ဒီနေ့ သူ ဘယ်လို ဖြစ်နေတာလဲ သူမသိတော့ပေ
ရာသီဥတုကလည်း ကောင်းနေသလို
သူ့ကို နှောင့်ယှက်မယ့်သူလည်း သူ့အနီးမှာ ရှိမနေပါ
ရက်တွေလည်း တော်တော်ကြာနေပြီမ့်ု
လူတွေရဲ့ထုံးစံအတိုင်း အရင်လို သူ့ကို အများကြီး အာရုံစိုက်နေတာမျိုးလည်း သိပ်မရှိတော့ ဒါပေမယ့်
သူ့ရဲ့ စိတ်တွေကတော့ အနည်းငယ် ထူးဆန်းနေခဲ့တယ်
သူ့ကိုယ်သူ သတိထားမိလာတော့ သူ့ရဲ့အာရံုတွေကို
စာကြည့်တိုက်က စာအုပ်ဆီမှာပဲ အတင်းပုံအပ်နေရသည်
သူလိမ်ချင်ပေမယ့် သူ့အနားမှာ အမြဲ ရှိနေတတ်တဲ့
Jeong Jaehyun ရဲ့ ဒီနေ့ ပျက်ကွက်မှုက သူ့ကို
ဒီလို ထူးဆန်းစေတယ်ဆိုတာ သူ့ကိုယ်သူ သတိထားမိ
နေတော့လည်း ခက်တယ်
သူ့ရဲ့နေ့စဉ်ဘ၀ထဲ အတင်းကို ခိုကပ်လာတဲ့ လူ
မဖိတ်ခေါ်ပါပဲ အတင်း၀င်ရောက်လာတာကို မကြည်ဖြူဖူး
ခဲ့ပေမယ့် ထိုလူရဲ့ ရုတ်တရက် ပျောက်ကွယ်မှုက
သူ့ကို လာရိုက်ခတ်နေတာ သူသိပ်စိတ်ပျက်မိတယ်
Jeong Jaehyun ဖြစ်စေချင်တာ ဒီလိုမျိုးများလား
လို့ တွေးမိတော့ သူ့ခေါင်းက စာအုပ်ပေါ်မှာ ငိုက်စိုက်ပဲ
အကြိမ်ကြိမ် သတိထားနေတဲ့ကြားထဲကနေမှပဲလို့
တိတ်တဆိတ်ရေရွတ်ကာ ခနလောက်အချိန်ပြန်ယူရ၏
ကျောင်းဆင်းတော့ သူ့ရဲ့ ပုံစံအတိုင်း ဘယ်သူ့ကိုမှ
မကြည့်ပဲ ကိုယ့်လမ်းကိုယ်သာ ခါတိုင်းလို သွားနေခဲ့ပေမယ့်
ကျောင်းပေါက်၀နားမှာ လူက ဆောင့်တွန်းခံလိုက်ရတာ
ကြောင့် လဲကျသွားသည် သူမော့ကြည့်ဖို့ကြိုးစားလိုက်
တော့ အမျိုးသမီးတစ်ဦးက သိပ်ကို ဒေါသထွက်နေတဲ့
မျက်နှာနှင့် သူ့ကိုကြည့်နေကာ သူ့ရဲ့ လည်ပင်းက
အင်္ကျီစကို ဆောင့်ဆွဲကာ ထစေပြန်သည်
"မင်း ဘယ်လို လူယုတ်မာ မျိုးလဲ ဟမ်! ငါ့သားကို
ဒီလိုဖြစ်အောင် မင်းဘယ်လိုလုပ်ရက်နိုင်တာလဲ "
ငါ့သား ဆိုတဲ့ အသံကြားတာနဲ့ Doyoung ရဲ့
ခေါင်းတွေက ထူပူလာခဲ့သည် Haneul တစ်ခုခုများ
ဖြစ်လို့လား ဆိုတာ သူသိပ်သိချင်လာသည်
"မင်းသိလား ငါ့သားက မနေ့ကပဲ သတိပြန်ရလာတယ် "
Doyoung ရဲ့ မျက်လုံးလေးတွေက ဖျတ်ခနဲ အရောင်
လက်သွားခဲ့သည် ဒါပေမယ့် ခနပါပဲ ထိုအမျိုးသမီးရဲ့
ထို၀မ်းသာစရာ စကားက သူ့ကို ၀မ်းသာစေချင်လို့
ပြောတာ မဟုတ်မှန်း သူ သိတယ်
"ငါ့သားရဲ့ စိတ်ထဲ ဘယ်လို အကြောက်တရားတွေများ
ထည့်သွင်းပေးလိုက်လဲ မင်းရုပ်ကလေးနဲ့မှမလိုက်!
သူ သတိရလာပြီးနောက်မှာ သူ ပြောလာတဲ့စကားတိုင်းက
မင်းနာမည်ဖြစ်နေတဲ့အထိပဲ သိရဲ့လား!"
ထိုအမျိုးသမီးက ပြောပြီးပြီးချင်း ဆောင့်ဆွဲထားတဲ့
Doyoung ကို တွန်းပစ်လိုက်တော့ Doyoung ရဲ့
ကိုယ်လေးက ဝုန်းခနဲ ယိုင်ကျသွားပေမယ့် တစ်စုံ
တစ်ယောက်က အနောက်ကနေ ထိန်းပေးထားခြင်းကို
ခံလိုက်ရသည် ရင်းနှီးနေတဲ့ အငွေ့အသက် ကြောင့်
အနောက်က ဘယ်သူလဲဆိုတာကို Doyoung
သတိထားမိလိုက်၏ တစ်ဆက်တည်းမှာ အနားက
ဝိုင်းကြည့်နေကြတဲ့ လူတွေ ကိုပါ Doyoung
သတိထားမိသွားတော့ အရာရာကို လျစ်လျူရှုကာ
ထွက်သွားဖို့ ပြင်တော့ အနောက်ကနားဆီမှ စကားသံ
တစ်ခုက ထွက်လာခဲ့သည်
"ခင်ဗျားကြည့်ရတာ ကိုယ့်သားသမီး ဘာဖြစ်ချင်တယ်
ဘာပြောချင်တယ် ဆိုတာကို စိတ်ရင်းနဲ့ လေ့လာတတ်ပုံ
မရဘူး မဟုတ်ဘူးဂရုစိုက်ပုံမရဘူး ကိုယ့်အတွေးနဲ့ကိုယ်
ပဲ ရှိပုံရတယ် သူများကို ပြသနာလာမရှာခင်
ကိုယ့်ကလေး ပြောချင်တာကို သေချာအရင်နားထောင်
ပေးလိုက်ဦး "
ထိုစကားသံကို ကြားပြီးနောက်မှာ Doyoung က
ချက်ချင်းပဲ ခြေလှမ်းကျယ်တွေနဲ့ အိမ်ကို အရောက်ပြန်
ပြေးလာခဲ့တယ် သူ့ရဲ့ရင်ထဲမှာ ခံစားချက်တွေက ရောထွေး
လာခဲ့တယ် သူက အမြန် အိမ်တံခါးဖွင့်ဖို့ ပြင်လိုက်ပေမယ့်
လက်မောင်းကနေ ဆွဲလှည့်တာကို ခံလိုက်ရသည်
"ဘာဖြစ်နေတာလဲ ခင်ဗျား ဟင်? ခင်ဗျားမှာ ပါးစပ်
မပါတာလား ဖြေရှင်းနိုင်တဲ့ ဦးနှောက် မရှိတာလား
တစိတ်ရှိ ထွက်ပဲပြေးတတ်တာလား ဒါမှမဟုတ်
သူပြောတဲ့အတိုင်း ခင်ဗျားက တကယ်ဖြစ်နေလို့လား
အဟက် ဟုတ်တယ်မလား ခင်ဗျားက အဲ့လိုလူမျိုးပဲ
သိပ်ကြောက်စရာကောင်းတယ် Kim Doyoung!"
"မုန်းတယ် ဒီတလောကလုံးမှာ မင်းလို လူတွေကို ငါ
အမုန်းဆုံးပဲ Jeong Jaehyun အထူးသဖြင့်
မင်းကိုပဲ မင်းကိုပဲ သိရဲ့လား ! ငါ့ကို ကျေးဇူးပြုပြီး
လွတ်မြောက်ခွင့်ပေးပါတော့ ပင်ပန်းတယ် ပင်ပန်းနေပြီ
မင်းကပါ အဲ့လိုမျိုး .."
Doyoung ရဲ့ မျက်ရည်တွေက ဒုတိယအကြိမ်အနေဖြင့်
Jeong Jaehyun ရှေ့မှာ ပေါပေါသီသီ ထွက်ကျလာခဲ့
ပြန်သည် Jeong Jaehyun ရှေ့ကနေ ထွက်သွား
ချင်ပေမယ့် သူ့ခြေထောက်တွေကပါ တုန့်ဆိုင်းနေတယ်
သူ့မှာ ခွန်အားတွေမရှိတော့သလိုပဲ
ရုတ်တရက် သူ့ကိုထွေးပွေ့လာတဲ့ ခံစားချက်ကိုရလိုက်တယ်
ဒါပေမယ့် သူမရုန်းမိ မရုန်းနိုင်တော့ပေ
မျက်ရည်တွေကိုသာ အားရပါးရ ကျခွင့်ပေးလိုက်တော့သည်
"တောင်းပန်ပါတယ် Doyoungie ကျွန်တော့်အမှားပါ
ကျွန်တော် မင်းအပေါ် စွပ်စွဲမိသလို ဖြစ်သွားတာ ကျွန်
တော့်အမှားနော် မင်းအပြစ်မဟုတ်ဘူး ကျွန်တော် ယုံတယ်
ကျွန်တော်သာ မင်းအပေါ် အမှားလုပ်ခဲ့တာ သိလား"
ချော့မော့ သလို ပြောနေတဲ့ ထိုစကားလုံးလေးတွေကို
ကြားတော့ Doyoung ရဲ့ ငိုရှိုက်သံတွေက ပိုလို့တောင်
တိုးထွက်လာခဲ့တော့သည် သူစိမ်းတစ်ယောက်ရဲ့
ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို ငိုနေမိတဲ့
သူ့အဖြစ်ကိုလည်း သူမရှက်နိုင်တော့
ပထမဆုံးပဲ သူ့ဘက်က တစ်စုံတစ်ယောက်က ရပ်တည်
ပြောပေးခဲ့တာ ရော သူ့အမှားမဟုတ်ပါဘူးလို့ အထပ်ထပ်
ပြောပေးခံရတာရော ဒါတွေက သူတကယ်ကို တောင့်တ
မိတဲ့ စကားလုံးတွေသာ ဖြစ်တယ်
Jeong Jaehyun က တကယ်ကို သူ့ကိုကောင်းကောင်း
နားလည်နေတဲ့ လူတစ်ယောက်လိုမျိုး ဆိုတာ သူနားလည်ခဲ့
တယ်
"ငါ haneul ကို မကာကွယ်လိုက်နိုင်ဘူး ငါ သူ့ကို
မကာကွယ်လိုက်နိုင်ဘူး Jaehyun "
_______________________________________
နောက်တပိုင်းက နောက်ကြောင်းပြန်တော့မှာပါ ဟိဟိ
ကြာသွားလို့ အများကြီး တောင်းပန်ပါတယ် 💗