"မောင်...ဒီနေ့ ထယ်...ခွင့်တစ်ရက် ယူမယ်နော်..ကုမ္ပဏီ မလိုက်တော့ဘူး”
"ဘာဖြစ်လို့လဲ ထယ်...နေမကောင်းလို့လား”
ဂျောင်ဂုပြောရင်း ထယ်ယောင်း နဖူးကို လက်နဲ့စမ်းလိုက်သည်။
"မဟုတ်ဘူးမောင်..ထယ်..ထမင်းမချက်တာကြာလို့..အဲတာ မောင်တို့ကို ထယ် ကိုယ်တိုင် နေ့လည်စာ ချက်ကျွေးချင်လို့"
"ထယ်ကလဲ အိမ်မှာ ...အလုပ်သမားတွေရှိနေတာပဲ့"
"မောင်ကလဲ ..ထယ် တကယ်ချက်ကျွေးချင်လို့ပါဆို"
"အင်းပါ..ကောင်းပါပီ ဂူဂူလေးရော"
"အိမ်ရှေ့မှာ ထင်တယ် ..ဂူဂူရေ ဂူဂူ"
"ဗျာ..ပါးပါး"
"ဒယ်ဒီနဲ့ အလုပ်လိုက်သွားမလား..ပါးပါး အိမ်မှာ ဟင်းချက်ကျန်ခဲ့မလို့ ..နေ့လည်ကျ ပါးပါး နေ့လည်စာ လာကျွေးမယ်နော်"
"ဟုတ်..ပါးပါး..ပါးပါးလက်ရာကို ဂူဂူ မစားရတာကြာပီ..လွမ်းနေတာ"
"အင်း..အာ့ဆို ..ဒယ်ဒီနဲ့ လိုက်သွားလိုက်နော်..ပါးပါး စပယ်ရှယ် ချက်ကျွေးမယ် "
"ဟုတ်ကဲ့ ပါးပါး"
"ထယ် ..မောင်တို့ သွားတော့မယ်နော်..နေ့လည်ကျ မောင်လာခေါ်ရမလား"
"ရတယ် မောင် ..ထယ် ..ကားငှားလိုက်လာမယ်..မောင်သာအလုပ်သေချာလုပ်နော်"
"မောင်လာခေါ်မယ် ထယ်ရယ်"
"ရပါတယ်ဆို မောင်ကလဲ"
"အင်း ပါ အာ့ဆို လဲ မောင်တို့ သွားပီ..လာ ဂူဂူလေး"
ဂျောင်ဂု ဂူဂူ့လက်ဆွဲကာ ကုမ္ပဏီသို့ ကားမောင်းထွက်လာလိုက်သည်။ဒီေန့ထယ်ယောင်း ဂျောင်ဂုတို့ကို နေ့လည်စာချက်ကျွေးချင်လို့ အိမ်မှာ ဟင်းချက်ကျန်ခဲ့သည်။အလုပ်သမားလေးနှစ်ယောက်က နံဘေးက ကူပေးနေသည်။ဂျောင်ဂုတို့အိမ်မှာ မိန်းကလေး အလုပ်သမား မခန့်ပေ။ဂျောင်မင်က ဓာတ်ပုံကိစ္စနဲ့ မနက်အစောကြီးတည်းက ထွက်သွားသည်။အိမ်မှာ ထယ်ယောင်းနဲ့ ဂျွန်ကတော် နှစ်ယောက်တည်း။
"မဂ်လာပါ စီအီးအို"
"ဟုတ်ကဲ့ မန်နေဂျာလီ ဒီနေ့ရော ဘာအစီအစဉ်ရှိလဲ"
"အတွင်းရေးမှုးကင်မ်ရော ပါမလာဘူးလား"
"ဒီနေ့ သူခွင့်ယူထားတယ် "
"အော် ဟုတ်ကဲ့..ဒီနေ့ လုပ်ငန်း သုံးဆယ်ကျော်က စာတွေရောက်နေပါတယ် ကုန်ပစ္စည်းမူကြမ်းတွေပါ"
"ဗျာ..များလှချည်လား မန်နေဂျာ"
"ဟုတ်ပါတယ် စီအီးအို..သူတို့က အပြိုင်အဆိုင် လာကမ်းလှမ်းကြတာပါ..ဒါတောင်ကျန်သေးတယ် ...အဲတာ စီအီးအို ပြီးတာနဲ့ သူတို့ကို ကျွန်တော်အကြောင်းပြန်ပေးရမာမို့"
"အင်းပါ..ပေး..ကျွန်တော် ကြည့်စီစဉ်လိုက်မယ် .သွားလို့ရပါပီ ဒီနေ့အပြီး လုပ်ပေးမယ်"
"ဟုတ်ကဲ့ "
မန်နေဂျာ လီ ခေါင်းငုံ့အရိုအသေပေးကာ ထွက်သွားသည်။ဂျောင်ဂုတို့ Jeon Group ကုမ္ပဏီ က အသုံးအဆောင်ပစ္စည်း စားသောက်ကုန် ဆေးဝါး အတွက်ကုန်ပစ္စည်းတွေ ဘက်စုံထုတ်တဲ့ ကုမ္ပဏီဖြစ်သည်. တစ်ဖက်ကုမ္ပဏီက ကုန်ပစ္စည်း မူကြမ်းသာ ဆွဲပေးရသည်.အရည်အသွေး ကောင်းမကောင်းက ဂျောင်ဂုတို့ ရွေးချယ်ရသည်.သဘောမကျရင် သဘောမကျသလို ပြတ်ပြတ်သားသား အကြောင်းပြန်ရသည်.သူတို့ထုတ်တဲ့ ကုန်ပစ္စည်း တိုင်းကို လူတိုင်းသဘောကျသည်.Top 1ဖြစ်နေသည်က တစ်ကြောင်း ခေတ်မီသည်က တစ်ကြောင်းဆိုတော့ ပူးပေါင်းချင်ကြတဲ့ ကုမ္ပဏီတွေ များသည်။
"ဟင်း..အောင်မြင်နေရတာလဲ မလွယ်ပါလား..အောင်မြင်လေ အလုပ်များလေ..ဟူး..ထယ်ကလဲ ဒီနေ့မှ ခွင့်ယူရတယ်လို့..."
ဂျောင်ဂု စာရင်းတွေကြည့်ကာ သက်ပြင်းချနေလေသည်။ဂူဂူလေးကတော့ ၀န်ထမ်းတွေနဲ့ ပြုံးလို့ရွှင်လို့ တစ်ယောက်ပီးတစ်ယောက်နှုတ်ဆက်နေသည်။
"ဂူဂူရေ အဝေးကြီးမသွားနဲ့နော် ဒယ်ဒီအလုပ်လုပ်လိုက်အုံးမယ်"
"ဟုတ်ကဲ့..ဒယ်ဒီ"
ဂျောင်ဂု တစ်ယောက် ခုံပေါ်ထိုင်ကာ အလုပ်စလုပ်တော့သည်။ခနကြာတော့ အစ်ကိုဟိုဆော့ အထုပ်တစ်ထုပ်ဆွဲကာ ဂျောင်ဂုအခန်းထဲ၀င်လာသည်။
"ဂျောင်ဂု"
"အာ..အစ်ကို...မတွေ့တာကြာပီနော်"
"အင်း...ဒီရက်ပိုင်း ဟိုတယ်မှာ အလုပ်ရှုပ်နေလို့ ...အော် ဒါနဲ့လေ ဒီမှာ"
ဟိုဆော့ ပြောရင်း လက်ထဲက အထုပ်ကို ဂျောင်ဂုစားပွဲပေါ်တင်လိုက်သည်။
"ဘာတွေလဲ အစ်ကို"
"ဖွင့်ကြည့်လိုက်လေ"
ဟိုဆော့ ပြောတော့ဂျောင်ဂု သေသေချာချာ အနီရောင်လေးထောင့်ဘူးလေးနဲ့ ထုတ်ပိုးထားသော အထုပ်ကို ဖွင့်လိုက်သည်။
."ဟာ..ချောကလက် တုံးတွေပါလား"
"ဟုတ်တယ်ဂျောင်ဂု..အဲတာ ချန်နန်ကုမ္ပဏီကပို့လိုက်တာ... ကလေးတွေအတွက်အထူးထုတ်လုပ်ထားတာတဲ့... အဲတာ မင်းဆီပို့ခိုင်းလိုက်လို့ လာပို့တာ...ဒါသွားလိုက်အုံးမယ်."
"အစ်ကို ကော်ဖီသောက်သွားအုံးလေ"
"နေပါစေဂျောင်ဂု ...ရတယ်"
ဟိုဆော့ ထွက်သွားသည်။ ဂျောင်ဂု ချောကလက်တုံးတစ်တုံးယူကာ မြည်းကြည့်လိုက်သည်။
"အင်း..အရသာက မဆိုးဘူးပဲ့..ထုတ်ထားတာ သန့်ရှင်းသေသပ်တယ် ကျန်းမာရေးအတွက်လဲ အဆင်ပြေသားပဲ့..ကလေးတွေအတွက်ထုတ်ထားတာဆိုတော့ ဂူဂူကိုခေါ်ပြီးစမ်းခိုင်းရမယ် ....ဟုတ်ပီ"
ဂျောင်ဂု ပြောရင်း အနားက ၀န်ထမ်းတစ်ယောက်ကို ခေါ်ကာ ဂူဂူလေးကို ရှာပီး သူ့ဆီပို့ခိုင်းလိုက်သည်။ခနကြာတော့ ဂူဂူလေးရောက်လာသည်။
"ဒယ်ဒီ...ဂူဂူကို ခေါ်တယ်ဆို"
"အင်း...လာ ဒီနား လာထိုင်"
ဂူဂူ ဂျောင်ဂု ပြသော ထိုင်ခုံလေးမှာ၀င်ထိုင်လိုက်သည်။ဂူဂူထိုင်လိုက်သည်နှင့် ဂျောင်ဂု ချောကလက် တုံးတစ်တုံးယူကာ ဂူဂူလေးဆီ ကမ်းလိုက်သည်။
"ဒါက ဘာတွေလဲ ဒယ်ဒီ"
"ချောကလက်လေ ဂူဂူ..အဲတာ ဒယ်ဒီ ဂူဂူ့ကို မြည်းခိုင်းမလို့ စားကြည့်ပါလား ဘယ်လိုနေလဲလို့"
"ဟင်..ဂူဂူ ချောကလက်စားလို့မရဘူး ဒယ်ဒီ"
"နည်းနည်းလေးပဲ့စားကြည့်ပါလား ဂူဂူ"
"ဟင့်အင်း..ဒယ်ဒီ...ဂူဂူ ချောကလက် စားလို့မရဘူး ဂူဂူက"
"ဂျွန်ဂူဂူ ...ဒါလေးစားခိုင်းနေတာကို မင်းကိုငါ အဆိပ်ကျွေးတယ်ထင်နေတာလား"
"ဟင့်..ဒယ်ဒီ...ဂူဂူ့ကို ဆူတယ်...ဟင့်...ဒယ်ဒီကို ...မုန်းတယ် ...အင့်...ဟင့်"
"မဟုတ်ဘူး..လေ ဂူဂူ...ဒယ်ဒီက"
ဂျောင်ဂု ပြောနေတုန်းရှိသေး ဂူဂူလေး ပြေးထွက်သွားသည်။ဂျောင်ဂု ပြောေနရင်းတန်းလန်းနဲ့ကျန်ခဲ့သည်။နဂိုကတည်းကလဲ စိတ်ဆတ်တဲ့သူ...အလုပ်တွေလဲ ရှုပ်နေတာနဲ့ ဂျောင်ဂု မရည်ရွယ်ပဲ ေအာ်လိုက်မိသည်။
"ဒီကေလး အလိုလိုက်ထားလို့များလား နည်းနည်းလေး လေသံမာလို့တောင်မရဘူး .ဒါလေးစားခိုင်းတာကို ဟင်း..စိတ်ကောက်ရာမှာတော့ လိုက်မမှီတော့ဘူး......နောက်မှပဲ့ ချော့တော့မယ် "
ဂျောင်ဂု လျစ်လျူရှုကာ အလုပ်လုပ်နေလိုက်သည်။
ထယ်ယောင်း တစ်ယောက် မီးဖိုခန်းမှာ အလုပ်ရှုပ်နေသည်။ ချက်တဲ့ဟင်းတွေလဲ စုံလို့ ။ချက်လို့ ပြီးသွားတာနဲ့ ထမင်းစားချိန်ရောက်နေပီမို့ ကုမ္ပဏီသွားဖို့ ထုတ်ပိုးပြင်ဆင်သည်.။ရေမိုးချိုး အဝတ်အစားလဲကာ အောက်ထပ်ဆင်းလာတော့ ထမင်းဝိုင်းမှာ ထိုင်နေတဲ့ ဂျွန်ကတော်ကို တွေ့လိုက်သည်။
"သူဌေး ..ဗိုက်ဆာနေပီလား ကျွန်တော် ပြင်ဆင်ထားတယ်နော်"
"အမေလို့ခေါ် ...ငါ့ကိုအမေလို့ခေါ်"
"ဟင်"
"မဟင်နဲ့ ...မင်းက ငါ့သားမက်မလား...ဂျောင်ဂု ကလဲ မင်းကို ချစ်သလို ငါလဲ မင်းကိုကြည်ဖြူရမာပေါ့"
"ဟုတ်ကဲ့ မေမေ"
"ငါ တောင်းပန်ပါတယ်ထယ်ယောင်း"
"ဟင် ဘာလို့လဲ အမေ"
"ငါ အရင်က ဂျောင်ဂုကို နင်နဲ့ မတွေ့အောင် နင့်ကိုယ်ရေးမှတ်တမ်းတွေ ငါ ဖွက်ထားမိတယ် ခြောက်နှစ်သာကြာသွားတယ် ငါ့သားက နင့်ကိုဆို သိပ်ချစ်တာ ဒီခြောက်နှစ်အတွင်း ရှာနေတုန်း ...ထယ်ယောင်းရယ်...နင်တို့ ချစ်ခြင်းက သိပ်ကိုဆန်းကြယ်တယ် အဲအတွက် တောင်းပန်ပါတယ်နော်"
"ရပါတယ် အမေ ...ကျွန်တော် ဘာမှ မဖြစ်ပါဘူး စိတ်ထဲဘာမှ မထားပါနဲ့နော်"
ထယ်ယောင်းပြောကာ ဂျွန်ကတော် လက်ကို ဆုပ်ကိုင်လာေလသည်။ဂျွန်ကတော်လဲ ပြန်ဆုပ်ကိုင်လာကာ
"သွားတော့လေ..နောက်ကျနေပီမလား"
"အော်..ဟုတ် အမေ ထမင်းစားနှင့်နော်"
"အင်း"
ထယ်ယောင်း ထမင်းဘူးတွေ ဆွဲကာ ကုမ္ပဏီသို့ကားငှားထွက်လာခဲ့သည်။ကုမ္ပဏီရောက်တော့
"မောင်"
"ဟာ..ထယ် ..လာပီလား..အများကြီးလွမ်းနေခဲ့တာ"
"ဟွန့်..ပိုကိုပိုတယ်..ဒါနဲ့ ဂူဂူလေးရော"
"မောင့်ကို စိတ်ကောက်လို့ ထွက်သွားပြီလေ ဘယ်ကို ရောက်သွားလဲ မသိဘူး"
"ဘာလို့လဲ မောင်ရယ် ဂူဂူက တော်ရုံဆို အဲလို မဖြစ်တတ်ဘူး"
"ဒီမှာလေ..ထယ် ..မောင်က အဲတာလေး နည်းနည်းပဲ့ မြည်းကြည့်ခိုင်းတာ အတင်းငြင်းနေလို့ လေသံလေးနည်းနည်းမာလိုက်တာ စိတ်ဆိုးသွားတယ်"
"ဟင်..ဒါက ချောကလက်တွေမလား မောင်"
"ဟုတ်တယ်လေ ..ဘာလို့လဲ"
"မောင်တော့အကြီးကြီးမှားပီပဲ့"
"ဟင် ဘာလို့လဲ"
"ချောကလက်က ဂူဂူနဲ့ မတည့်ဘူးမောင်ရဲ့...သူငယ်ငယ်တုန်းက အဲတာ စားမိတာ နှစ်ကြိမ်တောင်ဆေးရုံတင်လိုက်ရတယ်..နှစ်ရက် သုံးရက် လောက်မနှိုးပဲနေတာ"
"ဟာ..ဟုတ်လား..အဲတာကို မောင် အစောက သိခဲ့ရမာ..သွားပီ "
ဂျောင်ဂု ကိုယ့်နဖူးကိုယ် ရိုက်ကာ ရင်တမမနဲ့ ဖြစ်နေသည်။
"လာ..ဂူဂူကို သွားရှာရအောင်"
"အင်း ထယ်"
ဂျောင်ဂုတို့ တစ်ခန်းပီးတစ်ခန်း ပတ်မေးကာ ရှာနေသည်။ကုမ္ပဏီတစ်ခု လုံးသာ အခန်းတွေကုန်သွားတယ် ရှာလို့ မတွေ့။ဂျောင်ဂု စိုးရိမ်စပြုကာ ငိုပါတော့သည်။
"ဟင့်...အင့်..အင့် ..မောင် မောင် တောင်းပန်ပါတယ်ထယ်..ဒါ မောင့်ကြောင့်ဖြစ်တာ ဟင့် "
"အယ် ..မောင်ကလဲ စိတ်အေးအေးထားမှပေါ့ ..အဲလိုငိုနေတော့လဲ ဘာထူးမလဲ .ဟော..အမိုး အမိုး ကျန်သေးတယ်"
ထယ်ယောင်းပြောရင်း ဂျောင်ဂုကိုခေါ်ကာ အမိုးပေါ်တက်သွားသည်။ခုံတန်းလေးမှာ ဂူဂူလေး ထိုင်ငိုနေတာ တွေ့လိုက်သည်။
"ဂူဂူ"
"ဟင့်...ပါးပါး ..ပါးပါး ဒယ်ဒီလေ ဂူဂူကိုဆူတယ် ဟီး အီး ပါးပါးတောင် ဂူဂူကိုမဆူဖူးတာ ဒယ်ဒီကျ ဆူတယ် ဟင့် "
"ဒယ်ဒီ တောင်းပန်ပါတယ် ဂူဂူ ဒယ်ဒီမသိလို့ပါ"
"ဟင့်အင်း ..ဂူဂူ မသိဘူး ပါးပါး..ဒယ်ဒီကိုဆူ"
ထယ်ယောင်းကိုဖက်ကာ ဂူဂူ တိုင်နေလေသည်။
ထယ်ယောင်းလဲ ဂျောင်ဂုဖက်လှည့်ကာ မျက်လုံးတစ်ဖက် မှိတ်ပြရင်း
"ကဲ..ဒီ ဒယ်ဒီတော့ ..ရိုက်လိုက်ရင် နာတော့မယ် ကလေးကို များ ဆူရတယ်လို့ ...ပြန်တောင်းပန်လိုက်အခု"
"တောင်းပန်ပါတယ် ထယ်ရယ် မှားပါတယ်..ဂူဂူ ဒယ်ဒီတောင်းပန်ပါတယ် နောက် ဘယ်တော့မှ လေသံတောင်မမာတော့ပါဘူး ဆူလဲ မဆူတော့ပါဘူး ခွင့်လွတ်ပေးနော် ဒယ်ဒီကို"
လက်နှစ်ဖက်နဲ့ နားရွက်ကိုင်ကာ တောင်းပန်တော့ ဂူဂူ တစ်ခစ်ခစ်နဲ့ ရယ်လာသည်။
"ကျေနပ်ပီလား ဂူဂူ"
"ဟုတ်ကဲ့ပါးပါး..ဂူဂူ ကျေနပ်ပီ...ဒယ်ဒီက ကလေးကြီးကျနေတာပဲ့ ရယ်ရတယ် ဟီးဟီး"
"ကဲ ..ဂူဂူ လာ ဒယ်ဒီဆီကို"
ဂျောင်ဂု ဂူဂူကိုပွေ့ဖက်ကာ
"ချစ်တယ် ဒယ်ဒီသားလေး ဒယ်ဒီကိုလဲ ချစ်တယ်မလား"
"ဟုတ် ချစ်တယ် ဒယ်ဒီ"
သားအဖနှစ်ယောက် တင်းကျပ်စွာဖက်ထားရင်း တစ်ယောက်ကိုတစ်ယောက် ပြောနေလေသည်။ ထယ်ယောင်းတစ်ယောက် ကြည့်ရင်း မျက်ရည်ဝဲလာရသည်။ေဂျာင်ဂုတို့ သုံးယောက် ယူလာသော ထမင်းဘူးတွေဖွင့်ကာ နေ့လည်စာ အတူစားကြသည်။ ထမင်းစားပြီးသွားတော့ ဂျောင်ဂုနဲ့ ထယ်ယောင်း အလုပ်ပြန် လုပ်ကြသည်။ ဂူဂူကတော့ ကစားစရာ အရုပ်တွေနဲ့ေဂျာင်ဂုအခန်းထဲ တစ်ယောက်တည်းကစားနေသည်။ကြာလာတော့ ဂူဂူပျင်းလာတာနဲ့ ဂျောင်ဂုဆီသွားကာ ပြောတော့သည်။
"ဒယ်ဒီ ..ဂူဂူ ...ပျင်းလာပီ...ဒီမှာ ဂူဂူလိုရွယ်တူ တွေ မရှိဘူးလား ဟင်"
"ဒီမှာက လူကြီးတွေပဲ့ရှိတာ ဂူဂူရယ်...အော် အကြံရပီ ..ဂူဂူက ညီလေး လိုချင်နေပီ ထင်တယ်"
"ဟာ ..ဒယ်ဒီ ဘယ်လို သိတာလဲ"
"သိပ်သိတာပေါ့ ..စိတ်မပူနဲ့ ဂူဂူ ဒါမျိုး က ဒယ်ဒီ ကျွမ်းတယ် ..ဂူဂူညီလေးရအောင် လုပ်ပေးမယ်"
"ဒယ်ဒီက ဘယ်လိုလုပ်မှာလဲ ..ပြီးတော့ ဒယ်ဒီမွေးမှာလား"
"မွေးမှာက ဒယ်ဒီ မဟုတ်ဘူးလေ ...ဒယ်ဒီက လုပ်ပဲ့လုပ်ပေးမှာ ..ပါးပါးကို မွေးခိုင်းမှာ ဂူဂူကိုတောင် အဲလို ထွက်အောင် ဒယ်ဒီလုပ်ပေးထားတာပဲ့ဟာကို 😝"
"ဟုတ်ပီ ..ဒယ်ဒီ ..ဂူဂူ စောင့်နေမယ်"
"ကဲ ..ရိုက်လိုက်ပါအုံး"
ဂျောင်ဂု လက်ထောင်ပြပီး ရိုက်မယ့်ပုံစံလုပ်ပြတော့ ဂူဂူလဲ လက်သေးသေးလေးနဲ့ ပြန် ရိုက်လိုက်သည်။
…ဖြောင်း....
ညနေရောက်တော့ အိမ်ပြန်လာကြသည်။ထယ်ယောင်း တစ်ယောက် ခေါင်းမူးချင်သလိုလို ဖြစ်လာတာနဲ့ ဧည့်ခန်းက ဆိုဖာပေါ် ထိုင်နေလိုက်သည်။
"ကဲ...လာကြ လာကြ...တော့ပူကီ ပူပူလေး စားကြရအောင်"
ဂျွန်ကတော် တော့ပူကီ ထည့်ထားတဲ့ ခွက်လေး ကိုင်ကာ ဧည့်ခန်းဆီရောက်လာသည်။တော့ပူကီအနံ့ရတော့ ထယ်ယောင်း ပျို့အန်လာတော့သည်။
"အော့..."
"ဟင်..ထယ် နေမကောင်းဘူးလား ဘာဖြစ်တာလဲ"
ဂျောင်ဂု ပျာပျာသလဲလဲ ဖြစ်ပြီး ထယ်ယောင်းကို ထိန်းကိုင်ထားသည်။
"အော့.....အော့...အနံ့...အနံ့"
ထယ်ယောင်း ပြောရင်း မေ့လဲကျသွားတော့သည်။
"ဟင်...ထယ်...ထယ်...ဆရာ၀န် ...မေမေ ဆ...ဆရာ၀န်ခေါ်ပေး ထယ် ဘာဖြစ်သွားလဲ မသိဘူး "
"အော်...အေ...အေ..အေ"
ဂျောင်ဂု ပြောလိုက်ေတာ့ ဂျွန်ကတော် ကြောင်ကြည့်နေရာမှ သတိ၀င်ကာ မိသားစု ဆရာ၀န်ဆီ ဖုန်းဆက်တော့သည်။
မောင့်မူပိုင် 💜 Part 17
"ဗျာ..ပါးပါး"
"ဟုတ်ကဲ့ ပါးပါး"
"ရပါတယ်ဆို မောင်ကလဲ"
"မဂ်လာပါ စီအီးအို"
"ဟုတ်ကဲ့ "
"ဟုတ်ကဲ့..ဒယ်ဒီ"
"ဂျောင်ဂု"
"ဘာတွေလဲ အစ်ကို"
"ဖွင့်ကြည့်လိုက်လေ"
"နေပါစေဂျောင်ဂု ...ရတယ်"
"အင်း...လာ ဒီနား လာထိုင်"
"ဒါက ဘာတွေလဲ ဒယ်ဒီ"
"ချောကလက်လေ ဂူဂူ..အဲတာ ဒယ်ဒီ ဂူဂူ့ကို အြည်းခိုင်းမလို့ စားကြည့်ပါလား ဘယ်လိုနေလဲလို့"
"ဒီကလေး အလိုလိုက်ထားလို့များလား နည်းနည်းလေး လေသံမာလို့တောင်မရဘူး .ဒါလေးစားခိုင်းတာကို ဟင်း..စိတ်ကောက်ရာမှာတော့ လိုက်မမှီတော့ဘူး......နောက်မှပဲ့ ချော့တော့မယ် "
"ဟင်"
"ဟုတ်ကဲ့ မေမေ"
"ဟင် ဘာလို့လဲ အမေ"
"အင်း"
"မောင်"
"ဟုတ်တယ်လေ ..ဘာလို့လဲ"
"ဟင် ဘာလို့လဲ"
"အင်း ထယ်"
"ဂူဂူ"
"ကျေနပ်ပီလား ဂူဂူ"
"ကဲ ..ဂူဂူ လာ ဒယ်ဒီဆီကို"
"ဟုတ် ချစ်တယ် ဒယ်ဒီ"
"ဟာ ..ဒယ်ဒီ ဘယ်လို သိတာလဲ"
"ကဲ ..ရိုက်လိုက်ပါအုံး"
…ဖြောင်း....
"အော့..."
"အော့.....အော့...အနံ့...အနံ့"
"အော်...အေ...အေ..အေ"
ဂျောင်ဂု ပြောလိုက်တော့ ဂျွန်ကတော် ကြောင်ကြည့်နေရာမှ သတိဝင်ကာ မိသားစု ဆရာဝန်ဆီ ဖုန်းဆက်တော့သည်။
ကဲ...နောက်တစ်ပိုင်း ...ဇာတ်သိမ်းပိုင်းလေး ..မျှော် 🤸