(Unicode)
နှင်းဆီငယ်လေးက မောင့်အပိုင်။
_____________
" Jeon Junghyung...ဒီကိုလာစမ်း!..."
" လာဝူး..."
" သမီး!...PaPa ခေါ်နေတယ်လေ...အပြစ်လုပ်ပြီး
ထွက်ပြေးလို့မရဘူးနော်..."
" လာဝူး...PaPa က ကြိမ်လုံးကြီးနဲ့လေ...Jung Jung သာအနားလာရင် Pa Pa ကရိုက်မှာပေါ့လို့..."
" Jeon Jung Hyung!..."
ဧည့်ခန်းထဲမြေကြီးဆွေပေပွနေသည့် ငါးနှစ်အရွယ်ကလေးမလေး ကပတ်ပြေးနေလေသည်။
Taehyung သူ့ရဲ့သမီးကို သူကိုယ်တိုင်မနိုင်စိန်ဖြစ်နေရတော့သည်။
ခေါင်းမာချက်တော့ သူ့အဖေတိုင်းပင်။
မောင်ကအမြဲအလိုလိုက်တော့ ကျနော်ကိုဆိုလုံးဝမကြောက်တော့ပေ။
ဆူနေရင်တောင် ပြုံးစိစိနဲ့ရယ်နေသေးတာ။
" ရား!...ပတ်မပြေးနဲ့လို့..."
" ခစ်...ခစ်...ခစ်...PaPa မောနေပြီ..."
တကယ်လည်း Taehyung ဧည့်ခန်းမှဆိုဖာခုံတွေကိုပတ်ပြေးရင် မောနေတာပင်။
Junghyung လေးကအလည်လေးဖြစ်တာကြောင့် သူ့PaPa လက်ထဲမမိအောင်နည်းမျိုးစုံသုံးကာ ပတ်ပြေးနေသည်။
သူ့ PaPa မောနေတာကိုကြည့်ပြီးတော့လည်း တစ်ခစ်ခစ်နဲ့ရယ်နေသည်။
" သမီးနော်...PaPa စကားနားမထောင်ရင်
ရေခဲမုန့်တစ်လဝယ်မကျွေးဘူးနော်..."
" Appa ကဝယ်ကျွေးလိမ့်မယ်...Pa Pa ဝယ်ကျွေးလည်း စားဝူး..."
" သမီး!..."
" ရှင်...ရှင့်..."
လုံးဝကိုမကြောက်တဲ့ Junghyung လေးကြောင့်
Taehyung ခေါင်းသာခါမိပါ၏။
တစ်ကိုယ်လုံးလည်း မြေကြီးတွေပေပွနေသည်။
ခြံထဲက နှင်းဆီပင်တွေကို ဆွဲနုတ်လာသည်လေ။
မောင်သာ သိရင် ဒေါသပုန်ထအုံးမှာ။
နှင်းဆီဖြူတွေကို ခြံထဲသေချာစိုက်ထားသည်လေ။ကျနော်နဲ့တူလို့တဲ့။
မောင့်ချစ်ခြင်းတွေက နှင်းဆီဖြူတွေဖြစ်သည်ကြောင့် ခြံထဲ နှင်းဆီဖြူတွေသာပြည့်နေသည်။
မနေ့ကလေးတင်မှ အသစ်စိုက်ထားသည့် နှင်းဆီနီတွေကတော့ မောင့်ရဲ့ချစ်ခြင်းတွေတဲ့လေ။
အဲ့ဒီပျိုးပင်ပေါက်လေးတွေကိုမှ သမီးလေးက သွားဆွဲနှုတ်လာသတဲ့။
ဘာလို့ဆွဲနုတ်လဲမေးတော့ လိပ်ပြာဖမ်းရင် အရှိန်လွန်းသွားလို့ပါ Pa Pa ရယ်တဲ့။
အပြစ်ကလွတ်အောင် ချစ်စရာအမူအရာတွေလုပ်ပြသေးတာ။
မောင်သာ သူနှင်းဆီ ပန်းတွေ ဆွဲနုတ်ခံထားရမှန်းသိရင် သွေးဆောင့်တက်တော့မည်။
ဖအေနဲ့ သမီး ကမ္ဘာစစ်တွေဖြစ်တော့မှာမြင်ယောင်နေပြီ။
ရေမိုးချိုး အဝတ်အစားလဲကာ အခန်းအပြင်ထွက်လာသည့် Jungkook...
အလုပ်တစ်ရက်နားမိပါတယ်။သမီးတစ်ကောင် နွားတစ်ထောင်ဆိုသလိုပဲ မနက်စောကြီးကတည်းက အိမ်ထဲဆူညံနေလေပြီ။
ငမွှေထိုးမလေး ဒီနေ့လည်း ဘာတွေမွှေထားပြန်ပြီလဲမသိ။ဦးငယ်ရဲ့အော်သံကလည်း တစ်အိမ်လုံးညံနေလေသည်။
တနေ့တနေ့ ဦးငယ်နဲ့သမီးရဲ့ ရန်ဖြစ်ပွဲကမပြီးနိုင်မစီးနိုင်။
" ဦးငယ်...ဘာတွေဖြစ်နေတာလဲ..."
ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်နေသည့် Taehyung က မေးငေါ့ပြရင်း...
" မောင့်သမီးကိုသာ မေးကြည့်တော့...ဦးငယ်မပြောချင်တော့ဘူး မောနေပြီ..."
Jungkook သဘောပေါက်လိုက်ပါသည်။
သူ့ရဲ့သမီးလေး သောင်းကျန်ထားသည်က ပေါ့သေးသေးမဟုတ်ကြောင်းကိုပေါ့။
အင်္ကျီမှာမြေကြီးတွေပေနေသည့်အပြင် မျက်နှာမှာလည်း ပေပွနေသည်။
ဒူးတဖက်ထောက်ကာထိုင်ချရင်း Junghyung ၏ လက်ပိစိလေးတွေကိုကိုင်လိုက်ကာ...
" သမီးလေး Hyung...ဘာတွေလုပ်ထားပြီလဲ...Appa ကိုပြောပြ..."
" ဘာမှမလုပ်ပါဝူး...ပိစိလေးသေးသေးလေးပဲ လုပ်မိထားတာ..."
" ဘာပိစိလဲ...မောင်...သမီးလေးကလေ မောင့်နှင်းဆီနီပင်တွေဆွဲနုတ်လာတာ..."
Taehyung မှမနေနိုင်တော့သည့်အဆုံး Jungkook ကိုတိုင်ပြောတော့သည်။
" ဘာ!...ဘုရား...ဘုရား...မိ Jung Hyung...ငမွှေထိုးမ...Appa နှင်းဆီနီပင်တွေကို ဆွဲနုတ်တယ်ပေါ့လေ...လာစမ်း!..."
" အီးဟီး...အနိုင်ကျင့်နေတယ်...Appa ရော PaPa ရောမကောင်းဝူး...လူဆိုးကြီးတွေ..."
အော်ငိုရင်း ပတ်ပြေးနေသည့် Junghyung လေး
အိမ်ထဲဝင်လာသည့် သူနဲ့ခလုတ်တိုက်မိလေသည်။
ခေါင်းလေးကိုပွတ်ရင်း မေယ့ကြည့်လေတော့ မျက်ဝန်းလေးတွေက အရောင်လေးတဖျတ်ဖျတ်တောက်သွားလေသည်။
အားကိုးတွေ့သွားသည် ဆိုတဲ့သဘောပင်။
" ဦးဦး Ho...မီးမီးကိုကယ်ပါအုံး...အီးဟီး..."
မန်နေဂျာ Ho ကနေတဆင့်ရာထူးမြင့်သွားသည့် အတွင်းရေးမှူး Ho က Jungkook နှင့် Taehyung တို့၏ မိသားစုဝင်လိုဖြစ်နေလေပြီ။
Junghyung လေးကိုပွေ့ချီရင်း မျက်ရည်တွေသုတ်ပေးကာ...
" မီးမီးလေး...ဟာ...ငိုနေတာပဲ...ပြောစမ်း!...မီးမီးကိုငိုအောင်လုပ်တာ ဘယ်သူလဲ!..."
စူပုတ်ပုတ်လေးလုပ်ကာ သူ့အဖေနှစ်ယောက်ကိုလက်ညိုးလေးထိုးပြနေလေသည်။
" ဟာ...သူဋ္ဌေးတို့ကလည်း ဗျာ...သမီးကိုနှိပ်စက်နေပြန်ပြီပဲ..."
" ဟုတ်တယ်...မီးမီးကို နှိပ်စက်နေတာ...ဦးဦး Ho
ဆူပေး..."
" အဟမ်း!..."
Jungkook ရဲ့ချောင်းဟန့်သံကြောင့်အတွင်းရေးမှူး Ho ဘာဆက်လုပ်မှန်းမသိတော့ချေ။
" ဟို...ဟိုလေ...Junghyung လေးကို မူကြိုပို့ဖို့အတွက်လာခေါ်တာပါ..."
" သိတယ်...အဲ့မှာ မင်းတူမ အမွှေစိန်က အဝတ်အစားတောင်မလဲရသေးဘူး ပေပွနေတယ်...ဒီနေ့ မူကြိုမပိုနဲ့တော့..."
" ခ...ခင်ဗျာ..."
" မင်းတနေရာခေါ်ပြီး သာလည်ပေးလိုက်တော့...မနေ့ညကတည်းက သမီးကမင်းနဲ့လျှောက်လည်ချင်တယ်ဆိုပြီး ဂျစ်ကျနေတာ...အခုမနက်မွှေတာလည်း မူကြိုမသွားချင်လို့ပဲ ဖြစ်မယ်..."
" ဗျာ...အယ်...ကျနော်က..."
အင်တင်တင်ဖြစ်သွားသည့် အတွင်းရေးမှူး Ho...
အမှန်ဆို ဒီနေ့သူကောင်မလေးနဲ့ချိန်းထားတာပင်။
အခုတော့ ကလေးပါထိန်းရင် ဒိတ်လုပ်ရတော့မည်။
"ဘာဖြစ်တာလဲ...ချိန်းထားတာရှိလို့လား..."
" မ...မရှိပါဘူး...Junghyung လေးကို ကစားကွင်းခေါ်သွားလိုက်ပါမယ်..."
" ပြီးရော...ငါ သမီးကိုသန့်ရှင်းရေးလုပ်ပြီး ထည့်ပေးလို့မယ်...မင်းသေချာဂရုစိုက်ပြီး ခေါ်သွားကြားလား..."
"ဟုတ်ကဲ့ပါ သူဋ္ဌေး..."
ကစားကွင်းသွားရမည်ဆိုတာနှင့် လက်ခုပ်လေးတီးပြီးပျော်နေသည့် Junghyung ကို Jungkook
အခန်းထဲခေါ်သွားကာ အဝတ်အစားတွေလဲပေးလေသည်။
Taehyung မှာတော့ ဆိုဖာပေါ်တွင်ထိုင်လျက်သာ။
အမွှေစိန်တင်မဟုတ်။အရစ်စိန်လေးဖြစ်နေသည့်
Junghyung ကဂါဝန်ကအစ သူ့စိတ်ကြိုက်ရွေးဝတ်ခိုင်းလေသည်။
" အနီရောင်ဝတ်မလို့လား သမီး..."
" ဟုတ်!..."
" ကစားကွင်းသွားမှာလေ...ပေါ့ပေါ့ပါးပါးလေးဝတ်ပါလား...ဘောင်းဘီနဲ့တီရှပ်လေးဝတ်လေ..."
" မဝတ်ဘူး...ဦးဦး Ho က အနီရောင်ကြိုက်တယ်...သမီး အနီရောင်ပဲဝတ်မှာ..."
ကျနော်မျက်ခုံးလှုပ်သွားရသည်။
သမီးလေးက တစ်ခုခုဆို ဦးဦး Ho ဆိုတာချည်းသာပြောနေတတ်သည်။
" သမီးက ဦးဦး Ho ကြိုက်တာတွေဘဲ ဘာလို့လိုက်ဝတ်တာလဲ..."
" ဦးဦး Ho ကသဘောကောင်းတယ်လေ...နောက်ပြီး Appa သိလား...ဦးဦး Ho မှာလေသမီးနဲ့ရွယ်တူ တူလေးရှိတယ်..."
"လတ်စသတ်တော့ တူကိုကြိုက်လို့ ဦးလေးကိုဖားနေတာပေါ့...လူလည်မ..."
" ဟီး....Appa ကလည်း...ရှူးးး...တိုးတိုးနော်...
Pa Pa သိရင်ကြိမ်လုံးကြီးနဲ့ဖြဲခြောက်နေမယ်..."
တိုးတိုး တိုးတိုး နှင့်ကျနော့်အနားကပ်ပြောနေသည့် သမီးလေးကြောင့် ရယ်မိပါရဲ့။
Pa Pa ကိုမကြောက်ဘူးဆိုပြီး အခုကျတော့ ကြောက်နေပြန်ပြီလေ။
Junghyung လေးကိုအဝတ်အစားလဲပြင်ဆင်ပေးပြီး အတွင်းရေးမှူး Ho နဲ့အတူ ထည့်ပေးလိုက်တော့သည်။
Jungkook ခြံထဲမှသူ့နှင်းဆီနီီပင်ပေါက် လေးတွေကို ကြည့်ကာ သက်ပြင်းချမိသည်။
တော်ပါသေးရဲ့။ပန်းပွင့်နေတဲ့ အပင်တွေကိုမဖျက်စီးမိလို့သာ။
သမီးလေးကအဆိုးလေးဖြစ်နေတယ်။
ဘယ်သူနဲ့တူမှန်းကိုမသိတာ။
ဧည့်ခန်းထဲပြန်ဝင်လာရင်း Taehyubg ထိုင်နေသည့် ဆိုဖာဘေးဝင်ထိုင်လေသည်။
ပေါင်ကိုနှိပ်ပေးရင်း...
" ဦးငယ်..."
"ပြောပါ ခင်ဗျာ့..."
" အဟမ်း...ဟိုလေ...သမီးလေးက အပြင်သွားပြီသိလား..."
" သိတယ်လေ..."
" မောင်တို့လည်း အဟမ်း..."
" ဘာအဟမ်းလဲ... မောင်နော် ဘာတွေကြံနေပြန်ပြီလဲပြော..."
ကျနော့်လက်တွေကိုဆုပ်ကိုင်ကာ...
" ဟိုလေ...မောင်တို့လည်း သမီးလေးမရှိတုန်း
ခနလောက်အိပ်ကြမလားလို့ပါ..."
" သိနေတယ်နော်...သိနေတယ်..."
" သိရင် ဆက်လုပ်ကြမယ်လေ ဗျာ..."
Jungkook Taehyung ကိုပွေ့ချီကာ သူ့ပေါ်ပေါ်ထိုင်စေသည်။
နှုတ်ခမ်းလေးကို စတင်နမ်းရှိုက်လေသည်။
" ဒီမှာမလုပ်နဲ့...တော်ကြာသမီးလေးပြန်ဝင်လာရင် ဒုက္ခ...အရှက်တွေကွဲနေမယ် မောင်..."
" ဟုတ်သား...ဦးငယ်ပြောမှပဲသတိရတော့တယ်..."
" မောင်နော်...နည်းနည်းများနေပြီ...မနေ့ညကတင်..."
" မနေ့ညက သမီးလေးကအတူတူအိပ်မယ်ပြောတာနဲ့လာခေါ်လို့ ဦးငယ်ပါသွားတာကို...ဘာမှဆက်မလုပ်လိုက်ရဘူးလေ ဗျာ..."
" အကုန်မှတ်ထားတာပဲ...မောင်လည်းမလွယ်ဘူး..."
" အခုတော့ အဟမ်း...အဟမ်း..."
Jungkook Taehyung ကိုပွေ့ချီရင်း အိပ်ခန်းထဲဝင်သွားလေသည်။
သူ့လည်တိုင်ကို ဖက်တွယ်ရင်းပါသွားရပြန်သည်။
တစ်နေ့လုံး လန်းဆန်းစေအောင် နှင်းဆီငယ်ရဲ့ရနံ့ကို နမ်းရှိုက်သည်။
နှင်းဆီငယ်လေးမှာ Jungkook စိတ်စေရာအတိုင်းသာလိုက်လျောနေလေသည်။
အချစ်မပါတဲ့အိမ်ထောင်ရေးလေးတစ်ခုကို တည်မြဲစေရန် ချည်နှောင်ထားသည်က သနားစိတ်တွေနဲ့အတူ သူတို့နှစ်ဦး၏ သမီးလေး Junghyung ပင်။ တဖက်သတ်အချစ်တွေနဲ့သာ ရှေ့ဆက်နေရတော့မည်။
ကျနော်ချစ်တဲ့သူက အချိန်တိုင်း Min ပါ။
နောက်ဆုံးအချစ်ဖြစ်ခဲ့ပြီ။
ကျနော်မောင့်ကို လုံးဝမချစ်ပေးနိုင်တော့ဘူး။
နှလုံးသားက လုံးဝပြတ်သားခဲ့သည်။
Jungkook သည်လည်း Taehyung လက်သကြွယ်မှ လက်စွပ်လေးတွေ့တိုင်း သူ့နှလုံးသားက ငိုကြွေးနေရတော့သည်။
နှင်းဆီငယ်ရဲ့အဆူးတွေထဲ သူနာကျင်မှန်းသိရက်နဲ့တိုးဝင်နေလေသည်။
ချစ်လွန်းတော့လည်း ခက်ရပြန်သည်။
နာကျင်ရမှန်းသိရက်နဲ့ မျက်လုံးစုံမှိတ်နေခဲ့သည်။
Taehyung နဖူးလေးကို အနမ်းလေးခြွေရင်း...
" ဦးငယ်က မောင့်အပိုင်~..."
ထိုစကားလေးသာပြောရင်း သူ့ကိုယ်သူအားပေးနေရသည်။
နာကျင်ရလည်း ဖြစ်သည်။ကျနော်က အရင်ချစ်ခဲ့ရသူမို့ အဆုံးထိချစ်ပေးသွားမည်။
Jungkook Taehyung ရင်ခွင်ထဲအိပ်စက်လေသည်။
ကျောပြင်လေးကိုခပ်ဖွဖွလေးပုတ်ပေးနေသည့် လက်သွယ်သွယ်လေးတွေကြောင့် သူမျက်ရည်တွေဝဲလာရတော့သည်။
"ချစ်ခဲ့လား ဦးငယ်..."
" အင်း...အရမ်းကိုချစ်ခဲ့တယ် မောင်..."
ချစ်လားဆိုသည့်စကားလုံးအစား ချစ်ခဲ့လားဆိုတာသာ သုံးနှုန်းရတိုင်း မောင့်ရင်တွေကွဲရတယ် ဦးငယ်ရယ်။
ငါးနှစ်ကြာကျော်ကြာမြင့်ခဲ့ပြီ အချိန်တွေကုန်ဆုံးတိုင်း ကျနော် ဦးငယ်ကိုပိုချစ်လာရသည်။
>>>>>>>>>
ချယ်ရီပန်းတွေပွင့်နေသည့် လမ်းမလေးထက်
Jungkook နှင့် Taehyung သူတို့သမီးလေး Junghyung လက်လေးကိုတစ်ဖက်စီတွဲရင်းလမ်းလျှောက်နေလေသည်။
" ဦးငယ်ခနနော် မောင်သမီးလေးကိုဓာတ်ပုံရိုက်ပေးလိုက်အုံးမယ်..."
" အင်း...ဦးငယ်ချယ်ရီပန်းတွေကို ကြည့်လိုက်အုံးမယ်..."
သမီးလေးလက်ကိုတွဲကာ မောင်က မလှမ်းကမ်းသို့ စနောက်ရင်းထွက်သွားသည်။
သားအဖတွေက အမြဲပျော်ရွှင်နေတာမြင်ရတော့
ကျနော်ကျေနပ်မိပါသည်။
မောင့်မျက်ဝန်းတွေကလည်း အရင်လိုမဟုတ်တော့ချေ။
အစားထိုးကုသပြီးကတည်းက ကျနော့်ကိုကြည့်လိုက်တိုင်း တမျိုးခံစားရသည်။
ကရုဏာမျက်ဝန်းတွေလိုပင်။
Taehyung ချယ်ရီပန်းပင်တွေကို မော့ကြည့်ကာပြုံးလိုက်သည်။
နွေဦးရဲ့ အလှတရားတွေပဲ။
လက်သကြွယ်လေးမှ လက်စွပ်လေးကိုကိုင်ကာ...
Min...ချယ်ရီတွေပွင့်နေပြန်ပြီ။
နှစ်တိုင်း အသဲငယ်လာဖြစ်တယ်။
Min ကိုအရမ်းလွမ်းမိတယ်။
အခုဆို Min က အသဲငယ်ကို ကောင်းကင်ပေါ်ကနေပြုံးပြီးကြည့်နေရောပေါ့နော်။
ချယ်ရီတွေက Min ရဲ့ချစ်ခြင်းတွေ။
နူးညံ့ပြီး လှပတယ်။သစ္စာရှိတယ်။
တစ်နှစ်မှာတကြိမ်သာပွင့်လန်းသည်။
ကျနော် Min ကို ချစ်မြတ်နိုးတယ်။
မှတ်မိရဲ့လား။ Min ချယ်ရီပန်းပင်တွေအောက် လက်ထပ်ခွင့်တောင်းခဲ့တာလေ။
အသဲငယ်ဘဝမှာ ပထမဆုံးအကြိမ်ခံစားမိခဲ့တဲ့အရာက မြတ်နိုးခြင်းတွေပဲ။
Taehyung မျက်ရည်တွေဝဲလာလေသည်။
လေပြေတွေတိုက်ခတ်တော့ ချယ်ရီပန်းပွင့်လေးတွေက ကြွေကာမြေပြင်ပေါ်ဆင်းသက်ရသည်။
" ချစ်မြတ်နိုးတယ် Min...ထာဝရပါ..."
နာရီ၊မိနစ်၊စက္ကန့်တိုင်း နှလုံးသားထဲမှာ Min သာရှိနေတာပါ။
မျက်ရည်တွေကို သုတ်ပစ်လေသည်။
ထိုမြင်ကွင်းကို Jungkook တွေ့လိုက်ပါသည်။
ကျနော် သိပါသည်။ဦးငယ်အချစ်တွေက Yoongi စီမှာသာရှိတော့သည်။
မချစ်ပေးနိုင်မှန်းသိရက်နဲ့အခုချိန်ထိ ကျနော်မျှော်လင့်ချက်တွေထားမိနေတုန်းပဲ။
တကယ်ကို ရူးနေမိတာ။
မင်္ဂလာနှစ်ပတ်လည်နေ့လေးဟာလည်း အကျည်းတန်ဝမ်းနည်းစရာနေ့လေးအဖြစ်အမြဲတည်ရှိနေတော့မည်။
Oct 10 ဆိုသည့် နေ့ရက်လေးက Yoongi ရဲ့နာကျင်နေ့လေးဖြစ်နေခဲ့သည်။
ဦးငယ်ထိုရက်လေးရောက်တိုင်း ငိုနေတတ်သည်။
မင်္ဂလာနေ့ပတ်လည်နေ့လေးဆိုတာကလည်း ပျောက်ကွယ်သွားခဲ့ပြီ။
နာကျင်တယ်ဆိုတာကိုလည်း သိနေလျက်နဲ့
ဖက်တွယ်ထားသည်။
ဘာလို့ဆို ဦးငယ်က မောင့်အပိုင်ဖြစ်နေလို့ပါ။
Jungkook သူမျက်ရည်တွေကျလာသည်ကို ချက်ချင်းပင် သုတ်ပစ်လိုက်သည်။
သမီးလေးနဲ့ဦးငယ်တွေ့ရင် စိတ်မကောင်းဖြစ်နေမည်ဆိုးတာကြောင့်ပင်။
ကျနော်လက်လေးလှမ်းပြကာ ခေါ်လိုက်မိတော့
လျှောက်လှမ်းလာသည်။
ဦးငယ်ပြုံးနေပေမဲ့ နာကျင်နေမှန်းသိပါတယ်။
Taehyung Jungkook အနားရောက်လာသည်။
မောင်က သမီးလေးကိုပွေ့ချီရင်း ကျနော့်ကို လက်လေးတစ်ဖက်လှမ်းပေးသည်။
" သွားကြမလား ဦးငယ်..."
" အင်း...သွားကြမယ်လေ မောင်..."
လက်လေးတွဲကာ ချယ်ရီပင်တွေအောက်လမ်းလျှောက်နေခဲ့သည်။
" ချစ်တယ်...ဦးငယ်..."
" ဦးငယ် မောင့်ကို မချစ်ဘူး..."
" အင်း...သိတယ်...မောင်ကိုယ်မောင်သတိပေးတဲ့အနေနဲ့မေးတာပါ ဦးငယ်..."
ကျနော့်ကို ပြုံးကာကြည့်လေသည်။
မောင်ပြောနေကြ ချစ်တယ်က အမြဲတမ်းမဟုတ်ပေ။
သူ့မျှော်လင့်ချက်တွေကို သူကိုယ်တိုင်ရိုက်ချိုးပစ်ချင်လို့ ပြောတာပင်။
ကျနော့်စီက အဖြေကတော့ အမြဲတမ်းမပြောင်းလဲပဲရှိနေမည်။
ကျနော်မောင့်ကို လုံးဝမချစ်တော့ပါ။
ချယ်ရီချစ်ခြင်းတွေက ခိုင်မာလွန်းပေမဲ့
လက်တွေ့မှာနှင်းဆီချစ်ခြင်းတွေကတော့ အနိုင်ရသွားလေသည်။
မောင့်ရဲ့ချစ်ခြင်းတွေက နှင်းဆီဖြူတွေပါဦးငယ်။
ဖြူစင်တဲ့ချစ်ခြင်းအစက နှင်းစီဖြူတွေနဲ့ပဲ စတင်ခဲ့တာမို့ ထာဝရအဖြူရောင်ပန်းလေးအဖြစ်သာတည်ရှိနေမည်။
နှင်းဆီနီချစ်ခြင်းတွေကတော့ ပူလောင်စေခဲ့တယ်ထင်ပါရဲ့။ နှင်းဆီနီလေးကတော့ ဦးငယ်လို့ပြောချင်နေပေမဲ့ ချုပ်တည်းရပြန်တယ်။
မောင်ချစ်တယ်ပြောတိုင်း ဦးငယ်အတွက်ပူလောင်မှုတစ်ခုဖြစ်နေမှာလေ။
မောင့်နှင်းဆီငယ်လေးရယ် မြတ်နိုးမိပါ၏။
ထာဝရ နှင်းဆီဖြူချစ်ခြင်းတွေသာတည်မြဲစေ။
-
-
-
မျက်ကြည်လွှာအလှူရှင်အမည်-Chan Hari
အစားထိုးမည့်သူ အမည်-Jeon Jungkook
ဆရာဝန်တွေသာသိသည့် အလှူရှင်
နာမည်လေးကဆေးရုံ၏ကိုယ်ရေးရာဇဝင် ဖောင်တွင်သာကျန်ရှိနေမည်။
အမည်မသိအလှူရှင်လို့သာ Jungkook နှင့် Taehyung သိရှိထားလေသည်။
ဝှီးချဲလေးပေါ်ထိုင်နေသည့် Chan Hari ဟာ ကိုရီးယားကနေ မိသားစုတွေနဲ့အတူ နိုင်ငံခြားကိုအပြီးအတိုင်ထွက်သွားခဲ့သည်။
ချစ်လွန်းလို့ပါ Kim...
ရှင့်ရဲ့ အချစ်တွေကို ပြန်မရမှန်းသိပါသည်။
အနည်းဆုံးတော့ ရှင့်ရဲ့မျက်နှာလေးကို နေ့တိုင်းတွေ့မြင်ရမည်လေ။ Jungkook ရဲ့မျက်ဝန်းအိမ်ထဲနေရာယူနေတဲ့ ကျမ မျက်ကြည်လွှာလေးကနေတစ်ဆင့်ပေါ့။
စစချင်း တွေ့ဆုံခဲ့တဲ့ နေ့ရက်လေးကို ကျွန်မမေ့နိုင်မှာမဟုတ်ဘူး။
Kim ဟာ နတ်သားလေးပါ။
ကျွန်မ မျက်ကြည်လွှာလေးကို အနစ်နာခံပြီး
Jungkook စီပေးခဲ့တာ ကျွန်မ Kim ကိုချစ်ခဲ့မိလို့ပါ။
မပေါင်းစည်းနိုင်လည်း သူ့ဘဝလေးအေးချမ်းဖို့အတွက် အနစ်နာခံရလည်း ကျွန်မကျေနပ်ပါ၏။
ထာဝရ Kim သာပျော်ရွှင်မယ်ဆို အသက်ကိုပါပေးရဲပါသည်။
Chan Hari သည်လည်း သူ့အမြင်အာရုံတွေကိုစတေးပစ်ခဲ့သည်။
အချစ်ကြီးတိုင်း နာကျင်ရသည်။
ထိုအကြောင်းအရာတွေကို Taehyung နှင့် Jungkook ဘယ်တော့မှသိမည်မဟုတ်တော့ချေ။
ချစ်ခြင်းမေတ္တာတရားတွေဟာ တကယ်တော့
ကြောက်မက်ဖွယ်တွေပင်။
ချစ်ခြင်းတွေကအကျည်းတန်မှု၊ဝမ်းနည်းမှု၊နာကျင်မှု၊နာကျည်းမှု၊အမုန်းတရာတွေနဲ့သာ ဖွဲ့စည်းထားလေသည်။
ကမ္ဘာပေါ်က ချစ်မိသူတိုင်းထိုအရာတွေကို ခံစားရလိမ့်မည်။
မေတ္တာတရားတွေကတော့ သနားကြင်နာခြင်းနှင့်အတူ အနစ်နာခံခြင်းတွေနဲ့သာ ဖွဲ့စည်းထားလေသည်။
တခါတရံ မပြောသင့်မသိသင့်လို့ဖုံးကွယ်ထားရသည့်အရာတွေလည်း ရှိသည်။
နာကျင်ခံစားရမည်ကို ကြောက်ရွံစိုးရိမ်တာကြောင့်ပင်။
ဦးငယ်ဆိုသည့် အချစ်ဇာတ်လမ်းလေးမှာတော့
နာကျင်စွာတွေသာပြည့်နှက်နေရတော့သည်။
Taehyung ဟာအဆုံးထိ Jungkook ကိုမချစ်ပေးနိုင်ခဲ့။
အတူနေပေးခဲ့ပေမဲ့လည်း သူအချစ်တွေကိုမပေးနိုင်ခဲ့ချေ။
မိသားစုလေးတစ်ခုပိုင်ဆိုင်ပေမဲ့လည်း သူနှလုံးသားက မောင့် အတွက်နေရာလပ်ရှိမနေခဲ့ချေ။
သူ့နှလုံးသားလေးရဲ့စကားသံကတော့...
'ထာဝရချစ်မြတ်နိုးသူဟာMin'
______________
ပြီးပါပြီ။
Nora Rosalia (အေးချမ်းရာရပ်ဝန်းငယ်🍯🐝)
Vote Plz
2.9.2022
Se လည်းမဟုတ်သလို He လည်း မဟုတ်ခဲ့ပါ။
အပြင်လောကမှ အကြောင်းအရာတစ်ချို့ကိုကိုးကားရေးသားထားခြင်းသာ။
ပြင်ပလောကတွင်လည်း အချစ်မရှိဘဲ ပေါင်းစည်းနေရသူတွေရှိနေတုန်းပါ။
အချစ်ဆိုသည်က အမြဲနာကျင်စေရသည်။
အဆုံးထိ Ongoing လိုက်ပေးတဲ့ ပျားရည်ငယ်တို့ကိုလည်း နိုရာက အထူးကျေးဇူးတင်ပါသည်။
>>>>>>>>>
(Zawgyi)
ႏွင္းဆီငယ္ေလးက ေမာင့္အပိုင္။
_____________
" Jeon Junghyung...ဒီကိုလာစမ္း!..."
" လာဝူး..."
" သမီး!...PaPa ေခၚေနတယ္ေလ...အျပစ္လုပ္ၿပီး
ထြက္ေျပးလို႔မရဘူးေနာ္..."
" လာဝူး...PaPa က ႀကိမ္လုံးႀကီးနဲ႕ေလ...Jung Jung သာအနားလာရင္ Pa Pa ကရိုက္မွာေပါ့လို႔..."
" Jeon Jung Hyung!..."
ဧည့္ခန္းထဲေျမႀကီးေဆြေပပြေနသည့္ ငါးႏွစ္အ႐ြယ္ကေလးမေလး ကပတ္ေျပးေနေလသည္။
Taehyung သူ႕ရဲ႕သမီးကို သူကိုယ္တိုင္မနိုင္စိန္ျဖစ္ေနရေတာ့သည္။
ေခါင္းမာခ်က္ေတာ့ သူ႕အေဖတိုင္းပင္။
ေမာင္ကအၿမဲအလိုလိုက္ေတာ့ က်ေနာ္ကိုဆိုလုံးဝမေၾကာက္ေတာ့ေပ။
ဆူေနရင္ေတာင္ ၿပဳံးစိစိနဲ႕ရယ္ေနေသးတာ။
" ရား!...ပတ္မေျပးနဲ႕လို႔..."
" ခစ္...ခစ္...ခစ္...PaPa ေမာေနၿပီ..."
တကယ္လည္း Taehyung ဧည့္ခန္းမွဆိုဖာခုံေတြကိုပတ္ေျပးရင္ ေမာေနတာပင္။
Junghyung ေလးကအလည္ေလးျဖစ္တာေၾကာင့္ သူ႕PaPa လက္ထဲမမိေအာင္နည္းမ်ိဳးစုံသုံးကာ ပတ္ေျပးေနသည္။
သူ႕ PaPa ေမာေနတာကိုၾကည့္ၿပီးေတာ့လည္း တစ္ခစ္ခစ္နဲ႕ရယ္ေနသည္။
" သမီးေနာ္...PaPa စကားနားမေထာင္ရင္
ေရခဲမုန့္တစ္လဝယ္မေကြၽးဘူးေနာ္..."
" Appa ကဝယ္ေကြၽးလိမ့္မယ္...Pa Pa ဝယ္ေကြၽးလည္း စားဝူး..."
" သမီး!..."
" ရွင္...ရွင့္..."
လုံးဝကိုမေၾကာက္တဲ့ Junghyung ေလးေၾကာင့္
Taehyung ေခါင္းသာခါမိပါ၏။
တစ္ကိုယ္လုံးလည္း ေျမႀကီးေတြေပပြေနသည္။
ၿခံထဲက ႏွင္းဆီပင္ေတြကို ဆြဲႏုတ္လာသည္ေလ။
ေမာင္သာ သိရင္ ေဒါသပုန္ထအုံးမွာ။
ႏွင္းဆီျဖဴေတြကို ၿခံထဲေသခ်ာစိုက္ထားသည္ေလ။က်ေနာ္နဲ႕တူလို႔တဲ့။
ေမာင့္ခ်စ္ျခင္းေတြက ႏွင္းဆီျဖဴေတြျဖစ္သည္ေၾကာင့္ ၿခံထဲ ႏွင္းဆီျဖဴေတြသာျပည့္ေနသည္။
မေန႕ကေလးတင္မွ အသစ္စိုက္ထားသည့္ ႏွင္းဆီနီေတြကေတာ့ ေမာင့္ရဲ႕ခ်စ္ျခင္းေတြတဲ့ေလ။
အဲ့ဒီပ်ိဳးပင္ေပါက္ေလးေတြကိုမွ သမီးေလးက သြားဆြဲႏႈတ္လာသတဲ့။
ဘာလို႔ဆြဲႏုတ္လဲေမးေတာ့ လိပ္ျပာဖမ္းရင္ အရွိန္လြန္းသြားလို႔ပါ Pa Pa ရယ္တဲ့။
အျပစ္ကလြတ္ေအာင္ ခ်စ္စရာအမူအရာေတြလုပ္ျပေသးတာ။
ေမာင္သာ သူႏွင္းဆီ ပန္းေတြ ဆြဲႏုတ္ခံထားရမွန္းသိရင္ ေသြးေဆာင့္တက္ေတာ့မည္။
ဖေအနဲ႕ သမီး ကမၻာစစ္ေတြျဖစ္ေတာ့မွာျမင္ေယာင္ေနၿပီ။
ေရမိုးခ်ိဳး အဝတ္အစားလဲကာ အခန္းအျပင္ထြက္လာသည့္ Jungkook...
အလုပ္တစ္ရက္နားမိပါတယ္။သမီးတစ္ေကာင္ ႏြားတစ္ေထာင္ဆိုသလိုပဲ မနက္ေစာႀကီးကတည္းက အိမ္ထဲဆူညံေနေလၿပီ။
ငေမႊထိုးမေလး ဒီေန႕လည္း ဘာေတြေမႊထားျပန္ၿပီလဲမသိ။ဦးငယ္ရဲ႕ေအာ္သံကလည္း တစ္အိမ္လုံးညံေနေလသည္။
တေန႕တေန႕ ဦးငယ္နဲ႕သမီးရဲ႕ ရန္ျဖစ္ပြဲကမၿပီးနိုင္မစီးနိုင္။
" ဦးငယ္...ဘာေတြျဖစ္ေနတာလဲ..."
ဆိုဖာေပၚ ေျခပစ္လက္ပစ္ထိုင္ေနသည့္ Taehyung က ေမးေငါ့ျပရင္း...
" ေမာင့္သမီးကိုသာ ေမးၾကည့္ေတာ့...ဦးငယ္မေျပာခ်င္ေတာ့ဘူး ေမာေနၿပီ..."
Jungkook သေဘာေပါက္လိုက္ပါသည္။
သူ႕ရဲ႕သမီးေလး ေသာင္းက်န္ထားသည္က ေပါ့ေသးေသးမဟုတ္ေၾကာင္းကိုေပါ့။
အကၤ်ီမွာေျမႀကီးေတြေပေနသည့္အျပင္ မ်က္ႏွာမွာလည္း ေပပြေနသည္။
ဒူးတဖက္ေထာက္ကာထိုင္ခ်ရင္း Junghyung ၏ လက္ပိစိေလးေတြကိုကိုင္လိုက္ကာ...
" သမီးေလး Hyung...ဘာေတြလုပ္ထားၿပီလဲ...Appa ကိုေျပာျပ..."
" ဘာမွမလုပ္ပါဝူး...ပိစိေလးေသးေသးေလးပဲ လုပ္မိထားတာ..."
" ဘာပိစိလဲ...ေမာင္...သမီးေလးကေလ ေမာင့္ႏွင္းဆီနီပင္ေတြဆြဲႏုတ္လာတာ..."
Taehyung မွမေနနိုင္ေတာ့သည့္အဆုံး Jungkook ကိုတိုင္ေျပာေတာ့သည္။
" ဘာ!...ဘုရား...ဘုရား...မိ Jung Hyung...ငေမႊထိုးမ...Appa ႏွင္းဆီနီပင္ေတြကို ဆြဲႏုတ္တယ္ေပါ့ေလ...လာစမ္း!..."
" အီးဟီး...အနိုင္က်င့္ေနတယ္...Appa ေရာ PaPa ေရာမေကာင္းဝူး...လူဆိုးႀကီးေတြ..."
ေအာ္ငိုရင္း ပတ္ေျပးေနသည့္ Junghyung ေလး
အိမ္ထဲဝင္လာသည့္ သူနဲ႕ခလုတ္တိုက္မိေလသည္။
ေခါင္းေလးကိုပြတ္ရင္း ေမယ့ၾကည့္ေလေတာ့ မ်က္ဝန္းေလးေတြက အေရာင္ေလးတဖ်တ္ဖ်တ္ေတာက္သြားေလသည္။
အားကိုးေတြ႕သြားသည္ ဆိုတဲ့သေဘာပင္။
" ဦးဦး Ho...မီးမီးကိုကယ္ပါအုံး...အီးဟီး..."
မန္ေနဂ်ာ Ho ကေနတဆင့္ရာထူးျမင့္သြားသည့္ အတြင္းေရးမႉး Ho က Jungkook ႏွင့္ Taehyung တို႔၏ မိသားစုဝင္လိုျဖစ္ေနေလၿပီ။
Junghyung ေလးကိုေပြ႕ခ်ီရင္း မ်က္ရည္ေတြသုတ္ေပးကာ...
" မီးမီးေလး...ဟာ...ငိုေနတာပဲ...ေျပာစမ္း!...မီးမီးကိုငိုေအာင္လုပ္တာ ဘယ္သူလဲ!..."
စူပုတ္ပုတ္ေလးလုပ္ကာ သူ႕အေဖႏွစ္ေယာက္ကိုလက္ညိုးေလးထိုးျပေနေလသည္။
" ဟာ...သူ႒ေးတို႔ကလည္း ဗ်ာ...သမီးကိုႏွိပ္စက္ေနျပန္ၿပီပဲ..."
" ဟုတ္တယ္...မီးမီးကို ႏွိပ္စက္ေနတာ...ဦးဦး Ho
ဆူေပး..."
" အဟမ္း!..."
Jungkook ရဲ႕ေခ်ာင္းဟန့္သံေၾကာင့္အတြင္းေရးမႉး Ho ဘာဆက္လုပ္မွန္းမသိေတာ့ေခ်။
" ဟို...ဟိုေလ...Junghyung ေလးကို မူႀကိဳပို႔ဖို႔အတြက္လာေခၚတာပါ..."
" သိတယ္...အဲ့မွာ မင္းတူမ အေမႊစိန္က အဝတ္အစားေတာင္မလဲရေသးဘူး ေပပြေနတယ္...ဒီေန႕ မူႀကိဳမပိုနဲ႕ေတာ့..."
" ခ...ခင္ဗ်ာ..."
" မင္းတေနရာေခၚၿပီး သာလည္ေပးလိုက္ေတာ့...မေန႕ညကတည္းက သမီးကမင္းနဲ႕ေလွ်ာက္လည္ခ်င္တယ္ဆိုၿပီး ဂ်စ္က်ေနတာ...အခုမနက္ေမႊတာလည္း မူႀကိဳမသြားခ်င္လို႔ပဲ ျဖစ္မယ္..."
" ဗ်ာ...အယ္...က်ေနာ္က..."
အင္တင္တင္ျဖစ္သြားသည့္ အတြင္းေရးမႉး Ho...
အမွန္ဆို ဒီေန႕သူေကာင္မေလးနဲ႕ခ်ိန္းထားတာပင္။
အခုေတာ့ ကေလးပါထိန္းရင္ ဒိတ္လုပ္ရေတာ့မည္။
"ဘာျဖစ္တာလဲ...ခ်ိန္းထားတာရွိလို႔လား..."
" မ...မရွိပါဘူး...Junghyung ေလးကို ကစားကြင္းေခၚသြားလိုက္ပါမယ္..."
" ၿပီးေရာ...ငါ သမီးကိုသန့္ရွင္းေရးလုပ္ၿပီး ထည့္ေပးလို႔မယ္...မင္းေသခ်ာဂ႐ုစိုက္ၿပီး ေခၚသြားၾကားလား..."
"ဟုတ္ကဲ့ပါ သူ႒ေး..."
ကစားကြင္းသြားရမည္ဆိုတာႏွင့္ လက္ခုပ္ေလးတီးၿပီးေပ်ာ္ေနသည့္ Junghyung ကို Jungkook
အခန္းထဲေခၚသြားကာ အဝတ္အစားေတြလဲေပးေလသည္။
Taehyung မွာေတာ့ ဆိုဖာေပၚတြင္ထိုင္လ်က္သာ။
အေမႊစိန္တင္မဟုတ္။အရစ္စိန္ေလးျဖစ္ေနသည့္
Junghyung ကဂါဝန္ကအစ သူ႕စိတ္ႀကိဳက္ေ႐ြးဝတ္ခိုင္းေလသည္။
" အနီေရာင္ဝတ္မလို႔လား သမီး..."
" ဟုတ္!..."
" ကစားကြင္းသြားမွာေလ...ေပါ့ေပါ့ပါးပါးေလးဝတ္ပါလား...ေဘာင္းဘီနဲ႕တီရွပ္ေလးဝတ္ေလ..."
" မဝတ္ဘူး...ဦးဦး Ho က အနီေရာင္ႀကိဳက္တယ္...သမီး အနီေရာင္ပဲဝတ္မွာ..."
က်ေနာ္မ်က္ခုံးလႈပ္သြားရသည္။
သမီးေလးက တစ္ခုခုဆို ဦးဦး Ho ဆိုတာခ်ည္းသာေျပာေနတတ္သည္။
" သမီးက ဦးဦး Ho ႀကိဳက္တာေတြဘဲ ဘာလို႔လိုက္ဝတ္တာလဲ..."
" ဦးဦး Ho ကသေဘာေကာင္းတယ္ေလ...ေနာက္ၿပီး Appa သိလား...ဦးဦး Ho မွာေလသမီးနဲ႕႐ြယ္တူ တူေလးရွိတယ္..."
"လတ္စသတ္ေတာ့ တူကိုႀကိဳက္လို႔ ဦးေလးကိုဖားေနတာေပါ့...လူလည္မ..."
" ဟီး....Appa ကလည္း...ရႉးးး...တိုးတိုးေနာ္...
Pa Pa သိရင္ႀကိမ္လုံးႀကီးနဲ႕ၿဖဲေျခာက္ေနမယ္..."
တိုးတိုး တိုးတိုး ႏွင့္က်ေနာ့္အနားကပ္ေျပာေနသည့္ သမီးေလးေၾကာင့္ ရယ္မိပါရဲ႕။
Pa Pa ကိုမေၾကာက္ဘူးဆိုၿပီး အခုက်ေတာ့ ေၾကာက္ေနျပန္ၿပီေလ။
Junghyung ေလးကိုအဝတ္အစားလဲျပင္ဆင္ေပးၿပီး အတြင္းေရးမႉး Ho နဲ႕အတူ ထည့္ေပးလိုက္ေတာ့သည္။
Jungkook ၿခံထဲမွသူ႕ႏွင္းဆီနီီပင္ေပါက္ ေလးေတြကို ၾကည့္ကာ သက္ျပင္းခ်မိသည္။
ေတာ္ပါေသးရဲ႕။ပန္းပြင့္ေနတဲ့ အပင္ေတြကိုမဖ်က္စီးမိလို႔သာ။
သမီးေလးကအဆိုးေလးျဖစ္ေနတယ္။
ဘယ္သူနဲ႕တူမွန္းကိုမသိတာ။
ဧည့္ခန္းထဲျပန္ဝင္လာရင္း Taehyubg ထိုင္ေနသည့္ ဆိုဖာေဘးဝင္ထိုင္ေလသည္။
ေပါင္ကိုႏွိပ္ေပးရင္း...
" ဦးငယ္..."
"ေျပာပါ ခင္ဗ်ာ့..."
" အဟမ္း...ဟိုေလ...သမီးေလးက အျပင္သြားၿပီသိလား..."
" သိတယ္ေလ..."
" ေမာင္တို႔လည္း အဟမ္း..."
" ဘာအဟမ္းလဲ... ေမာင္ေနာ္ ဘာေတြႀကံေနျပန္ၿပီလဲေျပာ..."
က်ေနာ့္လက္ေတြကိုဆုပ္ကိုင္ကာ...
" ဟိုေလ...ေမာင္တို႔လည္း သမီးေလးမရွိတုန္း
ခနေလာက္အိပ္ၾကမလားလို႔ပါ..."
" သိေနတယ္ေနာ္...သိေနတယ္..."
" သိရင္ ဆက္လုပ္ၾကမယ္ေလ ဗ်ာ..."
Jungkook Taehyung ကိုေပြ႕ခ်ီကာ သူ႕ေပၚေပၚထိုင္ေစသည္။
ႏႈတ္ခမ္းေလးကို စတင္နမ္းရွိုက္ေလသည္။
" ဒီမွာမလုပ္နဲ႕...ေတာ္ၾကာသမီးေလးျပန္ဝင္လာရင္ ဒုကၡ...အရွက္ေတြကြဲေနမယ္ ေမာင္..."
" ဟုတ္သား...ဦးငယ္ေျပာမွပဲသတိရေတာ့တယ္..."
" ေမာင္ေနာ္...နည္းနည္းမ်ားေနၿပီ...မေန႕ညကတင္..."
" မေန႕ညက သမီးေလးကအတူတူအိပ္မယ္ေျပာတာနဲ႕လာေခၚလို႔ ဦးငယ္ပါသြားတာကို...ဘာမွဆက္မလုပ္လိုက္ရဘူးေလ ဗ်ာ..."
" အကုန္မွတ္ထားတာပဲ...ေမာင္လည္းမလြယ္ဘူး..."
" အခုေတာ့ အဟမ္း...အဟမ္း..."
Jungkook Taehyung ကိုေပြ႕ခ်ီရင္း အိပ္ခန္းထဲဝင္သြားေလသည္။
သူ႕လည္တိုင္ကို ဖက္တြယ္ရင္းပါသြားရျပန္သည္။
တစ္ေန႕လုံး လန္းဆန္းေစေအာင္ ႏွင္းဆီငယ္ရဲ႕ရနံ႕ကို နမ္းရွိုက္သည္။
ႏွင္းဆီငယ္ေလးမွာ Jungkook စိတ္ေစရာအတိုင္းသာလိုက္ေလ်ာေနေလသည္။
အခ်စ္မပါတဲ့အိမ္ေထာင္ေရးေလးတစ္ခုကို တည္ၿမဲေစရန္ ခ်ည္ႏွောင္ထားသည္က သနားစိတ္ေတြနဲ႕အတူ သူတို႔ႏွစ္ဦး၏ သမီးေလး Junghyung ပင္။ တဖက္သတ္အခ်စ္ေတြနဲ႕သာ ေရွ႕ဆက္ေနရေတာ့မည္။
က်ေနာ္ခ်စ္တဲ့သူက အခ်ိန္တိုင္း Min ပါ။
ေနာက္ဆုံးအခ်စ္ျဖစ္ခဲ့ၿပီ။
က်ေနာ္ေမာင့္ကို လုံးဝမခ်စ္ေပးနိုင္ေတာ့ဘူး။
ႏွလုံးသားက လုံးဝျပတ္သားခဲ့သည္။
Jungkook သည္လည္း Taehyung လက္သႂကြယ္မွ လက္စြပ္ေလးေတြ႕တိုင္း သူ႕ႏွလုံးသားက ငိုေႂကြးေနရေတာ့သည္။
ႏွင္းဆီငယ္ရဲ႕အဆူးေတြထဲ သူနာက်င္မွန္းသိရက္နဲ႕တိုးဝင္ေနေလသည္။
ခ်စ္လြန္းေတာ့လည္း ခက္ရျပန္သည္။
နာက်င္ရမွန္းသိရက္နဲ႕ မ်က္လုံးစုံမွိတ္ေနခဲ့သည္။
Taehyung နဖူးေလးကို အနမ္းေလးေႁခြရင္း...
" ဦးငယ္က ေမာင့္အပိုင္~..."
ထိုစကားေလးသာေျပာရင္း သူ႕ကိုယ္သူအားေပးေနရသည္။
နာက်င္ရလည္း ျဖစ္သည္။က်ေနာ္က အရင္ခ်စ္ခဲ့ရသူမို႔ အဆုံးထိခ်စ္ေပးသြားမည္။
Jungkook Taehyung ရင္ခြင္ထဲအိပ္စက္ေလသည္။
ေက်ာျပင္ေလးကိုခပ္ဖြဖြေလးပုတ္ေပးေနသည့္ လက္သြယ္သြယ္ေလးေတြေၾကာင့္ သူမ်က္ရည္ေတြဝဲလာရေတာ့သည္။
"ခ်စ္ခဲ့လား ဦးငယ္..."
" အင္း...အရမ္းကိုခ်စ္ခဲ့တယ္ ေမာင္..."
ခ်စ္လားဆိုသည့္စကားလုံးအစား ခ်စ္ခဲ့လားဆိုတာသာ သုံးႏႈန္းရတိုင္း ေမာင့္ရင္ေတြကြဲရတယ္ ဦးငယ္ရယ္။
ငါးႏွစ္ၾကာေက်ာ္ၾကာျမင့္ခဲ့ၿပီ အခ်ိန္ေတြကုန္ဆုံးတိုင္း က်ေနာ္ ဦးငယ္ကိုပိုခ်စ္လာရသည္။
>>>>>>>>>
ခ်ယ္ရီပန္းေတြပြင့္ေနသည့္ လမ္းမေလးထက္
Jungkook ႏွင့္ Taehyung သူတို႔သမီးေလး Junghyung လက္ေလးကိုတစ္ဖက္စီတြဲရင္းလမ္းေလွ်ာက္ေနေလသည္။
" ဦးငယ္ခနေနာ္ ေမာင္သမီးေလးကိုဓာတ္ပုံရိုက္ေပးလိုက္အုံးမယ္..."
" အင္း...ဦးငယ္ခ်ယ္ရီပန္းေတြကို ၾကည့္လိုက္အုံးမယ္..."
သမီးေလးလက္ကိုတြဲကာ ေမာင္က မလွမ္းကမ္းသို႔ စေနာက္ရင္းထြက္သြားသည္။
သားအဖေတြက အၿမဲေပ်ာ္႐ႊင္ေနတာျမင္ရေတာ့
က်ေနာ္ေက်နပ္မိပါသည္။
ေမာင့္မ်က္ဝန္းေတြကလည္း အရင္လိုမဟုတ္ေတာ့ေခ်။
အစားထိုးကုသၿပီးကတည္းက က်ေနာ့္ကိုၾကည့္လိုက္တိုင္း တမ်ိဳးခံစားရသည္။
က႐ုဏာမ်က္ဝန္းေတြလိုပင္။
Taehyung ခ်ယ္ရီပန္းပင္ေတြကို ေမာ့ၾကည့္ကာၿပဳံးလိုက္သည္။
ႏြေဦးရဲ႕ အလွတရားေတြပဲ။
လက္သႂကြယ္ေလးမွ လက္စြပ္ေလးကိုကိုင္ကာ...
Min...ခ်ယ္ရီေတြပြင့္ေနျပန္ၿပီ။
ႏွစ္တိုင္း အသဲငယ္လာျဖစ္တယ္။
Min ကိုအရမ္းလြမ္းမိတယ္။
အခုဆို Min က အသဲငယ္ကို ေကာင္းကင္ေပၚကေနၿပဳံးၿပီးၾကည့္ေနေရာေပါ့ေနာ္။
ခ်ယ္ရီေတြက Min ရဲ႕ခ်စ္ျခင္းေတြ။
ႏူးညံ့ၿပီး လွပတယ္။သစၥာရွိတယ္။
တစ္ႏွစ္မွာတႀကိမ္သာပြင့္လန္းသည္။
က်ေနာ္ Min ကို ခ်စ္ျမတ္နိုးတယ္။
မွတ္မိရဲ႕လား။ Min ခ်ယ္ရီပန္းပင္ေတြေအာက္ လက္ထပ္ခြင့္ေတာင္းခဲ့တာေလ။
အသဲငယ္ဘဝမွာ ပထမဆုံးအႀကိမ္ခံစားမိခဲ့တဲ့အရာက ျမတ္နိုးျခင္းေတြပဲ။
Taehyung မ်က္ရည္ေတြဝဲလာေလသည္။
ေလေျပေတြတိုက္ခတ္ေတာ့ ခ်ယ္ရီပန္းပြင့္ေလးေတြက ေႂကြကာေျမျပင္ေပၚဆင္းသက္ရသည္။
" ခ်စ္ျမတ္နိုးတယ္ Min...ထာဝရပါ..."
နာရီ၊မိနစ္၊စကၠန့္တိုင္း ႏွလုံးသားထဲမွာ Min သာရွိေနတာပါ။
မ်က္ရည္ေတြကို သုတ္ပစ္ေလသည္။
ထိုျမင္ကြင္းကို Jungkook ေတြ႕လိုက္ပါသည္။
က်ေနာ္ သိပါသည္။ဦးငယ္အခ်စ္ေတြက Yoongi စီမွာသာရွိေတာ့သည္။
မခ်စ္ေပးနိုင္မွန္းသိရက္နဲ႕အခုခ်ိန္ထိ က်ေနာ္ေမွ်ာ္လင့္ခ်က္ေတြထားမိေနတုန္းပဲ။
တကယ္ကို ႐ူးေနမိတာ။
မဂၤလာႏွစ္ပတ္လည္ေန႕ေလးဟာလည္း အက်ည္းတန္ဝမ္းနည္းစရာေန႕ေလးအျဖစ္အၿမဲတည္ရွိေနေတာ့မည္။
Oct 10 ဆိုသည့္ ေန႕ရက္ေလးက Yoongi ရဲ႕နာက်င္ေန႕ေလးျဖစ္ေနခဲ့သည္။
ဦးငယ္ထိုရက္ေလးေရာက္တိုင္း ငိုေနတတ္သည္။
မဂၤလာေန႕ပတ္လည္ေန႕ေလးဆိုတာကလည္း ေပ်ာက္ကြယ္သြားခဲ့ၿပီ။
နာက်င္တယ္ဆိုတာကိုလည္း သိေနလ်က္နဲ႕
ဖက္တြယ္ထားသည္။
ဘာလို႔ဆို ဦးငယ္က ေမာင့္အပိုင္ျဖစ္ေနလို႔ပါ။
Jungkook သူမ်က္ရည္ေတြက်လာသည္ကို ခ်က္ခ်င္းပင္ သုတ္ပစ္လိုက္သည္။
သမီးေလးနဲ႕ဦးငယ္ေတြ႕ရင္ စိတ္မေကာင္းျဖစ္ေနမည္ဆိုးတာေၾကာင့္ပင္။
က်ေနာ္လက္ေလးလွမ္းျပကာ ေခၚလိုက္မိေတာ့
ေလွ်ာက္လွမ္းလာသည္။
ဦးငယ္ၿပဳံးေနေပမဲ့ နာက်င္ေနမွန္းသိပါတယ္။
Taehyung Jungkook အနားေရာက္လာသည္။
ေမာင္က သမီးေလးကိုေပြ႕ခ်ီရင္း က်ေနာ့္ကို လက္ေလးတစ္ဖက္လွမ္းေပးသည္။
" သြားၾကမလား ဦးငယ္..."
" အင္း...သြားၾကမယ္ေလ ေမာင္..."
လက္ေလးတြဲကာ ခ်ယ္ရီပင္ေတြေအာက္လမ္းေလွ်ာက္ေနခဲ့သည္။
" ခ်စ္တယ္...ဦးငယ္..."
" ဦးငယ္ ေမာင့္ကို မခ်စ္ဘူး..."
" အင္း...သိတယ္...ေမာင္ကိုယ္ေမာင္သတိေပးတဲ့အေနနဲ႕ေမးတာပါ ဦးငယ္..."
က်ေနာ့္ကို ၿပဳံးကာၾကည့္ေလသည္။
ေမာင္ေျပာေနၾက ခ်စ္တယ္က အၿမဲတမ္းမဟုတ္ေပ။
သူ႕ေမွ်ာ္လင့္ခ်က္ေတြကို သူကိုယ္တိုင္ရိုက္ခ်ိဳးပစ္ခ်င္လို႔ ေျပာတာပင္။
က်ေနာ့္စီက အေျဖကေတာ့ အၿမဲတမ္းမေျပာင္းလဲပဲရွိေနမည္။
က်ေနာ္ေမာင့္ကို လုံးဝမခ်စ္ေတာ့ပါ။
ခ်ယ္ရီခ်စ္ျခင္းေတြက ခိုင္မာလြန္းေပမဲ့
လက္ေတြ႕မွာႏွင္းဆီခ်စ္ျခင္းေတြကေတာ့ အနိုင္ရသြားေလသည္။
ေမာင့္ရဲ႕ခ်စ္ျခင္းေတြက ႏွင္းဆီျဖဴေတြပါဦးငယ္။
ျဖဴစင္တဲ့ခ်စ္ျခင္းအစက ႏွင္းစီျဖဴေတြနဲ႕ပဲ စတင္ခဲ့တာမို႔ ထာဝရအျဖဴေရာင္ပန္းေလးအျဖစ္သာတည္ရွိေနမည္။
ႏွင္းဆီနီခ်စ္ျခင္းေတြကေတာ့ ပူေလာင္ေစခဲ့တယ္ထင္ပါရဲ႕။ ႏွင္းဆီနီေလးကေတာ့ ဦးငယ္လို႔ေျပာခ်င္ေနေပမဲ့ ခ်ဳပ္တည္းရျပန္တယ္။
ေမာင္ခ်စ္တယ္ေျပာတိုင္း ဦးငယ္အတြက္ပူေလာင္မႈတစ္ခုျဖစ္ေနမွာေလ။
ေမာင့္ႏွင္းဆီငယ္ေလးရယ္ ျမတ္နိုးမိပါ၏။
ထာဝရ ႏွင္းဆီျဖဴခ်စ္ျခင္းေတြသာတည္ၿမဲေစ။
-
-
-
မ်က္ၾကည္လႊာအလႉရွင္အမည္-Chan Hari
အစားထိုးမည့္သူ အမည္-Jeon Jungkook
ဆရာဝန္ေတြသာသိသည့္ အလႉရွင္
နာမည္ေလးကေဆး႐ုံ၏ကိုယ္ေရးရာဇဝင္ ေဖာင္တြင္သာက်န္ရွိေနမည္။
အမည္မသိအလႉရွင္လို႔သာ Jungkook ႏွင့္ Taehyung သိရွိထားေလသည္။
ဝွီးခ်ဲေလးေပၚထိုင္ေနသည့္ Chan Hari ဟာ ကိုရီးယားကေန မိသားစုေတြနဲ႕အတူ နိုင္ငံျခားကိုအၿပီးအတိုင္ထြက္သြားခဲ့သည္။
ခ်စ္လြန္းလို႔ပါ Kim...
ရွင့္ရဲ႕ အခ်စ္ေတြကို ျပန္မရမွန္းသိပါသည္။
အနည္းဆုံးေတာ့ ရွင့္ရဲ႕မ်က္ႏွာေလးကို ေန႕တိုင္းေတြ႕ျမင္ရမည္ေလ။ Jungkook ရဲ႕မ်က္ဝန္းအိမ္ထဲေနရာယူေနတဲ့ က်မ မ်က္ၾကည္လႊာေလးကေနတစ္ဆင့္ေပါ့။
စစခ်င္း ေတြ႕ဆုံခဲ့တဲ့ ေန႕ရက္ေလးကို ကြၽန္မေမ့နိုင္မွာမဟုတ္ဘူး။
Kim ဟာ နတ္သားေလးပါ။
ကြၽန္မ မ်က္ၾကည္လႊာေလးကို အနစ္နာခံၿပီး
Jungkook စီေပးခဲ့တာ ကြၽန္မ Kim ကိုခ်စ္ခဲ့မိလို႔ပါ။
မေပါင္းစည္းနိုင္လည္း သူ႕ဘဝေလးေအးခ်မ္းဖို႔အတြက္ အနစ္နာခံရလည္း ကြၽန္မေက်နပ္ပါ၏။
ထာဝရ Kim သာေပ်ာ္႐ႊင္မယ္ဆို အသက္ကိုပါေပးရဲပါသည္။
Chan Hari သည္လည္း သူ႕အျမင္အာ႐ုံေတြကိုစေတးပစ္ခဲ့သည္။
အခ်စ္ႀကီးတိုင္း နာက်င္ရသည္။
ထိုအေၾကာင္းအရာေတြကို Taehyung ႏွင့္ Jungkook ဘယ္ေတာ့မွသိမည္မဟုတ္ေတာ့ေခ်။
ခ်စ္ျခင္းေမတၱာတရားေတြဟာ တကယ္ေတာ့
ေၾကာက္မက္ဖြယ္ေတြပင္။
ခ်စ္ျခင္းေတြကအက်ည္းတန္မႈ၊ဝမ္းနည္းမႈ၊နာက်င္မႈ၊နာက်ည္းမႈ၊အမုန္းတရာေတြနဲ႕သာ ဖြဲ႕စည္းထားေလသည္။
ကမၻာေပၚက ခ်စ္မိသူတိုင္းထိုအရာေတြကို ခံစားရလိမ့္မည္။
ေမတၱာတရားေတြကေတာ့ သနားၾကင္နာျခင္းႏွင့္အတူ အနစ္နာခံျခင္းေတြနဲ႕သာ ဖြဲ႕စည္းထားေလသည္။
တခါတရံ မေျပာသင့္မသိသင့္လို႔ဖုံးကြယ္ထားရသည့္အရာေတြလည္း ရွိသည္။
နာက်င္ခံစားရမည္ကို ေၾကာက္႐ြံစိုးရိမ္တာေၾကာင့္ပင္။
ဦးငယ္ဆိုသည့္ အခ်စ္ဇာတ္လမ္းေလးမွာေတာ့
နာက်င္စြာေတြသာျပည့္ႏွက္ေနရေတာ့သည္။
Taehyung ဟာအဆုံးထိ Jungkook ကိုမခ်စ္ေပးနိုင္ခဲ့။
အတူေနေပးခဲ့ေပမဲ့လည္း သူအခ်စ္ေတြကိုမေပးနိုင္ခဲ့ေခ်။
မိသားစုေလးတစ္ခုပိုင္ဆိုင္ေပမဲ့လည္း သူႏွလုံးသားက ေမာင့္ အတြက္ေနရာလပ္ရွိမေနခဲ့ေခ်။
သူ႕ႏွလုံးသားေလးရဲ႕စကားသံကေတာ့...
'ထာဝရခ်စ္ျမတ္နိုးသူဟာMin'
______________
ၿပီးပါၿပီ။
Nora Rosalia (ေအးခ်မ္းရာရပ္ဝန္းငယ္🍯🐝)
Vote Plz
2.9.2022
Se လည္းမဟုတ္သလို He လည္း မဟုတ္ခဲ့ပါ။
အျပင္ေလာကမွ အေၾကာင္းအရာတစ္ခ်ိဳ႕ကိုကိုးကားေရးသားထားျခင္းသာ။
ျပင္ပေလာကတြင္လည္း အခ်စ္မရွိဘဲ ေပါင္းစည္းေနရသူေတြရွိေနတုန္းပါ။
အခ်စ္ဆိုသည္က အၿမဲနာက်င္ေစရသည္။
အဆုံးထိ Ongoing လိုက္ေပးတဲ့ ပ်ားရည္ငယ္တို႔ကိုလည္း နိုရာက အထူးေက်းဇူးတင္ပါသည္။