ဦးငယ်~(Completed)
By NoraRosalia0
222K 14.8K 2.1K
ချစ်ခြင်းအစ မုန်းခြင်းက။ ဒါပေမဲ့ ကျနော်နဲ့ ဦးငယ်ရဲ့ဇာတ်လမ်းက မုန်းခြင်းအစ ချစ်ခြင်းကပင်။ ချစ်ခြင်းအစ မုန်းခြ... More
Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43 (Final)
Extra(Intro)
Extra
Part-19
4.4K 331 52
By NoraRosalia0
(Unicode)
လမ်းစမရှိတဲ့ သဲသောင်ပြင်ငယ်။
လေညွှန်ရာကိုသွားရမလား။
လမ်းပျောက်ခဲ့ချေပြီ။
တစတစ လွင့်နေတဲ့ သဲပွင့်လေး။
အဆုံးအစ မရှိတဲ့ လမ်းမထက်။
နှင်းဆီငယ်လေးလည်း မရှိတော့ချေ။
__________________
ဆေးရုံကုတင်ပေါ် လှဲလျောင်းနေသည့် Taehyung...
ဆေးသွင်းထားသည့်လက်သွယ်သွယ်လေးကို ဆုပ်ကိုင်ကာဘေးတွင်ထိုင်နေသူကတော့ Yoongi ပင်။
နာကျင်စွာငိုကြွေးရင်းမိုးရေထဲမေ့လဲသွားခဲ့သည်။
Tae ရဲ့ဘဝကတကယ်ကို အ​ချုပ်နှောင်ခံထားရတာ။
မောင်ဆိုပြီး သူအရမ်းချစ်တဲ့သူက ဖောက်ပြန်နေတာသိသိကြီးနဲ့ကို လွတ်ထားပေးတယ်တဲ့။
သနားစရာကောင်းလွန်းတယ်။
ကိုယ်မင်းအနားမှာနေရင်း ကူညီပေးပါမယ်။
မျက်လုံးလေးကတဖြည်းဖြည်းပွင့်လို့လာခဲ့သည်။
ဘေးဘီကိုကြည့်ရင်း သူအနားရှိနေခဲ့သူကြောင့်
စိတ်အေးသွားခဲ့သည်။
တယောက်တည်းဖြစ်မနေခဲ့ဘူးပဲ။
လက်လေးကိုဆုပ်ကိုင်ထားခဲ့တယ်။သူကျနော့်နဲ့တချိန်လုံးရှိနေခဲ့တာပဲ။
" Min..."
ခေါ်လိုက်တာနှင့်စိတ်ပူတကြီး အနားကိုကပ်လာသည်။
" မလှုပ်ရှားလိုက်နဲ့ Tae...ဆေးသွင်းထားတယ်...
မူးနေလား...တစ်နေရာရာကများနာနေသေးလား..."
" ဟင့်အင်း..."
" အားနည်းသွားလို့တဲ့...ဘာမှစိတ်ပူစရာမရှိဘူးနော် Tae..."
" ကျနော့် အမျိုးသားက..."
" ကိုယ်သိတယ်...အခုချိန်မှာ နားနားနေနေခနလောက်နေပါ...ပင်ပန်းနေတယ် မဟုတ်လား Tae..."
ကျနော်သိခဲ့ပြီလေ။Tae အမျိုးသားက နာမည်ကြီးအဆိုတော် တစ်ယောက်။
အသက်အများကြီးကွာတဲ့အပြင် JK က တော်တော်ကို နှိပ်စက်တတ်မဲ့ပုံ။
Taehyung မျက်ရည်တွေကျလာပြန်သည်။
မျက်နှာကျက်ဖြူကိုသာကြည့်ရင်း....
" ကျနော်ဘာမှမရှိတော့ဘူး...အကုန်စွန့်လွှတ်လိုက်ပြီ...ကျနော့်ဘဝက အစကတည်းက
တယောက်တည်းရပ်တည်နေခဲ့ရမှာ...မိဘတွေဆုံးကတည်းက မိဘမဲ့တစ်ယောက်အနေနဲ့နေနေခဲ့သင့်တာ...အခုတော့..."
" မငိုပါနဲ့ Tae ကိုယ်မင်းအနားရှိနေတယ်လေ..."
ကျနော့်မျက်ရည်တွေကိုသုတ်ပေးလေသည်။
" သူငယ်ချင်းတစ်ယောက်အနေနဲ့ Taeအနားရှိနေတယ်...ကိုယ့်ကိုအားနာစရာမလိုပါဘူး...
အခုဖြစ်တဲ့ ပြသာနာတွေက အိမ်ထောင်ရေးတစ်ခုဖြစ်လို့ ကိုယ်ဘာမှမ​ပြောတော့ဘူး...JK နဲ့ပြန်စကားသေချာပြောကြည့်ပါ..."
" သူကသေဆုံးသွားပြီ...ထာဝရပါ...ကျနော့်ရင်ဘတ်ထဲကနေ မောင်ဆိုတာမရှိတော့ဘူး...
နှလုံးသားထဲမှာနေရာယူနေတဲ့ မောင်ဆိုတာမရှိတော့ဘူး...ပျောက်ကွယ်သွားပြီ...ကျနော် မောင့်ကို အပြီးအတိုင်စွန့်လွှတ်လိုက်ပြီ..."
Yoongi ပင်မျက်ရည်တွေဝဲလာခဲ့သည်။
သူ့အရှေ့နာကျင်ခံစားနေသည့်သူက သူသံယောဇဥ်ကြိုးလေးငြိတွယ်ချင်နေတဲ့ Taehyung ဖြစ်နေတာကြောင့်ပင်။
တခါတလေကျရင် မြတ်နိုးမိသူရဲ့ မျက်ရည်ကျတာကိုမြင်ရရင် သူနဲ့ထပ်တူခံစားရသည်။
ကျနော် Tae ဆံပင်လေးကိုသပ်ပေးမိသည်။
ဒီကောင်လေး မျက်ရည်တွေက ကျနော့်ကိုပါ
နာကျင်စေသည်။
အပြစ်ကင်းစင်တဲ့သူလေးကိုမှ လူတွေရက်စက်လွန်းတယ်။စိတ်ဒဏ်ရာပေးရက်တယ်။
" Tae လိုအပ်တာတွေကိုယ့်ကိုပြောပါ...ကိုယ်အကုန်လုပ်ပေးပါ့မယ်...ခံစားရတာတွေကိုသိနေလို့ ကိုယ်ဆက်မပြောတော့ဘူး..."
ကျနော့်ကိုကြည့်ရင်း Tae ငိုနေသည်။
ရှက်နေမှာလည်း သေချာသည်။
ကိုယ့်အမျိုးသားတစ်ယောက်လုံး ဖောက်ပြန်တာကို လက်ပူလက်ကျပ်မိတဲ့အပြင် ကျနော့်လိုသူစိမ်းရှေ့မှာဆိုတော့ သူအရမ်းရှက်နေမှာ။
" တစ်ခု...တစ်ခုပဲ ကူညီပေး Min..."
Taehyung သူ့လက်ကိုဆုပ်ကိုင်ထားသည့်Yoongi လက်လေးကိုပြန်ဆုပ်ကိုင်လိုက်ရင်း...
" ပြောပါ...ကိုယ်ကူညီပေးပါ့မယ်..."
" ကျနော်မောင်နဲ့ကွာရှင်းချင်တယ်..."
" လောလောဆယ်ခနနားနေပါအုံး Tae...
ကွာရှင်းမယ်ဆိုတဲ့ကိစ္စကို သေချာပြန်စဥ်းစားပါအုံး..."
" ဟင့်အင်း...ကျနော် မောင့်စီကအပြီးတိုင်
လွတ်မြောက်ချင်တယ်...ကွာရှင်းမယ်...Jeon Taehyung အနေနဲ့အသက်မဆက်ချင်ဘူး...ချစ်ခဲ့ပေမဲ့ အခုတော့ မုန်းတယ်..."
" ကဲပါ...မငိုပါနဲ့တော့ Tae...ဖြစ်ပျက်တဲ့အကြောင်းအရာတွေကို နောက်မှပြန်ပြောကြတာပေါ့...အခုခနပြန်အိပ်လိုက်နော်...ကိုယ်အနားမှာရှိပေးမယ်လေ..."
မျက်ရည်တွေကိုသုတ်ပေးရင်း ဆံနွယ်လေးတွေကို ထိကိုင်ပေးမိတော့ မျက်ဝန်းလေးကမှိတ်သွားခဲ့သည်။
ဆေးအရှိန်ကြောင့်အိပ်ချင်နေတာလည်းပါမည်။
ဆေးရုံအဝတ်အစားလေးထဲကြားက ကျနော့်ရဲ့
နှင်းဆီငယ်လေး။
ကြမ်းတမ်းမှုဆိုတာကို ကြံ့ကြံ့ခံနိုင်တဲ့ အဆူးတွေနဲ့ နှင်းဆီလေးတစ်ပွင့်ပေါ့။
ထိုပန်းပွင့်လေးညိုနွမ်းသွားခြင်းမရှိအောင်
ကျနော် ပျိုးထောင်ယုယချင်မိသည်။
သူသာခွင့်ပြုမယ်ဆိုရင်ပေါ့။
Taehyung အိပ်ပျော်သွားသည်နှင့် Yoongi
အခန်းအပြင်ခနထွက်လာခဲ့သည်။
Taeနိုးလာရင်တစ်ခုခုစားမှာရမယ်။မဟုတ်ရင်
နေမကောင်းဖြစ်ပြီး ပိုအားနည်းနေလိမ့်မည်။
ဆေးရုံအခန်းလေးအတွင်း အိပ်ပျော်ချင်ယောင်ဆောင်နေသည့် နှင်းဆီငယ်လေး။
မောင်...ရယ်ချင်စရာပဲမဟုတ်လား။
ငါ့ဘဝကို မင်းဖျက်စီးခဲ့တယ်။ငါငြိမ်ခံနေတယ်ဆိုပြီး မင်းက ငါ့အချစ်ကို အလွှဲသုံးစားလုပ်ခဲ့တယ်။
ချစ်တာနဲ့ပိုင်ဆိုင်ချင်တာကို မင်းကွဲကွဲပြားပြားသိပုံမရဘူးထင်ပါရဲ့။
ကျနော်အရမ်းနာကျင်နေတုန်းပဲ။
ဦးနှောက်က ခနခနသတိပေးနေခဲ့တာ။
ဒါပေမဲ့ ကျနော်လစ်လျူရှူ့ရင်း နှလုံးသားကိုပဲရွေးချယ်ခဲ့တယ်။
အခုတော့ကျနော်ကို ကြည့်ပါအုံး။မီးထဲခနခန ခုန်ချနေတဲ့ပိုးဖလံလို အင်းဆက်တစ်ကောင်ဖြစ်နေ ခဲ့ပြီ။
ဒါပေမဲ့ အခုတော့နာကျည်းချက်တွေကြောင့်
ဦးနှောက်ရဲ့ရွေးချယ်မှုကိုသာ လိုက်တော့မည်။
Jeon Jungkook မင်းပြိုလဲရမယ်။
အရမ်းကိုအောင်မြင်တဲ့အဆိုတော်အဖြစ်နေချင်နေတာမဟုတ်လား။
ငါပေး ထားတဲ့အဲ့အောင်မြင်မှုကို အပေါ်ကနေပြုတ်ကျသွားအောင် ငါကိုယ်တိုင်ရိုက်ချပစ်မယ်။
ငါပျော့ညံ့နေခဲ့တာမဟုတ်ဘူး။မင်းကိုချစ်လို့အလျော့ပေးခဲ့တာ။
အခုတော့ မင်းကိုငါမုန်းသွားခဲ့ပြီ။
ဒါကြောင့် ငါပျော့ညံနေမှာမဟုတ်တော့ဘူး။
Taehyung စိတ်နာတာထက်ကိုပိုသွားခဲ့သည်။
သူ့စီ Jungkook ပေါ်ချစ်တဲ့စိတ်ဆိုမျိုးမရှိတော့ချေ။
ဖြူစင်တဲ့ကလေးငယ်ကိုချစ်တာလည်းမရှိတော့သလို အရောင်နဲ့ချစ်ခြင်းတွေလည်း မရှိတော့ပေ။
>>>>>>>>
အိမ်ကြီးထဲ အထီးကျန်စွာငိုကြွေးနေသည့်
နောင်တတွေနဲ့ Jungkook...
ကျနော်ဘာတွေလုပ်ခဲ့မိပြီလဲ။
အရာအားလုံးပြိုလဲကျသွားလိုခံစားရသည်။
ဦးငယ်ထားသွားခဲ့ပြီ။ဦးငယ်ငိုနေခဲ့တယ်။
မျက်ဝန်းတွေက ကျနော့်ကို လုံးဝမုန်းတီးနေတာ။
ရင်ဘတ်ထဲက နာနေတယ်။
ရူးတော့မယ်လို့ထင်နေရသည်။မွှန်းကြပ်လွန်းသည်။
မောင်အမှားတွေလုပ်ခဲ့မိပြီ ဦးငယ်။
မင်းတဲ့...ဦးငယ်မောင်လို့တောင်မခေါ်တော့ဘူး။
မုန်းသွားခဲ့ပြီ မဟုတ်လား။
မင်းကိုမုန်းတယ်ဆိုတဲ့စကားက ခံစားရပေမဲ့
ရင်ထဲက နှလုံးသားကိုဆွဲနုတ်စေခဲ့သည့်စကားကတော့ မင်းသေရင်တောင်ငါဝမ်းမနည်းတော့ဘူးတဲ့။
နောင်တရသွားခဲ့ပြီ။ကျနော်အောက်ခြေလွတ်ခဲ့မိတာ။လက်ထက်လက်စွပ်ကအစ ချွတ်ပစ်ခဲ့တယ်။
အောင်မြင်မှုဆိုတဲ့ အရာကိုတပ်မက်ခဲ့သည်။
အပျော်ရှာခဲ့တယ်။ဦးငယ်ကို လိမ်ညာပြီး
ရိုပ်နှက်ခဲ့တာတွေကို ပြန်စဥ်းစားတိုင်း ကျနော်နာကျင်ရသည်။
Jungkook သူ့လက်နှစ်ဖက်သူပြန်ကြည့်ကာ
ရှိုက်ကြီးတငင်ငိုကြွေးလေသည်။
ဒီလက်တွေနဲ့ ဦးငယ်ကို ရိုက်ခဲ့တာ။
ကျနော် ချစ်တယ်ဆိုပြီး ဦးငယ်ကို အနိုင်ကျင့်သလိုဖြစ်နေခဲ့သည်။
Jungkook ဗီဒိုတံခါးကိုဆွဲဖွင့်ကာ သူ့လက်ထပ်လက်စွပ်လေးကို ပြန်ထုတ်ကာဝတ်နေသည်။
မမုန်းလိုက်ပါနဲ့လား ဦးငယ်။
သေလောက်အောင် ခံစားရတယ်။
ဦးငယ်အတွက်မောင်က သေဆုံးသွားပြီလို့ မသတ်မှတ်လိုက်ပါနဲ့။
မောင်အရမ်းနာကျင်ရတယ်။
မောင့်ကို ဦးငယ်ကစကားလုံးတွေနဲ့သာအလဲထိုးခဲ့တယ်။
မောင့်ကို စွန့်ပစ်မယ်တဲ့လား။အဲ့စကားအနာကျင်ဆုံးပဲ။
ငယ်ငယ်ကတည်းက မောင်က ဦးငယ်ကိုခံစားချက်တွေနဲ့ အရင်ချစ်မိခဲ့တာပါ။
ဦးငယ်ရဲ့ အသံလေး။
ဦးငယ်ရဲ့ အပြုံးလေး။
ဦးငယ်ရဲ့ ယုယမှုလေး။
ဦးငယ်ရဲ့ ထွေးပွေ့မှုလေး။
မောင့်အတွက် ဦးငယ်က အဖိုးတန်ဆုံးရတနာတစ်ပါးပါ။
မောင်ကို ခွင့်လွှတ်ပေးနိုင်မလား။
ဦးငယ်က မောင့်အပိုင်လေ။
ဘာလို့ လွယ်လွယ်ထားသွားခဲ့ရတာလဲ။
မောင်အခုအထီးကျန်နေတယ်လေ။မောင် ငိုကြွေးနေတယ်လေ။ ဦးငယ်ရင်ခွင်ထဲထွေးပွေ့ထားတာခံချင်တယ်။
မောင့်ရဲ့ပူဆွေးသောကတွေက ဦးငယ်ရင်ခွင်ငယ်လေးထဲ ခနနားခိုရင်ကိုပျောက်ကင်းစေတာ။
ကျောပြင်လေးကိုပုတ်ပြီး ဦးငယ်ကလေးလေး မငိုပါနဲ့လို့ ​ပြောပေး တာမျိုးလည်း လိုချင်တယ်။
ဦးငယ်ရယ်...ပြန်လာပေးပါ။
ကျနော်အမှားကြီးမှားခဲ့ပြီ။ကျနော်ဦးငယ်စိတ်နာအောင်အထိ မိုက်မဲခဲ့ပြီ။
တစ်ခြားလက်ထဲ ခနပျော်မွေ့ခဲ့တဲ့အကျိုးဆက်ကတော့ အခု ဦးငယ်စီက မုန်းတယ်လို့အပြောခံရခြင်းပဲ။စွန့်ပစ်တာလည်းခံခဲ့ရပြီ။
ကျနော်တောင် ဒီလောက်ခံစားနေရရင် ဦးငယ်သာဆို ဘယ်လောက်တောင် နာကျင်ခံစားရနေမလဲ။
ကျနော်တကယ်ကို မိုက်ရူးရဲဆန်ခဲ့တယ်။
" တောင်းပန်ပါတယ် ဦးငယ်...တောင်းပန်ပါတယ်...မောင် နောင်တရနေပြီ...ပြန်လာပေးပါ...ကျေးဇူးပြုပြီး မောင့်စီပြန်လာပေးပါ...နာကျင်နေတယ်...အရမ်းကိုပါ...မောင်ဦးငယ်ကို တကယ်ချစ်တာပါ..."
ဗီဒိုထဲမှTaehyung ရဲ့အင်္ကျီလေးတွေဖိနပ်လေးတွေကိုရင်ဘတ်ထဲပွေ့ပိုက်ထားကာ Jungkook ငိုကြွေးနေလေသည်။
အချိန်လွန်မှာ နောင်တရသွားရင်လည်း
ပြန်လှည့်ဖို့က ခက်ချေပြီ။
လောကဓံက မျက်နှာသာပေးရင်တောင်
ကြေကွဲပျက်စီးနေတဲ့နှလုံးသားလေးကတော့
မောင်ဆိုသည့်လူသားလေးအတွက် အချစ်တွေပြန်ပေးဖို့မဖြစ်နိုင်တော့ချေ။
မုန်းတယ်ဆိုတဲ့ စကားကပြောဖို့ခက်သည်။
တကယ်နှလုံးသားစေညွှန်ရာကြောင့်ပဲ ပြောလို့ရသည်။
ချစ်တယ်ဆိုတဲ့စကားကတော့ အလွယ်တကူဖွင့်ပြောလို့ရသည်။ ဘာလို့ဆို အပေါ စားဆန်လို့လေ။
တွေ့ရာလူကို ချစ်တယ်လို့ လွယ်လွယ်ပြောလို့ရသည်။
တကယ့်အချစ်စစ်ရင် ထိုသူကချစ်တယ်ဆိုတဲ့ဆားမပါတဲ့ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက်မပြောချေ။ မြတ်နိုးတယ်လို့သာပြောလိမ့်မည်။
မြတ်နိုးမှုက ချစ်ခြင်းတရားထက်အဖိုးတန်သည်။
________________
Nora Rosalia
Vote Plz
19.8.2022
>>>>>>>>>>
(Zawgyi)
လမ်းပျောက်ခဲ့ချေပြီ။
__________________
စိတ်အေးသွားခဲ့သည်။
" Min..."
" ဟင့်အင်း..."
" ကျနော့် အမျိုးသားက..."
နာကျင်စေသည်။
နှင်းဆီငယ်လေး။
>>>>>>>>
ဦးငယ်ထားသွားခဲ့ပြီ။ဦးငယ်ငိုနေခဲ့တယ်။
ရင်ဘတ်ထဲက နာနေတယ်။
အပျော်ရှာခဲ့တယ်။ဦးငယ်ကို လိမ်ညာပြီး
ဦးငယ်ရဲ့ အသံလေး။
ဦးငယ်ရဲ့ အပြုံးလေး။
ဦးငယ်ရဲ့ ယုယမှုလေး။
ဦးငယ်ရယ်...ပြန်လာပေးပါ။
________________
Nora Rosalia
Vote Plz
19.8.2022
Continue Reading
You'll Also Like
101K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
140K 17.5K 12
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
45.4K 8.2K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
8.9K 1.8K 23
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...