(Unicode)
အချစ်တွေကနေ အမုန်းတွေစီကူးပြောင်းသွားခဲ့ရပြီ။ခက်ခဲကြမ်းတမ်းလွန်းတဲ့ ကံတရား။
ချစ်နေလျက်နဲ့ဝေးရသူတွေလည်းရှိခဲ့သလို။
မုန်းနေလျက်နဲ့အတူနေခွင့်ရသူတွေလည်းရှိကြသည်။
မတည်မြဲတဲ့ဒီလောကကြီးထဲ နှင်းဆီငယ်လေးကိုချစ်တဲ့အချစ်တွေကတော့တည်မြဲနေစဲပါ။
မောင်ချစ်တဲ့ ပန်းကလေးနာမည်က နှင်းဆီတဲ့။
_____________
မွေးစားမိဘတွေရဲ့ သေတမ်းစာအရ ရှယ်ယာအချို့နှင့်အတူအိမ်ကြီးရဲ့ပိုင်ဆိုင်မှုကို Taehyung နာမည်နဲ့လွှဲပြောင်းပေး
ထားခဲ့သည်။
Jungkook ကိုတော့ ကုမ္ပဏီနှင့်အခြားပိုင်ဆိုင်မှုတွေကို လွှဲပေးထားလေသည်။
မိသားစုရှေ့နေ့မှ Taehyung ကိုလွှဲပြောင်းပေးကြောင်း လက်မှတ်ထိုးစေခဲ့သည်။
နေ့တိုင်းမနက်ကတည်းကအပြင်ကိုထွက်ထွက်သွားတတ်သည့်အပြင် ညလယ်ခေါင်ကျမှပြန်လာတတ်တော့သည်။
ကျနော့်အနားလုံးဝလည်း မလာတော့သလို
ဦးငယ်အရမ်းပြောင်းလဲသွားသည်။
စကားလည်း လိုအပ်မှသာပြောသည်။
Yoongi နဲ့သွားတွေ့ပြီးပြန်လာကတည်းက
ဘာလိုဖြစ်သွားမှန်းကိုမသိချေ။
အပြင်သွားမယ်ဆိုလည်း ငါသွားပြီဆိုတာသာပြောသည်။ဘယ်ကိုသွားတယ်ဆိုတာကိုမပြော။
ဖုန်းခေါ်ရင်လည်း မကိုင်။
ညမိုးချုပ်မှပြန်လာတတ်တော့ ကျနော်စိတ်ပူရသည်။
နေကောင်းခါစပဲရှိနေသေးသည်ကို အခုလိုတွေနေနေတာကိုတော့ ကျနော်စိတ်ထဲဘဝင်မကျချေ။
ဦးငယ်က အပြင်သွားရုံတင်မဟုတ်။
အရက်တွေပါသောက်တတ်လာတော့ ရတက်မအေးရ။
ကားကိုကိုယ်တိုင်မောင်းသည့်အပြင် အခုဆို ဦးငယ်မှာ ကလပ်ကသူငယ်ချင်းတွေပါရနေပြီလေ။
ကျနော်ဦးငယ် သူငယ်ချင်းရတာကိုတော့ကြိုက်ပါသည်။
ဒါပေမဲ့ ကလပ်ကဆိုတော့ စိတ်ပူပြန်သည်။
စာကြည့်ခန်းထဲ စာရင်းတွေစစ်နေသည့်
Jungkook လက်ပတ်နာရီလေးတစ်ကြည့်ကြည့်နှင့်ပင်။
ဆယ်တစ်နာရီရှိနေပြီ ဦးငယ်ပြန်မလာသေး။
ဒီနေ့လည်း နောက်ကျအုံးမယ်ထင်တယ်။
ခြံထဲကားဝင်သံကြားတော့ Jungkook မျက်နှာလေးက ပြုံးသွားကာစာကြည့်ခန်းထဲကနေအမြန်ပြေးထွက်လေသည်။
အိမ်အပြင်ထွက်တာနှင့် ဦးငယ်ကားလေးကိုတွေ့လိုက်ရသည်။
သို့သော်ကားထဲမှသူမှာ မိန်းကလေးတစ်ဦးဖြစ်နေသည်။
ဦးငယ်လည်းမပါလာ။
အနားကိုခပ်မြန်မြန်သွားလိုက်ရင်း ကားတံခါးကိုဆွဲဖွင့်မည်လုပ်တော့ အထဲမှအမျိုးသမီးက
တွန်းဖွင့်လေသည်။
မျက်နှာကိုသေချာမမြင်ရပေ။
" မင်းဘယ်သူလဲ...ဘယ်ကလဲ...ငါ့ဦးငယ်ကားကိုဘာလို့မောင်းလာတာလဲ..."
ဆံနွယ်တွေကို အနောက်သို့ သပ်လိုက်ရင်း...
" သေချာကြည့်ပါအုံး...ငါ့ကိုတောင်မမှတ်မိတော့ဘူးလား..."
အသံလေးကြားမှ သူ့ရင်ထဲထိတ်ခနဲဖြစ်သွားရသည်။
နက်မှောင်နေသည့်ဆံနွယ်ရှည်တွေက ခါးအထိရှိနေသည်။
ရင်ဟိုက် ဖဲနီညိုကြိုးတစ်လုံးအင်္ကျီနဲ့အတူပေါင်တိုစကပ်အနီညိုရောင်တို့ကိုဝတ်ဆင်ထားသည်။
ဒေါက်ဖိနပ်ရှူးအနက်ရောင်ဝတ်ထားသေးသည်။
နှုတ်ခမ်းနီအနီတို့ကို ဆိုးထားသည့်အပြင် မိတ်ကပ်ခြယ်သထားသည်။
လှပလွန်းသည့် အမျိုးသမီးဟုထင်မှတ်နေသည်ကတခြားသူပင်မဟုတ်ခဲ့။
" ဦး...ဦးငယ်..."
" မှတ်မိပြီပေါ့..."
" ဘာတွေဝတ်ထားတာလဲ...ဦးငယ် ဘာတွေလျှောက်လုပ်နေတာလဲ..."
" ငါမလှဘူးလား Jungkook..."
" ဦးငယ်!!..."
" အိုး...ဒေါသတွေဖြစ်နေတာပဲ...ငါကတော့ ဒီလိုဝတ်စားလာရင် မင်းအရမ်းကိုသဘောကျမယ်ထင်ထားတာ..."
"လာခဲ့စမ်း!..."
Jungkook Taehyung ကိုလက်ကောက်ဝတ်ကနေဆွဲကာအိမ်ထဲခေါ်သွားလေသည်။
ဦးငယ်ရယ်ရင်းနဲ့ပါလာသည်။
မိန်းကလေးတစ်ယောက်လိုဝတ်ဆင်ထားသည့်အပြင် အရက်တွေပါမူးနေသည်။
လုပ်ချင်ရာလျှောက်လုပ်နေတာကို လွှတ်ထားပေးမိတာ။အခုတော့ ဆိုးလာလေပြီ။
" ချွတ်!...အဲ့အဝတ်အစားတွေအကုန်ချွတ်ပစ်စမ်း!..."
Jungkook အိပ်ခန်းထဲခေါ်လာရင်း ဗီဒိုကို ဆွဲဖွင့်ကာ Taehyung အတွက်အဝတ်အစားတွေကိုထုတ်ပေးလေသည်။
" ငါမင်းနဲ့အိပ်ချင်တယ်... အတူနေချင်တယ်...
အဲ့တာကြောင့်ပိုက်ဆံအကုန်ခံပြီး အခုလိုဝတ်လာတာလေ...ဘာလို့ ချွတ်ခိုင်းနေတာလဲ..."
" ဦးငယ်...ဘာစကားတွေပြောနေတာလဲ...
အရက်တွေအရမ်းမူးနေပြီ...အဝတ်အစားတွေလဲပြီး အိပ်လိုက်တော့ မနက်ရောက်မှအခုကိစ္စကိုစကားပြောကြမယ်..."
အနောက်ကနေသိုင်းဖက်ခံလိုက်ရသည်။
လက်သွယ်သွယ်လေးတွေက ကျနော့်ရင်ဘတ်ပေါ် ပွတ်သပ်နေသည်။
" မင်းနဲ့အတူအိပ်ချင်လို့ငါအခုလိုဝတ်လာတာလေ... မင်းမိန်းကလေးတွေကိုသဘောကျတယ်မဟုတ်လား..."
" တော်လိုက်တော့ ဦးငယ်!...မောင့်ကိုကျန်တာအကုန် အရွဲ့တိုက်လို့ရတယ်...အခုလိုပုံစံမျိုးတော့ မလုပ်နဲ့ မောင်မကြိုက်ဘူး..."
ရယ်သံလေးက အိပ်ခန်းအတွင်းပျံ့လွှင့်သွားသည်။
ဦးငယ်အခုလိုတွေလျှောက်လုပ်နေတာကျနော့်ကို
ရင်နာစေတယ်။
" တော်ပါတော့...တော်ပါတော့ ဦးငယ်ရယ်...မောင်အပြစ်တွေကို မောင်သိပါတယ်..."
Taehyung ဘက်လှည့်ကာ မျက်နှာချင်းဆိုင်လိုက်တော့ သူ့နှုတ်ခမ်းတွေကို စတင်နမ်းရှိုက်လာသည်။
အင်္ကျီကော်လံစကိုဆွဲရင်း ကုတင်ပေါ် လှဲချလိုက်သည်။
" ငါနဲ့အတူနေပေး..."
" ဦးငယ်..."
ကျနော့်အပေါ်ကနေခွထိုင်ကာ လည်တိုင်တွေကို စတင်နမ်းရှိုက်လေသည်။
နှုတ်ခမ်းနီရာတွေက လည်တိုင်ထက်နေရာယူကုန်သည်။
" ဦးငယ် စိတ်ထိန်းစမ်း!...ဘယ်လိုဖြစ်နေရတာလဲဗျာ..."
ပခုံးနှစ်ဖက်ကို ကိုင်ရင်း ဆွဲခွာလိုက်ရသည်။
ရီဝေဝေမျက်ဝန်းတွေနဲ့အတူ နှုတ်ခမ်းမှ နှုတ်ခမ်းနီရဲရဲတွေ။
" ငါ Miya နဲ့တူတယ်မဟုတ်လား...မင်းစိတ်မကြွလာဘူးလား...သူမနဲ့တူအောင်ငါမနည်းပြင်လာရတာ...မင်းနည်းနည်းလေးတောင် ငါ့ကို
ပြန်မနမ်းချင်ဘူးလား..."
" ဖယ်...ဖယ်စမ်း...မောင့်ကို အရွဲ့တိုက်နေတာတွေက တော်ရုံပဲကောင်းတယ် ဦးငယ်! ..
ဒီအဝတ်အစားတွေအခုချက်ချင်းလဲပစ်!!..."
ကြိုးတစ်လုံး အင်္ကျီကြိုးလေးက ညာဖက်ပခုံးကနေ လျောကျနေသည်။
ပေါင်တိုစကပ်လေးကြောင့် ပေါင်တံသွယ်လေးတွေကို အရှင်းသားမြင်နေရသည်။
သူ့ရဲ့လက်လေးနှစ်ဖက်က Jungkook ရင်ဘက်ကိုထောက်ထားသည်။
မဲ့ပြုံးတို့ဖြစ်တည်သွားသည်။
အနားကိုကပ်သွားကာ နှုတ်ခမ်းကိုထိကပ်နမ်းကာ...
"မောင်..."
သွေးကြောထဲမှသွေးတွေပြောင်းပြန်စီးဆင်းသွားရသည်။
မောင်ဆိုတဲ့ ခေါ်သံလေးကို ပြန်ကြားခဲ့ရပြီ။
ပျော်ရွှင်နေရမဲ့အစား ကျနော်နာကျင်ရသည်။
ကျနော့်အရှေ့မှာ ရှိနေသည့် ဦးငယ်က မိန်းကလေးလိုဝတ်ဆင်ထားသည်က ပိုနာကျင်ရသည်။
"သူမခေါ်ပေးသလိုမျိုး ခေါ်ပေးမယ်လေ...
ငါနဲ့အတူအိပ်ပေးစမ်းပါ မောင်... "
" ဦးငယ်!..."
" ဒီညငါ့ကို ဦးငယ်အနေနဲ့မဟုတ်ဘဲ Miya အနေနဲ့မြင်ပြီး နေပေးစမ်းပါ...မင်းအရင်ကလည်း သူမနဲ့အကြိမ်ကြိမ်အိပ်ခဲ့တယ်မဟုတ်လား..."
နှလုံးသားလေးကို အကြိမ်ကြိမ်နာကျင်စေတာထက်ပိုခဲ့သည့် ထိုစကားလုံးတွေ။
" မောင့်ကို အဲ့လိုအပြစ်မျိုးမပေးပါနဲ့ ဦးငယ်...
မောင်တကယ်ကို တောင်းပန်ပါတယ်...မောင်အရမ်းကိုမှားခဲ့မိတယ်ဆိုတာ သိပါတယ်..."
ဖြန်း!...
Taehyung Jungkook ပါးပြင်ကိုအားနဲ့လွှဲကာရိုက်လိုက်သည်။
" ဘာလို့လဲ...ဘာလို့တောင်းပန်စကားတွေအကြိမ်ကြိမ်ပြောပြီး ငါ့အပေါ်ရက်စက်ရတာလဲ! ... မင်းကိုငါအရမ်းချစ်ခဲ့တာလေ!...ငါ့အချစ်တွေကို မင်းဘာလို့ တန်ဖိုးမထားရတာလဲ!...
မင်းလိုချင်သမျှ အကုန်ဖြည့်စည်းပေးခဲ့တာလေ!..."
" ...."
" ငါမင်းကို အရမ်း...အရမ်း...အရမ်း....ချစ်ခဲ့တာ...မင်းမို့လို့ ငါ့ကိုလုပ်ရက်တယ်!...အပြင်မှာ ဖောက်ပြန်နေတာတောင် ငါသိရက်နဲ့လွှတ်ပေးခဲ့တဲ့အထိကို ငါမင်းကိုချစ်ခဲ့တာပါကွာ..."
ကျနော့်ရင်ဘတ်ကိုထုရိုက်ရင်း ဦးငယ်ငိုနေသည်။
တကယ်ကို နာကျင်စေတဲ့ စကားလုံးတွေပင်။
ဦးငယ်ဒီလိုစကားမျိုးတွေ ပြောတိုင်း ကျနော့်နှုတ်ခမ်းတွေက ဖွင့်ဟမရခဲ့။အာစေးမိနေသလိုပင်။
ကျနော် ဦးငယ်ကိုချစ်ပါသည်။ဘယ်တုန်းကမှအချစ်မလျော့သွားခဲ့။
" ငါမင်း...ငါမင်းအတွက် ကလေးမွေးဖို့အထိ စဥ်းစားခဲ့တာ...မင်းသွေးသားကိုငါဝမ်းနဲ့လွယ်ပြီး မွေးဖို့အထိစဥ်းစားပေးခဲ့တာ...ငါမင်းကို အရမ်းချစ်လွန်းလို့လေ!!..."
Jungkook မျက်လုံးလေးပင်ဝိုင်းစက်သွားသည်။
သူ့အတွက် တကယ်လည်း ကလေးမွေးပေးဖို့အထိ Taehyung စဥ်းစားခဲ့သည်ပင်။
ဘယ်သူမှမသိအောင် တိတ်တိတ်လေးစီစဥ်ပေးဖို့အထိကို သူပြင်ဆင်ထားခဲ့သည်။
" ဦး...ဦးငယ်..."
"ငါအဲ့နေ့ကအိမ်ပြန်လာတဲ့အချိန် ဧည့်ခန်းထဲမှ မင်းနဲ့မင်းဟာမက ဖြစ်ချင်တိုင်းဖြစ်နေတယ်!...
ငါသာ ပြန်မလာမိရင် ငါ့အခန်းထဲထိမင်းအဲ့ဟာမကိုဆွဲသွင်းပြီး မင်းအခုအိပ်နေတဲ့ဒီကုတင်ပေါ်မှာ အညစ်အကြေးတွေစွန်းထင်းအောင်လုပ်အုံးမှာ!!! ..."
ဒေါသတွေနာကျည်းချက်တွေနဲ့အတူ Taehyung Jungkook ရင်ဘတ်ကိုလက်ညိုးထိုးကာပြောနေသည်။
" မောင်မှားခဲ့ပါတယ်...တောင်းပန်ပါတယ် ဆိုတာသာမောင်မှာပြောခွင့်ပဲရှိနေတာ...ဦးငယ်ရယ်...မောင်အခု ပြောင်းလဲနေပါပြီး ကျေးဇူးပြုပြီးမရက်စက်ပါနဲ့ဗျာ...မောင်အရမ်းနာကျင်ရတယ်..."
" နာကျင်တယ်?...အဟက်!...မင်းဒီထက်နာကျင်နေရအုံးမှာ...ငါနဲ့အတူနေချင်သတယ်မဟုတ်လား...မင်းတစ်ဘဝလုံးနာကျင်နေရမယ်...ငါနဲ့ပတ်သတ်နေသမျှတစ်လျှောက်လုံး မင်းနှလုံးသားက အမြဲငိုကြွေးနေရမယ်!..."
"မောင့်ကိုနည်းလမ်းမျိုးစုံနဲ့ နာကျင်အောင်လုပ်ချင်တယ်ဆိုလည်း ရပါတယ်...ဦးငယ်အဲ့လိုလုပ်မှ ကျေနပ်မယ်ဆိုလည်း မောင်အပြုံးတစ်ချက်မပျက်ဘဲ နေပါ့မယ်...ဦးငယ်သာ မောင့်အနားအမြဲရှိနေပေးပါ..."
" ရှိနေမှာ...မင်းနာကျင်နေတာကိုငါအရသာခံပြီး
ကြည့်နေမှာ...မင်းနှလုံးသား ငိုကြွေးသံကိုလည်း ငါနားထောင်ပြီး ဟားတိုက်နေမှာ...မင်း ငါ့ကို ချစ်တယ်ပြောတိုင်းလည်း ငါကလှောင်ရယ်နေမှာ...
ဘာလို့ဆို မင်းရဲ့အပြုအမူတွေအကုန်လုံးက ငါ့အတွက် အပေါစားဆန်ပြီး အောက်တန်းကျနေလို့ပဲ..."
မျက်ရည်တွေနဲ့Jungkook ပြုံးလိုက်သည်။Taehyung ပါးပြင်လေးနှစ်ဖက်က မျက်ရည်စီးကြောင်းလေးတွေကို ခပ်ဖွဖွလေး ဖိသုတ်ပေးသည်။
နာကျင်လည်းမောင့်အရှေ့မှာ ဦးငယ်ရှိနေတယ်လေ။
မောင်ကျေနပ်ပါပြီ။
" မငိုပါနဲ့ ဦးငယ်...အိပ်လိုက်တော့နော်...မောင်
အမှားတွေနဲ့ဦးငယ် နာကျင်မနေပါနဲ့... မျက်ရည်မကျလိုက်ပါနဲ့..."
ဖြန်း!...
လက်သွယ်သွယ်လေးက ကျနော့်ပါးကိုထိရိုက်ပြန်လေသည်။
မနာကျင်ရပါ။ဦးငယ်ရဲ့အရိုက်ခံရတာက စကားလုံးထိုးနှက်ချက်တွေထက်စာရင် မနာကျင်ရ။
"မောင့်နှင်းဆီငယ်... ချစ်တယ်...အပေါစားဆန်တယ်ထင်လည်းထင်ပါစေတော့...မောင် နှင်းဆီငယ်လေးကို အရမ်းချစ်ရပါ၏..."
" မင်း...မင်းဘာကြောင့်ငါ့အပေါ်လုပ်ရက်တာလဲ...အဲ့အဖြေကိုဖြေပေး!...ငါရူးမတတ်နာကျင်ခဲ့ရတယ်!...ငါမင်းစီက အဖြေကိုကြားချင်တယ်!...
ဖြေပေး!...ဘာလို့ မင်းငါ့အပေါ်ရက်စက်ရတာလဲ..."
ကျနော့်ဆံပင်အရှည်အတုလေးကို ဆွဲချွတ်လေသည်။
ပွနေသည့် ဆံနွယ်လေးတွေကို လက်ဖြင့်ပွတ်သပ်ပေးသည်။
သူကျနော့်ကိုပြုံးကြည့်နေသည်။
မျက်ဝန်းတွေကနာကျင်နေတယ်။
" မောင့်မှာ အဖြေဆိုလို့ စိတ်ကစားမိတယ် ဆိုတာပဲရှိတယ် ဦးငယ်...အဲ့အဖြေကို ဦးငယ်သဘောမကျဘူး မဟုတ်လား..."
" ငါ့ကလေးလေးက အရမ်းဖြူစင်တာ...အရမ်းကို နူးညံ့တာ...ငါ့ကလေးငယ်လေးက အပြုံးလေးတွေကအစ ငါ့ရင်ကိုငြိမ်းချမ်းစေတာ...
ဦးငယ်လို့ခေါ်တိုင်း ငါ့ပင်ပန်းမှုတွေကို လျော့စေခဲ့တာ...ဘာလို့ အဲ့လိုဖြူစင်တဲ့ ကလေးငယ်ကို မင်းအပြီးဖျောက်ပစ်လိုက်ရတာလဲ..."
" မောင်က ဦးငယ်ရဲ့ကလေးငယ်ပါပဲ...အမြဲတမ်းအတွက်ပေါ့...ဘာမှမပြောင်းလဲသွားခဲ့ပါဘူး ဦးငယ်... အခုလက်ရှိ မောင့်ကိုမုန်းချင်မုန်းလိုက်ပါ...ဒါပေမဲ့... "
Taehyung Jungkook မျက်နှာလေးကိုထိကိုင်လိုက်သည်။
" ရင်ထဲအသည်းထဲကနေ ဦးငယ်မြတ်နိုးနေခဲ့တာက မောင်ပါ...ဒါပေမဲ့ အခုချိန်မှာတော့ မောင့်ကို
ဦးငယ် မုန်းလည်းမုန်းခဲ့..."
" ချစ်နေတယ်လို့ပြောပေးပါဦးငယ်...မောင့်ကိုချစ်နေပေးပါ...မောင့်ကိုမချစ်ရင်တောင်...ဦးငယ်ရဲ့ ကလေးလေး Jeon Jungkook လေးကိုတော့ ချစ်နေပေးပါ..."
"ချစ်လားမေးရင်လည်းဦးငယ် မောင့်ကို မချစ်တော့ဘူး...ကလေးငယ် Jungkook ကိုလည်း
ဦးငယ်နည်းနည်းလေးမှမချစ်တော့ဘူး...
ဦးငယ်နှလုံးသားထဲ နေရာအပြီးယူသွားတဲ့သူက Min ဖြစ်နေခဲ့ပြီ..."
" ဦးငယ်~..."
ကျနော့်လက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ကာတဖွဖွနမ်းလေသည်။
" ချစ်နေပေးပါ...အများကြီးမဟုတ်ရင်တောင်...
နှလုံးသားထဲမောင်ရှိမနေတော့ရင်တောင် ဦးနှောက်ကနေ ချစ်နေသေးတယ်လို့ မှတ်ပေးပါ..."
" မောင်...ဦးငယ်လေ...မောင့်ကို မုန်းလည်းမမုန်းတော့သလို ချစ်လည်းမချစ်တော့ဘူး...ဦးငယ်
နှလုံးသားထဲ မောင်ဆိုတဲ့သူရော Jeon Jungkook ဆိုတဲ့ ကလေးငယ်အတွက်ရော...
ဘာခံစားချက်မှရှိမနေတော့ဘူး... "
" ရင်တွေနာလိုက်တာ...ဦးငယ်အတွက်
မောင်က အသက်ရှိနေပေမဲ့ ပျောက်ကွယ်နေပြီပဲ..."
" ဦးငယ် မောင့်ကို ချစ်ခဲ့လားမေးရင်တော့
ရူးမတတ်ချစ်ခဲ့ရပါတယ် မောင်... အဲ့တစ်ခုပဲမှတ်ထားပေးပါ...ချစ်လားလို့မေးမဲ့အစား ချစ်ခဲ့လားလို့ပဲမေးပေးပါ မောင်... "
Jungkook ရူးမတတ်နာကျင်ရပြီ။
ငိုလွန်းလို့ နားထင်ကြောတွေပင် ထောင်နေသည်။
Taehyung လက်လေးကို နမ်းရင်းနဲ့ပင်။
" မောင့်ကိုချစ်ခဲ့လား ဦးငယ်... "
နာကျင်စွာမေးလိုက်မိသည်။
" သိပ်ကို ချစ်ခဲ့ရပါတယ် မောင်..."
ကျနော့်ရင်ခွင်ထဲတိုးဝင်ကာ ခါးတွေကိုဖက်တွယ်ရင်း မောင်အရမ်းကိုငိုနေခဲ့သည်။
" ဒီရင်ခွင်က မောင့်အတွက်ရှိနေတာပါ...မချစ်တော့ပေမဲ့ မောင်နားခိုနိုင်ပါတယ်..."
Jungkook သူ့လက်ထဲက နှင်းဆီငယ်လေးရနံ့ကို နမ်းရှိုက်မိသည်။
အရင်ရနေကျအနံ့တွေမရှိချေ။ မိန်းကလေးရေမွှေးတွေကြောင့်ပင်။
ဦးငယ် အရမ်းရက်စက်ခဲ့ပြီ။
အခု မိန်းကလေးလိုဝတ်စားထားသည့်အပြင်
Miya ရဲ့ရေမွှေးအနံ့တွေကိုပါ ဆွတ်ထားလေသည်။
" အဝတ်အစားတွေချွတ်ပစ်ပေးပါ...ဦးငယ်...
မောင် ချစ်တဲ့သူဟာ အမျိုးသမီးတစ်ယောက်မဟုတ်ဘူး...ဦးငယ်ဆိုတဲ့ အမျိုးသားလေးဖြစ်နေတာပါ..."
" ဒါပေမဲ့ မောင်က ဒီနှုတ်ခမ်းနီရဲရဲတွေနဲ့အတူ အမျိုးသမီးတစ်ယောက်ပေါ် စိတ်ယိုင်ခဲ့တယ်မဟုတ်လား...."
" မောင့်အမှားတွေကို ဦးငယ်ပေးတဲ့ပြစ်ဒဏ်တွေထဲ အခုပြစ်ဒဏ်က အနာကျင်ရဆုံးပဲ...အကျည်းတန်ရလွန်းတယ်..."
Jungkook Taehyung အဝတ်အစားတွေကို
သူ့လက်နဲ့ ကိုယ်တိုင်ဆွဲချွတ်တော့သည်။
ငိုကြွေးရင်းနဲ့ပင်။
နှုတ်ခမ်းမှနှုတ်ခမ်းနီတွေကို လက်မဖြင့်ပွတ်ဆွဲ
ကာဖျက်ပစ်နေသည်။
မုန်းတယ်။ကျနော့်ကိုယ့်ကိုကိုယ်အရမ်းမုန်းတယ်။
ဦးငယ်စိတ်ထဲ ကျနော်မိန်းကလေးတွေအပေါ်သာစိတ်ယိုင်နေတယ်လို့ထင်နေတာကို အရမ်းမုန်းသည်။
ချစ်တယ်မပြောသလို မုန်းတယ်လို့လည်း မပြောခဲ့။ခံစားချက်တစ်စုံတရာမှရှိမနေတော့သည့် ဦးငယ်။
အဲ့တာတွေအစား မောင့်ကိုမုန်းတယ်လို့သာပြောလိုက်ပါလား။အရမ်းကို ခံပြင်းလွန်းသည်။
" သိမ်းပိုက်ပါရစေ...နှင်းဆီငယ်..."
" ဒီခန္ဓာကိုယ်က မောင့်အပိုင်လေ...နှလုံးသားလေးကလွှဲလို့ပေါ့...မောင့်ဆန္ဒရှိတဲ့အချိန်တိုင်း
နင်းခြေပါ...အရင်တုန်းကလိုပေါ့..."
ကျနော့်နှင်းဆီငယ်လေးရဲ့ စကားလုံးတွေကအထိနာစေသည်။
ဝဋ်လည်ခဲ့ပြီ။ကျနော်ပြုသမျှအကုန်ကျနော့်ထံပြန်လာလေပြီ။
Taehyung ကိုယ်ခန္ဓာလေးကို တယုတယသိမ်းပိုက်မိနေသည့် Jungkook ငိုကြွေးနေရင်းပင်။
" မောင်~..."
ကျနော့် ပါးပြင်ကို နမ်းလေသည်။
" မောင့်လိုပြန်ခေါ်ပါရစေ...အဲနာမ်စားက မင်းနဲ့အလိုက်ဖက်ဆုံးပါ...ဘာလို့ဆို အပေါ စားဆန်လွန်းနေတယ်လေ...မင်းကို အရင်ကတခြားမိန်းကလေးကလည်း ခေါ်ခဲ့ဖူးတယ်မဟုတ်လား..."
" ဦးငယ်ရယ်..."
ကျနော်ရင်ဘတ်ပေါ် ခေါင်းလေးမှီချကာ ငိုကြွေးပြန်လေသည်။
မောင်နာကျင်ရမှာပါ။အမြဲတမ်းအတွက်ပါ။
" မောင်လို့ ခေါ်တိုင်း မင်းနှလုံးသား ငိုကြွေးနေရမယ်..."
" ငိုကြွေးရလည်းဖြစ်ပါတယ်...ဦးငယ် နှုတ်ခမ်းက မောင်လို့ခေါ်သံက မောင့်အတွက် အရမ်းကိုအဖိုးတန်စေတာမို့လို့ပါ..."
ညတာကရှည်လွန်းသည်။
မောင်သည်လည်း ငိုကြွေးရင်းနှင်းဆီငယ်ရဲ့ရနံ့ကိုနမ်းရှိုက်လေသည်။
ပင်လယ်ပမာ မျက်ရည်စက်တွေကတော့ သူတို့
နှစ်ဦးလုံးစီကပင်။
မောင့်အပေါ်အချစ်မရှိတော့တဲ့ နှင်းဆီငယ်။
သူ့ရနံ့ကြောင့် မောင်နာကျင်ရမည်။အမြဲတမ်းအတွက်ပေါ့။
_________
Nora Rosalia
Vote Plz
29.8.2022
>>>>>>>>
(Zawgyi)
_____________
ထားခဲ့သည်။
ဦးငယ်လည်းမပါလာ။
တွန်းဖွင့်လေသည်။
" ဦး...ဦးငယ်..."
" မှတ်မိပြီပေါ့..."
" ငါမလှဘူးလား Jungkook..."
" ဦးငယ်!!..."
"လာခဲ့စမ်း!..."
ရင်နာစေတယ်။
" ငါနဲ့အတူနေပေး..."
" ဦးငယ်..."
ပြန်မနမ်းချင်ဘူးလား..."
"မောင်..."
" ဦးငယ်!..."
ဖြန်း!...
" ...."
" ဦး...ဦးငယ်..."
မောင်ကျေနပ်ပါပြီ။
ဖြန်း!...
" ဦးငယ်~..."
ငိုကြွေးရင်းနဲ့ပင်။
ကာဖျက်ပစ်နေသည်။
" မောင်~..."
" ဦးငယ်ရယ်..."
မောင်နာကျင်ရမှာပါ။အမြဲတမ်းအတွက်ပါ။
ညတာကရှည်လွန်းသည်။
နှစ်ဦးလုံးစီကပင်။
_________
Nora Rosalia
Vote Plz
29.8.2022