Heart Like Brilliant Words ||...

By _little_strawberry

77.6K 11.9K 271

Tittle: Heart Like Brilliant Words(心似耀言) Author: One Puffed Rice Cake (作者:一个米饼) English Translator: RoaminGol... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56

Chapter 28

1K 207 2
By _little_strawberry

'သိမ်ငယ်စိတ်'ဟူသောစကားလုံးက လင်းယွီရန်၏စိတ်ထဲတွင် မကြာခဏပေါ်လာတတ်လေသည်။သူသည်အမြဲတစေအခြားသူများထက် နိမ့်ကျသည်ဟုခံစားရခြင်းမဟုတ်သော်လည်း ရံဖန်ရံခါတော့ဖြစ်ပေါ်တတ်၏။ညံ့ဖျင်းသည်ဟု သူခံစားမိသည့်ပထမဆုံးအချက်မှာ ပန်းချီဆွဲခြင်းပင်။ဒုတိယအချက်မှာရှက်ကြောက်တတ်ကာ ငိုယိုလေ့ရှိခြင်းဖြစ်ပြီး နောက်ဆုံးအချက်မှာပိန်လွန်းပြီးအံဝင်ခွင်ကျင်ဖြစ်မနေခြင်းသာ။

လူတိုင်းကသိမ်ငယ်စိတ်ကိုခံစားရနိုင်သော်လည်း ကုယောင်ယန်ကတော့မခံစားနိုင်ဟုသူတွေးတောခဲ့မိ၏။

ထိုသူကသိသာထင်ရှားစွာပင်အံ့ဩစရာကောင်းပြီး မည်သည့်နေရာတွင်မဆိုလင်းယွီရန်ထပ်များစွာသာလွန်လေသည်။

"ဘယ်လိုများ.....အခြားလူတွေသူတို့ကိုယ်သူတို့ယုံကြည်မှုပြန်ရလာအောင်ကူညီပေးရမလဲ...."

လင်းယွီရန်သည်ကုတင်ပေါ်တွင်လှဲလျောင်းရင်း မေးခွန်းတစ်ခုကိုရိုက်နေ၏။

ကုယောင်ယန်သူ့ကိုယ်သူအထင်အမြင်သေးနေရသည့်အကြောင်းရင်းမှာ သူ့မိသားစုနှင့်သက်ဆိုင်နေသည်ဟု မစ္စတာကျန့်ကပြောပြခဲ့၏။ငယ်စဉ်ကပင် မကောင်းသောကိစ္စများစွာကိုတွေ့ကြုံခဲ့ရပြီး နောက်ဆုံးတွင် နေရောင်အောက်၌နေထိုင်ရန်အခွင့်အရေးရလာသောအခါ တောက်ပမှုကြောင့် မျက်လုံးများပင်မဖွင့်နိုင်တော့။

သူစိမ်းများနှင့်မည်သို့စကားပြောရမလဲ သို့မဟုတ် တခြားသူများနှင့်ဘယ်လိုဆက်ဆံရမလဲဆိုသည်ကိုသူမသိပေ။နှစ်များကြာမြင့်လာသည်နှင့်အမျှ အများကြီးတိုးတက်လာခဲ့သော်လည်း သူကဤငြိမ်းချမ်းသောကမ္ဘာကြီးနှင့်မသက်ဆိုင်ဟု ခံစားနေမိဆဲ။

ထို့ကြောင့်သူကမမလင်း၏မှောင်ခိုဈေးကွက်ဘား၌ ပုန်းနေခဲ့ခြင်းပင်။အကြောင်းအရင်းမှာ ထိုနေရာကသာ သူ့ယခင်ဘဝနှင့်အနီးစပ်ဆုံးဖြစ်နေခြင်းကြောင့်သာ။သူ့တွင်မည်သည့်အရာများဖြစ်လာမလဲဆိုသည်ကိုလည်းဂရုမစိုက်တော့ဘဲ ထိုနေရာတွင်သာသူကိုယ်သူပစ်ထားချင်ခဲ့၏။

"တကယ့်ကိုပြောရခက်တယ်"

လင်းယွီရန်သည် သူ့ဖုန်းထဲ၌ရှာဖွေလိုက်သော်လည်း အဖိုးတန်အချက်အလက်များကိုရှာမတွေ့ခဲ့ပေ။  သက်ပြင်းချပြီးနောက် ဖုန်းကိုသူ့ဘေးတွင်ထားလိုက်၏။သူ၎င်းကိုမမြင်နိုင်ခဲ့သော်လည်း ကုယောင်ယန်မတော်တဆပြောလိုက်သည့်စကားလုံးများက သူ့နှလုံးသားထဲ၌ ပေါ်လွင်နေခဲ့လေသည်။

လင်းယွီရန်က သူ့အားကူညီရန် သို့မဟုတ် ကယ်တင်ရန် နည်းလမ်းရှိလားဟု မစ္စတာကျန့်ကိုမေးခဲ့လေသည်။တစ်ဖက်လူကမရှိဟုသာ ပြန်ဖြေလာခဲ့၏။

မည်သို့ပင်ဖြစ်စေ ကုယောင်ယန်သည်ပျော့ညံ့သူမဟုတ်သလို မည်သူ့အကူအညီမှလည်းမလိုအပ်ပေ။  သူကလွတ်လပ်ပြီးဖော်ရွေမှုမရှိသည့်တိုင် သူ့နှလုံးသားကခိုင်မာလေသည်။သူ့ဆုံးဖြတ်ချက်အားလုံးမှာသူ့ကိုယ်ပိုင်ရွေးချယ်မှုများသာဖြစ်ပြီး သူလျှောက်လှမ်းနေသည့်ခြေလှမ်းတိုင်းကလည်း သူလုပ်ချင်သည်၊မလုပ်ချင်သည်ဆိုသည့်အပေါ်သာ မူတည်လေသည်။

နောက်ရက်အနည်းငယ်တွင် လင်းယွီရန်သည် မစ္စတာကျန့်၏အိမ်သို့နှစ်နာရီစောကာသွားခဲ့၏။

ကုယောင်ယန်သူ့အားထပ်လာခေါ်သည့်အခါ စောင့်ဆိုင်းနေရမည်အားသူစိုးထိတ်မိလေသည်။လေကရေခဲနှင့်နှင်းမှုန်များကိုလွင့်ပျံနေစေပြီး အပူချိန်ကလည်းယခင်ကထပ်ပို၍အေးလာလေပြီ။

ဤခရီးစဉ်၏ရည်ရွယ်ချက်ကိုသူမမေ့ခဲ့သော်လည်း ကုယောင်ယန်ကိုနေ့တိုင်းမြင်တွေ့နေရသည့်အခါ သူ့စိတ်ထဲမှရှုပ်ထွေးနေသည့်အတွေးများအားလုံးကပျောက်ကွယ်သွားခဲ့တော့သည်။သူကထိုသူ့အားနေ့တိုင်းကပ်တွယ်နေကာ စကားများပြောနေခဲ့၏။ကုယောင်ယန်ရေချိုးနေသောအချိန်၌ပင် သူကတံခါးနားတွင်ရပ်ကာပြောပေလိမ့်မည်။

"မစ္စတာကျန့်ကဒီနေ့ငါ့ကိုချီးကျူးခဲ့တယ် ငါက
အရမ်းတော်တယ်လို့သူကပြောတယ်!"

"Oh"

"ငါ့ရဲ့တိုးတက်မှုအရမ်းမြန်တယ်လို့လည်း သူကပြောတယ် အရင်ကငါ့ကိုသင်ပေးမယ့်ကျွမ်းကျင်ဆရာမရှိလို့ဖြစ်နေတာလို့သူကပြောတယ်"

"Oh—"

"ကုယောင်ယန်? ငါပြောတာကြားလား?"

လင်းယွီရန်မှာအဖြေပြန်မရပေ။

ရေချိုးခန်းတံခါးမှာဆောင့်ဖွင့်ခံလိုက်ရပြီး ကုယောင်ယန်ကခါးတွင်ကိုယ်သုတ်ပုဝါကိုပတ်လျက်ထွက်လာ၏။သူကမေးလာလေသည်။

"မင်းကသူများရဲ့လိင်ကိစ္စကိုတိတ်တခိုးကြည့်နေရတာနှစ်သက်တဲ့သူလား?"

လင်းယွီရန်သည်ကုယောင်ယန်၏ရင်ဘတ်ကြွက်သားများကိုတိတ်တဆိတ်အသေးစိပ်ကြည့်ရှုပြီးနောက် သူ့ကိုယ်သူငုံ့ကြည့်လိုက်၏။သူကအလွန့်အလွန် ဝမ်းသာနေရာမှ ခဏမျှဝမ်းနည်းသွားပြန်လေသည်။သူ့စိတ်ခံစားချက်များမှာလည်းတက်လိုက်ကျလိုက်ဖြစ်နေတော့သည်။

ကုယောင်ယန်ကမေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ?"

လင်းယွီရန်ကကျိုးနွံ့စွာမေးလိုက်၏။

"မင်းရဲ့ကြွက်သားတွေကဘယ်လို..ဘယ်လိုများကြီးထွားလာရတာလဲ?"

ကုယောင်ယန်: "မင်းသိချင်လား?" 

လင်းယွီရန်ကထပ်ခါထပ်ခါခေါင်းညိတ်ပြပြီး အာရုံစိုက်နားထောင်ရင်း တစ်ဖက်သား၏သွန်သင်ချက်များကိုမှတ်တမ်းတင်ရန် မှတ်စုစာအုပ်ငယ်ကိုရှာဖွေတော့သည်။

ကုယောင်ယန်ကခဏမျှစဉ်းစားနေပြီး သူ့အမူအရာက သူ့အတွေးများအားအဖြေရှာနေသလိုလေးနက်နေ၏။

လင်းယွီရန်မှာစိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေခဲ့သော်လည်း ထိုသူ့အားတိုက်တွန်းရန်မှာလည်းရှက်စရာကောင်းနေ၏။

ငါးမိနစ်အကြာတွင်ကုယောင်ယန်က သူ့ပခုံးအားပုတ်ကာ ရှက်ဖွယ်လိလိစကားကိုပြောလာတော့သည်။

"ဒါကငါ့မျိုးရိုးဗီဇကလာတာဆိုတော့ မင်းအရှုံးပေးလိုက်ပါတော့"

——

ဖူး!

လင်းယွီရန်သည်ဒေါသတကြီးထခုန်ကာ ဖုန်းကိုထုတ်လိုက်ပြီး "အခြားသူတွေသူတို့ကိုယ်သူတို့ယုံကြည်မှုပြန်ရအောင် ဘယ်လိုကူညီရမလဲ" ဆိုသည့်မေးခွန်းကိုဒေါသတကြီး ဖျက်ပစ်လိုက်၏။

သေချာပေါက်ပင် မည်သူမဆိုသိမ်ငယ်စိတ်ကိုခံစားရနိုင်သော်လည်း ကုယောင်ယန်ကတော့သိမ်ငယ်သည်ဟုခံစားရမည်မဟုတ်ပေ။

နောက်တစ်နေ့တွင် လင်းယွီရန်သည်မစ္စတာကျန့်၏အိမ်၌ထုံးစံအတိုင်းအတန်းတက်ရန်သွားခဲ့သော်လည်း အိမ်တံခါးဝသို့မရောက်မီတွင် သူ၏ အမြင်အာရုံသည်ရုတ်တရက်မှောင်မိုက်သွားပြီး ကျဉ်းမြောင်းသောလမ်းကြားထဲသို့ ဆွဲခေါ်သွားခံရလေသည်။

သူ့ပတ်ဝန်းကျင်မှအသံများအရ ခွန်အားကြီးသည့်လူသုံးလေးယောက်လောက်ရှိနေ၏၊သူ့ခေါင်းပေါ်၌ စက္ကူအိတ်ကရှိနေပြီး ပါးစပ်ကိုတင်းတင်းကြပ်ကြပ်ပိတ်ခံထားရလေသည်။လင်းယွီရန်ကခက်ခက်ခဲခဲ ရုန်းကန်ပြီး ထိုလူ၏ခြေထောက်ကိုနင်းရန်အခွင့်အရေးကို ရှာတွေ့ခဲ့၏။ထိုလူကအော်ဟစ်ကာ သူ့ကို အမြန်လွှတ်ပေးလာခဲ့လေသည်။လင်းယွီရန်၏ပါးစပ်မှာပြေလျော့သွားပြီး အကူအညီတောင်းရန်အော်ဟစ်တော့မည့်အချိန်တွင် တစ်ဖက်လူများ၏အသံမထွက်ရန် ကမန်းကတန်းတောင်းဆိုသံကိုကြားလိုက်ရလေသည်။

ထိုထဲမှတစ်ယောက်ကသူ့အတွက်ခေါင်းပေါ်မှအိတ်ကိုဖယ်ပေးလာကြပြီးနောက် "plop" ဟူသောအသံဖြင့်မြေပြင်ပေါ်ဒူးထောက်လာ၏။

အခြေအနေများက လျင်မြန်စွာပင်ပြောင်းပြန်ဖြစ်သွားသဖြင့် လင်းယွီရန်သည်သူ့ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကိုနားမလည်နိုင်တော့ဘဲ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားခဲ့မိလေသည်။

"Overဖြစ်နေပြီ"

စကားပြောနေသည့်လူ၏ပါးစပ်ထောင့်၌ ပြာနှမ်းနေသည့်ပွန်းပဲ့ဒဏ်ရာတစ်ခုရှိလေသည်။သူ့တွင်ကျယ်ပြန့်သောနဖူးနှင့်ပါးစပ်ရှိ၏။၎င်းကသူ၏ပထမဆုံးအကြိမ်အဖြစ်ဤနေရာသို့ရောက်လာခဲ့ခြင်း ဖြစ်ပြီး၊ ဤနေရာ၌ဆိုးရွားလှသည့်လေ့ကျင့်ရေးများကိုတွေ့ကြုံခဲ့ရပြီးနောက်တွင်တော့ သူကသူ့၏ အသင်းဖော်များကိုပွေ့ဖက်ပြီး District League A ၏ချန်ပီယံအကြောင်း ငိုကြွေးတိုင်တန်းလာခဲ့တော့သည်။သူ့နာမည်ကမုန်ဟူပင်။

ဒူးထောက်နေသောလူမှာ ပန်းရောင်ဆံပင်နှင့်အသားညိုသောလူတစ်ယောက်ပင်။သူ့တွင် မှတ်သားရလွယ်ကူပြီး ရိုးရှင်းသော စွန်းကျစ်[1]ဟူသောတရုတ်နာမည်ရှိလေသည်။

သူကမုန်ဟူကိုမေးလာ၏။

"ဒါကမင်းတို့နိုင်ငံရဲ့ကျင့်ဝတ်ထုံးတမ်းနဲ့မညီဘူးလား?"

မုန်ဟူကရေရွတ်လာ၏။

"Overဖြစ်နေပြီလို့"

သို့သော်ခဏမျှစဉ်းစားပြီးနောက် သူကထပ်ပြောလာလေသည်။

"ဒါပေမယ့် မင်းနာမည်ကဒူးထောက်ဖို့သင့်တော်ပါတယ်"

လင်းယွီရန်ကငြိမ်သက်သွားပြီး ဘာတွေဖြစ်နေတာလဲဟု တွေးလိုက်မိလေသည်။သူကအံ့ဩသင့်စွာဖြင့်မေးလိုက်လေသည်။

"မင်း-မင်းတို့ငါ့ကိုရှာနေတာလား? ဘာလိုချင်လို့လဲ?"

မုန်ဟူကတောင်းပန်လာ၏။

"တောင်းပန်ပါတယ် မစ္စတာလင်း ဒီလိုနည်းလမ်းနဲ့တွေ့ရလို့စိတ်မကောင်းပါဘူး ဒါပေမဲ့အရမ်းတုံးတိကြီးဖြစ်နေပြီး မင်းကြောက်ပြီးအဝေးကိုထွက်သွားမှာကိုစိုးရိမ်လို့ပါ"

လင်းယွီရန်မှာစိတ်ရှုပ်နေသော်လည်း ညည်းညူရန်တော့မမေ့ပေ။သူဤနည်းလမ်းမှမလွတ်မြောက်နိုင်သော်လည်း သူသာအနည်းငယ်မျှသတ္တိမရှိခဲ့ပါလျှင် ကြောက်လန့်လွန်းသဖြင့်သေသွားပေလိမ့်မည်။

"...ငါ့ဆီကဘာလိုချင်လို့လဲ?"

စွန်းကျစ်မှာဒူးထောက်နေဆဲ။လင်းယွီရန်ကသူ့အားထူပေးနေချိန်၌ မုန်ဟူကပြောလာ၏။

"မင်းကငါတို့နည်းပြရဲ့ကောင်လေးပဲ ဟုတ်တယ်မလား?"

လင်းယွီရန်ကချက်ချင်းပင်လက်ဝှေ့ယမ်းလိုက်၏။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ငါ—ငါတို့ကသာမန်သူငယ်ချင်းတွေပါ"

'သူတို့က အဲဒါကိုလူသိရှင်ကြားမပြချင်သေးတာလား?'

မုန်ဟူက ချက်ချင်းသဘောပေါက်သွား၏။သူကတစ်ဖက်လူနှင့်ရေလိုက်ငါးလိုက်ပြောပေးလာ၏။

"သာမန်သူငယ်ချင်းတွေလည်း ကောင်းပါတယ် ဟုတ်သားပဲ ငါတို့ဒီနေ့မင်းကိုမေတ္တာရပ်ခံဖို့လာခဲ့တာပါ"

လင်းယွီရန်ကသူ့ကိုယ်သူလက်ညှိုးထိုးပြပြီး မေးလိုက်လေသည်။

"ငါ့ကိုလား? ငါကဘယ်လိုကူညီရမှာလဲ?"

စွန်းကျစ်ကချက်ချင်းအော်ဟစ်ငိုယိုလာတော့သည်။

"မင်းငါတို့နည်းပြကိုနားရက်ယူအောင်လုပ်ပေးနိုင်မလား? တစ်ရက်ထဲပါ သူဒီကိုရောက်နေတာနှစ်ပတ်လောက်ရှိနေပြီကို တစ်ရက်မှနားရက်မယူဘူး သူအနားမယူတာကအရေးမကြီးပေမယ့် ငါတို့ကရောအနားယူဖို့မလိုအပ်ဘူးတဲ့လား? ငါတို့ကသူ့ထက်အသက်ကြီးပေမယ့် ငါတို့လည်းငယ်ရွယ်သေးတာပဲလေ ငါ့ကောင်မလေးကငါနဲ့အတူရုပ်ရှင်ကြည့်ဖို့ နဲ့ ငါနားရက်ရဖို့စောင့်နေတုန်းပဲ"

မုန်ဟူကဖြတ်ပြောလာ၏။

"သူ့ကောင်မလေးနာမည်က စွန်းရှီဖူ[2]ပါ"

လင်းယွီရန်မှာထိန်းမထားနိုင်တော့။ရုတ်တရက် "ဖူး"ဟူသောအသံနှင့်အတူ ရယ်မောလာ၏။ဤလူများကသူ့အပေါ်မည်သည့်အန္တရာယ်မှပေးခြင်းမရှိသောကြောင့် သူ့စိတ်ထဲမှအာဃာတများကိုလက်လွှတ်လိုက်လေသည်။သူကဝမ်းနည်းစွာဖြင့်ပြောလိုက်၏။

"ငါမင်းတို့ကိုမကူညီနိုင်ဘူး"

မုန်ဟူကမေးလိုက်၏။

"ဘာလို့လဲ?"

"ကုယောင်ယန်ရဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ငါဘာမှ မပြောနိုင်ဘူးလေ ငါတို့ကြားကဆက်ဆံရေးကမင်းတို့ထင်သလောက် မကောင်းဘူး"

ထိုစကားကိုပြောပြီးနောက် လင်းယွီရန်သည် အနည်းငယ်စိတ်မသက်မသာ ခံစားလိုက်ရလေသည်။သူနှုတ်​ခမ်းကိုကိုစူကာ နှုတ်​ဆိတ်​သွားလေသည်​။

"မင်းကိုယ်တိုင်ပြောဖို့ မလိုပါဘူး"

မုန်ဟူကပြောလာ၏။

"ငါတို့အားလုံးကအစီအစဥ်အချို့ကို တွက်ချက်ထားပြီးပါပြီ မင်းကငါတို့နဲ့ ပူးပေါင်းဖို့ပဲလိုတာပါ"

လင်းယွီရန်ကမျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့အားသံသယများဖြင့် ကြည့်လိုက်၏။

မုန်ဟူသည် စိတ်ရင်းမှန်ဖြင့်120 ဒီဂရီနီးပါးလေးနက်စွာဦးညွှတ်ကာ

"ကျေးဇူးပြုပြီး မင်းနေမကောင်းချင်ယောင်ဆောင်ပေးလို့ရမလား?"

"နေ နေမကောင်းချင်ယောင်ဆောင်တာလား?"

လင်းယွီရန်သည်စက္ကန့်အနည်းငယ်မျှ ထိတ်လန့်သွားလေသည်။သူကဆိုလိုရင်းကိုနားလည်သွားပြီးနောက် လျင်မြန်စွာပင်ပြောလာ၏။

"မဟုတ်ဘူး မဟုတ်ဘူး ဒါကလုံးဝအလုပ်မဖြစ်ဘူး ငါနေမကောင်းရုံနဲ့ သူကဘယ်တော့မှနားရက်ယူမှာမဟုတ်ဘူး"

မုန်ဟူကပြောလာ၏။

"သူသေချာပေါက်ကိုနားရက်ယူမှာ မင်းငါတို့ကိုယုံဖို့ပဲလိုတာပါ"

လင်းယွီရန်ကငြင်းချင်နေဆဲဖြစ်သော်လည်း စွန်းကျစ်ကထပ်၍ဒူးထောက်ရန်ပြင်လာသည်ကိုမြင်လျှင် သူကကမန်းကတန်းပြောလိုက်၏။

"ငါ—ငါမင်းတို့ကိုတကယ်မကူညီနိုင်ဘူး ငါဒီနေ့မစ္စတာကျန့်အတန်းကိုသွားရမှာ"

မုန်ဟူမှာကြမ်းကြုတ်သောပုံစံမျိုးရှိသော်လည်း သူ့စိတ်မှာတော့ အလွန်ပင်စေ့စေ့စပ်စပ်နိုင်လှ၏။သူကဤကိစ္စအတွက် ဒီမနက်စောစောကပင် အစီအစဉ်တချို့ကိုစီစဉ်ပြီးလေပြီ။

"ဘော့စ်ကဒီကိစ္စကိုသဘောတူပြီးပြီ နောက်တစ်နေ့မှမင်းကိုအစားထိုးသင်ပေးမယ်လို့သူကပြောတယ်"

.......

လင်းယွီရန်သည် ယခုအချိန်တွင်ခေါင်းရှောင်၍မရတော့။ကျည်ဆံကိုကိုက်ကာ[3] သဘောတူလိုက်ရတော့သည်။မုန်ဟူကရေနွေးအိတ်တစ်အိတ်ကိုပေးလာပြီးနောက် လင်းယွီရန်ကအိပ်ဆောင်သို့ပြန်ကာ ညဝတ်အင်္ကျီကိုလဲဝတ်လိုက်၏။ဤအစီအစဥ်သည်ကျိန်းသေကျရှုံးလိမ့်မည်ဟု သူခံစားခဲ့ရပြီး ကုယောင်ယန်သည်သူ့ကြောင့်နှင့်တော့ ထိုကိစ္စမျိုးကိုမည်သည့်အခါမျှလုပ်ဆောင်မည်မဟုတ်ပေ။သူနေမကောင်းဖြစ်နေလျှင်တောင် ထိုသူကတော့ အလုပ်ပြီးမှသာအိမ်သို့အပြေးပြန်လာပေလိမ့်မည်။

သက်ပြင်းချပြီးနောက် ရေနွေးအိတ်ကိုနဖူးပေါ်တင်လိုက်ကာ ပြတင်းပေါက်မှအပြင်သို့တိတ်တဆိတ် လှမ်းကြည့်နေမိ၏။

ထူးဆန်းလှပေသည်.....သူဘာလို့စိတ်ဆိုးနေသလိုခံစားနေရတာလဲ?

ကုယောင်ယန်ပြန်မလာသည်က ပုံမှန်သာ။သို့သော် သူသာပြန်လာခဲ့ပါလျှင်.......၎င်းကအနည်းငယ်မူမမှန်တော့ ဟုတ်တယ်မလား?

သူထိုသို့တွေးနေချိန်၌ တစ်စုံတစ်ယောက်ကအောက်ထပ်မှတံခါးကိုတွန်းဖွင့်လာ၏။တိတ်ဆိတ်ငြိမ်သက်နေသောအိမ်ကြီးထဲတွင် လျင်မြန်သောခြေသံများဆက်တိုက်ဆိုသလို ထွက်ပေါ်လာတော့သည်။  တစ်ဖက်လူမှာဖိနပ်ပင်ပြောင်းမစီးနိုင်တော့ဘဲ သူ့အခန်းဆီသို့ပြေးလာခဲ့ခြင်းပင်။

လင်းယွီရန်မှာစက္ကန့်အနည်းငယ်မျှထိတ်လန့်သွားပြီး နှလုံးခုန်မြန်လာတော့သည်။စောင်အောက်၌ ရေနွေးအိတ်ကိုအမြန်ဝှက်ထားလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။

နောက်တစ်စက္ကန့်တွင် တံခါးကကျယ်ကျယ်ပွင့်လာပြီး အအေးဓာတ်နှင့်အတူကုယောင်ယန်ကပြေးဝင်လာကာ သူ့ကုတင်ဘေးတွင်ရပ်လာတော့သည်။

ခြေသံများကရပ်တန့်သွားသော်လည်း လင်းယွီရန်၏နှလုံးခုန်သံများက မြန်ဆန်နေဆဲ။ကုယောင်ယန်၏လျင်မြန်သောအသက်ရှုသံများက သူ့နားသို့ဖြည်းညင်းစွာချဉ်းကပ်လာသည်ကို သူသတိပြုမိလိုက်ပြီးနောက် ထိုသူ၏လက်ကသူ၏ပူနေသောနဖူးပေါ်ရောက်လာခဲ့တော့သည်။

Translator Notes:

[1] စွန်းကျစ်:သူ့နာမည်ကမြေး(grandson)ဆိုတဲ့အဓိပ္ပာယ်ပါ

[2]:စွန်းရှီဖူ:စွန်းကျစ်ရဲ့ကောင်မလေးနာမည်ကတော့ မြေးရဲ့ဇနီး[မြေးချွေးမ]ဆိုတဲ့အဓိပ္ပာယ်ပါ🤣

[3]ကျည်ဆန်ကိုကိုက်: ခက်ခဲသော သို့မဟုတ် မနှစ်မြို့ဖွယ်တစ်ခုခုကို လုပ်ရန်ဆုံးဖြတ်လိုက်တာမျိုးပါ

-Zawgyi

'သိမ္ငယ္စိတ္'ဟူေသာစကားလုံးက လင္းယြီရန္၏စိတ္ထဲတြင္ မၾကာခဏေပၚလာတတ္ေလသည္။သူသည္အၿမဲတေစအျခားသူမ်ားထက္ နိမ့္က်သည္ဟုခံစားရျခင္းမဟုတ္ေသာ္လည္း ရံဖန္ရံခါေတာ့ျဖစ္ေပၚတတ္၏။ညံ့ဖ်င္းသည္ဟု သူခံစားမိသည့္ပထမဆုံးအခ်က္မွာ ပန္းခ်ီဆြဲျခင္းပင္။ဒုတိယအခ်က္မွာရွက္ေၾကာက္တတ္ကာ ငိုယိုေလ့ရွိျခင္းျဖစ္ၿပီး ေနာက္ဆုံးအခ်က္မွာပိန္လြန္းၿပီးအံဝင္ခြင္က်င္ျဖစ္မေနျခင္းသာ။

လူတိုင္းကသိမ္ငယ္စိတ္ကိုခံစားရႏိုင္ေသာ္လည္း ကုေယာင္ယန္ကေတာ့မခံစားႏိုင္ဟုသူေတြးေတာခဲ့မိ၏။

ထိုသူကသိသာထင္ရွားစြာပင္အံ့ဩစရာေကာင္းၿပီး မည္သည့္ေနရာတြင္မဆိုလင္းယြီရန္ထပ္မ်ားစြာသာလြန္ေလသည္။

"ဘယ္လိုမ်ား.....အျခားလူေတြသူတို႔ကိုယ္သူတို႔ယုံၾကည္မႈျပန္ရလာေအာင္ကူညီေပးရမလဲ...."

လင္းယြီရန္သည္ကုတင္ေပၚတြင္လွဲေလ်ာင္းရင္း ေမးခြန္းတစ္ခုကို႐ိုက္ေန၏။

ကုေယာင္ယန္သူ႔ကိုယ္သူအထင္အျမင္ေသးေနရသည့္အေၾကာင္းရင္းမွာ သူ႔မိသားစုႏွင့္သက္ဆိုင္ေနသည္ဟု မစၥတာက်န္႔ကေျပာျပခဲ့၏။ငယ္စဥ္ကပင္ မေကာင္းေသာကိစၥမ်ားစြာကိုေတြ႕ႀကဳံခဲ့ရၿပီး ေနာက္ဆုံးတြင္ ေနေရာင္ေအာက္၌ေနထိုင္ရန္အခြင့္အေရးရလာေသာအခါ ေတာက္ပမႈေၾကာင့္ မ်က္လုံးမ်ားပင္မဖြင့္ႏိုင္ေတာ့။

သူစိမ္းမ်ားႏွင့္မည္သို႔စကားေျပာရမလဲ သို႔မဟုတ္ တျခားသူမ်ားႏွင့္ဘယ္လိုဆက္ဆံရမလဲဆိုသည္ကိုသူမသိေပ။ႏွစ္မ်ားၾကာျမင့္လာသည္ႏွင့္အမွ် အမ်ားႀကီးတိုးတက္လာခဲ့ေသာ္လည္း သူကဤၿငိမ္းခ်မ္းေသာကမာၻႀကီးႏွင့္မသက္ဆိုင္ဟု ခံစားေနမိဆဲ။

ထို႔ေၾကာင့္သူကမမလင္း၏ေမွာင္ခိုေဈးကြက္ဘား၌ ပုန္းေနခဲ့ျခင္းပင္။အေၾကာင္းအရင္းမွာ ထိုေနရာကသာ သူ႔ယခင္ဘဝႏွင့္အနီးစပ္ဆုံးျဖစ္ေနျခင္းေၾကာင့္သာ။သူ႔တြင္မည္သည့္အရာမ်ားျဖစ္လာမလဲဆိုသည္ကိုလည္းဂ႐ုမစိုက္ေတာ့ဘဲ ထိုေနရာတြင္သာသူကိုယ္သူပစ္ထားခ်င္ခဲ့၏။

"တကယ့္ကိုေျပာရခက္တယ္"

လင္းယြီရန္သည္ သူ႔ဖုန္းထဲ၌ရွာေဖြလိုက္ေသာ္လည္း အဖိုးတန္အခ်က္အလက္မ်ားကိုရွာမေတြ႕ခဲ့ေပ။  သက္ျပင္းခ်ၿပီးေနာက္ ဖုန္းကိုသူ႔ေဘးတြင္ထားလိုက္၏။သူ၎ကိုမျမင္ႏိုင္ခဲ့ေသာ္လည္း ကုေယာင္ယန္မေတာ္တဆေျပာလိုက္သည့္စကားလုံးမ်ားက သူ႔ႏွလုံးသားထဲ၌ ေပၚလြင္ေနခဲ့ေလသည္။

လင္းယြီရန္က သူ႔အားကူညီရန္ သို႔မဟုတ္ ကယ္တင္ရန္ နည္းလမ္းရွိလားဟု မစၥတာက်န္႔ကိုေမးခဲ့ေလသည္။တစ္ဖက္လူကမရွိဟုသာ ျပန္ေျဖလာခဲ့၏။

မည္သို႔ပင္ျဖစ္ေစ ကုေယာင္ယန္သည္ေပ်ာ့ညံ့သူမဟုတ္သလို မည္သူ႔အကူအညီမွလည္းမလိုအပ္ေပ။  သူကလြတ္လပ္ၿပီးေဖာ္ေ႐ြမႈမရွိသည့္တိုင္ သူ႔ႏွလုံးသားကခိုင္မာေလသည္။သူ႔ဆုံးျဖတ္ခ်က္အားလုံးမွာသူ႔ကိုယ္ပိုင္ေ႐ြးခ်ယ္မႈမ်ားသာျဖစ္ၿပီး သူေလွ်ာက္လွမ္းေနသည့္ေျခလွမ္းတိုင္းကလည္း သူလုပ္ခ်င္သည္၊မလုပ္ခ်င္သည္ဆိုသည့္အေပၚသာ မူတည္ေလသည္။

ေနာက္ရက္အနည္းငယ္တြင္ လင္းယြီရန္သည္ မစၥတာက်န္႔၏အိမ္သို႔ႏွစ္နာရီေစာကာသြားခဲ့၏။

ကုေယာင္ယန္သူ႔အားထပ္လာေခၚသည့္အခါ ေစာင့္ဆိုင္းေနရမည္အားသူစိုးထိတ္မိေလသည္။ေလကေရခဲႏွင့္ႏွင္းမႈန္မ်ားကိုလြင့္ပ်ံေနေစၿပီး အပူခ်ိန္ကလည္းယခင္ကထပ္ပို၍ေအးလာေလၿပီ။

ဤခရီးစဥ္၏ရည္႐ြယ္ခ်က္ကိုသူမေမ့ခဲ့ေသာ္လည္း ကုေယာင္ယန္ကိုေန႔တိုင္းျမင္ေတြ႕ေနရသည့္အခါ သူ႔စိတ္ထဲမွရႈပ္ေထြးေနသည့္အေတြးမ်ားအားလုံးကေပ်ာက္ကြယ္သြားခဲ့ေတာ့သည္။သူကထိုသူ႔အားေန႔တိုင္းကပ္တြယ္ေနကာ စကားမ်ားေျပာေနခဲ့၏။ကုေယာင္ယန္ေရခ်ိဳးေနေသာအခ်ိန္၌ပင္ သူကတံခါးနားတြင္ရပ္ကာေျပာေပလိမ့္မည္။

"မစၥတာက်န္႔ကဒီေန႔ငါ့ကိုခ်ီးက်ဴးခဲ့တယ္ ငါက
အရမ္းေတာ္တယ္လို႔သူကေျပာတယ္!"

"Oh"

"ငါ့ရဲ႕တိုးတက္မႈအရမ္းျမန္တယ္လို႔လည္း သူကေျပာတယ္ အရင္ကငါ့ကိုသင္ေပးမယ့္ကြၽမ္းက်င္ဆရာမရွိလို႔ျဖစ္ေနတာလို႔သူကေျပာတယ္"

"Oh—"

"ကုေယာင္ယန္? ငါေျပာတာၾကားလား?"

လင္းယြီရန္မွာအေျဖျပန္မရေပ။

ေရခ်ိဳးခန္းတံခါးမွာေဆာင့္ဖြင့္ခံလိုက္ရၿပီး ကုေယာင္ယန္ကခါးတြင္ကိုယ္သုတ္ပုဝါကိုပတ္လ်က္ထြက္လာ၏။သူကေမးလာေလသည္။

"မင္းကသူမ်ားရဲ႕လိင္ကိစၥကိုတိတ္တခိုးၾကည့္ေနရတာႏွစ္သက္တဲ့သူလား?"

လင္းယြီရန္သည္ကုေယာင္ယန္၏ရင္ဘတ္ႂကြက္သားမ်ားကိုတိတ္တဆိတ္အေသးစိပ္ၾကည့္ရႈၿပီးေနာက္ သူ႔ကိုယ္သူငုံ႔ၾကည့္လိုက္၏။သူကအလြန္႔အလြန္ ဝမ္းသာေနရာမွ ခဏမွ်ဝမ္းနည္းသြားျပန္ေလသည္။သူ႔စိတ္ခံစားခ်က္မ်ားမွာလည္းတက္လိုက္က်လိုက္ျဖစ္ေနေတာ့သည္။

ကုေယာင္ယန္ကေမးလိုက္ေလသည္။

"ဘာျဖစ္လို႔လဲ?"

လင္းယြီရန္ကက်ိဳးႏြံ႕စြာေမးလိုက္၏။

"မင္းရဲ႕ႂကြက္သားေတြကဘယ္လို..ဘယ္လိုမ်ားႀကီးထြားလာရတာလဲ?"

ကုေယာင္ယန္: "မင္းသိခ်င္လား?" 

လင္းယြီရန္ကထပ္ခါထပ္ခါေခါင္းညိတ္ျပၿပီး အာ႐ုံစိုက္နားေထာင္ရင္း တစ္ဖက္သား၏သြန္သင္ခ်က္မ်ားကိုမွတ္တမ္းတင္ရန္ မွတ္စုစာအုပ္ငယ္ကိုရွာေဖြေတာ့သည္။

ကုေယာင္ယန္ကခဏမွ်စဥ္းစားေနၿပီး သူ႔အမူအရာက သူ႔အေတြးမ်ားအားအေျဖရွာေနသလိုေလးနက္ေန၏။

လင္းယြီရန္မွာစိတ္လႈပ္ရွားစြာေစာင့္ဆိုင္းေနခဲ့ေသာ္လည္း ထိုသူ႔အားတိုက္တြန္းရန္မွာလည္းရွက္စရာေကာင္းေန၏။

ငါးမိနစ္အၾကာတြင္ကုေယာင္ယန္က သူ႔ပခုံးအားပုတ္ကာ ရွက္ဖြယ္လိလိစကားကိုေျပာလာေတာ့သည္။

"ဒါကငါ့မ်ိဳး႐ိုးဗီဇကလာတာဆိုေတာ့ မင္းအရႈံးေပးလိုက္ပါေတာ့"

——

ဖူး!

လင္းယြီရန္သည္ေဒါသတႀကီးထခုန္ကာ ဖုန္းကိုထုတ္လိုက္ၿပီး "အျခားသူေတြသူတို႔ကိုယ္သူတို႔ယုံၾကည္မႈျပန္ရေအာင္ ဘယ္လိုကူညီရမလဲ" ဆိုသည့္ေမးခြန္းကိုေဒါသတႀကီး ဖ်က္ပစ္လိုက္၏။

ေသခ်ာေပါက္ပင္ မည္သူမဆိုသိမ္ငယ္စိတ္ကိုခံစားရႏိုင္ေသာ္လည္း ကုေယာင္ယန္ကေတာ့သိမ္ငယ္သည္ဟုခံစားရမည္မဟုတ္ေပ။

ေနာက္တစ္ေန႔တြင္ လင္းယြီရန္သည္မစၥတာက်န္႔၏အိမ္၌ထုံးစံအတိုင္းအတန္းတက္ရန္သြားခဲ့ေသာ္လည္း အိမ္တံခါးဝသို႔မေရာက္မီတြင္ သူ၏ အျမင္အာ႐ုံသည္႐ုတ္တရက္ေမွာင္မိုက္သြားၿပီး က်ဥ္းေျမာင္းေသာလမ္းၾကားထဲသို႔ ဆြဲေခၚသြားခံရေလသည္။

သူ႔ပတ္ဝန္းက်င္မွအသံမ်ားအရ ခြန္အားႀကီးသည့္လူသုံးေလးေယာက္ေလာက္ရွိေန၏၊သူ႔ေခါင္းေပၚ၌ စကၠဴအိတ္ကရွိေနၿပီး ပါးစပ္ကိုတင္းတင္းၾကပ္ၾကပ္ပိတ္ခံထားရေလသည္။လင္းယြီရန္ကခက္ခက္ခဲခဲ ႐ုန္းကန္ၿပီး ထိုလူ၏ေျခေထာက္ကိုနင္းရန္အခြင့္အေရးကို ရွာေတြ႕ခဲ့၏။ထိုလူကေအာ္ဟစ္ကာ သူ႔ကို အျမန္လႊတ္ေပးလာခဲ့ေလသည္။လင္းယြီရန္၏ပါးစပ္မွာေျပေလ်ာ့သြားၿပီး အကူအညီေတာင္းရန္ေအာ္ဟစ္ေတာ့မည့္အခ်ိန္တြင္ တစ္ဖက္လူမ်ား၏အသံမထြက္ရန္ ကမန္းကတန္းေတာင္းဆိုသံကိုၾကားလိုက္ရေလသည္။

ထိုထဲမွတစ္ေယာက္ကသူ႔အတြက္ေခါင္းေပၚမွအိတ္ကိုဖယ္ေပးလာၾကၿပီးေနာက္ "plop" ဟူေသာအသံျဖင့္ေျမျပင္ေပၚဒူးေထာက္လာ၏။

အေျခအေနမ်ားက လ်င္ျမန္စြာပင္ေျပာင္းျပန္ျဖစ္သြားသျဖင့္ လင္းယြီရန္သည္သူ႔ပတ္ဝန္းက်င္၌ ျဖစ္ပ်က္ေနသည္မ်ားကိုနားမလည္ႏိုင္ေတာ့ဘဲ ေျခလွမ္းအနည္းငယ္ေနာက္ဆုတ္သြားခဲ့မိေလသည္။

"Overျဖစ္ေနၿပီ"

စကားေျပာေနသည့္လူ၏ပါးစပ္ေထာင့္၌ ျပာႏွမ္းေနသည့္ပြန္းပဲ့ဒဏ္ရာတစ္ခုရွိေလသည္။သူ႔တြင္က်ယ္ျပန္႔ေသာနဖူးႏွင့္ပါးစပ္ရွိ၏။၎ကသူ၏ပထမဆုံးအႀကိမ္အျဖစ္ဤေနရာသို႔ေရာက္လာခဲ့ျခင္း ျဖစ္ၿပီး၊ ဤေနရာ၌ဆိုး႐ြားလွသည့္ေလ့က်င့္ေရးမ်ားကိုေတြ႕ႀကဳံခဲ့ရၿပီးေနာက္တြင္ေတာ့ သူကသူ႔၏ အသင္းေဖာ္မ်ားကိုေပြ႕ဖက္ၿပီး District League A ၏ခ်န္ပီယံအေၾကာင္း ငိုေႂကြးတိုင္တန္းလာခဲ့ေတာ့သည္။သူ႔နာမည္ကမုန္ဟူပင္။

ဒူးေထာက္ေနေသာလူမွာ ပန္းေရာင္ဆံပင္ႏွင့္အသားညိဳေသာလူတစ္ေယာက္ပင္။သူ႔တြင္ မွတ္သားရလြယ္ကူၿပီး ႐ိုးရွင္းေသာ စြန္းက်စ္[1]ဟူေသာတ႐ုတ္နာမည္ရွိေလသည္။

သူကမုန္ဟူကိုေမးလာ၏။

"ဒါကမင္းတို႔ႏိုင္ငံရဲ႕က်င့္ဝတ္ထုံးတမ္းနဲ႔မညီဘူးလား?"

မုန္ဟူကေရ႐ြတ္လာ၏။

"Overျဖစ္ေနၿပီလို႔"

သို႔ေသာ္ခဏမွ်စဥ္းစားၿပီးေနာက္ သူကထပ္ေျပာလာေလသည္။

"ဒါေပမယ့္ မင္းနာမည္ကဒူးေထာက္ဖို႔သင့္ေတာ္ပါတယ္"

လင္းယြီရန္ကၿငိမ္သက္သြားၿပီး ဘာေတြျဖစ္ေနတာလဲဟု ေတြးလိုက္မိေလသည္။သူကအံ့ဩသင့္စြာျဖင့္ေမးလိုက္ေလသည္။

"မင္း-မင္းတို႔ငါ့ကိုရွာေနတာလား? ဘာလိုခ်င္လို႔လဲ?"

မုန္ဟူကေတာင္းပန္လာ၏။

"ေတာင္းပန္ပါတယ္ မစၥတာလင္း ဒီလိုနည္းလမ္းနဲ႔ေတြ႕ရလို႔စိတ္မေကာင္းပါဘူး ဒါေပမဲ့အရမ္းတုံးတိႀကီးျဖစ္ေနၿပီး မင္းေၾကာက္ၿပီးအေဝးကိုထြက္သြားမွာကိုစိုးရိမ္လို႔ပါ"

လင္းယြီရန္မွာစိတ္ရႈပ္ေနေသာ္လည္း ညည္းညဴရန္ေတာ့မေမ့ေပ။သူဤနည္းလမ္းမွမလြတ္ေျမာက္ႏိုင္ေသာ္လည္း သူသာအနည္းငယ္မွ်သတၱိမရွိခဲ့ပါလွ်င္ ေၾကာက္လန္႔လြန္းသျဖင့္ေသသြားေပလိမ့္မည္။

"...ငါ့ဆီကဘာလိုခ်င္လို႔လဲ?"

စြန္းက်စ္မွာဒူးေထာက္ေနဆဲ။လင္းယြီရန္ကသူ႔အားထူေပးေနခ်ိန္၌ မုန္ဟူကေျပာလာ၏။

"မင္းကငါတို႔နည္းျပရဲ႕ေကာင္ေလးပဲ ဟုတ္တယ္မလား?"

လင္းယြီရန္ကခ်က္ခ်င္းပင္လက္ေဝွ႔ယမ္းလိုက္၏။

"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး ငါ—ငါတို႔ကသာမန္သူငယ္ခ်င္းေတြပါ"

'သူတို႔က အဲဒါကိုလူသိရွင္ၾကားမျပခ်င္ေသးတာလား?'

မုန္ဟူက ခ်က္ခ်င္းသေဘာေပါက္သြား၏။သူကတစ္ဖက္လူႏွင့္ေရလိုက္ငါးလိုက္ေျပာေပးလာ၏။

"သာမန္သူငယ္ခ်င္းေတြလည္း ေကာင္းပါတယ္ ဟုတ္သားပဲ ငါတို႔ဒီေန႔မင္းကိုေမတၱာရပ္ခံဖို႔လာခဲ့တာပါ"

လင္းယြီရန္ကသူ႔ကိုယ္သူလက္ညႇိဳးထိုးျပၿပီး ေမးလိုက္ေလသည္။

"ငါ့ကိုလား? ငါကဘယ္လိုကူညီရမွာလဲ?"

စြန္းက်စ္ကခ်က္ခ်င္းေအာ္ဟစ္ငိုယိုလာေတာ့သည္။

"မင္းငါတို႔နည္းျပကိုနားရက္ယူေအာင္လုပ္ေပးႏိုင္မလား? တစ္ရက္ထဲပါ သူဒီကိုေရာက္ေနတာႏွစ္ပတ္ေလာက္ရွိေနၿပီကို တစ္ရက္မွနားရက္မယူဘူး သူအနားမယူတာကအေရးမႀကီးေပမယ့္ ငါတို႔ကေရာအနားယူဖို႔မလိုအပ္ဘူးတဲ့လား? ငါတို႔ကသူ႔ထက္အသက္ႀကီးေပမယ့္ ငါတို႔လည္းငယ္႐ြယ္ေသးတာပဲေလ ငါ့ေကာင္မေလးကငါနဲ႔အတူ႐ုပ္ရွင္ၾကည့္ဖို႔ နဲ႔ ငါနားရက္ရဖို႔ေစာင့္ေနတုန္းပဲ"

မုန္ဟူကျဖတ္ေျပာလာ၏။

"သူ႔ေကာင္မေလးနာမည္က စြန္းရွီဖူ[2]ပါ"

လင္းယြီရန္မွာထိန္းမထားႏိုင္ေတာ့။႐ုတ္တရက္ "ဖူး"ဟူေသာအသံႏွင့္အတူ ရယ္ေမာလာ၏။ဤလူမ်ားကသူ႔အေပၚမည္သည့္အႏၲရာယ္မွေပးျခင္းမရွိေသာေၾကာင့္ သူ႔စိတ္ထဲမွအာဃာတမ်ားကိုလက္လႊတ္လိုက္ေလသည္။သူကဝမ္းနည္းစြာျဖင့္ေျပာလိုက္၏။

"ငါမင္းတို႔ကိုမကူညီႏိုင္ဘူး"

မုန္ဟူကေမးလိုက္၏။

"ဘာလို႔လဲ?"

"ကုေယာင္ယန္ရဲ႕ကိစၥေတြနဲ႔ပတ္သက္ၿပီး ငါဘာမွ မေျပာႏိုင္ဘူးေလ ငါတို႔ၾကားကဆက္ဆံေရးကမင္းတို႔ထင္သေလာက္ မေကာင္းဘူး"

ထိုစကားကိုေျပာၿပီးေနာက္ လင္းယြီရန္သည္ အနည္းငယ္စိတ္မသက္မသာ ခံစားလိုက္ရေလသည္။သူႏႈတ္​ခမ္းကိုကိုစူကာ ႏႈတ္​ဆိတ္​သြားေလသည္​။

"မင္းကိုယ္တိုင္ေျပာဖို႔ မလိုပါဘူး"

မုန္ဟူကေျပာလာ၏။

"ငါတို႔အားလုံးကအစီအစဥ္အခ်ိဳ႕ကို တြက္ခ်က္ထားၿပီးပါၿပီ မင္းကငါတို႔နဲ႔ ပူးေပါင္းဖို႔ပဲလိုတာပါ"

လင္းယြီရန္ကမ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖင့္ သူ႔အားသံသယမ်ားျဖင့္ ၾကည့္လိုက္၏။

မုန္ဟူသည္ စိတ္ရင္းမွန္ျဖင့္120 ဒီဂရီနီးပါးေလးနက္စြာဦးၫႊတ္ကာ

"ေက်းဇူးျပဳၿပီး မင္းေနမေကာင္းခ်င္ေယာင္ေဆာင္ေပးလို႔ရမလား?"

"ေန ေနမေကာင္းခ်င္ေယာင္ေဆာင္တာလား?"

လင္းယြီရန္သည္စကၠန႔္အနည္းငယ္မွ် ထိတ္လန႔္သြားေလသည္။သူကဆိုလိုရင္းကိုနားလည္သြားၿပီးေနာက္ လ်င္ျမန္စြာပင္ေျပာလာ၏။

"မဟုတ္ဘူး မဟုတ္ဘူး ဒါကလုံးဝအလုပ္မျဖစ္ဘူး ငါေနမေကာင္း႐ုံနဲ႔ သူကဘယ္ေတာ့မွနားရက္ယူမွာမဟုတ္ဘူး"

မုန္ဟူကေျပာလာ၏။

"သူေသခ်ာေပါက္ကိုနားရက္ယူမွာ မင္းငါတို႔ကိုယုံဖို႔ပဲလိုတာပါ"

လင္းယြီရန္ကျငင္းခ်င္ေနဆဲျဖစ္ေသာ္လည္း စြန္းက်စ္ကထပ္၍ဒူးေထာက္ရန္ျပင္လာသည္ကိုျမင္လွ်င္ သူကကမန္းကတန္းေျပာလိုက္၏။

"ငါ—ငါမင္းတို႔ကိုတကယ္မကူညီႏိုင္ဘူး ငါဒီေန႔မစၥတာက်န္႔အတန္းကိုသြားရမွာ"

မုန္ဟူမွာၾကမ္းၾကဳတ္ေသာပုံစံမ်ိဳးရွိေသာ္လည္း သူ႔စိတ္မွာေတာ့ အလြန္ပင္ေစ့ေစ့စပ္စပ္ႏိုင္လွ၏။သူကဤကိစၥအတြက္ ဒီမနက္ေစာေစာကပင္ အစီအစဥ္တခ်ိဳ႕ကိုစီစဥ္ၿပီးေလၿပီ။

"ေဘာ့စ္ကဒီကိစၥကိုသေဘာတူၿပီးၿပီ ေနာက္တစ္ေန႔မွမင္းကိုအစားထိုးသင္ေပးမယ္လို႔သူကေျပာတယ္"

.......

လင္းယြီရန္သည္ ယခုအခ်ိန္တြင္ေခါင္းေရွာင္၍မရေတာ့။က်ည္ဆံကိုကိုက္ကာ[3] သေဘာတူလိုက္ရေတာ့သည္။မုန္ဟူကေရေႏြးအိတ္တစ္အိတ္ကိုေပးလာၿပီးေနာက္ လင္းယြီရန္ကအိပ္ေဆာင္သို႔ျပန္ကာ ညဝတ္အက်ႌကိုလဲဝတ္လိုက္၏။ဤအစီအစဥ္သည္က်ိန္းေသက်ရႈံးလိမ့္မည္ဟု သူခံစားခဲ့ရၿပီး ကုေယာင္ယန္သည္သူ႔ေၾကာင့္ႏွင့္ေတာ့ ထိုကိစၥမ်ိဳးကိုမည္သည့္အခါမွ်လုပ္ေဆာင္မည္မဟုတ္ေပ။သူေနမေကာင္းျဖစ္ေနလွ်င္ေတာင္ ထိုသူကေတာ့ အလုပ္ၿပီးမွသာအိမ္သို႔အေျပးျပန္လာေပလိမ့္မည္။

သက္ျပင္းခ်ၿပီးေနာက္ ေရေႏြးအိတ္ကိုနဖူးေပၚတင္လိုက္ကာ ျပတင္းေပါက္မွအျပင္သို႔တိတ္တဆိတ္ လွမ္းၾကည့္ေနမိ၏။

ထူးဆန္းလွေပသည္.....သူဘာလို႔စိတ္ဆိုးေနသလိုခံစားေနရတာလဲ?

ကုေယာင္ယန္ျပန္မလာသည္က ပုံမွန္သာ။သို႔ေသာ္ သူသာျပန္လာခဲ့ပါလွ်င္.......၎ကအနည္းငယ္မူမမွန္ေတာ့ ဟုတ္တယ္မလား?

သူထိုသို႔ေတြးေနခ်ိန္၌ တစ္စုံတစ္ေယာက္ကေအာက္ထပ္မွတံခါးကိုတြန္းဖြင့္လာ၏။တိတ္ဆိတ္ၿငိမ္သက္ေနေသာအိမ္ႀကီးထဲတြင္ လ်င္ျမန္ေသာေျခသံမ်ားဆက္တိုက္ဆိုသလို ထြက္ေပၚလာေတာ့သည္။  တစ္ဖက္လူမွာဖိနပ္ပင္ေျပာင္းမစီးႏိုင္ေတာ့ဘဲ သူ႔အခန္းဆီသို႔ေျပးလာခဲ့ျခင္းပင္။

လင္းယြီရန္မွာစကၠန႔္အနည္းငယ္မွ်ထိတ္လန႔္သြားၿပီး ႏွလုံးခုန္ျမန္လာေတာ့သည္။ေစာင္ေအာက္၌ ေရေႏြးအိတ္ကိုအျမန္ဝွက္ထားလိုက္ၿပီး မ်က္လုံးမ်ားကို မွိတ္ထားလိုက္၏။

ေနာက္တစ္စကၠန႔္တြင္ တံခါးကက်ယ္က်ယ္ပြင့္လာၿပီး အေအးဓာတ္ႏွင့္အတူကုေယာင္ယန္ကေျပးဝင္လာကာ သူ႔ကုတင္ေဘးတြင္ရပ္လာေတာ့သည္။

ေျခသံမ်ားကရပ္တန႔္သြားေသာ္လည္း လင္းယြီရန္၏ႏွလုံးခုန္သံမ်ားက ျမန္ဆန္ေနဆဲ။ကုေယာင္ယန္၏လ်င္ျမန္ေသာအသက္ရႈသံမ်ားက သူ႔နားသို႔ျဖည္းညင္းစြာခ်ဥ္းကပ္လာသည္ကို သူသတိျပဳမိလိုက္ၿပီးေနာက္ ထိုသူ၏လက္ကသူ၏ပူေနေသာနဖူးေပၚေရာက္လာခဲ့ေတာ့သည္။

Translator Notes:

[1] စြန္းက်စ္:သူ႔နာမည္ကေျမး(grandson)ဆိုတဲ့အဓိပၸာယ္ပါ

[2]:စြန္းရွီဖူ:စြန္းက်စ္ရဲ႕ေကာင္မေလးနာမည္ကေတာ့ ေျမးရဲ႕ဇနီး[ေျမးေခြၽးမ]ဆိုတဲ့အဓိပၸာယ္ပါ🤣

[3]က်ည္ဆန္ကိုကိုက္: ခက္ခဲေသာ သို႔မဟုတ္ မႏွစ္ၿမိဳ႕ဖြယ္တစ္ခုခုကို လုပ္ရန္ဆုံးျဖတ္လိုက္တာမ်ိဳးပါ

Continue Reading

You'll Also Like

303K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.4M 355K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
387K 15K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
35.8K 4.8K 44
Author- 淮上 (Huai shang) Title- 剑名不奈何 (Jiàn míng bù nàihé, The sword named no way out) Total chapter- 95 Chapters (Completed) MC- Gong Wei ML- Xu Shu...