(Unicode)
မျက်ရည်စက်တွေကိုတော့ မုန်းတယ်။စိတ်ပျက်စရာမို့လို့လေ။ပျော့ညံ့နေတဲ့ လူညံ့တစ်ယောက်လိုအမြဲပြုမူနေပါ။ဒါမှ စိတ်ဝိညာဥ်ကိုစားသုံးဖို့လွယ်ကူနေမည်။
__________________
မနက်စောစော ကုမ္ပဏီသွားရန်ပြင်ဆင်နေသည့် Taehyung မျက်နှာလေးက ညိုးနွမ်းနေသည်။
အဝတ်အစားလဲကာပြင်ဆင်နေတုန်းအခန်းတံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်သည့်အသံ။
လှည့်ကြည့်မိတော့...
" ဦးငယ်..."
ရင်ထဲကနှလုံးသားကို လှုပ်ခတ်စေတဲ့ အသံချိုချိုလေး။
ပျော်ရွှင်မှုက အတိုင်းမသိအောင်ကိုပင်။
" မောင်..."
အပြေးလေးသွားကာဖက်ထားမိသည်။
တစ်ညလုံးစိတ်ပူနေခဲ့တာ။
" မောင်...အဆင်ပြေရဲ့လား...မနေ့ညက ဘာလို့ပြန်မလာတာလဲ...ဦးငယ်အရမ်းစိတ်ပူနေခဲ့တာ...ဖုန်းဆက်တော့လည်း မကိုင်...မက်ဆေ့ချ်တွေ ပို့လည်း စာမပြန်...မောင်ရယ်... ဘယ်တွေသွားနေတာလဲ..."
" မောင်အလုပ်တွေများနေလို့ပါ ဦးငယ်...အခုတောင် မနည်းပြန်လာရတာ...တစ်ညလုံးလည်း မအိပ်ရသေးဘူး..."
Jungkook တဝါးဝါးသန်းကာ အပေါ်ဝတ်အင်္ကျီကိုချွတ်နေသည်။
သူတမင်ဟန်ဆောင်နေတာပင်။
" ပေး..ပေး...ဦးငယ် တစ်ခါတည်း လျော်လိုက်မယ်..."
အင်္ကျီလေးကိုယူရင်း...
"မောင်ရေချိုးပြီးနားတော့နော်...ဒီနေ့ဘယ်မှသွားစရာမရှိဘူးဆိုရင် အိမ်မှာပဲ အိပ်ရေးဝဝအိပ်ပြီး အနားယူလိုက်နော်မောင်..."
" အင်း..."
" ဒါနဲ့လေမောင်...မနေ့ကဘာနေ့လဲဆိုတာမှတ်မိလား..."
" ဘာနေ့လဲ..."
ထင်တဲ့အတိုင်းပင်။သေချာအောင်ပြန်မေးခဲ့ပေမဲ့ မောင်ကလုံးဝမေ့နေခဲ့သည်။
အလုပ်တွေများနေလည်း အကျိုးအကြောင်းလေးတော့ ဖုန်းဆက်ပြီးပြောသင့်တာ။
အခုတော့ လုံးဝကိုသတိမရတဲ့မောင့်ကြောင့်
ဦးငယ် နာကျင်ရပြန်တယ်။
" ဘာမှ...ဘာမှမဟုတ်တော့ပါဘူး..."
ရင်ထဲစို့နှင့်လာပေမဲ့ မောင့်ကိုအပူမကပ်ချင်တော့ချေ။
ပင်ပန်းလာတဲ့သူကို စိတ်ရှုပ်အောင်လုပ်လို့မှမဖြစ်ဘဲ။
ကုတင်ပေါ် ထိုင်ချလို့ရင်းJungkookသူ့ မျက်ရိုးကိုဖိကိုင်ထားသည်။
" ခေါင်းကိုက်လိုက်တာ...ဦးငယ်ဆေးလေးတစ်ချက်လောက်ယူပေးပါလား..."
" ယူပေးမယ်...ခနနော်မောင်..."
အပြေးလေးစားပွဲ အံဆွဲထဲမှ အကိုက်အခဲပျောက်ဆေးလေးထုတ်ပေးရင်း Jungkook လက်ထဲထည့်ပေးသည်။
" ခနနော်...ဦးငယ်ရေသွားယူခဲ့ပေးမယ်...
ဒါနဲ့ မောင်တစ်ခုခုစားပြီးမှသောက်လေ...မဖြသ်ပါဘူး...ဦးငယ်ကလည်း ထမင်းဟင်းတော့မချက်ထားဘူး...အသင့်စားအစားအစာတွေပဲရှိတယ်...
ပေါင်မုန့်လေးနဲ့နွားနို့လေးစားပြီးမှ ဆေးသောက်လေနော်..."
" မလိုဘူး...မောင် Mi..."
ရုတ်တရက်လွတ်ခနဲ Miya နာမည်ကိုပြောမိတော့မလို့ပင်။
အမှန်ဆို Jungkook Miya အိမ်တွင်သာ တစ်ညလုံးရှိနေခဲ့သည်။
အခုမနက်ပြန်လာခါနီးလည်းသူမက မနက်စာပြင်ဆင်ပြီးကျွေးလိုက်သေးသည်။
နာမည်အစ စကားလုံးလေးကြောင့် Taehyung ကြောင်တောင်တောင်လေးပင် Jungkook ကိုရပ်ကြည့်နေသည်။
" ရေပဲယူခဲ့ပေးပါ ဦးငယ်ရာ...ခေါင်းအရမ်းကိုက်နေတယ် စကားသိပ်မပြောချင်ဘူး..."
" အော...ခနနော် မောင်..."
Taehyung ခများ မီးဖိုခန်းလေးထဲ အပြေးဝင်လာရင်း ရေလေးယူကာ အခန်းထဲ အမြန်ပြန်ဝင်သွားခဲ့သည်။
ရှပ်အင်္ကျီကိုချွတ်မလို့ ဟန်ပြင်နေသည့် Jungkook အနားသွားကာ ရေခွက်လေးကိုလက်ထဲထည့်ပေးသည်။
"ရေရပြီမောင်..."
" အင်း..."
ဆေးလုံးလေးကိုရေဖြင့်မျောချလိုက်သည်။
Taehyung သူကုတင်ပေါ်တင်သွားခဲ့သည့်
Jungkook အပေါ်ဝတ်အင်္ကျီလေးကိုယူလိုက်တော့...
ချလွမ်း!...
ချလွမ်းဆိုသည့် အသံလေးနဲ့အတူ ကြမ်းပြင်ပေါ်ပြုတ်သွားသည့် လည်ဆွဲလေး။
ငုံ့ကြည့်ကာလက်သွယ်သွယ်လေးက ဆွဲကြိုးလေးကို ကောက်ယူလေသည်။
သေချာကြည့်ရင်းနဲ့မှ စိတ်ထဲတစ်မျိုးဖြစ်လာသည်။
J&M တဲ့လေ...ထူးဆန်းနေခဲ့တယ်။
စာလုံးအစတွေက J ဆိုတော့ ရင်ထဲကသီကအောက်ဖြစ်သွားရသည်။
" မောင်...ဒီဆွဲကြိုးလေးက..."
Taehyung ဆွဲကြိုးလေးကို Jungkook ဘက်
လှည့်ကာ လှမ်းပြလေသည်။
သူခိုးလူမိဖြစ်သွားသည့် မျက်နှာဟန်ပန်။
အကြောက်အလန့်ပင်ဆွဲကြိုးလေးကို ဆွဲလုကာ ...
" ဒီ...ဒီဆွဲကြိုးကလေ...မောင်...ဟို..."
အလိမ်အညာစကားလုံးတွေရှာနေသည့် Jungkook
ဒီဆွဲကြိုးက မ ရဲ့ဟာ။ဘယ်လိုလုပ်ပြီး ပါလာရတာလဲ။နောက်ပြီးဦးငယ်ရှေ့မှာမှ ပြုတ်ကျသွားရတယ်လို့ကွာ။
စဥ်းစားနေရင်းနဲ့မှ အကြံတစ်ခုကခေါင်းထဲဝင်လာခဲ့သည်။
မနေ့ညက ဦးငယ်ညစာစားဖို့ချိန်းခဲ့ပဲ။
" အော်...ဒါကလေ ဦးငယ်အတွက်ဝယ်လာတာ...
မနေ့က မောင်ပေးမလို့လေ...အလုပ်တွေကလည်း များသွားတော့ ဦးငယ်ခေါ်တဲ့နေရာကိုမလာဖြစ်တော့တာ..."
" ဦးငယ်အတွက် ဝယ်ထားတာ?..."
" ဟုတ်််တယ်လေ..."
"ဒါပေမဲ့ နာမည်အစစာလုံးတွေက J&M လေ...
အမှန်ဆို ဦးငယ်က T...အနောက်မှက M ကြီးဖြစ်နေတယ်လေ မောင်..."
" အဲ့တာက မောင်အသံထွက်ရဲ့ အရှေ့ဆုံးစာလုံးလေ...M က မောင်...ကဲပါ...ဆွဲကြိုးဆွဲပေးမယ် ဟိုဘက်လှည့်..."
မောင်တစ်ခုခုဖြစ်နေသလိုပဲ။
ကျနော့်လည်ပင်းပေါ် ဆွဲကြိုးလေးကရောက်လာသည်။
သူများပစ္စည်းလိုမျိုး ခံစားလိုက်ရသည်။
" ဒါဆို J ကရော..."
" အဲ့တာလည်း မောင်ပဲလေ..."
Taehyung အမှုစစ်သလိုစစ်နေတော့ Jungkook
စိတ်မရှည်ချင်တော့ပေ။
" ကျစ်!...မဝတ်ချင်လည်း မဝတ်နဲ့လေ... ဘာလို့အကုန်လိုက်ပြီးမေးနေရတာလဲ..."
" အဲ့...အဲလိုမဟုတ်ပါဘူးမောင်ရယ်...ဦးငယ်က
ထူးဆန်းသွားလို့ပါ...ဝတ်ပါမယ်...မောင်ဝယ်ပေး
ထားတာပဲ ဦးငယ်ဝတ်ပါ့မယ်..."
" ဝတ်မနေနဲ့တော့! ..."
" အ့..."
ဝတ်ပေးပြီးသား ဆွဲကြိုးလေးကို စောင့်ဆွဲချလိုက်သည်။
လည်တိုင်ဖွေးဖွေးလေးက ဆွဲကြိုးနှင့်အကြမ်းအတမ်းရှမိသွားသည်။
သွေးလေးတွေစို့လာခဲ့သည်ပင်။
Jungkook သူ့ရှပ်အင်္ကျီကိုချွတ်ကာ
ကြမ်းပြင်ပေါ်ပစ်သွားတော့...
" မောင်...မောင်...ခန..
ခနနေပါအုံး...ဦးငယ် မောင့်ကို ထပ်မမေးတော့ပါဘူး...ဝတ်ထားပါမယ်...စိတ်မဆိုးပါနဲ့နော်..."
ကျနော့်လက်ထဲက ဆွဲကြိုးကို လှမ်းယူနေသည့် ဦးငယ်။
အကုန်လိုက်မေးပြီး ပူညံပူညံလုပ်လွန်းသည်။
Jungkook Taehyung ဘက်လှည့်လာသည်။
" ဦးငယ်မောင့်စကားကိုနားထောင််ဆို...ပြောသမျှအကုန်လုပ်မယ်ဆို..."
" ဟုတ်...ဟုတ်ပါတယ်မောင်ရယ်..."
" ဒါဆို ဘာလို့ မောင်စေတနာနဲ့ဝယ်လာပေးတဲ့ ဆွဲကြိုးကို သူခိုးစစ်သလို စစ်နေတာလဲ...ဦးငယ်
မောင့်စေတနာကိုစော်ကားနေသလိုပဲ..."
" မဟုတ်ရပါဘူး...ဦးငယ်အပြုအမူတွေ စကားတွေက မောင့်စိတ်ထဲ အဲ့လိုထင်သွားခဲ့ရင် တောင်းပန်ပါတယ်...ဦးငယ်က...ဦးငယ်ကလေ..."
Taehyung ခများ Jungkook လက်လေးကိုကိုင်ထားရင်း ငိုချင်နေသည့် စိတ်ကိုမနည်းဖြေဖျောက်နေရသည်။
" ဦးငယ်က မောင်အခုလိုပစ္စည်းလေးလင်ဆောင်ဝယ်လာပေးတော့ပျော်သွားလို့ပါ...ဦးငယ်စိတ်ထဲ
မောင်က မေ့နေတယ်ထင်တာ..."
မျက်ခုံးတစ်ဖင်ပင့်လိုက်ရင်း...
" ဘာကိုမေ့နေတာ..."
" မနေ့ညက မောင်နဲ့ဦးငယ်ရဲ့ သုံးနှစ်ပြည့်
မင်္ဂလာနှစ်ပတ်လည်လေ..."
သေစမ်း။ကျနော်တကယ်မေ့နေခဲ့တာပဲ။
အဲ့တာကြောင့် ဦးငယ်က ညစာစားဖို့အတွက်အတင်းခေါ်နေတာကို။
Miya မွေးနေ့ကိုပဲစိတ်ထဲစွဲနေတော့ မင်္ဂလာနှစ်ပတ်လည်ကိုတောင်မေ့သွားတယ်။
Jungkook သူမမှတ်မိတာကို အတင်းမှတ်မိချင်ယောင်ဆောင်နေသည်။
" အဲ့တာကြောင့် ဒီဆွဲကြိုးဝယ်ပေးတာပေါ့..."
ဦးငယ်က တုံးတော့ ကျနော်ဘာပြောပြောလက်ခံမှာသေချာသည်။
" ဦးငယ် ဝတ်ပါ့မယ်...ဆွဲကြိုးလေးပြန်ပေးပါမောင်... "
လက်ထဲကနေယူသွားခဲ့သည်။
ချိတ်ဆက်ထားသည့် နေရာလေးမှ ဆွဲကြိုးလေးက ပြတ်သွားလေသည်။
" ပြတ်သွားတာပဲ...ဦးငယ်ဆိုင်မှာပြန်ပြင်ပြီး ဝတ်လိုက်မယ်လေ မောင်...ဒါကြောင့်စိတ်မဆိုးပါနဲ့တော့နော်..."
" ပြီးရော ဗျာ..."
တစ်ဖက်လှည့်သွားသည့် မောင်။
မယုံနိုင်အောင်ဖြစ်သွားရပြန်သည်။
ဘယ်ဘက်လည်တိုင်မှာ အနီ အညိုကွက်တွေ
မြင်မကောင်းအောင်ရှိနေသည်။
စိတ်ကထိန်းဖို့ခက်လာသည်။
မမေးဘဲနေလို့မဖြစ်တေ့စည့်အနေအထားတစ်ခု။
Taehyung Jungkook လည်ပင်းကိုထိကိုင်ကြည့်ကာ...
" ဒီအနီကွက်တွေက ဘာတွေလဲမောင်... "
"ဘာလဲ..."
" ဒီမှာလေ...မောင်လည်ပင်းမှာ အနီကွက်တွေရှိနေတယ်..."
မှန်တင်ခုံနားသွားကာလည်ပင်းကိုစောင်းကာကြည့်နေသည့် Jungkook...
ဟာ...မ လုပ်ပြန်ပြီကွာ။
ဦးငယ်ကနဂိညကတည်းက ပြသာနာကိုမီးစထွန်းရှာနေပါတယ်ဆို။
တုန်လှုပ်နေလို့မဖြစ်ဘူး။မဟုတ်ရင် ဦးငယ်ရိပ်မိသွားလိမ့်မယ်။
" အဲ့တာလား...ဆံပင်လိပ်တဲ့အပူချောင်းနဲ့ထိမိတာပါ...မနေ့က မိတ်ကပ်ဆရာတွေစောက် သုံးမကျဘူးလေ..."
အသံကို တည်တည်ငြိမ်ငြိမ်ပင်လုပ်ကာ ပြန်ဖြေ
လိုက်သည်။
ဒါပေမဲ မျက်ဝန်းညိုလေးတွေက သူ့ကိုမယုံသင်္ကါကြည့်နေသည်။
ခုနက ဆွဲကြိုးကိစ္စကြောင့် မမြင်လိုက်မိတာ။
အခုတော့ ထင်းနေသည့် ထိအရာတွေ။
" အပူချောင်းနဲ့ထိတယ်?..."
" အင်း..."
လိမ်နေတာ။မောင်လိမ်နေတာအသိအသာကြီး။
အဲ့အနီအကွက်တွေက တစ်ယောက်ယောက်ပေး
ထားတာ။
လက်ထက်ပြီးသားလူတစ်ယောက်ပါ။
ဒီလိုအရာမျိုးကမောင်လုပ်လို့ အမြဲကျနော့်ကိုယ်ပေါ်ကျန်ကျန်နေခဲ့တာလေ။
အခုကျတော့မောင်က ပေါ်တင်ကို လိမ်နေတယ်။
ကျနော့်နှလုံးသားတစ်ခုလုံးကြေမွတော့မလို့ ခံစားရသည်။
" လိမ်နေတယ်...မောင်လိမ်နေတာ...ဦးငယ်သိတယ်..."
" ဘာလိမ်လို့လဲ..."
အနားသွားကာမောင်လည်ပင်းကို ထိကပ်ကာနမ်းကြည့်လိုက််တော့ ရေမွှေးအနံ့တစ်ခုကို ရခဲ့ရသည်။အမျိုးသမီးသုံးရေမွှေးတစ်ခု။
" မောင်...လုပ်ရက်ပြန်ပြီလား..."
" ဘာကိုလဲ...ဘာကို လုပ်ရက်တာလဲ?...ဦးငယ်ဘာတွေပြောနေတာလဲ မောင်နားမလည်ဘူး..."
" ဘယ်သူလဲ..."
Taehyung လက်သီးလေးတွေဆုပ်ထားမိသည်။
သူ့ရင်ထဲ ကမ္ဘာပျက်နေတာကို ဘယ်သူမှသိမည်မဟုတ်။
" ဘာကိုလဲ..."
" မနေ့ညက မောင်ဘယ်သူလဲ အိပ်ခဲ့တာလဲ!..."
" ဦးငယ်!...မောင့်ကို မစွပ်စွဲနဲ့..."
" စွပ်စွဲနေတာမဟုတ်ဘူး မောင်...ဒီအရာတွေက သက်သေပဲလေ...မောင်ဆက်မလိမ်စမ်းနဲ့!..."
ကျနော်မေညင့်လက်မောင်းနှစ်ဖက်ကို လှုပ်ကိုင်ကာမေးနေမိတယ်။
ဘယ်သူမှမဟုတ်ဘူးလို့ ပြန်ဖြေတာမျိုးမလိုချင်ဘူး။
လိမ်ညာတာထက် အမှန်တိုင်းပြန်ဖြေတာမျိုးပဲကျနော်လိုချင်သည်။
" ဘယ်သူလဲလို့မေးနေတယ်လေ!...မောင်!..."
" ပါးစပိပိတ်ထားစမ်း!..."
Jungkook Taehyung ကိုဆောင့်တွန်းလိုက်သည်။
အားအရမ်းမများတာကြောင့်အနောက်ကို ယိုင်သွားရုံသာဖြစ်သွားသည်။
" ခေါင်းကိုက်နေရတဲ့ကြားထဲ ဦးငယ် မောင်ကို
ပြသာနာမရှာစမ်းနဲ့!..."
" ပြသာနာရှာနေတာ ဦးငယ်မဟုတ်ဘူး...မောင်ရှာနေတာလေ...မိန်းကလေးရေမွှေးနံ့က မောင်လည်တိုင်တွေစီကနေ ရနေတယ်...လည်ပင်းမှာလည်း ကိုက်ရာတွေနဲ့ နီရဲနေတဲ့ အကွက်တွေ..."
" မောင်ပြောပြီးပြီလေ...အဲ့တာက အပူလောင်တာ..."
" လိမ်နေတာတွေရပ်လိုက်တော့! ...ဘယ်သူလဲ အိပ်ခဲ့လဲသာပြောစမ်းပါ!..."
" ဦးငယ်!...မောင့်သိက္ခာကို မစော်ကားနဲ့..."
"သိက္ခာ?...မောင်...သိက္ခာဆိုတာဘာလဲ ရောသိရဲ့လား...လွန်ခဲ့တဲ့ နှစ်တွေအစပိုင်းတုန်းကလည်း
မောင် စိတ်ကစားခဲ့တယ်...အခုလည်း ထပ်ပြီး အဲ့လိုအပြုအမူတွေမောင်လုပ်နေတယ်လေ..."
" အရင်က အကြောင်းတွေပြန်မဖော်နဲ့ ဦးငယ်!..."
" မောင့်မှာ သိက္ခာဆိုတာရော ရှိသေးရဲ့လား!...
အခု တခါပြန်ဇာတ်လမ်းစနေတာလေ! ...ဘယ်ကောင်မ ရဲ့ကုတင်ပေါ်မှာမောင်အရမ်းကို သာယာနေတာလဲ ပြော!..."
Taehyung Jungkookရင်ဘတ်ကို လက်ညိထိုးကာပြောနေသည်။
စကားလုံးတွေက အနှစ်တွေချည်းသာပြောတော့
သူအထိနာသွားခဲ့ပြီ။
" ဘယ်ကောင်မလဲ!...ပြောလေ!...မောင် ဘယ်နှကြိမ်တောင် သူမနဲ့..."
" Jeon Taehyung!..."
ဖြန်း!....
_____________
Nora Rosalia
Vote Plz
17.8.2022
လူတိုင်းမှာ အတုံ့အလှည့်ဆိုတာ ရှိပါတယ်။
>>>>>>>>>
(Zawgyi)
မ်က္ရည္စက္ေတြကိုေတာ့ မုန္းတယ္။စိတ္ပ်က္စရာမို႔လို႔ေလ။ေပ်ာ့ညံ့ေနတဲ့ လူညံ့တစ္ေယာက္လိုအျမဳျပဳမူေနပါ။ဒါမွ စိတ္ဝိညာဥ္ကိုစားသုံးဖို႔လြယ္ကူေနမည္။
__________________
မနက္ေစာေစာ ကုမၸဏီသြားရန္ျပင္ဆင္ေနသည့္ Taehyung မ်က္ႏွာေလးက ညိုးႏြမ္းေနသည္။
အဝတ္အစားလဲကာျပင္ဆင္ေနတုန္းအခန္းတံခါးလက္ကိုင္ကိုဆြဲလွည့္လိုက္သည့္အသံ။
လွည့္ၾကည့္မိေတာ့...
" ဦးငယ္..."
ရင္ထဲကႏွလုံးသားကို လႈပ္ခတ္ေစတဲ့ အသံခ်ိဳခ်ိဳေလး။
ေပ်ာ္႐ႊင္မႈက အတိုင္းမသိေအာင္ကိုပင္။
" ေမာင္..."
အေျပးေလးသြားကာဖက္ထားမိသည္။
တစ္ညလုံးစိတ္ပူေနခဲ့တာ။
" ေမာင္...အဆင္ေျပရဲ႕လား...မေန႕ညက ဘာလို႔ျပန္မလာတာလဲ...ဦးငယ္အရမ္းစိတ္ပူေနခဲ့တာ...ဖုန္းဆက္ေတာ့လည္း မကိုင္...မက္ေဆ့ခ်္ေတြ ပို႔လည္း စာမျပန္...ေမာင္ရယ္... ဘယ္ေတြသြားေနတာလဲ..."
" ေမာင္အလုပ္ေတြမ်ားေနလို႔ပါ ဦးငယ္...အခုေတာင္ မနည္းျပန္လာရတာ...တစ္ညလုံးလည္း မအိပ္ရေသးဘူး..."
Jungkook တဝါးဝါးသန္းကာ အေပၚဝတ္အကၤ်ီကိုခြၽတ္ေနသည္။
သူတမင္ဟန္ေဆာင္ေနတာပင္။
" ေပး..ေပး...ဦးငယ္ တစ္ခါတည္း ေလ်ာ္လိုက္မယ္..."
အကၤ်ီေလးကိုယူရင္း...
"ေမာင္ေရခ်ိဳးၿပီးနားေတာ့ေနာ္...ဒီေန႕ဘယ္မွသြားစရာမရွိဘူးဆိုရင္ အိမ္မွာပဲ အိပ္ေရးဝဝအိပ္ၿပီး အနားယူလိုက္ေနာ္ေမာင္..."
" အင္း..."
" ဒါနဲ႕ေလေမာင္...မေန႕ကဘာေန႕လဲဆိုတာမွတ္မိလား..."
" ဘာေန႕လဲ..."
ထင္တဲ့အတိုင္းပင္။ေသခ်ာေအာင္ျပန္ေမးခဲ့ေပမဲ့ ေမာင္ကလုံးဝေမ့ေနခဲ့သည္။
အလုပ္ေတြမ်ားေနလည္း အက်ိဳးအေၾကာင္းေလးေတာ့ ဖုန္းဆက္ၿပီးေျပာသင့္တာ။
အခုေတာ့ လုံးဝကိုသတိမရတဲ့ေမာင့္ေၾကာင့္
ဦးငယ္ နာက်င္ရျပန္တယ္။
" ဘာမွ...ဘာမွမဟုတ္ေတာ့ပါဘူး..."
ရင္ထဲစို႔ႏွင့္လာေပမဲ့ ေမာင့္ကိုအပူမကပ္ခ်င္ေတာ့ေခ်။
ပင္ပန္းလာတဲ့သူကို စိတ္ရႈပ္ေအာင္လုပ္လို႔မွမျဖစ္ဘဲ။
ကုတင္ေပၚ ထိုင္ခ်လိဳ႕ရင္းJungkookသူ႕ မ်က္ရိုးကိုဖိကိုင္ထားသည္။
" ေခါင္းကိုက္လိုက္တာ...ဦးငယ္ေဆးေလးတစ္ခ်က္ေလာက္ယူေပးပါလား..."
" ယူေပးမယ္...ခနေနာ္ေမာင္..."
အေျပးေလးစားပြဲ အံဆြဲထဲမွ အကိုက္အခဲေပ်ာက္ေဆးေလးထုတ္ေပးရင္း Jungkook လက္ထဲထည့္ေပးသည္။
" ခနေနာ္...ဦးငယ္ေရသြားယူခဲ့ေပးမယ္...
ဒါနဲ႕ ေမာင္တစ္ခုခုစားၿပီးမွေသာက္ေလ...မျဖသ္ပါဘူး...ဦးငယ္ကလည္း ထမင္းဟင္းေတာ့မခ်က္ထားဘူး...အသင့္စားအစားအစာေတြပဲရွိတယ္...
ေပါင္မုန့္ေလးနဲ႕ႏြားနို႔ေလးစားၿပီးမွ ေဆးေသာက္ေလေနာ္..."
" မလိုဘူး...ေမာင္ Mi..."
႐ုတ္တရက္လြတ္ခနဲ Miya နာမည္ကိုေျပာမိေတာ့မလို႔ပင္။
အမွန္ဆို Jungkook Miya အိမ္တြင္သာ တစ္ညလုံးရွိေနခဲ့သည္။
အခုမနက္ျပန္လာခါနီးလည္းသူမက မနက္စာျပင္ဆင္ၿပီးေကြၽးလိုက္ေသးသည္။
နာမည္အစ စကားလုံးေလးေၾကာင့္ Taehyung ေၾကာင္ေတာင္ေတာင္ေလးပင္ Jungkook ကိုရပ္ၾကည့္ေနသည္။
" ေရပဲယူခဲ့ေပးပါ ဦးငယ္ရာ...ေခါင္းအရမ္းကိုက္ေနတယ္ စကားသိပ္မေျပာခ်င္ဘူး..."
" ေအာ...ခနေနာ္ ေမာင္..."
Taehyung ခမ်ား မီးဖိုခန္းေလးထဲ အေျပးဝင္လာရင္း ေရေလးယူကာ အခန္းထဲ အျမန္ျပန္ဝင္သြားခဲ့သည္။
ရွပ္အကၤ်ီကိုခြၽတ္မလို႔ ဟန္ျပင္ေနသည့္ Jungkook အနားသြားကာ ေရခြက္ေလးကိုလက္ထဲထည့္ေပးသည္။
"ေရရၿပီေမာင္..."
" အင္း..."
ေဆးလုံးေလးကိုေရျဖင့္ေမ်ာခ်လိဳက္သည္။
Taehyung သူကုတင္ေပၚတင္သြားခဲ့သည့္
Jungkook အေပၚဝတ္အကၤ်ီေလးကိုယူလိုက္ေတာ့...
ခ်လြမ္း!...
ခ်လြမ္းဆိုသည့္ အသံေလးနဲ႕အတူ ၾကမ္းျပင္ေပၚျပဳတ္သြားသည့္ လည္ဆြဲေလး။
ငုံ႕ၾကည့္ကာလက္သြယ္သြယ္ေလးက ဆြဲႀကိဳးေလးကို ေကာက္ယူေလသည္။
ေသခ်ာၾကည့္ရင္းနဲ႕မွ စိတ္ထဲတစ္မ်ိဳးျဖစ္လာသည္။
J&M တဲ့ေလ...ထူးဆန္းေနခဲ့တယ္။
စာလုံးအစေတြက J ဆိုေတာ့ ရင္ထဲကသီကေအာက္ျဖစ္သြားရသည္။
" ေမာင္...ဒီဆြဲႀကိဳးေလးက..."
Taehyung ဆြဲႀကိဳးေလးကို Jungkook ဘက္
လွည့္ကာ လွမ္းျပေလသည္။
သူခိုးလူမိျဖစ္သြားသည့္ မ်က္ႏွာဟန္ပန္။
အေၾကာက္အလန့္ပင္ဆြဲႀကိဳးေလးကို ဆြဲလုကာ ...
" ဒီ...ဒီဆြဲႀကိဳးကေလ...ေမာင္...ဟို..."
အလိမ္အညာစကားလုံးေတြရွာေနသည့္ Jungkook
ဒီဆြဲႀကိဳးက မ ရဲ႕ဟာ။ဘယ္လိုလုပ္ၿပီး ပါလာရတာလဲ။ေနာက္ၿပီးဦးငယ္ေရွ႕မွာမွ ျပဳတ္က်သြားရတယ္လို႔ကြာ။
စဥ္းစားေနရင္းနဲ႕မွ အႀကံတစ္ခုကေခါင္းထဲဝင္လာခဲ့သည္။
မေန႕ညက ဦးငယ္ညစာစားဖို႔ခ်ိန္းခဲ့ပဲ။
" ေအာ္...ဒါကေလ ဦးငယ္အတြက္ဝယ္လာတာ...
မေန႕က ေမာင္ေပးမလို႔ေလ...အလုပ္ေတြကလည္း မ်ားသြားေတာ့ ဦးငယ္ေခၚတဲ့ေနရာကိုမလာျဖစ္ေတာ့တာ..."
" ဦးငယ္အတြက္ ဝယ္ထားတာ?..."
" ဟုတ္္္တယ္ေလ..."
"ဒါေပမဲ့ နာမည္အစစာလုံးေတြက J&M ေလ...
အမွန္ဆို ဦးငယ္က T...အေနာက္မွက M ႀကီးျဖစ္ေနတယ္ေလ ေမာင္..."
" အဲ့တာက ေမာင္အသံထြက္ရဲ႕ အေရွ႕ဆုံးစာလုံးေလ...M က ေမာင္...ကဲပါ...ဆြဲႀကိဳးဆြဲေပးမယ္ ဟိုဘက္လွည့္..."
ေမာင္တစ္ခုခုျဖစ္ေနသလိုပဲ။
က်ေနာ့္လည္ပင္းေပၚ ဆြဲႀကိဳးေလးကေရာက္လာသည္။
သူမ်ားပစၥည္းလိုမ်ိဳး ခံစားလိုက္ရသည္။
" ဒါဆို J ကေရာ..."
" အဲ့တာလည္း ေမာင္ပဲေလ..."
Taehyung အမႈစစ္သလိုစစ္ေနေတာ့ Jungkook
စိတ္မရွည္ခ်င္ေတာ့ေပ။
" က်စ္!...မဝတ္ခ်င္လည္း မဝတ္နဲ႕ေလ... ဘာလို႔အကုန္လိုက္ၿပီးေမးေနရတာလဲ..."
" အဲ့...အဲလိုမဟုတ္ပါဘူးေမာင္ရယ္...ဦးငယ္က
ထူးဆန္းသြားလို႔ပါ...ဝတ္ပါမယ္...ေမာင္ဝယ္ေပး
ထားတာပဲ ဦးငယ္ဝတ္ပါ့မယ္..."
" ဝတ္မေနနဲ႕ေတာ့! ..."
" အ့..."
ဝတ္ေပးၿပီးသား ဆြဲႀကိဳးေလးကို ေစာင့္ဆြဲခ်လိဳက္သည္။
လည္တိုင္ေဖြးေဖြးေလးက ဆြဲႀကိဳးႏွင့္အၾကမ္းအတမ္းရွမိသြားသည္။
ေသြးေလးေတြစို႔လာခဲ့သည္ပင္။
Jungkook သူ႕ရွပ္အကၤ်ီကိုခြၽတ္ကာ
ၾကမ္းျပင္ေပၚပစ္သြားေတာ့...
" ေမာင္...ေမာင္...ခန..
ခနေနပါအုံး...ဦးငယ္ ေမာင့္ကို ထပ္မေမးေတာ့ပါဘူး...ဝတ္ထားပါမယ္...စိတ္မဆိုးပါနဲ႕ေနာ္..."
က်ေနာ့္လက္ထဲက ဆြဲႀကိဳးကို လွမ္းယူေနသည့္ ဦးငယ္။
အကုန္လိုက္ေမးၿပီး ပူညံပူညံလုပ္လြန္းသည္။
Jungkook Taehyung ဘက္လွည့္လာသည္။
" ဦးငယ္ေမာင့္စကားကိုနားေထာင္္ဆို...ေျပာသမွ်အကုန္လုပ္မယ္ဆို..."
" ဟုတ္...ဟုတ္ပါတယ္ေမာင္ရယ္..."
" ဒါဆို ဘာလို႔ ေမာင္ေစတနာနဲ႕ဝယ္လာေပးတဲ့ ဆြဲႀကိဳးကို သူခိုးစစ္သလို စစ္ေနတာလဲ...ဦးငယ္
ေမာင့္ေစတနာကိုေစာ္ကားေနသလိုပဲ..."
" မဟုတ္ရပါဘူး...ဦးငယ္အျပဳအမူေတြ စကားေတြက ေမာင့္စိတ္ထဲ အဲ့လိုထင္သြားခဲ့ရင္ ေတာင္းပန္ပါတယ္...ဦးငယ္က...ဦးငယ္ကေလ..."
Taehyung ခမ်ား Jungkook လက္ေလးကိုကိုင္ထားရင္း ငိုခ်င္ေနသည့္ စိတ္ကိုမနည္းေျဖေဖ်ာက္ေနရသည္။
" ဦးငယ္က ေမာင္အခုလိုပစၥည္းေလးလင္ေဆာင္ဝယ္လာေပးေတာ့ေပ်ာ္သြားလို႔ပါ...ဦးငယ္စိတ္ထဲ
ေမာင္က ေမ့ေနတယ္ထင္တာ..."
မ်က္ခုံးတစ္ဖင္ပင့္လိုက္ရင္း...
" ဘာကိုေမ့ေနတာ..."
" မေန႕ညက ေမာင္နဲ႕ဦးငယ္ရဲ႕ သုံးႏွစ္ျပည့္
မဂၤလာႏွစ္ပတ္လည္ေလ..."
ေသစမ္း။က်ေနာ္တကယ္ေမ့ေနခဲ့တာပဲ။
အဲ့တာေၾကာင့္ ဦးငယ္က ညစာစားဖို႔အတြက္အတင္းေခၚေနတာကို။
Miya ေမြးေန႕ကိုပဲစိတ္ထဲစြဲေနေတာ့ မဂၤလာႏွစ္ပတ္လည္ကိုေတာင္ေမ့သြားတယ္။
Jungkook သူမမွတ္မိတာကို အတင္းမွတ္မိခ်င္ေယာင္ေဆာင္ေနသည္။
" အဲ့တာေၾကာင့္ ဒီဆြဲႀကိဳးဝယ္ေပးတာေပါ့..."
ဦးငယ္က တုံးေတာ့ က်ေနာ္ဘာေျပာေျပာလက္ခံမွာေသခ်ာသည္။
" ဦးငယ္ ဝတ္ပါ့မယ္...ဆြဲႀကိဳးေလးျပန္ေပးပါေမာင္... "
လက္ထဲကေနယူသြားခဲ့သည္။
ခ်ိတ္ဆက္ထားသည့္ ေနရာေလးမွ ဆြဲႀကိဳးေလးက ျပတ္သြားေလသည္။
" ျပတ္သြားတာပဲ...ဦးငယ္ဆိုင္မွာျပန္ျပင္ၿပီး ဝတ္လိုက္မယ္ေလ ေမာင္...ဒါေၾကာင့္စိတ္မဆိုးပါနဲ႕ေတာ့ေနာ္..."
" ၿပီးေရာ ဗ်ာ..."
တစ္ဖက္လွည့္သြားသည့္ ေမာင္။
မယုံနိုင္ေအာင္ျဖစ္သြားရျပန္သည္။
ဘယ္ဘက္လည္တိုင္မွာ အနီ အညိုကြက္ေတြ
ျမင္မေကာင္းေအာင္ရွိေနသည္။
စိတ္ကထိန္းဖို႔ခက္လာသည္။
မေမးဘဲေနလို႔မျဖစ္ေတ့စည့္အေနအထားတစ္ခု။
Taehyung Jungkook လည္ပင္းကိုထိကိုင္ၾကည့္ကာ...
" ဒီအနီကြက္ေတြက ဘာေတြလဲေမာင္... "
"ဘာလဲ..."
" ဒီမွာေလ...ေမာင္လည္ပင္းမွာ အနီကြက္ေတြရွိေနတယ္..."
မွန္တင္ခုံနားသြားကာလည္ပင္းကိုေစာင္းကာၾကည့္ေနသည့္ Jungkook...
ဟာ...မ လုပ္ျပန္ၿပီကြာ။
ဦးငယ္ကနဂိညကတည္းက ျပသာနာကိုမီးစထြန္းရွာေနပါတယ္ဆို။
တုန္လႈပ္ေနလို႔မျဖစ္ဘူး။မဟုတ္ရင္ ဦးငယ္ရိပ္မိသြားလိမ့္မယ္။
" အဲ့တာလား...ဆံပင္လိပ္တဲ့အပူေခ်ာင္းနဲ႕ထိမိတာပါ...မေန႕က မိတ္ကပ္ဆရာေတြေစာက္ သုံးမက်ဘဴးေလ..."
အသံကို တည္တည္ၿငိမ္ၿငိမ္ပင္လုပ္ကာ ျပန္ေျဖ
လိုက္သည္။
ဒါေပမဲ မ်က္ဝန္းညိုေလးေတြက သူ႕ကိုမယုံသကၤါၾကည့္ေနသည္။
ခုနက ဆြဲႀကိဳးကိစၥေၾကာင့္ မျမင္လိုက္မိတာ။
အခုေတာ့ ထင္းေနသည့္ ထိအရာေတြ။
" အပူေခ်ာင္းနဲ႕ထိတယ္?..."
" အင္း..."
လိမ္ေနတာ။ေမာင္လိမ္ေနတာအသိအသာႀကီး။
အဲ့အနီအကြက္ေတြက တစ္ေယာက္ေယာက္ေပး
ထားတာ။
လက္ထက္ၿပီးသားလူတစ္ေယာက္ပါ။
ဒီလိုအရာမ်ိဳးကေမာင္လုပ္လို႔ အၿမဲက်ေနာ့္ကိုယ္ေပၚက်န္က်န္ေနခဲ့တာေလ။
အခုက်ေတာ့ေမာင္က ေပၚတင္ကို လိမ္ေနတယ္။
က်ေနာ့္ႏွလုံးသားတစ္ခုလုံးေၾကမြေတာ့မလို႔ ခံစားရသည္။
" လိမ္ေနတယ္...ေမာင္လိမ္ေနတာ...ဦးငယ္သိတယ္..."
" ဘာလိမ္လို႔လဲ..."
အနားသြားကာေမာင္လည္ပင္းကို ထိကပ္ကာနမ္းၾကည့္လိုက္္ေတာ့ ေရေမႊးအနံ႕တစ္ခုကို ရခဲ့ရသည္။အမ်ိဳးသမီးသုံးေရေမႊးတစ္ခု။
" ေမာင္...လုပ္ရက္ျပန္ၿပီလား..."
" ဘာကိုလဲ...ဘာကို လုပ္ရက္တာလဲ?...ဦးငယ္ဘာေတြေျပာေနတာလဲ ေမာင္နားမလည္ဘူး..."
" ဘယ္သူလဲ..."
Taehyung လက္သီးေလးေတြဆုပ္ထားမိသည္။
သူ႕ရင္ထဲ ကမၻာပ်က္ေနတာကို ဘယ္သူမွသိမည္မဟုတ္။
" ဘာကိုလဲ..."
" မေန႕ညက ေမာင္ဘယ္သူလဲ အိပ္ခဲ့တာလဲ!..."
" ဦးငယ္!...ေမာင့္ကို မစြပ္စြဲနဲ႕..."
" စြပ္စြဲေနတာမဟုတ္ဘူး ေမာင္...ဒီအရာေတြက သက္ေသပဲေလ...ေမာင္ဆက္မလိမ္စမ္းနဲ႕!..."
က်ေနာ္ေမညင့္လက္ေမာင္းႏွစ္ဖက္ကို လႈပ္ကိုင္ကာေမးေနမိတယ္။
ဘယ္သူမွမဟုတ္ဘူးလို႔ ျပန္ေျဖတာမ်ိဳးမလိုခ်င္ဘူး။
လိမ္ညာတာထက္ အမွန္တိုင္းျပန္ေျဖတာမ်ိဳးပဲက်ေနာ္လိုခ်င္သည္။
" ဘယ္သူလဲလို႔ေမးေနတယ္ေလ!...ေမာင္!..."
" ပါးစပိပိတ္ထားစမ္း!..."
Jungkook Taehyung ကိုေဆာင့္တြန္းလိုက္သည္။
အားအရမ္းမမ်ားတာေၾကာင့္အေနာက္ကို ယိုင္သြား႐ုံသာျဖစ္သြားသည္။
" ေခါင္းကိုက္ေနရတဲ့ၾကားထဲ ဦးငယ္ ေမာင္ကို
ျပသာနာမရွာစမ္းနဲ႕!..."
" ျပသာနာရွာေနတာ ဦးငယ္မဟုတ္ဘူး...ေမာင္ရွာေနတာေလ...မိန္းကေလးေရေမႊးနံ႕က ေမာင္လည္တိုင္ေတြစီကေန ရေနတယ္...လည္ပင္းမွာလည္း ကိုက္ရာေတြနဲ႕ နီရဲေနတဲ့ အကြက္ေတြ..."
" ေမာင္ေျပာၿပီးၿပီေလ...အဲ့တာက အပူေလာင္တာ..."
" လိမ္ေနတာေတြရပ္လိုက္ေတာ့! ...ဘယ္သူလဲ အိပ္ခဲ့လဲသာေျပာစမ္းပါ!..."
" ဦးငယ္!...ေမာင့္သိကၡာကို မေစာ္ကားနဲ႕..."
"သိကၡာ?...ေမာင္...သိကၡာဆိုတာဘာလဲ ေရာသိရဲ႕လား...လြန္ခဲ့တဲ့ ႏွစ္ေတြအစပိုင္းတုန္းကလည္း
ေမာင္ စိတ္ကစားခဲ့တယ္...အခုလည္း ထပ္ၿပီး အဲ့လိုအျပဳအမူေတြေမာင္လုပ္ေနတယ္ေလ..."
" အရင္က အေၾကာင္းေတြျပန္မေဖာ္နဲ႕ ဦးငယ္!..."
" ေမာင့္မွာ သိကၡာဆိုတာေရာ ရွိေသးရဲ႕လား!...
အခု တခါျပန္ဇာတ္လမ္းစေနတာေလ! ...ဘယ္ေကာင္မ ရဲ႕ကုတင္ေပၚမွာေမာင္အရမ္းကို သာယာေနတာလဲ ေျပာ!..."
Taehyung Jungkookရင္ဘတ္ကို လက္ညိထိုးကာေျပာေနသည္။
စကားလုံးေတြက အႏွစ္ေတြခ်ည္းသာေျပာေတာ့
သူအထိနာသြားခဲ့ၿပီ။
" ဘယ္ေကာင္မလဲ!...ေျပာေလ!...ေမာင္ ဘယ္ႏွႀကိမ္ေတာင္ သူမနဲ႕..."
" Jeon Taehyung!..."
ျဖန္း!....
_____________
Nora Rosalia
Vote Plz
17.8.2022
လူတိုင္းမွာ အတုံ႕အလွည့္ဆိုတာ ရွိပါတယ္။