ချစ်မိပြန်ပြီ မမမြိုင် ( Comp...

By morA_nyein

253K 22.6K 1.5K

‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.20... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
..
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန္း ၁၅
အခန္း ၁၇
အခန္း ၁၈
အခန္း ၁၉
အခန္း ၂၀
မမၿမိဳင္ဆီသို႔
အခန္း ၂၁
အခန္း ၂၂
အခန္း ၂၃
အခန္း ၂၄
အခန္း ၂၅
အခန္း ၂၆
အခန္း ၂၇
အခန္း ၂၈
အခန္း ၂၉
အခန္း ၃၀
အခန္း ၃၁
အခန္း ၃၂
အခန္း ၃၃
အခန္း ၃၄
အခန္း ၃၅
အခန္း ၃၆
အခန္း ၃၇
အခန္း ၃၈
အခန္း ၃၉
အခန္း ၄၀
အခန္း ၄၁
အခန္း ၄၂
အခန္း ၄၃
အခန္း ၄၄
အခန္း ၄၅
အခန္း ၄၆
အခန္း ၄၇ ( ဇာတ္သိမ္းခန္း )
.. 100K ..
မမမြိုင် character
ညိုလေး character
Attention plz‼️

အခန္း ၁၆

5.1K 451 12
By morA_nyein

ႏြားသူေ႒းဆိုေသာ ခန္႔ခန္႔ညားညား အမ်ိဳးသားသည္ အၿပံဳးခ်ိဳခ်ိဳေလး ဖန္ဆင္းေနျပန္သည္ ။ လူတန္းစီေနေသာ လက္မွတ္ရံု၌ သူတို႔ ၃ဦး ပိတ္ရပ္ေနေတာ့သည္ေၾကာင့္ အေနာက္က လူအုပ္ႀကီးမွ ပိတ္မရပ္ဖို႔အတြက္ ဆူပူအံုႂကြေနေတာ့သည္ ။

" ေဟးေဟး ။ ခင္ဗ်ားတို႔က ပိတ္မရပ္နဲ႔ေလဗ်ာ ။ "

" လက္မွတ္ရၿပီးရင္လည္း ဖယ္ေပးၾကေလ ။ ေၾသာ္ေတာ္ ။ "

" က်ဳပ္တို႔ လက္မွတ္မရေသးဘူး ေတာ္တို႔ရဲ႕ ။ "

စေသာစေသာ စကားသံေတြကို တစ္စြန္းတစ္ဖ်ားသာမက အလံုးလိုက္ အရင္းလိုက္ပါ ၾကားေနရေသာေၾကာင့္ ထိုလူအုပ္ႀကီးအား ႏြားသူေ႒းက ေဒါင္ေကာင္းေကာင္းသူ႔အရပ္ႀကီးနဲ႔ မ်က္လံုးေလးပင့္ကာ လွမ္းၾကည့္လိုက္ေတာ့သည္ ။ ထို႔ေနာက္ ႐ႊင္ၿပံဳးၿပံဳး သူ႔မ်က္နွာကို အားကိုးစြာနဲ႔ ေလးစားစြာ ေျပာေလသည္ ။

" ဟုတ္ပါၿပီဗ်ာ ။ က်ဳပ္တို႔ ဖယ္ေပးပါ့မယ္ ။ ေအးေဆးဝယ္ၾက ။ ဟုတ္ၿပီလား ။ "

ဟု ေျပာၿပီး ၿမိဳင့္ကို ငံု႔ၾကည့္ကာျဖင့္ ညႇင္သာေသာေလသံနွင့္ ေျပာေပသည္ ။

" လာ ၿမိဳင္ ။ တို႔ေတြ ေကာ္ဖီေသာက္ၿပီး စကားေအးေဆးေျပာရေအာင္ကြာ ။ "

" ေကာင္းတာေပါ့ ။ "

ၿပံဳးကာေျပာလိုက္တဲ့ ၿမိဳင့္ေၾကာင့္ ညိဳေလးရဲ႕ ရင္ထဲမွာ အေတာ္ကိုမွ ဂယက္ထသြားေပသည္ ။ အံ့ၾသမႈေတြ စိတ္လႈပ္ရွားမႈေတြ ေထြးေပြ႕ထားတဲ့ ဂယက္လႈိင္းကိုေပါ့ ။

မမၿမိဳင္ကေတာ့ ႏြားသူေ႒းအေနာက္ကို လိုက္သြားေလၿပီ ။ သူတို႔အေနာက္မွာ လိုက္ပါေနဆဲျဖစ္တဲ့ ညိဳေလးကေတာ့ ႏြားသူေ႒းဆိုတာ ဘယ္သူမ်ားလဲ ။ ၿမိဳင္နဲ႔ေရာ ဘ
္လိုပတ္သက္မႈ ျဖစ္ေနပါ့မလဲ ။ စေသာအေတြးမ်ားအျပင္ ဒီေန႔အဖို႔ ဘိုင္စကုပ္ မၾကည့္ရေတာ့သည္ကိုလည္း ေတြးမိသြားေလသည္ ။

ႏြားသူေ႒းေၾကာင့္ မမၿမိဳင္နဲ႔အတူတူ သူမလည္း ဘိုင္စကုပ္ မၾကည့္ရေတာ့သည္ေၾကာင့္ ဒီႏြားသူေ႒းအား မ်က္မႈန္းက်ိဳးမိပါသည္ ။ အခ်ိန္ခဏေလးအတြင္းမွာပါ အျမင္မၾကည္မႈေတြ ထပ္တိုးလာခဲ့ရသည္ ။ ဒီႏြားသူေ႒းနဲ႔ေတြ႕ေတာ့မွ ျမင္ဖူးခ်င္တဲ့အၿပံဳးမ်ိဳးကို ျမင္လိုက္ရေပမယ့္လို႔ တကယ္တမ္းေတာ့ သူမ မႀကိဳက္ပါေပ ။ သူမတစ္ေယာက္တည္းသာ ျမင္ဖူးခ်င္တဲ့ မမၿမိဳင္ရဲ႕အၿပံဳးကို သူမ ေလာဘတက္မိၿပီ ။ ေလာဘတက္ေနဆဲပင္ ။

" ဒီမွာ ထိုင္ေနလွည့္ဦး ၿမိဳင္ ။ ေကာ္ဖီ သြားမွာလိုက္ဦးမယ္ ။ "

ၿမိဳင္ဟာ ေခါင္းေလးအသာၿငိမ့္လို႔ ေလးေထာင္စားပြဲဆီမွာ ဝင္ထိုင္လိုက္သည္ ။ ညိဳေလးဟာလည္း မမၿမိဳင္ရဲ႕ ေဘးခံုမွာ ဝင္ထိုင္လိုက္သည္ ။ တိတ္ဆိတ္စြာျဖင့္သာ ။

ၿငိမ္သက္ေနရွာတဲ့ ညိဳေလးကို မမၿမိဳင္ လွည့္ၾကည့္မိကာမွ သူမလက္ထဲ၌ ပါလာေသာ ဘိုင္စကုပ္ လက္မွတ္နွစ္ေစာင္ကို ၿမိဳင္ သတိရမိပါေတာ့သည္ ။ ထိုသို႔ ညိဳေလးတိတ္ဆိတ္စြာျဖစ္ေနသည္ကို ဘိုင္စကုပ္မၾကည့္ရလို႔ ျဖစ္ပါလိမ့္မည္ ဟု က်ိန္းေသေနရွာသည္ ။ သို႔ေသာ္ ညိဳေလးဟာ မမၿမိဳင္ထင္သလို မဟုတ္ပါေၾကာင္း ညိဳေလးကိုယ္တိုင္သာပင္ သိပါမည္ ။

" မင္း ၾကည့္ဖူးခ်င္ေနတဲ့ ဘိုင္စကုပ္ကို တို႔ေၾကာင့္နဲ႔ မၾကည့္လိုက္ရေတာ့ဘူး မဟုတ္လား ။ ေနာက္က်ရင္လည္း တို႔ေတြ အတူတူသြားၾကည့္ၾကမယ္ေလ ။ ဟုတ္ၿပီလားကြဲ႕ ။ "

ညိဳေလးကေတာ့ ဘာတစ္ခြန္းမွ ဆက္မေျပာေနေတာ့ပါ ။ ကန္ေရျပင္ကဲ့သို႔ ၿငိမ္သက္ေနဆဲပါပဲ ။

ထိုအခ်ိန္ ႏြားသူေ႒းဟာ ၿမိဳင္တို႔ ရိွရာသို႔ ေလ်ွာက္လာေပေတာ့သည္ ။ ဘိုေက နဲ႔ တိုက္ပံုအက်ႌတို႔ကို ဝတ္ထားသည္မွာ ကိုျမင့္ေမာင္လို႔ အထင္မွတ္ရေလာက္အထိပါပဲ ။ ေအာကတၱီပါ ေျခညႇပ္ဖိနပ္ေလး တစ္ရံသာ ကိုျမင့္ေမာင္နဲ႔ ကြဲလြဲလွသည္ ။ အသားညိဳညိဳ ေဒါင္ေကာင္းလွေသာအရပ္ ရုပ္ရည္ရူပါကာေၾကာင့္ ေတြ႕သမ်ွေသာ မိန္းမပ်ိဳတို႔ ရင္ထဲမယ္ ေနရာယူထားေသာ ႏြားသူေဌးပင္သာ ။

ေလးေယာက္ထိုင္ေသာ ေလးေထာင့္စားပြဲေပၚသို႔ လက္ေထာက္လိုက္ၿပီး ၿမိဳင့္ေဘးက ခံုအလြတ္မွာ ဝင္ထိုင္လိုက္ေတာ့သည္ ။ ညိဳေလးနွင့္ကျဖင့္ မ်က္နွာခ်င္းဆိုင္ အေနအထားမ်ိဳး ရိွသည္ ။ သို႔ေပတည္း ႏြားသူေဌးကေတာ့ ညိဳေလးကို သတိထားမည့္ပံုမေပၚပါ ။ ရိွသည္လို႔ေတာင္ မထင္မိေသးပါ ။

" ငါတို႔ မေတြ႕တာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲ ၿမိဳင္ ။ နင္ မႏၲေလးကေန ေမၿမိဳ႕ကို ေျပာင္းကတည္းကဆို နွစ္၂၀ျပည့္ေတာ့မလားေနာ္ ။ "

" ဟုတ္တယ္ေနာ္ ။ နင္တို႔နဲ႔ မေတြ႕တာ နွစ္၂၀ေတာင္ ျပည့္ေတာ့မွာပဲ ။ "

" ငါ့ေတာ့ မွတ္မိသားပဲေနာ္ ။ အခုခ်ိန္ထိ ၾကာမ်က္လံုး မမၿမိဳင္က မ်က္လံုးအားေကာင္းတုန္းပဲလား ။ "

" မ်က္လံုးေကာင္းတာ မဟုတ္ဘူးေဟ့ ။ ဦးေနွာက္ေကာင္းတာ ။ ဦးေနွာက္ ဦးေနွာက္ ။ "

" အဟားဟားဟား ။ "

ၾကာမ်က္လံုးဆိုသည္မွာ ၿမိဳင့္ရဲ႕ နာမည္ေျပာင္သာျဖစ္သည္ ။ ၾကာပစ္သကဲ့လို႔ မ်က္လံုးမ်ိဳး ပိုင္ဆိုင္ထားတဲ့ ၿမိဳင္ဟာ ၾကာမပစ္ခင္ကတည္းကပင္ ေယာက္်ားသားတို႔ ဒူးေထာက္ခစားေစခဲ့ေသာ မိန္းမမ်ိဳး မည္သည္ ။ စင္စစ္ဧကန္ပင္ ႏြားသူေဌးသည္လည္း နာမည္ေျပာင္သာ ျဖစ္မည္ ။

" ဒါျဖင့္ ။ ေ႐ႊမ်က္မွန္ႀကီးေရာ ။ သူေရာ လင္ေတြဘာေတြ ရသြားၿပီလား ေဟ ။ "

" ေအး ။ ရသြားၿပီေလ ။ "

" ဟယ္ ။ အဲ့မိန္းမ ငါ့ကိုေတာင္ မေျပာဘူးေတာ္ ။ ၾကည့္စမ္း ။ ဘယ္သူနဲ႔လဲ ေဟ့ ။ "

" အေရးပိုင္မင္းရဲ႕ တူေလ ။ အခုေတာ့ အဲ့တစ္ေယာက္က အေရးပိုင္မင္း ျဖစ္ေနေလရဲ႕ ။ "

ေ႐ႊမ်က္မွန္ႀကီး ဆိုသည္မွာလည္း ၿမိဳင့္၏ ငယ္သူငယ္ခ်င္းပင္ ျဖစ္သည္ ။ ဂုဏ္သေရရိွ အသိုင္းအဝိုင္းမွာ ႀကီးျပင္းလာခဲ့ၾကေသာ ၿမိဳင္တို႔အနက္ ေ႐ႊမ်က္မွန္ႀကီး ဟူေသာ အမည္တြင္လာသည္မွာ ဆန္းက်ယ္လွပါသည္ ။ ႏြားသူေဌးမွာလည္း ထိုနည္းတူပါပင္တည္း ။

ထိုအခ်ိန္ စားပြဲထိုးတစ္ေယာက္ဟာ ေကာ္ဖီခြက္ ၃ ခြက္ ပါလာေသာ ေငြလင္ဗန္းကို သယ္လာေပသည္ ။ အသီးသီးအေရွ႕ရိွ စားပြဲေပၚ၌ ခ်ေပးလိုက္ခ်ိန္ ညိဳေလးရဲ႕ အေရွ႕၌ ေကာ္ဖီခြက္ ခ်ေပးသည့္အခါမွ ႏြားသူေဌးဟာ ညိဳေလးအား သတိထားမိသြားေပသည္ ။

မ်က္လႊာေလးခ်လို႔ ေကာ္ဖီခြက္ေလးအား ငံု႔ၾကည့္ေနေပေသာ ညိဳေလးရဲ႕ တည္ၿငိမ္ဟန္မွာ ႏြားသူေဌးရဲ႕ ရင္ထဲအသည္းထဲမယ္ အသစ္တစ္ဖန္ ေမြးဖြားလာခဲ့ေသာ ခ်စ္ျခင္းေမတၱာ ျဖစ္ေပၚလာေပသည္ ။ 

" ၿမိဳင္ ။ "

" ေျပာ ။ "

" ဒီမိန္းကေလးက ။ "

" ေၾသာ္ ။ မိတ္ဆက္ေပးရဦးမွာ ဟုတ္သားပဲ ။

ဒါက ညိဳေလး တဲ့ ။ "

" ညိဳေလးတဲ့လား ။ ၾကည့္ရတာ ေ႐ႊမန္းသူေလး ထင္ပါရဲ႕ ။

ကြၽန္ေတာ္က ၿမိဳင္ ေခၚသလို ႏြားသူေဌးေတာ့ မဟုတ္ပါဘူး ။ ကြၽန္ေတာ့္ နာမည္ ကိုဘတင္ ပါ ခင္ဗ်ာ ။ "

လက္ဆြဲနႈတ္ဆက္ဖို႔အတြက္ လက္ကမ္းေပးလိုက္ေပမယ့္လို႔ ညိဳေလးကေတာ့ တုန္႔ျပန္မႈမရိွ ။ ၿငိမ္သက္ေနသည္ ။

" ကြၽန္ေတာ္ကလည္း မႏၲေလးသားပဲေလ ။ မႏၲေလးသူ မႏၲေလးသား အခ်င္းခ်င္းေတြ႕ေတာ့ ဝမ္းသာလို႔ နႈတ္ဆက္မိတာပါ ခင္ဗ်ာ ။ "

ကိုဘတင္ကေတာ့ အရွက္ေျပ ေျပာလိုက္ျခင္းျဖစ္သည္ ။ ညိဳေလးကေတာ့ ဘာစကားတစ္ခြန္းမွ ဖြင့္ဟျခင္း မရိွခဲ့ေပ ။ ေခါင္းကေလး ၿငိမ့္ကာျဖင့္ သူ၏ စကားကို အသိအမွတ္ျပဳေပးေလသည္ ။ ၿမိဳင္ကေတာ့ အေတြးေတြ မ်ားေနခဲ့ၿပီ ။ ခ်စ္ရည္႐ႊမ္းေနေသာ ကိုဘတင္ရဲ႕မ်က္ဝန္းမ်ားကို ၿမိဳင္ နားလည္ခဲ့ၿပီ ။

အင္း ။
မၾကာခင္ဆို ကိစၥအႀကီးႀကီး ျဖစ္ေတာ့မယ္နဲ႔ တူပါရဲ႕ ။

" အဟက္ ။ "

အသံတိုးတိုးေလးထြက္ကာ ရယ္မိလိုက္သည့္ ၿမိဳင့္ေၾကာင့္ ညိဳေလးနဲ႔ကိုဘတင္ဟာ ၿပိဳင္တူလွည့္ၾကည့္မိသည္ ။ မမၿမိဳင္ ဘာ့ေၾကာင့္ရယ္လိုက္သလဲကိုေတာ့ ညိဳေလး မသိေပမယ့္ ကိုဘတင္ကေတာ့ သိလိုက္ေလသည္ ။ သူ၏သေဘာထားအား ၿမိဳင္ ရိပ္မိသြားသည္ ဆိုတာကိုပါပင္ ။ သို႔ေပမယ့္ ၿမိဳင္ဟာ ဉာဏ္သြက္တဲ့ မိန္းမျဖစ္သည့္အေလ်ာက္ အေျခအေနအား ရေအာင္ထိန္းေနပါသည္ ။

" ႏြားသူေဌးရယ္ ။ ေမၿမိဳ႕ကလည္း မႏၲေလးတိုင္းထဲမွာပါ ဟဲ့ ။ ငါလည္း မႏၲေလးမွာ ေမြးၿပီး မႏၲေလးမွာ ႀကီးျပင္းလာတဲ့ မႏၲေလးသူပါပဲေနာ္ ။ "

" ဟာ ။ ၿမိဳင္ကလည္း ကြာ ။ ေၾသာ္ ဒါနဲ႔ ။ မႏၲေလး ဆိုမွ သတိရတယ္ ။ ေ႐ႊမ်က္မွန္ႀကီးက နင့္အတြက္ဆိုၿပီး မႏၲေလးက ထိုးမုန္႔ေတြ ထည့္ေပးလိုက္တယ္ ။ ငါလည္း အလုပ္မအားတာနဲ႔ မလာပို႔ျဖစ္တာ ။ မနက္ျဖန္ စံအိမ္ကို ငါ လာခဲ့မယ္ ။ ရတယ္မလား ။ "

" ရတာေပါ့ ရွင္ရယ္ ။ အခ်ိန္မေ႐ြး ႀကိဳဆိုလ်က္ပဲ ရွင့္ ။ "

ၿမိဳင္ဟာ ၾကာမ်က္လံုးေလးနဲ႔ မ်က္စပစ္ျပလိုက္သည္ ။ ကိုဘတင္ဟာ ၿပံဳးစိစိလုပ္ကာျဖင့္ ေကာ္ဖီခြက္ကို အသာယူလိုက္ေတာ့သည္ ။ ၿပီးေနာက္ သူ၏ အေရွ႕က ညိဳေလးကို ေကာ္ဖီေသာက္ရင္း ခိုးၾကည့္မိေနသည္ ။

ညိဳေလးသည္ သူစိမ္းေယာက္်ားတစ္ေယာက္ အေရွ႕မွာ အေတာ္ေလးမွာ အေနရ ခက္ခဲလွေနသည္ ။ အေရွ႕မွာ ခ်ထားေသာ ေကာ္ဖီေတြသာ အေငြ႕ပ်ံလို႔ ေအးစက္သြားပါလိမ့္မည္ ။ မမၿမိဳင္ကေတာ့ သူမ ဘာျဖစ္ေနသလဲ ဆိုတာကိုေတာင္ သိမည့္ဟန္ မေပၚပါ ။ ကိုဘတင္ ဆိုေသာ ႏြားသူေဌးနဲ႔သာ စကားေကာင္းေနခဲ့ပါေတာ့သည္ ။

" ဒါျဖင့္ ေမၿမိဳ႕ကို ဘာကိစၥနဲ႔ တက္လာတာလဲ ။ အလုပ္ကိစၥနဲ႔လား ။ "

" ဟုတ္တယ္ ဟုတ္တယ္ ။ တို႔ ကုန္သည္ႀကီးမ်ား အသင္းနဲ႔ အတူတူ တက္လာခဲ့တာ ။ "

" ဘယ္ေလာက္ၾကာၾကာေနမွာလဲ ။ ေမၿမိဳ႕ကိုလာတုန္းေလး ကြၽန္မ ဧည့္ဝတ္ေက်ခ်င္တယ္ ရွင္ရယ္ ။ "

" အစကေတာ့ျဖင့္ အလုပ္ကိစၥၿပီးရင္ တစ္ပါးတည္း လိုက္ပါသြားေတာ့မလို႔ပဲ ။ အခုမ်ားေတာ့ ေပ်ာ္သေလာက္ေနျဖစ္ေတာ့မယ္ ထင္ပါရဲ႕ ။ အဟားဟား ။ "

ဒီေန႔အဖို႔ေတာ့ စိတ္တိုစရာေတြႀကီးသာ ျဖစ္ခဲ့ရၿပီ ။ ကိုဘတင္ရဲ႕ ရယ္သံဟာ ညိဳေလးနားထဲ မုန္းစရာေကာင္းလုၿပီ ။ ဘိုင္စကုပ္ မၾကည့္ရသည္က တစ္ေၾကာင္း ။ အလိုက္မသိတဲ့ ကိုဘတင္ဆိုေသာ ႏြားသူေဌးက တစ္ေၾကာင္း ။ ဒီၾကားထဲမွာပင္ ကိုဘတင္ေၾကာင့္နဲ႔မွ ျမင္ေတြ႕ခဲ့ရတဲ့ မမၿမိဳင္ရဲ႕ အၿပံဳးလွလွေလးေတြကို သူမတစ္ေယာက္တည္း ေတြ႕ခြင့္မရသည္က ပို၍ ဆိုးလွပါသည္ ။ သက္ျပင္းကိုသာ အသာခိုးရႈိက္လို႔ လက္သီးစုတ္ကာျဖင့္ ေဒါသစိတ္ေတြအား ေျဖေလ်ာ့ေနမိခဲ့ရသည္ ။

မုန္းလိုက္တာေနာ္ ။

X  X  X  X  X

သီရိၿမိဳင္စံအိမ္သို႔ ျပန္ေရာက္လာသည့္တိုင္ေအာင္ ညိဳေလးသည္ မမၿမိဳင္ကို စကားေျပာဆိုျခင္း မရိွခဲ့ပါ ။ ညိဳေလး ေကာက္ေနပါၿပီ ။ ၿပီးေနာက္ မမၿမိဳင္ကို ခဏေလး မေတြ႕ရရင္ေတာင္ မေနနိုင္ျဖစ္ေနတဲ့ ညိဳေလးဟာ မမၿမိဳင္နဲ႔ မ်က္နွာခ်င္းမဆိုင္မိဘဲ ေရွာင္ဖယ္ေရွာင္ဖယ္ လုပ္ပါေတာ့မည္ ။ ညိဳေလး ေကာက္ေနသည္ဆိုတာကိုလည္း အခ်ိန္အေတာ္ၾကာမွ မမၿမိဳင္ သိမည္ျဖစ္သည္ ။

ကိုဘတင္နဲ႔ စကားအေျပာေကာင္းေနေသာ ၿမိဳင္သည္ ညိဳေလးနဲ႔အတူတူ စံအိမ္သို႔ ညေန ၃နာရီခြဲအခ်ိန္မွ ျပန္ေရာက္လာခဲ့သည္ ။ ျမင္းရထားလံုးဆီက ၾကားရေသာ ျခဴသံဟာ စံအိမ္ထဲကို ေရာက္သည္အထိ နားဝထဲက ထြက္သြားျခင္း မရိွခဲ့ပါ ။

စံအိမ္အေပၚထပ္ရိွ ျပတင္းေပါက္ေလးကိုသာ မွီရင္း မမၿမိဳင္သည္ သူမ၏ အေတြးမ်ားကို နယ္နွင္ျခင္းမျပဳဘဲ ရစ္ပတ္ထားေပသည္ ။

ဘတင္ကို ၾကည့္ရတာ က်ိန္းေသေပါက္ကိုပဲ ဝံပုေလြမကို ခ်စ္ေမတၱာသက္ဝင္ေနပံုရတယ္ ။
သူတို႔နွစ္ေယာက္သာ နီးစပ္သြားရင္ ။
ဘုရား ။
ကုိျမင့္ေမာင္မွာ မယားငယ္ မရိွေတာ့ဘူးေပါ့ ။
ေအး ။ ေအး ။ ျဖစ္သင့္တယ္ ။ ျဖစ္သင့္ပါတယ္ ။
တကယ္ဆို ကိုျမင့္ေမာင္နဲ႔ ဝံပုေလြမက တရားဝင္ လက္မွတ္မထိုးရေသးဘူးပဲ ။
အို႔ ။
တယ္လည္း ဦးေနွာက္ေကာင္းပါလား ၿမိဳင္ရယ္ ။
ေ႐ႊခ်ထားသင့္တယ္ ။ ေ႐ႊခ်ထားသင့္တယ္ ။
အဟက္ဟက္ ။

ဆိုေသာ အေတြးေလးနဲ႔ မ်က္လံုးစံုမွိတ္လို႔ သူမရဲ႕ ဦးေခါင္းေလးအား လက္ကေလးနဲ႔ အသာသပ္လို႔ေနသည္ ။ ေခါင္းေလးတစ္ၿငိမ့္ၿငိမ့္နဲ႔ သူမရဲ႕ ခံစားခ်က္ဟာ အေတာ့္ကိုေကာင္းေနေလသည္ ။ ရင္ထဲမွာ ပန္းပြင့္တာထက္ပိုတဲ့ ခံစားခ်က္လို႔ ေျပာရမလား ေနာ္ ။

မ်က္လံုးေလးအသာဖြင့္လို႔ ျပတင္းေပါက္အေရွ႕က ျမင္ေတြ႕ရေသာ သဘာဝပန္းခ်ီကားကို ၿမိဳင္ဟာ ေငးၾကည့္ေနျပန္သည္ ။ ခံစားခ်က္ေကာင္းမြန္ေနတဲ့ အေတြးေတြေၾကာင့္ တစ္ခ်က္တစ္ခ်က္ ၿပံဳးလိုက္သည္မွာ ေမာက္မာ၍ ခမ္းနားလွသည္ ။

သူမရဲ႕ အေတြးအတိုင္းသာဆို က်ိန္းေသေပါက္ ျဖစ္သင့္သည့္ကိစၥဟု ၿမိဳင္ ထင္ေနသည္ ။ သက္ျပင္းေလးကို အသာရိႈက္လို႔ အေတြးေပါင္းစံုတို႔ကို နယ္နွင္ရေကာင္းမွန္းမသိ ျဖစ္ေနျပန္သည္ ။ ညိဳေလးကို မေတြ႕မိသည္မွာလည္း အေတာ္ၾကာၿပီ ျဖစ္သည္ ။

ထိုအခ်ိန္ တစ္စံုတစ္ေယာက္ စံအိမ္အေပၚထပ္မွာ လမ္းေလ်ွာက္ေနသည့္ ေျခသံကို မမၿမိဳင္ ၾကားလိုက္ရသည္ ။ ျပတင္းေပါက္ကို မွီထားရာမွ ခႏၶာကိုယ္အား မတ္လိုက္ၿပီး ေျခသံၾကားရာဆီသို႔ လွမ္းၾကည့္မိေတာ့သည္ ။

ပါးျပင္ထက္က သနပ္ခါးပါးပါး ၊ ကိုယ္ေပၚက ထဘီ ၊ ရင္ဖံုးေလးနဲ႔ သိပ္ကိုယဥ္ေက်းလွတဲ့ မႏၲေလးသူ ညိဳေလးအား ေတြ႕မိေတာ့သည္ ။ လက္ထဲ၌လည္း စံပယ္ပန္းမ်ားထည့္ယူလာေသာ ပန္းကန္ျပားအၾကည္ေလးတစ္ခ်ပ္ကို ေတြ႕သည္ ။ ဒီစံပယ္ေတြဟာ က်ိန္းေသေပါက္ သူမအတြက္သာျဖစ္မည္ဟု ၿမိဳင္ဟာ ေကာက္ခ်က္ခ်လိုက္ေပသည္ ။ ေက်နပ္ၿပံဳးေလး ၿပံဳးမိပါသည္ ။

သို႔ေသာ္လည္း ညိဳေလးဟာ မမၿမိဳင္ကို တစ္ခ်က္မ်ွသာ ၾကည့္ကာျဖင့္ ေခါင္းကိုျပန္ငံု႔လို႔ မမၿမိဳင္အေရွ႕က ျဖတ္ေလ်ွာက္သြားပါေပသည္ ။

ၿမိဳင့္ ရင္ထဲမွာ အေတာ့္ကိုမွ ခံရခက္သြားပါသည္ ။ က်ိန္းေသေပါက္ သူမဆီ လာမည္ ၊ ၿပီးလ်ွင္ၿပီးခ်င္း လက္ထဲက စံပယ္ေတြကို သူမကို ေပးလိမ့္မည္ ဟု ၿမိဳင္ရဲ႕ ထင္ျမင္ခ်က္မွာ အခိုင္အမာျဖင့္ကို လြဲမွားရၿပီ ။

ညိဳေလးသြားရာသို႔ တအံ့တၾသျဖင့္ လိုက္ၾကည့္မိသည္ ။

ဘာလို႔ ဒီစံပယ္ေတြ ငါ့ကိုမေပးတာပါလိမ့္ ။
က်ိန္းေသေပါက္ ငါ့ဆီ ယူလာရမွာပါ ။

ဟု ဆိုၿပီးေတာ့ျဖင့္ ညိဳေလးအား စိတ္ကေလးဆိုးမိပါသည္ ။ သို႔ေပတည္း ညိဳေလးဟာစံပယ္ပန္း ပန္းကန္ျပားေလးကို ကိုင္ထားလို႔ ဘုရားခန္းထဲသြား ဝင္သြားကာမွ မမၿမိဳင္တို႔မွာ တင္းထားတဲ့ မ်က္နွာေၾကာေလးကို ေျဖေလ်ာ့ၿပီး မ်က္လံုးေလးကိုအား မွိတ္တံု႔မွိတ္တံု႔ ၾကယ္ကေလး လုပ္ေနမိေတာ့သည္ ။ အေတာ္လည္း ရွက္သြားပံု ရပါသည္ ။

ဘုရားကပ္မယ္ဆိုရင္ ေျပာသြားပါလား ။
ဒီမယ္ေတာ့ ငရဲႀကီးရၿပီ ။
ဘယ္လိုမိန္းမမွန္းကို မသိ ။
တကယ္ပါပဲ ေနာ္ ။
ဟြန္႔ ။

နႈတ္ခမ္းေလး အသာေထာ္လို႔ျဖင့္ တဟြန္႔ဟြန္႔ လုပ္ေနမိေပသည္ ။ ဒါကို ဘုရားခန္းထဲဝင္သြားတဲ့ ညိဳေလးကေတာ့ျဖင့္ သိမည့္ဟန္မေပၚပါ ။

ဘုရားစင္အား အနည္းငယ္မ်ွ သန္႔ရွင္းေရးလုပ္လို႔ ျဖဴေဖြးေဖြးစံပယ္ပန္းေတြထည့္ထားေသာ ပန္းကန္ျပားေလးကို အရွင္ဘုရား၏ အေရွ႕ေတာ္၌ ဆက္သေနပါေတာ့သည္ ။

တစ္ေန႔လံုး ညစ္ညမ္းေနရွာတဲ့ သူမရဲ႕ စိတ္ကို ဘုရားတရား နွင့္ ေျဖေဖ်ာက္ေနရွာသည္ ။ လက္ဆယ္ျဖာ ထိပ္မွာမိုးလို႔ ဘုရားရိွခိုး ေနခ်ိန္၌လည္း နႈတ္မွ ႐ြတ္ဖတ္ေလ၏ ။ တရားထိုင္ခ်ိန္၌လည္း အေတြးအာရံုထဲသို႔ သူမ ေန႔စဥ္ေန႔တိုင္း ခစားေနေသာ ဘုရင္မ ၿမိဳင့္ရဲ႕မ်က္နွာ ေပၚမလာေအာင္ကိုပင္ အတတ္နိူင္ဆံုး ထိန္းကာျဖင့္ တရားထိုင္ေနမိခဲ့ေပသည္ ။

ထြက္ေလ ဝင္ေလတို႔အား စည္းခ်က္မွန္စြာျဖင့္ ရွဴကာသြင္းၿပီး ရွဴကာထုတ္ေလေပသည္ ။ နွာဖ်ားဝမွ ေလေအးေအးမ်ား တိုးေဝွ႔လာျခင္းေၾကာင့္ ရင္ထဲမွ ေအးခ်မ္းသြားရပါသည္ ။

ခတၱအၾကာမ်ွ တရားထိုင္ၿပီးသည့္ေနာက္ မ်က္လံုးေလး အသာဖြင့္မိေတာ့သည္ ။ ၿမိဳင္ရိွေသာအရပ္ကို သူမ သြားခ်င္ေနမိသည္ ။ ေခါင္းကိုအသာခါရမ္းလိုက္ၿပီး မတ္တပ္ရပ္ကာျဖင့္ ဘုရားစင္အေရွ႕မွ ထြက္သြားပါေတာ့သည္ ။

ဘုရားအေရွ႕မွာ ကပ္လွဴပူေဇာ္ထားေသာ စံပယ္ပန္းမ်ားဟာ ဘုရားစင္၏ ပတ္ဝန္းက်င္၌ သင္းပ်ံ႕ေမႊးႀကိဳင္ေနဆဲပါပင္ ။

ဘုရားခန္းထဲက ထြက္လာသည္နွင့္ ထိန္းထားေပမယ့္ လြတ္ထြက္မိေသာ သူမရဲ႕စိတ္ေတြဟာ မမၿမိဳင္အား ေတာင္းတမိေနသည္ ။ ပတ္ဝန္းက်င္တဝိုက္ မ်က္လံုးနဲ႔သာ အသာေဝွ႔ၾကည့္ေပမယ့္ မမၿမိဳင္ဟု ထင္ရေလာက္ေသာ အရိပ္အေယာင္ပင္ မေတြ႕မိပါ ။

အခုဆိုလည္း ဘယ္ရိွေလာက္ေတာ့မလဲ ။
ဘုရားရိွခိုးၿပီး တရားထိုင္ေနတာပဲ အေတာ့္ကို ၾကာၿပီေလ ။

ရင္ဘက္မွာ မို႔ေမာက္သည္အထိ ေလကိုဝဝရွဴကာျဖင့္ နွာဖ်ားမွ ထြက္ေစခဲ့ေတာ့သည္ ။ မ်က္နွာမွာလည္း ပ်က္ေနသည္မဟုတ္ေပမယ့္ အၿပံဳးမ်က္နွာေတာ့ ျဖစ္မေနပါေပ ။

မၾကာခင္ အခ်ိန္မ်ား၌ အေနာက္ကြၽန္းအရပ္ကို ေနဝင္ေတာ့မည္ျဖစ္တာေၾကာင့္ ေဆာင္းဦးရဲ႕ ေအးစိမ့္မႈဒါဏ္ေတြ ရိုက္ခတ္ကာျဖင့္ စတင္ဝင္ေရာက္လာေတာ့သည္ ။

ေအးစိမ့္စိမ့္ကို ခံစားေနရၿပီ ျဖစ္တာေၾကာင့္ ညိဳေလးဟာ သူမရဲ႕ခႏၶာကိုယ္အားလက္နဲ႔အသာ ျပန္ယွက္တြယ္ေစကာျဖင့္ အေႏြးဓာတ္ေပးေနသည္ ။ တစ္ဆက္တည္းမွာပဲ သူမရဲ႕အေတြးထဲ၌ အေႏြးထည္ဆြယ္တာေလးကို သူမအခန္းမွာသြားယူဖို႔အတြက္ ေတြးမိေတာ့သည္ ။

ေျခလွမ္းစလွမ္းကာျဖင့္ ေလး၊ ငါး လွမ္းသို႔ ေရာက္သည့္အခါ ျပတင္းေပါက္ကို ေက်ာ္လြန္ကာျဖင့္ ရုတ္တရက္ ရပ္တန္႔မိေတာ့သည္ ။ တစ္စံုတစ္ေယာက္အား လွမ္းေတြ႕မိလိုက္သျဖင့္ ညိဳေလးဟာ ျပတင္းေပါက္ဆီမွ မတ္တပ္ရပ္ေနလိုက္ေတာ့သည္ ။

ၿခံထဲက စံပယ္ရံုကို လက္ကေလးပိုက္လို႔ ေငးၾကည့္ေနရွာတဲ့ မမၿမိဳင္အား ေတြ႕လိုက္မိေတာ့သည္ ။ သူမကို ေက်ာေပးရပ္ထားသည္ေၾကာင့္ မမၿမိဳင္ကေတာ့ ေတြ႕သည္မဟုတ္ပါ ။ စံပယ္ရံုထဲမွာသာ အေတြးမ်ား စုစည္းထားေနေလ၏ ။

သီရိၿမိဳင္စံအိမ္အေပၚထပ္ ျပတင္းေပါက္မွ ညိဳေလးကေတာ့ ၿခံဝန္းထဲရိွ စံပယ္ရံုအေရွ႕၌ အလြမ္းအေဆြးေတြ ျပည့္နွက္ေနတဲ့ မမၿမိဳင္ရဲ႕ေက်ာျပင္ကို ကန္ေရျပင္ကဲ့သို႔ ၿငိမ္သက္စြာ ေငးၾကည့္ေနခဲ့ပါေပသည္ ။

X  X  X  X  X

5.9.2022
morA_nyein








နွားသူဋ္ဌေးဆိုသော ခန့်ခန့်ညားညား အမျိုးသားသည် အပြုံးချိုချိုလေး ဖန်ဆင်းနေပြန်သည် ။ လူတန်းစီနေသော လက်မှတ်ရုံ၌ သူတို့ ၃ဦး ပိတ်ရပ်နေတော့သည်ကြောင့် အနောက်က လူအုပ်ကြီးမှ ပိတ်မရပ်ဖို့အတွက် ဆူပူအုံကြွနေတော့သည် ။

" ဟေးဟေး ။ ခင်ဗျားတို့က ပိတ်မရပ်နဲ့လေဗျာ ။ "

" လက်မှတ်ရပြီးရင်လည်း ဖယ်ပေးကြလေ ။ သြော်တော် ။ "

" ကျုပ်တို့ လက်မှတ်မရသေးဘူး တော်တို့ရဲ့ ။ "

စသောစသော စကားသံတွေကို တစ်စွန်းတစ်ဖျားသာမက အလုံးလိုက် အရင်းလိုက်ပါ ကြားနေရသောကြောင့် ထိုလူအုပ်ကြီးအား နွားသူဋ္ဌေးက ဒေါင်ကောင်းကောင်းသူ့အရပ်ကြီးနဲ့ မျက်လုံးလေးပင့်ကာ လှမ်းကြည့်လိုက်တော့သည် ။ ထို့နောက် ရွှင်ပြုံးပြုံး သူ့မျက်နှာကို အားကိုးစွာနဲ့ လေးစားစွာ ပြောလေသည် ။

" ဟုတ်ပါပြီဗျာ ။ ကျုပ်တို့ ဖယ်ပေးပါ့မယ် ။ အေးဆေးဝယ်ကြ ။ ဟုတ်ပြီလား ။ "

ဟု ပြောပြီး မြိုင့်ကို ငုံ့ကြည့်ကာဖြင့် ညှင်သာသောလေသံနှင့် ပြောပေသည် ။

" လာ မြိုင် ။ တို့တွေ ကော်ဖီသောက်ပြီး စကားအေးဆေးပြောရအောင်ကွာ ။ "

" ကောင်းတာပေါ့ ။ "

ပြုံးကာပြောလိုက်တဲ့ မြိုင့်ကြောင့် ညိုလေးရဲ့ ရင်ထဲမှာ အတော်ကိုမှ ဂယက်ထသွားပေသည် ။ အံ့သြမှုတွေ စိတ်လှုပ်ရှားမှုတွေ ထွေးပွေ့ထားတဲ့ ဂယက်လှိုင်းကိုပေါ့ ။

မမမြိုင်ကတော့ နွားသူဋ္ဌေးအနောက်ကို လိုက်သွားလေပြီ ။ သူတို့အနောက်မှာ လိုက်ပါနေဆဲဖြစ်တဲ့ ညိုလေးကတော့ နွားသူဋ္ဌေးဆိုတာ ဘယ်သူများလဲ ။ မြိုင်နဲ့ရော ဘ
်လိုပတ်သက်မှု ဖြစ်နေပါ့မလဲ ။ စသောအတွေးများအပြင် ဒီနေ့အဖို့ ဘိုင်စကုပ် မကြည့်ရတော့သည်ကိုလည်း တွေးမိသွားလေသည် ။

နွားသူဋ္ဌေးကြောင့် မမမြိုင်နဲ့အတူတူ သူမလည်း ဘိုင်စကုပ် မကြည့်ရတော့သည်ကြောင့် ဒီနွားသူဋ္ဌေးအား မျက်မှုန်းကျိုးမိပါသည် ။ အချိန်ခဏလေးအတွင်းမှာပါ အမြင်မကြည်မှုတွေ ထပ်တိုးလာခဲ့ရသည် ။ ဒီနွားသူဋ္ဌေးနဲ့တွေ့တော့မှ မြင်ဖူးချင်တဲ့အပြုံးမျိုးကို မြင်လိုက်ရပေမယ့်လို့ တကယ်တမ်းတော့ သူမ မကြိုက်ပါပေ ။ သူမတစ်ယောက်တည်းသာ မြင်ဖူးချင်တဲ့ မမမြိုင်ရဲ့အပြုံးကို သူမ လောဘတက်မိပြီ ။ လောဘတက်နေဆဲပင် ။

" ဒီမှာ ထိုင်နေလှည့်ဦး မြိုင် ။ ကော်ဖီ သွားမှာလိုက်ဦးမယ် ။ "

မြိုင်ဟာ ခေါင်းလေးအသာငြိမ့်လို့ လေးထောင်စားပွဲဆီမှာ ဝင်ထိုင်လိုက်သည် ။ ညိုလေးဟာလည်း မမမြိုင်ရဲ့ ဘေးခုံမှာ ဝင်ထိုင်လိုက်သည် ။ တိတ်ဆိတ်စွာဖြင့်သာ ။

ငြိမ်သက်နေရှာတဲ့ ညိုလေးကို မမမြိုင် လှည့်ကြည့်မိကာမှ သူမလက်ထဲ၌ ပါလာသော ဘိုင်စကုပ် လက်မှတ်နှစ်စောင်ကို မြိုင် သတိရမိပါတော့သည် ။ ထိုသို့ ညိုလေးတိတ်ဆိတ်စွာဖြစ်နေသည်ကို ဘိုင်စကုပ်မကြည့်ရလို့ ဖြစ်ပါလိမ့်မည် ဟု ကျိန်းသေနေရှာသည် ။ သို့သော် ညိုလေးဟာ မမမြိုင်ထင်သလို မဟုတ်ပါကြောင်း ညိုလေးကိုယ်တိုင်သာပင် သိပါမည် ။

" မင်း ကြည့်ဖူးချင်နေတဲ့ ဘိုင်စကုပ်ကို တို့ကြောင့်နဲ့ မကြည့်လိုက်ရတော့ဘူး မဟုတ်လား ။ နောက်ကျရင်လည်း တို့တွေ အတူတူသွားကြည့်ကြမယ်လေ ။ ဟုတ်ပြီလားကွဲ့ ။ "

ညိုလေးကတော့ ဘာတစ်ခွန်းမှ ဆက်မပြောနေတော့ပါ ။ ကန်ရေပြင်ကဲ့သို့ ငြိမ်သက်နေဆဲပါပဲ ။

ထိုအချိန် နွားသူဋ္ဌေးဟာ မြိုင်တို့ ရှိရာသို့ လျှောက်လာပေတော့သည် ။ ဘိုကေ နဲ့ တိုက်ပုံအင်္ကျီတို့ကို ဝတ်ထားသည်မှာ ကိုမြင့်မောင်လို့ အထင်မှတ်ရလောက်အထိပါပဲ ။ အောကတ္တီပါ ခြေညှပ်ဖိနပ်လေး တစ်ရံသာ ကိုမြင့်မောင်နဲ့ ကွဲလွဲလှသည် ။ အသားညိုညို ဒေါင်ကောင်းလှသောအရပ် ရုပ်ရည်ရူပါကာကြောင့် တွေ့သမျှသော မိန်းမပျိုတို့ ရင်ထဲမယ် နေရာယူထားသော နွားသူဌေးပင်သာ ။

လေးယောက်ထိုင်သော လေးထောင့်စားပွဲပေါ်သို့ လက်ထောက်လိုက်ပြီး မြိုင့်ဘေးက ခုံအလွတ်မှာ ဝင်ထိုင်လိုက်တော့သည် ။ ညိုလေးနှင့်ကဖြင့် မျက်နှာချင်းဆိုင် အနေအထားမျိုး ရှိသည် ။ သို့ပေတည်း နွားသူဌေးကတော့ ညိုလေးကို သတိထားမည့်ပုံမပေါ်ပါ ။ ရှိသည်လို့တောင် မထင်မိသေးပါ ။

" ငါတို့ မတွေ့တာ ဘယ်လောက်တောင် ကြာပြီလဲ မြိုင် ။ နင် မန္တလေးကနေ မေမြို့ကို ပြောင်းကတည်းကဆို နှစ်၂၀ပြည့်တော့မလားနော် ။ "

" ဟုတ်တယ်နော် ။ နင်တို့နဲ့ မတွေ့တာ နှစ်၂၀တောင် ပြည့်တော့မှာပဲ ။ "

" ငါ့တော့ မှတ်မိသားပဲနော် ။ အခုချိန်ထိ ကြာမျက်လုံး မမမြိုင်က မျက်လုံးအားကောင်းတုန်းပဲလား ။ "

" မျက်လုံးကောင်းတာ မဟုတ်ဘူးဟေ့ ။ ဦးနှောက်ကောင်းတာ ။ ဦးနှောက် ဦးနှောက် ။ "

" အဟားဟားဟား ။ "

ကြာမျက်လုံးဆိုသည်မှာ မြိုင့်ရဲ့ နာမည်ပြောင်သာဖြစ်သည် ။ ကြာပစ်သကဲ့လို့ မျက်လုံးမျိုး ပိုင်ဆိုင်ထားတဲ့ မြိုင်ဟာ ကြာမပစ်ခင်ကတည်းကပင် ယောက်ျားသားတို့ ဒူးထောက်ခစားစေခဲ့သော မိန်းမမျိုး မည်သည် ။ စင်စစ်ဧကန်ပင် နွားသူဌေးသည်လည်း နာမည်ပြောင်သာ ဖြစ်မည် ။

" ဒါဖြင့် ။ ရွှေမျက်မှန်ကြီးရော ။ သူရော လင်တွေဘာတွေ ရသွားပြီလား ဟေ ။ "

" အေး ။ ရသွားပြီလေ ။ "

" ဟယ် ။ အဲ့မိန်းမ ငါ့ကိုတောင် မပြောဘူးတော် ။ ကြည့်စမ်း ။ ဘယ်သူနဲ့လဲ ဟေ့ ။ "

" အရေးပိုင်မင်းရဲ့ တူလေ ။ အခုတော့ အဲ့တစ်ယောက်က အရေးပိုင်မင်း ဖြစ်နေလေရဲ့ ။ "

ရွှေမျက်မှန်ကြီး ဆိုသည်မှာလည်း မြိုင့်၏ ငယ်သူငယ်ချင်းပင် ဖြစ်သည် ။ ဂုဏ်သရေရှိ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ကြသော မြိုင်တို့အနက် ရွှေမျက်မှန်ကြီး ဟူသော အမည်တွင်လာသည်မှာ ဆန်းကျယ်လှပါသည် ။ နွားသူဌေးမှာလည်း ထိုနည်းတူပါပင်တည်း ။

ထိုအချိန် စားပွဲထိုးတစ်ယောက်ဟာ ကော်ဖီခွက် ၃ ခွက် ပါလာသော ငွေလင်ဗန်းကို သယ်လာပေသည် ။ အသီးသီးအရှေ့ရှိ စားပွဲပေါ်၌ ချပေးလိုက်ချိန် ညိုလေးရဲ့ အရှေ့၌ ကော်ဖီခွက် ချပေးသည့်အခါမှ နွားသူဌေးဟာ ညိုလေးအား သတိထားမိသွားပေသည် ။

မျက်လွှာလေးချလို့ ကော်ဖီခွက်လေးအား ငုံ့ကြည့်နေပေသော ညိုလေးရဲ့ တည်ငြိမ်ဟန်မှာ နွားသူဌေးရဲ့ ရင်ထဲအသည်းထဲမယ် အသစ်တစ်ဖန် မွေးဖွားလာခဲ့သော ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပေသည် ။ 

" မြိုင် ။ "

" ပြော ။ "

" ဒီမိန်းကလေးက ။ "

" သြော် ။ မိတ်ဆက်ပေးရဦးမှာ ဟုတ်သားပဲ ။

ဒါက ညိုလေး တဲ့ ။ "

" ညိုလေးတဲ့လား ။ ကြည့်ရတာ ရွှေမန်းသူလေး ထင်ပါရဲ့ ။

ကျွန်တော်က မြိုင် ခေါ်သလို နွားသူဌေးတော့ မဟုတ်ပါဘူး ။ ကျွန်တော့် နာမည် ကိုဘတင် ပါ ခင်ဗျာ ။ "

လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်ကမ်းပေးလိုက်ပေမယ့်လို့ ညိုလေးကတော့ တုန့်ပြန်မှုမရှိ ။ ငြိမ်သက်နေသည် ။

" ကျွန်တော်ကလည်း မန္တလေးသားပဲလေ ။ မန္တလေးသူ မန္တလေးသား အချင်းချင်းတွေ့တော့ ဝမ်းသာလို့ နှုတ်ဆက်မိတာပါ ခင်ဗျာ ။ "

ကိုဘတင်ကတော့ အရှက်ပြေ ပြောလိုက်ခြင်းဖြစ်သည် ။ ညိုလေးကတော့ ဘာစကားတစ်ခွန်းမှ ဖွင့်ဟခြင်း မရှိခဲ့ပေ ။ ခေါင်းကလေး ငြိမ့်ကာဖြင့် သူ၏ စကားကို အသိအမှတ်ပြုပေးလေသည် ။ မြိုင်ကတော့ အတွေးတွေ များနေခဲ့ပြီ ။ ချစ်ရည်ရွှမ်းနေသော ကိုဘတင်ရဲ့မျက်ဝန်းများကို မြိုင် နားလည်ခဲ့ပြီ ။

အင်း ။
မကြာခင်ဆို ကိစ္စအကြီးကြီး ဖြစ်တော့မယ်နဲ့ တူပါရဲ့ ။

" အဟက် ။ "

အသံတိုးတိုးလေးထွက်ကာ ရယ်မိလိုက်သည့် မြိုင့်ကြောင့် ညိုလေးနဲ့ကိုဘတင်ဟာ ပြိုင်တူလှည့်ကြည့်မိသည် ။ မမမြိုင် ဘာ့ကြောင့်ရယ်လိုက်သလဲကိုတော့ ညိုလေး မသိပေမယ့် ကိုဘတင်ကတော့ သိလိုက်လေသည် ။ သူ၏သဘောထားအား မြိုင် ရိပ်မိသွားသည် ဆိုတာကိုပါပင် ။ သို့ပေမယ့် မြိုင်ဟာ ဉာဏ်သွက်တဲ့ မိန်းမဖြစ်သည့်အလျောက် အခြေအနေအား ရအောင်ထိန်းနေပါသည် ။

" နွားသူဌေးရယ် ။ မေမြို့ကလည်း မန္တလေးတိုင်းထဲမှာပါ ဟဲ့ ။ ငါလည်း မန္တလေးမှာ မွေးပြီး မန္တလေးမှာ ကြီးပြင်းလာတဲ့ မန္တလေးသူပါပဲနော် ။ "

" ဟာ ။ မြိုင်ကလည်း ကွာ ။ သြော် ဒါနဲ့ ။ မန္တလေး ဆိုမှ သတိရတယ် ။ ရွှေမျက်မှန်ကြီးက နင့်အတွက်ဆိုပြီး မန္တလေးက ထိုးမုန့်တွေ ထည့်ပေးလိုက်တယ် ။ ငါလည်း အလုပ်မအားတာနဲ့ မလာပို့ဖြစ်တာ ။ မနက်ဖြန် စံအိမ်ကို ငါ လာခဲ့မယ် ။ ရတယ်မလား ။ "

" ရတာပေါ့ ရှင်ရယ် ။ အချိန်မရွေး ကြိုဆိုလျက်ပဲ ရှင့် ။ "

မြိုင်ဟာ ကြာမျက်လုံးလေးနဲ့ မျက်စပစ်ပြလိုက်သည် ။ ကိုဘတင်ဟာ ပြုံးစိစိလုပ်ကာဖြင့် ကော်ဖီခွက်ကို အသာယူလိုက်တော့သည် ။ ပြီးနောက် သူ၏ အရှေ့က ညိုလေးကို ကော်ဖီသောက်ရင်း ခိုးကြည့်မိနေသည် ။

ညိုလေးသည် သူစိမ်းယောက်ျားတစ်ယောက် အရှေ့မှာ အတော်လေးမှာ အနေရ ခက်ခဲလှနေသည် ။ အရှေ့မှာ ချထားသော ကော်ဖီတွေသာ အငွေ့ပျံလို့ အေးစက်သွားပါလိမ့်မည် ။ မမမြိုင်ကတော့ သူမ ဘာဖြစ်နေသလဲ ဆိုတာကိုတောင် သိမည့်ဟန် မပေါ်ပါ ။ ကိုဘတင် ဆိုသော နွားသူဌေးနဲ့သာ စကားကောင်းနေခဲ့ပါတော့သည် ။

" ဒါဖြင့် မေမြို့ကို ဘာကိစ္စနဲ့ တက်လာတာလဲ ။ အလုပ်ကိစ္စနဲ့လား ။ "

" ဟုတ်တယ် ဟုတ်တယ် ။ တို့ ကုန်သည်ကြီးများ အသင်းနဲ့ အတူတူ တက်လာခဲ့တာ ။ "

" ဘယ်လောက်ကြာကြာနေမှာလဲ ။ မေမြို့ကိုလာတုန်းလေး ကျွန်မ ဧည့်ဝတ်ကျေချင်တယ် ရှင်ရယ် ။ "

" အစကတော့ဖြင့် အလုပ်ကိစ္စပြီးရင် တစ်ပါးတည်း လိုက်ပါသွားတော့မလို့ပဲ ။ အခုများတော့ ပျော်သလောက်နေဖြစ်တော့မယ် ထင်ပါရဲ့ ။ အဟားဟား ။ "

ဒီနေ့အဖို့တော့ စိတ်တိုစရာတွေကြီးသာ ဖြစ်ခဲ့ရပြီ ။ ကိုဘတင်ရဲ့ ရယ်သံဟာ ညိုလေးနားထဲ မုန်းစရာကောင်းလုပြီ ။ ဘိုင်စကုပ် မကြည့်ရသည်က တစ်ကြောင်း ။ အလိုက်မသိတဲ့ ကိုဘတင်ဆိုသော နွားသူဌေးက တစ်ကြောင်း ။ ဒီကြားထဲမှာပင် ကိုဘတင်ကြောင့်နဲ့မှ မြင်တွေ့ခဲ့ရတဲ့ မမမြိုင်ရဲ့ အပြုံးလှလှလေးတွေကို သူမတစ်ယောက်တည်း တွေ့ခွင့်မရသည်က ပို၍ ဆိုးလှပါသည် ။ သက်ပြင်းကိုသာ အသာခိုးရှိုက်လို့ လက်သီးစုတ်ကာဖြင့် ဒေါသစိတ်တွေအား ဖြေလျော့နေမိခဲ့ရသည် ။

မုန်းလိုက်တာနော် ။

X  X  X  X  X

သီရိမြိုင်စံအိမ်သို့ ပြန်ရောက်လာသည့်တိုင်အောင် ညိုလေးသည် မမမြိုင်ကို စကားပြောဆိုခြင်း မရှိခဲ့ပါ ။ ညိုလေး ကောက်နေပါပြီ ။ ပြီးနောက် မမမြိုင်ကို ခဏလေး မတွေ့ရရင်တောင် မနေနိုင်ဖြစ်နေတဲ့ ညိုလေးဟာ မမမြိုင်နဲ့ မျက်နှာချင်းမဆိုင်မိဘဲ ရှောင်ဖယ်ရှောင်ဖယ် လုပ်ပါတော့မည် ။ ညိုလေး ကောက်နေသည်ဆိုတာကိုလည်း အချိန်အတော်ကြာမှ မမမြိုင် သိမည်ဖြစ်သည် ။

ကိုဘတင်နဲ့ စကားအပြောကောင်းနေသော မြိုင်သည် ညိုလေးနဲ့အတူတူ စံအိမ်သို့ ညနေ ၃နာရီခွဲအချိန်မှ ပြန်ရောက်လာခဲ့သည် ။ မြင်းရထားလုံးဆီက ကြားရသော ခြူသံဟာ စံအိမ်ထဲကို ရောက်သည်အထိ နားဝထဲက ထွက်သွားခြင်း မရှိခဲ့ပါ ။

စံအိမ်အပေါ်ထပ်ရှိ ပြတင်းပေါက်လေးကိုသာ မှီရင်း မမမြိုင်သည် သူမ၏ အတွေးများကို နယ်နှင်ခြင်းမပြုဘဲ ရစ်ပတ်ထားပေသည် ။

ဘတင်ကို ကြည့်ရတာ ကျိန်းသေပေါက်ကိုပဲ ဝံပုလွေမကို ချစ်မေတ္တာသက်ဝင်နေပုံရတယ် ။
သူတို့နှစ်ယောက်သာ နီးစပ်သွားရင် ။
ဘုရား ။
ကိုမြင့်မောင်မှာ မယားငယ် မရှိတော့ဘူးပေါ့ ။
အေး ။ အေး ။ ဖြစ်သင့်တယ် ။ ဖြစ်သင့်ပါတယ် ။
တကယ်ဆို ကိုမြင့်မောင်နဲ့ ဝံပုလွေမက တရားဝင် လက်မှတ်မထိုးရသေးဘူးပဲ ။
အို့ ။
တယ်လည်း ဦးနှောက်ကောင်းပါလား မြိုင်ရယ် ။
ရွှေချထားသင့်တယ် ။ ရွှေချထားသင့်တယ် ။
အဟက်ဟက် ။

ဆိုသော အတွေးလေးနဲ့ မျက်လုံးစုံမှိတ်လို့ သူမရဲ့ ဦးခေါင်းလေးအား လက်ကလေးနဲ့ အသာသပ်လို့နေသည် ။ ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ သူမရဲ့ ခံစားချက်ဟာ အတော့်ကိုကောင်းနေလေသည် ။ ရင်ထဲမှာ ပန်းပွင့်တာထက်ပိုတဲ့ ခံစားချက်လို့ ပြောရမလား နော် ။

မျက်လုံးလေးအသာဖွင့်လို့ ပြတင်းပေါက်အရှေ့က မြင်တွေ့ရသော သဘာဝပန်းချီကားကို မြိုင်ဟာ ငေးကြည့်နေပြန်သည် ။ ခံစားချက်ကောင်းမွန်နေတဲ့ အတွေးတွေကြောင့် တစ်ချက်တစ်ချက် ပြုံးလိုက်သည်မှာ မောက်မာ၍ ခမ်းနားလှသည် ။

သူမရဲ့ အတွေးအတိုင်းသာဆို ကျိန်းသေပေါက် ဖြစ်သင့်သည့်ကိစ္စဟု မြိုင် ထင်နေသည် ။ သက်ပြင်းလေးကို အသာရှိုက်လို့ အတွေးပေါင်းစုံတို့ကို နယ်နှင်ရကောင်းမှန်းမသိ ဖြစ်နေပြန်သည် ။ ညိုလေးကို မတွေ့မိသည်မှာလည်း အတော်ကြာပြီ ဖြစ်သည် ။

ထိုအချိန် တစ်စုံတစ်ယောက် စံအိမ်အပေါ်ထပ်မှာ လမ်းလျှောက်နေသည့် ခြေသံကို မမမြိုင် ကြားလိုက်ရသည် ။ ပြတင်းပေါက်ကို မှီထားရာမှ ခန္ဓာကိုယ်အား မတ်လိုက်ပြီး ခြေသံကြားရာဆီသို့ လှမ်းကြည့်မိတော့သည် ။

ပါးပြင်ထက်က သနပ်ခါးပါးပါး ၊ ကိုယ်ပေါ်က ထဘီ ၊ ရင်ဖုံးလေးနဲ့ သိပ်ကိုယဉ်ကျေးလှတဲ့ မန္တလေးသူ ညိုလေးအား တွေ့မိတော့သည် ။ လက်ထဲ၌လည်း စံပယ်ပန်းများထည့်ယူလာသော ပန်းကန်ပြားအကြည်လေးတစ်ချပ်ကို တွေ့သည် ။ ဒီစံပယ်တွေဟာ ကျိန်းသေပေါက် သူမအတွက်သာဖြစ်မည်ဟု မြိုင်ဟာ ကောက်ချက်ချလိုက်ပေသည် ။ ကျေနပ်ပြုံးလေး ပြုံးမိပါသည် ။

သို့သော်လည်း ညိုလေးဟာ မမမြိုင်ကို တစ်ချက်မျှသာ ကြည့်ကာဖြင့် ခေါင်းကိုပြန်ငုံ့လို့ မမမြိုင်အရှေ့က ဖြတ်လျှောက်သွားပါပေသည် ။

မြိုင့် ရင်ထဲမှာ အတော့်ကိုမှ ခံရခက်သွားပါသည် ။ ကျိန်းသေပေါက် သူမဆီ လာမည် ၊ ပြီးလျှင်ပြီးချင်း လက်ထဲက စံပယ်တွေကို သူမကို ပေးလိမ့်မည် ဟု မြိုင်ရဲ့ ထင်မြင်ချက်မှာ အခိုင်အမာဖြင့်ကို လွဲမှားရပြီ ။

ညိုလေးသွားရာသို့ တအံ့တသြဖြင့် လိုက်ကြည့်မိသည် ။

ဘာလို့ ဒီစံပယ်တွေ ငါ့ကိုမပေးတာပါလိမ့် ။
ကျိန်းသေပေါက် ငါ့ဆီ ယူလာရမှာပါ ။

ဟု ဆိုပြီးတော့ဖြင့် ညိုလေးအား စိတ်ကလေးဆိုးမိပါသည် ။ သို့ပေတည်း ညိုလေးဟာစံပယ်ပန်း ပန်းကန်ပြားလေးကို ကိုင်ထားလို့ ဘုရားခန်းထဲသွား ဝင်သွားကာမှ မမမြိုင်တို့မှာ တင်းထားတဲ့ မျက်နှာကြောလေးကို ဖြေလျော့ပြီး မျက်လုံးလေးကိုအား မှိတ်တုံ့မှိတ်တုံ့ ကြယ်ကလေး လုပ်နေမိတော့သည် ။ အတော်လည်း ရှက်သွားပုံ ရပါသည် ။

ဘုရားကပ်မယ်ဆိုရင် ပြောသွားပါလား ။
ဒီမယ်တော့ ငရဲကြီးရပြီ ။
ဘယ်လိုမိန်းမမှန်းကို မသိ ။
တကယ်ပါပဲ နော် ။
ဟွန့် ။

နှုတ်ခမ်းလေး အသာထော်လို့ဖြင့် တဟွန့်ဟွန့် လုပ်နေမိပေသည် ။ ဒါကို ဘုရားခန်းထဲဝင်သွားတဲ့ ညိုလေးကတော့ဖြင့် သိမည့်ဟန်မပေါ်ပါ ။

ဘုရားစင်အား အနည်းငယ်မျှ သန့်ရှင်းရေးလုပ်လို့ ဖြူဖွေးဖွေးစံပယ်ပန်းတွေထည့်ထားသော ပန်းကန်ပြားလေးကို အရှင်ဘုရား၏ အရှေ့တော်၌ ဆက်သနေပါတော့သည် ။

တစ်နေ့လုံး ညစ်ညမ်းနေရှာတဲ့ သူမရဲ့ စိတ်ကို ဘုရားတရား နှင့် ဖြေဖျောက်နေရှာသည် ။ လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ဘုရားရှိခိုး နေချိန်၌လည်း နှုတ်မှ ရွတ်ဖတ်လေ၏ ။ တရားထိုင်ချိန်၌လည်း အတွေးအာရုံထဲသို့ သူမ နေ့စဉ်နေ့တိုင်း ခစားနေသော ဘုရင်မ မြိုင့်ရဲ့မျက်နှာ ပေါ်မလာအောင်ကိုပင် အတတ်နိူင်ဆုံး ထိန်းကာဖြင့် တရားထိုင်နေမိခဲ့ပေသည် ။

ထွက်လေ ဝင်လေတို့အား စည်းချက်မှန်စွာဖြင့် ရှူကာသွင်းပြီး ရှူကာထုတ်လေပေသည် ။ နှာဖျားဝမှ လေအေးအေးများ တိုးဝှေ့လာခြင်းကြောင့် ရင်ထဲမှ အေးချမ်းသွားရပါသည် ။

ခတ္တအကြာမျှ တရားထိုင်ပြီးသည့်နောက် မျက်လုံးလေး အသာဖွင့်မိတော့သည် ။ မြိုင်ရှိသောအရပ်ကို သူမ သွားချင်နေမိသည် ။ ခေါင်းကိုအသာခါရမ်းလိုက်ပြီး မတ်တပ်ရပ်ကာဖြင့် ဘုရားစင်အရှေ့မှ ထွက်သွားပါတော့သည် ။

ဘုရားအရှေ့မှာ ကပ်လှူပူဇော်ထားသော စံပယ်ပန်းများဟာ ဘုရားစင်၏ ပတ်ဝန်းကျင်၌ သင်းပျံ့မွှေးကြိုင်နေဆဲပါပင် ။

ဘုရားခန်းထဲက ထွက်လာသည်နှင့် ထိန်းထားပေမယ့် လွတ်ထွက်မိသော သူမရဲ့စိတ်တွေဟာ မမမြိုင်အား တောင်းတမိနေသည် ။ ပတ်ဝန်းကျင်တဝိုက် မျက်လုံးနဲ့သာ အသာဝှေ့ကြည့်ပေမယ့် မမမြိုင်ဟု ထင်ရလောက်သော အရိပ်အယောင်ပင် မတွေ့မိပါ ။

အခုဆိုလည်း ဘယ်ရှိလောက်တော့မလဲ ။
ဘုရားရှိခိုးပြီး တရားထိုင်နေတာပဲ အတော့်ကို ကြာပြီလေ ။

ရင်ဘက်မှာ မို့မောက်သည်အထိ လေကိုဝဝရှူကာဖြင့် နှာဖျားမှ ထွက်စေခဲ့တော့သည် ။ မျက်နှာမှာလည်း ပျက်နေသည်မဟုတ်ပေမယ့် အပြုံးမျက်နှာတော့ ဖြစ်မနေပါပေ ။

မကြာခင် အချိန်များ၌ အနောက်ကျွန်းအရပ်ကို နေဝင်တော့မည်ဖြစ်တာကြောင့် ဆောင်းဦးရဲ့ အေးစိမ့်မှုဒါဏ်တွေ ရိုက်ခတ်ကာဖြင့် စတင်ဝင်ရောက်လာတော့သည် ။

အေးစိမ့်စိမ့်ကို ခံစားနေရပြီ ဖြစ်တာကြောင့် ညိုလေးဟာ သူမရဲ့ခန္ဓာကိုယ်အားလက်နဲ့အသာ ပြန်ယှက်တွယ်စေကာဖြင့် အနွေးဓာတ်ပေးနေသည် ။ တစ်ဆက်တည်းမှာပဲ သူမရဲ့အတွေးထဲ၌ အနွေးထည်ဆွယ်တာလေးကို သူမအခန်းမှာသွားယူဖို့အတွက် တွေးမိတော့သည် ။

ခြေလှမ်းစလှမ်းကာဖြင့် လေး၊ ငါး လှမ်းသို့ ရောက်သည့်အခါ ပြတင်းပေါက်ကို ကျော်လွန်ကာဖြင့် ရုတ်တရက် ရပ်တန့်မိတော့သည် ။ တစ်စုံတစ်ယောက်အား လှမ်းတွေ့မိလိုက်သဖြင့် ညိုလေးဟာ ပြတင်းပေါက်ဆီမှ မတ်တပ်ရပ်နေလိုက်တော့သည် ။

ခြံထဲက စံပယ်ရုံကို လက်ကလေးပိုက်လို့ ငေးကြည့်နေရှာတဲ့ မမမြိုင်အား တွေ့လိုက်မိတော့သည် ။ သူမကို ကျောပေးရပ်ထားသည်ကြောင့် မမမြိုင်ကတော့ တွေ့သည်မဟုတ်ပါ ။ စံပယ်ရုံထဲမှာသာ အတွေးများ စုစည်းထားနေလေ၏ ။

သီရိမြိုင်စံအိမ်အပေါ်ထပ် ပြတင်းပေါက်မှ ညိုလေးကတော့ ခြံဝန်းထဲရှိ စံပယ်ရုံအရှေ့၌ အလွမ်းအဆွေးတွေ ပြည့်နှက်နေတဲ့ မမမြိုင်ရဲ့ကျောပြင်ကို ကန်ရေပြင်ကဲ့သို့ ငြိမ်သက်စွာ ငေးကြည့်နေခဲ့ပါပေသည် ။

X  X  X  X  X

5.9.2022
morA_nyein

Continue Reading

You'll Also Like

2.3M 200K 105
"ခင္ဗ်ားက ဟီရိုးအင္းလိုပဲ မေကာင္းမွန္းသိေနေပမဲ့လည္း လူက္ုိအရူးအမူး စြဲလမ္းေစတယ္" 19.2.2022 "ခင်ဗျားက ဟီရိ...
72.7K 5.9K 111
wp က error ခဏဖြစ်ဖြစ်နေလာမသိပါဘူး အရင်ကဆိုအပိုင်း၂၀၀ထိတင်ရတယ်အခု ၁၅၀တစ်ခါတစ်ခါဆ်ု၁၄၀ကျော်လောက်တဲ့တင်မရတော့လို့နောက်တစ်ပုဒ်မှာပြောင်းတင်ရနော့တယ်အဲ့ကြေ...
35.9K 4.3K 14
တို့ , မင်းကိုစောင့်မျှော်နေခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီ ကြိုဆိုပါတယ် ဟန်နီ
67K 7.8K 84
transition novel