နွေဦးပုံပြင် ( Jinkook Collec...

By Epiphany_Jinah

4K 498 80

• A popular IDOL Star Kim and his secret relationship • More

" Hello, My Little Universe "
【02】
【3】• The Final •

【 𝟭 】

978 132 18
By Epiphany_Jinah

⟨ Unicode Version ⟩
A Critical Chapter
- 01 -

မည်းမှောင်ပြီး ရုတ်ချည်းငြိမ်ကျသွားတဲ့ကွင်းပြင်။ လူသောင်းပေါင်းများစွာတို့က အလင်းရောင်ထွက်လာမယ့် စတိတ်စင်အလယ်တည့်တည့်ကို အာရုံစူးစိုက်နေသလို အသံကလဲ တိတ်ဆိတ်လွန်းသည်။ မည်းမှောင်နေရာကနေ ရုတ်တရက် အလင်းတန်းလေးထွက်လာကာ တေးဂီတသံတွေ စတင်သက်ဝင်ချိန်မှာတော့ ခုနကနဲ့ မတူစွာ လူပေါင်းများစွာတို့ရဲ့ အော်ဟစ်ဆူညံသံများက တေးသံတွေကို ဖုံးလွှမ်းသွားသည်။

“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”

ဆူညံနေတဲ့Fan Chantနဲ့အတူ မည်းမှောင်နေခဲ့သောကွင်းပြင်က Lightstickရဲ့မီးရောင်တွေကြောင့် ကွင်းလုံးပြည့် ထိန်လင်းသွားပေပြီ ...။ စတိတ်စင်ထက်မှာလဲ အမိုက်စားကောင်လေးသုံးယောက် မိုက်ကို ကိုင်ကာ စည်းချက်တွေနဲ့အတူ သီချင်းသံတွေ စတင်လာသည်။ Fanတွေရဲ့ နားကွဲမတတ် အော်ဟစ်အားပေးသံနဲ့အတူ ပြုံးပျော်တက်ကြွနေတဲ့ အင်အားထုတွေ ကြားထဲ စတိတ်စင်ပေါ်ကို ခပ်ဆွေးဆွေးလေး ငေးကြည့်နေတဲ့ စတိတ်စင်အောက်က ကောင်လေးတစ်ယောက်။

ခင်ဗျားကတော့ အမြဲတမ်းတောက်ပနေမှာပါ ကင်ဆော့ဂျင် ... ကျွန်တော်ကတော့ အမှောင်ထုတစ်နေရာကနေသာ ခင်ဗျားကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့သူတစ်ယောက်ပေ့ါ ...

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ ရား ဆော့ဂျင်! ကောင်းကောင်းလုပ်နိုင်ခဲ့သားပဲ .... မင်းနားကျပ်က လွတ်ထွက်သွားတာကို ... "

ပွဲကြီးပြီးတော့ Backstageမှာ ပခုံးကို ဖျစ်ညှစ်ကာ လာပြောတဲ့ မင်ယွန်ဂီ ..။ ဆော့ဂျင် ချွေးတွေကြားက ပြုံးပြလိုက်သည်။ သူ့အပြုံးက နူးညံ့ခြင်းမပါဝင်တဲ့ တည်တည်တံ့တံ့အပြုံးဖြစ်သည်။

" မင်းတို့တွေကြောင့်ပါကွာ ... ပြီးတော့ ဒါပထမဆုံးအကြိမ်လဲ မဟုတ်ဘူးလေ "

" ဘယ်လိုဖြစ်ဖြစ် ပထမဆုံးအကြိမ်တုန်းက မင်းအသေငိုခဲ့တာမလား "

ယွန်ဂီနဲ့သူ့ကြားကို ဟိုဆော့က ဝင်လာတော့ ဆော့ဂျင် လှည့်ကြည့်လိုက်သည်။

" မှတ်မိနေသားပဲ ဟို-ah ... မဆိုးဘူး ဉာဏ်ကောင်းလာပြီ "

မင်ယွန်ဂီက ဟိုဆော့စကားကို ပြန်နောက်သည်။ သူကတော့ ပြုံးသာပြုံးရင်း နားနေခန်းဆီ သုံးယောက်သားအတူတူလျှောက်လာတော့သည်။ တကယ်တော့ ကင်ဆော့ဂျင်ဆိုတဲ့သူရယ် မင်ယွန်ဂီရယ် ဂျောင်ဟိုဆော့ရယ်က တောင်ကိုးရီးယားရဲ့ အအောင်မြင်ဆုံးHip-Hop Groupရဲ့အဖွဲ့ဝင်သုံးယောက်ပါ။ IDOLတွေရဲ့ရွှေခေတ်မှာ Rapရွတ်ပြီး ဆယ်စုနှစ်တစ်ခုအထိ အောင်မြင်လာတဲ့ နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဆိုရင်လဲမမှား ။ အစပိုင်းတော့ ခက်ခဲရုန်းကန်ခဲ့ရပေမဲ့ ဒီနောက်ပိုင်းမှာတော့အစစအရာရာဟာ ပန်းခင်းလမ်းပင်။

" အို!! ဂျောင်ဂု ... ဒီတစ်ခါလဲ ဂျောင်ဂုလာတာလား .... ပြောတော့ အော်ဒါရှိတယ်ဆို "

ပြုံးရယ်ကာ အခန်းထဲဝင်လာတဲ့သူ့မျက်နှာဟာ မင်ယွန်ဂီစကားကြောင့် အေးခဲသွားရသည်။ ချက်ချင်းပဲ နားနေခန်းထဲမှာ အခန့်သားထိုင်နေတဲ့ ကောင်လေးကို ဆွဲထုတ်သွားချင်စိတ် တဖွားဖွား။ ထိုကောင်ငယ်လေးကတော့ ကလေးလေးတစ်ယောက်လို ပကတိကြည်လင်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ သူတို့သုံးယောက်ဆီ လှည့်ကြည့်သည်။

ဂျွန်ဂျောင်ဂု!! ဘာလာလုပ်ပြန်တာလဲ ... မလာပါနဲ့ လို့အတန်တန်တားခဲ့တဲ့ကြားကနေ ...

ဆော့ဂျင်မျက်နှာအေးခဲသွားသလောက် ထိုင်နေတဲ့ဂျောင်ဂုကတော့ မျက်ခွံအိအိတွေပေါ်အောင်ပြုံးသည်။ ဂျောင်ဂုအပြုံးကို မြင်လိုက်ရတာ အရာရာနူးညံ့သွားပေမယ့် အဲ့ဒီ့နူးညံ့သွားတဲ့အရာမှန်သမျှ ကင်ဆော့ဂျင်ဆိုတဲ့သူက ဖျက်ဆီးပစ်ချင်သည်။ ဂျွန်ဂျောင်ဂုရဲ့နူးညံ့ခြင်းတွေကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်လိုပါသည်။

" အစ်ကိုယွန်ဂီ့မွေးနေ့မဟုတ်လား .. ကျွန်တော်က လက်ဆောင်နဲ့ကျွန်တော့်လက်ရာအသစ်ကို လာပို့တာပါ "

တလှုပ်လှုပ်နဲ့လျှောက်လာတဲ့‌ကောင်ငယ်လေးကို ယွန်ဂီသဘောကျစွာ ပါးကနေဆွဲညစ်တော့ ကောင်လေးငယ်က ပခုံးတွန့်သည်အထိ လန့်ပြီး သူ့ကို ဖြတ်ကနဲ့ကြည့်သည်။ ဒေါသက ထောင်းကနဲ့ ထွက်သွားပေမဲ့ ဆော့ဂျင် ဘာမှမပြောဘဲ မျက်မှောင်ကြုတ်ကာ ဂျောင်ဂုကို ပြန်စိုက်ကြည့်လိုက်သည်။ သူ့အကြည့်တွေကို ဘယ်သူမှ နားမလည်ပေမယ့် ဂျောင်ကုကတော့ သေချာသိတယ်ဆိုတာ သူနားလည်သည်။

" အစ်ကိုယွန်ဂီ ကျွန်တော့်ကို ဒီလိုမစပါနဲ့ မကြိုက်ဘူးပြောထားရက်နဲ့ .. "

ဂျောင်ဂု စိုးထိတ်သလိုပြောရင်း အစ်ကိုဆော့ဂျင်ကို ခိုးကြည့်မိသည်။ ဟုတ်ပါသည် ... အစ်ကိုဆော့ဂျင်သည် သူ့ကို တခြားသူထိမှာ မကြိုက်သလို အစ်ကို ကိုယ်တိုင်လဲ လူမြင်ကွင်းမှာ ဖက်လဲတကင်းမရှိ။ ပထမတော့ဘာမှမဖြစ်ပေမဲ့ နောက်ပိုင်း ကြာလာတဲ့အခါ တဖြည်းဖြည်းပိုဆိုးလာသည်မို့ ဂျောင်ဂုတတ်နိုင်သလောက် ရှောင်ရှားရသည်။ အကြောင်းက သဝန်တိုပြီးဖြစ်လာတဲ့ အစ်ကိုဆော့ဂျင်ရဲ့ဒေါသတွေကို သူခံနိုင်ရည်မရှိသေးလို့လေ။

" မင်းက ဘက်လိုက်တာပဲ ငါ့အတွက်တောင်ပါမလာခဲ့ဘူး ... "

အစ်ကိုဆော့ဂျင်နဲ့ယွန်ဂီပခုံးကို ဖက်ထားတဲ့ဟိုဆော့ဆီက အသံထွက်လာပြန်တော့ ဂျောင်ဂုပြုံးရင်း ယူလာတဲ့ ဘူးလေးကို ပေးလိုက်သည်။

" အစ်ကိုယွန်ဂီနဲ့ အစ်ကိုဟိုဆော့အတွက် ကျွန်တော်ယူလာခဲ့ပါတယ်ဗျာ ... အစ်ကို‌ဆော့ဂျင်ကိုတော့ ဆိုင်ခေါ်သွားပါမယ် ဟိုတလောက ကျွန်တော့်မွေးနေ့ မလာဖြစ်လိုက်ဘူးဆိုတော့ အစားပြန်ပေးတာပါ "

ဂျောင်ဂုစကားကြောင့် ဟိုဆော့ကတော့ ခေါင်းညိတ်လိုက်ပေမဲ့ ယွန်ဂီကတော့ ‌ဆော့ဂျင်ကို ကြည့်လိုက်မိသည်။

" ဂျွန်ဂျောင်ဂု!! ... ဆိုင်မှာပဲ သွားစောင့် အစ်ကိုလာခဲ့မယ် "

ဆော့ဂျင်ရဲ့အနည်းငယ်ခက်ထန်နေတဲ့လေသံကြောင့် ထူးဆန်းသလိုဖြစ်သွားပေမဲ့ ဂျောင်ဂုကတော့ ခေါင်းသာငြိမ့်လိုက်သည်။ သူထွက်လာခဲ့ပြီးနောက်မှာတော့ အစ်ကိုဟိုဆော့ရဲ့ အသံကအတိုင်းသား ... ။

" အတူတူသွားလဲ ရတာပဲကို ဆော့ဂျင်ကလဲ ... တချိန်လုံး ဂျောင်ဂုလာတိုင်း မောင်းထုတ်နေတော့တာပဲ ... "

ဂျောင်ဂု ခပ်ပြေပြေပြုံးလိုက်ရင်း စိတ်ဖြေသက်ပြင်းတစ်ခုချလိုက်မိသည်။

.. အေးလေ ... အစ်ကိုနဲ့ပတ်သက်ပြီး ဒါနောက်ဆုံးအကြိမ် နာခံခြင်းပဲဖြစ်မှာပါ ..

𖧷𖧷𖧷𖧷𖧷𖧷𖧷

" Backstageကို ဘာလာလုပ်တာလဲ.. ပြီးတော့ ပြောစရာရှိတာ ပြော ... ငါ အချိန်မရှိဘူး ဂျွန်ဂျောင်ဂု "

မျက်နှာချင်းဆိုင်ခုံကနေ ခြေတစ်ဖက်ချိတ်ထိုင်ကာ သူရည်ရွယ်ပြီး အသေးစိတ်လုပ်ထားခဲ့တဲ့ ကိတ်မုန့်အပိုင်းလေးတစ်ချို့ကို ခက်ရင်းနဲ့ထိုးဆွနေတဲ့ “ THREE" Groupရဲ့Visual Kim !!

အာ ~~ မေ့လို့ ... အခုက စတိတ်စင်‌ပေါ်မှာမှ မဟုတ်တော့တာ ကင်ဆော့ဂျင်လို့ နာမည်တပ်ရတော့မှာပေါ့ ....

ဂျောင်ဂု သက်ပြင်းတစ်ချက်ချရင်း အစ်ကို့ကိုကြည့်မိနေတဲ့အကြည့်တို့အား အစ်ကိုထိုးချေနေတဲ့ ကိတ်မုန့်လေးဆီ ပို့လိုက်သည်။ သူ ဖန်တီးထားတဲ့ လက်ရာအပိုင်းအစတွေကို ထိုးဆွတာမျိုး သူအမုန်းဆုံးဆိုတာ ကင်ဆော့ဂျင်ဆိုတဲ့ ထိုလူကြီးလည်း‌ သေချာသိသည်။ သိရက်သားနဲ့ သူ့ရှေ့မှာမို့ တမင်လုပ်နေမှန်း သူလည်း နားလည်သည်။ သို့ပေမယ့် သူ မသိချင်ယောင်ဆောင်လိုက်မိသည်။

" မြည်းကြည့်ပါဦး ဆိုင်မှာ နောက်အပတ်အသစ်တင်မဲ့ ‘ လမ်းခွဲခြင်း ' ကိတ်လေ ... "

မျက်ဝန်းအသေတွေနဲ့ပြုံးရင်း ပြောမိတော့ အစ်ကို့လက်တွေ ရပ်တန့်သွားတာ သူမြင်လိုက်သည်။ ကိတ်မုန့်ကို စိတ်ဝင်စားတာမဟုတ် ... ကိတ်မုန့်နာမည်ကို စိတ်ဝင်စားတာကြောင့်ဆိုတာ သူသိသည်။ ဘာအသံမှ ထွက်မလာတဲ့အစ်ကို့ကြောင့် သူ စကားဆက်သည်။

“ တစ်ယောက်နဲ့တစ်ယောက်ပြန်မ‌တွေ့ချင်တော့တဲ့အထိ ... မပတ်သတ်ချင်တော့တဲ့အထိ လမ်းခွဲရမယ်ဆိုရင် plate 1ထဲက အနီရောင်လေး ... ခဏတာပဲလမ်းခွဲရမယ်ဆိုရင်တော့ သူ့ဘေးက အစိမ်းရောင်လေး ... စိတ်ကုန်စိတ်ပျက်လို့ လမ်းခွဲတာမျိုးဆိုရင်တော့ အဝါရောင်လေးနဲ့ .... အပေါ်က သုံးမျိုးထဲမှာမှ ချစ်နေသေးတယ်ဆိုရင် အသဲပုံလေးဖော်ပေးမယ် ... ချစ်နေပေမဲ့တစ်ခန်းရပ်ချင်တယ်ဆိုရင်တော့ အသဲတစ်ခြမ်းလေးထည့်ပေးမယ် ... အကယ်၍ မချစ်တော့ဘူးဆိုရင်တော့ ထည့်ပေးစရာမလိုဘူးပေါ့ "

သူ အစ်ကို့ကို ရှင်းပြလိုက်မိသည်။ ဒါ သူ့ဆိုင်မှာ ကိတ်အသစ်လေးတွေတင်တိုင်း အစ်ကို့ကို အမြဲရှင်းပြတတ်သလို အစ်ကိုကလဲ သေချာနားထောင်ပေးတတ်သည်။ အခုကတော့ အခြေအနေတစ်မျိုးဖြစ်နေပေမဲ့ အစ်ကိုနားထောင်နေမယ်ဆိုတာ သူသိပါသည်။

" ဒါပဲလား ... အိုင်ဒီယာက မဆိုးပေမဲ့ လမ်းခွဲကြမယ့် ချစ်သူတွေက ကိတ်မုန့်ကို အတူတူလာမစားနေဘူးဂျွန်ဂျောင်ဂု ... "

ထိုစကားကြားရမယ်ဆိုတာ သိပေမဲ့ ဂျောင်ဂုပြုံးလိုက်မိရင်း Plate 1ထဲက ခရင်အနီ‌နဲ့ကိတ်အသေးကို ယူလိုက်သည်။ အဓိပ္ပါယ်ကတော့ မပတ်သက်ချင်တဲ့အထိ လမ်းခွဲချင်တဲ့သဘော။

" ဘာလို့မစားရမှာလဲ ... နောက်ဆုံးအမှတ်တရဆိုတာ မကြားဖူးဘူးလား ... ဒါနဲ့ ... ဒီအပေါ်မှာ ဘာတင်ပေးရမလဲ ... အသဲအပြည့်လား အသဲတစ်ခြမ်းလား "

ခရင်မ်တွေမဟုတ်ဘဲ ဒီအတိုင်းရှိနေတဲ့ အသဲပုံဂျယ်လီကိုယူကာမေးတော့ အစ်ကိုက မျက်မှောင်ကြုတ်သွားသည်။

“ ကျွန်တော်ကတော့ ဒါလေးတင်ရင် ပိုမိုက်မယ်ထင်တယ် အစ်ကို "

ပြောပြောဆိုဆို အနီရောင်ခရင်ပေါ်မှာ အသဲတစ်ခြမ်းဂျယ်လီလေးတင်လိုက်သည်။ သူ့အဓိပ္ပာယ်အတိုင်း ချစ်နေပေမဲ့  အစ်ကို့နဲ့ဇာတ်လမ်းကို တစ်ခန်းရပ်ချင်ပါသည်။

“ လှတယ် မဟုတ်လား ကင်ဆော့ဂျင် ... ဒါ ... ခင်ဗျားအတွက် ... "

နီရဲနေတဲ့မျက်ဝန်းတွေနဲ့ပြောကာ ကိတ်ပန်းကန်ကို အစ်ကို့ရှေ့ထိုးပေးတော့ အစ်ကို့မျက်ဝန်းတွေ ဖျော့တော့တုန်လှုပ်လာတာ သူမြင်လိုက်ရသည်။

ဟင်အင်း ဂျွန်ဂျောင်ဂု မခင်တွယ်နဲ့တော့ ... မင်းအတွက်အဆိပ်ပဲ

" ဘာ ...ဘာသဘောလဲ ဂျွန် ဂျောင် ဂု!!! "

" ရှင်းပြပြီးပြီလေ ... ခင်ဗျား နားမလည်လို့လား ... ကင်ဆော့ဂျင် "

" ငါမေးနေတယ်လေ ဘာသဘောလဲ ဂျွန်ဂျောင်ဂု "

ဒေါသတွေနဲ့အတူ တုန်ယင်စွာ ထွက်လာတဲ့အသံအဆုံး သူ အစ်ကို့ မျက်ဝန်းတွေကို စူးစိုက်ကြည့်လိုက်မိသည်။

" ဟုတ်တယ် အစ်ကိုဆော့ဂျင် ကျွန်တော်တို့ လမ်းခွဲရအောင် ... ကျွန်တော် အစ်ကိုနဲ့ မပတ်သက်ချင်တော့တဲ့အထိ လမ်းခွဲချင်တယ် "

" ဘာ !!! "

မယုံကြည်ခြင်းများစွာနဲ့ မတ်တပ်ထရပ်တဲ့ အစ်ကို့ကို သူ စိုးထိတ်ဟန်တောင် မပြဘဲ အတူတူ မတ်တပ်ထရပ်လိုက်မိသည်။ အစ်ကို့မျက်ဝန်းမှာ ဒေါသလို့ အမည်တပ်မရတဲ့ ပူလောင်မှုတချို့တွေ့ပေမယ့် သူကတော့ နာကျင်လျက်သား အေးအေးဆေးဆေးပင်။

" ဘယ်သူ့သဘောနဲ့လမ်းခွဲမှာလဲ .. ဘာသဘောနဲ့လဲ ဂျွန်ဂျောင်ဂု!! ... ငါမအားဘူးအမြဲပြောတာကြောင့်လား ... ဒါမှမဟုတ် ... Backstageကို မလာဖို့ အမြဲတားနေတာကြောင့်လား ... "

သူ့ဘေးနားရောက်လာကာ သူ့ပခုံးတွေကို ဆွဲကိုင်လှုပ်ရင်းပြောလာတဲ့ အစ်ကို့ကြောင့် သူ မျက်ဝန်းအသေတွေနဲ့ ရယ်လိုက်မိသည်။

" ခင်ဗျားအရမ်းတုန်လှုပ်သွားမယ်လို့ မထင်ထားမိဘူး အစ်ကိုဆော့ဂျင်.... ဂျွန်ဂျောင်ဂုက ခင်ဗျားအတွက် အရေးပါတဲ့အရာမို့လား "

" ဂျွန်ဂျောင်ဂု !! စကားကို အကောင်းပြော ... ဘာကြောင့်နဲ့လမ်းခွဲမှာလဲ ... မဟုတ်မှ ... ငါတို့ဆက်ဆံရေးကို လူသိမခံခဲ့လို့လား ... "

" ... "

" အဟား!! အဲ့ဒါက မင်းကိုယ်တိုင်ပဲ အဆင်ပြေပါတယ်လို့ပြောခဲ့တာလေ ...မင်းတွဲနေတာ သာမန်ကောင်လေးမဟုတ်ဘူး နာမည်ကြီးတစ်ယောက်ကို တွဲနေတာလို့လည်း နည်းနည်းပါးပါး တွေးပါဦး "

ဒေါသတွေနဲ့ အဖျားခတ်နေတဲ့စကားလုံးတွေက ပုံမှန်အချိန်ဆို သူကြောက်နေမိမှာပေမဲ့ အခုတော့ မတူတော့၊ နည်းနည်းလေးတောင် မကြောက်မိဘဲ ပြန်ပြောဖို့ စကားလုံးတွေ အသင့်ရှိနေခဲ့သည်။ ဒါဟာ အစ်ကိုနဲ့ပတ်သက်ပြီး သူ့စိတ်ကိုလွှတ်ချထားလို့လည်း ဖြစ်နိုင်သည်လေ။

" ခင်ဗျားမှားနေပြီ ကျွန်တော်တွဲခဲ့တာ ရိုးရိုးကောင်လေးတစ်ယောက်ပါ ... လွန်ခဲ့တဲ့၁၁နှစ် ..... ကျွန်တော့်အသက်၁၇နှစ်အရွယ်က သဘောကျလွန်းလို့ စီနီယာအစ်ကိုကြီးတစ်ယောက်နဲ့ တွဲခဲ့တာလေ ... လျှမ်းလျှမ်းတောက်ကျော်ကြားနေတဲ့ THREE Groupထဲ က Visual Kim ကို မဟုတ်ဘူး .. ဒီအတိုင်း ကင်ဆော့ဂျင်ဆိုတဲ့အစ်ကိုကြီးကို သေမတတ် သဘောကျလို့ တွဲခဲ့တာပါ ... "

သူ့စကားတွေကြောင့် ဖျော့တော့သည်ထက်ပိုဖျော့တော့လာတဲ့ အစ်ကို့မျက်ဝန်းတွေကို မြင်လိုက်ရဝော့ာ ရင်မဆိုင်နိုင်စွာ သူ အကြည့်လွှဲလိုက်မိသည်။

" ၁၁နှစ်ရှိခဲ့ပြီ အစ်ကိုဆော့ဂျင် ... ကျွန်တော် သည်းခံခဲ့ရတာ ၁၀နှစ်ရှိတယ် ... ဘယ်အချိန်ထိ လူမသိသူမသိတွဲနေရမှာလဲ ... ဘယ်အချိန်ထိအိမ်ပြန်ဖို့တောင် ကြောက်ရွံ့နေရမှာလဲ ... ကော
လဟာလ??? ခင်ဗျားအဲ့ဒီ့နေ့က ဖြေရှင်းခဲ့တဲ့ကောလဟာလကလေ ကျွန်တော့် လူနေမှု ဘဝကိုထိခိုက်စေတယ် .... ဝန်မခံရဲဘူးလား ... အဲ့ဒီ့ဓာတ်ပုံထဲကလူ‌က ခင်ဗျားနဲ့ကျွန်တော်ဆိုတာ ... "

" Gukie... "

လုပ်ခဲ့တဲ့အမှားကို သိတာမို့ ဆော့ဂျင် ဂျောင်ဂုပါးကို ထိဖို့ကြိုးစားတော့ ပုတ်ထုတ်လာတဲ့လက်တွေ ...။ ဖျော့တော့နေမိတဲ့ ဆော့ဂျင်မျက်ဝန်းတွေ စူးရဲသွားသည်။

" ခင်ဗျားက ဖန်တွေကို သောက်ရမ်းချစ်တာ ကျွန်တော်သိတယ် ကျွန်တော်နားလည်တယ် ... ဒါပေမဲ့ ခင်ဗျားအသိုင်းအဝိုင်းကြား ... အစ်ကိုယွန်ဂီတို့ရှေ့ ... ချပြရဲလား ... ခင်ဗျားနဲ့ကျွန်တော် တွဲနေတာကို ... "

ဆယ်နှစ်စာ အောင့်အီးသည်းခံလာရတဲ့နာကျင်ခြင်းတွေကို သူ ချပြမိတော့ ‌အစ်ကိုက ပြန်မပြောနိုင်ဘဲ နားလည်ရခက်တဲ့အကြည့်နဲ့ကြည့်သည်။

“ ... ခင်ဗျားက Gayဆိုတဲ့သတင်းတွေထွက်တိုင်း ကျွန်တော့်မှာ တစ်ရက်မှကောင်းကောင်း‌မနေရဘူး ... သံသယမျက်ဝန်းတွေအပြင် ဝေးဝေးနေဖို့ပါ သတိပေးခံခဲ့ရတာ ... ခင်ဗျားရဲ့ဖန်တွေအမြင်မှာတော့ ကျွန်တော်ကသာ ခင်ဗျားနဲ့ ဇာတ်လမ်းတွေဖြစ်ချင်လို့ တမင်ဖန်တီးနေတာ ကျွန်တော်ကသာ Saesangပေါ့ ... အဟက် !! ကင်ဆော့ဂျင်!! ... တောက်ပနေတဲ့ ခင်ဗျားရဲ့ဘဝကို မဖျက်ဆီးရက်ဘူး ... အဲ့ဒီလိုပဲ အေးချမ်းတော့မဲ့ ကျွန်တော့်ဘဝလေးကိုလဲ ထပ်မနှောင့်ယှက်တော့ဘဲ ဆယ်စုနှစ်တစ်ခုစာ ပတ်သက်မှုကို ဖြတ်လိုက်ကြရအောင် ... ကျွန်တော့်စိတ်! ကျွန်တော့်ခန္ဓာကိုယ်! ကျွန်တော့်ရဲ့အရာရာ!!!  ကျွန်တော့်ဆီက ခင်ဗျားအကုန်ရပြီးပြီလေ ... ဘာထပ်လိုချင်နေသေးတာလဲ "

တဖြည်းဖြည်းတိုးညင်းသွားတဲ့အသံအဆုံး ဆော့ဂျင် တုန်လှုပ်သွားမိသည်။ သို့ပေမယ့် မျက်နှာကတော့ ထင်မထားလောက်တဲ့အထိ တင်းမာနေသည်။

တကယ်ဆို အဲ့ဒီ့နေ့က မန်နေဂျာပြောတဲ့စကားကို မထောက်ခံဘဲ တစ်မျိုးပြောင်းပြောခဲ့ရမှာ ...။ သူနဲ့ဂျောင်ဂု နမ်းနေတဲ့ပုံတွေ ဆိုရှယ်မီဒီယာပေါ်ရောက်တော့ သူ့တစ်ကိုယ်လုံးထူပူသွားခဲ့သလို လက်ရှိအချစ်ရေးကိုလဲ ချမပြချင်ခဲ့။ ဂျောင်ဂုကို မချစ်တာမဟုတ်ဘဲ ဒီအတိုင်း လုပ်လက်စအလုပ်တွေ မရပ်တန့်ချင်ခဲ့ရုံသာဖြစ်သည်။ အဲ့ဒီ့အတွက် မန်နေဂျာပြောတဲ့အတိုင်းလက်ခံပြီး သတင်းကို ကောလဟာလအဖြစ် သတ်မှတ်ခဲ့သည်။

// “ အဲ့ဒီ့ကောင်လေးက Kimကျောင်းတက်ကတည်းက Kimအနောက် တစ်ချိန်လုံး‌လိုက်နေတာပါ Artist ဖြစ်လာတော့လဲ အရင်ကထက်ပိုပြီး တွယ်ကပ်နေခဲ့တာပါ .. တစ်ခါတလေအနှောင့်အယှက်လဲပေးသေးတာမို့ အခုထွက်လာတဲ့ပုံတွေက Kim တားနေရင်း မတော်တဆဖြစ်သွားတာပါ ” //

သူ့အစားမန်နေဂျာကပြောခဲ့ပေမဲ့ သူကတော့SNSမှာ ကောလဟာလပါဆိုတဲ့သဘောမျိူးနဲ့ပိုစ့်တွေ တင်ခဲ့သည်လေ။ အဲ့အကျိုးဆက်ကြောင့် ဂျောင်ဂု နှောင့်ယှက်ခံနေရမယ်လို့ သူမထင်ထား။

ဂျောင်ဂုက အခုထိ နှောင့်ယှက်ခံနေရတာလား ... သုံးနှစ်ရှိခဲ့ပြီလေ ... သူ့ဖန်တွေက ဂျောင်ဂုကို နှောင့်ယှက်ပေးနေတုန်းလား ... နိုင်ငံခြား‌ဖျော်ဖြေပွဲတွေရှိတိုင်း သူ့‌တောင်းဆိုမှုကြောင့် ဂျောင်ဂုက မလှမ်းမကမ်းလိုက်လာရတာကိုလည်း သူ့ဖန်တွေက Saesangလို့ အထင်လွဲနေခဲ့တာလား ....

ဆော့ဂျင် တွေးမိတော့ ခဏတာ မွန်းကျပ်သွားသည်။ တလောကလုံးကို အနိုင်ရလာတဲ့သူက ဂျောင်ဂုကို အရှုံးမပေးချင်။ ရှင်းရှင်းပြောရင် ဂျောင်ဂုနဲ့ သူ့ကြားမှာ မပြေလည်မှုတွေရှိရင်တောင် ဂျောင်ဂုကို သူ လမ်းခွဲပေးမှာမဟုတ်။ သူကလွဲလို့ ဂျောင်ဂုကို ဘယ်သူမှလည်း ထိကိုင်ခွင့် ပေးမှာမဟုတ်။

" Gu .. Gukie-ya .."

ဆော့ဂျင် တစ်ခုခုပြောဖို့အားယူလိုက်ပေမဲ့လဲ ဂျောင်ဂုကတော့ မကြားချင်တဲ့ပုံနဲ့ စကားကိုပိတ်ပြောလာသည်။

" ကင်ဆော့ဂျင်!! ချစ်ခဲ့ပါတယ် ... အခုထိလဲ ချစ်နေတုန်းပါ ... နောက်လဲ မေ့ပစ်ဖို့ မစဉ်းစားပါဘူး ... နောက်လူဆိုတာလည်း ရှိလာမှာမဟုတ်ဘူး ... အဲ့ဒါကြောင့် လျောလျောလျူလျူပဲ လမ်းခွဲရအောင် ... ကျွန်တော် အရှုံးပေးပါတယ် ... ခင်ဗျားကို နောက်ထပ် မပိုင်ဆိုင်ချင်တော့ဘူး ... "

ထိုစကားအဆုံး ဆော့ဂျင်ပြောစရာစကားရှာမတွေ့ရလောက်တဲ့အထိ ခေါင်းငိုက်စိုက်ကျသွားကာ အသံထွက်မလာတော့သလို ဂျောင်ဂုကလည်း မှန်ကနေတဆင့် ဆိုင်အပြင်ဘက်ကိုသာ ငေးလိုက်မိသည်။ ဆိုင်ရဲ့အပြင်ဘက်နံရံမှာတော့ ထိုစကားတွေအကုန်အစအဆုံးကြားလိုက်တဲ့မင်ယွန်ဂီက တွေတွေကြီးရပ်လျက်သား...။

“ သိပ်ချစ်ရတဲ့‌ဂျောင်ဂုက ဆော့ဂျင်နဲ့ ၁၁နှစ်တိတိတွဲခဲ့တာလား ..."

" ... "

" ဘယ်လိုတောင် ... အဟား ... ပိရိလိုက်တာ ဂျောင်ဂုရယ် ... "

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ဟိုဆော့ "

Dormရဲ့ဧည့်ခန်းဆိုဖာထက် လှဲအိပ်ရင်း မျက်နှာကြက်ကိုကြည့်ကာ ယွန်းဂီ မေးလိုက်သည်။ သူ့ရည်ရွယ်ချက်က ကြမ်းပြင်ထက်ထိုင်ချကာ လပ်တော့ကိုစားပွဲပေါ်တင်ပြီး သီချင်းရေးနေ‌တဲ့ ကင်ဆော့ဂျင်ကြားဖို့ ....။

" မသိလေ ... ငါက ချစ်သူလိုအချစ်တွေနဲ့ နီးစပ်မှု သိပ်မရှိဘူး ... ထူးထူးဆန်းဆန်းစကားတွေပြောနေတာပဲ "

ဟိုဆော့ရဲ့ခပ်လွင်လွင်ရယ်သံကြောင့် တဖက်ဆိုဖာက ဖုန်းကြည့်နေတဲ့ဟိုဆော့ကို သူကြည့်သလိုနဲ့ ဆော့ဂျင်ကို အကဲခတ်ကြည့်မိသည်။ သူပြောနေတဲ့စကားအပေါ် အာရုံရောက်နေပုံမပေါ်။ ခါတိုင်းလိုသာ အလုပ်ရှုပ်နေဆဲ ...။

ဟိုတနေ့ကပဲ လမ်းခွဲခံရတဲ့ကောင်ရော ဟုတ်ရဲ့လား ... နေနိုင်လိုက်တာများ ကင်ဆော့ဂျင်ရယ် ... ဂျောင်ဂုကို တကယ်ပဲ အပျော်တွဲခဲ့လေသလား ... ဒါပေမဲ့ ၁၀နှစ်ကြီးများတောင်လေ ...

“ ငါ တစ်ယောက်ယောက်ကို ဖွင့်ပြောတော့မလို့ "

ထိုစကားကြောင့် ဟိုဆော့ ဖုန်းကိုကြည့်နေရာကနေ မျက်လုံးပြူးကာ သူ့ဆီအကြည့်ရောက်လာသည်။

" ဟင် ... ဘာစကားကို ငါကြားလိုက်တာလဲ "

" အမှန်ပဲ တစ်ယောက်ယောက်အပေါ် ထူးဆန်းတဲ့ခံစားချက်တွေရှိနေပြီ ဟိုဆော့ "

" အတည်ကြီးလား ... အဘိုးကြီးရဲ့ "

ချစ်စနိုးနဲ့စနောက်တဲ့အခါတိုင်း အဘိုးကြီးလို့ခေါ်တတ်တာမို့ ယွန်းဂီကြိတ်ပြုံးလိုက်ရင်း ဆော့ဂျင်ဆီ အကြည့်ပို့မိသည်။ ဒါတောင် ဆော့ဂျင်က သူ့စကားဆီ အာရုံမရောက်။

“ အင်း ~~ ဘယ်လိုဖွင့်ပြောရမလဲ စဉ်းစားနေတာ "

“ ဘယ်သူမို့လို့လဲ .. ငါတို့သိလား .. ပြောပြလို့ရရင် ပြောပြလေ လူပေါ်မူတည်ပြီး အကြံပေးနိုင်တာပေါ့ "


" တခြားတော့မဟုတ်ဘူး ငါတို့နဲ့ နီးနီးလေးပဲ "

ယွန်ဂီ ဆော့ဂျင်ကို စိုက်ကြည့်လိုက်ရင်း နှုတ်ခမ်းတွေကိုလှုပ်ရှားလိုက်သည်။

“ ကိတ်တွေကို အရမ်းသဘောကျတဲ့ ဂျွန် ဂျောင် ဂု လေ "

သူ့စကားအဆုံးမှာတော့ ဆော့ဂျင်လက်တွေရပ်တန့်သွားသလို မျက်ဝန်းတွေ အနည်းငယ်ခက်ထန်လာတာ သူမြင်လိုက်ရသည်။

" ဟင် မင်းပြောတော့ သူ့ကို ညီတစ်ယောက်လိုပဲချစ်တယ်ဆို ... "

ဟိုဆော့က မေးလာတော့ သူ ဆော့ဂျင်ကို ကြည့်ရင်းပြန်ဖြေမိသည်။

" ပြောင်းလဲသွားပြီ ... အစကတော့ အဲ့လိုပဲထင်ခဲ့တာ သူလမ်းခွဲလိုက်ပြီလို့ ကြားလိုက်တော့ ငါ့အတွက်နေရာရလာသလို ခံစားလိုက်ရတော့မှ ငါသူ့ကိုချစ်နေတာ ချစ်သူလိုအချစ်ဆိုတာ သတိထားမိခဲ့တယ် .. ဘာပြောပြော လမ်းခွဲပေးခဲ့တဲ့ကောင်ကို သောက်ရမ်းကျေးဇူးတင်တယ် "

သူ့စကားကြောင့် ဟိုဆော့က အံ့ဩသလိုကြည့်နေရင်း တစ်ခုခုကိုစဉ်းစားလိုက်သည်။

" မင်း .. တရားဝင်တွဲမှာလား ယွန်ဂီ "

" အင်း .. မင်းတို့နှစ်ယောက်လုံး သဘောတူရင် ဖန်တွေကိုပါ အသိပေးပြီးတွဲမယ် ... ငါသူ့ကိုပိုင်ကြောင်း တစ်ကမ္ဘာလုံးလျှောက်ကြွားပစ်မယ် ... မင်းတို့ထိခိုက်မှာကို မင်းတို့စိုးရိမ်တယ်ဆိုရင်တော့ ငါ့မိဘတွေနဲ့ အသိုင်းဝိုင်းလောက်ကို အသိပေးပြီးတွဲမှာ ဘယ်တော့မှ ကိုယ်ချစ်တဲ့သူကို သိမ်ငယ်အောင်မထားဘူး ..... ဟုတ်တယ်မလား ဆော့ဂျင် "

ငြိမ်သက်စွာ နားထောင်နေခဲ့တဲ့ ဆော့ဂျင်ကို မေးလိုက်တော့ ဆော့ဂျင်က အသိဝင်လာသလို လက်ပ်တော့ကို ပိတ်ချလိုက်သည်။

" ( ဒုန်း ) "

အသံကျယ်သွားသည်မို့ ဟိုဆော့က အလန့်တကြားကြည့်တော့ ဆော့ဂျင် မျက်ဝန်းတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အနေတည်တဲ့ကင်ဆော့ဂျင်ရဲ့ ဒီလိုပုံစံကို မမြင်ဖူး။

" ဟို ... ငါ ... ငါ စတူဒီယိုမှာရှိနေမယ် .."

ပါးစပ်ထဲရှိရာ ပြောကာ ထွက်သွားပုံရတဲ့ဆော့ဂျင်ကို ကြည့်ရင်း ယွန်ဂီပြုံးလိုက်ကာ ဟိုဆော့ဆီ အကြည့်ရောက်သွားသည်။ ဟိုဆော့ကတော့ အနည်းငယ်ဝမ်းနည်းနေတဲ့မျက်ဝန်းတွေနဲ့ ခေါင်းခါရင်း ဖုန်းဆီအကြည့်ပြန်ပို့တော့ ယွန်ဂီပြုံးရင်း ကြည့်နေလိုက်မိတော့သည်။


𖧷𖧷𖧷𖧷𖧷𖧷𖧷

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬


⟨ Zawgyi Version ⟩
A Critical Chapter
- 01 -

မည္းေမွာင္ၿပီး ႐ုတ္ခ်ည္းၿငိမ္က်သြားတဲ့ကြင္းျပင္။ လူေသာင္းေပါင္းမ်ားစြာတို႔က အလင္းေရာင္ထြက္လာမယ့္ စတိတ္စင္အလယ္တည့္တည့္ကို အာ႐ုံစူးစိုက္ေနသလို အသံကလဲ တိတ္ဆိတ္လြန္းသည္။ မည္းေမွာင္ေနရာကေန ႐ုတ္တရက္ အလင္းတန္းေလးထြက္လာကာ ေတးဂီတသံေတြ စတင္သက္ဝင္ခ်ိန္မွာေတာ့ ခုနကနဲ႔ မတူစြာ လူေပါင္းမ်ားစြာတို႔ရဲ႕ ေအာ္ဟစ္ဆူညံသံမ်ားက ေတးသံေတြကို ဖုံးလႊမ္းသြားသည္။

“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”
“ Three Hip !! Three Hop !! Kim-Ho-Gi ”

ဆူညံေနတဲ့Fan Chantနဲ႔အတူ မည္းေမွာင္ေနခဲ့ေသာကြင္းျပင္က Lightstickရဲ႕မီးေရာင္ေတြေၾကာင့္ ကြင္းလုံးျပည့္ ထိန္လင္းသြားေပၿပီ ...။ စတိတ္စင္ထက္မွာလဲ အမိုက္စားေကာင္ေလးသုံးေယာက္ မိုက္ကို ကိုင္ကာ စည္းခ်က္ေတြနဲ႔အတူ သီခ်င္းသံေတြ စတင္လာသည္။ Fanေတြရဲ႕ နားကြဲမတတ္ ေအာ္ဟစ္အားေပးသံနဲ႔အတူ ၿပဳံးေပ်ာ္တက္ႂကြေနတဲ့ အင္အားထုေတြ ၾကားထဲ စတိတ္စင္ေပၚကို ခပ္ေဆြးေဆြးေလး ေငးၾကည့္ေနတဲ့ စတိတ္စင္ေအာက္က ေကာင္ေလးတစ္ေယာက္။

ခင္ဗ်ားကေတာ့ အၿမဲတမ္းေတာက္ပေနမွာပါ ကင္ေဆာ့ဂ်င္ ... ကြၽန္ေတာ္ကေတာ့ အေမွာင္ထုတစ္ေနရာကေနသာ ခင္ဗ်ားကို ပိုင္ဆိုင္ခြင့္ရခဲ့တဲ့သူတစ္ေယာက္ေပ့ါ ...

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ ရား ေဆာ့ဂ်င္! ေကာင္းေကာင္းလုပ္ႏိုင္ခဲ့သားပဲ .... မင္းနားက်ပ္က လြတ္ထြက္သြားတာကို ... "

ပြဲႀကီးၿပီးေတာ့ Backstageမွာ ပခုံးကို ဖ်စ္ညႇစ္ကာ လာေျပာတဲ့ မင္ယြန္ဂီ ..။ ေဆာ့ဂ်င္ ေခြၽးေတြၾကားက ၿပဳံးျပလိုက္သည္။ သူ႔အၿပဳံးက ႏူးညံ့ျခင္းမပါဝင္တဲ့ တည္တည္တံ့တံ့အၿပဳံးျဖစ္သည္။

" မင္းတို႔ေတြေၾကာင့္ပါကြာ ... ၿပီးေတာ့ ဒါပထမဆုံးအႀကိမ္လဲ မဟုတ္ဘူးေလ "

" ဘယ္လိုျဖစ္ျဖစ္ ပထမဆုံးအႀကိမ္တုန္းက မင္းအေသငိုခဲ့တာမလား "

ယြန္ဂီနဲ႔သူ႔ၾကားကို ဟိုေဆာ့က ဝင္လာေတာ့ ေဆာ့ဂ်င္ လွည့္ၾကည့္လိုက္သည္။

" မွတ္မိေနသားပဲ ဟို-ah ... မဆိုးဘူး ဉာဏ္ေကာင္းလာၿပီ "

မင္ယြန္ဂီက ဟိုေဆာ့စကားကို ျပန္ေနာက္သည္။ သူကေတာ့ ၿပဳံးသာၿပဳံးရင္း နားေနခန္းဆီ သုံးေယာက္သားအတူတူေလွ်ာက္လာေတာ့သည္။ တကယ္ေတာ့ ကင္ေဆာ့ဂ်င္ဆိုတဲ့သူရယ္ မင္ယြန္ဂီရယ္ ေဂ်ာင္ဟိုေဆာ့ရယ္က ေတာင္ကိုးရီးယားရဲ႕ အေအာင္ျမင္ဆုံးHip-Hop Groupရဲ႕အဖြဲ႕ဝင္သုံးေယာက္ပါ။ IDOLေတြရဲ႕ေ႐ႊေခတ္မွာ Rap႐ြတ္ၿပီး ဆယ္စုႏွစ္တစ္ခုအထိ ေအာင္ျမင္လာတဲ့ နာမည္ႀကီးအဖြဲ႕တစ္ဖြဲ႕ဆိုရင္လဲမမွား ။ အစပိုင္းေတာ့ ခက္ခဲ႐ုန္းကန္ခဲ့ရေပမဲ့ ဒီေနာက္ပိုင္းမွာေတာ့အစစအရာရာဟာ ပန္းခင္းလမ္းပင္။

" အို!! ေဂ်ာင္ဂု ... ဒီတစ္ခါလဲ ေဂ်ာင္ဂုလာတာလား .... ေျပာေတာ့ ေအာ္ဒါရွိတယ္ဆို "

ၿပဳံးရယ္ကာ အခန္းထဲဝင္လာတဲ့သူ႔မ်က္ႏွာဟာ မင္ယြန္ဂီစကားေၾကာင့္ ေအးခဲသြားရသည္။ ခ်က္ခ်င္းပဲ နားေနခန္းထဲမွာ အခန႔္သားထိုင္ေနတဲ့ ေကာင္ေလးကို ဆြဲထုတ္သြားခ်င္စိတ္ တဖြားဖြား။ ထိုေကာင္ငယ္ေလးကေတာ့ ကေလးေလးတစ္ေယာက္လို ပကတိၾကည္လင္ေနတဲ့မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႔ သူတို႔သုံးေယာက္ဆီ လွည့္ၾကည့္သည္။

ဂြၽန္ေဂ်ာင္ဂု!! ဘာလာလုပ္ျပန္တာလဲ ... မလာပါနဲ႔ လို႔အတန္တန္တားခဲ့တဲ့ၾကားကေန ...

ေဆာ့ဂ်င္မ်က္ႏွာေအးခဲသြားသေလာက္ ထိုင္ေနတဲ့ေဂ်ာင္ဂုကေတာ့ မ်က္ခြံအိအိေတြေပၚေအာင္ၿပဳံးသည္။ ေဂ်ာင္ဂုအၿပဳံးကို ျမင္လိုက္ရတာ အရာရာႏူးညံ့သြားေပမယ့္ အဲ့ဒီ့ႏူးညံ့သြားတဲ့အရာမွန္သမွ် ကင္ေဆာ့ဂ်င္ဆိုတဲ့သူက ဖ်က္ဆီးပစ္ခ်င္သည္။ ဂြၽန္ေဂ်ာင္ဂုရဲ႕ႏူးညံ့ျခင္းေတြကို သူတစ္ေယာက္တည္းသာ ပိုင္ဆိုင္လိုပါသည္။

" အစ္ကိုယြန္ဂီ့ေမြးေန႔မဟုတ္လား .. ကြၽန္ေတာ္က လက္ေဆာင္နဲ႔ကြၽန္ေတာ့္လက္ရာအသစ္ကို လာပို႔တာပါ "

တလႈပ္လႈပ္နဲ႔ေလွ်ာက္လာတဲ့‌ေကာင္ငယ္ေလးကို ယြန္ဂီသေဘာက်စြာ ပါးကေနဆြဲညစ္ေတာ့ ေကာင္ေလးငယ္က ပခုံးတြန႔္သည္အထိ လန႔္ၿပီး သူ႔ကို ျဖတ္ကနဲ႔ၾကည့္သည္။ ေဒါသက ေထာင္းကနဲ႔ ထြက္သြားေပမဲ့ ေဆာ့ဂ်င္ ဘာမွမေျပာဘဲ မ်က္ေမွာင္ၾကဳတ္ကာ ေဂ်ာင္ဂုကို ျပန္စိုက္ၾကည့္လိုက္သည္။ သူ႔အၾကည့္ေတြကို ဘယ္သူမွ နားမလည္ေပမယ့္ ေဂ်ာင္ကုကေတာ့ ေသခ်ာသိတယ္ဆိုတာ သူနားလည္သည္။

" အစ္ကိုယြန္ဂီ ကြၽန္ေတာ့္ကို ဒီလိုမစပါနဲ႔ မႀကိဳက္ဘူးေျပာထားရက္နဲ႔ .. "

ေဂ်ာင္ဂု စိုးထိတ္သလိုေျပာရင္း အစ္ကိုေဆာ့ဂ်င္ကို ခိုးၾကည့္မိသည္။ ဟုတ္ပါသည္ ... အစ္ကိုေဆာ့ဂ်င္သည္ သူ႔ကို တျခားသူထိမွာ မႀကိဳက္သလို အစ္ကို ကိုယ္တိုင္လဲ လူျမင္ကြင္းမွာ ဖက္လဲတကင္းမရွိ။ ပထမေတာ့ဘာမွမျဖစ္ေပမဲ့ ေနာက္ပိုင္း ၾကာလာတဲ့အခါ တျဖည္းျဖည္းပိုဆိုးလာသည္မို႔ ေဂ်ာင္ဂုတတ္ႏိုင္သေလာက္ ေရွာင္ရွားရသည္။ အေၾကာင္းက သဝန္တိုၿပီးျဖစ္လာတဲ့ အစ္ကိုေဆာ့ဂ်င္ရဲ႕ေဒါသေတြကို သူခံႏိုင္ရည္မရွိေသးလို႔ေလ။

" မင္းက ဘက္လိုက္တာပဲ ငါ့အတြက္ေတာင္ပါမလာခဲ့ဘူး ... "

အစ္ကိုေဆာ့ဂ်င္နဲ႔ယြန္ဂီပခုံးကို ဖက္ထားတဲ့ဟိုေဆာ့ဆီက အသံထြက္လာျပန္ေတာ့ ေဂ်ာင္ဂုၿပဳံးရင္း ယူလာတဲ့ ဘူးေလးကို ေပးလိုက္သည္။

" အစ္ကိုယြန္ဂီနဲ႔ အစ္ကိုဟိုေဆာ့အတြက္ ကြၽန္ေတာ္ယူလာခဲ့ပါတယ္ဗ်ာ ... အစ္ကို‌ေဆာ့ဂ်င္ကိုေတာ့ ဆိုင္ေခၚသြားပါမယ္ ဟိုတေလာက ကြၽန္ေတာ့္ေမြးေန႔ မလာျဖစ္လိုက္ဘူးဆိုေတာ့ အစားျပန္ေပးတာပါ "

ေဂ်ာင္ဂုစကားေၾကာင့္ ဟိုေဆာ့ကေတာ့ ေခါင္းညိတ္လိုက္ေပမဲ့ ယြန္ဂီကေတာ့ ‌ေဆာ့ဂ်င္ကို ၾကည့္လိုက္မိသည္။

" ဂြၽန္ေဂ်ာင္ဂု!! ... ဆိုင္မွာပဲ သြားေစာင့္ အစ္ကိုလာခဲ့မယ္ "

ေဆာ့ဂ်င္ရဲ႕အနည္းငယ္ခက္ထန္ေနတဲ့ေလသံေၾကာင့္ ထူးဆန္းသလိုျဖစ္သြားေပမဲ့ ေဂ်ာင္ဂုကေတာ့ ေခါင္းသာၿငိမ့္လိုက္သည္။ သူထြက္လာခဲ့ၿပီးေနာက္မွာေတာ့ အစ္ကိုဟိုေဆာ့ရဲ႕ အသံကအတိုင္းသား ... ။

" အတူတူသြားလဲ ရတာပဲကို ေဆာ့ဂ်င္ကလဲ ... တခ်ိန္လုံး ေဂ်ာင္ဂုလာတိုင္း ေမာင္းထုတ္ေနေတာ့တာပဲ ... "

ေဂ်ာင္ဂု ခပ္ေျပေျပၿပဳံးလိုက္ရင္း စိတ္ေျဖသက္ျပင္းတစ္ခုခ်လိုက္မိသည္။

.. ေအးေလ ... အစ္ကိုနဲ႔ပတ္သက္ၿပီး ဒါေနာက္ဆုံးအႀကိမ္ နာခံျခင္းပဲျဖစ္မွာပါ ..

𖧷𖧷𖧷𖧷𖧷𖧷𖧷

" Backstageကို ဘာလာလုပ္တာလဲ.. ၿပီးေတာ့ ေျပာစရာရွိတာ ေျပာ ... ငါ အခ်ိန္မရွိဘူး ဂြၽန္ေဂ်ာင္ဂု "

မ်က္ႏွာခ်င္းဆိုင္ခုံကေန ေျခတစ္ဖက္ခ်ိတ္ထိုင္ကာ သူရည္႐ြယ္ၿပီး အေသးစိတ္လုပ္ထားခဲ့တဲ့ ကိတ္မုန႔္အပိုင္းေလးတစ္ခ်ိဳ႕ကို ခက္ရင္းနဲ႔ထိုးဆြေနတဲ့ “ THREE" Groupရဲ႕Visual Kim !!

အာ ~~ ေမ့လို႔ ... အခုက စတိတ္စင္‌ေပၚမွာမွ မဟုတ္ေတာ့တာ ကင္ေဆာ့ဂ်င္လို႔ နာမည္တပ္ရေတာ့မွာေပါ့ ....

ေဂ်ာင္ဂု သက္ျပင္းတစ္ခ်က္ခ်ရင္း အစ္ကို႔ကိုၾကည့္မိေနတဲ့အၾကည့္တို႔အား အစ္ကိုထိုးေခ်ေနတဲ့ ကိတ္မုန႔္ေလးဆီ ပို႔လိုက္သည္။ သူ ဖန္တီးထားတဲ့ လက္ရာအပိုင္းအစေတြကို ထိုးဆြတာမ်ိဳး သူအမုန္းဆုံးဆိုတာ ကင္ေဆာ့ဂ်င္ဆိုတဲ့ ထိုလူႀကီးလည္း‌ ေသခ်ာသိသည္။ သိရက္သားနဲ႔ သူ႔ေရွ႕မွာမို႔ တမင္လုပ္ေနမွန္း သူလည္း နားလည္သည္။ သို႔ေပမယ့္ သူ မသိခ်င္ေယာင္ေဆာင္လိုက္မိသည္။

" ျမည္းၾကည့္ပါဦး ဆိုင္မွာ ေနာက္အပတ္အသစ္တင္မဲ့ ‘ လမ္းခြဲျခင္း ' ကိတ္ေလ ... "

မ်က္ဝန္းအေသေတြနဲ႔ၿပဳံးရင္း ေျပာမိေတာ့ အစ္ကို႔လက္ေတြ ရပ္တန႔္သြားတာ သူျမင္လိုက္သည္။ ကိတ္မုန႔္ကို စိတ္ဝင္စားတာမဟုတ္ ... ကိတ္မုန႔္နာမည္ကို စိတ္ဝင္စားတာေၾကာင့္ဆိုတာ သူသိသည္။ ဘာအသံမွ ထြက္မလာတဲ့အစ္ကို႔ေၾကာင့္ သူ စကားဆက္သည္။

“ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္မ‌ေတြ႕ခ်င္ေတာ့တဲ့အထိ ... မပတ္သတ္ခ်င္ေတာ့တဲ့အထိ လမ္းခြဲရမယ္ဆိုရင္ plate 1ထဲက အနီေရာင္ေလး ... ခဏတာပဲလမ္းခြဲရမယ္ဆိုရင္ေတာ့ သူ႔ေဘးက အစိမ္းေရာင္ေလး ... စိတ္ကုန္စိတ္ပ်က္လို႔ လမ္းခြဲတာမ်ိဳးဆိုရင္ေတာ့ အဝါေရာင္ေလးနဲ႔ .... အေပၚက သုံးမ်ိဳးထဲမွာမွ ခ်စ္ေနေသးတယ္ဆိုရင္ အသဲပုံေလးေဖာ္ေပးမယ္ ... ခ်စ္ေနေပမဲ့တစ္ခန္းရပ္ခ်င္တယ္ဆိုရင္ေတာ့ အသဲတစ္ျခမ္းေလးထည့္ေပးမယ္ ... အကယ္၍ မခ်စ္ေတာ့ဘူးဆိုရင္ေတာ့ ထည့္ေပးစရာမလိုဘူးေပါ့ "

သူ အစ္ကို႔ကို ရွင္းျပလိုက္မိသည္။ ဒါ သူ႔ဆိုင္မွာ ကိတ္အသစ္ေလးေတြတင္တိုင္း အစ္ကို႔ကို အၿမဲရွင္းျပတတ္သလို အစ္ကိုကလဲ ေသခ်ာနားေထာင္ေပးတတ္သည္။ အခုကေတာ့ အေျခအေနတစ္မ်ိဳးျဖစ္ေနေပမဲ့ အစ္ကိုနားေထာင္ေနမယ္ဆိုတာ သူသိပါသည္။

" ဒါပဲလား ... အိုင္ဒီယာက မဆိုးေပမဲ့ လမ္းခြဲၾကမယ့္ ခ်စ္သူေတြက ကိတ္မုန႔္ကို အတူတူလာမစားေနဘူးဂြၽန္ေဂ်ာင္ဂု ... "

ထိုစကားၾကားရမယ္ဆိုတာ သိေပမဲ့ ေဂ်ာင္ဂုၿပဳံးလိုက္မိရင္း Plate 1ထဲက ခရင္အနီ‌နဲ႔ကိတ္အေသးကို ယူလိုက္သည္။ အဓိပၸါယ္ကေတာ့ မပတ္သက္ခ်င္တဲ့အထိ လမ္းခြဲခ်င္တဲ့သေဘာ။

" ဘာလို႔မစားရမွာလဲ ... ေနာက္ဆုံးအမွတ္တရဆိုတာ မၾကားဖူးဘူးလား ... ဒါနဲ႔ ... ဒီအေပၚမွာ ဘာတင္ေပးရမလဲ ... အသဲအျပည့္လား အသဲတစ္ျခမ္းလား "

ခရင္မ္ေတြမဟုတ္ဘဲ ဒီအတိုင္းရွိေနတဲ့ အသဲပုံဂ်ယ္လီကိုယူကာေမးေတာ့ အစ္ကိုက မ်က္ေမွာင္ၾကဳတ္သြားသည္။

“ ကြၽန္ေတာ္ကေတာ့ ဒါေလးတင္ရင္ ပိုမိုက္မယ္ထင္တယ္ အစ္ကို "

ေျပာေျပာဆိုဆို အနီေရာင္ခရင္ေပၚမွာ အသဲတစ္ျခမ္းဂ်ယ္လီေလးတင္လိုက္သည္။ သူ႔အဓိပၸာယ္အတိုင္း ခ်စ္ေနေပမဲ့  အစ္ကို႔နဲ႔ဇာတ္လမ္းကို တစ္ခန္းရပ္ခ်င္ပါသည္။

“ လွတယ္ မဟုတ္လား ကင္ေဆာ့ဂ်င္ ... ဒါ ... ခင္ဗ်ားအတြက္ ... "

နီရဲေနတဲ့မ်က္ဝန္းေတြနဲ႔ေျပာကာ ကိတ္ပန္းကန္ကို အစ္ကို႔ေရွ႕ထိုးေပးေတာ့ အစ္ကို႔မ်က္ဝန္းေတြ ေဖ်ာ့ေတာ့တုန္လႈပ္လာတာ သူျမင္လိုက္ရသည္။

ဟင္အင္း ဂြၽန္ေဂ်ာင္ဂု မခင္တြယ္နဲ႔ေတာ့ ... မင္းအတြက္အဆိပ္ပဲ

" ဘာ ...ဘာသေဘာလဲ ဂြၽန္ ေဂ်ာင္ ဂု!!! "

" ရွင္းျပၿပီးၿပီေလ ... ခင္ဗ်ား နားမလည္လို႔လား ... ကင္ေဆာ့ဂ်င္ "

" ငါေမးေနတယ္ေလ ဘာသေဘာလဲ ဂြၽန္ေဂ်ာင္ဂု "

ေဒါသေတြနဲ႔အတူ တုန္ယင္စြာ ထြက္လာတဲ့အသံအဆုံး သူ အစ္ကို႔ မ်က္ဝန္းေတြကို စူးစိုက္ၾကည့္လိုက္မိသည္။

" ဟုတ္တယ္ အစ္ကိုေဆာ့ဂ်င္ ကြၽန္ေတာ္တို႔ လမ္းခြဲရေအာင္ ... ကြၽန္ေတာ္ အစ္ကိုနဲ႔ မပတ္သက္ခ်င္ေတာ့တဲ့အထိ လမ္းခြဲခ်င္တယ္ "

" ဘာ !!! "

မယုံၾကည္ျခင္းမ်ားစြာနဲ႔ မတ္တပ္ထရပ္တဲ့ အစ္ကို႔ကို သူ စိုးထိတ္ဟန္ေတာင္ မျပဘဲ အတူတူ မတ္တပ္ထရပ္လိုက္မိသည္။ အစ္ကို႔မ်က္ဝန္းမွာ ေဒါသလို႔ အမည္တပ္မရတဲ့ ပူေလာင္မႈတခ်ိဳ႕ေတြ႕ေပမယ့္ သူကေတာ့ နာက်င္လ်က္သား ေအးေအးေဆးေဆးပင္။

" ဘယ္သူ႔သေဘာနဲ႔လမ္းခြဲမွာလဲ .. ဘာသေဘာနဲ႔လဲ ဂြၽန္ေဂ်ာင္ဂု!! ... ငါမအားဘူးအၿမဲေျပာတာေၾကာင့္လား ... ဒါမွမဟုတ္ ... Backstageကို မလာဖို႔ အၿမဲတားေနတာေၾကာင့္လား ... "

သူ႔ေဘးနားေရာက္လာကာ သူ႔ပခုံးေတြကို ဆြဲကိုင္လႈပ္ရင္းေျပာလာတဲ့ အစ္ကို႔ေၾကာင့္ သူ မ်က္ဝန္းအေသေတြနဲ႔ ရယ္လိုက္မိသည္။

" ခင္ဗ်ားအရမ္းတုန္လႈပ္သြားမယ္လို႔ မထင္ထားမိဘူး အစ္ကိုေဆာ့ဂ်င္.... ဂြၽန္ေဂ်ာင္ဂုက ခင္ဗ်ားအတြက္ အေရးပါတဲ့အရာမို႔လား "

" ဂြၽန္ေဂ်ာင္ဂု !! စကားကို အေကာင္းေျပာ ... ဘာေၾကာင့္နဲ႔လမ္းခြဲမွာလဲ ... မဟုတ္မွ ... ငါတို႔ဆက္ဆံေရးကို လူသိမခံခဲ့လို႔လား ... "

" ... "

" အဟား!! အဲ့ဒါက မင္းကိုယ္တိုင္ပဲ အဆင္ေျပပါတယ္လို႔ေျပာခဲ့တာေလ ...မင္းတြဲေနတာ သာမန္ေကာင္ေလးမဟုတ္ဘူး နာမည္ႀကီးတစ္ေယာက္ကို တြဲေနတာလို႔လည္း နည္းနည္းပါးပါး ေတြးပါဦး "

ေဒါသေတြနဲ႔ အဖ်ားခတ္ေနတဲ့စကားလုံးေတြက ပုံမွန္အခ်ိန္ဆို သူေၾကာက္ေနမိမွာေပမဲ့ အခုေတာ့ မတူေတာ့၊ နည္းနည္းေလးေတာင္ မေၾကာက္မိဘဲ ျပန္ေျပာဖို႔ စကားလုံးေတြ အသင့္ရွိေနခဲ့သည္။ ဒါဟာ အစ္ကိုနဲ႔ပတ္သက္ၿပီး သူ႔စိတ္ကိုလႊတ္ခ်ထားလို႔လည္း ျဖစ္ႏိုင္သည္ေလ။

" ခင္ဗ်ားမွားေနၿပီ ကြၽန္ေတာ္တြဲခဲ့တာ ႐ိုး႐ိုးေကာင္ေလးတစ္ေယာက္ပါ ... လြန္ခဲ့တဲ့၁၁ႏွစ္ ..... ကြၽန္ေတာ့္အသက္၁၇ႏွစ္အ႐ြယ္က သေဘာက်လြန္းလို႔ စီနီယာအစ္ကိုႀကီးတစ္ေယာက္နဲ႔ တြဲခဲ့တာေလ ... လွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကားေနတဲ့ THREE Groupထဲ က Visual Kim ကို မဟုတ္ဘူး .. ဒီအတိုင္း ကင္ေဆာ့ဂ်င္ဆိုတဲ့အစ္ကိုႀကီးကို ေသမတတ္ သေဘာက်လို႔ တြဲခဲ့တာပါ ... "

သူ႔စကားေတြေၾကာင့္ ေဖ်ာ့ေတာ့သည္ထက္ပိုေဖ်ာ့ေတာ့လာတဲ့ အစ္ကို႔မ်က္ဝန္းေတြကို ျမင္လိုက္ရေဝာ့ာ ရင္မဆိုင္ႏိုင္စြာ သူ အၾကည့္လႊဲလိုက္မိသည္။

" ၁၁ႏွစ္ရွိခဲ့ၿပီ အစ္ကိုေဆာ့ဂ်င္ ... ကြၽန္ေတာ္ သည္းခံခဲ့ရတာ ၁၀ႏွစ္ရွိတယ္ ... ဘယ္အခ်ိန္ထိ လူမသိသူမသိတြဲေနရမွာလဲ ... ဘယ္အခ်ိန္ထိအိမ္ျပန္ဖို႔ေတာင္ ေၾကာက္႐ြံ႕ေနရမွာလဲ ... ေကာ
လဟာလ??? ခင္ဗ်ားအဲ့ဒီ့ေန႔က ေျဖရွင္းခဲ့တဲ့ေကာလဟာလကေလ ကြၽန္ေတာ့္ လူေနမႈ ဘဝကိုထိခိုက္ေစတယ္ .... ဝန္မခံရဲဘူးလား ... အဲ့ဒီ့ဓာတ္ပုံထဲကလူ‌က ခင္ဗ်ားနဲ႔ကြၽန္ေတာ္ဆိုတာ ... "

" Gukie... "

လုပ္ခဲ့တဲ့အမွားကို သိတာမို႔ ေဆာ့ဂ်င္ ေဂ်ာင္ဂုပါးကို ထိဖို႔ႀကိဳးစားေတာ့ ပုတ္ထုတ္လာတဲ့လက္ေတြ ...။ ေဖ်ာ့ေတာ့ေနမိတဲ့ ေဆာ့ဂ်င္မ်က္ဝန္းေတြ စူးရဲသြားသည္။

" ခင္ဗ်ားက ဖန္ေတြကို ေသာက္ရမ္းခ်စ္တာ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္နားလည္တယ္ ... ဒါေပမဲ့ ခင္ဗ်ားအသိုင္းအဝိုင္းၾကား ... အစ္ကိုယြန္ဂီတို႔ေရွ႕ ... ခ်ျပရဲလား ... ခင္ဗ်ားနဲ႔ကြၽန္ေတာ္ တြဲေနတာကို ... "

ဆယ္ႏွစ္စာ ေအာင့္အီးသည္းခံလာရတဲ့နာက်င္ျခင္းေတြကို သူ ခ်ျပမိေတာ့ ‌အစ္ကိုက ျပန္မေျပာႏိုင္ဘဲ နားလည္ရခက္တဲ့အၾကည့္နဲ႔ၾကည့္သည္။

“ ... ခင္ဗ်ားက Gayဆိုတဲ့သတင္းေတြထြက္တိုင္း ကြၽန္ေတာ့္မွာ တစ္ရက္မွေကာင္းေကာင္း‌မေနရဘူး ... သံသယမ်က္ဝန္းေတြအျပင္ ေဝးေဝးေနဖို႔ပါ သတိေပးခံခဲ့ရတာ ... ခင္ဗ်ားရဲ႕ဖန္ေတြအျမင္မွာေတာ့ ကြၽန္ေတာ္ကသာ ခင္ဗ်ားနဲ႔ ဇာတ္လမ္းေတြျဖစ္ခ်င္လို႔ တမင္ဖန္တီးေနတာ ကြၽန္ေတာ္ကသာ Saesangေပါ့ ... အဟက္ !! ကင္ေဆာ့ဂ်င္!! ... ေတာက္ပေနတဲ့ ခင္ဗ်ားရဲ႕ဘဝကို မဖ်က္ဆီးရက္ဘူး ... အဲ့ဒီလိုပဲ ေအးခ်မ္းေတာ့မဲ့ ကြၽန္ေတာ့္ဘဝေလးကိုလဲ ထပ္မေႏွာင့္ယွက္ေတာ့ဘဲ ဆယ္စုႏွစ္တစ္ခုစာ ပတ္သက္မႈကို ျဖတ္လိုက္ၾကရေအာင္ ... ကြၽန္ေတာ့္စိတ္! ကြၽန္ေတာ့္ခႏၶာကိုယ္! ကြၽန္ေတာ့္ရဲ႕အရာရာ!!!  ကြၽန္ေတာ့္ဆီက ခင္ဗ်ားအကုန္ရၿပီးၿပီေလ ... ဘာထပ္လိုခ်င္ေနေသးတာလဲ "

တျဖည္းျဖည္းတိုးညင္းသြားတဲ့အသံအဆုံး ေဆာ့ဂ်င္ တုန္လႈပ္သြားမိသည္။ သို႔ေပမယ့္ မ်က္ႏွာကေတာ့ ထင္မထားေလာက္တဲ့အထိ တင္းမာေနသည္။

တကယ္ဆို အဲ့ဒီ့ေန႔က မန္ေနဂ်ာေျပာတဲ့စကားကို မေထာက္ခံဘဲ တစ္မ်ိဳးေျပာင္းေျပာခဲ့ရမွာ ...။ သူနဲ႔ေဂ်ာင္ဂု နမ္းေနတဲ့ပုံေတြ ဆိုရွယ္မီဒီယာေပၚေရာက္ေတာ့ သူ႔တစ္ကိုယ္လုံးထူပူသြားခဲ့သလို လက္ရွိအခ်စ္ေရးကိုလဲ ခ်မျပခ်င္ခဲ့။ ေဂ်ာင္ဂုကို မခ်စ္တာမဟုတ္ဘဲ ဒီအတိုင္း လုပ္လက္စအလုပ္ေတြ မရပ္တန႔္ခ်င္ခဲ့႐ုံသာျဖစ္သည္။ အဲ့ဒီ့အတြက္ မန္ေနဂ်ာေျပာတဲ့အတိုင္းလက္ခံၿပီး သတင္းကို ေကာလဟာလအျဖစ္ သတ္မွတ္ခဲ့သည္။

// “ အဲ့ဒီ့ေကာင္ေလးက Kimေက်ာင္းတက္ကတည္းက Kimအေနာက္ တစ္ခ်ိန္လုံး‌လိုက္ေနတာပါ Artist ျဖစ္လာေတာ့လဲ အရင္ကထက္ပိုၿပီး တြယ္ကပ္ေနခဲ့တာပါ .. တစ္ခါတေလအေႏွာင့္အယွက္လဲေပးေသးတာမို႔ အခုထြက္လာတဲ့ပုံေတြက Kim တားေနရင္း မေတာ္တဆျဖစ္သြားတာပါ ” //

သူ႔အစားမန္ေနဂ်ာကေျပာခဲ့ေပမဲ့ သူကေတာ့SNSမွာ ေကာလဟာလပါဆိုတဲ့သေဘာမ်ိဴးနဲ႔ပိုစ့္ေတြ တင္ခဲ့သည္ေလ။ အဲ့အက်ိဳးဆက္ေၾကာင့္ ေဂ်ာင္ဂု ေႏွာင့္ယွက္ခံေနရမယ္လို႔ သူမထင္ထား။

ေဂ်ာင္ဂုက အခုထိ ေႏွာင့္ယွက္ခံေနရတာလား ... သုံးႏွစ္ရွိခဲ့ၿပီေလ ... သူ႔ဖန္ေတြက ေဂ်ာင္ဂုကို ေႏွာင့္ယွက္ေပးေနတုန္းလား ... ႏိုင္ငံျခား‌ေဖ်ာ္ေျဖပြဲေတြရွိတိုင္း သူ႔‌ေတာင္းဆိုမႈေၾကာင့္ ေဂ်ာင္ဂုက မလွမ္းမကမ္းလိုက္လာရတာကိုလည္း သူ႔ဖန္ေတြက Saesangလို႔ အထင္လြဲေနခဲ့တာလား ....

ေဆာ့ဂ်င္ ေတြးမိေတာ့ ခဏတာ မြန္းက်ပ္သြားသည္။ တေလာကလုံးကို အႏိုင္ရလာတဲ့သူက ေဂ်ာင္ဂုကို အရႈံးမေပးခ်င္။ ရွင္းရွင္းေျပာရင္ ေဂ်ာင္ဂုနဲ႔ သူ႔ၾကားမွာ မေျပလည္မႈေတြရွိရင္ေတာင္ ေဂ်ာင္ဂုကို သူ လမ္းခြဲေပးမွာမဟုတ္။ သူကလြဲလို႔ ေဂ်ာင္ဂုကို ဘယ္သူမွလည္း ထိကိုင္ခြင့္ ေပးမွာမဟုတ္။

" Gu .. Gukie-ya .."

ေဆာ့ဂ်င္ တစ္ခုခုေျပာဖို႔အားယူလိုက္ေပမဲ့လဲ ေဂ်ာင္ဂုကေတာ့ မၾကားခ်င္တဲ့ပုံနဲ႔ စကားကိုပိတ္ေျပာလာသည္။

" ကင္ေဆာ့ဂ်င္!! ခ်စ္ခဲ့ပါတယ္ ... အခုထိလဲ ခ်စ္ေနတုန္းပါ ... ေနာက္လဲ ေမ့ပစ္ဖို႔ မစဥ္းစားပါဘူး ... ေနာက္လူဆိုတာလည္း ရွိလာမွာမဟုတ္ဘူး ... အဲ့ဒါေၾကာင့္ ေလ်ာေလ်ာလ်ဴလ်ဴပဲ လမ္းခြဲရေအာင္ ... ကြၽန္ေတာ္ အရႈံးေပးပါတယ္ ... ခင္ဗ်ားကို ေနာက္ထပ္ မပိုင္ဆိုင္ခ်င္ေတာ့ဘူး ... "

ထိုစကားအဆုံး ေဆာ့ဂ်င္ေျပာစရာစကားရွာမေတြ႕ရေလာက္တဲ့အထိ ေခါင္းငိုက္စိုက္က်သြားကာ အသံထြက္မလာေတာ့သလို ေဂ်ာင္ဂုကလည္း မွန္ကေနတဆင့္ ဆိုင္အျပင္ဘက္ကိုသာ ေငးလိုက္မိသည္။ ဆိုင္ရဲ႕အျပင္ဘက္နံရံမွာေတာ့ ထိုစကားေတြအကုန္အစအဆုံးၾကားလိုက္တဲ့မင္ယြန္ဂီက ေတြေတြႀကီးရပ္လ်က္သား...။

“ သိပ္ခ်စ္ရတဲ့‌ေဂ်ာင္ဂုက ေဆာ့ဂ်င္နဲ႔ ၁၁ႏွစ္တိတိတြဲခဲ့တာလား ..."

" ... "

" ဘယ္လိုေတာင္ ... အဟား ... ပိရိလိုက္တာ ေဂ်ာင္ဂုရယ္ ... "

𖧷𖧷𖧷𖧷𖧷𖧷𖧷

“ အခ်စ္ဆိုတာ ဘယ္လိုမ်ိဳးလဲ ဟိုေဆာ့ "

Dormရဲ႕ဧည့္ခန္းဆိုဖာထက္ လွဲအိပ္ရင္း မ်က္ႏွာၾကက္ကိုၾကည့္ကာ ယြန္းဂီ ေမးလိုက္သည္။ သူ႔ရည္႐ြယ္ခ်က္က ၾကမ္းျပင္ထက္ထိုင္ခ်ကာ လပ္ေတာ့ကိုစားပြဲေပၚတင္ၿပီး သီခ်င္းေရးေန‌တဲ့ ကင္ေဆာ့ဂ်င္ၾကားဖို႔ ....။

" မသိေလ ... ငါက ခ်စ္သူလိုအခ်စ္ေတြနဲ႔ နီးစပ္မႈ သိပ္မရွိဘူး ... ထူးထူးဆန္းဆန္းစကားေတြေျပာေနတာပဲ "

ဟိုေဆာ့ရဲ႕ခပ္လြင္လြင္ရယ္သံေၾကာင့္ တဖက္ဆိုဖာက ဖုန္းၾကည့္ေနတဲ့ဟိုေဆာ့ကို သူၾကည့္သလိုနဲ႔ ေဆာ့ဂ်င္ကို အကဲခတ္ၾကည့္မိသည္။ သူေျပာေနတဲ့စကားအေပၚ အာ႐ုံေရာက္ေနပုံမေပၚ။ ခါတိုင္းလိုသာ အလုပ္ရႈပ္ေနဆဲ ...။

ဟိုတေန႔ကပဲ လမ္းခြဲခံရတဲ့ေကာင္ေရာ ဟုတ္ရဲ႕လား ... ေနႏိုင္လိုက္တာမ်ား ကင္ေဆာ့ဂ်င္ရယ္ ... ေဂ်ာင္ဂုကို တကယ္ပဲ အေပ်ာ္တြဲခဲ့ေလသလား ... ဒါေပမဲ့ ၁၀ႏွစ္ႀကီးမ်ားေတာင္ေလ ...

“ ငါ တစ္ေယာက္ေယာက္ကို ဖြင့္ေျပာေတာ့မလို႔ "

ထိုစကားေၾကာင့္ ဟိုေဆာ့ ဖုန္းကိုၾကည့္ေနရာကေန မ်က္လုံးျပဴးကာ သူ႔ဆီအၾကည့္ေရာက္လာသည္။

" ဟင္ ... ဘာစကားကို ငါၾကားလိုက္တာလဲ "

" အမွန္ပဲ တစ္ေယာက္ေယာက္အေပၚ ထူးဆန္းတဲ့ခံစားခ်က္ေတြရွိေနၿပီ ဟိုေဆာ့ "

" အတည္ႀကီးလား ... အဘိုးႀကီးရဲ႕ "

ခ်စ္စႏိုးနဲ႔စေနာက္တဲ့အခါတိုင္း အဘိုးႀကီးလို႔ေခၚတတ္တာမို႔ ယြန္းဂီႀကိတ္ၿပဳံးလိုက္ရင္း ေဆာ့ဂ်င္ဆီ အၾကည့္ပို႔မိသည္။ ဒါေတာင္ ေဆာ့ဂ်င္က သူ႔စကားဆီ အာ႐ုံမေရာက္။

“ အင္း ~~ ဘယ္လိုဖြင့္ေျပာရမလဲ စဥ္းစားေနတာ "

“ ဘယ္သူမို႔လို႔လဲ .. ငါတို႔သိလား .. ေျပာျပလို႔ရရင္ ေျပာျပေလ လူေပၚမူတည္ၿပီး အႀကံေပးႏိုင္တာေပါ့ "


" တျခားေတာ့မဟုတ္ဘူး ငါတို႔နဲ႔ နီးနီးေလးပဲ "

ယြန္ဂီ ေဆာ့ဂ်င္ကို စိုက္ၾကည့္လိုက္ရင္း ႏႈတ္ခမ္းေတြကိုလႈပ္ရွားလိုက္သည္။

“ ကိတ္ေတြကို အရမ္းသေဘာက်တဲ့ ဂြၽန္ ေဂ်ာင္ ဂု ေလ "

သူ႔စကားအဆုံးမွာေတာ့ ေဆာ့ဂ်င္လက္ေတြရပ္တန႔္သြားသလို မ်က္ဝန္းေတြ အနည္းငယ္ခက္ထန္လာတာ သူျမင္လိုက္ရသည္။

" ဟင္ မင္းေျပာေတာ့ သူ႔ကို ညီတစ္ေယာက္လိုပဲခ်စ္တယ္ဆို ... "

ဟိုေဆာ့က ေမးလာေတာ့ သူ ေဆာ့ဂ်င္ကို ၾကည့္ရင္းျပန္ေျဖမိသည္။

" ေျပာင္းလဲသြားၿပီ ... အစကေတာ့ အဲ့လိုပဲထင္ခဲ့တာ သူလမ္းခြဲလိုက္ၿပီလို႔ ၾကားလိုက္ေတာ့ ငါ့အတြက္ေနရာရလာသလို ခံစားလိုက္ရေတာ့မွ ငါသူ႔ကိုခ်စ္ေနတာ ခ်စ္သူလိုအခ်စ္ဆိုတာ သတိထားမိခဲ့တယ္ .. ဘာေျပာေျပာ လမ္းခြဲေပးခဲ့တဲ့ေကာင္ကို ေသာက္ရမ္းေက်းဇူးတင္တယ္ "

သူ႔စကားေၾကာင့္ ဟိုေဆာ့က အံ့ဩသလိုၾကည့္ေနရင္း တစ္ခုခုကိုစဥ္းစားလိုက္သည္။

" မင္း .. တရားဝင္တြဲမွာလား ယြန္ဂီ "

" အင္း .. မင္းတို႔ႏွစ္ေယာက္လုံး သေဘာတူရင္ ဖန္ေတြကိုပါ အသိေပးၿပီးတြဲမယ္ ... ငါသူ႔ကိုပိုင္ေၾကာင္း တစ္ကမာၻလုံးေလွ်ာက္ႂကြားပစ္မယ္ ... မင္းတို႔ထိခိုက္မွာကို မင္းတို႔စိုးရိမ္တယ္ဆိုရင္ေတာ့ ငါ့မိဘေတြနဲ႔ အသိုင္းဝိုင္းေလာက္ကို အသိေပးၿပီးတြဲမွာ ဘယ္ေတာ့မွ ကိုယ္ခ်စ္တဲ့သူကို သိမ္ငယ္ေအာင္မထားဘူး ..... ဟုတ္တယ္မလား ေဆာ့ဂ်င္ "

ၿငိမ္သက္စြာ နားေထာင္ေနခဲ့တဲ့ ေဆာ့ဂ်င္ကို ေမးလိုက္ေတာ့ ေဆာ့ဂ်င္က အသိဝင္လာသလို လက္ပ္ေတာ့ကို ပိတ္ခ်လိုက္သည္။

" ( ဒုန္း ) "

အသံက်ယ္သြားသည္မို႔ ဟိုေဆာ့က အလန႔္တၾကားၾကည့္ေတာ့ ေဆာ့ဂ်င္ မ်က္ဝန္းေတြ လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။ အေနတည္တဲ့ကင္ေဆာ့ဂ်င္ရဲ႕ ဒီလိုပုံစံကို မျမင္ဖူး။

" ဟို ... ငါ ... ငါ စတူဒီယိုမွာရွိေနမယ္ .."

ပါးစပ္ထဲရွိရာ ေျပာကာ ထြက္သြားပုံရတဲ့ေဆာ့ဂ်င္ကို ၾကည့္ရင္း ယြန္ဂီၿပဳံးလိုက္ကာ ဟိုေဆာ့ဆီ အၾကည့္ေရာက္သြားသည္။ ဟိုေဆာ့ကေတာ့ အနည္းငယ္ဝမ္းနည္းေနတဲ့မ်က္ဝန္းေတြနဲ႔ ေခါင္းခါရင္း ဖုန္းဆီအၾကည့္ျပန္ပို႔ေတာ့ ယြန္ဂီၿပဳံးရင္း ၾကည့္ေနလိုက္မိေတာ့သည္။


𖧷𖧷𖧷𖧷𖧷𖧷𖧷

Continue Reading

You'll Also Like

17.4K 1.4K 9
Jeon jungkook × Kim seokjin ( Kookjin only ) 18 + (The Warning ) Fictions ⚠️
1.2M 52K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.8K 167 16
yoonkook fic new လေးပါနော် စိတ်ကူးဖြင့် ပုံဖော်ဖန်တီးထားတဲ့ လက်ရာသက်သက်သာ ဖစ်ပါတယ်ရှင့် ။ တခြားမည်သည် သာသာတွေရဲ့ fictionကိုမှ့ ကူးယူထားခြင်းမရှိပါ။
1.1M 60.8K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...