(Unicode)
အသက်တမျှချစ်ရသူဟာ ဦးငယ်။
ရူးသွပ်စေတဲ့ အပြုံးလေးနဲ့အသံလေး။
နှလုံးသားကို လှုပ်ခတ်စေတဲ့ ချိုမြိန်သော
အနမ်းလေးတွေနဲ့အထိအတွေ့လေးတွေ။
ခံစားမိချင်တယ်။
မောင်အရမ်းများ လောဘကြီးသွားလေသလား
နှင်းဆီငယ်လေးရယ်။
____________________
Jungkook နှင့် Taehyung ခြံလေးအတွင်းမှ ဒန်းလေးပေါ်ထိုင်နေကြသည်။
အသီးအနှံပန်းကန်လေးကလည်း ဘေးတွင်ရှိနေသည်။
သို့သော် ခြေထောက်ဖွေးဖွေးလေးကို ရေနွေးလေးဖြင့်အသေအချာဆေးပေးနေသူကတော့
လက်သွယ်သွယ်လေးတွေပင်။
ဆရာဝန်တွေမှာထားသည့်အတိုင်း နေ့တိုင်း
ခြေဖဝါးကိုနှိပ်နယ်ပေးလေသည်။
မောင်ကမလုပ်ပေးဖို့ပြောပေမဲ့ ကျနော်ကိုယ်တိုင်ကိုက မနေနိုင်ပေ။
မျက်ဝန်းကြည်ကြည်လေးတွေက အမြဲကျနော်ရှိတတ်မယ်ထင်သည့် အရပ်ကိုသာ မူလေသည်။
ထိုမျက်ဝန်းလေးတွေက ဘယ်အချိန်မှပြန်မြင်ရမလဲ မသိပေမဲ့ ကျနော်အစွမ်းကုန်ကုသပေးမည်။
အလှူရှင်လည်းရအောင်ရှာနေသည်။
ဒါပေမဲ့အကြောင်းမထူးပေ။ငါးလပင်ရှိနေလေပြီ
မောင့်မျက်ကြည်လွှာနဲ့ကိုက်ညီမဲ့သူက ရှာမရသေးချေ။
ခံစားရတွေများနေပြီ။နာကျင်ရတာတွေလည်းများနေလေပြီ။
ကျနော် မောင့်ကို မှတ်ဉာဏ်တွေတောင်ပြန်မရစေချင်တော့ပေ။
အရင်က အကြောင်းတွေသိရင်မောင်နာကျင်နေရမည်လေ။
အဆုံးသတ်မှာတစ်ခုတော့နားလည်သွားလေပြီ။
မောင့်ကို ကျနော်နာကျင်အောင်မလုပ်နိုင်တော့ပေ။
Taehyung အိမ်အကူခေါ်ထားပေးခဲ့သည်။
Jungkook ကိုသူ့အနားထားဖို့အတွက်ပေါ့။
အိမ်အလုပ်တွေနှင့် ချက်ပြုတ်ဖို့အတွက်က
လူတစ်ယောက်ရှိနေမှဖြစ်မည်လေ။
ခက်တာက ကျနော်မောင့်အတွက်သူနာပြုတောင်မငှားပေးရဲ။
ကျနော်ကိုယ်တိုင်သာ မောင့်ဝေယာဝိစ္စတွေကိုလိုက်လုပ်ပေးသည်။
သုနာပြုဆိုတာတွေနဲ့စိတ်မချဘူး။
မောင့်ကို ကျနော့်ကွယ်ရာကျရင် ဂရုမစိုက်ရင်ဘယ်လိုလုပ်မလဲ။
Jungkook အတွက်အတွေးလွန်ပြီး စိတ်ပူနေသည့် Taehyung...
" ဦး..."
" အင်း...ပြောလေ မောင်..."
" ကျနော်နဲ့ဦးက လက်ထပ်ထားတယ် ဆိုပြီး ဘာလို့ သက်သက်စီနေနေကြတာလဲ..."
" အာ...အဲ့တာကလေ..."
" ဟိုလေ...ကျနော်ဒီတိုင်းမေးမိတာပါ...ကျန်တာဘာမှမပါဘူးရယ်...ကျနော်က ဦးနဲ့သက်သက်စီအိပ်နေရလို့ပါ...ဒီတိုင်းမေးကြည့်တာပါ..."
လက်လေးကာ ကာငြင်းနေပြန်သည်။
သူပဲမေးပြီး တစ်မျိုးတွေးမှာကိုကြောက်နေလေသည်။
" မောင်က ဦးငယ်နဲ့အတူတူတစ်ခန်းတည်းနေချင်လို့လား..."
" ဟုတ်...အာ...မဟုတ်...မဟုတ်ဘူး...ကျနော်... "
မျက်နှာလေးရဲသွားသည့်မောင်။
ဟုတ် တစ်လုံးဖြေပြီး ရှက်နေပြန်တယ်။
အတင်းတွေငြင်းနေပြန်သည်။
Taehyung Jungkook ခြေထောက်လေးနှစ်ဖက်ကို သဘတ်ဝတ်လေးဖြင့်သေချာစွာသုတ်ပေးရင်း...
" ဒီနေ့ကစပြီး မောင်ဦးငယ်နဲ့ တစ်ခန်းတည်းနေလို့ရပြီ ဟုတ်ပြီလား..."
အပြုံးလေးတို့က ဖြစ်တည်လာသည်။
သို့သော် သူTaehyung ကိုအားနာနေလေသည်။
" ဟို...ကျနော်အဆင်ပြေပါတယ် ဦး...အမြင်အာရုံတွေပြန်ရပြီး မှတ်ဉာဏ်တွေပြန်ရပြီးမှ ဦးနဲ့တစ်ခန်းတည်းနေမယ်လေ...အဲ့တာဆို ဦးလည်း အနေခက်နေမှာမဟုတ်ဘူး..."
" ဦးငယ်ကအနေခက်စရာလား...မောင်နဲ့လက်ထပ်ထားပါတယ်ဆို ဦးငယ် ရဲ့အမျိုးသားလေ...အရင်ကလည်း တစ်ခန်းတည်းနေနေကြပဲကို..."
နှာခေါင်းလေးရှုံ့သွားသည်အထိ ပြုံးလေသည်။
မောင်ကကလေးလေးလိုပင်။
တစ်ခုခုသဘောကျပြီး ပျော်ပြီဆိုအဲ့လိုအမူအရာလေးက လုပ်တတ်သေးတာ။
Taehyung Jungkook ဘေးတွင်ဝင်ထိုင်လေသည်။
မျက်နှာလေးကိုကျနော်ရှိရာဘက် လှည့်ကာ
ကျနော့်လက်လေးကိုလှမ်းလေသည်။
တစ်ခုခုပြောဖို့အတွက် အခက်တွေ့နေသလိုပင်။
နေ့တိုင်း မောင်က ထူးဆန်းနေသည်။
ကျနော့်ကို တစ်ခုခုပြောဖို့ကြိုးစားနေပေမဲ့ မပြောပေ။
" ဦး..."
" ဗျာ..."
" ကျနော်လေ...ဦးမျက်နှာကိုထိကြည့်လို့ရလား...
ဦးဘယ်လိုပုံစံလေးရှိတယ်ဆိုတာ သိချင်လို့..."
" ရတာပေါ့..."
Taehyung သူ့မျက်မှန်ကိုချွတ်လိုက်သည်။
မောင့်လက်လေးကိုကိုင်ကာ ကျနော့်ပါးနဲ့ထိတွေ့ပေးလိုက်သည်။
သေချာလက်နှစ်ဖက်နှင့်ထိကိုင်ကြည့်နေသည်။
မျက်ဝန်းတွေကို ထိတွေ့သည်။
နှာခေါင်းနှင့် နှုတ်ခမ်းလေးကိုပါ နေရာလက်မကျန်ထိတွေ့နေသည်။
နောက်တော့ Jungkook Taehyung ပါးနှစ်ဖက်ကိုဆွဲကာ...
" ဦးကချစ်စရာကြီး..."
" ဟာ...မောင်နော်...ဦးငယ်ပါးတွေကို မဆွဲနဲ့လေ..."
" ချစ်စရာကြီး..."
ပြောလို့ရတော့ Taehyung မျက်နှာက စူပုတ်ပုတ်လေးဖြစ်သွားသည်။
ဒါကို သဘောကျစွာရယ်နေသည်။
" မောင့်ရဲ့ ငါးစိတ်တိုကြီး...ငါပူတင်းကြီးပဲ..."
လွတ်ခနဲ သူ့ကိုသူ မောင် လို့သုံးနှုန်းမိသွားသည်။
မောင့်အပြုံးတို့က ပျောက်ကွယ်သွားရတော့သည်။
အရင်က ကျနော့်ကိုစနောက်နေသည့်အတိုင်း
ပြောလိုက်တာပင်။
မောင်က သူ့နားထင်ကိုသူကိုယ်တိုင်လက်နှစ်ဖက်ဖြင့်ဖိကိုင်ထားတယ်။
ခေါင်းကိုက်နေပြီနဲ့ထင်တူတယ်။
" မောင်... မောင်...အဆင်ပြေရဲ့လား..."
ဘာစကားမှပြန်မပြောနိုင်တော့ပေ။
တစ်စတစ်စ ပုံရိပ်တွေနဲ့အတူ အသံလေးတွေ။
ထိုးကိုက်လာသည့် ခေါင်းကြောင့်ဘာမှစဥ်းစားလို့မရ။
" မောင်..."
ခေါ်သံလေးကြောင့် အာရုံတွေထဲပြန်မှတ်မိချင်လာသည်။
ငါးနှစ်သားကလေးလေးက ဆယ့်ငါးနှစ်အရွယ် ကောင်လေးရဲ့ရင်ခွင်ထဲအိပ်စက်နေသည်။
Jungkook မျက်ရည်တွေကျလာသည်။
"ဦးငယ်~"
ခေါ်သံအဆုံး Taehyung ပေါ်ယိုင်ကျလာသည့် ကိုယ်ခန္ဓာ။
"မောင်!...မောင်!...သတိထားအုံးလေ..."
လှုပ်နိုးနေပေမဲ့မရချေ။သတိမေ့လဲသွားခဲ့သည်။
မောင် တစ်ခုခုဖြစ်သွားတာ။
ကျနော့်ကိုလည်း ဦးလို့မခေါ်ဘဲ ဦးငယ်လို့ခေါ်သည်။
Taehyung အိမ်အကူအဒေါ်ကြီးကိုခြံထဲမှ လှမ်းခေါ်ရတော့သည်။
Jungkook ကိုတစ်ဖက်စီတွဲကာ ကားထဲထည့်ဖို့အတွက်ပင်။
ပြီးတာနှင့်ဆေးရုံကိုသာတန်းတန်းမတ်မတ်မောင်းထွက်သွားတော့သည်။
သူခြေတွေလက်တွေပင်တုန်နေသည်။
Jungkook သတိမေ့တာနဲ့တင် သူမနေတတ်တော့ပေ။
-
-
-
" အကုန်အဆင်ပြေပါတယ်...အမှတ်ရစရာကိစ္စတစ်ခုခုကိုတွေးမိလို့ ဖြစ်တာပါ..."
" မစိုးရိမ်ရဘူးမလား ဆရာ..."
" ဘာမှမဖြစ်ပါဘူး...လူနာက မှတ်ဉာဏ်တွေပျောက်ဆုံးနေတာဆိုတော့ တခါတရံ ပြန်အမှတ်ရဖို့အတွက် အတင်းစဥ်းစားတာမျိုးတွေကြောင့် သတိမေ့လဲတာမျိုးဖြစ်တတ်တာပါ..."
ဆရာဝန်၏စကားကိုသူမယုံနိုင်။
Jungkook ဘေးတွင်သာထိုင်ရင်း လက်လေးကိုမလွတ်တမ်းဆုပ်ကိုင်ထားသည်။
" ပြန်သတိရလာရင် စစ်ဆေးစရာလေးရှိသေးတာမို့လို့...ဆရာ့ကိုအကြောင်းကြားပေးပါ..."
" ဟုတ်ကဲ့..."
အခန်းလေးထဲမှ ဆရာဝန်ထွက်သွားလေသည်။
စိတ်ပူတာတွေက လျော့သွားပြန်သည်။
မောင်အရမ်းဆိုးတယ်။ဦးငယ်ကို အမြဲစိုးရိမ်ထိတ်လန့်အောင်လုပ်တယ်။
ပြန်သတိရလာရင် ဗိုက်ခေါက်ကိုဆွဲလိမ်ပစ်မယ်ကြည့်နေ။
အချိန်အတန်ကြာသည်အထိ Jungkook သတိပြန်မရသေး။
သူ့ဘေးတွင် လက်လေးကိုင်ကာ ကုတင်ပေါ် လက်လေးတင်ကာTaehyung သည်လည်းအိပ်ပျော်နေသည်။
မျက်ဝန်းတွေက ပွင့်ဟလာသည်။
လက်လေးကို တင်းကျပ်စွာဆုပ်ကိုင်ထားခြင်းခံထားရသည်။
နှာဖျားထဲဝင်ရောက်လာသည့် ပိုးသတ်ဆေးအနံ့တွေကြောင့် သိလိုက်ရပါပြီ။
ကျနော်ဆေးရုံအခန်းလေးထဲပြန်ရောက်နေခဲ့သည်။
မျက်ရည်တွေကျဆင်းလာရသည်။
အကုန်ပြန်မှတ်မိခဲ့တာကြောင့် အရမ်းကိုနာကျင်ရသည်။
" ဦးငယ်..."
အသံလေးထွက်လာတာနှင့် ချက်ချင်းပင် ခေါင်းလေးထောင်လာသည့် Taehyung...
" မောင်...ဘာဖြစ်တာလဲ...ဘယ်နေရာကနာနေလို့လဲ...ခေါင်းအရမ်းကိုက်နေလို့လား..."
ကျနော်ငိုတာမြင်တာနှင့် ဦးငယ်မနေနိုင်တော့ချေ။
" မောင့်ရဲ့ ဦးငယ်...တောင်းပန်ပါတယ်...မောင် တောင်းပန်ပါတယ်..."
" မောင်အခု ဦးကို ဦးငယ်လို့ခေါ်လိုက်တာလား..."
" မှိတ်မိပြီ...မောင်ပြန်မှတ်မိပြီ...ဦးငယ်ရယ်...
နာကျင်လွန်းရတယ်...မောင်ရဲ့မှတ်ဉာဏ်တွေပြန်ရပေမဲ့ အမြင်အာရုံတွေက ဆုံးရှုံးနေတုန်းပဲ..."
" မောင်...ဦးငယ်ရဲ့ကလေးလေး..."
Taehyung Jungkook ကိုပွေ့ဖက်ကာ မျက်နှာအနှံတစ်ဖွဖွနမ်းလေသည်။
ငါးလကြာမှမောင့် မှတ်ဉာဏ်တွေပြန်ရခဲ့တာ။
ဒီနေ့လေးက တကယ်ကိုမေ့မရတဲ့နေ့လေးဖြစ်ခဲ့ပြီ။
" မောင်တောင်းပန်ပါတယ်နော်...ဦးငယ်အပေါ် လုပ်ခဲ့တဲ့အမှားတွေအတွက် တကယ်ကိုတောင်းပန်ပါတယ်..."
" မောင်ရယ်...မငိုပါနဲ့... "
ရှိုက်ကာငိုနေတော့သည့် Jungkook...
သူ့မှတ်ဉာဏ်တွေပြန်ရတာနှင့် နာကျင်စရာအတိတ်တွေကပါ ကပ်ပါလာလေသည်။
Taehyung သည်လည်း မျက်ရည်တွေကျနေခဲ့သည်။သူ့အတွက်ကတော့ ပျော်ရွှင်စေတဲ့မျက်ရည်တွေပင်။
Jungkook အပေါ်ခံစားချက်မရှိတော့ဘူးဆိုသည်ကလည်း အလိမ်အညာတစ်ခုဖြစ်နေလေသည်။
ကျနော်မောင့်အပေါ် စိတ်ပူတယ်။
မောင်မျက်ရည်ကျရင်လည်းမကြိုက်ဘူး။
နာကျင်အောင်လည်းမလုပ်နိုင်ခဲ့။
အခုချိန်မှာ ကျနော်တစ်ချက်သတိထားမိလေသည်။
ဘာလဲဆိုတော့ ကျနော်မောင့်အပေါ် ဂရုဏာတွေ
နဲ့အတူ ခံစားချက်တွေလည်း ရှိနေသေးသည်။
'မောင်' က ဦးငယ်အတွက် အရာအားလုံးဖြစ်ခဲ့သည်လေ။
>>>>>>>>
မိုးတွေသည်းထန်စွာရွာသွန်းနေသည့် ညလေးတစ်ည။
နှစ်ခြိုက်စွာအိပ်ပျော်နေသည်က Jungkook ပင်။
မှတ်ဉာဏ်တွေပြန်ရပြီးမှ Taehyung နဲ့သူအဆင်ပြေနေလေသည်။
တစ်ယောက်နဲ့တစ်ယောက် အတိတ်ဆိုးတွေကိုမေ့ပစ်ကာရှင်သန်နေလေသည်။
Taehyung သူ့ရင်ခွင်ထဲ အိပ်ပျော်နေသည့် Jungkook ကိုတယုတယဖြစ်နေသည်။
သူ့ရဲ့ကလေးငယ်ကို ခွင့်လွှတ်ပေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
မောင်ရဲ့အပြုံးတွေကို ပြန်မြင်လိုက်ရတဲ့အခိုက်အတန့်လေးမှာ ကျနော့်ရင်ထဲနွေးခနဲ ဖြစ်သွားရသည်။
ဒီလိုတုံ့ပြန်ချက်တွေကကျနော့် အချစ်ဦးလေးကမောင်ဖြစ်နေခဲ့လို့ပင်။
ရေသောက်ရန်အတွက် အိပ်ယာမှအသာအယာထလိုက်ရင်း ခြေသံလေးဖော့ကာ အခန်းထဲမှထွက်လာခဲ့သည်။
မီးဖိုခန်းကိုသွားမည်အလုပ် ဘဲလ်တီးသံကြားလိုက်ရသည်။
နာရီကို တစ်ချက်လှမ်းကြည့်မိတော့ ညဆယ့်နှစ်နာရီပင်ရှိနေသည်။
ဒီအချိန်ကြီးကြမှဘယ်သူလာတာပါလိမ့်။
လူခေါ်ဘဲလ်မှတစ်ဆင့်ကြည့်လိုက်တော့
ခြံတံခါးမှ ရပ်နေသည့် Chan Hari ကြောင့်သူ
အံ့သြသွားရတော့သည်။
ခြံတံခါးဖွင့်သည့် ခလုတ်လေးနှိပ်ပေးလိုက်လေသည်။
အိမ်တံခါးကိုဆွဲဖွင့်သည်နှင့် တပြိုင်နက်တည်း
ကျနော့်ရှေ့ရောက်လာသည့် Hari...
မိုးတွေရွှဲနေသည်။မျက်လုံးတွေလည်း အစ်နေသည်။သူမ ငိုထားတာပင်။
" Hari...ဒီအချိန်ကြီးကျနော့်စီလာတယ်?..."
" အခုချိန်ကြီးလာမိလို့တောင်းပန်ပါတယ်...
Hari နောက်ရက်ကူးတာကိုမစောင့်နိုင်တော့လို့ပါ..."
ဘေးလွယ်အိတ်လေးထဲမှ စာအိတ်လေးတစ်စောင်ကိုထုတ်ကာ Taehyung ကိုလှမ်းပေးသည်။
" ဒီစာလေးကို Taehyung Shii ဖတ်ကြည့်မှဖြစ်တော့မယ်..."
" ဘာစာမို့လို့လဲ..."
" Yoon မဆုံးခင်ရေးခဲ့တာပါ...Taehyung ကိုပေးဖို့အတွက်ဆိုပြီး Hari ကိုမှာထားခဲ့တာ...အခုမှ ဒီစာရွက်လေးကိုသတိရမိလို့ပါ..."
Yoongi ရေးထားတဲ့ စာလေးဆိုတာကြောင့်
Taehyung မျက်နှာလေးညိုးသွားလေသည်။
" ဖတ်ကြည့်ပါ...ဒီထဲမှာ အမှန်တရားတစ်ခုပါနေလို့ပါ..."
" အမှန်တရားတစ်ခု?..."
" ဟုတ်ပါတယ်...Hari မဖတ်ရသေးပါဘူး...
ဒီနေ့မှစာလေးကိုသတိရမိတာနဲ့အခု ချက်ချင်းလာပေးတာပါ...Yoon မှာသွားတာကတော့
ဒီထဲမှာ Taehyung မဖြစ်မနေသိသင့်တဲ့အမှန်တရားရှိနေသည်တဲ့လေ..."
Taehyung သူ့လက်ထဲမှ စာအိတ်လေးကိုကြည့်ကာ စူးစမ်းချင်စိတ်တွေဖြစ်လာသည်။
" Hari ကိုပြန်ခွင့်ပြုပါအုံး..."
" ခန..."
ကျနော့်စကားကိုပင်နားမထောင် သူမ ကားလေးစီပြေးသွားလေသည်။
နောက်တော့ မောင်းထွက်သွားလေသည်။
အိမ်တံခါးကိုပြန်ပိတ်ကာ ဧည့်ခန်းတွင်ထိုင်ချလိုက်သည့် Taehyung...
စာအိတ်ပေါ်မှ စာတန်းလေးက
'အသဲငယ်အတွက် အမှန်တရားတစ်ခု' တဲ့။
စာအိတ်လေးကိုဖွင့်ကာ ဖတ်ကြည့်လိုက်သည်။
လက်တွေလည်းတုန်လာရသည်။
မျက်ရည်တွေလည်း ကျလာရသည်။
အသံတိတ်လေးသာငိုကြွေးရတော့သည်။
" မောင်..."
ဒီစာကိုမောင်ဖတ်မိလို့မဖြစ်ဘူး။
အကယ်၍ ဖတ်မိရင် မောင်စိတ်ဒဏ်ရာရသွားလိမ့်မယ်။
ကျနော် တကိုယ်ကောင်းဆန်ခဲ့သည်။
မောင့်ကိုသာအပြစ်တွေတင်ရင်း နေထိုင်ခဲ့သည်။
တကယ်တမ်းကျ ဗီလိန်ဟာမောင်မဟုတ်ခဲ့ဘူး။
ကျနော်ကိုယ်တိုင်ဖြစ်နေလေသည်။
စာရွက်ကိုယူကာမျက်ရည်တွေဖြင့် မီးဖိုခန်းမှ ရေချိုးခန်းလေးထဲပြေးသွားသည့် Taehyung...
အိမ်သာထဲ စာရွက်တွေကိုအပိုင်းပိုင်းဆွဲဖြဲကာ ထည့်ပြီး ရေဆွဲချလိုက်သည်။
ကျနော်တစ်ယောက်တည်းသာသိတော့မည့်အမှန်တရားတစ်ခု။
ဘယ်သူ့ကိုမှ ပြန်ပြောမည်မဟုတ်ချေ။
ရင်တွေနာလိုက်တာ မောင်ရယ်။
ရေချိုးခန်းကြမ်းပြင်ပေါ် ထိုင်ချကာ အော်ငိုတော့သည်။မျက်ရည်တွေက ထိန်းမရခဲ့။
နှလုံးသားလေးက အရမ်းကိုနာကျင်ရသည်။
ကျနော်မှားခဲ့ပြီ။အရမ်းကိုမှားခဲ့ပြီ။
စာလေးထဲမှ အကြောင်းအရာတွေကြောင့်
သူ့ကမ္ဘာလေးပျက်သွားခဲ့ရသည်။
ဘယ်သူမှမသိတော့မည့် အမှန်တရားတစ်ခု။
မွေးရက်-6.5.2019
သေဆုံးရက်-6.5.2019
အမည်-Min Gi Hyung
ကျား/မ- ကျား
အသက်-ကိုးလ
ဖခင်အရင်းအမည်- Jeon Jungkook
ကျန်ရှိသေးသည့် အကြောင်းအရာအချို့ကတော့
Taehyung ရဲ့မှတ်ဉာဏ်ထဲတွင်သာ ထင်ကျန်ခဲ့တော့မည်။
___________________
Nora Rosalia
Vote Plz
2.9.2022
>>>>>>>>
(Zawgyi)
အသက္တမွ်ခ်စ္ရသူဟာ ဦးငယ္။
႐ူးသြပ္ေစတဲ့ အၿပဳံးေလးနဲ႕အသံေလး။
ႏွလုံးသားကို လႈပ္ခတ္ေစတဲ့ ခ်ိဳၿမိန္ေသာ
အနမ္းေလးေတြနဲ႕အထိအေတြ႕ေလးေတြ။
ခံစားမိခ်င္တယ္။
ေမာင္အရမ္းမ်ား ေလာဘႀကီးသြားေလသလား
ႏွင္းဆီငယ္ေလးရယ္။
____________________
Jungkook ႏွင့္ Taehyung ၿခံေလးအတြင္းမွ ဒန္းေလးေပၚထိုင္ေနၾကသည္။
အသီးအႏွံပန္းကန္ေလးကလည္း ေဘးတြင္ရွိေနသည္။
သို႔ေသာ္ ေျခေထာက္ေဖြးေဖြးေလးကို ေရႏြေးေလးျဖင့္အေသအခ်ာေဆးေပးေနသူကေတာ့
လက္သြယ္သြယ္ေလးေတြပင္။
ဆရာဝန္ေတြမွာထားသည့္အတိုင္း ေန႕တိုင္း
ေျခဖဝါးကိုႏွိပ္နယ္ေပးေလသည္။
ေမာင္ကမလုပ္ေပးဖို႔ေျပာေပမဲ့ က်ေနာ္ကိုယ္တိုင္ကိုက မေနနိုင္ေပ။
မ်က္ဝန္းၾကည္ၾကည္ေလးေတြက အၿမဲက်ေနာ္ရွိတတ္မယ္ထင္သည့္ အရပ္ကိုသာ မူေလသည္။
ထိုမ်က္ဝန္းေလးေတြက ဘယ္အခ်ိန္မွျပန္ျမင္ရမလဲ မသိေပမဲ့ က်ေနာ္အစြမ္းကုန္ကုသေပးမည္။
အလႉရွင္လည္းရေအာင္ရွာေနသည္။
ဒါေပမဲ့အေၾကာင္းမထူးေပ။ငါးလပင္ရွိေနေလၿပီ
ေမာင့္မ်က္ၾကည္လႊာနဲ႕ကိုက္ညီမဲ့သူက ရွာမရေသးေခ်။
ခံစားရေတြမ်ားေနၿပီ။နာက်င္ရတာေတြလည္းမ်ားေနေလၿပီ။
က်ေနာ္ ေမာင့္ကို မွတ္ဉာဏ္ေတြေတာင္ျပန္မရေစခ်င္ေတာ့ေပ။
အရင္က အေၾကာင္းေတြသိရင္ေမာင္နာက်င္ေနရမည္ေလ။
အဆုံးသတ္မွာတစ္ခုေတာ့နားလည္သြားေလၿပီ။
ေမာင့္ကို က်ေနာ္နာက်င္ေအာင္မလုပ္နိုင္ေတာ့ေပ။
Taehyung အိမ္အကူေခၚထားေပးခဲ့သည္။
Jungkook ကိုသူ႕အနားထားဖို႔အတြက္ေပါ့။
အိမ္အလုပ္ေတြႏွင့္ ခ်က္ျပဳတ္ဖို႔အတြက္က
လူတစ္ေယာက္ရွိေနမွျဖစ္မည္ေလ။
ခက္တာက က်ေနာ္ေမာင့္အတြက္သူနာျပဳေတာင္မငွားေပးရဲ။
က်ေနာ္ကိုယ္တိုင္သာ ေမာင့္ေဝယာဝိစၥေတြကိုလိုက္လုပ္ေပးသည္။
သုနာျပဳဆိုတာေတြနဲ႕စိတ္မခ်ဘဴး။
ေမာင့္ကို က်ေနာ့္ကြယ္ရာက်ရင္ ဂ႐ုမစိုက္ရင္ဘယ္လိုလုပ္မလဲ။
Jungkook အတြက္အေတြးလြန္ၿပီး စိတ္ပူေနသည့္ Taehyung...
" ဦး..."
" အင္း...ေျပာေလ ေမာင္..."
" က်ေနာ္နဲ႕ဦးက လက္ထပ္ထားတယ္ ဆိုၿပီး ဘာလို႔ သက္သက္စီေနေနၾကတာလဲ..."
" အာ...အဲ့တာကေလ..."
" ဟိုေလ...က်ေနာ္ဒီတိုင္းေမးမိတာပါ...က်န္တာဘာမွမပါဘူးရယ္...က်ေနာ္က ဦးနဲ႕သက္သက္စီအိပ္ေနရလို႔ပါ...ဒီတိုင္းေမးၾကည့္တာပါ..."
လက္ေလးကာ ကာျငင္းေနျပန္သည္။
သူပဲေမးၿပီး တစ္မ်ိဳးေတြးမွာကိုေၾကာက္ေနေလသည္။
" ေမာင္က ဦးငယ္နဲ႕အတူတူတစ္ခန္းတည္းေနခ်င္လို႔လား..."
" ဟုတ္...အာ...မဟုတ္...မဟုတ္ဘူး...က်ေနာ္... "
မ်က္ႏွာေလးရဲသြားသည့္ေမာင္။
ဟုတ္ တစ္လုံးေျဖၿပီး ရွက္ေနျပန္တယ္။
အတင္းေတြျငင္းေနျပန္သည္။
Taehyung Jungkook ေျခေထာက္ေလးႏွစ္ဖက္ကို သဘတ္ဝတ္ေလးျဖင့္ေသခ်ာစြာသုတ္ေပးရင္း...
" ဒီေန႕ကစၿပီး ေမာင္ဦးငယ္နဲ႕ တစ္ခန္းတည္းေနလို႔ရၿပီ ဟုတ္ၿပီလား..."
အၿပဳံးေလးတို႔က ျဖစ္တည္လာသည္။
သို႔ေသာ္ သူTaehyung ကိုအားနာေနေလသည္။
" ဟို...က်ေနာ္အဆင္ေျပပါတယ္ ဦး...အျမင္အာ႐ုံေတြျပန္ရၿပီး မွတ္ဉာဏ္ေတြျပန္ရၿပီးမွ ဦးနဲ႕တစ္ခန္းတည္းေနမယ္ေလ...အဲ့တာဆို ဦးလည္း အေနခက္ေနမွာမဟုတ္ဘူး..."
" ဦးငယ္ကအေနခက္စရာလား...ေမာင္နဲ႕လက္ထပ္ထားပါတယ္ဆို ဦးငယ္ ရဲ႕အမ်ိဳးသားေလ...အရင္ကလည္း တစ္ခန္းတည္းေနေနၾကပဲကို..."
ႏွာေခါင္းေလးရႈံ႕သြားသည္အထိ ၿပဳံးေလသည္။
ေမာင္ကကေလးေလးလိုပင္။
တစ္ခုခုသေဘာက်ၿပီး ေပ်ာ္ၿပီဆိုအဲ့လိုအမူအရာေလးက လုပ္တတ္ေသးတာ။
Taehyung Jungkook ေဘးတြင္ဝင္ထိုင္ေလသည္။
မ်က္ႏွာေလးကိုက်ေနာ္ရွိရာဘက္ လွည့္ကာ
က်ေနာ့္လက္ေလးကိုလွမ္းေလသည္။
တစ္ခုခုေျပာဖို႔အတြက္ အခက္ေတြ႕ေနသလိုပင္။
ေန႕တိုင္း ေမာင္က ထူးဆန္းေနသည္။
က်ေနာ့္ကို တစ္ခုခုေျပာဖို႔ႀကိဳးစားေနေပမဲ့ မေျပာေပ။
" ဦး..."
" ဗ်ာ..."
" က်ေနာ္ေလ...ဦးမ်က္ႏွာကိုထိၾကည့္လို႔ရလား...
ဦးဘယ္လိုပုံစံေလးရွိတယ္ဆိုတာ သိခ်င္လို႔..."
" ရတာေပါ့..."
Taehyung သူ႕မ်က္မွန္ကိုခြၽတ္လိုက္သည္။
ေမာင့္လက္ေလးကိုကိုင္ကာ က်ေနာ့္ပါးနဲ႕ထိေတြ႕ေပးလိုက္သည္။
ေသခ်ာလက္ႏွစ္ဖက္ႏွင့္ထိကိုင္ၾကည့္ေနသည္။
မ်က္ဝန္းေတြကို ထိေတြ႕သည္။
ႏွာေခါင္းႏွင့္ ႏႈတ္ခမ္းေလးကိုပါ ေနရာလက္မက်န္ထိေတြ႕ေနသည္။
ေနာက္ေတာ့ Jungkook Taehyung ပါးႏွစ္ဖက္ကိုဆြဲကာ...
" ဦးကခ်စ္စရာႀကီး..."
" ဟာ...ေမာင္ေနာ္...ဦးငယ္ပါးေတြကို မဆြဲနဲ႕ေလ..."
" ခ်စ္စရာႀကီး..."
ေျပာလို႔ရေတာ့ Taehyung မ်က္ႏွာက စူပုတ္ပုတ္ေလးျဖစ္သြားသည္။
ဒါကို သေဘာက်စြာရယ္ေနသည္။
" ေမာင့္ရဲ႕ ငါးစိတ္တိုႀကီး...ငါပူတင္းႀကီးပဲ..."
လြတ္ခနဲ သူ႕ကိုသူ ေမာင္ လို႔သုံးႏႈန္းမိသြားသည္။
ေမာင့္အၿပဳံးတို႔က ေပ်ာက္ကြယ္သြားရေတာ့သည္။
အရင္က က်ေနာ့္ကိုစေနာက္ေနသည့္အတိုင္း
ေျပာလိုက္တာပင္။
ေမာင္က သူ႕နားထင္ကိုသူကိုယ္တိုင္လက္ႏွစ္ဖက္ျဖင့္ဖိကိုင္ထားတယ္။
ေခါင္းကိုက္ေနၿပီနဲ႕ထင္တူတယ္။
" ေမာင္... ေမာင္...အဆင္ေျပရဲ႕လား..."
ဘာစကားမွျပန္မေျပာနိုင္ေတာ့ေပ။
တစ္စတစ္စ ပုံရိပ္ေတြနဲ႕အတူ အသံေလးေတြ။
ထိုးကိုက္လာသည့္ ေခါင္းေၾကာင့္ဘာမွစဥ္းစားလို႔မရ။
" ေမာင္..."
ေခၚသံေလးေၾကာင့္ အာ႐ုံေတြထဲျပန္မွတ္မိခ်င္လာသည္။
ငါးႏွစ္သားကေလးေလးက ဆယ့္ငါးႏွစ္အ႐ြယ္ ေကာင္ေလးရဲ႕ရင္ခြင္ထဲအိပ္စက္ေနသည္။
Jungkook မ်က္ရည္ေတြက်လာသည္။
"ဦးငယ္~"
ေခၚသံအဆုံး Taehyung ေပၚယိုင္က်လာသည့္ ကိုယ္ခႏၶာ။
"ေမာင္!...ေမာင္!...သတိထားအုံးေလ..."
လႈပ္နိုးေနေပမဲ့မရေခ်။သတိေမ့လဲသြားခဲ့သည္။
ေမာင္ တစ္ခုခုျဖစ္သြားတာ။
က်ေနာ့္ကိုလည္း ဦးလို႔မေခၚဘဲ ဦးငယ္လို႔ေခၚသည္။
Taehyung အိမ္အကူအေဒၚႀကီးကိုၿခံထဲမွ လွမ္းေခၚရေတာ့သည္။
Jungkook ကိုတစ္ဖက္စီတြဲကာ ကားထဲထည့္ဖို႔အတြက္ပင္။
ၿပီးတာႏွင့္ေဆး႐ုံကိုသာတန္းတန္းမတ္မတ္ေမာင္းထြက္သြားေတာ့သည္။
သူေျခေတြလက္ေတြပင္တုန္ေနသည္။
Jungkook သတိေမ့တာနဲ႕တင္ သူမေနတတ္ေတာ့ေပ။
-
-
-
" အကုန္အဆင္ေျပပါတယ္...အမွတ္ရစရာကိစၥတစ္ခုခုကိုေတြးမိလို႔ ျဖစ္တာပါ..."
" မစိုးရိမ္ရဘူးမလား ဆရာ..."
" ဘာမွမျဖစ္ပါဘူး...လူနာက မွတ္ဉာဏ္ေတြေပ်ာက္ဆုံးေနတာဆိုေတာ့ တခါတရံ ျပန္အမွတ္ရဖို႔အတြက္ အတင္းစဥ္းစားတာမ်ိဳးေတြေၾကာင့္ သတိေမ့လဲတာမ်ိဳးျဖစ္တတ္တာပါ..."
ဆရာဝန္၏စကားကိုသူမယုံနိုင္။
Jungkook ေဘးတြင္သာထိုင္ရင္း လက္ေလးကိုမလြတ္တမ္းဆုပ္ကိုင္ထားသည္။
" ျပန္သတိရလာရင္ စစ္ေဆးစရာေလးရွိေသးတာမို႔လို႔...ဆရာ့ကိုအေၾကာင္းၾကားေပးပါ..."
" ဟုတ္ကဲ့..."
အခန္းေလးထဲမွ ဆရာဝန္ထြက္သြားေလသည္။
စိတ္ပူတာေတြက ေလ်ာ့သြားျပန္သည္။
ေမာင္အရမ္းဆိုးတယ္။ဦးငယ္ကို အၿမဲစိုးရိမ္ထိတ္လန့္ေအာင္လုပ္တယ္။
ျပန္သတိရလာရင္ ဗိုက္ေခါက္ကိုဆြဲလိမ္ပစ္မယ္ၾကည့္ေန။
အခ်ိန္အတန္ၾကာသည္အထိ Jungkook သတိျပန္မရေသး။
သူ႕ေဘးတြင္ လက္ေလးကိုင္ကာ ကုတင္ေပၚ လက္ေလးတင္ကာTaehyung သည္လည္းအိပ္ေပ်ာ္ေနသည္။
မ်က္ဝန္းေတြက ပြင့္ဟလာသည္။
လက္ေလးကို တင္းက်ပ္စြာဆုပ္ကိုင္ထားျခင္းခံထားရသည္။
ႏွာဖ်ားထဲဝင္ေရာက္လာသည့္ ပိုးသတ္ေဆးအနံ႕ေတြေၾကာင့္ သိလိုက္ရပါၿပီ။
က်ေနာ္ေဆး႐ုံအခန္းေလးထဲျပန္ေရာက္ေနခဲ့သည္။
မ်က္ရည္ေတြက်ဆင္းလာရသည္။
အကုန္ျပန္မွတ္မိခဲ့တာေၾကာင့္ အရမ္းကိုနာက်င္ရသည္။
" ဦးငယ္..."
အသံေလးထြက္လာတာႏွင့္ ခ်က္ခ်င္းပင္ ေခါင္းေလးေထာင္လာသည့္ Taehyung...
" ေမာင္...ဘာျဖစ္တာလဲ...ဘယ္ေနရာကနာေနလို႔လဲ...ေခါင္းအရမ္းကိုက္ေနလို႔လား..."
က်ေနာ္ငိုတာျမင္တာႏွင့္ ဦးငယ္မေနနိုင္ေတာ့ေခ်။
" ေမာင့္ရဲ႕ ဦးငယ္...ေတာင္းပန္ပါတယ္...ေမာင္ ေတာင္းပန္ပါတယ္..."
" ေမာင္အခု ဦးကို ဦးငယ္လို႔ေခၚလိုက္တာလား..."
" မွိတ္မိၿပီ...ေမာင္ျပန္မွတ္မိၿပီ...ဦးငယ္ရယ္...
နာက်င္လြန္းရတယ္...ေမာင္ရဲ႕မွတ္ဉာဏ္ေတြျပန္ရေပမဲ့ အျမင္အာ႐ုံေတြက ဆုံးရႈံးေနတုန္းပဲ..."
" ေမာင္...ဦးငယ္ရဲ႕ကေလးေလး..."
Taehyung Jungkook ကိုေပြ႕ဖက္ကာ မ်က္ႏွာအႏွံတစ္ဖြဖြနမ္းေလသည္။
ငါးလၾကာမွေမာင့္ မွတ္ဉာဏ္ေတြျပန္ရခဲ့တာ။
ဒီေန႕ေလးက တကယ္ကိုေမ့မရတဲ့ေန႕ေလးျဖစ္ခဲ့ၿပီ။
" ေမာင္ေတာင္းပန္ပါတယ္ေနာ္...ဦးငယ္အေပၚ လုပ္ခဲ့တဲ့အမွားေတြအတြက္ တကယ္ကိုေတာင္းပန္ပါတယ္..."
" ေမာင္ရယ္...မငိုပါနဲ႕... "
ရွိုက္ကာငိုေနေတာ့သည့္ Jungkook...
သူ႕မွတ္ဉာဏ္ေတြျပန္ရတာႏွင့္ နာက်င္စရာအတိတ္ေတြကပါ ကပ္ပါလာေလသည္။
Taehyung သည္လည္း မ်က္ရည္ေတြက်ေနခဲ့သည္။သူ႕အတြက္ကေတာ့ ေပ်ာ္႐ႊင္ေစတဲ့မ်က္ရည္ေတြပင္။
Jungkook အေပၚခံစားခ်က္မရွိေတာ့ဘူးဆိုသည္ကလည္း အလိမ္အညာတစ္ခုျဖစ္ေနေလသည္။
က်ေနာ္ေမာင့္အေပၚ စိတ္ပူတယ္။
ေမာင္မ်က္ရည္က်ရင္လည္းမႀကိဳက္ဘူး။
နာက်င္ေအာင္လည္းမလုပ္နိုင္ခဲ့။
အခုခ်ိန္မွာ က်ေနာ္တစ္ခ်က္သတိထားမိေလသည္။
ဘာလဲဆိုေတာ့ က်ေနာ္ေမာင့္အေပၚ ဂ႐ုဏာေတြ
နဲ႕အတူ ခံစားခ်က္ေတြလည္း ရွိေနေသးသည္။
'ေမာင္' က ဦးငယ္အတြက္ အရာအားလုံးျဖစ္ခဲ့သည္ေလ။
>>>>>>>>
မိုးေတြသည္းထန္စြာ႐ြာသြန္းေနသည့္ ညေလးတစ္ည။
ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနသည္က Jungkook ပင္။
မွတ္ဉာဏ္ေတြျပန္ရၿပီးမွ Taehyung နဲ႕သူအဆင္ေျပေနေလသည္။
တစ္ေယာက္နဲ႕တစ္ေယာက္ အတိတ္ဆိုးေတြကိုေမ့ပစ္ကာရွင္သန္ေနေလသည္။
Taehyung သူ႕ရင္ခြင္ထဲ အိပ္ေပ်ာ္ေနသည့္ Jungkook ကိုတယုတယျဖစ္ေနသည္။
သူ႕ရဲ႕ကေလးငယ္ကို ခြင့္လႊတ္ေပးဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။
ေမာင္ရဲ႕အၿပဳံးေတြကို ျပန္ျမင္လိုက္ရတဲ့အခိုက္အတန့္ေလးမွာ က်ေနာ့္ရင္ထဲႏြေးခနဲ ျဖစ္သြားရသည္။
ဒီလိုတုံ႕ျပန္ခ်က္ေတြကက်ေနာ့္ အခ်စ္ဦးေလးကေမာင္ျဖစ္ေနခဲ့လို႔ပင္။
ေရေသာက္ရန္အတြက္ အိပ္ယာမွအသာအယာထလိုက္ရင္း ေျခသံေလးေဖာ့ကာ အခန္းထဲမွထြက္လာခဲ့သည္။
မီးဖိုခန္းကိုသြားမည္အလုပ္ ဘဲလ္တီးသံၾကားလိုက္ရသည္။
နာရီကို တစ္ခ်က္လွမ္းၾကည့္မိေတာ့ ညဆယ့္ႏွစ္နာရီပင္ရွိေနသည္။
ဒီအခ်ိန္ႀကီးၾကမွဘယ္သူလာတာပါလိမ့္။
လူေခၚဘဲလ္မွတစ္ဆင့္ၾကည့္လိုက္ေတာ့
ၿခံတံခါးမွ ရပ္ေနသည့္ Chan Hari ေၾကာင့္သူ
အံ့ၾသသြားရေတာ့သည္။
ၿခံတံခါးဖြင့္သည့္ ခလုတ္ေလးႏွိပ္ေပးလိုက္ေလသည္။
အိမ္တံခါးကိုဆြဲဖြင့္သည္ႏွင့္ တၿပိဳင္နက္တည္း
က်ေနာ့္ေရွ႕ေရာက္လာသည့္ Hari...
မိုးေတြ႐ႊဲေနသည္။မ်က္လုံးေတြလည္း အစ္ေနသည္။သူမ ငိုထားတာပင္။
" Hari...ဒီအခ်ိန္ႀကီးက်ေနာ့္စီလာတယ္?..."
" အခုခ်ိန္ႀကီးလာမိလို႔ေတာင္းပန္ပါတယ္...
Hari ေနာက္ရက္ကူးတာကိုမေစာင့္နိုင္ေတာ့လို႔ပါ..."
ေဘးလြယ္အိတ္ေလးထဲမွ စာအိတ္ေလးတစ္ေစာင္ကိုထုတ္ကာ Taehyung ကိုလွမ္းေပးသည္။
" ဒီစာေလးကို Taehyung Shii ဖတ္ၾကည့္မွျဖစ္ေတာ့မယ္..."
" ဘာစာမို႔လို႔လဲ..."
" Yoon မဆုံးခင္ေရးခဲ့တာပါ...Taehyung ကိုေပးဖို႔အတြက္ဆိုၿပီး Hari ကိုမွာထားခဲ့တာ...အခုမွ ဒီစာ႐ြက္ေလးကိုသတိရမိလို႔ပါ..."
Yoongi ေရးထားတဲ့ စာေလးဆိုတာေၾကာင့္
Taehyung မ်က္ႏွာေလးညိုးသြားေလသည္။
" ဖတ္ၾကည့္ပါ...ဒီထဲမွာ အမွန္တရားတစ္ခုပါေနလို႔ပါ..."
" အမွန္တရားတစ္ခု?..."
" ဟုတ္ပါတယ္...Hari မဖတ္ရေသးပါဘူး...
ဒီေန႕မွစာေလးကိုသတိရမိတာနဲ႕အခု ခ်က္ခ်င္းလာေပးတာပါ...Yoon မွာသြားတာကေတာ့
ဒီထဲမွာ Taehyung မျဖစ္မေနသိသင့္တဲ့အမွန္တရားရွိေနသည္တဲ့ေလ..."
Taehyung သူ႕လက္ထဲမွ စာအိတ္ေလးကိုၾကည့္ကာ စူးစမ္းခ်င္စိတ္ေတြျဖစ္လာသည္။
" Hari ကိုျပန္ခြင့္ျပဳပါအုံး..."
" ခန..."
က်ေနာ့္စကားကိုပင္နားမေထာင္ သူမ ကားေလးစီေျပးသြားေလသည္။
ေနာက္ေတာ့ ေမာင္းထြက္သြားေလသည္။
အိမ္တံခါးကိုျပန္ပိတ္ကာ ဧည့္ခန္းတြင္ထိုင္ခ်လိဳက္သည့္ Taehyung...
စာအိတ္ေပၚမွ စာတန္းေလးက
'အသဲငယ္အတြက္ အမွန္တရားတစ္ခု' တဲ့။
စာအိတ္ေလးကိုဖြင့္ကာ ဖတ္ၾကည့္လိုက္သည္။
လက္ေတြလည္းတုန္လာရသည္။
မ်က္ရည္ေတြလည္း က်လာရသည္။
အသံတိတ္ေလးသာငိုေႂကြးရေတာ့သည္။
" ေမာင္..."
ဒီစာကိုေမာင္ဖတ္မိလို႔မျဖစ္ဘူး။
အကယ္၍ ဖတ္မိရင္ ေမာင္စိတ္ဒဏ္ရာရသြားလိမ့္မယ္။
က်ေနာ္ တကိုယ္ေကာင္းဆန္ခဲ့သည္။
ေမာင့္ကိုသာအျပစ္ေတြတင္ရင္း ေနထိုင္ခဲ့သည္။
တကယ္တမ္းက် ဗီလိန္ဟာေမာင္မဟုတ္ခဲ့ဘူး။
က်ေနာ္ကိုယ္တိုင္ျဖစ္ေနေလသည္။
စာ႐ြက္ကိုယူကာမ်က္ရည္ေတြျဖင့္ မီးဖိုခန္းမွ ေရခ်ိဳးခန္းေလးထဲေျပးသြားသည့္ Taehyung...
အိမ္သာထဲ စာ႐ြက္ေတြကိုအပိုင္းပိုင္းဆြဲၿဖဲကာ ထည့္ၿပီး ေရဆြဲခ်လိဳက္သည္။
က်ေနာ္တစ္ေယာက္တည္းသာသိေတာ့မည့္အမွန္တရားတစ္ခု။
ဘယ္သူ႕ကိုမွ ျပန္ေျပာမည္မဟုတ္ေခ်။
ရင္ေတြနာလိုက္တာ ေမာင္ရယ္။
ေရခ်ိဳးခန္းၾကမ္းျပင္ေပၚ ထိုင္ခ်ကာ ေအာ္ငိုေတာ့သည္။မ်က္ရည္ေတြက ထိန္းမရခဲ့။
ႏွလုံးသားေလးက အရမ္းကိုနာက်င္ရသည္။
က်ေနာ္မွားခဲ့ၿပီ။အရမ္းကိုမွားခဲ့ၿပီ။
စာေလးထဲမွ အေၾကာင္းအရာေတြေၾကာင့္
သူ႕ကမၻာေလးပ်က္သြားခဲ့ရသည္။
ဘယ္သူမွမသိေတာ့မည့္ အမွန္တရားတစ္ခု။
ေမြးရက္-6.5.2019
ေသဆုံးရက္-6.5.2019
အမည္-Min Gi Hyung
က်ား/မ- က်ား
အသက္-ကိုးလ
ဖခင္အရင္းအမည္- Jeon Jungkook
က်န္ရွိေသးသည့္ အေၾကာင္းအရာအခ်ိဳ႕ကေတာ့
Taehyung ရဲ႕မွတ္ဉာဏ္ထဲတြင္သာ ထင္က်န္ခဲ့ေတာ့မည္။
___________________
Nora Rosalia
Vote Plz
2.9.2022