ချစ်ခြင်းတည်စေ

By Hsu_Lynn_Nge

71.5K 2.9K 204

Seme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒ... More

Part~1
Part~2
Part~3
Part~4
Part~5
Part~6
Part~7
Part~8
Part~9
Part-10
Part-11
Part~12
Part~13
Part-14
Part-15
Part~16
Part~17
Part~18
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40(Completed)

Part-19

1.2K 64 2
By Hsu_Lynn_Nge

                     အသွားသာရှိ၍ အပြန်မရှိသောချစ်ခြင်းအားမလိုချင်လှပါ။ကိလေသာအာသဝေါကုန်ခမ်းသော အရိယာမဟုတ်သည့် ပုထုဇဉ်တစ်ယောက်သည် ချစ်ရသူထံမှ တစ်ပိုင်းတစ်စမျှသော ချစ်ခြင်းကိုအလိုရှိပေလိမ့်မည်။ပြောရင်း ပြောနေမည့် ချစ်ခြင်းမေတ္တာဆိုသကဲ့သို့ မြတ်နိုးနေရင်းနှင့်ပဲ မြတ်နိုးကြောင်းထပ်ခါထပ်ခါ ပြောမိနေလိမ့်မည်။အကြင်သူသည် ပုထုဇဉ်မျှသာ..။အထူးအားဖြင့် တစ်စုံတစ်ယောက်အားမြတ်နိုးမိသော ပုထုဇဉ်ယောက်ျားမျှသာ...။

"ခင်ဗျား အမောင့်ကိုချစ်နေတာလား"

 

           သူ့ရှေ့မှ ကောင်လေး၏အမေးစကားကြောင့် ကြပ်ထုပ်ထိုးပေးနေသောလက်များကရပ်တန့်သွားသည်။သူပြန်တွေးကြည့်သည်။အမောင့်အားချစ်သည်လား သို့တည်းမဟုတ်  အမောင့်၏ချစ်ဖို့ကောင်းမှုကြောင့် ခေတ္တမျှစွဲလမ်းမိသည်လား။သူ အဖြေရှာမရသေးပါ။

"ကိုယ် မဖြေတတ်ဘူး"

"........"

"ကိုယ် အမောင့်ကိုချစ်တာလား ကြိုက်တာလား မြတ်နိုးမိတာလား မေတ္တာရှိတာလား....ကိုယ် အခုထိမသိသေးဘူး"

"ခင်ဗျားစကားကဘာစကားကြီးလဲ အဓိပ္ပာယ်ကအတူတူပဲဟာကို"

               သူ့ထက်နှစ်နှစ်မျှသာငယ်သော သူ့ရှေ့မှအဆိုးလေးသည် ချစ်ခြင်းမေတ္တာအကြောင်းမေးမြန်းနေခြင်းသည် မချစ်ဖူး၍လား။ဘာပဲဖြစ်ဖြစ် သူရှင်းပြရပေမည်။

"မတူဘူး ပေါက်စရဲ့။ချစ်တယ်ဆိုတာက ရင်ထဲကနက်နက်ရှိုင်းရှိုင်းချစ်တာ။ ဒါပေမယ့် ကြိုက်တာကကျတော့ လူတစ်ယောက်ရဲ့အပေါ်ယံကိုပဲကြည့်ပြီး သဘောကျတာ ဥပမာ-ချောတာလှတာတို့ပေါ့"

"......"

"မြတ်နိုးတာက သူ့ရဲ့ဖြစ်တည်မှုကအစမြတ်နိုးသွားတာ။ဘာပဲလုပ်လုပ်အပြစ်မမြင်တော့ဘူး။သူ့ပါးက၀က်ခြံဖုတွေကအစ အမာရွတ်လေးတွေအဆုံး သဘောကျသွားတာ။မေတ္တာကပိုပြီးနက်ရှိုင်းသွားပြန်ရော"

"ဆက်ပြောပါဦး.."

"မေတ္တာဆိုတာ အပေးပဲရှိတယ် အယူမရှိဘူး။ကိုယ်ကသူ့ဆီကဘာမှ‌မမျှော်လင့်ဘဲ ကိုယ်ကပဲချစ်ပေးပြီးဂရုစိုက်ပေးချင်တာ။အအေးချမ်းဆုံးကတော့ မေတ္တာပဲ။ဘာကိုမှမမျှော်လင့်ဘဲ အတ္တကင်းကင်းနဲ့ ချစ်ပေးတာကမေတ္တာပဲ"

                 သူ့စကားဆုံးသောအခါ ကောင်လေးက ခေါင်းတဆတ်ဆတ်ညိမ့်၍ ခဏမျှငြိမ်သွားသည်။သူလည်း ချစ်ခြင်းမေတ္တာအား အဓိပ္ပာယ်ဖွင့်နေဟန်ရှိသည်။

"လာပါ ပေါက်စရယ်။အမောင်နဲ့ဒေါက်တာ့ဆီကိုပဲသွားရအောင်"

သူပြောလိုက်မှ သုတသည် တရွေ့ရွေ့နှင့် သူ့နောက်ကလိုက်လာသည်။

                  ရွာလူကြီးအိမ်သို့ရောက်သောအခါ အမောင်နှင့်‌ရှေးခေတ်ဟန်တို့အားရယ်ရယ်မောမောတွေ့ရသည်။ထို့အပြင် အမောင့်အနားတွင်ကြောက်ပေါက်လေးပမာ ကပ်ချွဲနေသော ကောင်လေးတစ်ယောက်ကိုလဲတွေ့ရပြန်သည်။မဟာနှင့်သုတကိုမြင်သောအခါ အမောင်က ပြုံးကာနှုတ်ဆက်လာသည်။ကပ်ချွဲနေသော ကြောင်ပေါက်လေးသည် အမောင့်အနားမှအနည်းငယ်ခွာသွားသည်။ရှေးခေတ်ဟန်ကမူ မဟာ့ကိုမြင်သောအခါ အံ့ဩတကြီးကြည့်နေရှာသည်။

"‌ခေတ်ဟန် မင်းငါ့ကိုမမှတ်မိတော့တာလား။ငါလေ မဟာသွေးလေ ငလူးမသားလေးရဲ့"

"‌မမှတ်မိဘဲနေပါ့မလား ဒေါင်းဇားရဲ့။မတွေ့ရတာကြာလို့လားမသိဘူးကွာ .."

တစ်ယောက်တစ်ပြန်ဆဲနေကြရင်းမှ ရှေးခေတ်ဟန်က ဆွေးမြေ့မြေ့ဆိုပြန်တော့ မဟာကပါငိုင်ပြီးမေးလာသည်။

"ငါအရမ်းချောလာပြီးတော့ ငါ့အပေါ်မေတ္တာစိတ်တွေယိုဖိတ်လာတယ်မလား"

"ကြံကြံဖန်ဖန်! မတွေ့တာကြာတော့ထပ်မတွေ့ချင်တော့ဘူးလို့ပြောတာ"

ရှေးခေတ်ဟန် ထိုသို့ခပ်ဟဟရယ်ရင်းဆိုတော့ မဟာကလူရှေ့မရှောင် သူရှေ့မရှောင်ထဆဲပြန်ပါသည်။

"ခွေးသား!"

"အားးး ဒီလူကြီးတွေသိပ်ရိုင်းတာပဲ...မောင်မောင် သူတို့နဲ့သိပ်မပေါင်းနဲ့နော်"

        ရာရာက ရှေးခေတ်ဟန်နှင့်မဟာအားကြည့်ကာ နှာတစ်ချက်မှုတ်၍ အမောင့်အားကြည့်၍ မဲ့ရွဲ့ကာဆိုလာသည်။အမောင်က ခေတ်ဟန်တို့အား အားနာသလိုကြည့်လိုက်ပြီး ရာရာ့ဘက်သို့လှည့်ကာ ဆူဖို့ပြင်လိုက်သည်။

"ရာရာ ကိုယ့်ထက်အကြီးတွေကိုအဲ့လိုမရိုင်းရဘူးလို့ မောင်မောင်မှာထားတယ်မလား"

အမောင်ကဆူတော့ ရာရာက နှုတ်ခမ်းကိုစူထော်ပြီး ဟွန့်ခနဲအသံပြုကာ တစ်ဖက်သို့လှည့်သွားသည်။ခေတ်ဟန်က မျက်နှာကိုစပ်ဖြဲဖြဲအသွင်သို့ပြောင်းကာ လူစွမ်းကောင်း၀င်လုပ်သလိုနှင့် ရာရာ့အား သွယ်ဝိုက်သောနည်းဖြင့် မထိတထိရန်စတော့သည်။

"နေပါစေ  အမောင်ရယ်။ခုခေတ် ကလေးတွေက တကယ့်အရိုင်းအစိုင်းလေးတွေ...အမောင်လည်း ဒီကောင်လေးနဲ့သိပ်မပေါင်းနဲ့ အရိုင်းဓာတ်တွေကူးကုန်မယ်"

ဒီဆရာ၀န်အား လူကြီးလူကောင်းဆန်သည်ဟုထင်မိသည်မှာ အမှားကြီးမှားပြီ‌ဖြစ်ကြောင်း ရာရာသိလိုက်ရသည်။ဘယ်လို ‌ေ-ာက်ကျိုးနည်းမှုကြီးလဲဟ။ဒီလူကြီးကို ငါပညာပါးပါးလေးပြမှဖြစ်တော့မယ်။

"မောင်မောင်သိလား လူတွေကလေ သူများမျက်ချေးပဲမြင်တာ ကိုယ့်မျက်ချေးကိုမမြင်ဘူး။သူများကိုကျအရိုင်းအစိုင်းလို့ပြောပြီး သူကိုယ်တိုင်က ဘယ်လောက်တောင်စိတ်ပုတ်တွေရှိနေလဲ သူမသိဘူး။သနားစရာ ကျွတ် ကျွတ်!"

                 အမောင့်မှာ ကြိတ်ခွီနေရသည်။သူ့မှာရယ်လည်းရယ်ချင် ရယ်လည်းမရယ်ရဲဖြစ်နေသည်။ဒေါက်တာကလည်း တကယ့်ကလေးပမာ ရာရာ့အား ရန်ပြန်ထောင်ရန်စကားရှာနေသဖြင့် ရွာလူကြီးလာသည်ကိုအကြောင်းပြကာ ရန်ပွဲအားရပ်တန့်ပေးရတော့သည်။ရွာလူကြီးနှင့် ဒေါက်တာအားမိတ်ဆက်ပေးပြီး  ထွေရာလေးပါးပြောနေကြကာ တဟားဟားအော်ရယ်နေကြသည်။

                 အမောင့်အသံနှင့်ရာရာတို့အသံက တစ်ခါတစ်ခါဟိန်း၍ထွက်လာတတ်သည်။အမောင်သည် ရယ်စရာများများတွေ့လျှင် ဟန်မဆောင်ဘဲ အူလှိုက်သည်းလှိုက်ကိုရယ်တတ်သည်။ယခုလည်း ရာရာကရယ်စရာများပြောသည်ကို အမောင်က ရယ်နေသည်မှာမျက်လုံးပင်မပွင့်တော့။အမောင့်ပုံစံလေးမှာ အသည်းယားစရာကောင်းလွန်း၍  ခေတ်ဟန်ကမနေနိုင်မထိုင်နိုင် ခေါင်းလုံးလုံးလေးပေါ်ရှိဆံပင်များအား ဆွဲဖွလိုက်ပြီး ရယ်နေသည်။ထိုအချိန်တွင် ရယ်သံများရပ်တန့်ကာ ပတ်၀န်းကျင်လေထုကအေးစက်လာသလိုခံစားလိုက်ရသည်။

"အရမ်းပျော်နေတယ်ပေါ့ ဟုတ်လား"

ကြားဖူးနေကျအသံကြောင့် အမောင်တစ်ချက်မော့ကြည့်လိုက်သည်။အဂ္ဂဆိုတဲ့ လူ့ကျက်သရေတုံးကြီး။အလကားနေရင်း လူကိုလာဟောက်သွားတာ။ကိုယ့်ဘာသာ ကိုယ့်အန်တီနဲ့ကိုယ်နေပါလား။စိတ်ထဲကပဲ ပြောရဲသောကြောင့် စိတ်ထဲမှသာပြောရသည်။အမောင်က တစ်ချက်မော့ကြည့်ပြီး ရှေ့ဘက်သို့ပြန်လှည့်သွားသည်။အဂ္ဂက အလွတ်မပေး။အမောင့်မျက်နှာအားပြန်လည်‌ဆွဲယူပြီး အံကြိတ်ကာမေးလာသည်။

"ငါမေးနေတယ်လေ အရမ်းပျော်နေလားလို့!"

အဂ္ဂ၏မာထန်နေသော ‌အသံကြီးအပြင်ဒေါသထွက်ကာ မေးကြောများထောင်နေသောကြောင့် အမောင်ကြောက်လာသည်။တစ်ဆက်တည်း မျက်၀န်းတွင် မျက်ရည်ဥတို့ကတွဲခိုလာပြီး အသံကပါတုန်ယင်လာသည်။ထိုအချိန်အမောင် မြင်မိသည်က အဂ္ဂကိုမဟုတ်ဘဲ ဒေါ်လေးတို့သူ့အား ရေနွေးပူဖြင့်လောင်းကာ ဆားနှင့်ပတ်လိုက်သောပုံရိပ်များဖြစ်သည်။သူအရမ်းနာသည်။ထို့နောက် အမောင်သည် အဂ္ဂကိုလုံး၀မမြင်ရတော့ဘဲ သူ့အားမနှိပ်စက်ရန်သာတတွတ်တွတ်ပြောနေတော့သည်။

"ဟင့် တောင်း..တောင်းပန်ပါတယ် ကျွန်တော်မှားမှန်းသိပါပြီ အီးးဟီးးးကျွန်တော့်ကိုဘာမှမလုပ်ကြပါနဲ့ ကျွန်တော့်ကိုလွှတ်ပေးကြပါဗျာ ဟင့် ဟီးး ဒေါ်လေးတို့ခိုင်းတာ အကုန်လုပ်ပေးပါ့မယ်။ကျွန်တော်အရမ်းနာနေပြီ လွှတ်ပေးကြပါ...အီးးးဟီးး ဟင့် ကယ်ကြပါ ကျွန်တော့်ကိုကယ်ကြပါ"

သူ့ရှေ့မှ ယောင်ယမ်းကာ အော်ငိုနေသော ကောင်လေးကြောင့် သူ့ရင်ထဲနာကျင်ရသည်။ကောင်လေး၏ငိုသံသည် သူ့ရင်ဘက်အား ဓားနှင့်တစ်ချက်ချင်းထိုးသကဲ့သို့ခံစားရသည်။သူ သိလိုက်သည်က သူမှားလေပြီ။လွန်းကို သူမအော်သင့်ပါ။အမောင့်ရှေ့အထိရောက်အောင် ပြေးသွားလိုက်ပြီး အမောင့်အားသိမ်းကြုံး၍ဖတ်ထားလိုက်သည်။

"လွန်း ကိုယ်မှားပါတယ်ကွာ။ကိုယ်တောင်းပန်ပါတယ် လွန်းရယ် ကိုယ်ရင်တွေနာလှပါပြီ"

အမောင့်အား နှစ်သိမ့်ပေးရင်းဆိုတော့ ကောင်လေးက အတင်းရုန်းလာသည်။ပါးစပ်မှလည်း ‌ကယောင်ကတမ်းတွေပြောနေဆဲပင်။

"ဘယ်သူလဲ ခင်ဗျားကိုမသိဘူး ဟီးးဟင့် တောင်းပန်ပါတယ် ဘာမှမလုပ်ကြပါနဲ့ အီးးဟီးး"

ငိုယိုနေရင်းမှ ကောင်လေးကသတိလစ်သွားသည်။အကုန်လုံးပျာယာခတ်ကုန်ကြ၏။မြို့ဆေးရုံသို့ အမောင့်အားချက်ချင်းပို့ရသည်။အမောင် သတိပြန်ရမလာသေး။အမောင့်သတင်းကြားပြီးချင်း ကြီးကြီးမီခမ်းနှင့် မမီတို့ကလိုက်လာသည်။အခုလည်း သူ့ဘေးတွေလူများဝိုင်းလျက် အမောင့်အခြေအနေအားစောင့်ကြည့်နေကြ၏။

"သူ့စိတ်ကပုံမှန်မဟုတ်ဘူးဗျ။အတိတ်ကရခဲ့တဲ့စိတ်ဒဏ်ရာတွေက ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရတဲ့အခါ ပြန်ပေါ်လာတဲ့သဘောပါ။ပြီးတော့ ဒီကလေးမှာ နှလုံးရောဂါအစပျိုးနေပါပြီ။သတိပေးချင်တာကတော့ သူ့စိတ်ဟာအချိန်မရွေးပြန်ဖောက်လာနိုင်ပါတယ်။ဒါ့ကြောင့် သူ့ကိုအရင်ကထက်ပိုပြီးဂရုစိုက်ပေးစေချင်ပါတယ်"

"ဟုတ်ကဲ့ပါခင်ဗျ။ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ဆရာ၀န်က ပြောပြီးပြီးချင်း ထွက်သွားသည်။ခဏအကြာတွင် အဂ္ဂဆုပ်ကိုင်ထားသော အမောင့်လက်များလှုပ်လာ၏။

"ဟင်"

#Hsu Lynn Nge
#အခုမှစရေးတာဖြစ်လို့မှားတာရှိရင်ထောက်ပြကြပါဗျ။အကောင်းဆုံးကြိုးစားထားပါတယ်ဗျ။

**လင်းငယ် အများကြီးနောက်ကျသွားပါတယ်။အိမ်နဲ့အဆင်မပြေလို့ပါ အဟဲ။အခုတော့အဆင်ပြေလာသလိုရှိပေမယ့် အိမ်ကအငယ်ကောင်နဲ့ပြိုင်ပြီး ကျွမ်းထိုးပစ်လိုက်တာ လက်နာသွားပါတယ်။ဒါပေမယ့် လင်းငယ်က ကိုကိုခန့်ဦးရှိန်ရဲ့ စပိုက်ဒါဝူးမန်းလေးဖြစ်တာကြောင့်ရယ် ဦးဟန်နဲ့ဦးဝေတို့ရဲ့ကလေးလေးဖြစ်တာမို့ အများကြီးသန်မာပါတယ် အဟဲဟဲ"

Zawgyi
                 

                     အသြားသာရွိ၍ အျပန္မရွိေသာခ်စ္ျခင္းအားမလိုခ်င္လွပါ။ကိေလသာအာသေဝါကုန္ခမ္းေသာ အရိယာမဟုတ္သည့္ ပုထုဇဥ္တစ္ေယာက္သည္ ခ်စ္ရသူထံမွ တစ္ပိုင္းတစ္စမွ်ေသာ ခ်စ္ျခင္းကိုအလိုရွိေပလိမ့္မည္။ေျပာရင္း ေျပာေနမည့္ ခ်စ္ျခင္းေမတၱာဆိုသကဲ့သို႔ ျမတ္ႏိုးေနရင္းႏွင့္ပဲ ျမတ္ႏိုးေၾကာင္းထပ္ခါထပ္ခါ ေျပာမိေနလိမ့္မည္။အၾကင္သူသည္ ပုထုဇဥ္မွ်သာ..။အထူးအားျဖင့္ တစ္စုံတစ္ေယာက္အားျမတ္ႏိုးမိေသာ ပုထုဇဥ္ေယာက္်ားမွ်သာ...။

"ခင္ဗ်ား အေမာင့္ကိုခ်စ္ေနတာလား"

 

           သူ႔ေရွ႕မွ ေကာင္ေလး၏အေမးစကားေၾကာင့္ ၾကပ္ထုပ္ထိုးေပးေနေသာလက္မ်ားကရပ္တန႔္သြားသည္။သူျပန္ေတြးၾကည့္သည္။အေမာင့္အားခ်စ္သည္လား သို႔တည္းမဟုတ္  အေမာင့္၏ခ်စ္ဖို႔ေကာင္းမႈေၾကာင့္ ေခတၱမွ်စြဲလမ္းမိသည္လား။သူ အေျဖရွာမရေသးပါ။

"ကိုယ္ မေျဖတတ္ဘူး"

"........"

"ကိုယ္ အေမာင့္ကိုခ်စ္တာလား ႀကိဳက္တာလား ျမတ္ႏိုးမိတာလား ေမတၱာရွိတာလား....ကိုယ္ အခုထိမသိေသးဘူး"

"ခင္ဗ်ားစကားကဘာစကားႀကီးလဲ အဓိပၸာယ္ကအတူတူပဲဟာကို"

               သူ႔ထက္ႏွစ္ႏွစ္မွ်သာငယ္ေသာ သူ႔ေရွ႕မွအဆိုးေလးသည္ ခ်စ္ျခင္းေမတၱာအေၾကာင္းေမးျမန္းေနျခင္းသည္ မခ်စ္ဖူး၍လား။ဘာပဲျဖစ္ျဖစ္ သူရွင္းျပရေပမည္။

"မတူဘူး ေပါက္စရဲ႕။ခ်စ္တယ္ဆိုတာက ရင္ထဲကနက္နက္ရႈိင္းရႈိင္းခ်စ္တာ။ ဒါေပမယ့္ ႀကိဳက္တာကက်ေတာ့ လူတစ္ေယာက္ရဲ႕အေပၚယံကိုပဲၾကည့္ၿပီး သေဘာက်တာ ဥပမာ-ေခ်ာတာလွတာတို႔ေပါ့"

"......"

"ျမတ္ႏိုးတာက သူ႔ရဲ႕ျဖစ္တည္မႈကအစျမတ္ႏိုးသြားတာ။ဘာပဲလုပ္လုပ္အျပစ္မျမင္ေတာ့ဘူး။သူ႔ပါးက၀က္ၿခံဖုေတြကအစ အမာ႐ြတ္ေလးေတြအဆုံး သေဘာက်သြားတာ။ေမတၱာကပိုၿပီးနက္ရႈိင္းသြားျပန္ေရာ"

"ဆက္ေျပာပါဦး.."

"ေမတၱာဆိုတာ အေပးပဲရွိတယ္ အယူမရွိဘူး။ကိုယ္ကသူ႔ဆီကဘာမွ‌မေမွ်ာ္လင့္ဘဲ ကိုယ္ကပဲခ်စ္ေပးၿပီးဂ႐ုစိုက္ေပးခ်င္တာ။အေအးခ်မ္းဆုံးကေတာ့ ေမတၱာပဲ။ဘာကိုမွမေမွ်ာ္လင့္ဘဲ အတၱကင္းကင္းနဲ႔ ခ်စ္ေပးတာကေမတၱာပဲ"

                 သူ႔စကားဆုံးေသာအခါ ေကာင္ေလးက ေခါင္းတဆတ္ဆတ္ညိမ့္၍ ခဏမွ်ၿငိမ္သြားသည္။သူလည္း ခ်စ္ျခင္းေမတၱာအား အဓိပၸာယ္ဖြင့္ေနဟန္ရွိသည္။

"လာပါ ေပါက္စရယ္။အေမာင္နဲ႔ေဒါက္တာ့ဆီကိုပဲသြားရေအာင္"

သူေျပာလိုက္မွ သုတသည္ တေ႐ြ႕ေ႐ြ႕ႏွင့္ သူ႔ေနာက္ကလိုက္လာသည္။

                  ႐ြာလူႀကီးအိမ္သို႔ေရာက္ေသာအခါ အေမာင္ႏွင့္‌ေရွးေခတ္ဟန္တို႔အားရယ္ရယ္ေမာေမာေတြ႕ရသည္။ထို႔အျပင္ အေမာင့္အနားတြင္ေၾကာက္ေပါက္ေလးပမာ ကပ္ခြၽဲေနေသာ ေကာင္ေလးတစ္ေယာက္ကိုလဲေတြ႕ရျပန္သည္။မဟာႏွင့္သုတကိုျမင္ေသာအခါ အေမာင္က ၿပဳံးကာႏႈတ္ဆက္လာသည္။ကပ္ခြၽဲေနေသာ ေၾကာင္ေပါက္ေလးသည္ အေမာင့္အနားမွအနည္းငယ္ခြာသြားသည္။ေရွးေခတ္ဟန္ကမူ မဟာ့ကိုျမင္ေသာအခါ အံ့ဩတႀကီးၾကည့္ေနရွာသည္။

"‌ေခတ္ဟန္ မင္းငါ့ကိုမမွတ္မိေတာ့တာလား။ငါေလ မဟာေသြးေလ ငလူးမသားေလးရဲ႕"

"‌မမွတ္မိဘဲေနပါ့မလား ေဒါင္းဇားရဲ႕။မေတြ႕ရတာၾကာလို႔လားမသိဘူးကြာ .."

တစ္ေယာက္တစ္ျပန္ဆဲေနၾကရင္းမွ ေရွးေခတ္ဟန္က ေဆြးေျမ့ေျမ့ဆိုျပန္ေတာ့ မဟာကပါငိုင္ၿပီးေမးလာသည္။

"ငါအရမ္းေခ်ာလာၿပီးေတာ့ ငါ့အေပၚေမတၱာစိတ္ေတြယိုဖိတ္လာတယ္မလား"

"ႀကံႀကံဖန္ဖန္! မေတြ႕တာၾကာေတာ့ထပ္မေတြ႕ခ်င္ေတာ့ဘူးလို႔ေျပာတာ"

ေရွးေခတ္ဟန္ ထိုသို႔ခပ္ဟဟရယ္ရင္းဆိုေတာ့ မဟာကလူေရွ႕မေရွာင္ သူေရွ႕မေရွာင္ထဆဲျပန္ပါသည္။

"ေခြးသား!"

"အားးး ဒီလူႀကီးေတြသိပ္႐ိုင္းတာပဲ...ေမာင္ေမာင္ သူတို႔နဲ႔သိပ္မေပါင္းနဲ႔ေနာ္"

        ရာရာက ေရွးေခတ္ဟန္ႏွင့္မဟာအားၾကည့္ကာ ႏွာတစ္ခ်က္မႈတ္၍ အေမာင့္အားၾကည့္၍ မဲ့႐ြဲ႕ကာဆိုလာသည္။အေမာင္က ေခတ္ဟန္တို႔အား အားနာသလိုၾကည့္လိုက္ၿပီး ရာရာ့ဘက္သို႔လွည့္ကာ ဆူဖို႔ျပင္လိုက္သည္။

"ရာရာ ကိုယ့္ထက္အႀကီးေတြကိုအဲ့လိုမ႐ိုင္းရဘူးလို႔ ေမာင္ေမာင္မွာထားတယ္မလား"

အေမာင္ကဆူေတာ့ ရာရာက ႏႈတ္ခမ္းကိုစူေထာ္ၿပီး ဟြန႔္ခနဲအသံျပဳကာ တစ္ဖက္သို႔လွည့္သြားသည္။ေခတ္ဟန္က မ်က္ႏွာကိုစပ္ၿဖဲၿဖဲအသြင္သို႔ေျပာင္းကာ လူစြမ္းေကာင္း၀င္လုပ္သလိုႏွင့္ ရာရာ့အား သြယ္ဝိုက္ေသာနည္းျဖင့္ မထိတထိရန္စေတာ့သည္။

"ေနပါေစ  အေမာင္ရယ္။ခုေခတ္ ကေလးေတြက တကယ့္အ႐ိုင္းအစိုင္းေလးေတြ...အေမာင္လည္း ဒီေကာင္ေလးနဲ႔သိပ္မေပါင္းနဲ႔ အ႐ိုင္းဓာတ္ေတြကူးကုန္မယ္"

ဒီဆရာ၀န္အား လူႀကီးလူေကာင္းဆန္သည္ဟုထင္မိသည္မွာ အမွားႀကီးမွားၿပီ‌ျဖစ္ေၾကာင္း ရာရာသိလိုက္ရသည္။ဘယ္လို ‌ေ-ာက္က်ိဳးနည္းမႈႀကီးလဲဟ။ဒီလူႀကီးကို ငါပညာပါးပါးေလးျပမွျဖစ္ေတာ့မယ္။

"ေမာင္ေမာင္သိလား လူေတြကေလ သူမ်ားမ်က္ေခ်းပဲျမင္တာ ကိုယ့္မ်က္ေခ်းကိုမျမင္ဘူး။သူမ်ားကိုက်အ႐ိုင္းအစိုင္းလို႔ေျပာၿပီး သူကိုယ္တိုင္က ဘယ္ေလာက္ေတာင္စိတ္ပုတ္ေတြရွိေနလဲ သူမသိဘူး။သနားစရာ ကြၽတ္ ကြၽတ္!"

                 အေမာင့္မွာ ႀကိတ္ခြီေနရသည္။သူ႔မွာရယ္လည္းရယ္ခ်င္ ရယ္လည္းမရယ္ရဲျဖစ္ေနသည္။ေဒါက္တာကလည္း တကယ့္ကေလးပမာ ရာရာ့အား ရန္ျပန္ေထာင္ရန္စကားရွာေနသျဖင့္ ႐ြာလူႀကီးလာသည္ကိုအေၾကာင္းျပကာ ရန္ပြဲအားရပ္တန႔္ေပးရေတာ့သည္။႐ြာလူႀကီးႏွင့္ ေဒါက္တာအားမိတ္ဆက္ေပးၿပီး  ေထြရာေလးပါးေျပာေနၾကကာ တဟားဟားေအာ္ရယ္ေနၾကသည္။

                 အေမာင့္အသံႏွင့္ရာရာတို႔အသံက တစ္ခါတစ္ခါဟိန္း၍ထြက္လာတတ္သည္။အေမာင္သည္ ရယ္စရာမ်ားမ်ားေတြ႕လွ်င္ ဟန္မေဆာင္ဘဲ အူလႈိက္သည္းလႈိက္ကိုရယ္တတ္သည္။ယခုလည္း ရာရာကရယ္စရာမ်ားေျပာသည္ကို အေမာင္က ရယ္ေနသည္မွာမ်က္လုံးပင္မပြင့္ေတာ့။အေမာင့္ပုံစံေလးမွာ အသည္းယားစရာေကာင္းလြန္း၍  ေခတ္ဟန္ကမေနႏိုင္မထိုင္ႏိုင္ ေခါင္းလုံးလုံးေလးေပၚရွိဆံပင္မ်ားအား ဆြဲဖြလိုက္ၿပီး ရယ္ေနသည္။ထိုအခ်ိန္တြင္ ရယ္သံမ်ားရပ္တန႔္ကာ ပတ္၀န္းက်င္ေလထုကေအးစက္လာသလိုခံစားလိုက္ရသည္။

"အရမ္းေပ်ာ္ေနတယ္ေပါ့ ဟုတ္လား"

ၾကားဖူးေနက်အသံေၾကာင့္ အေမာင္တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။အဂၢဆိုတဲ့ လူ႔က်က္သေရတုံးႀကီး။အလကားေနရင္း လူကိုလာေဟာက္သြားတာ။ကိုယ့္ဘာသာ ကိုယ့္အန္တီနဲ႔ကိုယ္ေနပါလား။စိတ္ထဲကပဲ ေျပာရဲေသာေၾကာင့္ စိတ္ထဲမွသာေျပာရသည္။အေမာင္က တစ္ခ်က္ေမာ့ၾကည့္ၿပီး ေရွ႕ဘက္သို႔ျပန္လွည့္သြားသည္။အဂၢက အလြတ္မေပး။အေမာင့္မ်က္ႏွာအားျပန္လည္‌ဆြဲယူၿပီး အံႀကိတ္ကာေမးလာသည္။

"ငါေမးေနတယ္ေလ အရမ္းေပ်ာ္ေနလားလို႔!"

အဂၢ၏မာထန္ေနေသာ ‌အသံႀကီးအျပင္ေဒါသထြက္ကာ ေမးေၾကာမ်ားေထာင္ေနေသာေၾကာင့္ အေမာင္ေၾကာက္လာသည္။တစ္ဆက္တည္း မ်က္၀န္းတြင္ မ်က္ရည္ဥတို႔ကတြဲခိုလာၿပီး အသံကပါတုန္ယင္လာသည္။ထိုအခ်ိန္အေမာင္ ျမင္မိသည္က အဂၢကိုမဟုတ္ဘဲ ေဒၚေလးတို႔သူ႔အား ေရေႏြးပူျဖင့္ေလာင္းကာ ဆားႏွင့္ပတ္လိုက္ေသာပုံရိပ္မ်ားျဖစ္သည္။သူအရမ္းနာသည္။ထို႔ေနာက္ အေမာင္သည္ အဂၢကိုလုံး၀မျမင္ရေတာ့ဘဲ သူ႔အားမႏွိပ္စက္ရန္သာတတြတ္တြတ္ေျပာေနေတာ့သည္။

"ဟင့္ ေတာင္း..ေတာင္းပန္ပါတယ္ ကြၽန္ေတာ္မွားမွန္းသိပါၿပီ အီးးဟီးးးကြၽန္ေတာ့္ကိုဘာမွမလုပ္ၾကပါနဲ႔ ကြၽန္ေတာ့္ကိုလႊတ္ေပးၾကပါဗ်ာ ဟင့္ ဟီးး ေဒၚေလးတို႔ခိုင္းတာ အကုန္လုပ္ေပးပါ့မယ္။ကြၽန္ေတာ္အရမ္းနာေနၿပီ လႊတ္ေပးၾကပါ...အီးးးဟီးး ဟင့္ ကယ္ၾကပါ ကြၽန္ေတာ့္ကိုကယ္ၾကပါ"

သူ႔ေရွ႕မွ ေယာင္ယမ္းကာ ေအာ္ငိုေနေသာ ေကာင္ေလးေၾကာင့္ သူ႔ရင္ထဲနာက်င္ရသည္။ေကာင္ေလး၏ငိုသံသည္ သူ႔ရင္ဘက္အား ဓားႏွင့္တစ္ခ်က္ခ်င္းထိုးသကဲ့သို႔ခံစားရသည္။သူ သိလိုက္သည္က သူမွားေလၿပီ။လြန္းကို သူမေအာ္သင့္ပါ။အေမာင့္ေရွ႕အထိေရာက္ေအာင္ ေျပးသြားလိုက္ၿပီး အေမာင့္အားသိမ္းႀကဳံး၍ဖတ္ထားလိုက္သည္။

"လြန္း ကိုယ္မွားပါတယ္ကြာ။ကိုယ္ေတာင္းပန္ပါတယ္ လြန္းရယ္ ကိုယ္ရင္ေတြနာလွပါၿပီ"

အေမာင့္အား ႏွစ္သိမ့္ေပးရင္းဆိုေတာ့ ေကာင္ေလးက အတင္း႐ုန္းလာသည္။ပါးစပ္မွလည္း ‌ကေယာင္ကတမ္းေတြေျပာေနဆဲပင္။

"ဘယ္သူလဲ ခင္ဗ်ားကိုမသိဘူး ဟီးးဟင့္ ေတာင္းပန္ပါတယ္ ဘာမွမလုပ္ၾကပါနဲ႔ အီးးဟီးး"

ငိုယိုေနရင္းမွ ေကာင္ေလးကသတိလစ္သြားသည္။အကုန္လုံးပ်ာယာခတ္ကုန္ၾက၏။ၿမိဳ႕ေဆး႐ုံသို႔ အေမာင့္အားခ်က္ခ်င္းပို႔ရသည္။အေမာင္ သတိျပန္ရမလာေသး။အေမာင့္သတင္းၾကားၿပီးခ်င္း ႀကီးႀကီးမီခမ္းႏွင့္ မမီတို႔ကလိုက္လာသည္။အခုလည္း သူ႔ေဘးေတြလူမ်ားဝိုင္းလ်က္ အေမာင့္အေျခအေနအားေစာင့္ၾကည့္ေနၾက၏။

"သူ႔စိတ္ကပုံမွန္မဟုတ္ဘူးဗ်။အတိတ္ကရခဲ့တဲ့စိတ္ဒဏ္ရာေတြက ေၾကာက္စရာေကာင္းတဲ့အရာတစ္ခုကိုေတြ႕လိုက္ရတဲ့အခါ ျပန္ေပၚလာတဲ့သေဘာပါ။ၿပီးေတာ့ ဒီကေလးမွာ ႏွလုံးေရာဂါအစပ်ိဳးေနပါၿပီ။သတိေပးခ်င္တာကေတာ့ သူ႔စိတ္ဟာအခ်ိန္မေ႐ြးျပန္ေဖာက္လာႏိုင္ပါတယ္။ဒါ့ေၾကာင့္ သူ႔ကိုအရင္ကထက္ပိုၿပီးဂ႐ုစိုက္ေပးေစခ်င္ပါတယ္"

"ဟုတ္ကဲ့ပါခင္ဗ်။ေက်းဇူးတင္ပါတယ္ ေဒါက္တာ"

ဆရာ၀န္က ေျပာၿပီးၿပီးခ်င္း ထြက္သြားသည္။ခဏအၾကာတြင္ အဂၢဆုပ္ကိုင္ထားေသာ အေမာင့္လက္မ်ားလႈပ္လာ၏။

"ဟင္"

#Hsu Lynn Nge
#အခုမွစေရးတာျဖစ္လို႔မွားတာရွိရင္ေထာက္ျပၾကပါဗ်။အေကာင္းဆုံးႀကိဳးစားထားပါတယ္ဗ်။

**လင္းငယ္ အမ်ားႀကီးေနာက္က်သြားပါတယ္။အိမ္နဲ႔အဆင္မေျပလို႔ပါ အဟဲ။အခုေတာ့အဆင္ေျပလာသလိုရွိေပမယ့္ အိမ္ကအငယ္ေကာင္နဲ႔ၿပိဳင္ၿပီး ကြၽမ္းထိုးပစ္လိုက္တာ လက္နာသြားပါတယ္။ဒါေပမယ့္ လင္းငယ္က ကိုကိုခန႔္ဦးရွိန္ရဲ႕ စပိုက္ဒါဝူးမန္းေလးျဖစ္တာေၾကာင့္ရယ္ ဦးဟန္နဲ႔ဦးေဝတို႔ရဲ႕ကေလးေလးျဖစ္တာမို႔ အမ်ားႀကီးသန္မာပါတယ္ အဟဲဟဲ"
             

Continue Reading

You'll Also Like

332K 26.4K 29
Mini Story Uni Life Style Sweet Romance
346K 34.9K 108
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
559K 56.2K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.4M 214K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်