Unicode
"ယံယံ....ယံယံရေ....''
"ဗျာ....မမ ယံယံဒီမှာ''
အိမ်၏ နောက်ဘက်ခြံထဲမှာ ယံယံပန်းစိုက်နေရင်း မမ၏ ခေါ်သံကြောင့် လှမ်းထူးလိုက်၏ ။ မမကလက်မှာ လှောင်အိမ်လှလှလေးကိုဆွဲပြီး ယံယံစီ ရွှင်ပြစွာ လျှောက်လာခဲ့သည် ။
"ယံယံ....မမဘာလေးယူလာလဲ ကြည့်ပါဦး''
လှောင်အိမ်လေးကို ယံယံရှေ့ထိုပြလာတာကြောင့် ယံယံအထဲကို စိတ်ဝင်တစားကြည့်လိုက်မိသည် ။
မြောင်.....
အဖြူရောင် အမွှေးပွပွတွေနှင့် ချစ်စရာကြောင်လေးတစ်ကောင်ဖြစ်ပြီး ယံယံအား အသံပေးလာသည် ။ ယံယံ သဘောကျလွန်းတာကြောင့် ဝိုးခနဲ ၊ ဝါးခနဲတွေပါ ဖြစ်ကုန်ရ၏ ။ နှုတ်သီးညိုလေးနှင့် ကြောင်ဖြူလေးက ယံယံအား ဂေါ်လီလိုမျက်လုံးတွေနဲ့ ပြန်ကြည့်လာသည် ။
"အား....မမ ကြောင်လေးက ချစ်စရာလေး ဒါဘယ်သူ့ကြောင်လေးလဲဟင်''
"ယံယံလေးအတွက် မမဝယ်လာတာလေ မွေးနေ့အတွက် အကြိုလက်ဆောင် ၊ ယံယံသဘောကျရဲ့လား''
"ကျတော့ပေါ့ မမရဲ့ ၊ အဟိ....ကြည့်ပါဦး ချစ်စရာလေး ယံယံအိမ်မှာနေရင် မပျင်းရတော့ဘူး မမကအရမ်းချစ်ဖို့ကောင်းတယ် မွ....မွ''
တိရစ္ဆာန်သိပ်ချစ်တတ်တဲ့ တိမ်ယံကကြောင်လေးကို မြင်တော့ အပျော်လွန်ပြီး သူ့မမအား တစ်မွမွနမ်းနေတော့သည် ။ထို့နောက် ကြောင်စုတ်ဖွားလေးကို ပွတ်သပ်ချော့မြူနေ၏ ။
မဟေသီက မောင်ဖြစ်သူကိုကြည့်ရျ် အတော်လေး စိတ်ကြည်နူးမိသည် ။ ငယ်စဥ်ကတည်းက ပိုးမွေးသလို မွေးခံရသော မောင်လေးဟာ တစ်အိမ်လုံး၏ အချစ်တော်လေးဖြစ်သလို သူမ၏ အချစ်ဆုံးလေးလည်း ဖြစ်၏ ။ငယ်ငယ်ကဆို မောင်လေးက သူမအကြိုက်တွေကို သဘောကျနေတတ်သည်မို့ သူမမငြီးမငြူးပေးအပ်ခဲ့သည် ။
မိဘတွေရဲ့ အလေးပေးမှုပိုရသော မောင်လေးအား သူမနည်းနည်းတော့ မနာလိုဝန်တိုဖြစ်ခဲ့ဖူးသည် ။ ဒါကလည်း မောင်လေး၏အပြစ်တော့မဟုတ် မိဘတွေရဲ့ ဘက်လိုက်မှုကိုတော့ မဟေသီခံပြင်းခဲ့ဘူး၏ ။ သားသမီးချင်အတူတူ မောင်လေးတစ်ခွန်းဆို မိဘတွေက လိုက်လျောပြီးသားပေမဲ့ သူမကတော့ လိုချင်တာရဖို့အရေး အချိန်တိုင်းနီးပါး ပူဆာခဲ့ရသည် ။
အပြင်ထွက်တာခြင်းအတူတူတောင် မောင်လေးစီကိုတော့ ဖုန်းတကွမ်ကွမ်ဆက်ပြီး စိတ်ပူတတ်ပေမဲ့ သူမကိုတော့ တစ်ချက်လေးတောင် ဖုန်းဆက်မေးမြန်းခြင်း မရှိခဲ့ဖူးပါ ။ သူမဒီအသက်အရွယ်အထိ အမေတို့ကျင်းပပေးသော မွေးနေ့ပွဲဟူရျ်လည်း မရှိခဲ့ဖူးပေမဲ့ တိမ်ယံ၏ မွေးနေ့ကိုတော့ မမေ့မလျော့ နှစ်တိုင်းပြုလုပ်ပေးကြ၏ ။
တိမ်ယံငယ်ငယ်က သူမကိုပြောဖူးပါသေးသည် ။ ဖေကြီးက ယံယံကိုမချစ်ဘူး မမမကိုဘဲ ချစ်တာ တဲ့လေ ။ အဟက်....ထိုစကားကို ကြားရတော့ သူမစိတ်ထဲ အော်ရယ်မိသည် ။ အခုတောင်ကြည့်လေ သူမကိုတော့ ၁၄ နှစ်အရွယ်ကတည်းက ဘွဲ့ရရင် ဆန်စက်ပိုင်ရှင်ရဲ့သားနဲ့ လက်ထပ်ပေးဖို့ အမြဲပြောနေခဲ့တဲ့အဖေက မောင်လေးကိုတော့ ငယ်ပါသေးသည်တဲ့ ။ တစ်အိမ်လုံးမှာ တိမ်ယံကိုအချစ်ဆုံးက ဖေဖေပင် ။
ဒါကြောင့်လဲ သူမအမျိုးမျိုးလက်ထပ်ဖို့ကို ငြင်းဆန်ခဲ့သည် ။ မရတဲ့အဆုံး မောင့်နောက်လိုက်ပြေးခဲ့တာပင် ။ မောင့်ကိုချစ်လို့လည်း ပါလိမ့်မည်ထင် ။
"မမ ကြောင်လေးကို ဘာနာမည်ပေးရင် ကောင်းမလဲဟင်''
"မောင်လေး ပေးချင်တာ ပေးလေ''
"ဟင့်....ယံယံမှ နာမည်လှတာတွေ မစဥ်းစားတတ်တာ မမကူစဥ်းစားပေးလေနော် နော် မမ''
"အင်းပါ....ဟုတ်ပါပြီ မှုံမှုံလို့ပေးရင်ရော မကောင်းဘူးလား''
"ဟင့်....မှုံမှုံဆိုတာကြီးက မမိုက်ပါဘူး မမကလဲ တုံတုံဆိုရာကော''
"ကောင်းတာပေါ့ ကြောင်မလေးတုံတုံ ၊ တုံတုံက မမမောင်လေးလိုဘဲ ဖက်တီးလေး''
"ဟာ....မမနော် ယံယံက ဘယ်မှဝလို့လဲ ယံယံဒီလောက် ပိန်နေတာကို လာမစနဲ့''
"ယံယံက မဝပါဘူး ဒါပေမဲ့ ကြည့်ပါဦး ဒီပါးကဖောင်းကားနေတာဘဲ''
မဟေသီ အသဲယားကာ တိမ်ယံ၏ပါးတစ်ဖက်ကို ဆွဲညစ်လိုက်၏ ။ တိမ်ယံကတော့ နာသွားသည့်ပါးကြောင့် လုပ်နေကျအတိုင်း ဘဲနှုတ်သီးလေးက စူထွက်လာသည် ။
"အာ့....မမ နာတယ်လို့....''
"ဘဲနှုတ်သီးလေးက လှလဲမလှဘူး ခွီး.....''
"အဟင့်! တော်ပြီ မမကို ကိုကိုနဲ့တိုင်မယ်''
"အံမယ်....သူများ ယောက်ျားအားကိုးနဲ့ လာမိုက်ပြနေတယ်ပေါ့လေ သေမယ် သေမယ် လာခဲ့''
"အာဟား...ဟား....ဟား... အား....မမ ယားတယ် ခစ်...ခစ်....အား....ယား...ဟား....ဟား.....တယ်''
အမဖြစ်သူကနောက်မှ ကလိလိုက်ထိုးရင်း မောင်ဖြစ်သူကတော့ ရှေ့ကပြေးနေတဲ့ မြင်ကွင်းကို ကြည့်ရျ် ထိုက်တန်စေအဝေးမှ ပြုံးနေသည် ။ ကလေး၏ အပြစ်ကင်းပြီး အေးမြသောအပြုံးတွေက ထိုက်တန်၏ ရင်ထဲမှာ ပန်းခင်းကြီးထဲ ရောက်နေသလိုမျိုး ခံစားမိစေ၏ ။ ဒါပေမဲ့လည်း ထိုက်တန်အတ္တကြီးလွန်းနေပြီး ထိုအပြုံးတွေအား သူတစ်ယောက်ထဲသာ ပိုင်ဆိုင်ချင်မိ၏ ။
ကိုယ့်အချစ်က မင်းဘေးနားကလူတွေထက် ပိုအတ္တကြီးတယ် ကလေးငယ်.....!
တစ်ဖက်က သူ့ကလေး၏အပြုံးတွေကြောင့် ပျော်ရွှင်နေပေမဲ့ သူ့ရဲ့တစ်ဖက်က စိတ်ရိုင်းမှာတော့ မဟေသီအား မနာလိုဖြစ်နေမိသည် ။ ဖြစ်နေရင် ကလေးဘေးနားက လူတွေအားလုံးကို မီးလောင်တိုက်သွင်းပစ်ချင်သည် ။
ဖြစ်နိုင်ရင် မင်းရဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊အရာအားလုံးကို ကိုယ်ကဘဲ ဖန်တီးပေးချင်တာပါ ကလေးငယ်!
"ဟာ....ကိုကို အဲ့နားဘာရပ်ကြည့်နေတာလဲ ၊ လာလေ ယံယံတို့နဲ့စကားရအောင်.....''
"မောင်....လာလေ မ,နဲ့အတူ ယံယံကို လိုက်ဖမ်းပေးအုံး....''
"ကလေးကုလားတွေ မဆော့ချင်ပါဘူးကွာ!''
"ကိုကို လာမကစားရင် ယံယံမခေါ်တော့ဖူးနော်...''
"လာပါ့မယ်ဗျာ ရွှေစိတ်တော် မကောက်လိုက်ပါနဲ့ သခင်လေးရယ်''
"အဲ့လိုစကားနားထောင်စမ်းပါ တပည့်လေးရဲ့''
"အော်ဟော....အကြီးကို မလေးမစားတွေ လုပ်ရဲတယ်ပေါ့လေ''
"ဘာဖြစ်လဲ ဘာဖြစ်လဲ ဘလပ် ဘလပ် ဘလပ်''
လျှာထုတ်ပြောင်ပြရင်း ထွက်ပြေးသွားတဲ့ တိမ်ယံနောက် ထိုက်တန်က ရယ်ပြီးလိုက်ဖမ်းတော့သည် ။ မဟေသီကတော့ ဒန်းပေါ်မှာ အသာထိုင်ရျ်ဘဲ ဆော့နေတဲ့နှစ်ယောက်ကို သဘောကျနေတော့၏ ။
နောက်တစ်နေ့မနက်တွင်...
"ဟဲ့.....တိမ်ယံ နင်ကလဲဟာ ကြာလိုက်တာ ဒီမှာ ငါတို့စောင့်နေတာ ကြာကြီးပဲ ''
"ငါဒီနေ့ အိပ်ရာထ နည်းနည်းနောက်ကျသွားလို့ပါဟ....နင်ကလဲ''
"အေးပါဟယ်....ဒါနဲ့ နင့်ကိုခုန ကားနဲ့လိုက်ပို့တဲ့ အကိုကြီးက ဘယ်သူလဲ ချောတယ်နော် ခန့်ချောကြီး အဟိ''
"ဟဲ့.... မိယွန်းမ နင့်လဲနော် အဆင်မြင်ရင် ငမ်းငမ်းတတ်ကို ဖြစ်နေတာဘဲ အိန္ဒြေယေလေး ၊ ဘာလေးလဲ ရှိအုံး ''
"တိတ်စမ်း....ထုထည်စုတ် ငါလုပ်လိုက်ရင် နာအုံးမယ် ၊ ချောလို့ ချောတယ်ပြောတာ ဘာဖြစ်လဲ''
"အမလေး....ပြောမနေပါနဲ့ ထုထည်ရယ် အဲ့ဟာမကလေ အဆင်မြင်တိုင်း ဘူးဖို့ဘဲသိတာ''
"ဘာ....အိချယ်ရီမ! နင်...နင် ငါ့စီက fiction ကောင်းတွေလာတောင်းကြည့် sad ending တွေဘဲ လင့်ပစ်မယ် နင့်ကို''
"အမလေး ကိစ္စမရှိဘူး အရင်ကထည့်ထားတဲ့ဟာတွေတောင် အခုထိမဖတ်ရသေးတာ နောက်အသစ်ထပ်ထည့်ရင် Wattpad ကြီးက အသက်ဝင်ပြီး ငါ့ကိုပါးလာချတော့မယ်''
ဟား ဟား ဟား ဟား ဟား
အိချယ်ရီ၏ စကားကြောင့် ယံယံတို့တစ်ဖွဲ့လုံး ထရယ်ကုန်ကြသည် ။ သူတို့လေးယောက်စလုံးက ငယ်သူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း ပြောမနာဆိုမနာတွေပင် ။ အဆိုးဆုံးကတော့ ယွန်းနဒီနဲ့ အိချယ်ရီတို့ဖြစ်၏ ။ ထုထည်နဲ့သူကတော့ သိပ်မပေါပေ တစ်ခါတလေမှသာ အခွက်ထပြောင်တတ်ကြသည် ။
"တိမ်ယံ ဒီနေ့နင်နောက်ကျတာဆိုတော့ ဒီနေ့နင်ငါတို့ကို ကျွေးရမယ် ''
"အေးပါဟာ ကျွေးပါ့မယ် လာ.... ကန်တင်းသွားရအောင်''
သူတို့ အကုန်လုံးကန်တင်းဘက်သို့ စကားတစ်ပြောပြောနှင့် လျှောက်သွားကြသည် ။ ရှေ့က မိယွန်းနဲ့ မိချယ်ရီကတော့ ဟိုအတင်းပြော သည်အတင်းပြောနဲ့ အတွဲညီနေကြပြီး ထုထည်နှင့်တိမ်ယံကတော့ ဆရာမပေးလိုက်သော အိမ်စာတွေအကြောင်းဆွေးနွေးရင်းပါလာကြ၏ ။
ကန်တင်းထဲက စာသောက်ဆိုင်မှာ ထိုင်ကြရင်း ကိုယ်အကြိုက်ကိုယ် လှမ်းမှာလိုက်ကြပြီး ယွန်းနဒီက စကားစလာသည် ။
"ဟဲ့....တိမ်ယံ နင်လေ မိန်းမမယူဘဲ ယောကျာ်းယူပါ့လား''
"ဘာ....မိယွန်းမ နင်သေချင်နေပြီလား''
"ငါကအတည်ပြောတာ နင့်ရုပ်က ukeရုပ်လေး ရုပ်လေးကလဲ ချစ်စရာလေး ၊ ပြီးတော့ ခန္ဓာကိုယ်ကအစဟယ် သေးသေးသွယ်သွယ်လေဟ! ငါသာ ယောကျာ်းလေးဖြစ်ရင် နင့်ကိုအပိုင်သိမ်းပါလိုက်ပြီ သိလား အဟိ''
"တော်စမ်းပါဟာ...ဖင်တောင်ကြိမ်းလာပြီ နင်ဟာလေ တွေ့သမျှအဆင် အပေါ်အောက်ခွဲရတာအားမရလို့ သူငယ်ချင်းအရင်းကြီးကိုတောင် လင်ပေးစားချင်နေတယ် ငါ့ကိုတော့လာမကွေးခိုင်းနဲ့နော် မယွန်းမ''
"မိယွန်းပြောတာ အမှန်ဘဲ တိမ်ယံရာ နင်ကလေ ယောက်ျားလေးသာပြောတာ ကြည့်ပါဦး လက်ချောင်းတွေဆိုလဲ ရှည်ရှည်သွယ်သွယ်လေးတွေ လက်သည်းလေးတွေကအစ ကြည်လင်နေတာဘဲ ၊ အသားအရေဆိုလဲဟာ ဖြူဝင်းအိစက်နေတာဘဲလေ ၊ ခြေထောက်တွေဆိုလဲကြည့်ဦး ရှည်ပြီးသေးသွယ်နေတာဘဲ ငါတို့တောင် နင့်လောက်မလှဘူးသိလား ''
"ဟင့်....နင်တို့က ငါ့ကျယောက်ျားအတင်းပေးစားပြီးတော့ ဒီကောင့်ကြောင့် ဘာလို့မပေးစားတာလဲ!''
"ဟ့....ငါနဲ့ဘာဆိုင်လို့လဲ''
ဘေးနားငြိမ်ရင်း နားထောင်နေသော ထုထည်အား တိမ်ယံလက်ညိုးထိုးပြီးပြောလိုက်တော့ ထုထည်က မျက်လုံးပြူးကာ ကြောင်အမ်းနေတော့သည် ။
"ထုထည်ရဲ့ပုံစံက နင့်လိုပိန်ပိန်သွယ်သွယ်လေးမှ မဟုတ်တာ တိမ်ယံရယ် ပြီးတော့ ဒီအကောင်က မိန်းမဘဲယူမဲ့ရုပ်ဟဲ့''
"မသိဘူးဟာ သူ့ကိုမပေးစားရင် ငါ့ကိုလဲ လာမပြောကြနဲ့ ဟမ့်!''
"ကဲပါ....မိယွန်းနဲ့ မိချယ်ရီမရာ နင်တို့ကြောင့် ငါ့မိန်းမလေး စိတ်ညစ်သွားပြီ မစကြနဲ့တော့''
"ဘာ.....ခွေးကောင် ထုထည်! မင်းသေမယ်မှတ်!''
ဘုန်း ဘုန်း ဘုန်း
"အား....အာ့ နာတယ် မရိုက်နဲ့ဟ''
ဟား ဟား ဟား ဟား ဟား
အစသန်တဲ့ ထုထည်က တိမ်ယံအားမခံချင်အောင် အမြဲစသလို တိမ်ယံကလည်း အစခံရတိုင်း မညှာမတာရိုက်နှက်တတ်သည် ။ကျန်နှစ်ယောက်ကတော့ သူတို့ကိုကြည့်ပြီး တဟားဟား ရယ်ကုန်ကြ၏ ။ ကန်တင်းရှိ တိမ်ယံတို့ စားသောက်ဝိုင်းလေးထဲမှာတော့ ရယ်သံများ ပြန့်လွင့်လျက်သာ ။
#TBC
သာသာအပျင်းကြီးနေလို့ တောင်းပန်ပါတယ် ဗြဲးးးး
Zawgyi
"ယံယံ....ယံယံေရ....''
"ဗ်ာ....မမ ယံယံဒီမွာ''
အိမ္၏ ေနာက္ဘက္ၿခံထဲမွာ ယံယံပန္းစိုက္ေနရင္း မမ၏ ေခၚသံေၾကာင့္ လွမ္းထူးလိုက္၏ ။ မမကလက္မွာ ေလွာင္အိမ္လွလွေလးကိုဆြဲၿပီး ယံယံစီ ႐ႊင္ျပစြာ ေလွ်ာက္လာခဲ့သည္ ။
"ယံယံ....မမဘာေလးယူလာလဲ ၾကည့္ပါဦး''
ေလွာင္အိမ္ေလးကို ယံယံေရွ႕ထိုျပလာတာေၾကာင့္ ယံယံအထဲကို စိတ္ဝင္တစားၾကည့္လိုက္မိသည္ ။
ေျမာင္.....
အျဖဴေရာင္ အေမႊးပြပြေတြႏွင့္ ခ်စ္စရာေၾကာင္ေလးတစ္ေကာင္ျဖစ္ၿပီး ယံယံအား အသံေပးလာသည္ ။ ယံယံ သေဘာက်လြန္းတာေၾကာင့္ ဝိုးခနဲ ၊ ဝါးခနဲေတြပါ ျဖစ္ကုန္ရ၏ ။ ႏႈတ္သီးညိုေလးႏွင့္ ေၾကာင္ျဖဴေလးက ယံယံအား ေဂၚလီလိုမ်က္လုံးေတြနဲ႕ ျပန္ၾကည့္လာသည္ ။
"အား....မမ ေၾကာင္ေလးက ခ်စ္စရာေလး ဒါဘယ္သူ႕ေၾကာင္ေလးလဲဟင္''
"ယံယံေလးအတြက္ မမဝယ္လာတာေလ ေမြးေန႕အတြက္ အႀကိဳလက္ေဆာင္ ၊ ယံယံသေဘာက်ရဲ႕လား''
"က်ေတာ့ေပါ့ မမရဲ႕ ၊ အဟိ....ၾကည့္ပါဦး ခ်စ္စရာေလး ယံယံအိမ္မွာေနရင္ မပ်င္းရေတာ့ဘူး မမကအရမ္းခ်စ္ဖို႔ေကာင္းတယ္ မြ....မြ''
တိရစ္ဆာန္သိပ္ခ်စ္တတ္တဲ့ တိမ္ယံကေၾကာင္ေလးကို ျမင္ေတာ့ အေပ်ာ္လြန္ၿပီး သူ႕မမအား တစ္မြမြနမ္းေနေတာ့သည္ ။ထို႔ေနာက္ ေၾကာင္စုတ္ဖြားေလးကို ပြတ္သပ္ေခ်ာ့ျမဴေန၏ ။
မေဟသီက ေမာင္ျဖစ္သူကိုၾကည့္ရ်္ အေတာ္ေလး စိတ္ၾကည္ႏူးမိသည္ ။ ငယ္စဥ္ကတည္းက ပိုးေမြးသလို ေမြးခံရေသာ ေမာင္ေလးဟာ တစ္အိမ္လုံး၏ အခ်စ္ေတာ္ေလးျဖစ္သလို သူမ၏ အခ်စ္ဆုံးေလးလည္း ျဖစ္၏ ။ငယ္ငယ္ကဆို ေမာင္ေလးက သူမအႀကိဳက္ေတြကို သေဘာက်ေနတတ္သည္မို႔ သူမမၿငီးမျငဴးေပးအပ္ခဲ့သည္ ။
မိဘေတြရဲ႕ အေလးေပးမႈပိုရေသာ ေမာင္ေလးအား သူမနည္းနည္းေတာ့ မနာလိုဝန္တိုျဖစ္ခဲ့ဖူးသည္ ။ ဒါကလည္း ေမာင္ေလး၏အျပစ္ေတာ့မဟုတ္ မိဘေတြရဲ႕ ဘက္လိုက္မႈကိုေတာ့ မေဟသီခံျပင္းခဲ့ဘူး၏ ။ သားသမီးခ်င္အတူတူ ေမာင္ေလးတစ္ခြန္းဆို မိဘေတြက လိုက္ေလ်ာၿပီးသားေပမဲ့ သူမကေတာ့ လိုခ်င္တာရဖို႔အေရး အခ်ိန္တိုင္းနီးပါး ပူဆာခဲ့ရသည္ ။
အျပင္ထြက္တာျခင္းအတူတူေတာင္ ေမာင္ေလးစီကိုေတာ့ ဖုန္းတကြမ္ကြမ္ဆက္ၿပီး စိတ္ပူတတ္ေပမဲ့ သူမကိုေတာ့ တစ္ခ်က္ေလးေတာင္ ဖုန္းဆက္ေမးျမန္းျခင္း မရွိခဲ့ဖူးပါ ။ သူမဒီအသက္အ႐ြယ္အထိ အေမတို႔က်င္းပေပးေသာ ေမြးေန႕ပြဲဟူရ်္လည္း မရွိခဲ့ဖူးေပမဲ့ တိမ္ယံ၏ ေမြးေန႕ကိုေတာ့ မေမ့မေလ်ာ့ ႏွစ္တိုင္းျပဳလုပ္ေပးၾက၏ ။
တိမ္ယံငယ္ငယ္က သူမကိုေျပာဖူးပါေသးသည္ ။ ေဖႀကီးက ယံယံကိုမခ်စ္ဘူး မမမကိုဘဲ ခ်စ္တာ တဲ့ေလ ။ အဟက္....ထိုစကားကို ၾကားရေတာ့ သူမစိတ္ထဲ ေအာ္ရယ္မိသည္ ။ အခုေတာင္ၾကည့္ေလ သူမကိုေတာ့ ၁၄ ႏွစ္အ႐ြယ္ကတည္းက ဘြဲ႕ရရင္ ဆန္စက္ပိုင္ရွင္ရဲ႕သားနဲ႕ လက္ထပ္ေပးဖို႔ အၿမဲေျပာေနခဲ့တဲ့အေဖက ေမာင္ေလးကိုေတာ့ ငယ္ပါေသးသည္တဲ့ ။ တစ္အိမ္လုံးမွာ တိမ္ယံကိုအခ်စ္ဆုံးက ေဖေဖပင္ ။
ဒါေၾကာင့္လဲ သူမအမ်ိဳးမ်ိဳးလက္ထပ္ဖို႔ကို ျငင္းဆန္ခဲ့သည္ ။ မရတဲ့အဆုံး ေမာင့္ေနာက္လိုက္ေျပးခဲ့တာပင္ ။ ေမာင့္ကိုခ်စ္လို႔လည္း ပါလိမ့္မည္ထင္ ။
"မမ ေၾကာင္ေလးကို ဘာနာမည္ေပးရင္ ေကာင္းမလဲဟင္''
"ေမာင္ေလး ေပးခ်င္တာ ေပးေလ''
"ဟင့္....ယံယံမွ နာမည္လွတာေတြ မစဥ္းစားတတ္တာ မမကူစဥ္းစားေပးေလေနာ္ ေနာ္ မမ''
"အင္းပါ....ဟုတ္ပါၿပီ မႈံမႈံလို႔ေပးရင္ေရာ မေကာင္းဘူးလား''
"ဟင့္....မႈံမႈံဆိုတာႀကီးက မမိုက္ပါဘူး မမကလဲ တုံတုံဆိုရာေကာ''
"ေကာင္းတာေပါ့ ေၾကာင္မေလးတုံတုံ ၊ တုံတုံက မမေမာင္ေလးလိုဘဲ ဖက္တီးေလး''
"ဟာ....မမေနာ္ ယံယံက ဘယ္မွဝလို႔လဲ ယံယံဒီေလာက္ ပိန္ေနတာကို လာမစနဲ႕''
"ယံယံက မဝပါဘူး ဒါေပမဲ့ ၾကည့္ပါဦး ဒီပါးကေဖာင္းကားေနတာဘဲ''
မေဟသီ အသဲယားကာ တိမ္ယံ၏ပါးတစ္ဖက္ကို ဆြဲညစ္လိုက္၏ ။ တိမ္ယံကေတာ့ နာသြားသည့္ပါးေၾကာင့္ လုပ္ေနက်အတိုင္း ဘဲႏႈတ္သီးေလးက စူထြက္လာသည္ ။
"အာ့....မမ နာတယ္လို႔....''
"ဘဲႏႈတ္သီးေလးက လွလဲမလွဘူး ခြီး.....''
"အဟင့္! ေတာ္ၿပီ မမကို ကိုကိုနဲ႕တိုင္မယ္''
"အံမယ္....သူမ်ား ေယာက္်ားအားကိုးနဲ႕ လာမိုက္ျပေနတယ္ေပါ့ေလ ေသမယ္ ေသမယ္ လာခဲ့''
"အာဟား...ဟား....ဟား... အား....မမ ယားတယ္ ခစ္...ခစ္....အား....ယား...ဟား....ဟား.....တယ္''
အမျဖစ္သူကေနာက္မွ ကလိလိုက္ထိုးရင္း ေမာင္ျဖစ္သူကေတာ့ ေရွ႕ကေျပးေနတဲ့ ျမင္ကြင္းကို ၾကည့္ရ်္ ထိုက္တန္ေစအေဝးမွ ၿပဳံးေနသည္ ။ ကေလး၏ အျပစ္ကင္းၿပီး ေအးျမေသာအၿပဳံးေတြက ထိုက္တန္၏ ရင္ထဲမွာ ပန္းခင္းႀကီးထဲ ေရာက္ေနသလိုမ်ိဳး ခံစားမိေစ၏ ။ ဒါေပမဲ့လည္း ထိုက္တန္အတၱႀကီးလြန္းေနၿပီး ထိုအၿပဳံးေတြအား သူတစ္ေယာက္ထဲသာ ပိုင္ဆိုင္ခ်င္မိ၏ ။
ကိုယ့္အခ်စ္က မင္းေဘးနားကလူေတြထက္ ပိုအတၱႀကီးတယ္ ကေလးငယ္.....!
တစ္ဖက္က သူ႕ကေလး၏အၿပဳံးေတြေၾကာင့္ ေပ်ာ္႐ႊင္ေနေပမဲ့ သူ႕ရဲ႕တစ္ဖက္က စိတ္ရိုင္းမွာေတာ့ မေဟသီအား မနာလိုျဖစ္ေနမိသည္ ။ ျဖစ္ေနရင္ ကေလးေဘးနားက လူေတြအားလုံးကို မီးေလာင္တိုက္သြင္းပစ္ခ်င္သည္ ။
ျဖစ္နိုင္ရင္ မင္းရဲ႕ ေပ်ာ္႐ႊင္ျခင္း ၊ ဝမ္းနည္းျခင္း ၊အရာအားလုံးကို ကိုယ္ကဘဲ ဖန္တီးေပးခ်င္တာပါ ကေလးငယ္!
"ဟာ....ကိုကို အဲ့နားဘာရပ္ၾကည့္ေနတာလဲ ၊ လာေလ ယံယံတို႔နဲ႕စကားရေအာင္.....''
"ေမာင္....လာေလ မ,နဲ႕အတူ ယံယံကို လိုက္ဖမ္းေပးအုံး....''
"ကေလးကုလားေတြ မေဆာ့ခ်င္ပါဘူးကြာ!''
"ကိုကို လာမကစားရင္ ယံယံမေခၚေတာ့ဖူးေနာ္...''
"လာပါ့မယ္ဗ်ာ ေ႐ႊစိတ္ေတာ္ မေကာက္လိုက္ပါနဲ႕ သခင္ေလးရယ္''
"အဲ့လိုစကားနားေထာင္စမ္းပါ တပည့္ေလးရဲ႕''
"ေအာ္ေဟာ....အႀကီးကို မေလးမစားေတြ လုပ္ရဲတယ္ေပါ့ေလ''
"ဘာျဖစ္လဲ ဘာျဖစ္လဲ ဘလပ္ ဘလပ္ ဘလပ္''
လွ်ာထုတ္ေျပာင္ျပရင္း ထြက္ေျပးသြားတဲ့ တိမ္ယံေနာက္ ထိုက္တန္က ရယ္ၿပီးလိုက္ဖမ္းေတာ့သည္ ။ မေဟသီကေတာ့ ဒန္းေပၚမွာ အသာထိုင္ရ်္ဘဲ ေဆာ့ေနတဲ့ႏွစ္ေယာက္ကို သေဘာက်ေနေတာ့၏ ။
ေနာက္တစ္ေန႕မနက္တြင္...
"ဟဲ့.....တိမ္ယံ နင္ကလဲဟာ ၾကာလိုက္တာ ဒီမွာ ငါတို႔ေစာင့္ေနတာ ၾကာႀကီးပဲ ''
"ငါဒီေန႕ အိပ္ရာထ နည္းနည္းေနာက္က်သြားလို႔ပါဟ....နင္ကလဲ''
"ေအးပါဟယ္....ဒါနဲ႕ နင့္ကိုခုန ကားနဲ႕လိုက္ပို႔တဲ့ အကိုႀကီးက ဘယ္သူလဲ ေခ်ာတယ္ေနာ္ ခန့္ေခ်ာႀကီး အဟိ''
"ဟဲ့.... မိယြန္းမ နင့္လဲေနာ္ အဆင္ျမင္ရင္ ငမ္းငမ္းတတ္ကို ျဖစ္ေနတာဘဲ အိႏၵျေေယေလး ၊ ဘာေလးလဲ ရွိအုံး ''
"တိတ္စမ္း....ထုထည္စုတ္ ငါလုပ္လိုက္ရင္ နာအုံးမယ္ ၊ ေခ်ာလို႔ ေခ်ာတယ္ေျပာတာ ဘာျဖစ္လဲ''
"အမေလး....ေျပာမေနပါနဲ႕ ထုထည္ရယ္ အဲ့ဟာမကေလ အဆင္ျမင္တိုင္း ဘူးဖို႔ဘဲသိတာ''
"ဘာ....အိခ်ယ္ရီမ! နင္...နင္ ငါ့စီက fiction ေကာင္းေတြလာေတာင္းၾကည့္ sad ending ေတြဘဲ လင့္ပစ္မယ္ နင့္ကို''
"အမေလး ကိစၥမရွိဘူး အရင္ကထည့္ထားတဲ့ဟာေတြေတာင္ အခုထိမဖတ္ရေသးတာ ေနာက္အသစ္ထပ္ထည့္ရင္ Wattpad ႀကီးက အသက္ဝင္ၿပီး ငါ့ကိုပါးလာခ်ေတာ့မယ္''
ဟား ဟား ဟား ဟား ဟား
အိခ်ယ္ရီ၏ စကားေၾကာင့္ ယံယံတို႔တစ္ဖြဲ႕လုံး ထရယ္ကုန္ၾကသည္ ။ သူတို႔ေလးေယာက္စလုံးက ငယ္သူငယ္ခ်င္းေတြျဖစ္ၿပီး တစ္ေယာက္နဲ႕ တစ္ေယာက္လည္း ေျပာမနာဆိုမနာေတြပင္ ။ အဆိုးဆုံးကေတာ့ ယြန္းနဒီနဲ႕ အိခ်ယ္ရီတို႔ျဖစ္၏ ။ ထုထည္နဲ႕သူကေတာ့ သိပ္မေပါေပ တစ္ခါတေလမွသာ အခြက္ထေျပာင္တတ္ၾကသည္ ။
"တိမ္ယံ ဒီေန႕နင္ေနာက္က်တာဆိုေတာ့ ဒီေန႕နင္ငါတို႔ကို ေကြၽးရမယ္ ''
"ေအးပါဟာ ေကြၽးပါ့မယ္ လာ.... ကန္တင္းသြားရေအာင္''
သူတို႔ အကုန္လုံးကန္တင္းဘက္သို႔ စကားတစ္ေျပာေျပာႏွင့္ ေလွ်ာက္သြားၾကသည္ ။ ေရွ႕က မိယြန္းနဲ႕ မိခ်ယ္ရီကေတာ့ ဟိုအတင္းေျပာ သည္အတင္းေျပာနဲ႕ အတြဲညီေနၾကၿပီး ထုထည္ႏွင့္တိမ္ယံကေတာ့ ဆရာမေပးလိုက္ေသာ အိမ္စာေတြအေၾကာင္းေဆြးႏြေးရင္းပါလာၾက၏ ။
ကန္တင္းထဲက စာေသာက္ဆိုင္မွာ ထိုင္ၾကရင္း ကိုယ္အႀကိဳက္ကိုယ္ လွမ္းမွာလိုက္ၾကၿပီး ယြန္းနဒီက စကားစလာသည္ ။
"ဟဲ့....တိမ္ယံ နင္ေလ မိန္းမမယူဘဲ ေယာက်ာ္းယူပါ့လား''
"ဘာ....မိယြန္းမ နင္ေသခ်င္ေနၿပီလား''
"ငါကအတည္ေျပာတာ နင့္႐ုပ္က uke႐ုပ္ေလး ႐ုပ္ေလးကလဲ ခ်စ္စရာေလး ၊ ၿပီးေတာ့ ခႏၶာကိုယ္ကအစဟယ္ ေသးေသးသြယ္သြယ္ေလဟ! ငါသာ ေယာက်ာ္းေလးျဖစ္ရင္ နင့္ကိုအပိုင္သိမ္းပါလိုက္ၿပီ သိလား အဟိ''
"ေတာ္စမ္းပါဟာ...ဖင္ေတာင္ႀကိမ္းလာၿပီ နင္ဟာေလ ေတြ႕သမွ်အဆင္ အေပၚေအာက္ခြဲရတာအားမရလို႔ သူငယ္ခ်င္းအရင္းႀကီးကိုေတာင္ လင္ေပးစားခ်င္ေနတယ္ ငါ့ကိုေတာ့လာမေကြးခိုင္းနဲ႕ေနာ္ မယြန္းမ''
"မိယြန္းေျပာတာ အမွန္ဘဲ တိမ္ယံရာ နင္ကေလ ေယာက္်ားေလးသာေျပာတာ ၾကည့္ပါဦး လက္ေခ်ာင္းေတြဆိုလဲ ရွည္ရွည္သြယ္သြယ္ေလးေတြ လက္သည္းေလးေတြကအစ ၾကည္လင္ေနတာဘဲ ၊ အသားအေရဆိုလဲဟာ ျဖဴဝင္းအိစက္ေနတာဘဲေလ ၊ ေျခေထာက္ေတြဆိုလဲၾကည့္ဦး ရွည္ၿပီးေသးသြယ္ေနတာဘဲ ငါတို႔ေတာင္ နင့္ေလာက္မလွဘူးသိလား ''
"ဟင့္....နင္တို႔က ငါ့က်ေယာက္်ားအတင္းေပးစားၿပီးေတာ့ ဒီေကာင့္ေၾကာင့္ ဘာလို႔မေပးစားတာလဲ!''
"ဟ့....ငါနဲ႕ဘာဆိုင္လို႔လဲ''
ေဘးနားၿငိမ္ရင္း နားေထာင္ေနေသာ ထုထည္အား တိမ္ယံလက္ညိုးထိုးၿပီးေျပာလိုက္ေတာ့ ထုထည္က မ်က္လုံးျပဴးကာ ေၾကာင္အမ္းေနေတာ့သည္ ။
"ထုထည္ရဲ႕ပုံစံက နင့္လိုပိန္ပိန္သြယ္သြယ္ေလးမွ မဟုတ္တာ တိမ္ယံရယ္ ၿပီးေတာ့ ဒီအေကာင္က မိန္းမဘဲယူမဲ့႐ုပ္ဟဲ့''
"မသိဘူးဟာ သူ႕ကိုမေပးစားရင္ ငါ့ကိုလဲ လာမေျပာၾကနဲ႕ ဟမ့္!''
"ကဲပါ....မိယြန္းနဲ႕ မိခ်ယ္ရီမရာ နင္တို႔ေၾကာင့္ ငါ့မိန္းမေလး စိတ္ညစ္သြားၿပီ မစၾကနဲ႕ေတာ့''
"ဘာ.....ေခြးေကာင္ ထုထည္! မင္းေသမယ္မွတ္!''
ဘုန္း ဘုန္း ဘုန္း
"အား....အာ့ နာတယ္ မရိုက္နဲ႕ဟ''
ဟား ဟား ဟား ဟား ဟား
အစသန္တဲ့ ထုထည္က တိမ္ယံအားမခံခ်င္ေအာင္ အၿမဲစသလို တိမ္ယံကလည္း အစခံရတိုင္း မညွာမတာရိုက္ႏွက္တတ္သည္ ။က်န္ႏွစ္ေယာက္ကေတာ့ သူတို႔ကိုၾကည့္ၿပီး တဟားဟား ရယ္ကုန္ၾက၏ ။ ကန္တင္းရွိ တိမ္ယံတို႔ စားေသာက္ဝိုင္းေလးထဲမွာေတာ့ ရယ္သံမ်ား ျပန့္လြင့္လ်က္သာ ။
#TBC
သာသာအပ်င္းႀကီးေနလို႔ ေတာင္းပန္ပါတယ္ ၿဗဲးးးး