တင္းတင္းရစ္ေႏွာင္မိခဲ့လို႔မ်ားငါအခ်စ္ေတြကိုစိတ္ပ်က္ၿပီးအေဝးဆုံးအထိေျပးထြက္သြားခဲ့တာလား....Jeon... ရယ္....ငါ,မင္းကိုစိတ္နာခ်င္တယ္Jeon.....
ဒါေပမယ့္ေလ....ႏွလုံးသားကငါ့စိတ္ႀကိဳက္ေစခိုင္းလို႔မွမရတာ.....ေသေလာက္ေအာင္နာက်င္ရလို႔ေမ့ပစ္လိုက္ခ်င္ေနေပမယ့္လည္းမင္းကိုလြမ္းေနတုန္းဘဲ့...Jeon......

ဘာေၾကာင့္လဲဆို....
မင္းကငါ့ရဲ႕အခ်စ္ဦးျဖစ္ေနခဲ့လို႔ေလ....

___________

February... 🥀

"Jimin... ေရHobi Hyungေရာက္ေနတယ္
အျပင္ထြက္လည္ပါလား..."

"ဟင့္အင္း...ေယာင္း
ငါမလည္ခ်င္ဘူး...."

March... .. 🍁

"Min.ေလး...ဒီေန႔...
႐ုံးပိတ္တယ္...မင္းဘယ္သြားခ်င္လဲ
ငါလိုက္ပို႔ေပးမယ္....."

"ဟင့္အင္း....မသြားခ်င္ဘူး"

April....... 🍂

"Jimin... ေရ
မင္းႀကိဳက္တဲ့အပင္ေလးေတြ
ပန္းေတြပြင့္ေနၿပီ....လာၾကည့္ပါဦး"

"ဟင့္အင္း....ေနာက္မွၾကည့္မယ္
"ေယာင္း"ရယ္......"

May..... 🍁

"Jimin... ေရ
ဘယ္သြားခ်င္လဲ....
Hyungတို႔လိုက္ပို႔ေပးမယ္ေလ"

အခန္းျပတင္းေပါက္ေဘာင္ေပၚေမးတင္ကာေငးေမာေနတဲ့မ်က္ႏွာေလးမွာHoseokစကားေၾကာင့္မ်က္ဝန္းေလးေတြအေရာင္ေတာက္လာၿပီးလွည့္ၾကည့္လာသည္။

"Macao(မကာအို)...သြားခ်င္တယ္
လိုက္ပို႔ေပး....."

" အဲ....အဲ့ဒါေတာ့
အဆင္မေျပေသးဘူး
မင္းက်န္းမာေရးက
ႏိုင္ငံျခားခရီးေတြသြားဖို႔ေလာက္အထိ
ေနျပန္မေကာင္းေသးဘူးေလ
ေဒါက္တာMin Yoongiေျပာတာ
ေနာက္ထပ္၃လေလာက္
ေကာင္းေကာင္းအနားယူဖို႔
လိုအပ္ေသးတယ္တဲ့....
ေနေကာင္းသြားရင္
မင္းသြားခ်င္တဲ့ႏိုင္ငံေတြ
အကုန္လိုက္ပို႔ေပးမယ္ေလ...
အခုေတာ့ကိုရီးယားမွာဘဲ့
ေလွ်ာက္လည္ၾကဦးမယ္ေလ.
..ဟုတ္ၿပီလား"

Hoseokကဘာေျဖရမလဲမသိျဖစ္ေန၍Taeကဘဲ့ဝင္ေျဖေပးလိုက္ရသည္။ေမွ်ာ္လင့္ခ်က္မဲ့သြားတဲ့မ်က္ဝန္းေလးေတြနဲ႔အတူျပတင္းေပါက္႐ွိရာဘက္ျပန္လွည့္သြားသည့္စိတ္မေကာင္းျဖစ္သြားတဲ့မ်က္ႏွာေလး.....ေဆး႐ုံကဆင္းကတည္းJiminမ်က္ႏွာမွာအရယ္အျပဳံးေတြေပ်ာက္ဆုံးသြားတာအခုထက္ထိပင္။

"မင္းတို႔ဘဲ့သြားၾကပါ
ငါမလိုက္ေတာ့ဘူး...."

အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေခ်ာ့ေခၚလည္းJimin
ကလုံးဝမလိုက္.....နန္းေတာ္လိုက်ယ္ဝန္းတဲ့အိမ္ေတာ္ႀကီးထဲကသူ႕အခန္းေလးထဲ၌သာခပ္မွိတ္မွိတ္မီးေရာင္ေလးထြန္းကာတိတ္ဆိတ္စြာေနေလ့႐ွိသည္။တရက္,ႏွစ္ရက္မဟုတ္ရက္ေပါင္းမ်ားစြာလေပါင္းမ်ားစြာအခန္းေလးထဲJiminရဲ႕ျဖစ္တည္မႈေလးကပုံေသကားခ်ပ္တခုလိုပင္.....

၆လၾကာၿပီးသြားလည္းJiminပုံစံကေျပာင္းလဲမလာခဲ့ေခ်။တေန႔တာကိုအခန္းေလးထဲ၌သာကုန္ဆုံးတတ္တဲ့Jimin....တခါတရံအခန္းျပတင္းေပါက္ကေနျမင္ေနရတဲ့ျခံတံခါးဝကိုမမွိတ္မသုန္ေငးစိုက္ၾကည့္ကာမသိစိတ္ကတစ္စုံတစ္ေယာက္ကိုေစာင့္ေမွ်ာ္ေနတတ္ေသးသည္။

စိတ္ၾကည္လင္တဲ့ေန႔မ်ိဳးေတြဆိုရင္ေတာ့ျခံထဲဆင္းလမ္းေလွ်ာက္တတ္သလိုဖန္လုံအိမ္ပန္းျခံေလးထဲကအခန္းေလးထဲသြားထိုင္ၿပီးငယ္ငယ္ကအမွတ္တရေတြျပန္ၾကည့္ရင္းတေန႔တာကိုကုန္ဆုံးေစတယ္.....စေန,တနဂၤေႏြလို႐ုံးပိတ္ရက္ေတြဆိုရင္ေတာ့Taeရဲ႕Jimin, Jiminလို႔တေၾကာ္ေၾကာ္ေအာ္ေခၚသံေတြကိုၾကားရတတ္သည္။

"Minေလးေရ...လမ္းေလွ်ာက္ထြက္ရေအာင္"

"Minေလး...Jimin ေရ
ထမင္းစားခ်ိန္ေရာက္ၿပီ"

"Jimin....ေရ
႐ုပ္႐ွင္သြားၾကည့္ရေအာင္"

"Jimin... ေရ
မင္းႀကိဳက္တတ္တဲ့မုန္႔ေတြဝယ္လာတယ္"

Jimin... ဆီက....ဟင့္အင္း....ဆိုတဲ့စကားကလြဲလို႔ဘာတခုမွျပန္မရေပ။အခ်ိန္ၾကာလာတာနဲ႔အမွ် Jiminႏွလုံးသားထဲကဒဏ္ရာေတြသက္သာလာမယ္လို႔ထင္ခဲ့မိေသာသူ႕အေတြးေတြသည္လုံးဝမွားယြင္းခဲ့ၿပီဆိုတာTaehyungတျဖည္းျဖည္းနားလည္လာခဲ့သည္။အခ်စ္ႀကီးလြန္းတဲ့သူငယ္ခ်င္းေလးကိုစိတ္ဒဏ္ရာေတြသက္သာေအာင္ဘယ္လိုလုပ္ေပးရမယ္သူတကယ္ကိုမေတြးတတ္ေတာ့။

"Tae... Jiminတို႔လက္ထပ္ပြဲ
တုန္းက႐ိုက္ထားတဲ့photoေတြ
တကယ္ဖ်က္ဆီးပစ္လိုက္ၿပီလား"

"Hobi Hyung ကလည္း
က်ေနာ္အဲ့ေလာက္အထိ
မယုတ္မာပါဘူး....
Jiminကမျမင္ခ်င္ဘူး
ဖ်က္ဆီးပစ္လိုက္လို႔ဆိုတိုင္း
က်ေနာ္ကလုပ္ပါ့မလား....
Jiminဘဝအတြက္တန္ဖိုး႐ွိတဲ့
အမွတ္တရေတြအမ်ားႀကီးပါေနတာ
မဖ်က္ဆီးရက္ပါဘူး....."

"သူစိတ္ေျပသြားတဲ့အခါ
ျပန္ေပးလိုက္ပါကြာ
Jeon Jungkookမ်က္ႏွာကို
သူအရမ္းျမင္ဖူးခ်င္ခဲ့တာ
မင္းလည္းအသိဘဲ့ေလ..."

"သူမေတာင္းဆိုဘဲ့နဲ႔ေတာ့က်ေနာ္
ဘယ္ေတာ့မွထုတ္ျပမွာမဟုတ္ဘူး
ေမ့လက္စနဲ႔ေမ့သြားပါေစေတာ့
Hyungလည္းလိုက္အစမေဖာ္ေပးနဲ႔
Jeon Jungkookကအခုခ်ိန္
႐ွိေနဦးမယ္ဆိုရင္ေတာင္
သူရတဲ့ေသနတ္ဒဏ္ရာေတြေၾကာင့္
လူေကာင္းတစ္ေယာက္လို
က်န္းက်န္းမာမာေနႏိုင္ေတာ့မွာမဟုတ္ဘူး
အတၱႀကီးတယ္လို႔ဘဲ့ေျပာေျပာ.....
က်ေနာ္႕သူငယ္ခ်င္းက....
က်န္းမာေရးမေကာင္းတဲ့
ဒုကၡိတတစ္ေယာက္ကို
ျပဳစုၿပီးေနထိုင္သြားရမယ့္အျဖစ္မ်ိဳးေတာ့
လုံးဝအျဖစ္မခံႏိုင္ဘူး..."

"ဒါေပမယ့္.... သူတို႔
အရမ္းခ်စ္ၾကတယ္ေလ Tae
ကိုယ္ခ်စ္တဲ့သူဘယ္လိုဘဝမ်ိဳးဘဲ့
ေရာက္ေရာက္လက္တြဲမျဖဳတ္ဘဲ့
အနားမွာအတူ႐ွိေနေပးတာကမွ
တကယ့္အခ်စ္စစ္မဟုတ္လား......
တကယ္လို႔Jeon Jungkookသာ
ဒုကၡိတတစ္ေယာက္ျဖစ္သြားခဲ့ရင္
ေ႐ွ႕ဆက္လက္တြဲသင့္မတြဲသင့္က
Jiminကိုယ္တိုင္ဘဲ့ဆုံးျဖတ္ရမယ့္ကိစၥမဟုတ္လား...မင္းအတၱေတြကိုခဏေဘးဖယ္ၿပီး
Jimin ႏွလုံးသားကေ႐ြးခ်ယ္မႈကိုဘဲ့
ငါတို႔အေလးထားၾကရေအာင္....."

ျခံဝန္းထဲကေရကူးကန္ေလးအနားထိုင္ကာJimin အနာဂတ္အတြက္တီးတိုးတိုင္ပင္ေနၾကသည့္ႏွစ္ေယာက္မွာရင္ထဲအပူေတြကိုယ္စီနဲ႔မို႔တိုက္ခတ္လာတဲ့ညေလတျဖဴးျဖဴးရဲ႕ေအးစိမ့္မႈကိုလည္းမခံစားႏိုင္....တီ႐ွပ္လက္႐ွည္အပါးေလးေတြဝတ္ထားသည့္ခႏၶာကိုယ္မွာတစိမ့္စိမ့္ေအးလာတာကိုလည္းအာ႐ုံမစိုက္ႏိုင္ဘဲ့ႏွစ္ဦးသားစကားေတြတီးတိုးဆိုကာပတ္ဝန္းက်င္ကိုပင္ေမ့ေလ်ာ့ေနၾကသည္။

ထိုညကTaeနဲ႔Hoseokသာအေနာက္လွည့္ၾကည့္မိခဲ့ရင္ေရကူးကန္အနီးကအလွစိုက္ထားသည့္ပန္းပင္ေလးနားရပ္၍သူတို႔ေျပာသမွ်စကားေတြကိုတိတ္ဆိတ္စြာနားေထာင္ရင္းမ်က္ရည္ေတြစီးက်ေနသည့္Jiminကိုစိတ္မေကာင္းစြာေတြ႕ရမည္သာ။
___________________

"ေယာင္း..... Macaoကိုသြားမယ္
ေလယာဥ္လက္မွတ္စီစဥ္ေပးပါ"

ခရီးေဝးသြားလို႔ရပါၿပီလို႔ဆရာဝန္ေတြခြင့္ျပဳခ်က္ရတာနဲ႔Jiminက luggageဆြဲကာ ခ်က္ခ်င္းခရီးထြက္ဖို႔ျပင္ဆင္ေတာ့သည္။ေဆး႐ုံကဆင္းပါၿပီဆိုကတည္းကJiminဘယ္သြားခ်င္သလဲေမးတိုင္းMacao,Macaoျဖင့္မနားတမ္း႐ြတ္ေနခဲ့တာ.....အခုခရီးေဝးသြားလို႔ရၿပီလည္းဆိုေရာတရက္ေလးေတာင္မေစာင့္ႏိုင္ဘဲ့Macaoကိုသြားဖို႔ျပင္ေနၿပီ....Jiminပုံစံကအေလာတႀကီးျဖစ္ေနတာေၾကာင့္Taeကမေနႏိုင္ဘဲ့ေမးလိုက္သည္။

"Minေလး....မင္းအမွန္အတိုင္းေျဖ
Macaoကိုဘာလို႔ဒီေလာက္
သြားခ်င္ေနရတာလဲ"

"Macaoမွမဟုတ္ဘူး....
ဒီကမ႓ာႀကီးရဲ႕ေနရာတိုင္းကို
ငါသြားခ်င္ခဲ့တာ....ေယာင္း"

"မဟုတ္မွလြဲ....မင္း... Jeon Jungkookကို
လိုက္႐ွာခ်င္ေနတာလား....."

Taehyungရဲ႕စကားကို Jiminကဘာစကားမွျပန္မေျပာဘဲ့ဆိတ္ဆိတ္ေနျခင္းျဖင့္သာဝန္ခံလိုက္သည္။Taehyungကအနည္းငယ္ေဒါသထြက္သြားၿပီးJiminလက္ထဲကLuggageကိုဆြဲယူၿပီးအိပ္ရာထက္ပစ္တင္လိုက္သည္။

"Jimin.... မင္းကြာ....
ဘယ္အခ်ိန္အထိအ႐ူးလိုလုပ္ေနဦးမွာလဲ
Jeon Jungkookကမင္းဆီဘယ္ေတာ့မွျပန္မလာေတာ့ဘူး.....မေနခ်င္လို႔ထြက္သြားတဲ့လူတစ္ေယာက္ကိုအသဲအသန္လိုက္႐ွာေနရေအာင္မင္းမွာမာနေတြမ႐ွိေတာ့ဘူးလား...
ငါထပ္ေျပာမယ္Jimin...
Jeon Jungkookကမင္းဆီ
ဘယ္ေတာ့မွျပန္မလာေတာ့ဘူး...."

"ဘာလို႔လဲ...
ဘာလို႔ျပန္မလာေတာ့တာလဲ
Jeon ကျပန္မလာေတာ့တာမဟုတ္ပဲ
ျပန္မလာႏိုင္ေတာ့တာဆိုရင္ေရာ....
Jeonကမေနခ်င္လို႔ထြက္သြားတာမွမဟုတ္တာ
မေနႏိုင္ေအာင္ဖန္တီးၾကတဲ့လူတခ်ိဳ႕ေၾကာင့္
Jeonကငါ့အနားမွာ႐ွိမေနေတာ့တာေလ..."

နီရဲေနေသာမ်က္ဝန္းေတြျဖင့္ေမာ့ၾကည့္လာတဲ့Jiminအၾကည့္ေတြထဲJeon Jungkookအေၾကာင္းမေျပာဘဲ့ဖုံးကြယ္ထားခဲ့ေသာသူ႕အားအနည္းငယ္စိတ္နာၾကည္းေနတဲ့ပုံပင္။

" Jimin... မင္း..."

"ဘာလို႔လဲ....ဘာလို႔ငါ့ကိုလိမ္ခဲ့ၾကတာလဲ
Jeonကငါ့အတြက္ဘယ္ေလာက္ထိ
အေရးပါတယ္ဆိုတာသိရဲ႕နဲ႔.....
ဘာမွမဆိုင္သလို
ဥပကၡာျပဳရက္ၾကတယ္...
ေယာင္း.....ငါ့အေပၚဘာလို႔ဒီေလာက္
လုပ္ရက္ခဲ့တာလဲမင္းက......
Jeonကိုငါဘယ္ေလာက္ခ်စ္တယ္ဆိုတာ
မင္းမသိလို႔လား....သိပ္ရက္စက္ၾကတယ္"

TaehyungကJiminဆီေျပးသြားၿပီးပခုံးေတြကိုကိုင္လႈပ္လ်က္....

"Minေလး.... ငါေျပာတာနားေထာင္ဦး...
မင္းထင္ေနသလိုမဟုတ္ဘူး...
Jeon Jungkookကိုငါဘာမွမလုပ္ခဲ့ဘူး...
မင္းနာက်င္ရမွာစိုးလို႔ဖုံးကြယ္ခဲ့တာကလြဲလို႔
ငါဘာမွမယုတ္မာခဲ့ဘူး...Jimin... "

ပခုံးေတြကိုအတင္းဆြဲလႈပ္ကာအသဲအသန္ေျဖ႐ွင္းေနတဲ့သူကိုစိတ္နာစြာတခ်က္ေမာ့ၾကည့္လိုက္ၿပီးပခုံးထက္ကလက္တစုံကိုခပ္ၾကမ္းၾကမ္းျဖဳတ္ခ်ပစ္လိုက္တယ္ ......

"ငါနာက်င္မွာစိုးတာထက္
Jeonကိုမုန္းတဲ့မင္းရဲ႕ခံစားခ်က္ေတြကို
ေ႐ွ႕တန္းတင္ခဲ့လို႔မဟုတ္လား....
မင္း....သိပ္အတၱႀကီးလြန္းတယ္...ေယာင္း"

"ဟုတ္တယ္....ငါကအတၱႀကီးတယ္
လူမွန္းသိတတ္စအ႐ြယ္ကတည္းက
တယုတယနဲ႔ေစာင့္ေ႐ွာက္ခဲ့ရတဲ့
ပန္းေလးတစ္ပြင့္အပူပင္ကင္းကင္းနဲ႔
အလွဆုံးမဖူးပြင့္ႏိုင္မွာ
ငါအရမ္းေၾကာက္ခဲ့တယ္
လွလွပပေလး႐ွင္သန္ရဖို႔အတြက္
ဘာမဆိုငါလုပ္ဖို႔အဆင္သင့္ဘဲ့.....
ဒါကိုအတၱလို႔ေျပာလာရင္
လည္းငါမေျဖ႐ွင္းဘူး...Jimin......
မင္းႀကိဳက္သလိုေခါင္းစဥ္တပ္ႏိုင္တယ္"

"မင္းျပဳစုယုယခဲ့တဲ့အဲ့ဒီပန္းေလးက
မင္းထားတဲ့ဘဝမွာေပ်ာ္႐ႊင္မေနဘူးဆိုရင္
မင္းဘာဆက္လုပ္မလဲ.....အတၱေတြကိုေ႐ွ႕တန္းတင္ၿပီးအလွစိုက္ပန္းအိုး
ေသးေသးေလးထဲမွာဘဲ့.....
ဘဝတေလွ်ာက္လုံး
ခ်ဳပ္ေႏွာင္ထားဦးမလို႔လား..."

Jiminေမးခြန္းအတြက္သူ႕မွာအေျဖမ႐ွိ....

"အႏိုင္လိုခ်င္တဲ့အတၱေတြေၾကာင့္
မင္း႐ူးေနၿပီ...."

စကားဆုံးေတာ့Jiminသည္Taehyungခႏၶာကိုယ္ကိုတြန္းဖယ္ၿပီးအိပ္ရာထက္ကLuggageကိုဆြဲကာParkအိမ္ေတာ္ထဲကထြက္သြားခဲ့ေတာ့သည္။ထိုေန႔ကစJiminသည္Taehyungဘဝထဲကပါထြက္သြားခဲ့သည္။

___________🍂🍂🍂🍂🍂

ကိုရီးယားႏိုင္ငံမွာက်န္ခဲ့တဲ့ကုမၸဏီေတြအိမ္ေတြပိုင္ဆိုင္မႈေတြအကုန္လုံးကိုလ်စ္လ်ဴ႐ွဴၿပီးကမ႓ာႀကီးရဲ႕ေနရာအႏွံ႔ကိုသူေျခဆန္႔ေနခဲ့တာ
အခုဆို၁ႏွစ္တင္းတင္းျပည့္ခဲ့ၿပီ။ေငြအားလူအားသုံးကာJeon ကို႐ွာခဲ့ေပမယ့္သတင္းအစအနပင္မၾကားရေပ။

တစ္ႏွစ္အေတာတြင္းေယာင္းဆီကလည္းဆက္တိုက္ဆိုသလိုဝင္လာတဲ့ e-mailေတြကိုလည္းတခုမွသူမျပန္ျဖစ္ခဲ့......စိတ္ဆိုးတာစိတ္နာတာမ်ိဳးမ႐ွိေတာ့ေပမယ့္Jeon ကို႐ွာမေတြ႕မခ်င္းလုံးဝအဆက္အသြယ္မလုပ္ဘူးလို႔စိတ္ပိုင္းျဖတ္ထားခဲ့၍ေယာင္းရဲ႕ေတာင္းပန္ျခင္းေတြကို
ဥပကၡာျပဳထားခဲ့လိုက္တယ္။သူဘယ္မွာဘာေတြလုပ္ေနသလဲဆိုတာလည္းအရမ္းသိခ်င္ေနပုံရတဲ့ေယာင္းကHobi Hyungကိုသူ႕ဆီဖုန္းဆက္ၿပီးမၾကာခဏေမးခိုင္းေလ့႐ွိသည္။

ဒီေန႔လည္းကေနဒါရဲ႕ေဆာင္းမနက္ခင္းေလးမွာ coffeeေလးတခြက္နဲ႔သူ႕ရဲ႕ေအးခ်မ္းမႈေလးသည္Hobi Hyung ရဲ႕ဖုန္းသံေၾကာင့္ပ်က္ဆီးသြားရသည္။ပုံမွန္ဆိုဖုန္းကိုင္ျဖစ္မွာမဟုတ္ေပမယ့္ဒီေန႔ေတာ့စိတ္ထဲအေတာ္ေလးၾကည္လင္ေနတာေၾကာင့္ဖုန္းကိုင္ျဖစ္လိုက္သည္။Hyung ကေတာ့သူအသံၾကားတာနဲ႔ျပန္မလာေသးဘူးလားJiminလို႔စေမးေတာ့တာဘဲ့.....

"Jeonနဲ႔မွအတူျပန္လာခဲ့မယ္...."

သူ႕စကားေၾကာင့္တဖက္ကHobi Hyungအသံခဏတိတ္သြားသည္။နံေဘးမွာေယာင္းေလးလည္း႐ွိေနမွာေသခ်ာတယ္.....လူတိုင္းကသူ႕ကို႐ူးႏွမ္းတဲ့လုပ္ရပ္တခုကိုလုပ္ေနတယ္လို႔ဘဲ့ထင္ၾကတယ္...ဘယ္သူေတြဘာေျပာေျပာဂ႐ုမစိုက္....Jeonကိုျပန္ေတြ႕တဲ့အထိကမ႓ာႀကီးရဲ႕
ေနရာအႏွံ႔သူေျခဆန္႔ေနဦးမွာ.....

"Jimin.... စုံေထာက္Kimကိုမွတ္မိေသးလား
Yoongi Hyungရဲ႕အစ္ကိုေလ...."

မွတ္မိတာေပါ့....Jeonအေၾကာင္းေတြ
အကုန္သိခြင့္ရတဲ့အခ်ိန္တုန္းက
စုံေထာက္Kim Seokjinဟာ
သူပထမဆုံးသြားေတြ႕ခဲ့တဲ့
လူတစ္ေယာက္ေလ။

Joonနဲ႔တြဲခဲ့ဖူးတဲ့သူမို႔Jeonတို႔အေၾကာင္း
အမ်ားဆုံးသိႏိုင္တယ္ေလ။ဒါေပမယ့္
Kim Seokjinကသူဘာေမးေမးလုံးဝ
မေျဖခဲ့ဘူး..... Jeon ကိုေမ့ပစ္လိုက္ေတာ့လို႔
သာတခြန္းတည္းေျပာၿပီးေနာက္တခါသူ
သြားေတြ႕ေတာ့ကိုရီးယားမွာေတာင္မ႐ွိေတာ့ဘူး....ေဒါက္တာMin Yoongiဆီက
အကူအညီေတာင္းၿပီးNew YorkကKim Seokjinရဲ႕coffeeဆိုင္အထိလိုက္သြားခဲ့ေပမယ့္
လူခ်င္းမေတြ႕ခဲ့ရ။ခရီးေတြထြက္ေနတယ္ဆို
တဲ့ဆင္ေျခတခုနဲ႔အခုခ်ိန္ထိ စုံေထာက္Kimက
သူ႕ကိုေ႐ွာင္ေနခဲ့တယ္ေလ။

"စုံေထာက္Kim ဘယ္မွာ႐ွိတယ္ဆိုတာ
စုံစမ္းလို႔ရၿပီ....."

coffeeခြက္ကိုကိုင္ဖို႔လွမ္းလိုက္တဲ့လက္ေတြရပ္တန္႔သြားသည္။ေပ်ာက္ဆုံးေနတဲ့ႏွလုံးသားကိုျပန္႐ွာေဖြဖို႔Kim Seokjinကတခုထဲေသာသဲလြန္စမဟုတ္လား..... ေစာေစာကေဆြးရိပ္ေတြအျပည့္နဲ႔လြမ္းေနခဲ့ေသာမ်က္ဝန္းအိမ္ေလးေတြသည္ခ်က္ခ်င္းအေရာင္တလက္လက္ျဖင့္ေတာက္ပလာေတာ့သည္။

" Japanမွာcoffeeဆိုင္တစ္ဆိုင္
ထပ္ဖြင့္ၿပီးအဲ့မွာဘဲ့
အခုတေလာေနတယ္ၾကားတယ္...
Yoongi Hyungေျပာျပတာမို႔
သတင္းကေသခ်ာတယ္Jimin.... "

"ေက်းဇူးပါ...Hyung... "

"ခဏေလး...Jimin... ခဏေလး"

ဖုန္းခ်ဖို႔လုပ္ေနတဲ့လက္ကိုရပ္ကာဘာေျပာလာမလဲသူနားေထာင္ေနလိုက္တယ္။

"Tae... ကိုစိတ္ဆိုးစိတ္နာေနတုန္းဘဲ့လား...."

"က်ေနာ္႕စိတ္ထဲဘာမွမ႐ွိေတာ့ပါဘူး....."

"တကယ္လား..Jimin....
အနားမွာTae႐ွိတယ္
စကားေျပာဦးမလား"

"ဟင့္အင္း.....စကားျပန္ေျပာဖို႔အထိေတာ့
က်ေနာ္႕စိတ္အဆင္မေျပေသးဘူး...."

"Jimin..... မင္းေက်နပ္ေအာင္
ငါဘာလုပ္ေပးရမလဲ....."

နံေဘးကေနလွမ္းေမးေနတဲ့ေယာင္းအသံကဝမ္းနည္းေနသလို....တႏွစ္ေလာက္မေခၚမေျပာခဲ့တဲ့သူ႕ေၾကာင့္အေတာ္ေလးစိတ္မေကာင္းျဖစ္ၿပီးသူ႕ကိုယ္သူလည္းအျပစ္ေတြတင္ေနတယ္လို႔Hobi Hyungေျပာျပလို႔သူသိထားၿပီးၿပီ......
ဒီေန႔Kim Seokjin ကိုေတြ႕ၿပီဆိုတဲ့သတင္း
ေၾကာင့္ေယာင္းကိုသူ႕ဘက္ကတထစ္ေလ်ာ့ေပးဖို႔
ေတြးလိုက္တယ္.....

"က်ေနာ္ေတာင္းဆိုတာတခုလုပ္ေပးႏိုင္ရင္
သူ႕ကိုခြင့္လႊတ္ေပးလိုက္မယ္...Hyung"

ေမးတာကေယာင္းဆိုေပမယ့္သူကေတာ့Hobi Hyungကိုသာဦးတည္ၿပီးစကားျပန္လိုက္တယ္....speakerဖြင့္ထားတာေၾကာင့္သူ
ေျပာတာကိုေယာင္းလည္းၾကားေနရမွာေသခ်ာတယ္ေလ...

"Hobi Hyungအခ်စ္ကိုလက္ခံၿပီး
Hobi Hyung နဲ႔လက္ထပ္ရမယ္....
ဘယ္လိုလဲ....ေယာင္း...."

"ရား...Jimin... ဘာေတြေျပာေနတာလဲ
ဒါဘဲ့...ဒါဘဲ့...ငါဖုန္းခ်လိုက္ၿပီ"

ဖုန္းခ်ၿပီးဧည့္ခန္းထဲကထေျပးသြားတဲ့Hoseokမွာမ်က္ႏွာကခရမ္းခ်ဥ္သီးလုံးလိုနီရဲတြက္လ်က္Taehyungမ်က္ႏွာေတာင္မၾကည့္ေတာ့ဘဲ့တခါထဲအိမ္ျပန္ေျပးဖို႔ျပင္ေတာ့သည္။

"Hyung.... ဘာလို႔ဖုန္းခ်ၿပီး
ထြက္ေျပးရတာလဲ...
က်ေနာ္အေျဖမေပးရေသးဘူးေလ"

"Jimin... ကမင္းကို
စိတ္ဆိုးမေျပေသးလို႔
တမင္ေလွ်ာက္ေျပာလိုက္တာပါ
စိတ္ထဲမထားနဲ႔...."

"က်ေနာ္....ကေတာ့စိတ္ထဲထားတယ္
Hyungေရာက်ေနာ္ဘယ္လို
အေျဖေပးမယ္ဆိုတာ
စိတ္မဝင္စားဘူးလား"

"မင္းရင္ထဲကအေျဖကို
သိေနၿပီးသားမို႔
ေနာက္တႀကိမ္နားေထာင္ၿပီး
မနာက်င္ပါရေစနဲ႔ေတာ့...Tae...
Jiminေတာင္းဆိုတာမို႔
စိတ္ထဲမပါဘဲ့
ေခါင္းညိတ္လိုက္ရတာမ်ိဳးထက္စာရင္
အခုလိုပတ္သတ္မႈေလးကဘဲ့
ငါ့အတြက္အဆင္ေျပပါတယ္Tae... "

ခပ္ယဲ့ယဲ့ေလးျပဳံးျပေနတဲ့Hyungမ်က္ႏွာကဝမ္းနည္းေနသလို.....ငယ္ငယ္ေလးကတည္းကသူ႕အေပၚအႏြံ႕တာခံၿပီးေပါင္းခဲ့တဲ့သူ.....လူေ႐ွ႕သူေ႐ွ႕မေ႐ွာင္ေအာ္ေငါက္ခဲ့လည္းေခါင္းေလးငုံ႔ၿပီးေနေပးခဲသူ..သူအေပၚနည္းနည္းေလးေတာင္စိတ္ထဲၿငိဳျငင္ျခင္းမ႐ွိခဲ့သူ.....ဝမ္းနည္း,ဝမ္းသာအခ်ိန္ေတြတိုင္းအနားမွာအၿမဲတမ္း႐ွိေနေပးခဲ့သူ....စိတ္ဓါတ္က်လဲၿပိဳခဲ့ခ်ိန္တိုင္းHyung ကသူ႕အတြက္အားအင္တခုလိုျဖစ္ေပးခဲ့တယ္။

သူ႕အတြက္အေအးခ်မ္းဆုံးနဲ႔အေႏြးေထြးဆုံး
နားခိုရာနိဗၺာန္ဘုံေလးကိုျပပါဆိုရင္Hyungရင္ခြင္ကိုသာလက္ညိဳးထိုးျပရမည္ပင္။...

"Jiminေတာင္းဆိုလို႔မဟုတ္ဘဲ့
က်ေနာ္စိတ္ဆႏၵအရ
ေျပာခ်င္ခဲ့တာဆိုရင္ေရာ
Hyungနားေထာင္ေပးႏိုင္မလား"

ကားေသာ့ကိုင္ကာရပ္ေနတဲ့Hoseokပုံစံကအူေၾကာင္ေၾကာင္ေလးျဖစ္သြားကာTaehyungေျပာလာမယ့္စကားကို
နားေထာင္ဖို႔စိတ္လႈပ္႐ွားေနဟန္လည္း႐ွိသည္။

"Hyungကက်ေနာ္႕အတြက္
အခ်စ္ဦးမျဖစ္ခဲ့ေပမယ့္
အခ်စ္ဆုံးေတာ့ျဖစ္ပါေသးတယ္ဗ်ာ....
လက္ထပ္ဖို႔အထိမ်က္ႏွာေျပာင္တိုက္ၿပီး
မေတာင္းဆိုရဲေပမယ့္Hyungဘက္ကသာ
က်ေနာ္႕အျပစ္ေတြကိုခြင့္လႊတ္ၿပီး
က်ေနာ္႕အခ်စ္ကိုလက္ခံေပးရင္
Hyungကိုက်ေနာ္လက္ထပ္ပါရေစ"

"Tae.... "

တအံ့တဩေငးစိုက္ၾကည့္ေနတဲ့မ်က္ဝန္းေတြထဲမယုံႏိုင္တဲ့အရိပ္အေယာင္ေတြေပၚလြင္လ်က္....
ႏူးႏူးညံ့ညံ့ေလးသူျပန္ျပဳံးျပလိုက္ၿပီး.....

"Hyung.... လက္ထပ္ေတာ့မယ္
သတင္းၾကားတုန္းကတည္းက
က်ေနာ္႕ကိုယ္က်ေနာ္ရိပ္မိေနခဲ့ေပမယ့္
အမွန္တရားကိုလက္မခံဘဲ့
ကိုယ့္ကိုယ္ကိုလိမ္ညာေနခဲ့မိတယ္....
မသိစိတ္ထဲမွာHyungကို
စၿပီးခ်စ္ေနမိေပမယ့္
အႏွစ္ႏွစ္အလလJiminကို
က်ေနာ္ခ်စ္ရတဲ့သူလို႔သတ္မွတ္ခဲ့တဲ့
စိတ္ဟာခ်က္ခ်င္းေဖ်ာက္ပစ္လို႔မရခဲ့ဘူး....
ငါခ်စ္တဲ့သူကJiminဘဲဆိုတဲ့အေတြး
ကHyungကိုခ်စ္ေနမိတဲ့
အခ်စ္ေတြကိုေတာင္မႈန္ဝါးေစခဲ့တယ္...
အခ်စ္ဦးဆိုတာ႐ွိသလိုအခ်စ္ဆုံးဆိုတာလည္း႐ွိလာႏိုင္တာဘဲ့လို႔က်ေနာ္နားလည္လာခဲ့တဲ့အခါ
Hyungကက်ေနာ္႕ရဲ႕အခ်စ္ရဆုံးခ်စ္ရသူတစ္ေယာက္ျဖစ္ေနခဲ့တယ္.....
Hyungႏွလုံးသားကို
အႀကိမ္ႀကိမ္နာက်င္ေအာင္လုပ္ခဲ့မိသူမို႔
Hyungအခ်စ္ေတြနဲ႔မထိုက္တန္မွန္းသိေပမယ့္
ပိုင္ဆိုင္ခ်င္တဲ့ဆႏၵေလးေတာ့
က်ေနာ္႕ဆီမွာ႐ွိေနေသးတယ္...."

"ပိုင္ဆိုင္ခ်င္တဲ့မင္းရဲ႕ဆႏၵေလးေတြ
ျပည့္ဝသြားေအာင္Hyung ကျဖည့္ဆည္းေပးမယ္ဆိုရင္ေရာ...လက္ခံမွာလား"

"Hyung..... ဒါက
Hyung....က်ေနာ္႕ကို
လက္ထပ္မယ္လို႔ေျပာလိုက္တာလား
ဟုတ္လား....Hyung... "

'အင္း...ငါတို႔လက္ထပ္ၾကမယ္Tae... "

"ဟား....ေပ်ာ္လိုက္တာHyung....
တကယ္ေျပာတာေနာ္...."

"အင္း...."

TaehyungကHoseokခႏၶာကိုယ္ေလးကိုခါးမွသိုင္းဖက္ကာေပြ႕ခ်ီပစ္လိုက္ၿပီးဘယ္ႏွႀကိမ္မွန္းမေရတြက္ႏိုင္ေအာင္ကိုေဝွ႔ယမ္းေနေတာ့သည္။Hoseokမွာ႐ွက္လြန္းလို႔မ်က္ႏွာတခုလုံးနီရဲေနတဲ့အျပင္နား႐ြက္ေတြပါရဲတြက္ေနေလၿပီ။Taehyungလည္ပင္းေတြကိုသိုင္းဖက္ကာမ်က္လုံးေတြပါမွိတ္ထားရင္း..

"Tae.... ေတာ္ၿပီ...
ေအာက္ခ်ေပးေတာ့
ေခါင္းေတြမူးလာၿပီ"

"ခဏေလးပါHyungရယ္
က်ေနာ္အရမ္းေပ်ာ္ေနလို႔ပါ...."

_____________________

Canada (ကေနဒါႏိုင္ငံ) 🍁🍁Ottawa 🍁🍁

**********

Ottawaသည္ ကေနဒါႏိုင္ငံ၏ ၿမိဳ႕ေတာ္တစ္ခုျဖစ္ၿပီး Ontario ေတာင္ပိုင္း၊ မြန္ထရီရယ္ၿမိဳ႕ႏွင့္ အေမရိကန္နယ္စပ္အနီး ေတာင္ပိုင္းတြင္တည္႐ွိသည္။ကေနဒါအမ်ိဳးသားျပခန္းကဲ့သို႔ေသာ ခမ္းနားေသာ ဝိတိုရိယဗိသုကာလက္ရာမ်ားႏွင့္ ျပတိုက္မ်ား၊ ဌာေနတိုင္းရင္းသားမ်ားႏွင့္ အျခားကေနဒါအႏုပညာစုေဆာင္းမႈမ်ားစြာတည္႐ွိေသာေနရာတစ္ခုဆိုလည္းမမွားေပ။

👆Ottawa

Ottawa

OttawaကJeon တက္ေနတဲ့ ေဆး႐ုံ

"သူ႕မ်က္လုံးေတြျပန္ျမင္ေနၿပီ.. Jeon
ဘာမွမျဖစ္ခဲ့တဲ့လူတစ္ေယာက္လို
ျပဳံးရယ္ေနႏိုင္လိုက္တာမ်ား
မင္းကိုျမင္ေစခ်င္တယ္...."

Japan ကျပန္ေရာက္,ေရာက္ျခင္းJeonဆီအေျပးေရာက္လာတဲ့အစ္ကိုျဖစ္သူJoon.....
Japanမွာအမွတ္မထင္Jiminနဲ႔ဆုံလာခဲ့ျခင္းကို
ညီျဖစ္သူဆီမေက်မနပ္ျပန္လာေျပာေနျခင္းသာျဖစ္သည္။

Joonကအလုပ္ကိစၥနဲ႔Japanကိုခဏခဏေရာက္ျဖစ္ေပမယ့္Kim Seokjinနဲ႔တခါမွမေတြ႕ၾကေသး
ေျပာရမယ္ဆိုJoonနဲ႔Seokjinသည္လည္းJiminနဲ႔Jeonတို႔လိုပင္ျပန္မဆုံႏိုင္ၾကေသးေပ။အခုလည္းJoonကJiminကိုအေဝးကသာအရင္လွမ္းျမင္ခဲ့တာမို႔Jiminကေတာ့လုံးဝမသိခဲ့.....လွ်ာထိုးဦးထုပ္ေဆာင္းၿပီး maskတပ္ထားတဲ့လူတစ္ေယာက္နဲ႔စကားလက္ဆုံက်ေနတဲ့Jiminပုံစံကcoffeeဆိုင္ထဲထိုင္ေနပုံကဘာအပူအပင္မွမ႐ွိသည္သူလိုေအးေအးလူလူပင္။

သေဘာက်စြာရယ္ေမာေနတဲ့မ်က္ႏွာကိုနာက်ည္းမုန္းတီးစြာၾကည့္ၿပီးကေနဒါကိုေဒါသေတြပိုက္လ်က္သူျပန္လာခဲ့ရသည္။

"ဟား...သိပ္တရားက်ဖို႔
ေကာင္းတဲ့ေလာကႀကီးပါလား....
မင္းကေတာ့...ေသလူတစ္ေယာက္လို
ေဆး႐ုံကုတင္ေပၚမွာ
လေပါင္းမ်ားစြာလွဲေလ်ာင္းေနရတယ္Jeon.... Jayအသက္ကိုေတာင္စေတးၿပီး
မေသ႐ုံတမယ္ဒဏ္ရာေတြနဲ႔
Park Jiminထိခိုက္မွာစိုးလို႔
အနစ္နာခံၿပီးခ်စ္ျပခဲ့ရတာေတြက
မင္းအတြက္တန္ရဲ႕လားJeon...
ေျပာစမ္းပါ...တန္ရဲ႕လားလို႔...
မင္းအခ်စ္ကအေလ်ာ္အစား
ႀကီးလိုက္တာ....Jeonရာ....
ငါ,မင္းအတြက္ခံျပင္းလြန္းလို႔
အကုန္လုံးကိုသတ္ပစ္လိုက္ခ်င္တယ္
Jeon...မင္းကိုငါမၾကည့္ရက္ေတာ့ဘူး"

Joon ကေဆး႐ုံကုတင္ထက္၌ေသလူတစ္ေယာက္လိုၿငိမ္သက္ေနခဲ့ေသာညီျဖစ္သူအား
ၾကည့္ကာစိတ္မေကာင္းျဖစ္ေနခဲ့သည္။
တႏွစ္ေက်ာ္ခဲ့ၿပီ....Jeonကအခုထိအိပ္ရာထဲမွာလဲေနခဲ့တုန္း......စကားသံေတြကိုေတာ့ၾကားႏိုင္တယ္လို႔ဆရာဝန္ေတြကေျပာတယ္.....
ဒါေၾကာင့္Joonကအားလပ္ခ်ိန္ေတြဆိုJeonအနားထိုင္ၿပီးစာအုပ္ေတြဖတ္ျပေလ့႐ွိသလိုငယ္ငယ္တုန္းကအေၾကာင္းေလးေတြျပန္ေျပာကာJeonစိတ္ကိုႏွစ္သိမ့္ေပးခဲ့တယ္.....
အခုလည္းမ်က္လုံးေတြမွိတ္ထားေပမယ့္သူ႕စကားကိုJeonေသခ်ာေပါက္ၾကားေနလိမ့္မည္။

" ငါ.... မင္းကိုအရင္လိုျပန္ျဖစ္တဲ့အထိ
အေတာ္ဆုံးဆရာဝန္ေတြ႐ွာၿပီးကုမယ္....
ဒါေၾကာင့္....ျမန္ျမန္သတိရၿပီး
ေနျပန္ေကာင္းလာေတာ့Jeon...
မင္းဘဝကိုဒီလိုပုံစံႀကီးနဲ႔
အဆုံးသတ္မသြားနဲ႔Jeon...
အရင္လိုမိုက္႐ူးရဲဆန္တဲ့
JKပုံစံေတြကိုေနာက္ထပ္
ျပန္ျမင္ခ်င္ေသးတယ္...."

နာစ့္ေလးဝင္လာ၍Joonကဘာမွဆက္မေျပာေတာ့ဘဲ့အျပင္ထြက္သြားေတာ့သည္။အိပ္ရာထက္လွဲေလ်ာင္းေနတဲ့ခႏၶာကိုယ္ေလးကေတာ့လႈပ္႐ွားျခင္းမ႐ွိပကတိၿငိမ္သက္ေနခဲ့သည္။

" အို....လူနာမ်က္ရည္ေတြက်ေနပါလား
သူဘာေတြေျပာသြားပါလိမ့္"

ထြက္သြားတဲ့Joonကိုအျပစ္တင္ခ်င္သလိုတခ်က္ၾကည့္ကာတိုးတိုးေလးေရ႐ြတ္လိုက္တဲ့
Jeonအတြက္ငွားထားတဲ့ Special Nurse
ေလးမွာ tissue တစယူ၍လူနာ၏မ်က္ရည္ေတြကိုညင္သာစြာသုတ္ေပးလိုက္ေတာ့သည္။

_________________________

__finalကို၂ပိုင္းခြဲထားတာအခုတပိုင္းဖတ္ထားၾကဦးေနာက္တပိုင္းကည၂နာရီေလာက္မွေရးၿပီးမွာမို႔upေနာက္က်ေနမွာစိုးလို႔ဒီတခါတကယ္ၿပီးၿပီစာလုံးေပါင္း
ေတြျပန္စစ္ေနလို႔မupျဖစ္ေသးတာ...🙏🙏🙏

Continue Reading

You'll Also Like

381K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
93K 9.8K 7
"ရူးလိုက်ချင်စရာကတော့သည်းသည်းမဲမဲ မိုးရေတွေထဲက ...အချစ်လိပ်ပြာငယ်လေးတွေပဲ"
77.6K 9.4K 25
အချစ်ဟာဘာလဲမေး မင်းရဲ့ရွှေရောင်ဆံနွယ်လေးတွေလို့ ကိုယ်ဖြေဆိုမယ် အခ်စ္ဟာဘာလဲေမး မင္းရဲ႕ေရႊေရာင္ဆံႏြယ္ေလးေတြလို႔ ကိုယ္ေျဖဆိုမယ္