!ဝုတ်..ဝုတ်!
"အားးးး"
အကောင်ထွားလွန်းတဲ့လပ်ကီးကြောင့်အစောမှာကြောက်ကြောက်လန့်လန့်ထအော်ရှာသည်။သူ့အသံကြားတော့လပ်ကီးကပင်ငြိမ်ကုတ်သွား၏။
"ဘာမှမဖြစ်ဘူး ကိုယ်မွေးထားတာ"
"ကြောက်တယ် ငါကအရင်တည်းကခွေးကြောက်တာ "
"လပ်ကီးတဲ့"
"သူ့နာမည်လား"
"အင်း"
ထိုသို့ပြောရင်းဇောကခွေးကြီးအနားကပ်သွားတယ်။ခေါင်းကိုပွတ်သပ်ပြီး..
"မင်းသခင်အသစ်လေကွာ မဟောင်ရဘူး"
!ဝုတ် အု အုဝူးး!
"ဟက် သူကကိုယ့်အက္ခရာကိုနှုတ်ဆက်တာနေမှာပါ"
"ဟုတ်မှလည်းပြော မသိရင်ခွေးစကားနားလည်သလိုနဲ့ တစ်ကယ်တမ်းကျငါပဲအကိုက်ခံရမှာ"
"တစ်ကယ် လပ်ကီးကလူယဥ်ပါတယ်ကွ လာကိုင်ကြည့်"
"မကိုင်ဘူး"
"လာပါ ကိုယ်တစ်ယောက်လုံးရှိနေတာကို"
"ဟင့်အင်း ဇော ငါခွေးကြောက်တယ်"
ချောမွတ်နေသောအမွှေးရှည်ကြီးများသည်သူ့လက်ဖဝါးနုနုနှင့်လိုက်လျောညီထွေဖြစ်ခဲ့၏။ခွေးကြီးမှာမျက်လုံးများမှိတ်လို့မှေးစက်နေပြီးအစောလက်ကလေးများခွာသွားသည့်အခါခေါင်းထောင်ကြည့်ကြည့်လာသည်။
"ချစ်..ချစ်ဖို့ကောင်းတယ်"
"ခွီးးး"
အခုတစ်မျိုးတော်ကြာတစ်မျိုးလုပ်တက်သည့်သူ့စိတ်ကိုဘေးကကိုယ်တော်ချောကရီတယ်။
"ဘာရီတာလဲ"
"ချစ်ဖို့ကောင်းတယ်ဆိုလို့လေ လွန်ခဲ့တဲ့မိနစ်ပိုင်းတုန်းကအတင်းတွေရုန်းကန်နေပြီးတော့.."
"အဲ့ဒီ့တုန်းကကြောက်နေလို့ အခု သူကချစ်ဖို့ကောင်းတာသိသွားပြီ"
"အော်အော် အင်းပါ ကိုယ်မှားပါတယ် "
"သူတစ်ကောင်တည်းလား ငါကြားထားတာတော့မင်းမှာ pet shopလေးရှိတယ်ဆို ဘယ်မလဲ"
"ဟာကွာ အံ့သြအောင်လုပ်မလို့ပါဆို ဘယ်ကသီတင်းကရလာပြန်တာလဲ"
ဒီတစ်ခါတော့အစောပြုံးရမယ့်အလှည့်ပေါ့..မျက်စောင်းပိစိလေးထိုးပြလိုက်ပြီးလပ်ကီးကိုယ်အနှံ့ပွတ်သပ်ပေးနေလျက်..
"ငါ့တပည့်လေးတစ်ယောက်ပြောတာ အပင်ဆိုင်လည်းရှိတယ်ဆို "
"အင်း ဆိုင်ကတစ်နေရာမှာသပ်သပ်ဖွင့်ထားတာ ညနေသွားကြမလား"
"ဟင် ဒီမှာပဲမဟုတ်ဘူးလား"
"ပြောင်းထားတယ် ဒီနေရာကချောင်ကျလို့"
"အော်"
"သွားကြမလား"
"သွားချင်လို့ပြောနေတာပေါ့ မသွားချင်ပဲဘယ်သူကလေကုန်ခံပြီးမေးနေမှာလဲ"
"ကျစ် ဟောက်စားကလည်းသိပ်လုပ်တက်လာတာပဲ"
"ငြိုငြင်ရင်ဒိုးနော် ငါကတော့ခပ်ပြတ်ပြတ်ပဲ ဟွန့်"
နှုတ်ခမ်းဆူကာရှေ့ကထွက်သွားသည့်အဆိုးလေးကိုသူ့မှာပြန်ပြောစရာစကားမရှိ..ပြန်ဆုံသည့်အချိန် အဆိုးလေးကသူ့အားနည်းချက်တွေအကုန်သိနေခဲ့သည်။ဘယ်ဟာကိုချုပ်ရင်မင်းထက်ကျော်ဇောခံတွင်းမဲ့ဖြစ်မလည်းသိနှင့်နေခဲ့သည်ဖြစ်၏။
*****<ချစ်သောအက္ခရာ>*****
"လင်းခတ် လင်းခတ်"
"ဗျာ သားဒီမှာကိုကို"
"ဘာလုပ်နေတာလဲ"
"ဟို..ဖုန်း..ဖုန်းက"
"ဖုန်းကဘာဖြစ်လဲ နေအုံး မင်းငိုထားတာလား"
ကလေးငယ်ရဲ့မျက်ဝန်းဝမှာမျက်ရည်စလေးတွေတွေ့နေရတဲ့အခါလင်းသစ်အရင်ကလိုလျစ်လျူမရှုနိုင်..လက်ထဲကဖုန်းကိုလုယူကာကြည့်တော့ဆုဆိုပြီးမှတ်ထားသည့်ဖုန်းcallကဝင်ထားခဲ့သည်။
"လင်းခတ်"
"ဟုတ်"
"သူမင်းကိုဘာတွေပြောလဲ"
"ဘာ..ဘာမှမပြောဘူး"
"အခုငါ့ကိုလာလိမ်နေတာလား ရမယ်ထင်နေတာလား "
"ဟင့် "
"လင်းခတ်သူရိန်"
"ဒီတိုင်းပဲ သား သားကိုဖုန်းဆက်တာ"
"ငါ့ကိုအခုအဲ့ဒီ့စကားကိုယုံခိုင်းနေတာလား ဟမ် "
ဂရုဏာဒေါသတို့နှင့်မီးတောက်နေချိန်လက်ထဲကိုင်ထားသည့်ဖုန်းမှာတုန်ရင်လာတော့သည်။ချက်ချင်းကိုင်လိုက်ပြီးအသံမပြုပဲငြိမ်သက်နေလိုက်တော့ နားထဲဝင်လာတဲ့အသံကစူးရှစွာ..
"ကိုယ့်ရှေ့ကနေပျောက်ကွယ်သွားလိုက်လင်းခတ် ငါနင့်စားဝတ်နေရေးကိုအကုန်တာဝန်ယူတယ် အခုချက်ချင်းကိုယ့်အိမ်ကထွက်သွားပေးပါ နောက်ပြီး ဘာဆက်သွယ်မှုမှလည်းမလုပ်ပါနဲ့ နင်လည်းပညာတက်ပါတယ် နင့်အဆင့်နဲ့ကိုယ့်အဆင့်မိုးနဲ့မြေလိုကွာဟနေတယ်ဆိုတာလေ အဲ့ဒီ့တော့ထွက်သွားလိုက် ပြောတဲ့အတိုင်းမလုပ်လို့ကတော့ နင်ရော နင်ချစ်တဲ့ကိုယ်ရော ဆုတ်ပြတ်သပ်သွားအောင်ငါလုပ်ပြမယ် OK"
ဖုန်းကျသွားသည်နဲ့တစ်ပြိုင်နက်လင်းခတ်ရင်ဆိုင်လိုက်ရတာကလင်းသစ်ရဲ့ကြောက်စရာမျက်ဝန်းတွေ လင်းခတ်ဘေးတစ်ဖက်တစ်ချက်ဆီမှာရှိနေတဲ့အဝတ်အစားထုတ်သေးသေးလေးတွေကိုကြည့်ပြီးသူ့တစ်ကိုယ်လုံးတဆက်ဆက်တုန်နေရှာတယ်။
"ကို..ကိုကို"
"ထွက်သွားမယ်ပေါ့"
"အင့်"
"သူပြောတဲ့အတိုင်းလုပ်ပေးမယ်ပေါ့ ငါ့စကားကလွဲနားမထောင်ခဲ့တဲ့ကောင်ကတစ်ပါးမိန်းမရဲ့အမိန့်ကိုနာခံမယ်ပေါ့ "
"ကိုကို သူက ကိုကို့ကိုပါပြသနာရှာမှာတဲ့ "
"မင်းယောက်ျားမဟုတ်ဘူးလား မိန်းမတစ်ယောက်ရဲ့ခြိမ်းခြောက်စကားကိုကြောက်ပြနေတာမြင်မကောင်းဘူး "
ဒီလိုဆိုတော့လည်းလင်းခတ်မှာပြောစရာမရှိ ကုတင်ပေါ်မှာတင်ကုတ်ကုတ်လေးထိုင်နေမိတယ်။
"မင်း ဒီအခန်းထဲကထွက်သွားဖို့သေတောင်မတွေးနဲ့"
!ဒုန်းး!
"ကိုကို အဲ့လိုမလုပ်ပါနဲ့ ဟင့် တံခါးဖွင့်ပေး ဖွင့်ပေးပါ ကိုကို"
လွန်ခဲ့ေသာငါးနှစ်ခန့်ကလည်း သူ့ကိုလင်းသစ်အခန်းထဲပိတ်ထားခဲ့ဖူးတယ်။တစ်ညလုံးအမှောင်ထဲပစ်ထားခဲ့တယ်။ထမင်းမစားရသလိုရေလည်းမသောက်ရဘူး တစ်အိမ်လုံးသူ့ငိုယိုသံတွေဆူညံသွားအောင်ရိုက်နှပ်ပစ်ခဲ့ဖူးတယ်။
"မဟုတ်ဘူး ကိုကိုအရင်လိုပြန်မလုပ်ရဘူးလေ အီးးးးဟီးး သားကိုပြန်မမုန်းပါနဲ့ အင့် "
အိမ်ထဲပွက်လောရိုက်နေတဲ့ငိုရှိုက်သံတို့ကိုလျစ်လျူရှုကာ တစ်နေရာသို့ကားမောင်ထွက်လာလိုက်သည်။လင်းသစ်သူရိန်ကရှင်းစရာရှိရင်အခုချက်ချင်းရှင်းရမှသဘောကျတက်တဲ့လူ အချိန်ဆွဲနေတာမျိုးကိုမကြိုက်ဘူး....ခပ်လှမ်းလှမ်းမှာတိုက်အိမ်ကြီးတစ်လုံးရှိတယ်..မြက်ခင်းစိမ်းစိမ်းတွေရှိတဲ့ခြံဝန်းကျယ်ထဲမှာမိန်းကလေးတစ်ယောက်ဖုန်းပြောနေေလရဲ့...
!ဒုန်းး!
ကားတံခါးပိတ်တဲ့အသံကသူမအတွက်တော့ခြောက်ခြားဖွယ်ရာပါပဲ..လင်းသစ်လာနေသည်ကိုမျက်လုံးတွေပြူးပြီးကြည့်နေပုံကသေမင်းကိုမျက်မြင်တွေ့လိုက်ရသလို..
"ကိုယ်"
!ဖြောင်း!
"အားး"
ကြီးမားကျယ်ပြန့်သောလက်ဖဝါးတို့ကသူမပါးပြင်မို့မို့ထက်နေရာယူသွားတော့၏။
"ကိုယ် ဆု ဆုဘာလုပ်မိလို့.."
"မျက်နှာဖုံးတပ်ထားတဲ့မိန်းမ ငါ့အပေါ်ဟန်ဆောင်ရတာအားမရလို့ လင်းခတ်ကိုပါဒုက္ခပေးချင်နေတာလား"
"ကိုယ်ဘာတွေပြောနေလဲဆုနားမလည်ဘူး..ဟင့် "
"မျက်ရည်ချူမနေစမ်းပါနဲ့ ငါမသနားတက်ဘူး ငါ့စည်းစိမ်တွေကိုမက်ပြီးတွယ်ကပ်နေတာရပ်တော့ မင်းရဲ့နောက်အကောင်ဆီသွားပြန်ချူနေလိုက် "
"နောက်အကောင်.... ဘယ်သူလဲ"
"မသိချင်ယောင်ဆောင်မနေနဲ့ မင်းငါ့နောက်ကွယ်မှာရှုပ်ထားတဲ့အရှုပ်တွေငါဆက်လည်းနားမထောင်ချင်တော့ဘူး နောက်ပြီး...လင်းခတ်ကိုစိတ်ဒုက္ခထပ်မပေးပါနဲ့ လင်းခတ်သူရိန်ဆိုတာငါတစ်ယောက်တည်းပဲပိုင်ဆိုင်တာ ငါပဲသူ့ကိုမုန်းမယ် ငါပဲသူ့ကိုချစ်မယ် ငါပဲနှိပ်စက်မယ် ငါပဲကြင်နာမယ် OK ငါသွားမယ်"
ရှက်စိတ်တို့ကြောင့်သူမရဲ့မျက်နှာကနီရဲနေခဲ့တယ်။ကျောခိုင်းသွားတဲ့လူကိုတောင်းပန်ခယနေဖို့ကလည်းသူလင်းသစ်ကိုတစ်ကယ်ချစ်ခဲ့တာမှမဟုတ်ပဲ..
"ရေစက်ကုန်သွားတယ်ပဲသဘောထားလိုက်ရမှာပေါ့ "
*****<ချစ်သောအက္ခရာ>*****
"ဝါးးးး"
အစောတစ်ယောက်မျက်စိရှေ့ကဆိုင်ခန်းလေးကိုကြည့်ရင်းပါးစပ်အဟောင်းသားလေးပင်ဖြစ်ရသည်။ဆိုင်ခန်းထဲသုံးထားတဲ့အသုံးအဆောင်တွေကအစအပြင်ဘက်ခင်းထားတဲ့လမ်းအဆုံးအကုန်လုံးကအဝါရောင်တွေချည်း....ဒီ့အပြင်သူမှင်သက်သွားရတာက kayarဆိုတဲ့ဆိုင်နာမည်လေးကြောင့်ဆိုတာပြောစရာတောင်မလို...
"ကြည့်ရတာ သဘောကျတဲ့ပုံပါပဲ"
"ဘာကိုလဲ"
"ဆိုင်လေးကိုလေ အဝါရောင်တွေကိုနှစ်သက်မှုမရှိတဲ့ကိုယ်က မင်းလေးကြောင့်နဲ့တစ်ဆိုင်လုံးကိုဝါထိန်ပေးထားတာ....ဒီလူကိုချစ်တယ်ဆိုပြီးမွှေးမွှေးမပေးချင်ဘူးလား"
ဇောအတင့်ရဲစွာအစောခါးလေးကိုဆွဲဖက်လိုက်တော့တယ်။ပူးကပ်သွားတဲ့ခန္ဓာကိုယ်နှစ်ခုကြောင့်အစောကတော့နေရခတ်နေဟန်သာတုံ့ပြန်တယ်။ဖြူဥဥလက်ကလေးများကိုသွေးကြောစိမ်းလေးတွေထောင်ထနေအောင်ဆုပ်လိုက်ပြီးဇောရင်ခွင်ကျယ်ကိုသာထုရိုက်နေတော့၏။
"အတင့်မရဲနဲ့ဇော ငါမကြိုက်ဘူး"
"ဟုတ်လို့လား မင်းလေးရဲ့မျက်လုံးတွေကတော့သဘောခွေ့နေမှန်းသိသာလွန်းတယ်"
မျက်နှာပြောင်စပ်စပ်လုပ်နေတဲ့လူကိုအစောဆူပုတ်ပုတ်လေးကြည့်လိုက်ပါသည်။
"မဟုတ်တာတွေဇွတ်မပြောပဲငါ့ခါးကိုသာလွှတ်ပေးပါ "
"ခဏပါကွာ ဘယ်လောက်ထွေးပွေ့ထားပါစေ ဖတ်တွယ်ထားပါစေ မင်းခါးလေးကိုကသောက်လေသောက်လေငတ်မပြေဖြစ်နေတာ"
"ကဲပါဇောရယ် နောက်မှဖတ်လည်းရတာကို"
"စိတ်မရှည်တာလား ကိုယ့်ကိုမချစ်ဘူးလား"
"မ မဟုတ်ပါဘူး "
"ဒါဆိုဆက်ပြီးဖတ်ထားချင်တယ်လေ နော်"
"ကဲ မင်းထက်ကျော်ဇော ငါဆိုင်ကိုလိုက်လာတာမင်းဖတ်တာကိုငြိမ်ခံနေဖို့မဟုတ်ဘူး အကောင်ပေါက်လေးတွေကြည့်ချင်လို့"
"ဟာကွာ သူတို့ကနောက်မှကြည့်လည်းရတာကို"
"မင်းလည်းနောက်မှဖတ်လို့ရတယ်လေ "
"ကိုယ့်အက္ခရာကကွာ "
"တစ်ကွာကွာနဲ့ ကွာစေ့စားချင်လို့လား"
"ဟက် ကြည့်ကြည့် ပြောရင်းဆိုရင်းအသံကမာလာပြီ "
"မာမှာပေါ့ မင်းလိုက်လုပ်နေတာကို"
"ဟုတ်လား ပြကြည့်"
"ဘာကိုလဲ"
"မင်းလေးပဲကိုယ်လုပ်လို့မာလာပြီဆို"
"ဟာ ဇော"
"ဟားဟားဟား"
ရှက်ရွံံစိတ်ကြောင်းသူ့ပါးမို့လေးတွေနီရဲတက်လာသည်အထိ မျက်ရည်လေးတွေဝဲတက်လာတော့ဇောတစ်ယောက်ရီနေရာကရပ်သွားပြန်တယ်။
"ကိုယ်များသွားတယ် "
"အင့်"
"မငိုပါနဲ့ ငိုချင်ရက်လက်တို့ဆိုတာမင်းလေးကိုပြောတာသိလား "
"မင်း မင်းက အင့် ငါမကြိုက်တာတွေပဲဇွတ်လုပ်နေတာကို အူးးဝါးး"
ကလေးတစ်ယောက်လိုမျက်ရည်နဲ့မျက်ခွက်အော်ငိုနေရှာတော့လည်းသနားစရာလေးပင်ဖြစ်ရသည်။တုန်ယင်နေတဲ့သူ့ပုခုံးနှစ်ဖက်ကိုဇောကသူ့လက်ဖဝါးကြီးတွေနဲ့ဆုပ်ကိုင်ရင်းပြုံးပြတယ်။
"ကိုယ်မှားသွားတယ် တောင်းပန်ပါတယ်နော် အခုအကောင်လေးတွေကြည့်ချင်တာမလား ကိုယ်လိုက်ပြမယ်"
"အင့် အတည်နော်"
"အင်းပါအတည်"
"ပြီးရော.."
အထဲကိုဝင်လာလိုက်တော့အရင်ဆုံးတွေ့ရတာကကြက်တူရွေးလေးတွေ အစိမ်းရောင်လေးတွေရှိသလိုအဝါရောင်သန်းတဲ့အကောင်လေးတွေလည်းရှိနေပြန်တယ်။
"လှလား "
"အင်း ချစ်စရာလေးတွေ "
"မင်းလေးမွေးချင်ရင်ယူသွားလေ"
"ဟင့်အင်း ငါကကြောင်ပဲချစ်တာ"
"ဟက် ဟုတ်ပါပြီ ကြောင်ဖေဖေလေးရယ် "
"ဟွန့် အဲ့ဒါဘာကောင်လေးတွေလဲ"
သူ့လက်ညှိုးထိုးပြရာကယုန်ဖြူလေးတွေဆီ...
"ယုန် "
"အမ်"
"ယုန်လေ ယုန်တောင်မသိတော့ဘူးလား"
"ဘာပြောတယ် ယုန်တော့ငါသိတာပေါ့ အဲ့ဒီ့အကောင်လေးတွေရဲ့အနောက်ကကောင်လေးကိုပြောတာ"
"အော် အဲ့ဒီ့အကောင်လေးကဖြူးလေးလေ "
"ရုပ်ရှင်တွေထဲမှာမြင်ဖူးတယ် အပြင်မှာတော့တစ်ခါမှမတွေ့ဖူးဘူး "
"အင်း လာ အနားသွားကြည့်မယ်လေ"
"အင့်"
ရုတ်တရပ်ဆွဲခေါ်မရတဲ့လူကြောင့်ဇောမှာကြောင်အလျက်..
"ဘာဖြစ်လို့လဲ"
"သူက..ကိုက်တက်လား"
"အာ သွားရှိတဲ့ကောင်မှန်သမျှကိုက်တက်တာပေါ့ ဒါပေမယ့်စိတ်ချပါ သူကရန်မပြုပါဘူး သူ့ဆူးတွေနဲ့တော့ဝေးဝေးနေပေါ့"
"ကြောက်တယ်"
*တစ်ကယ်ပါ အက္ခရာကြောင့်ကျွန်တော့်နှလုံးသားတွေဆောက်တည်ရာမရတော့ဘူး သူဘာလို့ဒီလိုလုပ်နိုင်ရတာလဲ*
ဝိုင်းစက်စက်မျက်ဝန်းတွေကထိတ်လန့်မှုတို့လွှတ်ထုတ်နေခဲ့ပေမယ့်ဇောအတွက်ကတော့ချစ်စိတ်သာပိုရသည်။လက်ကလေးကနေဆွဲခေါ်ပြီးဖြူးကောင်လေးနားကပ်သွားတော့သူ့အနောက်ကပ်ပုန်းနေသေးတာ..ဘယ်လောက်ထိအသည်းယားစရာကောင်းလိုက်သလဲ..
"သူအိပ်နေတာ "
"အင်း ချစ်စရာလေး ဒါပေမယ့်ဆူးတွေနဲ့"
"သူ့သဘာဝလေ "
"ဒီလိုဆူးတွေနဲ့ကောင်လေးကိုဝယ်တဲ့လူကရှိသေးတာလား"
"ရှိတာပေါ့ ဆူးတွေနဲ့ဆိုပေမယ့် သူတို့အပေါ်မေတ္တာပေးရင်သခင်ကိုသိတယ်"
"အော် ဒါဖြင့် ဒီကအကောင်လေးတွေအားလုံးကရောင်းမယ့်အကောင်လေးတွေပေါ့"
"မဟုတ်ပါဘူး"
"ဟင် "
နားမလည်ဟန် ပွင့်ဟသွားတဲ့နှုတ်ခမ်းလွှာတို့အားစိုက်ကြည့်နေရင်း ဝဲကျနေတဲ့ဆံကေသာကျော့ကျော့ကိုနားကြားလေးသို့ထပ်မံသပ်တင်ပေးရ၏။
"အသည်းယားစရာကောင်းတဲ့ဒီချစ်စရာအကောင်ပေါက်လေးကတော့ကိုယ့်အတွက်ဖယ်ထားရမှာလေ"
"ဘယ် ဘယ်အကောင်ပေါက်လေးလဲ"
"အရူးလေး မင်းလေးကိုပြောနေတာ"
"ဘာ"
"ဟားဟား"
"ဇော လူယုတ်မာ ငါ့ကိုများသူ့အိမ်မွေးတိရိစ္ဆာန်တဲ့လား "
!ဘုတ်..ဘုတ်!
ချစ်စရာလက်သီးဆုပ်ကလေးတွေကသူ့ရင်ခွင်ကျယ်ကြီးထဲရောက်ရှိလာခဲ့တယ်။ရှက်ရမ်းရမ်းနေတဲ့ကောင်လေးကိုရုန်းကန်နေတဲ့လက်တွေကနေဆွဲကိုင်ရင်းနှာခေါင်းချင်းတေ့ထားလိုက်တော့ငြိမ်ကျသွားတယ်။နှစ်ယောက်သားရဲ့ရင်ခုန်သံတွေကထပ်တူညီနေရမဲ့အစား တစ်ယောက်တစ်မျိုးစီဖြင့်သာရှိလျက်..
"ဇော.."
"အင်း"
"ငါ့ကိုအတည်ချစ်တာလား"
"အတည်"
"နောက်မှခွဲမသွားရဘူးနော်"
"ပေါင်းတောင်မပေါင်းရသေးတာကို နိမိတ်မရှိ"
"ဖြေစမ်းပါ "
"အင်း ကိုယ်ကတိပေးတယ် ခွဲမသွားဘူး"
"တစ်ကယ်နော်"
"တစ်ကယ်"
"ငါယုံပေးလို့ရတယ်မလား"
"ဒါပေါ့ ကိုယ့်ကိုမယုံသေးလို့လား"
"ငါ့ကိုယ်ငါမယုံသေးတာ နောက်ပြီး ငါကြောက်တယ်ဇော "
"ကိုယ်တစ်ယောက်လုံးမင်းအနားရှိနေတာ မင်းမှာကြောက်စရာဆိုတာရှိသေးလို့လား"
"ရှိတယ် "
"ဒါဖြင့်ပြော ဘာကမင်းကိုကြောက်ရွံ့စေတာလဲ"
ထိုခဏ အစောအောက်နှုတ်ခမ်းလေးကိုဖိကိုက်ထားမိတယ်။
"မင်းငါ့ကိုရိုးအီပြီးထားခဲ့မှာကို အရင်တစ်ခါကလိုငါ့ရင်တွေကွဲကျေရမှာကို "
"တော်တော့ ကိုယ့်ကိုယုံပေးပါ ဘယ်အရာကိုပဲစိုးရိမ်နေစိုးရိမ်နေ ကိုယ့်ကိုယုံတယ်ဆိုရင်အဆင်ပြေတယ် ဟုတ်လား "
". ..."
"ကိုယ်မှားခဲ့တာတွေအတွက်ထပ်ပြီးတောင်းပန်ပါတယ် ဒီတစ်ခါတော့ခွင့်လွှတ်ပေးမယ်လို့ထင်တယ်"
"ဇော"
"ခွင့်လွှတ်ပေးမယ်မလား"
နှစ်ဦးသားရဲ့ဝင်လေထွက်လေကတစ်ယောက်မျက်နှာတစ်ယောက်ကလူကျီစယ်နေရင်းအစောကအဓိပ္ပါယ်ပါပါပြုံးတယ်။
"အစတည်းကခွင့်လွှတ်ပြီးသားပါဇောရယ်"
ဝမ်းသာချိန်လား ဇောမရခဲ့ဘူး...ဘာ့ကြောင့်ဆိုအစောနှုတ်ခမ်းတွေကသူ့နှုတ်ခမ်းတွေကိုပိတ်သိမ်းပြီးနေပြီ။ရမ္မက်ဆန်တာမျိုးမဟုတ်ပဲစောအက္ခရာပီသစွာပဲနူးနူးညံ့ညံ့လေးခရီးဆက်နေခဲ့ခြင်းသာ...
နုနုထွေးထွေးလေးဖြစ်နေတဲ့နှုတ်ခမ်းသားရဲရဲလေးတွေကိုအရသာခံနေစဥ်မှာပဲခါးသိမ်သိမ်လေးဟာလည်းသူ့အပိုင်ဖြစ်လာတယ်။အနီးအနားကကြက်တူရွေးမောင်နှံမှာသူတို့နှစ်ဦးဆီအထူးအဆန်းအလားစူးစမ်းနေလျက်ဖြင့်....မင်းထက်ကျော်ဇောရဲ့တစ်နေ့တာကလှပနေခဲ့ပြန်သည်။
*****<ချစ်သောအက္ခရာ>*****
ကိုယ်upကြာသွားတဲ့အတွက်စိတ်မကောင်းပါဘူး ဒီရက်ပိုင်းတွေထဲချူချာတော့အိမ်ကအနားယူခိုင်းထားလို့ အခုမှပြန်ပြီးနလံထူလာတာပါ အားလုံးကစောင့်မျှော်နေခဲ့ကြမယ်ဆိုရင်အထူးတောင်းပန်အပ်ပါတယ်။အခုထိစောင့်ဖတ်ပေးကြတဲ့အတွက်လည်းကျေးဇူးမမေ့ပါဘူး..💜