ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

By PannKhattWaiio

125K 17.1K 559

fun translation not my own More

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

3.4K 461 11
By PannKhattWaiio

အပိုင်း ၂

အံ့သြစရာပဲ ငါက နောက်ဆုံး ရောက်တဲ့လူ မဟုတ်ဘူးလား

၀တ္ထုမှ ဇာတ်ကောင်များကို ပုံဖော်ထားတဲ့ အ​ေနအထားကို ပြန်လည်မြင်ယောင်လာတော့ ကျိုင်ရှင်းချန်အနေနဲ့ ဘယ်သူ့ကို ဘယ်လို ကြည့်ရမှန်းတောင် မသိတော့ဘူး

"ဟယ်လို"

ကောင်လေးတစ်ယောက်က သူ့ကို အပြုံးနဲ့ လက်ရမ်း နှုတ်ဆက်လာတယ်။အဲဒိကောင်လေး ၀တ်ထားတဲ့ အဖြူရောင် တီရှပ်နဲ့ ဂျင်းတွေကို ကြည့်လိုက်ရုံနဲ့ ဘယ်သူမှန်း သူ သိလိုက်တယ်။

ဒီတစ်ခေါက် ရှိုးက ဇိမ်ခံပစ္စည်းတွေကို အဓိကသုံးကျတော့ ရီဗျူးတွေမှာ အရှုပ်အထွေး ရှိလာနိုင်တာကို သိပြီး ရိုက်ကူးရေး အဖွဲ့သားတွေက သာမန်အရပ်သား နှစ်ယောက်ကို ထည့်ထားတယ်။

သူအပြင် အခြားကောင်လေးတစ်ယောက်ပါပြီး အဲဒိကောင်လေးက အနီ(ရှို့.....  ဘော့တွန်)ဘက်က လေးယောက်မြောက် ဇာတ်ကောင်တစ်ယောက်ဖြစ်တယ်။

သူက​ေတာ့ ဆင်းရဲသား တက္ကသိုလ်ကျောင်းသားလေးသာ ဖြစ်ပေမဲ့ တဖက်ကောင်လေးကတော့ သူရဲ့မိသားစုထက် အနည်းငယ်သာတဲ့ အခြေအနေကို ပိုင်ဆိုင်ထားပြီး ကျောင်းက စောထွက်ကာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ပန်းဆိုင်ဖွင့်ထားတဲ့ ကောင်လေး ဖြစ်တယ်။ တဖက်ကောင်လေးက ပြောလာတယ်။

"ဟယ်လို ငါရဲ့ နာမည်က ၀မ်နော့ပါ(နူအော့ ဆိုတော့လေ နျော့ဖြစ်မလားပဲ၊ နော့လား  ဒီနှစ်ခုပေါင်းအသံ ဖြစ်မယ် )"

၀မ်နော့က သူရဲ့ နာမည်အတိုင်း ရှက်လွယ်တဲ့ နွေးထွေးတဲ့ ကောင်လေး၊ ဒါကြောင့်ပဲ ရှင်းချန်က သူ့ကို သဘောကျတယ်။ ဒီကောင်လေးရဲ့ စရိုက်က ညင်သာသလို ဖြူစင်ပြီး ချိုမြိန်တယ်။

ချစ်ခြင်းကို အဓိကထားတဲ့ ရသစုံ ရှိုးတွေမှာ ချိုမြိန်တဲ့ လူမျိုးတွေက တကယ့် လူသတ်သမားဖြစ်လာမှာပဲ။ အကျော်ကြားဆုံး ချစ်ခြင်းကို အဓိကထားတဲ့ ရသစုံ ရှိုး ဆယ်ခုမှာဆိုရင်ကိုးခုလောက်က ဒီအတိုင်း ဖြစ်လာတတ်တယ်။

ကောင်လေးချင်းပဲဖြစ်ဖြစ် ကောင်လေးနဲ့ကောင်မလေးအတွက်ပဲဖြစ်ဖြစ် ချိုမြိန်မှုက ပထမလာတယ်။ အများအားဖြင့် ဧည့်သည်တွေရဲ့ အကြိုက်က တိကျကြတယ်။

သူက ၀မ်နော့ရဲ့ ဘေးက အရပ်ရှည်ပြီး တည်ကြည်တဲ့ အမျိုးသားကို ကြည့်လိုက်တယ်။ တဖက်က ပြောလာတယ်။

"ဟယ္လို ကိုယ်က သွမ့်ရီဟွားပါ"

သွမ့်ရီဟွားက ကျော်ကြားတဲ့ အ​ေဖျာ်ယမကာ ဘရန်းတစ်ခုရဲ့ မိသားစုက သားကြီးဖြစ်ပြီး ၀တ္ထုထဲမှာဆိုရင် အတည်ကြည်ဆုံး၊ သဘောအကောင်းဆုံးနဲ့ အသက်အကြီးဆုံး တစ်ယောက်ဖြစ်တယ်။

တဖက်သူလည်း ချောမောပေမဲ့ တကယ်အဓိကဇာတ်လိုက်တွေထက်တော့ နိမ့်ကျတယ်။

တရုတ်၊ ဂျပန်နဲ့ ကိုရီးယားက ချစ်ခြင်းကို အဓိကထားတဲ့ ရသစုံရှိုးတွေမှာပရိတ်သတ်က အ​မဲြလိုလို  သနားစရာ အကောင်းဆုံး၊ လုပ်ကိုင်ရည်အရှိဆုံး၊ မမှီခိုတတ်ဆုံးနဲ့ သန်မာဆုံးဆိုပြီး သတ်မှတ်တဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ ဒီလိုတွေ ပြည့်စုံနေပေမဲ့ သူတို့အတွက်လိုအပ်နေတာက ပန်းရောင် အရှိန်အဝါတွေပြည့်နေမဲ့ ချစ်ခြင်းပဲ။

သူက သွမ့်ရီဟွားနဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်မှာ သူရဲ့ အကြည့်က ဘေးနားက ဟူရင်းဆိုတဲ့ အနီဘက်က ဇာတ်လိုက်တစ်ယောက်နဲ့ လင်းချင်ချင်ဆိုတဲ့ အနီဘက်က နောက်ထပ် ဇာတ်လိုက်တစ်ယောက်ကို နှုတ်ဆက်လိုက်တယ်။

လင်းချင်ချင်ရဲ့ မိသားစုက ဟိုတယ်လုပ်ငန်းတွေ ပိုင်ပြီး သူက လွတ်လပ်ပေါ့ပါးတဲ့ ပုံစံဖြစ်တယ်။သူ့မှာ ထူးခြားတဲ့ သွင်ပြင်ရှိပြီး အဆင့်မြင့်ဇိမ်ခံ အမျိုးသား၀တ်စုံကို ၀တ်ထားကာ အနက်ရောင် ဘောင်ပါတဲ့ မျက်မှန်ကို တပ်ထားတယ်။ သူရဲ့ ပုံစံက ပိန်ပါးပြီး ဖျော့တော့တယ်။ သူက အဆင့်မြင့် လူတန်းစားမှန်း တန်းသိနိုင်တဲ့ ပုံစံမျိုးပဲ။

ဟူရင်းကတော့ အိမ်ယာတွေပိုင်တဲ့ အာဏာရှင်ကြီးရဲ့ သားတစ်ယောက်ဖြစ်တယ်။ သူ့မှာ ပခုံးမရောက်တရောက်ထိ ရှည်နေတဲ့ ဆံပင်တွေနဲ့ ဝံ့ကြွားတတ်တဲ့ သွင်ပြင်ရှိပြီး မိန်းမ ဆန်ဆန် လှပသူဖြစ်တယ်။ သူက လူချမ်းသာမျိုးဆက်ထဲမှာ ကိုယ်ပိုင် ခေတ်ပေါ် အ၀တ်အစား ဘရန်းတစ်ခုကို ထုတ်ထားတဲ့ အင်တာနက်မှာ ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့အပြင် လူချောတွေ အပုံလိုက် ရှိနေတဲ့ အုပ်စုထဲ ပစ်ထည့်လိုက်ရင်တောင် ထင်းထွက်နေတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်တယ်။

အတိတ်ဆိတ်ဆုံးကတော့ သူပါပဲ။(ပြောင်းပြန်😅)

ဒါပေါ့၊ ၀တ္ထုထဲမှာဆိုလည်း ရုပ်ဆိုးတဲ့လူရယ်လို့မှ မပါဘဲ။ ဒီတော့ ဒီရှိုးထဲမွာ ပါသမျှ လူတိုင်းက အရမ်းကို ခန့်ညား၊ ချောမောတဲ့ လူတွေချည်းပါပဲ။ ဒါပေမဲ့ တကယ့်တကယ်တမ်း မြင်ရမှ သူတို့ရဲ့ ချောမောမှုကို မင်သက်မိတော့တယ်။ တစ်ယောက်ချင်းဆီတိုင်းက အမျိုးသား အနုပညာရှင် တိုင်းထက်ကို သာလွန်နေကြတယ်။ သူတို့က ပိုပြီး တောက်ပပြီးသူတို့က ပိုပြီး မွှေးပျံ့လို့ ဆွဲဆောင်မှု ပြင်းနေတယ်။

အာ တကယ်ကို အမျိုးသားထု စားသောက်ပွဲကြီးပဲ

၀မ်နော့က ပြောတယ်။
"ခရီးဆောင်အိတ်ကို အဲဒိမှာပဲ ချထားလိုက်ပါလား။ ငါတို့အားလုံးလည်း ဒီလိုပဲ ချထားလိုက်တာ"

ကျိုင်ရှင်းချန်က သူရဲ့ ခရီးဆောင်အိတ်ကို ချ​ြပီး သူတို့ကို ပြုံးကြည့်လိုက်တယ်။ ၀မ်နော့က ပါးစပ်ကို လက်နဲ့ အုပ်ပြီး ရှက်ပြုံးနဲ့ ပြောလာတယ်။

"ချောလိုက်တာ"

"မင်းက အပြာဘက်က လား"
ဟူရင်းက သူရဲ့ လက်ကောက်၀တ်က အပြာရောင် လက်ပတ်ကြိုးကို ကြည့်ပြီး သံသယအပြည့်နဲ့ မေးလာတယ်။

"ဟုတ်တယ်"
ကျိုင်ရှင်းချန်က ပြောလိုက်တယ်။

ကွန်းမန့်များ..
[ဟူရင်းရဲ့ အမူအယာက ဘာလဲ။ ]

[ ဟူကျဲရေ သူက အားနည်းတဲ့ ၁( ကုံး)ပေမဲ့ ၁က ၁ပါပဲ]

သူက တချက်ကြည့်လိုက်တော့ သူ နှုတ်ဆက်ထားတဲ့ လေးယောက်လုံးက အနီရောင် လက်ပတ်ကြိုးတွေကို ပတ်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းက အပြာဘက်က မဟုတ်ပါဘူး။ သူက ကင်မရာတွေကို ကျော်ဖြတ်ပြီး ကြည့်လိုက်တော့ တစ်နေရာမှာ ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ကို မြင်ရတယ်။

ထိုလူက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူရဲ့ ပွဲတက်၀တ်စုံ ဘောင်းဘီတွေက ရှည်လျားတဲ့ ခြေထောက်တွေကို ဖုံးကွယ်ထားတယ်။ သူက အနက်ရောင် ရှပ်အကျႌကို ၀တ်ထားပြီး ထိုအကျႌကြောင့် သူက ပိုပြီး ဖျော့တော့လို့ ချောမောလွန်းတယ်လို့ ထင်ရစေတယ်။ သူရဲ့ မျက်ခုံးတွေက နက်မှောင်ပြီး ဖြောင့်တန်းနေတယ်။ဒီလူက ချဉ်းကပ်လို့မရနိုင်ဘူးဆိုတဲ့ အရှိန်အဝါတွေ အပြည့်နဲ့ပါပဲ

" ဟယ်လ်ို"
ကျိုင်ရှင်းချန်က အရင် နှုတ်ဆက်လိုက်တယ်။

တဖက်အမျိုးသားက မျက်လုံးကို အနည်းငယ်၀င့်ကြည့်လာပြီးမှ ပျင်းရိလေးတွဲစွာနဲ့ ခေါင်းညိတ်လာတယ်။ ဒါပေမဲ့ သူက ယဉ်ကျေးမှုအရ ​ြပန်ပြောတယ်။

"ဟယ်လို"

အဲဒိလို ပြောပြီးတာနဲ့ ခေါင်းပြန်ငုံ့သွားပြီး သူရဲ့ လက်ထဲက တက်ပလက်ကို ပြန်ကြည့်တယ်။

အေးစက်တယ် ပိန်ပါးတယ်. ချောမောတယ်. ဖြူဖွေးပြီး နှာခေါင်းက ထင်ရှားတယ်။ လည်ပင်းမှာ ထင်ရှားတဲ့ လည်စလုတ်ကြီးရှိတယ်။ ဒါ့အပြင် လက်ခုံမှာလည်း လှပတဲ့ အမာရွတ်တွေ ရှိနေတယ်။

အာ ငါ ကြားဖူးတဲ့အတိုင်းဆိုရင် ဒီလိုအမျိုးသားတွေက တကယ် မလွယ်ဘူး

Jjwxcရဲ့ အမျိုးသားဇာတ်လိုက်တစ်ယောက်အတွက်ဆိုရင်တော့ တကယ်ကို မဆိုးဘူးပဲ

ဖေးရွှီကိုယ်တိုင်က ဖျော်ဖြေရေး လောကက မဟုတ်ပေမဲ့ သူရဲ့အမေက ကျော်ကြားတဲ့ စတား ဖေးဟွမ့်ဟုန်ဖြစ်နေတယ်။ ဒါကြောင့်သူ့မိသားစုကို စတားအသိုင်းအ၀ိုင်းကလို ဖြစ်နေစေတယ်။ဒါ့အပြင် ဖျော်ဖြေရေး နယ်ပယ်က လူချမ်းသာတွေကြားမှာဆိုရင် သူနဲ့ ပက်သတ်တဲ့ သတင်းတွေ မကြာခဏ ပါတတ်တယ်။

ဖေးရွှီက အမျိုးသားအချင်းချင်းတောင် မနာလိုရတဲ့ နောက်ခံ၊ ကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်၊  ကောင်းမွန်ထင်ရှားတဲ့ စိတ်ထားတို့ကို ပိုင်ဆိုင်ထားလို့ ၀တ္ထုထဲမှာ သူ့ကို ဒီလိုရည်ညွှန်းတယ်။

'သူက ဘာမှလုပ်ဖို့ကို မလိုဘူး၊ ဒီအတိုင်း ရပ်နေရုံနဲ့တင် လူတစ်အုပ်က အလိုလိုကို သဘောကျနေလိမ့်မယ်'

ဒါပေမဲ့ စာရေးသူက ထပ်ပြောထားတယ်။
ဖန်တီးသူက သူ့အတွက် ဘက်လိုက်သလို ဖြစ်သွားမှာ စိုးလို့ထင်ပါတယ်။  သူ့ကို ဆိုးရွားပြီး စိတ်၀င်စားစရာ မကောင်းတဲ့ ဉာဉ်ကို ပေးထားတယ်။  အနာခံရတာကို ကြိုက််တဲ့လူ (M) မဟုတ်ရင် သူ့ကို တစ်လထက် ပိုပြီး ချစ်နိုင်မှာ မဟုတ်ဘူး

လူပေါင်းများစွာက သူ့ကိုကြိုက်ကြပေမဲ့ သူရဲ့ မထုံတတ်သေးအမူအယာကို သည်းမခံနိုင်တာနဲ့ ပစ်ထားခဲ့ကြတယ်

ဖေးရွှီက ဂျူနီယာ အထက်တန်းကျောင်းမှာကတည်းက နိုင်ငံအဆင့် အိုလံပစ်ဆုကို ရခဲ့တဲ့ စီးပွားရေး လောကက ပါရမီရှင်ကြီးဖြစ်တယ်။ ဖေးရွှီက ဘယ် အမျိုးသား၊ အမျိုးသမီးကိုမှ မချစ်တဲ့ ဘယ်မိတ်ဆွေမှ မရှိတဲ့ စီးပွားရေး ပညာရှင်ကြီးတွေထဲက တစ်ယောက်လို့ ဆိုနိုင်တယ်။ သူက ဂဏန်းအရေးအတွက်တွေကိုသာပ ိုပြီး စိတ်၀င်စားတယ်။

ကိုလမ်ဘီယာ တက္ကသိုလ်ကနေ ဘွဲ့ယူပြီးတဲ့နောက်မှာ သူ့ပထွေး ကျိုးမိသားစုက စီးပွားရေး လုပ်ငန်းနောက်ကို မလိုက်ဘဲနဲ့ ဟွားရွှီလို့ ခေါ်တဲ့ ကိုယ်ပိုင် ရန်ပုံငွေ ကုမ္ပဏီကို တည်ထောင်ခဲ့တယ်။ လွန်ခဲဲ့တဲ့ နှစ််နှစ်အတွင်း ဖေးရွှီက sharpe ratio( ဒါကို ဘယ်လိုရှင်းရမလဲ မသိဘူး၊ ရင်းနှီးမြုပ်နှံသူတွေက စီးပွားရေးအကြောင်း သေချာတော့ နားမလည်နိုင်ဘူးလေ၊ ဒီလိုလူမျိုးတွေကို သူတို့က ဘယ်လောက်ရင်းထားတဲ့အချိန်မှာ ဘယ်လောက်ပြန်ရတယ်ဆိုတာကို အရှင်းဆုံး အချိုးနဲ့ ပြန်ပြကြတယ်။ ဒါကို ခေါ်တာပါ) အမြင့်ဆုံးနဲ့  နှုန်းထား ပြန်ကျမှုနှုန်း အနိမ့်ဆုံးတို့ကြောင့် လျင်မြန်စွာ ကျော်ကြားလာခဲ့တယ်။

ဒါ့အပြင် ဖေးရွှီက စတားကြီးတစ်ယောက်ဖြစ်တဲ့ မိခင်ကို ပိုင်ဆိုင်ထားပြီး သားဖြစ်သူကို ခေါ်ကာ ထိပ်တန်းမိသားစုနဲ့ တဖန် လက်ထပ်ခဲ့တဲ့ ဖန်တရာတေ ထပ်နေတဲ့ သွေးလွှမ်းတဲ့ ရန်ပွဲထဲကလို နောက်ခံကို ပိုင်ဆိုင်ထားတယ်။ ဒါနဲ့တင် သူရဲ့ အတွေ့အကြုံကို သိနိုင်တယ်။ ကျိုးမိသားစုက ကလေးအများကြီးရှိပြီး နှစ်ရာကျော် သက်တမ်းရှိတဲ့ မိသားစုဟောင်းကြီးဖြစ်တဲ့အပြင် သတင်းတွေထဲမှာလည်း မိသားစု၀င်တွေချင်း အတိုက်အခံဖြစ်တဲ့အကြောင်း မကြာခဏ ပါလေ့ရှိလို့ ရှုပ််ထွေးတဲ့ မိသားစု ဒရာမာ ကားလိုဖြစ်တယ်။
Jjwxcမှာ ပါနေကြ စာသားတွေလိုပါပဲ

အတွေးပေါင်းများစွာနဲ့ ကျိုင်ရှင်းချန်က အ​ြခား ဧည့်သည် လေးယောက်ကို ကြည့်လိုက်တယ်။

တကယ်ကိုပဲ လူတိုင်းက သူ့ကို ဖယ်ထားကြတာပဲ

အလားတူ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့ လူတွေကလည်း သတိထားမိသွားကြတယ်။

[ တကယ် အားနည်းပြီး ဆွဲဆောင်မှု မရှိလိုက်တာ]

[ကုံး၁ရဲ့ ပုပ်သိုးနေတဲ့ မျက်နှာပိုင်ဆိုင်ထားတာကိုတောင် မယှဉ်နိုင်ဘူးပဲ]

ကျိုင်ရှင်းချန်က အရေအတွက်ပြည့်အောင် ထပ်ဖြည့်ရတဲ့ လူတစ်ယောက်လိုဖြစ်နေတော့ သူ့အနေနဲ့ လူချမ်းသာတွေရဲ့ ရိုးမန့်ထဲ ၀င်မတိုးနိုင်ရှာဘူး

အားလုံးကလည်း အခုမှ စတွေ့ကာစဆိုတော့ အနေရခက်နေကြတယ်။

သွမ့်ရီဟွားနဲ့ လင်းချင်ချင််တို့က  လက်ဖက်ရည်ကို ဖြေးဖြေးချင်း သောက်နေပေမဲ့ မျက်လုံးကတော့ အကုန်လုံးကို ေ၀့ပတ်ကြည့်နေတယ်။

ဟူရင်းကတော့ ဆိုဖာပေါ်မှီနေပြီး ဆံံပင်ရှည်တွေကို သပ်နေတယ်

၀မ်နော့က ပိုတောင် ရှက်နေသေးတယ်။ သူက ခေါင်းဆုံးလေးကို ဖက်ထားပြီး လက်သည်းလေးကို ကွေးလို့ ခေါင်းအုံးပေါ်က အလှဆင်ထားတာတွေကို တို့ထိနေပေမဲ့ မျက်လုံးကတော့ ဖေးတရွှီနဲ့ သူ့ဆိီပဲ ရောက်နေတယ်။ တခါတခါမှာလည်း သတိလက်လွတ်နဲ့ နှုတ်ခမ်းကို ကော့တက်စေနေမိပြီး ရှက်သလိုလိုနဲ့ အကြည့်လွှဲသွားပြန်တယ်။

ဒါက ကျော်ကြားတဲ့ ဇာတ်ကွက်တွေထဲကလိုပဲ လှုပ်လှုပ်ရှားရှားဖြစ်နေပြီး ရယ်မောနေကြတော့ မသိရင် အားလုံးက ကိုယ့်ကို ကြိတ်ကြိုက်နေတယ်လို့ ထင်ရနိုင်တယ်။ ၀မ်နော့က တကယ်တော့ ခွေးတစ်ကောင် အစာရတဲ့ မျက်နှာကို မထိန်းနိုင်သေးရုံပါပဲ

၀မ်နော့က cpရနိုင်ချေမြင့်တယ်။ သူက အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အဆင်ပြေပြီး စိတ်၀င်စားမှုကလည်း မြင့်တယ်။

ဒါပေမဲ့ သူက ချိုမြိန်စွာ ပြုံးတတ်ပြီး ဖြူစင်လွန်းနေတယ်

သူရဲ့အနားမှာ ထိုင်နေတဲ့ သွမ့်ရီဟွားက ရယ်ပြီး မေးတယ်။

"မင်းက ဘာလို့ တစ်ချိန်လုံး ရယ်နေတာလဲ"

" အာ ဒီအတိုင်း ကျွန်တော်က ကြောင်တောင်တောင်ဖြစ်နေသလို ခံစားရလို့ပါ။ အားလုံးက တိတ်နေကြတော့လေ"
၀မ်နော့က နီရဲနေတဲ့ မျက်နှာနဲ့ ပြောတယ်။

"ဒါက ပထမနေ့ဆိုတော့ ဖြတ်တတ်ပါတယ်။ မင်း နောက်ပိုင်းတော့ ကျင့်သားရသွားမှာပါ"
ကျိုင်ရှင်းချန်က နှစ်သိမ့်ပေးတယ်။

  "မင်းတို့နှစ်ယောက် အချင်းချင်း မိတ်မဆက် ကြဘူးလား။ အခု မင်းတို့ နာမည်ပြောလိုက်တာကို မတွေ့လိုက်ဘူး"
သွမ့်ရီဟွားက ပြောလာတယ်။

ကျိုင်ရှင်းချန်က သူက ဖေးရွှီရဲ့ နာမည်ကို သိပါတယ်လို့ ပြောတော့မယ့်အချိန်မှာ ဖေးရွှီက မော့တောင် မကြည့်ဘဲ ပြောလာတယ်။

"ဖေးရွှီ"

မထူးခြားတဲ့သူ့လေသံက တကယ်နားထောင်ကောင်းတယ်။ ရစ်မူးဖို့ကောင်းတဲ့အပြင် ပြေပြစ်မှုလည်းရှိတယ်။ သူက ပါးစပ်ကို ဖွင့်လိုက်ရုံနဲ့တင် အားလုံးက ရှက်သလိုလိုနဲ့ ၀ိုင်းကြည့်ကြတော့တယ်။

ကျိုင်ရှင်းချန်ကလည်း ပြန်ပြောတယ်။
"ကျွန်တော်ရဲ့ နာမည်က ကျိုင်ရှင်းချန်ပါ"

နာမည်ကို မိတ်ဆက်ပြီးတာနဲ့ အခြေအနေကငြိမ်သက်သွားပြန်တယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ဖေးရွှီကို ခိုးခိုးကြည့်နေကြသူတွေရဲ့ စိတ်လှုပ်ရှားမှုက ထိန်းချုပ်လို့ မရနိင်အောင် ဖြစ်နေတယ်။

ဒါပေမဲ့ ဖေးရွှီကတော့ ဘယ်သူ့ကိုမှ အာရုံစမစိုက်တဲ့အပြင် မော့တောင် မကြည့်ဘူး

တခဏခန့်အကြာမှာ တစ်စုံတစ်ယောက်က တံခါးဖွင့်၀င်လာတာကို မြင်လိုက်ရတယ်။

   "တစ်ယောက်ယောက် လာပြီထင်တယ်"
၀မ်နော့က ပြောပြီး မတ်တပ်ထရပ််တယ်။

သူရဲ့ စကားမဆုံးခင်မှာတင် အရပ်အလွန်ရှည်ပြီး သန်သန်မာမာ ထောင်ထောင်မောင်းမောင်းရှိတဲ့ အမျိုးသားတစ်ယောက်က ခရီးဆောင်အိတ်ကို ဆွဲပြီး၀င််လာတယ်။

ကျိုင်ရှင်းချန်ရဲ့ မျက်၀န်းတွေက တောက်ပသွားတယ်။

ဟော့ချန်း...... ချီတျန်းရဲ့ အဓိက ဇာတ်လိုက်.....

မြောက်ပိုင်းဇာတ်ိဖြစ်ပြီး ထူးချွန်တဲ့ မျက်နှာသွင်ပြင်တွေရှိိတယ်။ ကြွက်သားအပြည့်ရှိပြီး ဂျုံလို အသားရောင်၇ှိတယ်။ စိတ်သ​ေဘာထားက ပွင့်ပွင့်လင်းလင်းရှိပြီး  ကြည့်လိုက််ရုံနဲ့တင် အရမ်းကို ယောကျၤားပီသတဲ့ ပုံစံဖြစ်တယ်။

ဖေးရွှီလို ရွှေဇွန်းကိုက်ပြီး မွေးလာတာ မဟုတ်ဘဲ ဟော့ချန်းက မြောက်ပိုင်းက တိုင်းပြည်ငယ်လေးက လာတယ်။ သူက တရုတ်က ထိပ်တန်းတက္ကသိုလ်ကို ၀င်နိုင်အောင် ​ြပင်းပြင်းထန်ထန် စာကြိုးစားခဲ့ရတယ်။ သူက အရမ်းချောတဲ့အပြင် အရမ်းကောင်းတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်တယ်။ သူက အားကစားတွေကိုသဘောကျပြီး မဂ္ဂဇင်းတွေရဲ့ မျက်နှာဖုံးမှာ ခဏခဏ ပါတတ်သူ ဖြစ်တယ်။

-----

T/N

spoilerတွေ ပေးတာ လက်မခံပါဘူး

တစ်ပုဒ်လုံးစာ ခြုံပြီး၂ခုတော့ပေးလိုက်မယ်

၁... harem ဆိုပေမဲ့ နောက်ဆုံးမှာ ရှင်းချန်က သူ ချစ်တဲ့ တစ်ယောက်ကို ရွေးချယ်သွားမှာပါ

ဘယ်သူဆိုတာ spoilerလက်မခံပါဘူးနော်...spoil ရင် muteမှာပါ...ဟုတ်တယ် စိတ်ဆိုးမှာ

၂ dramaမပါပေမဲ့ ချစ်ခြင်းကြောင့် ဖြစ်လာတဲ့ ပျော်ရွှင်စရာ မကောင်းတဲ့ခံစားချက်နည်းနည်းတော့ပါမှာပါ...ဒါပေမဲ့ အဓိကခံစားချက်ကိုက နာကျင်မှုနဲ့ ကျေနပ်မှုရောနေတာမျိုးပါ... ဒီလောက်ပါပဲ

ဒါကိုလည်း မspoilပါနဲ့.... စိတ်ဆိုးမှာပါ...

အပိုင္း ၂

အံ့ၾသစရာပဲ ငါက ေနာက္ဆုံး ေရာက္တဲ့လူ မဟုတ္ဘူးလား

၀တ္ထုမှ ဇာတ္ေကာင္မ်ားကို ပုံေဖာ္ထားတဲ့ အေနအထားကို ျပန္လည္ျမင္ေယာင္လာေတာ့ က်ိဳင္ရွင္းခ်န္အေနနဲ႕ ဘယ္သူ႕ကို ဘယ္လို ၾကည့္ရမွန္းေတာင္ မသိေတာ့ဘူး

"ဟယ္လို"

ေကာင္ေလးတစ္ေယာက္က သူ႕ကို အၿပဳံးနဲ႕ လက္ရမ္း ႏႈတ္ဆက္လာတယ္။အဲဒိေကာင္ေလး ၀တ်ထားတဲ့ အျဖဴေရာင္ တီရွပ္နဲ႕ ဂ်င္းေတြကို ၾကည့္လိုက္႐ုံနဲ႕ ဘယ္သူမွန္း သူ သိလိုက္တယ္။

ဒီတစ္ေခါက္ ရွိုးက ဇိမ္ခံပစၥည္းေတြကို အဓိကသုံးက်ေတာ့ ရီဗ်ဴးေတြမွာ အရႈပ္အေထြး ရွိလာနိုင္တာကို သိၿပီး ရိုက္ကူးေရး အဖြဲ႕သားေတြက သာမန္အရပ္သား ႏွစ္ေယာက္ကို ထည့္ထားတယ္။

သူအျပင္ အျခားေကာင္ေလးတစ္ေယာက္ပါၿပီး အဲဒိေကာင္ေလးက အနီ(ရွို႔.....  ေဘာ့တြန္)ဘက္က ေလးေယာက္ေျမာက္ ဇာတ္ေကာင္တစ္ေယာက္ျဖစ္တယ္။

သူကေတာ့ ဆင္းရဲသား တကၠသိုလ္ေက်ာင္းသားေလးသာ ျဖစ္ေပမဲ့ တဖက္ေကာင္ေလးကေတာ့ သူရဲ႕မိသားစုထက္ အနည္းငယ္သာတဲ့ အေျခအေနကို ပိုင္ဆိုင္ထားၿပီး ေက်ာင္းက ေစာထြက္ကာ သူငယ္ခ်င္းတစ္ေယာက္နဲ႕အတူ ပန္းဆိုင္ဖြင့္ထားတဲ့ ေကာင္ေလး ျဖစ္တယ္။ တဖက္ေကာင္ေလးက ေျပာလာတယ္။

"ဟယ္လို ငါရဲ႕ နာမည္က ၀မ်နော့ပါ(ႏူေအာ့ ဆိုေတာ့ေလ ေန်ာ့ျဖစ္မလားပဲ၊ ေနာ့လား  ဒီႏွစ္ခုေပါင္းအသံ ျဖစ္မယ္ )"

၀မ်နော့က သူရဲ႕ နာမည္အတိုင္း ရွက္လြယ္တဲ့ ႏြေးေထြးတဲ့ ေကာင္ေလး၊ ဒါေၾကာင့္ပဲ ရွင္းခ်န္က သူ႕ကို သေဘာက်တယ္။ ဒီေကာင္ေလးရဲ႕ စရိုက္က ညင္သာသလို ျဖဴစင္ၿပီး ခ်ိဳၿမိန္တယ္။

ခ်စ္ျခင္းကို အဓိကထားတဲ့ ရသစုံ ရွိုးေတြမွာ ခ်ိဳၿမိန္တဲ့ လူမ်ိဳးေတြက တကယ့္ လူသတ္သမားျဖစ္လာမွာပဲ။ အေက်ာ္ၾကားဆုံး ခ်စ္ျခင္းကို အဓိကထားတဲ့ ရသစုံ ရွိုး ဆယ္ခုမွာဆိုရင္ကိုးခုေလာက္က ဒီအတိုင္း ျဖစ္လာတတ္တယ္။

ေကာင္ေလးခ်င္းပဲျဖစ္ျဖစ္ ေကာင္ေလးနဲ႕ေကာင္မေလးအတြက္ပဲျဖစ္ျဖစ္ ခ်ိဳၿမိန္မႈက ပထမလာတယ္။ အမ်ားအားျဖင့္ ဧည့္သည္ေတြရဲ႕ အႀကိဳက္က တိက်ၾကတယ္။

သူက ၀မ်နော့ရဲ့ ေဘးက အရပ္ရွည္ၿပီး တည္ၾကည္တဲ့ အမ်ိဳးသားကို ၾကည့္လိုက္တယ္။ တဖက္က ေျပာလာတယ္။

"ဟယႅို ကိုယ္က သြမ့္ရီဟြားပါ"

သြမ့္ရီဟြားက ေက်ာ္ၾကားတဲ့ အေဖျာ်ယမကာ ဘရန္းတစ္ခုရဲ႕ မိသားစုက သားႀကီးျဖစ္ၿပီး ၀တ္ထုထဲမှာဆိုရင် အတည္ၾကည္ဆုံး၊ သေဘာအေကာင္းဆုံးနဲ႕ အသက္အႀကီးဆုံး တစ္ေယာက္ျဖစ္တယ္။

တဖက္သူလည္း ေခ်ာေမာေပမဲ့ တကယ္အဓိကဇာတ္လိုက္ေတြထက္ေတာ့ နိမ့္က်တယ္။

တ႐ုတ္၊ ဂ်ပန္နဲ႕ ကိုရီးယားက ခ်စ္ျခင္းကို အဓိကထားတဲ့ ရသစုံရွိုးေတြမွာပရိတ္သတ္က အမဲြလိုလို  သနားစရာ အေကာင္းဆုံး၊ လုပ္ကိုင္ရည္အရွိဆုံး၊ မမွီခိုတတ္ဆုံးနဲ႕ သန္မာဆုံးဆိုၿပီး သတ္မွတ္တဲ့လူေတြ ရွိတယ္။ ဒါေပမဲ့ ဒီလိုေတြ ျပည့္စုံေနေပမဲ့ သူတို႔အတြက္လိုအပ္ေနတာက ပန္းေရာင္ အရွိန္အဝါေတြျပည့္ေနမဲ့ ခ်စ္ျခင္းပဲ။

သူက သြမ့္ရီဟြားနဲ႕ လက္ဆြဲႏႈတ္ဆက္ၿပီးတဲ့ေနာက္မွာ သူရဲ႕ အၾကည့္က ေဘးနားက ဟူရင္းဆိုတဲ့ အနီဘက္က ဇာတ္လိုက္တစ္ေယာက္နဲ႕ လင္းခ်င္ခ်င္ဆိုတဲ့ အနီဘက္က ေနာက္ထပ္ ဇာတ္လိုက္တစ္ေယာက္ကို ႏႈတ္ဆက္လိုက္တယ္။

လင္းခ်င္ခ်င္ရဲ႕ မိသားစုက ဟိုတယ္လုပ္ငန္းေတြ ပိုင္ၿပီး သူက လြတ္လပ္ေပါ့ပါးတဲ့ ပုံစံျဖစ္တယ္။သူ႕မွာ ထူးျခားတဲ့ သြင္ျပင္ရွိၿပီး အဆင့္ျမင့္ဇိမ္ခံ အမ်ိဳးသား၀တ္စုံကို ၀တ်ထားကာ အနက္ေရာင္ ေဘာင္ပါတဲ့ မ်က္မွန္ကို တပ္ထားတယ္။ သူရဲ႕ ပုံစံက ပိန္ပါးၿပီး ေဖ်ာ့ေတာ့တယ္။ သူက အဆင့္ျမင့္ လူတန္းစားမွန္း တန္းသိနိုင္တဲ့ ပုံစံမ်ိဳးပဲ။

ဟူရင္းကေတာ့ အိမ္ယာေတြပိုင္တဲ့ အာဏာရွင္ႀကီးရဲ႕ သားတစ္ေယာက္ျဖစ္တယ္။ သူ႕မွာ ပခုံးမေရာက္တေရာက္ထိ ရွည္ေနတဲ့ ဆံပင္ေတြနဲ႕ ဝံ့ႂကြားတတ္တဲ့ သြင္ျပင္ရွိၿပီး မိန္းမ ဆန္ဆန္ လွပသူျဖစ္တယ္။ သူက လူခ်မ္းသာမ်ိဳးဆက္ထဲမွာ ကိုယ္ပိုင္ ေခတ္ေပၚ အ၀တ္အစား ဘရန္းတစ္ခုကို ထုတ္ထားတဲ့ အင္တာနက္မွာ ေက်ာ္ၾကားသူတစ္ေယာက္ျဖစ္တဲ့အျပင္ လူေခ်ာေတြ အပုံလိုက္ ရွိေနတဲ့ အုပ္စုထဲ ပစ္ထည့္လိုက္ရင္ေတာင္ ထင္းထြက္ေနတဲ့ ႐ုပ္ရည္ကို ပိုင္ဆိုင္တယ္။

အတိတ္ဆိတ္ဆုံးကေတာ့ သူပါပဲ။(ေျပာင္းျပန္😅)

ဒါေပါ့၊ ၀တ္ထုထဲမှာဆိုလည်း ႐ုပ္ဆိုးတဲ့လူရယ္လို႔မွ မပါဘဲ။ ဒီေတာ့ ဒီရွိုးထဲမြာ ပါသမွ် လူတိုင္းက အရမ္းကို ခန႔္ညား၊ ေခ်ာေမာတဲ့ လူေတြခ်ည္းပါပဲ။ ဒါေပမဲ့ တကယ့္တကယ္တမ္း ျမင္ရမွ သူတို႔ရဲ႕ ေခ်ာေမာမႈကို မင္သက္မိေတာ့တယ္။ တစ္ေယာက္ခ်င္းဆီတိုင္းက အမ်ိဳးသား အႏုပညာရွင္ တိုင္းထက္ကို သာလြန္ေနၾကတယ္။ သူတို႔က ပိုၿပီး ေတာက္ပၿပီးသူတို႔က ပိုၿပီး ေမႊးပ်ံ့လို႔ ဆြဲေဆာင္မႈ ျပင္းေနတယ္။

အာ တကယ္ကို အမ်ိဳးသားထု စားေသာက္ပြဲႀကီးပဲ

၀မ်နော့က ေျပာတယ္။
"ခရီးေဆာင္အိတ္ကို အဲဒိမွာပဲ ခ်ထားလိုက္ပါလား။ ငါတို႔အားလုံးလည္း ဒီလိုပဲ ခ်ထားလိုက္တာ"

က်ိဳင္ရွင္းခ်န္က သူရဲ႕ ခရီးေဆာင္အိတ္ကို ခ်ၿပီး သူတို႔ကို ၿပဳံးၾကည့္လိုက္တယ္။ ၀မ်နော့က ပါးစပ္ကို လက္နဲ႕ အုပ္ၿပီး ရွက္ၿပဳံးနဲ႕ ေျပာလာတယ္။

"ေခ်ာလိုက္တာ"

"မင္းက အျပာဘက္က လား"
ဟူရင္းက သူရဲ႕ လက္ေကာက္၀တ္က အျပာေရာင္ လက္ပတ္ႀကိဳးကို ၾကည့္ၿပီး သံသယအျပည့္နဲ႕ ေမးလာတယ္။

"ဟုတ္တယ္"
က်ိဳင္ရွင္းခ်န္က ေျပာလိုက္တယ္။

ကြန္းမန႔္မ်ား..
[ဟူရင္းရဲ႕ အမူအယာက ဘာလဲ။ ]

[ ဟူက်ဲေရ သူက အားနည္းတဲ့ ၁( ကုံး)ေပမဲ့ ၁က ၁ပါပဲ]

သူက တခ်က္ၾကည့္လိုက္ေတာ့ သူ ႏႈတ္ဆက္ထားတဲ့ ေလးေယာက္လုံးက အနီေရာင္ လက္ပတ္ႀကိဳးေတြကို ပတ္ထားတာ ေတြ႕ရတယ္။ ဒါေပမဲ့ သူတစ္ေယာက္တည္းက အျပာဘက္က မဟုတ္ပါဘူး။ သူက ကင္မရာေတြကို ေက်ာ္ျဖတ္ၿပီး ၾကည့္လိုက္ေတာ့ တစ္ေနရာမွာ ထိုင္ေနတဲ့ အမ်ိဳးသားတစ္ေယာက္ကို ျမင္ရတယ္။

ထိုလူက ဆိုဖာေပၚမွာ ထိုင္ေနၿပီး သူရဲ႕ ပြဲတက္၀တ္စုံ ေဘာင္းဘီေတြက ရွည္လ်ားတဲ့ ေျခေထာက္ေတြကို ဖုံးကြယ္ထားတယ္။ သူက အနက္ေရာင္ ရှပ်အကျႌကို ၀တ်ထားပြီး ထိုအကျႌကြောင့် သူက ပိုၿပီး ေဖ်ာ့ေတာ့လို႔ ေခ်ာေမာလြန္းတယ္လို႔ ထင္ရေစတယ္။ သူရဲ႕ မ်က္ခုံးေတြက နက္ေမွာင္ၿပီး ေျဖာင့္တန္းေနတယ္။ဒီလူက ခ်ဥ္းကပ္လို႔မရနိုင္ဘူးဆိုတဲ့ အရွိန္အဝါေတြ အျပည့္နဲ႕ပါပဲ

" ဟယ်လ်ို"
က်ိဳင္ရွင္းခ်န္က အရင္ ႏႈတ္ဆက္လိုက္တယ္။

တဖက္အမ်ိဳးသားက မ်က္လုံးကို အနည္းငယ္၀င့္ၾကည့္လာၿပီးမွ ပ်င္းရိေလးတြဲစြာနဲ႕ ေခါင္းညိတ္လာတယ္။ ဒါေပမဲ့ သူက ယဥ္ေက်းမႈအရ ျပန္ေျပာတယ္။

"ဟယ္လို"

အဲဒိလို ေျပာၿပီးတာနဲ႕ ေခါင္းျပန္ငုံ႕သြားၿပီး သူရဲ႕ လက္ထဲက တက္ပလက္ကို ျပန္ၾကည့္တယ္။

ေအးစက္တယ္ ပိန္ပါးတယ္. ေခ်ာေမာတယ္. ျဖဴေဖြးၿပီး ႏွာေခါင္းက ထင္ရွားတယ္။ လည္ပင္းမွာ ထင္ရွားတဲ့ လည္စလုတ္ႀကီးရွိတယ္။ ဒါ့အျပင္ လက္ခုံမွာလည္း လွပတဲ့ အမာ႐ြတ္ေတြ ရွိေနတယ္။

အာ ငါ ၾကားဖူးတဲ့အတိုင္းဆိုရင္ ဒီလိုအမ်ိဳးသားေတြက တကယ္ မလြယ္ဘူး

Jjwxcရဲ႕ အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္အတြက္ဆိုရင္ေတာ့ တကယ္ကို မဆိုးဘူးပဲ

ေဖး႐ႊီကိုယ္တိုင္က ေဖ်ာ္ေျဖေရး ေလာကက မဟုတ္ေပမဲ့ သူရဲ႕အေမက ေက်ာ္ၾကားတဲ့ စတား ေဖးဟြမ့္ဟုန္ျဖစ္ေနတယ္။ ဒါေၾကာင့္သူ႕မိသားစုကို စတားအသိုင်းအ၀ိုင်းကလို ျဖစ္ေနေစတယ္။ဒါ့အျပင္ ေဖ်ာ္ေျဖေရး နယ္ပယ္က လူခ်မ္းသာေတြၾကားမွာဆိုရင္ သူနဲ႕ ပက္သတ္တဲ့ သတင္းေတြ မၾကာခဏ ပါတတ္တယ္။

ေဖး႐ႊီက အမ်ိဳးသားအခ်င္းခ်င္းေတာင္ မနာလိုရတဲ့ ေနာက္ခံ၊ ၾကည့္ေကာင္းလြန္းတဲ့ ႐ုပ္ရည္၊  ေကာင္းမြန္ထင္ရွားတဲ့ စိတ္ထားတို႔ကို ပိုင္ဆိုင္ထားလို႔ ၀တ္ထုထဲမှာ သူ႕ကို ဒီလိုရည္ၫႊန္းတယ္။

'သူက ဘာမွလုပ္ဖို႔ကို မလိုဘူး၊ ဒီအတိုင္း ရပ္ေန႐ုံနဲ႕တင္ လူတစ္အုပ္က အလိုလိုကို သေဘာက်ေနလိမ့္မယ္'

ဒါေပမဲ့ စာေရးသူက ထပ္ေျပာထားတယ္။
ဖန္တီးသူက သူ႕အတြက္ ဘက္လိုက္သလို ျဖစ္သြားမွာ စိုးလို႔ထင္ပါတယ္။  သူ႕ကို ဆိုး႐ြားၿပီး စိတ္၀င္စားစရာ မေကာင္းတဲ့ ဉာဥ္ကို ေပးထားတယ္။  အနာခံရတာကို ႀကိဳက္္တဲ့လူ (M) မဟုတ္ရင္ သူ႕ကို တစ္လထက္ ပိုၿပီး ခ်စ္နိုင္မွာ မဟုတ္ဘူး

လူေပါင္းမ်ားစြာက သူ႕ကိုႀကိဳက္ၾကေပမဲ့ သူရဲ႕ မထုံတတ္ေသးအမူအယာကို သည္းမခံနိုင္တာနဲ႕ ပစ္ထားခဲ့ၾကတယ္

ေဖး႐ႊီက ဂ်ဴနီယာ အထက္တန္းေက်ာင္းမွာကတည္းက နိုင္ငံအဆင့္ အိုလံပစ္ဆုကို ရခဲ့တဲ့ စီးပြားေရး ေလာကက ပါရမီရွင္ႀကီးျဖစ္တယ္။ ေဖး႐ႊီက ဘယ္ အမ်ိဳးသား၊ အမ်ိဳးသမီးကိုမွ မခ်စ္တဲ့ ဘယ္မိတ္ေဆြမွ မရွိတဲ့ စီးပြားေရး ပညာရွင္ႀကီးေတြထဲက တစ္ေယာက္လို႔ ဆိုနိုင္တယ္။ သူက ဂဏန္းအေရးအတြက္ေတြကိုသာပ ိုၿပီး စိတ္၀င္စားတယ္။

ကိုလမ္ဘီယာ တကၠသိုလ္ကေန ဘြဲ႕ယူၿပီးတဲ့ေနာက္မွာ သူ႕ပေထြး က်ိဳးမိသားစုက စီးပြားေရး လုပ္ငန္းေနာက္ကို မလိုက္ဘဲနဲ႕ ဟြား႐ႊီလို႔ ေခၚတဲ့ ကိုယ္ပိုင္ ရန္ပုံေငြ ကုမၸဏီကို တည္ေထာင္ခဲ့တယ္။ လြန္ခဲဲ့တဲ့ ႏွစ္္ႏွစ္အတြင္း ေဖး႐ႊီက sharpe ratio( ဒါကို ဘယ္လိုရွင္းရမလဲ မသိဘူး၊ ရင္းႏွီးျမဳပ္ႏွံသူေတြက စီးပြားေရးအေၾကာင္း ေသခ်ာေတာ့ နားမလည္နိုင္ဘူးေလ၊ ဒီလိုလူမ်ိဳးေတြကို သူတို႔က ဘယ္ေလာက္ရင္းထားတဲ့အခ်ိန္မွာ ဘယ္ေလာက္ျပန္ရတယ္ဆိုတာကို အရွင္းဆုံး အခ်ိဳးနဲ႕ ျပန္ျပၾကတယ္။ ဒါကို ေခၚတာပါ) အျမင့္ဆုံးနဲ႕  ႏႈန္းထား ျပန္က်မႈႏႈန္း အနိမ့္ဆုံးတို႔ေၾကာင့္ လ်င္ျမန္စြာ ေက်ာ္ၾကားလာခဲ့တယ္။

ဒါ့အျပင္ ေဖး႐ႊီက စတားႀကီးတစ္ေယာက္ျဖစ္တဲ့ မိခင္ကို ပိုင္ဆိုင္ထားၿပီး သားျဖစ္သူကို ေခၚကာ ထိပ္တန္းမိသားစုနဲ႕ တဖန္ လက္ထပ္ခဲ့တဲ့ ဖန္တရာေတ ထပ္ေနတဲ့ ေသြးလႊမ္းတဲ့ ရန္ပြဲထဲကလို ေနာက္ခံကို ပိုင္ဆိုင္ထားတယ္။ ဒါနဲ႕တင္ သူရဲ႕ အေတြ႕အႀကဳံကို သိနိုင္တယ္။ က်ိဳးမိသားစုက ကေလးအမ်ားႀကီးရွိၿပီး ႏွစ္ရာေက်ာ္ သက္တမ္းရွိတဲ့ မိသားစုေဟာင္းႀကီးျဖစ္တဲ့အျပင္ သတင္းေတြထဲမွာလည္း မိသားစု၀င္ေတြခ်င္း အတိုက္အခံျဖစ္တဲ့အေၾကာင္း မၾကာခဏ ပါေလ့ရွိလို႔ ရႈပ္္ေထြးတဲ့ မိသားစု ဒရာမာ ကားလိုျဖစ္တယ္။
Jjwxcမွာ ပါေနၾက စာသားေတြလိုပါပဲ

အေတြးေပါင္းမ်ားစြာနဲ႕ က်ိဳင္ရွင္းခ်န္က အျခား ဧည့္သည္ ေလးေယာက္ကို ၾကည့္လိုက္တယ္။

တကယ္ကိုပဲ လူတိုင္းက သူ႕ကို ဖယ္ထားၾကတာပဲ

အလားတူ တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္ေနတဲ့ လူေတြကလည္း သတိထားမိသြားၾကတယ္။

[ တကယ္ အားနည္းၿပီး ဆြဲေဆာင္မႈ မရွိလိုက္တာ]

[ကုံး၁ရဲ႕ ပုပ္သိုးေနတဲ့ မ်က္ႏွာပိုင္ဆိုင္ထားတာကိုေတာင္ မယွဥ္နိုင္ဘူးပဲ]

က်ိဳင္ရွင္းခ်န္က အေရအတြက္ျပည့္ေအာင္ ထပ္ျဖည့္ရတဲ့ လူတစ္ေယာက္လိုျဖစ္ေနေတာ့ သူ႕အေနနဲ႕ လူခ်မ္းသာေတြရဲ႕ ရိုးမန႔္ထဲ ၀င်မတိုးနိုင်ရှာဘူး

အားလုံးကလည္း အခုမွ စေတြ႕ကာစဆိုေတာ့ အေနရခက္ေနၾကတယ္။

သြမ့္ရီဟြားနဲ႕ လင္းခ်င္ခ်င္္တို႔က  လက္ဖက္ရည္ကို ေျဖးေျဖးခ်င္း ေသာက္ေနေပမဲ့ မ်က္လုံးကေတာ့ အကုန္လုံးကို ေ၀့ပတ်ကြည့်နေတယ်။

ဟူရင္းကေတာ့ ဆိုဖာေပၚမွီေနၿပီး ဆံံပင္ရွည္ေတြကို သပ္ေနတယ္

၀မ်နော့က ပိုေတာင္ ရွက္ေနေသးတယ္။ သူက ေခါင္းဆုံးေလးကို ဖက္ထားၿပီး လက္သည္းေလးကို ေကြးလို႔ ေခါင္းအုံးေပၚက အလွဆင္ထားတာေတြကို တို႔ထိေနေပမဲ့ မ်က္လုံးကေတာ့ ေဖးတ႐ႊီနဲ႕ သူ့ဆိီပဲ ေရာက္ေနတယ္။ တခါတခါမွာလည္း သတိလက္လြတ္နဲ႕ ႏႈတ္ခမ္းကို ေကာ့တက္ေစေနမိၿပီး ရွက္သလိုလိုနဲ႕ အၾကည့္လႊဲသြားျပန္တယ္။

ဒါက ေက်ာ္ၾကားတဲ့ ဇာတ္ကြက္ေတြထဲကလိုပဲ လႈပ္လႈပ္ရွားရွားျဖစ္ေနၿပီး ရယ္ေမာေနၾကေတာ့ မသိရင္ အားလုံးက ကိုယ့္ကို ႀကိတ္ႀကိဳက္ေနတယ္လို႔ ထင္ရနိုင္တယ္။ ၀မ်နော့က တကယ္ေတာ့ ေခြးတစ္ေကာင္ အစာရတဲ့ မ်က္ႏွာကို မထိန္းနိုင္ေသး႐ုံပါပဲ

၀မ်နော့က cpရနိုင္ေခ်ျမင့္တယ္။ သူက အမ်ိဳးသားျဖစ္ျဖစ္ အမ်ိဳးသမီးျဖစ္ျဖစ္ အဆင္ေျပၿပီး စိတ္၀င္စားမႈကလည္း ျမင့္တယ္။

ဒါေပမဲ့ သူက ခ်ိဳၿမိန္စြာ ၿပဳံးတတ္ၿပီး ျဖဴစင္လြန္းေနတယ္

သူရဲ႕အနားမွာ ထိုင္ေနတဲ့ သြမ့္ရီဟြားက ရယ္ၿပီး ေမးတယ္။

"မင္းက ဘာလို႔ တစ္ခ်ိန္လုံး ရယ္ေနတာလဲ"

" အာ ဒီအတိုင္း ကြၽန္ေတာ္က ေၾကာင္ေတာင္ေတာင္ျဖစ္ေနသလို ခံစားရလို႔ပါ။ အားလုံးက တိတ္ေနၾကေတာ့ေလ"
၀မ်နော့က နီရဲေနတဲ့ မ်က္ႏွာနဲ႕ ေျပာတယ္။

"ဒါက ပထမေန႕ဆိုေတာ့ ျဖတ္တတ္ပါတယ္။ မင္း ေနာက္ပိုင္းေတာ့ က်င့္သားရသြားမွာပါ"
က်ိဳင္ရွင္းခ်န္က ႏွစ္သိမ့္ေပးတယ္။

  "မင္းတို႔ႏွစ္ေယာက္ အခ်င္းခ်င္း မိတ္မဆက္ ၾကဘူးလား။ အခု မင္းတို႔ နာမည္ေျပာလိုက္တာကို မေတြ႕လိုက္ဘူး"
သြမ့္ရီဟြားက ေျပာလာတယ္။

က်ိဳင္ရွင္းခ်န္က သူက ေဖး႐ႊီရဲ႕ နာမည္ကို သိပါတယ္လို႔ ေျပာေတာ့မယ့္အခ်ိန္မွာ ေဖး႐ႊီက ေမာ့ေတာင္ မၾကည့္ဘဲ ေျပာလာတယ္။

"ေဖး႐ႊီ"

မထူးျခားတဲ့သူ႕ေလသံက တကယ္နားေထာင္ေကာင္းတယ္။ ရစ္မူးဖို႔ေကာင္းတဲ့အျပင္ ေျပျပစ္မႈလည္းရွိတယ္။ သူက ပါးစပ္ကို ဖြင့္လိုက္႐ုံနဲ႕တင္ အားလုံးက ရွက္သလိုလိုနဲ႕ ၀ိုင်းကြည့်ကြတော့တယ်။

က်ိဳင္ရွင္းခ်န္ကလည္း ျပန္ေျပာတယ္။
"ကြၽန္ေတာ္ရဲ႕ နာမည္က က်ိဳင္ရွင္းခ်န္ပါ"

နာမည္ကို မိတ္ဆက္ၿပီးတာနဲ႕ အေျခအေနကၿငိမ္သက္သြားျပန္တယ္။ ဒါေပမဲ့ မၾကာခဏဆိုသလို ေဖး႐ႊီကို ခိုးခိုးၾကည့္ေနၾကသူေတြရဲ႕ စိတ္လႈပ္ရွားမႈက ထိန္းခ်ဳပ္လို႔ မရနိင္ေအာင္ ျဖစ္ေနတယ္။

ဒါေပမဲ့ ေဖး႐ႊီကေတာ့ ဘယ္သူ႕ကိုမွ အာ႐ုံစမစိုက္တဲ့အျပင္ ေမာ့ေတာင္ မၾကည့္ဘူး

တခဏခန႔္အၾကာမွာ တစ္စုံတစ္ေယာက္က တံခါးဖြင့္၀င္လာတာကို ျမင္လိုက္ရတယ္။

   "တစ္ေယာက္ေယာက္ လာၿပီထင္တယ္"
၀မ်နော့က ေျပာၿပီး မတ္တပ္ထရပ္္တယ္။

သူရဲ႕ စကားမဆုံးခင္မွာတင္ အရပ္အလြန္ရွည္ၿပီး သန္သန္မာမာ ေထာင္ေထာင္ေမာင္းေမာင္းရွိတဲ့ အမ်ိဳးသားတစ္ေယာက္က ခရီးေဆာင္အိတ္ကို ဆြဲၿပီး၀င္္လာတယ္။

က်ိဳင္ရွင္းခ်န္ရဲ႕ မ်က္၀န္းေတြက ေတာက္ပသြားတယ္။

ေဟာ့ခ်န္း...... ခ်ီတ်န္းရဲ႕ အဓိက ဇာတ္လိုက္.....

မြောက်ပိုင်းဇာတ်ိဖြစ်ပြီး ထူးခြၽန္တဲ့ မ်က္ႏွာသြင္ျပင္ေတြရွိိတယ္။ ႂကြက္သားအျပည့္ရွိၿပီး ဂ်ဳံလို အသားရောင်၇ှိတယ်။ စိတ္သေဘာထားက ပြင့္ပြင့္လင္းလင္းရွိၿပီး  ၾကည့္လိုက္္႐ုံနဲ႕တင္ အရမ္းကို ယောကျၤားပီသတဲ့ ပုံစံျဖစ္တယ္။

ေဖး႐ႊီလို ေ႐ႊဇြန္းကိုက္ၿပီး ေမြးလာတာ မဟုတ္ဘဲ ေဟာ့ခ်န္းက ေျမာက္ပိုင္းက တိုင္းျပည္ငယ္ေလးက လာတယ္။ သူက တ႐ုတ္က ထိပ္တန္းတကၠသိုလ္ကို ၀င်နိုင်အောင် ျပင္းျပင္းထန္ထန္ စာႀကိဳးစားခဲ့ရတယ္။ သူက အရမ္းေခ်ာတဲ့အျပင္ အရမ္းေကာင္းတဲ့ ခႏၶာကိုယ္ကိုလည္း ပိုင္တယ္။ သူက အားကစားေတြကိုသေဘာက်ၿပီး မဂၢဇင္းေတြရဲ႕ မ်က္ႏွာဖုံးမွာ ခဏခဏ ပါတတ္သူ ျဖစ္တယ္။

-----

T/N

spoilerေတြ ေပးတာ လက္မခံပါဘူး

တစ္ပုဒ္လုံးစာ ၿခဳံၿပီး၂ခုေတာ့ေပးလိုက္မယ္

၁... harem ဆိုေပမဲ့ ေနာက္ဆုံးမွာ ရွင္းခ်န္က သူ ခ်စ္တဲ့ တစ္ေယာက္ကို ေ႐ြးခ်ယ္သြားမွာပါ

ဘယ္သူဆိုတာ spoilerလက္မခံပါဘူးေနာ္...spoil ရင္ muteမွာပါ...ဟုတ္တယ္ စိတ္ဆိုးမွာ

၂ dramaမပါေပမဲ့ ခ်စ္ျခင္းေၾကာင့္ ျဖစ္လာတဲ့ ေပ်ာ္႐ႊင္စရာ မေကာင္းတဲ့ခံစားခ်က္နည္းနည္းေတာ့ပါမွာပါ...ဒါေပမဲ့ အဓိကခံစားခ်က္ကိုက နာက်င္မႈနဲ႕ ေက်နပ္မႈေရာေနတာမ်ိဳးပါ... ဒီေလာက္ပါပဲ

ဒါကိုလည္း မspoilပါနဲ႕.... စိတ္ဆိုးမွာပါ...

Continue Reading

You'll Also Like

18.6K 3K 30
This is not my own story. This is just fun translation. Credits to original author. Credits to Eng translator. Associated Names_归隐乡野 Type_Chinese Nov...
944K 49.9K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
95K 12.9K 53
Back To The Countryside [ Myanmar Translation ] Author - 北冥魑 Original publisher - jjwxc Associated names - 归隐乡野 Status in COO - 96 Chapters + 2 Extr...