Unicode
ထိုက်တန်တစ်ယောက် ကော်ဖီခွက်ကိုင်ရင်း မီးဖိုခန်းထဲ ကော်ဖီဖျော်နေတုန်းမှာပဲ သူ့ဘေးနားလာပြီး မာန်ဖီပြနေတဲ့ကြောင်အား တွေ့ရ၏ ။ ကြောင်က သူ့အားကြည့်ပြီး ရန်သူတစ်ယောက်ကိုတွေ့နေရသလိုမျိုး ကုပ်ဖို့ချောင်းနေသည် ။ သူ့မျက်နှာထက် ကြောက်စရာအပြုံးတစ်ခု လုပ်ယူလိုက်ပြီး ကိုယ်ကိုကိုင်းရျ် ကြောင်ကိုပြန်စိုက်ကြည့်နေလိုက်၏ ။
"မင်းက ငါ့ကိုရန်လိုနေတာလား!''
မြောင်......
"ဘာလဲ ငါကမင်းကို သတ်ပစ်မှာစိုးရိမ်နေတာလား''
သူ့အသံက တည်ငြိမ်တယ်ထင်ရပေမဲ့ ကြားရသူတိုင်းအတွက် ကျောချမ်းစရာအတော် ကောင်းသည် ။ သူက ရေခဲသေတ္တာထဲမှငါးသေတ္တာဗူးကိုယူပြီး အဖုံးဖွင့်ကာ ကြောင်ရှေ့ချပေးလိုက်သည် ။ မျက်နှာမှာလဲ ခုနအပြုံးကြီးအားချိတ်ဆွဲလျက်....
"ဝအောင်စား! မင်းအတွက်နောက်ဆုံးစားခြင်းလဲ ဖြစ်သွားနိုင်တယ် ''
မြောင်.....မြောင်.....
ကြောင်က ဘယ်လောက်ပဲ မာန်ဖီနေစေအုံးတော့ သူ့ရှေ့ကအစားကောင်းကိုတော့ မျက်နှာမလွှဲနိုင်ပေ ။
......................
"ကြာလိုက်တာ တိမ်ယံရာ၊ ငါထိုင်စောင့်နေတာ ဖင်သေတော့မယ်ကွ!''
"မင်းကလဲကွာ ငါလဲမင်းလှမ်းခေါ်ချင်းထွက်လာတာပဲဟ! လမ်းမှာ ကားတွေက ဒီလောက်ကြပ်နေတာကို''
"ထားပါတော့ ဘာစားမလဲမှာလိုက်''
"အေး....ငါအအေးပဲသောက်မယ် မင်းမှာလိုက်''
ထုထည်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီး သူ့အတွက် စတော်ဘယ်ရီအအေးတစ်ခွက်မှာပေးသည် ။ ခဏအကြာသူ့အတွက် ဖျော်ရည်ခွက်လေးလာချပေးသွားတာကြောင့် သူအမြန်တစ်ငုံမော့လိုက်သည် ။
"ဖြည်းဖြည်းသောက် ၊ သီးနေအုံးမယ်''
"အေးပါ ခေါ်တာ ဘာပြောမလို့လဲ ''
"မင်းလိုချင်တဲ့ ဖိနပ်တွေ ငါ့အမေဆိုင်မှာရောက်နေပြီ အဲ့တာမင်းလိုက်ကြည့်မလားလို့ ငါကခေါ်တာ''
"ဟုတ်လား ဒါဆို အခုသွားမယ်လေ''
"နေပါအုံး မင်းကလဲ မလောစမ်းပါနဲ့ ''
"ဘာဖြစ်လို့လဲ မင်းကလဲကွာ ၊ တော်ကြာသူများတွေ လာဝယ်သွားရင် ငါမကြည့်ရပဲနေလိမ့်မယ်ကွ!''
"ငါမင်းအတွက် ဖယ်ထားခိုင်းခဲ့ပါတယ်ကွာ ၊ ပြီးမှ အေးဆေးသွားလဲရတယ် ''
"ဒါဆို မင်းကအခု ဘာလုပ်မှာမလို့လဲ''
"မင်းနဲ့ လျှောက်လည်မလို့''
"ဘာ........''
"ဖြည်းဖြည်းအော်ပါကွာ နားတွေလဲပွင့်ထွက်ကုန်တော့မယ်ဟ!''
"ဘာလို့ငါနဲ့လဲ မိယွန်းတို့လဲမပါပဲနဲ့''
ထုထည်က နှခေါင်းရှုံ့လိုက်ပြီး သူ့အားပြန်ကြည့်လာသည် ။
"အဲ့အာပြဲမတွေနဲ့သွားရင် နားညီးလို့ပေါ့ကွ''
"ဒါဆို ငါကအာမပြဲလို့ မင်းကအဖော်ခေါ်တာပေါ့လေ''
"မင်းက ယွလို့လေ''
"ဘာ....မင်း! မင်း! ထုထည်ကောင် အစုတ်ပလုတ်ကောင် တော်ပြီ မင်းနဲ့မလိုက်တော့ဘူး''
"ဒါဆို ဖိနပ်မပြဘူး''
"အဟင့်....မင်းနော်''
ငိုမဲ့မဲ့လုပ်ပြတော့ ဒင်းက လျှာထုတ်ပြပြီး ဟားတိုက်ရယ်နေတော့သည် ။ စိတ်တိုလွန်းလို့ ယံယံ၏ မျက်နှာလေးမှာ ရဲတွတ်နေတော့၏ ။
"ခွေးကောင်''
"ဘာပြောတယ်''
"အဟင့် ဘာမှဟုတ်ဖူးလို့''
လက်ထဲက အဖျော်ရည်ခွက်လေးကို အကုန်မော့ချလိုက်ပြီး ထုထည်အား မျက်စောင်းချည်းထိုးနေလိုက်သည် ။ ထုထည်ကပါ လက်ကျန်ကော်ဖီကို အကုန်သောက်လိုက်ပြီး ပိုက်ဆံရှင်းလိုက်ရင်း နှစ်ယောက်သား ကစားကွင်းကို ဦးတည်တော့၏
ခေါ်လာတာ ထုထည်ဆိုပေမဲ့ သည်ရောက်တော့ ဟိုဒီကစားဖို့ဆွဲခေါ်ခံရသူက ထုထည်ဖြစ်သွားရ၏ ။ ဝက်ပေါက်လေးကတော့ တဝါးဝါးနဲ့ အပျော်လွန်နေတော့သည် ။
"ထုထည် ဟိုဟာကြီးသွားစီးရအောင်''
လက်ညိုးညွှန်ပြနေသည်မှာ အကွေ့အကောက်များသော အရာကြီးစီကိုပင် ။ ထုထည်မျက်ခုံးတစ်ချက်ပင့်ရျ် ရင်တောင်တုန်သွားမိ၏ ။ သို့သော်လည်း စိတ်အားထက်သန်နေသူကြောင့် အပြုံးမပျက်ခေါ်ရာပါသွားရပြန်တော့သည် ။
လူအများ အော်ဟစ်သံအပြည့်နှင့် စီးနင်းရာမှာ ထုထည်ကတော့ပျို့လို့အန်ချင်နေတော့ပြီ ဒင်းလေးကတော့ တဟီးဟီးနဲ့ အရယ်အပြုံးမပျက်ပေ ။ ပြီးသွားတော့ ထုထည်ပြေးဆင်းကာ အန်ရတဲ့အဖြစ် ။
"အိုက်ရား....ထုထည်မင်းကလေ လူကောင်ကြီးမှအားမနာ ကြောက်တတ်လိုက်တာလွန်ရော''
"ငါလုပ်ရင် နာအုံးမယ် ဒါကြီးကို မင်းမလို့ စီးချင်တယ် မူးနှောက်နေတာပဲဟ!''
"အဟီး.....ပျော်စရာကြီးပါ မင်းကလဲ ''
"ကဲ....ဒါပြီးရင် ဘာထပ်စီးချင်သေးလဲ''
"ဟင့်အင်း....ငါဗိုက်ဆာလာပြီ ရေခဲမုန့်စားချင်တယ်''
ဟိုနားက ရေခဲမုန့်သည်အားလက်ညိုးထိုးလို့ ဗိုက်ပုပ်ပြနေတဲ့ ဝက်ပုတ်လေးပင် ။ ထုထည် မပြုံးပဲမနေနိုင်တော့ တိမ်ယံက တအားချစ်ဖို့ကောင်းနေသည် ။
"အင်း.....ဝယ်ကျွေးမယ်''
နောက်ဆုံး အပျော်လွန်သွားတဲ့တိမ်ယံက သူ့အားအတင်းဆွဲရျ် ထိုအသည်စီပြေးတော့သည် ။ စတော်ဘယ်ရီသိပ်ကြိုက်တဲ့တိမ်ယံက စတော်ဘယ်ရီအရသာကိုသာ ဝယ်စားတော့၏ ထိုအချိန် တိမ်ယံ၏ ဖုန်းလေးမှာ တုန်ခါလျက် ။
"ဟယ်လို ယံယံပြောနေပါတယ်''
"ကလေး.....ကိုယ်ပါ''
"ဟာ....ကိုကို ပြောလေ ဘာပြောမလို့လဲ''
"ယံယံရဲ့ကြောင်လေးလေ.....''
တစ်ဖက်က စိတ်မကောင်းဟန်နဲ့ ပြောနေတာကြောင့် တိမ်ယံဖြတ်မေးမိလိုက်၏ ။ နောက်ဆုံး ကိုကို၏စကားကြောင့် တိမ်ယံကိုယ့်နားကိုယ်မယုံနိုင်တော့ ။
"ဘာဖြစ်လို့လဲ တိမ်ယံ''
"အင့်! ရွှတ်! ငါ....ငါအခုအိမ်ပြန်မှဖြစ်မယ်''
ရှိုက်သံ မသိမသာထွက်ကာ အပြင်ကိုပြေးထွက်သွားပြန်သော ယံယံနောက် သူပါပြေးလိုက်တော့သည် ။
"ငါ့ကားနဲ့ လိုက်ပို့ပေးမယ် လာ....''
လက်ကိုအတင်းဆွဲကာ ကားစီသွားရျ် တိမ်ယံ၏ အိမ်ကိုမောင်းလာခဲ့သည် ။ အိမ်ရောက်တော့ တိမ်ယံက ကားထဲမှ ပြေးဆင်းပြီး အိမ်ထဲဝင်သွားသည် ။
"မမရေ.....မမ!''
"ယံယံ.......''
"အဟင့်.....တုံတုံကောဟင် မမ တုံတုံဆေးခန်းပြရလို့ဆို ဘာဖြစ်တာလဲဟင် ''
မဟေသီ ရှေ့က ပြာယာခတ်နေတဲ့ မောင်လေးကို ကြည့်ပြီး စိတ်ထဲမကောင်းပေ ။ အရမ်းသံယောဇဥ်ကြီးတတ်လွန်းတဲ့ သူမ၏မောင်လေးက တုံတုံသေတာကိုသာ သိရင် ဘယ်လောက်များ စိတ်ထိခိုက်သွားချေမလည်း ။
"ယံယံ......တုံတုံက သေသွားပြီ''
"ဗျာ....ဘာ ဘာလို့လဲ မနက်ကမှအကောင်းကြီးပါ မမနော် ယံယံကိုမစနဲ့ ငိုလိုက်မှာ''
"မမ အတည်ပြောတာပါ မောင်လေးရယ်''
ချက်ခြင်းပင် မျက်ရည်တွေရစ်ဝိုင်းလာကာ မျက်နှာလေးက မယုံဘူး ဆိုတဲ့ အဓိပ်ပါယျတှေ ပါနေသည် ။ ခေါင်းကို အတွင်တွင်ခါလျက် တုံတုံအား အော်ဟစ်ခေါ်နေတော့၏ ။
"ယံယံ......''
အသံပိုင်ရှင်ဘက် အသီးသီးမျက်နှာလှည့်ကုန်ကြတော့ လက်ထဲက ကြောင်သေကို တယုတယပွေ့ပိုက်ရင်း အိမ်အပေါ်ထပ်ကနေဆင်းလာတဲ့ ထိုလူက ထိုက်တန်စေမောင်ပင် ။ မျက်နှာထက် ဝမ်းနည်းနေသည့်အမူအယာမပြသော်လည်း အနည်းငယ်စိတ်မကောင်းဟန် အသွင်ကိုဆောင်ယူထားသည် ။
"ကိုကို......တုံတုံ မသေဘူးမလားဟင်''
မျှော်လင့်နေသည့် မျက်ဝန်းငယ်လေးတွေနဲ့ မေးလာတဲ့ကောင်လေးကြောင့် သူ့ရင်ထဲ သနားစိတ်ဝင်ရမဲ့အစား မနာလိုမှုတွေသာ ဝင်ရောက်နေရာယူနေ၏ ။
အဲ့လောက်တောင် ဒီကြောင်သေမှာ ကြောက်နေရသလား.....ကြောင်တစ်ကောင်အတွက်နဲ့ သူ့ရှေ့မှာ မျက်နှာလာညှိုးပြနေတာတဲ့လေ ဘယ်လောက်စိတ်တိုချင်စရာ ကောင်းလိုက်သလဲ!
စိတ်ထဲတွင် မုန်တိုင်းပြင်းထန်နေသော်လည်း အပြင်ပိုင်းတော့ တကယ်ပဲ ဝမ်းနည်းနေသလို ။ ဟန်ဆောင်မျက်နှာဖုံးနဲ့ မင်းသားယောင်ဆောင်သော ဘီလူးတစ်ပိုင်းသာ ဖြစ်နေလိမ့်မည် ။
"ကိုကို စိတ်မကောင်းပါဘူး ယံယံရယ်''
"တုံတုံက ဘာဖြစ် အင့်! တာတဲ့လဲ ရွှတ်! ကိုကို ''
"ဆရာဝန်က ပြောတာတော့ အစာအဆိပ်သင့်တာတဲ့ မောင်လေးရယ်''
တိမ်ယံစကားကို မမကဝင်ဖြေပေးသည် ။ ကြောင်တစ်ကောင်သေလို့ ငိုတာဟာ တစ်ခြားသူတွေအဖို့ အပိုလုပ်တယ်ထင်ရပေမဲ့ ယံယံလိုမျိုး သံယောဇဉ်ကြီးတတ်လွန်းသူတွေကတော့ နားလည်နိုင်လိမ့်မည် ။
တိမ်ယံ ကိုကိုလက်ထဲက တုံတုံလေးကို ပွေ့ယူပြီး ဝမ်းနည်းစွာ ငိုယိုနေခဲ့သည် ။ တုံတုံလေးက သူ့အတွက်တော့ ညီမလေးလို သဘောထားခဲ့ရတာပင် ။ တွေ့ဆုံတာမှမကြာသေး အခုတော့ ရေစက်ကုန်ရှာပြီတဲ့လား ။ ဘာလို့များ ခွဲရက်သွားရတာလည်း တုံတုံရာ.......
ဘေးနားက ထိုက်တန်၏ မဲ့ပြုံးတစ်ခုကိုတော့ ဘယ်သူမှမမြင်ကြ ။ သူက တိမ်ယံကို ကြည့်ပြီး စိတ်ထဲမှာတော့ ရူးမိုက်စွာ အော်ရယ်နေခဲ့သည် ။
တုံတုံ ငါမင်းအတွက် တကယ်စိတ်မကောင်းဘူး ၊ ဒါပေမဲ့ မင်းရဲ့သခင်သာ မင်းကိုငါ့ထက်ပို မချစ်ခဲ့ရင် ဒီလိုဖြစ်လာစရာလဲ မရှိဘူး သည်တော့ မင်းငါ့ကို အပြစ်တင်နေမဲ့အစား မင်းသခင်ကိုပဲ အပြစ်တင်နေသင့်တာ အဟက်! မင်းနောက်ထပ်ဘဝမှာ သခင်အသစ်နဲ့ ပျော်နိုင်ပါစေ.......
#TBC
ဒီအပိုင်းမှာ တစ်ချို့တွေ ထိုက်တန်ကိုအပြစ်တင်နေကြမှာ သိပါတယ် ကြောင်တစ်ကောင်ကို သတ်ရက်တယ်ဆိုပီးပေါ့နော် ဒါပေမဲ့လေ ထိုက်တန်က တိမ်ယံအပေါ်မှာ အချစ်ရူးပါ သူလုပ်တဲ့အရာက စာဖတ်သူတေအတွက်မှားနေရင်တောင် သူကနောင်တရမဲ့သူမဟုတ်ဘူးရယ်
တိမ်ယံကိုသာ ပိုင်ဆိုင်ရမယ်ဆိုရင် သူကြောင်တစ်ကောင်မကပါဘူး လူတစ်ယောက်ဆိုရင်တောင် သတ်မဲ့လူစားမျိုးပေါ့နော်
ဒါဆိုဘာလို့ အပိုင်မသိမ်းပစ်လဲလို့မေးလာရင် ထိုက်တန်အနေနဲ့က တိမ်ယံမုန်းမှာကြောက်လို့ပါ ကလေးရဲ့ရှေ့မှာ မင်းသားခေါင်းစောင်းထားတဲ့ ဘီလူးတစ်ယောက်လို ရက်စက်ကြမ်းကြုတ်တတ်ပါတယ် ။ နောက်ပိုင်းဘယ်လိုတေရက်စက်အုံးမလဲ သိရအုံးမှာပါ ။
အခုလက်ရှိ ဆူးနန်းက ficနှစ်ပုဒ်ရေးနေရတယ်ပေါ့နော် ချစ်တစ္ဆေက စရေးကတည်းက အပိုင်းသိပ်မရှည်လောက်ဘူးရယ် ဒါကြောင့် updateက ထင်သလောက်မမြန်နိုင်ပါဘူး ရှင့်
Zawgyi
ထိုက္တန္တစ္ေယာက္ ေကာ္ဖီခြက္ကိုင္ရင္း မီးဖိုခန္းထဲ ေကာ္ဖီေဖ်ာ္ေနတုန္းမွာပဲ သူ႕ေဘးနားလာၿပီး မာန္ဖီျပေနတဲ့ေၾကာင္အား ေတြ႕ရ၏ ။ ေၾကာင္က သူ႕အားၾကည့္ၿပီး ရန္သူတစ္ေယာက္ကိုေတြ႕ေနရသလိုမ်ိဳး ကုပ္ဖို႔ေခ်ာင္းေနသည္ ။ သူ႕မ်က္ႏွာထက္ ေၾကာက္စရာအၿပဳံးတစ္ခု လုပ္ယူလိုက္ၿပီး ကိုယ္ကိုကိုင္းရ်္ ေၾကာင္ကိုျပန္စိုက္ၾကည့္ေနလိုက္၏ ။
"မင္းက ငါ့ကိုရန္လိုေနတာလား!''
ေျမာင္......
"ဘာလဲ ငါကမင္းကို သတ္ပစ္မွာစိုးရိမ္ေနတာလား''
သူ႕အသံက တည္ၿငိမ္တယ္ထင္ရေပမဲ့ ၾကားရသူတိုင္းအတြက္ ေက်ာခ်မ္းစရာအေတာ္ ေကာင္းသည္ ။ သူက ေရခဲေသတၱာထဲမွငါးေသတၱာဗူးကိုယူၿပီး အဖုံးဖြင့္ကာ ေၾကာင္ေရွ႕ခ်ေပးလိုက္သည္ ။ မ်က္ႏွာမွာလဲ ခုနအၿပဳံးႀကီးအားခ်ိတ္ဆြဲလ်က္....
"ဝေအာင္စား! မင္းအတြက္ေနာက္ဆုံးစားျခင္းလဲ ျဖစ္သြားနိုင္တယ္ ''
ေျမာင္.....ေျမာင္.....
ေၾကာင္က ဘယ္ေလာက္ပဲ မာန္ဖီေနေစအုံးေတာ့ သူ႕ေရွ႕ကအစားေကာင္းကိုေတာ့ မ်က္ႏွာမလႊဲနိုင္ေပ ။
......................
"ၾကာလိုက္တာ တိမ္ယံရာ၊ ငါထိုင္ေစာင့္ေနတာ ဖင္ေသေတာ့မယ္ကြ!''
"မင္းကလဲကြာ ငါလဲမင္းလွမ္းေခၚခ်င္းထြက္လာတာပဲဟ! လမ္းမွာ ကားေတြက ဒီေလာက္ၾကပ္ေနတာကို''
"ထားပါေတာ့ ဘာစားမလဲမွာလိုက္''
"ေအး....ငါအေအးပဲေသာက္မယ္ မင္းမွာလိုက္''
ထုထည္က သူ႕ကိုမ်က္ေစာင္းထိုးလိုက္ၿပီး သူ႕အတြက္ စေတာ္ဘယ္ရီအေအးတစ္ခြက္မွာေပးသည္ ။ ခဏအၾကာသူ႕အတြက္ ေဖ်ာ္ရည္ခြက္ေလးလာခ်ေပးသြားတာေၾကာင့္ သူအျမန္တစ္ငုံေမာ့လိုက္သည္ ။
"ျဖည္းျဖည္းေသာက္ ၊ သီးေနအုံးမယ္''
"ေအးပါ ေခၚတာ ဘာေျပာမလို႔လဲ ''
"မင္းလိုခ်င္တဲ့ ဖိနပ္ေတြ ငါ့အေမဆိုင္မွာေရာက္ေနၿပီ အဲ့တာမင္းလိုက္ၾကည့္မလားလို႔ ငါကေခၚတာ''
"ဟုတ္လား ဒါဆို အခုသြားမယ္ေလ''
"ေနပါအုံး မင္းကလဲ မေလာစမ္းပါနဲ႕ ''
"ဘာျဖစ္လို႔လဲ မင္းကလဲကြာ ၊ ေတာ္ၾကာသူမ်ားေတြ လာဝယ္သြားရင္ ငါမၾကည့္ရပဲေနလိမ့္မယ္ကြ!''
"ငါမင္းအတြက္ ဖယ္ထားခိုင္းခဲ့ပါတယ္ကြာ ၊ ၿပီးမွ ေအးေဆးသြားလဲရတယ္ ''
"ဒါဆို မင္းကအခု ဘာလုပ္မွာမလို႔လဲ''
"မင္းနဲ႕ ေလွ်ာက္လည္မလို႔''
"ဘာ........''
"ျဖည္းျဖည္းေအာ္ပါကြာ နားေတြလဲပြင့္ထြက္ကုန္ေတာ့မယ္ဟ!''
"ဘာလို႔ငါနဲ႕လဲ မိယြန္းတို႔လဲမပါပဲနဲ႕''
ထုထည္က ႏွေခါင္းရႈံ႕လိုက္ၿပီး သူ႕အားျပန္ၾကည့္လာသည္ ။
"အဲ့အာၿပဲမေတြနဲ႕သြားရင္ နားညီးလို႔ေပါ့ကြ''
"ဒါဆို ငါကအာမၿပဲလို႔ မင္းကအေဖာ္ေခၚတာေပါ့ေလ''
"မင္းက ယြလို႔ေလ''
"ဘာ....မင္း! မင္း! ထုထည္ေကာင္ အစုတ္ပလုတ္ေကာင္ ေတာ္ၿပီ မင္းနဲ႕မလိုက္ေတာ့ဘူး''
"ဒါဆို ဖိနပ္မျပဘူး''
"အဟင့္....မင္းေနာ္''
ငိုမဲ့မဲ့လုပ္ျပေတာ့ ဒင္းက လွ်ာထုတ္ျပၿပီး ဟားတိုက္ရယ္ေနေတာ့သည္ ။ စိတ္တိုလြန္းလို႔ ယံယံ၏ မ်က္ႏွာေလးမွာ ရဲတြတ္ေနေတာ့၏ ။
"ေခြးေကာင္''
"ဘာေျပာတယ္''
"အဟင့္ ဘာမွဟုတ္ဖူးလို႔''
လက္ထဲက အေဖ်ာ္ရည္ခြက္ေလးကို အကုန္ေမာ့ခ်လိဳက္ၿပီး ထုထည္အား မ်က္ေစာင္းခ်ည္းထိုးေနလိုက္သည္ ။ ထုထည္ကပါ လက္က်န္ေကာ္ဖီကို အကုန္ေသာက္လိုက္ၿပီး ပိုက္ဆံရွင္းလိုက္ရင္း ႏွစ္ေယာက္သား ကစားကြင္းကို ဦးတည္ေတာ့၏
ေခၚလာတာ ထုထည္ဆိုေပမဲ့ သည္ေရာက္ေတာ့ ဟိုဒီကစားဖို႔ဆြဲေခၚခံရသူက ထုထည္ျဖစ္သြားရ၏ ။ ဝက္ေပါက္ေလးကေတာ့ တဝါးဝါးနဲ႕ အေပ်ာ္လြန္ေနေတာ့သည္ ။
"ထုထည္ ဟိုဟာႀကီးသြားစီးရေအာင္''
လက္ညိုးၫႊန္ျပေနသည္မွာ အေကြ႕အေကာက္မ်ားေသာ အရာႀကီးစီကိုပင္ ။ ထုထည္မ်က္ခုံးတစ္ခ်က္ပင့္ရ်္ ရင္ေတာင္တုန္သြားမိ၏ ။ သို႔ေသာ္လည္း စိတ္အားထက္သန္ေနသူေၾကာင့္ အၿပဳံးမပ်က္ေခၚရာပါသြားရျပန္ေတာ့သည္ ။
လူအမ်ား ေအာ္ဟစ္သံအျပည့္ႏွင့္ စီးနင္းရာမွာ ထုထည္ကေတာ့ပ်ိဳ႕လို႔အန္ခ်င္ေနေတာ့ၿပီ ဒင္းေလးကေတာ့ တဟီးဟီးနဲ႕ အရယ္အၿပဳံးမပ်က္ေပ ။ ၿပီးသြားေတာ့ ထုထည္ေျပးဆင္းကာ အန္ရတဲ့အျဖစ္ ။
"အိုက္ရား....ထုထည္မင္းကေလ လူေကာင္ႀကီးမွအားမနာ ေၾကာက္တတ္လိုက္တာလြန္ေရာ''
"ငါလုပ္ရင္ နာအုံးမယ္ ဒါႀကီးကို မင္းမလို႔ စီးခ်င္တယ္ မူးႏွောက္ေနတာပဲဟ!''
"အဟီး.....ေပ်ာ္စရာႀကီးပါ မင္းကလဲ ''
"ကဲ....ဒါၿပီးရင္ ဘာထပ္စီးခ်င္ေသးလဲ''
"ဟင့္အင္း....ငါဗိုက္ဆာလာၿပီ ေရခဲမုန့္စားခ်င္တယ္''
ဟိုနားက ေရခဲမုန့္သည္အားလက္ညိုးထိုးလို႔ ဗိုက္ပုပ္ျပေနတဲ့ ဝက္ပုတ္ေလးပင္ ။ ထုထည္ မၿပဳံးပဲမေနနိုင္ေတာ့ တိမ္ယံက တအားခ်စ္ဖို႔ေကာင္းေနသည္ ။
"အင္း.....ဝယ္ေကြၽးမယ္''
ေနာက္ဆုံး အေပ်ာ္လြန္သြားတဲ့တိမ္ယံက သူ႕အားအတင္းဆြဲရ်္ ထိုအသည္စီေျပးေတာ့သည္ ။ စေတာ္ဘယ္ရီသိပ္ႀကိဳက္တဲ့တိမ္ယံက စေတာ္ဘယ္ရီအရသာကိုသာ ဝယ္စားေတာ့၏ ထိုအခ်ိန္ တိမ္ယံ၏ ဖုန္းေလးမွာ တုန္ခါလ်က္ ။
"ဟယ္လို ယံယံေျပာေနပါတယ္''
"ကေလး.....ကိုယ္ပါ''
"ဟာ....ကိုကို ေျပာေလ ဘာေျပာမလို႔လဲ''
"ယံယံရဲ႕ေၾကာင္ေလးေလ.....''
တစ္ဖက္က စိတ္မေကာင္းဟန္နဲ႕ ေျပာေနတာေၾကာင့္ တိမ္ယံျဖတ္ေမးမိလိုက္၏ ။ ေနာက္ဆုံး ကိုကို၏စကားေၾကာင့္ တိမ္ယံကိုယ့္နားကိုယ္မယုံနိုင္ေတာ့ ။
"ဘာျဖစ္လို႔လဲ တိမ္ယံ''
"အင့္! ႐ႊတ္! ငါ....ငါအခုအိမ္ျပန္မွျဖစ္မယ္''
ရွိုက္သံ မသိမသာထြက္ကာ အျပင္ကိုေျပးထြက္သြားျပန္ေသာ ယံယံေနာက္ သူပါေျပးလိုက္ေတာ့သည္ ။
"ငါ့ကားနဲ႕ လိုက္ပို႔ေပးမယ္ လာ....''
လက္ကိုအတင္းဆြဲကာ ကားစီသြားရ်္ တိမ္ယံ၏ အိမ္ကိုေမာင္းလာခဲ့သည္ ။ အိမ္ေရာက္ေတာ့ တိမ္ယံက ကားထဲမွ ေျပးဆင္းၿပီး အိမ္ထဲဝင္သြားသည္ ။
"မမေရ.....မမ!''
"ယံယံ.......''
"အဟင့္.....တုံတုံေကာဟင္ မမ တုံတုံေဆးခန္းျပရလို႔ဆို ဘာျဖစ္တာလဲဟင္ ''
မေဟသီ ေရွ႕က ျပာယာခတ္ေနတဲ့ ေမာင္ေလးကို ၾကည့္ၿပီး စိတ္ထဲမေကာင္းေပ ။ အရမ္းသံေယာဇဥ္ႀကီးတတ္လြန္းတဲ့ သူမ၏ေမာင္ေလးက တုံတုံေသတာကိုသာ သိရင္ ဘယ္ေလာက္မ်ား စိတ္ထိခိုက္သြားေခ်မလည္း ။
"ယံယံ......တုံတုံက ေသသြားၿပီ''
"ဗ်ာ....ဘာ ဘာလို႔လဲ မနက္ကမွအေကာင္းႀကီးပါ မမေနာ္ ယံယံကိုမစနဲ႕ ငိုလိုက္မွာ''
"မမ အတည္ေျပာတာပါ ေမာင္ေလးရယ္''
ခ်က္ျခင္းပင္ မ်က္ရည္ေတြရစ္ဝိုင္းလာကာ မ်က္ႏွာေလးက မယုံဘူး ဆိုတဲ့ အဓိပ္ပါယ်ေတွ ပါေနသည္ ။ ေခါင္းကို အတြင္တြင္ခါလ်က္ တုံတုံအား ေအာ္ဟစ္ေခၚေနေတာ့၏ ။
"ယံယံ......''
အသံပိုင္ရွင္ဘက္ အသီးသီးမ်က္ႏွာလွည့္ကုန္ၾကေတာ့ လက္ထဲက ေၾကာင္ေသကို တယုတယေပြ႕ပိုက္ရင္း အိမ္အေပၚထပ္ကေနဆင္းလာတဲ့ ထိုလူက ထိုက္တန္ေစေမာင္ပင္ ။ မ်က္ႏွာထက္ ဝမ္းနည္းေနသည့္အမူအယာမျပေသာ္လည္း အနည္းငယ္စိတ္မေကာင္းဟန္ အသြင္ကိုေဆာင္ယူထားသည္ ။
"ကိုကို......တုံတုံ မေသဘူးမလားဟင္''
ေမွ်ာ္လင့္ေနသည့္ မ်က္ဝန္းငယ္ေလးေတြနဲ႕ ေမးလာတဲ့ေကာင္ေလးေၾကာင့္ သူ႕ရင္ထဲ သနားစိတ္ဝင္ရမဲ့အစား မနာလိုမႈေတြသာ ဝင္ေရာက္ေနရာယူေန၏ ။
အဲ့ေလာက္ေတာင္ ဒီေၾကာင္ေသမွာ ေၾကာက္ေနရသလား.....ေၾကာင္တစ္ေကာင္အတြက္နဲ႕ သူ႕ေရွ႕မွာ မ်က္ႏွာလာညွိုးျပေနတာတဲ့ေလ ဘယ္ေလာက္စိတ္တိုခ်င္စရာ ေကာင္းလိုက္သလဲ!
စိတ္ထဲတြင္ မုန္တိုင္းျပင္းထန္ေနေသာ္လည္း အျပင္ပိုင္းေတာ့ တကယ္ပဲ ဝမ္းနည္းေနသလို ။ ဟန္ေဆာင္မ်က္ႏွာဖုံးနဲ႕ မင္းသားေယာင္ေဆာင္ေသာ ဘီလူးတစ္ပိုင္းသာ ျဖစ္ေနလိမ့္မည္ ။
"ကိုကို စိတ္မေကာင္းပါဘူး ယံယံရယ္''
"တုံတုံက ဘာျဖစ္ အင့္! တာတဲ့လဲ ႐ႊတ္! ကိုကို ''
"ဆရာဝန္က ေျပာတာေတာ့ အစာအဆိပ္သင့္တာတဲ့ ေမာင္ေလးရယ္''
တိမ္ယံစကားကို မမကဝင္ေျဖေပးသည္ ။ ေၾကာင္တစ္ေကာင္ေသလို႔ ငိုတာဟာ တစ္ျခားသူေတြအဖို႔ အပိုလုပ္တယ္ထင္ရေပမဲ့ ယံယံလိုမ်ိဳး သံေယာဇဥ္ႀကီးတတ္လြန္းသူေတြကေတာ့ နားလည္နိုင္လိမ့္မည္ ။
တိမ္ယံ ကိုကိုလက္ထဲက တုံတုံေလးကို ေပြ႕ယူၿပီး ဝမ္းနည္းစြာ ငိုယိုေနခဲ့သည္ ။ တုံတုံေလးက သူ႕အတြက္ေတာ့ ညီမေလးလို သေဘာထားခဲ့ရတာပင္ ။ ေတြ႕ဆုံတာမွမၾကာေသး အခုေတာ့ ေရစက္ကုန္ရွာၿပီတဲ့လား ။ ဘာလို႔မ်ား ခြဲရက္သြားရတာလည္း တုံတုံရာ.......
ေဘးနားက ထိုက္တန္၏ မဲ့ၿပဳံးတစ္ခုကိုေတာ့ ဘယ္သူမွမျမင္ၾက ။ သူက တိမ္ယံကို ၾကည့္ၿပီး စိတ္ထဲမွာေတာ့ ႐ူးမိုက္စြာ ေအာ္ရယ္ေနခဲ့သည္ ။
တုံတုံ ငါမင္းအတြက္ တကယ္စိတ္မေကာင္းဘူး ၊ ဒါေပမဲ့ မင္းရဲ႕သခင္သာ မင္းကိုငါ့ထက္ပို မခ်စ္ခဲ့ရင္ ဒီလိုျဖစ္လာစရာလဲ မရွိဘူး သည္ေတာ့ မင္းငါ့ကို အျပစ္တင္ေနမဲ့အစား မင္းသခင္ကိုပဲ အျပစ္တင္ေနသင့္တာ အဟက္! မင္းေနာက္ထပ္ဘဝမွာ သခင္အသစ္နဲ႕ ေပ်ာ္နိုင္ပါေစ.......
#TBC
ဒီအပိုင္းမွာ တစ္ခ်ိဳ႕ေတြ ထိုက္တန္ကိုအျပစ္တင္ေနၾကမွာ သိပါတယ္ ေၾကာင္တစ္ေကာင္ကို သတ္ရက္တယ္ဆိုပီးေပါ့ေနာ္ ဒါေပမဲ့ေလ ထိုက္တန္က တိမ္ယံအေပၚမွာ အခ်စ္႐ူးပါ သူလုပ္တဲ့အရာက စာဖတ္သူေတအတြက္မွားေနရင္ေတာင္ သူကေနာင္တရမဲ့သူမဟုတ္ဘူးရယ္
တိမ္ယံကိုသာ ပိုင္ဆိုင္ရမယ္ဆိုရင္ သူေၾကာင္တစ္ေကာင္မကပါဘူး လူတစ္ေယာက္ဆိုရင္ေတာင္ သတ္မဲ့လူစားမ်ိဳးေပါ့ေနာ္
ဒါဆိုဘာလို႔ အပိုင္မသိမ္းပစ္လဲလို႔ေမးလာရင္ ထိုက္တန္အေနနဲ႕က တိမ္ယံမုန္းမွာေၾကာက္လို႔ပါ ကေလးရဲ႕ေရွ႕မွာ မင္းသားေခါင္းေစာင္းထားတဲ့ ဘီလူးတစ္ေယာက္လို ရက္စက္ၾကမ္းၾကဳတ္တတ္ပါတယ္ ။ ေနာက္ပိုင္းဘယ္လိုေတရက္စက္အုံးမလဲ သိရအုံးမွာပါ ။
အခုလက္ရွိ ဆူးနန္းက ficႏွစ္ပုဒ္ေရးေနရတယ္ေပါ့ေနာ္ ခ်စ္တစ္ေဆက စေရးကတည္းက အပိုင္းသိပ္မရွည္ေလာက္ဘူးရယ္ ဒါေၾကာင့္ updateက ထင္သေလာက္မျမန္နိုင္ပါဘူး ရွင့္