(Unicode)
လေပြေတွေနဲ့အတူ သယ်ဆောင်လာပေတဲ့နွေဦးရနံ့။
မောင့်ရဲ့နွေဦးငယ်။ဘယ်စီကိုများရောက်နေခဲ့ပြီလဲ။
နွေဦးလေပြေတွေနဲ့အတူ မောင်ဘဝထဲပြန်ဝင်လာပေးလေမလား။
___________________
တီးတိုးစကားပြောသံများ။ဆေးအနံ့တွေကိုလည်းရနေလေသည်။
ဆရာဝန်အိမ်မှာTaehyung အိပ်ယာငယ်လေးထဲ သတိပြန်ရလာခဲ့သည်။သူ့လက်လေးကိုလာထိတွေ့သည့်နွေးထွေးတဲ့လက်တစ်စုံ။
စိတ်ကိုအေးချမ်းစေသည်။
" Min..."
" ကိုယ်ရှိတယ်..."
လက်တကောက်ကွေးမှ ဆေးသွင်းပြီးကပ်ထားသည့် ပလာစတာလေးကိုကြည့်ရင်း...
" ကျနော်...ဘာ...ဘာဖြစ်သွားတာလဲ..."
" သွေးအားနည်းပြီး မူးလဲတာပါ...စိုးရိမ်စရာမရှိပါဘူး..."
Yoongi တို့ဘေးတွင် ဆရာဝန်ဖြစ်သူရှိနေသည်။
Taehyung ကိုပြန်စစ်ဆေးကြည့်လေသည်။
" သွေးအားနည်းနေတယ်...ဂရုစိုက်ပါ...ခနခနမူးလဲတာမျိုးဖြစ်ရင် မကောင်းဘူးခင်ဗျာ့..."
" ဟုတ်ကဲ့ ဆရာ..."
" အခု Tae အဆင်ပြေသွားပြီမဟုတ်လား
ဆရာ..."
" ပြေသွားပါပြီ...ဆရာခုနက ပြောခဲ့တယ်လေ...
လူနာကို အားတစ်ရက်ကျရင်တော့ ဒယ်ဂူမြို့ပေါ်တက်ပြီး ဆေးရုံမှာတစ်ချက်စစ်ဆေးကြည့်ပါ...
ခနခနအားနည်းနေရင်..."
" ကျနော်သိပါပြီဆရာ...ကျနော် Tae ကိုဆေးရုံတစ်ရက်ခေါ်သွားလိုက်ပါ့မယ်..."
ဆရာဝန်ဖြစ်သူမှခေါင်းငြိမ့်ပြလေသည်။
Yoongi Taehyung လက်မောင်းကိုတွဲထူကာထစေသည်။
ပခုံးလေးကိုဖက်ထားရင်း ဆရာဝန်အိမ်မှထွက်သွားလေသည်။
"မူးဝေနေတာမျိုးဖြစ်နေသေးလား Tae..."
" မဖြစ်တော့ဘူး...ဒါပေမဲ့ ရင်ထဲမှာတော့ လပ်လပ် လပ်လပ်နဲ့တုန်တုန်ယင်ယင်ကြီးဖြစ်နေတယ်..."
ကျနော့်အရှေ့တွင် ကျောပေးကာ Min
ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။
" ဘာလုပ်နေတာလဲ Min..."
" Tae ကိုကုန်းပိုးမလို့လေ...ကိုယ့်ကျောပေါ်
တက်..."
"မလိုပါဘူး...လမ်းလျှောက်နိုင်ပါတယ်..."
" ကိုယ့်ကျောပေါ်သာတက်ပါ...လမ်းကအများကြီးလျှောက်ရမှာ...လှေကားတွေရောရှိနေတာကို...Tae က အားနည်းနေတာလေ...ပြန်မူးလာရင်ဘယ်လိုလုပ်မလဲ..."
" ကျနော်..."
" ကိုယ်ဒီတိုင်းကြီးနေနေရတာအဆင်မပြေဘူးနော်...မြန်မြန်တက်လိုက်တော့..."
ဆက်မငြင်းချင်တော့ပေ။ကျနော်လည်း နေလို့သိပ်မကောင်းသေးတာကြောင့် Min ကျောပေါ်သာ မှီချလိုက်သည်။
ခြေထောက်လေးနှစ်ဖက်ကို ပွေ့ကိုင်ထားရင်း
ကုန်းပိုးလေသည်။
ညတောင်နက်နေလေပြီ။လမ်းဓာတ်မီးတိုင်လေးတွေရဲ့ အလင်းရောင်အောက် သူတို့နှစ်ဦးအိမ်ပြန်နေကြသည်။
" ကျနော်က လေးတယ်မလား..."
" မလေးပါဘူး...Tae ကငှက်မွှေးလေးလိုပေါ့နေတာကို..."
" တောင်းပန်ပါတယ် Min...ကျနော့်ကြောင့်
အိပ်ရေးပျက်ရပြီ...နောက်ပြီး ပြေးလွှာခဲ့ရတာ
ပင်ပန်းစေခဲ့ပြီ..."
" Tae ကိုယ်ပြောဖူးတယ်မဟုတ်လား...တောင်းပန်တယ်ဆိုတာ အမှားလုပ်မိမှာလေ...အခု Tae ကဘာမှားမှမလုပ်ထားဘူး...
တောင်းပန်နေတာကို မကြိုက်ဘူးနော်..."
အေးချမ်းတဲ့ဘဝလေးတစ်ခုလိုခံစားရစေတယ်။
ကျနော်အခုမှ ဂရုစိုက်ခံရတယ်ဆိုတာကို ခံစားဖူးခဲ့ပြီ။
Min ကကြင်နာတတ်တယ်။ယုယပေးတတ်တယ်။ဂရုစိုက်ပေးတာကတော့ လိုတာထက်တောင်ပိုနေခဲ့သည်။
" Min...ကျနော်ပြောစရာရှိတယ်..."
" ပြောပါ ခင်ဗျာ့..."
" ကျနော့်ဝတ္ထုလေးက အောင်မြင်မှာပါနော်..."
" သေချာပေါ့ အောင်မြင်မှာ...ကိုယ်ယုံကြည်နေပြီသား ဝတ္ထုထဲကစာသားတွေက စာဖတ်သူတိုင်းကို ဆွဲဆောင်လိမ့်မယ်...Tae ရေးထားတဲ့စာလုံးတိုင်းက အကုန်လေးနက်တာတွေချည်းပဲလေ..."
" ဇာတ်သိမ်းမကောင်းဘူးလေ...ပျော်ရွှင်စရာတွေကိုလည်း ကျနော်က မရေးတတ်တော့ ခက်တယ် Min ရယ်..."
အသံသေးသေးလေးက အားမရှိသလိုပင်။
ကျနော့်Tae မျက်နှာမမြင်ရပေမဲ့
မျက်နှာလေးညိုးသွားမှာသေချာပေါက်။
Tae ရဲ့ဝတ္ထုလေးက စိတ်အစုံနစ်ပြီးရေးထားတာမို့လို့ ကျနော်တောင်ဖတ်ပြီးငိုခဲ့ရတာ။
" Tae ကိုယ်ပြောမယ်...လောကမှ လူတိုင်းက
ပျော်ရွှင်စရာစာပေတွေကိုပဲ ဖတ်လိမ့်မယ်...
စာရေးဆရာတော်တော်များများကလည်း
Happy Ending ကိုပဲ ရေးကြတာများတယ်..."
Yoongiလမ်းလျှောက်နေရင်းမှ ရပ်လိုက်သည်။
Taehyung ဘက် ခေါင်းလေးစောင်းကာ...
" ငိုရပြီး ရင်ထဲထိစေတဲ့အဆွေးဇာတ်လမ်းတစ်ပုဒ်ကိုရေးဖို့ဆိုတာလွယ်ကူမနေဘူးလေ...
စိတ်ဝိညာဥ်တစ်ခုလုံးဒီစာပေထဲနစ်မြုတ်ထားရတာ...Sad Ending တွေချည်းသာ ရေးတဲ့စာရေးဆရာတွေက နည်းလွန်းတယ်...ဒါပေမဲ့ ပိုအောင်မြင်ကြတယ်လေ...အဲ့တာကြောင့် Tae စိတ်ထဲတွေးပူနေတာမျိုးဖြစ်စရာမလိုဘူး..."
" ဒါပေမဲ့လေ...တိုက်ခိုက်တာတွေရှိလာရင်..."
" အမြင့်ပေါ်ရောက်လေ ဆွဲချချင်တဲ့သူတွေများလာလိမ့်မယ် Tae...ဒါကသဘာဝပဲ...
အဓိကက ကိုယ်ရည်းမှန်းချက်ကို တိုက်ခိုက်မှုဒဏ်တွေကြောင့် စွန့်ပစ်တာမျိုး လက်လျော့တာမျိုးမလုပ်ရဘူး...အဲ့ဒီတိုက်ခိုက်မှုတွေကို အသုံးချပြီးအပေါ်ဆုံးကိုပိုတက်ရမှာ...ကိုယ်ဝါသနာပါတဲ့အရာကိုမြတ်နိုးတန်ဖိုးထားရတယ်..."
လှေကားထစ်လေးတွေရှိသည့် လမ်းလေး။
တစ်ထစ်ချင်း ဖြည်းဖြည်းချင်းဆင်းနေသည်။
Min မောနေပြီထင်ပါရဲ့။အသက်ရှူသံတွေမြန်နေတယ်။
Taehyung Yoongi ပခုံးပေါ် မေးလေးတင်ကာ
မှီချလိုက်သည်။လည်တိုင်ကို ဖက်ထာရင်း...
" ကျနော်က ဒီတိုင်းတွေးမိလို့ပါ...ခုမှ ပထမဆုံးအကြိမ် ဝတ္ထုလေးစထုတ်မှာဆိုတော့ ကြောက်နေသလိုဖြစ်နေတယ်... "
" ဟယ်ရီပေါ်တာဝတ္ထုရေးတဲ့စာရေးဆရာမဂျေကေရိုးလင်းကိုပဲ နမူနာယူပါ Tae... သူမကလည်းလွယ်လွယ်အောင်မြင်ခဲ့တာမဟုတ်ဘူး...
မုချဧယကန်ကိုယ်ပြောရဲတယ်... တနေ့ Tae ကကမ္ဘာကျော် စာရေးဆရာတစ်ဦးဖြစ်လာလိမ့်မယ်... "
" Min ကအမြဲအကောင်းမြင်တတ်တာပဲ...
ကျေးဇူးပါ Min ကျနော့်အတွက် ခွန်အားဖြစ်စေပြီး ဇွဲမလျော့စေတဲ့ စကားတွေအမြဲ
ပြောပေးလို့ တကယ်ကျေးဇူးပါ..."
" သူငယ်ချင်းကောင်းတွေက အချင်းချင်း
ကျေးဇူးတင်စကား ခနခနပြောရဘူးလေ...
ပေါ့ပေါ့ပါးပါးပဲ ပြောပါ...ကိုယ်ရဲ့ Tae..."
ကိုယ်ရဲ့ Tae ဆိုသည့် အသုံးနှုန်းကြောင့် Taehyungမျက်နှာလေးရဲခနဲဖြစ်သွားသည်။
သူ့ကို ရင်ခုန်အောင်လုပ်လိုက်သလိုပင်။
အသံတိတ်နေခဲ့သည်။ဘာဆက်ပြောရမှန်းမသိတော့ချေ။
အိမ်နဲ့လည်းတဖြည်းဖြည်းနီးကပ်နေလေပြီ။
မိုးကောင်းကင်ပေါ် ကြယ်လေးတွေရှိနေသည်။
ဒီနေ့ညကောင်းကင်ယံကလည်း အရင်ကထက်လှပနေသည်။
Taehyung အနောက်ကို လှည့်မိတော့...
" Min..."
" ပြောလေ Tae..."
" Min..."
" ပြောပါခင်ဗျာ့..."
" Mi...Min..."
ကျနော့်ပခုံးကို လာပုတ်နေသည်။
Min တစ်လုံးတည်းသာခေါ်နေသည်။
ကျန်တာဘာမှဆက်မပြောချေ။
" Min..."
" ဘာဖြစ်တာလဲ Tae..."
" ဟို...ဟို..."
အိပ်ငိုက်နေသည့် Yoongi Taehyung အသံတုန်နေတာကြောင့် စိတ်ပူသွားသည်။
လမ်းဆက်မလျှောက်ဘဲ ရပ်လိုက်သည်။
ထိုတော့မှ ပိုဆိုးကုန်သည်။
" Min..."
" တစ်ခုခုပြောချင်ပြောလေTae...ကိုယ့်နာမည်ခေါ်ပြီး ဘာမှလည်း မပြောဘူး..."
" Min...ဟို...ဟိုမှာ လိုက်လာနေပြီ..."
" ဘယ်သူလိုက်တာလဲ..."
" ခွေး..."
" ဟမ်..."
" ခွေးလိုက်နေတာ...ကျနော်တို့ကိုခွေးလိုက်နေတာ!..."
" ဘယ်လို?..."
Yoongi မပြေးဘဲ Taehyug ကိုကုန်းပိုးလျက် နောက်လှည့်အကြည့် အိမ်မွေးခွေးလေးတစ်ကောင် အရှိန်နဲ့ပြေးလာတာကို တွေ့လိုက်ရသည်။
" ခွေး...ခွေး..."
" ပြေး...ပြေး...ပြေးတော့Min...နီးနေပြီ..."
" အား....ခွေးလိုက်နေတယ်ဗျို့!..."
" ပြေးထားMin ခွေးက တကယ်ကိုက်မဲ့ပုံကြီး ..."
" ခွေးပါဆို တကယ်ကိုက်မှာပေါ့ လို့..."
လမ်းပေါ် ခွေးဟောင်သံနှင့်အတူ ခွေးလိုက်နေတယ် ဟုအော်ပြေးနေသည့် Yoongi နှင့် Taehyung ကြောင့် လမ်းထဲမှအိမ်တွေမီးတွေကောက်ထွန်းကာနိုးကုန်ကြသည်။
ခွေးက အမှန်သူတို့နောက်လိုက်ခြင်းမဟုတ်။
လမ်းတဝက်ရောက်တော့ သူ့ခြံသူပြေးဝင်သွားသည်။
ကျနော်တို့အသေအော်ပြေးနေတာနဲ့ လူတွေသာနိုးကုန်သည်။
Minကမောနေပေမဲ့ ထရယ်လေသည်။
ကျနော်ပါ ရယ်မိတော့သည်။
မီးရောင်မှိန်ပြပြတွေကြား နှင်းဆီငယ်၏ရယ်သံလေးက ပျံ့လွှင့်နေလေသည်။
ခွေးလိုက်တယ်ဆိုပြီး အသားကုန်ပြေးနေကြတာ။တကယ်တမ်းကျ ခွေးကသူ့ခြံသူပြန်နေတာ။
" Tae ကိုယ်ကို မာရသွန်ပြေးခိုင်းတယ်နော်..."
" အာ...ဟို...ကျနော်လည်း မသိဘူးလေဗျာ...
ခွေးက ဟောင်ပြီးအရှိန်နဲ့ပြေး လာတော့
လိုက်ကိုက်ပြီထင်တာပေါ့လို့..."
" ဒါပေမဲ့ တစ်ခုတော့ တန်ပါတယ်လေ..."
" ဘာကိုလဲ..."
" Tae ရဲ့ပေါ့ပါးလွတ်လပ်တဲ့ရယ်သံလေးကို
ကိုယ်ကြားခဲ့ရတယ်လေ...မဖြစ်သေးပါဘူး...နောက်ရက်ကစပြီး ရွာထဲက ခွေးတွေကိုစုပြီး တနေ့တကောင် ကိုယ့်နောက်လိုက်ခိုင်းရတော့မယ်..."
" Min နော်...ကျနော့်ကိုမလှောင်နဲ့ဗျာ..."
" လှောင်တာမဟုတ်ပါဘူး...သဘောကျလို့လေ...
ကိုယ် Tae ကိုကုန်းပိုးမယ်...ပြီးရင် ခွေးကိုအနောက်ကနေလိုက်ခိုင်းရမယ်...အဲ့တာမှ Tae ရယ်သံကျယ်ကျယ်လေးကို ကြားရမှာလေ..."
Yoongi Taehyung ကိုစနောက်ကာ
အိမ်လေးထဲဝင်သွားခဲ့သည်။
ရယ်မောရင်းပင်။
တခနတာ လောကအပူတွေကိုမေ့လျော့သွားစေခဲ့သည်။
ဒီလိုပျော်ရွှင်မှုအသေးစားလေးကလည်း
Taehyung အတွက် အဖိုးမဖြတ်နိုင်ခဲ့ချေ။
-
-
-
အိမ်ခန်းအတွင်းထဲချိတ်ဆွဲထားသည့် မင်္ဂလာဓာတ်ပုံရှေ့ထိုင်ကာအရက်တွေသောက်နေသည့်နောင်တတွေဖြင့် အထီးကျန်သူလေး။
မျက်ဝန်းတွေက နာကျင်နေသည်။
" ဦးငယ်...မောင်ဒီနေ့လည်း အိမ်မက်ဆိုးတွေမက်နေခဲ့တယ် သိလား..."
မျက်ရည်တွေကြားကနေ ရုန်းထွက်ဖို့ခက်နေသည်။
ကျနော်ဦးငယ်ကို ရှာနေပေမဲ့ ဦးငယ်ကပဲအပုန်းတော်နေတာလားမသိ။
နေ့တိုင်းရှာမတွေ့ဘူးဆိုတာချည်းပဲ ကြားနေခဲ့ရတယ်။
မောင်နေ့တိုင်းအိပ်မပျော်ဘူး ဦးငယ်။
ရင်ခွင်သေးသေးလေးကို လွမ်းလို့ခက်ရချည်းရဲ့။
မောင်ဆိုတဲ့ ခေါ်သံလေးကို လွမ်းလို့ ရူးရချည်းရဲ့။
နောင်တ တဲ့ နောင်မှတ တတ်တဲ့အမျိုးကို။
မောင်အမှားတွေကို သိနေပြီမို့လို့ ပြန်ပေါ်လာပေးပါ။ ဦးငယ် ရဲ့ရင်ခွင်ထဲမောင်အိပ်စက်ချင်တယ်။
အထီးကျန််တဲ့နေ့ရက်တွေကိုလည်း မောင်ငြီးငွေ့နေပြီ။
တစ်ယောက်တည်းမနေချင်ဘူး။
မောင့်မှာ ဦးငယ်ပဲ ရှိတာပါ။
ဘာလို့ထားသွားရတာလဲ။ဘာလို့စွန့်ပစ်ရတာလဲ။
Jungkookဗီဒိုထဲမှ Taehyung အင်္ကျီလေးထုတ်က ရင်ခွင်ထဲထွေးပွေးထားသည်။
တဖွဖွနမ်းရှိုက်ရင်း မျက်ရည်တွေပိုတိုးလို့ကျလာခဲ့သည်။
" နှင်းဆီဖြူလေးရယ်...မောင့်စီပြန်လာပေးလေမလား...လွမ်းနေပြီမို့ ခက်ရချည်...စွဲလမ်းမိလို့ ရူးရချည်...နှင်းဆီနီလေးအဖြစ်အရောင်မပြောင်းနိုင်ရင်တောင် အဖြူရောင်လေးအတိုင်းပဲ ချစ်နေပေးလေမလား..."
တိတ်ဆိတ်နေသည့်အိမ်ကြီး အတွင်း ငိုသံကလွဲလို့ တခြားဘာအသံမှမကြားရချေ။
" မုန်းတယ်လို့ မပြောလိုက်ပါနဲ့...ရင်ကိုကွဲစေလို့ပါ...မင်းလို့မပြောလိုက်ပါနဲ့ နာကျင်လွန်းလို့ပါ...
Jeon Jungkookလို့နာမည် မခေါ်လိုက်ပါနဲ့ နှလုံးသားကသေဆုံးသွားနိုင်တာမို့လို့ပါ..."
ကျနော့် ဦးငယ်။အခုဆိုဘယ်တွေရောက်နေလေပြီလဲ။ဘယ်သူနဲ့အတူရှိနေမလဲ။
ဘယ်သူ့ကြောင့်များ ဦးငယ်အပြုံးတွေဖြစ်တည်နေမလဲ။
ဦးငယ် အသံလေးကို ဘယ်သူကများကြားခွင့်ရှိလေမလဲ။
တွေးမိတိုင်းနှလုံးသားကို ဓားနဲ့ အကြိမ်ကြိမ်
ထိုးစိုက်နေသလိုကို နာကျင်ရသည်။
ကျနော့်အပြစ်တွေကြောင့် အခုတန်ပြန်သက်ရောက်နေလေပြီ။
ဦးငယ်ကို နာကျင်ခံစားရအောင် အမျိုးမျိုးလုပ်ခဲ့တဲ့ အကျိုးဆက်တွေပေါ့။
" ဦးငယ်...မောင်အရမ်း အရမ်း အရမ်းကို နှလုံးသားက နာကျင်နေတယ်...ကုစားပေးပါ...
ဦးငယ်အချစ်တွေနဲ့ပြန်ကုစားပေးပါ...မောင့်နှလုံးသားထဲ ဦးငယ်ရှိနေတယ်လေ..."
_______________
Nora Rosalia
Vote Plz
20.8.2022
>>>>>>
(Zawgyi)
ေလေျပေတြနဲ႕အတူ သယ္ေဆာင္လာေပတဲ့ႏြေဦးရနံ႕။
ေမာင့္ရဲ႕ႏြေဦးငယ္။ဘယ္စီကိုမ်ားေရာက္ေနခဲ့ၿပီလဲ။
ႏြေဦးေလေျပေတြနဲ႕အတူ ေမာင္ဘဝထဲျပန္ဝင္လာေပးေလမလား။
___________________
တီးတိုးစကားေျပာသံမ်ား။ေဆးအနံ႕ေတြကိုလည္းရေနေလသည္။
ဆရာဝန္အိမ္မွာTaehyung အိပ္ယာငယ္ေလးထဲ သတိျပန္ရလာခဲ့သည္။သူ႕လက္ေလးကိုလာထိေတြ႕သည့္ႏြေးေထြးတဲ့လက္တစ္စုံ။
စိတ္ကိုေအးခ်မ္းေစသည္။
" Min..."
" ကိုယ္ရွိတယ္..."
လက္တေကာက္ေကြးမွ ေဆးသြင္းၿပီးကပ္ထားသည့္ ပလာစတာေလးကိုၾကည့္ရင္း...
" က်ေနာ္...ဘာ...ဘာျဖစ္သြားတာလဲ..."
" ေသြးအားနည္းၿပီး မူးလဲတာပါ...စိုးရိမ္စရာမရွိပါဘူး..."
Yoongi တို႔ေဘးတြင္ ဆရာဝန္ျဖစ္သူရွိေနသည္။
Taehyung ကိုျပန္စစ္ေဆးၾကည့္ေလသည္။
" ေသြးအားနည္းေနတယ္...ဂ႐ုစိုက္ပါ...ခနခနမူးလဲတာမ်ိဳးျဖစ္ရင္ မေကာင္းဘူးခင္ဗ်ာ့..."
" ဟုတ္ကဲ့ ဆရာ..."
" အခု Tae အဆင္ေျပသြားၿပီမဟုတ္လား
ဆရာ..."
" ေျပသြားပါၿပီ...ဆရာခုနက ေျပာခဲ့တယ္ေလ...
လူနာကို အားတစ္ရက္က်ရင္ေတာ့ ဒယ္ဂူၿမိဳ႕ေပၚတက္ၿပီး ေဆး႐ုံမွာတစ္ခ်က္စစ္ေဆးၾကည့္ပါ...
ခနခနအားနည္းေနရင္..."
" က်ေနာ္သိပါၿပီဆရာ...က်ေနာ္ Tae ကိုေဆး႐ုံတစ္ရက္ေခၚသြားလိုက္ပါ့မယ္..."
ဆရာဝန္ျဖစ္သူမွေခါင္းၿငိမ့္ျပေလသည္။
Yoongi Taehyung လက္ေမာင္းကိုတြဲထူကာထေစသည္။
ပခုံးေလးကိုဖက္ထားရင္း ဆရာဝန္အိမ္မွထြက္သြားေလသည္။
"မူးေဝေနတာမ်ိဳးျဖစ္ေနေသးလား Tae..."
" မျဖစ္ေတာ့ဘူး...ဒါေပမဲ့ ရင္ထဲမွာေတာ့ လပ္လပ္ လပ္လပ္နဲ႕တုန္တုန္ယင္ယင္ႀကီးျဖစ္ေနတယ္..."
က်ေနာ့္အေရွ႕တြင္ ေက်ာေပးကာ Min
ဒူးတစ္ဖက္ေထာက္ကာထိုင္ခ်လိဳက္သည္။
" ဘာလုပ္ေနတာလဲ Min..."
" Tae ကိုကုန္းပိုးမလို႔ေလ...ကိုယ့္ေက်ာေပၚ
တက္..."
"မလိုပါဘူး...လမ္းေလွ်ာက္နိုင္ပါတယ္..."
" ကိုယ့္ေက်ာေပၚသာတက္ပါ...လမ္းကအမ်ားႀကီးေလွ်ာက္ရမွာ...ေလွကားေတြေရာရွိေနတာကို...Tae က အားနည္းေနတာေလ...ျပန္မူးလာရင္ဘယ္လိုလုပ္မလဲ..."
" က်ေနာ္..."
" ကိုယ္ဒီတိုင္းႀကီးေနေနရတာအဆင္မေျပဘူးေနာ္...ျမန္ျမန္တက္လိုက္ေတာ့..."
ဆက္မျငင္းခ်င္ေတာ့ေပ။က်ေနာ္လည္း ေနလို႔သိပ္မေကာင္းေသးတာေၾကာင့္ Min ေက်ာေပၚသာ မွီခ်လိဳက္သည္။
ေျခေထာက္ေလးႏွစ္ဖက္ကို ေပြ႕ကိုင္ထားရင္း
ကုန္းပိုးေလသည္။
ညေတာင္နက္ေနေလၿပီ။လမ္းဓာတ္မီးတိုင္ေလးေတြရဲ႕ အလင္းေရာင္ေအာက္ သူတို႔ႏွစ္ဦးအိမ္ျပန္ေနၾကသည္။
" က်ေနာ္က ေလးတယ္မလား..."
" မေလးပါဘူး...Tae ကငွက္ေမႊးေလးလိုေပါ့ေနတာကို..."
" ေတာင္းပန္ပါတယ္ Min...က်ေနာ့္ေၾကာင့္
အိပ္ေရးပ်က္ရၿပီ...ေနာက္ၿပီး ေျပးလႊာခဲ့ရတာ
ပင္ပန္းေစခဲ့ၿပီ..."
" Tae ကိုယ္ေျပာဖူးတယ္မဟုတ္လား...ေတာင္းပန္တယ္ဆိုတာ အမွားလုပ္မိမွာေလ...အခု Tae ကဘာမွားမွမလုပ္ထားဘူး...
ေတာင္းပန္ေနတာကို မႀကိဳက္ဘူးေနာ္..."
ေအးခ်မ္းတဲ့ဘဝေလးတစ္ခုလိုခံစားရေစတယ္။
က်ေနာ္အခုမွ ဂ႐ုစိုက္ခံရတယ္ဆိုတာကို ခံစားဖူးခဲ့ၿပီ။
Min ကၾကင္နာတတ္တယ္။ယုယေပးတတ္တယ္။ဂ႐ုစိုက္ေပးတာကေတာ့ လိုတာထက္ေတာင္ပိုေနခဲ့သည္။
" Min...က်ေနာ္ေျပာစရာရွိတယ္..."
" ေျပာပါ ခင္ဗ်ာ့..."
" က်ေနာ့္ဝတၳဳေလးက ေအာင္ျမင္မွာပါေနာ္..."
" ေသခ်ာေပါ့ ေအာင္ျမင္မွာ...ကိုယ္ယုံၾကည္ေနၿပီသား ဝတၳဳထဲကစာသားေတြက စာဖတ္သူတိုင္းကို ဆြဲေဆာင္လိမ့္မယ္...Tae ေရးထားတဲ့စာလုံးတိုင္းက အကုန္ေလးနက္တာေတြခ်ည္းပဲေလ..."
" ဇာတ္သိမ္းမေကာင္းဘူးေလ...ေပ်ာ္႐ႊင္စရာေတြကိုလည္း က်ေနာ္က မေရးတတ္ေတာ့ ခက္တယ္ Min ရယ္..."
အသံေသးေသးေလးက အားမရွိသလိုပင္။
က်ေနာ့္Tae မ်က္ႏွာမျမင္ရေပမဲ့
မ်က္ႏွာေလးညိုးသြားမွာေသခ်ာေပါက္။
Tae ရဲ႕ဝတၳဳေလးက စိတ္အစုံနစ္ၿပီးေရးထားတာမို႔လို႔ က်ေနာ္ေတာင္ဖတ္ၿပီးငိုခဲ့ရတာ။
" Tae ကိုယ္ေျပာမယ္...ေလာကမွ လူတိုင္းက
ေပ်ာ္႐ႊင္စရာစာေပေတြကိုပဲ ဖတ္လိမ့္မယ္...
စာေရးဆရာေတာ္ေတာ္မ်ားမ်ားကလည္း
Happy Ending ကိုပဲ ေရးၾကတာမ်ားတယ္..."
Yoongiလမ္းေလွ်ာက္ေနရင္းမွ ရပ္လိုက္သည္။
Taehyung ဘက္ ေခါင္းေလးေစာင္းကာ...
" ငိုရၿပီး ရင္ထဲထိေစတဲ့အေဆြးဇာတ္လမ္းတစ္ပုဒ္ကိုေရးဖို႔ဆိုတာလြယ္ကူမေနဘူးေလ...
စိတ္ဝိညာဥ္တစ္ခုလုံးဒီစာေပထဲနစ္ျမဳတ္ထားရတာ...Sad Ending ေတြခ်ည္းသာ ေရးတဲ့စာေရးဆရာေတြက နည္းလြန္းတယ္...ဒါေပမဲ့ ပိုေအာင္ျမင္ၾကတယ္ေလ...အဲ့တာေၾကာင့္ Tae စိတ္ထဲေတြးပူေနတာမ်ိဳးျဖစ္စရာမလိုဘူး..."
" ဒါေပမဲ့ေလ...တိုက္ခိုက္တာေတြရွိလာရင္..."
" အျမင့္ေပၚေရာက္ေလ ဆြဲခ်ခ်င္တဲ့သူေတြမ်ားလာလိမ့္မယ္ Tae...ဒါကသဘာဝပဲ...
အဓိကက ကိုယ္ရည္းမွန္းခ်က္ကို တိုက္ခိုက္မႈဒဏ္ေတြေၾကာင့္ စြန့္ပစ္တာမ်ိဳး လက္ေလ်ာ့တာမ်ိဳးမလုပ္ရဘူး...အဲ့ဒီတိုက္ခိုက္မႈေတြကို အသုံးခ်ၿပီးအေပၚဆုံးကိုပိုတက္ရမွာ...ကိုယ္ဝါသနာပါတဲ့အရာကိုျမတ္နိုးတန္ဖိုးထားရတယ္..."
ေလွကားထစ္ေလးေတြရွိသည့္ လမ္းေလး။
တစ္ထစ္ခ်င္း ျဖည္းျဖည္းခ်င္းဆင္းေနသည္။
Min ေမာေနၿပီထင္ပါရဲ႕။အသက္ရႉသံေတြျမန္ေနတယ္။
Taehyung Yoongi ပခုံးေပၚ ေမးေလးတင္ကာ
မွီခ်လိဳက္သည္။လည္တိုင္ကို ဖက္ထာရင္း...
" က်ေနာ္က ဒီတိုင္းေတြးမိလို႔ပါ...ခုမွ ပထမဆုံးအႀကိမ္ ဝတၳဳေလးစထုတ္မွာဆိုေတာ့ ေၾကာက္ေနသလိုျဖစ္ေနတယ္... "
" ဟယ္ရီေပၚတာဝတၳဳေရးတဲ့စာေရးဆရာမေဂ်ေကရိုးလင္းကိုပဲ နမူနာယူပါ Tae... သူမကလည္းလြယ္လြယ္ေအာင္ျမင္ခဲ့တာမဟုတ္ဘူး...
မုခ်ဧယကန္ကိုယ္ေျပာရဲတယ္... တေန႕ Tae ကကမၻာေက်ာ္ စာေရးဆရာတစ္ဦးျဖစ္လာလိမ့္မယ္... "
" Min ကအၿမဲအေကာင္းျမင္တတ္တာပဲ...
ေက်းဇူးပါ Min က်ေနာ့္အတြက္ ခြန္အားျဖစ္ေစၿပီး ဇြဲမေလ်ာ့ေစတဲ့ စကားေတြအၿမဲ
ေျပာေပးလို႔ တကယ္ေက်းဇူးပါ..."
" သူငယ္ခ်င္းေကာင္းေတြက အခ်င္းခ်င္း
ေက်းဇူးတင္စကား ခနခနေျပာရဘူးေလ...
ေပါ့ေပါ့ပါးပါးပဲ ေျပာပါ...ကိုယ္ရဲ႕ Tae..."
ကိုယ္ရဲ႕ Tae ဆိုသည့္ အသုံးႏႈန္းေၾကာင့္ Taehyungမ်က္ႏွာေလးရဲခနဲျဖစ္သြားသည္။
သူ႕ကို ရင္ခုန္ေအာင္လုပ္လိုက္သလိုပင္။
အသံတိတ္ေနခဲ့သည္။ဘာဆက္ေျပာရမွန္းမသိေတာ့ေခ်။
အိမ္နဲ႕လည္းတျဖည္းျဖည္းနီးကပ္ေနေလၿပီ။
မိုးေကာင္းကင္ေပၚ ၾကယ္ေလးေတြရွိေနသည္။
ဒီေန႕ညေကာင္းကင္ယံကလည္း အရင္ကထက္လွပေနသည္။
Taehyung အေနာက္ကို လွည့္မိေတာ့...
" Min..."
" ေျပာေလ Tae..."
" Min..."
" ေျပာပါခင္ဗ်ာ့..."
" Mi...Min..."
က်ေနာ့္ပခုံးကို လာပုတ္ေနသည္။
Min တစ္လုံးတည္းသာေခၚေနသည္။
က်န္တာဘာမွဆက္မေျပာေခ်။
" Min..."
" ဘာျဖစ္တာလဲ Tae..."
" ဟို...ဟို..."
အိပ္ငိုက္ေနသည့္ Yoongi Taehyung အသံတုန္ေနတာေၾကာင့္ စိတ္ပူသြားသည္။
လမ္းဆက္မေလွ်ာက္ဘဲ ရပ္လိုက္သည္။
ထိုေတာ့မွ ပိုဆိုးကုန္သည္။
" Min..."
" တစ္ခုခုေျပာခ်င္ေျပာေလTae...ကိုယ့္နာမည္ေခၚၿပီး ဘာမွလည္း မေျပာဘူး..."
" Min...ဟို...ဟိုမွာ လိုက္လာေနၿပီ..."
" ဘယ္သူလိုက္တာလဲ..."
" ေခြး..."
" ဟမ္..."
" ေခြးလိုက္ေနတာ...က်ေနာ္တို႔ကိုေခြးလိုက္ေနတာ!..."
" ဘယ္လို?..."
Yoongi မေျပးဘဲ Taehyug ကိုကုန္းပိုးလ်က္ ေနာက္လွည့္အၾကည့္ အိမ္ေမြးေခြးေလးတစ္ေကာင္ အရွိန္နဲ႕ေျပးလာတာကို ေတြ႕လိုက္ရသည္။
" ေခြး...ေခြး..."
" ေျပး...ေျပး...ေျပးေတာ့Min...နီးေနၿပီ..."
" အား....ေခြးလိုက္ေနတယ္ဗ်ိဳ႕!..."
" ေျပးထားMin ေခြးက တကယ္ကိုက္မဲ့ပုံႀကီး ..."
" ေခြးပါဆို တကယ္ကိုက္မွာေပါ့ လို႔..."
လမ္းေပၚ ေခြးေဟာင္သံႏွင့္အတူ ေခြးလိုက္ေနတယ္ ဟုေအာ္ေျပးေနသည့္ Yoongi ႏွင့္ Taehyung ေၾကာင့္ လမ္းထဲမွအိမ္ေတြမီးေတြေကာက္ထြန္းကာနိုးကုန္ၾကသည္။
ေခြးက အမွန္သူတို႔ေနာက္လိုက္ျခင္းမဟုတ္။
လမ္းတဝက္ေရာက္ေတာ့ သူ႕ၿခံသူေျပးဝင္သြားသည္။
က်ေနာ္တို႔အေသေအာ္ေျပးေနတာနဲ႕ လူေတြသာနိုးကုန္သည္။
Minကေမာေနေပမဲ့ ထရယ္ေလသည္။
က်ေနာ္ပါ ရယ္မိေတာ့သည္။
မီးေရာင္မွိန္ျပျပေတြၾကား ႏွင္းဆီငယ္၏ရယ္သံေလးက ပ်ံ့လႊင့္ေနေလသည္။
ေခြးလိုက္တယ္ဆိုၿပီး အသားကုန္ေျပးေနၾကတာ။တကယ္တမ္းက် ေခြးကသူ႕ၿခံသူျပန္ေနတာ။
" Tae ကိုယ္ကို မာရသြန္ေျပးခိုင္းတယ္ေနာ္..."
" အာ...ဟို...က်ေနာ္လည္း မသိဘူးေလဗ်ာ...
ေခြးက ေဟာင္ၿပီးအရွိန္နဲ႕ေျပး လာေတာ့
လိုက္ကိုက္ၿပီထင္တာေပါ့လို႔..."
" ဒါေပမဲ့ တစ္ခုေတာ့ တန္ပါတယ္ေလ..."
" ဘာကိုလဲ..."
" Tae ရဲ႕ေပါ့ပါးလြတ္လပ္တဲ့ရယ္သံေလးကို
ကိုယ္ၾကားခဲ့ရတယ္ေလ...မျဖစ္ေသးပါဘူး...ေနာက္ရက္ကစၿပီး ႐ြာထဲက ေခြးေတြကိုစုၿပီး တေန႕တေကာင္ ကိုယ့္ေနာက္လိုက္ခိုင္းရေတာ့မယ္..."
" Min ေနာ္...က်ေနာ့္ကိုမေလွာင္နဲ႕ဗ်ာ..."
" ေလွာင္တာမဟုတ္ပါဘူး...သေဘာက်လိဳ႕ေလ...
ကိုယ္ Tae ကိုကုန္းပိုးမယ္...ၿပီးရင္ ေခြးကိုအေနာက္ကေနလိုက္ခိုင္းရမယ္...အဲ့တာမွ Tae ရယ္သံက်ယ္က်ယ္ေလးကို ၾကားရမွာေလ..."
Yoongi Taehyung ကိုစေနာက္ကာ
အိမ္ေလးထဲဝင္သြားခဲ့သည္။
ရယ္ေမာရင္းပင္။
တခနတာ ေလာကအပူေတြကိုေမ့ေလ်ာ့သြားေစခဲ့သည္။
ဒီလိုေပ်ာ္႐ႊင္မႈအေသးစားေလးကလည္း
Taehyung အတြက္ အဖိုးမျဖတ္နိုင္ခဲ့ေခ်။
-
-
-
အိမ္ခန္းအတြင္းထဲခ်ိတ္ဆြဲထားသည့္ မဂၤလာဓာတ္ပုံေရွ႕ထိုင္ကာအရက္ေတြေသာက္ေနသည့္ေနာင္တေတြျဖင့္ အထီးက်န္သူေလး။
မ်က္ဝန္းေတြက နာက်င္ေနသည္။
" ဦးငယ္...ေမာင္ဒီေန႕လည္း အိမ္မက္ဆိုးေတြမက္ေနခဲ့တယ္ သိလား..."
မ်က္ရည္ေတြၾကားကေန ႐ုန္းထြက္ဖို႔ခက္ေနသည္။
က်ေနာ္ဦးငယ္ကို ရွာေနေပမဲ့ ဦးငယ္ကပဲအပုန္းေတာ္ေနတာလားမသိ။
ေန႕တိုင္းရွာမေတြ႕ဘူးဆိုတာခ်ည္းပဲ ၾကားေနခဲ့ရတယ္။
ေမာင္ေန႕တိုင္းအိပ္မေပ်ာ္ဘူး ဦးငယ္။
ရင္ခြင္ေသးေသးေလးကို လြမ္းလို႔ခက္ရခ်ည္းရဲ႕။
ေမာင္ဆိုတဲ့ ေခၚသံေလးကို လြမ္းလို႔ ႐ူးရခ်ည္းရဲ႕။
ေနာင္တ တဲ့ ေနာင္မွတ တတ္တဲ့အမ်ိဳးကို။
ေမာင္အမွားေတြကို သိေနၿပီမို႔လို႔ ျပန္ေပၚလာေပးပါ။ ဦးငယ္ ရဲ႕ရင္ခြင္ထဲေမာင္အိပ္စက္ခ်င္တယ္။
အထီးက်န္္တဲ့ေန႕ရက္ေတြကိုလည္း ေမာင္ၿငီးေငြ႕ေနၿပီ။
တစ္ေယာက္တည္းမေနခ်င္ဘူး။
ေမာင့္မွာ ဦးငယ္ပဲ ရွိတာပါ။
ဘာလို႔ထားသြားရတာလဲ။ဘာလို႔စြန့္ပစ္ရတာလဲ။
Jungkookဗီဒိုထဲမွ Taehyung အကၤ်ီေလးထုတ္က ရင္ခြင္ထဲေထြးေပြးထားသည္။
တဖြဖြနမ္းရွိုက္ရင္း မ်က္ရည္ေတြပိုတိုးလို႔က်လာခဲ့သည္။
" ႏွင္းဆီျဖဴေလးရယ္...ေမာင့္စီျပန္လာေပးေလမလား...လြမ္းေနၿပီမို႔ ခက္ရခ်ည္...စြဲလမ္းမိလို႔ ႐ူးရခ်ည္...ႏွင္းဆီနီေလးအျဖစ္အေရာင္မေျပာင္းနိုင္ရင္ေတာင္ အျဖဴေရာင္ေလးအတိုင္းပဲ ခ်စ္ေနေပးေလမလား..."
တိတ္ဆိတ္ေနသည့္အိမ္ႀကီး အတြင္း ငိုသံကလြဲလို႔ တျခားဘာအသံမွမၾကားရေခ်။
" မုန္းတယ္လို႔ မေျပာလိုက္ပါနဲ႕...ရင္ကိုကြဲေစလို႔ပါ...မင္းလို႔မေျပာလိုက္ပါနဲ႕ နာက်င္လြန္းလို႔ပါ...
Jeon Jungkookလို႔နာမည္ မေခၚလိုက္ပါနဲ႕ ႏွလုံးသားကေသဆုံးသြားနိုင္တာမို႔လို႔ပါ..."
က်ေနာ့္ ဦးငယ္။အခုဆိုဘယ္ေတြေရာက္ေနေလၿပီလဲ။ဘယ္သူနဲ႕အတူရွိေနမလဲ။
ဘယ္သူ႕ေၾကာင့္မ်ား ဦးငယ္အၿပဳံးေတြျဖစ္တည္ေနမလဲ။
ဦးငယ္ အသံေလးကို ဘယ္သူကမ်ားၾကားခြင့္ရွိေလမလဲ။
ေတြးမိတိုင္းႏွလုံးသားကို ဓားနဲ႕ အႀကိမ္ႀကိမ္
ထိုးစိုက္ေနသလိုကို နာက်င္ရသည္။
က်ေနာ့္အျပစ္ေတြေၾကာင့္ အခုတန္ျပန္သက္ေရာက္ေနေလၿပီ။
ဦးငယ္ကို နာက်င္ခံစားရေအာင္ အမ်ိဳးမ်ိဳးလုပ္ခဲ့တဲ့ အက်ိဳးဆက္ေတြေပါ့။
" ဦးငယ္...ေမာင္အရမ္း အရမ္း အရမ္းကို ႏွလုံးသားက နာက်င္ေနတယ္...ကုစားေပးပါ...
ဦးငယ္အခ်စ္ေတြနဲ႕ျပန္ကုစားေပးပါ...ေမာင့္ႏွလုံးသားထဲ ဦးငယ္ရွိေနတယ္ေလ..."
_______________
Nora Rosalia
Vote Plz
20.8.2022