ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 32

2.2K 426 14
By mizzle69

Uni

မနက် 6နာရီတွင် နိုးစက်သံကြောင့် နန်ဟွိုင်လင် နိုးလာခဲ့သည်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးကာ အဝတ်စားလဲလည်ပြီးနောက် အိမ်ကနေထွက်ခွါဖို့ နဲနဲ စောနေသေးတာကြောင့် ဖေ့ချန်အတွက် ရိုးရိုးရှင်းရှင်း မနက်စာတစ်ခုကို ပြင်ဆင်ပေးလိုက်၏။ ထို့နောက် ညက ပြင်ဆင်ထားတဲ့ luggage(လက်ဆွဲသေတ္တာ)နှင့် ပခုံးလွယ်အိတ်ကိုဆွဲယူကာ သူ့အခန်းထဲကနေ ထွက်လာလိုက်သည်။

ဖေ့ချန်ရဲ့အခန်းတံခါးရှေ့ကိုရောက်တော့ နန်ဟွိုင်လင် ရပ်တန့်ကာ အခန်းထဲကိုနားစွင့်ကြည့်လိုက်၏။ သို့ပေမယ့် ဘယ်လိုလုပ်ရှားမှုမျိုးမှ မကြားရတာကြောင့် ဖေ့ချန် အိပ်နေဆဲပဲလို့ သူထင်လိုက်ကာ အနှောက်အယှက်မပေးဘဲ ထားလိုက်တော့သည်။

ထို့နောက် ဖိနပ်လဲစီးကာ အိမ်ကနေထွက်လာလိုက်ပြီး ဘေးနားမှာ မီးမီးပေါက်စလေးကိုကျောင်းလိုက်ပို့တဲ့ ခပ်ငယ်ငယ်အမေတစ်ယောက်နဲ့အတူ ဓာတ်လှေကားအလာကို ရပ်စောင့်နေလိုက်သည်။

နန်ဟွိုင်လင် နားကြပ်တပ်ပြီး ကလေးသီချင်းတွေ နားထောင်ဖို့ပြင်နေချိန်မှာ ရုတ်တရက် ဘေးနားက အမျိုးသမီးဆီက စူးစူးနစ်နစ်အော်သံကြောင့် ထိတ်လန့်သွား၏။ သူ ဘေးကိုစောင်းငဲ့ပြီး အကဲခက်ကြည့်လိုက်တော့ အမျိုးသမီးက သူ့နောက်က အရာကိုကြည့်နေပြီး မျက်နှာပေါ်မှာလည်း သရဲတစ်ကောင်ကိုတွေ့တဲ့ပုံစံမျိုး ကြောက်ရွံ့နေကာ ချက်ချင်းပဲ သူ့သမီးကိုခေါ်ကာ အဝေးကို ပြေးထွက်သွားတော့သည်။

ထို့ကြောင့် နန်ဟွိုင်လည်း သိချင်စိတ်ပြင်းပြစွာ နောက်ကိုလှည့်ကြည့်မိတော့ သူလည်းပဲ လန့်သွားရသည်။

သူ့ဆီကို လမ်းလျှောက်လာနေတဲ့ လူကို နန်ဟွိုင်လင် ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိသည်။

ပြေးထွက်လာတဲ့ ဖေ့ချန်က သူ့ခန္ဓာကိုယ်မှာ အဝတ်နဲ့တူဆိုလို့ Diorအောက်ခံဘောင်းဘီပဲပါပြီး ဖိနပ်တစ်ဖက်တောင်ပါမလာတော့ ကိုယ်တုံးလုံးချွတ်ပြီး လျှောက်ပတ်ပြေးနေတာနဲ့ မခြားနားဘူးဖြစ်နေတယ်။

" ခင်ဗျား....ဘာလာလုပ်နေတာလဲ? အိမ်နီးချင်းတွေအကုန် ကြောက်ပြီး ထွက်ပြေးကုန်လိမ့်မယ် "

ဖေ့ချန်က နန်ဟွိုင်လင် မြင်ဖူးသမျှထဲမှာ အချောဆုံးယောက်ျားဖြစ်ပြီးတော့ ပြင်းပြတဲ့ဟော်မုန်းဓာတ်တွေကပါ သူ့ပေါ်ကိုလွှမ်းခြုံလာတာကြောင့် ဖေ့ချန်ရဲ့ ဘယ်နေရာကို ကြည့်ရမလဲဆိုတာတောင် မသိတော့ဘူး။

" မင်း ဘာလုပ်နေတာလဲ? " ဖေ့ချန်အသံက အိပ်ရာထခါစမို့ လုံးထွေးနေဆဲဖြစ်ပြီး စိတ်မသာမယာဖြစ်နေသည်ထင်၏။ " ကိုယ့်ကို နှုတ်ဆက်စကားတောင်မပြောဘဲ မင်းက ထွက်ပြေးတော့မယ်ပေါ့ ဟမ်? "

နန်ဟွိုင်လင် ရှင်းပြဖို့ကြိုးစားလိုက်သည်။ " ကျတော် ခင်ဗျားကို နှုတ်ဆက်မလို့ပါပဲ....ဒါပေမယ့် ခင်ဗျား အိပ်ပျော်နေတော့...အဲ့ဒါ...."

" အား.......! " စူးစူးဝါးဝါး အော်သံတစ်ခု။ နောက်ထပ် လူတစ်ယောက်ကြောက်လန့်ပြီး ထွက်ပြေးသွားပြန်ပြီ။

" ခင်ဗျား မြန်မြန်ပြန်သင့်နေပြီ....ကြာရင် အိမ်နီးချင်းတွေ ရဲခေါ်လာလိမ့်မယ် "

ထို့နောက် နန်ဟွိုင်လင် ပြုံးပြီး လက်ရမ်းကာ ဖေ့ချန်ကို နှုတ်ဆက်လိုက်သည်။ " ဘိုင်.." ဆက်၍ မြေခွေးပေါက်ပုံစံလေး အတုခိုးကာ ပြောလိုက်သည်။ "....ကျတော် ပြန်လာမှာပါ "

ဖေ့ချန်က ရယ်မောသွားပြီး သူ့ဆီကို လက်တွေဆန့်တန်းလာသည်။ " မသွားခင် ဖက်မလား? "

နန်ဟွိုင်လင် ဖေ့ချန်ကို ဖက်ပေးလိုက်ပြီး နောက်ပြန်ဆုတ်တော့ ဖေ့ချန်က လွှတ်မပေးဘဲ သူ့နားနားကပ်ကာ တိုးညင်းစွာပြောလာသည်။

" ကိုယ့်ကိုကိုယ် ဂရုစိုက်ရင်း ရုပ်ရှင်ရိုက်နော် "

" အင်း...ခင်ဗျားရော "

ထီု့အချိန်တွင် ဓာတ်လှေကားတံခါးက ပွင့်လာချေပြီ။

ဖေ့ချန် လက်ထဲကလူကို လုံးဝမလွတ်ပေးချင်ပေမယ့် သူဆက်ပြီးဆွဲထားလို့မှ မရတော့တာ။ ဒါကြောင့် ထိုလူသားလေးကို လွတ်ပေးလိုက်ကာ ဆံပင်လေးကို ခပ်ဖွဖွပွတ်သပ်လိုက်မိရင်း ပြုံးထားလိုက်၏။ " သွားတော့ "

" အင်း " နန်ဟွိုင်လင် ဓာတ်လှေကားထဲဝင်ပြီး အောက်သွားမဲ့ခလုတ်ကို နှိပ်လိုက်သည်။ " ကျတော် ခင်ဗျားအတွက် မနက်စာလုပ်ပေးထားတယ်...အခုဆိုရင်တောင် ပူလောက်သေးတယ်...ခင်ဗျား အရင်စားပြီးမှ ပြန်အိပ်ချင် အိပ်နော် "

ဖေ့ချန် ခေါင်းညိမ့်ပြရင်း ပြုံးကာ လက်ယမ်းနှုတ်ဆက်လိုက်သည်။ နန်ဟွိုင်လင်ကလည်း လက်တစ်ဖက်က တံခါးပိတ်တဲ့ခလုတ်ကိုနှိပ်နေပြီး နောက်တစ်ဖက်က သူ့ကို လက်ပြနှုတ်နှုတ်ဆက်နေလေသည်။

ဓာတ်လှေကားတံခါးက တဖြေးဖြေးနဲ့ ပိတ်သွားလေသည်။

ဖေ့ချန် စိတ်ထဲမှာ နေလို့ သိပ်မကောင်းဘဲ ဖြစ်နေကာ အိမ်ကို ခေါင်းငိုက်စိုက်ကျစွာနဲ့ ပြန်လာခဲ့သည်။

အရင်ဆုံး ထမင်းစားခန်းထဲကို ဦးတည်သွားပြီး ထမင်းစားပွဲက ထိုင်ခုံမှာထိုင်ချလိုက်ကာ မနက်စာကို စတင်သုံးဆောင်လိုက်သည်။ စားနေရင်းလဲ သက်ပြင်းအရှည်ကြီးကို ခက်ခက်ခဲခဲချနေမိ၏။ အခုတောင် သူ့က စလွမ်းနေပြီကို သူတို့ခွဲနေရတဲ့ နောက်ထက်ရှည်ကြာလွန်းတဲ့ သုံးလကြီးလုံးလုံးကို သူ ဘယ်လိုများ ဖြတ်ကျော်ရမှာလဲ?

သူ့ရဲ့ နှလုံးသားက နာကျင်နေပြီ။

----

မနက်အစောကြီး ထရတာ​က နန်ဟွိုင်လင်ကို အရမ်းအိပ်ချင်စိတ်ဖြစ်ပေါ်စေသည်။ ဘယ်လောက်တောင်လဲဆိုရင် သူ လေယာဥ်ပေါ်ရောက်ရောက်ချင်း နားကြပ်တပ်ပြီးနောက် အိပ်ပျော်သွားတာဖြစ်သည်။ အိပ်နေတာကနေလဲ နိုးရော လေယာဥ်က Yiwuလေဆိပ်ကို ဆင်းသက်နေပြီဖြစ်သည်။ ထိုမှတဆင့် သူတို့အဖွဲ့က Hengdianကိုရောက်ဖို့ ဘက်စ်ကားစီးပြီး လာခဲ့ကြ၏။

Hengdianကို လာဖူးတာ ဒါက နန်ဟွိုင်လင်ရဲ့ ပထမဆုံးအကြိမ်တော့ မဟုတ်ပေမယ့် ဒုတိယဇာတ်ဆောင်မင်းသားအဖြစ်နဲ့ ဆိုရင်တော့ ဒါက သူ့ရဲ့ ပထမဆုံးအကြိမ်လာဖူးခြင်းလို့ ပြောလို့ရသည်။ ကားပြတင်းအပြင်က ရှုခင်းတွေကို ငေးကြည့်နေရင်း သူ့ရဲ့နှလုံးသားက တရှိန်ထိုးခုန်ပေါက်နေတာ လွင့်ထွက်တော့ မတက်ပဲ။

မိန်ထျန်းကျူက သူ့ရဲ့အပြုအမူကို သတိထားမိသွားသည် ထင်၏။ သူ့ကို ပြုံးကာ မေးလာခဲ့သည်။ " မင်း ပျော်နေတာလား? "

သူ ခေါင်းညိမ့်ပြလိုက်သည်။ " အင်း "

" ရှေ့လျှောက် မင်းက ပို၊ ပိုပြီးကောင်းတဲ့ ဇာတ်ကောင်နေရာတွေကို သေချာပေါက်ရလာမှာပါ..."

နန်ဟွိုင်လင် ပြုံးကာ ထပ်ပြီး ခေါင်းညိမ့်ပြလိုက်၏။ " အင်း... "

လူတစ်ယောက် ပိုပြီး ပျော်ရွှင်လာစေဖို့ သူ့ရဲ့နှလုံးသားထဲမှာ မျှော်လင့်ချက်အလင်းရောင်လေးတစ်ခုတော့ အမြဲထွန်းလင်းထားသင့်သည်။

" မင်း ဗိုက်ဆာနေပြီလား? "

" နဲနဲ.."

အခုက နေ့လည် တစ်နာရီထိုးပြီးသွားပြီ ဆိုပေမယ့် သူတို့ နေ့လည်စာ မစားရသေးဘူး။

မိန်ထျန်းကျူက သူမ အိတ်ထဲကနေ မြေပဲနှင့်နို့ပါတဲ့ ချောကလက်ဝေဖာချောင်းနှစ်ခုကို ထုတ်ပေးလာသည်။ " အဆာပြော စားလိုက် "

နန်ဟွိုင်လင် ခေါင်းရမ်းလိုက်သည်။ " ကျတော် စားလို့မရဘူး...ဒါက ကယ်လိုရီ အရမ်းများတယ် "

မိန်ထျန်းကျူက နောက်ထပ် အချိုမပါတဲ့ ဘီစကစ်တစ်ထုတ်ကို အိတ်ထဲက ထုတ်ပေးလာခဲ့သည်။ " ဒါဆိုရင်ရော..? "

" ရတယ်..ကျေးဇူး အမကျူ "

" မင်းသား ဖြစ်ရတာကလဲ မလွယ်လိုက်တာ...ဟိုဟာ မစားရ၊ ဒီဟာ မစားရနဲ့ " မိန်ထျန်းကျူက ချောကလက်ဝေဖာချောင်းကို ကိုက်စားရင်း ပြောနေတာဖြစ်၏။ " ငါ့လို သောက်စားသမားကတော့ ဒါမျိုးက လုံးဝ အောင့်ခံပြီးတော့တောင် လုပ်ပေးလို့ မရတဲ့ အရာပဲ "

" အမကျူကလဲ ဘယ်အရာကမှ မလွယ်ကူဘူးလေ...တစ်ခုခုကို မပေးဆပ်ရင် ဆုလာဘ်ဆိုတာ ရဖို့ မဖြစ်နိုင်ဘူးလေ "နန်ဟွိုင်လင် ပြုံးရယ်ရင်း ပြောနေ၏။ " ကျတော်က ရုပ်မချောတော့ ကျတော့် ကိုယ်ကိုပဲ ပြောင်းလဲနိုင်တာ...တကယ်လို့ ကျတော့် ခန္ဓာကိုယ်ကလဲ သုံးစားလို့မရဘူးဆိုရင် ကျတော် ဒီအလုပ်ကို ဆက်လုပ်လို့ ရတော့မှာ မဟုတ်ဘူးဗျ.. "

မိန်ထျန်းကျူက ခနလောက်ထိ သူ့ကို စိုက်ကြည့်လာပြီး အသံကိုနှိမ့်ကာ ပြောလာသည်။

" တကယ်တော့ ငါ မင်းကို မေးချင်နေတာ ရှိတယ်။ မင်း မျက်နှာပြုပြင်တာများ လုပ်ခဲ့သေးလား? "

လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ဒီလိုမေးခွန်းမျိုးကို ရှန်ချုန်းမေးခဲ့တာ သူ သတိရသွားမိရင်း ခေါင်းရမ်းလိုက်သည်။ " ဟင့်အင်း...အမကျူ ဘာလို့ မေးတာလဲ? "

" ငါ မင်းကို တွေ့လိုက်တိုင်း မင်းပြောင်းလဲသွားတယ်လို့ ငါ ခံစားမိနေတာ..နေတိုင်း မင်း ပိုပိုချောလာတယ် "

ပထမက ဖေ့ချန်၊ နောက်တော့ ရှန်ချုန်း၊ အခု မိန်ထျန်းကျူ...သုံးယောက်လုံးက ဒီအကြောင်းတစ်ခုတည်းကိုပဲ အတူတူပြောနေကြတာဖြစ်သည်။

နန်ဟွိုင်လင် မသိချင်ဘဲ မနေနိုင်တော့ဘူး။ သူ တကယ်ပဲ ပိုကြည့်ကောင်းလာတာလား? ဒါပေမယ့် သူ မှန်လည်းနေ့တိုင်းကြည့်မိပါတယ်။ သူ့မျက်နှာက ပြောင်းလာတယ်လို့လဲ မတွေးမိပါဘူး။

" မိတ်ကပ်လိမ်းထားလို့များ ဖြစ်နိုင်မလား? " မိန်ထျန်းကျူက သူ့နားကိုတိုးပြီး စေ့စေ့စပ်စပ် ကြည့်ရှုနေသည်။

" ကျတော် ရုပ်ရှင်မရိုက်တဲ့အချိန်ဆိုရင် ဘယ်တော့မှ မိတ်ကပ်မလိမ်းဘူး...လိမ်းမှာလဲမဟုတ်ဘူး "

မိန်ထျန်းကျူက အံ့အားသင့်စွာ ချီးကျူးလာသည်။ " ဒါဆိုရင် မင်းရဲ့အသားအရေက အရမ်းကောင်းတာပဲ, ဟုတ်တယ်မလား? အရမ်းကို ဖြူဖွေးနုညံ့ပြီးတော့ ချွေးပေါက်တောင် မမြင်ရဘူး..ကလေးအသားအရေလေးလိုပဲ "

သူမက ချဲ့ကားပြောနေတာလို့ပဲ နန်ဟွိုင်လင် တွေးလိုက်သည်။ သူက ငယ်ငယ်လေးထဲက အသားဖြူတဲ့သူ ဖြစ်သည်။ သို့ပေမယ့် မကြာခင်တုန်းက ပိုပိုပြီး ဖြူဖွေးလာတာတော့ သိပါ၏။

မိန်ထျန်းကျူက အနောက်ကို ပြန်ထိုင်သွားသည်။ " မင်းရဲ့ အခုပုံပဲလား...ဒါမှမဟုတ် မင်းတစ်နေ့ထက်တစ်နေ့ တကယ်ပဲ ပိုပိုပြီးတော့ ချောလာလားဆိုတာတွေ့ရဖို့ ငါ မင်းကို နေ့တိုင်း ဓာတ်ပုံတစ်ပုံချင်းစီ ရိုက်ထားဖို့ ဆုံးဖြတ်လိုက်ပြီ "

နန်ဟွိုင်လင်လည်း ခေါင်းညိမ့် ထောက်ခံလိုက်သည်။ " အိုကေ..ကျတော်လည်း သိချင်တယ် "

နှစ်နှာရီထိုးခါနီးလောက်မှာ သူတို့စီးလာတဲ့ Busကားက Hengdianရှိ နားခိုမည့်နေရာကို ရောက်ရှိလာခဲ့သည်။ ပထမဆုံး အခန်းတွေအရင်ခွဲလိုက်ပြီးမှ အစားစာဖို့လုပ်ကြ၏။ နန်ဟွိုင်လင်နှင့် တတိယမင်းသားက အခန်းတစ်ခုကို အတူနေဖို့ ဖြစ်လာကာ အခန်းထဲဝင်ဝင်ချင်း တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ကြရင်း တစ်ဖက်လူရဲ့ နာမည်က ဟူမုန့်ကျွင်းဆိုတာကို နန်ဟွိုင်လင် သိရှိလိုက်ရ၏။ ထိုသူနှင့် ခေါင်းဆောင်မင်းသမီး မာရှောင်ဟွမ်းက ကုမ္ပဏီတစ်ခုတည်းက ဖြစ်သည်။

" ဟူ ဆိုတဲ့ နာမည်ကို ကျတော် ပထမဦးဆုံး ကြားဖူးတာပဲ...ဒါပေမယ့် 'ဟူယန်'ဆိုပြီးပေါင်းထားတဲ့ မျိုးရိုးနာမည်ရှိတာတော့ ကျတော်သိတယ် "

" ဒီမျိုးရိုးနာမည်က အဲ့'ဟူယန်'ကနေပဲ ခေါ်လို့အဆင်ပြေအောင် လုပ်ထားတာပဲ "

နန်ဟွိုင်လင် ခေါင်းညိမ့်ပြရင်း ပြောလိုက်၏။ " ကျတော့် အသိတရားတွေ ကျယ်ပြန့်လာပြီပဲ "

အထုပ်တွေ နေရာချပြီးတော့ ဟူမုန့်ကျွင်းက စကားစလာ၏။ " ငါတို့ ညစာ သွားစားကြမလား? "

" အင်း...ကျတော့် အဖော်ကို ခေါ်လိုက်ဦးမယ် "

မိန်ထျန်းကျူကို "လက်ထောက်"လို့ မခေါ်တော့ဘဲနဲ့ "အဖော်"လို့ ​သုံးလိုက်တာ ပိုပြီးတော့ လေးစားသမှုရှိတယ်လို့ သူ ခံစားရ၏။

နန်ဟွိုင်လင် ဓာတ်လှေကားဆီကို လမ်းလျှောက်ရင်းနဲ့ မိန်ထျန်းကျူကို ဖုန်းခေါ်လိုက်သည်။ သူတို့ ဓာတ်လှေကားနားရောက်တော့ တစ်ဖက်က ဖုန်းကိုင်သွားသည်။

" အမကျူ...အထုပ်တွေထားပြီးပြီလား?...ကျတော် စားသောက်ဆိုင်မှာ သွားစားမလို့...ဒါဆို ဟုတ်ပါပြီ...ကျတော် စားသောက်ဆိုင်မှာ စောင့်မယ်နော်? "

ဖုန်းချပြီးသွားတော့ ဓာတ်လှေကားကလည်း ရောက်လာ၏။

တံခါးက ဖြေးညင်းစွာပွင့်လာတော့ နန်ဟွိုင်လင် အထဲကို ဝင်ဖို့ပြင်လိုက်ချိန်မှာ ရုတ်တရက် သူ့ရဲ့ လှုပ်ရှားမှုတွေက ရပ်တန့်သွားသည်။

ဓာတ်လှေကားထဲမှာ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်ရှိသည်။ ထိုသူက ရှစ်ယန်ပဲ။

အံ့အားသင့်သွားတဲ့ မျက်လုံးနှစ်စုံက အချင်းချင်း ဆုံစည်းသွားကြသည်။ သို့ပေမယ့် နန်ဟွိုင်လင်က လျင်မြန်စွာ ပုံမှန်အနေအထားအတိုင်း ပြန်ပြင်ပြီး ဓာတ်လှေကားထဲကို ဝင်လာခဲ့သည်။ ဒီလူနဲ့ သူက ဘာမှ မသက်ဆိုင်တော့ဘူး။ မထင်မှတ်တဲ့ တွေ့ဆုံမှုတစ်ခုမှာ သူ ဘာမှ ရေးကြီးခွင်ကျယ် လုပ်နေစရာ မလိုဘူး။

" မင်း အဆင်ပြေရဲ့လား? " ရှစ်ယန်ရဲ့ အသံက သူ့နောက်ပါးကနေ ထွက်ပေါ်လာသည်။

နန်ဟွိုင်လင်က ပြန်မဖြေခင် နှစ်စက္ကန့်လောက် တိတ်ဆိတ်နေသည်။ " ပြေပါတယ်...စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ "

ဟူမုန့်ကျွင်းက ရှစ်ယန်ကိုလှည့်ကြည့်ပြီးနောက် သူ့ဘက်ကိုပြန်လှည့်လာကာ တိုးတိတ်စွာ မေးနေသည်။ " မင်းက ရှစ်ယန်ကို သိတယ်လား? "

" အမ်...ငါတို့က ပေကျင်းရုပ်ရှင်တက္ကသိုလ်တုန်းက အတန်းဖော်တွေလေ " သူလည်း အသံကို နှိမ့်ကာ ဖြေလိုက်သည်။

" ကိုယ် သတင်းမှာတွေ့လိုက်တယ် " ရှစ်ယန်က ပြောလာ၏။ " Congratulations "

နန်ဟွိုင်လင် လုံးဝ လှည့်ကြည့်မှာ မဟုတ်ဘူး။ " ကျေးဇူး..."

ခနအတွင်းမှာပဲ ဓာတ်လှေကားက ပထမအထပ်ကို ရောက်ရှိလာသည်။ တံခါးပွင့်သွားတော့ နန်ဟွိုင်လင် အပြင်ကိုထွက်ဖို့ ပြင်နေချိန်မှာ သူ့ရဲ့လက်ကောက်ဝတ်ကို ရုတ်တရက် တစ်စုံတစ်ယောက်က လှမ်းဆွဲလာသည်။

ဟူမုန့်ကျွင်းက သူ့ကို လှည့်ကြည့်လာတော့ နန်ဟွိုင်လင် ပြုံးကာ ပြောလိုက်ရတော့သည်။ " မင်းသွားနှင့်...ငါ ပြီးရင် လိုက်ခဲ့မယ် "

ဟူမုန့်ကျွင်းက သူတို့နှစ်ယောက်ကို နှစ်ကြိမ်လောက် ထူးဆန်းစွာ ကြည့်နေပြီးမှ ခေါင်းညိမ့်ကာ သူ့လမ်းသူ ဆက်လျှောက်သွားသည်။ ရှစ်ယန်က နန်ဟွိုင်လင်ကို ဓာတ်လှေကားထဲကနေ ဆွဲခေါ်လာပြီး ဘေးနားက လှေကားဆီဆင်းတဲ့ တံခါးအပြင်ဘက်ကို ခေါ်လာခဲ့သည်။

" လွှတ် " နန်ဟွိုင်လင် အေးစက်စွာ ပြောလိုက်သည်။

ရှစ်ယန်က နန်ဟွိုင်လင် လက်ကို လွှတ်ပေးပြီးတော့ စေ့စပ်စွာစိုက်ကြည့်နေသည်။ " ကိုယ် မင်းကို မြင်မြင်ချင်း မှတ်တောင်မမှတ်မိဘူး "

(TN/ ရှစ်ယန်ပြောချင်တာက နန်နန်က ပိုချောလာလို့ မမှတ်မိမလိုဖြစ်ခဲ့တယ်လို ဆိုလိုချင်တာပါ..နန်နန်ကို မေ့သွားလို့မဟုတ်ပါဘူး )

နန်ဟွိုင်လင် ဘာမှမပြောဘဲ နေလိုက်သည်။ သူ ရှစ်ယန်ကို ဘာမှထပ်ပြီး ပြောစရာမရှိဘူး။

ရှစ်ယန်ဘက်ကလည်း အချိန် ခနလောက်ထိ တိတ်ဆိတ်သွားသည်။ " အဲ့နေ့က...ကိုယ် မူးနေလို့...အဲ့တာကြောင့် မင်း စိတ်မကောင်းဖြစ်အောင် တစ်ခုခုပြောမိခဲ့ရင် ကိုယ်တောင်းပန်ပါတယ်...ကိုယ် တကယ် စိတ်မကောင်းဖြစ်ရတာပါ "

" မင်းပြောချင်တာ နောက်ဆုံးပြောခဲ့တဲ့စကားလား? " နန်ဟွိုင်လင် ရယ်လိုက်မိသည်။ " မင်း မမှားဘူး...မကြာခင်ကပဲ ငါ တော်တော်လေး အသည်းမာလာတာကို သတိထားမိတယ် " နန်ဟွိုင်လင်က ခေါင်းမော့ပြီး ရှစ်ယန်ရဲ့ မျက်လုံးတွေကို စိုက်ကြည့်လာခဲ့၏။ " ငါ အရင်တုန်းက သောက်ရူးထပြီး အသိဉာဏ်မရှိလို့ မင်းကို ချစ်ခဲ့မိတာ...ဒါပေမယ့်..အခု ငါ မင်းကို ထပ်ပြီး မချစ်တော့ဘူး...ဘယ်တော့မှထပ်မချစ်တော့ဘူး...ငါ အရင်က ဘာလို့ မင်းကို အဲ့လောက်အများကြီး ချစ်ခဲ့မိလဲဆိုတာတောင် မမှတ်မိတော့ဘူး "

" ကိုယ် မယုံဘူး " ရှစ်ယန်က သူ့အနားကို ဖိကပ်လုနီးပါးတိုးလာသည်။ " မင်း လိမ် နေတာ "

" ငါ လိမ်လား၊ မလိမ်ဘူးလားဆိုတာ...." နန်ဟွိုင်လင်က ရှစ်ယန်ကို မော့ကြည့်နေဆဲဖြစ်သည်။ ".....အားလုံးထက် မင်းပိုသိမှာပါ "

" ကိုယ် မယုံဘူးလို့!! " ရှစ်ယန်က နန်ဟွိုင်လင်ကို အကြမ်းပတမ်း နံရံဆီတွန်းပို့လိုက်ပြီး အတင်းနမ်းရန် လုပ်တော့သည်။

" ရှစ်ယန်! " နန်ဟွိုင်လင် ငြင်းဆန်ဖို့ ခေါင်းကိုစောင်းလိုက်ရင်း သူ့နာမည်ကို အော်ခေါ်လိုက်သည်။ ထို့နောက် နန်ဟွိုင်လင် အေးစက်စွာပြန်ပြောလိုက်သည်။ " ငါပြောတယ်နော်...ငါတို့ ကောင်းကောင်းမွန်မွန် လမ်းခွဲကြမယ်လို့...ငါ မင်းနဲ့အတူ ရှိနေခဲ့တဲ့ ခုနှစ်နှစ်ကို နောင်တရချင်အောင်..မလုပ်ပါနဲ့.."

တစ်ချိန်တည်းမှာပဲ ရှစ်ယန် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားလို့ မရသလို ခံစားလိုက်ရသည်။ နန်ဟွိုင်လင်ရဲ့ တစ်ဖက်လှည့်ထားတဲ့ ဘေးတိုက်မျက်နှာကို သူ မျက်တောင်မခက်ဘဲ ငေးငေးမောမောကြည့်နေမိကာ တိုးဖွဖွပြောလိုက်သည်။

" ကိုယ် အရာအားလုံးကို အရှုံးပေးချင်စိတ်ပေါက်နေပြီလို့ ပြောရင်...မင်း ကိုယ့်စီ ပြန်လာမှာလား? "

နန်ဟွိုင်လင် ရယ်လိုက်မိသည်။

" ရှစ်ယန်...မင်းကိုယ်မင်းရော၊ တခြားသူတွေကိုရော လှည့်စားနေတာကို ရပ်လိုက်ပါတော့...တခြားသူတွေထက် ငါ မင်းကို ပိုသိတယ်...မင်းက ဘယ်တော့မှ လက်မလျော့ဘူး...အရမ်းလောဘကြီးတယ်...မင်းက အားလုံးကို လိုချင်တာ...ဒီကောင်းကင်အောက်မှာ အဲ့လိုကောင်းတဲ့အရာတွေ အများကြီး မရနိုင်တာကတော့ သနားစရာပဲ...မင်းရဲ့ ရွေးချယ်မှုအတိုင်း မင်းလုပ်ပြီး ကတည်းက..ကျေးဇူးပြုပြီး အဲ့ဒီလမ်းအတိုင်းပဲ ဆက်လျှောက်ပေးပါ...နောက်ကို လှည့်မကြည့်ဘဲနဲ့...တုံ့ဆိုင်းမနေဘဲနဲ့...တကယ့် ယောက်ျားတစ်ယောက်လို ပြုမူပြီးတော့ပေါ့...ငါ မင်းကို အထင်သေးမိအောင် မလုပ်ပါနဲ့တော့ "

ရှစ်ယန် တုန်လှုပ်ချောက်ချားမှုအပြည့်နဲ့ပဲ နန်ဟွိုင်လင်ကို ထွက်သွားခွင့်ပြုလိုက်၏။

နန်ဟွိုင်လင် ရှစ်ယန်ကို မျက်ကွယ်ပြုလိုက်ကာ လှည့်ထွက်ခဲ့လိုက်သည်။ တံခါးနားရောက်တော့ သူ့ခြေလှမ်းတွေကို ရပ်တန့်ကာ ရှစ်ယန်ကို ကျောပေးထားရင်း ပြောလိုက်သည်။ " မင်း ငါ့ကို ထပ်တွေ့ရင် နှုတ်မဆက်ပါနဲ့...သူစိမ်းတွေလိုပဲ ဆက်ဆံပေးပါ "

ရှစ်ယန်ဆီက အသံက တော်တော်ကြာအောင်ကို တိတ်ဆိတ်နေ၏။ " အိုကေ "

ထိုစကားသံကို ကြားပြီးနောက် နန်ဟွိုင်လင် တံခါးကိုဆွဲဖွင့်ကာ ထွက်လာခဲ့သည်။ မပြတ်မသားဖြစ်နေတာတွေကို သူမုန်းသည်။ သူ ရှစ်ယန်ကို ပြောခဲ့သလိုပဲ..သူ နောက်ပြန်လှည့်မကြည့်ချင်ဘူး...တုံ့ဆိုင်းမနေချင်ဘူး...သူ ခွန်အားစိုက်ထုတ်ပြီးတော့သာလျှင် အရှေ့ကိုပဲ ဆက်လျှောက်ချင်ခဲ့တာ...အဲ့ဒါက အလုပ်ပဲဖြစ်ဖြစ်..အချစ်ပဲဖြစ်ဖြစ်။

ရုတ်တရက် အိပ်ကပ်ထဲက ဖုန်းက တုန်ခါလာ၏။

" 🎼  အိုမင်းပြီးတော့ မလှပတော့ဘူးဆိုရင်ကော..ကိုယ့်ကို ဆက်ချစ်ဦးမှာလား.....🎼"

သူ ငါးနှစ်လောက် အသုံးပြုခဲ့တဲ့ ဒီဖုန်းRingtoneသံက အခု သူ့အဖြစ်ကို ရွဲ့ဆိုနေသလိုပဲ...ကြည့်ရတာ အသံပြောင်းပစ်ဖို့ အချိန်ရောက်ပြီနဲ့တူတယ်။

နန်ဟွိုင်လင် ဖုန်းထုတ်ကာ ပြန်ဖြေလိုက်၏။

" ဟယ်လို? "

" မင်း Hengdianကို ရောက်ပြီလား? " ဖုန်းရဲ့ တစ်ဖက်က ဖေ့ချန်ရဲ့အသံက ထွက်ပေါ်လာသည်။

" ကျတော် အခုလေးတင်ပဲ ဟိုတယ်ရောက်တာ " နန်ဟွိုင်လင် ဖုန်းပြောရင်း စားသောက်ဆိုင်ဘက်ဆီ ညွှန်ပြတဲ့ အညွှန်းတွေအတိုင်း လမ်းလျှောက်လာလိုက်သည်။ " ပြီးတော့ ကျတော် အခုသွားစားမလို့ "

" ရာသီဥတုရော ကောင်းရဲ့လား? "

" အင်း..နေသာနေတယ်ဆိုတော့.. ကောင်းပါတယ် "

" ဘီကျင်းမှာ မိုးတွေစွေနေခဲ့တာ..မင်းထွက်သွားပြီးပြီးချင်းပဲ "

ဒီနှစ်ခုက ဆက်စပ်မှုရှိတယ်လား?

နန်ဟွိုင်လင် ရယ်လိုက်မိသည်။ " ဖုန်းခေါ်တာ အကြောင်းထူးရှိလို့လား? "

" ဘာအကြောင်းမှ မရှိရင် ကိုယ် မင်းကို ဖုန်းခေါ်လို့ မရဘူးလား? "

" ကျတော် အဲ့သဘောမျိုး ပြောတာမဟုတ်ပါဘူး!....ဒီတိုင်း မေးကြည့်ရုံပါ "

" ကိုယ် မင်းကို ဖုန်းခေါ်တာက မင်း ဝါရံတာက ပန်းအိုးလေးကို ရေဘယ်လို လောင်းပေးဖို့လိုလဲ မေးမလို့ "

" အို့...ခင်ဗျား မပြောရင် ကျတော် အဲ့တာကို မေ့နေတော့မှာ...15ရက်ကို တစ်ကြိမ်ရေလောင်းရင် ရပြီနော်..ကျေးဇူး ဖေ့ချန် "

" အင်း..ကိုယ် သိပြီ " ဖေ့ချနါက ခနရပ်သွား၏။ " မင်း ကိုယ်ပိုင်အခန်းရလား? "

" ဟင့်အင်း...နှစ်ယောက်တစ်ခန်း...တခြားမင်းသားတစ်ယောက်နဲ့ " နန်ဟွိုင်လင် စားသောက်ဆိုင်ထဲကိုရောက်တော့ မိန်ထျန်းကျူကို လက်ပြကာ အဲ့နားကို ဆက်သွားဖို့ ပြင်လိုက်သည်။ " ကျတော် စားတော့မလို့...နောက်မှ ပြောမယ်နော်..ဘိုင် "

ဖေ့ချန် မှုန်တေတေနဲ့ ပြန်ပြောလိုက်သည်။ " ဘိုင် " စကားပြောပြီးနောက် နန်ဟွိုင်လင် အခု စိတ်အခြေအနေမကောင်းဘူးဆိုတာ ဖေ့ချန်သိလိုက်သည်။ ဒါပေမယ့် မေးခွန်းတွေ ထပ်မမေးတော့ဘဲ ဖုန်းချခွင့် ပြုလိုက်၏။

________________

29. 8. 22 (Mon)

Surprise!!

--------------

Zawgyi

မနက္ 6နာရီတြင္ ႏိုးစက္သံေၾကာင့္ နန္ဟြိုင္လင္ ႏိုးလာခဲ့သည္။ မ်က္ႏွာသစ္၊ သြားတိုက္၊ ေရခ်ိဳးကာ အဝတ္စားလဲလည္ၿပီးေနာက္ အိမ္ကေနထြက္ခြါဖို႔ နဲနဲ ေစာေနေသးတာေၾကာင့္ ေဖ့ခ်န္အတြက္ ရိုးရိုးရွင္းရွင္း မနက္စာတစ္ခုကို ျပင္ဆင္ေပးလိုက္၏။ ထို႔ေနာက္ ညက ျပင္ဆင္ထားတဲ့ luggage(လက္ဆြဲေသတၲာ)ႏွင့္ ပခံုးလြယ္အိတ္ကိုဆြဲယူကာ သူ႔အခန္းထဲကေန ထြက္လာလိုက္သည္။

ေဖ့ခ်န္ရဲ့အခန္းတံခါးေရ႔ွကိုေရာက္ေတာ့ နန္ဟြိုင္လင္ ရပ္တန္႔ကာ အခန္းထဲကိုနားစြင့္ၾကည့္လိုက္၏။ သို႔ေပမယ့္ ဘယ္လိုလုပ္ရွားမႈမ်ိဳးမွ မၾကားရတာေၾကာင့္ ေဖ့ခ်န္ အိပ္ေနဆဲပဲလို႔ သူထင္လိုက္ကာ အေနွာက္အယွက္မေပးဘဲ ထားလိုက္ေတာ့သည္။

ထို႔ေနာက္ ဖိနပ္လဲစီးကာ အိမ္ကေနထြက္လာလိုက္ၿပီး ေဘးနားမွာ မီးမီးေပါက္စေလးကိုေက်ာင္းလိုက္ပို႔တဲ့ ခပ္ငယ္ငယ္အေမတစ္ေယာက္နဲ႔အတူ ဓာတ္ေလွကားအလာကို ရပ္ေစာင့္ေနလိုက္သည္။

နန္ဟြိုင္လင္ နားၾကပ္တပ္ၿပီး ကေလးသီခ်င္းေတြ နားေထာင္ဖို႔ျပင္ေနခ်ိန္မွာ ရုတ္တရက္ ေဘးနားက အမ်ိဳးသမီးဆီက စူးစူးနစ္နစ္ေအာ္သံေၾကာင့္ ထိတ္လန္႔သြား၏။ သူ ေဘးကိုေစာင္းငဲ့ၿပီး အကဲခက္ၾကည့္လိုက္ေတာ့ အမ်ိဳးသမီးက သူ႔ေနာက္က အရာကိုၾကည့္ေနၿပီး မ်က္ႏွာေပၚမွာလည္း သရဲတစ္ေကာင္ကိုေတြ့တဲ့ပံုစံမ်ိဳး ေၾကာက္ရြံ႔ေနကာ ခ်က္ခ်င္းပဲ သူ႔သမီးကိုေခၚကာ အေဝးကို ေျပးထြက္သြားေတာ့သည္။

ထို႔ေၾကာင့္ နန္ဟြိုင္လည္း သိခ်င္စိတ္ျပင္းျပစြာ ေနာက္ကိုလွည့္ၾကည့္မိေတာ့ သူလည္းပဲ လန္႔သြားရသည္။

သူ႔ဆီကို လမ္းေလ်ွာက္လာေနတဲ့ လူကို နန္ဟြိုင္လင္ ပါးစပ္အေဟာင္းသားနဲ႔ ေငးၾကည့္ေနမိသည္။

ေျပးထြက္လာတဲ့ ေဖ့ခ်န္က သူ႔ခႏၶာကိုယ္မွာ အဝတ္နဲ႔တူဆိုလို႔ Diorေအာက္ခံေဘာင္းဘီပဲပါၿပီး ဖိနပ္တစ္ဖက္ေတာင္ပါမလာေတာ့ ကိုယ္တံုးလံုးခြၽတ္ၿပီး ေလ်ွာက္ပတ္ေျပးေနတာနဲ႔ မျခားနားဘူးျဖစ္ေနတယ္။

" ခင္ဗ်ား....ဘာလာလုပ္ေနတာလဲ? အိမ္နီးခ်င္းေတြအကုန္ ေၾကာက္ၿပီး ထြက္ေျပးကုန္လိမ့္မယ္ "

ေဖ့ခ်န္က နန္ဟြိုင္လင္ ျမင္ဖူးသမ်ွထဲမွာ အေခ်ာဆံုးေယာက္်ားျဖစ္ၿပီးေတာ့ ျပင္းျပတဲ့ေဟာ္မုန္းဓာတ္ေတြကပါ သူ႔ေပၚကိုလႊမ္းၿခံဳလာတာေၾကာင့္ ေဖ့ခ်န္ရဲ့ ဘယ္ေနရာကို ၾကည့္ရမလဲဆိုတာေတာင္ မသိေတာ့ဘူး။

" မင္း ဘာလုပ္ေနတာလဲ? " ေဖ့ခ်န္အသံက အိပ္ရာထခါစမို႔ လံုးေထြးေနဆဲျဖစ္ၿပီး စိတ္မသာမယာျဖစ္ေနသည္ထင္၏။ " ကိုယ့္ကို ႏႈတ္ဆက္စကားေတာင္မေျပာဘဲ မင္းက ထြက္ေျပးေတာ့မယ္ေပါ့ ဟမ္? "

နန္ဟြိုင္လင္ ရွင္းျပဖို႔ႀကိဳးစားလိုက္သည္။ " က်ေတာ္ ခင္ဗ်ားကို ႏႈတ္ဆက္မလို႔ပါပဲ....ဒါေပမယ့္ ခင္ဗ်ား အိပ္ေပ်ာ္ေနေတာ့...အဲ့ဒါ...."

" အား.......! " စူးစူးဝါးဝါး ေအာ္သံတစ္ခု။ ေနာက္ထပ္ လူတစ္ေယာက္ေၾကာက္လန္႔ၿပီး ထြက္ေျပးသြားျပန္ၿပီ။

" ခင္ဗ်ား ျမန္ျမန္ျပန္သင့္ေနၿပီ....ၾကာရင္ အိမ္နီးခ်င္းေတြ ရဲေခၚလာလိမ့္မယ္ "

ထို႔ေနာက္ နန္ဟြိုင္လင္ ၿပံဳးၿပီး လက္ရမ္းကာ ေဖ့ခ်န္ကို ႏႈတ္ဆက္လိုက္သည္။ " ဘိုင္.." ဆက္၍ ေျမေခြးေပါက္ပံုစံေလး အတုခိုးကာ ေျပာလိုက္သည္။ "....က်ေတာ္ ျပန္လာမွာပါ "

ေဖ့ခ်န္က ရယ္ေမာသြားၿပီး သူ႔ဆီကို လက္ေတြဆန္႔တန္းလာသည္။ " မသြားခင္ ဖက္မလား? "

နန္ဟြိုင္လင္ ေဖ့ခ်န္ကို ဖက္ေပးလိုက္ၿပီး ေနာက္ျပန္ဆုတ္ေတာ့ ေဖ့ခ်န္က လႊတ္မေပးဘဲ သူ႔နားနားကပ္ကာ တိုးညင္းစြာေျပာလာသည္။

" ကိုယ့္ကိုကိုယ္ ဂရုစိုက္ရင္း ရုပ္ရွင္ရိုက္ေနာ္ "

" အင္း...ခင္ဗ်ားေရာ "

ထီု႔အခ်ိန္တြင္ ဓာတ္ေလွကားတံခါးက ပြင့္လာေခ်ၿပီ။

ေဖ့ခ်န္ လက္ထဲကလူကို လံုးဝမလြတ္ေပးခ်င္ေပမယ့္ သူဆက္ၿပီးဆြဲထားလို႔မွ မရေတာ့တာ။ ဒါေၾကာင့္ ထိုလူသားေလးကို လြတ္ေပးလိုက္ကာ ဆံပင္ေလးကို ခပ္ဖြဖြပြတ္သပ္လိုက္မိရင္း ၿပံဳးထားလိုက္၏။ " သြားေတာ့ "

" အင္း " နန္ဟြိုင္လင္ ဓာတ္ေလွကားထဲဝင္ၿပီး ေအာက္သြားမဲ့ခလုတ္ကို ႏိွပ္လိုက္သည္။ " က်ေတာ္ ခင္ဗ်ားအတြက္ မနက္စာလုပ္ေပးထားတယ္...အခုဆိုရင္ေတာင္ ပူေလာက္ေသးတယ္...ခင္ဗ်ား အရင္စားၿပီးမွ ျပန္အိပ္ခ်င္ အိပ္ေနာ္ "

ေဖ့ခ်န္ ေခါင္းညိမ့္ျပရင္း ၿပံဳးကာ လက္ယမ္းႏႈတ္ဆက္လိုက္သည္။ နန္ဟြိုင္လင္ကလည္း လက္တစ္ဖက္က တံခါးပိတ္တဲ့ခလုတ္ကိုႏိွပ္ေနၿပီး ေနာက္တစ္ဖက္က သူ႔ကို လက္ျပႏႈတ္ႏႈတ္ဆက္ေနေလသည္။

ဓာတ္ေလွကားတံခါးက တေျဖးေျဖးနဲ႔ ပိတ္သြားေလသည္။

ေဖ့ခ်န္ စိတ္ထဲမွာ ေနလို႔ သိပ္မေကာင္းဘဲ ျဖစ္ေနကာ အိမ္ကို ေခါင္းငိုက္စိုက္က်စြာနဲ႔ ျပန္လာခဲ့သည္။

အရင္ဆံုး ထမင္းစားခန္းထဲကို ၪီးတည္သြားၿပီး ထမင္းစားပြဲက ထိုင္ခံုမွာထိုင္ခ်လိုက္ကာ မနက္စာကို စတင္သံုးေဆာင္လိုက္သည္။ စားေနရင္းလဲ သက္ျပင္းအရွည္ႀကီးကို ခက္ခက္ခဲခဲခ်ေနမိ၏။ အခုေတာင္ သူ႔က စလြမ္းေနၿပီကို သူတို႔ခြဲေနရတဲ့ ေနာက္ထက္ရွည္ၾကာလြန္းတဲ့ သံုးလႀကီးလံုးလံုးကို သူ ဘယ္လိုမ်ား ျဖတ္ေက်ာ္ရမွာလဲ?

သူ႔ရဲ့ ႏွလံုးသားက နာက်င္ေနၿပီ။

----

မနက္အေစာႀကီး ထရတာ​က နန္ဟြိုင္လင္ကို အရမ္းအိပ္ခ်င္စိတ္ျဖစ္ေပၚေစသည္။ ဘယ္ေလာက္ေတာင္လဲဆိုရင္ သူ ေလယာဥ္ေပၚေရာက္ေရာက္ခ်င္း နားၾကပ္တပ္ၿပီးေနာက္ အိပ္ေပ်ာ္သြားတာျဖစ္သည္။ အိပ္ေနတာကေနလဲ ႏိုးေရာ ေလယာဥ္က Yiwuေလဆိပ္ကို ဆင္းသက္ေနၿပီျဖစ္သည္။ ထိုမွတဆင့္ သူတို႔အဖြဲ႔က Hengdianကိုေရာက္ဖို႔ ဘက္စ္ကားစီးၿပီး လာခဲ့ၾက၏။

Hengdianကို လာဖူးတာ ဒါက နန္ဟြိုင္လင္ရဲ့ ပထမဆံုးအႀကိမ္ေတာ့ မဟုတ္ေပမယ့္ ဒုတိယဇာတ္ေဆာင္မင္းသားအျဖစ္နဲ႔ ဆိုရင္ေတာ့ ဒါက သူ႔ရဲ့ ပထမဆံုးအႀကိမ္လာဖူးျခင္းလို႔ ေျပာလို႔ရသည္။ ကားျပတင္းအျပင္က ရႈခင္းေတြကို ေငးၾကည့္ေနရင္း သူ႔ရဲ့ႏွလံုးသားက တရိွန္ထိုးခုန္ေပါက္ေနတာ လြင့္ထြက္ေတာ့ မတက္ပဲ။

မိန္ထ်န္းက်ူက သူ႔ရဲ့အျပဳအမူကို သတိထားမိသြားသည္ ထင္၏။ သူ႔ကို ၿပံဳးကာ ေမးလာခဲ့သည္။ " မင္း ေပ်ာ္ေနတာလား? "

သူ ေခါင္းညိမ့္ျပလိုက္သည္။ " အင္း "

" ေရ႔ွေလ်ွာက္ မင္းက ပို၊ ပိုၿပီးေကာင္းတဲ့ ဇာတ္ေကာင္ေနရာေတြကို ေသခ်ာေပါက္ရလာမွာပါ..."

နန္ဟြိုင္လင္ ၿပံဳးကာ ထပ္ၿပီး ေခါင္းညိမ့္ျပလိုက္၏။ " အင္း... "

လူတစ္ေယာက္ ပိုၿပီး ေပ်ာ္ရႊင္လာေစဖို႔ သူ႔ရဲ့ႏွလံုးသားထဲမွာ ေမ်ွာ္လင့္ခ်က္အလင္းေရာင္ေလးတစ္ခုေတာ့ အၿမဲထြန္းလင္းထားသင့္သည္။

" မင္း ဗိုက္ဆာေနၿပီလား? "

" နဲနဲ.."

အခုက ေန့လည္ တစ္နာရီထိုးၿပီးသြားၿပီ ဆိုေပမယ့္ သူတို႔ ေန့လည္စာ မစားရေသးဘူး။

မိန္ထ်န္းက်ူက သူမ အိတ္ထဲကေန ေျမပဲႏွင့္ႏို႔ပါတဲ့ ေခ်ာကလက္ေဝဖာေခ်ာင္းႏွစ္ခုကို ထုတ္ေပးလာသည္။ " အဆာေျပာ စားလိုက္ "

နန္ဟြိုင္လင္ ေခါင္းရမ္းလိုက္သည္။ " က်ေတာ္ စားလို႔မရဘူး...ဒါက ကယ္လိုရီ အရမ္းမ်ားတယ္ "

မိန္ထ်န္းက်ူက ေနာက္ထပ္ အခ်ိဳမပါတဲ့ ဘီစကစ္တစ္ထုတ္ကို အိတ္ထဲက ထုတ္ေပးလာခဲ့သည္။ " ဒါဆိုရင္ေရာ..? "

" ရတယ္..ေက်းဇူး အမက်ူ "

" မင္းသား ျဖစ္ရတာကလဲ မလြယ္လိုက္တာ...ဟိုဟာ မစားရ၊ ဒီဟာ မစားရနဲ႔ " မိန္ထ်န္းက်ူက ေခ်ာကလက္ေဝဖာေခ်ာင္းကို ကိုက္စားရင္း ေျပာေနတာျဖစ္၏။ " ငါ့လို ေသာက္စားသမားကေတာ့ ဒါမ်ိဳးက လံုးဝ ေအာင့္ခံၿပီးေတာ့ေတာင္ လုပ္ေပးလို႔ မရတဲ့ အရာပဲ "

" အမက်ူကလဲ ဘယ္အရာကမွ မလြယ္ကူဘူးေလ...တစ္ခုခုကို မေပးဆပ္ရင္ ဆုလာဘ္ဆိုတာ ရဖို႔ မျဖစ္ႏိုင္ဘူးေလ "နန္ဟြိုင္လင္ ၿပံဳးရယ္ရင္း ေျပာေန၏။ " က်ေတာ္က ရုပ္မေခ်ာေတာ့ က်ေတာ့္ ကိုယ္ကိုပဲ ေျပာင္းလဲႏိုင္တာ...တကယ္လို႔ က်ေတာ့္ ခႏၶာကိုယ္ကလဲ သံုးစားလို႔မရဘူးဆိုရင္ က်ေတာ္ ဒီအလုပ္ကို ဆက္လုပ္လို႔ ရေတာ့မွာ မဟုတ္ဘူးဗ်.. "

မိန္ထ်န္းက်ူက ခနေလာက္ထိ သူ႔ကို စိုက္ၾကည့္လာၿပီး အသံကိုႏိွမ့္ကာ ေျပာလာသည္။

" တကယ္ေတာ့ ငါ မင္းကို ေမးခ်င္ေနတာ ရိွတယ္။ မင္း မ်က္ႏွာျပဳျပင္တာမ်ား လုပ္ခဲ့ေသးလား? "

လြန္ခဲ့တဲ့ ႏွစ္ရက္ကလည္း ဒီလိုေမးခြန္းမ်ိဳးကို ရွန္ခ်ဳန္းေမးခဲ့တာ သူ သတိရသြားမိရင္း ေခါင္းရမ္းလိုက္သည္။ " ဟင့္အင္း...အမက်ူ ဘာလို႔ ေမးတာလဲ? "

" ငါ မင္းကို ေတြ့လိုက္တိုင္း မင္းေျပာင္းလဲသြားတယ္လို႔ ငါ ခံစားမိေနတာ..ေနတိုင္း မင္း ပိုပိုေခ်ာလာတယ္ "

ပထမက ေဖ့ခ်န္၊ ေနာက္ေတာ့ ရွန္ခ်ဳန္း၊ အခု မိန္ထ်န္းက်ူ...သံုးေယာက္လံုးက ဒီအေၾကာင္းတစ္ခုတည္းကိုပဲ အတူတူေျပာေနၾကတာျဖစ္သည္။

နန္ဟြိုင္လင္ မသိခ်င္ဘဲ မေနႏိုင္ေတာ့ဘူး။ သူ တကယ္ပဲ ပိုၾကည့္ေကာင္းလာတာလား? ဒါေပမယ့္ သူ မွန္လည္းေန့တိုင္းၾကည့္မိပါတယ္။ သူ႔မ်က္ႏွာက ေျပာင္းလာတယ္လို႔လဲ မေတြးမိပါဘူး။

" မိတ္ကပ္လိမ္းထားလို႔မ်ား ျဖစ္ႏိုင္မလား? " မိန္ထ်န္းက်ူက သူ႔နားကိုတိုးၿပီး ေစ့ေစ့စပ္စပ္ ၾကည့္ရႈေနသည္။

" က်ေတာ္ ရုပ္ရွင္မရိုက္တဲ့အခ်ိန္ဆိုရင္ ဘယ္ေတာ့မွ မိတ္ကပ္မလိမ္းဘူး...လိမ္းမွာလဲမဟုတ္ဘူး "

မိန္ထ်န္းက်ူက အံ့အားသင့္စြာ ခ်ီးက်ူးလာသည္။ " ဒါဆိုရင္ မင္းရဲ့အသားအေရက အရမ္းေကာင္းတာပဲ, ဟုတ္တယ္မလား? အရမ္းကို ျဖဴေဖြးႏုညံ့ၿပီးေတာ့ ေခြၽးေပါက္ေတာင္ မျမင္ရဘူး..ကေလးအသားအေရေလးလိုပဲ "

သူမက ခ်ဲ့ကားေျပာေနတာလို႔ပဲ နန္ဟြိုင္လင္ ေတြးလိုက္သည္။ သူက ငယ္ငယ္ေလးထဲက အသားျဖဴတဲ့သူ ျဖစ္သည္။ သို႔ေပမယ့္ မၾကာခင္တုန္းက ပိုပိုၿပီး ျဖဴေဖြးလာတာေတာ့ သိပါ၏။

မိန္ထ်န္းက်ူက အေနာက္ကို ျပန္ထိုင္သြားသည္။ " မင္းရဲ့ အခုပံုပဲလား...ဒါမွမဟုတ္ မင္းတစ္ေန့ထက္တစ္ေန့ တကယ္ပဲ ပိုပိုၿပီးေတာ့ ေခ်ာလာလားဆိုတာေတြ့ရဖို႔ ငါ မင္းကို ေန့တိုင္း ဓာတ္ပံုတစ္ပံုခ်င္းစီ ရိုက္ထားဖို႔ ဆံုးျဖတ္လိုက္ၿပီ "

နန္ဟြိုင္လင္လည္း ေခါင္းညိမ့္ ေထာက္ခံလိုက္သည္။ " အိုေက..က်ေတာ္လည္း သိခ်င္တယ္ "

ႏွစ္ႏွာရီထိုးခါနီးေလာက္မွာ သူတို႔စီးလာတဲ့ Busကားက Hengdianရိွ နားခိုမည့္ေနရာကို ေရာက္ရိွလာခဲ့သည္။ ပထမဆံုး အခန္းေတြအရင္ခြဲလိုက္ၿပီးမွ အစားစာဖို႔လုပ္ၾက၏။ နန္ဟြိုင္လင္ႏွင့္ တတိယမင္းသားက အခန္းတစ္ခုကို အတူေနဖို႔ ျဖစ္လာကာ အခန္းထဲဝင္ဝင္ခ်င္း တစ္ေယာက္ကိုတစ္ေယာက္ မိတ္ဆက္ၾကရင္း တစ္ဖက္လူရဲ့ နာမည္က ဟူမုန္႔ကြၽင္းဆိုတာကို နန္ဟြိုင္လင္ သိရိွလိုက္ရ၏။ ထိုသူႏွင့္ ေခါင္းေဆာင္မင္းသမီး မာေရွာင္ဟြမ္းက ကုမၸဏီတစ္ခုတည္းက ျဖစ္သည္။

" ဟူ ဆိုတဲ့ နာမည္ကို က်ေတာ္ ပထမၪီးဆံုး ၾကားဖူးတာပဲ...ဒါေပမယ့္ 'ဟူယန္'ဆိုၿပီးေပါင္းထားတဲ့ မ်ိဳးရိုးနာမည္ရိွတာေတာ့ က်ေတာ္သိတယ္ "

" ဒီမ်ိဳးရိုးနာမည္က အဲ့'ဟူယန္'ကေနပဲ ေခၚလို႔အဆင္ေျပေအာင္ လုပ္ထားတာပဲ "

နန္ဟြိုင္လင္ ေခါင္းညိမ့္ျပရင္း ေျပာလိုက္၏။ " က်ေတာ့္ အသိတရားေတြ က်ယ္ျပန္႔လာၿပီပဲ "

အထုပ္ေတြ ေနရာခ်ၿပီးေတာ့ ဟူမုန္႔ကြၽင္းက စကားစလာ၏။ " ငါတို႔ ညစာ သြားစားၾကမလား? "

" အင္း...က်ေတာ့္ အေဖာ္ကို ေခၚလိုက္ၪီးမယ္ "

မိန္ထ်န္းက်ူကို "လက္ေထာက္"လို႔ မေခၚေတာ့ဘဲနဲ႔ "အေဖာ္"လို႔ ​သံုးလိုက္တာ ပိုၿပီးေတာ့ ေလးစားသမႈရိွတယ္လို႔ သူ ခံစားရ၏။

နန္ဟြိုင္လင္ ဓာတ္ေလွကားဆီကို လမ္းေလ်ွာက္ရင္းနဲ႔ မိန္ထ်န္းက်ူကို ဖုန္းေခၚလိုက္သည္။ သူတို႔ ဓာတ္ေလွကားနားေရာက္ေတာ့ တစ္ဖက္က ဖုန္းကိုင္သြားသည္။

" အမက်ူ...အထုပ္ေတြထားၿပီးၿပီလား?...က်ေတာ္ စားေသာက္ဆိုင္မွာ သြားစားမလို႔...ဒါဆို ဟုတ္ပါၿပီ...က်ေတာ္ စားေသာက္ဆိုင္မွာ ေစာင့္မယ္ေနာ္? "

ဖုန္းခ်ၿပီးသြားေတာ့ ဓာတ္ေလွကားကလည္း ေရာက္လာ၏။

တံခါးက ေျဖးညင္းစြာပြင့္လာေတာ့ နန္ဟြိုင္လင္ အထဲကို ဝင္ဖို႔ျပင္လိုက္ခ်ိန္မွာ ရုတ္တရက္ သူ႔ရဲ့ လႈပ္ရွားမႈေတြက ရပ္တန္႔သြားသည္။

ဓာတ္ေလွကားထဲမွာ မတ္တပ္ရပ္ေနတဲ့ လူတစ္ေယာက္ရိွသည္။ ထိုသူက ရွစ္ယန္ပဲ။

အံ့အားသင့္သြားတဲ့ မ်က္လံုးႏွစ္စံုက အခ်င္းခ်င္း ဆံုစည္းသြားၾကသည္။ သို႔ေပမယ့္ နန္ဟြိုင္လင္က လ်င္ျမန္စြာ ပံုမွန္အေနအထားအတိုင္း ျပန္ျပင္ၿပီး ဓာတ္ေလွကားထဲကို ဝင္လာခဲ့သည္။ ဒီလူနဲ႔ သူက ဘာမွ မသက္ဆိုင္ေတာ့ဘူး။ မထင္မွတ္တဲ့ ေတြ့ဆံုမႈတစ္ခုမွာ သူ ဘာမွ ေရးႀကီးခြင္က်ယ္ လုပ္ေနစရာ မလိုဘူး။

" မင္း အဆင္ေျပရဲ့လား? " ရွစ္ယန္ရဲ့ အသံက သူ႔ေနာက္ပါးကေန ထြက္ေပၚလာသည္။

နန္ဟြိုင္လင္က ျပန္မေျဖခင္ ႏွစ္စကၠန္႔ေလာက္ တိတ္ဆိတ္ေနသည္။ " ေျပပါတယ္...စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးပါ "

ဟူမုန္႔ကြၽင္းက ရွစ္ယန္ကိုလွည့္ၾကည့္ၿပီးေနာက္ သူ႔ဘက္ကိုျပန္လွည့္လာကာ တိုးတိတ္စြာ ေမးေနသည္။ " မင္းက ရွစ္ယန္ကို သိတယ္လား? "

" အမ္...ငါတို႔က ဘီက်င္းရုပ္ရွင္တကၠသိုလ္တုန္းက အတန္းေဖာ္ေတြေလ " သူလည္း အသံကို ႏိွမ့္ကာ ေျဖလိုက္သည္။

" ကိုယ္ သတင္းမွာေတြ့လိုက္တယ္ " ရွစ္ယန္က ေျပာလာ၏။ " Congratulations "

နန္ဟြိုင္လင္ လံုးဝ လွည့္ၾကည့္မွာ မဟုတ္ဘူး။ " ေက်းဇူး..."

ခနအတြင္းမွာပဲ ဓာတ္ေလွကားက ပထမအထပ္ကို ေရာက္ရိွလာသည္။ တံခါးပြင့္သြားေတာ့ နန္ဟြိုင္လင္ အျပင္ကိုထြက္ဖို႔ ျပင္ေနခ်ိန္မွာ သူ႔ရဲ့လက္ေကာက္ဝတ္ကို ရုတ္တရက္ တစ္စံုတစ္ေယာက္က လွမ္းဆြဲလာသည္။

ဟူမုန္႔ကြၽင္းက သူ႔ကို လွည့္ၾကည့္လာေတာ့ နန္ဟြိုင္လင္ ၿပံဳးကာ ေျပာလိုက္ရေတာ့သည္။ " မင္းသြားႏွင့္...ငါ ၿပီးရင္ လိုက္ခဲ့မယ္ "

ဟူမုန္႔ကြၽင္းက သူတို႔ႏွစ္ေယာက္ကို ႏွစ္ႀကိမ္ေလာက္ ထူးဆန္းစြာ ၾကည့္ေနၿပီးမွ ေခါင္းညိမ့္ကာ သူ႔လမ္းသူ ဆက္ေလ်ွာက္သြားသည္။ ရွစ္ယန္က နန္ဟြိုင္လင္ကို ဓာတ္ေလွကားထဲကေန ဆြဲေခၚလာၿပီး ေဘးနားက ေလွကားဆီဆင္းတဲ့ တံခါးအျပင္ဘက္ကို ေခၚလာခဲ့သည္။

" လႊတ္ " နန္ဟြိုင္လင္ ေအးစက္စြာ ေျပာလိုက္သည္။

ရွစ္ယန္က နန္ဟြိုင္လင္ လက္ကို လႊတ္ေပးၿပီးေတာ့ ေစ့စပ္စြာစိုက္ၾကည့္ေနသည္။ " ကိုယ္ မင္းကို ျမင္ျမင္ခ်င္း မွတ္ေတာင္မမွတ္မိဘူး "

(TN/ ရွစ္ယန္ေျပာခ်င္တာက နန္နန္က ပိုေခ်ာလာလို႔ မမွတ္မိမလိုျဖစ္ခဲ့တယ္လို ဆိုလိုခ်င္တာပါ..နန္နန္ကို ေမ့သြားလို႔မဟုတ္ပါဘူး )

နန္ဟြိုင္လင္ ဘာမွမေျပာဘဲ ေနလိုက္သည္။ သူ ရွစ္ယန္ကို ဘာမွထပ္ၿပီး ေျပာစရာမရိွဘူး။

ရွစ္ယန္ဘက္ကလည္း အခ်ိန္ ခနေလာက္ထိ တိတ္ဆိတ္သြားသည္။ " အဲ့ေန့က...ကိုယ္ မူးေနလို႔...အဲ့တာေၾကာင့္ မင္း စိတ္မေကာင္းျဖစ္ေအာင္ တစ္ခုခုေျပာမိခဲ့ရင္ ကိုယ္ေတာင္းပန္ပါတယ္...ကိုယ္ တကယ္ စိတ္မေကာင္းျဖစ္ရတာပါ "

" မင္းေျပာခ်င္တာ ေနာက္ဆံုးေျပာခဲ့တဲ့စကားလား? " နန္ဟြိုင္လင္ ရယ္လိုက္မိသည္။ " မင္း မမွားဘူး...မၾကာခင္ကပဲ ငါ ေတာ္ေတာ္ေလး အသည္းမာလာတာကို သတိထားမိတယ္ " နန္ဟြိုင္လင္က ေခါင္းေမာ့ၿပီး ရွစ္ယန္ရဲ့ မ်က္လံုးေတြကို စိုက္ၾကည့္လာခဲ့၏။ " ငါ အရင္တုန္းက ေသာက္ရူးထၿပီး အသိဉာဏ္မရိွလို႔ မင္းကို ခ်စ္ခဲ့မိတာ...ဒါေပမယ့္..အခု ငါ မင္းကို ထပ္ၿပီး မခ်စ္ေတာ့ဘူး...ဘယ္ေတာ့မွထပ္မခ်စ္ေတာ့ဘူး...ငါ အရင္က ဘာလို႔ မင္းကို အဲ့ေလာက္အမ်ားႀကီး ခ်စ္ခဲ့မိလဲဆိုတာေတာင္ မမွတ္မိေတာ့ဘူး "

" ကိုယ္ မယံုဘူး " ရွစ္ယန္က သူ႔အနားကို ဖိကပ္လုနီးပါးတိုးလာသည္။ " မင္း လိမ္ ေနတာ "

" ငါ လိမ္လား၊ မလိမ္ဘူးလားဆိုတာ...." နန္ဟြိုင္လင္က ရွစ္ယန္ကို ေမာ့ၾကည့္ေနဆဲျဖစ္သည္။ ".....အားလံုးထက္ မင္းပိုသိမွာပါ "

" ကိုယ္ မယံုဘူးလို႔!! " ရွစ္ယန္က နန္ဟြိုင္လင္ကို အၾကမ္းပတမ္း နံရံဆီတြန္းပို႔လိုက္ၿပီး အတင္းနမ္းရန္ လုပ္ေတာ့သည္။

" ရွစ္ယန္! " နန္ဟြိုင္လင္ ျငင္းဆန္ဖို႔ ေခါင္းကိုေစာင္းလိုက္ရင္း သူ႔နာမည္ကို ေအာ္ေခၚလိုက္သည္။ ထို႔ေနာက္ နန္ဟြိုင္လင္ ေအးစက္စြာျပန္ေျပာလိုက္သည္။ " ငါေျပာတယ္ေနာ္...ငါတို႔ ေကာင္းေကာင္းမြန္မြန္ လမ္းခြဲၾကမယ္လို႔...ငါ မင္းနဲ႔အတူ ရိွေနခဲ့တဲ့ ခုႏွစ္ႏွစ္ကို ေနာင္တရခ်င္ေအာင္..မလုပ္ပါနဲ႔.."

တစ္ခ်ိန္တည္းမွာပဲ ရွစ္ယန္ သူ႔ရဲ့ခႏၶာကိုယ္တစ္ခုလံုး လႈပ္ရွားလို႔ မရသလို ခံစားလိုက္ရသည္။ နန္ဟြိုင္လင္ရဲ့ တစ္ဖက္လွည့္ထားတဲ့ ေဘးတိုက္မ်က္ႏွာကို သူ မ်က္ေတာင္မခက္ဘဲ ေငးေငးေမာေမာၾကည့္ေနမိကာ တိုးဖြဖြေျပာလိုက္သည္။

" ကိုယ္ အရာအားလံုးကို အရႈံးေပးခ်င္စိတ္ေပါက္ေနၿပီလို႔ ေျပာရင္...မင္း ကိုယ့္စီ ျပန္လာမွာလား? "

နန္ဟြိုင္လင္ ရယ္လိုက္မိသည္။

" ရွစ္ယန္...မင္းကိုယ္မင္းေရာ၊ တျခားသူေတြကိုေရာ လွည့္စားေနတာကို ရပ္လိုက္ပါေတာ့...တျခားသူေတြထက္ ငါ မင္းကို ပိုသိတယ္...မင္းက ဘယ္ေတာ့မွ လက္မေလ်ာ့ဘူး...အရမ္းေလာဘႀကီးတယ္...မင္းက အားလံုးကို လိုခ်င္တာ...ဒီေကာင္းကင္ေအာက္မွာ အဲ့လိုေကာင္းတဲ့အရာေတြ အမ်ားႀကီး မရႏိုင္တာကေတာ့ သနားစရာပဲ...မင္းရဲ့ ေရြးခ်ယ္မႈအတိုင္း မင္းလုပ္ၿပီး ကတည္းက..ေက်းဇူးျပဳျပီး အဲ့ဒီလမ္းအတိုင္းပဲ ဆက္ေလ်ွာက္ေပးပါ...ေနာက္ကို လွည့္မၾကည့္ဘဲနဲ႔...တံု႔ဆိုင္းမေနဘဲနဲ႔...တကယ့္ ေယာက္်ားတစ္ေယာက္လို ျပဳမူၿပီးေတာ့ေပါ့...ငါ မင္းကို အထင္ေသးမိေအာင္ မလုပ္ပါနဲ႔ေတာ့ "

ရွစ္ယန္ တုန္လႈပ္ေခ်ာက္ခ်ားမႈအျပည့္နဲ႔ပဲ နန္ဟြိုင္လင္ကို ထြက္သြားခြင့္ျပဳလိုက္၏။

နန္ဟြိုင္လင္ ရွစ္ယန္ကို မ်က္ကြယ္ျပဳလိုက္ကာ လွည့္ထြက္ခဲ့လိုက္သည္။ တံခါးနားေရာက္ေတာ့ သူ႔ေျခလွမ္းေတြကို ရပ္တန္႔ကာ ရွစ္ယန္ကို ေက်ာေပးထားရင္း ေျပာလိုက္သည္။ " မင္း ငါ့ကို ထပ္ေတြ့ရင္ ႏႈတ္မဆက္ပါနဲ႔...သူစိမ္းေတြလိုပဲ ဆက္ဆံေပးပါ "

ရွစ္ယန္ဆီက အသံက ေတာ္ေတာ္ၾကာေအာင္ကို တိတ္ဆိတ္ေန၏။ " အိုေက "

ထိုစကားသံကို ၾကားၿပီးေနာက္ နန္ဟြိုင္လင္ တံခါးကိုဆြဲဖြင့္ကာ ထြက္လာခဲ့သည္။ မျပတ္မသားျဖစ္ေနတာေတြကို သူမုန္းသည္။ သူ ရွစ္ယန္ကို ေျပာခဲ့သလိုပဲ..သူ ေနာက္ျပန္လွည့္မၾကည့္ခ်င္ဘူး...တံု႔ဆိုင္းမေနခ်င္ဘူး...သူ ခြန္အားစိုက္ထုတ္ၿပီးေတာ့သာလ်ွင္ အေရ႔ွကိုပဲ ဆက္ေလ်ွာက္ခ်င္ခဲ့တာ...အဲ့ဒါက အလုပ္ပဲျဖစ္ျဖစ္..အခ်စ္ပဲျဖစ္ျဖစ္။

ရုတ္တရက္ အိပ္ကပ္ထဲက ဖုန္းက တုန္ခါလာ၏။

" 🎼  အိုမင္းၿပီးေတာ့ မလွပေတာ့ဘူးဆိုရင္ေကာ..ကိုယ့္ကို ဆက္ခ်စ္ၪီးမွာလား.....🎼"

သူ ငါးႏွစ္ေလာက္ အသံုးျပဳခဲ့တဲ့ ဒီဖုန္းRingtoneသံက အခု သူ႔အျဖစ္ကို ရြဲ႔ဆိုေနသလိုပဲ...ၾကည့္ရတာ အသံေျပာင္းပစ္ဖို႔ အခ်ိန္ေရာက္ၿပီနဲ႔တူတယ္။

နန္ဟြိုင္လင္ ဖုန္းထုတ္ကာ ျပန္ေျဖလိုက္၏။

" ဟယ္လို? "

" မင္း Hengdianကို ေရာက္ၿပီလား? " ဖုန္းရဲ့ တစ္ဖက္က ေဖ့ခ်န္ရဲ့အသံက ထြက္ေပၚလာသည္။

" က်ေတာ္ အခုေလးတင္ပဲ ဟိုတယ္ေရာက္တာ " နန္ဟြိုင္လင္ ဖုန္းေျပာရင္း စားေသာက္ဆိုင္ဘက္ဆီ ၫႊန္ျပတဲ့ အၫႊန္းေတြအတိုင္း လမ္းေလ်ွာက္လာလိုက္သည္။ " ၿပီးေတာ့ က်ေတာ္ အခုသြားစားမလို႔ "

" ရာသီဥတုေရာ ေကာင္းရဲ့လား? "

" အင္း..ေနသာေနတယ္ဆိုေတာ့.. ေကာင္းပါတယ္ "

" ဘီက်င္းမွာ မိုးေတြေစြေနခဲ့တာ..မင္းထြက္သြားၿပီးၿပီးခ်င္းပဲ "

ဒီႏွစ္ခုက ဆက္စပ္မႈရိွတယ္လား?

နန္ဟြိုင္လင္ ရယ္လိုက္မိသည္။ " ဖုန္းေခၚတာ အေၾကာင္းထူးရိွလို႔လား? "

" ဘာအေၾကာင္းမွ မရိွရင္ ကိုယ္ မင္းကို ဖုန္းေခၚလို႔ မရဘူးလား? "

" က်ေတာ္ အဲ့သေဘာမ်ိဳး ေျပာတာမဟုတ္ပါဘူး!....ဒီတိုင္း ေမးၾကည့္ရံုပါ "

" ကိုယ္ မင္းကို ဖုန္းေခၚတာက မင္း ဝါရံတာက ပန္းအိုးေလးကို ေရဘယ္လို ေလာင္းေပးဖို႔လိုလဲ ေမးမလို႔ "

" အို႔...ခင္ဗ်ား မေျပာရင္ က်ေတာ္ အဲ့တာကို ေမ့ေနေတာ့မွာ...15ရက္ကို တစ္ႀကိမ္ေရေလာင္းရင္ ရၿပီေနာ္..ေက်းဇူး ေဖ့ခ်န္ "

" အင္း..ကိုယ္ သိၿပီ " ေဖ့ခ်နါက ခနရပ္သြား၏။ " မင္း ကိုယ္ပိုင္အခန္းရလား? "

" ဟင့္အင္း...ႏွစ္ေယာက္တစ္ခန္း...တျခားမင္းသားတစ္ေယာက္နဲ႔ " နန္ဟြိုင္လင္ စားေသာက္ဆိုင္ထဲကိုေရာက္ေတာ့ မိန္ထ်န္းက်ူကို လက္ျပကာ အဲ့နားကို ဆက္သြားဖို႔ ျပင္လိုက္သည္။ " က်ေတာ္ စားေတာ့မလို႔...ေနာက္မွ ေျပာမယ္ေနာ္..ဘိုင္ "

ေဖ့ခ်န္ မႈန္ေတေတနဲ႔ ျပန္ေျပာလိုက္သည္။ " ဘိုင္ " စကားေျပာၿပီးေနာက္ နန္ဟြိုင္လင္ အခု စိတ္အေျခအေနမေကာင္းဘူးဆိုတာ ေဖ့ခ်န္သိလိုက္သည္။ ဒါေပမယ့္ ေမးခြန္းေတြ ထပ္မေမးေတာ့ဘဲ ဖုန္းခ်ခြင့္ ျပဳလိုက္၏။

________________

29. 8. 22 (Mon)

Surprise!!

Continue Reading

You'll Also Like

212K 5.2K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.2M 51.5K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
765K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
1.1M 33.7K 50
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd