Purple Dream [Complete]
By Sakawar-Hlaing
79.4K 6.6K 1.1K
အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More
ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ
2K 119 50
By Sakawar-Hlaing
Unicode
(1) ဂျွန်ကယောင်းကို ဘယ်တည်းကစချစ်ခဲ့တာလဲ?
- စတွေ့တည်းကလို့ပြောရမှာပါပဲ။ငယ်ရွယ်လွန်းသေးတဲ့အရွယ်မို့ အချစ်လို့သေချာကြီး မခေါ်နိုင်သေးရင်တောင် ဂျွန်ကယောင်းကိုစတွေ့တည်းကခံစားချက်ရှိခဲ့တာပါ။
အမေဖြစ်သူက တစ်ခြားအမျိုးသားတစ်ယောက်နှင့်ထွက်သွားပြီး သူဝမ်းနည်းပြိုလဲနေတုန်း အပြုံးကြီးကြီးပြုံးပြီး စာသင်ခန်းထဲဝင်လာခဲ့တဲ့ကောင်လေးကြောင့် သူစိတ်တွေသက်သာရာရနွေးထွေးခဲ့ရတာပါ။
(2) ယောင်းက ရောဂျွန့်ကိုဘယ်အချိန်မှာတည်းကချစ်မိခဲ့တာလဲ။
-ယောင်းလည်း ဂျွန့်ကိုစတွေ့တည်းချစ်မိတာပါပဲ။ သူ့ကိုစူးစိုက်ကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းနဲ့ကောင်လေးကို သူလည်းအဲတည်းကစိတ်ဝင်စားခဲ့တာပါ။ ဒါကြောင့်လည်း သူကိုယ်တိုင်မိတ်ဆက်ပြီး ရင်းနှီးမူယူခဲ့တာပါ။
ယောင်းကminieပြီးရင်ဘယ်သူနှင့်မှမပေါင်းတတ်တဲ့ဇီဇာကြောင်တဲ့သူရယ်ပါ။
(3)minieကရော ‌ထယ့်ကိုဘယ်တည်းကချစ်ခဲ့တာလဲ။
-ဒီအဖြေကတော့အကုန်လုံးသိမှာပါ။ minieလည်း ထယ့်ကိုငယ်ငယ်တည်းကနေ နောက်ဆုံးချိန်အထိ အရိပ်တစ်ကြည့်ကြညိ့ပေးဆပ်ခြင်းနဲ့ချစ်ခဲ့တာပါ။
Mineအချစ်က တစ်ကယ်ကိုအံဩစရာကောင်းလောက်အောင်အထိ ကြီးမြတ်ခဲ့ပါတယ်
(4) ဂျွန်ကယောင်းကိုဂရုမစိုက်ဘူးလား။
-ဂရုစိုက်ပါတယ်လို့ စကားဝါဖြေချင်ပါတယ်။ သူကနွေးထွေးပေးဖို့ မတတ်ဖြစ်နေခဲ့တာပါ။ ယောင်းပို့တဲ့စာတွေလည်းသူအမြဲဖတ်ပါတယ်။
ဒီနေရာမှ ဂျွန်အဖုန်းအမြန်ချလိုက်တာက ယောင်းခံစားချက်တွေကိုသိနေလို့ အဲလိုမြင်ကွင်းမျိုးမမြင်စေချင်လို့ပါ။
ဂျွန်နေမကောင်းတုန်းဂျွန့်အိမ်သွားရင်းယောင်းတွေ့ခဲ့ရတာလည်း မတော်တဆမြင်သွားခဲ့ရတာပါ။ဂျွန်က အဲမြင်ကွင်းမျိုးမြင်သွားဖို့လုံးဝမမျော်လင့်ခဲ့ပါဘူး။
ဂျွန်က ယောင်းသူ့အပေါ်ခံစားချက်ထားရင် နာရင်ကျင်ရမှာမို့ ခံစားချက်မထားစေချင်တာမှန်ပေမဲ့ သူ့ရဲ့မသိစိတ်မှာတော့ယောင်းသူ့ကိုချစ်နေတာကို ကျေနပ်နေခဲ့တာပါ။
နောက်ပြီးယောင်းကိုထိပါးခဲ့တဲ့ကောင်ရဲ့လက်ကိုလည်းတစ်သက်လုံးလှုပ်ရှားလို့မရအောင်ဂျွန်လုပ်ခဲ့ပါသေးတယ်။
အဲဒါကြောင့် တစ်ညအချုပ်ကျနေခဲ့ရတဲ့ဂျွန်က ဆေးရုံကယောင်းဆီလာဖို့နောက်ကျနေခဲ့တာပါ။ ဂျွန်ဟာလည်း သူတတ်တဲ့နည်းနဲ့ယောင်းကိုဂရုစိုက်ခဲ့ပါတယ်။
ဂရုစိုက်နည်း မှားခဲ့ရုံပါ။
(5)‌ဂျွန် ယောင်းကိုချစ်တဲ့အချစ်မှာအတ္တတွေပါခဲ့လား။
-သေချာပေါက်ပေါ့။ ဂျွန့်အချစ်ကအတ္တဆန်တဲ့အချစ်ပါ။ယောင်းကိုချစ်နေမှန်းမသိခင်တည်းက ယောင်းနဲ့ပတ်သက်ရင်ဂျွန်ကအတ္တကြီးခဲ့ပါတယ်
ဒီနေရာမှာ အဒေါ်ကြီးကနာမည်မသိလို့ ယောင်းလို့ခေါ်မိတာနဲ့ ကင်ထယ်ယောင်းဆိုပြီးချက်ချင်းထပြောလိုက်တာက ဂျွန်သူ့အတ္တကိုလစ်ဟာပြတဲ့တစ်ပိုင်းတစ်စပါ။
(6) ဂျွန်က ဘာလို့ယောင်းခွင့်လွှတ်မူကိုရဖို့အဆုံးထိမကြိုးစားခဲ့တာလဲ။
-ရှင်းပါတယ်သူ့မှာ အဲလောက်ထိအခွင့်အရေးမရှိတော့လို့ပါ။ ဂျွန်က အစတည်းကသူ့အမှားတွေကြောင့်သိမ်ငယ်ပြီး နောင်တတွေနဲ့ပြန်လာခဲ့ရသူပါ။ သူ ယောင်းဆီကခွင့်လွှတ်မူကိုတောင်းခံခဲ့ပါသေးတယ်။
ဒါပေမဲ့ မရခဲ့ပါဘူး။ သူ့အမှားတွေကြောင့် ချစ်တယ်ဆိုတဲ့စကားကိုလည်း ယောင်းပြောခွင့်မပေးခဲ့ပါဘူး။
ဒီနေရာမှာကြည့်ကြည့်ပါ။ ယောင်းက ဂျွန့်ကိုသူ့အနားမှာအရိပ်လိုတောင်နေခွင့်မပေးခဲ့ပါဘူး။ ထာဝရပျောက်ကွယ်သွားဖို့အထိတောင်းဆိုခဲ့ပါတယ်။
အဲဒီစကားတွေကြောင့်ပဲ ဂျွန်ကနာနာကျင်ကျင်ပြိုလဲပြီး နောက်ဆုတ်ပေးဖို့ဆုံးဖြတ်ခဲ့ရတာပါ။ ဂျွန်အရင်က အတ္တကြီးခဲ့တာမှန်ပေမဲ့ သူအမှားတွေအတွက်နောင်တတွေနဲ့သိမ်ငယ်နေချိန်မှာတော့ ယောင်းအဆင်ပြေဖို့ကိုပဲ သူဉီးစားပေးရွေးသွားခဲ့တာပါ။
(7) ဂျွန် ယောင်းအနားကိုဘယ်အချိန်မှာတည်းကပြန်ရောက်နေခဲ့တာလဲ။
- ဂျွန် ယောင်းအနားကပျောက်သွားခဲ့တာလေးနှစ်ပါ။ ဒါပေမဲ့ ဂျွန်သူ့အမေရှိတဲ့ americanမှာတစ်နှစ်လောက်ပဲနေခဲ့ပြီ ပြန်လာခဲ့တာပါ။ ဂျွန်နဲ့သူ့အမေ စကားပြောတဲ့အခန်းကိုမှတ်ကြတယ်မလား...။
အဲနေ့ပြီးတည်းက ဂျွန်ပြန်လာခဲ့တာပါ။
အဲတည်းကနေတစ်ချိန်လုံး ယောင်းနောက်မှဂျွန်ရှိနေခဲ့ပါတယ်။
သူထွက်မတွေ့ခဲ့တာက သူ့အမှားတွေအတွက်သိမ်ငယ်လို့ပါ။
ဂျွန် ယောင်းအနားပြန်ရောက်လာချိန်ဟာ ယောင်းမိဘတွေရဲ့စီးပွားရေးပြသာနာကို minieဝင်ကူဖြေရှင်းပြီးစီးစအချိန်ပါ။
ဂျွန်ဘာမှ ဝင်ကူညီခွင့်မရလိုက်ပါဘူး။
(8)ဘန်ဘန်က ဘယ်သူလဲ။
-ဘန်ဘန်ဟာ လိမ္မော်ခြံကဉီးလေးကြီးတို့လင်မယားရဲ့ တူဝမ်းကွဲပါ။
ဂျွန်ပဲ ဘန်ဘန်ကိုငယ်ငယ်တည်းကပညာသင်ဖို့ထောက်ပံ့ပေးထားခဲ့တာပါ။
ယောင်းနောက်မှာ အရိပ်လိုတစ်ချိန်လုံးရှိနေတဲ့ဂျွန်က ယောင်းပန်းဆိုင်ဖွင့်တာနဲ့ လိုနေတဲ့ဝမ်းထမ်းအတွက် ဘန်ဘန့်ကိုသူ့တို့အကြောင်းတွေအမှန်ပြောပြီး အချိန်ကိုက်စေလွှတ်ခဲ့တာပါ။ ဘန်ဘန် ယောင်းကိုအရမ်းဂရုစိုက်တာ အားလုံးသိကြမယ်ထင်ပါတယ်။
(9) ဂျွန် နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းခဲ့ရတဲ့အကြောင်းအရင်းက ဘာလဲ။
- သူပိုင်နေသေးတဲ့မျက်လုံးတွေနဲ့ ယောင်းကိုနောက်ဆုံးအကြိမ်အဖြစ်တွေ့ခွင့်ရချင်သေးလို့ပါ။ ဒါ့ပြင် ယောင်းကသူ့အတွက်ဘယ်လောက်ထိအရေးပါလဲဆိုတာပါသိစေချင်ခဲ့လို့ ပန်းအကြောင်းတွေအကုန်သိတဲ့ယောင်းကို ကျူးလစ်ဝါတွေပေးခဲ့တာပါ။
ယောင်းလည်း သေချာပေါက်ဂျွန့်ဆိုလိုရင်းကို သိခဲ့ပါတယ်။
(10) နောက်ဆုံးယောင်း ဂျွန်ကိုနမ်းခဲ့တာဘာအတွက်လဲ။
-နောက်ဆုံးအချိန်ထိ ဂျွန့်ကိုနောင်တတွေနဲ့အသက်ဆက်စေဖို့ရည်ရွယ်ခဲ့တာပါ။
နမ်းပြီးတဲ့အခါ မင်းကိုမချစ်တော့ဘူးဂျွန်ဆိုပြီးပြောခဲ့ပါတယ်။
ဒီနေရာကိုပြန်ကြည့်ကြည်ပါ။ နောက်ဆုံးတွေ့ဆုံမူမှာဂျွန်မငိုမိအောင် အားတင်းထားပြီးအဆင်ပြေနေယောင်ဆောင်ခဲ့ပါတယ်။
ကျူးလစ်ဝါတွေပေးပြီးတဲ့အခါ ယောင်းနမ်းလိုက်မှဂျွန် ဟန်မဆောင်နိုင်အောင်ပြိုလဲသွားတာပါ။
ယောင်းအနမ်းတွေဘယ်လောက်နွေးထွေးမြတ်နိုးစရာကြောင်းသိသွားတဲ့ဂျွန်က အရင်ကထက်ပိုပြီးနောင်တတွေကိုတနင့်တပိုးခံစားရပြီး အခုလိုတွေသာမဖြစ်ခဲ့ရင်...ဆိုတဲ့စိတ်တွေနဲ့ တစ်သက်လုံးနောင်တတွေထဲလဲပြိုနေရတော့မှာပါ။ အဲလိုဖြစ်အောင်လည်း ယောင်းတမင်လုပ်ခဲ့တာပါ။
(11) ယောင်း ဂျွန့်ကိုနောက်ဆုံးမှာလုံးဝမချစ်ခဲ့တော့ဘူးလား။
- နောက်ဆုံးအချိန်အထိ ယောင်းဟာဂျွန့်ကိုပဲချစ်ခဲ့တာပါ။ ချစ်လွန်းလို့လည်း ခွင့်မလွှတ်ခဲ့တာပါ။ ယောင်းဟာ အစတည်းကဂျွန့်ကို အကုန်ခွင့်လွှတ်ခဲ့ပါတယ်။ သူ့ကိုအတင်းခိုးယူခဲ့တာရော... သူ့အသွေးအသားတွေကိုမချစ်ပဲသိမ်းပိုက်ခဲ့တာရောအကုန်ပါပဲ။
ယောင်းခွင့်မလွှတ်နိုင်ခဲ့တာ သူသေလောက်အောင်ကြောက်ပြီး ထားမသွားဖို့တောင်းဆိုနေခဲ့တာတောင် ဂျွန်ကရက်ရက်စက်စက်ထွက်သွားခဲ့တာကိုပါ။ ယောင်းဟာ ဂျွန်ကိုချစ်ပေမဲ့ နောက်ဆုံးအချိန်ထိခွင့်မလွှတ်ခဲ့ပါဘူး။
(12) ဂျွန် ယောင်းအသွေးအသားတွေကိုသိမ်းပိုက်ခဲ့တဲ့ညက ယောင်းကိုသူများနှင့်မှားခဲ့တာလား။
- လုံးဝမဟုတ်ပါဘူး။ဂျွန်ဟာ ယောင်းကိုဘယ်သူနဲ့မှမမှားခဲ့ပါဘူး။
အစက ဂျွန်ကောင်မလေးတွေနဲ့အတူနေခဲ့ဖူးတာမှန်ပေမဲ့ ယောင်းနဲ့လက်ထပ်ပြီးတည်းက ဘယ်သူနဲ့မှမတွဲခဲ့သလို အတူနေခြင်းလည်းမရှိခဲ့ပါဘူး။
ဒီနေရာလေးကို ပြန်ဖတ်ကြည့်ပါ။ ဂျွန့်အင်္ကျီတွေကို ယောင်းဆွဲချွတ်တော့လက်ကိုတင်းနေအောင်ဆုပ်ကိုင်ပြီးတားခဲ့ပါတယ်။
ယောင်းက ငါထယ်ယောင်းပါလို့ပြောတော့မှလက်တွေကိုဖြေလျော့ပေးခဲ့တာပါ။
ယောင်းအသွေးအသားတွေကို ရယူဖို့မရည်ရွယ်ခဲ့ပေမဲ့ ဂျွန်ဟာအရက်အလွန်အကျွန်မူးနေချိန်ယောကျ်ားလေးတို့သဘာဝ လိုချင်တမက်စိတ်တွေထကြွနေခဲ့ပါတယ်။
အဲဒါကြောင့် ယောင်းမှန်းသိရနဲ့ စိတ်မထိန်းနိုင်တော့ပဲ ယောင်းကိုရယူလိုက်တာပါ။
ယောင်းကတော့ သူ့ကိုတစ်ခြားလူနဲ့အထင်မှားပြီး ရယူခဲ့တယ်လို့ပဲ တစ်သက်လုံးထင်သွားခဲ့ပါတယ်။
(13) minieအစားထိုးလိုက်တဲ့မျက်ကြည်လွှာဟာ ဂျွန့်မျက်ကြည်လွှာမှန်းယောင်းသိခဲ့လား။
-မသိခဲ့ပါဘူး။ ယောင်းနဲ့minieအပါအဝင် သူတို့မိဘတွေကပါအလှူရှင်ဘယ်သူမှန်းမသိခဲ့ပါဘူး။ သိခဲ့တာက ဘန်ဘန်နဲ့ဆူဂျင်းပါ။
ဒီနေရာမှာဂျွန့်မျက်ကြည်လွှာမှန်းမသိပဲ ယောင်းဘာလို့ ဝမ်းနည်းပြီးငိုခဲ့တာလဲဆိုတော့ ဂျွန့်ကိုသိပ်ချစ်တဲ့ယောင်းရဲ့နှလုံးသားက ဂျွန့်မျက်ကြည်လွှာမှန်းအတည်ပြုနိုင်ခဲ့တာမို့ ပြင်းစွာနာကျင်ပြီး အလိုအလျောက်တုန့်ပြန်ခဲ့တာပါ။ ဒီနေရာမှာ ယောင်းဂျွန့်ကိုဘယ်လောက်ထိ ချစ်လဲသိနိုင်ပါတယ်။
(14) minieနဲ့ထယ် လက်ထပ်ခဲ့လား။
-လက်ထပ်ခဲ့ကြပါတယ်။
ဒီနေရာလေးကိုပြန်ကြည့်ကြည့်ပါ။ ယောင်း ဟာ သူ့လက်ကလက်စွပ်ကိုကြည့်ပြီး ဂျွန့်လက်ပတ်ကိုနေရာမှပဲပြန်ထားဖို့လုပ်ခဲ့ပါတယ်။ minieအလိုက်တသိခွင့်ပြုတာတောင် ယောင်းကminieအပေါ်သစ္စာစောင့်သိတဲ့အနေနဲ့ လုံးဝမယူခဲ့ပါဘူး။
လက်စွပ်က minie ထယ့်ကိုလက်ထပ်ခွင့်တောင်းထားတဲ့လက်စွပ်ပါ။
(15) minie ထယ့်ကိုဂျွန်သူ့ကိုကူညီခဲ့ကြောင်းပြောခဲ့လား...။
-မပြောခဲ့ပါဘူး။ minieဘာလို့မပြောခဲ့လည်းဆို ထယ် ဂျွန့်ဆီစိတ်ပြန်ယိုင်သွားမှာကြောက်လို့ပါ။ သူထယ့်ကိုဆုံးရှုံးရမှာထက် ထယ်ထပ်ပြီး ဂျွန်ကြောင့်နာကျင်ရမှာမလိုလားလို့လား။ Minieဟာလည်း ဂျွန့်ကိုအဆုံးထိမယုံကြည်ခဲ့ပါဘူး။
(16)ထယ် mineကိုမချစ်ပဲဘာလို့လက်ထပ်ဖို့ရွေးချယ်ခဲ့တာလဲ။
- သူ့သူငယ်ချင်းလေးရဲ့ သူ့အပေါ်ထားတဲ့ကြီးမြတ်တဲ့အချစ်တွေကို အသိအမှတ်ပြုလိုက်တာပါ။ minieတစ်ဘဝလုံး ထယ့်ကိုပေးဆပ်ခြင်းသက်သက်နဲ့ချစ်ခဲ့တာပါ။ အဲအတွက် minieကိုထယ်ရွေးသွားခဲ့တာပါ။
ထယ် minieကိုအဆုံးထိမချစ်ခဲ့ပေမဲ့ ဖြတ်မရလောက်တဲ့အထိသန်မာတဲ့ သံယောဇဉ်တွေminieအပေါ်ရှိပါတယ်။ ချစ်ခြင်းနဲ့မဟုတ်ပဲ သံယောဇဉ်နဲ့လက်တွဲလျှောက်ခဲ့တဲ့လမ်းပါ။minieကို ထယ်မချစ်ခဲ့ပေမဲ့ဘဝလုံးသစ္စာစောင့်သိခဲ့ပါတယ်။
(17) ဂျွန်ဟာ သူ့ဘဝကိုအမှောင်ထုထဲပဲဖြတ်သန်းဖို့ဘာလို့ ရွေးခဲ့တာလဲ။
- အမှန်ဆို ဒီလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ ဂျွန်မျက်လုံးပြန်မြင်ရဖို့ဆိုတာ အရမ်းခက်တဲ့ကိစ္စမဟုတ်ပါဘူး။ မျက်မမြင်တစ်ယောက်အဖြစ် ဘာလို့နေဖို့ဆုံးဖြတ်ခဲ့လဲဆိုတော့ ယောင်းအပေါ် ကျူးလွန်ခဲ့မိတဲ့အပြစ်တွေအတွက် နောင်တတွေရင်ဝယ်ပိုက်ပြီးတစ်သက်လုံးအပြစ်ဒဏ်ခံသွားခဲ့တာပါ။
ဒီနေရာလေးကိုပြန်ကြည့်ကြည့်ပါ။ ဂျွန်ဟာ အပြစ်တွေကိုနောင်သံတရာအထိမယူချင်ခဲ့ပါဘူး။ ဒါကြောင့်ဒီဘဝမှာပဲအပြစ်တွေအကုန်ဆခဲ့ဖို့ရည်ရွယ်တာပါ။
ဂျွန်ဟာ နောင်သံတရာမှာယောင်းနဲ့ပြန်တွေ့ခဲ့ရင် ပျော်ရွှင်မူတွေပဲပေးနိုင်မဲ့ ကျူးလစ်ဝါလိုလူမျိုးဖြစ်ရဖို့ဆုတောင်းခဲ့ပါတယ်။
ဂျွန့်ကိုအခုလိုနောင်တတွေရှင်သန်ရအောင်လုပ်ခဲ့တာက အချစ်ကိုသေချာနားမလည်ပဲတစ်ဖက်သတ်အယူသီးခဲ့ခြင်းပါပဲ။
အဲဒါက ဂျွန့်ဘဝအတွက်အကြီးမားဆုံးအမှားဖြစ်ခဲ့တာပါ။
ဂျွန်သာ အချစ်ကိုနားလည်ပြီးminieလိုချစ်တတ်တဲ့သူဖြစ်ခဲ့ရင်.....ဆိုပြီးစိတ်ကူးယဉ်ကြည့်ပါ။ အဲလိုသာဆို ဂျွန်ရဲကမ္ဘာတွေကအလုလိုမဟုတ်ပဲသိပ်လှနေခဲ့မှာ.....။
....................................
Updated 23.08.2022
Sakawar
ဇာတ်သိမ်းသွားတဲ့အထိ သေချာနားမလည်ခဲ့တဲ့ငယ်လေးတို့အတွက် စကားဝါအမေး/အဖြေအပိုင်လေး ရေးပြီးရှင်းလိုက်ပါပြီ။
အကုန်နားလည်သွားဖို့မျော်လင့်ပါတယ်။ ဒီထဲminieအကြောင်းသိပ်မပါတာက minieခံစားချက်တွေကိုအကုန်ရှင်းရှင်းလင်းလင်းဖော်ပြပြီးသားဖြစ်လို့ပါ။
မေးစရာတွေ၊ မရှင်းတာတွေရှိသေးရင် ဒီမှာအကုန်မေးသွားလို့ပါတယ် စကားဝါအကုန်ဖြေပေးပါ့မယ်။
အမှန်တိုင်းဝန်ခံရရင် စကားဝါရေးဖူးခဲ့သမျှficထဲမှာPurple Dreamလေးကိုအကြိုက်ဆုံးပါ။ တစ်ခြားficတွေထက်လည်း ပင်ပန်းခဲ့ရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဇာတ်သိမ်းအထိရောက်ဖို့အချိန်အတော်ယူခဲ့ရပါတယ်။
အဲလိုဖြစ်ခဲ့တာတောင် စောင့်ဖတ်ခဲ့ကြတဲ့ငယ်လေးတို့ကို စကားဝါစိတ်ရင်းကျေးဇူးတင်ပါတယ်။
အခုတစ်ကယ် Purple Dreamကနေ နောက်ဆုံးအကြိမ်အဖြစ်ထပ်ပြီးနူတ်ဆက်လိုက်ပါတယ်။
extraလည်းမရှိတော့သလို purple dreamလေးမှာ ဘာမှဆက်ရေးစရာဘာမှမရှိတော့ပါဘူး။ ကောင်းမွန်ညလေးဖြစ်ပါစေငယ်လေးတို့...။
Zawgyi
အေမျဖစ်သူက တစ်ခြားအမျိုးသားတစ်ယောက်နှင့်ထွက်သွားပြီး သူဝမ်းနည်းပြိုလဲနေတုန်း အပြုံးကြီးကြီးပြုံးပြီး စာသင်ခန်းထဲဝင်လာခဲ့တဲ့ကောင်လေးကြောင့် သူစိတ်တွေသက်သာရာရနွေးထွေးခဲ့ရတာပါ။
(3)minieကေရာ ထယ့်ကိုဘယ်တည်းကချစ်ခဲ့တာလဲ။
Mineအခ်စ္က တစ်ကယ်ကိုအံဩစရာကောင်းလောက်အောင်အထိ ကြီးမြတ်ခဲ့ပါတယ်
(8)ဘန္ဘန္က ဘယ်သူလဲ။
ယောင်းအသွေးအသားတွေကို ရယူဖို့မရည်ရွယ်ခဲ့ပေမဲ့ ဂျွန်ဟာအရက်အလွန်အကျွန်မူးနေချိန်ယောက်ျားလေးတို့သဘာဝ လိုချင်တမက်စိတ်တွေထကြွနေခဲ့ပါတယ်။
-လက်ထပ်ခဲ့ကြပါတယ်။
လက္စြပ္က minie ထယ့်ကိုလက်ထပ်ခွင့်တောင်းထားတဲ့လက်စွပ်ပါ။
....................................
Updated 22.08.2022
Sakawar
ဇာတ်သိမ်းသွားတဲ့အထိ သေချာနားမလည်ခဲ့တဲ့ငယ်လေးတို့အတွက် စကားဝါအေမး/အဖြေအပိုင်လေး ရေးပြီးရှင်းလိုက်ပါပြီ။
အခုတစ်ကယ် Purple Dreamကေန နောက်ဆုံးအကြိမ်အဖြစ်ထပ်ပြီးနူတ်ဆက်လိုက်ပါတယ်။
Continue Reading
You'll Also Like
11.4K 456 30
ဂျောင်ကုနဲ့ထယ်ယောင်းဟာအသက်ငယ်ငယ်နဲ့ချစ်ကြိုက်ပြီးသားအိမ့်ပါတဲ့ထယ်ယောင်ဟာကိုယ်ဝန်ရတော့ ဂျောင်ကုကတာဝန်မယူဘဲနိုင်ငံခြားကိုပညာသင်ဖို့ထွက်သွားတယ်။ အရမ်းကိ...
1.3K 73 5
*မောင်မင်းကိုချစ်တာထက်မောင်မင်းကိုမြတ်နိုးတာပါ Tae* * မောင့်ကိုလေ Tae က သိပ်ချစ်တာ မောင်ရဲ့*
697K 23.7K 70
A story where a girl would do anything to get rid of her studies including getting married with a Mafia king but fate played opposite of it even afte...
65.7K 3.8K 22
Jeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung