ကံ့ကော်ဝေသော//ကံ့ေကာ္ေဝေသာ

By ANawLay

128K 10.3K 306

ကံ့ကော်တွေပွင့်တာမြင်တော့ ကံ့ကော်လှိုင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကို ဖန်တီးမိလိုက်တယ် 💛 ကံ့ေကာ္ေတြပြင့္တာျမင္ေ... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 23
Part 24 (End)

Part 22

3.8K 317 19
By ANawLay

Uni
အတိတ်တို့သည် ဝေဝါးပါသလား ။ ကံ့ကော်လှိုင်အတွက်တော့ အတိတ်တို့က မဝေဝါးပါချေ ။

ကျောင်းတတ်ခေါင်းလောင်းက မထိုးသေးပေ ။
အတန်းထဲတွင် ခုံပေါ်မှောက်အိပ်နေသော ကောင်မလေးတစ်ယောက်ရှိပေသည် ။ ထိုကလေးက အမှန်တကယ်အိပ်ပျော်နေခြင်းတော့မဟုတ်ပါချေ ။ ထိုကလေးကို ကြည့်ကာ တီးတိုးပြောဆိုနေသော ကျောင်းသူနှစ်ယောက်လည်းရှိပေသည် ။

" သူ့အဖေက အဖေအရင်းမဟုတ်ဘူးတဲ့ "

" ဟုတ်လား ။ တကယ်လား "

" ဟုတ်တယ် ။ မနေ့ညနေက အမေနဲ့ သူ့သူငယ်ချင်းတွေပြောတာကြားခဲ့တာ ။ သူ့အဖေအရင်းက အခုအဖေတော်ထားတဲ့သူရဲ့အစ်ကိုတဲ့လေ ။ သူ့အဖေတို့မိသားစုက ငွေလည်းတော်တော်မက်တယ်ဆိုပဲ ။ သူ့အဖေအရင်းဆို မိန်းမတအားပွေတာတဲ့ ။ ဒေါက်တာဦးလေးကြီးက သူ့အမေကိုတာဝန်ယူပေးတာကလည်း ငွေကြောင့်တဲ့ ။

အိပ်ပျော်ဟန်ဆောင်နေသောကလေးက ထိုစကားတို့ကိုကြားနေရသည် ။ ကြားရုံမက မည်သူ့ကိုပြောနေကြောင်းပါသိပေသည် ။ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ စိတ်ကိုလည်းတင်းထားသည် ။
ထိုကလေး၏ ဒေါသနောက်တွင် ဝမ်းနည်းစိတ်ကလည်းကပ်လျက်ပါလာသည် ။

" အဲ့ဒီဒေါက်တာဦးလေးကြီးကလည်း အခု ဖောက်ပြန်နေတယ်ဆိုလားပဲ "

" ဟုတ်လား ။ အဲ့ဒါဆို သူက အဲ့ဒီဘက်ကသွေးပါတာဖြစ်ရမယ် "
ကျောင်းသူနှစ်ယောက်က ခပ်တိုးတိုးလေးရယ်လိုက်သည် ။

" အမေ့သွေးရော ၊ အဖေ့သွေးရော အကုန်ပါတယ်ဟေ့ ။ သူ့အမေကလည်း အိမ်ထောင်မကျခင်တုန်းက ခပ်ရှုပ်ရှုပ်တဲ့ "

ရုတ်တရက် ဆတ်ခနဲထလိုက်တဲ့ကျောင်းသူလေးကြောင့် စကားဝိုင်းကရပ်သွားသည် ။

" ငါ့အမေက ဘာဖြစ်နေလို့လဲ ။ နင်တို့မိဘတွေက အလုပ်မရှိကြဘူးလား ။ သူများမကောင်းကြောင်းပဲပြောနေရအောင်အထိ အောက်တန်းစားဆန်ကြတာလား "

သူ့မကောင်းကြောင်းပြောခဲ့သော ကလေးနှစ်ယောက်ကို ထိုကျောင်းသူက စာအုပ်အထူတစ်အုပ်နှင့် ခေါင်းကိုရိုက်ချလိုက်သည် ။

" ကံ့ကော်လှိုင် "

အခန်းကိုဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဆရာမတစ်ယောက်ကအော်လိုက်ခြင်းဖြစ်သည် ။

" အဲ့ဒီနားကသုံးယောက် ဒီကိုလာခဲ့ "
ဆရာမဖြစ်သူသည် အတန်းရှေ့ကခုံတွင်ထိုင်ကာ ပြောလိုက်သည် ။

ကံ့ကော်လှိုင်နှင့်အတူ ကျောင်းသူနှစ်ယောက်က ဆရာမရှိရာသို့ သွားလိုက်သည် ။

" ဘာလို့ရန်ဖြစ်နေကြတာလဲ ။ ဆရာမကို ပြောစမ်း "

ကျောင်းသူသုံးယောက်လုံးက ဘာမှပြန်မဖြေပါချေ ။

" ကံ့ကော်လှိုင် ၊ စာတော်တဲ့ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဘာလို့ ခဏခဏရန်ဖြစ်နေရတာလဲ ။ ဘာဖြစ်ကြတာလဲ ။ မပြောရင် မိဘခေါ်ခံရမယ်နော် "

မိဘခေါ်ခံရမယ်ဆိုသောစကားကြောင့် ကံ့ကော်လှိုင် လန့်သွားရသည် ။

" သူတို့နှစ်ယောက်က လှိုင်တို့မိသားစုကို မကောင်းပြောတယ် "

" ဒါဆို ဆရာမကို လာတိုင်ပေါ့ ။ ဒီလိုမျိုးရန်မဖြစ်နဲ့လေ ။ သမီးတို့နှစ်ယောက်ကလည်း ဘာလို့မဟုတ်တာတွေပြောတာလဲ ။ နောက်ဒီလိုမလုပ်ကြနဲ့ ။ ကံ့ကော်လှိုင် ၊ သမီးလည်း လက်မပါနဲ့ ကြားလား "

" ဟုတ် "

ကံ့ကော်လှိုင်လည်း လက်မပါချင်ပေ ။ မျက်လုံးအတွက်မျက်လုံး ၊ အသက်အတွက် အသက်ဆိုတာမျိုးကိုပဲ လှိုင်ကြိုက်သည် ။ အသားနာအောင်လုပ်သူကို အသားနာအောင်ပြန်လုပ်ချင်သည် ။ စိတ်နာအောင်လုပ်တဲ့သူကို စိတ်နာအောင်ပဲပြန်လုပ်ချင်သည် ။

မှိုင်းပျပျကောင်းကောင်ကိုကြည့်ကာ လှိုင် သက်ပြင်းလေးတစ်ချက်ချလိုက်သည် ။

" အတိတ်တွေ... အတိတ်တွေ ။ အရေးမပါတဲ့အတိတ်တွေအကြောင်း ဘာလို့များတွေးနေမိပါလိမ့် "

လှိုင် အိပ်ယာပေါ်ကိုသွားလိုက်သည် ။

" တို့မှာလေ အပြစ်တွေရှိတယ်ကလေးရယ် ။ မင်းသိမှာကြောက်တဲ့အပြစ်တွေရှိတယ် ။မင်း ခွင့်လွှတ်မပေးနိုင်မှာလည်း ကြောက်တယ် "

အိပ်ပျော်နေပြီဖြစ်တဲ့ ခင်ထွေးမွန်ရဲ့ပါးနုနုကို လှိုင်ဖွဖွနမ်းလိုက်သည် ။

*****

" ထွေးငယ်လေး "

" ရှင့် "

" ဘာတွေလုပ်မလို့လဲ "

စျေးခြင်းကိုင်ထားတဲ့ ထွေးလက်ဆီသို့ လှိုင့်အကြည့်တို့ကရောက်သွားသည် ။

" အန်တီမော်နဲ့စျေးသွားမလို့လေ ။ မမလှိုင် ဘာစားချင်လဲ "

" အို...မသွားရပါဘူး ။ မင်းကို ခေါ်လာတာက အဲ့သလိုတွေလုပ်ခိုင်းဖို့မှ မဟုတ်ဘဲ "
လှိုင် သူ့ရဲ့ရေလှိုင်းပုံစံတွေကို လက်နဲပွတ်သပ်ရင်းပြောလိုက်သည် ။

" ထွေးက မမလှိုင်ကို ထမင်းတွေ၊ဟင်းတွေချက်ကျွေးချင်လို့ပါ "

" မရဘူးဆို ။ မင်းကို အလှကြည့်ဖို့ တို့ဘေးခေါ်ထားတာ "

" မမလှိုင်က ကလေးဆိုကြီးလုပ်ပြီ "
ထွေး လှိုင့်ကို နှုတ်ခမ်းလေးစူကာပြောလိုက်သည် ။

" ကဲပါ ၊ မင်း အပြင်သွားချင်နေတာမဟုတ်လား ။ သွားပါ ။ ဟင်းချက်တာတော့ ကူမနေနဲ့ ။ ဒေါ်မြမော်နဲ့ ဒေါ်ကြီးအိပုံလုပ်လိမ့်မယ် "

" ဟုတ် "
ထွေး ပြုံးစိစိဖြစ်သွားသည် ။

" ထွေး ဘာဝယ်ခဲ့ပေးရမလဲ "

" မင်းလိုချင်တာ၊မင်းစားချင်တာကိုပဲ ဝယ်ခဲ့ ။ ခဏလေးနေဦး "

" ဘာလုပ်မလို့လဲ မမလှိုင် " 

လှိုင်က ထွေးစကားကိုပင် နားမထောင်လိုက် ။ အိမ်အပေါ်ထပ်ကိုဇွတ်တတ်သွားလေသည် ။
လှိုင် အောက်ထပ်ကိုပြန်ဆင်းလာတော့ လှိုင့်လက်ထဲတွင် ပိုက်ဆံအိတ်တစ်အိတ်ပါလာသည် ။

" ရော့ ၊ ဒါယူသွား ။ စားချင်တာတွေ့ရင် အကုန်ဝယ်ခဲ့ "

" မမလှိုင်က ချစ်စရာအကောင်းဆုံးပဲ "

ပြုံးပျော်နေတဲ့​ကလေးကိုကြည့်ကာ လှိုင်ပြုံးမိသွားသည် ။

ခဏကြာတော့ ဒေါ်မြမော်နှင့်လှိုင်တို့ စျေးကိုအတူသွားကြသည် ။

" မမလှိုင်က ဘာတွေကြိုက်တတ်လဲ အန်တီ "

" လှိုင်​လေးက အကုန်စားပါတယ် ။ သိပ်ပြီးအစားမရွေးဘူး "

" ဟုတ်ကဲ့ ။ လုံးဝမစားတဲ့ဟာတွေရောရှိလား "

" ပဲရှိတယ် ။ ပဲအမျိုးမျိုးတော့ လှိုင်ကမကြိုက်ဘူး ။ ဘာပဲမှမကြိုက်ဘူး ။ လုံးဝမစားတာမျိုးမဟုတ်ပေမယ့် တော်တော်လေးမကြိုက်ဘူး "

ခင်ထွေးမွန် ဒေါ်မြမော်ကိုကြည့်ကာ ပြုံးမိသွားသည် ။ ဒေါ်မြမော်က လှိုင့်ကို အတော်လေးချစ်သည်မှာ သိသာလှသည် ။

****

ညနေအတော်စောင်းနေပြီဖြစ်သည် ။ လှိုင်က ရေချိုးပြီး ခေါင်းလျှော်ထားတာမို့ ဆံပင်ခြောက်အောင် ထွေးကူညီပေးနေသည် ။

" မမလှိုင်က လှလွန်းတယ် "

မှန်ပေါ်တွင်ပေါ်နေသည့် လှိုင့်မျက်နှာလေးကိုကြည့်ကာ ထွေး ပြောမိသွားသည် ။ လှိုင့်ရဲ့ရေစိုနေတဲ့ဆံပင်တွေကို တဘက်စောင်နဲ့သုတ်ပေးနေရင်း ထွေးပြုံးနေမိသည် ။ ဆံပင်တို့က ခြောက်လုနီးနီးဖြစ်နေလေပြီ ။

ရုတ်တရက်ဖုန်းမြည်သံကြားရတာကြောင့် လှိုင် ဖုန်းကိုထကိုင်လိုက်သည် ။

" ဟလို ၊ အန်တီနု "

" သမီး ၊ ကံ့ကော် "
အန်တီနုအသံက တုန်ရီနေသည် ။

" သမီး ၊ အိမ်ကို အခုချက်ချင်းလာခဲ့နိုင်မလား "

" ဘာလို့လဲ ၊အန်တီနု "

" လာခဲ့လိုက်ပါသမီးရယ် ။ အန်တီနု သမီးကို ဘယ်လိုရှင်းပြရမှန်းတောင်မသိတော့ဘူးကွယ် "

" ဟုတ် ။ လှိုင် အခုပဲ လာခဲ့မယ်နော် "

လှိုင် ဖုန်းချကာ အံ့ဆွဲထဲက ကားသော့ကိုယူလိုက်သည် ။

" တို့ အပြင်သွားလိုက်ဦးမယ်နော် ထွေးငယ် "

" ဟုတ်ကဲ့ မမလှိုင် "

လှိုင် အန်တီနုတို့အိမ်သို့ ကိုယ်တိုင်ကားမောင်းပြီးသွားလိုက်သည် ။ အန်တီနုတို့ခြံရှေ့ရောက်တော့ ခြံစောင့်ဦးလေးကြီးက လှိုင့်ကို တံခါးလာဖွင့်ပေးသည် ။

လှိုင် အိမ်ထဲကိုဝင်တော့မည်အလုပ်မှာ အသံတစ်ခုကိုကြားလိုက်ရသည် ။

" ကျွန်တော့ကတော့ ရအောင်ယူရမှာပဲ "

ကြားလိုက်ရတဲ့ အသံကြောင့် လှိုင့်ခြေလှမ်းများကရပ်တန့်သွားသည် ။ ထိုအမျိုးသား၏အသံကို လှိုင် မမှတ်မိစရာအကြောင်းမရှိပေ ။ လှိုင့်နှလုံးသားကို ကြေမွသွားအောင်ဖျက်စီးခဲ့တဲ့သူရဲ့အသံကို လှိုင် ဘယ်လိုမေ့နိုင်ပါ့မလဲ ။

လှိုင် ဧည့်ခန်းဆီသို့ ဖြည်းဖြည်းချင်းလှမ်းလာလိုက်သည် ။

" သမီး ၊ ကံ့ကော်  "

ငိုနေတဲ့အန်တီနုကိုကြည့်ပြီး လှိုင် စိတ်ပူသွားရသည် ။

" အန်တီနု ၊ ဘာဖြစ်တာလဲ ။ သူ အန်တီနုကို ဘာလုပ်လိုက်တာလဲ "

လှိုင် ရွံမုန်းဖွယ်ကောင်းသောအမျိုးသားကို စူးစူးရဲရဲပင်ကြည့်လိုက်သည် ။ ထိုအမျိုးသားက အန်တီနုရဲ့သမီးကလေးကိုချီထားသည် ။ အန်တီနုက ထိုကလေးကိုသိပ်ချစ်သည် ။ သားသမီးမထွန်းကားတာမို့ ထိုကလေးလေးကို မိဘမဲ့ဂေဟာတစ်ခုမှမွေးစားထားခြင်းဖြစ်သည် ။

" ကိုပြည့်စုံ ၊ ကလေးကို အောက်ချလိုက်ပါ ။ ရှင် ကျွန်မတို့နဲ့ ပတ်သတ်ဖို့မလိုတော့ဘူးထင်တယ် ။ ကျွန်မကို ဒုက္ခပေးရတာမလုံလောက်လို့ ကျွန်မချစ်တဲ့သူတွေကိုပါ လိုက်ဒုက္ခပေးနေတာလား "

လှိုင့်စကားဆုံးတော့ ပြည့်စုံက ခနဲ့သလိုရယ်လိုက်သည် ။

" ငါ့သမီးကိုငါချီတာ ဘာဖြစ်လဲ "

ပြည့်စုံစကားကြောင့် လှိုင် ဆွံ့အသွားရသည် ။

" နင် ...နင် ဘာပြောလိုက်တယ် "

" ငါစုံစမ်းကြည့်ပြီးသွားပြီ ။ ဒီကလေးက ငါနဲ့နင့်ရဲ့ကလေး ။ မွေးပေးတဲ့ဆရာဝန်ကို နင်သေချာမေးကြည့်ပါဦး "

မင်းလွင်စကားကြောင့် လှိုင် ရင်ဘတ်တစ်ခုလုံးထူပူသွားသည် ။

" အန်တီနု ၊ သူပြောနေတာတွေက အမှန်ပဲလား "

အန်တီနုက လှိုင့်ကို ခေါင်းငြိမ့်ပြလိုက်သည် ။ စကားနှင့်အဖြေပေးဖို့ပင် ပင်ပန်းလွန်းသည်မဟုတ်လား ။

လှိုင် အန်တီနုကိုတစ်လှည့် ၊ ကလေးကိုတစ်လှည့်ကြည့်လိုက်သည် ။ ​ကြည်လိုက်သော်ငြား မြင်ကွင်းတို့က တဖြည်းဖြည်းဝေဝါးလာသည် ။ အသွေးအသားတွေထဲကပင် အားမရှိတော့သလို လှိုင် ခံစားလိုက်ရသည် ။ ထို့နောက်တွင် လှိုင့်ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်သလို လဲကျသွားတော့သည် ။

******

အခန်းတံခါးခေါက်သံကြောင့် ခင်ထွေးမွန် တံခကိုသွားဖွင့်ပေးလိုက်သည် ။

" သမီး ၊ လှိုင်လေးက ဒီည ပြန်မလာဘူးတဲ့ "

" ဘာလို့တဲ့ ၊ အန်တီမော် "

" သူ့အန်တီနုက အရမ်းနေမကောင်းဖြစ်နေလို့တဲ့ ။ သမီး တစ်ယောက်တည်းအိပ်ရဲလား "

" ဟုတ် ။ ထွေး တစ်ယောက်တည်းအိပ်ရဲပါတယ် "

" အေးအေး သမီး ။ တစ်ခုခုလိုရင် အန်တီ့ကိုပြောနော် "

" ဟုတ် "

အခန်းထဲတွင် တစ်ယောက်တည်းမို့ ထွေးပျင်းနေမိသည် ။ စာအုပ်စင်ပေါ်က စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ်ထုတ်ကြည့်မိနေသည် ။ ထိုစာအုပ်တွေထဲမှ တစ်အုပ်ကြားတွင် ပုံလေးတစ်ပုံကညှပ်ပါလာသည် ။ ထွေး ထိုပုံလေးကိုယူကြည့်လိုက်သည် ။ ထိုပုံက အမျိုးသားတစ်ယောက်၏ပုံဖြစ်သည် ။ ခဲသားတို့နှင့်ခြစ်ထားသည်မို့ မျက်နှာကိုသဲကွဲစွာမမြင်ရပါချေ ။ ​ထွေး ထိုပုံရဲ့နောက်ကျောဘက်ကိုလှန်ကြည့်မိသည် ။ ထိုနောက်ကျောဘက်မှ စာကြောင့် ထွေးလက်တွေကတုန်ရီသွားရသည် ။ ထွေး ထိုစာကို စိတ်ထဲမှ အကြိမ်ကြိမ်ဖတ်မိလိုက်သည် ။

ထိုနောက်ကျောဘက်တွင်ရှိသည့်စာကား
" ကံ့ကော်တစ်ပွင့်ရဲ့ ချစ်သောမောင် " ဟူ၍ပင် ဖြစ်ချေသည် ။

*****

တစ်ပိုင်းလေးရဖို့ကို အတော်အားယူပြီးရေးလိုက်ရတယ် ။ ကြာသွားတဲ့အတွက် တကယ်အားနာမိပါတယ် ။

Zg
အတိတ္တို႔သည္ ေဝဝါးပါသလား ။ ကံ့ေကာ္လွိုင္အတြက္ေတာ့ အတိတ္တို႔က မေဝဝါးပါေခ် ။

ေက်ာင္းတတ္ေခါင္းေလာင္းက မထိုးေသးေပ ။
အတန္းထဲတြင္ ခုံေပၚေမွာက္အိပ္ေနေသာ ေကာင္မေလးတစ္ေယာက္ရွိေပသည္ ။ ထိုကေလးက အမွန္တကယ္အိပ္ေပ်ာ္ေနျခင္းေတာ့မဟုတ္ပါေခ် ။ ထိုကေလးကို ၾကည့္ကာ တီးတိုးေျပာဆိုေနေသာ ေက်ာင္းသူႏွစ္ေယာက္လည္းရွိေပသည္ ။

" သူ႕အေဖက အေဖအရင္းမဟုတ္ဘူးတဲ့ "

" ဟုတ္လား ။ တကယ္လား "

" ဟုတ္တယ္ ။ မေန႕ညေနက အေမနဲ႕ သူ႕သူငယ္ခ်င္းေတြေျပာတာၾကားခဲ့တာ ။ သူ႕အေဖအရင္းက အခုအေဖေတာ္ထားတဲ့သူရဲ႕အစ္ကိုတဲ့ေလ ။ သူ႕အေဖတို႔မိသားစုက ေငြလည္းေတာ္ေတာ္မက္တယ္ဆိုပဲ ။ သူ႕အေဖအရင္းဆို မိန္းမတအားေပြတာတဲ့ ။ ေဒါက္တာဦးေလးႀကီးက သူ႕အေမကိုတာဝန္ယူေပးတာကလည္း ေငြေၾကာင့္တဲ့ ။

အိပ္ေပ်ာ္ဟန္ေဆာင္ေနေသာကေလးက ထိုစကားတို႔ကိုၾကားေနရသည္ ။ ၾကား႐ုံမက မည္သူ႕ကိုေျပာေနေၾကာင္းပါသိေပသည္ ။ ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာ စိတ္ကိုလည္းတင္းထားသည္ ။
ထိုကေလး၏ ေဒါသေနာက္တြင္ ဝမ္းနည္းစိတ္ကလည္းကပ္လ်က္ပါလာသည္ ။

" အဲ့ဒီေဒါက္တာဦးေလးႀကီးကလည္း အခု ေဖာက္ျပန္ေနတယ္ဆိုလားပဲ "

" ဟုတ္လား ။ အဲ့ဒါဆို သူက အဲ့ဒီဘက္ကေသြးပါတာျဖစ္ရမယ္ "
ေက်ာင္းသူႏွစ္ေယာက္က ခပ္တိုးတိုးေလးရယ္လိုက္သည္ ။

" အေမ့ေသြးေရာ ၊ အေဖ့ေသြးေရာ အကုန္ပါတယ္ေဟ့ ။ သူ႕အေမကလည္း အိမ္ေထာင္မက်ခင္တုန္းက ခပ္ရႈပ္ရႈပ္တဲ့ "

႐ုတ္တရက္ ဆတ္ခနဲထလိုက္တဲ့ေက်ာင္းသူေလးေၾကာင့္ စကားဝိုင္းကရပ္သြားသည္ ။

" ငါ့အေမက ဘာျဖစ္ေနလို႔လဲ ။ နင္တို႔မိဘေတြက အလုပ္မရွိၾကဘူးလား ။ သူမ်ားမေကာင္းေၾကာင္းပဲေျပာေနရေအာင္အထိ ေအာက္တန္းစားဆန္ၾကတာလား "

သူ႕မေကာင္းေၾကာင္းေျပာခဲ့ေသာ ကေလးႏွစ္ေယာက္ကို ထိုေက်ာင္းသူက စာအုပ္အထူတစ္အုပ္ႏွင့္ ေခါင္းကိုရိုက္ခ်လိဳက္သည္ ။

" ကံ့ေကာ္လွိုင္ "

အခန္းကိုဝင္ဝင္ခ်င္း ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ဆရာမတစ္ေယာက္ကေအာ္လိုက္ျခင္းျဖစ္သည္ ။

" အဲ့ဒီနားကသုံးေယာက္ ဒီကိုလာခဲ့ "
ဆရာမျဖစ္သူသည္ အတန္းေရွ႕ကခုံတြင္ထိုင္ကာ ေျပာလိုက္သည္ ။

ကံ့ေကာ္လွိုင္ႏွင့္အတူ ေက်ာင္းသူႏွစ္ေယာက္က ဆရာမရွိရာသို႔ သြားလိုက္သည္ ။

" ဘာလို႔ရန္ျဖစ္ေနၾကတာလဲ ။ ဆရာမကို ေျပာစမ္း "

ေက်ာင္းသူသုံးေယာက္လုံးက ဘာမွျပန္မေျဖပါေခ် ။

" ကံ့ေကာ္လွိုင္ ၊ စာေတာ္တဲ့ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး ဘာလို႔ ခဏခဏရန္ျဖစ္ေနရတာလဲ ။ ဘာျဖစ္ၾကတာလဲ ။ မေျပာရင္ မိဘေခၚခံရမယ္ေနာ္ "

မိဘေခၚခံရမယ္ဆိုေသာစကားေၾကာင့္ ကံ့ေကာ္လွိုင္ လန့္သြားရသည္ ။

" သူတို႔ႏွစ္ေယာက္က လွိုင္တို႔မိသားစုကို မေကာင္းေျပာတယ္ "

" ဒါဆို ဆရာမကို လာတိုင္ေပါ့ ။ ဒီလိုမ်ိဳးရန္မျဖစ္နဲ႕ေလ ။ သမီးတို႔ႏွစ္ေယာက္ကလည္း ဘာလို႔မဟုတ္တာေတြေျပာတာလဲ ။ ေနာက္ဒီလိုမလုပ္ၾကနဲ႕ ။ ကံ့ေကာ္လွိုင္ ၊ သမီးလည္း လက္မပါနဲ႕ ၾကားလား "

" ဟုတ္ "

ကံ့ေကာ္လွိုင္လည္း လက္မပါခ်င္ေပ ။ မ်က္လုံးအတြက္မ်က္လုံး ၊ အသက္အတြက္ အသက္ဆိုတာမ်ိဳးကိုပဲ လွိုင္ႀကိဳက္သည္ ။ အသားနာေအာင္လုပ္သူကို အသားနာေအာင္ျပန္လုပ္ခ်င္သည္ ။ စိတ္နာေအာင္လုပ္တဲ့သူကို စိတ္နာေအာင္ပဲျပန္လုပ္ခ်င္သည္ ။

မွိုင္းပ်ပ်ေကာင္းေကာင္ကိုၾကည့္ကာ လွိုင္ သက္ျပင္းေလးတစ္ခ်က္ခ်လိဳက္သည္ ။

" အတိတ္ေတြ... အတိတ္ေတြ ။ အေရးမပါတဲ့အတိတ္ေတြအေၾကာင္း ဘာလို႔မ်ားေတြးေနမိပါလိမ့္ "

လွိုင္ အိပ္ယာေပၚကိုသြားလိုက္သည္ ။

" တို႔မွာေလ အျပစ္ေတြရွိတယ္ကေလးရယ္ ။ မင္းသိမွာေၾကာက္တဲ့အျပစ္ေတြရွိတယ္ ။မင္း ခြင့္လႊတ္မေပးနိုင္မွာလည္း ေၾကာက္တယ္ "

အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ ခင္ေထြးမြန္ရဲ႕ပါးႏုႏုကို လွိုင္ဖြဖြနမ္းလိုက္သည္ ။

*****

" ေထြးငယ္ေလး "

" ရွင့္ "

" ဘာေတြလုပ္မလို႔လဲ "

ေစ်းျခင္းကိုင္ထားတဲ့ ေထြးလက္ဆီသို႔ လွိုင့္အၾကည့္တို႔ကေရာက္သြားသည္ ။

" အန္တီေမာ္နဲ႕ေစ်းသြားမလို႔ေလ ။ မမလွိုင္ ဘာစားခ်င္လဲ "

" အို...မသြားရပါဘူး ။ မင္းကို ေခၚလာတာက အဲ့သလိုေတြလုပ္ခိုင္းဖို႔မွ မဟုတ္ဘဲ "
လွိုင္ သူ႕ရဲ႕ေရလွိုင္းပုံစံေတြကို လက္နဲပြတ္သပ္ရင္းေျပာလိုက္သည္ ။

" ေထြးက မမလွိုင္ကို ထမင္းေတြ၊ဟင္းေတြခ်က္ေကြၽးခ်င္လို႔ပါ "

" မရဘူးဆို ။ မင္းကို အလွၾကည့္ဖို႔ တို႔ေဘးေခၚထားတာ "

" မမလွိုင္က ကေလးဆိုႀကီးလုပ္ၿပီ "
ေထြး လွိုင့္ကို ႏႈတ္ခမ္းေလးစူကာေျပာလိုက္သည္ ။

" ကဲပါ ၊ မင္း အျပင္သြားခ်င္ေနတာမဟုတ္လား ။ သြားပါ ။ ဟင္းခ်က္တာေတာ့ ကူမေနနဲ႕ ။ ေဒၚျမေမာ္နဲ႕ ေဒၚႀကီးအိပုံလုပ္လိမ့္မယ္ "

" ဟုတ္ "
ေထြး ၿပဳံးစိစိျဖစ္သြားသည္ ။

" ေထြး ဘာဝယ္ခဲ့ေပးရမလဲ "

" မင္းလိုခ်င္တာ၊မင္းစားခ်င္တာကိုပဲ ဝယ္ခဲ့ ။ ခဏေလးေနဦး "

" ဘာလုပ္မလို႔လဲ မမလွိုင္ " 

လွိုင္က ေထြးစကားကိုပင္ နားမေထာင္လိုက္ ။ အိမ္အေပၚထပ္ကိုဇြတ္တတ္သြားေလသည္ ။
လွိုင္ ေအာက္ထပ္ကိုျပန္ဆင္းလာေတာ့ လွိုင့္လက္ထဲတြင္ ပိုက္ဆံအိတ္တစ္အိတ္ပါလာသည္ ။

" ေရာ့ ၊ ဒါယူသြား ။ စားခ်င္တာေတြ႕ရင္ အကုန္ဝယ္ခဲ့ "

" မမလွိုင္က ခ်စ္စရာအေကာင္းဆုံးပဲ "

ၿပဳံးေပ်ာ္ေနတဲ့ကေလးကိုၾကည့္ကာ လွိုင္ၿပဳံးမိသြားသည္ ။

ခဏၾကာေတာ့ ေဒၚျမေမာ္ႏွင့္လွိုင္တို႔ ေစ်းကိုအတူသြားၾကသည္ ။

" မမလွိုင္က ဘာေတြႀကိဳက္တတ္လဲ အန္တီ "

" လွိုင္ေလးက အကုန္စားပါတယ္ ။ သိပ္ၿပီးအစားမေ႐ြးဘူး "

" ဟုတ္ကဲ့ ။ လုံးဝမစားတဲ့ဟာေတြေရာရွိလား "

" ပဲရွိတယ္ ။ ပဲအမ်ိဳးမ်ိဳးေတာ့ လွိုင္ကမႀကိဳက္ဘူး ။ ဘာပဲမွမႀကိဳက္ဘူး ။ လုံးဝမစားတာမ်ိဳးမဟုတ္ေပမယ့္ ေတာ္ေတာ္ေလးမႀကိဳက္ဘူး "

ခင္ေထြးမြန္ ေဒၚျမေမာ္ကိုၾကည့္ကာ ၿပဳံးမိသြားသည္ ။ ေဒၚျမေမာ္က လွိုင့္ကို အေတာ္ေလးခ်စ္သည္မွာ သိသာလွသည္ ။

****

ညေနအေတာ္ေစာင္းေနၿပီျဖစ္သည္ ။ လွိုင္က ေရခ်ိဳးၿပီး ေခါင္းေလွ်ာ္ထားတာမို႔ ဆံပင္ေျခာက္ေအာင္ ေထြးကူညီေပးေနသည္ ။

" မမလွိုင္က လွလြန္းတယ္ "

မွန္ေပၚတြင္ေပၚေနသည့္ လွိုင့္မ်က္ႏွာေလးကိုၾကည့္ကာ ေထြး ေျပာမိသြားသည္ ။ လွိုင့္ရဲ႕ေရစိုေနတဲ့ဆံပင္ေတြကို တဘက္ေစာင္နဲ႕သုတ္ေပးေနရင္း ေထြးၿပဳံးေနမိသည္ ။ ဆံပင္တို႔က ေျခာက္လုနီးနီးျဖစ္ေနေလၿပီ ။

႐ုတ္တရက္ဖုန္းျမည္သံၾကားရတာေၾကာင့္ လွိုင္ ဖုန္းကိုထကိုင္လိုက္သည္ ။

" ဟလို ၊ အန္တီႏု "

" သမီး ၊ ကံ့ေကာ္ "
အန္တီႏုအသံက တုန္ရီေနသည္ ။

" သမီး ၊ အိမ္ကို အခုခ်က္ခ်င္းလာခဲ့နိုင္မလား "

" ဘာလို႔လဲ ၊အန္တီႏု "

" လာခဲ့လိုက္ပါသမီးရယ္ ။ အန္တီႏု သမီးကို ဘယ္လိုရွင္းျပရမွန္းေတာင္မသိေတာ့ဘူးကြယ္ "

" ဟုတ္ ။ လွိုင္ အခုပဲ လာခဲ့မယ္ေနာ္ "

လွိုင္ ဖုန္းခ်ကာ အံ့ဆြဲထဲက ကားေသာ့ကိုယူလိုက္သည္ ။

" တို႔ အျပင္သြားလိုက္ဦးမယ္ေနာ္ ေထြးငယ္ "

" ဟုတ္ကဲ့ မမလွိုင္ "

လွိုင္ အန္တီႏုတို႔အိမ္သို႔ ကိုယ္တိုင္ကားေမာင္းၿပီးသြားလိုက္သည္ ။ အန္တီႏုတို႔ၿခံေရွ႕ေရာက္ေတာ့ ၿခံေစာင့္ဦးေလးႀကီးက လွိုင့္ကို တံခါးလာဖြင့္ေပးသည္ ။

လွိုင္ အိမ္ထဲကိုဝင္ေတာ့မည္အလုပ္မွာ အသံတစ္ခုကိုၾကားလိုက္ရသည္ ။

" ကြၽန္ေတာ့ကေတာ့ ရေအာင္ယူရမွာပဲ "

ၾကားလိုက္ရတဲ့ အသံေၾကာင့္ လွိုင့္ေျခလွမ္းမ်ားကရပ္တန့္သြားသည္ ။ ထိုအမ်ိဳးသား၏အသံကို လွိုင္ မမွတ္မိစရာအေၾကာင္းမရွိေပ ။ လွိုင့္ႏွလုံးသားကို ေၾကမြသြားေအာင္ဖ်က္စီးခဲ့တဲ့သူရဲ႕အသံကို လွိုင္ ဘယ္လိုေမ့နိုင္ပါ့မလဲ ။

လွိုင္ ဧည့္ခန္းဆီသို႔ ျဖည္းျဖည္းခ်င္းလွမ္းလာလိုက္သည္ ။

" သမီး ၊ ကံ့ေကာ္  "

ငိုေနတဲ့အန္တီႏုကိုၾကည့္ၿပီး လွိုင္ စိတ္ပူသြားရသည္ ။

" အန္တီႏု ၊ ဘာျဖစ္တာလဲ ။ သူ အန္တီႏုကို ဘာလုပ္လိုက္တာလဲ "

လွိုင္ ႐ြံမုန္းဖြယ္ေကာင္းေသာအမ်ိဳးသားကို စူးစူးရဲရဲပင္ၾကည့္လိုက္သည္ ။ ထိုအမ်ိဳးသားက အန္တီႏုရဲ႕သမီးကေလးကိုခ်ီထားသည္ ။ အန္တီႏုက ထိုကေလးကိုသိပ္ခ်စ္သည္ ။ သားသမီးမထြန္းကားတာမို႔ ထိုကေလးေလးကို မိဘမဲ့ေဂဟာတစ္ခုမွေမြးစားထားျခင္းျဖစ္သည္ ။

" ကိုျပည့္စုံ ၊ ကေလးကို ေအာက္ခ်လိဳက္ပါ ။ ရွင္ ကြၽန္မတို႔နဲ႕ ပတ္သတ္ဖို႔မလိုေတာ့ဘူးထင္တယ္ ။ ကြၽန္မကို ဒုကၡေပးရတာမလုံေလာက္လို႔ ကြၽန္မခ်စ္တဲ့သူေတြကိုပါ လိုက္ဒုကၡေပးေနတာလား "

လွိုင့္စကားဆုံးေတာ့ ျပည့္စုံက ခနဲ႕သလိုရယ္လိုက္သည္ ။

" ငါ့သမီးကိုငါခ်ီတာ ဘာျဖစ္လဲ "

ျပည့္စုံစကားေၾကာင့္ လွိုင္ ဆြံ႕အသြားရသည္ ။

" နင္ ...နင္ ဘာေျပာလိုက္တယ္ "

" ငါစုံစမ္းၾကည့္ၿပီးသြားၿပီ ။ ဒီကေလးက ငါနဲ႕နင့္ရဲ႕ကေလး ။ ေမြးေပးတဲ့ဆရာဝန္ကို နင္ေသခ်ာေမးၾကည့္ပါဦး "

မင္းလြင္စကားေၾကာင့္ လွိုင္ ရင္ဘတ္တစ္ခုလုံးထူပူသြားသည္ ။

" အန္တီႏု ၊ သူေျပာေနတာေတြက အမွန္ပဲလား "

အန္တီႏုက လွိုင့္ကို ေခါင္းၿငိမ့္ျပလိုက္သည္ ။ စကားႏွင့္အေျဖေပးဖို႔ပင္ ပင္ပန္းလြန္းသည္မဟုတ္လား ။

လွိုင္ အန္တီႏုကိုတစ္လွည့္ ၊ ကေလးကိုတစ္လွည့္ၾကည့္လိုက္သည္ ။ ၾကည္လိုက္ေသာ္ျငား ျမင္ကြင္းတို႔က တျဖည္းျဖည္းေဝဝါးလာသည္ ။ အေသြးအသားေတြထဲကပင္ အားမရွိေတာ့သလို လွိုင္ ခံစားလိုက္ရသည္ ။ ထို႔ေနာက္တြင္ လွိုင့္ခႏၶာကိုယ္က အ႐ုပ္ႀကိဳးျပတ္သလို လဲက်သြားေတာ့သည္ ။

******

အခန္းတံခါးေခါက္သံေၾကာင့္ ခင္ေထြးမြန္ တံခကိုသြားဖြင့္ေပးလိုက္သည္ ။

" သမီး ၊ လွိုင္ေလးက ဒီည ျပန္မလာဘူးတဲ့ "

" ဘာလို႔တဲ့ ၊ အန္တီေမာ္ "

" သူ႕အန္တီႏုက အရမ္းေနမေကာင္းျဖစ္ေနလို႔တဲ့ ။ သမီး တစ္ေယာက္တည္းအိပ္ရဲလား "

" ဟုတ္ ။ ေထြး တစ္ေယာက္တည္းအိပ္ရဲပါတယ္ "

" ေအးေအး သမီး ။ တစ္ခုခုလိုရင္ အန္တီ့ကိုေျပာေနာ္ "

" ဟုတ္ "

အခန္းထဲတြင္ တစ္ေယာက္တည္းမို႔ ေထြးပ်င္းေနမိသည္ ။ စာအုပ္စင္ေပၚက စာအုပ္ေတြကို တစ္အုပ္ၿပီးတစ္အုပ္ထုတ္ၾကည့္မိေနသည္ ။ ထိုစာအုပ္ေတြထဲမွ တစ္အုပ္ၾကားတြင္ ပုံေလးတစ္ပုံကညွပ္ပါလာသည္ ။ ေထြး ထိုပုံေလးကိုယူၾကည့္လိုက္သည္ ။ ထိုပုံက အမ်ိဳးသားတစ္ေယာက္၏ပုံျဖစ္သည္ ။ ခဲသားတို႔ႏွင့္ျခစ္ထားသည္မို႔ မ်က္ႏွာကိုသဲကြဲစြာမျမင္ရပါေခ် ။ ေထြး ထိုပုံရဲ႕ေနာက္ေက်ာဘက္ကိုလွန္ၾကည့္မိသည္ ။ ထိုေနာက္ေက်ာဘက္မွ စာေၾကာင့္ ေထြးလက္ေတြကတုန္ရီသြားရသည္ ။ ေထြး ထိုစာကို စိတ္ထဲမွ အႀကိမ္ႀကိမ္ဖတ္မိလိုက္သည္ ။

ထိုေနာက္ေက်ာဘက္တြင္ရွိသည့္စာကား
" ကံ့ေကာ္တစ္ပြင့္ရဲ႕ ခ်စ္ေသာေမာင္ " ဟူ၍ပင္ ျဖစ္ေခ်သည္ ။

*****

တစ္ပိုင္းေလးရဖို႔ကို အေတာ္အားယူၿပီးေရးလိုက္ရတယ္ ။ ၾကာသြားတဲ့အတြက္ တကယ္အားနာမိပါတယ္ ။

Continue Reading

You'll Also Like

625K 5.2K 23
လိင်နှစ်မျိုးပါတဲ့ဒွိလိင်ကောင်လေးကို မွေးစားထားသည့်အဖေနှင့်အစ်ကိုကြီးက စားသည့်ဇာတ်လမ်း သုံးကြိမ်မြောက်ပြန်တင်ချင်း အသက်မပြည့်သေးရင်မဖတ်ပါနဲ့ရှင် crd...
81.1K 5.1K 26
Dr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်...
565K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
370K 21.5K 28
"ကြိုး မာမီ့ကိုသိပ်မုန်းတယ်" "ဟုတ်လား တို့ကတော့မင်းကို တို့ အသက်ထပ်ပိုချစ်တယ်"