သူမရဲ့ အချစ်ဆုံးသူငယ်ချင်းက တန်ထျန်းမှာ ပြင်းထန်စွာ ထိခိုက်ထားပြီး အိပ်ရာထဲလဲနေတယ်လို့ကြားလိုက်တာနဲ့ ရန်ချိုးရွှမ်မှာ အခန်းထဲကနေ အလျှင်စလို ပြေးထွက်သွားတော့သည်။
ရုန်ယိကိုယ်က အမြန်လှမ်းအော်ပြောလိုက်၏။
"အမေ.. အမေ့ကို ကူညီပေးနိုင်အောင် လူနည်းနည်းလောက် ခေါ်သွားလိုက်လေ"
"မလိုဘူး.. လီယွိမြို့ဆိုတာ ငါ့ပိုင်နက်ဘဲ.. ငါ့လူတွေ အဲ့မှာရှိတယ်"
ရန်ချိုးရွှမ်က နောက်တောင်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
ရုန်ယိကိုယ်မှာ ယင်ကျင်းရဲ့ကိုသာ လှည့်ကြည့်လိုက်မိသည်။
"သူ့ကိုကူဖို့ ရှို့ကျို့ကို လူနည်းနည်းလွှတ်ခိုင်းလိုက်မယ်"
ယင်ကျင်းရဲ့က ပြောလာသည်။
ရုန်ယိကိုယ်လည်း ခေါင်းငြိမ့်ပြကာ လေရိုင်းခြင်ကို မေးလိုက်၏။
"ငါ့အမေရဲ့မိတ်ဆွေကို အဲ့လူတွေက ဘာလို့ပြဿနာရှာကြတာလဲ သိလား"
လေရိုင်းခြင်က သူ့ကိုပြန်ဖြေလာသည်။
"ပြောကြတာတော့ မြို့သခင်မရဲ့ မိတ်ဆွေက လျှို့ဝှက်နယ်မြေထဲမှာ ရှင်းမော့ခန်းမက သခင်လေးရဲ့ မှော်လက်နက်ကို လုယူသွားခဲ့ပြီး လူကိုတောင် ဒဏ်ရာရစေခဲ့သေးတယ်တဲ့"
ရုန်ယိကိုယ်မှာ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။
"တစ်ဖက်လူက ရှင်းမော့ခန်းမက သခင်လေးဆိုတာ သူမသိဘူးလား"
ပုံမှန်ဆိုရင် တစ်ဖက်လူက သူမလေးမစားသွားလုပ်လို့ရမယ့်လူဆိုတာသာ သိပါက ထိုသူကို သွားရန်စမဲ့အထိတော့ ဘယ်သူမှ တုံးအကြမှာမဟုတ်ပေ။ သူ့အမေရဲ့မိတ်ဆွေက ထိုသူ့ကို သွားရန်စလောက်တဲ့အထိ ဘယ်လိုတောင် မိုက်မဲနေရပါသနည်း။
"အဲ့အချိန်မှာ သခင်လေးက ရုပ်ပြောင်းရုပ်လွှဲအင်းကွက်သုံးပြီး ရုပ်ဖျက်ထားခဲ့တာမလို့ တစ်ဖက်သူရဲ့ အဆင့်အတန်းအစစ်ကို သူမသိခဲ့ရဘူး"
ရုန်ယိခန္ဓာကိုယ် "....."
တစ္ဆေကျင့်ကြံသူတွေ မိစ္ဆာကျင့်ကြံသူတွေက ကိစ္စတွေဖြေရှင်းရာမှာ အမြဲတမ်း အညှာအတာမဲ့ ရက်စက်ကြမ်းတမ်းကြပြီး သူတို့ ဖမ်းမိသွားတဲ့သူကို လွှတ်ပေးဖို့ဆိုတာက မဖြစ်နိုင်သလောက်ပင်။ ဒါ့အပြင် သူတို့လက်ထဲ ကျရောက်သွားသူတွေက သေရင်သေ မသေရင် အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားကြမည်သာ။ သူ့အမေ မိတ်ဆွေရဲ့ မိသားစုဝင်တွေလည်း နေရာမှာတင်သေဆုံးသွားကြဖို့ ဖြစ်နိုင်ချေအတော်လေးများသည်။
"ဆရာရှောင်ရုန်.. သခင်ယင်"
အသံကြားတာကြောင့် ရုန်ယိကိုယ်လည်း ခေါင်းမော့ကာ စာကြည့်ခန်းအပြင်ကို လှမ်းကြည့်လိုက်သည်။ ရှန်းလွီ့ဖြစ်နေမှန်း သိလိုက်တဲ့အခါ ပြုံးပြီး လှမ်းမေးလိုက်၏။
"ခင်ဗျား လေ့ကျင့်နေရင်းနဲ့ ပြဿနာတစ်ခုခုတွေ့လိုက်ရလို့လား"
ဒီရက်ပိုင်း ရှန်းလွီ့နဲ့ပုချီတို့ ရုန်ယိရဲ့ မူမမှန်ဖြစ်နေမှုတွေကို ရှာမတွေ့သွားစေရန် သူတမင်သက်သက်ကို သူတို့ကို လက်နက်သန့်စင်ဖို့ တာဝန်တွေပေးထားပြီး အခန်းထဲမှာဘဲနေကာ သူတို့ရဲ့ လက်နက်သန့်စင်မှုအပေါ်မှာသာ အာရုံစိုက်နေစေရန် ပြုလုပ်ထားသည်။
"မဟုတ်ပါဘူး"
ရှန်းလွီ့က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး
"ဆရာရှောင်ရုန်.. ကျွန်တော်က ဆရာတို့ကို လာနှုတ်ဆက်တာပါ.. ကျွန်တော် အခုလေးတင် ကျွန်တော့်မိသားစုဆီကနေ မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲကြီးကို တက်ရောက်ဖို့ ဆင့်ခေါ်လာတဲ့စာ လက်ခံလိုက်ရတယ်.. ကျွန်တော်ပြန်လာနိုင်ဖို့ တစ်လနှစ်လလောက်တော့ ကြာမှာ.. တစ်ကယ်တော့ ကျွန်တော် ဆရာတို့ကိုထားပြီး ထွက်မသွားချင်ဘူးဖြစ်နေတယ်"
ရုန်ယိကိုယ်က ပြုံးရင်း ပြောလိုက်သည်။
"မှော်လက်နက်သန့်စင်မှုအစည်းအဝေးပွဲ သွားတက်တာက ကျွန်တော်တို့ ထာဝရခွဲခွာကြတာမျိုးမှ မဟုတ်ဘဲဗျာ.. ဘာလို့သက်ပြင်းတွေချနေရတာတုန်း.. ကျွန်တော်တို့ဂုဏ်တက်အောင် တစ်ခြားမိသားစုက တပည့်တွေကို အနိုင်ယူခဲ့ဖို့ မမေ့နဲ့ဦးနော်"
ရှန်းလွီ့က ရယ်မောလာကာ
"ဟုတ်ကဲ့.သိပါပြီ.. ကျွန်တော် ဆရာတို့ကို မျက်နှာမပျက်စေရပါဘူး.. အာ ဟုတ်သား.. ဆရာရှောင်ယိရော နေကောင်းလာပြီလား မသိဘူး.. ကျွန်တော် သူ့ကိုလည်း နှုတ်ဆက်ချင်လို့"
"သူလား.."
ရုန်ယိကိုယ်က အခန်းထဲက စာအုပ်အပုံလိုက်ကြီးတွေကို လက်ညှိုးထိုးပြကာ
"ကျွန်တော်တို့ သူ့ကို ကုသနိုင်ဖို့ နည်းလမ်းရှာနေကြတာလေ"
ရှန်းလွီ့က စိုးရိမ်စွာ ပြောလာသည်။
"သူက ဘာရောဂါဖြစ်နေတာလဲ.ကျွန်တော် ကူညီပေးနိုင်တာများ ရှိသေးလား"
"အခုတော့ ကျွန်တော် ခင်ဗျားကို ပြောပြလို့မရသေးဘူး.. သူ့ကို အချိန်တစ်ခုလောက်ထိ မကုသနိုင်သေးဘူးဆိုရင်တော့ ကျွန်တော် ခင်ဗျားနဲ့ပုချီဆီကနေ အကူအညီတောင်းပါ့မယ်.. ဟုတ်ပြီလား"
သူတို့မှာ ပြောရခက်တဲ့တစ်စုံတစ်ခုရှိနေတာ တွေ့ရတာကြောင့့် ရှန်းလွီ့လည်း အရမ်းတွန်းအားမပေးတော့။
"ဒါဆို ကတိပေးလိုက်ပြီနော်.. သူ့ရောဂါကို မကုသပေးနိုင်တော့ဘူးဆိုတာနဲ့ ကျွန်တော်တို့ကို လာပြောနော်.. သူ့ရောဂါကို အချိန်အကြာကြီးဆွဲမထားပါနဲ့ဦး"
"သေချာတာပေါ့"
"ဆရာရှောင်ရုန် .. ကျွန်တော့်ကို လိုအပ်လာရင် ရှီကျင်းနယ်မြေ သိုက်မြို့က လွီ့မိသားစုဆီ တစ်ယောက်ယောက်လွှတ်လိုက်လို့ရတယ်.. ကျွန်တော့်နာမည်ကက လွီ့ရှန်းပါ"
"လွီ့မိသားစု.. လွီ့ရှန်း.."
ရှန်းလွီ့က အနေရခက်စွာနဲ့ သူ့ခေါင်းသူကုတ်လိုက်ပြီး
"အမှန်တော့ ကျွန်တော့်မျိုးရိုးကလွီ့ နာမည်က လွီ့ရှန်းပါ ဒါပေမဲ့ အပြင်ထွက်တိုင်း တစ်ခြားသူတွေကို နာမည်အရင်း ပြောလေ့မရှိဘူးလေ.. သခင်ယင်ကတော့ ကျွန်တော့်အကြောင်း စုံစမ်းပြီးပြီထင်တယ် မဟုတ်ရင် ကျွန်တော့်ကို သူ့ဘေးနေခွင့်ပြုခဲ့မှာ မဟုတ်လောက်ဘူး"
ယင်ကျင်းရဲ့က 'အင်း'ဟုသာ တုံ့ပြန်လာသည်။ သူနဲ့ပုချီတို့ ယင်အိမ်တော်ထဲ စတင်ဝင်ရောက်လာတဲ့အချိန်တည်းက သူတို့နောက်ကြောင်းတွေကို သူ့လူတွေနဲ့ စုံစမ်းခိုင်းထားခဲ့ပြီးသားဖြစ်သည်။
ရှန်းလွီ့က တွန့်ဆုတ်စွာ ပြောလာ၏။
"ဆရာ .. နည်းနည်းနောက်ကျနေပြီဆိုတော့ ကျွန်တော်သွားရတော့မယ်"
ရုန်ယိကိုယ်က သူ့ကို ပြောလိုက်သည်။
"ခင်ဗျားပြန်လာတဲ့အချိန်ကျရင် ခင်ဗျားအတွက် ဂုဏ်ပြုပွဲအကြီးကြီး ကျင်းပပေးမယ်.. ဒါပေမယ့် အနိုင်ရလာမှနော်"
"ဟုတ်ကဲ့.. ကျွန်တော် ဆရာတူအစ်ကို ပုချီကို သွားနှုတ်ဆက်ပြီးတာနဲ့ ထွက်သွားတော့မယ်"
ရှန်းလွီ့က စာကြည့်ခန်းထဲကနေ လှည့်ကာ ထွက်သွားတော့သည်။
ရုန်ယိကိုယ်က ထိုင်ချလိုက်ပြီး
"အခု ကျွန်တော့်အမေရော ရှန်းလွီ့ရော ထွက်သွားကြပြီ.. ဒီအတောအတွင်း အိမ်တော်ထဲမှာတော့ ခြောက်ကပ်နေတော့မှာဘဲ"
ယင်ကျင်းရဲ့က မျက်ခုံးပင့်လိုက်ကာ
"မင်းသေချာရဲ့လား"
ရုန်ယိကိုယ်မှာ သူပြောတာကို နားမလည်လိုက် ။
"ဘာလို့ အဲ့လိုမေးတာလဲ"
ယင်ကျင်းရဲ့က သူ့ကိုပြန်မဖြေလိုက်။ ထို့နောက်မှာတော့ တံခါးအပြင်ဘက်ကနေ ကလေးတွေရဲ့ရယ်မောနေသံတွေကိုကြားလိုက်ရပြီး သူ့အစားဖြေပေးသွားလေသည်။
"ဖေဖေ...အဖေ.. သားတို့ဗိုက်ဆာလို့!"
ယင်ထောင်က အခန်းထဲပြေးဝင်လာပြီး စာကြည့်ခန်းထဲက စာအုပ်ပုံကြီးတွေတွေ့တဲ့အခါ ချက်ချင်းကို စာအုပ်တွေကြား ပစ်ဝင်လိုက်တော့သည်။
"ဟားဟား.. ပျော်စရာကြီး"
ထို့နောက် ကျန်းမုကလည်း ယင်စန်စန်နဲ့ မိစ္ဆာကလေးလေးကို သယ်ပြီးဝင်လာကာ သူ့ညီလေးနှစ်ယောက်ကို စာအုပ်တွေပေါ်ချပေးလိုက်သည်။
မိစ္ဆာကလေးလေးက ယင်ထောင်တစ်ယောက် စာအုပ်တွေကြားအရမ်းပျော်မြူးနေတာ တွေ့တဲ့အခါ သူလည်း ပျော်သွားပုံရသည်။ သူ့ဆံပင်တွေက ရွေ့ပျံသွားပြီး စာအုပ်တွေကို ရစ်ပတ်လိုက်ကာ ယင်ထောင်ကို ကောက်ပေါက်လိုက်လေသည်။
ယင်ထောင်ကလည်း ပြုံးရယ်ကာ စာအုပ်တွေကောက်ပြီး မိစ္ဆာကလေးလေးဆီ ပြန်ပစ်ပေါက်လိုက်၏။
မိစ္ဆာကလေးလေးက စာအုပ်တွေကို ဆံပင်တွေနဲ့ကာထားကာ တစ်ချိန်တည်းမှာဘဲ စာအုပ်တွေကို ရစ်ပတ်ရင်း ပြန်ပေါက်နေ၏။ သူ့ဆံပင်တွေက များပြားလွန်းတာကြောင့် စာအုပ်အများအပြားကို ရစ်ပတ်ယူနိုင်လေသည်။
လက်နှစ်ဖက်တည်းရှိတဲ့ ယင်ထောင်မှာ သူ့ပြိုက်ဖက်မဟုတ်ဘဲ နာသွားပြီး အသံသေးသေးလေးတွေတောင်ထွက်လာတော့သည်။
"ကိုယ့်အစ်ကိုကို အနိုင်မကျင့်နဲ့"
ယင်စန်စန်ကလည်း စာအုပ်တစ်အုပ်ကောက်ကာ မိစ္ဆာကလေးလေးကို ကောက်ပေါက်လိုက်၏။ ထို့နောက် ကျန်းမုကပါ တိုက်ပွဲထဲဝင်ရောက်လာကာ ယင်ထောင်နဲ့အတူ မိစ္ဆာကလေးလေးနဲ့ စာအုပ်တိုက်ပွဲ ဆင်နွှဲနေကြတော့သည်။
စာအုပ်များများရနိုင်အောင် မိစ္ဆာကလေးလေးက အစေခံတွေလက်ထဲက စာအုပ်တွေကိုတောင် ဆွဲယူသွား၏။
အစေခံတွေမှာ နားမလည်နိုင်စွာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။
ထိုအခိုက်အတန့်လေးမှာ စာကြည့်ခန်းကတော့ ကလေးကစားကွင်းအသွင် ပြောင်းသွားလေပြီ။
ရုန်ယိကိုယ်က မတ်တပ်ထရပ်လိုက်ပေမဲ့ ကလေးတွေရဲ့ပေါက်ကရတွေကို မတားရသေးခင်မှာပင် စာအုပ်အချို့က သူ့ခေါင်းကို လာမှန်တော့သည်။
"သေစမ်း!!.. ဒီအရှုပ်ထုပ်လေး လေးကောင်ကတော့.."
သူ ခပ်ကျယ်ကျယ်လေး အော်ပြောလိုက်၏။
"ရပ်ကြစမ်း!.. ရပ်လို့ ပြောနေတယ်နော်.. ဒီနေရာက စာကြည့်ခန်း.. မင်းတို့ ဆူဆူညံညံလုပ်လို့ရတဲ့ နေရာမဟုတ်ဘူး.. ပြီးတော့ စာအုပ်တွေဆိုတာ ဖတ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကောက်ပေါက်နေဖို့မဟုတ်ဘူး.. သိပြီလား!"
"ဖေဖေ.."
ယင်ထောင်က သူ့ခြေထောက်ကို ဆွဲဖက်လာပြီး
"သားဗိုက်ဆာတယ်"
"ဗိုက်ဆာတဲ့အချိန် အစားစားရမှာပေါ့"
ရုန်ယိကိုယ်က စားစရာတွေကို ခန်းမထဲသယ်လာပေးဖို့ပြောလိုက်ပြီး စာအုပ်ပုံကြားထိုင်နေတဲ့ ယင်စန်စန်နဲ့ မိစ္ဆာကလေးလေးကို ကောက်ချီလိုက်သည်။ ထို့နောက် ရေကျသံ တတောက်တောက် ကြားလိုက်ရ၏။
ရုန်ယိကိုယ်မှာ အသံကြားရာလိုက်ကြည့်လိုက်တဲ့အခါ မိစ္ဆာကလေးလေးရဲ့ ဘောင်းဘီကနေ ရေတွေ တတောက်တောက်ကျနေတာ တွေ့လိုက်ရလေသည်။
ယင်ထောင်က တခစ်ခစ်ရယ်မောလာကာ
"မိစ္ဆာကလေးလေးက ဘောင်းဘီထဲရှူးပေါက်ချတယ်.. ရှူးပေါက်ချတယ်.. ဟားဟား..."
ရုန်ယိကိုယ်မှာ မျက်ဝန်းထောင့်တွေ ဆတ်ခနဲ တွန့်သွားရသည်။ သူက ယင်ကျင်းရဲ့ဘက်ကို လှည့်ကာ ငိုသံနဲ့ပြောလိုက်၏။
"ကလေးတွေအဖေ.. ကျွန်တော် ခုနကပြောခဲ့တဲ့စကားတွေ ပြန်ရုတ်သိမ်းမယ်"
ကလေးတွေက သူတို့ကို ကြည့်ရှုပေးတဲ့ ရန်ချိုးရွှမ် မရှိတဲ့အခါ သူတို့ အဖေနဲ့ဖေဖေတို့ဆီ ပြေးလာကြတော့သည်။ ထိုအခါ ခြောက်ကပ်သွားရမဲ့အစား ပိုလို့တောင် ဆူညံပွက်လောရိုက်နေတော့၏။
ယင်ကျင်းရဲ့က အပြုံးလေးတစ်ပွင့်နဲ့ ပြောလိုက်သည်။
"ဘာလို့ အခုထိ အဲ့ကလေးရဲ့ သေးစိုဘောင်းဘီကို သွားမလဲပေးသေးတာတုန်း"
ရုန်ယိကိုယ်က မိစ္ဆာကလေးလေးကို မြှောက်ချီကာ ပြောလိုက်သည်။
"ဘိုးဘေးလေးရေ.. မင်းရဲ့ အဖေနဲ့အမေက ဘယ်အချိန်မှ လာခေါ်ကြမှာလဲကွာ"
သူချန်ခဲ့တဲ့ စာတိုလေးကို ဒီကလေးရဲ့အမေ မတွေ့ဘူးဆိုတဲ့ သံသယက အတော်လေးကြီးမားလာလေပြီ..မဟုတ်ရင်.. ဒီလောက် ရက်တွေအများကြီး ကြာနေတာတောင် သူတို့ကလေးကို ဘာလို့လာမခေါ်ကြသေးတာပါလိမ့်။
"မပြန်တော့ဘူး"
မိစ္ဆာကလေးလေးက ပျော်မြူးစွာ ပြောလာ၏။
"ဒါက မင်းအပေါ် မူတည်မနေဘူးကွ.. မင်းအဖေလာခေါ်တာကိုသာစောင့်.. ချက်ချင်းကို အထုတ်အပိုးပြင်ပြီး လူ ဆယ့်ရှစ်ယောက်ထမ်းတဲ့ ဝေါယာဥ်နဲ့ကို လိုက်ပို့ပေးလိုက်ဦးမယ်"
"အာ..."
ဘေးနားက အစေခံတွေက သူ့ကို သတိပေးလာ၏။
"သခင်လေးရှောင်ရုန်ရေ.. သခက်ငယ်လေးကို အမြန်ဆုံး အပြင်ခေါ်ထုတ်သွားတာကောင်းမယ်နော်.. မဟုတ်ရင် ဒီကစာအုပ်တွေအကုန် သူ့သေးတွေနဲ့ မြုပ်ကုန်တော့မယ်ဗျ"
ရုန်ယိကိုယ်လည်း ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ မိစ္ဆာကလေးလေးရဲ့ ဘောင်းဘီကနေ သေးတွေ တစ်စက်စက်ကျနေတုန်းဆိုတာ တွေ့လိုက်ရတာကြောင့် စာကြည့်ခန်းအပြင်ကို အမြန်ခေါ်ထုတ်လာလိုက်ရသည်။
"ဘုရားရေ.. မင်း ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်တောင်များတဲ့ သေးတွေပေါက်နေနိုင်ရတာလဲကွ"
ကျန်းမုက ပြောလာ၏။
"ဒီမနက်တုန်းက ညီလေးက ရေဆယ်အိုးတောင် သောက်ထားတာ"
မိစ္ဆာကလေးလေး သေးပေါက်ချနေဆဲဆိုတာ တွေ့တဲ့အခါ ရုန်ယိကိုယ်မှာ အတော်လေး အံ့အားသင့်သွားရသည်ည်။
"ရေဆယ်အိုး... ဘယ်လောက်တောင်ကြီးတဲ့ ရေအိုးတုန်း"
ကျန်းမုက တံခါးဝနားက မီးအရေးပေါ်အတွက်ထားထားတဲ့ ငါးချီကျယ်ပြီး သုံးချီမြင့်တဲ့ ရေစည်ကြီးတွေကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
##
1 chi = 0.33 m
"မင်းက တစ်ကယ့်ကို မိစ္ဆာကလေးလေး ဖြစ်ထိုက်ပါပေတယ်ကွာ.. ဒီလောက်ရေအများကြီး သောက်ထားတာတောင် မင်းဗိုက်က ခံနိုင်ရည်ရှိနေတုန်းဘဲ"
ရုန်ယိကိုယ်မှာ သူ သေးပေါက်လို့ပြီးတဲ့အထိ အောင့်အီးကာ စောင့်နေလိုက်ပြီးမှ အစေခံတွေကို ရေချိုးပေးခိုင်းလိုက်ကာ ယင်ထောင်တို့နဲ့အတူ ထမင်းစားလိုက်သည်။
ကလေးတွေ အိပ်ပျော်သွားတာ စောင့်ရင်း ယင်ကျင်းရဲ့ ခြံဝန်းလေးလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
ရုန်ယိကိုယ်က ယင်ကျင်းရဲ့ပေါ် ပစ်မှီလိုက်ကာ
"ကလေးတွေကို ဂရုစိုက်ပေးရတာ အရမ်းပင်ပန်းတာဘဲ.. ဒီညလေးတစ်ည ထမင်းကျွေးရုံလေးတောင်မှ ကျွန်တော့်မှာ အသက်တစ်ဝက်လောက်တိုသွားသလိုဘဲ.. ကျွန်တော့်အမေ သူတို့ကို ဘယ်လိုများ ဒီလောက်ကောင်းကောင်းမွန်မွန်ကြီး စောင့်ရှောက်ပေးခဲ့လဲ မသိတော့ဘူး"
ယင်ကျင်းရဲ့က တိုးတိုးလေးရယ်မောလာ၏။
ရုန်ယိကိုယ်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ကာ
"ရယ်ရဲသေးတယ်ပေါ့လေ.. မနက်ဖြန်ကျရင် တစ်နေ့လုံး ခင်ဗျား သူတို့ကို စောင့်ရှောက်လိုက်.. အဲ့ကျမှ ပြုံးနိုင်သေးလား ကြည့်ဦးမယ်"
"ကိုယ်သာ သူတို့ကို တစ်နေ့လုံး စောင့်ရှောက်မယ်ဆိုရင်.."
ယင်ကျင်းရဲ့က အပြုံးလေးနဲ့ ပြောလာ၏။
"မရယ်နိုင်တော့တဲ့သူက သူတို့တွေ ဖြစ်သွားလိမ့်မယ်"
ရုန်ယိမှာ မျက်မှောင်တွေ ကြုတ်သွားရ၏။
"ခင်ဗျား သူတို့ကို ရိုက်ထုတ်ပစ်မှာတော့ မဟုတ်ပါဘူးနော်"
"ကျန်းမုကို လေ့ကျင့်ဖို့ လျှို့ဝှက်နယ်မြေထဲထည့်ပြီး.. ထောင်အာကိုတော့ လက်နက်သန့်စင်တာ သင်ယူဖို့ မိသားစု စာသင်ခန်းကို ပို့လိုက်မယ်.. စန်စန်ကိုတော့ တရားထိုင်ခိုင်းထားလိုက်မယ်.. နောက်ဆုံး..."
ရုန်ယိကိုယ်မှာ အတော်လေးသိချင်သွားရသည်။
"နောက်ဆုံးတစ်ယောက်ကိုရော ခင်ဗျားဘယ်လိုလုပ်မှာလဲ"
"အဲ့မိစ္ဆာကလေးလေးကိုတော့ မြေကြီးထဲ စိုက်ထားလိုက်မယ်"
ရုန်ယိကိုယ်မှာ အကျယ်ကြီး အော်ရယ်လိုက်မိသည်။
"ခင်ဗျား တော်တော်ဆိုးဆိုးဘဲ.. ကလေးကိုတောင် မြေကြီးထဲ စိုက်ထားဖို့ စဥ်းစားနေသေးတယ်"
သူပျော်ရွှင်စွာ ရယ်မောနေတာ တွေ့တဲ့အခါ ယင်ကျင်းရဲ့ စိတ်အခြေအနေလည်း အတော်လေးကောင်းမွန်လာရသည်။
"သူက သာမန်ကလေးမဟုတ်ဘူးလေ.. ပြီးတော့ ဟိုအကြီးအကဲတွေက ကျန်းမုနဲ့ ထောင်အာကို သင်ကြားဖို့ ပို့ဖို့ အကြံပေးနေကြတာ"
ရုန်ယိကိုယ်က ဟမ့်ခနဲ လုပ်လိုက်ကာ
"အဲ့လူတွေက ကိုယ့်ကိစ္စကိုတောင် ဂရုမစိုက်နိုင်ဘဲနဲ့များ သူများကိစ္စတွေထဲ လက်ဝင်လျှိုနေချင်သေးတယ်"
ထိုအကြီးအကဲတွေက ရုန်ယိ သူတို့ခေါင်းတွေလိုချင်တယ်လို့ပြောထားတာကို ပြန်ရုတ်သိမ်းပေးဖို့ အလိုရှိနေကြပေမယ့်လည်း သူကတော့ ပြန်ရုတ်သိမ်းပေးဖို့ ရည်ရွယ်ချက်မရှိပေ။ ပြီးတော့ သူက ထိုစကားတွေကို ပြောပြီးသားဖြစ်နေတဲ့ဟာ ဘယ်လိုလုပ်ပြီး ပြန်ရုတ်သိမ်းလို့ရပါ့မလဲ..။ လမ်းမှန်ကျင့်ကြံသူတွေ သူ့အပေါ် ဘယ်လိုထင်ကြမလဲဆိုတာကို အသာထား.. ထိုတစ္ဆေကျင့်ကြံသူတွေနဲ့ တစ်ခြားကျင့်ကြံသူတွေက အကြီးအကဲတွေကို သတ်နိုင်ဖို့အတွက် အများကြီးအားထုတ်ထားခဲ့ကြတာဖြစ်သည်။ အခုမှ ထိုစကားတွေကို ပြန်ရုတ်သိမ်းလိုက်မည်ဆိုလျှင် သူတု့ိရဲ့ အားထုတ်မှုတွေက အလကားဘဲဟု ဆိုလိုလိုက်ခြင်းပင် မဟုတ်ပါလား။ ထိုအချိန်ကျရင် အမဲလိုက်ခံရမည့်သူက သူ ရုန်ယိ ဖြစ်လာပေလိမ့်မည်။
ယင်ကျင်းရဲ့လည်း ထိုအကြီးအကဲတွေက သူ့ကိစ္စတွေထဲ ဝင်စွက်ဖက်တာမျိုးကို သဘောမကျပေ။
ထိုအခိုက် အိမ်တော်ထိန်းက အခန်းထဲဝင်ရောက်လာ၏။
သူ့ကို တွေ့လိုက်တာနဲ့ ရုန်ယိမှာ မကောင်းတာတစ်ခုခုဖြစ်နေပြီလို့ ခံစားလိုက်ရသည်။ သူက ယင်ကျင်းရဲ့ကို အသံပို့ကာ ပြောလိုက်၏။
"သူဒီကို ရောက်လာတာ ခင်ဗျားကို အရေးကြီးကိစ္စလာပြောတယ်ဆိုတာလို့ ကျွန်တော်ပြောရဲတယ်"
အရေးကြီးကိစ္စရှိတာနဲ့ အိမ်တော်ထိန်းက ယင်ကျင်းရဲ့ ခြံဝန်းထဲလာရောက်ကာ အကြောင်းကြားပေလိမ့်မည်။
အိမ်တော်ထိန်းက သူတို့ဆီလျှောက်လာကာ တလေးတစားနဲ့ပြောလာသည်။
"နှုတ်ဆက်ပါတယ် သခင်လေး.. သခင်လေးရှောင်ရုန်"
ယင်ကျင်းရဲ့က ပုံမှန်အတိုင်း မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"သခင်ကြီး ပြန်ရောက်နေပါပြီ"
ရုန်ယိတစ်ယောက် ကြက်သေသေသွားရ၏။
သူက ခုနှစ်နှစ် ရှစ်နှစ်မှ တစ်ခါ ပြန်လာတာလို့ ယင်ကျင်းရဲ့ ပြောခဲ့တာမဟုတ်ဘူးလား.. ဒီတစ်ခေါက် ဘယ်လိုလုပ် အစောကြီး ပြန်ရောက်လာတာတုန်း..။
ယင်ကျင်းရဲ့မှာ မျက်ဝန်းတွေ မှေးစင်းကျသွား၏။
"ငါသိပြီ"
အိမ်တော်ထိန်းက ထပ်ပြောလာသည်။
"သခင်ကြီးက သခင်လေးရယ် သခင်လေးရုန်ရယ်နဲ့ သခင်ငယ်လေးတွေကို တွေ့ချင်နေပါတယ်"
ရုန်ယိကိုယ်မှာ ယင်ကျင်းရဲ့ကို လှမ်းမကြည့်ဘဲ မနေနိုင်တော့။
"အခုလား"
ယင်ကျင်းရဲ့ ပြန်မေးလိုက်သည်။
"ဟုတ်ပါတယ်.. သခင်ကြီးနဲ့ သခင်မကြီးတို့က အခု ခန်းမထဲမှာ သခင်လေးတို့ကို စောင့်ဆိုင်းနေပါတယ်"
"ခဏနေ လာခဲ့မယ်"
အိမ်တော်ထိန်း ထွက်သွားတာနဲ့ ရုန်ယိကိုယ်က မေးလိုက်သည်။
"ခင်ဗျားအဖေ ရုတ်တရက်ကြီး ပြန်ရောက်လာတာ အဲ့အကြီးအကဲတွေကြောင့်လား"
ယင်ကျင်းရဲ့က မတ်တပ်ထရပ်ကာ
"ကိုယ် အခြေအနေအရင်သွားကြည့်လိုက်မယ် .. မင်းက ရုန်ယိကို သွားပြင်ဆင်ခိုင်းထားလိုက်"
##
double update 🎉
tempo မြင့်တဲ့အခန်းတွေလာပါပြီ
ဒီအခန်းတွေပြီးရင် တစ်သားတည်းဖြစ်သွားတဲ့ ရုန်ယိအသွက်ကလေးကို တွေ့ရတော့မှာ
ယင်ကျင်းရဲ့ အဖေကတော့ ဒီ novel ထဲ ကြည့်မရဆုံးသူဘဲ >^<
အားလုံးဘဲ GOOD NIGHT ပါရှင် 🖤🍀🖤
***********
Zawgyi
သူမရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းက တန္ထ်န္းမွာ ျပင္းထန္စြာ ထိခိုက္ထားၿပီး အိပ္ရာထဲလဲေနတယ္လို႔ၾကားလိုက္တာနဲ႕ ရန္ခ်ိဳး႐ႊမ္မွာ အခန္းထဲကေန အလွ်င္စလို ေျပးထြက္သြားေတာ့သည္။
႐ုန္ယိကိုယ္က အျမန္လွမ္းေအာ္ေျပာလိုက္၏။
"အေမ.. အေမ့ကို ကူညီေပးနိုင္ေအာင္ လူနည္းနည္းေလာက္ ေခၚသြားလိုက္ေလ"
"မလိုဘူး.. လီယြိၿမိဳ႕ဆိုတာ ငါ့ပိုင္နက္ဘဲ.. ငါ့လူေတြ အဲ့မွာရွိတယ္"
ရန္ခ်ိဳး႐ႊမ္က ေနာက္ေတာင္ျပန္လွည့္မၾကည့္ဘဲ ထြက္သြားေတာ့သည္။
႐ုန္ယိကိုယ္မွာ ယင္က်င္းရဲ႕ကိုသာ လွည့္ၾကည့္လိုက္မိသည္။
"သူ႕ကိုကူဖို႔ ရွို႔က်ိဳ႕ကို လူနည္းနည္းလႊတ္ခိုင္းလိုက္မယ္"
ယင္က်င္းရဲ႕က ေျပာလာသည္။
႐ုန္ယိကိုယ္လည္း ေခါင္းၿငိမ့္ျပကာ ေလရိုင္းျခင္ကို ေမးလိုက္၏။
"ငါ့အေမရဲ႕မိတ္ေဆြကို အဲ့လူေတြက ဘာလို႔ျပႆနာရွာၾကတာလဲ သိလား"
ေလရိုင္းျခင္က သူ႕ကိုျပန္ေျဖလာသည္။
"ေျပာၾကတာေတာ့ ၿမိဳ႕သခင္မရဲ႕ မိတ္ေဆြက လွ်ို႔ဝွက္နယ္ေျမထဲမွာ ရွင္းေမာ့ခန္းမက သခင္ေလးရဲ႕ ေမွာ္လက္နက္ကို လုယူသြားခဲ့ၿပီး လူကိုေတာင္ ဒဏ္ရာရေစခဲ့ေသးတယ္တဲ့"
႐ုန္ယိကိုယ္မွာ အနည္းငယ္ထူးဆန္းသလို ခံစားလိုက္ရသည္။
"တစ္ဖက္လူက ရွင္းေမာ့ခန္းမက သခင္ေလးဆိုတာ သူမသိဘူးလား"
ပုံမွန္ဆိုရင္ တစ္ဖက္လူက သူမေလးမစားသြားလုပ္လို႔ရမယ့္လူဆိုတာသာ သိပါက ထိုသူကို သြားရန္စမဲ့အထိေတာ့ ဘယ္သူမွ တုံးအၾကမွာမဟုတ္ေပ။ သူ႕အေမရဲ႕မိတ္ေဆြက ထိုသူ႕ကို သြားရန္စေလာက္တဲ့အထိ ဘယ္လိုေတာင္ မိုက္မဲေနရပါသနည္း။
"အဲ့အခ်ိန္မွာ သခင္ေလးက ႐ုပ္ေျပာင္း႐ုပ္လႊဲအင္းကြက္သုံးၿပီး ႐ုပ္ဖ်က္ထားခဲ့တာမလို႔ တစ္ဖက္သူရဲ႕ အဆင့္အတန္းအစစ္ကို သူမသိခဲ့ရဘူး"
႐ုန္ယိခႏၶာကိုယ္ "....."
တစ္ေဆက်င့္ႀကံသူေတြ မိစ္ဆာက်င့္ႀကံသူေတြက ကိစၥေတြေျဖရွင္းရာမွာ အၿမဲတမ္း အညွာအတာမဲ့ ရက္စက္ၾကမ္းတမ္းၾကၿပီး သူတို႔ ဖမ္းမိသြားတဲ့သူကို လႊတ္ေပးဖို႔ဆိုတာက မျဖစ္နိုင္သေလာက္ပင္။ ဒါ့အျပင္ သူတို႔လက္ထဲ က်ေရာက္သြားသူေတြက ေသရင္ေသ မေသရင္ အျပင္းအထန္ ထိခိုက္ဒဏ္ရာရသြားၾကမည္သာ။ သူ႕အေမ မိတ္ေဆြရဲ႕ မိသားစုဝင္ေတြလည္း ေနရာမွာတင္ေသဆုံးသြားၾကဖို႔ ျဖစ္နိုင္ေခ်အေတာ္ေလးမ်ားသည္။
"ဆရာေရွာင္႐ုန္.. သခင္ယင္"
အသံၾကားတာေၾကာင့္ ႐ုန္ယိကိုယ္လည္း ေခါင္းေမာ့ကာ စာၾကည့္ခန္းအျပင္ကို လွမ္းၾကည့္လိုက္သည္။ ရွန္းလြီ့ျဖစ္ေနမွန္း သိလိုက္တဲ့အခါ ၿပဳံးၿပီး လွမ္းေမးလိုက္၏။
"ခင္ဗ်ား ေလ့က်င့္ေနရင္းနဲ႕ ျပႆနာတစ္ခုခုေတြ႕လိုက္ရလို႔လား"
ဒီရက္ပိုင္း ရွန္းလြီ့နဲ႕ပုခ်ီတို႔ ႐ုန္ယိရဲ႕ မူမမွန္ျဖစ္ေနမႈေတြကို ရွာမေတြ႕သြားေစရန္ သူတမင္သက္သက္ကို သူတို႔ကို လက္နက္သန့္စင္ဖို႔ တာဝန္ေတြေပးထားၿပီး အခန္းထဲမွာဘဲေနကာ သူတို႔ရဲ႕ လက္နက္သန့္စင္မႈအေပၚမွာသာ အာ႐ုံစိုက္ေနေစရန္ ျပဳလုပ္ထားသည္။
"မဟုတ္ပါဘူး"
ရွန္းလြီ့က စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်လိဳက္ၿပီး
"ဆရာေရွာင္႐ုန္.. ကြၽန္ေတာ္က ဆရာတို႔ကို လာႏႈတ္ဆက္တာပါ.. ကြၽန္ေတာ္ အခုေလးတင္ ကြၽန္ေတာ့္မိသားစုဆီကေန ေမွာ္လက္နက္သန့္စင္မႈအစည္းအေဝးပြဲႀကီးကို တက္ေရာက္ဖို႔ ဆင့္ေခၚလာတဲ့စာ လက္ခံလိုက္ရတယ္.. ကြၽန္ေတာ္ျပန္လာနိုင္ဖို႔ တစ္လႏွစ္လေလာက္ေတာ့ ၾကာမွာ.. တစ္ကယ္ေတာ့ ကြၽန္ေတာ္ ဆရာတို႔ကိုထားၿပီး ထြက္မသြားခ်င္ဘူးျဖစ္ေနတယ္"
႐ုန္ယိကိုယ္က ၿပဳံးရင္း ေျပာလိုက္သည္။
"ေမွာ္လက္နက္သန့္စင္မႈအစည္းအေဝးပြဲ သြားတက္တာက ကြၽန္ေတာ္တို႔ ထာဝရခြဲခြာၾကတာမ်ိဳးမွ မဟုတ္ဘဲဗ်ာ.. ဘာလို႔သက္ျပင္းေတြခ်ေနရတာတုန္း.. ကြၽန္ေတာ္တို႔ဂုဏ္တက္ေအာင္ တစ္ျခားမိသားစုက တပည့္ေတြကို အနိုင္ယူခဲ့ဖို႔ မေမ့နဲ႕ဦးေနာ္"
ရွန္းလြီ့က ရယ္ေမာလာကာ
"ဟုတ္ကဲ့.သိပါၿပီ.. ကြၽန္ေတာ္ ဆရာတို႔ကို မ်က္ႏွာမပ်က္ေစရပါဘူး.. အာ ဟုတ္သား.. ဆရာေရွာင္ယိေရာ ေနေကာင္းလာၿပီလား မသိဘူး.. ကြၽန္ေတာ္ သူ႕ကိုလည္း ႏႈတ္ဆက္ခ်င္လို႔"
"သူလား.."
႐ုန္ယိကိုယ္က အခန္းထဲက စာအုပ္အပုံလိုက္ႀကီးေတြကို လက္ညွိုးထိုးျပကာ
"ကြၽန္ေတာ္တို႔ သူ႕ကို ကုသနိုင္ဖို႔ နည္းလမ္းရွာေနၾကတာေလ"
ရွန္းလြီ့က စိုးရိမ္စြာ ေျပာလာသည္။
"သူက ဘာေရာဂါျဖစ္ေနတာလဲ.ကြၽန္ေတာ္ ကူညီေပးနိုင္တာမ်ား ရွိေသးလား"
"အခုေတာ့ ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာျပလို႔မရေသးဘူး.. သူ႕ကို အခ်ိန္တစ္ခုေလာက္ထိ မကုသနိုင္ေသးဘူးဆိုရင္ေတာ့ ကြၽန္ေတာ္ ခင္ဗ်ားနဲ႕ပုခ်ီဆီကေန အကူအညီေတာင္းပါ့မယ္.. ဟုတ္ၿပီလား"
သူတို႔မွာ ေျပာရခက္တဲ့တစ္စုံတစ္ခုရွိေနတာ ေတြ႕ရတာေၾကာင့့္ ရွန္းလြီ့လည္း အရမ္းတြန္းအားမေပးေတာ့။
"ဒါဆို ကတိေပးလိုက္ၿပီေနာ္.. သူ႕ေရာဂါကို မကုသေပးနိုင္ေတာ့ဘူးဆိုတာနဲ႕ ကြၽန္ေတာ္တို႔ကို လာေျပာေနာ္.. သူ႕ေရာဂါကို အခ်ိန္အၾကာႀကီးဆြဲမထားပါနဲ႕ဦး"
"ေသခ်ာတာေပါ့"
"ဆရာေရွာင္႐ုန္ .. ကြၽန္ေတာ့္ကို လိုအပ္လာရင္ ရွီက်င္းနယ္ေျမ သိုက္ၿမိဳ႕က လြီ့မိသားစုဆီ တစ္ေယာက္ေယာက္လႊတ္လိုက္လို႔ရတယ္.. ကြၽန္ေတာ့္နာမည္ကက လြီ့ရွန္းပါ"
"လြီ့မိသားစု.. လြီ့ရွန္း.."
ရွန္းလြီ့က အေနရခက္စြာနဲ႕ သူ႕ေခါင္းသူကုတ္လိုက္ၿပီး
"အမွန္ေတာ့ ကြၽန္ေတာ့္မ်ိဳးရိုးကလြီ့ နာမည္က လြီ့ရွန္းပါ ဒါေပမဲ့ အျပင္ထြက္တိုင္း တစ္ျခားသူေတြကို နာမည္အရင္း ေျပာေလ့မရွိဘူးေလ.. သခင္ယင္ကေတာ့ ကြၽန္ေတာ့္အေၾကာင္း စုံစမ္းၿပီးၿပီထင္တယ္ မဟုတ္ရင္ ကြၽန္ေတာ့္ကို သူ႕ေဘးေနခြင့္ျပဳခဲ့မွာ မဟုတ္ေလာက္ဘူး"
ယင္က်င္းရဲ႕က 'အင္း'ဟုသာ တုံ႕ျပန္လာသည္။ သူနဲ႕ပုခ်ီတို႔ ယင္အိမ္ေတာ္ထဲ စတင္ဝင္ေရာက္လာတဲ့အခ်ိန္တည္းက သူတို႔ေနာက္ေၾကာင္းေတြကို သူ႕လူေတြနဲ႕ စုံစမ္းခိုင္းထားခဲ့ၿပီးသားျဖစ္သည္။
ရွန္းလြီ့က တြန့္ဆုတ္စြာ ေျပာလာ၏။
"ဆရာ .. နည္းနည္းေနာက္က်ေနၿပီဆိုေတာ့ ကြၽန္ေတာ္သြားရေတာ့မယ္"
႐ုန္ယိကိုယ္က သူ႕ကို ေျပာလိုက္သည္။
"ခင္ဗ်ားျပန္လာတဲ့အခ်ိန္က်ရင္ ခင္ဗ်ားအတြက္ ဂုဏ္ျပဳပြဲအႀကီးႀကီး က်င္းပေပးမယ္.. ဒါေပမယ့္ အနိုင္ရလာမွေနာ္"
"ဟုတ္ကဲ့.. ကြၽန္ေတာ္ ဆရာတူအစ္ကို ပုခ်ီကို သြားႏႈတ္ဆက္ၿပီးတာနဲ႕ ထြက္သြားေတာ့မယ္"
ရွန္းလြီ့က စာၾကည့္ခန္းထဲကေန လွည့္ကာ ထြက္သြားေတာ့သည္။
႐ုန္ယိကိုယ္က ထိုင္ခ်လိဳက္ၿပီး
"အခု ကြၽန္ေတာ့္အေမေရာ ရွန္းလြီ့ေရာ ထြက္သြားၾကၿပီ.. ဒီအေတာအတြင္း အိမ္ေတာ္ထဲမွာေတာ့ ေျခာက္ကပ္ေနေတာ့မွာဘဲ"
ယင္က်င္းရဲ႕က မ်က္ခုံးပင့္လိုက္ကာ
"မင္းေသခ်ာရဲ႕လား"
႐ုန္ယိကိုယ္မွာ သူေျပာတာကို နားမလည္လိုက္ ။
"ဘာလို႔ အဲ့လိုေမးတာလဲ"
ယင္က်င္းရဲ႕က သူ႕ကိုျပန္မေျဖလိုက္။ ထို႔ေနာက္မွာေတာ့ တံခါးအျပင္ဘက္ကေန ကေလးေတြရဲ႕ရယ္ေမာေနသံေတြကိုၾကားလိုက္ရၿပီး သူ႕အစားေျဖေပးသြားေလသည္။
"ေဖေဖ...အေဖ.. သားတို႔ဗိုက္ဆာလို႔!"
ယင္ေထာင္က အခန္းထဲေျပးဝင္လာၿပီး စာၾကည့္ခန္းထဲက စာအုပ္ပုံႀကီးေတြေတြ႕တဲ့အခါ ခ်က္ခ်င္းကို စာအုပ္ေတြၾကား ပစ္ဝင္လိုက္ေတာ့သည္။
"ဟားဟား.. ေပ်ာ္စရာႀကီး"
ထို႔ေနာက္ က်န္းမုကလည္း ယင္စန္စန္နဲ႕ မိစ္ဆာကေလးေလးကို သယ္ၿပီးဝင္လာကာ သူ႕ညီေလးႏွစ္ေယာက္ကို စာအုပ္ေတြေပၚခ်ေပးလိုက္သည္။
မိစ္ဆာကေလးေလးက ယင္ေထာင္တစ္ေယာက္ စာအုပ္ေတြၾကားအရမ္းေပ်ာ္ျမဴးေနတာ ေတြ႕တဲ့အခါ သူလည္း ေပ်ာ္သြားပုံရသည္။ သူ႕ဆံပင္ေတြက ေ႐ြ႕ပ်ံသြားၿပီး စာအုပ္ေတြကို ရစ္ပတ္လိုက္ကာ ယင္ေထာင္ကို ေကာက္ေပါက္လိုက္ေလသည္။
ယင္ေထာင္ကလည္း ၿပဳံးရယ္ကာ စာအုပ္ေတြေကာက္ၿပီး မိစ္ဆာကေလးေလးဆီ ျပန္ပစ္ေပါက္လိုက္၏။
မိစ္ဆာကေလးေလးက စာအုပ္ေတြကို ဆံပင္ေတြနဲ႕ကာထားကာ တစ္ခ်ိန္တည္းမွာဘဲ စာအုပ္ေတြကို ရစ္ပတ္ရင္း ျပန္ေပါက္ေန၏။ သူ႕ဆံပင္ေတြက မ်ားျပားလြန္းတာေၾကာင့္ စာအုပ္အမ်ားအျပားကို ရစ္ပတ္ယူနိုင္ေလသည္။
လက္ႏွစ္ဖက္တည္းရွိတဲ့ ယင္ေထာင္မွာ သူ႕ၿပိဳက္ဖက္မဟုတ္ဘဲ နာသြားၿပီး အသံေသးေသးေလးေတြေတာင္ထြက္လာေတာ့သည္။
"ကိုယ့္အစ္ကိုကို အနိုင္မက်င့္နဲ႕"
ယင္စန္စန္ကလည္း စာအုပ္တစ္အုပ္ေကာက္ကာ မိစ္ဆာကေလးေလးကို ေကာက္ေပါက္လိုက္၏။ ထို႔ေနာက္ က်န္းမုကပါ တိုက္ပြဲထဲဝင္ေရာက္လာကာ ယင္ေထာင္နဲ႕အတူ မိစ္ဆာကေလးေလးနဲ႕ စာအုပ္တိုက္ပြဲ ဆင္ႏႊဲေနၾကေတာ့သည္။
စာအုပ္မ်ားမ်ားရနိုင္ေအာင္ မိစ္ဆာကေလးေလးက အေစခံေတြလက္ထဲက စာအုပ္ေတြကိုေတာင္ ဆြဲယူသြား၏။
အေစခံေတြမွာ နားမလည္နိုင္စြာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိၾကသည္။
ထိုအခိုက္အတန့္ေလးမွာ စာၾကည့္ခန္းကေတာ့ ကေလးကစားကြင္းအသြင္ ေျပာင္းသြားေလၿပီ။
႐ုန္ယိကိုယ္က မတ္တပ္ထရပ္လိုက္ေပမဲ့ ကေလးေတြရဲ႕ေပါက္ကရေတြကို မတားရေသးခင္မွာပင္ စာအုပ္အခ်ိဳ႕က သူ႕ေခါင္းကို လာမွန္ေတာ့သည္။
"ေသစမ္း!!.. ဒီအရႈပ္ထုပ္ေလး ေလးေကာင္ကေတာ့.."
သူ ခပ္က်ယ္က်ယ္ေလး ေအာ္ေျပာလိုက္၏။
"ရပ္ၾကစမ္း!.. ရပ္လို႔ ေျပာေနတယ္ေနာ္.. ဒီေနရာက စာၾကည့္ခန္း.. မင္းတို႔ ဆူဆူညံညံလုပ္လို႔ရတဲ့ ေနရာမဟုတ္ဘူး.. ၿပီးေတာ့ စာအုပ္ေတြဆိုတာ ဖတ္ဖို႔ တစ္ေယာက္နဲ႕တစ္ေယာက္ ေကာက္ေပါက္ေနဖို႔မဟုတ္ဘူး.. သိၿပီလား!"
"ေဖေဖ.."
ယင္ေထာင္က သူ႕ေျခေထာက္ကို ဆြဲဖက္လာၿပီး
"သားဗိုက္ဆာတယ္"
"ဗိုက္ဆာတဲ့အခ်ိန္ အစားစားရမွာေပါ့"
႐ုန္ယိကိုယ္က စားစရာေတြကို ခန္းမထဲသယ္လာေပးဖို႔ေျပာလိုက္ၿပီး စာအုပ္ပုံၾကားထိုင္ေနတဲ့ ယင္စန္စန္နဲ႕ မိစ္ဆာကေလးေလးကို ေကာက္ခ်ီလိုက္သည္။ ထို႔ေနာက္ ေရက်သံ တေတာက္ေတာက္ ၾကားလိုက္ရ၏။
႐ုန္ယိကိုယ္မွာ အသံၾကားရာလိုက္ၾကည့္လိုက္တဲ့အခါ မိစ္ဆာကေလးေလးရဲ႕ ေဘာင္းဘီကေန ေရေတြ တေတာက္ေတာက္က်ေနတာ ေတြ႕လိုက္ရေလသည္။
ယင္ေထာင္က တခစ္ခစ္ရယ္ေမာလာကာ
"မိစ္ဆာကေလးေလးက ေဘာင္းဘီထဲရႉးေပါက္ခ်တယ္.. ရႉးေပါက္ခ်တယ္.. ဟားဟား..."
႐ုန္ယိကိုယ္မွာ မ်က္ဝန္းေထာင့္ေတြ ဆတ္ခနဲ တြန့္သြားရသည္။ သူက ယင္က်င္းရဲ႕ဘက္ကို လွည့္ကာ ငိုသံနဲ႕ေျပာလိုက္၏။
"ကေလးေတြအေဖ.. ကြၽန္ေတာ္ ခုနကေျပာခဲ့တဲ့စကားေတြ ျပန္႐ုတ္သိမ္းမယ္"
ကေလးေတြက သူတို႔ကို ၾကည့္ရႈေပးတဲ့ ရန္ခ်ိဳး႐ႊမ္ မရွိတဲ့အခါ သူတို႔ အေဖနဲ႕ေဖေဖတို႔ဆီ ေျပးလာၾကေတာ့သည္။ ထိုအခါ ေျခာက္ကပ္သြားရမဲ့အစား ပိုလို႔ေတာင္ ဆူညံပြက္ေလာရိုက္ေနေတာ့၏။
ယင္က်င္းရဲ႕က အၿပဳံးေလးတစ္ပြင့္နဲ႕ ေျပာလိုက္သည္။
"ဘာလို႔ အခုထိ အဲ့ကေလးရဲ႕ ေသးစိုေဘာင္းဘီကို သြားမလဲေပးေသးတာတုန္း"
႐ုန္ယိကိုယ္က မိစ္ဆာကေလးေလးကို ျမႇောက္ခ်ီကာ ေျပာလိုက္သည္။
"ဘိုးေဘးေလးေရ.. မင္းရဲ႕ အေဖနဲ႕အေမက ဘယ္အခ်ိန္မွ လာေခၚၾကမွာလဲကြာ"
သူခ်န္ခဲ့တဲ့ စာတိုေလးကို ဒီကေလးရဲ႕အေမ မေတြ႕ဘူးဆိုတဲ့ သံသယက အေတာ္ေလးႀကီးမားလာေလၿပီ..မဟုတ္ရင္.. ဒီေလာက္ ရက္ေတြအမ်ားႀကီး ၾကာေနတာေတာင္ သူတို႔ကေလးကို ဘာလို႔လာမေခၚၾကေသးတာပါလိမ့္။
"မျပန္ေတာ့ဘူး"
မိစ္ဆာကေလးေလးက ေပ်ာ္ျမဴးစြာ ေျပာလာ၏။
"ဒါက မင္းအေပၚ မူတည္မေနဘူးကြ.. မင္းအေဖလာေခၚတာကိုသာေစာင့္.. ခ်က္ခ်င္းကို အထုတ္အပိုးျပင္ၿပီး လူ ဆယ့္ရွစ္ေယာက္ထမ္းတဲ့ ေဝါယာဥ္နဲ႕ကို လိုက္ပို႔ေပးလိုက္ဦးမယ္"
"အာ..."
ေဘးနားက အေစခံေတြက သူ႕ကို သတိေပးလာ၏။
"သခင္ေလးေရွာင္႐ုန္ေရ.. သခက္ငယ္ေလးကို အျမန္ဆုံး အျပင္ေခၚထုတ္သြားတာေကာင္းမယ္ေနာ္.. မဟုတ္ရင္ ဒီကစာအုပ္ေတြအကုန္ သူ႕ေသးေတြနဲ႕ ျမဳပ္ကုန္ေတာ့မယ္ဗ်"
႐ုန္ယိကိုယ္လည္း ေခါင္းငုံ႕ၾကည့္လိုက္တဲ့အခါ မိစ္ဆာကေလးေလးရဲ႕ ေဘာင္းဘီကေန ေသးေတြ တစ္စက္စက္က်ေနတုန္းဆိုတာ ေတြ႕လိုက္ရတာေၾကာင့္ စာၾကည့္ခန္းအျပင္ကို အျမန္ေခၚထုတ္လာလိုက္ရသည္။
"ဘုရားေရ.. မင္း ဘယ္လိုလုပ္ၿပီးေတာ့မ်ား ဒီေလာက္ေတာင္မ်ားတဲ့ ေသးေတြေပါက္ေနနိုင္ရတာလဲကြ"
က်န္းမုက ေျပာလာ၏။
"ဒီမနက္တုန္းက ညီေလးက ေရဆယ္အိုးေတာင္ ေသာက္ထားတာ"
မိစ္ဆာကေလးေလး ေသးေပါက္ခ်ေနဆဲဆိုတာ ေတြ႕တဲ့အခါ ႐ုန္ယိကိုယ္မွာ အေတာ္ေလး အံ့အားသင့္သြားရသည္ည္။
"ေရဆယ္အိုး... ဘယ္ေလာက္ေတာင္ႀကီးတဲ့ ေရအိုးတုန္း"
က်န္းမုက တံခါးဝနားက မီးအေရးေပၚအတြက္ထားထားတဲ့ ငါးခ်ီက်ယ္ၿပီး သုံးခ်ီျမင့္တဲ့ ေရစည္ႀကီးေတြကို တိတ္တဆိတ္လွမ္းၾကည့္လိုက္သည္။
##
1 chi = 0.33 m
"မင္းက တစ္ကယ့္ကို မိစ္ဆာကေလးေလး ျဖစ္ထိုက္ပါေပတယ္ကြာ.. ဒီေလာက္ေရအမ်ားႀကီး ေသာက္ထားတာေတာင္ မင္းဗိုက္က ခံနိုင္ရည္ရွိေနတုန္းဘဲ"
႐ုန္ယိကိုယ္မွာ သူ ေသးေပါက္လို႔ၿပီးတဲ့အထိ ေအာင့္အီးကာ ေစာင့္ေနလိုက္ၿပီးမွ အေစခံေတြကို ေရခ်ိဳးေပးခိုင္းလိုက္ကာ ယင္ေထာင္တို႔နဲ႕အတူ ထမင္းစားလိုက္သည္။
ကေလးေတြ အိပ္ေပ်ာ္သြားတာ ေစာင့္ရင္း ယင္က်င္းရဲ႕ ၿခံဝန္းေလးလည္း တျဖည္းျဖည္း တိတ္ဆိတ္သြားေတာ့သည္။
႐ုန္ယိကိုယ္က ယင္က်င္းရဲ႕ေပၚ ပစ္မွီလိုက္ကာ
"ကေလးေတြကို ဂ႐ုစိုက္ေပးရတာ အရမ္းပင္ပန္းတာဘဲ.. ဒီညေလးတစ္ည ထမင္းေကြၽး႐ုံေလးေတာင္မွ ကြၽန္ေတာ့္မွာ အသက္တစ္ဝက္ေလာက္တိုသြားသလိုဘဲ.. ကြၽန္ေတာ့္အေမ သူတို႔ကို ဘယ္လိုမ်ား ဒီေလာက္ေကာင္းေကာင္းမြန္မြန္ႀကီး ေစာင့္ေရွာက္ေပးခဲ့လဲ မသိေတာ့ဘူး"
ယင္က်င္းရဲ႕က တိုးတိုးေလးရယ္ေမာလာ၏။
႐ုန္ယိကိုယ္က သူ႕ကို တစ္ခ်က္စိုက္ၾကည့္လိုက္ကာ
"ရယ္ရဲေသးတယ္ေပါ့ေလ.. မနက္ျဖန္က်ရင္ တစ္ေန႕လုံး ခင္ဗ်ား သူတို႔ကို ေစာင့္ေရွာက္လိုက္.. အဲ့က်မွ ၿပဳံးနိုင္ေသးလား ၾကည့္ဦးမယ္"
"ကိုယ္သာ သူတို႔ကို တစ္ေန႕လုံး ေစာင့္ေရွာက္မယ္ဆိုရင္.."
ယင္က်င္းရဲ႕က အၿပဳံးေလးနဲ႕ ေျပာလာ၏။
"မရယ္နိုင္ေတာ့တဲ့သူက သူတို႔ေတြ ျဖစ္သြားလိမ့္မယ္"
႐ုန္ယိမွာ မ်က္ေမွာင္ေတြ ၾကဳတ္သြားရ၏။
"ခင္ဗ်ား သူတို႔ကို ရိုက္ထုတ္ပစ္မွာေတာ့ မဟုတ္ပါဘူးေနာ္"
"က်န္းမုကို ေလ့က်င့္ဖို႔ လွ်ို႔ဝွက္နယ္ေျမထဲထည့္ၿပီး.. ေထာင္အာကိုေတာ့ လက္နက္သန့္စင္တာ သင္ယူဖို႔ မိသားစု စာသင္ခန္းကို ပို႔လိုက္မယ္.. စန္စန္ကိုေတာ့ တရားထိုင္ခိုင္းထားလိုက္မယ္.. ေနာက္ဆုံး..."
႐ုန္ယိကိုယ္မွာ အေတာ္ေလးသိခ်င္သြားရသည္။
"ေနာက္ဆုံးတစ္ေယာက္ကိုေရာ ခင္ဗ်ားဘယ္လိုလုပ္မွာလဲ"
"အဲ့မိစ္ဆာကေလးေလးကိုေတာ့ ေျမႀကီးထဲ စိုက္ထားလိုက္မယ္"
႐ုန္ယိကိုယ္မွာ အက်ယ္ႀကီး ေအာ္ရယ္လိုက္မိသည္။
"ခင္ဗ်ား ေတာ္ေတာ္ဆိုးဆိုးဘဲ.. ကေလးကိုေတာင္ ေျမႀကီးထဲ စိုက္ထားဖို႔ စဥ္းစားေနေသးတယ္"
သူေပ်ာ္႐ႊင္စြာ ရယ္ေမာေနတာ ေတြ႕တဲ့အခါ ယင္က်င္းရဲ႕ စိတ္အေျခအေနလည္း အေတာ္ေလးေကာင္းမြန္လာရသည္။
"သူက သာမန္ကေလးမဟုတ္ဘူးေလ.. ၿပီးေတာ့ ဟိုအႀကီးအကဲေတြက က်န္းမုနဲ႕ ေထာင္အာကို သင္ၾကားဖို႔ ပို႔ဖို႔ အႀကံေပးေနၾကတာ"
႐ုန္ယိကိုယ္က ဟမ့္ခနဲ လုပ္လိုက္ကာ
"အဲ့လူေတြက ကိုယ့္ကိစၥကိုေတာင္ ဂ႐ုမစိုက္နိုင္ဘဲနဲ႕မ်ား သူမ်ားကိစၥေတြထဲ လက္ဝင္လွ်ိုေနခ်င္ေသးတယ္"
ထိုအႀကီးအကဲေတြက ႐ုန္ယိ သူတို႔ေခါင္းေတြလိုခ်င္တယ္လို႔ေျပာထားတာကို ျပန္႐ုတ္သိမ္းေပးဖို႔ အလိုရွိေနၾကေပမယ့္လည္း သူကေတာ့ ျပန္႐ုတ္သိမ္းေပးဖို႔ ရည္႐ြယ္ခ်က္မရွိေပ။ ၿပီးေတာ့ သူက ထိုစကားေတြကို ေျပာၿပီးသားျဖစ္ေနတဲ့ဟာ ဘယ္လိုလုပ္ၿပီး ျပန္႐ုတ္သိမ္းလို႔ရပါ့မလဲ..။ လမ္းမွန္က်င့္ႀကံသူေတြ သူ႕အေပၚ ဘယ္လိုထင္ၾကမလဲဆိုတာကို အသာထား.. ထိုတစ္ေဆက်င့္ႀကံသူေတြနဲ႕ တစ္ျခားက်င့္ႀကံသူေတြက အႀကီးအကဲေတြကို သတ္နိုင္ဖို႔အတြက္ အမ်ားႀကီးအားထုတ္ထားခဲ့ၾကတာျဖစ္သည္။ အခုမွ ထိုစကားေတြကို ျပန္႐ုတ္သိမ္းလိုက္မည္ဆိုလွ်င္ သူတု႔ိရဲ႕ အားထုတ္မႈေတြက အလကားဘဲဟု ဆိုလိုလိုက္ျခင္းပင္ မဟုတ္ပါလား။ ထိုအခ်ိန္က်ရင္ အမဲလိုက္ခံရမည့္သူက သူ ႐ုန္ယိ ျဖစ္လာေပလိမ့္မည္။
ယင္က်င္းရဲ႕လည္း ထိုအႀကီးအကဲေတြက သူ႕ကိစၥေတြထဲ ဝင္စြက္ဖက္တာမ်ိဳးကို သေဘာမက်ေပ။
ထိုအခိုက္ အိမ္ေတာ္ထိန္းက အခန္းထဲဝင္ေရာက္လာ၏။
သူ႕ကို ေတြ႕လိုက္တာနဲ႕ ႐ုန္ယိမွာ မေကာင္းတာတစ္ခုခုျဖစ္ေနၿပီလို႔ ခံစားလိုက္ရသည္။ သူက ယင္က်င္းရဲ႕ကို အသံပို႔ကာ ေျပာလိုက္၏။
"သူဒီကို ေရာက္လာတာ ခင္ဗ်ားကို အေရးႀကီးကိစၥလာေျပာတယ္ဆိုတာလို႔ ကြၽန္ေတာ္ေျပာရဲတယ္"
အေရးႀကီးကိစၥရွိတာနဲ႕ အိမ္ေတာ္ထိန္းက ယင္က်င္းရဲ႕ ၿခံဝန္းထဲလာေရာက္ကာ အေၾကာင္းၾကားေပလိမ့္မည္။
အိမ္ေတာ္ထိန္းက သူတို႔ဆီေလွ်ာက္လာကာ တေလးတစားနဲ႕ေျပာလာသည္။
"ႏႈတ္ဆက္ပါတယ္ သခင္ေလး.. သခင္ေလးေရွာင္႐ုန္"
ယင္က်င္းရဲ႕က ပုံမွန္အတိုင္း ေမးလိုက္သည္။
"ဘာကိစၥရွိလို႔လဲ"
"သခင္ႀကီး ျပန္ေရာက္ေနပါၿပီ"
႐ုန္ယိတစ္ေယာက္ ၾကက္ေသေသသြားရ၏။
သူက ခုႏွစ္ႏွစ္ ရွစ္ႏွစ္မွ တစ္ခါ ျပန္လာတာလို႔ ယင္က်င္းရဲ႕ ေျပာခဲ့တာမဟုတ္ဘူးလား.. ဒီတစ္ေခါက္ ဘယ္လိုလုပ္ အေစာႀကီး ျပန္ေရာက္လာတာတုန္း..။
ယင္က်င္းရဲ႕မွာ မ်က္ဝန္းေတြ ေမွးစင္းက်သြား၏။
"ငါသိၿပီ"
အိမ္ေတာ္ထိန္းက ထပ္ေျပာလာသည္။
"သခင္ႀကီးက သခင္ေလးရယ္ သခင္ေလး႐ုန္ရယ္နဲ႕ သခင္ငယ္ေလးေတြကို ေတြ႕ခ်င္ေနပါတယ္"
႐ုန္ယိကိုယ္မွာ ယင္က်င္းရဲ႕ကို လွမ္းမၾကည့္ဘဲ မေနနိုင္ေတာ့။
"အခုလား"
ယင္က်င္းရဲ႕ ျပန္ေမးလိုက္သည္။
"ဟုတ္ပါတယ္.. သခင္ႀကီးနဲ႕ သခင္မႀကီးတို႔က အခု ခန္းမထဲမွာ သခင္ေလးတို႔ကို ေစာင့္ဆိုင္းေနပါတယ္"
"ခဏေန လာခဲ့မယ္"
အိမ္ေတာ္ထိန္း ထြက္သြားတာနဲ႕ ႐ုန္ယိကိုယ္က ေမးလိုက္သည္။
"ခင္ဗ်ားအေဖ ႐ုတ္တရက္ႀကီး ျပန္ေရာက္လာတာ အဲ့အႀကီးအကဲေတြေၾကာင့္လား"
ယင္က်င္းရဲ႕က မတ္တပ္ထရပ္ကာ
"ကိုယ္ အေျခအေနအရင္သြားၾကည့္လိုက္မယ္ .. မင္းက ႐ုန္ယိကို သြားျပင္ဆင္ခိုင္းထားလိုက္"
##
double update 🎉
tempo ျမင့္တဲ့အခန္းေတြလာပါၿပီ
ဒီအခန္းေတြၿပီးရင္ တစ္သားတည္းျဖစ္သြားတဲ့ ႐ုန္ယိအသြက္ကေလးကို ေတြ႕ရေတာ့မွာ
ယင္က်င္းရဲ႕ အေဖကေတာ့ ဒီ novel ထဲ ၾကည့္မရဆုံးသူဘဲ >^<
အားလုံးဘဲ GOOD NIGHT ပါရွင္ 🖤🍀🖤
***********
29.8.2022