ဦးငယ်~(Completed)

By NoraRosalia0

221K 14.8K 2.1K

ချစ်ခြင်းအစ မုန်းခြင်းက။ ဒါပေမဲ့ ကျနော်နဲ့ ဦးငယ်ရဲ့ဇာတ်လမ်းက မုန်းခြင်းအစ ချစ်ခြင်းကပင်။ ခ်စ္ျခင္းအစ မုန္းျခ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43 (Final)
Extra(Intro)
Extra

Part-32

3.7K 294 36
By NoraRosalia0

(Unicode)

လမင်းကြီးရဲ့အလင်းရောင်က လှပလွန်းသည်။
ဦးငယ်ရဲ့ အပြုံးတစ်ပွင့်နဲ့တင် မောင်ကျရှုံးခဲ့တယ်။မောင်လို့ ခေါ်လိုက်တိုင်းရင်ထဲမှာအေးမြစေတယ်။အနမ်းတွေပေးတိုင်း နှလုံးသားလေးကဟန်ချက်ပျက်ရပြန်။ချစ်တယ်ပြောတိုင်း ရင်ခုန်နေရတယ်။
_______________________

ပုံမှန်အခြေအနေတစ်ခုပြန်ရောက်မယ်လို့ လူတွေကထင်မြင်ကြလိမ့်မည်။
ဒါပေမဲ့ ကျနော့်အတွက်ကတော့ ပျော်ရွှင်ခြင်းတွေပျောက်ဆုံးခဲ့ရပြီ။

Taehyungသူနေသည့်အရင်အိမ်လေးစီပြန်ရောက်လာသည်။
နေသိပ်မကောင်းသေးပေမဲ့ အိမ်ပြန်လို့ရသည့်အနေအထားကြောင့် ဆေးရုံကဆင်းခွင့်ရခဲ့သည်။

တရွေ့ရွေ့ဖြစ်နေသည့် ကားလေးကနောက်ဆုံးမှာတော့ အိမ်ရှေ့ထိုးရပ်သွားလေသည်။
အသက်မပါသည့် မျက်ဝန်းတွေက အပြင်ကိုတစ်ချက်ကြည့်ရင်း မဲ့ခနဲပြုံးလိုက်သည်။

ကျနော် သူ့လက်ထဲကမလွတ်မြောက်နိုင်ခဲ့ဘူး။

Taehyung ရဲ့ပျော်ရွှင်ခြင်းတွေအဆုံးသတ်နေပေမဲ့ Jungkook ပျော်ရွှင်ခြင်းလေးကအခုမှပြန်စတင်လေမည်။

ကားပေါ်အရင်ဆင်းသွားကာ တစ်ဖက်မှ သူထိုင်နေသည့် တံခါးလေးကိုဆွဲဖွင့်ပေးသည်။

" ဦးငယ်...အိမ်ထဲဝင်ကြမယ်လေ..."

"အင်း..."

ခပ်ပြတ်ပြတ်စကားလေးအဆုံး ကားပေါ်မှာ
ဆင်းလိုက်တော့ သူ့လက်မောင်းလေးကိုလာတွဲသည့် လက်တစ်စုံ။
တွန်းဖယ်လိုက်မိသည်။

" ငါဘာသာငါ လမ်းလျှောက်နိုင်တယ်...တွဲစရာမလိုဘူး..."

"အာ...​မောင်က ဦးငယ်မူးဝေနေမှာဆိုးလို့ပါ...
လမ်းလျှောက်နိုင်တယ်ဆိုလည်း ဖြည်းဖြည်းလျှောက်နော် ဦးငယ်..."

" အင်း..."

ဦးငယ်ကျနော့်မျက်နှာကိုပင်တစ်ချက်မကြည့်ဘဲ အိမ်ထဲအရင်ဝင်သွားလေသည်။

ပြုံးမိပါရဲ့။နောက်ဆုံးတော့ ဦးငယ်မောင့်အနားပြန်ရောက်လာခဲ့ပြီလေ။

အိမ်အဝင်ဝလေးရောက်တော့ Taehyung ခြေလှမ်းတွေကရပ်တန့်သွားလေသည်။

ဒီအိမ်ထဲကိုကျနော်ခြေမချရဲဘူး။
နောင်ဆုံး မှတ်ဉာဏ်တစ်ခု ဧည့်ခန်းထဲသူတစ်ခြားမိန်းမနဲ့အတူ ရှိနေတဲ့ပုံရိပ်တွေ။
ဒါတွေကို ကျနော်ပြန်အမှတ်မရချင်ပေမဲ့လည်း
လုံးဝမေ့မရခဲ့။

Kim Taehyung မင်းသန်မာမှရမယ်။
ထွက်​ပြေးလို့လည်းမရသလို၊ရှောင်နေလို့လည်းမရဘူး။
ဒါက အခက်အခဲတစ်ခုပါ။ကျော်ဖြတ်နိုင်ရမယ်။

လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
မျက်လုံးစုံမှိတ်ကာ အိမ်ထဲသို့စတင်ခြေလှမ်းလိုက်သည်။

တစ်ချိန်တည်းမှာပင် အရင်ကပုံရိပ်တွေကပြန်မြင်ယောင်လာသည်။
ထိုပုံရိပ်တွေက အမှိုက်စတွေလိုပဲ။
ကျနော့်အတွက် တစ်ခုမှတန်ဖိုးမရှိဘူး။

Jungkook ပါအိမ်ထဲဝင်လာသည်။

ဆေးရုံတက်တုန်းက လက်ဆွဲအိတ်လေးကိုကြမ်းပြင်ပေါ်ချလိုက်လေသည်။

" အခန်းထဲဝင်နားတော့လေ ဦးငယ်...မောင် စားစရာတစ်ခုခုပြင်ပေးမယ်...အမာစာတွေစားလို့မရသေးတော့ လောလောဆည် ဆန်ပြုတ်လေးပဲလုပ်ပေးမယ်လေနော်..."

" မင်းသဘောပါ..."

နားထင်ကိုဖိကိုင်လိုက်တော့စိတ်ပူသွားရသည်။
ဦးငယ် ခေါင်းကိုက်နေပြီလား၊ခေါင်းမူးနေပြီလား။ ကျနော့်ကိုလည်း ဖွင့်ပြောမှာမဟုတ်ချေ။

" ဦးငယ်...ဒီတိုင်းကြီးရပ်မနေနဲ့လေ ဗျာ...လာပါ...မောင်အခန်းထဲပို့ ပေးမယ်လေ..."

လက်မောင်းလေးကိိုထိကိုင်လိုက်တော့ ငြင်းဆန်ခြင်းမရှိ။

" ဖြည်းဖြည်းလျှောက်အုံးနော် ဦးငယ်..."

" အင်း..."

Jungkook Taehyung ကိုလက်လေးတွဲကာ သူတို့နှစ်ဦး၏အရင်ကမင်္ဂလာဦးအခန်းလေးထဲသို့
ခေါ်သွားခဲ့သည်။

ဘာမှပြောင်းလဲခြင်းမရှိတဲ့အခန်းလေးကြောင့်
ကျနော်စိတ်တွေကျဥ်းကြပ်လာရသည်။
ဘဝတစ်ခုလုံးဒီအခန်းလေးထဲ တိုက်ပိတ်ခံထားရတဲ့သတ္တဝါလို့နေခဲ့ရတာ။
ကျွေးတာစား၊ပေးတာယူ၊မေးရင်ဖြေ ကိုယ်ရည်မှန်းချက်တွေကို အကုန်ချိုးနှိမ်ခံခဲ့ရတာ။

ကုတင်လေးပေါ် လှဲအိပ်လိုက်သည့် Taehyung...

" တရေးလောက်အိပ်လိုက်နော် ဦးငယ်...ညနေကျရင် သူနာပြုတစ်ဦးရောက်လာလိမ့်မယ်..."

" ဘာအတွက်လဲ..."

" မောင်ဦးငယ်အတွက်ငှားထားတာလေ...
နေလုံးဝပြန်ကောင်းတဲ့အချိန်ထိ သူနာပြုဆရာက
ဒီအိမ်မှာလာနေလိမ့်မယ်...ဦးငယ်ကိုပြုစုဖို့လည်း လူလိုတယ်လေ....မောင်က တနေကုန်အနားမှာ
မနေပေးနိုင်ဘူးလေ...ကုမ္ပဏီကိစ္စတွေနဲ့ဆိုတော့..."

" အော်..."

ပြန်ဖြေသံလေးကြောင့် သူစိုးရိမ်သွားရသည်။
ကုမ္ပဏီကိစ္စနဲ့မအားဘူးပြောလိုက်သည်ကို ဦးငယ်စိတ်ထဲတစ်မျိုးတွေးသွားမည်ကို ကြောက်လန့်သွားလေသည်။
ပစ်ထားတယ်လို့မတွေးစေချင်တာပင်။

" မောင်ပြောချင်တာကလေ...ဦးငယ်ကိုပစ်ထားတယ်ဆိုတဲ့သဘောမဟုတ်ဘူးနော်...မောင်ကုမ္ပဏီကစာရင်းတွေကို နည်းနည်းစီစဥ်ပြီးရင်
မန်နေဂျာ Ho ကိုအကုန်လွှဲပေးခဲ့မှာ...သူက အကုန်တာဝန်ယူနိုင်တယ်လေ...နောက်ပြီး အတွင်းရေမှူး Yura ကလည်း အကုန်စိတ်ချလို့ရတယ်...သူတို့နှစ်ယောက်နဲ့အကုန်လွှဲထားလို့ရပြီလေ...နောက်ပိုင်းဆို ဦးငယ်အနားအချိန်ပြည့်နေနိုင်အောင် လုပ်မလို့ပါ..."

" စကားတွေအရမ်းပြောနေတာ ငါမကြိုက်ဘူး...မင်းကိစ္စတွေကိုလည်း ငါစိတ်မဝင်စားဘူး...မင်းငါ့အနားရှိမနေရင်ပိုတောင်ကောင်းသေးတာ..."

ရင်ထဲအောင့်ခနဲဖြစ်သွားရသည်။
မောင်ဦးငယ်အနား နေချင်နေတာလေ။
အဝေးကိုတွန်းမထုတ်လိုက်ပါနဲ့လား။

သူရှင်းပြနေသည့်စကားတွေကအရေးလုပ်ခြင်းမခံရသည့်အပြင် ရှိုက်ထိအောင်ပြောခံလိုက်ရလေသည်။

Jungkook မျက်နှာပျက်သွားပေမဲ့အမြန်ဆုံးပြန်ထိန်းလိုက်ကာ အပြုံးတွေနဲ့သာ။

" ထွက်သွားတော့...ငါပင်ပန်းနေပြီ..."

" အင်း...အင်းပါ...မောင်ထွက်သွားမယ်နော်...ဦးငယ် အိပ်ရေးဝဝအိပ်လိုက်နော်..."

ကျနော့်ကို ကျောပေးကာဦးငယ် အိပ်လိုက်သည်။

ဘာမှထပ်မပြောတော့ဘဲ အခန်းအပြင်ကိုပြန်ထွက်လာမိသည်။
အေးတိအေးစက်နှင့်မျက်ဝန်းသေတွေနဲ့ ဦးငယ်။
ကျနော့်အနားမဖြစ်မနေ နေနေရသလိုပင်။

ချစ်လွန်းလို့ပါ ဦးငယ်ရယ်။မောင့်ကို မုန်းနေလည်း ဖြစ်ပါတယ်။

ဦးငယ်နေချင်သလိုသာနေပါ။မောင့်အနားရှိနေရင်ကိုရပါပြီ။

တံခါးပိတ်သံအဆုံး မျက်ရည်တွေကျဆင်းလာသည့် Taehyung...

ပင်ပန်းနေပြီ။အရမ်းကိုပင်ပန်းနေပြီ။
Min...ကျနော်အရမ်းပင်ပန်းနေတယ်။
သူ့အသံ၊မျက်နှာ၊အထိအတွေ့တစ်ခုမှကိုမခံစားချင်ဘူး။

သူ့ရဲ့အတင်းအကျပ်လုပ်ယူတတ်တဲ့ဇွတ်တရွတ်စိတ်ဓာတ်ကြောင့် Min နဲ့ဝေးရတာ။

အမှန်တကယ်အခုချိန်ဆို Min ရင်ခွင်ထဲအသဲငယ် နားခိုနေရမှာ။သားလေးကိုလည်းပွေ့ချီနေရမှာ။

အခုတော့ အကုန်လွှဲမှားကုန်ပြီ Min...

အသဲငယ်ကိုယ်ခန္ဓာတွေလည်းထုံထိုင်းနေပြီ။
နာကျင်နေရတယ်။
နှလုံးသားက အရမ်းကိုငိုကြွေးနေတယ်Min...

လွမ်းနေပြီ။ဒီလိုဘဝကနေဘယ်အချိန်မှလွတ်မြောက်နိုင်မှာလဲ။သူ့လက်ထဲမှာကိုမသေဆုံးချင်တာပါ။

Taehyung မျက်ရည်တွေဖြင့် Yoongi ကိုလွမ်းဆွတ်ရင်း ငိုကြွေးလေသည်။

>>>>>>>>>

ခွမ်း!...

မီးဖိုခန်း၏ ကြမ်းပြင်ပေါ် ဆန်ပြုတ်ပန်းကန်လေး
လွှင့်ပစ်ခြင်းခံလိုက်ရသည်။
သုံးကြိမ်မြောက်လွှင့်ပစ်ခံရခြင်းပင်။
ပထမအကြိမ်က ငန်လို့ဆိုပြီးပစ်ချတယ်။
ဒုတိယအကြိမ်က ပေါ့နေတယ်ဆိုပြီးထပ်ပစ်ချပြန်တယ်။

" ဒီလောက်ပူနေတာငါဘယ်လိုစားရမလဲ!..."

" အရမ်းပူသွားတာလား...မောင်တောင်းပန်ပါတယ်...အအေးခံပြီးအသစ်ပြန်ထည့်ပေးခဲ့မယ်လေနော်..."

အခုအကြိမ်မှာတော့ ပူနေတယ်ဆိုပီး ပစ်ချပြန်သည်။

" ကျစ်!...စိတ်ပျက်တယ်..."

" ဦးငယ်ရယ်...စိတ်လျော့ပါဗျာ...မောင်အသစ်ယူပေးမယ်လေနော်..."

" တော်ပြီ...မစားချင်တော့ဘူး..."

" အစားလေးတော့ ဝင်အောင်စားမှပေါ့ဗျာ...
ဦးငယ်ဆေးတွေသောက်နေရတာလေ...ရင်တွေတုန်နေမယ်...ခနလေးပဲစောင့်...မောင်အခုချက်ချင်းအသစ်ပြန်ယူခဲ့မယ်..."

Jungkook အပြုံးမပျက်ခဲ့။ချက်ချင်းပင် ဆန်ပြုတ်အသစ်တစ်ပန်းကန်ပြင်ပေးသည်။

ထမင်းစားစားပွဲပေါ် ရောင်လာသည့် ဆန်ပြုတ်ပန်းကန်လေး။

" ဒီမှာနော် ဦးငယ်...ခနလေးဆို အေးသွားပြီ...စားလို့ရပြီ...ကြက်သားဖတ်လေးတွေလည်းများများထည့်ပေး ထားတယ်...ဦးငယ် အထဲချုပ်ရိုးတွေကအကျက်မြန်အောင်လို့ အသားများများစားပေးရတယ်ဆိုလို့မောင် သေချာ..."

Taehyung စီမှ ခနဲတဲ့တဲ့ ရယ်သံလေးထွက်လာလေသည်။

" ငါ့ကိုဘယ်တုန်းကစပြီး အရမ်းတွေဂရုစိုက်သွားရတာလဲ...Jeon Jungkook မင်းလူစားများအထိုးခံလိုက်ရတာလား..."

" ဦးငယ်ကို မောင်ကအမြဲဂရုစိုက်ပါတယ်..."

" အဟား...အမြဲဂရုစိုက်တယ်ဆိုပါလား...
ဟာသတွေလည်း မင်းပြောတတ်လာပြီနော်..."

ကျနော်ကိုအထင်သေးသည့်အကြည့်တွေနဲ့
ဦးငယ်က ခြေဆုံးခေါင်းဆုံးကြည့်လေသည်။

ရှက်မိတယ်။အရင်က ဦးငယ်အပေါ်ပြုမူခဲ့တာတွေတွေးမိတိုင်း မျက်နှာမပြရဲအောင်မထိရှက်လာမိသည်။

Jungkook ခေါင်းငုံးထားရင်း...

" ဦးငယ် ဆန်ပြုတ်လေးသောက်နှင့်နော်...
မောင် ကြမ်းပြင်ပေါ်က ဆန်ပြုတ်တွေသုတ်လိုက်အုံးမယ်..."

နှလုံးသားကသေမတတ်နာကျင်ရသည်။
ကြမ်းပြင်ပေါ်မှ ဆန်ပြုတ်လေးတွေကိုအဝတ်စလေးနဲ့သုတ်ရင်း မျက်ရည်တွေကျနေသည့် Jungkook..

ဦးငယ် စိတ်မကြည်ဘူးထင်ပါရဲ့။
ဆေးတွေချည်းသောက်နေရတော့ စိတ်ဆတ်နေတာနေမှာ။

အခန်းရှင်းလင်းပြီးချိန် ပန်းကန်အကွဲအပိုင်းအစတွေကို အမှိုက်ပုံလေးထဲထည့်လေသည်။

Taehyung ဆန်ပြုတ်ကိုကုန်အောင်မစားချေ။
တစ်လုတ်နှစ်လုတ်သာစားလေသည်။

ဘေစင်တွင်လက်ဆေးနေသည့် Jungkook ကိုကြည့်ကာ...

" ရေနွေးယူပေး..."

ချက်ချင်းပင်လှည့်လာသည်။

" ရေနွေးက ဦးငယ်ဘေးမှာလေ...အရမ်းမပူဘူး
မောင် အအေးခံပေး ထားတာ သောက်လိုက်လို့ရတယ်..."

" အသစ်ပြန်ယူပေး...ဒီရေနွေးက အရမ်းအေးသွား​ပြီ ငါမသောက်ချင်ဘူး..."

" ဟုတ်ပြီ...မောင် အသစ်ထည့်ခဲ့ပေးမယ်လေ...
ခနနော် ဦးငယ်..."

ကျနော့်စကားကိုနားထောင်နေသည့်ပုံစံဖမ်းနေတာ သူနဲ့မလိုက်ဖက်ဘူး။
စိတ်ထဲမပါဘဲလုပ်နေတာ။တကယ်ကို ရယ်ရတယ်။ အခုမှ ဦးငယ် ဦးငယ် နဲ့ အဖြစ်သည်းပြနေတာ။
သူ့ရဲ့အခုလိုပုံက ကျနော့်အတွက်တော့ ဟာသပြဇာတ်တစ်ပုဒ်ကြည့်နေရသလိုပဲ။

Jungkook ရေနွေးခွက်လေးယူကာ Taehyung အနားရောက်လာသည်။

" ရေနွေးရပြီ ဦးငယ်..."

" တင်လိုက်..."

" အာ...ဟုတ် ဦးငယ်..."

အပြုံးချိုချိုလေးတွေဖြင့် Taehyung ကိုကြည့်ကာစားပွဲခုံပေါ် ရေနွေးခွက်လေးတင်ပေးလေ
သည်။

ဆန်ပြုတ်ပန်းကန်လေးစီအကြည့်ရောက်တော့...

" ဆန်ပြုတ်တွေအကုန်မစားထားဘူးပဲ ဦးငယ်..."

" အင်း ဟုတ်တယ်...မစားချင်လို့..."

" ဘာဖြစ်လို့လဲ ဦးငယ်...စားရတာအရသာမရှိလို့လား..."

" အဲ့လိုပဲပြောရမလား...အင်းးးး...."

Taehyung Jungkook ယူလာပေးသည့်ရေနွေးခွက်အသစ်လေးကိုကိုင်လိုက်သည်။

" တစ်ချိန်တုန်းက တစ်ယောက်သော
သူကပြောဖူးသလိုပေါ့...ခွေးစာဆိုလားပဲ...ဟုတ်သား...အဲ့စကားကမင်းပြောခဲဲ့တာပဲ..."

ကျနော့်ကို မဲ့ပြုံးတွေနဲ့ ကြည့်လာသည်။

" ဦးငယ်ရယ်...မောင်ကလေ..."

" ရှူး......ဘာစကားမှမပြောနဲ့အုံးလေ...ငါအရင်ပြောပါရစေအုံး...အခု ခွေးစာတွေလိုဖြစ်နေတော့ ငါ့မစားနိုင်ဘူး...ခက်တာက အခု မင်းလုပ်ပေးတဲ့ဆန်ပြုတ်က ခွေးကျွေးတောင် စားချင်မှစားမှာ..."

Taehyung ရဲ့အထိနာစေသည့်စကားကြောင့် Jungkook ရင်ထဲစူးနင့်လာရသည်။

သူမျက်နှာပျက်သွားတော့...

" အိုး...ဒီလောက်လေးပြောလိုက်တာနဲ့မျက်နှာကဘာဖြစ်သွားရတာလဲ...ငါတစ်ဇွန်း နှစ်ဇွန်းစားပေးတာပဲ ကျေးဇူးတင်..."

" မောင်ဘာမှမဖြစ်ပါဘူး...နောက်တခါဆို ချက်ရင် သေချာလေးချက်ပေးမှာပါ...ဦးငယ်ပြောတာကိုလည်း မောင်စိတ်မဆိုးပါဘူး..."

" စိတ်ဆိုးတယ်ဆိုလည်း ငါကဂရုမစိုက်ပါဘူး...ဘာလို့ဆို မင်းအပေါ်ဘာခံစားချက်မှရှိမနေတော့လို့လေ..."

" ဦး...ဦးငယ်..."

Taehyung အော်ရယ်လေသည်။
Jungkook ရဲ့မျက်နှာငယ်လေးကိုကြည့်ကာ သူလှောင်ပြောင်နေသည်။

"ရေနွေးတွေက ပူနေသေးတာပဲ..."

" မောင့်ကိုပေးပါ...အအေးခံ..."

Jungkook ရင်ဘတ်ပေါ် Taehyung ရေနွေးပူတွေနဲ့ပက်လိုက်လေသည်။

ကျနော့်အငွေ့တွေတထောင်းထောင်းထွက်ကာ
ပူကျစ်နေသည့် ရေနွေးတွေနဲ့အပက်ခံလိုက်ရသည်။

" အိုး...ဆော်ရီး...ငါလက်ချောသွားတာပဲ..."

ပူပူကျစ်ကျစ်ရေနွေးတွေကြောင့် ရှပ်အင်္ကျီအောက်မှအသားဖွေးဖွေးလေးက နီရဲသွားလေပြီ။

မျက်ဝန်းထဲမျက်ရည်စတွေလည်း တွဲလဲခိုလာရသည်။

ဦးငယ် ကျနော့်ကိုအခုလိုတမင်ပြုမူနေတာပင်။
သိရက်နဲ့လုပ်ခဲ့တာ။

စိတ်ထဲနာကျင်ရသည်။ထိုးနှက်ချက်စကားလုံးတွေကြောင့်လည်း နာကျင်ရသည်။

Jungkook မျက်ရည်တွေကျလာခဲ့သည်။

ဒါကို အရသာခံကြည့်ကာ ပြုံးနေသည့် Taehyung...

အစပဲရှိသေးတယ်လေ။မင်းအရမ်းကို ငါ့အနားနေချင်ရင် ငါ့ဒဏ်တော့ခံရမယ်။
အရင်လိုငါက ပျော့ညံ့မနေတော့ဘူး။

" ငါ့အခန်းထဲသွားတော့မယ်...သူနာပြုရောက်ရင်သာလာပြော..."

Taehyungစားပွဲဝိုင်းလေးမှထကာသွားသည်။

ခြေလှမ်းလေးတွေက တော်တော်ဝေးဝေးရောက်မှ ရပ်သွားသည်။

လှည့်ကြည့်ကာ...

" အော် မေ့နေလို့...ဆေးလိမ်းလိုက်အုံးနော်..
စိတ်ပူလို့ပြောတာတော့မဟုတ်ဘူး...တော်ကြာငါ့ကို မင်းစိတ်ထဲကျိန်ဆဲနေမှာဆိုလို့ ဝတ္တရားအရပြောတာ...တစ်ချိန်က ငါ့ကိုလည်း တစ်ယောက်သောသူက ဝတ္တရားအရ ပေါ့ပေါ့ပျက်ပျက်ပြော
ခဲ့ဖူးတယ်လေ..."

အခန်းထဲဝင်သွားရင်း တံခါးပိတ်သံကြားရပြီးအဆုံးမှာတော့ Jungkook ကြမ်းပြင်ပေါ် ထိုင်လျက်လေးဖြစ်သွားရသည်။

ကျနော်ပြုခဲ့သမျှ ဦးငယ်က အကုန်တစ်ခုခြင်းမှတ်မိနေခဲ့သည်။

ဦးငယ်ကမောင့်စကားတွေနဲ့မောင့်ကိုပြန်အနိုင်ယူသွားခဲ့တယ်။
မျက်ရည်တွေလည်း ကျမြဲကျနေရပြီ။

မောင်တစ်ချိန်က အတ္တတွေဆန်ခဲ့တယ်။
ငါမှငါ ဆိုပြီး မာနတွေထောင်လွှားမိခဲ့တယ်။

အခုတော့ မောင့်အပြစ်တွေကိုပြန်ခံရပြီ။

နာကျင်ရတယ်။ဦးငယ်စီကနေ စွန့်ပစ်ခံတာမဟုတ်ဘဲ လစ်လျူရှူ့ခံနေတာက အရမ်းကိုမချိမနဲ့ခံစားရတယ်။

" ဒါပေမဲ့ မောင်နှင်းဆီငယ်လေးကိုဖက်တွယ်ထားပါရစေ...နာကျင်ရလည်း ဖြစ်တယ်...အရမ်းကိုချစ်မိနေတာမို့လို့ပါ..."

ရင်ဘတ်ပေါ်မှ အပူလောင်ဒဏ်ရာလေးကိုထိကိုင်ကာ Jungkook မျက်ရည်တွေကြားမှပြုံးလေ
သည်။

ဒီဒဏ်ရာကမနာပါဘူး။ဦးငယ်လက်နဲ့ပေးခဲ့တာမို့ မောင်မြတ်နိုးမိတယ်။

" ချစ်တယ် ဦးငယ်..."

_____________

Nora Rosalia

Vote Plz

26.8.2022

>>>>>>>

(Zawgyi)



လမင္းႀကီးရဲ႕အလင္းေရာင္က လွပလြန္းသည္။
ဦးငယ္ရဲ႕ အၿပဳံးတစ္ပြင့္နဲ႕တင္ ေမာင္က်ရႈံးခဲ့တယ္။ေမာင္လို႔ ေခၚလိုက္တိုင္းရင္ထဲမွာေအးျမေစတယ္။အနမ္းေတြေပးတိုင္း ႏွလုံးသားေလးကဟန္ခ်က္ပ်က္ရျပန္။ခ်စ္တယ္ေျပာတိုင္း ရင္ခုန္ေနရတယ္။
_______________________

ပုံမွန္အေျခအေနတစ္ခုျပန္ေရာက္မယ္လို႔ လူေတြကထင္ျမင္ၾကလိမ့္မည္။
ဒါေပမဲ့ က်ေနာ့္အတြက္ကေတာ့ ေပ်ာ္႐ႊင္ျခင္းေတြေပ်ာက္ဆုံးခဲ့ရၿပီ။

Taehyungသူေနသည့္အရင္အိမ္ေလးစီျပန္ေရာက္လာသည္။
ေနသိပ္မေကာင္းေသးေပမဲ့ အိမ္ျပန္လို႔ရသည့္အေနအထားေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရခဲ့သည္။

တေ႐ြ႕ေ႐ြ႕ျဖစ္ေနသည့္ ကားေလးကေနာက္ဆုံးမွာေတာ့ အိမ္ေရွ႕ထိုးရပ္သြားေလသည္။
အသက္မပါသည့္ မ်က္ဝန္းေတြက အျပင္ကိုတစ္ခ်က္ၾကည့္ရင္း မဲ့ခနဲၿပဳံးလိုက္သည္။

က်ေနာ္ သူ႕လက္ထဲကမလြတ္ေျမာက္နိုင္ခဲ့ဘူး။

Taehyung ရဲ႕ေပ်ာ္႐ႊင္ျခင္းေတြအဆုံးသတ္ေနေပမဲ့ Jungkook ေပ်ာ္႐ႊင္ျခင္းေလးကအခုမွျပန္စတင္ေလမည္။

ကားေပၚအရင္ဆင္းသြားကာ တစ္ဖက္မွ သူထိုင္ေနသည့္ တံခါးေလးကိုဆြဲဖြင့္ေပးသည္။

" ဦးငယ္...အိမ္ထဲဝင္ၾကမယ္ေလ..."

"အင္း..."

ခပ္ျပတ္ျပတ္စကားေလးအဆုံး ကားေပၚမွာ
ဆင္းလိုက္ေတာ့ သူ႕လက္ေမာင္းေလးကိုလာတြဲသည့္ လက္တစ္စုံ။
တြန္းဖယ္လိုက္မိသည္။

" ငါဘာသာငါ လမ္းေလွ်ာက္နိုင္တယ္...တြဲစရာမလိုဘူး..."

"အာ...​ေမာင္က ဦးငယ္မူးေဝေနမွာဆိုးလို႔ပါ...
လမ္းေလွ်ာက္နိုင္တယ္ဆိုလည္း ျဖည္းျဖည္းေလွ်ာက္ေနာ္ ဦးငယ္..."

" အင္း..."

ဦးငယ္က်ေနာ့္မ်က္ႏွာကိုပင္တစ္ခ်က္မၾကည့္ဘဲ အိမ္ထဲအရင္ဝင္သြားေလသည္။

ၿပဳံးမိပါရဲ႕။ေနာက္ဆုံးေတာ့ ဦးငယ္ေမာင့္အနားျပန္ေရာက္လာခဲ့ၿပီေလ။

အိမ္အဝင္ဝေလးေရာက္ေတာ့ Taehyung ေျခလွမ္းေတြကရပ္တန့္သြားေလသည္။

ဒီအိမ္ထဲကိုက်ေနာ္ေျခမခ်ရဲဘူး။
ေနာင္ဆုံး မွတ္ဉာဏ္တစ္ခု ဧည့္ခန္းထဲသူတစ္ျခားမိန္းမနဲ႕အတူ ရွိေနတဲ့ပုံရိပ္ေတြ။
ဒါေတြကို က်ေနာ္ျပန္အမွတ္မရခ်င္ေပမဲ့လည္း
လုံးဝေမ့မရခဲ့။

Kim Taehyung မင္းသန္မာမွရမယ္။
ထြက္​ေျပးလို႔လည္းမရသလို၊ေရွာင္ေနလို႔လည္းမရဘူး။
ဒါက အခက္အခဲတစ္ခုပါ။ေက်ာ္ျဖတ္နိုင္ရမယ္။

လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားရင္း
မ်က္လုံးစုံမွိတ္ကာ အိမ္ထဲသို႔စတင္ေျခလွမ္းလိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ အရင္ကပုံရိပ္ေတြကျပန္ျမင္ေယာင္လာသည္။
ထိုပုံရိပ္ေတြက အမွိုက္စေတြလိုပဲ။
က်ေနာ့္အတြက္ တစ္ခုမွတန္ဖိုးမရွိဘူး။

Jungkook ပါအိမ္ထဲဝင္လာသည္။

ေဆး႐ုံတက္တုန္းက လက္ဆြဲအိတ္ေလးကိုၾကမ္းျပင္ေပၚခ်လိဳက္ေလသည္။

" အခန္းထဲဝင္နားေတာ့ေလ ဦးငယ္...ေမာင္ စားစရာတစ္ခုခုျပင္ေပးမယ္...အမာစာေတြစားလို႔မရေသးေတာ့ ေလာေလာဆည္ ဆန္ျပဳတ္ေလးပဲလုပ္ေပးမယ္ေလေနာ္..."

" မင္းသေဘာပါ..."

နားထင္ကိုဖိကိုင္လိုက္ေတာ့စိတ္ပူသြားရသည္။
ဦးငယ္ ေခါင္းကိုက္ေနၿပီလား၊ေခါင္းမူးေနၿပီလား။ က်ေနာ့္ကိုလည္း ဖြင့္ေျပာမွာမဟုတ္ေခ်။

" ဦးငယ္...ဒီတိုင္းႀကီးရပ္မေနနဲ႕ေလ ဗ်ာ...လာပါ...ေမာင္အခန္းထဲပို႔ ေပးမယ္ေလ..."

လက္ေမာင္းေလးကိိုထိကိုင္လိုက္ေတာ့ ျငင္းဆန္ျခင္းမရွိ။

" ျဖည္းျဖည္းေလွ်ာက္အုံးေနာ္ ဦးငယ္..."

" အင္း..."

Jungkook Taehyung ကိုလက္ေလးတြဲကာ သူတို႔ႏွစ္ဦး၏အရင္ကမဂၤလာဦးအခန္းေလးထဲသို႔
ေခၚသြားခဲ့သည္။

ဘာမွေျပာင္းလဲျခင္းမရွိတဲ့အခန္းေလးေၾကာင့္
က်ေနာ္စိတ္ေတြက်ဥ္းၾကပ္လာရသည္။
ဘဝတစ္ခုလုံးဒီအခန္းေလးထဲ တိုက္ပိတ္ခံထားရတဲ့သတၱဝါလို႔ေနခဲ့ရတာ။
ေကြၽးတာစား၊ေပးတာယူ၊ေမးရင္ေျဖ ကိုယ္ရည္မွန္းခ်က္ေတြကို အကုန္ခ်ိဳးႏွိမ္ခံခဲ့ရတာ။

ကုတင္ေလးေပၚ လွဲအိပ္လိုက္သည့္ Taehyung...

" တေရးေလာက္အိပ္လိုက္ေနာ္ ဦးငယ္...ညေနက်ရင္ သူနာျပဳတစ္ဦးေရာက္လာလိမ့္မယ္..."

" ဘာအတြက္လဲ..."

" ေမာင္ဦးငယ္အတြက္ငွားထားတာေလ...
ေနလုံးဝျပန္ေကာင္းတဲ့အခ်ိန္ထိ သူနာျပဳဆရာက
ဒီအိမ္မွာလာေနလိမ့္မယ္...ဦးငယ္ကိုျပဳစုဖို႔လည္း လူလိုတယ္ေလ....ေမာင္က တေနကုန္အနားမွာ
မေနေပးနိုင္ဘူးေလ...ကုမၸဏီကိစၥေတြနဲ႕ဆိုေတာ့..."

" ေအာ္..."

ျပန္ေျဖသံေလးေၾကာင့္ သူစိုးရိမ္သြားရသည္။
ကုမၸဏီကိစၥနဲ႕မအားဘူးေျပာလိုက္သည္ကို ဦးငယ္စိတ္ထဲတစ္မ်ိဳးေတြးသြားမည္ကို ေၾကာက္လန့္သြားေလသည္။
ပစ္ထားတယ္လို႔မေတြးေစခ်င္တာပင္။

" ေမာင္ေျပာခ်င္တာကေလ...ဦးငယ္ကိုပစ္ထားတယ္ဆိုတဲ့သေဘာမဟုတ္ဘူးေနာ္...ေမာင္ကုမၸဏီကစာရင္းေတြကို နည္းနည္းစီစဥ္ၿပီးရင္
မန္ေနဂ်ာ Ho ကိုအကုန္လႊဲေပးခဲ့မွာ...သူက အကုန္တာဝန္ယူနိုင္တယ္ေလ...ေနာက္ၿပီး အတြင္းေရမႉး Yura ကလည္း အကုန္စိတ္ခ်လိဳ႕ရတယ္...သူတို႔ႏွစ္ေယာက္နဲ႕အကုန္လႊဲထားလို႔ရၿပီေလ...ေနာက္ပိုင္းဆို ဦးငယ္အနားအခ်ိန္ျပည့္ေနနိုင္ေအာင္ လုပ္မလို႔ပါ..."

" စကားေတြအရမ္းေျပာေနတာ ငါမႀကိဳက္ဘူး...မင္းကိစၥေတြကိုလည္း ငါစိတ္မဝင္စားဘူး...မင္းငါ့အနားရွိမေနရင္ပိုေတာင္ေကာင္းေသးတာ..."

ရင္ထဲေအာင့္ခနဲျဖစ္သြားရသည္။
ေမာင္ဦးငယ္အနား ေနခ်င္ေနတာေလ။
အေဝးကိုတြန္းမထုတ္လိုက္ပါနဲ႕လား။

သူရွင္းျပေနသည့္စကားေတြကအေရးလုပ္ျခင္းမခံရသည့္အျပင္ ရွိုက္ထိေအာင္ေျပာခံလိုက္ရေလသည္။

Jungkook မ်က္ႏွာပ်က္သြားေပမဲ့အျမန္ဆုံးျပန္ထိန္းလိုက္ကာ အၿပဳံးေတြနဲ႕သာ။

" ထြက္သြားေတာ့...ငါပင္ပန္းေနၿပီ..."

" အင္း...အင္းပါ...ေမာင္ထြက္သြားမယ္ေနာ္...ဦးငယ္ အိပ္ေရးဝဝအိပ္လိုက္ေနာ္..."

က်ေနာ့္ကို ေက်ာေပးကာဦးငယ္ အိပ္လိုက္သည္။

ဘာမွထပ္မေျပာေတာ့ဘဲ အခန္းအျပင္ကိုျပန္ထြက္လာမိသည္။
ေအးတိေအးစက္ႏွင့္မ်က္ဝန္းေသေတြနဲ႕ ဦးငယ္။
က်ေနာ့္အနားမျဖစ္မေန ေနေနရသလိုပင္။

ခ်စ္လြန္းလို႔ပါ ဦးငယ္ရယ္။ေမာင့္ကို မုန္းေနလည္း ျဖစ္ပါတယ္။

ဦးငယ္ေနခ်င္သလိုသာေနပါ။ေမာင့္အနားရွိေနရင္ကိုရပါၿပီ။

တံခါးပိတ္သံအဆုံး မ်က္ရည္ေတြက်ဆင္းလာသည့္ Taehyung...

ပင္ပန္းေနၿပီ။အရမ္းကိုပင္ပန္းေနၿပီ။
Min...က်ေနာ္အရမ္းပင္ပန္းေနတယ္။
သူ႕အသံ၊မ်က္ႏွာ၊အထိအေတြ႕တစ္ခုမွကိုမခံစားခ်င္ဘူး။

သူ႕ရဲ႕အတင္းအက်ပ္လုပ္ယူတတ္တဲ့ဇြတ္တ႐ြတ္စိတ္ဓာတ္ေၾကာင့္ Min နဲ႕ေဝးရတာ။

အမွန္တကယ္အခုခ်ိန္ဆို Min ရင္ခြင္ထဲအသဲငယ္ နားခိုေနရမွာ။သားေလးကိုလည္းေပြ႕ခ်ီေနရမွာ။

အခုေတာ့ အကုန္လႊဲမွားကုန္ၿပီ Min...

အသဲငယ္ကိုယ္ခႏၶာေတြလည္းထုံထိုင္းေနၿပီ။
နာက်င္ေနရတယ္။
ႏွလုံးသားက အရမ္းကိုငိုေႂကြးေနတယ္Min...

လြမ္းေနၿပီ။ဒီလိုဘဝကေနဘယ္အခ်ိန္မွလြတ္ေျမာက္နိုင္မွာလဲ။သူ႕လက္ထဲမွာကိုမေသဆုံးခ်င္တာပါ။

Taehyung မ်က္ရည္ေတြျဖင့္ Yoongi ကိုလြမ္းဆြတ္ရင္း ငိုေႂကြးေလသည္။

>>>>>>>>>

ခြမ္း!...

မီးဖိုခန္း၏ ၾကမ္းျပင္ေပၚ ဆန္ျပဳတ္ပန္းကန္ေလး
လႊင့္ပစ္ျခင္းခံလိုက္ရသည္။
သုံးႀကိမ္ေျမာက္လႊင့္ပစ္ခံရျခင္းပင္။
ပထမအႀကိမ္က ငန္လို႔ဆိုၿပီးပစ္ခ်တယ္။
ဒုတိယအႀကိမ္က ေပါ့ေနတယ္ဆိုၿပီးထပ္ပစ္ခ်ျပန္တယ္။

" ဒီေလာက္ပူေနတာငါဘယ္လိုစားရမလဲ!..."

" အရမ္းပူသြားတာလား...ေမာင္ေတာင္းပန္ပါတယ္...အေအးခံၿပီးအသစ္ျပန္ထည့္ေပးခဲ့မယ္ေလေနာ္..."

အခုအႀကိမ္မွာေတာ့ ပူေနတယ္ဆိုပီး ပစ္ခ်ျပန္သည္။

" က်စ္!...စိတ္ပ်က္တယ္..."

" ဦးငယ္ရယ္...စိတ္ေလ်ာ့ပါဗ်ာ...ေမာင္အသစ္ယူေပးမယ္ေလေနာ္..."

" ေတာ္ၿပီ...မစားခ်င္ေတာ့ဘူး..."

" အစားေလးေတာ့ ဝင္ေအာင္စားမွေပါ့ဗ်ာ...
ဦးငယ္ေဆးေတြေသာက္ေနရတာေလ...ရင္ေတြတုန္ေနမယ္...ခနေလးပဲေစာင့္...ေမာင္အခုခ်က္ခ်င္းအသစ္ျပန္ယူခဲ့မယ္..."

Jungkook အၿပဳံးမပ်က္ခဲ့။ခ်က္ခ်င္းပင္ ဆန္ျပဳတ္အသစ္တစ္ပန္းကန္ျပင္ေပးသည္။

ထမင္းစားစားပြဲေပၚ ေရာင္လာသည့္ ဆန္ျပဳတ္ပန္းကန္ေလး။

" ဒီမွာေနာ္ ဦးငယ္...ခနေလးဆို ေအးသြားၿပီ...စားလို႔ရၿပီ...ၾကက္သားဖတ္ေလးေတြလည္းမ်ားမ်ားထည့္ေပး ထားတယ္...ဦးငယ္ အထဲခ်ဳပ္ရိုးေတြကအက်က္ျမန္ေအာင္လို႔ အသားမ်ားမ်ားစားေပးရတယ္ဆိုလို႔ေမာင္ ေသခ်ာ..."

Taehyung စီမွ ခနဲတဲ့တဲ့ ရယ္သံေလးထြက္လာေလသည္။

" ငါ့ကိုဘယ္တုန္းကစၿပီး အရမ္းေတြဂ႐ုစိုက္သြားရတာလဲ...Jeon Jungkook မင္းလူစားမ်ားအထိုးခံလိုက္ရတာလား..."

" ဦးငယ္ကို ေမာင္ကအၿမဲဂ႐ုစိုက္ပါတယ္..."

" အဟား...အၿမဲဂ႐ုစိုက္တယ္ဆိုပါလား...
ဟာသေတြလည္း မင္းေျပာတတ္လာၿပီေနာ္..."

က်ေနာ္ကိုအထင္ေသးသည့္အၾကည့္ေတြနဲ႕
ဦးငယ္က ေျခဆုံးေခါင္းဆုံးၾကည့္ေလသည္။

ရွက္မိတယ္။အရင္က ဦးငယ္အေပၚျပဳမူခဲ့တာေတြေတြးမိတိုင္း မ်က္ႏွာမျပရဲေအာင္မထိရွက္လာမိသည္။

Jungkook ေခါင္းငုံးထားရင္း...

" ဦးငယ္ ဆန္ျပဳတ္ေလးေသာက္ႏွင့္ေနာ္...
ေမာင္ ၾကမ္းျပင္ေပၚက ဆန္ျပဳတ္ေတြသုတ္လိုက္အုံးမယ္..."

ႏွလုံးသားကေသမတတ္နာက်င္ရသည္။
ၾကမ္းျပင္ေပၚမွ ဆန္ျပဳတ္ေလးေတြကိုအဝတ္စေလးနဲ႕သုတ္ရင္း မ်က္ရည္ေတြက်ေနသည့္ Jungkook..

ဦးငယ္ စိတ္မၾကည္ဘူးထင္ပါရဲ႕။
ေဆးေတြခ်ည္းေသာက္ေနရေတာ့ စိတ္ဆတ္ေနတာေနမွာ။

အခန္းရွင္းလင္းၿပီးခ်ိန္ ပန္းကန္အကြဲအပိုင္းအစေတြကို အမွိုက္ပုံေလးထဲထည့္ေလသည္။

Taehyung ဆန္ျပဳတ္ကိုကုန္ေအာင္မစားေခ်။
တစ္လုတ္ႏွစ္လုတ္သာစားေလသည္။

ေဘစင္တြင္လက္ေဆးေနသည့္ Jungkook ကိုၾကည့္ကာ...

" ေရႏြေးယူေပး..."

ခ်က္ခ်င္းပင္လွည့္လာသည္။

" ေရႏြေးက ဦးငယ္ေဘးမွာေလ...အရမ္းမပူဘူး
ေမာင္ အေအးခံေပး ထားတာ ေသာက္လိုက္လို႔ရတယ္..."

" အသစ္ျပန္ယူေပး...ဒီေရႏြေးက အရမ္းေအးသြား​ၿပီ ငါမေသာက္ခ်င္ဘူး..."

" ဟုတ္ၿပီ...ေမာင္ အသစ္ထည့္ခဲ့ေပးမယ္ေလ...
ခနေနာ္ ဦးငယ္..."

က်ေနာ့္စကားကိုနားေထာင္ေနသည့္ပုံစံဖမ္းေနတာ သူနဲ႕မလိုက္ဖက္ဘူး။
စိတ္ထဲမပါဘဲလုပ္ေနတာ။တကယ္ကို ရယ္ရတယ္။ အခုမွ ဦးငယ္ ဦးငယ္ နဲ႕ အျဖစ္သည္းျပေနတာ။
သူ႕ရဲ႕အခုလိုပုံက က်ေနာ့္အတြက္ေတာ့ ဟာသျပဇာတ္တစ္ပုဒ္ၾကည့္ေနရသလိုပဲ။

Jungkook ေရႏြေးခြက္ေလးယူကာ Taehyung အနားေရာက္လာသည္။

" ေရႏြေးရၿပီ ဦးငယ္..."

" တင္လိုက္..."

" အာ...ဟုတ္ ဦးငယ္..."

အၿပဳံးခ်ိဳခ်ိဳေလးေတြျဖင့္ Taehyung ကိုၾကည့္ကာစားပြဲခုံေပၚ ေရႏြေးခြက္ေလးတင္ေပးေလ
သည္။

ဆန္ျပဳတ္ပန္းကန္ေလးစီအၾကည့္ေရာက္ေတာ့...

" ဆန္ျပဳတ္ေတြအကုန္မစားထားဘူးပဲ ဦးငယ္..."

" အင္း ဟုတ္တယ္...မစားခ်င္လို႔..."

" ဘာျဖစ္လို႔လဲ ဦးငယ္...စားရတာအရသာမရွိလို႔လား..."

" အဲ့လိုပဲေျပာရမလား...အင္းးးး...."

Taehyung Jungkook ယူလာေပးသည့္ေရႏြေးခြက္အသစ္ေလးကိုကိုင္လိုက္သည္။

" တစ္ခ်ိန္တုန္းက တစ္ေယာက္ေသာ
သူကေျပာဖူးသလိုေပါ့...ေခြးစာဆိုလားပဲ...ဟုတ္သား...အဲ့စကားကမင္းေျပာခဲဲ့တာပဲ..."

က်ေနာ့္ကို မဲ့ၿပဳံးေတြနဲ႕ ၾကည့္လာသည္။

" ဦးငယ္ရယ္...ေမာင္ကေလ..."

" ရႉး......ဘာစကားမွမေျပာနဲ႕အုံးေလ...ငါအရင္ေျပာပါရေစအုံး...အခု ေခြးစာေတြလိုျဖစ္ေနေတာ့ ငါ့မစားနိုင္ဘူး...ခက္တာက အခု မင္းလုပ္ေပးတဲ့ဆန္ျပဳတ္က ေခြးေကြၽးေတာင္ စားခ်င္မွစားမွာ..."

Taehyung ရဲ႕အထိနာေစသည့္စကားေၾကာင့္ Jungkook ရင္ထဲစူးနင့္လာရသည္။

သူမ်က္ႏွာပ်က္သြားေတာ့...

" အိုး...ဒီေလာက္ေလးေျပာလိုက္တာနဲ႕မ်က္ႏွာကဘာျဖစ္သြားရတာလဲ...ငါတစ္ဇြန္း ႏွစ္ဇြန္းစားေပးတာပဲ ေက်းဇူးတင္..."

" ေမာင္ဘာမွမျဖစ္ပါဘူး...ေနာက္တခါဆို ခ်က္ရင္ ေသခ်ာေလးခ်က္ေပးမွာပါ...ဦးငယ္ေျပာတာကိုလည္း ေမာင္စိတ္မဆိုးပါဘူး..."

" စိတ္ဆိုးတယ္ဆိုလည္း ငါကဂ႐ုမစိုက္ပါဘူး...ဘာလို႔ဆို မင္းအေပၚဘာခံစားခ်က္မွရွိမေနေတာ့လို႔ေလ..."

" ဦး...ဦးငယ္..."

Taehyung ေအာ္ရယ္ေလသည္။
Jungkook ရဲ႕မ်က္ႏွာငယ္ေလးကိုၾကည့္ကာ သူေလွာင္ေျပာင္ေနသည္။

"ေရႏြေးေတြက ပူေနေသးတာပဲ..."

" ေမာင့္ကိုေပးပါ...အေအးခံ..."

Jungkook ရင္ဘတ္ေပၚ Taehyung ေရႏြေးပူေတြနဲ႕ပက္လိုက္ေလသည္။

က်ေနာ့္အေငြ႕ေတြတေထာင္းေထာင္းထြက္ကာ
ပူက်စ္ေနသည့္ ေရႏြေးေတြနဲ႕အပက္ခံလိုက္ရသည္။

" အိုး...ေဆာ္ရီး...ငါလက္ေခ်ာသြားတာပဲ..."

ပူပူက်စ္က်စ္ေရႏြေးေတြေၾကာင့္ ရွပ္အကၤ်ီေအာက္မွအသားေဖြးေဖြးေလးက နီရဲသြားေလၿပီ။

မ်က္ဝန္းထဲမ်က္ရည္စေတြလည္း တြဲလဲခိုလာရသည္။

ဦးငယ္ က်ေနာ့္ကိုအခုလိုတမင္ျပဳမူေနတာပင္။
သိရက္နဲ႕လုပ္ခဲ့တာ။

စိတ္ထဲနာက်င္ရသည္။ထိုးႏွက္ခ်က္စကားလုံးေတြေၾကာင့္လည္း နာက်င္ရသည္။

Jungkook မ်က္ရည္ေတြက်လာခဲ့သည္။

ဒါကို အရသာခံၾကည့္ကာ ၿပဳံးေနသည့္ Taehyung...

အစပဲရွိေသးတယ္ေလ။မင္းအရမ္းကို ငါ့အနားေနခ်င္ရင္ ငါ့ဒဏ္ေတာ့ခံရမယ္။
အရင္လိုငါက ေပ်ာ့ညံ့မေနေတာ့ဘူး။

" ငါ့အခန္းထဲသြားေတာ့မယ္...သူနာျပဳေရာက္ရင္သာလာေျပာ..."

Taehyungစားပြဲဝိုင္းေလးမွထကာသြားသည္။

ေျခလွမ္းေလးေတြက ေတာ္ေတာ္ေဝးေဝးေရာက္မွ ရပ္သြားသည္။

လွည့္ၾကည့္ကာ...

" ေအာ္ ေမ့ေနလို႔...ေဆးလိမ္းလိုက္အုံးေနာ္..
စိတ္ပူလို႔ေျပာတာေတာ့မဟုတ္ဘူး...ေတာ္ၾကာငါ့ကို မင္းစိတ္ထဲက်ိန္ဆဲေနမွာဆိုလို႔ ဝတၱရားအရေျပာတာ...တစ္ခ်ိန္က ငါ့ကိုလည္း တစ္ေယာက္ေသာသူက ဝတၱရားအရ ေပါ့ေပါ့ပ်က္ပ်က္ေျပာ
ခဲ့ဖူးတယ္ေလ..."

အခန္းထဲဝင္သြားရင္း တံခါးပိတ္သံၾကားရၿပီးအဆုံးမွာေတာ့ Jungkook ၾကမ္းျပင္ေပၚ ထိုင္လ်က္ေလးျဖစ္သြားရသည္။

က်ေနာ္ျပဳခဲ့သမွ် ဦးငယ္က အကုန္တစ္ခုျခင္းမွတ္မိေနခဲ့သည္။

ဦးငယ္ကေမာင့္စကားေတြနဲ႕ေမာင့္ကိုျပန္အနိုင္ယူသြားခဲ့တယ္။
မ်က္ရည္ေတြလည္း က်ၿမဲက်ေနရၿပီ။

ေမာင္တစ္ခ်ိန္က အတၱေတြဆန္ခဲ့တယ္။
ငါမွငါ ဆိုၿပီး မာနေတြေထာင္လႊားမိခဲ့တယ္။

အခုေတာ့ ေမာင့္အျပစ္ေတြကိုျပန္ခံရၿပီ။

နာက်င္ရတယ္။ဦးငယ္စီကေန စြန့္ပစ္ခံတာမဟုတ္ဘဲ လစ္လ်ဴရႉ႕ခံေနတာက အရမ္းကိုမခ်ိမနဲ႕ခံစားရတယ္။

" ဒါေပမဲ့ ေမာင္ႏွင္းဆီငယ္ေလးကိုဖက္တြယ္ထားပါရေစ...နာက်င္ရလည္း ျဖစ္တယ္...အရမ္းကိုခ်စ္မိေနတာမို႔လို႔ပါ..."

ရင္ဘတ္ေပၚမွ အပူေလာင္ဒဏ္ရာေလးကိုထိကိုင္ကာ Jungkook မ်က္ရည္ေတြၾကားမွၿပဳံးေလ
သည္။

ဒီဒဏ္ရာကမနာပါဘူး။ဦးငယ္လက္နဲ႕ေပးခဲ့တာမို႔ ေမာင္ျမတ္နိုးမိတယ္။

" ခ်စ္တယ္ ဦးငယ္..."

_____________

Nora Rosalia

Vote Plz

26.8.2022

Continue Reading

You'll Also Like

544K 106K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
668K 50.5K 46
wang yibo💚 ခင္​ဗ်ားတု႔ိ သိၾကလားကြၽန္​​ေတာ္​ကအတၱႀကီးၿပီး အခ်စ္​န႔ဲအမုန္​းကုိမခြဲျခားတတ္​တ့ဲ အခ်စ္​႐ႈံးသမားဆုိတာ..... ခင်ဗျားတု့ိ သိကြလားကျွန်တော်ကအတ္...
1.6M 101K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
640K 41.5K 48
ခ်စ္ျခင္းေမတၱာအေၾကာင္းေျပာတဲ့အခါ မာနေတြကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။