UNSTOPPABLE LOVE {Ongoing}
By May_Soe1
1.1K 76 6
တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးဟာအထင်လွဲမှုတစ်ခုကြောင့်ကွဲကွာသွားကြတဲ့အခါ.... အထင်လွှဲမှုဟာဒီအ... More
Character Intro
1🌷
2🌷
3🌷
4🌷
5🌷
6🌷
7🌷
8🌷
UL Intro
480 22 3
By May_Soe1
Uni
လင်းစက် အရမ်းစိတ်လှုပ်ရှားနေမိသည်...
ဒီနေ့ကမောင်နဲ့သူ့ရဲ့မင်္ဂလာနေ့ရက်လေး...
သူတို့နှစ်ယောက်ဒီလိုနေ့လေးရောက်လာဖို့ကိုအရမ်းမျှော်လင့်နေခဲ့ရသည်....
ဒီကြားထဲပြဿနာတွေအခက်အခဲတွေကြုံတွေ့ခဲ့ရပေမယ့်အခုတော့အရာအားလုံးအဆုံးသတ်သွားပြီ...
မောင်နဲ့သူနဲ့အမြဲတမ်းမခွဲဘဲအတူတူနေရတော့မည်...ပြီးရင်သားသားမီးမီးလေးတွေအများကြီးမွေးလို့သူတို့မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေကြမည်...
အတွေးနဲ့တင်စိတ်လှုပ်ရှားလာမိတာကြောင့်ဖုန်းကိုယူလိုက်ကာမောင့်ကိုmessageလှမ်းပို့လိုက်သည်....
📩အရမ်းစိတ်လှုပ်ရှားနေပြီလားမောင်📩
📩ကိုကိုတော့အရမ်းကိုပျော်ပြီးစိတ်လှုပ်ရှားနေမိတယ်..📩
လင်းစက်သူပို့တဲ့စာတွေကိုseenပြပေမယ့်ပြန်စာမလာတဲ့မောင့်ကြောင့်မောင်လည်းသူ့လိုအရမ်းစိတ်လှုပ်ရှားပြီးဘာပြန်ပို့ရမလဲမသိတာကြောင့်လို့တွေးလိုက်မိသည်....
📩အဲ့ဆိုဒါဘဲနော်မောင်...ကိုကိုတို့မကြာခင်လာတော့မှာမို့ကိုကို့ရဲ့သတို့သားလေးကစောင့်နေပေးနော်📩
လင်းစက်ပို့ပြီးတာနဲ့ဖုန်းကိုချလိုက်ကာအခုန်မြန်နေတဲ့သူ့ရင်ဘတ်ကိုလက်နဲ့ဖိထားမိသည်....
”လင်းစက်...အရမ်းစိတ်လှုပ်ရှားနေလား...”
လင်းစက်တစ်ယောက်ထဲရှိနေတုန်းသူရှိရာအခန်းထဲဝင်လာကြတဲ့သူ့သူငယ်ချင်းသုံးယောက်...
ခန့်မင်း....ကောင်းထက်နဲ့
ကောင်းခန့်...
”စိတ်မလှုပ်ရှားဘဲနေမလား... ကောင်းထက်..ငါ့ဘဝရဲ့အချစ်ဆုံးတစ်ဦးတည်းသောမောင်နဲ့လက်ထပ်ရတော့မှာကို....”
”ဟား...သိပါတယ်ကွာမင်း မျိုးခေတ် ကိုအရမ်းချစ်မှန်း...အဲ့လောက်ကြီးဖြစ်ပြမနေပါနဲ့...မကြာခင်ဘဲမင်းယောက်ျားဖြစ်တော့မှာကို...”
လင်းစက်  ခန့်မင်းရဲ့အပြောကြောင့်ရယ်လိုက်မိသည်....
”ဟီး...မင်းတို့ကလည်းကွာငါကမောင့်ကိုအရမ်းချစ်တာကိုးကွ....”
”ဟုတ်ပါပြီ...ဟုတ်ပါပြီ..အခုငါတို့မင်းကိုလာခေါ်တာအကုန်အဆင်သင့်ဖြစ်နေပြီ...သတို့သားနောက်တစ်ယောက်ဖြစ်တဲ့မင်းဘဲကျန်တော့တာ....”
”အယ်ဟုတ်လား...အဲ့ဒါဆိုမြန်မြန်သွားကြမယ်လေ...မောင်စောင့်နေရဦးမယ်....”
လင်းစက်  ကောင်းခန့်ရဲ့အပြောကြောင့်ထိုင်နေရာမှအမြန်ထကာမင်္ဂလာပွဲဆီကိုဦးတည်မိသည်....
”ဟေ့ လင်းစက်ခဏ ဒီမှာပန်းစီးနဲ့လက်စွပ်ဘူး....”
လင်းစက်  ကောင်းထက်ပေးတဲ့ပန်းစီးကိုယူလိုက်ကာမင်္ဂလာပွဲဆီကိုဦးတည်လျှောက်လာမိတော့မင်္ဂလာသစ္စာဆိုရမယ့်ရှေ့မှာရပ်နေတဲ့မောင်....
အဖြူရောင်suitနဲ့မောင်ကသူ့မျက်လုံးထဲမှာတော့နတ်သားတစ်ပါး....
သူလည်းအဖြူရောင်suitကိုဝတ်ထားပေမယ့်သူ့မျက်စိထဲမှာတော့မောင်ကပိုလိုက်ဖက်နေသည်....
သူပျော်ရွှင်စွာနဲ့ပန်းစီးကိုကိုင်လို့လျှောက်လှမ်းလာမိသည်....
သူ့ရဲ့ခြေလှမ်းတွေကပေါ့ပါးသွက်လက်နေကာ..သူ့ရဲ့နှုတ်ခမ်းထက်မှာလည်းအပြုံးတစ်ခုကိုချိတ်ဆွဲထားသေးသည်....
မောင်ကသူ့ကိုကြည့်နေတာကြောင့်သူ့ခြေလှမ်းတွေမမှားအောင်လည်းဂရုစိုက်ရသေးသည်....
ဒါပေမယ့်သူမြင်လိုက်ရတဲ့တစ်စုံတစ်ယောက်.....
မောင့်ရဲ့ဘေးမှာယှဥ်လျက်ရပ်လာတဲ့မဂ်လာသတို့သမီးဝတ်စုံနဲ့မိန်းကလေးတစ်ဦး.....
မောင်ကသူ့ကိုမျက်နှာလွှဲသွားကာ သူ့ဘေးရှိမိန်းကလေး၏လက်ကိုညင်သာစွာဆုပ်ကိုင်လိုက်သည်....
သူအခုချိန်ထိဘာကိုမှနားမလည်နိုင်သေး..
မောင့်ကိုသာအသက်မရှိတဲ့ကျောက်ရုပ်ကြီးလိုမျက်တောင်မခတ်ကြည့်နေမိသည်.....
မောင်ကသူမဟုတ်တဲ့တခြားတစ်ယောက်
ရဲ့လက်ကိုနူးညံ့စွာကိုင်ကာလက်ထပ်လက်စွပ်ကိုဝတ်ပေးနေသည်....
ပြီးတော့သူမဟုတ်တဲ့တခြားတစ်ယောက်ကလည်းသူပိုင်တဲ့...မဟုတ်ဘူး သူပိုင်ခဲ့တဲ့ မောင့်ရဲ့လက်တစ်ဖက်မှာလက်စွပ်ဝတ်ပေးနေသည်....
လင်းစက်သူ့ရဲ့လက်ကိုပြန်ကြည့်မိသည်....
သူ့ရဲ့လက်မှာမောင်ကိုယ်တိုင်ဝတ်ပေးခဲ့တဲ့လက်စွပ်လေးရှိနေသေးသည်....
ပြီးတော့လည်းသူမောင့်ကိုပြန်ဝတ်ပေးရမယ့်လက်စွပ်လေးလည်းသူကိုင်ထားတဲ့ဘူးလေးထဲမှာရှိနေသေးသည်....
ဒါပေမယ့်မောင်ကရော...မောင်ကဘာလို့သူ့ဘေးမှာမရှိတော့တာလည်း....
လင်းစက် မင်္ဂလာစင်ပေါ်မှာအနမ်းခြွေနေကြတဲ့သတို့သားနဲ့သတို့သမီးကိုသေချာမမြင်ရတော့ပေ....
သူ့ရဲ့မျက်လုံးထဲမှာပြည့်လျှံလာတဲ့မျက်ရည်တွေကြောင့်သူအရာအားလုံးကိုမှုန်ဝါးဝါးသာမြင်နေရတော့သည်.....
မျက်နှာပေါ်ကိုကျဆင်းလာပြီဖြစ်တဲ့မျက်ရည်စက်တွေကိုလည်းသူမသုတ်မိ...
အရင်လိုသူငိုရင်​မောင်များသူ့မျက်ရည်တွေကိုသုတ်ပေးပြီးသူပျော်အောင်ချော့မလားဆိုတဲ့အတွေးလေး....
ဒါပေမယ့် မောင်ကအခုသူများအပိုင်ဖြစ်သွားခဲ့ပြီ....သူချစ်ရတဲ့မောင်ကအခုသူမဟုတ်တဲ့အခြားသူအပိုင်ဖြစ်သွားခဲ့ပြီ....
သူ့ဘက်ကိုပြန်ကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတွေကိုသူပြန်ကြည့်မိသည်....
သူ့အတွက်အချစ်ဆိုတာလေးများကျန်နေသေးဦးမလားလို့....
ဒါပေမယ့် သူက​မောင့်ရဲ့အချစ်တွေကိုရဖို့
မဖြစ်နိုင်တဲ့သူထင်ပါသည်.....
ပီးနောက်သူ့ရဲ့ကမ္ဘာကြီးလည်းအမှောင်ကျသွားခဲ့သည်
>>>>>>
>>>>>>
May
Tue,Sep 12
Thanks For Reading 💞
Drama များမှာပါ။ကြည့်ခဲ့ဖူးတဲ့ဇာတ်လမ်းတစ်ပုဒ်ကိုbl version လေးအဖြစ်ဖန်တီးချင်လာလို့ရေးလိုက်တာပါ။
အရေးအသားပိုင်းအားနည်းသေးတာမို့အမှားအယွင်းရှိခဲ့ရင်တောင်းပန်ပါတယ်ရှင်
Zawgyi
ကောင်းခန့်...