ဦးငယ်~(Completed)

By NoraRosalia0

222K 14.8K 2.1K

ချစ်ခြင်းအစ မုန်းခြင်းက။ ဒါပေမဲ့ ကျနော်နဲ့ ဦးငယ်ရဲ့ဇာတ်လမ်းက မုန်းခြင်းအစ ချစ်ခြင်းကပင်။ ခ်စ္ျခင္းအစ မုန္းျခ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-39
Part-40
Part-41
Part-42
Part-43 (Final)
Extra(Intro)
Extra

Part-38

4K 276 57
By NoraRosalia0

(Unicode)

တောင်းပန်တယ်ဆိုတာလည်း ပြောခွင့်မရှိတော့ချေ။ခွင့်လွှတ်ခြင်းဆိုတာလည်း မရှိတော့ပေ။
ချစ်ခြင်း မုန်းခြင်းလည်းမရှိတော့ပေ။
ခံစားချက်မဲ့သွားခဲ့ပြီ။
သို့သော် မောင်ရင်နာစွာနဲ့ ချစ်နေစဲပါ။
ဦးငယ် ပေးသမျှအပြစ်ဒဏ်ကိုအသက်ရှင်နေသမျှ အပြုံးမပျက်ဘဲခံစားသွားမည်။

____________________

အရုပ်လေးတစ်ရုပ်လို ခွဲစိတ်ခန်းအရှေ့ထိုင်နေ
သည့် Taehyung သူ့အဝတ်အစားတွင်လည်း Jungkook ရဲ့သွေးတွေစွန်းထင်းနေသည်။

မျက်ရည်တွေနဲ့ ရှိုက်ကာငိုနေသည်။
သူ့ဘေးနားဘယ်သူမှလည်းရှိမနေ။
Jungkook တစ်ခုခုဖြစ်သွားမည်ကိုသာစိုးရိမ်နေလေသည်။

မောင်ရယ်...ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့။
ဦးငယ်စီပြန်လာပေးပါ။အခုလို ဦးငယ်ကိုထားမသွားရဘူးလေ။
မောင့်မှာလည်း ဦးငယ်ပဲရှိသလို။
ဦးငယ်မှာလည်း မောင်ပဲရှိတော့တာလေ။

ခွင့်လွှတ်ပေးပြီဆိုမှ ကံကြမ္မာကဆော့ကစားပြန်ပြီပဲ။
ငိုနေပေမဲ့ နှလုံးသားက ဘာမှမခံစားရချေ။
မောင့်ကို ကျနော်လုံးဝခံစားချက်မဲ့နေတာလား။အခုငိုနေတာကရော မောင့်ကိုစိတ်ပူနေရုံပဲလား။
ဒါမှမဟုတ် ကျနော်တစ်ယောက်တည်းလောကကြီးထဲကျန်နေခဲ့မှာကိုကြောက်နေတာလား။

သေချာတာတစ်ခုကတော့ ကျနော့်နှလုံးသားက
မောင့်အပေါ် ဘာမှမခံစားရတော့တာပင်။

ဘယ်လိုပဲဖြစ်ဖြစ်မောင်အခုလိုပုံစံမျိုးနဲ့ ဦးငယ်ကိုမစွန့်ပစ်ရဘူးလေကွာ။မရမကအနားကိုခေါ်ထားပြီးမှ မောင်အရင်ထွက်သွားလို့မဖြစ်ဘူးလေ။

ခွဲစိတ်ရမဲ့နေရာက ဦးခေါင်းလို့ပြောလိုက်တာကြောင့် ကျနော်ဘယ်လိုမှရတက်မအေးရတော့ချေ။

ခွဲစိတ်ခန်းမှ မီးနီလေးက မီးစိမ်းလေးစီကူးပြောင်းသွားလေသည်။

ဆရာဝန်ထွက်လာသည်။

" လူနာရှင်..."

" ဟုတ်ကဲ့..."

Taehyung မျက်ရည်တွေကိုသုတ်ပစ်ကာ
ဆရာဝန်အနားသို့သွားလေသည်။

" အသက်အန္တာရာယ်တော့စိုးရိမ်စရာမရှိပါဘူး...
ဒါပေမဲ့..."

" ဒါပေမဲ့ ဘာဖြစ်လို့လဲ ဆရာ..."

" လူနာက အမြင်အာရုံဆုံးရှုံးဖို့ ရာခိုင်နှုန်းများတယ်...နောက်ပြီး ကိုယ်ခန္ဓာကအာရုံကြောသွေးကြောမကို ထိခိုက်သွားတာမို့လို့အတိတ်မေ့သွားတတ်တာမျိုးလည်းဖြစ်နိုင်တယ်..."

" ခ...ခင်ဗျာ..."

" ဒုတိယတစ်ချက်ကတော့ သူပြန်သတိရလာမှအတိအကျသိနိုင်မှာပါ...ကျနော်တို့ဘက်ကအ​ကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတာမို့လို့ အသက်အန္တာရာယ်အတွက်ကတော့လုံးဝအာမခံနိုင်ပါတယ်..."

ဘယ်လိုတွေဖြစ်သွားရတာလဲ။
ကျနော့်တကယ်ကို မွန်းကြပ်လာသည်။
မောင့်အခြေအနေက အသက်သာမသေတာ
ခံစားရတာတွေက များနေပြီ။

" ဒါဆိုမောင်က အမြင်အာရုံဆုံးရှုံးရုံတင်မဟုတ်ဘဲ အတိတ်ပါမေ့နိုင်တယ်ဆိုတဲ့သဘောပေါ့..."

" ဟုတ်ပါတယ် ခင်ဗျာ့...လူနာကို ICU ထဲခနထည့်ထားရပါလိမ့်မယ်...အသက်အန္တာရာယ် မရှိပေမဲ့ ဦးနှောက်ခွဲစိတ်ထားတာဆိုတော့ လိုရမယ်ရပါ..."

Taehyung စကားပင်ပြန်မပြောနိုင်တော့ချေ။
ခေါင်းလေးသာငြိမ့်ပြလိုက်သည်။
ထိုတော့ဆရာဝန်ကာ သူ့ပခုံးလေးကိုထိသွားကာ
စိတ်မကောင်းဖြစ်စွာဖြင့် ထွက်သွားသည်။

ကျနော်ဘာဆက်လုပ်ရတော့မလဲ။
အမြဲတမ်းပြုံးရယ်နေတတ်တဲ့ ကလေးငယ်ကအခု ကျနော့်ကိုပါမေ့သွားတော့မည်။

ဦးငယ်ဆိုပြီး ကျနော့်မျက်နှာလေးကို ဘေးကနေအမြဲတမ်းသေချာလိုက်ကြည့်နေတတ်တဲ့ မောင်။
အခုကျနော့်မျက်နှာလေးကို မောင်မြင်ခွင့်မရှိတော့ဘူး။

ခံပြင်းလွန်းသည်။အရမ်းကို လည်ပင်နားစိုနင့်နေရတယ်။ရင်ဘတ်ထဲအရမ်းနေရခက်နေတယ်။
တနေရာရာကအသေအလဲနာကျင်နေရသည်။

Taehyung သူ့ရင်ဘတ်လေးကိုဖိကိုင်ထားသည်။

နာနေတယ်။ရင်ဘတ်ထဲကအရမ်းကို နာနေတယ်။
ဘယ်လိုခံစားချက်တွေ။ခံစားချက်။

အခု...ကျနော့်နှလုံးသားက ခံစားနာကျင်နေရတာလား။မောင့်အတွက်လေ။
တောက်လျှောက်ငိုနေခဲ့တဲ့ ဒီမျက်ရည်စက်တွေကလည်း မောင့်အပေါ်ခံစားချက်တွေရှိနေလို့ပေါ့။

မဖြစ်နိုင်ဘူး။တစ်ခုခုဖြစ်နေပြီ။ကျနော့်နှလုံးသားနာကျင်နေတယ်။

" Min..."

နှုတ်ခမ်းကနေထွက်သွားမိသည်။
ခွဲစိတ်ခန်းအရှေ့မှ လျှောက်လမ်းဘက်ကို
လှမ်းကြည့်မိသည်။

ရင်ထဲကသေလောက်အောင်နာကျင်နေရသည်။
ထိုအချိန် လျှောက်လမ်းကနေငိုရင်းပြေးသွားသည့် အမျိုးသမီးလေးတစ်ဦး။

" Chan Hari..."

ခေါင်းထဲတစ်ခုပဲဝင်လာရတော့သည်။
သူမကဘာလို့ ဒီဆေးရုံမှာရှိနေရတာလဲ။
မဟုတ်မှ Min များတစ်ခုခုဖြစ်နေပြီလား။
သူစိတ်ပူတကြီးဖြစ်သွားကာ Hari သွားသည့်နေရာလေးသို့အနောက်ကနေလိုက်သွားသည်။

လူနာဆောင်စီရောက်တာနှင့် သူမကအခန်းလေးတစ်ခန်းထဲပြေးဝင်သွားသည်။

Taehyung ခြေလှမ်းတို့ကလည်း ခပ်သွက်သွက်လေးဖြစ်သွားသည်။
ပွင့်ဟနေသည့်ထိုအခန်းထဲဆရာဝန်တွေ သူနာပြုတွေ ဝင်သွားနေသည်။

ရင်ထဲပိုလို့ နာကျင်လာရသည်။
အခန်းတံခါးဝနားရောက်တော့ ခြေလှမ်းတို့ကရပ်တန့်သွားသည်။

ငိုနေသည့် Hari သူမဘေးတွင် ဆရာဝန်တွေရှိနေသည်။
ကုတင်ပေါ်မှာလှဲလှောင်းနေသည့် သူကိုသေချာမတွေ့ရ။

ထိုအချိန်ဆရာဝန်တစ်ဦးမှာ သက်ပြင်းချကာ
သူ့လက်ပတ်နာရီလေးကိုကြည့်ရင်း...

" သေဆုံးသူ Min Yoongi...သေဆုံးချိန်...ညရှစ်နာရီတိတိ စက္ကန့်နှစ််ဆယ်...Oct 10..."

ထိုအသံအဆုံး Hari ငိုသံလေးကပိုကျယ်လောင်လာရသည်။

ကျနော်နှလုံးသားလေးက ရပ်တန့်သွားရတော့မည့်အလား။

Taehyung နှုတ်ခမ်းတွေတုန်ရီလာသည်။
မျက်ရည်တွေလည်း အလိုလိုကျဆင်းလာသည်။
ခြေလှမ်းလေးလှမ်းလိုက်ကာ...

"Min!..."

အခန်းထဲပြေးဝင်ကာခြုံထားသည့် စောင်ကို ဆွဲဖယ်လေသည်။ဆရာဝန်တွေတားနေပေမဲ့မရခဲ့။

စောင်လေးလပ်သွားသည်နှင့် Yoongi မျက်နှာလေးကို Taehyung တွေ့လိုက်ရသည်။
သူခြေတွေပင်မခိုင်ချင်တော့ချေ။
ကုတင်ထက် မျက်ဝန်းတွေမှိတ်ထားသူက သူအရမ်းကိုမြတ်နိုးရသူပင်။

ပိန်ခြုံးနေသည့်ကိုယ်ခန္ဓာလေး။
မျက်နှာလေးက အရမ်းကိုချောင်ကျနေသည်။

" Min...Min...ဘာလို့အိပ်နေတာလဲ... Min..."

Taehyung အရူးတစ်ပိုင်းဖြစ်နေလေသည်။
သူ့လက်တွေကအစ တုန်နေလေသည်။

" Hari...Min ဘာဖြစ်တာလဲ... ကျနော်နိုးနေတာကို ဘာလို့မထရတာလဲ...Hari... ကျေးဇူး​ပြုပြီး နိုးပေးပါအုံး... "

" Taehyung Shii...Yoon က အဆုပ်ကင်ဆာနဲ့ဆုံး...ဆုံးသွားပြီ...သူ...သူထမလာနိုင်တော့ဘူး..."

ရင်ထဲက နှလုံးသားကိုအရှင်လတ်လတ် ဆွဲနှုတ်လိုက်သလိုပင်။
သေလောက်အောင် ရူးခါနေအောင် နာကျင်ခံစားရသည်။
မီးစနဲ့တို့နေသလိုကိုနာကျင်ရသည်။

ခေါင်းတွင်တွင်ခါကာYoongi ကိုယ်ခန္ဓာကိုလှုပ်နိုးကာ Taehyung ကလေးတစ်ယောက်လို အော်ကာငိုလေသည်။

" Min...အသဲငယ်ရောက်လာပြီလေ...Min...
အိပ်ချင်ယောင်မဆောင်ပါနဲ့...အသဲငယ်ကို အဲ့လိုမလုပ်ရဘူးလေ...အိပ်မနေပါနဲ့ Min..."

မသေဘူး။Min မသေဘူး။ကျနော့်ရဲ့ Min ကဘာလို့သေရမှာလဲ။
အဆုပ်ကင်ဆာဆိုတာမဟုတ်ဘူး။
Min ကကျနော့်ကို အခုလိုအရင်ထားသွားမှာမဟုတ်ဘူး။

"Min ရဲ့မျက်ဝန်းတွေပိတ်နေတာကိုမကြိုက်ဘူးလေ...အရမ်းလှတဲ့မျက်ဝန်းတွေကို အသဲငယ်ကြည့်ချင်တယ်...ကျေးဇူးပြုပြီးအသဲငယ်ကိုကြည့်ပါအုံး...Min အရမ်းမြတ်နိုးတဲ့ အသဲငယ်လေဗျာ..."

Taehyung Yoongi ရင်ခွင်လေးထက်ခေါင်းလေးမှီကာ ပြုံးနေသည်။
တခါပြန်ကာ မျက်ရည်တွေနဲ့အတူ အော်ငိုပြန်သည်။

" ဒီရင်ခွင်က အမြဲတမ်းအတွက်ဆို...Min...
အသဲ...အသဲငယ်ပင်ပန်းတဲ့အချိန်တိုင်းနားခိုနိုင်တယ်ဆို..."

Taehyung အရူးတစ်ယောက်လိုအသိစိတ်တွေက လွတ်နေပြီဖြစ်တာကြောင့် Hari ကြည့်ကာပိုစိတ်မကောင်းဖြစ်ရသည်။

" အထိအတွေ့တွေ...အနမ်းတွေ...ထွေးပွေ့မှုတွေ...အဲ့အရာတွေကို အသဲငယ်ပြန်ခံစားချင်
တယ်လေ...Min... သိလား...နွေဦးရောက်ရင်...ချယ်...ချယ်ရီပန်းတွေပွင့်မှာလေ...
Min နဲ့အတူ သွားကြည့်ရအုံးမယ်လေ..."

" စိတ်ထိန်းပါအုံး Taehyung Shii..."

Hari Taehyung ကိုဆွဲခေါ်တော့ သူမကိုတွန်းထုတ်ကာ Yoongi ကိုသာပွေ့ဖက်ထားသည်။

နောက်တော့ ဖြူဖတ်ဖြူရော်နှုတ်ခမ်းလေးကိုထိကပ်နမ်းလေသည်။
ကျနော့်အနမ်းတွေကိုတုံ့ပြန်ခြင်းမရှိတော့သည့်နှုတ်ခမ်းလေး။
ခပ်နွေးနွေးတော့ရှိနေသေးသည်။

" Min...အချိန်တိုင်း...နာရီတိုင်း...မိနစ်တိုင်း...
စက္ကန့်တိုင်း...အသဲငယ်ကိုချစ်မြတ်နိုးတယ်ဆို...
Min ဘဝကိုအသဲငယ်ပိုင်တယ်ဆို...အခုပြန်ထလာပေးပါ...ရင်ခွင်ထဲထည့်ပြီးပွေ့ဖက်ထားပေးပါ...ကျေးဇူးပြုပြီး..."

Taehyung ကြောင့်ဆရာဝန်တွေပင်စိတ်မကောင်းဖြစ်လာတာကြောင့် အခန်းထဲမှထွက်သွားကြသည်။

" အသဲငယ်စားချင်တာတွေကိုလည်း ချက်ကျွေးရအုံး  မယ်လေ...ခြေထောက်တွေယောင်လာရင်လည်း ဆေးလိမ်းပေးရမယ်လေ...အသဲငယ်အတွက် Min အများကြီးလုပ်ပေးရအုံးမယ်လေ...ဘာလို့ ထားသွားရတာလဲ..."

Yoongi မျက်နှာအနှံ့တစ်ဖွဖွနမ်းသည်။
မျက်ရည်တွေလည်း ကျဆင်းနေသည်။

" သားလေး...သားလေးကလည်းထားသွားပြီ...အခု...အခု Min ကပါ အသဲငယ်ကို ထားသွားပြီ...သားလေးနာမည်ကိုတောင် Min ရွေးပေးခဲ့တာလေ...မှတ်မိရဲ့လား Min ပြောဖူးတယ်လေသားလေးနာမည်ကို Min Gi Hyung ပေးမယ်ထားတာလေ...အခု Min က သားလေးကိုလည်း ချီခွင့်မရလိုက်ဘူး...အသဲငယ်ကြောင့်..."

Taehyung အသံတွေတုန်ယင်ကာ နာကျင်အက်ကွဲနေသည်။

Min Taehyung ပါ။
အသဲငယ်က Min အတွက် အမြဲတမ်း Min Taehyung ဖြစ်နေမှာပါ။

Yoongi နဖူးလေးကိုအနမ်းလေးခြွေလေသည်။

အေးစက်စပြုနေသည့်လက်လေးကိုဆုပ်ကိုင်ထားကာ...

"တမလွန်မှာ သားလေးကိုတွေ့ရင်ပြောပေးပါ Min...PaPa ကသေချာမစောင့်ရှောက်နိုင်လို့တောင်းပန်ပါတယ်...အများကြီး ချစ်ရပါတယ်လို့..."

နှလုံးသားလေးကလည်း Min နဲ့အတူပါသွားပြီ။
သေဆုံးသွားရပြီ။ကျနော့်နှလုံးသားရဲ့ အရှင်သခင်။
တစ်ချိန်ချိန်မှာ အသဲငယ်လည်း Minနဲ့သားလေးစီလိုက်လာမှာမို့လို့ ဆက်ဆက်စောင့်နေပေးပါ။

Yoongi ဆံနွယ်လေးတွေကိုထိကိုင်ကာ...

" ထာဝရ ချစ်မြတ်နိုးရပါတယ် Min..."

နှုတ်ခမ်းလေးကို ထပ်ကာ ထိကပ်နမ်းရင်း
Taehyung ငိုရင်းနဲ့ခွေခနဲ မေ့လဲသွားသည်။

" Taehyung Shii!..."

ပြုတ်ကျသွားသည့် ကိုယ်ခန္ဓာကိုလှမ်းဖမ်းထားရင်း Hari အခန်းအပြင်မှ ဆရာဝန်တွေကို လှမ်းအော် အကူအညီတောင်းလေသည်။

သူ့အနားရှိနေသည့် ပုံရိပ်လေး။
ဘယ်သူမှမမြင်နိုင်။
ပြုံးရင်းနဲ့ပင်သူ့ပါးလေးကိုထိကပ်နမ်းသည်။

" ရှင်သန်ပါ အသဲငယ်...ကိုယ်က အမြဲအသဲငယ်ရဲ့ ကိုယ်စောင့်နတ်လေးအလားကောင်းကင်ပေါ်ကနေကြည့်ပြီး ရှိနေပါ့မယ်..."

Taehyung ကိုဆရာဝန်တွေပွေ့ကာကုတင်ပေါ်တင်ပြီး အခန်းထဲမှခေါ်သွားလေသည်။

ထိုပုံရိပ်လေးလည်း တဖြည်းဖြည်းပျောက်ကွယ်လုပြုနေလေပြီ။

" မြတ်နိုးရပါတယ် အသဲငယ်..."

အပြုံးတွေနဲ့အတူ လုံးဝပျောက်ကွယ်သွားရတော့
သည့် ပုံရိပ်လေး။

ဆေးရုံကုတင်လေးထက် မေ့လဲနေသည့် Taehyung မှာတော့ Jungkook ကိုလုံးဝမေ့လျော့နေလေသည်။

Min ဆိုတာသာ သူ့နှလုံးသားထဲရှိနေလေသည်။
ထာဝရသာ။
နှလုံးသားလေးနာကျင်ခဲ့ရသည်။
ချစ်မြတ်နိုးသူကို ဆုံးရှုံးလိုက်ရသည့်ခံစားချက်က အသက်ရှင်နေပေမဲ့ သူ့ရဲ့အိမ်မက်ကမ္ဘာထဲ သေဆုံးသွားရသလိုပင်။

ICU အခန်းလေးအတွင်းထဲက Jungkook မှာတော့  လမ်းပျောက်စပြုနေလေပြီ။

မှောင်မိုက်နေသည့် လမ်းမကြီးထက် အလင်းရောင်လေးကိုသာစောင့်နေမိသည်။

" ဦးငယ်~..."

စိတ်ထဲမှတမ်းတနေသည့်စကားလုံးလေး။
အသိစိတ်မရှိပေမဲ့ နှလုံးသားရဲ့စကားသံ။

မှိတ်ချထားသည့် မျက်ဝန်းလေးထံမှ
မျက်ရည်လေးတွေလည်းကျဆင်းခဲ့ရသည်။

နာကျင်ခံစားမှုတွေနဲ့သာပြည့်နှက်နေရတော့သည်။

__________________

Nora Rosalia

Vote Plz

31.8.2022

>>>>>>>>

(Zawgyi)


ေတာင္းပန္တယ္ဆိုတာလည္း ေျပာခြင့္မရွိေတာ့ေခ်။ခြင့္လႊတ္ျခင္းဆိုတာလည္း မရွိေတာ့ေပ။
ခ်စ္ျခင္း မုန္းျခင္းလည္းမရွိေတာ့ေပ။
ခံစားခ်က္မဲ့သြားခဲ့ၿပီ။
သို႔ေသာ္ ေမာင္ရင္နာစြာနဲ႕ ခ်စ္ေနစဲပါ။
ဦးငယ္ ေပးသမွ်အျပစ္ဒဏ္ကိုအသက္ရွင္ေနသမွ် အၿပဳံးမပ်က္ဘဲခံစားသြားမည္။

____________________

အ႐ုပ္ေလးတစ္႐ုပ္လို ခြဲစိတ္ခန္းအေရွ႕ထိုင္ေန
သည့္ Taehyung သူ႕အဝတ္အစားတြင္လည္း Jungkook ရဲ႕ေသြးေတြစြန္းထင္းေနသည္။

မ်က္ရည္ေတြနဲ႕ ရွိုက္ကာငိုေနသည္။
သူ႕ေဘးနားဘယ္သူမွလည္းရွိမေန။
Jungkook တစ္ခုခုျဖစ္သြားမည္ကိုသာစိုးရိမ္ေနေလသည္။

ေမာင္ရယ္...ေက်းဇူးျပဳၿပီး ဘာမွမျဖစ္လိုက္ပါနဲ႕။
ဦးငယ္စီျပန္လာေပးပါ။အခုလို ဦးငယ္ကိုထားမသြားရဘူးေလ။
ေမာင့္မွာလည္း ဦးငယ္ပဲရွိသလို။
ဦးငယ္မွာလည္း ေမာင္ပဲရွိေတာ့တာေလ။

ခြင့္လႊတ္ေပးၿပီဆိုမွ ကံၾကမၼာကေဆာ့ကစားျပန္ၿပီပဲ။
ငိုေနေပမဲ့ ႏွလုံးသားက ဘာမွမခံစားရေခ်။
ေမာင့္ကို က်ေနာ္လုံးဝခံစားခ်က္မဲ့ေနတာလား။အခုငိုေနတာကေရာ ေမာင့္ကိုစိတ္ပူေန႐ုံပဲလား။
ဒါမွမဟုတ္ က်ေနာ္တစ္ေယာက္တည္းေလာကႀကီးထဲက်န္ေနခဲ့မွာကိုေၾကာက္ေနတာလား။

ေသခ်ာတာတစ္ခုကေတာ့ က်ေနာ့္ႏွလုံးသားက
ေမာင့္အေပၚ ဘာမွမခံစားရေတာ့တာပင္။

ဘယ္လိုပဲျဖစ္ျဖစ္ေမာင္အခုလိုပုံစံမ်ိဳးနဲ႕ ဦးငယ္ကိုမစြန့္ပစ္ရဘူးေလကြာ။မရမကအနားကိုေခၚထားၿပီးမွ ေမာင္အရင္ထြက္သြားလို႔မျဖစ္ဘူးေလ။

ခြဲစိတ္ရမဲ့ေနရာက ဦးေခါင္းလို႔ေျပာလိုက္တာေၾကာင့္ က်ေနာ္ဘယ္လိုမွရတက္မေအးရေတာ့ေခ်။

ခြဲစိတ္ခန္းမွ မီးနီေလးက မီးစိမ္းေလးစီကူးေျပာင္းသြားေလသည္။

ဆရာဝန္ထြက္လာသည္။

" လူနာရွင္..."

" ဟုတ္ကဲ့..."

Taehyung မ်က္ရည္ေတြကိုသုတ္ပစ္ကာ
ဆရာဝန္အနားသို႔သြားေလသည္။

" အသက္အႏၱာရာယ္ေတာ့စိုးရိမ္စရာမရွိပါဘူး...
ဒါေပမဲ့..."

" ဒါေပမဲ့ ဘာျဖစ္လို႔လဲ ဆရာ..."

" လူနာက အျမင္အာ႐ုံဆုံးရႈံးဖို႔ ရာခိုင္ႏႈန္းမ်ားတယ္...ေနာက္ၿပီး ကိုယ္ခႏၶာကအာ႐ုံေၾကာေသြးေၾကာမကို ထိခိုက္သြားတာမို႔လို႔အတိတ္ေမ့သြားတတ္တာမ်ိဳးလည္းျဖစ္နိုင္တယ္..."

" ခ...ခင္ဗ်ာ..."

" ဒုတိယတစ္ခ်က္ကေတာ့ သူျပန္သတိရလာမွအတိအက်သိနိုင္မွာပါ...က်ေနာ္တို႔ဘက္ကအ​ေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားထားတာမို႔လို႔ အသက္အႏၱာရာယ္အတြက္ကေတာ့လုံးဝအာမခံနိုင္ပါတယ္..."

ဘယ္လိုေတြျဖစ္သြားရတာလဲ။
က်ေနာ့္တကယ္ကို မြန္းၾကပ္လာသည္။
ေမာင့္အေျခအေနက အသက္သာမေသတာ
ခံစားရတာေတြက မ်ားေနၿပီ။

" ဒါဆိုေမာင္က အျမင္အာ႐ုံဆုံးရႈံး႐ုံတင္မဟုတ္ဘဲ အတိတ္ပါေမ့နိုင္တယ္ဆိုတဲ့သေဘာေပါ့..."

" ဟုတ္ပါတယ္ ခင္ဗ်ာ့...လူနာကို ICU ထဲခနထည့္ထားရပါလိမ့္မယ္...အသက္အႏၱာရာယ္ မရွိေပမဲ့ ဦးႏွောက္ခြဲစိတ္ထားတာဆိုေတာ့ လိုရမယ္ရပါ..."

Taehyung စကားပင္ျပန္မေျပာနိုင္ေတာ့ေခ်။
ေခါင္းေလးသာၿငိမ့္ျပလိုက္သည္။
ထိုေတာ့ဆရာဝန္ကာ သူ႕ပခုံးေလးကိုထိသြားကာ
စိတ္မေကာင္းျဖစ္စြာျဖင့္ ထြက္သြားသည္။

က်ေနာ္ဘာဆက္လုပ္ရေတာ့မလဲ။
အၿမဲတမ္းၿပဳံးရယ္ေနတတ္တဲ့ ကေလးငယ္ကအခု က်ေနာ့္ကိုပါေမ့သြားေတာ့မည္။

ဦးငယ္ဆိုၿပီး က်ေနာ့္မ်က္ႏွာေလးကို ေဘးကေနအၿမဲတမ္းေသခ်ာလိုက္ၾကည့္ေနတတ္တဲ့ ေမာင္။
အခုက်ေနာ့္မ်က္ႏွာေလးကို ေမာင္ျမင္ခြင့္မရွိေတာ့ဘူး။

ခံျပင္းလြန္းသည္။အရမ္းကို လည္ပင္နားစိုနင့္ေနရတယ္။ရင္ဘတ္ထဲအရမ္းေနရခက္ေနတယ္။
တေနရာရာကအေသအလဲနာက်င္ေနရသည္။

Taehyung သူ႕ရင္ဘတ္ေလးကိုဖိကိုင္ထားသည္။

နာေနတယ္။ရင္ဘတ္ထဲကအရမ္းကို နာေနတယ္။
ဘယ္လိုခံစားခ်က္ေတြ။ခံစားခ်က္။

အခု...က်ေနာ့္ႏွလုံးသားက ခံစားနာက်င္ေနရတာလား။ေမာင့္အတြက္ေလ။
ေတာက္ေလွ်ာက္ငိုေနခဲ့တဲ့ ဒီမ်က္ရည္စက္ေတြကလည္း ေမာင့္အေပၚခံစားခ်က္ေတြရွိေနလို႔ေပါ့။

မျဖစ္နိုင္ဘူး။တစ္ခုခုျဖစ္ေနၿပီ။က်ေနာ့္ႏွလုံးသားနာက်င္ေနတယ္။

" Min..."

ႏႈတ္ခမ္းကေနထြက္သြားမိသည္။
ခြဲစိတ္ခန္းအေရွ႕မွ ေလွ်ာက္လမ္းဘက္ကို
လွမ္းၾကည့္မိသည္။

ရင္ထဲကေသေလာက္ေအာင္နာက်င္ေနရသည္။
ထိုအခ်ိန္ ေလွ်ာက္လမ္းကေနငိုရင္းေျပးသြားသည့္ အမ်ိဳးသမီးေလးတစ္ဦး။

" Chan Hari..."

ေခါင္းထဲတစ္ခုပဲဝင္လာရေတာ့သည္။
သူမကဘာလို႔ ဒီေဆး႐ုံမွာရွိေနရတာလဲ။
မဟုတ္မွ Min မ်ားတစ္ခုခုျဖစ္ေနၿပီလား။
သူစိတ္ပူတႀကီးျဖစ္သြားကာ Hari သြားသည့္ေနရာေလးသို႔အေနာက္ကေနလိုက္သြားသည္။

လူနာေဆာင္စီေရာက္တာႏွင့္ သူမကအခန္းေလးတစ္ခန္းထဲေျပးဝင္သြားသည္။

Taehyung ေျခလွမ္းတို႔ကလည္း ခပ္သြက္သြက္ေလးျဖစ္သြားသည္။
ပြင့္ဟေနသည့္ထိုအခန္းထဲဆရာဝန္ေတြ သူနာျပဳေတြ ဝင္သြားေနသည္။

ရင္ထဲပိုလို႔ နာက်င္လာရသည္။
အခန္းတံခါးဝနားေရာက္ေတာ့ ေျခလွမ္းတို႔ကရပ္တန့္သြားသည္။

ငိုေနသည့္ Hari သူမေဘးတြင္ ဆရာဝန္ေတြရွိေနသည္။
ကုတင္ေပၚမွာလွဲေလွာင္းေနသည့္ သူကိုေသခ်ာမေတြ႕ရ။

ထိုအခ်ိန္ဆရာဝန္တစ္ဦးမွာ သက္ျပင္းခ်ကာ
သူ႕လက္ပတ္နာရီေလးကိုၾကည့္ရင္း...

" ေသဆုံးသူ Min Yoongi...ေသဆုံးခ်ိန္...ညရွစ္နာရီတိတိ စကၠန့္ႏွစ္္ဆယ္...Oct 10..."

ထိုအသံအဆုံး Hari ငိုသံေလးကပိုက်ယ္ေလာင္လာရသည္။

က်ေနာ္ႏွလုံးသားေလးက ရပ္တန့္သြားရေတာ့မည့္အလား။

Taehyung ႏႈတ္ခမ္းေတြတုန္ရီလာသည္။
မ်က္ရည္ေတြလည္း အလိုလိုက်ဆင္းလာသည္။
ေျခလွမ္းေလးလွမ္းလိုက္ကာ...

"Min!..."

အခန္းထဲေျပးဝင္ကာၿခဳံထားသည့္ ေစာင္ကို ဆြဲဖယ္ေလသည္။ဆရာဝန္ေတြတားေနေပမဲ့မရခဲ့။

ေစာင္ေလးလပ္သြားသည္ႏွင့္ Yoongi မ်က္ႏွာေလးကို Taehyung ေတြ႕လိုက္ရသည္။
သူေျခေတြပင္မခိုင္ခ်င္ေတာ့ေခ်။
ကုတင္ထက္ မ်က္ဝန္းေတြမွိတ္ထားသူက သူအရမ္းကိုျမတ္နိုးရသူပင္။

ပိန္ၿခဳံးေနသည့္ကိုယ္ခႏၶာေလး။
မ်က္ႏွာေလးက အရမ္းကိုေခ်ာင္က်ေနသည္။

" Min...Min...ဘာလို႔အိပ္ေနတာလဲ... Min..."

Taehyung အ႐ူးတစ္ပိုင္းျဖစ္ေနေလသည္။
သူ႕လက္ေတြကအစ တုန္ေနေလသည္။

" Hari...Min ဘာျဖစ္တာလဲ... က်ေနာ္နိုးေနတာကို ဘာလို႔မထရတာလဲ...Hari... ေက်းဇူး​ျပဳၿပီး နိုးေပးပါအုံး... "

" Taehyung Shii...Yoon က အဆုပ္ကင္ဆာနဲ႕ဆုံး...ဆုံးသြားၿပီ...သူ...သူထမလာနိုင္ေတာ့ဘူး..."

ရင္ထဲက ႏွလုံးသားကိုအရွင္လတ္လတ္ ဆြဲႏႈတ္လိုက္သလိုပင္။
ေသေလာက္ေအာင္ ႐ူးခါေနေအာင္ နာက်င္ခံစားရသည္။
မီးစနဲ႕တို႔ေနသလိုကိုနာက်င္ရသည္။

ေခါင္းတြင္တြင္ခါကာYoongi ကိုယ္ခႏၶာကိုလႈပ္နိုးကာ Taehyung ကေလးတစ္ေယာက္လို ေအာ္ကာငိုေလသည္။

" Min...အသဲငယ္ေရာက္လာၿပီေလ...Min...
အိပ္ခ်င္ေယာင္မေဆာင္ပါနဲ႕...အသဲငယ္ကို အဲ့လိုမလုပ္ရဘူးေလ...အိပ္မေနပါနဲ႕ Min..."

မေသဘူး။Min မေသဘူး။က်ေနာ့္ရဲ႕ Min ကဘာလို႔ေသရမွာလဲ။
အဆုပ္ကင္ဆာဆိုတာမဟုတ္ဘူး။
Min ကက်ေနာ့္ကို အခုလိုအရင္ထားသြားမွာမဟုတ္ဘူး။

"Min ရဲ႕မ်က္ဝန္းေတြပိတ္ေနတာကိုမႀကိဳက္ဘူးေလ...အရမ္းလွတဲ့မ်က္ဝန္းေတြကို အသဲငယ္ၾကည့္ခ်င္တယ္...ေက်းဇူးျပဳၿပီးအသဲငယ္ကိုၾကည့္ပါအုံး...Min အရမ္းျမတ္နိုးတဲ့ အသဲငယ္ေလဗ်ာ..."

Taehyung Yoongi ရင္ခြင္ေလးထက္ေခါင္းေလးမွီကာ ၿပဳံးေနသည္။
တခါျပန္ကာ မ်က္ရည္ေတြနဲ႕အတူ ေအာ္ငိုျပန္သည္။

" ဒီရင္ခြင္က အၿမဲတမ္းအတြက္ဆို...Min...
အသဲ...အသဲငယ္ပင္ပန္းတဲ့အခ်ိန္တိုင္းနားခိုနိုင္တယ္ဆို..."

Taehyung အ႐ူးတစ္ေယာက္လိုအသိစိတ္ေတြက လြတ္ေနၿပီျဖစ္တာေၾကာင့္ Hari ၾကည့္ကာပိုစိတ္မေကာင္းျဖစ္ရသည္။

" အထိအေတြ႕ေတြ...အနမ္းေတြ...ေထြးေပြ႕မႈေတြ...အဲ့အရာေတြကို အသဲငယ္ျပန္ခံစားခ်င္
တယ္ေလ...Min... သိလား...ႏြေဦးေရာက္ရင္...ခ်ယ္...ခ်ယ္ရီပန္းေတြပြင့္မွာေလ...
Min နဲ႕အတူ သြားၾကည့္ရအုံးမယ္ေလ..."

" စိတ္ထိန္းပါအုံး Taehyung Shii..."

Hari Taehyung ကိုဆြဲေခၚေတာ့ သူမကိုတြန္းထုတ္ကာ Yoongi ကိုသာေပြ႕ဖက္ထားသည္။

ေနာက္ေတာ့ ျဖဴဖတ္ျဖဴေရာ္ႏႈတ္ခမ္းေလးကိုထိကပ္နမ္းေလသည္။
က်ေနာ့္အနမ္းေတြကိုတုံ႕ျပန္ျခင္းမရွိေတာ့သည့္ႏႈတ္ခမ္းေလး။
ခပ္ႏြေးႏြေးေတာ့ရွိေနေသးသည္။

" Min...အခ်ိန္တိုင္း...နာရီတိုင္း...မိနစ္တိုင္း...
စကၠန့္တိုင္း...အသဲငယ္ကိုခ်စ္ျမတ္နိုးတယ္ဆို...
Min ဘဝကိုအသဲငယ္ပိုင္တယ္ဆို...အခုျပန္ထလာေပးပါ...ရင္ခြင္ထဲထည့္ၿပီးေပြ႕ဖက္ထားေပးပါ...ေက်းဇူးျပဳၿပီး..."

Taehyung ေၾကာင့္ဆရာဝန္ေတြပင္စိတ္မေကာင္းျဖစ္လာတာေၾကာင့္ အခန္းထဲမွထြက္သြားၾကသည္။

" အသဲငယ္စားခ်င္တာေတြကိုလည္း ခ်က္ေကြၽးရအုံး  မယ္ေလ...ေျခေထာက္ေတြေယာင္လာရင္လည္း ေဆးလိမ္းေပးရမယ္ေလ...အသဲငယ္အတြက္ Min အမ်ားႀကီးလုပ္ေပးရအုံးမယ္ေလ...ဘာလို႔ ထားသြားရတာလဲ..."

Yoongi မ်က္ႏွာအႏွံ႕တစ္ဖြဖြနမ္းသည္။
မ်က္ရည္ေတြလည္း က်ဆင္းေနသည္။

" သားေလး...သားေလးကလည္းထားသြားၿပီ...အခု...အခု Min ကပါ အသဲငယ္ကို ထားသြားၿပီ...သားေလးနာမည္ကိုေတာင္ Min ေ႐ြးေပးခဲ့တာေလ...မွတ္မိရဲ႕လား Min ေျပာဖူးတယ္ေလသားေလးနာမည္ကို Min Gi Hyung ေပးမယ္ထားတာေလ...အခု Min က သားေလးကိုလည္း ခ်ီခြင့္မရလိုက္ဘူး...အသဲငယ္ေၾကာင့္..."

Taehyung အသံေတြတုန္ယင္ကာ နာက်င္အက္ကြဲေနသည္။

Min Taehyung ပါ။
အသဲငယ္က Min အတြက္ အၿမဲတမ္း Min Taehyung ျဖစ္ေနမွာပါ။

Yoongi နဖူးေလးကိုအနမ္းေလးေႁခြေလသည္။

ေအးစက္စျပဳေနသည့္လက္ေလးကိုဆုပ္ကိုင္ထားကာ...

"တမလြန္မွာ သားေလးကိုေတြ႕ရင္ေျပာေပးပါ Min...PaPa ကေသခ်ာမေစာင့္ေရွာက္နိုင္လို႔ေတာင္းပန္ပါတယ္...အမ်ားႀကီး ခ်စ္ရပါတယ္လို႔..."

ႏွလုံးသားေလးကလည္း Min နဲ႕အတူပါသြားၿပီ။
ေသဆုံးသြားရၿပီ။က်ေနာ့္ႏွလုံးသားရဲ႕ အရွင္သခင္။
တစ္ခ်ိန္ခ်ိန္မွာ အသဲငယ္လည္း Minနဲ႕သားေလးစီလိုက္လာမွာမို႔လို႔ ဆက္ဆက္ေစာင့္ေနေပးပါ။

Yoongi ဆံႏြယ္ေလးေတြကိုထိကိုင္ကာ...

" ထာဝရ ခ်စ္ျမတ္နိုးရပါတယ္ Min..."

ႏႈတ္ခမ္းေလးကို ထပ္ကာ ထိကပ္နမ္းရင္း
Taehyung ငိုရင္းနဲ႕ေခြခနဲ ေမ့လဲသြားသည္။

" Taehyung Shii!..."

ျပဳတ္က်သြားသည့္ ကိုယ္ခႏၶာကိုလွမ္းဖမ္းထားရင္း Hari အခန္းအျပင္မွ ဆရာဝန္ေတြကို လွမ္းေအာ္ အကူအညီေတာင္းေလသည္။

သူ႕အနားရွိေနသည့္ ပုံရိပ္ေလး။
ဘယ္သူမွမျမင္နိုင္။
ၿပဳံးရင္းနဲ႕ပင္သူ႕ပါးေလးကိုထိကပ္နမ္းသည္။

" ရွင္သန္ပါ အသဲငယ္...ကိုယ္က အၿမဲအသဲငယ္ရဲ႕ ကိုယ္ေစာင့္နတ္ေလးအလားေကာင္းကင္ေပၚကေနၾကည့္ၿပီး ရွိေနပါ့မယ္..."

Taehyung ကိုဆရာဝန္ေတြေပြ႕ကာကုတင္ေပၚတင္ၿပီး အခန္းထဲမွေခၚသြားေလသည္။

ထိုပုံရိပ္ေလးလည္း တျဖည္းျဖည္းေပ်ာက္ကြယ္လုျပဳေနေလၿပီ။

" ျမတ္နိုးရပါတယ္ အသဲငယ္..."

အၿပဳံးေတြနဲ႕အတူ လုံးဝေပ်ာက္ကြယ္သြားရေတာ့
သည့္ ပုံရိပ္ေလး။

ေဆး႐ုံကုတင္ေလးထက္ ေမ့လဲေနသည့္ Taehyung မွာေတာ့ Jungkook ကိုလုံးဝေမ့ေလ်ာ့ေနေလသည္။

Min ဆိုတာသာ သူ႕ႏွလုံးသားထဲရွိေနေလသည္။
ထာဝရသာ။
ႏွလုံးသားေလးနာက်င္ခဲ့ရသည္။
ခ်စ္ျမတ္နိုးသူကို ဆုံးရႈံးလိုက္ရသည့္ခံစားခ်က္က အသက္ရွင္ေနေပမဲ့ သူ႕ရဲ႕အိမ္မက္ကမၻာထဲ ေသဆုံးသြားရသလိုပင္။

ICU အခန္းေလးအတြင္းထဲက Jungkook မွာေတာ့  လမ္းေပ်ာက္စျပဳေနေလၿပီ။

ေမွာင္မိုက္ေနသည့္ လမ္းမႀကီးထက္ အလင္းေရာင္ေလးကိုသာေစာင့္ေနမိသည္။

" ဦးငယ္~..."

စိတ္ထဲမွတမ္းတေနသည့္စကားလုံးေလး။
အသိစိတ္မရွိေပမဲ့ ႏွလုံးသားရဲ႕စကားသံ။

မွိတ္ခ်ထားသည့္ မ်က္ဝန္းေလးထံမွ
မ်က္ရည္ေလးေတြလည္းက်ဆင္းခဲ့ရသည္။

နာက်င္ခံစားမႈေတြနဲ႕သာျပည့္ႏွက္ေနရေတာ့သည္။

__________________

Nora Rosalia

Vote Plz

31.8.2022

Continue Reading

You'll Also Like

79.8K 7.9K 34
အချစ်ဦးဆိုတာမျိုးကိုသိလား... လူတိုင်းလူတိုင်းဟာဘဝမှာလူတယောက်ကိုတော့ရူးရူးမူးမူးစွဲလန်းခဲ့ကြဖူးပါလိမ့်မယ်.. အဲ့လူကိုအချစ်ဦးလို့ခေါ်တယ်... Zawgyi # အ...
65.5K 9.1K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
266K 17.4K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
141K 11K 60
ទោះក្នុងចិត្តអូនគ្មានបងតែសុំត្រឹមតែពួកយើងនៅជាមួយគ្នាបែបនេះរហូតក៏បាន>ជុងហ្គុក Jeon jungkook X kim Taehyung Jugkook >Top Taehyung>Bottom