IDOL

De Thurein__

48.2K 3.2K 580

Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း Mai multe

IDOL (Intro)
(Announcement)
1 (Uni)
1 (Zawgyi)
2 (Uni)
2 (Zawgyi)
3 (Uni)
3 (Zawgyi)
4 (Uni)
4 (Zawgyi)
(A/N)
5 (Uni)
5 (Zawgyi)
6 (Uni)
6 (Zawgyi)
7 (Uni)
7 (Zawgyi)
8 (Uni)
8 (Zawgyi)
9 (Uni)
9 (Zawgyi)
10 (Uni)
10 (Zawgyi)
11 (Uni)
11 (Zawgyi)
12 (Uni)
12 (Zawgyi)
13 (Uni)
13 (Zawgyi)
14 (Uni)
14 (Zawgyi)
15 (Uni)
15 (Zawgyi)
16 (Uni)
16 (Zawgyi)
17 (Uni)
17 (Zawgyi)
18 (Uni)
18 (Zawgyi)
19 (Uni)
19 (Zawgyi)
20 (Uni)
20 (Zawgyi)
21 (Uni)
21 (Zawgyi)
22 (Uni)
22 (Zawgyi)
23 (Uni)
23 (Zawgyi)
24 (Uni)
24 (Zawgyi)
25 (Uni)
25 (Zawgyi)
26 (Uni)
26 (Zawgyi)
27 (Uni)
27 (Zawgyi)
28 (Uni)
28 (Zawgyi)
29 (Uni)
29 (Zawgyi)
30 (Uni)
30 (Zawgyi)
Members' Biology
31 (Uni)
31 (Zawgyi)
CLICK!!
32 (Uni)
32 (Zawgyi)
33 (Uni)
33 (Zawgyi)
34 (Uni)
34 (Zawgyi)
35 (Uni)
35 (Zawgyi)
36 (Uni)
36 (Zawgyi)
37 (Uni)
37 (Zawgyi)
38 (Uni)
38 (Zawgyi)
39 (Uni)
39 (Zawgyi)
40 (Uni)
40 (Zawgyi)
41 (Uni)
41 (Zawgyi)
42 (Uni)
42 (Zawgyi)
43 (Uni)
43 (Zawgyi)
44 (Uni)
44 (Zawgyi)
45 (Zawgyi)
46 (Uni)
46 (Zawgyi)
47 (Uni)
47 (Zawgyi)
48 (Uni)
48 (Zawgyi)
49 (Uni) 🔞
49 (Zawgyi) 🔞
50 (Uni)
50 (Zawgyi)
51 (Uni)
51 (Zawgyi)
52 (Uni)
52 (Zawgyi)
53 (Uni)
53 (Zawgyi)
54 (Uni)
54 (Zawgyi)
55 (Uni)
55 (Zawgyi)
56 (Uni)
56 (Zawgyi)
57 (Uni)
57 (Zawgyi)
58 (Uni)
58 (Zawgyi)
59 (Uni)
59 (Zawgyi)
60 (Uni)
60 (Zawgyi)
61 (Uni)
61 (Zaw gyi)
62 (Uni) 🔞
62 (Zawgyi) 🔞
63 (Uni)
63 (Zawgyi)
64 (Uni)
64 (Zawgyi)
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
Thanking

45 (Uni)

296 31 2
De Thurein__

"Choi_Chaung_Hee_Out!"

"APOLOGIZE_to_UYaw"

Twitter မှာ Trending ဖြစ်နေတဲ့စာသားတွေကိုမြင်ပြီး ညီညီလန့်သွားသည်။ ဘာတွေလဲ။ What? Worldwide Trending မှာတောင် နံပါတ်သုံးတဲ့လား။ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။ ဟိုးအမြင့်ကြီးကနေပြုတ်ကျတဲ့ခံစားချက်လို့ တလှပ်လှပ်နဲ့ ဘာမှမစဥ်းစားမိတော့။ သတင်းရင်းမြစ်ကိုရှာကြည့်လိုက်သည်။ 

"Artist-K အဖွဲ့ဝင် ချွဲချောင်ဟီးသည် FLASH အဖွဲ့ဝင် ကင်ယူရောအား ကိုယ်ထိလက်ရောက်စော်ကားခဲ့။ Artist-K တစ်ဖွဲ့လုံးဝေဖန်ခံနေရပြီး ချွဲချောင်ဟီးအား အဖွဲ့ထဲမှထွက်ရန် K netizens တောင်းဆိုနေ" တဲ့။

ဟမ်။ ဘယ်လိုတောင်မဖြစ်နိုင်တာကို။

"ဒုန်း...."

အခန်းတံခါးသံက ကျယ်လောင်စွာထွက်လာသည်။ ဇေရယ် စိုးရိမ်တကြီးနဲ့ပြေးဝင်လာတာဖြစ်၏။ သူလည်း ဒီသတင်းတွေကိုခုပဲတွေ့တာနေမယ်။ မနေ့က ဖန်မီတင်းအပြီး အိမ်ပြန်ရောက်ကတည်းက စိတ်ကိုဒုန်းဒုန်းချပြီးအိပ်လိုက်တာ။ အိပ်ရာနိုးနိုးချင်း မြင်ရသည့်သတင်းက ရင်ဝကိုဆောင့်အကန်ခံလိုက်ရသလိုပဲ။ ဖုန်းလည်းဝင်မထားဘူး။ ဘာလို့ငါ့ကိုဖုန်းမဆက်ကြတာလဲ။ အဝေးရောက်နေတာကလည်းရောက်တာပေါ့။ အသိတော့ပေးရမယ်မလား။

"ညီညီ သတင်းတွေတွေ့ပြီးပြီလား"

"အင်း ငါအခုပြန်မှဖြစ်မယ်"

ညီညီမတ်တပ်ထရပ်လိုက်သော်လည်း ဘာအရင်စလုပ်ရမလဲခေါင်းထဲတန်းပေါ်မလာပါ။

"ညီညီ မင်းချက်ချင်းကြီးပြန်လို့မရသေးဘူးလေ။ ငါတို့ဘာမှမပြင်ရသေးဘူး"

ဇေပြောမှ အသိပြန်ဝင်လာသည်။ ခေါင်းထဲပူထူနေတာပဲ။ အဝတ်တွေလည်းမပြင်ရသေးပေမယ့်အရေးမကြီး။ လေယာဥ်လက်မှတ်အတွက်ကလည်း ဖေဖေ့ကိုပြောရင်ရသည်။ တန်းသွားလို့မရသေးသည့်အကြောင်းက ရုပ်ရှင်မပြီးသေးတာ။

ဒါပေမယ့် ခုသတင်းကြီးကထွက်လာတော့ ညီညီမှမနေနိုင်တာ။ သူမရှိတုန်းဘာတွေဖြစ်ခဲ့တာလဲ။ ညီညီစိတ်ပူနေတာ ချက်ချင်းလိုက်သွားချင်မိသည်အထိ။

"ငါ့ကိုယုံ။ သူတို့အဆင်ပြေသွားလိမ့်မယ်။
ချောင်ဟီးထိုးတာမှန်ပေမယ့် ချောင်ဟီးအမှားဆိုတာ Rumors တွေသက်သက်ပဲ။ ကုမ္ပဏီကိုယုံကြည်ပြီးစောင့်ရအောင်နော်"

"င ငါလိုက်သွားချင်တယ်"

"ငါ့ကိုယုံလို့။ ငါဖုန်းဆက်ပြီးပြီ။ မင်းကိုအလုပ်ကိစ္စတွေမပြီးသေးဘဲ ပြန်မလာစေနဲ့တဲ့။ သူတို့အဆင်ပြေတယ်တဲ့။ မင်းလည်းနောက်တစ်ပတ်လောက်ပဲနေ ရတော့မှာမလား။ စိတ်အရမ်းပူနေရင်ဖုန်းဆက်လိုက်ပေါ့။ ခုတော့စိတ်ကိုအေးအေးထား။ ဘာမှမဖြစ်ဘူး"

ဇေ့နှစ်သိမ့်ပေးမှုတွေက ညီညီ့ကိုတကယ်ဝန်ပေါ့သွားစေပါသည်။ တဖြည်းဖြည်း စိတ်ငြိမ်လာပြီး ​သွေးအေးလာမှ အစ်ကိုဒယ်ဟို့ကို ဖုန်းဆက်လိုက်သည်။ အစ်ကိုကဖြစ်ကြောင်းကုန်စင်ပြောပြပြီး စိတ်မပူဖို့မှာသည်။ လူတွေထပ်မငြင်းနိုင်တဲ့ သက်သေတစ်ခုရှာနေ၍ စာမထုတ်သေးတာဖြစ်ကြောင်းနဲ့ ချောင်ဟီးလည်းအဖွဲ့ထဲကထွက်ရမှာ မဟုတ်ကြောင်းပြောပြသည်။

"Hyung ဘိုဂိုရှစ်ဖော့်"
(အစ်ကို အရမ်းသတိရတာပဲ)

"နာဒူ့"
(ငါရောပဲ)

ဖုန်းချသွားတော့ ဇေက ညီညီ့အနားဝင်ထိုင်သည်။ ညီညီ့လက်တွေကိုဆုပ်ကိုင်လာပြီး "လက်တွေအေးနေတာပါလား"လို့ပြောပြီး
အကြာကြီးထွေးကိုင်ထားပေးသည်။

ဘာလို့်သူတို့အဖွဲ့ကချည်း ဒီလိုသတင်းတွေထွက်နေရတာလဲ။ အစ်ကိုဒယ်ဟိုပြောပြသမျှ ဖြစ်ကြောင်းကုန်စင်က အစ်ကိုဒယ်ဟိုကနေပင်စသည်။

FLASH အဖွဲ့ဝင် တစ်ယောက်ဖြစ်သူ ပက်ခ်ဂျွန်းနဲ့ ထယ်ဆော့နဲ့ကသူငယ်ချင်းလို့ မန်ဘာတွေအားလုံးကသိထားသည်။ မသိတာက အစ်ကိုဒယ်ဟိုသင်တန်းသားဘဝတုန်းက အစ်ကို့အပေါ်အမြဲတမ်းနိုင်ထက်စီးနင်းလုပ်ပြီး အစ်ကိုနဲ့အတူပွဲဦးမထွက်ချင်လို့ အနိုင်ကျင့်တဲ့ ယူရော ဆိုတဲ့တစ်ယောက်ကလည်း FLASH အဖွဲ့ဝင်ဆိုတာကိုပါပဲ။

ပရိုဂရမ်တစ်ခုမှာ နှစ်ဖွဲ့ဆုံရင်း ပြန်ခါနီးစင်နောက်ကွယ်မှာ ယူရောဘက်ကမထီတထီစကားတွေနဲ့ အရင်ရန်စ၍ စိတ်ဆတ်တတ်သူချောင်ဟီးလက်သီးစာမိသွားတာတဲ့။ တစ်ချိန်ကအတူတူပဲဖြစ်ဦးတော့ ခုချိန်မှာကိုယ်တွေက လပိုင်းစောပြီးပွဲဦးထွက်ထားတဲ့စီနီယာပဲလေ။ လေးစားမှုရှိရမှာပေါ့။

သို့သော်အများအမြင်မှာကျ စီနီယာကဂျူနီယာကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ပေါ့လေ။ နေရာမပေးချင်တဲ့စီနီယာတွေပေါ့။

ဟူး....အမှန်တရားအမြန်ဆုံးပေါ်ပေးပါ။
ချောင်ဟီးကိုမကောင်းပြောတဲ့မှတ်ချက်တွေအားလုံး ပျောက်ကွယ်သွားပေးပါ။ ချောင်ဟီးကစိတ်ဆတ်တတ်သူပေမယ့် သူ့ဒေါသကြောင့်အဖွဲ့ထိခိုက်မှာသိပ်စိုးတတ်တဲ့သူ။ တတ်နိုင်သမျှထိန်းချုပ်နေပေမယ့် လွတ်ထွက်သွားတဲ့အခိုက်အတန့်မှာလုပ်လိုက်မိတဲ့အပြုအမူကြောင့် တစ်ဖွဲ့လုံး သူ့ကြောင့်ဝေဖန်ခံနေရတယ်ဆိုပြီး စိတ်မကောင်းဖြစ်နေတော့မှာ။

ချောင်ဟီးကိုဖုန်းဆက်ရမယ်။ ဖုန်းကောက်ကိုင်လိုက်လျှင်ပဲ ဇေကဖုန်းကိုဆွဲလုသွားသည်။

"ဇေ....ပြန်ပေး"

"မပေးဘူး....မင်း ဟိုမှတ်ချက်တွေသွားဖတ်တော့မလို့မလား"

"မဟုတ်ဘူး ချောင်ဟီးဆီကိုဆက်မလို့....ပြန်ပေး"

လူကစိတ်မကြည်ရသည့်အထဲ ဇေ့ ကြောင့်စိတ်အချဥ်ပေါက်လာသည်။

"မဆက်ရဘူး။ ခုနကပဲအစ်ကိုနဲ့ပြောပြီးပြီမလား။ မင်းစိတိငြိမ်ငြိမ်ထားပါကွာ။ မင်းစိတ်ပူနေသလိုငါလည်းပူတယ်။ စိတ်အေး​အေးထားနော်"

ဇေ့ကအပျော့တစ်မျိုး အမာတစ်မျိုးနဲ့ပြောသည်။ ညီညီ့မှာလည်း ဇေနဲ့ရန်ဖြစ်စကားများနေဖို့ စိတ်ကူးမရှိပါ။ ညစ်ထေးသွားတဲ့စိတ်အစုံကြောင့် တစ်ကိုယ်လုံးမှိုင်းပျနေတော့၏။ ကိုယ်ကလည်း ကိုယ့်အဖွဲ့ရဲ့မိသားစုဝင်မလို့ သူတို့အပူတွေဟာ ညီညီ့ကိုပါကူးစက်နေတော့လေသည်။

"မင်း ဒီနေ့နားလိုက်။ ဒါရိုက်တာကို နောက်တစ်ရက်ရက်ရွှေ့မယ်ပြောလိုက်မယ်"

"ဟင့်အင်း မနားဘူး။ ဒီရိုက်ကူးရေး မြန်မြန်ပြီးမှဖြစ်မယ်။ မဖျက်နဲ့"

"မင်းစိတ်အခြေအနေ...."

"ရတယ် ဇေ....ငါရအောင်လုပ်မယ်"

ဇေ သက်ပြင်းတစ်ချက်ချပြီး "ညီညီရယ်"ဟု စိတ်ထဲကသာရေရွတ်နိုင်တော့သည်။ အစွဲအလမ်းသံယောဇဥ်ကြီးတတ်တာ ခုနှစ်တွေထဲမှာ အချိန်ကိုလိုက်ပြီးပြောင်းလဲလာတဲ့ ဂုဏ်ရည်ညီညီရဲ့အမူအကျင့်တွေထဲကတစ်ခုဖြစ်လာသည်။

အရင်က သူများရှေ့ထွက်ရမှာကြောက်တယ်။ ခုတော့သူမဟုတ်သလိုပဲ။ တုံ့ဆိုင်းခြင်းတစ်ချက်တောင်မရှိဘဲ စင်ပေါ်မှာဆိုရဲကရဲတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီ။ အရင်ကနာမည်ကြီးပြီး ထင်ပေါ်ရတာကိုမကြိုက်ဘူး။ ခုတော့ လူတွေအားလုံးကသူ့ကိုသိနေတာ ဝိုင်းကြိုဆိုနေကြတာမျိုးကိုသူကြိုက်လာတယ်။ အဖော်မရှိသင်းကွဲငှက်ဖြစ်ခဲ့ပေမယ့် အဖွဲ့အစည်းနဲ့နေရတဲ့အခါ မန်ဘာတွေအကုန်လုံးက သူ့အစိတ်အပိုင်းတွေလိုဖြစ်လာပြီး သူပါလိုက်ပျော်လိုက်ငိုလိုက်ဖြစ်လာတယ်။

ဂုဏ်ရည်ညီညီမပြောင်းလဲတာကတော့ ဇေအပေါ်ဆိုးတာပါပဲ။ သူလိုချင်တာရှိရင်ရအောင်တောင်းယူတယ်။ မပေးရင်စကားနာထိုးတယ်။ ရန်ဖြစ်စကားများပြီးသူ့ကိုအလျော့ပေးလာအောင်လုပ်တယ်။ ဒါတွေကိုပဲ ဇေ ပျော်နေရတာပါ။

မိန်းကလေးတွေကိုသာ နှစ်သက်ပြီး မိန်းကလေးကိုသာရင်ခုန်ဖူးပေမယ့် သတိထားမိချိန်မှာချစ်နေမိပြီးတာ တစ်ဦးတည်းသောယောက်ျားလေး ဂုဏ်ရည့်ကိုတဲ့။

လောကကြီးက ထူးဆန်းတယ်မလား.....။

သူ့တစ်သက်မှာ လိင်တူယောက်ျားလေးတစ်ယောက်ကို ချစ်သွားလိမ့်မယ်လို့မထင်ခဲ့ဖူးဘူး။ အမြင်နဲ့လည်းချစ်မိသွားနိုင်တယ်။ နှလုံးသားဆိုတာဦးနှောက်ကစေခိုင်းတာလုပ်ရတာမဟုတ်ဘူး။ သူ့အလိုအလျောက်သဘောနဲ့သွားတာရယ်။

တစ်ချိန်ကချစ်ခဲ့မိသူ့ဆီကိုတော့ ချစ်တဲ့အကြောင်းတွေ ဖွင့်ပြောပြလိုက်ရမှလို့ထင်ခဲ့ပြီး ပြောခဲ့ပေမယ့် ညီညီ့ကို ဖွင့်မပြောနိုင်တာကိုတော့ မသက်မသာမခံစားရဘူး။ ကိုယ့်အချစ်တွေသူမသိလို့ သိစေချင်တဲ့ဆန္ဒလည်းမရှိသလို မြိုသိပ်ထားရတာကိုပင်ပန်းလာတာမျိုးလည်းမရှိဘူး။ ဒီတိုင်းလေးဘေးနားမှာရှိနေရတာကို စိတ်ရင်းနဲ့ကျေနပ်မိတယ်။

အချစ်ဆိုတာဖွင့်ထုတ်ပြလိုက်ရမှ အချစ်မဟုတ်မှန်း ညီညီနဲ့ကျမှဇေသိလာရပြီး မိန်းကလေး သို့မဟုတ် ယောက်ျားလေး နောက်ထပ်တစ်ယောက်ထပ်ချစ်ဖို့ဆိုတာမသေချာတော့ဘူး။ အူတိုတာ သဝန်တိူမိတာမျိုးရှိတတ်ပေမယ့် သူပျော်နေရင်ကိုယ်​ပါပျော်ရတာမို့ သဝန်တိုစိတ်ကို ချစ်စိတ်ကဖုံးထားနိုင်တဲ့အခါမျိုးတွေများသည်။ ခုတိုင်းလေးက ဇေ့အတွက်သိပ်ကောင်းပါသည်။ သက်ဆုံးတိုင်သည်အထိအတူရှိနေနိုင်မယ့် ဆက်ဆံရေးပဲလေ။ 

ညီညီရယ်..... မင်းကငါ့ရဲ့နောက်ဆုံးနဲ့အားလုံးရင်းပြီးချစ်ရတဲ့သူပါကွာ။

"စိတ်ပြေလက်ပျောက် ဖြစ်အောင် ဒီနေ့ ရိုက်ကူးရေးပြီးရင် တစ်နေရာရာသွားရအောင်။ ဖန်မီတင်းကရတဲ့ငွေအားလုံးကို မင်းပြောသလိုအားလုံးလုပ်ပြီးပြီ။ မင်းကုသိုလ်တွေအများကြီးရသွားပြီ ညီညီ"

"အင်း ..... ငါဝမ်းသာပါတယ်။ မင်းသဘောလေ"

...........

ကလေးတွေအများကြီးပဲ။ အဝတ်ဆင်တူလေးတွေနဲ့ ရွယ်တူလေးတွေ။ အိပ်တဲ့သူကအိပ် ဆော့တဲ့သူဆော့ ပြေးတဲ့သူပြေးနေကြတာ တစ်အိမ်လုံးဆည်းလည်းသံတွေဆူညံနေသလိုပဲ။ ခုမှမဟုတ်ပါဘူး။ ဒီအသံလေးတွေက သူ(မ)အတွက် ရိုးတောင်နေပြီ။ နားငြီးတယ်လို့လည်းမမှတ်ပါဘူး။ အဖြူထည်အရိုးခံလေးတွေနဲ့နေရတာ ပျင်းချိန်ကိုမရှိဘူး။

"မီးမီးရေ အဲ့ပေါ်မတက်ရဘူး။ ပြုတ်ကျမယ်"

"သားသားရေ လာအိပ်ချိန်ရောက်ပြီ"

"ဖိုးခွားရေ မပြေးရဘူးလေ။ ဒီမှာကိုကိုမမတွေကိုတက်နင်းမိမယ်"

ကလေးသံတွေကြားမှ တိုးထွက်နေသည့် မိန်းကလေးသံတစ်သံ။ သူ(မ)ရဲ့စိတ်တွေအချိန်တွေကို ဒီဂေဟာလေးမှာ လာမြှုပ်နှံထားတာကြာပြီ။ ဓားစက်သွားတွေ ပန်ထားရတဲ့ဘဝကနေ ဖြူစင်မှုပန်းပန်ထားနိုင်သည့်ဘဝကို ရောက်ခဲ့လေပြီ။ ကြောက်ဖို့ကောင်းပြီးအန္တရာယ်များတဲ့လမ်းပေါ်မှာ ကိုယ့်ရဲ့နမော်နမဲ့နိုင်မှုကြောင့် ကိုယ်ရောစိတ်ပါ ဒဏ်ရာရခဲ့ရင်းကနေ အမည်းစက်ဒဏ်ရာတွေကို အဖြူထည်လေးတွေကိုပေးဆပ်ရင်း ဆေးကြောနေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်လည်းပြန်သုံးသပ်ရင်းပေါ့လေ။

လူငယ်မာနဆိုတာထက် ပိုထောင်လွှားခဲ့တဲ့ မာန်စွယ်တွေကျိုးတဲ့အချိန်မှာ ကိုယ့်မာန်စွယ်နဲ့ခြစ်ရှမိဖူးသူတွေရဲ့စကားတွေကြောင့် အရွှေ့ဘဝနစ်သထက်နစ်မွန်းခဲ့ပါ၏။ မညှာတမ်းပြောရရင် ဝဋ်ကောင်းကောင်းကြီးလိုက်တာပေါ့လေ။ တစ်စိတ်ကိုတစ်အိတ်လုပ်ပြီး လူတကာရဲ့ရွံကြောက်ကြီးဖြစ်နေတာမသိဘဲ နှိမ်ချင်တိုင်းနှိမ်ခဲ့တာ။ ကိုယ့်ဖြင့်ဘာမှမဟုတ်တာကို ဟုတ်ချင်ယောင်ဆောင်ဆောင်ပြီး အယောင်ပြခဲ့တာ ကိုယ့်ကိုယ်ကိုယ်တော့ဟူတ်လှပြီပေါ့။ သူများတကာကတော့ကြိတ်လှောင်နေခဲ့တာမသိခဲ့။

အဲ့ဝဋ်တွေအကုန်ပေါင်းလိုက်တာ ဒီဘဝမှာ အရွှေဘာလုပ်လုပ် လူတွေရဲ့အမြင်မှာ အဆိုးပဲရှိနေတော့သည်။ အနုပညာကိုတကယ်ချစ်တယ်။ နေရာဝင်ဆန့်ချင်လွန်းလို့ ဖြတ်လမ်းလိုက်ခဲ့မိတယ်။ ခုတော့အနုပညာလမ်းပေါ်မပြောနဲ့ သာမန်ဘဝနဲ့တောင် အခြေချရတာမလွယ်ကူ။

ရောင်စဥ်ဆို နိုင်ငံကျော်ထိပ်တန်းမင်းသမီးကြီးဖြစ်နေလိုက်တာ။ ဝမ်းသာလိုက်တာမှ။ ​အရွှေအမြဲအထင်သေးခဲ့တဲ့ ဂုဏ်ရည်ညီညီဆိုလည်း ကမ္ဘာကျော်ကြီးကိုဖြစ်လို့။ ဘယ်နေရာသွားသွား တစ်နိုင်ငံလုံးမှာ သူ့သတင်းတွေချည်းမွှေးနေတာ။

ဝမ်းသာပါ့ ဝမ်းသာပါ့။

ကိုယ့်သူငယ်ချင်းပေမို့ တစ်ခါတလေ Post လေးရှဲပြီး Share ဂုဏ်ပြုမိရင် အရင်တုန်းကအကြောင်းတွေပြောပြီး "နာမည်ပြန်လိုချင်လို့ ခုတုံးလုပ်တယ်"ဆိုတဲ့ခေါင်းစဥ်ကြီးအတပ်ခံခဲ့ရလို့ ဝမ်းသာဂုဏ်ယူတာတောင် နှုတ်အပြင်ကိုမထွက်ဝံ့တော့ပါ။

ဒီအချိန်မှာ အရွှေ့မှာ ဘာမာန်မာနမှမရှိတော့ဘူး။ မနာလိုစိတ်တွေရော ပြိုင်ဆိုင်လိုစိတ်တွေ လောဘတွေမရှိတော့ဘူး။

အသက်နှစ်ဆယ်​ တစ်နှစ်စွန်းစွန်းဆိုတာ လူငယ်တစ်ယောက်ရဲ့အရောင်အသွေးစုံလင်ချိန်ပဲ။ ကိုယ်လုပ်ချင်တဲ့အိပ်မက်တွေကို လူငယ်အင်အားနဲ့ အင်တိုက်အားတိုက် စိတ်ကဆောင်တိုင်းလုပ်နေနိုင်မယ့်အရွယ်။ အရွှေသာအနုပညာလမ်းပေါ်ဆက်လျှောက်ခွင့်ရနေခဲ့ရင် ရုပ်ရှင်ကားကြီးတွေရိုက်နေရပြီး အကယ်ဒမီတွေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ချင်ဖြစ်နေမှာ။

ခုတော့ အနုပညာ​ရှင်ကြီးဖြစ်ချင်ခဲ့ပြီး ဘယ်လိုအနေအထားထိရောက်လာရင် ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေတသီကြီးလည်း အရည်ပျော်ကျခဲ့ပါပြီ။ ထပ်ပြီးအနုပညာလမ်းပေါ်လျှောက်ရမယ်ဆိုရင်တောင် မလျှောက်ချင်တော့ဘူး။

အကောင်းဆုံးဘဝနဲ့ပြန်လာပြမယ်လို့ ကြိမ်းဝါးခဲ့ပေမယ့် တကယ်တမ်း ဘာအာဃာတမှမထားချင်တော့တာမို့ အေးအေးဆေးဆေးပဲ နေချင်တော့သည်။ သူငယ်ချင်းတွေများ အလုပ်ကိုယ်စီ ဝါသနာကိုယ်စီ လက်တွဲဖော်ကိုယ်စီနဲ့ ဘဝကိုလျှောက်လမ်းနေကြပေမယ့် အရွှေ့မှာတော့ အရောင်ကမှိန်ပြလို့။ ဝါသနာပါရာနဲ့ဝေး သာမန်အလုပ်ကျနာမည်ပျက်ရှိလို့ လက်မခံတဲ့ဘဝမှာ လက်တွဲဖော်ဆိုတာအဝေးကြီး။ ဒီဘဝအတွက်တော့ ဒီအနေအထားနဲ့ပဲ အရိုးထုတ်ရတော့မယ်
ထင်ပါ့။ အနုပညာလောကကိုရော လူတွေကိုရောစိတ်ကုန်နေပြီ။

"အရွှေရေ.....ဧည့်သည်ထင်တယ်။ ကားရပ်တာတွေ့တယ်။ ဧည့်ခံဖို့တစ်ခုခုလုပ်ပေးပါဦး"

"ဟုတ် မဝေ"

အရွှေ ဂေဟာအနောက်ခန်းထဲဝင်သွားရသည်။ အလှူရှင်ဖြစ်မယ်ထင်ပါ့။ အလှူရှင်ပဲနေမှာပါ။ ဒီဂေဟာကိုလာကတည်းက လှူဖို့လာတာပဲလေ။ အပျော်အပြင်းလာဖြေရတဲ့နေရာမှမဟုတ်တာ။

အကြောင်းအရင်းအမျိုးမျိုးကြောင့် မိဘမဲ့ဖြစ်နေရတဲ့ ဒီအ​ဖြူထည်ကလေးတွေရဲ့ဘဝက ​
အရွှေ့ထက်အများကြီးသာပါသည်။ ဘဝရဲ့အကြီးမားအခမ်းနားဆုံး မိဘတွေမရှိကြတဲ့ပြစ်ချက်တစ်ခုပဲ။ သူတို့ဘဝကိုသူတို့ထိန်းကျောင်းနိုင်တယ်။ သူတို့အကြောင်းသူတို့သိပြီးကြိုးစားကြတယ်။ ဘဝကိုရတာနဲ့ရောင့်ရဲပြီး နောက်တစ်ချိန်မှာလူဝင်ဆံ့ကြမှာ။ ဆုံးမမယ့်မိဘတွေမရှိပေမယ့် သူတို့ဘဝ သူတို့ပြုပြင်ပြီး သူတို့သမိုင်းသူတို့ရေးသွားကြမှာ။

အရွှေနဲ့တော့ကွာပါ့။ မိဘအပြည့်အစုံနဲ့မွေးလာပြီး မထော်မနန်းအဖြစ်တွေနဲ့ ရေတိမ်နစ်ရတယ်လို့ပဲ။

ရေနွေးဓာတ်ဗူး ရေနွေးပန်းကန်နဲ့ သစ်သီးတွေမုန့်တွေပါသည့်ဗန်းတစ်ခုကိုယူပြီး ထွက်လာလျှင်ပဲ ဧည့်ခန်းမှာထိုင်နေသူဧည့်သည်ကြောင့် အရွှေတုန်လှုပ်သွားသည်။

ဂုဏ်ရည်.....။

သူကဘာလို့ ဒီကို။ သူ့အကြောင်းခုနမှတွေးနေမိသေးတာ။ နောက်ကွယ်မှာ ဂုဏ်ရည်အောင်မြင်နေတာကိုဝမ်းသာနေပေမယ့် မျက်နှာချင်းဆိုင်မိချိန်မှာတော့ ပြုံးပြရမှာတောင်လိပ်ပြာမလုံပါ။

ကြောက်မိတယ်။ သိမ်ငယ်မိတယ်။ ရှက်မိပါတယ်။ မုန့်ဗန်းကြီးကိုင်လို့​နောက်ပြန်လှည့်မည်အပြုမှာပဲ ကလေးတွေက တသီကြီးတန်းဆော့နေကြလို့ ဝင်ပေါက်ပိတ်သွားသည်။ ကလေးတွေကလည်းဒီအချိန်မှဆော့ရလား။

"ထာဝစဥ်ရွှေ"

အရွှေ့တစ်ကိုယ်လုံး အကြောတွေဆိုင်းသွားသည်။ အကြောပိတ်ခံရတဲ့သူလို ခြေထောက်တွေကြမ်းပြင်မှာခဲဆွဲခံထားရတော့တာ။

"ဟုတ်တာပဲ ထာဝစဥ်ရွှေ"

"အရွှေနဲ့သိလို့လား ဂုဏ်ရည်ရဲ့"

"သိတာပါ့ မဝေရဲ့ ကျွန်တော်တို့ကငယ်သူငယ်ချင်းတွေလေ"

ဂုဏ်ရည်ကတော့ အရိုးခံစိတ်နဲ့နှုတ်ဆက်နေသည်။ မတွေ့ရတာကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုတွေ့လိုက်ရသလို ဝမ်းသာတရနဲ့နှုတ်ဆက်နေတာ။ အရွှေ့မှာတော့ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့တာအမှန်ပါပဲ။ အရွှေရင်မဆိုင်ရဲဘူးရယ်။ နင်ဘာလို့အမှတ်မရှိရသလဲ ဂုဏ်ရည်ရယ်။ နင့်ကိုနှိမ်ခဲ့တဲ့သူလေ ဘာလို့နှုတ်ဆက်နေသေး​တာလဲ။

"ဟုတ်လား။ ဒါဆို သူငယ်ချင်းတွေအချင်းချင်း စကားပြောကြဦးလေ။ ကလေးတွေက သူ့ဟာသူနေပါတယ်"

မခိုင်နှင်းဝေက နေရာခဏရှောင်ပေးသည်။ ထာဝစဥ်ရွှေကမရဲတရဲနဲ့ ညီညီတို့ရှေ့လာထိုင်ပေမယ့် မျက်လုံးတစ်ချက်တောင်မော်မကြည့်။ ထာဝစဥ်ရွှေ့ကို ဒီမှာတွေ့လိုက်ရလို့ ညီညီရောဇေပါအတော်ကိုအံအားသင့်သွား၏။

"နင်ကြည့်ရတာအေးချမ်းလိုက်တာ"

တကယ်ကို ထာဝစဉ့်ရွှေ့ပုံစံကအေးအေးချမ်းချမ်းလေး။ ဆံနွယ်အရှည်ကြီးကိုမိန်းမသားပီပီ ဘေးတစောင်းနွယ်ချထားတာ။ စတိတ်ကျောင်းတုန်းကလို မာန်မာနတွေမရှိဘဲ မျက်နှာလေးကကြည်လင်နေတာမို့။ ထာဝစဥ်ရွှေ့သတင်းတွေကြားမိပေမယ့် ခုလိုကြီးတခြားသူတစ်ယောက်လိုပြောင်းလဲသွားတဲ့အထိလို့ ထင်မထားတာ။

အဖြစ်အပျက်တွေအတွက်စိတ်မကောင်းပေမယ် ခုလိုပုံစံဖြစ်သွားတာ ထာဝစဥ်ရွှေ့အတွက် ကောင်းသွားတာဟုထင်သည်။ အဆိပ်အတောက်စကားတွေပြောရင်း မုန်းတဲ့သူပိုပိုများလာမယ့်ဘဝမှာနေရတာထက် ခုလိုအေးချမ်းပြီးမြင့်မြတ်တဲ့အလုပ်ကိုလုပ်နေရတာက အပုံကြီးသာပါသည်။

"နင်လည်း အရမ်းအောင်မြင်သွားတယ်နော်။ ငါဝမ်းသာပါတယ်"

"ညီညီ....ငါ မဝေနဲ့အလှူငွေကိစ္စသွားပြောလိုက်ဦးမယ်"

ဇေကတမင်ရှောင်ပေးသွားတာဖြစ်သည်။ ကလေလေးတွေကလည်း ညီညီ့ကိုကွက်ကြည့်ကွက်ကြည့်။ ဆူညံနေပေမယ့် ညီညီတို့နှစ်ယောက်တည်းကျန်ခဲ့သည့်စကားဝိုင်းကတိတ်ဆိတ်နေသည်။

"အပြင်ထွက်ကြမလား။ အထဲက ကလေးတွေနဲ့ဆူနေတာ"

သို့နှင့် ဂေဟာအပြင်ဘက်မှာ သူငယ်ချင်းနှစ်ယောက်ဘေးချင်းယှဥ်စကားပြောမိကြသည်။

"နင်အရမ်းပြောင်းလဲသွားတယ်နော်"

"ပြောင်းလဲသွားရလောက်အထိဆိုးရွားခဲ့တာကိုး။ ငါ့အကြောင်းတွေကြားတယ်မလား။ နင့်ကိုပြောခဲ့မိသမျှအတွက်လည်း မျက်နှာမပြဝံ့ပါဘူး"

"အို....အရွှေရယ်။ မပြဝံ့စရာဘာရှိလဲ။ အဲ့တုန်းကတော့ ငါလည်းစိတ်တိုကောင်းစိတ်တိုမိပေမယ့် ခုချိန်ဘာမှမရှိတော့ဘူး။ နင်လည်းထပ်မလုပ်တော့ဘူးလေ။ အတိတ်တွေကိုမေ့ခဲ့လိုက်တော့ပေါ့"

"မေ့လို့လွယ်ရင်တော့ မေ့ပစ်တာကြာပြီပေါ့ဟာ။ ဘယ်သူကဆွဲထားချင်ပါ့မလဲ"

"......"

"နင့်ကိုဝမ်းသာစရာပြောပြရဦးမယ်။ ဒီကကလေးတွေက ညနေညနေဆို အကုန်စုပြီး သီချင်းဖွင့်ကတဲ့အလေ့ရှိတယ်။ ဘယ်သီချင်းကိုဖွင့်လဲသိလား။ Artist-K ရဲ့သီချင်းတွေနဲ့ကတာ။ ငါတောင်အလွတ်မရသေးဘူး သူတို့ကရနေပြီ"

"ဟုတ်လား အဲ့တာကြောင့် သူတို့ကြည့်ဖူးတဲ့ဗီဒီယိုထဲကလူနဲ့တူတယ်ဆိုပြီး ကြည့်နေကြတာနေမယ်"

"ဟုတ်မယ် ဟုတ်မယ် အဟင်းဟင်း"

"ဒါနဲ့ နင်အနုပညာပြန်လုပ်ဦးမှာလား"

ထိုအခါ အရွှေက ခနဲ့ပြုံးပြုံးသည်။ သူ့ကိုယ်သူပြန်ခနဲ့သည့်အပြုံး။

"လုပ်ချင်ရင်တောင် လုပ်လို့မှမရတော့တာ။ သူကအကုန်လိုက်ပိတ်ထားတာ"

သူဆိုတာ အရွှေ့အပေါ် လိင်အမြတ်ထုတ်ခဲ့သည့် ထုတ်လုပ်ရေးလုပ်ငန်းသူ​ဌေးလောင်းပင်ဖြစ်မည်ဟု ညီညီတွေးလိုက်သည်။ ထာဝ​စဥ်ရွှေဆိုတဲ့နာမည်နဲ့ ပြန်တက်လာနိုင်ခဲ့ရင် ထာဝစဥ်ရွှေသာပိုအင်အားကြီးလာခဲ့ရင် မလိုလားအပ်သည့်ပြဿနာတွေဖြစ်လာနိုင်တယ်ဆိုပြီး မိန်းကလေးတစ်ယောက်ကို ​လုပ်ရက်ထားလိုက်ကြတာ။

ထာဝစဥ်ရွှေသည် ကိုယ့်ကျင့်စာရိတ္တမကောင်းသူမှန်ပေမယ့် လိင်အမြတ်ထုတ်ခံရသည့်ကိစ္စမှာ
အရွှေကနစ်နာသူပင်။ သို့သော် ဘာလို့ အရွှေ့ကိုလူမုန်းများလဲဆိုရင် ထာဝစဥ်ရွှေရဲ့အရင်ကစည်းမရှိကမ်းမရှိ ပရမ်းပတာပြောဆိုနေထိုင်ပုံတွေကြောင့်။ ဒါတွေကို ဖော်ချပြီး သူတို့အပြစ်ကိုဖုံးခဲ့ကြတာ။ အရွှေ့စာရိတ္တမကောင်းတာကသက်သက် ထာဝစဥ်ရွှေနစ်နာတာကသက်သက်လေ။

သို့သော်လူတွေကရောချပစ်လိုက်ပြီး ထာဝစဥ်ရွှေသာလုံးဝဥဿုံအမှား ဖြစ်သွားရတော့တာပေါ့။

"နင်ရောပြန်လုပ်ချင်စိတ်ရှိလား"

"နင်ကကူညီမလို့လား"

"ငါနဲ့တွဲပြီး ဓာတ်ပုံတစ်ပုံရိုက်ပြီးတင်လိုက်တာနဲ့ နင့်ဆီအခွင့်အလမ်းတွေပြန်ရောက်လာမှာ။ ငါဘဝင်မြင့်တာမဟုတ်ဘူးနော်။ ငါ့ကိုအသုံးချဖို့ပြောနေတာ"

"အဟင်း မလုပ်ပါနဲ့ဟာ။ ငါအနုပညာကိုစိတ်ကုန်နေပါပြီ။ အလူးအလဲခံသင့်သလောက်လည်းခံခဲ့ပြီးပါပြီ။ ထပ်ပြီးလည်းအဝေဖန်မခံနိုင်တော့ဘူး။ ​ဆက်ပြီးတောက်ပနေမယ့်နင့်ကိုသာ ငါ့အစားပိုကြိုးစားပေးစမ်းပါဟာ"

ထာဝစဥ်ရွှေသည်ညီညီကြိုတစ်ခုမှမပြုံးပြခဲ့ဖူးသော အပြုံးစစ်စစ်တစ်ခုနှင့်ပြုံးပြခဲ့သည်။ တကယ်ကို တခြားတစ်ယောက်ဖြစ်သွားတာမှန်း ညီညီယုံခဲ့လေပြီ။ ထိုနေ့က ဂေဟာကို သိန်းတစ်ရာလှူဖြစ်ခဲ့သည်။

အပြန်လမ်းတလျှောက်လုံးမှာ ညီညီနှုတ်ဆိတ်နေမိလျက်။ လူတွေဟာလွယ်လွယ်နဲ့မပြောင်းလဲတတ်ဘူး။ ခဏလေးနဲ့ပြောင်းလဲနိုင်တယ်ဆိုတာ အမှန်မဟုတ်ဘူး။ အဲ့တာခဏတာအတင်းလုပ်ယူထားတာ။ ဒါပေမယ့် ကြီးမားတဲ့လောကဓံရိုက်ချက်နဲ့ဆိုရင် လူတစ်ယောက်ရာနှုန်းပြည့်ပြောင်းလဲဖို့ တစ်ချက်တည်းနဲ့လုံလောက်သည်။

ထာဝစဥ်ရွှေလည်း လူတစ်ယောက်ကြောင့် ပြောင်းလဲခဲ့သည်။

ဇေကလည်း ရောင်စဥ့်ကြောင့်နဲ့ ပြောင်းလဲခဲ့သည်။

ဒါဆို ညီညီကရော။ ဘာကြောင့်ပြောင်းလဲခဲ့တာလဲ။

မေမေ့ကြောင့်လား။ အစ်ကို့ကြောင့်လား။ ပရိတ်သတ်တွေကြောင့်လား။

အဖြေကတော့ ကိုယ့်စိတ်ရဲ့မွေ့ပျော်ရာဝါသနာအိပ်မက်ကိုတွေ့သွားတာကိုက ပြောင်လဲဖို့လုံလောက်တဲ့ကြီးမားတဲ့အကြောင်းပြချက်ဖြစ်ခဲ့တာနေမှာ....။

..........

#Thurein

June 22 2022 9:42 PM

Continuă lectura

O să-ți placă și

253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.3M 44.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
606K 58.7K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...