Eyes On Me

By Fi_Lay

1.3M 139K 25.8K

Love has no race! More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Please!
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
A/N
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56 (Finale - 1)
Part 56 (Finale - 2)
Let's talk with our characters
💌
Extra - 1
Extra - 2
Extra - 3
Nyi Moe Lwin & Bhone Shan Mg
Fan Art (Extra)
BOOK!
Coming Soon...
Book Preorder (23.11.22)

HBD (Extra)

12K 994 120
By Fi_Lay

<Unicode>

"ချောကလက်အရသာကောင်းမလား အစ်ကို"

"ဘလူးဘယ်ရီက ပိုကောင်းတာမဟုတ်ဘူးလား"

"ဒါဆိုချိစ့်ကိတ်ရောဟင်"

"ဒီကိတ်တွေကိုက မဟုတ်သေးပါဘူး၊ အကြံရပြီ ... လာ"

Season ကိတ်ဆိုင်ထဲမှ ပုခုံးချင်းဖက်ကာ ထွက်လာကြသော အနှီအမျိုးသားနှစ်ဦး။ တစ်ယောက်သောသူ မွေးနေ့အတွက် သတိတရဖြင့် သူတို့ကိတ်ရွေးနေခဲ့ကြတာဖြစ်သည်။ သို့ပေမဲ့ အသက်အရွယ်အားဖြင့် သုံးဆယ်ကျော် ... ကိတ်ကြိုက်တတ်ကြသည့် အရွယ်တွေမှမဟုတ်တော့ဘဲလေ။ ဒါမို့ အခြားအကြံရသွားသော မြတ်ဟန်သာက Ice ပုခုံးလေးကိုဆွဲသိမ်းဖက်ရင်း ကိတ်ဆိုင်ထဲမှ ထွက်ခဲ့ကြသည်။ ကောင်ကလေးမှာဖြင့် ဘာမှမဝယ်ဘဲ ပြန်ထွက်လာရ၍ ဆိုင်ထဲကအမျိုးသမီးဝန်ထမ်းလေးကို ခပ်ဖြီးဖြီးလေး သွားစေ့ပြုံးပြနေသေးသည်။

အချိန်မှာ နေဝင်ရိုးတရီ၊ ငှက်ကလေးတစီစီတို့ အိပ်တန်းပြန်ကြချိန်ပဲ ဖြစ်သည်။ စလွန်းကားလေးဖြတ်လိုက်ကာမှ ခိုဖြူ၊ ခိုပြာတို့ ဝဲခနဲပြန်တက်ကြသည်ကို Ice ကသဘောကျနေသည်။ ကားမှန်ကိုပါ ချကာထားရင်း အပြင်လေကိုတစ်ဝကြီးရှူသည်။ ကောင်းကင်ကိုမော့ကြည့်တော့ ဖြူလျလျတိမ်တိုက်တွင် နှုတ်ဆက်နေရောင်ယှက်ဖြာနေ၍ လိမ္မော်လား၊ ခရမ်းလား မသဲကွဲနိုင်ပြီ။

သူတို့နှစ်ဦးသား၏ ဘော်ဒါဟောင်းကြီးဖြစ်သော သူရိန်ခေတ်ကို မတွေ့တာကြာပြီဖြစ်၍ မွေးနေ့ကိုအရင်းတည်ပြီး ထောက်ကြံ့ဆီထွက်ခဲ့ကြတာဖြစ်သည်။ ကြသပတေးနေ့ ရုံးဖွင့်ရက်ဖြစ်သော်လည်း Eric လည်း စောပြန်သွားသည်။ သူတို့မန်နေဂျာနှစ်ဦးသားလည်း လေးနာရီထိုးလုကတည်းက ထွက်ခဲ့ကြတာဖြစ်သည်။ လက်ဆောင်ကိုတော့ ဟန်သာ၏အကြံအတိုင်းသာ ယူဆောင်ခဲ့ကြသည်။ တစ်နည်းအားဖြင့် သူတို့လေးယောက်အုပ်စုတွင် Ice ကလွဲ၍ ကျန်သုံးယောက်အကြိုက်ဆုံးဖြစ်သည့် Wine ပေါ့။

"အစ်ကို"

"ပြောဗျာ"

သည်လို အစ်ကိုက အလိုလိုက်သဖွယ်အသံမျိုးဖြင့်ဖြေလျှင် Ice က ကျေကျေနပ်နပ်ပြုံးသည်။ မြန်မာပြည်ရောက်စကလို စိတ်မရှည်သည့်အသံဆိုလို့ကတော့လား၊ တစ်နေ့လုံး၊ တစ်ညလုံး မြတ်ဟန်သာ ချော့ရတော့တာဧကန်ပင်။

"Cake or Wine?"

"သေချာပေါက် Wine ပေါ့"

"So, Wine or Ice?"

"ဟင်"

ကြံရာမရဖြစ်သွားသော မြတ်ဟန်သာက သွားလေးစိလျက် ကောင်လေးကိုလှည့်ကြည့်သည်။ ဖွင့်ပြောတုန်းကတောင် 'What's the melting point of Ice?' ကိုနားမလည်လို့ တစ်ခါခံရပြီးပြီ။ အခုရော ဘာကိုရွေးစေချင်နေပြန်တာလဲ။ စိတ်အကဲကိုစမ်းသပ်ချင်နေသော Ice မျက်လုံးလေးတွေအကြည့်က မြတ်ဟန်သာကို စိန်ခေါ်နေသည့်နှယ်။ တွေဝေနေသည်ကို မကြိုက်ဟန်ဖြင့် Ice နှုတ်ခမ်းပါးလေးကလည်း တရွရွလှုပ်လာပြန်သည်။ တကယ့်ကို အကဲလေး၊ ငဆိုးလေး။

"Wine ပေါ့"

"အစ်ကိုနော် ဘယ်လိုကြီးဖြေလိုက်တာလဲ၊ မချစ်ဘူးလား"

"ချစ်တယ်လေ ... ရွေးတာတော့ Wine ပဲရွေးရမှာပေါ့။ အစ်ကို့မှာ Ice Teerapat ရှိပြီးသားပဲဟာ ... နော့"

"ဪ အဲလိုလား ... ဟီး"

စကားအရာ အနိူင်ယူပါ၊ အပြုံးမြင်ရုံနဲ့ နှလုံးရင်မှာခုန်ရတာလည်း မင်းကြောင့်မို့ပါ ... Ice ရယ်။

......................

မီးစာတောက်နေသော သံထည်အိုးထဲမှ တဖျစ်ဖျစ်မြည်သံကြားနေရသည်။ ညဦးမှောင်စတွင် အလင်းဟူသည် မျက်စိရှေ့တွင် တောက်လောင်နေသည့် မီးဖိုးအလင်း၊ ကောင်းကင်မှ မပြည့်သေးသောလခြမ်းပဲ့နှင့် ကြယ်ရောင်တချို့သာ ရှိသည်။ ကျန်တာကတော့ သူကျောပေးထားသောစားပွဲပေါ်တွင် ထွန်းညှိထားသည့် ဖယောင်းတိုင်တို့အလင်းသာရှိသည်။

မွေးနေ့ညနေမှာ အထူးဧည့်သည်နှစ်ယောက် လာမည်ဆိုတော့ အိမ်ကြီးရှင်များဖြစ်ကြသည့် Eric နှင့်သူရိန်တို့က အသားကင်ရင်းစောင့်ဆိုင်းနေကြသည်။ ကားတွေပိတ်နေ၍ပဲ မရောက်လာကြသေးသလားမသိ၊ သူရိန်မှာ အသားကင်နေရင်း ခြံဝသို့ တမျှော်မျှော်ရှိလှ၏။ ခြံမှာကူသည့်ကလေးတွေကိုလည်း စောစောအနားပေးလိုက်တော့ ဧည့်သည်လာရင်း အပေါက်ဖွင့်ဖို့က သူပဲပြေးရမှာဖြစ်သည်။

ထိုအချိန် လေယူရာအတိုင်း လွင့်ပါနေသည့်သူ့ဆံစတွေကို ဖမ်းဆုပ်လာသောလက်တစ်စုံ။ သူရိန် နှုတ်ခမ်းစွန်းလေးက ပါးပြင်မှတဆင့် မျက်ခမ်းစပ်ကလေးတွန့်သွားအောင်ထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိသည်။ ထိုလက်ပိုင်ရှင်သည် ချစ်သူဘဝမရောက်ခင်ကတည်းက သူ့ဆံပင်ကို ဖြည်လိုဖြည်၊ ချည်လိုချည်နှင့် စိတ်လိုရာပြုမူတတ်သူပဲမလား။ သို့ပေမဲ့ အကြိမ်တိုင်း အနူးညံ့ဆုံး၊ အညင်သာဆုံး ကိုင်တွယ်ခဲ့သည်ချည်း။

"Bae.."

ကျန်လက်တစ်ဖက်ဖြင့် ခါးကိုအသာပွေ့လာသော Eric။ မေးဖျားလေးကို သူရိန့်ပုခုံးပေါ်တင်ရင်း အနမ်းတစ်ပွင့်က ပါးပြင်ဆီလာကြွေချေပြီ။

"Happy Birthday နော်"

ကြည့် ... လေတိုးသံတွေပဲရှိတဲ့ခြံထဲမှာ အသံကိုနားနားကပ်ပြောပုံက တိုးလျလျနဲ့။

"ပိုတယ်နော်၊ ဒီနေ့အဖို့ အဲစကားကိုဘယ်နှခါပြောနေမှာလဲ"

"ဟော ... မွေးနေ့ဆိုတာ တစ်နှစ်မှာတစ်ရက်ပဲကြုံရတာလေ။ ကိုယ့်အချစ်ဆုံးလေး လူ့လောကထဲမွေးဖွားလာခဲ့တဲ့ ဒီလိုနေ့ထူးရက်မြတ်မှာ တဖွဖွဂုဏ်ပြုဆုတောင်းပေးတာ ပိုတယ်ဖြစ်ရသလားကွာ"

ကြည့်ပါလား၊ သူ့ကိုအကဲပိုတယ်ပြောရင် လေသံကစိတ်ဆိုးသလိုလို၊ စိတ်ကောက်သလိုလိုနှင့်။ သူရိန့်ခမျာ ပြော,မပြောရဲပေါင်ဗျာ။

"အင်းပါ ဦးအဲရစ်ရယ်။ အပူတွေဟပ်ပါမယ် ... ဟိုမှာအေးအေးဆေးဆေး ထိုင်နေပါ"

"Bae ... မွေးနေ့လက်ဆောင် ဘာလိုချင်လဲ"

သည်စကားကတော့ဖြင့် မွေးလမတိုင်ခင်ကတည်းက ကြိုမေးနေသောမေးခွန်းပင်။ တစ်ခုခုမှမဖြေရင် ရပ်တော့မည်လည်းမထင်။ မွေးနေ့ကျော်သွားလို့မှမဖြေရင် ယခင်နှစ်တွေကလို သူ စိတ်ကောက်ပေါက်ရာတွေ ဝယ်ပေးဦးမည်။ ဒါမို့ သူရိန်အကြံအိုက်နေပါ၏။

"မလိုချင်တော့ဘူး၊ မွေးနေ့လက်ဆောင်က ယူပြီးသား"

"ဟင် ဘယ်ဟာလဲ"

"ဒီမှာလေ လူတစ်ယောက်လုံး အပိုင်ယူထားပြီးပြီပဲ၊ မွေးနေ့လက်ဆောင်က ထူးထွေပြီးမလိုပါဘူး"

"Bae ကပြောလိုက်ရင် ဒီလိုကြီးပဲ။ ဒါဆိုလည်း အဲအပိုင်ယူထားတဲ့လူအလိုကျ လက်ဆောင်ပေးရမှာပဲ။ ပြီးတော့လေ အဟမ်း ကိုယ်တို့ဒီည... [တီ တီ]"

"ဟင်း"

"ဟာကွာ ... အချိန်ကောင်းမှ၊ Bae သွားမဖွင့်နဲ့ဦး။ ကိုယ်တို့ဒီည..."

"ဧည့်သည်တွေဖိတ်ထားပြီးတော့ ဘယ်ဖြစ်မလဲ။ ဖယ်တော့ ... ဖက်ထားတာလွှတ်တော့"

သူရိန်က ရှူံ့မဲ့မဲ့ဖြင့်ကျန်ခဲ့သော Eric ကို လည်ပြန်လှည့်ကြည့်ရင်းမှ ခြံတံခါးဝဆီးပြေးထွက်ခဲ့လေသည်။ နှစ်ယောက်သားနေလာတာလည်း ကြာပြီမို့ ဘယ်လိုစကားကြောင်းလျှင် ဘာပြောချင်မှန်းကို အချင်းချင်းသိထားပြီးဖြစ်သည်။ ပြီးတော့ သူရိန်ကိုယ်တိုင်လည်း သည်ညအဖို့ ကြိုတင်ပြင်ဆင်ထားပြီးတာကို သည်လူကြီး မရိပ်မိလေလျော့သလား။

"လာကွာ ... ဒီမှာမီးကတော့ပျက်နေတယ်"

"ဟာ ဒါဆိုကျွန်တော်တို့က Candle-Light Dinner စားရမှာပေါ့ ကိုသူရိန်"

"အေး မြန်မာပြည်မှာ Candle-Light Dinner ကို ဇွတ်သဘောကျနေကြတာဆိုလို့ မင်းနဲ့ဘဲကြီးပဲ ရှိမယ်ထင်တယ်။ အံ့ဩပါ့ ... ဒီလောက်မီးခဏခဏပျက်နေတာ စိတ်မညစ်ကြဘူး"

သူရိန့်အပြောကို Ice တစ်ယောက်မှာ မကြားလေတော့။ အသားကင်နေသည့် Eric ဆီပြေးသွားပြီး ကင်ပြီးသားတွေ မြည်းစမ်းစားနှင့်လေပြီ။ ကားလော့ခ်ချပြီး နောက်မှကပ်ပါလာသော မြတ်ဟန်သာကတော့ ဝိုင်ပုလင်းထည့်ထားသည့် လက်ဆွဲစက္ကူအိတ်ကို ကမ်းပေးလာသည်။

"Happy Birthday ... သားလေး၊ ဘဝအဆက်ဆက် ဒီလိုအမျိုးစပ်ကြပရပါစေကွာ"

"တော်စမ်းပါ၊ မင်းဘယ်သူမှ အမျိုးမတော်ချင်ဘူး"

ပုခုံးချင်းဖက် လျှောက်လာသောသူရိန်နှင့်ဟန်သာအား ကျန်နှစ်ယောက်က ဖယောင်းတိုင်ထွန်းထားသောစားပွဲတွင် ပြင်ဆင်ရင်းစောင့်နေကြသည်။

"Bae ဒီညကိုယ်တို့..."

"ERIC!!"

"ဘာလဲ ... ဒီညဘာရှိကြလို့လဲ ကိုသူရိန်"

ကြောင်တောင်တောင်မေးလာသော Ice က သူရိန့်ကိုတစ်လှည့်၊ Eric ကိုတစ်လှည့် မော့ကြည့်နေသေးတာ။

"ခွီး ... မမေးနဲ့တော့ Ice၊ သဘောပေါက်လိုက်တော့"

"ဪ ... ဟီးဟီးဟီး"

"ဘာဟီးဟီးဟီးလဲ"

"ဘာမှမဟုတ်ပါဘူး၊ ပျော်ရွှင်စရာမွေးနေ့ညလေး ဖြစ်ပါစေနော် ဟီး"

အသီးသီးစားပွဲမှာ ဝင်ထိုင်သည်အထိ အားလုံးကတဖြီးဖြီးဖြစ်နေကြသည်၊ သူရိန်ခေတ်တစ်ယောက်က လွဲလို့ပေါ့။ Eric ကတော့ ဝိုင်ပုလင်းကိုသေချာဖောက်လိုက်ပြီး ဟန်သာ့ခွက်ဆီ အရင်ထည့်ပေးသည်။

"ကျွန်တော် နည်းနည်းပဲ။ ဟဲ ... စောစောလည်းပြန်မှာပါ"

"ကျေးဇူး ဟန်သာ"

ပြုံးတုံ့တုံ့နှင့် ကျေးဇူးတင်စကားပြောလိုက်သော Eric အား သူရိန်က အကြင်နာမျက်စောင်းတစ်ချက် ဒိုင်းခနဲလှမ်းထိုးလိုက်သေးသည်။ ဒါကိုမြင်တော့ ကျန်သုံးယောက်၏ရယ်မောသံတို့က ဥယျာဉ်ခြံဝန်းထဲမှသည် ကောင်းကင်ယံဆီထိ ပျံ့လွင့်သွားသလား အောက်မေ့ရတော့၏။

မွေးနေ့မှသည် ထာဝရတည်၊
လိုအင်ဆန္ဒ ပြည့်ပါစီ...။

............................

(A/N) လေးယောက်လုံးကို လွမ်းနေကြမယ်ထင်လို့ ဒီလိုနေ့ည မွေးနေ့ဖြတ်သန်းပုံလေးကို ရေးဖွဲ့ပေးလိုက်ပါတယ်။ အားလုံးထပ်တူ ပျော်ရွှင်ကြပါစေရှင်💙

•••••••••••••••••••••••••••••••••

<Zawgyi>


"ေခ်ာကလက္အရသာေကာင္းမလား အစ္ကို"

"ဘလူးဘယ္ရီက ပိုေကာင္းတာမဟုတ္ဘူးလား"

"ဒါဆိုခ်ိစ့္ကိတ္ေရာဟင္ အစ္ကို"

"ဒီကိတ္ေတြကိုက မဟုတ္ေသးပါဘူး၊ အႀကံရၿပီ ... လာ"

Season ကိတ္ဆိုင္ထဲမွ ပုခုံးခ်င္းဖက္ကာ ထြက္လာၾကေသာ အႏွီအမ်ိဳးသားႏွစ္ဦး။ တစ္ေယာက္ေသာသူ ေမြးေန႔အတြက္ သတိတရျဖင့္ သူတို႔ကိတ္ေရြးေနခဲ့ၾကတာျဖစ္သည္။ သို႔ေပမဲ့ အသက္အရြယ္အားျဖင့္ သုံးဆယ္ေက်ာ္ ... ကိတ္ႀကိဳက္တတ္ၾကသည့္ အရြယ္ေတြမွမဟုတ္ေတာ့ဘဲေလ။ ဒါမို႔ အျခားအႀကံရသြားေသာ ျမတ္ဟန္သာက Ice ပုခုံးေလးကိုဆြဲသိမ္းဖက္ရင္း ကိတ္ဆိုင္ထဲမွ ထြက္ခဲ့ၾကသည္။ ေကာင္ကေလးမွာျဖင့္ ဘာမွမဝယ္ဘဲ ျပန္ထြက္လာရ၍ ဆိုင္ထဲကအမ်ိဳးသမီးဝန္ထမ္းေလးကို ခပ္ၿဖီးၿဖီးေလး သြားေစ့ျပဳံးျပေနေသးသည္။

အခ်ိန္မွာ ေနဝင္ရိုးတရီ၊ ငွက္ကေလးတစီစီတို႔ အိပ္တန္းျပန္ၾကခ်ိန္ပဲ ျဖစ္သည္။ စလြန္းကားေလးျဖတ္လိုက္ကာမွ ခိုျဖဴ၊ ခိုျပာတို႔ ဝဲခနဲျပန္တက္ၾကသည္ကို Ice ကသေဘာက်ေနသည္။ ကားမွန္ကိုပါ ခ်ကာထားရင္း အျပင္ေလကိုတစ္ဝႀကီးရွူသည္။ ေကာင္းကင္ကိုေမာ့ၾကည့္ေတာ့ ျဖဴလ်လ်တိမ္တိုက္တြင္ ႏွုတ္ဆက္ေနေရာင္ယွက္ျဖာေန၍ လိေမၼာ္လား၊ ခရမ္းလား မသဲကြဲနိုင္ၿပီ။

သူတို႔ႏွစ္ဦးသား၏ ေဘာ္ဒါေဟာင္းႀကီးျဖစ္ေသာ သူရိန္ေခတ္ကို မေတြ႕တာၾကာၿပီျဖစ္၍ ေမြးေန႔ကိုအရင္းတည္ၿပီး ေထာက္ႀကံ့ဆီထြက္ခဲ့ၾကတာျဖစ္သည္။ ၾကသပေတးေန႔ ႐ုံးဖြင့္ရက္ျဖစ္ေသာ္လည္း Eric လည္း ေစာျပန္သြားသည္။ သူတို႔မန္ေနဂ်ာႏွစ္ဦးသားလည္း ေလးနာရီထိုးလုကတည္းက ထြက္ခဲ့ၾကတာျဖစ္သည္။ လက္ေဆာင္ကိုေတာ့ ဟန္သာ၏အႀကံအတိုင္းသာ ယူေဆာင္ခဲ့ၾကသည္။ တစ္နည္းအားျဖင့္ သူတို႔ေလးေယာက္အုပ္စုတြင္ Ice ကလြဲ၍ က်န္သုံးေယာက္အႀကိဳက္ဆုံးျဖစ္သည့္ Wine ေပါ့။

"အစ္ကို"

"ေျပာဗ်ာ"

သည္လို အစ္ကိုက အလိုလိုက္သဖြယ္အသံမ်ိဳးျဖင့္ေျဖလၽွင္ Ice က ေက်ေက်နပ္နပ္ျပဳံးသည္။ ျမန္မာျပည္ေရာက္စကလို စိတ္မရွည္သည့္အသံဆိုလို႔ကေတာ့လား၊ တစ္ေန႔လုံး၊ တစ္ညလုံး ျမတ္ဟန္သာ ေခ်ာ့ရေတာ့တာဧကန္ပင္။

"Cake or Wine?"

"ေသခ်ာေပါက္ Wine ေပါ့"

"So, Wine or Ice?"

"ဟင္"

ႀကံရာမရျဖစ္သြားေသာ ျမတ္ဟန္သာက သြားေလးစိလ်က္ ေကာင္ေလးကိုလွည့္ၾကည့္သည္။ ဖြင့္ေျပာတုန္းကေတာင္ 'What's the melting point of Ice?' ကိုနားမလည္လို႔ တစ္ခါခံရၿပီးၿပီ။ အခုေရာ ဘာကိုေရြးေစခ်င္ေနျပန္တာလဲ။ စိတ္အကဲကိုစမ္းသပ္ခ်င္ေနေသာ Ice မ်က္လုံးေလးေတြအၾကည့္က ျမတ္ဟန္သာကို စိန္ေခၚေနသည့္ႏွယ္။ ေတြေဝေနသည္ကို မႀကိဳက္ဟန္ျဖင့္ Ice ႏွုတ္ခမ္းပါးေလးကလည္း တရြရြလွုပ္လာျပန္သည္။ တကယ့္ကို အကဲေလး၊ ငဆိုးေလး။

"Wine ေပါ့"

"အစ္ကိုေနာ္ ဘယ္လိုႀကီးေျဖလိုက္တာလဲ၊ မခ်စ္ဘူးလား"

"ခ်စ္တယ္ေလ ... ေရြးတာေတာ့ Wine ပဲေရြးရမွာေပါ့။ အစ္ကို႔မွာ Ice Teerapat ရွိၿပီးသားပဲဟာ ... ေနာ့"

"ဪ အဲလိုလား ... ဟီး"

စကားအရာ အနိူင္ယူပါ၊ အျပဳံးျမင္႐ုံနဲ႔ ႏွလုံးရင္မွာခုန္ရတာလည္း မင္းေၾကာင့္မို႔ပါ ... Ice ရယ္။

......................

မီးစာေတာက္ေနေသာ သံထည္အိုးထဲမွ တဖ်စ္ဖ်စ္ျမည္သံၾကားေနရသည္။ ညဦးေမွာင္စတြင္ အလင္းဟူသည္ မ်က္စိေရွ႕တြင္ ေတာက္ေလာင္ေနသည့္ မီးဖိုးအလင္း၊ ေကာင္းကင္မွ မျပည့္ေသးေသာလျခမ္းပဲ့ႏွင့္ ၾကယ္ေရာင္တခ်ိဳ႕သာ ရွိသည္။ က်န္တာကေတာ့ သူေက်ာေပးထားေသာစားပြဲေပၚတြင္ ထြန္းညႇိထားသည့္ ဖေယာင္းတိုင္တို႔အလင္းသာရွိသည္။

ေမြးေန႔ညေနမွာ အထူးဧည့္သည္ႏွစ္ေယာက္ လာမည္ဆိုေတာ့ အိမ္ႀကီးရွင္မ်ားျဖစ္ၾကသည့္ Eric ႏွင့္သူရိန္တို႔က အသားကင္ရင္းေစာင့္ဆိုင္းေနၾကသည္။ ကားေတြပိတ္ေန၍ပဲ မေရာက္လာၾကေသးသလားမသိ၊ သူရိန္မွာ အသားကင္ေနရင္း ၿခံဝသို႔ တေမၽွာ္ေမၽွာ္ရွိလွ၏။ ၿခံမွာကူသည့္ကေလးေတြကိုလည္း ေစာေစာအနားေပးလိုက္ေတာ့ ဧည့္သည္လာရင္း အေပါက္ဖြင့္ဖို႔က သူပဲေျပးရမွာျဖစ္သည္။

ထိုအခ်ိန္ ေလယူရာအတိုင္း လြင့္ပါေနသည့္သူ႔ဆံစေတြကို ဖမ္းဆုပ္လာေသာလက္တစ္စုံ။ သူရိန္ ႏွုတ္ခမ္းစြန္းေလးက ပါးျပင္မွတဆင့္ မ်က္ခမ္းစပ္ကေလးတြန႔္သြားေအာင္ထိ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ျပဳံးလိုက္မိသည္။ ထိုလက္ပိုင္ရွင္သည္ ခ်စ္သူဘဝမေရာက္ခင္ကတည္းက သူ႔ဆံပင္ကို ျဖည္လိုျဖည္၊ ခ်ည္လိုခ်ည္ႏွင့္ စိတ္လိုရာျပဳမူတတ္သူပဲမလား။ သို႔ေပမဲ့ အႀကိမ္တိုင္း အႏူးညံ့ဆုံး၊ အညင္သာဆုံး ကိုင္တြယ္ခဲ့သည္ခ်ည္း။

"Bae.."

က်န္လက္တစ္ဖက္ျဖင့္ ခါးကိုအသာေပြ႕လာေသာ Eric။ ေမးဖ်ားေလးကို သူရိန႔္ပုခုံးေပၚတင္ရင္း အနမ္းတစ္ပြင့္က ပါးျပင္ဆီလာေႂကြေခ်ၿပီ။

"Happy Birthday ေနာ္"

ၾကည့္ ... ေလတိုးသံေတြပဲရွိတဲ့ၿခံထဲမွာ အသံကိုနားနားကပ္ေျပာပုံက တိုးလ်လ်နဲ႔။

"ပိုတယ္ေနာ္၊ ဒီေန႔အဖို႔ အဲစကားကိုဘယ္ႏွခါေျပာေနမွာလဲ"

"ေဟာ ... ေမြးေန႔ဆိုတာ တစ္ႏွစ္မွာတစ္ရက္ပဲၾကဳံရတာေလ။ ကိုယ့္အခ်စ္ဆုံးေလး လူ႔ေလာကထဲေမြးဖြားလာခဲ့တဲ့ ဒီလိုေန႔ထူးရက္ျမတ္မွာ တဖြဖြဂုဏ္ျပဳဆုေတာင္းေပးတာ ပိုတယ္ျဖစ္ရသလားကြာ"

ၾကည့္ပါလား၊ သူ႔ကိုအကဲပိုတယ္ေျပာရင္ ေလသံကစိတ္ဆိုးသလိုလို၊ စိတ္ေကာက္သလိုလိုႏွင့္။ သူရိန႔္ခမ်ာ ေျပာ,မေျပာရဲေပါင္ဗ်ာ။

"အင္းပါ ဦးအဲရစ္ရယ္။ အပူေတြဟပ္ပါမယ္ ... ဟိုမွာေအးေအးေဆးေဆး ထိုင္ေနပါ"

"Bae ... ေမြးေန႔လက္ေဆာင္ ဘာလိုခ်င္လဲ"

သည္စကားကေတာ့ျဖင့္ ေမြးလမတိုင္ခင္ကတည္းက ႀကိဳေမးေနေသာေမးခြန္းပင္။ တစ္ခုခုမွမေျဖရင္ ရပ္ေတာ့မည္လည္းမထင္။ ေမြးေန႔ေက်ာ္သြားလို႔မွမေျဖရင္ ယခင္ႏွစ္ေတြကလို သူ စိတ္ေကာက္ေပါက္ရာေတြ ဝယ္ေပးဦးမည္။ ဒါမို႔ သူရိန္အႀကံအိုက္ေနပါ၏။

"မလိုခ်င္ေတာ့ဘူး၊ ေမြးေန႔လက္ေဆာင္က ယူၿပီးသား"

"ဟင္ ဘယ္ဟာလဲ"

"ဒီမွာေလ လူတစ္ေယာက္လုံး အပိုင္ယူထားၿပီးၿပီပဲ၊ ေမြးေန႔လက္ေဆာင္က ထူးေထြၿပီးမလိုပါဘူး"

"Bae ကေျပာလိုက္ရင္ ဒီလိုႀကီးပဲ။ ဒါဆိုလည္း အဲအပိုင္ယူထားတဲ့လူအလိုက် လက္ေဆာင္ေပးရမွာပဲ။ ၿပီးေတာ့ေလ အဟမ္း ကိုယ္တို႔ဒီည... [တီ တီ]"

"ဟင္း"

"ဟာကြာ ... အခ်ိန္ေကာင္းမွ၊ Bae သြားမဖြင့္နဲ႔ဦး။ ကိုယ္တို႔ဒီည..."

"ဧည့္သည္ေတြဖိတ္ထားၿပီးေတာ့ ဘယ္ျဖစ္မလဲ။ ဖယ္ေတာ့ ... ဖက္ထားတာလႊတ္ေတာ့"

သူရိန္က ရွူံ႔မဲ့မဲ့ျဖင့္က်န္ခဲ့ေသာ Eric ကို လည္ျပန္လွည့္ၾကည့္ရင္းမွ ၿခံတံခါးဝဆီးေျပးထြက္ခဲ့ေလသည္။ ႏွစ္ေယာက္သားေနလာတာလည္း ၾကာၿပီမို႔ ဘယ္လိုစကားေၾကာင္းလၽွင္ ဘာေျပာခ်င္မွန္းကို အခ်င္းခ်င္းသိထားၿပီးျဖစ္သည္။ ၿပီးေတာ့ သူရိန္ကိုယ္တိုင္လည္း သည္ညအဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးတာကို သည္လူႀကီး မရိပ္မိေလေလ်ာ့သလား။

"လာကြာ ... ဒီမွာမီးကေတာ့ပ်က္ေနတယ္"

"ဟာ ဒါဆိုကၽြန္ေတာ္တို႔က Candle-Light Dinner စားရမွာေပါ့ ကိုသူရိန္"

"ေအး ျမန္မာျပည္မွာ Candle-Light Dinner ကို ဇြတ္သေဘာက်ေနၾကတာဆိုလို႔ မင္းနဲ႔ဘဲႀကီးပဲ ရွိမယ္ထင္တယ္။ အံ့ဩပါ့ ... ဒီေလာက္မီးခဏခဏပ်က္ေနတာ စိတ္မညစ္ၾကဘူး"

သူရိန႔္အေျပာကို Ice တစ္ေယာက္မွာ မၾကားေလေတာ့။ အသားကင္ေနသည့္ Eric ဆီေျပးသြားၿပီး ကင္ၿပီးသားေတြ ျမည္းစမ္းစားႏွင့္ေလၿပီ။ ကားေလာ့ခ္ခ်ၿပီး ေနာက္မွကပ္ပါလာေသာ ျမတ္ဟန္သာကေတာ့ ဝိုင္ပုလင္းထည့္ထားသည့္ လက္ဆြဲစကၠဴအိတ္ကို ကမ္းေပးလာသည္။

"Happy Birthday ... သားေလး၊ ဘဝအဆက္ဆက္ ဒီလိုအမ်ိဳးစပ္ၾကပရပါေစကြာ"

"ေတာ္စမ္းပါ၊ မင္းဘယ္သူမွ အမ်ိဳးမေတာ္ခ်င္ဘူး"

ပုခုံးခ်င္းဖက္ ေလၽွာက္လာေသာသူရိန္ႏွင့္ဟန္သာအား က်န္ႏွစ္ေယာက္က ဖေယာင္းတိုင္ထြန္းထားေသာစားပြဲတြင္ ျပင္ဆင္ရင္းေစာင့္ေနၾကသည္။

"Bae ဒီညကိုယ္တို႔..."

"ERIC!!"

"ဘာလဲ ... ဒီညဘာရွိၾကလို႔လဲ ကိုသူရိန္"

ေၾကာင္ေတာင္ေတာင္ေမးလာေသာ Ice က သူရိန႔္ကိုတစ္လွည့္၊ Eric ကိုတစ္လွည့္ ေမာ့ၾကည့္ေနေသးတာ။

"ခြီး ... မေမးနဲ႔ေတာ့ Ice၊ သေဘာေပါက္လိုက္ေတာ့"

"ဪ ... ဟီးဟီးဟီး"

"ဘာဟီးဟီးဟီးလဲ"

"ဘာမွမဟုတ္ပါဘူး၊ ေပ်ာ္ရႊင္စရာေမြးေန႔ညေလး ျဖစ္ပါေစေနာ္ ဟီး"

အသီးသီးစားပြဲမွာ ဝင္ထိုင္သည္အထိ အားလုံးကတၿဖီးၿဖီးျဖစ္ေနၾကသည္၊ သူရိန္ေခတ္တစ္ေယာက္က လြဲလို႔ေပါ့။ Eric ကေတာ့ ဝိုင္ပုလင္းကိုေသခ်ာေဖာက္လိုက္ၿပီး ဟန္သာ့ခြက္ဆီ အရင္ထည့္ေပးသည္။

"ကၽြန္ေတာ္ နည္းနည္းပဲ။ ဟဲ ... ေစာေစာလည္းျပန္မွာပါ"

"ေက်းဇူး ဟန္သာ"

ျပဳံးတုံ႔တုံ႔ႏွင့္ ေက်းဇူးတင္စကားေျပာလိုက္ေသာ Eric အား သူရိန္က အၾကင္နာမ်က္ေစာင္းတစ္ခ်က္ ဒိုင္းခနဲလွမ္းထိုးလိုက္ေသးသည္။ ဒါကိုျမင္ေတာ့ က်န္သုံးေယာက္၏ရယ္ေမာသံတို႔က ဥယ်ာဥ္ၿခံဝန္းထဲမွသည္ ေကာင္းကင္ယံဆီထိ ပ်ံ႕လြင့္သြားသလား ေအာက္ေမ့ရေတာ့၏။

ေမြးေန႔မွသည္ ထာဝရတည္၊
လိုအင္ဆႏၵ ျပည့္ပါစီ...။

............................

(A/N) ေလးေယာက္လုံးကို လြမ္းေနၾကမယ္ထင္လို႔ ဒီလိုေန႔ညေမြးေန႔ျဖတ္သန္းပုံေလးကို ေရးဖြဲ႕ေပးလိုက္ပါတယ္။ အားလုံးထပ္တူေပ်ာ္ရႊင္ၾကပါေစရွင္...💙

•••••••••••••••••••••••••••••••••

Continue Reading

You'll Also Like

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
226K 37.1K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1M 87.6K 102
(Unicode & Zawgyi) ပင်လယ်နဲ့တူတဲ့ ဘ၀.. လှေငယ်နဲ့တူတဲ့ သူ.. မုန်တိုင်းကြားမှာ ခရီးဆက်နိုင်ပါစေ..
683K 82.7K 40
စာအေရးအသားအရမ္းနုပါတယ္ အရမ္းစာဖတ္သက္တမ္းႀကာသူ စာေရြးသူမ်ား ဖတ္ဖို ့စဥ္းစားေစခ်င္ပါသည္။ စာအရေးအသားအရမ်းနုပါတယ် အရမ်းစာဖတ်သက်တမ်းကြာသူ စာရွေးသူများ ဖ...