Uni
လွန်ခဲ့သော တစ်လခန့်ကဖြစ်သည်။
၉လပိုင်း ၁၂ရက်နေ့ မနက် ၈နာရီ ၃၂မိနစ်
နံနက်စောစောတွင်ဖြစ်သည်
မျိုးခေတ် သူ့ဘေးမှာအခုထိအိပ်ပျော်နေဆဲဖြစ်တဲ့ ကိုကို့ကိုကြည့်နေမိသည်....
အခုထိမထသေးတဲ့ ကိုကို့ကိုစချင်တာကြောင့် ကိုကို့ရဲ့နား အနားကိုတိုးကပ်ကာလေမှုတ်လိုက်သည်...
ကိုကို ကအိပ်ချင်မူးတူးအသံဖြင့်နိုးလာပြီးနောက်စောင်ပုံထဲပြန်ဝင်ကာအိပ်သွားတော့သည်....
"အင်းးးးး အိပ်ချင်သေးတယ်...."
"အဟက်...."
ကိုကို့ရဲ့ချစ်စရာပုံလေးကြောင့်
မျိုးခေတ် တစ်ချက်ရယ်လိုက်ပြီးနောက်ဖုန်းရဲ့ကင်မရာကိုဖွင့်ကာကုတင်ဘေးရှိPhone standပေါ်တင်လိုက်သည်...ပြီးတာနဲ့ကိုကို့ကိုဖက်လိုက်ကာ...
"ကိုကို...မောင့်ချစ်သော...."
"ဘာလဲ....:"
လင်းစက် သူ့ကိုအတင်းနှိုးနေတဲ့မောင်ကြောင့်ဒေါသထွက်စွာစောင်ကိုဖယ်လို့ပြန်ထူးမိသည်....
ဒါပေမယ့်မောင့်လက်ထဲကတစ်စုံတစ်ခုကိုမြင်လိုက်တဲ့အခါမှာတော့သူ့မျက်နှာမှာထိန်းမရအောင်အပြုံးတို့ဖြစ်ထွန်းလာရတော့သည်
ဒါပေမယ့်ပြုံးစိစိဖြစ်နေမယ့်သူ့မျက်နှာကိုပြန်ထိန်းလိုက်ကာ...
"အဟမ်း...ဘာလဲမောင်...."
မျိုးခေတ်သူ့လက်ထဲကလက်စွပ်ဘူးကိုတွေ့တာနဲ့လေသံပါပြောင်းသွားတဲ့သူကြောင့်သူအသံထွက်ရယ်လိုက်သည်...
"အဟား... ကိုကိုရာလေသံတွေတောင်ပြောင်းလို့...."
"အဲ့ဒါဘာလုပ်ဖို့လဲ...."
"လက်ထပ်ကြရအောင်....."
"ဟမ်....ဘာပြောလိုက်တာ "
"မောင်တို့လက်ထပ်ကြရအောင်လို့...."
"သေချာမကြားလိုက်လို့ဘာပြောတာ...."
မျိုးခေတ် သူ့ကိုစနေတဲ့ ကိုကို့ ကြောင့်သူလည်းပြန်စဖို့တွေးလိုက်သည်....
"ဘာမှမဟုတ်တော့ဘူးကိုကို...မကြားရင်လည်းမကြားသလိုထားလိုက်တော့...."
"ဟမ်...အဲ့လို...."
လင်းစက် တစ်ဖက်လှည့်လို့မောင့်ကိုစနေမိတုန်းမောင်ပြောလိုက်တဲ့စကားကြောင့်မောင့်ဘက်ကိုပြန်လှည့်လိုက်တော့သူ့အပေါ်အုပ်မိုးနေတဲ့မောင့်ရဲ့နှုတ်ခမ်းနဲ့ထိကပ်သွားရတော့သည်....
"အခုရောသေချာကြားရပြီလား...."
"အင်း...ကြားရပြီ..."
"အဲ့တာဆိုရင်...အဖြေက....."
လင်းစက် မောင့်ရင်ခွင်ထဲကရုန်းထွက်ကာထထိုင်လိုက်ပြီး.....
"တကယ်လို့ ကိုကိုကအိုခေလို့ပြောရင်မောင်ကအခုကနေစပြီးကိုကို့ ကိုတစ်သက်လုံးချစ်ပေးသွားမှာလား....."
"အင်းးးးး အများဆုံးနှစ်ရက်ပေါ့...."
လင်းစက် မောင့်ရဲ့အပြောကြောင့်စိတ်ဆိုးသလိုနှုတ်ခမ်းဆူမိသည်....
"အဲ့တာကဘာကိုပြောချင်တာလဲ...."
မျိုးခေတ်သူစလိုက်တာကိုနှုတ်ခမ်းဆူနေတဲ့ကိုကို့ကြောင့်တစ်ချက်ရယ်လိုက်ပြီး....
"မောင်ပြောတဲ့နှစ်ရက်ဆိုတာ ပထမဆုံးနေ့နဲ့နောက်ဆုံးနေ့ထိ ကိုကို့တစ်ယောက်ထဲကိုဘဲအမြဲချစ်သွားမှာ...."
လင်းစက် မောင့်ရဲ့အပြောကြောင့်အသည်းယားစွာလက်ထဲမှစောင်ကိုကိုက်မိသည်...မောင်ကလေသူ့ကိုအသည်းယားအောင်သိပ်လုပ်တာဘဲ....
"ဟော...အခုပြုံးနေရမှာလေ...စောင်ကိုသိပ်မကိုက်နဲ့ပြဲသွားဦးမယ်...."
"မောင်နော်....မပြဲပါဘူး...."
"ကဲပါထားတော့...အခုအဖြေပေးတော့...အခုမှမပေးရင်မောင်စိတ်ပျက်တော့မှာ...."
"ခဏနေပါဦးမောင်ရဲ့ငါတစ်ခုစဥ်းစားမိတယ်..တကယ်လို့ငါ့ကိုလေတစ်ယောက်ယောက်က
"မင်းကို မျိုးခေတ်မာန်ဦး လက်ထပ်ခွင့်တောင်းတုန်းကဘယ်လိုတောင်းခဲ့တာလဲ"ဆိုပြီးမေးလာခဲ့ရင်ရော...
အဲ့တာကြောင့်ပြန်ပြောလို့ရအောင်ပြောပေးပါဦးစကားလေးတစ်ခွန်းလောက်ဖြစ်ဖြစ်ရိုရိုလေးလေ...."
"အင်းးးးးးး
မောင်တို့နှစ်ယောက်သေဆုံးသည်ထိအတူမခွဲဘဲနေသွားကြရအောင်နော်....."
မျိုးခေတ် သူ့ကိုမျက်လုံးပြူးလေးနဲ့စိုက်ကြည့်နေတဲ့ကိုကိုကြောင့်ပြုံးလိုက်ပြီး....
"ဒီစကားကအဆင်မပြေလောက်ဘူးနော်....အဲ့ဒါဆိုနောက်တစ်ခု......"
မျိုးခေတ်ပြောနေရင်းမှသူ့ပါးစပ်ကိုလာပိတ်တဲ့ကိုကို့ရဲ့လက်တစ်ဖက်....
"ရပြီ...ရပြီမောင် ကိုကိုတို့လက်ထပ်ကြရအောင်နော်....ကိုကိုလက်ခံတယ်...."
မျိုးခေတ် ကိုကို့ရဲ့လက်လေးကိုဆွဲယူကာလက်စွပ်ဘူးထဲမှလက်စွပ်ကိုယူကာဝတ်ပေးလိုက်သည်....လက်ကိုအနမ်းတစ်ချက်ပေးကာနှုတ်ခမ်းကိုနမ်းဖို့တိုးကပ်လာတုန်းမှာဘဲတားလာတဲ့ကိုကို....
"တော်ပြီ...ကိုကိုတို့ကလက်ထပ်စာချုပ်မှာလက်မှတ်မထိုးရသေးဘူးလေ...."
"ဟာကိုကို...အဲ့လိုလား...."
"အဲ့လိုဘဲ...."
"အဲ့တာဆိုညတုန်းကကျတော့ရော...."
"အာ....မသိတော့ဘူးသွားတော့မယ်...."
"လာခဲ့ဘယ်ကိုရှောင်ပြေးချင်နေတာလဲ...."
မျိုးခေတ် ကုတင်ပေါ်ကနေဆင်းပြေးချင်နေတဲ့ကိုကို့ကိုဖမ်းဆွဲလိုက်ကာနှစ်ယောက်လုံးပေါ်စောင်နဲ့အုပ်လိုက်တော့သည်....
"အားးးမောင် မောင်...ငါမှားပါတယ်ကွာ
မောင်တော်တော့ဆို.....ဟားးးဟားး"
နံနက်စောစော အချစ်ရနံံ့တွေထုံသင်းနေခဲ့သည်.....
>>>>>>
>>>>>>
ကုမ္ပဏီ တွင်ဖြစ်သည်.....
"ဒါကိုဘယ်လိုလုပ်ရမလဲ..."
"ငါလည်းသေချာမသိဘူးလေ...ဘယ်သူနဲ့လုပ်ရမှာလဲ....."
လင်းစက် မင်းခန့်နဲ့ကောင်းခန့် ထိုင်နေတဲ့အလယ်မှာဝင်ထိုင်လိုက်ကာအသင့်ပြင်လိုက်သည်.....
"အဟမ်း...ဒီနေ့ အဲယားကွန်းကပူနေတယ်လို့မထင်ကြဘူးလားဟင်...."
လက်စွပ်ဝတ်ထားတဲ့လက်ကိုလည်းတစ်ဖြတ်ဖြတ်ခတ်နေဖို့မမေ့....
"တကယ်ကြီးလား...."
"တကယ်ကြီးလား လင်းစက်...."
အံ့သြသလိုမေးလာကြတဲ့ မင်းခန့်နဲ့ကောင်းခန့် ကိုခေါင်းညိမ့်လို့အဖြေပေးမိသည်....
"အင်းးးဟုတ်တယ်...."
"အားးးးးးဘယ်တုန်းကလည်း ဘယ်နေရာမှာလည်း...."
"ဘယ်လိုဖွင့်ပြောခဲ့တာလဲ...."
"အာ...အဲ့တာကဒီမနက် ကုတင်ပေါ်မှာ....ငါနှိုးလာတော့ဒီလက်စွပ်ကိုတွေ့လိုက်ရတာဘဲ
အရမ်းရိုမန်တစ်ဆန်လိုက်တာဆိုတာလေ...ဟီး...."
"တကယ်ဘဲ....ဒါဆိုမနေ့ကအလုပ်အဆင်းအိမ်တန်းမပြန်တာက....."
"အင်း..ဟုတ်တယ်...."
"အားးးးနေပါဦးဘယ်နှစ်ကြိမ်လောက်...."
"လေးချီလောက်...."
"အားးးးးများလိုက်တာ...."
"ရှူးးးတိုးတိုး ငါတို့ကယောက်ျားလေးဆိုပေမယ့်ဒါကတခြားသူတွေကြားလို့မကောင်းတဲ့အရာ...."
"ဒါနဲ့ဗိုက်ကြီးနေပြီလား...."
"ဟင့်အင်းမကြီးသေးပါဘူး....ပြီးတော့ငါကယောက်ျားလေးလေဘယ်လိုလို့ဗိုက်ကြီးမှာလဲ.....ပြီးတော့တကယ်လို့ရနိုင်မယ်ဆိုရင်တောင်မောင်ငါ့ကိုပစ်သွားတဲ့အချိန်မှဒီအကွက်ကိုသုံးမှာ ဟီး...."
"ဟုတ်ပါပြီ နောက်ဆုံးတော့ငါတို့သူငယ်ချင်းကြီးတောင်စွံတော့မှာဘဲ....."
ထိုအချိန်သူတို့နားကိုရောက်လာတဲ့လူတစ်ဦး
"ဒီကုမ္ပဏီကအလုပ်သမားတွေကအလုပ်ချိန်မှာအလုပ်မလုပ်ကြဘူးလား...."
"ကောင်းထက်...."
"အာ...အစ်ကို ကောင်းထက်လောက်တော့လုပ်ပါ ရက်စပတ်ရှိရမယ်လေ...."
"ဟုတ်ပါပြီဗျ အစ်ကို ကောင်းထက်ဘာကိစ္စများရှိလို့ပါလဲနော်...."
"ဒီနေ့ မျိုးခေတ်မလာဘူးလား...."
"ဟုတ်တယ် မျိုးခေတ်မရောက်သေးဘူး....ဒါနဲ့ဘာများကူညီပေးရမလဲနော်...."
လင်းစက် လက်စွပ်ဝတ်ထားတဲ့လက်ကိုရှေ့ထုတ်ကာမေးလိုက်သည်....
"ဟမ်... မျိုးခေတ်နဲ့ဘဲတွေ့ချင်တာ...."
"အင်းးးအကူအညီလိုရင်ပြောနော် လူကိုယ်တိုင်လည်းကူညီမယ်...ပြီးတော့
အွန်လိုင်းကအကူအညီလိုလည်းပြောလို့ရပါတယ်နော်..."
"ဟမ်....လင်းစက် မင်း...."
လင်းစက် သူ့လက်ကိုဆွဲကာအံ့သြတစ်ကြီးပြောလာတဲ့ ကောင်းထက်ကြောင့်ခေါင်းညိမ့်လိုက်ကာ
"ဟုတ်တယ်ငါလက်ထပ်တော့မယ်...."
"တကယ်ကြီးလား...."
"အင်းတကယ်....."
"ဟားးးးနောက်ဆုံးတော့လင်းစက် တကယ်စွံသွားပြီကိုး...."
ကောင်းထက်ရဲ့အပြောကြောင့်သူတို့အကုန်လုံးရယ်လိုက်မိတော့သည်.....
~~~~~~~~
မျိုးခေတ် ဒီနေ့ကိစ္စလေးတစ်ခုကြောင့်Hotelတစ်ခုကိုရောက်နေသည်....
Hotel အဝင်တည်းကသူ့ကိုလိုက်ငေးနေကြတဲ့မိန်းကလေးတွေဆိုတာဒုနဲ့ဒေး
ဒါပေမယ့်သူ့စိတ်ထဲမှာတော့ကိုကိုတစ်ယောက်သာရှိသည်ကြောင့်မသိချင်ယောင်ဆောင်ကာမျက်နှာလွှဲလျှောက်မိသည်....
သူလျှောက်လာရင်း ကိုဦး ကိုတွေ့လိုက်တာကြောင့်နှုတ်ဆက်လိုက်သည်...
"ကိုဦး မင်္ဂလာပါဗျ..."
"မင်္ဂလာပါဗျ...အစ်ကို့ကိုကောင်မလေးတွေဒီလိုကြည့်နေတာဆိုရင်တော့ အစ်ကိုမင်းလိုခေါင်းအောက်ငုံ့ပြီးလျှောက်စရာမလိုတော့ဘူး..."
"အစ်ကို ကျွန်တော်သာအစ်မကိုသွားတိုင်လိုက်ရင်တော့ပြဿနာတတ်တော့မှာဘဲ...
ဒါပေမယ့် ခုနကခေါင်းငုံ့လိုက်တာ တမင်ဟန်ဆောင်နေတာဗျ...."
"ချောမောမှုကို အကျိုးရှိရှိအသုံးချစမ်းပါ..."
"အစ်ကို့ခြေရာမှီပါ့မလားဗျာ..."
"အင်းးးး...ဒီစကားနားဝင်ချိုလိုက်တာ..."
လင်းကိုဦး ပြောရင်းလမ်းလျှောက်လာတဲ့မိန်းကလေးတစ်ယောက်ကိုပြုံးပြကာလိုက်ကြည့်မိသည်....ပြီးမှမျိုးခေတ်ဘက်ကိုလှည့်လိုက်ကာ....
"အစ်မကိုတော့သွားမတိုင်ရဘူးနော်...."
"အစ်ကို့ညီလေးကိုသွားမတိုင်ရင် ကျွန်တော်လည်းမပြောပါဘူး...."
"ဟုတ်ပါပီကွာ..."
"တစ်စိတ်လောက်ရှင့်....
အစ်ကိုလင်းကိုဦး မဟုတ်လားရှင့်...."
"ဟုတ်ပါတယ် "
"ကျွန်မက သန္တာ ပါရှင့် ဟော်တယ်ရဲ့မော်ဒယ်တစ်ယောက်ပါ...."
"အော်...ဟော်တယ်ရဲ့ဖရီးလန်ဆာတစ်ယောက်ဘဲကိုး....."
ကောင်မလေးကပြောပီးထွက်သွားတာကြောင့်မျိုးခေတ်စနောက်လိုက်သည်။
"အော်...ကျွန်တော်မှတ်မိတယ်နော်...
ကျွန်တော်မမှတ်မိရင်အစ်ကိုတော့ဒုက္ခရောက်ပြီနော်....ဟား..."
"အင်းးးကိုယ့်ယောက်ဖရှေ့မှာတော့ဘယ်သူကလုပ်ရဲမှာလဲကွာ ဒါနဲ့...
ဘော့စ်ကိုလာတွေ့တာလား"
"ဘော့စ်ရဲ့သမီးကိုလာတွေ့တာပါ...."
"အင်းဟုတ်ပြီ...အလုပ်ကိစ္စလာပြောတာမဟုတ်လားဗျ..."
"ဟုတ်ပါတယ်ဗျာ...."
"အဲ့ဆိုသွားရအောင်လေအစ်ကိုလည်းအလုပ်လေးရှိသေးလို့...."
"အော်...အစ်ကို အစ်မနဒီကိုနှုတ်ဆက်ပေးဦးနော်....ဒီနေ့အစ်မနဒီအလုပ်လာရဲ့လား..."
"မသိဘူးလေ...အခုထိတော့မတွေ့သေးဘူး...
အစ်ကိုသွားတော့မယ်....."
"ဟုတ် "
"အထဲကြွပါဗျ...."
မျိုးခေတ် လည်းကိုဦးထွက်သွားတာနဲ့သူလည်းသွားရမယ့်နေရာကိုဆက်လျှောက်သွားလိုက်သည်....
သူဆက်လျှောက်ရင်းမှမျက်နှာချင်းဆိုင်က
အပြုံးနဲ့လမ်းလျှောက်လာတဲ့အမျိုးသမီးတစ်ဦးကိုတွေ့မိတဲ့အခါမှာတော့ပြုံးပြလို့နှုတ်ဆက်မိသည်...
>>>>>
စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်...
"တော်....မတော်သေးဘူးလား..."
လင်းစက် ရေခဲမုန့်စားရင်းလက်ကလက်စွပ်ကိုကစားနေရာမှ
ကောင်းထက်ရဲ့အပြောကြောင့်ရယ်လိုက်မိသည်...
သူကလည်းသူဘဲလက်စွပ်ကိုကြွားလို့မပြီးနိုင်ဖြစ်နေမိတာ...
"လှတယ်နော်..."
"လှပါတယ်ဗျ...ဒါနဲ့မင်းလက်ထပ်ပွဲရက်ကဘယ်နေ့လဲ..."
"မရွေးရသေးဘူး...ဘယ်လိုဆက်လုပ်သင့်လဲ ကိုဦးကိုမေးရဦးမယ်..."
"အစ်ကို့ဆီကိုတောင်ခွင့်ပြုချက်တောင်းဦးမလို့လား...အသက်ဘယ်နှစ်နှစ်ရှိနေပြီလဲ...."
"ခွင့်ပြုချက်တောင်းတာမဟုတ်ဘူးဒါမျိုးကိုဒီတိုင်းသက်သက်အသိပေးတယ်လို့ခေါ်တယ်..."
"အော်..ကောင်းတယ်နော်...အကြီးချင်းအကြီးချိတ်ပြီးသူ့အစ်မကလည်းမင်းအစ်ကိုနဲ့တွဲနေတာလေ...."
"ရပါ့မလားကွ ဒီလိုပြောတာနဲ့တင်ငါနာမည်ပျက်တယ်....."
"နာမည်ပျက်တာကြောက်တာနဲ့ဘဲ မင်းသူ့ကိုအကြိမ်ပေါင်းများစွာနှုတ်ပိတ်နေခိုင်းထားတယ်ပေါ့လေ...."
"လက်တွေ့သမားတွေကပိုပြီးမိုက်တယ်လေ...လုံးဝ ပါကင် ပရီမီယံအပြည့်နဲ့လေ..."
"တော်တော်တော် အန်ချင်တယ်...ငါမအံ့သြတော့ပါဘူး မျိုးခေတ်နဲ့တွဲနေတဲ့မင်းမျက်နှာကိုမိန်းကလေးတွေကပါးရိုက်ချင်နေတာကို"
"ငါလည်းရိုက်ချင်နေတာ...မိန်းကလေးတွေမို့သာသည်းခံပေးနေတာ..."
>>>>>
"ငါအကြမ်းဖျင်းစစ်ကြည့်ပြီးသွားပြီနော်...ရုံးကိုပြန်ရောက်မှအကိုးအကားနဲ့ပြန်စစ်ကြည့်လိုက်မယ်...နောက်မှပုံကြမ်းပြန်ပို့ပေးလိုက်မယ်....တကယ်တော့ဒီလိုအလုပ်မျိုးကိုနင်ဘယ်သူ့ငှားငှားရတယ်နော်...ငါ့ကုမ္ပဏီကိုမှလာငှားနေစရာမလိုပါဘူး...ငါ့ကုမ္ပဏီဆီကျ ကုန်ကျစရိတ် ကစျေးတော့နည်းနည်းပိုလိမ့်မယ်....,"
"ငါကချမ်းသာတယ် ငါဘာမဆိုလုပ်နိုင်တယ်"
ခတ္တာ ရဲ့စကားကြောင့်မျိုးခေတ်တစ်ချက်ရယ်လိုက်မိသည်....
ခတ္တာ ကလည်းသူနဲ့အတူလိုက််ရယ်ရင်းဆက်ပြောလာသည်....
"ဒါနဲ့ဘယ်လိုလဲအဆင်ပြေရဲ့လား..."
"ကိုကိုနဲ့လား...."
>>>>>>
"ဘာလို့မေးတာလဲ...."
"မေးရမှာပေါ့ မင်းဘယ်တော့ဘယ်မှာလက်ထပ်မှာလဲဆိုတာငါသိရမယ်...ဒါမှငါပလန်ချထားလို့ရမှာပေါ့..."
လင်းစက် သူ့အမေးကိုပြန်ဖြေလာတဲ့
ကောင်းထက်ရဲ့အပြောကြောင့်ဘာဆက်ပြောရမှန်းတောင်မသိတော့
သူကကြိုပြီးတောင်ပလန်ချဦးမည်တဲ့
ဘာတွေချမှာလဲတော့မသိ
>>>>
"လက်ထပ်တော့မှာလား..."
မျိုးခေတ်သူ့ကိုမေးလာတဲ့ခတ္တာရဲ့စကားကြောင့်ပြန်ဖြေလိုက်သည်...
"အစကတော့မစဥ်းစားရသေးပါဘူး...ဒါပေမယ့်တွဲနေရင်းနဲ့ ငါလက်ထပ်ချင်လာတယ်...ဒီလူနဲ့တစ်သက်လုံးအတူနေသွားချင်သလိုခံစားလာရတယ်....သူ့ခံစားချက်တွေကိုထိခိုက်အောင်မလုပ်ချင်တော့လောက်အောင်"
မျိုးခေတ်ဟာပြောရင်းသူ့ရှေ့ရှိမိန်းကလေး၏တဖြည်းဖြည်းပျက်ယွင်းလာတဲမျက်နှာကိုတော့သတိမထားမိခဲ့ပေ...
ချစ်တဲ့သူအကြောင်းပြောနေရရင်ကျန်တာကိုသတိမမူတာကိုတော့ချစ်ရသူရှိတဲ့သူတွေသာသိနိုင်သည်
"ဒါနဲ့သတို့သား/သတိုးသမီးအရံကရောဘယ်သူ့ကိုရွေးဖို့စဥ်းစားထားလဲ..."
>>>>>
"သတို့သားအရံလားစဥ်းစားမနေနဲ့တော့...ဒီမှာဒီလောက်ချောမောတဲ့သူတစ်ယောက်လုံးရှိနေတာသတို့သားအရံဖြစ်ဖို့အရမ်းထိုက်တန်နေတာလေ..."
ကောင်းထက်ရဲ့အပြောကြောင့်
လင်းစက်ရယ်လိုက်မိသည်....
"ဒါနဲ့သတို့သမီးအရံကလုပ်ဦးမှာလား..."
"အွန်း....အဲ့တာကငါလည်းသေချာမသိသေးဘူး..."
>>>>>
"သတို့သား/သတို့သမီးအရံလားငါမသိသေးဘူးမစဥ်းစားရသေးဘူး...."
"နင်သတို့သားအရံမရွေးရသေးဘူးဆိုရင်ငါဖြစ်ပေးလို့ရတယ်..."
"နင်ရူးနေလား...,သတို့သားအရံဆိုတာယောက်ျားလေးတွေဘဲလုပ်ရတာလေနင်ကမိန်းကလေးလေ..."
"ဘာဖြစ်လဲသတို့သားအရံလည်းမိန်းကလေးမလုပ်ရဖူးဆိုတာရှိလို့လား..."
"မရဘူးတော်ပါ...မဖြစ်ဘူး ငါပေးမလုပ်နိုင်ဘူး သတို့သားအရံကဘယ်လိုလို့မိန်းမဖြစ်လို့ရမှာလဲကွာ...."
"ဟုတ်သားဘဲနော် ယောက်ျားလေးနဲ့မိန်းကလေးဆိုတာသူငယ်ချင်းတွေဖြစ်လို့မရဘူး....ဖြစ်နေရင်လည်းအကျိုးအမြတ်ရှိလို့"
"နင်နဲ့ငါ့လိုပေါ့....ငါတို့ကအတူအိပ်လို့မရဘူးလေငါတို့တွေကသူငယ်ချင်းတွေလေ"
"ဒါနဲ့ အစ်ကိုလင်းစက်ဘယ်သွားလဲ ဒီနေ့ဘာတွေလုပ်နေလဲ"
"သူငယ်ချင်းနဲ့သွားတွေ့တယ်...."
>>>>>
"မေခတ္တာ...မင်းကမျိုးခေတ်ကိုအဲ့ဟာမနဲ့အတူအလုပ်လုပ်ခွင့်ပြုတုန်းဘဲလား...."
ကောင်းထက်ရဲ့အမေးကိုလင်းစက် ရေခဲမုန့်စားရင်းပြန်ဖြေမိသည်...
"သူငယ်ချင်းတွေလေ ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်တွေလေ ငါနဲ့မောင်ကအဲ့ဒီ့ကုမ္ပဏီကိုအတူတည်ထောင်ထားတာသူသိတယ်လေ...ဒါမို့လာငှားလေ့ရှိတယ်"
"စောက်ပိုတွေ ဆိုတာအသိသာကြီး..."
"ဘာစောက်ပိုလဲ...."
"အဲ့ မေခတ္တာဆိုတဲ့ဟာမကိုပါးစပ်ဟတာနဲ့အူဘယ်နှစ်ခွေရှိလဲဆိုတာငါသိတယ်...အဲ့ကောင်မငါ့လူကိုတောင်လုဖို့ကြိုးစားဖူးတယ်"
"အွေ့...အပြောကောင်းတယ်နော် သူတို့တွေကကျောင်းတုန်းကတည်းကသူငယ်ချင်းတွေ"
"ငါသိတာပေါ့...မင်းငါ့ကိုယုံ ငါလူတွေကိုဖတ်ရင်မမှားဘူး..."
>>>>>
"နင်ဘယ်တော့လက်ထပ်မှာလဲ...."
"ငါကိုကို့ ကိုမနက်အစောကဘဲလက်ထပ်ခွင့်တောင်းလိုက်တာ..."
"ဒီမနက်ကလား..."
"အင်း.ဟုတ်တယ်...."
"ဒီလိုဆို ငါနင့်ကိုမနေ့တည်းကလက်ထပ်ခွင့်တောင်းလိုက်သင့်တယ်ဟာ..."
ခတ္တာ ရဲ့အပြောကြောင့်မျိုးခေတ်ရယ်မိသည်...
"ငါတို့တွေသူငယ်ချင်းတွေသာမဟုတ်ရင်ငါနင့်ကိုယုံနေလောက်ပြီနော်..."
မာန့် ရဲ့အပြောကြောင့် ခတ္တာမျက်နှာမထိန်းနိုင်အောင်ပျက်မိသည်....
>>>>>
"ငါ့ကိုယုံ စောင့်ကြည့်လိုက်....မင်းဆီကလာလုတော့မယ်နားလည်လား......"
ကောင်းထက်ရဲ့အပြောတွေကို
လင်းစက် ဆက်မကြားချင်တော့တာကြောင့်ရပ်ဖို့ပြောလိုက်တော့သည်....
"ဟေ့..ရပ် လမ်းခွဲရအောင်.."
"ဒါ..."
"ရပ်..လမ်းခွဲရအောင်...."
"ကောင်းပြီ...သွားကြမယ်...."
>>>>>>
"သွားတော့မယ်..ထပ်တွေ့မယ်...."
"ဒါဆိုလည်းမင်္ဂလာပွဲကိစ္စငါ့ကိုအသိပေးလှည့်ဦးနော်....."
"အိုခေ....ဘိုင့်....."
မျိုးခေတ် ခတ္တာကိုနှုတ်ဆက်ပြီးတာနဲ့ပြန်ခဲ့တော့သည်....
>>>>>>
>>>>>>
TBC
May
Tue,Sep 12,
2:46 AM
Thanks For Reading 💞
Zawgyi
"အဟက်...."
"ကိုကို...မောင့်ချစ်သော...."
"ဘာလဲ....:"
"အဟမ်း...ဘာလဲမောင်...."
"အဲ့ဒါဘာလုပ်ဖို့လဲ...."
"လက်ထပ်ကြရအောင်....."
"ဟမ်....ဘာပြောလိုက်တာ "
"ဟမ်...အဲ့လို...."
"အင်း...ကြားရပြီ..."
"အဲ့တာဆိုရင်...အဖြေက....."
"မောင်နော်....မပြဲပါဘူး...."
"အင်းးးးးးး
"ဟာကိုကို...အဲ့လိုလား...."
"အဲ့လိုဘဲ...."
နံနက်စောစော အချစ်ရနံ့တွေထုံသင်းနေခဲ့သည်.....
>>>>>>
>>>>>>
ကုမ္ပဏီ တွင်ဖြစ်သည်.....
"ဒါကိုဘယ်လိုလုပ်ရမလဲ..."
"တကယ်ကြီးလား...."
"တကယ်ကြီးလား လင်းစက်...."
"အင်းးးဟုတ်တယ်...."
"အင်း..ဟုတ်တယ်...."
"လေးချီလောက်...."
"အားးးးးများလိုက်တာ...."
"ကောင်းထက်...."
"ဟမ်....လင်းစက် မင်း...."
"တကယ်ကြီးလား...."
"အင်းတကယ်....."
~~~~~~~~
"ကိုဦး မင်္ဂလာပါဗျ..."
"ဟုတ်ပါပီကွာ..."
"တစ်စိတ်လောက်ရှင့်....
"ဟုတ်ပါတယ် "
"ဟုတ်ပါတယ်ဗျာ...."
အစ်ကိုသွားတော့မယ်....."
"ဟုတ် "
"အထဲကြွပါဗျ...."
>>>>>
"တော်....မတော်သေးဘူးလား..."
"လှတယ်နော်..."
>>>>>
"ငါအကြမ်းဖျင်းစစ်ကြည့်ပြီးသွားပြီနော်...ရုံးကိုပြန်ရောက်မှအကိုးအကားနဲ့ပြန်စစ်ကြည့်လိုက်မယ်...နောက်မှပုံကြမ်းပြန်ပို့ပေးလိုက်မယ်....တကယ်တော့ဒီလိုအလုပ်မျိုးကိုနင်ဘယ်သူ့ငှားငှားရတယ်နော်...ငါ့ကုမ္ပဏီကိုမှလာငှားနေစရာမလိုပါဘူး...ငါ့ကုမ္ပဏီဆီကျ ကုန်ကျစရိတ် ကဈေးတော့နည်းနည်းပိုလိမ့်မယ်....,"
ခတ္တာ ကလည်းသူနဲ့အတူလိုက်ရယ်ရင်းဆက်ပြောလာသည်....
"ကိုကိုနဲ့လား...."
>>>>>>
"ဘာလို့မေးတာလဲ...."
ဘာတွေချမှာလဲတော့မသိ
>>>>
"လက်ထပ်တော့မှာလား..."
>>>>>
>>>>>
>>>>>
"ဘာစောက်ပိုလဲ...."
>>>>>
"ဒီမနက်ကလား..."
"အင်း.ဟုတ်တယ်...."
>>>>>
"ဟေ့..ရပ် လမ်းခွဲရအောင်.."
"ဒါ..."
"ရပ်..လမ်းခွဲရအောင်...."
"ကောင်းပြီ...သွားကြမယ်...."
>>>>>>
"အိုခေ....ဘိုင့်....."
>>>>>>
>>>>>>
TBC
May
Tue,Sep 12,
2:46 AM
Thanks For Reading 💞