IDOL

بواسطة Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း المزيد

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Uni)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

51 (Uni)

334 20 2
بواسطة Thurein__


Braking News - "Artist-K အဖွဲ့ဝင် Eagle နှင့် အဆိုတော်သက်မင်းခန့်ထင်တို့ တွဲဖက်သရုပ်ဆောင်ထားသည့် "Falling in Love" Boy Love ရုပ်သံဇာတ်လမ်းတွဲသည် Netflix မှာပထမဆုံးပြသခွင့်ရခဲ့သည့် မြန်မာ့ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့"

မြန်မာတွင်သာမက နိုင်ငံအသီးသီးမှ Fan Page စာမျက်နှာများတွင် ထိုသတင်းသည်အသီးသီးတက်ကုန်ကြလေသည်။ အစကတော့ ပြည်တွင်းလွှင့်ဖို့လောက်သာ ရည်ရွယ်ထားသော်လည်း Netflix ကနေဝယ်သွားသည်ဟု သိရချိန်တွင် ညီညီအတော်နဲ့အပျော်မပြတ်။

ကိုယ့်တစ်နိုင်ငံတည်းသိ Channel ကနေ Netflix လို Globalization Stream လို့ရတဲ့ Channel မှာ ပါဝင်ခွင့်ရလိုက်တာကိုက ကိုယ့်အတွက် တကယ့်ဆုလာဘ်ကြီးလို့​ပြောလို့ရသည်။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ အရောင်မှိန်ပြီးလမ်းသိပ်မပေါက်သေးသည့် ရုပ်ရှင်လောကကို ညီညီကစပြီး ထင်ထင်ရှားရှား လမ်းဖော်ပေးလိုက်နိုင်သလိုမျိုး။

Artist-K fan page တွေအပြင် K Pop Fandom Page ပေါင်းစုံကနေ အသီးသီးဖြန့်ဝေထားကြသည့်သတင်းတစ်ခုကြောင့် Series သည် နာမည်နှင့်ပိုစတာသာ ချပြထားရသေးသော်လည်း စိတ်ဝင်စားမှူက တဟုန်ထိုးထိုးတက်နေလျက်ရှိသည်။

ပြည်တွင်းမှပရိတ်သတ်များကပို၍ အုန်းအုန်းကြွပ်ကြွပ်ဖြစ်ကာ International Mode အပြည့်နှင့် ပထမဆုံးစတင်လျှောက်လှမ်းခွင့်ရသည့် ဇာတ်ကားမို့ အင်တိုက်အားတိုက် အားပေးဝန်းရံကြရန် ပြင်ဆင်ကြတာ တွေ့ရသည်။ စတင်လွှင့်မည့်ရက် ကြေငြာလိုက်ပြီမို့ သိပ်မကြာခင်ပဲ ညီညီ မြန်မာပြည်သို့တစ်ယောက်တည်း နောက်တစ်ခေါက် ထပ်ပြန်ရဦးမည်။

ဇေနဲ့လည်း ခုတလော အေးဆေးမတွေ့ရ။ သူ့ဘက်ကအရင်လိုပုံမှန်ပဲဆိုပေမယ့် ညီညီ့စိတ်ထဲမှာကို သူရှောင်နေတယ်ဆိုတာသိလာသည်။ အတူနေလာတာကြာပြီဆိုတော့ အမူအရာတွေကမသိသာပေမယ့် စိတ်ထဲကအလိုလိုသိနေတာ။

အချိန်ဇယားတွေကလည်းမပြတ်တော့ ကြားထဲနှစ်ယောက်တည်းစကားမပြောမိတာနဲ့ပေါင်းပြီး ခုရက်ထဲအနေပိုဝေးသွားသလိုပဲ။ အကြောင်းအရင်းကိုလည်းမသိရပဲနဲ့ ခုလိုကြီးလျစ်လျူရှုခံနေရတာကို ညီညီမကြိုက်ပါ။ စိတ်ထဲမတင်မကျနဲ့။ ဝုန်းဒိုင်းပွဲကြမ်းလိုက်ရအောင်ကလည်း သူ့ပုံစံက မူမမှန်တာမျိုးရှိမနေ။ ထို့ကြောင့် ချော့မော့ပြောကြည့်ရုံသာရှိသည်။

"ဇေ.....ဘယ်နေ့ ငါမြန်မာကိုပြန်ရမှာလဲ"

ခါတိုင်းလိုပဲ တဘလက်အပြားတစ်ခုနဲ့ အာရုံများနေပြီး ညီညီ့ကိုမကြည့်ဘဲနဲ့ ပြန်ဖြေလာသည်။

"ရက်ကလိုသေးတယ်။ အနားနီး Confirm ဖြစ်မှပြန်ပြောမယ်လေ"

"Netflix ကနေလွှင့်မှာဆိုတော့ ပေါက်မယ်လို့ထင်လား"

"ထုတ်လုပ်ရေးဘက်ကရော ကုမ္ပဏီဘက်ကရော ပရိုမိုးရှင်းဆင်းပေးကြမှာပါ။ မပူပါနဲ့"

လိုရင်းတိုရှင်းသာဖြေတော့ ညီညီစိတ်အချဥ်ပေါက်လာ၏။

"မင်းအမြင်ကိုမေးနေတာ"

"ပေါက်မှာပါ။ မိန်းကာရိုက်တာနှစ်ယောက်က တကယ်တွဲနေကြတာမို့လို့ကို ပိုပေါက်မှာပါ"

ဇေ့စကားကို ညီညီဘာလို့ခံရခက်သွားတာလဲမသိပါ။ ဇေပြောလိုက်တာရိုးရိုးလေး။ ဘာခနဲ့ခြင်းမှမပါတဲ့ ညီညီကိုယ်တိုင်ပြောပြထားတဲ့အမှန်တရားပေမယ့် ဘာလို့ကိုယ့်ကခနဲ့ခံလိုက်သလို ခံစားမိတာပါလိမ့်။

"သြော်.... ဒါနဲ့ မြန်မာကိုမင်းနဲ့လိုက်ဖို့ မန်​နေဂျာတစ်ယောက်ပါလိမ့်မယ်"

"မင်းပါနေတာပဲ။ နောက်တစ်ယောက်မလိုပါဘူး"

"ငါမပါဘူး။ မင်းသူနဲ့သွားရမှာ"

"ဟမ်...."

ညီညီအံ့သြသွားသည်။ ဘာလို့မပါရမှာလဲ။ ညီညီသွားရာခရီးတိုင်းမှာ သူမပါတာမျိုးရှိခဲ့လို့လား။ ညီညီစိတ်တိုဝမ်းနည်းကြီးဖြစ်သွားသည်။ ဘာကိုစိတ်တိုမိမှန်းကိုမသိဘူး။ တစ်ခုခုကိုရိုက်ပုတ်ပစ်ချင်စိတ်တွေပေါက်ပေါက်လာမိတာ။

"မင်းကဘာလို့မပါတာလဲ"

"ငါကဒီမှာ Collaboration သီချင်းအတွက်ပြင်ဆင်ဖို့ကျန်ခဲ့မှာ။ စိတ်မပူပါနဲ့ စိတ်ချရပြီးတကယ်တော်တဲ့သူကိုထည့်ပေးဖို့ စီအီအိုးကိုပြောထားတယ်"

"မရဘူး။ မင်းမပါလို့မရဘူး။ မင်းနဲ့မှသွားမယ်။ မင်းပါမှငါသွားမယ်"

"ဘာဖြစ်တာလဲ။ ငါကတကယ်မအားလို့လေ။ အလကားနေခဲ့မှာမဟုတ်ဘူး။ မင်းတို့အတွက်အလုပ်လုပ်ရင်ကျန်ခဲ့မှာ"

ဇေကမျက်မှောင်ကျူံ့ပြီးပြောသည်။

"အလုပ် အလုပ် အလုပ် အဲ့အလုပ်ပဲမင်းခေါင်းထဲရှိလား။ ငါ့အလုပ်ကလည်းမင်းအလုပ်ပါပဲ။ ဒီမှာမလုပ်ပဲငါနဲ့လိုက်ခဲ့"

"မရဘူး ဂုဏ်ရည်ညီညီ။ မဟုတ်တာကိုဂျစ်တိုက်မနေနဲ့။ ရက်ပိုင်းလေးသွားပြီးပြန်လာရမှာပဲကို"

"သြော်....ခုတော့ ဂုဏ်ရည်ညီညီပြန်ဖြစ်သွားပြီပေါ့။ ပြော မင်းဘာတွေဖြစ်နေတာလဲ"

ညီညီတို့နှစ်ယောက်ကြား အခြေအနေကတဖြည်းဖြည်းတင်းမာလာသည်။ မတတ်နိုင်ဘူး။ ကိုယ့်ဘက်ကပြေလည်ချင်လို့မှ လျော့ပေးနေတာကို သူ့ဘက်ကကိုရှောင်နေတာလောက် စိတ်တိုတာမရှိဘူး။

"ငါကဘာကိုဖြစ်ရမှာလဲ"

"မင်းဖြစ်တာမင်းအသိဆုံးပဲနေမှာပေါ့"

"ကျစ် မင်းဘာသာတစ်ဖက်သက်ထင်နေတာတွေပါ ငါကသိရအောင်မင်းစိတ်ကိုဖောက်မြင်နိုင်တဲ့ တန်ခိုးရနေတာမဟုတ်ဘူး ဂုဏ်ရည်ညီညီ။ ကမ္ဘာကျော် အိုင်ဒေါလ်တစ်ယောက်ပဲဖြစ်နေပြီ ခုထိမရင့်ကျက်သေးဘူးလား ဟမ်။ ငါကမင်းအနားမှာအမြဲတမ်း တောက်လျှောက်လိုက်နေနိုင်လိမ့်မယ်လို့ မင်းတွေးမထားသင့်ဘူး။ ငါမဟုတ်ဘဲငါ့နေရာမှာအစားဝင်လာမယ့်သူနဲ့လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ အဆင်ပြေအောင်နေရမှာပဲ။ ပုဂ္ဂိုလ်စွဲတွေနဲ့ကလေးလိုတွယ်ကပ်နေတာမျိုးတွေ ထပ်မလုပ်နဲ့တော့"

ဇေ့ရဲ့စကားလုံးများသည် ညီညီ့ကိုအကြီးအကျယ်ထိုးနှက်နေသည်။
ဇေ့လည်ပင်းကြောတွေဆိုတာ ထောင်နေပြီး တစ်ကိုယ်လုံးကဒေါသတွေက မျက်နှာမှာလာစုနေသလို ခက်ထန်နေသည်။ တကယ်ကြီးဒေါသထွက်နေတာပဲ။ 

ညီညီ ငိုချင်လာသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် သူ့စကားတစ်ခွန်းနဲ့ဆို ကိုယ်ကချည်းမျက်ရည်ကျကျလာမိတာ ညီညီပျော့ညံ့နေမိတာလား။
သူ့စကားတစ်ခွန်းကဘာလို့ ကိုယ့်အပေါ် မျက်ရည်ကျရတဲ့အထိ သက်ရောက်မှုပြင်းရတာလဲ။ ဟင့်အင်း ဒီနေရာမှာငိုလိူ့မရဘူး။ ငိုမိရင် သူကမျက်ရည်ကန်ထို ကလေးလိုလုပ်တယ်ဆိုပြီးပြောဦးမှာ။

သေချာတာကတော့ ဇေမပါရင် ဘယ်နေရာမှမသွားချင်ဘူး။ ဇေပါမှ ကိုယ်လုံခြုံပြီး ဇေမပါရင်မလုံခြုံဘူးလို့ ခံစားရတာ ညီညီလွန်လား.....။

"မင်းမပါရင် ငါဒီပွဲကိုမတက်ဘူး။ ပိုက်ဆံဘယ်လောက်ပိုပေးရမလဲ"

"ဘာ..... ညီညီ မင်းဘာပြောတယ်"

ညီညီဘာမှပြန်မပြော။ ကိုယ့်စကားလွန်သွားတာသိပေမယ့် သူ့စကားကြောင့်ကိုယ်နာကျင်ရသလို ကိုယ့်စကားတစ်ခွန်းကြောင့် သူစိတ်ထဲထိခိုက်သွားရင်ရပြီဆိုသည့်စိတ်နှင့်။

"ဟား..... ဂုဏ်ရည်ညီညီတို့က တကယ့်အကောင်ပဲ။ ပိုက်ဆံရှာနိုင်လာပြီဆိုတော့ ငွေစကားပြောပြီပေါ့လေ။ ဟုတ်လား။ စိတ်ရင်းနဲ့ဂရုစိုက်ပေးကောင်းပေးခဲ့တာတွေကို ငွေကြောင့်နဲ့အကုန်လျှော်ပစ်ပြီပေါ့။ အေး အဲ့ဒီ့ ငါ့ကိုပိုပေးမယ်ဆိုတဲ့ပိုက်ဆံတွေနဲ့ နောက်ထပ်မန်နေဂျာအသစ်ရှာလိုက်။ ငါထွက်ပြီ"

"ဇေ... ဇေ့.... အဲ့....အဲ့လိုပြောတာမဟုတ်ပါဘူး။ ငါတောင်းပန်ပါတယ်။ ငါမရည်ရွယ်ပါဘူးနော်။ စိတ်တိုလို့တွေ့တာပြောလိုက်မိတာပါ။ မထွက်ပါနဲ့ နော် မင်းမရှိရင် ငါမဖြစ်ဘူးဆိုတာလည်းသိသားနဲ့"

ဇေသည် အတော်စိတ်ဆိုး​နေပုံရသည်။ ဂုဏ်ရည်ညီညီရယ် စိတ်တိုတာကလည်းတိုတာပေါ့။ ဘယ်နှယ့်စကားတွေသွားပြောမိတာပါလိမ့်။ ​ဇေနဲ့အခုလို ပထမဆုံးအကြိမ်အပြင်းထန်ဆုံးစကားများခြင်းအပြီးမှာ ညီညီသိလိုက်ရတာတစ်ခုက ညီညီ့ဘဝအတွက်ဇေ့ကိုအများကြီးလိုအပ်နေတယ်ဆိုတာပါပဲ။

ကြီးမှတွေ့ခဲ့ကြတာပေမယ့် စတွေ့တဲ့အချိန်ကတည်း ဇေ့အပေါ်အများကြီးမှီခိုခဲ့တာ ခုဆိုအကျင့်ဖြစ်​နေခဲ့ပြီ။ ဇေဟာသူ့ဘဝထဲကို တစ်မျိုးတစ်ဖုံကိုဝင်ရောက်နေပြီဆိုတာ သိလိုက်သည်။ ဇေဟာ သူ့အတွက်အများကြီး ခွင့်လွှတ်သည်းခံပြီးစိတ်ရှည်ခဲ့တာကိုသိတာတောင် အကျည်းတန်တဲ့စကားကိုပြောမိတာ ကိုယ့်ကိုယ်ကိုယ်အကြီးအကျယ်စိတ်ပျက်မိသွားသည်။

ကလေးအကွက်တွေလို့ထင်ရင်လည်းထင်ပါစေတော့။ ညီညီ့မျက်ရည်တွေကိုမထိန်းနိုင်တော့။

"ဇေ..... မင်း စကားကိုနားထောင်ပါ့မယ်။ မင်းလွှတ်တဲ့သူနဲ့ပဲသွားပါ့မယ်။ အလုပ်တော့မထွက်ပါနဲ့နော်"

ဇေ့လက်မောင်းအင်္ကျီစကို ညီညီတင်းတင်းဆုပ်ထားလိုက်သည်။ ဇေက တစ်ဖက်လှည့်ရင်းမှသက်ပြင်းတစ်ချက်ချကာ မျက်ရည်လဲ့နေတဲ့မျက်လုံးများနှင့် သနားသလိုပြန်ကြည့်လာသည်။

ညီညီသိတယ်။ ကိုယ့်စကားကြောင့်သာ ခဏတာစိတ်တိုသွားတာ။ ခုဇေရယ် အဲ့ဒေါသကိုပြန်နောင်တရနေတာလေ။

"ဘာလို့ငိုနေတာလဲ..... ကလေးကျနေတာပဲ"

ဇေ့အသံက ပြန်အေးဆေးသွားသည်။ ညီညီ့မျက်ရည်ကြောင့် ဇေ့ဒေါသတွေ ရေလောင်းခံလိုက်ရတဲ့မီးပုံလို ရှဲခနဲငြိမ်းသွားတယ်လို့မပြောချင်ပေမယ့် ညီညီဝမ်းနည်းနေရင်ကို ဇေမနေတတ်တာသိသည်။ ခုလည်းကြည့်လေ။

သူ့အပေါ်ဒီလောက်စကား​တွေကျွံနေတာ ကိုယ်ငိုနေတာကြောင့်နဲ့ စိတ်ကိုဖြေပေးလိုက်ပြန်ပြီ။ ဒါဟာ ဘုရားကပေးတဲ့ ဒုတိယအခွင့်အရေးဖြစ်တာမို့ ညီညီအဖိုးတန်တန်အသုံးချရမည်။

"မသွားဘူး....မသွားတော့ဘူးကွာ။ ဒီလောက်အလုပ်တွေတန်းစီနေတာ ချင်ချင်းကြီးသွားလို့ရမလား"

"ဒါဆိုအလုပ်တွေပါးသွားရင်ထွက်မှာပေါ့"

"ဒါတော့ မင်းအခြေအနေအရပဲ။ နောက်ကိုအဲ့လိုထပ်ပြောရင် ငါတကယ်ထွက်မှာ"

"မပြောတော့ပါဘူး။ ခုနကပြောမိတာလေးကိုတောင် နောင်တရပါတယ်။ မင်းကဘာလို့ငါနဲ့မလိုက်ရတာလဲ"

"ရက်ပိုင်းလေးပွဲတက်ပြီးပြန်လာရမှာလေ ညီညီရယ်။ ဒီမှာက Artist-K အတွက်လုပ်ရမယ့်အလုပ်တွေအများကြီးပဲ။ ဒီအလုပ်တွေအတွက် ငါ့လောက်သင့်တော်မယ့်သူရှိပါ့မလား"

ဝမ်းနည်းစရာအခြေအနေကြီးကြားထဲမှ ဇေရဲ့မော်ကြွားကြွားပုံပြောသည့်ပုံစံကြောင့် ညီညီရယ်မိလိုက်သည်။ အရေးထဲ ကြွားနေသေးတာ။

တော်သေးတယ် ဇေ့ကိုပြန်ဆွဲထားနိုင်လိုက်လို့။ နောက်တစ်ခါ ထပ်မလုပ်တော့ဘူး။ ဇေ စိတ်ခုစေမယ့်စကားတွေထပ်မပြော​တော့ဘူးဟု ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်တော့သည်။

..........

တကယ်ကိုညီညီတစ်ယောက်တည်း မြန်မာပြည်သို့ပြန်လာခဲ့ရသည်။ ဇေ့အစား မန်နေဂျာတစ်ယောက်လည်းပါသေးသည်။ ဇေလည်း ဟိုမှာမနားတမ်းကိုအလုပ်လုပ်နေရတာမို့ ညီညီနားလည်ပေးနိုင်ခဲ့ပါသည်။ မြန်မာမှာတစ်ပတ်တော့ မကြာ။ 1st Full Album နှင့်အဖွဲ့လိုက် Comeback ရှိနေသည့်အတွက် အချိန်သိပ်မရ။ Red Carpet Show ပြီးတာနှင့် နောက်ရက်တန်းပြန်ရမည်။

အိမ်ရောက်တော့ မန်နေဂျာကောင်လေးကို ဧည့်သည့်ထားသည့်အခန်းမှာ နေရာပေးလိုက်သည်။ အရင်က ဇေနဲ့နှစ်ယောက်အတူ နေခဲ့သည့်အခန်းထဲ ညီညီတစ်ယောက်တည်းဝင်လာရတော့ တစ်မျိုးဝမ်းနည်းမိသား။ လွမ်းလည်းလွမ်းသည်။

"တူ"

ဖုန်းဝင်လာ၏။ ကို့ဆီက။ ကိုနဲ့ပြန်တွေ့ရတော့မယ်ဆိုတော့ ညီညီလည်းပျော်ပါတယ်။ ဒါပေမယ့် မလွတ်မလပ်အပျော်ကြီး။

"အင်း ကို"

"အခန်းရှေ့မှာ ထွက်ခဲ့"

ကိုကတကယ့် Suprise တိုက်လိုက်သည်။ ဘယ်အချိန်များ အခန်းရှေ့ရောက်လာတယ်မသိ။ လေဆိပ်ကိုလာမကြိုနိုင်ဘူးဆိုလို့ အလုပ်တွေများနေတယ်ထင်နေတာ။ အိမ်မှာ Suprise တိုက်ဖို့ တမင်လာမကြိုတာနေမယ်။

"ချပ်"

"အင့်"

တံခါးပွင့်ပွင့်ချင်း ညီညီ့လက်ကိုဆွဲပြီး သူရင်ခွင်ထဲတန်းဆွဲထည့်သည်။ 

"အား.... လွမ်းလိုက်တာကွာ ဒီကိုယ်လေးကိုမဖက်ရတာကြာပြီ"

ပြင်ဆင်ချိန်မရလိုက်သည်မို့ ကို့ရင်ခွင်သည်နွေးသော်ငြား ​ကြာကြာမနေနိုင်။ အသက်ရှူကြပ်လာ၍ ရုန်းကာမှ ကိုကခွာပေးသည်။

"အခန်းရှေ့မှာကဲနေ။ ဖေဖေတွေ့သွားဦးမယ်"

"တွေ့တော့ဘာဖြစ်လဲ။ ယောက္ခထီးကြီးက အဲ့လောက် ခေတ်နောက်မကျလောက်ပါဘူး။ ရှေးရိုးစွဲသာမှန်ရင် သူ့သား Boy Love Series ရိုက်ကတည်းကတားမှာပေါ့ မဟုတ်ဘူးလား"

"ဘာယောက္ခထီးလဲ သူများအဖေကို"

"ကိုယ်တို့လက်ထပ်ပြီးရင် တော်ရတော့မှာလေ။ ဘာလဲ မဟုတ်မှ ညီကကိုယ်တို့ဆက်ဆံရေးကို လက်ထပ်ဖို့အထိမစဥ်းစားထားဘူးလား"

အစ်ကို့စကားတွင် ညီညီခြေချုပ်သွားသည်။ စဥ်းစားမထားတာမဟုတ်ပေမယ့် မစဥ်းစားအားသေးတာပါ။ အချစ်တစ်ခုမှာ လက်ထပ်ခြင်းကပန်းတိုင်မဟုတ်ဘူးလို့တွေးမိတာကြောင့်ရယ် သူရောကိုယ်ရောဆက်လျှောက်ရမယ့် လမ်းတွေရှိနေသေးတာကြောင့်ရယ် သူရောကိုယ်ရော ယောက်ျားလေးတွေဖြစ်နေတာကြောင့်ရယ် လက်ထပ်မယ့်အထိ မစဥ်းစားထားမိဘူး။ ဒါကိုအစ်ကိုကအငိုက်မိဖမ်းမေးတာ။

"အဲ့လိုမဟုတ်ဘူးလေ။ ဟို.. ဟို.... ညီမဖြေတတ်တော့ဘူးကွာ"

"ဟာကွာ.....ကိုယ်စိတ်ဆိုးသွားပြီ။ ညီ​ကကို့ကိုလက်မထပ်ချင်ဘူးပဲ"

"စိတ်​​တော့မဆိုးပါနဲ့ဗျာ။ ကိုပါစိတ်ဆိုးရင် ညီသေလိမ့်မယ်"

ကို့ရင်ခွင်ထဲ တစ်ခါမှီချလိုက်ပြန်သည်။ ဘယ်သူမှ ကိုယ့်ကိုစိတ်ဆိုးတာမျိုး မလိုချင်တော့ဘူး။ ဇေနဲ့ပြေလည်ပြီဆိုပေမယ့် အဲ့နေ့က ဇေ့မျက်နှာကိုပြန်ပြန်မြင်ယောင်မိရင် ကြောက်လာမိရော။

ဘယ်လောက်ပဲစိတ်ရှည်သည်းခံပြီး အနွံတာခံခဲ့ပါတယ်ပြောပြော တစ်ခါဒေါသထွက်စရှိတဲ့သူက နောက်တစ်ခါ ထပ်ထွက်ဖို့မခဲယဥ်း။ ကိုယ့်ဘက်ကသူ့အနစ်နာ သူ့အနွံတာကိုစော်ကားမော်ကားမပြောမိသ၍ ကိုယ့်အပေါ်အကြောင်းမဲ့ ဒေါသထွက်တတ်သူမဟုတ်ပေမယ့် တစ်ခါကြုံဖူးလို့လားမသိဘူး၊ နောက်တစ်ခါဖြစ်လာမှာကို ကြောက်မိတယ်။ နဂိုကတည်းက အနေကခပ်တန်းတန်းရယ်ကို ဇေက ညီညီ့အပေါ် ပိုအေးစက်သွားသလိုပဲ။ စကားကိုလည်း လိုမှပြောပြီးအပိုတစ်ခွန်းမှမပြော။

ဖြစ်နိုင်ရင် အချိန်နောက်ပြန်ဆုတ်ပြီး ဇေနဲ့ညီညီ့ကြား ဘယ်ကနေစပြီး ခုတုံးဖြစ်ခဲ့သလဲဆိုတာပြန်ရှာချင်မိသည်။

"မဆိုးပါဘူး ညီရဲ့။ ကိုယ်ကစိတ်မဆိုးနိုင်ပါဘူး​​ဆို။ နေပါဦး ညီပြောသလိုဆို ဘယ်သူကညီ့ကိုစိတ်ဆိုးနေသေး​လို့လဲ"

ညီညီမဖြေမိပါ။ ကို့ကိုတိုးလို့သာဖက်ထားမိသည်။ ကို့ရင်ခွင်ကြီးက တအားဖက်လို့ကောင်းပြီး နွေးထွေးနေတာမို့ ကိုယ်သင်းရနံ့ကို လိုလိုမက်မက်ရှူရှိုက်ပစ်လိုက်သည်။ ထို့အပြင် ကို့ရင်ခွင်အသားနွေးနွေးက အင်္ကျီပေါ်ကိုဖောက်ထွက်၍ ညီညီ့ကိုယ်ပေါ်သို့ထိတွေ့လျက်ရှိသည်။

"ဇေသုခလင်းလား"

"အင်း"

ကိုယ်ကညီညီ့ကို ပုခုံးကနေဆွဲခွာကာ မျက်နှာချင်းဆိုင်လိုက်သည်။

"သူကဘာလို့ ညီ့ကိုစိတ်ဆိုးရတာလဲ။ သြော် ဒါ့ကြောင့် သူပါမလာတာကိုး။ ဘာလို့ပါမလာလဲ ထူးဆန်းနေပါတယ်လို့"

"မဟုတ်ပါဘူး။ ညီကသူ့ကို စိတ်ဆိုးအောင်လုပ်မိလို့"

ညီညီပြောဖို့ တုံ့နေတာကိုကြည့်ပြီး ပေါ့သေးသေးကိစ္စတော့မဟုတ်ဟု သက်ထင်တန်းသိလိုက်သည်။ ညီညီ့အနားမှာစိတ်အချရဆုံးနဲ့ ညီညီ့ကိုအသက်နဲ့ထပ်တူလုံခြုံအောင် ကာကွယ်ပေးနိုင်သူသည် ဇေသုခတစ်ဦးသာရှိတာ သက်ထင်လက်ခံသည်။

ညီညီနဲ့ပတ်သတ်ပြီး စကားများခဲ့ဖူးပေမယ့် ခုချိန်မှာ ကိုယ့်ချစ်သူလေးကို အနီးကပ်စောင့်ရှောက်ပေးနိုင်သည့်လူမို့ သက်ထင်ကိုယ်တိုင်ကလေးလေးစားစားဆက်ဆံသည်။

အထက်တန်းတုန်းကလို စိတ်ရူးပေါက်ရာလျှောက်လုပ်တတ်သူမဟုတ်တော့ဘဲ အနေတည်တည် သစ္စာရှိရှိနဲ့ လုပ်ရည်ကိုင်ရည်ထူးချွန်ပြီး ညီညီ့အပေါ်ကိုလည်းအများကြီးဂရုစိုက်ပေးတတ်တဲ့သူက စိတ်ဆိုးသွားတယ်တဲ့လား။ ဆိုးတာမှ မြန်မာပြည်ကို လိုက်မလာဖြစ်အောင်ကိုတဲ့လား။ ညီညီ့ဘက်ကအတော်ပြင်းထန်တဲ့အမူအရာ သို့မဟုတ် စကားတစ်ခုခုကြောင့်ပဲ ဖြစ်မည်ဟု သက်ထင်ထင်သည်။

"ဘယ်လိုလုပ်လိုက်လို့လဲ"

ညီညီ့ရင်ထဲက အလေးတုံးကြီးပေါ့သွားအောင် ပစ်ချွဲချွဲလေးပြောပြပြီးနောက် ကိုက ညီညီ့ကိုရင်ခွင်ထဲဆွဲသွင်းပြန်သည်။

"ညီရယ် ဘာလို့အဲ့လိုသွားပြောရတာလဲ။ ဇေသုခလင်း ညီ့အပေါ်ဘယ်လောက်ဂရုစိုက်လဲဆိုတာ ကိုယ်တောင်မြင်ရတယ်။ ကိုယ်နဲ့ကအနေဝေးနေတယ်လေ။ ကိုယ်ချစ်တဲ့ ညီ့ကိုအနီးကပ် ကိုယ့်ထက်ဂရုစိုက်ပေးတဲသူကိုအဲ့လိုပြောတော့ ညီလွန်တာပေါ့"

"ညီသိပါတယ်။ ညီလွန်သွားလို့လည်း တန်းတောင်းပန်ခဲ့တာပါ။ ကိုကစပြီးမဆူပါနဲ့တော့"

"ကိုယ်ဆူတာမဟုတ်ပါဘူး ညီရယ်။ ကဲပါ စိတ်မညစ်နဲ့တော့။ ကိုယ်ရှိနေပြီပဲ ရတဲ့အချိန်လေးမှာရသမျှပျော်ရအောင်"

"အင်း"

စိတ်မပါလက်မပါနဲ့ညီ့မျက်နှာလေးကို သက်ထင်ကအားမရ။

"ကိုယ့်ကိုကြည့်ပြီးပြုံးပြ"

ညီကတဖြည်းဖြည်းခေါင်းလေးမော့လာသည်။ မျက်လုံးလှလှ​လေးတွေနဲ့ သက်ထင်ကိုစေ့စေ့စိုက်ကြည့်လာတော့ သက်ထင်ရင်ခုန်သံတွေမြန်လာသေးသည်။ ညီက တကယ်ကိုအူးအသည်းထဲလှိုက်ပြီးချစ်ဖို့ကောင်းတာ။

"အဟင်း"

ညီကပြုံးပြလာသည်။ မျက်လုံးလေးတွေမှေးကျင်းသွားပြီး တော်ဝင်လေးကိုင်းလို နှုတ်ခမ်းလေးကကော့တက်သွားသည်။ မျက်မှန်မပါတော့တဲ့ မျက်ဆံနက်တနက်လေးတွေကမှအစ သူမြတ်နိုးမိတာ။

"ပြွတ်စ်"

သက်ထင်စိတ်မထိန်းနိုင်တော့၍ နမ်းပစ်လိုက်သည်။ တစ်နေကုန်ထိုင်နမ်းနေရင်တောင်မှ နမ်းမဝတဲ့နှုတ်ခမ်းလေး၊ သက်ထင်ရင်ခုန်သံတွေကိုမြန်အောင်လှုံ့ဆော်နိုင်တဲ့နှုတ်ခမ်းလေး၊ သူထာဝရသိမ်းပိုက်သွားချင်မိတဲ့နှုတ်ခမ်းလေး။

အနမ်းများသိမ်းပိုက်ခံရသူကလည်း ရက်ရက်ရောရောသိမ်းပိုက်စေသည်။ တုံ့ပြန်အနမ်းများကြား အချစ်များဝေဆာနေကြချိန်တွင် သူတို့ကမ္ဘာမှာ သူတို့နှစ်ယောက်သာ ရှိနေကြသယောင်။

လူတစ်ယောက်က ချစ်မိသွားရင်ရှုံးကြတယ်တဲ့။ ညီညီ့အတွက် ထိုစကားက လူလွဲနေပြီ။ နှလုံးသားပေးမထားတဲ့ သူတစ်ယောက်နဲ့မှ ညီညီ့ဘက်ကရှုံးတယ်လို့ ခံစားမိနေတာ။ ချစ်လားဆိုရင်ချစ်တယ်လို့ဖြေမယ်။ သူငယ်ချင်းတစ်ယောက်ထက်တော့အများကြီးပိုပြီး ချစ်သူလက်တွဲဖော်တစ်ယောက်လိုတော့ မစဥ်းစားမိဖူး၍။

ဟင့်အင်း အဲ့ခံစားချက်ကို အချစ်လို့ခေါင်းစဥ်မတပ်ချင်ဘူး။ အရောင်တွေစွန်းသွားမှာကြောက်တယ်။ သူ့ဘက်ကရခဲ့သည့် အရာရာကလည်း ဖြူစင်တဲ့အချိန်တွေရှိပြီး မဖြူစင်တဲ့အချိန်တွေလည်းရှိမှာပေမယ့် မဖြူစင်ရခြင်းအကြောင်းရင်းက အချစ်လို့အတပ်မပြောချင်ဘူး။

မတော်တဆအနမ်းတစ်ခုမို့ မတော်တဆအတိုင်းထားချင်တယ်။ ကိုယ်ပိုင်အသိစိတ်မဟုတ်တဲ့အချိန်မှာ မေ့ပစ်ပါ့မယ်လို့ ပေးခဲ့သည့်ကတိကြောင့် ဖွင့်မပြောခဲ့သည့်အနမ်းတစ်ခုအတွက်နဲ့ သူ့အပေါ်ခံစားချက်တွေပြောင်းလိုက်လာတာ မဟုတ်တာတော့သေချာသည်။

ဟင့်အင်း ဆက်မတွေးချင်တော့ဘူး။ ဆက်တွေးလို့မရတော့ဘူး။ ဆက်တွေးရင် ပါလာမယ့် သို့လောတွေကြောင့် ခံစားချက်နှစ်ခွတွေအဖြစ်မခံနိုင်ဘူး။ ခလုတ်တိုက်ပါများရင် သစ်ငုတ်တိုတောင်နဲ့သေးတာ ကယောင်ချောက်ချားလျှောက်တွေးနေမိရင်းက တွေးပါများပြီး မဟုတ်တဲ့အတွေးတွေကြောင့် ကို့အပေါ်အချစ်တွေလျော့သွားလို့မဖြစ်ဘူး။

နှစ်ဦးနှစ်ဖက်ပြိုင်တူတိုက်မှ ယာဥ်တိုက်တာမဟုတ်ဘဲ ရပ်ထားတဲ့တစ်ဖက်ကို တစ်ဖက်က လာတိုက်မိရင်လည်း ယာဥ်တိုက်မှုပဲ။ သူ့ဘက်ကလည်း တစ်ခုခုကို ဘရိတ်အုပ်ထားသလို ကိုယ့်ဘက်ကလည်း ဘရိတ်အချိန်မီအုပ်ထားရင် တိုက်မိမှာမဟုတ်ဘူး။ နှစ်ဦးစလုံးထိခိုက်မယ့်အရာမျိုးတွေမလုပ်သင့်ဟု ညီညီထင်သည်။

လက်ရှိမှာ ညီညီချစ်တာ အစ်ကို့ကိုပဲ။ အစ်ကိုကညီညီ့လက်တွဲဖော်ပဲ။ ကျန်တဲ့အချစ်တွေက ငါးရာနှစ်ဆယ့်ရှစ်တွေပဲဟု အတင်းမှတ်ယူပစ်လိုက်သည်။

ဇေရေ မင်းနဲ့ပတ်သတ်လာရင် ငါ့ခေါင်းထဲ ငါ့ရင်ထဲ ငါ့နှလုံးသားထဲမှာ အမြဲရှုပ်ထွေးနေတတ်တယ်။ ဖြည်ကြည့်ဖို့မကြိုးစားချင်ဘူး.. ဇေ။

ဖြည်ကြည့်လိုက်လို့ နောက်ဆုံးထွက်လာမယ့်အဖြေကို ငါရင်မဆိုင်ရဲဘူး။

ငါ ဒီလောက်နဲ့ရပ်ထားလိုက်မယ်နော်.....။

"ကို့ကို ညီအရမ်းချစ်တယ်"

"ထပ်တူပါပဲ ညီရယ်"

အစ်ကိုကညီညီ့လက်ဖဝါးများကိုပြောင်းကိုင်လာသည်။ ကမ္ဘာပေါ်မှာ ကြည့်လို့အကောင်းဆုံးအပြုံးတစ်ခုနဲ့ ညီညီ့ကိုဖမ်းစားလိုက်သည်။ ညီညီတွေးနေမိသည်က ကိုကတကယ်ချစ်ဖို့သိပ်ကောင်းသည်ဟူ၍။

"အဝတ်လဲလိုက် ကိုတို့ အပြင်သွားရအောင်"

...........

#Yoe

June 7 2022 10 :17 AM

واصل القراءة

ستعجبك أيضاً

1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
260K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."