ရစ် ပတ် နှောင် တွယ်....မောင့်...

By LibraO161003

937K 70.7K 3.5K

မောင်က ချည်ပါ ငါက သီပါ့မယ် ရစ်ပတ်နှောင်တွယ်...မောင့်ထံမှာ ငါအကြိမ်ကြိမ် ရှုံးပါရစေ..... မောင်က ငါ့ကိုပြုံးရုံ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
Pls Read 🚨🚨
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀ (18+ Warning🚨)
အပိုင်း (၃၁)
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
ဇာတ်သိမ်းပိုင်း
💛🙏 ကျေးဇူးတင်လွှာ💛🙏
ရှမ်းပြည် မှ ပုဂံသို့ (ရွမ္းျပည္ မွ ပုဂံသို႔ )
Extra (အလွမ်းပြေ)
အမရပူရသို့အလွမ်းပြေ
အမရပူရသို့အလွမ်းပြေ ၂
👀🤎
Preorder Now 🚨
Hello 👀

အပိုင်း ၁၄

21.2K 1.9K 65
By LibraO161003

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"အဝိဇ္ဇာ တဏှာအမှောင်ဖုံးတယ်ဆိုဆို....
တပ်မက်ခြင်းတဏှာမှာငြိတွယ်တယ်ဆိုဆို...
မောင်မင်းကိုတစ်စက္ကန့်လေးမှ
ကိုယ့်အနားကနေခွဲမသွားစေချင်တာ
ကိုယ့်ဆန္ဒရယ်ပါ...."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရစ် ပတ် နှောင် တွယ်...မောင့် ထံ ဝယ် အပိုင်း (၁၄)
..............................................................

ပြာလွင်လွင်မိုးသားထက်၌ တိမ်ဖြူဖြူကလေးများက အရိပ်ထင်နေသည်။ တစ်ချက်တစ်ချက် ခပ်မြင့်မြင့်ပျံသန်းသွားသော ငှက်ကလေးများအားကြည့်ခြင်းအားဖြင့် ဒီနေ့ရာသီတုသာယာသည်ကိုသိနိုင်သည်။

မြူဟန်မောင်ရယ်၊တိမ်ညိုနှောင်းရယ် ယနေ့တွင်တော့ ရွာဦးဘုန်းကြီးကျောင်းသို့ရောက်နေခြင်းဖြစ်သည်။

တစ်ဖက်က ဖိုးစည်ကပဝါစလေးကိုကိုင်ထားသည်။ တစ်ဖက်က မြူဟန်မောင်က ကျန်ပဝါစလေးကိုကိုင်၍ အလယ်တွင် တိမ်ညိုနှောင်းက ထိုင်နေသည်။

ပြီးခဲ့သောရက်ကတည်းက တိမ်ညိုနှောင်းက မြူဟန်မောင့်ကို ပူဆာတာတစ်ခုရှိသည်။

"မောင်ရေ ငါ ရဟန်းဝတ်ချင်တယ်" တဲ့လေ။

မြူဟန်မောင့်အနေဖြင့် သူယခုလို ဘာသာရေးကိုသိတတ်တာ သူနားလည်ပါသည်။ သို့သော်...
ယခုလို သူနှင့်ခွဲနေရမည်ဆိုတာကြီးက မြူဟန်မောင့်အတွက်အဆင်မပြေလှပေ။ ဘာလို့ဆို သူနှောင်းနှင့်ခွဲမနေနိုင်ဘူးမဟုတ်လား။

ထိုအခါ နှောင်းက သေချာရှင်းပြလေသည်။

"မောင်... ငါငယ်ငယ်ကတည်းက မိဘလည်းမရှိဘူး။ ငါဇာတ်ထဲမှာပဲ သူများအရိပ်အခြေကြည့်ပြီးငါနေခဲ့ရတာမောင်။
မိန်းမတစ်ယောက်လို ဝတ်စားကပြခဲ့ရတဲ့ငါက စင်စစ်ယောကျ်ားတစ်ယောက်ပါမောင်။"

"ငါတို့မြန်မာအမျိုးသားယောကျ်ားတစ်ယောက်ဟာ ငယ်ရွယ်စဥ်အခါမှာ ရှင်ပြုချင်ကြတယ်။
အသက်နှစ်ဆယ်ပြည့်တဲ့ယောကျ်ားတစ်ယောက်ဟာ ရဟန်းခံ၊ပဥ္ဇင်းတက်မှ လူဖြစ်ရကျိုးနပ်တယ်မောင်"

"ငါ...အခု ပဥ္ဇင်းခံချင်တယ်မောင်"

နှောင်းကယခုလို စိတ်အားထက်သန်နေသည့်အခါမှာတော့ သူလည်း ထူး၍ မတားနေတော့ပဲ ခွင့်ပြုပေးခဲ့သည်။

ယခုအခါတွင်တော့ ရွာဦးဆရာတော်ဘုရားက နှောင်းကို ဆံချပေးနေသည်။

ထိုမြင်ကွင်းကိုကြည့်နေရင်းမှ မြူဟန်မောင်ဘာကြောင့်ရယ်မသိ။ မျက်ရည်ကအလိုလို ကျဆင်းလာမိသည်။

ဆံအားလုံးချပြီးသည့်အခါတွင်တော့ ဦးမော့လာသော တိမ်ညိုနှောင်းမျက်နှာတွင် ကျေနပ်ပီတိသောအပြုံးတစ်ခုကနေရာယူထားသည်။

သင်္ကန်းတောင်းများရွတ်ဆို၍သင်္ကန်းစီးပြီး သိမ်ဝင်ကာ ရဟန်းဝတ်သို့ပြောင်းသွားသောအခါ
စနေသား တိမ်ညိုနှောင်း၏ ရဟန်းဘွဲ့နာမည်မှာ
"နန္ဒိယ"ဖြစ်လေသည်။

"အရှင်နန္ဒိယ"

"ဘုရား"

ဆရာတော်က အရှင်နန္ဒိယ ဟုခေါ်သည်နှင့် "ဘုရား" ဟုကျေနပ်စွာထူးသော အရှင်နန္ဒိယတစ်ဖြစ်လည်း နှောင်းကိုကြည့်ကာ ပထမဆုံးသာဓုခေါ်မိသည်က မြူဟန်မောင်ပင် ဖြစ်ပေလိမ့်မည်။

>>>>>>

အိမ်ပြန်လာကတည်းက မြူဟန်မောင့်ရင်ထဲ တစ်ခုခုကိုလစ်ဟာနေသလို ခံစားမိသည်။

ထိုအခိုက် အိမ်သို့ မနေ့က ရွာမှစာသင်ကျောင်းကလေးပြုပြင်ရန် အစီရင်ခံတင်ပြမည့် ကိုငနီကရောက်လာလေသည်။

ရေနွေးဓာတ်ဘူးကို ဧည့်သည်ရှေ့ချပေးရန်ကြံလိုက်စဥ် ရေနွေးက ကုန်နေလေသည်။

"နှောင်းရေ ရေနွေးလေးလာထည့်ပေးပါအုံးကွာ"

မြူဟန်မောင်ကအရင်နေ့များကဲ့သို့ပဲ အိမ်ထဲသို့လှည့်ကာ ပြောလိုက်ပေမဲ့ တကယ်တမ်းဓာတ်ဘူးနောက်တစ်လုံးလေးကို ယူ၍ထွက်လာသည်က ဖိုးစည်ဖြစ်နေလေသည်။

"သူကြီးလေးကလည်း မေ့တတ်ရန်ကော။
ညိုနှောင်းက ဦးဇင်းဝတ်နေတာလေဗျာ"

ထိုအခါမှ မြူဟန်မောင်သတိရသွားဟန်နှင့်

"ဟေ...အေး..ဟုတ်သားပဲ"

ဆိုပြီး ရှက်ကိုးရှက်ကန်းနှင့်အလုပ်စ​ကားကို ဆက်ဆွေးနွေးကြရသည်။

မောင်ငနီနှင့်စကားပြောနေသည်မှာ အချိန်မည်မျှကြာသွားသည်မသိ။ မောင်ငနီပြန်သွားချိန်တွင်တော့ ခေါင်းပေါ်တွင်နေတည့်တည့်ရောက်နေလေပြီ။

'ဒီအချိန် နှောင်းရော နေ့လယ်စာစားပြီးပြီလားမသိဘူး'။

တစ်ယောက်တည်းတွေးရင်း ခြံပြင်ကိုအကြောင်းမဲ့ငေးစိုက်ကြည့်နေချိန် ဘေးနားသို့ ဖိုးစည်က လာရပ်၍ပြောလေသည်။

"သူကြီးလေး၊နေ့လယ်စာစားချိန်ရောက်ပြီလို့"

"ဟေ...အေးအေး...စားမယ်..စားမယ်"

သူလည်းအတွေးကိုဖြတ်ကာ ဖိုးစည်နှင့်အတူ အိမ်ပေါ်သို့တက်ကာ မီးဖိုချောင်ဘက်သို့သွား၍ ထမင်းဝိုင်းကလေးတွင်ထိုင်လိုက်ပြီး နေ့လယ်စာကိုစားလိုက်သည်။

>>>>>>>

မန္တလေးနေက ယခုလို ဆောင်းဦးပေါက်စ နေ့လယ်ဆိုသေအောင်ပူလေသည်။ ယခုလိုနေ့ခင်းနေ့လယ်မျိုးဆို အရင်က နှောင်းနှင့်အတူ
အိမ်အောက်မှာဖျာလေးခင်းရင်း အိပ်ချင်အိပ်ကြမည်။ မဟုတ်လျှင်စကားပြောကြမည်။ယခုတော့...ယခုတော့ဖြင့်။..

သူလည်းထူး၍မတွေးနေတော့ပဲ အိမ်အောက်ကနေ ဆတ်ခနဲထကာ ခြေလှမ်းများဦးတည်ရာက ရွာဦးကျောင်းဆီသို့ပင်။

ဘုန်းကြီးကျောင်းဝန်းထဲသို့ရောက်သည်နှင့် တိတ်ဆိတ်မှုကိုခံစားရသည်။ တဆာဆာကျေးငှက်သံများကလွဲရင် တခြားဘာသံမှထွေထွေးထူးထူးမကြားရပေ။

သူလည်း သူ့ဦးပဥ္ဇင်းလေးကိုလိုက်ရှာပေမဲ့ ဘယ်မှာမှမတွေ့ရပေ။ နောက်ဆုံးကြံရာမရသည့်အဆုံး ဆွမ်းစားဆောင်အနောက်နားမှာ သပိတ်များဆေးနေသော ကပ္ပိယကိုသာမေးရတော့သည်။

"ဟော...သူကြီးလေး ဘာကိစ္စရှိလို့များလဲ"

ဒီရွာမှာက အသက်ငယ်ငယ်လေးနဲ့ သူကြီးလုပ်တာ မြူဟန်မောင်တစ်ယောက်တည်းရှိသေးသည်လေ။ ဒါကြောင့်မို့တစ်ရွာလုံးက သူ့ထက်အသက်ကြီးသည့်သူများက သူ့ကို'သူကြီးလေး' 'သူကြီးလေး' နဲ့ခေါ်ရာမှ တစ်ရွာလုံးက "သူကြီးလေး" ဆိုပြီးဖြစ်သွားခြင်းဖြစ်သည်။

"သူကြီးလေးဘာလုပ်ချင်လို့လဲလို့"

"ဗျာ..ဟို...ဟို....လေ ဦးပဥ္ဇင်းလေးနန္ဒိယ ဘယ်မှာရှိနေမလဲမသိဘူး"

"အော် ဦးဇင်းလေးက ဟိုးဘက်စေတီလေးမှာဆွမ်းစားပြီးကတည်းက တရားထိုင်မယ်ဆိုပြီးထွက်သွားတယ်"

"သြော်...ဟုတ်ကဲ့...ဟုတ်ကဲ့...."

ဆိုပြီးသူလည်းမပြေးရုံတမယ်ခြေလှမ်းများနှင့် စေတီကလေးဆီသို့ပြေးလာခဲ့သည်။

>>>>>>

'ဝင်လေ...ထွက်လေ...
ဝင်လေ....ထွက်လေ....'

လူ့ဘဝတစ်လျှောက်လုံး ရှုသွင်း၊ရှိုက်ထုတ်နေရသော နှာသီးဖျားက ဝင်လေ၊ထွက်လေ ကို မှတ်ရှူရင်းသူ့စိတ်ကိုသူ စုစည်းနေလေသည်။

ထိုအခိုက် နားအကင်းပါးလှသော ဦးပဥ္ဇင်းလေးက စေတီပေါ်သို့တက်လာသော ခြေသံကိုသတိထားမိလေသည်။

ညာခြေကိုအရင်လှမ်းပြီးမှဘယ်ခြေကိုခပ်ဖွဖွနင်းတယ်။ မရည်ရွယ်သော်ငြား ခြေတစ်လှမ်းလှမ်းရင်ကြားလိုက်ရသော ပုဆိုးအသံနှင့် လေအဝေ့နှာခေါင်းကိုလာထိပါးသော ကိုယ်သင်းရနံ့က မည်သူဆိုတာကိုပြေးမကြည့်ပဲသိလေသည်။

သူလည်းတရားမှတ်ကိုရပ်လိုက်ပြီး ဘုရားကိုဦးသုံးကြိမ်ချလိုက်ကာ မတ်တပ်ရပ်လိုက်တော့ မိမိနှင့်မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်သူက လက်အုပ်ကလေးကိုချီကာ ကိုယ်လေးကိုရို့ထားသည်။

"ဘာပြောစရရှိလို့လဲ ဒကာလေး"

"ဗျာ....ဘုရား...မောင်....အဲ...တပည့်တော်"

နှုတ်ကျိုးနေသောအသုံးအနှုန်းများကို ​မပြင်ဆင်မိသဖြင့် သူ့ကိုယ့်သူ နှုတ်စည်းကိုမနည်းစောင့်ဆိုင်းနေရသည်က မြူဟန်မောင်ပါပင်။

"ဟို....တပည့်တော်....ဦးပဥ္ဇင်းကို သတိရနေလို့ပါဘုရား"

ထိုအခါ ဦးပဥ္ဇင်းက တည်ကြည်သောမျက်နှာထပ်ဘာမှကိုခံစားရသည့်ပုံမပေါ်ပဲ အေးဆေးစွာပင်သူ့ကိုပြန်ကြည့်လိုက်သည်။

"ဒကာလေး...ငြိတွယ်ခြင်းက တဏှာတဲ့။
တက်မက်ခြင်းဟာ လောဘတွေပဲမို့....
တဏှာလောဘတွေကို မတပ်မက်မိအောင်နေရ
မယ် ဒကာလေး။

ဒါမှဦးပဥ္ဇင်းတို့ဟာ ဒီသံသရာဝဋ်ဆင်းရဲက ကျွတ်လွတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို မြန်းနိုင်မယ်မဟု​တ်လား။ "

"တင်ပါ့ဘုရား။ဒါပေမဲ့လည်း...တပည့်တော်က
လွမ်းတဲ့စိတ်ကို ဘယ်လိုဖြေရပါ့မလဲဘုရား"

မြူဟန်မောင့်မှာ ငိုမဲ့မဲ့မျက်နှာထားဖြစ်နေရလေပြီ။ သူ့နှောင်းက တကယ်ကြီး လောကီကိုစိတ်ကုန်ပြီး ရာသက်ပန်တရားအားထုတ်သွားရင် သူကြေကွဲရချည်ရဲ့။

"စိတ်မပူပါနဲ့ဒကာလေး။ ဦးပဥ္ဇင်းကရာသက်ပန်မဟုတ်တာမို့ စိတ်ချပြီးပြန်ပါ။
ဦးပဥ္ဇင်းရဟန်းဝတ်နေတဲ့ကာလတစ်လျှောက်တော့ တရားဘာဝနာကိုဖြောင့်ဖြောင့်အားထုတ်ချင်တာမို့ ဦးပဥ္ဇင်းကိုလာမတွေ့ဖို့လည်း မေတ္တာခံပါတယ်။"

ဆိုပြီး ဦးပဥ္ဇင်းလေးက ထွက်သွားလေသည်။ သူ့မှာလည်းထိုနေရာတွင်သာ ငူငူကြီးရပ်ကျန်နေခဲ့ရလေသည်။

"အဝိဇ္ဇာ တဏှာအမှောင်ဖုံးတယ်ဆိုဆို....
တပ်မက်ခြင်းတဏှာမှာငြိတွယ်တယ်ဆိုဆို...
မောင်မင်းကိုတစ်စက္ကန့်လေးမှ
ကိုယ့်အနားကနေခွဲမသွားစေချင်တာ
ကိုယ့်ဆန္ဒရယ်ပါ...."

>>>>>>

"ဒီနှစ်ရွာဘုရားပွဲက ဘယ်လိုအခြေအနေရှိတုန်းဒကာလေး မြူဟန်မောင့်ရဲ့"

"တင်ပါ့ဘုရား။ တပည့်တော်ကတော့ ဘုရားပွဲကိုဇာတ်ရုံထောင်ချင်ပါတယ်ဘုရား။"

"ဘာအကြံများရှိလို့လဲဒကာလေးရဲ့"

မနေ့ညက အခေါ်လွှတ်ပြီးပြောထားတာမို့ဒီမနက်ဘုန်းကြီးကျောင်းသို့ရောက်လာရခြင်းဖြစ်သည်။

ဆရာတော်ဘုရားကအရင်နှစ်များကလည်း ပြာသိုလ်လဆို ရွာဘုရားပွဲကိုခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိကြသည်လေ။ ယခုလည်းထိုဘုရားပွဲကိစ္စကိုတိုင်ပင်ရန်အခေါ်လွှတ်ခြင်းဖြစ်လေသည်။

"တပည့်တော်က ရွာဘုရားပွဲကို ဇာတ်ပါထည့်ချင်ပါတယ်ဘုရား။
ဇာတ်ပွဲကိုဖျာလက်မှတ်တွေနဲ့ပြန်ရောင်းပြီး ရလာတဲ့ငွေကို ရွာဘုရားပြန်ပြုပြင်တာရော၊တစ်ခြားလိုအပ်တဲ့နေရာတွေမှာပါ ရံပုံငွေအဖြစ်သုံးရင်အဆင်ပြေမလားလို့ပါဘုရား"

"ဒါလည်းမဆိုးဘူးဒကာလေးရဲ့။ ဒကာလေးကလူငယ်ဆိုတော့ အမြင်လည်းတယ်ရှိသကိုးကွာ။
ဒကာလေးပဲရွာသားတွေနဲ့ပြန်တိုင်ပင်လိုက်ဟုတ်ပြီလား"

ဆိုပြီး ဆရာတော်ဘုရားက နေ့ခင်းနေ့လယ် ကြိမ်းရန်အိပ်ဆောင်သို့ ကြွသွားလေသည်။

(ကြိမ်း= အိပ်စက်သည်)

ပထမတော့ မြူဟန်မောင်က ဦးပဥ္ဇင်းလေးဆီဝင်တွေ့ရန်ကြိုးပမ်းမိသော်လည်း သူ့ဦးပဥ္ဇင်းလေးသဘောမကျမည်ကိုစိုးရိမ်သဖြင်လှမ်းနေသောခြေလှမ်းများကို ရပ်တန့်ကာ အိမ်သို့ပဲပြန်ဦးတည်လိုက်သည်။

"၆ရက်...ဒီနေ့နဲ့ဆို..မောင်နဲ့နှောင်း ဝေးကွာနေတာ၆ရက်တောင်ရှိပြီ။ "

ဆက်ရန်
.
.
.
.
Libra

Sep 1,2022 (10:12PM)

(အထက်ပါအကြောင်းအရာတစ်ချိ​ု့က ဘာသာရေးကိုခုတုံးလုပ်ရေးသားခြင်းမဟုတ်ပါ။ဘယ်ပုဂ္ဂိုလ် ၊ ဘယ်လူမျိုး ၊ ဘယ်ဘာသာရေးကိုမှထိခိုက်စေခြင်းမရှိပဲ အပြုသဘောဖြင့်သာရေးသားခြင်းမို့ စာဖတ်သူများအနေဖြင့်လည်း ဝတ္ထုတစ်ပုဒ်အနေဖြင့်သာ ဖတ်ရှုနားလည်ပေးစေဖို့မျှော်လင့်ပါတယ်ခင်ဗျ)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi Font

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

"အဝိဇၨာ တဏွာအေမွာင္ဖုံးတယ္ဆိုဆို....
တပ္မက္ျခင္းတဏွာမွာၿငိတြယ္တယ္ဆိုဆို...
ေမာင္မင္းကိုတစ္စကၠန့္ေလးမွ
ကိုယ့္အနားကေနခြဲမသြားေစခ်င္တာ
ကိုယ့္ဆႏၵရယ္ပါ...."

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရစ္ ပတ္ ႏွောင္ တြယ္...ေမာင့္ ထံ ဝယ္
..............................................................

ျပာလြင္လြင္မိုးသားထက္၌ တိမ္ျဖဴျဖဴကေလးမ်ားက အရိပ္ထင္ေနသည္။ တစ္ခ်က္တစ္ခ်က္ ခပ္ျမင့္ျမင့္ပ်ံသန္းသြားေသာ ငွက္ကေလးမ်ားအားၾကည့္ျခင္းအားျဖင့္ ဒီေန႕ရာသီတုသာယာသည္ကိုသိနိုင္သည္။

ျမဴဟန္ေမာင္ရယ္၊တိမ္ညိုႏွောင္းရယ္ ယေန႕တြင္ေတာ့ ႐ြာဦးဘုန္းႀကီးေက်ာင္းသို႔ေရာက္ေနျခင္းျဖစ္သည္။

တစ္ဖက္က ဖိုးစည္ကပဝါစေလးကိုကိုင္ထားသည္။ တစ္ဖက္က ျမဴဟန္ေမာင္က က်န္ပဝါစေလးကိုကိုင္၍ အလယ္တြင္ တိမ္ညိုႏွောင္းက ထိုင္ေနသည္။

ၿပီးခဲ့ေသာရက္ကတည္းက တိမ္ညိုႏွောင္းက ျမဴဟန္ေမာင့္ကို ပူဆာတာတစ္ခုရွိသည္။

"ေမာင္ေရ ငါ ရဟန္းဝတ္ခ်င္တယ္" တဲ့ေလ။

ျမဴဟန္ေမာင့္အေနျဖင့္ သူယခုလို ဘာသာေရးကိုသိတတ္တာ သူနားလည္ပါသည္။ သို႔ေသာ္...
ယခုလို သူႏွင့္ခြဲေနရမည္ဆိုတာႀကီးက ျမဴဟန္ေမာင့္အတြက္အဆင္မေျပလွေပ။ ဘာလို႔ဆို သူႏွောင္းႏွင့္ခြဲမေနနိုင္ဘူးမဟုတ္လား။

ထိုအခါ ႏွောင္းက ေသခ်ာရွင္းျပေလသည္။

"ေမာင္... ငါငယ္ငယ္ကတည္းက မိဘလည္းမရွိဘူး။ ငါဇာတ္ထဲမွာပဲ သူမ်ားအရိပ္အေျခၾကည့္ၿပီးငါေနခဲ့ရတာေမာင္။
မိန္းမတစ္ေယာက္လို ဝတ္စားကျပခဲ့ရတဲ့ငါက စင္စစ္ေယာက်္ားတစ္ေယာက္ပါေမာင္။"

"ငါတို႔ျမန္မာအမ်ိဳးသားေယာက်္ားတစ္ေယာက္ဟာ ငယ္႐ြယ္စဥ္အခါမွာ ရွင္ျပဳခ်င္ၾကတယ္။
အသက္ႏွစ္ဆယ္ျပည့္တဲ့ေယာက်္ားတစ္ေယာက္ဟာ ရဟန်းခံ၊ပဥ္ဇင်းတက်မှ လူျဖစ္ရက်ိဳးနပ္တယ္ေမာင္"

"ငါ...အခု ပဥ္ဇင်းခံချင်တယ်မောင်"

ႏွောင္းကယခုလို စိတ္အားထက္သန္ေနသည့္အခါမွာေတာ့ သူလည္း ထူး၍ မတားေနေတာ့ပဲ ခြင့္ျပဳေပးခဲ့သည္။

ယခုအခါတြင္ေတာ့ ႐ြာဦးဆရာေတာ္ဘုရားက ႏွောင္းကို ဆံခ်ေပးေနသည္။

ထိုျမင္ကြင္းကိုၾကည့္ေနရင္းမွ ျမဴဟန္ေမာင္ဘာေၾကာင့္ရယ္မသိ။ မ်က္ရည္ကအလိုလို က်ဆင္းလာမိသည္။

ဆံအားလုံးခ်ၿပီးသည့္အခါတြင္ေတာ့ ဦးေမာ့လာေသာ တိမ္ညိုႏွောင္းမ်က္ႏွာတြင္ ေက်နပ္ပီတိေသာအၿပဳံးတစ္ခုကေနရာယူထားသည္။

သကၤန္းေတာင္းမ်ား႐ြတ္ဆို၍သကၤန္းစီးၿပီး သိမ္ဝင္ကာ ရဟန္းဝတ္သို႔ေျပာင္းသြားေသာအခါ
စေနသား တိမ္ညိုႏွောင္း၏ ရဟန္းဘြဲ႕နာမည္မွာ
"နႏၵိယ"ျဖစ္ေလသည္။

"ရွင္နႏၵိယ"

"ဘုရား"

ဆရာေတာ္က ရွင္နႏၵိယ ဟုေခၚသည္ႏွင့္ "ဘုရား" ဟုေက်နပ္စြာထူးေသာ ရွင္နႏၵိယတစ္ျဖစ္လည္း ႏွောင္းကိုၾကည့္ကာ ပထမဆုံးသာဓုေခၚမိသည္က ျမဴဟန္ေမာင္ပင္ ျဖစ္ေပလိမ့္မည္။

>>>>>>

အိမ္ျပန္လာကတည္းက ျမဴဟန္ေမာင့္ရင္ထဲ တစ္ခုခုကိုလစ္ဟာေနသလို ခံစားမိသည္။

ထိုအခိုက္ အိမ္သို႔ မေန႕က ႐ြာမွစာသင္ေက်ာင္းကေလးျပဳျပင္ရန္ အစီရင္ခံတင္ျပမည့္ ကိုငနီကေရာက္လာေလသည္။

ေရႏြေးဓာတ္ဘူးကို ဧည့္သည္ေရွ႕ခ်ေပးရန္ႀကံလိုက္စဥ္ ေရႏြေးက ကုန္ေနေလသည္။

"ႏွောင္းေရ ေရႏြေးေလးလာထည့္ေပးပါအုံးကြာ"

ျမဴဟန္ေမာင္ကအရင္ေန႕မ်ားကဲ့သို႔ပဲ အိမ္ထဲသို႔လွည့္ကာ ေျပာလိုက္ေပမဲ့ တကယ္တမ္းဓာတ္ဘူးေနာက္တစ္လုံးေလးကို ယူ၍ထြက္လာသည္က ဖိုးစည္ျဖစ္ေနေလသည္။

"သူႀကီးေလးကလည္း ေမ့တတ္ရန္ေကာ။
ညိုႏွောင္းက ဦးဇင္းဝတ္ေနတာေလဗ်ာ"

ထိုအခါမွ ျမဴဟန္ေမာင္သတိရသြားဟန္ႏွင့္

"ေဟ...ေအး..ဟုတ္သားပဲ"

ဆိုၿပီး ရွက္ကိုးရွက္ကန္းႏွင့္အလုပ္စကားကို ဆက္ေဆြးႏြေးၾကရသည္။

ေမာင္ငနီႏွင့္စကားေျပာေနသည္မွာ အခ်ိန္မည္မွ်ၾကာသြားသည္မသိ။ ေမာင္ငနီျပန္သြားခ်ိန္တြင္ေတာ့ ေခါင္းေပၚတြင္ေနတည့္တည့္ေရာက္ေနေလၿပီ။

'ဒီအခ်ိန္ ႏွောင္းေရာ ေန႕လယ္စာစားၿပီးၿပီလားမသိဘူး'ဆရာေလးေရ

တစ္ေယာက္တည္းေတြးရင္း ၿခံျပင္ကိုအေၾကာင္းမဲ့ေငးစိုက္ၾကည့္ေနခ်ိန္ ေဘးနားသို႔ ဖိုးစည္က လာရပ္၍ေျပာေလသည္။

"သူႀကီးေလး၊ေန႕လယ္စာစားခ်ိန္ေရာက္ၿပီလို႔"

"ေဟ...ေအးေအး...စားမယ္..စားမယ္"

သူလည္းအေတြးကိုျဖတ္ကာ ဖိုးစည္ႏွင့္အတူ အိမ္ေပၚသို႔တက္ကာ မီးဖိုေခ်ာင္ဘက္သို႔သြား၍ ထမင္းဝိုင္းကေလးတြင္ထိုင္လိုက္ၿပီး ေန႕လယ္စာကိုစားလိုက္သည္။

>>>>>>>

မႏၱေလးေနက ယခုလို ေဆာင္းဦးေပါက္စ ေန႕လယ္ဆိုေသေအာင္ပူေလသည္။ ယခုလိုေန႕ခင္းေန႕လယ္မ်ိဳးဆို အရင္က ႏွောင္းႏွင့္အတူ
အိမ္ေအာက္မွာဖ်ာေလးခင္းရင္း အိပ္ခ်င္အိပ္ၾကမည္။ မဟုတ္လွ်င္စကားေျပာၾကမည္။ယခုေတာ့...ယခုေတာ့ျဖင့္။..

သူလည္းထူး၍မေတြးေနေတာ့ပဲ အိမ္ေအာက္ကေန ဆတ္ခနဲထကာ ေျခလွမ္းမ်ားဦးတည္ရာက ႐ြာဦးေက်ာင္းဆီသို႔ပင္။

ဘုန္းႀကီးေက်ာင္းဝန္းထဲသို႔ေရာက္သည္ႏွင့္ တိတ္ဆိတ္မႈကိုခံစားရသည္။ တဆာဆာေက်းငွက္သံမ်ားကလြဲရင္ တျခားဘာသံမွေထြေထြးထူးထူးမၾကားရေပ။

သူလည္း သူ့ဦးပဥ္ဇင်းလေးကိုလိုက်ရှာပေမဲ့ ဘယ္မွာမွမေတြ႕ရေပ။ ေနာက္ဆုံးႀကံရာမရသည့္အဆုံး ဆြမ္းစားေဆာင္အေနာက္နားမွာ သပိတ္မ်ားေဆးေနေသာ ကပၸိယကိုသာေမးရေတာ့သည္။

"ေဟာ...သူႀကီးေလး ဘာကိစၥရွိလို႔မ်ားလဲ"

ဒီ႐ြာမွာက အသက္ငယ္ငယ္ေလးနဲ႕ သူႀကီးလုပ္တာ ျမဴဟန္ေမာင္တစ္ေယာက္တည္းရွိေသးသည္ေလ။ ဒါေၾကာင့္မို႔တစ္႐ြာလုံးက သူ႕ထက္အသက္ႀကီးသည့္သူမ်ားက သူ႕ကို'သူႀကီးေလး' 'သူႀကီးေလး' နဲ႕ေခၚရာမွ တစ္႐ြာလုံးက "သူႀကီးေလး" ဆိုၿပီးျဖစ္သြားျခင္းျဖစ္သည္။

"သူႀကီးေလးဘာလုပ္ခ်င္လို႔လဲလို႔"

"ဗ်ာ..ဟို...ဟို....ေလ ဦးပဥ္ဇင်းလေးနန္ဒိယ ဘယ္မွာရွိေနမလဲမသိဘူး"

"ေအာ္ ဦးဇင္းေလးက ဟိုးဘက္ေစတီေလးမွာဆြမ္းစားၿပီးကတည္းက တရားထိုင္မယ္ဆိုၿပီးထြက္သြားတယ္"

"ေၾသာ္...ဟုတ္ကဲ့...ဟုတ္ကဲ့...."

ဆိုၿပီးသူလည္းမေျပး႐ုံတမယ္ေျခလွမ္းမ်ားႏွင့္ ေစတီကေလးဆီသို႔ေျပးလာခဲ့သည္။

>>>>>>

'ဝင္ေလ...ထြက္ေလ...
ဝင္ေလ....ထြက္ေလ....'

လူ႕ဘဝတစ္ေလွ်ာက္လုံး ရႈသြင္း၊ရွိုက္ထုတ္ေနရေသာ ႏွာသီးဖ်ားက ဝင္ေလ၊ထြက္ေလ ကို မွတ္ရႉရင္းသူ႕စိတ္ကိုသူ စုစည္းေနေလသည္။

ထိုအခိုက္ နားအကင္းပါးလွေသာ ဦးပဥ္ဇင်းလေးက ေစတီေပၚသို႔တက္လာေသာ ေျခသံကိုသတိထားမိေလသည္။

ညာေျခကိုအရင္လွမ္းၿပီးမွဘယ္ေျခကိုခပ္ဖြဖြနင္းတယ္။ မရည္႐ြယ္ေသာ္ျငား ေျခတစ္လွမ္းလွမ္းရင္ၾကားလိုက္ရေသာ ပုဆိုးအသံႏွင့္ ေလအေဝ့ႏွာေခါင္းကိုလာထိပါးေသာ ကိုယ္သင္းရနံ႕က မည္သူဆိုတာကိုေျပးမၾကည့္ပဲသိေလသည္။

သူလည္းတရားမွတ္ကိုရပ္လိုက္ၿပီး ဘုရားကိုဦးသုံးႀကိမ္ခ်လိဳက္ကာ မတ္တပ္ရပ္လိုက္ေတာ့ မိမိႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ရပ္ေနသည့္သူက လက္အုပ္ကေလးကိုခ်ီကာ ကိုယ္ေလးကိုရို႔ထားသည္။

"ဘာေျပာစရရွိလို႔လဲ ဒကာေလး"

"ဗ်ာ....ဘုရား...ေမာင္....အဲ...တပည့္ေတာ္"

ႏႈတ္က်ိဳးေနေသာအသုံးအႏႈန္းမ်ားကို မျပင္ဆင္မိသျဖင့္ သူ႕ကိုယ့္သူ ႏႈတ္စည္းကိုမနည္းေစာင့္ထိုင္းေနရသည္က ျမဴဟန္ေမာင္ပါပင္။

"ဟို....တပည့္ေတာ္....ဦးပဥ္ဇင်းကို သတိရေနလို႔ပါဘုရား"

ထိုအခါ ဦးပဥ္ဇင်းက တည္ၾကည္ေသာမ်က္ႏွာထပ္ဘာမွကိုခံစားရသည့္ပုံမေပၚပဲ ေအးေဆးစြာပင္သူ႕ကိုျပတ္ၾကည့္လိုက္သည္။

"ဒကာေလး...ၿငိတြယ္ျခင္းက တဏွာတဲ့။
တက္မက္ျခင္းဟာ ေလာဘေတြပဲမို႔....
တဏွာေလာဘေတြကို မတပ္မက္မိေအာင္ေနရ
မယ္ ဒကာေလး။

ဒါမှဦးပဥ္ဇင်းတို့ဟာ ဒီသံသရာဝဋ္ဆင္းရဲက ကြၽတ္လြတ္ၿပီး မဂ္ဖိုလ္နိဗၺာန္ကို ျမန္းနိုင္မယ္မဟုတ္လား။ "

"တင္ပါ့ဘုရား။ဒါေပမဲ့လည္း...တပည့္ေတာ္က
လြမ္းတဲ့စိတ္ကို ဘယ္လိုေျဖရပါ့မလဲဘုရား"

ျမဴဟန္ေမာင့္မွာ ငိုမဲ့မဲ့မ်က္ႏွာထားျဖစ္ေနရေလၿပီ။ သူ႕ႏွောင္းက တကယ္ႀကီး ေလာကီကိုစိတ္ကုန္ျပီး ရာသက္ပန္တရားအားထုတ္သြားရင္ သူေၾကကြဲရခ်ည္ရဲ႕။

"စိတ္မပူပါနဲ႕ဒကာေလး။ ဦးပဥ္ဇင်းကရာသက်ပန်မဟုတ်တာမို့ စိတ္ခ်ၿပီးျပန္ပါ။
ဦးပဥ္ဇင်းရဟန်းဝတ်နေတဲ့ကာလတစ်လျှောက်တော့ တရားဘာဝနာကိုေျဖာင့္ေျဖာင့္အားထုတ္ခ်င္တာမို႔ ဦးပဥ္ဇင်းကိုလာမတွေ့ဖို့လည်း ေမတၱာခံပါတယ္။"

ဆိုၿပီး ဦးပဥ္ဇင်းလေးက ထြက္သြားေလသည္။ သူ႕မွာလည္းထိုေနရာတြင္သာ ငူငူႀကီးရပ္က်န္ေနခဲ့ရေလသည္။

"အဝိဇၨာ တဏွာအေမွာင္ဖုံးတယ္ဆိုဆို....
တပ္မက္ျခင္းတဏွာမွာၿငိတြယ္တယ္ဆိုဆို...
ေမာင္မင္းကိုတစ္စကၠန့္ေလးမွ
ကိုယ့္အနားကေနခြဲမသြားေစခ်င္တာ
ကိုယ့္ဆႏၵရယ္ပါ...."

>>>>>>

"ဒီႏွစ္႐ြာဘုရားပြဲက ဘယ္လိုအေျခအေနရွိတုန္းဒကာေလး ျမဴဟန္ေမာင့္ရဲ႕"

"တင္ပါ့ဘုရား။ တပည့္ေတာ္ကေတာ့ ဘုရားပြဲကိုဇာတ္႐ုံေထာင္ခ်င္ပါတယ္ဘုရား။"

"ဘာအႀကံမ်ားရွိလို႔လဲဒကာေလးရဲ႕"

မေန႕ညက အေခၚလႊတ္ၿပီးေျပာထားတာမို႔ဒီမနက္ဘုန္းႀကီးေက်ာင္းသို႔ေရာက္လာရျခင္းျဖစ္သည္။

ဆရာေတာ္ဘုရားကအရင္ႏွစ္မ်ားကလည္း ျပာသိုလ္လဆို ႐ြာဘုရားပြဲကိုၿခိမ့္ၿခိမ့္သဲက်င္းပေလ့ရွိၾကသည္ေလ။ ယခုလည္းထိုဘုရားပြဲကိစၥကိုတိုင္ပင္ရန္အေခၚလႊတ္ျခင္းျဖစ္ေလသည္။

"တပည့္ေတာ္က ႐ြာဘုရားပြဲကို ဇာတ္ပါထည့္ခ်င္ပါတယ္ဘုရား။
ဇာတ္ပြဲကိုဖ်ာလက္မွတ္ေတြနဲ႕ျပန္ေရာင္းၿပီး ရလာတဲ့ေငြကို ႐ြာဘုရားျပန္ျပဳျပင္တာေရာ၊တစ္ျခားလိုအပ္တဲ့ေနရာေတြမွာပါ ရံပုံေငြအျဖစ္သုံးရင္အဆင္ေျပမလားလို႔ပါဘုရား"

"ဒါလည္းမဆိုးဘူးဒကာေလးရဲ႕။ ဒကာေလးကလူငယ္ဆိုေတာ့ အျမင္လည္းတယ္ရွိသကိုးကြာ။
ဒကာေလးပဲ႐ြာသားေတြနဲ႕ျပန္တိုင္ပင္လိုက္ဟုတ္ၿပီလား"

ဆိုၿပီး ဆရာေတာ္ဘုရားက ေန႕ခင္းေန႕လယ္ ႀကိမ္းရန္အိပ္ေဆာင္သို႔ ႂကြသြားေလသည္။

(ႀကိမ္း= အိပ္စက္သည္)

ပထမေတာ့ ျမဴဟန္ေမာင္က ဦးပဥ္ဇင်းလေးဆီဝင်တွေ့ရန်ကြိုးပမ်းမိသော်လည်း သူ့ဦးပဥ္ဇင်းလေးစဘောမကျမည်ကိုစိုးရိမ်သဖြင်လြှမ်းနေသောခြေလှမ်းများကို ရပ္တန့္ကာ အိမ္သို႔ပဲျပန္ဦးတည္လိုက္သည္။

"၆ရက္...ဒီေန႕နဲ႕ဆို..ေမာင္နဲ႕ႏွောင္း ေဝးကြာေနတာ၆ရက္ေတာင္ရွိၿပီ။ "

ဆက္ရန္
.
.
.
.
Libra

Sep 1,2022 (10:12PM)

(အထက္ပါအေၾကာင္းအရာတစ္ခ်ို႔က ဘာသာေရးကိုခုတုံးလုပ္ေရးသားျခင္းမဟုတ္ပါ။ဘယ္ပုဂၢိုလ္ ၊ ဘယ္လူမ်ိဳး ၊ ဘယ္ဘာသာေရးကိုမွထိခိုက္ေစျခင္းမရွိပဲ အျပဳသေဘာျဖင့္သာေရးသားျခင္းမို႔ စာဖတ္သူမ်ားအေနျဖင့္လည္း ဝတၳဳတစ္ပုဒ္အေနျဖင့္သာ ဖတ္ရႈနားလည္ေပးေစဖို႔ေမွ်ာ္လင့္ပါတယ္ခင္ဗ်)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>






Continue Reading

You'll Also Like

779K 64.6K 33
(စိတ်ကူးယဉ္သက်"သာရေးထားခြင်း၊ ဘုရားလောင်းဇာတ်၊လူမျိုး၊ ဘာသာ၊ဘယ်သူကို၊ဘယ်အမျိုးသမီး၊အမျိုးသားကိုမှထိခိုက်စေလိုချင်းမရှိပါ) {~ဒဿဖုန်းမြင့်} ကိုကို..ကျွ...
4.4M 369K 54
(Zawgyi and Unicode) Trust me,you are my one in millions Romance,Funny, Sweet & Pure BL Cover design by Su Myat Yadanar
470K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
255K 40.9K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .