ချစ်တစ္ဆေ (ခတ္တခဏရပ်နား)

De SuuNanChal

23.1K 1.2K 121

25.7.2022 Mais

အမှာစကား
1
2
3
4
please!
5
7
8

6

1.4K 109 5
De SuuNanChal

Unicode





"တုံတုံရေ....တုံတုံ ဘယ်မှာလဲ တုံတုံ.....''

တိမ်ယံတစ်ယောက် အိမ်ထဲမှာတုံတုံကို မတွေ့တာကြောင့် ခြံအပြင်ထွက်ရှာနေရသည် ။ အစာကျွေးမလို့ ကြောင်လှောင်အိမ်ထဲလာကြည့်တော့မတွေ့တာကြောင့် အပြင်လျှောက်ထွက်နေမှာကို စိုးရိမ်မိသွားသည် ။ တုံတုံက ယံယံ၏ အချစ်တော်ကြောင်လေးဖြစ်နေတာမို့ အစားအသောက်ကအစ ဂရုတစိုက်ကျွေးဖြစ်တာပင် ။ ကြောင်ကလည်း အလိုလိုက်မှန်းသိရျ် ကြောင်ပါးဝလွန်းလှ၏ ။

နေနှင့်အုံး ရှာတွေ့မှ ကြောင်ပါးမဝရဲအောင် နာနာလေးရိုက်ထားရမယ် ဟမ့်....

မြောင်.......

ယံယံခြံထဲပတ်ရှာနေရင်း ကြောင်သံကြားလိုက်တာကြောင့် အသံကြားရာဘက် လိုက်လာခဲ့၏ ။ တစ်နေရာအရောက်တော့ တွေ့ပါပြီ ကြောင်စုတ် ၊ တုံတုံက မြက်ပင်စိမ်းစိမ်းတွေထဲ လိပ်ပြာလိုက်ဖမ်းနေပြီ နည်းနည်း အလှမ်းဝေးသည့်နေရာမှာ ကိုကိုက သတင်းစာထိုင်ဖတ်နေတာကို ယံယံတွေ့လိုက်သည် ။

ကိုကိုက သူ့ကိုမြင်တော့ပြုံးပြလာပြီး လာထိုင်လေဆိုတဲ့သဘောနှင့် ဘေးခုံကိုမေးငေါ့ပြနေသည် ။ ယံယံကိုကိုစီ မသွားသေးဘဲ တုံတုံစီကိုသာ ဦးတည်လိုက်၏ ။

ဒါကိုမြင်သွားသည့် ထိုက်တန်မှာတော့ မျက်မှောင်ကြုံ့လျက်ပေ ။ အလိုမကျတဲ့မျက်နှာအဖြစ်ချက်ချင်းပြောင်းသွားတော့သည် ။ သတင်းစာကို စားပွဲခုံပေါ်တင်လိုက်ပြီး ထရပ်ရျ် တိမ်ယံစီခပ်မှန်မှန်လေးလျှောက်လာလိုက်သည် ။ တိမ်ယံကတော့ သတိပြုမိပုံမရ ကျုံ့ကျုံ့လေးထိုင်ပြီး ကြောင်နဲ့ကစားနေသည် ။

ထိုက်တန်က ဘောင်းဘီအတ်ကပ်ထဲလက်ထည့်ပြီး တိမ်ယံအားမတ်တပ်ရပ်ကြည့်နေတော့သည် ။ ကြောင်ကိုတော့ မျက်မှောင်ကြုံ့လျက်ပဲ ကြည့်တတ်၏ ။တုံတုံက သူ့အားမြင်တော့ ကြောက်နေတဲ့ပုံစံနဲ့ တိမ်ယံနားပြေးကပ်သွားသည် ။

"ယံယံ.........''

"ဟင်.....ကိုကို ခုနက သတင်းစာဖတ်နေတာ ဟုတ်ဖူးလား''

"ဟုတ်တယ် ယံယံကိုစကားပြောဖို့ခေါ်တာ ယံယံမလာတော့ ကိုယ်လာရတာပေါ့''

"အဟီး....ယံယံက တုံတုံကိုလိုက်ရှာနေတာမို့လို့ပါကိုကိုရ ကိုကိုစီလာလိုက်လို့ တုံတုံလေးထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ အဲ့တာကြောင့် တုံတုံစီအရင်သွားလိုက်တာ ဟီး....''

ထိုက်တန်ထိုစကားကြားအပြီး စိတ်ထဲက ဘဝင်မကျမှုတွေမှာ ပိုရျ်တိုးလာရသည် ။ ကြောင်တစ်ကောင်နှင့်ယှဥ်ရင် သူကအရေးမပါဘူးဆိုတဲ့ သဘောဖြစ်နေသည် ။ တိမ်ယံက ကြောင်ကိုသာ ပွတ်သပ်ချော့မြူနေပြီး သူကိုတော့ ရှိတယ်လို့တောင်မထင်တော့ချေ ။

"ယံယံ.....''

"ပြောလေ ကိုကိုရ''

"အဲ့ကြောင်က ဘယ်ကကြောင်လဲ''

"မမဝယ်ပေးတာလေ မမက ယံယံရဲ့မွေးနေ့အကြိုလက်ဆောင်ပေးတာတဲ့ ချစ်ဖို့ကောင်းတယ်မလား တုံတုံက''

"မကောင်းဘူး! "

"ဟင်.....ဘာဖြစ်လို့လဲ ကိုကိုရ ဒီလောက်ချစ်ဖို့ကောင်းနေတာကို''

"ယံယံလောက် ဘယ်ဟာမှ ချစ်စရာမကောင်းဘူး''

"အာ....ကိုကိုကတော့နော် လာနောက်နေတယ်''

"ထားတော့! ဒါဆိုကိုယ်တစ်ခုမေးမယ်''

"မေးလေနော်.....''

"အဲ့ကြောင်နဲ့ ကိုယ်နဲ့ ဘယ်သူ့ကိုပိုချစ်လဲ''

"ဟမ်....ခွီး....ဟား.....ဟား..... ကိုကိုကတော့ ကြံဖန်ပြီး မေးနေတယ် ကိုကိုနဲ့ တုံတုံနဲ့ဆို ယံယံက တုံတုံကိုဘဲ ပိုချစ်မှာပေါ့ ၊ တုံတုံက ချစ်ဖို့ကောင်းတယ်လေ ကိုကိုကချစ်ဖို့မှမကောင်းတာ ကြောက်စရာကြီးလေနော် တုံတုံ ကိုကိုက ကြောက်စရာကြီးမလား''

တိမ်ယံက ကြောင်ကိုပွေ့လျက် ထိုက်တန်အားလက်ညိုးထိုးပြီးမေးနေသည် ။ ထိုက်တန်၏ နီရဲရဲအကြည့်တွေကတော့ ကြောင်စီမှာသာ ရှိနေခဲ့သည် ။ ကြောင်ဖြူလေးမှာတော့ ရှေ့ကလူအား ထိတ်လန့်သွားကာ တိမ်ယံလက်ထဲကနေ အတင်းရုန်းကန်ပြီး အိမ်ထဲကိုပြေးဝင်သွားတော့သည် ။

"အယ်.....တုံတုံ နေဦးလေ ဘယ်သွားမှာလဲ ပြန်လာခဲ့! တုံတုံ!''

ပြေးဝင်သွားတဲ့ကြောင်နောက် လိုက်ဖို့ထလိုက်တဲ့ တိမ်ယံလက်လေးမှာ ထိုက်တန်၏ဆွဲထားခြင်းခံလိုက်ရသည် ။ တိမ်ယံက ခေါင်းကိုပြန်လှည့်ပြီး ဘာလဲဆိုတဲ့သဘောနှင့် မေးငေါ့ပြလိုက်၏ ။

"ကိုယ်ခုနမေးတာကို ထပ်မေးမယ် ကိုယ်နဲ့အဲ့ကြောင်! ဘယ် သူ့ ကို ပို ချစ်လဲ''

"ဟာ....ကိုကို ယံယံပြောပြီးပြီမလား တုံတုံကိုပိုချစ်တာပါလို့ အခုတော့လွှတ်တော့ ယံယံတုံတုံကို လိုက်ဖမ်းရအုံးမှာ''

ပြောပြီးလက်ကို ဆောင့်ရုန်းသွားတော့သည် ။ ကျန်ခဲ့တဲ့ သူမှာတော့ လက်သီးကိုတင်းနေအောင်ဆုပ်လျက် မျက်နှာထက်ဒေါသအပူလှိုင်းများကြွတက်လျက် ရှိ၏ ။

တောက်စ်!  သူ့ထက် ဘာမဟုတ်တဲ့ ကြောင်တစ်ကောင်က ပိုအရေးကြီးနေတယ်တဲ့လား ခံပြင်းလိုက်ပါဘိ့.....

................

"သမီး....မဟေသီ ခဏနေ မောင်နိုင်လွန်းသူအဖေ့စီ အလုပ်ကိစ္စအတွက်လာလိမ့်မယ် အဖေရုံးကိုခဏသွားရမှာမို့လို့ သူလာရင်ခဏလောက်စောင့်ခိုင်းလိုက်ပါကွယ်''

"သြော်....ဟုတ်ကဲ့ပါဖေဖေ သမီးပြောလိုက်ပါ့မယ်''

"အေးအေး....ဒါဆို အဖေသွားပြီ''

"ဟုတ်ဖေဖေ ဂရုစိုက်သွားနော် ''

အိတ်ကိုဆွဲပြီး ကားစီလျှောက်သွားတဲ့ဖေဖေအား သွယ်ပြုံးပြုံးလေးကြည့်နေမိသည် ။ ဖေဖေက အသက်ရွယ်မှာ ၅၀ ကျော်ပြီဖြစ်သော်လည်း ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပေ ။ ရုံးကိုလည်း နေ့စဉ်မဖြတ်သွားနိုင်ပြီး မောင်ကအလုပ်မလုပ်ဖို့တားတာတောင် မရ ၊ အဖေက အလုပ်မလုပ်ရရင်မပျော်ပါဘူးတဲ့လေ ။ လူကြီးတွေများ ကလေးတွေထက်ပင် ပြောရခက်လှသည် ။

"တုံတုံရေ.....တုံတုံ!''

"ဟဲ့....ယံယံ ဘာတွေပြာယာခတ်နေတာလဲ''

"တုံတုံလေမမရာ ထမင်းကျွေးမလို့ဟာကို လျှောက်ပြေးနေလို့''

"အခုရော တွေ့ပြီလား''

"မတွေ့သေးပါဘူးမမရယ် ဘယ်အခန်းထဲဝင်ပြေးသွားလဲမသိဘူး''

"တုံတုံရေ......တုံတုံ ဘယ်မှာလဲ ''

"ဟူး.... ထားလိုက်တော့မမရာ သားပါသားဘဲ ရှာတော့မယ်''

ပြောပြီး အိမ်ထဲလျှောက်ဝင်ပြီးရှာနေတော့သည် ။ သွယ်ကတော့ ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး ဖုန်းကြည့်နေ၏ ။ မကြာပါ ခြံထဲက ကားဟွန်းသံ ဆက်တိုက်တီးသံကြားလိုက်သည်မို့ သွယ်အပြင်ကိုထွက်ကြည့်လိုက်၏ ။

ခြံထဲမှာ မောင်က ဂျာနယ်ဖတ်နေတာပင် ။ ခြံစောင့်ဦးဘကျော်က တံခါးပြေးဖွင့်ပေးရပြီး ကားအနက်တစ်စီး ခြံထဲသို့ဝင်လာတော့၏ ။ ကားထဲက လူမှာ သွယ်နှင့်တစ်ချိန်က လက်ထပ်ဖို့စီစဥ်ထားခဲ့သော ကိုနိုင်လွန်းသူပဲ ဖြစ်သည် ။

ကိုနိုင်လွန်းသူက သူ့အဖေလိုဆန်စက်ပိုင်ရှင်တစ်ယောက်ဖြစ်နေပြီး စီးပွားရေး အဆင်ပြေနေ၏ ။ သွယ်ကလည်း ချစ်ရေးဆိုခဲ့ဖူးပေမဲ့ သွယ်ကတော့ လက်မခံဘဲငြင်းဆိုပစ်ခဲ့သည် ။ သွယ်အနေနဲ့ သူ့အပေါ်ဘာပြစ်ချက်မျှ ပြောစရာမရှိသော်လည်း နှလုံးသားရေးရာနောက်လိုက်ကာ အငြင်းစကားဆိုခဲ့တာပဲ ဖြစ်သည် ။

နိုင်လွန်းသူက အိမ်ထဲဝင်လာပြီး သွယ်အား အပြုံးချိုတွေနဲ့ပြုံးပြနှုတ်ဆက်လာသည် ။ ကိုနိုင်လွန်းက သွယ်အပေါ်မှာ အခုချိန်ထိ စိတ်မပြောင်းသေးတာကို သိတာကြောင့် သွယ်အနေအထိုင်ဆင်ခြင်ဖို့ပဲရှိ၏ ။ ခြံထဲက မောင့်စီတစ်ချက်ကြည့်တော့ မောင်က သူတို့ကိုတောင် အားရုံထားပုံမပေါ်ပါ ။ သတင်းစာကိုသာ အာရုံစိုက်ပြီး ဖတ်နေတာပင် ။

သူမဘာတွေများမျှော်လင့်မိနေပါလိမ့် သူမရဲ့ခင်ပွန်းက သူမအပေါ် သဝန်ကြောင်တယ်ဆိုတာမျိုး မရှိခဲ့ဘူးတာပဲဖစ်၏ ။ တစ်ခါတလေ မောင်က သွယ်အပေါ်မှာ တကယ်ရော ချစ်ခဲ့ရဲ့လားလို့ သံသယဖြစ်ခဲ့ပေမဲ့လည်း အတတ်နိုင်ဆုံး နားလည်မှုပေးနိုင်အောင် သွယ်ကိုယ်သွယ် ကြိုးစားအားပေးနေမိ၏ ။

"မတွေ့တာတောင်ကြာပြီနော် သွယ်''

"ဟုတ်ကဲ့ အတော်လေးကြာပြီလို့တော့ ထင်ပါတယ် ကိုနိုင်လွန်းသူ''

"သူစိမ်းဆန်လိုက်တာ သွယ်ရယ် ၊ ကိုယ့်ကို ကိုနိုင်လို့ပဲခေါ်ပါလားကွာ''

"မသင့်တော်ဘူးထင်လို့ပါ''

"အိုကွာ.... ဘာမသင့်တော်စရာ ရှိလို့လဲ သွယ်ရာ''

"သွယ့်အမျိုးသား မကြိုက်မှာစိုးလို့ပါ''

"သွယ့်အမျိုးသားရော မပါဘူးလား''

"ပါပါတယ် ခြံထဲမှာ စာဖတ်လို့ပါ''

"သြော်.....ဒါနဲ့မေ့နေတာ အန်ကယ်ရော ကိုယ် အန်ကယ်နဲ့အလုပ်စကားပြောဖို့လာတာ''

"ဖေဖေက အရေးကြီးကိစ္စပေါ်လာလို့ အပြင်ခဏသွားတယ် ကိုနိုင်လွန်းသူအနေနဲ့ သွားစရာများရှိလို့လား မရှိရင်တော့ ဖေဖေကခဏလောက်စောင့်ပေးဖို့မှာသွားတယ် ၊ မအားရင်တော့.....''

"ရပါတယ် ကိုယ်စောင့်နေလိုက်မယ်''

"ဟုတ်ကဲ့ ဒါဆိုဘာသောက်မလဲဟင် အပူလား၊ အအေးလား''

"ရင်ပူနေလို့ အအေးပဲပေးပါ သွယ်''

"သြော်....ဟုတ်ကဲ့ ၊ ကြီးကြီးနွဲ့ရေ လိမ္မော်ရည်လေးဖျော်ခဲ့ပါအုံး''

"ဟုတ်ကဲ့ မမလေး''

"ထိုင်ပါအုံး ကိုနိုင်လွန်းသူ''

"ကျေးဇူးပါ သွယ်''

ဧည့်ခန်းထဲက သူတို့နှစ်ယောက်အကြား လေငွေ့များသာ ရှိနေပြီး အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည် ။ တစ်ချိန်က လက်ထပ်ဖို့ထိ မိဘတွေဘက်က ရည်ရွယ်ထားကြပြီး နိုင်လွန်းဘက်ကလည်း သွယ့်အပေါ်မှာ မေတ္တာသက်ဝင်နေခဲ့၏ ။ သို့သော် သွယ့်ဘက်ကတော့ နိုင်လွန်းသူအပေါ်မှာ မိတ်ဆွေသူငယ်ချင်းတစယောက်ထက်မပိုခဲ့ချေ ။

နောက်ပိုင်းမိဘတွေဘက်ကပါ အတင်းဖိအားပေးလာကြတော့ သွယ့်အနေနဲ့ ထိုက်တန်စေမောင်နောက်ကို လိုက်သွားတာဖစ်သည်။ နိုင်လွန်းသူမှာတော့ ကွဲသည့်အသည်းအား အချိန်ယူကုသဖို့ရာ နိုင်ငံခြားခရီးစဥ်များ လှည့်ပတ်ထွက်နေခဲ့တာအခုလိုပြန်ရောက်တာဖြင့်မကြာသေးပေ ။ မေ့ချင်သည့် နှလုံးသားရေးရာနှင့် သက်ဆိုင်သူက သူ့ရှေ့မှာ ရှိနေပြန်တော့ အတိတ်က အချစ်ဟောင်းဝေဒနါက အနာပြန်ထပြန်တော့၏ ။

"သွယ်....အိမ်ထောင်ရေး အဆင်ကောပြေရဲ့လား''

"ဟုတ်ကဲ့ ပြေပါတယ် အမျိုးသားကလဲ ကျွန်မကို အရမ်းဂရုစိုက်ပါတယ်''

"ကောင်းပါတယ် အခုလိုသတင်းကြားရတာ ဝမ်းသာပါတယ် ''

"အင်း......''

ထပ်ပြီး သူတို့နှစ်ယောက် တိတ်ဆိတ်သွားပြန်သည် ။ ရင်ထဲက စကားတွေ အများကြီးပြောချင်ပေမဲ့ နိုင်လွန်းအဖို့ သွယ့်အပေါ်မှာ အနေမခက်စေချင်ပါ ။ ချစ်ရသူပျော်နေတာမြင်တော့ နိုင်လွန်းအနေနဲ့ စိတ်အေးရပါသည်လေ ။ ရင်ထဲက အတိန်အနက်တစ်ချို့ကိုတော့ ထုတ်ပြောခွင့်မရတော့ပေမဲ့လည်း သူကျေနပ်ပါသည် ။

"မမရေ.....ယံယံအပြင်သွားလိုက်အုံးမယ်''

"ဟယ့်.... တိမ်ယံရေ ဖြည်းဖြည်းချင်း ဆင်းလာပါဟယ် အိမ်လဲ ပြိုနေပါအုံးမယ်''

ခုနလေးမှ ကြောင်တစ်ကောင်နဲ့ ပြာယာခတ်နေသည့်သူမ၏မောင်လေးမှာ အခုတော့အပေါ်ထပ်ကနေ တစ်ဒုန်းဒုန်းနဲ့ ပြေးဆင်းလာပြန်တာကြောင့် လှမ်းသတိပေးနေရ၏ ။ မောင်လေးတစ်ယောက်ရှိပါရဲ့ ပြာယာခတ်ချက်ကလွန်ပါရော ၊ စပ်စလူးကခါသေး တကယ် အဖိုနဲ့အမ မှားများမွေးလာသလား အောင့်မေ့ရသည် ။

"အယ်.....ဧည့်သည် ရှိနေတာလား ၊ ဟီး....ဟီး....ယံယံက မသိလို့ပါ မမရဲ့ ''

"ရှင်လေးသိတာ ဘာရှိလို့တုန်း''

"မမကလဲ ယံယံလေ ဟိုထုထည်တို့ မိယွန်းတို့နဲ့ အပြင်ခဏသွားအုံးမယ်နော်''

"ကြွ ကြွ သိပ်တော့ မကြာစေနဲ့ ''

"ရက်စ်ဆာ...သွားပြီမမရေ''

အသံကနောက်မှ လူကအရင်ပြေးတဲ့ တိမ်ယံပါလေ ။ သွယ့်မှာတော့ ခေါင်းခါရုံသာ တတ်နိုင်တော့သည် ။ ဘေးကလူကတော့ သူတို့မောင်နှမအား ပြုံးပြုံးလေး ထိုင်ကြည့်နေတာပင် ။ သွယ်မျက်စောင်းလေးဝင့်လိုက်မှ ချောင်းဟန့်ရျ် ခေါင်းလွှဲသွားတော့၏ ။

ထိုအချိန်ခြံထဲက တစ်စုံတစ်ယောက်၏ မကောင်းသည့်အငွေ့အသက်တစ်ချို့နှင့်ပြည့်နှက်နေသော အပြုံးတစ်ခုကိုတော့ ဘယ်သူမှ မသိလိုက်ကြပေ ။

#TBC

ဘဲကြီးက ကလေးကို ကြောင်နဲ့တောင်သဝန်တိုတာနော် ရှင်တို့ယံယံကိုသိပ်မကြူကြနဲ့သိလား





Zawgyi





"တုံတုံေရ....တုံတုံ ဘယ္မွာလဲ တုံတုံ.....''

တိမ္ယံတစ္ေယာက္ အိမ္ထဲမွာတုံတုံကို မေတြ႕တာေၾကာင့္ ၿခံအျပင္ထြက္ရွာေနရသည္ ။ အစာေကြၽးမလို႔ ေၾကာင္ေလွာင္အိမ္ထဲလာၾကည့္ေတာ့မေတြ႕တာေၾကာင့္ အျပင္ေလွ်ာက္ထြက္ေနမွာကို စိုးရိမ္မိသြားသည္ ။ တုံတုံက ယံယံ၏ အခ်စ္ေတာ္ေၾကာင္ေလးျဖစ္ေနတာမို႔ အစားအေသာက္ကအစ ဂ႐ုတစိုက္ေကြၽးျဖစ္တာပင္ ။ ေၾကာင္ကလည္း အလိုလိုက္မွန္းသိရ်္ ေၾကာင္ပါးဝလြန္းလွ၏ ။

ေနႏွင့္အုံး ရွာေတြ႕မွ ေၾကာင္ပါးမဝရဲေအာင္ နာနာေလးရိုက္ထားရမယ္ ဟမ့္....

ေျမာင္.......

ယံယံၿခံထဲပတ္ရွာေနရင္း ေၾကာင္သံၾကားလိုက္တာေၾကာင့္ အသံၾကားရာဘက္ လိုက္လာခဲ့၏ ။ တစ္ေနရာအေရာက္ေတာ့ ေတြ႕ပါၿပီ ေၾကာင္စုတ္ ၊ တုံတုံက ျမက္ပင္စိမ္းစိမ္းေတြထဲ လိပ္ျပာလိုက္ဖမ္းေနၿပီ နည္းနည္း အလွမ္းေဝးသည့္ေနရာမွာ ကိုကိုက သတင္းစာထိုင္ဖတ္ေနတာကို ယံယံေတြ႕လိုက္သည္ ။

ကိုကိုက သူ႕ကိုျမင္ေတာ့ၿပဳံးျပလာၿပီး လာထိုင္ေလဆိုတဲ့သေဘာႏွင့္ ေဘးခုံကိုေမးေငါ့ျပေနသည္ ။ ယံယံကိုကိုစီ မသြားေသးဘဲ တုံတုံစီကိုသာ ဦးတည္လိုက္၏ ။

ဒါကိုျမင္သြားသည့္ ထိုက္တန္မွာေတာ့ မ်က္ေမွာင္ႀကဳံ႕လ်က္ေပ ။ အလိုမက်တဲ့မ်က္ႏွာအျဖစ္ခ်က္ခ်င္းေျပာင္းသြားေတာ့သည္ ။ သတင္းစာကို စားပြဲခုံေပၚတင္လိုက္ၿပီး ထရပ္ရ်္ တိမ္ယံစီခပ္မွန္မွန္ေလးေလွ်ာက္လာလိုက္သည္ ။ တိမ္ယံကေတာ့ သတိျပဳမိပုံမရ က်ဳံ႕က်ဳံ႕ေလးထိုင္ၿပီး ေၾကာင္နဲ႕ကစားေနသည္ ။

ထိုက္တန္က ေဘာင္းဘီအတ္ကပ္ထဲလက္ထည့္ၿပီး တိမ္ယံအားမတ္တပ္ရပ္ၾကည့္ေနေတာ့သည္ ။ ေၾကာင္ကိုေတာ့ မ်က္ေမွာင္ႀကဳံ႕လ်က္ပဲ ၾကည့္တတ္၏ ။တုံတုံက သူ႕အားျမင္ေတာ့ ေၾကာက္ေနတဲ့ပုံစံနဲ႕ တိမ္ယံနားေျပးကပ္သြားသည္ ။

"ယံယံ.........''

"ဟင္.....ကိုကို ခုနက သတင္းစာဖတ္ေနတာ ဟုတ္ဖူးလား''

"ဟုတ္တယ္ ယံယံကိုစကားေျပာဖို႔ေခၚတာ ယံယံမလာေတာ့ ကိုယ္လာရတာေပါ့''

"အဟီး....ယံယံက တုံတုံကိုလိုက္ရွာေနတာမို႔လို႔ပါကိုကိုရ ကိုကိုစီလာလိုက္လို႔ တုံတုံေလးထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ အဲ့တာေၾကာင့္ တုံတုံစီအရင္သြားလိုက္တာ ဟီး....''

ထိုက္တန္ထိုစကားၾကားအၿပီး စိတ္ထဲက ဘဝင္မက်မႈေတြမွာ ပိုရ်္တိုးလာရသည္ ။ ေၾကာင္တစ္ေကာင္ႏွင့္ယွဥ္ရင္ သူကအေရးမပါဘူးဆိုတဲ့ သေဘာျဖစ္ေနသည္ ။ တိမ္ယံက ေၾကာင္ကိုသာ ပြတ္သပ္ေခ်ာ့ျမဴေနၿပီး သူကိုေတာ့ ရွိတယ္လို႔ေတာင္မထင္ေတာ့ေခ် ။

"ယံယံ.....''

"ေျပာေလ ကိုကိုရ''

"အဲ့ေၾကာင္က ဘယ္ကေၾကာင္လဲ''

"မမဝယ္ေပးတာေလ မမက ယံယံရဲ႕ေမြးေန႕အႀကိဳလက္ေဆာင္ေပးတာတဲ့ ခ်စ္ဖို႔ေကာင္းတယ္မလား တုံတုံက''

"မေကာင္းဘူး! "

"ဟင္.....ဘာျဖစ္လို႔လဲ ကိုကိုရ ဒီေလာက္ခ်စ္ဖို႔ေကာင္းေနတာကို''

"ယံယံေလာက္ ဘယ္ဟာမွ ခ်စ္စရာမေကာင္းဘူး''

"အာ....ကိုကိုကေတာ့ေနာ္ လာေနာက္ေနတယ္''

"ထားေတာ့! ဒါဆိုကိုယ္တစ္ခုေမးမယ္''

"ေမးေလေနာ္.....''

"အဲ့ေၾကာင္နဲ႕ ကိုယ္နဲ႕ ဘယ္သူ႕ကိုပိုခ်စ္လဲ''

"ဟမ္....ခြီး....ဟား.....ဟား..... ကိုကိုကေတာ့ ႀကံဖန္ၿပီး ေမးေနတယ္ ကိုကိုနဲ႕ တုံတုံနဲ႕ဆို ယံယံက တုံတုံကိုဘဲ ပိုခ်စ္မွာေပါ့ ၊ တုံတုံက ခ်စ္ဖို႔ေကာင္းတယ္ေလ ကိုကိုကခ်စ္ဖို႔မွမေကာင္းတာ ေၾကာက္စရာႀကီးေလေနာ္ တုံတုံ ကိုကိုက ေၾကာက္စရာႀကီးမလား''

တိမ္ယံက ေၾကာင္ကိုေပြ႕လ်က္ ထိုက္တန္အားလက္ညိုးထိုးၿပီးေမးေနသည္ ။ ထိုက္တန္၏ နီရဲရဲအၾကည့္ေတြကေတာ့ ေၾကာင္စီမွာသာ ရွိေနခဲ့သည္ ။ ေၾကာင္ျဖဴေလးမွာေတာ့ ေရွ႕ကလူအား ထိတ္လန႔္သြားကာ တိမ္ယံလက္ထဲကေန အတင္း႐ုန္းကန္ၿပီး အိမ္ထဲကိုေျပးဝင္သြားေတာ့သည္ ။

"အယ္.....တုံတုံ ေနဦးေလ ဘယ္သြားမွာလဲ ျပန္လာခဲ့! တုံတုံ!''

ေျပးဝင္သြားတဲ့ေၾကာင္ေနာက္ လိုက္ဖို႔ထလိုက္တဲ့ တိမ္ယံလက္ေလးမွာ ထိုက္တန္၏ဆြဲထားျခင္းခံလိုက္ရသည္ ။ တိမ္ယံက ေခါင္းကိုျပန္လွည့္ၿပီး ဘာလဲဆိုတဲ့သေဘာႏွင့္ ေမးေငါ့ျပလိုက္၏ ။

"ကိုယ္ခုနေမးတာကို ထပ္ေမးမယ္ ကိုယ္နဲ႕အဲ့ေၾကာင္! ဘယ္ သူ႕ ကို ပို ခ်စ္လဲ''

"ဟာ....ကိုကို ယံယံေျပာၿပီးၿပီမလား တုံတုံကိုပိုခ်စ္တာပါလို႔ အခုေတာ့လႊတ္ေတာ့ ယံယံတုံတုံကို လိုက္ဖမ္းရအုံးမွာ''

ေျပာၿပီးလက္ကို ေဆာင့္႐ုန္းသြားေတာ့သည္ ။ က်န္ခဲ့တဲ့ သူမွာေတာ့ လက္သီးကိုတင္းေနေအာင္ဆုပ္လ်က္ မ်က္ႏွာထက္ေဒါသအပူလွိုင္းမ်ားႂကြတက္လ်က္ ရွိ၏ ။

ေတာက္စ္!  သူ႕ထက္ ဘာမဟုတ္တဲ့ ေၾကာင္တစ္ေကာင္က ပိုအေရးႀကီးေနတယ္တဲ့လား ခံျပင္းလိုက္ပါဘိ့.....

................

"သမီး....မေဟသီ ခဏေန ေမာင္နိုင္လြန္းသူအေဖ့စီ အလုပ္ကိစၥအတြက္လာလိမ့္မယ္ အေဖ႐ုံးကိုခဏသြားရမွာမို႔လို႔ သူလာရင္ခဏေလာက္ေစာင့္ခိုင္းလိုက္ပါကြယ္''

"ေၾသာ္....ဟုတ္ကဲ့ပါေဖေဖ သမီးေျပာလိုက္ပါ့မယ္''

"ေအးေအး....ဒါဆို အေဖသြားၿပီ''

"ဟုတ္ေဖေဖ ဂ႐ုစိုက္သြားေနာ္ ''

အိတ္ကိုဆြဲၿပီး ကားစီေလွ်ာက္သြားတဲ့ေဖေဖအား သြယ္ၿပဳံးၿပဳံးေလးၾကည့္ေနမိသည္ ။ ေဖေဖက အသက္႐ြယ္မွာ ၅၀ ေက်ာ္ၿပီျဖစ္ေသာ္လည္း က်န္းမာေရးကေတာ့ ေဒါင္ေဒါင္ျမည္ေပ ။ ႐ုံးကိုလည္း ေန႕စဥ္မျဖတ္သြားနိုင္ၿပီး ေမာင္ကအလုပ္မလုပ္ဖို႔တားတာေတာင္ မရ ၊ အေဖက အလုပ္မလုပ္ရရင္မေပ်ာ္ပါဘူးတဲ့ေလ ။ လူႀကီးေတြမ်ား ကေလးေတြထက္ပင္ ေျပာရခက္လွသည္ ။

"တုံတုံေရ.....တုံတုံ!''

"ဟဲ့....ယံယံ ဘာေတြျပာယာခတ္ေနတာလဲ''

"တုံတုံေလမမရာ ထမင္းေကြၽးမလို႔ဟာကို ေလွ်ာက္ေျပးေနလို႔''

"အခုေရာ ေတြ႕ၿပီလား''

"မေတြ႕ေသးပါဘူးမမရယ္ ဘယ္အခန္းထဲဝင္ေျပးသြားလဲမသိဘူး''

"တုံတုံေရ......တုံတုံ ဘယ္မွာလဲ ''

"ဟူး.... ထားလိုက္ေတာ့မမရာ သားပါသားဘဲ ရွာေတာ့မယ္''

ေျပာၿပီး အိမ္ထဲေလွ်ာက္ဝင္ၿပီးရွာေနေတာ့သည္ ။ သြယ္ကေတာ့ ဆိုဖာေပၚျပန္ထိုင္လိုက္ၿပီး ဖုန္းၾကည့္ေန၏ ။ မၾကာပါ ၿခံထဲက ကားဟြန္းသံ ဆက္တိုက္တီးသံၾကားလိုက္သည္မို႔ သြယ္အျပင္ကိုထြက္ၾကည့္လိုက္၏ ။

ၿခံထဲမွာ ေမာင္က ဂ်ာနယ္ဖတ္ေနတာပင္ ။ ၿခံေစာင့္ဦးဘေက်ာ္က တံခါးေျပးဖြင့္ေပးရၿပီး ကားအနက္တစ္စီး ၿခံထဲသို႔ဝင္လာေတာ့၏ ။ ကားထဲက လူမွာ သြယ္ႏွင့္တစ္ခ်ိန္က လက္ထပ္ဖို႔စီစဥ္ထားခဲ့ေသာ ကိုနိုင္လြန္းသူပဲ ျဖစ္သည္ ။

ကိုနိုင္လြန္းသူက သူ႕အေဖလိုဆန္စက္ပိုင္ရွင္တစ္ေယာက္ျဖစ္ေနၿပီး စီးပြားေရး အဆင္ေျပေန၏ ။ သြယ္ကလည္း ခ်စ္ေရးဆိုခဲ့ဖူးေပမဲ့ သြယ္ကေတာ့ လက္မခံဘဲျငင္းဆိုပစ္ခဲ့သည္ ။ သြယ္အေနနဲ႕ သူ႕အေပၚဘာျပစ္ခ်က္မွ် ေျပာစရာမရွိေသာ္လည္း ႏွလုံးသားေရးရာေနာက္လိုက္ကာ အျငင္းစကားဆိုခဲ့တာပဲ ျဖစ္သည္ ။

နိုင္လြန္းသူက အိမ္ထဲဝင္လာၿပီး သြယ္အား အၿပဳံးခ်ိဳေတြနဲ႕ၿပဳံးျပႏႈတ္ဆက္လာသည္ ။ ကိုနိုင္လြန္းက သြယ္အေပၚမွာ အခုခ်ိန္ထိ စိတ္မေျပာင္းေသးတာကို သိတာေၾကာင့္ သြယ္အေနအထိုင္ဆင္ျခင္ဖို႔ပဲရွိ၏ ။ ၿခံထဲက ေမာင့္စီတစ္ခ်က္ၾကည့္ေတာ့ ေမာင္က သူတို႔ကိုေတာင္ အား႐ုံထားပုံမေပၚပါ ။ သတင္းစာကိုသာ အာ႐ုံစိုက္ၿပီး ဖတ္ေနတာပင္ ။

သူမဘာေတြမ်ားေမွ်ာ္လင့္မိေနပါလိမ့္ သူမရဲ႕ခင္ပြန္းက သူမအေပၚ သဝန္ေၾကာင္တယ္ဆိုတာမ်ိဳး မရွိခဲ့ဘူးတာပဲဖစ္၏ ။ တစ္ခါတေလ ေမာင္က သြယ္အေပၚမွာ တကယ္ေရာ ခ်စ္ခဲ့ရဲ႕လားလို႔ သံသယျဖစ္ခဲ့ေပမဲ့လည္း အတတ္နိုင္ဆုံး နားလည္မႈေပးနိုင္ေအာင္ သြယ္ကိုယ္သြယ္ ႀကိဳးစားအားေပးေနမိ၏ ။

"မေတြ႕တာေတာင္ၾကာၿပီေနာ္ သြယ္''

"ဟုတ္ကဲ့ အေတာ္ေလးၾကာၿပီလို႔ေတာ့ ထင္ပါတယ္ ကိုနိုင္လြန္းသူ''

"သူစိမ္းဆန္လိုက္တာ သြယ္ရယ္ ၊ ကိုယ့္ကို ကိုနိုင္လို႔ပဲေခၚပါလားကြာ''

"မသင့္ေတာ္ဘူးထင္လို႔ပါ''

"အိုကြာ.... ဘာမသင့္ေတာ္စရာ ရွိလို႔လဲ သြယ္ရာ''

"သြယ့္အမ်ိဳးသား မႀကိဳက္မွာစိုးလို႔ပါ''

"သြယ့္အမ်ိဳးသားေရာ မပါဘူးလား''

"ပါပါတယ္ ၿခံထဲမွာ စာဖတ္လို႔ပါ''

"ေၾသာ္.....ဒါနဲ႕ေမ့ေနတာ အန္ကယ္ေရာ ကိုယ္ အန္ကယ္နဲ႕အလုပ္စကားေျပာဖို႔လာတာ''

"ေဖေဖက အေရးႀကီးကိစၥေပၚလာလို႔ အျပင္ခဏသြားတယ္ ကိုနိုင္လြန္းသူအေနနဲ႕ သြားစရာမ်ားရွိလို႔လား မရွိရင္ေတာ့ ေဖေဖကခဏေလာက္ေစာင့္ေပးဖို႔မွာသြားတယ္ ၊ မအားရင္ေတာ့.....''

"ရပါတယ္ ကိုယ္ေစာင့္ေနလိုက္မယ္''

"ဟုတ္ကဲ့ ဒါဆိုဘာေသာက္မလဲဟင္ အပူလား၊ အေအးလား''

"ရင္ပူေနလို႔ အေအးပဲေပးပါ သြယ္''

"ေၾသာ္....ဟုတ္ကဲ့ ၊ ႀကီးႀကီးႏြဲ႕ေရ လိေမၼာ္ရည္ေလးေဖ်ာ္ခဲ့ပါအုံး''

"ဟုတ္ကဲ့ မမေလး''

"ထိုင္ပါအုံး ကိုနိုင္လြန္းသူ''

"ေက်းဇူးပါ သြယ္''

ဧည့္ခန္းထဲက သူတို႔ႏွစ္ေယာက္အၾကား ေလေငြ႕မ်ားသာ ရွိေနၿပီး အတန္ၾကာသည္အထိ တိတ္ဆိတ္ေနခဲ့သည္ ။ တစ္ခ်ိန္က လက္ထပ္ဖို႔ထိ မိဘေတြဘက္က ရည္႐ြယ္ထားၾကၿပီး နိုင္လြန္းဘက္ကလည္း သြယ့္အေပၚမွာ ေမတၱာသက္ဝင္ေနခဲ့၏ ။ သို႔ေသာ္ သြယ့္ဘက္ကေတာ့ နိုင္လြန္းသူအေပၚမွာ မိတ္ေဆြသူငယ္ခ်င္းတစေယာက္ထက္မပိုခဲ့ေခ် ။

ေနာက္ပိုင္းမိဘေတြဘက္ကပါ အတင္းဖိအားေပးလာၾကေတာ့ သြယ့္အေနနဲ႕ ထိုက္တန္ေစေမာင္ေနာက္ကို လိုက္သြားတာဖစ္သည္။ နိုင္လြန္းသူမွာေတာ့ ကြဲသည့္အသည္းအား အခ်ိန္ယူကုသဖို႔ရာ နိုင္ငံျခားခရီးစဥ္မ်ား လွည့္ပတ္ထြက္ေနခဲ့တာအခုလိုျပန္ေရာက္တာျဖင့္မၾကာေသးေပ ။ ေမ့ခ်င္သည့္ ႏွလုံးသားေရးရာႏွင့္ သက္ဆိုင္သူက သူ႕ေရွ႕မွာ ရွိေနျပန္ေတာ့ အတိတ္က အခ်စ္ေဟာင္းေဝဒနါက အနာျပန္ထျပန္ေတာ့၏ ။

"သြယ္....အိမ္ေထာင္ေရး အဆင္ေကာေျပရဲ႕လား''

"ဟုတ္ကဲ့ ေျပပါတယ္ အမ်ိဳးသားကလဲ ကြၽန္မကို အရမ္းဂ႐ုစိုက္ပါတယ္''

"ေကာင္းပါတယ္ အခုလိုသတင္းၾကားရတာ ဝမ္းသာပါတယ္ ''

"အင္း......''

ထပ္ၿပီး သူတို႔ႏွစ္ေယာက္ တိတ္ဆိတ္သြားျပန္သည္ ။ ရင္ထဲက စကားေတြ အမ်ားႀကီးေျပာခ်င္ေပမဲ့ နိုင္လြန္းအဖို႔ သြယ့္အေပၚမွာ အေနမခက္ေစခ်င္ပါ ။ ခ်စ္ရသူေပ်ာ္ေနတာျမင္ေတာ့ နိုင္လြန္းအေနနဲ႕ စိတ္ေအးရပါသည္ေလ ။ ရင္ထဲက အတိန္အနက္တစ္ခ်ိဳ႕ကိုေတာ့ ထုတ္ေျပာခြင့္မရေတာ့ေပမဲ့လည္း သူေက်နပ္ပါသည္ ။

"မမေရ.....ယံယံအျပင္သြားလိုက္အုံးမယ္''

"ဟယ့္.... တိမ္ယံေရ ျဖည္းျဖည္းခ်င္း ဆင္းလာပါဟယ္ အိမ္လဲ ၿပိဳေနပါအုံးမယ္''

ခုနေလးမွ ေၾကာင္တစ္ေကာင္နဲ႕ ျပာယာခတ္ေနသည့္သူမ၏ေမာင္ေလးမွာ အခုေတာ့အေပၚထပ္ကေန တစ္ဒုန္းဒုန္းနဲ႕ ေျပးဆင္းလာျပန္တာေၾကာင့္ လွမ္းသတိေပးေနရ၏ ။ ေမာင္ေလးတစ္ေယာက္ရွိပါရဲ႕ ျပာယာခတ္ခ်က္ကလြန္ပါေရာ ၊ စပ္စလူးကခါေသး တကယ္ အဖိုနဲ႕အမ မွားမ်ားေမြးလာသလား ေအာင့္ေမ့ရသည္ ။

"အယ္.....ဧည့္သည္ ရွိေနတာလား ၊ ဟီး....ဟီး....ယံယံက မသိလို႔ပါ မမရဲ႕ ''

"ရွင္ေလးသိတာ ဘာရွိလို႔တုန္း''

"မမကလဲ ယံယံေလ ဟိုထုထည္တို႔ မိယြန္းတို႔နဲ႕ အျပင္ခဏသြားအုံးမယ္ေနာ္''

"ႂကြ ႂကြ သိပ္ေတာ့ မၾကာေစနဲ႕ ''

"ရက္စ္ဆာ...သြားၿပီမမေရ''

အသံကေနာက္မွ လူကအရင္ေျပးတဲ့ တိမ္ယံပါေလ ။ သြယ့္မွာေတာ့ ေခါင္းခါ႐ုံသာ တတ္နိုင္ေတာ့သည္ ။ ေဘးကလူကေတာ့ သူတို႔ေမာင္ႏွမအား ၿပဳံးၿပဳံးေလး ထိုင္ၾကည့္ေနတာပင္ ။ သြယ္မ်က္ေစာင္းေလးဝင့္လိုက္မွ ေခ်ာင္းဟန့္ရ်္ ေခါင္းလႊဲသြားေတာ့၏ ။

ထိုအခ်ိန္ၿခံထဲက တစ္စုံတစ္ေယာက္၏ မေကာင္းသည့္အေငြ႕အသက္တစ္ခ်ိဳ႕ႏွင့္ျပည့္ႏွက္ေနေသာ အၿပဳံးတစ္ခုကိုေတာ့ ဘယ္သူမွ မသိလိုက္ၾကေပ ။

#TBC

ဘဲႀကီးက ကေလးကို ေၾကာင္နဲ႕ေတာင္သဝန္တိုတာေနာ္ ရွင္တို႔ယံယံကိုသိပ္မၾကဴၾကနဲ႕သိလား







Continue lendo

Você também vai gostar

842K 50.5K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
3.6M 227K 95
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
265K 18.4K 20
"YOU ARE MINE TO KEEP OR TO KILL" ~~~ Kiaan and Izna are like completely two different poles. They both belong to two different RIVAL FAMILIES. It's...
686K 57.6K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...